ဒီနေ့  ၁၂-နာရီခရီးကို ကားမောင်းနေရင်း လမ်းတ၀က်ရောက်တော့ အီးမေးတစ်စောင်ဝင်လာတယ်။ ကိုရွှေသွေးသေပြီတဲ့။ အရမ်းကို ထိန့် လန့် သွားခဲ့ပါတယ်။ ကျနော်ထင်တာက သူ နေမကောင်းဘူးထင်နေတယ်။ အခုလို ဖြစ်သွားမယ်လို့ လုံးဝကို မထင်ခဲ့ဘူး။
သူ မိန်းမခိုးပြေးတော့ ထမိန်ထုတ်ကို ကျနော်ထမ်းရတယ်။ ဒါကို သူဘယ်တော့မှ မမေ့ခဲ့ပါဘူး။
အသက်ငယ်ငယ်နဲ့ အမြန်ကြွေစောတာကိုတော့ အရမ်းနှမျောတယ်။ သူလုပ်နိုင်တာတွေအများကြီးပဲ။
ကျနော်တို့  ၈၈ မျိုးဆက်တွေဟာ အသက်ငယ်ငယ်နဲ့ သေကြတာ များတယ်။
ဘာပဲဖြစ်ဖြစ် အထွန်းလို့ ခေါ်တဲ့ ကိုရွှေသွေးမိန်းမနဲ့ ရင်သွေးတွေကို ကျနော်တို့ မသေခင်အထိ ကြည့်ရှု့ ကူညီပေးပါ့မယ်။
မြန်မာပြည်ကို မပြန်နိုင်ပဲ နိုင်ငံခြားမှာ သေသွားတော့လည်း တမျိုးတော့လှည့်ပြီးတွေးလို့ ရတယ်။ ဒါကတော့ အခေါင်းလှတာပေါ့ဗျာ။ နိုင်ငံခြားက အခေါင်းက အရမ်းအဆင့်မြင့်သလို မသာပို့ ရင်လည်း မာစီဒီးကားအနက်ကြီးနဲ့ ဆိုတော့...ကိုရွှေသွေး ကျေနပ်မှာပါ။
မြန်မာပြည်မှာသေလို့ ကတော့ သစ်သားခေါင်းနဲ့ မဟုတ်တာတောင် ဖျာလိပ်နဲ့ ဆိုတော့...အလောင်းမလှဘူးပေါ့ ကိုရွှေသွေး။
အခုတော့ နော်ဝေမြေပေါ်မှာ နေခဲ့ပါ။ မပြီးသေးတဲ့တိုက်ပွဲကို ကျနော်တို့ ဆက်တိုက်ပါ့မယ်။ နောင်ဘ၀မှာ ဘုန်းကျော်နဲ့ တွေ့ ရင်လည်း ထမိန်ထုတ်တော့ မထမ်းခိုင်းနဲ့ ပေါ့ဗျာ။