ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/4/10

ထက်ထက်မိုးဦးနဲ့ 7 Days News သတင်းထောက်သို့.......

အာ, ပါရစေ...

မနေနိုင်လို့ ၀င်ပြီး အာ,ပါရစေ။ နိုင်ငံရေး ကိစ္စလောက်ပဲ အာ, ဖို့ အထူးစိတ်ဝင်စားပေမဲ့၊ ဘာမဟုတ်တဲ့ ထက်ထက်မိုးဦးကိစ္စ၊ ဂျာနယ်သတင်းထောက်လေးကိစ္စက ဟိုလေးတကျော်ကျော်ဖြစ်နေတာကို မျက်စိနောက်လို့ပါ။ ဘယ်သူမှားလဲ၊ မှန်လဲဆိုတာတော့ တရားသူကြီးမဟုတ်တဲ့အတွက် ဘာမှ မပွားချင်ဘူး။

အဓိကပြောချင်တဲ့ Concept က နှစ်ယောက်လုံး အဆင့်အတန်းမရှိလို့ ဖြစ်ရတဲ့ကိစ္စပဲ။

အဆင့်အတန်းမရှိတဲ့အကြောင်းရင်း

ဒီလိုမျိုးဝေဖန်လို့ စိတ်တော့မဆိုးနဲ့အုံး။ ပထမဦးဆုံး သတင်းထောက်ရဲ့ အဆင့်အတန်း၊ သတင်းအတက်ပညာ၊ အင်တာဗျူးမေးခွန်းမေးတဲ့ပုံကို လေ့လာကြည့်ပါ။ သူမေးတဲ့မေးခွန်းက ဘာများဗဟုသုတ ရစရာရှိလဲ..။

"မမ အခု အီးပါ ပြီးပြီလားလို့" မေးရင်တောင် အဆင့်ရှိအုံးမယ်။

"အင်တာဗျူး..ကောင်းကောင်းလေးထည့်ချင်လို့ဖြေပေးပါ" လို့ ပြောတာနဲ့ ဟိုက ဘယ်လိုလုပ်ပြီး ကောင်းကောင်းဖြေမလဲ။ ဒီသတင်းထောက်လည်း ချီးထုတ်ပဲ။ ဒါတွေကို ကြည့်ရင် သတင်းထောက်က တက်လို့ လုပ်စားတာမဟုတ်ပဲ၊ ငတ်လို့ လုပ်စားသလိုမျိုးဖြစ်နေတယ်။

ပြည်ပနိုင်ငံတွေက သတင်းထောက်တွေက သတင်းအတက်ပညာဆိုင်ရာ ဘွဲ့တခုခုတော့ ရှိကြတယ်။ အတွေ့အကြုံ၊ ၀ါသနာနဲ့ သတင်းကို လိုက်တယ်။ ဒါ့ကြောင့်သတင်းတွေကလည်း အဆင့်အတန်း နဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ အခကြေးငွေလည်းမျိုးမျိုးမြတ်မြတ်ရတယ်။ မြန်မာနိုင်ငံက သတင်းသမားအများစုက ဒီလိုမရှိတော့ နောက်ဆုံး အခုလိုမလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာတာပေါ့။ ဒီလိုဖြစ်တော့လည်းကောင်းသားပဲ...Case Study တစ်ခုရတာပေါ့။ ဒါကိုနမှုယူပြီး တခြားသတင်းသမားတွေရှောင်နိုင်တာပေါ့။

သတင်းတခု၊ အင်တာဗျူးတခုက အနည်းဆုံးတခုခုတော့ ပြည်သူလူထုနဲ့ တိုင်းပြည်ကို အကျိုးတော့ပြုရမယ်။ စာဖတ်သူတွေရဲ့  ခေါင်းထဲကို တခုခုထည့်ပေးသလိုမျိုးဖြစ်ရင်ကောင်းမယ်။ ထက်ထက်မိုးဦး လင်, အများကြီးယူတာကို အဓိကထားမေးတော့ ဟိုက ဒေါကန်တာပေါ့။ ကျနော်သာဆိုရင်သတင်းထောက်ကို ဖနောင့်နဲ့၊ ငယ်ထိပ်ကို ဆယ်ခါလောက်ထပြီးပေါက်မယ်။ နောက်တချက် ထက်ထက်မိုးဦးက 7 Days News ဂျာနယ်ကို အင်တာဗျူးဖြေရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ငွေရလားဆိုတော့ တပြားမှမရဘူး။ တခြားနိုင်ငံတွေက အနုပညာရှင်တွေ အင်တာဗျူးခံရရင် ဒေါ်လာသန်းချီရတယ်။

ဥပမာတခုပါ...မက်ဒေါနားလင်များတာကို မည်သည့် သတင်းထောက်ကမှမမေးပါ။ မြန်မာပြည်မှာတော့ မေးတယ်။ 

သတင်းထောက်အပြင် ဂျာနယ်အယ်ဒီတာရဲ့ အရည်အချင်းကိုလည်းပြန်ကြည့်အုံး။ သူ့မှာကော အရည်အချင်းရှိလားဆိုတဲ့မေးခွန်းကိုမေးရအုံးမယ်။ သူက သတင်းထောက်ကို ကြပ်, ပေးလိုက်လို့ သတင်းထောက်ပါးရိုက်ခံရတာကော မဖြစ်နိုင်ဘူးလား။ ထားပါတော့ အားလုံးအဆင့်အတန်းမရှိလို့ဖြစ်ရတာပဲ။

မမထက်ကိစ္စ

အိမ်ထောင်ဆက်များတဲ့ အကြောင်းရင်းခံကို ထက်ထက်မိုးဦးက အလင်းတန်း ဂျာနယ်ကနေတဆင့် ဒီလိုပြောတယ်။

“ထက်ထက်ဘ၀မှာ ထိန်းကျောင်းပဲ့ကိုင်ပေးမယ့်သူ တစ်ယောက်မှ အနီးကပ် မရှိခဲ့တာကြောင့် အမှားတွေ အများကြီး ကျူးလွန်ခဲ့မိတယ်။ အိမ်ထောင်ဆက် များခဲ့တယ်” ဟု ထက်ထက်မိုးဦးက ဆိုသည်။


သူ့ဟာသူ ရွ,လို့, ထ လို့ အိမ်ထောင်အများကြီးကျတာကို ထည့်မပြောဘူး။ မိဘကိုပဲအပြစ်ပုံချသလိုမျိုး။ အမှန်ကိုမေးတော့ စိတ်ဆိုးတယ်။ အနာပေါ်ဒုတ်ကျသလိုဖြစ်လို့ သတင်းထောက်ကိုပါးရိုက်တယ်။ ဒါ, ကောင်းသလားဆိုတော့ မကောင်းဘူး။ ဒါ့ကြောင့် ကျနော်က ထက်ထက်မိုးဦးဟာ အဆင့်အတန်းမရှိတဲ့မိန်းမ ဖြစ်တယ်လို့ပြောတယ်။ သူသာမိန်းမကောင်းတစ်ယောက်ရဲ့ အဆင့်အတန်း၊ သတင်းသမားတွေရဲ့ ကျင့်ဝတ်ကိုနားလည်တဲ့အဆင့်အတန်းရှိရင် ဒီလိုလုပ်မှာမဟုတ်ဘူး။ နောက်ပြီးထက်ထက်မိုးဦးရဲ့ ပညာအရည်အချင်းကိုကြည့်အုံး။

သူမက အလှူအတန်းရက်ရောတာကိုတော့ ချီးကျူးတယ်။ သူအများကြီးလုပ်ခဲ့တယ်။ သိန်း,ထောင်ချီပြီးလှူခဲ့တယ်။

တကယ်တမ်း ထက်ထက်မိုးဦးအနေနဲ့ ပိုပြီးသတ္တိရှိသင့်တာက...ကိုယ့်ဟာကိုယ်ကြိုက်လို့ ယောက်ျားအများကြီး ယူတာဘာဖြစ်လဲ။ ဘယ်သူ့ကို စောက်ဂရုစိုက်ရမှာလဲ။ ဒါမျိုးဖြစ်ရမှာ။ အခုတော့ စောက်ရှက်ကွဲတာပဲ အဖက်တင်တယ်။

ဇာနယ်ဇင်းသမားတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေ ဖာချ၊ မိန်းမကြာခို၊ အရက်သောက်၊ ဆေးရှု၊ ဘိန်းရှုစတဲ့ ပေါက်ကရ ဖြစ်နေတဲ့အကြောင်းတွေကြတော့ ဂျာနယ်တွေ၊ အင်တာနက်စာမျက်မှာတွေမှာ မရေးကြဘူး။ အနုပညာရှင်တွေအကြောင်း၊ နာမည်ကြီးတွေအကြောင်းပဲရေးတယ်။ ဒါကြတော့ စာနယ်ဇင်းသမားတွေတရားလား။

နောက်ဆုံးကျနော့်ရဲ့ အကြံပေးချက်ကတော့....မြန်မာတွေပြည်ပနိုင်ငံက အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေရဲ့  အတွေ့အကြုံ၊ အရည်အချင်းကိုကြည့်ပါ။ လေ့လာပါ။ လေ့လာပါဆိုတာ သတင်းစာကိုဇောက်ထိုးဖက်ပြီး ကားမှောက်တယ်....ဆိုတဲ့ လေ့လာနည်းမဟုတ်တာတော့ သတိထားကြပေါ့။ 

မှတ်ချက်။ ။ စာရေးသူဘုန်းကျော်(လူ့ဘောင်ချစ်) သည် စာနယ်ဇင်းသမားမဟုတ်ပါ။ သတင်းလည်းမရေးတက်ပါ။ သို့သော် တစ်ရက်ကို နာရီဝက်ပုံမှန်အချိန်ပေး၍ သတင်းဖတ်သော ၀ါရင့်သတင်းဖတ်သူ ဖြစ်ပါသည်။

View My Stats