ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/29/11

ဒေါ်စုနောက်အပတ်မှာ ပါတီထောင်မည

အန်အယ်ဒီပါတီ လာမဲ့ရွေးကောက်ပွဲမှာ လုံးဝ ဝင်ရွေးခံပါလိမ့်မည်။ ပါတီထောင်ပါလိ့မ်မယ်။ ဘာ့ကြောင့် ဒီလိုပြောလဲဆိုတော့ ရှေးက ဖြစ်ရပ်တွေကြောင့်ပါ။နောက်ဆုံးတစ်ခုကတော့ အခုထွက်လာတဲ့ နိုင်ငံရေးပါတီများ အီစီကလီလုပ်ပါသည် ဥပဒေသစ်ကြောင့်ပါ။ ဒါက အားအားယားယားပေါ်လာတာမဟုတ်ပါ။ အန်အယ်ဒီမှာ အခြားရွေးချယ်စရာ ပလန်မရှိတော့ဘူး။ ဒေါ်စုလည်း သူ့ စကားနဲ့ သူပိနေပြီ။ အသက်လည်းကြီးလာပြီ။ ရွေးကောက်ပွဲ ဝင်ပြီးအရွေးခံရင်တောင် ဦးဝင်းတင်တို့ ဦးတင်ဦးတို့ လို သက်တမ်းတွေ ပါမှာမဟုတ်တော့ဘူး။ အခုကတည်းက ဒေါ်စုအနေနဲ့ ပါတီထောင် ရွေးကောက်ပွဲမှာ ဝင်ပြီးအရွေးခံဖို့ နိုင်ဖို့ အတွက်ဆိုရင် ပြည်ပက ဆန့် ကျင်နေတဲ့လူတွေ ဆုံးဖြတ်ချက်ပြင်ကြပါ။ မပြင်လည်းနေပါ။ သို့ သော် အားပေးစေချင်ပါတယ်။ ကိုမင်းကိုနိုင်တို အုပ်စုလည်း ဒေါ်စုပါတီမှာ ဝင်ပြီးအရွေးခံပါလိမ့်မယ်။ သူတို့ နိုင်မှာ သေချာပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ကိုမင်းကိုနိုင်တို့ အနေနဲ့ ဝန်ကြီးတနေနေရာတော့ အနဲဆုံးရနိုင်မယ်။ ပြည်ပက ဆန့် ကျင်နေတဲ့ အဖွဲ့ တွေ လူတွေအနေနဲ့ ကတော့ လုပ်လက်စအလုပ်ဖြစ်တဲ့ ၂ဝဝ၈-ဖွဲ့ စည်းပုံဆန့် ကျင်ရေး၊ အာရပ်လားကိုစီးရေး၊ လူထုအုံကြွမှုအတွက် အရက်ဝိုင်းကနေ အာရေး၊ လက်နက်ကိုင်ပြီး တောထဲမှာ ငတ်ရေး စတဲ့ မယောင်ရာဆီလူးတဲ့ အလုပ်ကို ဆက်ပြီးလုပ်ကြပေါ့။ ဒါကတော့ နိုင်ငံရေးလေ့လာသူ သုတေသူ အရက်သမား လူ့ ဘောင်ချစ်ဘုန်းကျော်ရဲ့  မှူးပြီး ပြောသော အမှူးစကားဖြစ်ပါကြောင်း။

View My Stats