ကျနော့်မှာ မိတ်ဆွေအတော်တော်များများရှိပါ တယ်။ တချို့ က နိုင်ငံရေးလောကမှ ဖြစ်ပါတယ်။ သူတို့ ကအများစု။ အနည်းစုဖြစ်တဲ့ စာပေလောကမှ မိတ်ဆွေတွေလည်းရှိပါတယ်။ ကျနော့်မှာ အရှားပါးဆုံးမိတ်ဆွေလောကကို ပြပါဆိုရင် နိုင်ငံရေးမလုပ်တဲ့ မိတ်ဆွေနဲ့ စာပေလောက မိတ်ဆွေတွေဖြစ်တယ်လို့ ဆိုချင်ပါတယ်။ လက်ရှိအလုပ်အကိုင်က မိတ်ဆွေတွေကတော့ အင်မတန်နည်းပါတယ်။
မိတ်ဆွေများတော့ ကောင်းပါတယ်။ ကူဖော်လောင်ဖက် ရတယ်ပေါ့ဗျာ။
ကျနော့်ပါးစပ်နဲ့ စိတ်က သူများနဲ့ မတူဘူးဗျ။ အထူးသဖြင့် စိတ်မထင်ရင် မထင်သလို ကြီးကြီးငယ်ငယ်နားမလည်ဘူး။ ကိုယ်ပြောချင်ရင် ပြောချလိုက်တဲ့ အကျင့်က စွဲနေတယ်။ ဒါကိုပြင်လို့ တော့ရပါတယ်။ ဟန်ဆောင်ပြီး ပြင်ရတာကို အရမ်းပင်ပန်းလို့  ယနေ့ အချိန်အထိမပြင်ပဲနေခဲ့တယ်။
အခုတော့ ကျနော်ရဲ့ စရိုက်ကြောင့် တချိန်က ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ စွန့် ခွာတာကို ခံရပါပြီ။ ကျနော် ရင်နဲ့ မမျှ ခံစားရသောကြောင့် ဒီစာကို ရေးပါတယ်။ အရမ်းထူးခြားတဲ့ သူငယ်ချင်းတွေ တစ်စုတော့ရှိပါတယ်။ သူတို့ ကတော့ ကျနော့်ငယ်သူငယ်ချင်းတွေပါ။ ယနေ့ အချိန်ထိ ကျနော်ဘာပဲပြောပြော သူတို့ ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ မစွန့် လွှတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူငယ်ချင်းအစစ်အမှန်ဖြစ်တယ်လို့ ထင်ပါတယ်။
ယနေ့ ကာလမှာ အိုင်တီနည်းပညာက အတော့်ကို ထွန်းကားပါတယ်။ ဖေ့ဘွတ်စ်တို့ ဂျီတော့တို့ အပြင် အခြားနည်းပညာတွေလည်း မိုးဦးကျမှာပေါက်တဲ့ မျှစ်တွေလို အလျှိုလျှိုထွက်လာကြတယ်။ ဒီထဲကနေ ကျနော်အမြဲတန်းသုံးနေကြ ဖေ့ဘွစ်နဲ့ ဂျီတော့အကြောင်းကို ပြောချင်ပါတယ်ခင်ဗျ။ လူတိုင်းနီးပါး ဖေ့ဘွတ်စ်ပေါ်ကနေ သူငယ်ချင်းတွေဖြစ်ကြ၊ ဂျီတော့ပေါ်ကနေ သူငယ်ချင်းတွေရကြပါတယ်။ ကိုယ်နဲ့ အပြင်မှာ မသိသူကော သိသူကော ဖေ့ဘွတ်စ်ရဲ့ တန်ခိုးစက်ကြောင့် အလိုအလျှောက် သူငယ်ချင်းတွေတစ်ပုံကြီးရပါတယ်။
ကျနော်ကလည်း ခေသူမဟုတ်လေတော့ ကျနော့်မှာလည်း သူငယ်ချင်းတွေရှိပါတယ်။
ကျနော့်သူငယ်ချင်းတွေကို စချင်တဲ့အချိန် ကျနော်စပါတယ်။ ဆဲချင်တဲ့အချိန် ကျနော်ဆဲပါတယ်။ ချစ်တယ်လို့ ပြောချင်တဲ့အချိန် ကျနော် အီစီကလီလုပ်ပါတယ်။ ဒါပေမဲ့ တစ်ခါမှတော့ မိန်းမရှိရဲ့ သားနဲ့ ဆော်မငမ်းပါဘူး။ ငါ့မှာ ခလေးသုံးယောက်ရှိတယ်နော်လို့ ပဲ သတိပေးစကားပြောခဲ့ပါတယ်။
ပထမဦးဆုံး ကျနော်အဓိကပြောချင်တဲ့ သူငယ်ချင်းအကြောင်းကို နဲနဲလောက်မိတ်ဆက်ပေးချင်ပါတယ်။ ဖေ့ဘွတ်စ် စပြီးသုံးတတ်ခါစမှာ သူငယ်ချင်းစုဆောင်းရပါတယ်။ အရင်ဆုံး တွေ့ တဲ့သူငယ်ချင်းတွေကတော့ လုပ်ဖော်ကိုင်ဖက်ကြီးတွေဖြစ်တဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်တွေပဲဖြစ်ပါတယ်။ နောက်ပြီး တော်လှန်ရေးအသိုင်းအဝန်းက မဟာမိတ်တွေလည်း ပါတယ်ဆိုပါစို့ ။
သူတို့ နဲ့ ပထမဆုံးစတွေ့ ခါစမှာ အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကြ နောက်ကြ ကြပ်ကြနဲ့ ဆိုတော့။ နောက်ပိုင်း ကျနော့်ပါးစပ်ကလည်း အငြိမ်မနေ တော့ သူတို့ မကောင်းကြောင်း အင်တာနက်မှာရေးမိပါရော။ ဆဲမိပါရော။
ဒါနဲ့ ကျနော်အရမ်းချစ်ရတဲ့ ကျနော့်ဥက္ကဌကြီး ကိုအောင်မိုးဇော်တစ်ယောက် ကျနော့်ရဲ့ ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကနေ သူ့ ဆန္ဒအရ မပြောမဆို နုတ်ထွက်သွားပါလေရောဗျာ။ ဒါနဲ့ ပက်သက်ပြီး ကျနော်စဉ်းစားနေမိတယ်။ ဘာများဖြစ်လို့ လဲပေါ့။ သူ့ ဘောကိုတော့ ကျနော် ဒုတ်နဲ့ မထိုးမိပါဘူးဗျာ။ သူစွန့် ပစ်သွားတော့ ကျနော့်မှာ ရင်ကွဲပက်လက်ကျန်ခဲ့ပြီး ဘီယာတွေ စွတ်သောက် သေးတွေစွတ်ပေါက်ပြီး အလွမ်းဖြေခဲ့ရပါတယ်။ အတော်ရက်စက်တဲ့ ဥက္ကဌကြီးရယ်....ပြန်လာပါတော့လို့ ဆိုပြီး မျက်ရည်စက်လက်နဲ့  ပြောရမလိုပဲ။
ကျနော်ကလည်း ကျနော်ပဲ သူမကြိုက်တဲ့အကြောင်းအရာကို ပြောမိတာကိုး။ သူအကြိုက်လိုက်ပြောတဲ့နေ့ တွေတုန်းကဆိုရင် သူ့ ခင်ဗျာ ဗိုက်ပူကြီးပွတ်ပြီး တဟီးဟီးနဲ့  သြစတြေးလျက မြင်းကြီး ကျနေတာပဲ။ ဒါက သူ့ နဲ့ ကျနော် ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်ခဲ့တဲ့အကြောင်း။
နောက်တစ်ယောက် ။ သူလည်း ကျနော်နဲ့ အတော်ရင်းနှီးပါတယ်။ သူက ကျနော့်ဆရာ။ တရားဝင်သူ့ ကိုပြောပြီး ကျနော် ဆရာတင်ထားတာပါ။ သူ့ ရဲ့ ဘာသာပြန်တွေကို အရမ်းသဘောကျလို့ ပါ။ နောက်ပြီး အေးချမ်းတည်ငြိမ်တဲ့ ရုပ်ရည်နဲ့ ရိုးသားဟန်ကို နှစ်ခြိုက်မိလို့ပါ။ သူ့ နာမည်ကတော့ နာမည်ကြီး ကဗျာဆရာ ယောဟန်အောင်လို့ ခေါ်တဲ့ ကိုအောင်သူငြိမ်း။ သူနဲ့ ကျနော်နဲ့ က ဖေ့ဘွတ်စ်သူငယ်ချင်းလည်း ဖြစ်ပါတယ်။ ဂျီတော့မှာလည်း သူငယ်ချင်းလည်းဖြစ်ပါတယ်။
သူ့ ကို ကျနော်က မှုးလာတိုင်း ကိုအောင်သူငြိမ်းက လူတော်ပဲဗျလို့ ပြောတယ်။ ရုပ်ရည်လည်း မဆိုးဘူး။ ဟားဗက်တက္ကသိုလ်က ဘွဲ့ ကြီးလည်းရထားတော့ ကျနော်အထင်ကြီးတယ်ဗျာလို့ ပြောတယ်။ သူလည်း သဘောကောင်းပြီး ကျနော့်ကို သူ့ အိမ်မှာတောင် ခေါ်ပြီး အလကားပေးနေခိုင်းသေးတယ်။ ဒီလောက်ထိ သဘောထားပြည့်ဝတဲ့ လူတစ်ယောက်။ နယ်စပ်မှာကျန်ခဲ့တဲ့ သူ့ ရဲဘော်တွေကိုလည်း တက်နိုင်သလောက် သူပေးကမ်းပါတယ်။ ကူညီပါတယ်။
တနေ့ တော့ ကျနော်မူးပြီး....ကျနော့်ရဲ့ ဂျီတော့ရဲ့  Status မှာ ဒီလိုရေးမိပါတယ်။
"အတိုက်အခံကော နအဖကော -ီးပဲ" လို့ ....။
ကျနော့်ဆရာ ကိုအောင်သူငြိမ်းက ဘာပြန်ပြောတယ်မှတ်လဲ။
"မင်းကိုလည်း -ီးပဲ" တဲ့ဗျာ။ ဒီလိုပြောပြီး သူလည်း ကျနော့်ကို ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကကော၊ ဂျီတော့ သူငယ်ချင်းအဖြစ်ကကော စွန့် လွှတ်လိုက်တာဆိုရင် အခုဆိုရင် အတော်ကြာနေပြီ။ ကျနော့်ခဗျာ သူဒီလို စွန့် ခွာထွက်သွားတဲ့နေ့ ကဆိုရင် သူ့ ကို သတိရလို့ ဘီယာတွေစွတ်သောက် တွေစွတ်ပေါက်ခဲ့တဲ့ ရက်တွေကို လွမ်းလွမ်းဆွေးဆွေးကျော်ဖြတ်ခဲ့ ရပါတယ်။
ဒါက ကိုအောင်မိုးဇော်နဲ့ ကိုအောင်သူငြိမ်းတို့ ရဲ့ အကြောင်းမကြားပဲ တရားဝင်ခွဲခွာခဲ့တဲ့အကြောင်းလေး ပါ။ နောက်တစ်ယောက်ရှိသေးတယ်။ သူကတော့ ကမ္ဘာကျော် တော်လှန်ရေးသမား ကိုမိုးသီးဇွန်လို့ ခေါ်ပါတယ်။ သူလည်း လူဆိုး။
အရင်တုန်းကဆိုရင် လူချင်းမတွေ့ ပေးမဲ့ ဘုန်းကျော်လုပ်တာကောင်းတယ်လို့ သူချီးကျူးပါတယ်။ ကျနော်လည်း ကိုမိုးသီး ဖဲ့တာကို ကျနော်ကြိုက်တယ်လို့ ဆိုပြီး သူ့ ကိုမြှောက်ပေးနေကြ။ သူ့ ခဗျာ အဲဒီတုန်းက ရုပ်ကြမ်းကြီးနဲ့ တဟီးဟီးနဲ့ ဖြစ်နေမလားပဲ။ သူနဲ့ ကျနော်နဲ့ က ဖေ့ဘွတ်စ်မှာကော ဂျီတော့မှာကော သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးေ တွဗျ။ အရမ်းလည်း ခင်ကြပါတယ်။
တနေ့တော့ ကျနော့်ကို ကိုမိုးသီး စွန့် ခွာထွက်ပြေးသွားခဲ့ပါတယ်။ ခင်ဗျားတို့ မေးလိမ့်မယ်။ မင်းက ဘာများသွားပြီးလုပ်မိလို့ လဲဆိုပြီးမေးကောင်းမေးနိုင်ပါ တယ်။ ကျနော်တစ်ခုပဲလုပ်ခဲ့မိပါတယ်။ ဒါကတော့-
ကိုမိုးသီးဟာ အမေရိကားမှာ ငွေရမဲ့အလုပ်ကို မလုပ်ပဲ၊ အင်တာနက်မှာထိုင်ပြီး အချိန်ဖြုန်းတယ်။ သူများချက်ကျွေးတာကို စားတယ်။ ပြီးရင် ပန်းကန်လည်းမဆေးဘူး။ အောက်သက်လည်းမကျေဘူးဆိုပြီး အင်တာနက်မှာကျနော်ရေးခဲ့မိပါတယ် ။ ဒါလည်းရေးပြီးကော ကိုမိုးသီး ကျနော်ကို ဂျီတော့ကရော ဖေ့ဘွတ်စ်ကပါ သူငယ်ချင်းအဖြစ်ကနေစွန့် လွှတ်ခဲ့ပါတယ်။ ဒီတကြိမ်လည်း ကျနော့်မှာ ဘီယာတွေစွတ်သောက်သေးတွေ စွတ်ပေါက်ခဲ့ရပါတယ်ဗျာ။ ကျနော်က အမှန်ကိုပြောတာကို သူစိတ်ဆိုးသွားတာတော့ မတတ်နိုင်ဘူး။
တခြားသူငယ်ချင်းတွေလည်းအကြိမ်ြ ကိမ် ကျနော့်ကို စွန့် ခွာခဲ့ပါတယ်။ ဒီလောက်ထိဖြစ်လာတော့ ကျနော်မှားတော့မှားနေပြီဆိုပြီး ပါးစပ်ကို ပိတ်ခဲ့ပါတယ်။ အခုတော့ မပိတ်နိုင်လို့ ဒီစာကိုရေးရပါတယ်။
ထူးခြားတဲ့အရာတစ်ခုကို ပြောပြချင်တယ်။ ဒါကတော့ သူ့ ကိုဘယ်လောက်ပဲပြောပြော သူ ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ မစွန့် လွှတ်ဘူး။ အရမ်းကိုများရင့်ကျက်လို့ လား။ ဒါမှမဟုတ်အရည်ထူလို့ လား။ ဘာပဲဖြစ်ဖြစ် သူ့ ကိုတော့ လေးစားမိပါတယ်။ သူ့ နာမည်က ဒေါက်တာနိုင်အောင်လို့ ခေါ်ပါတယ်။ နာမည်ကြီးပြီး လူကြိုက်နည်းနေတဲ့လူတစ်ဦးလို့ ပြောရင်မှန်မလားပဲ။
သူ့ ကိုဆဲလည်း သူမနာ။ သူ့ ကို ထုလည်း သူမပု၊ ဂရုတောင် မစိုက်ဘူးလို့ ဆိုပြီးတောင် ကဗျာဆပ်ရတော့မလိုပဲ။ ယနေ့အထိသူ့ကို ကျနော့်ရဲ့ ဖေ့ဘွတ်စ်မှာ တွေ့နေတုန်းပါ။
သူတို့ ရဲ့ ကွဲပြားခြားနားချက်ကို ကျနော်တွေ့ ရတယ်။ ဒါက ကျနော်နိဂုံး။ ဘာဖြစ်လို့ များ ကိုမိုးသီး၊ ကိုအောင်သူငြိမ်း၊ ကိုအောင်မိုးဇော်တို့က ကျနော်ပြောတာကိုနာတာလဲ။ ဘာ့ကြောင့်များ ကျနော့်ကို သူတို့ ပဲသဘောတူကြည်ဖြူပြီး သူငယ်ချင်းလုပ်ပြီး၊ သူတို့မကောင်းကြောင်းပြောတော့ စိတ်ဆိုးပြီး ထွက်ပြေးတာလဲ။ တကယ်တမ်းဆိုရင် ကိုနိုင်အောင်လို ခပ်တည်တည်ပဲနေရမှာပါ။
သူတို့ က လူကြီးတွေ။ ကျနော်က လူငယ်။ သူတို့ မှာ ဒီမိုကရေစီအတွေ့ အကြုံအများကြီးရှိတယ်။ ကျနော့်ထက်ပညာအများကြီးတတ်ပါတယ် ။ လုပ်သက်ကလည်း ရင့်ပါပေ့။ ဒါနဲ့ များဗျာ ခလေးတွေလို စိတ်ဆိုးစရာလိုလို့လား။ မလိုဘူးလို့ထင်ပါတယ်။
သြစတြေးလျ ပါလီမန်ထဲမှာ အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရခေါင်းဆောင်တွေ အကြိတ်အနယ် ငြင်းခုန်နေတာကို တီဗွီမှာ ခဏခဏ သတိထားပြီးကျနော် ကြည့်ပါတယ်။ တစ်ယောက်မကောင်းကြောင်း တစ်ယောက်အားနည်းတဲ့အချက်တွေကို မျက်နှာတွေ ရှုံ့ မဲ့ပြီး ထိုးနှက်တိုက်ခိုက်ကြတယ်။ တစ်ယောက်ကသာရင် အနောက်က အားပေးသူတွေက လက်ခုတ်တွေတီး အသံတွေဆူညံပြီး အားပေးကြတယ်။ ပါလီမန်ထဲကထွက်လည်းထွက်ရော အတိုက်အခံခေါင်းဆောင်တွေကို အမတ်တွေကော လည်ပင်းဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲဗျ။ သူတို့ ရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ပြောနေဆိုနေတာတွေက ပြည်သူလူထုအတွက်ပဲ။ သူတို့ နှစ်ယောက်အတွက်မဟုတ်ဘူး။
ဒီအပေါ်မှာအခြေခံပြီး ခံစားချက်ထားပြီး တိုက်ခိုက်ကြတယ်။ ဝေဖန်ကြတယ်။ ဆိုတော့ သူတို့ ရဲ့ နိုင်ငံရေးယဉ်ကျေးမှုက အတော်လေးကို အတုခိုးစရာကောင်းနေတယ်။
ဒီလိုပုံစံမျိုးကျနော်တို့  မြန်မာ့ဒီမိုကရေစီရေးအတိုက်အခံေ လာကမှာတောင် မရှိသေးဘူး။ အခု ဖေ့ဘွတ်စ်နဲ့ ဂျီတော့ပြသနာပဲကြည့်ပါ။ ဒါတောင် အွန်လိုင်းမှာပဲရှိသေးတယ်။ တကယ့်လက်တွေ့  ပါလီမန်ထဲမှာကော အပြင်မှာကော ကိုမိုးသီး၊ ကိုအောင်မိုးဇော် နဲ့ ကိုအောင်သူငြိမ်းတို့ ကိုလက်ညိုးထိုးပြီး ခင်ဗျားတို့ စောက်သုံးကို လုံးဝမကြဘူး၊ ပေါချောင်ကောင်းခေါင်းဆောင်တွေ လို ပြောများပြောရင် ကျနော့်ကိုဝိုင်းထိုးကြမလား မသိဘူး။
ဒါ့ကြောင့် ဒေါက်တာနိုင်အောင်ရဲ့ ဖေ့ဘွတ်စ်သူငယ်ချင်း စိတ်ဓာတ်ကို အားလုံးရှိထားကြဖို့ အတွက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူကြီးများကို တိုက်တွန်းပါတယ်။
မှန်ချက်။ ။ ဒီစာထဲမှာ ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်တဲ့လူတွေ အားလုံးမပါတဲ့အတွက်တောင်းပန်ပါ