ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/1/09

စံခ မှ မဲ့ဆောက်သို့ (အပိုင်း-၂)


အင်းပေါ်က ဖောင်အိမ်တွေမှာအလည်လာတဲ့ ဧည့်သည်တွေအတွက် Service အပြည့်ရှိတယ်။ လူကိုယ်တိုင် သွားစရာမလိုဘူး။ ဖုန်ဆက်လိုက်ရမလား သီချင်းထဲကလို။ ဘာစားမလဲ၊ ဘာသောက်မလဲ၊ ကြိုက်တာမှာ။ ပြီးရင် တော့ငွေပေး။ အစုံရတယ်...။ ကောင်မလေး ချောချောလည်းရတယ်။

မထမဆုံး ထိုင်းတပ်က ဗိုလ်မှုးကြီးလာပြောတော့ နေရာရွှေ့ ဖို့ပြင်ရပြီ။ ဒီမှာပဲ တောင်ပိုင်းဒေသ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်တဲ့ နာမည်ကြီးအဖွဲ့တွေ အရေးပေါ်အစည်းအဝေးထိုင်ကြတယ်။ ဘယ်လိုလုပ်ကြမလဲပေါ့...။ နောက်ဆုံး တော့ ဆုံးဖြတ်ချက်ကို အရေးပေါ်ကြော်ငြာချက်ထုတ်ပြီး လုပ်ရတယ်။ ဆုံးဖြတ်ချက်ကတော့ ပြေးကြဟေ...့ လွတ်ရာ၊ ကျွတ်ရာ။ ဒါပေမဲ့ပြေးတဲ့အခါမှာ ဘယ်လိုပြေးမလဲ...။ စနစ်တကျပြေးရေး။ လူထုကြားထဲမှာ ပြောက်ကျားနည်းအရ နေထိုင်းကြမလား။ဒီအတွက် အေဘီ၊ လူ့ဘောင်သစ်၊ ပီဒီအက်ဖ်၊ NLD-LA က တောင်ပိုင်းဒေသ တပ်မှုးတွေဟာ တဆင့်မြင့် ရာထူးတိုးကြတယ်။ အားလုံးဗျူဟာမှုးအဆင့်ဖြစ်သွားကြတယ်။

ဗျူဟာမှုးတွေရဲ့ဌာနချုပ်ကို အင်း....ပေါ်က ဖောင်အိမ်တွေပေါ်ကနေ....ကွပ်ကဲကြတယ်။ ဒီလိုဆိုရင် ပိုပြီး အန္တရာယ်ကင်းတယ်ပေါ့။ ဘေးပတ်ဝန်းကျင်မှာလည်း ရန်သူတွေက အပြည့်နဲ့ဆိုတော့ ရေပေါ်မှာ ဖောင်စီးတာ ပိုကောင်းတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့။ ဖောင်အိမ် တွေဆိုတာ အလကားမရဘူး။ ငှားခ တစ်ရက် အနည်းဆုံး ထိုင်းဘတ်ငွေသုံးရာပေးရတယ်။ ဒီလိုနဲ့ ဗျူဟာမှုးတွေ ဖောင်အိမ်တွေပေါ်ကနေ ကျနော်တို့ ရဲဘော်တွေကို ကွပ်ကဲတယ်ပေါ့...။ မောင်ဘုန်းကျော် ဘယ်ရွှေ့ ၊ ဒု-တပ်မှုး ညာရွှေ့ ။ ရဲဘော်ကြီးတွေ ကင်းစောင့်စေ။ စသဖြင့်...စသဖြင့်...။

တောင်ပိုင်းဒေသ လူ့ဘောင်သစ်ဌာနချုပ်အကြောင်းနည်းနည်းရှင်းပြမယ်။ ဘယ်လိုမျိုး လုပ်ငန်းတွေကို လုပ်ကြလဲဆိုတာ။ ဘယ်သူတွေရှိလဲဆိုတာ။ ကျနော်တို့စံခ ရုံးမှာ အားလုံးဗိုလ်တွေချည်းပဲ။ ရဲဘော် တစ်ယောက်တော့ရှိတယ်။ သူကလည်းဗိုလ်သင်တန်းတက်နေတယ်။ အားလုံး ၁၀-ယောက်နီးပါးရှိတယ်။ မှီခိုအပါအ၀င်။ လုပ်ငန်းကတော့ ထွေထွေထူးထူးမရှိပါဘူး။ အစည်းအဝေး၊ ကားပြင် (Workshop)၊ သင်တန်း၊ စာဖက်၊ ညနေ ဂလုပေါ့။ ၂၀၀၁-၂၀၀၂ ခုနှစ်အထိ ရဲဘော်တချို့  ပီဒီအက်ဖ်စခန်းမှာ ပူးပေါင်းလှုပ်ရှားမှု့ ရှိတယ်။ စစ်သင်တန်း၊ နအဖရဲဘော်တွေ ဘုရားသုံးဆူအတက်အဆင်းကို လမ်းကနေ ချောင်းပစ်တဲ့လုပ်ငန်းရှိတယ်။ နှစ်ပွဲလောက်တော့ ချောင်းပစ်ခဲ့ဘူးတယ်။ တော်တော်မလွယ်တဲ့အလုပ်ဗျ..။ ကျနော်တော့ စစ်တိုက်တာကို ကြောက်တယ်။ အရမ်းပင်ပန်းတယ်။ ဒါက စကားချပ်။ တောင်းပိုင်းလူ့ဘောင်သစ်ရုံးရဲ့ လုပ်ငန်းကတော့..ဒါပဲ။ သြော်...မေ့နေလို့...။ မဟာမိတ်ဆက်ဆံရေးရှိသေးတယ်။

ဗျူဟာမှုးတွေ ဖောင်စီးပြီး ကွန်းမန်းပေးတဲ့အတွက်ကြောင့်....ရဲဘော်တွေ တောထဲမှာပုန်းရှောင်၊ နိုင်ငံတကာက မီဒီယာမှာ တောင်ပိုင်းဒေသအင်အားစုတွေကို လုံးဝဖမ်းနေပြီ။ ထိုင်းအစိုးရတော့ ရန်သူနဲ့ပေါင်းပြီး နှိပ်စက်နေပြီ ပေါ့...၀ိုင်းအာကြတယ်။ အဲဒိအတွက် စာနာထောက်ထားတဲ့အဖွဲ့တွေ၊ လူတွေက ငွေတွေအတော် များများ ပိုပေးကြတယ်။ NCGUB အပါအ၀င်။ သနားလို့ပေါ့။ နောက်ဆုံးငွေတွေအများစုရောက်တာက ဗျူဟာမှုး တွေလက်ထဲကို။ သူတို့ကနေတဆင့် ရဲဘော်တွေလက်ထဲ ပြန်ဖြန့်ပေါ့။

ကျနော်နဲ့ ရဲဘော်ကြီး ကိုဝဏ၊ ကိုငယ်ထွေး၊ ဦးမင်းကြည် တို့က ၀ိမလိုင်လို့ခေါ်တဲ့တောစပ်က တဲလေးတစ်ခုမှာ ပျော်ပွဲစားထွက်ဖို့အတွက် တာဝန်ကျတယ်။ တဲဘေးမှာက စမ်းချောင်းတခုရှိတယ်။ ငါးဖမ်း၊ ခရုကောက်၊ တော ထဲက အပင်တချို့ ကနေ တို့စရာရတယ်။ တော်တော်တော့ပျော်စရာကောင်းတယ်ဗျ...။ ဒီအချိန်မှာ ပါရမီဖြည့် ဘက် ကျနော့်မိန်းမက ဒီတဲ....အထိကို လိုက်လာသေးတယ်။ ဘုန်းကျော်တို့ မပြေးခင်မှီအောင်လို့ထင်တယ်။ ကျေးဇူးပါ...ကိုအောင်ဆန်းညွှန့် နဲ့ မနီ။ ဒီဇာတ်လမ်းမှာမပါသေးတဲ့ ဆလိုင်းကိုကိုဦးကို နောက်ဇာတ်လမ်းမှာ ထည့်ပေးပါ့မယ်။ နောက် ဒု-တပ်မှုး ဗိုလ်မှုး သိန်းလွင်နဲ့ဇနီးလည်း ကျန်ပါသေးတယ်။

ဆက်ရန်....


View My Stats