ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

9/7/10

ချစ်စရာလေး..များကို ချစ်ချင်ပါတယ်

ဝိုင်းစုလေးကိုချစ်ချင်ပါတယ်...သို့သော်..
အနုပညာရှင်များကို ဆန္ဒတော့ မပြချင်ပါဘူး။ ဖြစ်နိုင်ရင် တ၀ကြီးနမ်းပြစ်ချင်ပါတယ်။ ချောလည်းချော..လန်တာကလည်း ဖင်ပြောင်တဲ့အထိဆိုတော့ အသဲမှာ ယားကျိကျိ။ အသံကလည်းကောင်း..စကားပြောကလည်ချို..အသက်ကလည်း အများဆုံး ဒူးယားနှစ်ကာတွန့်ကျော်လောက်ပဲရှိအုံးမယ်..။ ဥပမာ- စော်လေး ၀ိုင်းစုပေါ့..။ ဘယ်လောက်ချစ်စရာကောင်းလဲနော်။ သူ့ကိုဆန္ဒပြတာ မချစ်လို့မဟုတ်...အမေရိကမှာရှိတဲ့ ရဲဘော်မကြီးတကြီးတွေ၊ ရဲဘော်အိုကြီးတွေ၊ အိမ်ထောင်သည်ယောက်ျားတွေလည်း အားလုံးချစ်ကြမှာပဲ။ လူ့သဘာဝလေ...သိတယ်မဟုတ်လား။ ကျနော်လည်း ချစ်တက်တဲ့ နှလုံးရှိပါတယ်။

ကဲ...ဆန္ဒပြကြမယ်..။ တာဝန်သိ တော်လှန်ရေးသမားတွေက ဆန္ဒပြမယ်။ တချို့ မပြကြဘူး။

မပြတဲ့လူကတော့ ရှက်လို့ပေါ့..။ ထားတော့..။

ဘာ့ကြောင့် ပြ, တာလဲ။ အရှက်မရှိ ပုဆိုးလှန်ပြတာတော့မဟုတ်။ သဘောထား၊ ဆန္ဒကို အေးအေးချမ်းချမ်း တစ်နာရီလောက် ပြကြတယ်။ ရည်ရွယ်ချက်က သတိ,ပေးတဲ့သဘောပါ။ ဘယ်လိုသတိပေးချင်လဲဆိုတော့.....

"နိုင်ငံရေး အသိစိတ်ဓာတ်ရှိပါစေ"

ခင်ဗျားတို့ အနုပညာရှင်တွေလည်း ပရိတ်သတ်ကို ပြချင်တာပဲ။ ဒီလိုပြမှ စပွန်စာများများရမယ် မဟုတ်လား။ ကျနော်တို့လည်း ခင်ဗျားတို့လို့ ပြချင်တာပေါ့..။ ဒါမှ ခင်ဗျားတို့ မသေမချင်းမှတ်မှာ..ဟုတ်ဘူးလား။

"ခင်ဗျားတို့ အနုပညာရှင်တွေ စစ်အစိုးရခိုင်တိုင်းမလုပ်ပါနဲ့...ခင်ဗျားတို့ ကျနော်တို့ပြည်သူရဲ့ မျက်နှာကိုကြည့်ပါအုံး...။ အတင်းအဓမ္မ ခိုင်းလို့ဆိုတဲ့ ဆင်ချေတွေ လက်တွေတော့မပေးပါနဲ့...။ အစိုးရက ဒီရုပ်ရှင်မှ မရိုက်ရင် ပဲခူးကဖြစ်ရပ်လို သေနတ်နဲ့ မသေမချင်းပစ်သတ်မယ်လို့လည်းမပြော...အနည်းဆုံး တစ်နှစ်ပေါ့..။ အနုပညာ Permit ရုတ်မယ်လို့ပြောတာပဲရှိတယ်..။ ဒါကလည်း ပါးစပ်နဲ့ ခြိမ်းခြောက်တာပဲရှိတယ်...။ သတင်းစာထဲမှာ ကြေငြာတာတော့မဟုတ်။ ခင်ဗျားတို့ အာရုံဦးမှာ ဖူးတဲ့ကြာကို ရိုက်လို့ Income Tax 50 လျှော့မှာကို သဘောကြပြီးရိုက်တယ်..။ နအဖက မရိုက်ရင်ထောင်ထဲထည့်မယ်လို့လည်းမပြော..."

အာရုဏ်ဦးကို မရိုက်ရလည်း ခင်ဗျားတို့ ထမင်း မငတ်ပါဘူး။ ခင်ဗျားတို့ လုပ်လို့ ဘာမသိ..ညာမသိ တချို့ ပြည်သူတွေ ပေါက်ကရဖြစ်အုံးမယ်။ အဲဒိလူတွေက ထမင်းတောင်, ကန်စွန်းရွက်ကြော်နဲ့ ၀ါးနေရတယ်မဟုတ်လား။ အများစုကိုပြောတာပါ။

အင်္ဂလန်၊ အမေရိက၊ သြစီ နဲ့ အခြားနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေအများစု ပြည်တွင်းက မြန်မာတွေလို ကြောက်ပြီးတော့ ငြိမ်ခံနေမှာမဟုတ်ဘူး။ အားလုံး လွတ်လွတ်လပ်လပ် ပြ,လို့ရတယ်။ ဖင်လန်ပြတာကို ပြောတာမဟုတ်။

ဦးကျော်သူကိုတော့ မခေါ်ပါလား..

သူလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ။ ခေါ်ပါလား..နောက်ပြီး ထောင်ထဲက ကိုဇာဂနာ...။ ဒါရိုက်တာတောင်လုပ်သေးတာပဲ။ သရုပ်ဆောင်တာတော့ သနားတယ။ ဘာ့ကြောင့်မခေါ်လဲ..။ မပြောတော့ဘူး။ ဘာ့ကြောင့် သူတို့ ဂရုမစိုက်လဲ..။ အာရုဏ်ဦးမှာ ပါတဲ့ သရုပ်ဆောင်တွေထက် အုံးနှောက်ကြီးလို့ပဲ။ စေတနာ...အနစ်နာ၊ အမှန်တရားသိလို့ပဲ။ သူတို့က ခင်ဗျားတို့ထက်တောင် ပိုပြီး အနုပညာလုပ်ငန်းကို လုပ်ချင်အုံးမယ်။ သူတို့ဂွင်မှာ သူတို့လည်းဆရာကြီးတွေပဲ..။ အကယ်ဒမီတောင်ရပြီးသား။ ဟုတ်တယ်ဟုတ်။

အဓိကပြောချင်တာက ခင်ဗျား...အနုပညာရှင်တွေကို ပညာနည်းနည်းပေးချင်လို့...တကမ္ဘာလုံးက မြန်မာတွေ ဆန္ဒပြတာပဲ..။ မုန်းလို့မဟုတ်။ ဒါက သူတို့ရဲ့ ရည်ရွယ်ချက်။

ဆန္ဒပြဖို့ တားမြစ်တဲ့လူ၊ စပွန်စာပေးတဲ့လူများအကြောင်း...

အရင်ဦးဆုံး စပွန်စာပေးပြီးခေါ်တဲ့လူတွေနဲ့ပက်သက်ပြီး ပြောပါရစေ။ အပြင်လူကခေါ်တာ ပြသနာမရှိဘူး။ တော်လှန်ရေးသမားတွေခေါ်တာဆိုရင်တော့ ဒီလူတွေ အုံးနှောက်မရှိလို့ပဲ..။ ကိုယ့်အကျိုးကလွဲရင် ဘာမှ မသိချင်လောက်အောင် နိုင်ငံရေးကင်းမဲ့နေလို့ပဲ..။ အကျိုးကတော့ အမြတ်ငွေဖြစ်တယ်။ ဒါဆိုရင်တော့ သူဟာ, ဘာလဲ။ ရှင်းပြီ..အငြင်းမပွားနဲ့တော့။

တချို့ လူတွေက မသိလို့ခေါ်မိတာရှိတယ်။ ဥပမာ Perth မှာ ခန့်စည်သူပွဲ ရှိတယ်။ စီစဉ်သူက မသိလို့ခေါ်မိတယ်။ အရိုင်းကိုတော့ သိသိချင်း၊ ကျော်ထူးနဲ့ အစားထိုးတယ်။ ဒါက ဖြစ်ရပ်တစ်ခု။ ဒီလိုမျိုး အပြင်လူက သိသိချင်း ပြင်သေးတယ်။ မသိလို့ ခေါ်မိတာကို ၀န်ခံတယ်။ တော်လှန်ရေးသမားလို့ ဘွဲ့ခံပြီး လုပ်တဲ့လူကိုတော့ ဘာလုပ်ရမလဲဆိုတာ မပြောတော့ဘူး။

နောက်ဆုံးပြောချင်တာက အနုပညာရှင်တချို့  သူတို့အလုပ်ကို သူတို့လုပ်ခဲ့ပြီးပီ။ ကျနော်တို့ အလုပ်ကိုလုပ်ဖို့ပဲရှိပါတော့တယ်။ တခါတလေတော့ ဒီလိုလုပ်တာ နစ်နာစေချင်လို့မဟုတ်ပါ။ ကျနော့်အလုပ်က တော်လှန်ရေးသမားဖြစ်ပါတယ်။

ဒီလောက်ပါပဲ။

No comments:


View My Stats