ကိုဦး၊ ကိုသိန်းလွင်၊ ကိုလေး နှင့် ရဲဘော်တစ်စု (စံခချောင်းဘေး)
ကွန်ပြူတာကို သုံးတက်အောင်လို့  ဆလိုင်းကိုကိုဦး (၁၀၂) က ၂၀၀၁-ခုနှစ်မှာ စံခလပူရီကို အမေရိကန်ပြည်ထောင်စုကနေ လာလည်တုန်း သင်ပေးပါတယ်။ အခဲ့သင်တန်းဖြစ်ပါတယ်။ သင်တန်းက သုံးလလောက်ကြာပါတယ်။ ပြီးရင် အရက်တောင် အလကားတိုက်တဲ့ ဆရာသမားဆိုတော့ လူတိုင်းက သူ့ ကို ချစ်ခင်လေးစားပါတယ်။ သူက စော်လည်းကြည်တယ်ဗျ။
သင်တန်းပေးတဲ့အချိန်မှာ ကျနော်တို့ ရုံးခန်းရဲ့ အနောက်မှာ ကိုဝဏ (အမေရိက) နဲ့ ပေါင်းပြီး ၀ါးတဲလေး ထိုးပြီးနေတယ်။ အနားယူ ပလောင်ထင်း (မှုပိုင် ကိုဇော်မင်း) ဖို့ ဖြစ်ပါတယ်။ တောထဲမှာ နေတဲ့ဘ၀ကို လွှမ်းမိလို့ ပါတဲ့ဗျာ။ ပြီးရင် သူတို့  (၁၀၂) စခန်းဟောင်းနေရာကို ကျနော်နဲ့ အတူသွားပြီး သူ့ ရဲ့ အလွမ်းကို ဖြေသိမ့်ရှာတယ်။ ကျနော်က သူ ဘာ့ကြောင့်လွမ်းလဲဆိုတာကို အခုမှ သဘောပေါက်ပါတယ်။ လွမ်းလည်း လွမ်းသင့်ပါတယ်။
တစ်ခါတလေ သူငှားထားတဲ့ အိမ်ကိုပြန်ပါတယ်။ သူက အဲဒိဒေသမှာရှိတဲ့ လူငယ်တွေကို အင်္ဂလိပ်စာနဲ့ ကွန်ပြူတာကို သင်ပေးနေတဲ့အချိန်ဆိုတော့ ရုံးမှာ သင်တန်းသားတွေအများကြီးပဲ။ ကျနော့်ဘ၀မှာ ကွန်ပြူတာကို ပထမဆုံး စတင်ပြီး သုံးဘူးတဲ့အချိန်ပါ။ ကွန်ပြူတာသင်တဲ့အခါမှာ မြန်မာစာ စာစီစာရိုက်ကို လေ့ကျင့်တဲ့အချိန်က အခက်ခဲဆုံးပါပဲ။
အနည်းဆုံးတစ်ပတ်လောက် လေ့ကျင်တော့မှ ကောင်ကောင်းရိုက်ပါတယ်။ ဒါတောင် မကျွမ်းကျင်ပါဘူး။
ကျနော်တို့ ပတ်ဝန်းကျင်မှာ ကွန်ပြူတာသုံးတက်တဲ့သူတွေအများကြီးရှိပါတယ်။ တချို့ သောသူတွေက အီးမေးနဲ့ ဝက်ဆိုက်ဖွင့်တာလောက်ပဲ ကျွမ်းကျင်ကြတယ်။ တချို့ သောလူကြီးတွေက လက်နှစ်ဖက်လုံးကောင်းရဲ့ သားနဲ့  စာစီစာရိုက်တောင် မတက်တော့ ဒီလူတွေကို အတော်ဒေါသထွက်မိတယ်။
ဘာ့ကြောင့်လဲဆိုတော့ သင်တာချင်းအတူတူလေဗျာ။ သူ့ မှာလည်း ကွန်ပြူတာရှိတယ်။ ကိုယ့်မှာလည်း ကွန်ပြူတာရှိတယ်။ ပြီးရင် စာရိုက်ပေးပါအုံးဆိုပြီး အကူအညီတောင်းတက်ကြတော့ ဒေါကမထွက်ပဲ နေမလား။
ကိုမျိုးမြင့်ချို သူ့ နေအိမ်တွေင်
ဒါ့ကြောင့် ဗမာတွေဟာ အချောင်လိုက်တယ်လို့ ကျနော်ပြောတာပါ။ အချောင်နေ အချောင်စားချင်တဲ့စိတ်ကို မဖျောက်ကြဘူး။
တနေ့ မှာ ဗမာစာ မရိုက်တက်တဲ့လူတွေအတွက် ရိုက်တက်အောင်ဆိုပြီး ကျနော် ကိုမျိုးမြင့်ချို ဆီကနေ အကူအညီတောင်းတယ်။ အကိုကြီးခင်ဗျား- ကျနော့်ကို အကိုကြီး ကွန်ပြူတာနဲ့ စာရိုက်နေတဲ့ပုံကို ပို့ ပေးပါဆိုပြီး အကူအညီတောင်းခဲ့ပါတယ်။ သူကလည်း အားတက်သရော နဲ့  ပုံတွေ ပို့ ရှာပါတယ်။
နံနက်စောစော ထပြီး စာရေးတက်တဲ့ ကိုမျိုးမြင့်ချို
သူ့ ရဲ့ ဓာတ်ပုံကိုကြည့်ပြီးအတော်လေးစားသွားတယ်။ သူ့ မှာ လက်နှစ်ချောင်းပဲ ရှိတယ်။ ဒါတောင် အပြည့်မဟုတ်ဘူး။ ဒီလိုအခြေအနေနဲ့ သူဘယ်လိုမျိုး စာစီစာရိုက်ကို ကျွမ်းကျင်အောင်လေ့ကျင့်လဲမသိဘူး။
ပြီးတော့ ရေးလိုက်တဲ့စာတွေကလည်း အင်တာနက်မှာအများကြီး။ စာရေးတာမှ ကျနော်တို့ လိုမျိုး ကပေါက်တိ ကပေါက်ချာ မဟုတ်ဘူး။
ပြီးရင်လူမှုရေး၊ နိုင်ငံရေးမှာလည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားတယ်။ ဘာမားဆိုးဂျားဆိုရင် နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ဗွီဒီယိုလေး။
အင်္ဂလိပ်လည်းကောင်းကောင်းတက်တယ်။ ဘာသာတောင်ပြန်ပေးသေးတယ်ဗျာ။ ကဲ...ကြည့်တော့။
ကိုယ်လက်အင်္ဂါမသန်တဲ့လူတောင် ကျိုးစားပြီးသင်ယူလေ့ကျင့်ရင် ဖြစ်တာပဲ။
ဒါဆိုရင် ဘာ့ကြောင့် ခြေတွေလက်တွေကောင်းပြီး ဗမာစာတောင် ကောင်းကောင်းမရိုက်တက်ကြတာလဲမသိဘူး။ သူတို့ ကပြောသေးတယ်။ ကျနော်က ဗမာစာမရိုက်တက်ဘူးဆိုပြီး ဂုဏ်ယူတဲ့လေသံနဲ့ ။ ရှက်ရကောင်းမှန်းလည်းမသိဘူး။
အင်္ဂလိပ်စာလည်း သင်လာတာ နဲ တဲ့နှစ်တွေမဟုတ်ဘူး။ တက်လားဆိုတော့ မတက်ဘူး။ ကောင်းတယ်ဗျာ...အတော်အားကျစရာကောင်းတဲ့လူတွေ။ ပြီးရင် ပါးစပ်က နိုင်ငံရေး၊ နိုင်ငံရေးနဲ့ ။ ဘာတွေပြောမှန်းမသိဘူး။ အရည်အချင်းဆိုတဲ့စကားလုံးကို ကောင်းကောင်း နားမလည်သေးတဲ့ နိုင်ငံရေး တော်လှန်ရေးသမားတွေပါလား။
သြစတျေးလျမှာ ဗမာတွေတစ်ပုံကြီးနေတယ်။ အိမ်တိုင်းမှာကွန်ပြူတာရှိတယ်။ ကွန်ပြူတာရှိလည်း ဗမာစာမရေးတက်တဲ့ လူတွေတစ်ပုံကြီး။ အင်္ဂလိပ်လိုမတက်တဲ့ လူတွေတစ်ပုံကြီး။ နှစ်ပေါင်း ၂၀-လောက်နေလည်း မတက်ဘူး။
အင်တာနက်တောင် ကောင်ကောင်းမသုံးတက်ကြတော့ ဒီလူတွေကွန်ပြူတာဝယ်တာ ဘာလုပ်ဖို့ လဲတောင်မေးရမလိုဖြစ်နေပြီ။ တခုခုစာရေးချင်ရင်...ဟိုလူ့ ခေါ်ရ ဒီလူ့ ခေါ်ရနဲ့ ဗျာ။ ဘယ်လောက်စိတ်ပျက်စရာကောင်းတဲ့ ခြေသန်လက်သန်ကြီးတွေလဲ။
ဥပမာ ကျနော်နဲ့ အတူ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က ကွန်ပြူတာသင်ခဲ့တဲ့လူတွေ ယနေ့ အထိ ဗမာစာမရိုက်တက်ဘူးဗျာ။ ကဲ..ကြည့်...ဘယ်လောက်တော်လဲဆိုတာ။
ကိုယ်ကိုယ်တိုင်မကျိုးစား မလေ့ကျင့်ရင် ဘာမှ မတက်ဘူးဗျ။ ဒါ့ကြောင့်လေ့ကျင့်ပါ။ ကျိုးစားပါ။ ကျိုးစားချင်စိတ်ရှိအောင် အတုယူစရာကောင်းတဲ့ လူကို အတုခိုးပါ။ သူကတော့ ဓာတ်ပုံထဲက စာရေးဆရာလို့ ပြောလို့ ရတဲ့ ကိုမျိုးမြင့်ချိုပဲဖြစ်ပါတယ်။
သူတောင် ဗမာစာကို ကောင်းကောင်းရိုက်တက်ဆိုရင် ဘာ့ကြောင့် ခြေသန်လက်သန်ကြီးတွေ မရိုက်တက်ရမှာလဲ။