11/10/10
ပြောချင်တဲ့စကား (၁)
ကဲ...ပြောပြောက မစောဘူးလား။
မလုပ်နဲ့လို့ ပြောသားပဲ..။ အခုတော့ စောက်ရှက်ကွဲတာပဲ အဖတ်တင်တော့တယ်။ ၀င်,ချင်အုံးဟဲ့...ရွေးကောက်ပွဲကြီး။ ထောက်ခံကြအုံးဟဲ့...ရွေးကောက်ပွဲကြီး..။
ရတဲ့နေရာကနေ ယူဖို့လုပ်တဲ့သူတွေ အခုတော့ ပါလီမန်ထဲမှာ ၀င်,ခွင့်တောင်မရတော့ဘူး။ ရွေးကောက်ပွဲ မ၀င်ခင်တုန်းက ဦးသုဝေခင်ဗျာ...ဟိုဖာရ ဒီဖာရနဲ့ ဖတ်ဖတ်ကိုမောလို့...။ ရွှေပင်ကနေ ရွှေသီး၊ သီးမယ်လို့ပြော..အခုတော့ ရွှေပင်ကနေ သီးတဲ့ရွှေသီးလား၊ ဂွေးသီးလားဆိုတာ သိသွားရှာပြီပေါ့။
မ၀င်ခင်တုံးက အသံက စာစာ စာစာနဲ့..ရှုံးတယ်လို့...အသံကြားရော ... မယားငယ်တုံးညှပ်သံနဲ့... သနားစရာ။
အသက်ကြီးမှ မနေတက်မထိုင်တက်၊ အခုတော့ အမောဆို့တာပဲ အဖတ်တင်တော့တယ်။ ဒါက ဗိုလ်ချုပ်သန်းရွှေအုပ်ချုပ်နေတဲ့ စစ်အစိုးရဖြစ်ပါတယ်။ မြတ်စွာဘုရားအုပ်ချုပ်နေတဲ့ တိုင်းပြည်မဟုတ်ပါဘူး။ သူခိုး၊ ဂျပိုး၊ ဓမြတွေ ဗြောင်လိမ်ပြီး အုပ်ချုပ်နေတာပါ ဦးသုဝေ..။
အမတ် ၂၀၀ ကျော်က ဒီမိုကရေစီဘက်တော်သားမဟုတ်ပါ
ဒီမိုကရေစီရေးဘက်တော်သားအမတ်တွေ အားလုံးပေါင်းရင် ၂၀၀ ကျော်လောက်ပဲရှိတယ်။ ပါလီမန်ထဲမှာ အဓိကအတိုက်အခံလုပ်မဲ့အင်အားစုက ၂၀၀ နဲ့တော့ ဘယ်လိုလုပ်ပြီးအတိုက်အခံလုပ်မှာလဲ..။ ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်ပါတယ်။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဖြစ်ပါတယ်။
၉၃-ခုနှစ်က အမျိုးသားညီလာခံလို အိပ်တဲ့ကိုယ်စားလှယ်ကအိပ်၊ စာဖတ်တဲ့ကိုယ်စားလှယ်က စာဖတ်တာကြုံဘူးကြမှာပါ။ အခုလည်း နေပြည်တော်က အသစ်စက်စက် ပြည်သူ့လွှတ်တော်ကိုလည်း စိတ်ကူးထဲမြင်ယောင်ကြည့်ပါ။ ဒီလိုပုံစံပါပဲ။ ဒါကို နအဖက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလိုသုံးပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပါတီနဲ့ သိတ်မကွာပါဘူး။
လူတွေဟာ အာဏာတစ်ခုရရင် နဲနဲလေးတော့ ဖင်ခေါင်းကျယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘေးနားမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ကပ်ဖားရပ်ဖားတဲ့လူတွေကလည်း များလာလို့ပါ။ ဂွင်,ရ နိုင်တယ်။ အနည်းဆုံး ကိုယ့်မိသားစုတော့ ၀ါးတီးမှန်နိုင်တယ်။ မဲပေးတဲ့ပြည်သူက ဘာပဲဖြစ်ဖြစ်..သူတို့ ဂရုမစိုက်။ ဆိုတော့ဗျာ....ဘယ်လိုလုပ်ပြီး ဘယ်အချိန်မှုာ လွပ်လပ်အေးချမ်းတဲ့မြန်မာပြည်ကြီး ဖြစ်နိုင်အုံးမှာလဲ။ စဉ်းစားသာကြည့်ပေါ့။
တော်တော်ဗဟုသုတခေါင်းပါးတဲ့ ရွှေးကောက်ပွဲဝင်တဲ့ အမတ်များ
အခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲ ကျင်းပပုံ၊ လုပ်ထုံးလုပ်နည်း၊ ပွင့်လင်းမှု၊ စတဲ့ အရာတွေကို အခုရွေးကောက်ပွဲ ၀င်,အရွေးခံတဲ့ ဦးသုဝေ၊ ကိုအေးလွင်၊ ကိုနေမျိုးဝေ စတဲ့ လူတွေ မလေ့လာထားဘူးလို့ထင်တယ်။ လေ့လာထားလို့ သိတဲ့လူတွေဟာ ဘယ်တော့မှ နအဖလုပ်တဲ့ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူး။ ဒါကိုကြည့်ပြီး တော်တော်ဗဟုသုတခေါင်းပါးတဲ့ပြည်တွင်းက နိုင်ငံရေးသမားများလို့ကောက်ချက်ချတယ်။ နောက်ပြီး စစ်အစိုးရဘက်က ၀င်အရွေးခံတဲ့လူတွေလည်း ဒီအတိုင်းပဲလို့ ယူဆတယ်။ နိုင်ငံတကာအတွေ့အကြုံမရှိသူ၊ နိုင်ငံတကာ ဗဟုသုတမရှိသူ၊ ဘာသာစကားအခက်အခဲ ရှိတဲ့လူတွေဟာ ဘယ်တော့မှ သူများတိုင်းပြည်က ကောင်းတဲ့အတုကို အထင်မကြီးဘူးလို့ယူဆတယ်။
NLD က ခေါင်းဆောင်တောင် အီးမေးမသုံးတတ်ဘူး
ဗဟုသုတဲ့နဲ့ပက်သက်လို့ပြောအုံးမယ်။ တခါတုန်းက ဒေါ်စုက Twitter သုံးချင်တယ်လို ဦးညဏ်ဝင်းနဲ့ပြောတော့ ဦးညဏ်ဝင်းက မီဒီယာကိုပြောတယ်။ ဦးညဏ်ဝင်းလည်း အီးမေးဘယ်လို့ပို့ရလဲဆိုတာတောင် သိပုံမရဘူး။ ဒီလိုအသေးအဖွဲလေးတောင် မတက်တဲ့ NLD ဗဟိုကော်မတီ နဲ့ ဗဟိုအလှုပ်အမှုဆောင် လူကြီးတွေကို သန်းရွှေအိုနာကျိုးကန်းကြီးက ဘော,ပဲလို့ ပြောတာဖြစ်မှာပေါ့။
နိုင်ငံကို ဦးဆောင်မဲ့လူ၊ ကိုယ့်ရပ်ရွာကို ဦးဆောင်မဲ့လူတစ်ယောက်ဟာ အနည်းဆုံး ခေတ်မှီနည်းပညာ၊ ဘာသာစကား၊ ဗဟုသုတတော့ ရှိရမှာပေါ့။ မရှိတော့ရင် ဘာနဲ့တူသလဲဆိုတော့ ငပိရည်၊ ငပိထောင်းကပဲ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဟာရဖြစ်တယ်လို့ ထင်နေကြအုံးမှာ။ ဒါကို ခေတ်နောက်ကျတယ်လို့ မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲ။ ဒီလိုအရည်အချင်းမရှိတဲ့လူတွေကိုတော့ ကျနော် ခေါင်းဆောင်မတင်ဘူး။
၁၉၅၂-နှစ်က ရန်ကုန်တက္ကသိုလ်က စီးပွားရေးပညာနဲ့ ဘွဲ့ရတဲ့လူကြီးတစ်ယောက်ဟာ လက်ရှိ ၂၀၁၀-စီးပွားရေးအခြေအနေကို ဘယ်လိုအကဲခက်၊ ဆုံးဖြတ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ ၁၉၅၂-ခုနှစ် စီးပွားရေးပညာဟာ အင်တာနက်သုံးတာ မဟုတ်ဘူး။ ၂၀၁၀-စီးပွားရေးဟာ ရှုပ်ရှက်ကိုခက်နေပြီ။ ဒါ့ကြောင့် ၁၉၅၂-ခုနှစ်က ပညာသင်ခဲ့တဲ့လူကြီးအတွေးနဲ့ ၂၀၁၀-ခုနှစ် လူငယ်အတွေးဟာ အကွာကြီးကွာတယ်။ ဒါကိုရှက်စရာမလိုဘူး။ ပညာတွေက ဒိတ်အောက်ရင် ဘာမှသုံးမရဘူး။ သြစတျေးလျမှာ Snr First Aid ကိုသင်ဖူးတယ်။ ဒီပညာကို သုံးနှစ်ပြည့်တိုင်း အသစ်ပြန်တက်ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပညာတခုက အမြဲတမ်းမလုပ်ရင် မေ့ကုန်လို့ပဲ။ အခု တိုင်းပြည်က လူတွေဟာ ဘွဲ့ သာရပြီး ရတဲ့ဘွဲ့မလုပ်စားတော့ သူတို့ဘွဲ့ကို ဘယ်လိုခေါ်ရမလဲ။ ဘုန်းကြီးတွေရတဲ့ဘွဲ့ကမှ အသုံးဝင်အုံးမယ်။ အနည်းဆုံး ၀ါး,တီးတော့ မှန်နိုင်တယ်။
ပညာမတက်ရင် စောက်ရမ်းစွပ်ပြောတယ်..
ကျနော်လည်း ပညာတက်တဲ့လူငယ်တစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ကိုယ်အမြင်ကို ပြောချင်တယ်။ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်းမှန်မယ်။
တချို့ လူကြီးတွေရှိတယ်။ အကြောင်းအရာတခုကို မသိပဲနဲ့စွပ်အာတယ်။ မသိဘူးလို့ ပြောရမှာကို ရှက်ပုံရတယ်။ လူငယ်တွေရဲ့ လေးစားမှုကိုတော့ ခံချင်တယ်။ ပြီးတော့ ကိုယ်လည်းမသိပဲနဲ့ သိသရောင်ရောင် ရွှီးပြောတဲ့ လူကြီးတွေရှိတယ်။ အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ လူငယ်တွေက ဒီလူကြီးတွေရဲ့ အတုကို ဟုတ်ဟုတ်မဟုတ်ဟုတ် အတုခိုးလာရောပဲ...။ နော်ဆုံး လူ့အဖွဲ့အစည်းတခုလုံး စောက်ရမ်းစွပ်ပြောတဲ့ လူ့အဖွဲ့အစည်းဖြစ်လာရောပဲ။ အခုကြည့် မြ၀တီမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ကောလဟာလတွေက နဲတာမဟုတ်ဘူး...ဟုတ်ဟုတ်မဟုတ်ဟုတ် သေချာမစဉ်စားဘူး..စွပ်ပြီး ပြောကြတယ်။ လေယျာဉ် နဲ့ ၀င်တိုက်တော့မယ်လို့၊ နအဖက ဂျီဝမ်းတစ်ယောက်ကို မိထားပြီလို့ ဘာညာစုံလို့...။
လူငယ်တွေကို နေရာပေးပါ
ရွေးကောက်ပွဲကို လူကြီးတွေဝင်ပြိုင်ကြတယ်။ အများစုက သေခါနီးလူကြီးတွေကြီးပဲ။ ဘာ့ကြောင့် လူငယ်တွေကို အားပေးအားမြောက်လုပ်ပြီး နေရာမပေးကြလဲမသိဘူး။ ပြည်တွင်းမှာ လူငယ်တွေမရှိတော့ဘူးလား။ အကုန်လုံးသေကုန်လို့လား။ လူငယ်တွေက မလုပ်ချင်ရင်တော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကို မျှောက်ပေးပေါ့..။ လူကြီးက အစောကြီးသေရမှာ...လူငယ်တွေက သေဖို့အများကြီးလိုသေးတယ်။ ကိုယ်ပဲ တချိန်လုံး နေရာလိုချင်သလိုဖြစ်နေပြီ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။
နိဂုံးကတော့ မြန်မာလူမျိုးတွေဟာ အာဏာရှင်လုပ်တာ အရမ်းဝါသနာပါတယ်။

Subscribe to:
Posts (Atom)