ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/22/10

သနားတယ်....တတိယအင်အားစုတွေ....

ကိုအောင်မိုးဇော်ရဲ့ တတိယအင်အားစုကိစ္စနဲ့ပက်သက်ပြီး တွေးမိလို့ပါ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်ဆိုပြီး လုပ်ခဲ့တာ။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပြည်ပမှာ ပညာသင်တယ်။ စစ်ပညာပေါ့။ တရုတ်နဲ့အဆင်မပြေမှ ဂျပန်မှာ ဆူရှီသွားစားတာ။

ထားပါတော့။ ဒါက ဗိုလ်ချုပ်တို့ကိစ္စ။

အခု ၂၀၁၀-မှာ ဖြစ်နေတဲ့ကိစ္စ။ မုန့်စိမ်းပေါင်းလှီးသလို ဖြည်းဖြည်းချင်းလှီးပေါ့လို့ ၀ါရင့် မုန့်စိမ်းပေါင်းသည်က ပြောသလို။ သူကလုပ်ပြီးရောင်းလားဆိုတော့ မရောင်းဘူး။ ဘေးကနေ သူက စာအုပ်တစ်အုပ်ကိုင်ပြီး မုန့်စိမ်းပေါင်းလှီးတဲ့အဒေါ်ကြီး လုပ်တဲ့ဟာတွေမှန်သမျှလျှောက်မှတ်တယ်။ ပြီးတော့ ဘေးကလူတွေကို သူက စာအုပ်ကြီး ကိုင်ပြီး လျှောက်အာ,တယ်။ ဘယ်လိုလှီးရင် တောင်မပြိုဘူးပေါ့ဗျာ။

အခု ကိစ္စက အရင်တုန်းက ဗိုလ်ချုပ်တို့ ပြည်ပထွက်ပြီး ပညာသင်တာက အပင်ပန်းခံအသက်သေခံပြီး လွတ်လပ်ရေးရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့။

အခု တတိယအင်အားစုက ပြည်ပမှာ လွတ်လပ်ရေးရပြီး၊ ပညာတက်ပြီး တိုင်းပြည်မှာ ဆရာကြီးဝင်လုပ်၊ နေရာယူချင်လို့ လျှောက်အာနေတဲ့အပေါက်ပဲ။

သူတို့ဘယ်သူတွေလဲဆိုတာကို သိတယ်။ မယုံမရှိနဲ့။

တခုတော့ပြောချင်တယ်။ ပြည်ပမှာနေတာ ငြီးငွေ့လာရင် ပေါ်တင်ပြော။ ဟိုလိုလို..ဒီလိုလို...တိုင်းပြည်က လူတွေကို သနားလို့ ဆိုပြီး ကယ်တင်ရှင်ရှင်လိုလို ဘာလိုလိုလာမလုပ်နဲ့...။ ဘယ်သူဘာဖြစ်လဲဆိုတာသိတယ်။ နိုင်ငံရေးလုပ်ချင်ရင် ရိုးရိုးသားသားလုပ်ပါ။

နောက်ဆုံးပြောမယ်....သနားလို့ နို့...ပေးကိုင်တယ်...ေ-ာက်-ုတ်ပါ ရန်မရှာကြပါနဲ့...။

ဝိုင်၊ ဘီယာ


  သြစတျေးလျမှာ နေတဲ့လူတိုင်း ဒီလိုမျိုးဝက်ရိုးကိုက်၊ ကွန်ပြူတာရှေ့ ထိုင်ပြီး ဘီယာလေးမော့။ ဂျီတော့နဲ့ပွား။ အင်တာနက်ကအာ။ ဟိုရေးဒီရေးလုပ်။ အလုပ်ပိတ်တိုင်း ဒီလိုအပမ်းဖြေရင်း အမြည်းလုပ်ရပါတယ်။ အား,မကျပါနဲ့။ အထီးကျန်ဆန်တာကြောင့် ဒီလိုအခြေအနေဖြစ်နေတာပါ။ တတိယနိုင်ငံက လူတွေအားလုံးဒီလိုပါပဲ။ ရွှေဗမာတွေကို ပြောတာပါ။ နေ့တိုင်းဒီလိုအခြေအနေမျိုးကို တတိယနိုင်ငံက လူတွေရင်ဆိုင်ရပါတယ်။
ကွန်ပြူတာတစ်လုံး၊ ဟန်နီကယ်တစ်လုံး၊ ၀က်ရိုးတစ်ချောင်း
ဒေါ်လာ တစ်ထောင်တန် ၀ိုင်သောက်ချင်တယ်
ဟန်နီကယ်သွားဝယ်ရင်း ဒေါ်လာ ၁၀၀၀ တန်ဝိုင်တွေ့လို ဓာတ်ပုံရိုက်ယူလာပါတယ်။ လူဖြစ်ပြီး ဒေါ်လာ ၁၀၀၀ တန်ဝိုင်ကို တစ်ခါလောက် မသောက်သင့်ဘူးလား။

View My Stats