ဥက္ကဌ ကိုအောင်မိုးဇော်ကို နှစ်ခါပဲ မြင်ဘူးတယ်။ စံခလပူရီမှာတစ်ခါ၊ မဲ့ဆောက်မှာ တစ်ခါ ဖြစ်ပါတယ်။ ဗိုက်ကပူပူ၊ ပါးဖောင်းဖောင်း အရပ်က ဟစ်တလာလောက်ပဲ ရှိတဲ့ ကျနော့် ဥက္ကဌကို ရှိခိုးမတက် အရမ်းလေးစားခဲ့ဘူးတယ်။ တကယ်တော်တဲ့လူလို့ သတ်မှတ်ခဲ့မိတယ်။ အခုတော့ သူဦးဆောင်နေတဲ့ လူ့ဘောင်သစ်ကို လက်ရှိနိုင်ငံရေးကာလမှာ ဘုန်းကျော်ရဲ့ ကျယ်ပြန့်မကြီးကျယ်သော အုံးနှောက်ကိုသုံးပြီး ဝေဖန်ပါအုံးမယ်။ သည်းခံပြီးဖတ်ပါလေ။ အားနေလို့ပဲ ဆိုပါရစေ။
လူ့ ဘောင်သစ်ဟာ တောထဲကို လူအယောက်နှစ်ဆယ်လောက်မပြည့်ပဲနဲ့ ရွှေ့ ခဲ့တယ်။ ဌာနချုပ်ဆိုပါတော့။ အားလုံးက နှစ်ဆယ်ကျော် အရွယ်လူငယ်တွေချည်းပဲ။ တက္ကသိုလ်ကျောင်းသားတွေအများစုပေါ့။ ၂၀၀၁-ခုနှစ်လောက်မှာ ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦးတို့ ဦးဆောင်တဲ့ ABSDF နဲ့ လူ့ ဘောင်သစ်ပေါင်းစည်းခဲ့တယ်ပေါ့။ သိပ်မကြာဘူး သူတို့ထွက်သွားခဲ့တယ်။ ဘော,ပဲလို့မပြောယုံတမယ်ပဲ။ လူ့ဘောင်သစ်ဟာ လူ့ဘောင်သစ်မဟုတ်ဘူး။ ကွန်မြူနစ်ပါတီရဲ့ လက်ဝေခံဖြစ်တယ်လို့ သူတို့ဝေဖန်ကြတယ်။ ဒါကတော့ ဟုတ်မဟုတ် လက်တွေ့မြင်ရနေတာပဲ။ ကျနော်လည်းဒီအတိုင်းပဲ ယူဆပါတယ်။ ပြီးတော့ ၂၀၀၄-ခုနှစ်လောက်မှာ ဦးငွေလင်း၊ ကိုယဉ်ထွေး၊ မရီ၊ ကိုတိုးတိုးထွန်းတို့ အဖွဲ့နဲ့ ထပ်ပြီးလူ့ဘောင်သစ်ကိုရောက်လာကြတယ်။ သူတို့က ပြည်တွင်းကနေ လာကြတယ်ပေါ့။ အဲ...အနည်းစုလောက်ပဲ ပါတီဌာနချုပ်မှာ ကျန်ခဲ့တော့တယ်။ အများစုက နိုင်ငံခြားမှာ ရောက်ကုန်ကြပြီ။ ထားတော့ ဒါက ဖြစ်စဉ်အကျဉ်း။
အထွေထွေအတွင်းရေးမှုး ကိုဇော်နိုင်ဦး ရှိစဉ်ကာလပေါ့။ အားလုံးနဲ့တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းခဲ့တယ်လို့ ယူဆတဲ့အတွက် အထူးကြိုဆိုခဲ့တယ်။ အားပေးခဲ့တယ်။ လိုက်ပါခဲ့ကြတယ်။ နောက်ပိုင်းကွဲသွားကြတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားတွေကွဲသလိုခံစားကြရပြန်တယ်။ ဒါကလည်း လူနည်းစုဖြစ်တဲ့ ထိပ်ပိုင်းလူသုံးလေးဦးက ချယ်လှယ်တယ်လို့ အခုမှ သဘောပေါက်တယ်။
အခုတော့ ပြည်ပကနေ နဲနဲလောက်တော့ ပြောခွင့်ပြုပါ။ အဓိက ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လှုပ်ရှားမှုအကြောင်းပဲပေါ့။
လူ့ဘောင်သစ်ဟာ ဒုတိယအင်အားအကြီးဆုံးဖြစ်ခဲ့တယ်လို့ပဲ သိရတယ်။ အခုတော့ ဒုတိယအင်အားအသေးဆုံးပါတီလို့ဆိုပြီး ဝေဖန်တာခံနေရပြီ။ အဓိကတာဝန်ရှိတဲ့သူတွေဖြစ်တဲ့ ဥက္ကဌ ကိုအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှုး ကိုခင်မောင်တင့်၊ တွဲဖက်အတွင်းရေးမှုး ကိုငွေလင်းတို့ အနေနဲ့ ပါတီကို လက်ရှိ ရှိနေတဲ့ ပတ်ဝန်းကျင်ကနေ ဖောက်ထွက်သင့်ပြီလို့ ယူဆလို့ အခုလိုရေးလိုက်တာပါ။ ဒါက ကိုငွေလင်းက ဒေါ်စုကို ဖောက်ထွက်ဆိုလို့ ကျနော်ကလည်း ကိုငွေလင်းနဲ့အဖွဲ့လည်း ဖောက်ထွက်ပါ။
ဘယ်လိုဖောက်ထွက်ရမလဲဆိုတော့ ရှင်းပါတယ်။ လက်ရှိပါတီဟာ ကျနော်လေ့လာရသလောက် နိုင်ငံရေးလောကမှာ ဦးဆောင်မှုမပေးနိုင်သေးပါဘူး။ သူများပြောတဲ့ အတိုင်းလိုက်နေတဲ့အဖွဲ့ငယ်လေးပဲလို့ ထင်ပါတယ်။ ဒါကို ဖောက်ထွက်စေချင်ပါတယ်။ ကိုအောင်မိုးဇော်ဟာ ပါတီဥက္ကဌသာပြောတယ်... ဌာနချုပ်ဖြစ်တဲ့မဲ့ဆောက်မှာ ပုံမှန်ရုံးတက်တာလည်းမရှိဘူး။ ချင်းမိုင်မှာပဲ ထမင်းချက်စားလိုက်၊ ပါတီပွဲပေးလိုက်နဲ့ အချိန်ကုန်နေခဲ့တယ်။ ဟိုသွားအာလိုက်၊ ဒီသွားအာလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ကိုခင်မောင်တင့်လည်း တူမောင်ညိုကိစ္စနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကိုငွေလင်းလည်း ဂေါ်လီလုံးလောက်ရှိတဲ့ မဲ့ဆောက်ပတ်ဝန်းကျင်က စင်ပေါ်မှာ တက်ပြီးပွားတာလောက်ပဲ တွေ့ဘူးတယ်။ ဆိုတော့ဗျာ ခင်ဗျားတို့ကိုကြည့်ရတာ ပျင်းစရာအရမ်းကောင်းတယ်။ ပြောရရင်တော့ လူစုပြီး ထမင်းချက်စားတဲ့အဆင့်လောက်ပဲ ဖြစ်နေလို့ အခုလိုရေးတာပါ။
ကျနော်တို့ နိုင်ငံခြားကို ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ အားလုံးနီးပါထွက်ခဲ့တယ်။ ယနေ့အချိန်အထိပါတီဌာနချုပ်က ပြည်ပရောက်ရဲဘော်တွေကို ပုံမှန်ဆက်သွယ်တာ၊ သတင်းအချက်အလက်ဖလှယ်ပေးတာ မတွေ့ခဲ့ဘူး။ ပါတီဌာနချုပ်ဘာလုပ်လဲဆိုတာကို ၀က်ဆိုက်ပေါ်တက်ကြည့်တော့လည်း သရဲခြောက်တော့မဲ့အတိုင်းပဲ။ ခြောက်ကပ်နေပြီ။
ပါတီဌာနချုပ်ဟာ ဒီအတိုင်းဆက်သွားရင်တော့ သိတဲ့အတိုင်း ပြည်သူ့ပြည်ချစ်ပါတီလိုဖြစ်တော့မယ်။ အာလုံး လုံးပါးပါးပြီး ကုန်သွားတော့မယ်။ ပါတီဌာနခွဲတွေဖြစ်တဲ့ အမေရိကန်၊ မလေးရှား၊ ဂျပန်၊ နော်ဝေတို့ဟာ ယနေ့အချိန်ထိ သူများတွေနဲ့ ယှဉ်ရင် ဆီနဲ့ရေပဲ။ အားလုံးက အဖိုးကြီးလဥလို ပျော့တီးပျော့ဖက်နဲ့။ အလုပ်လုပ်တာလည်းမတွေ့ရဘူး။ အောင်မြင်မှုလည်းမတွေ့ရဘူး။ ဆိုတော့ ကျနော်တို့ လူ့ဘောင်သစ်ဘာလုပ်မှာလဲ။ ထုံးစံအတိုင်း ဒေါ်စုပြောတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကို ကျနော်တို့ထောက်ခံပါတယ်လို့ ပါးစပ်ကအော်နေမှာလား။
အားလုံးအသက်ဝင်လာဖို့၊ တက်ကြွလာဖို့ဆိုရင် ချင်းမိုင်မှာ တချိန်လုံး မိန်းမဗိုက်ကိုပွတ်နေလို့မရပါဘူး။ မီးဖိုချောင်ထဲမှာ ၀က်သားအချိုချက်ပြီး လာတဲ့မိတ်ဆွေတွေကို ကျွေးနေလို့မရဘူး။ တူမောင်ညိုလို မျက်နှာကြောကြောမာမာနဲ့ သူမှ အတွေးအခေါ်နဲ့အနစ်နာခံလေတယ်ဆိုပြီး ဘ၀င်မြင့်လို့မရဘူး။ နောက်ရှိသေးတယ်။ ဦးငွေလင်းလို အသံအိညောင်အိညောင်နဲ့ တိုးတိုးတိတ်တိတ် နေလို့မရဘူး။ ဒီအတိုင်းဆက်သွားနေရင် မဲ့ဆောက်က ပါတီဝင်တွေဟာ ဒုက္ခရောက်ကုန်တော့မယ်။ ဟိုလည်းသွားမရ၊ ဒီလည်းသွားမရနဲ့။ နိုင်ငံရေးမှာလည်း တိုးမပေါက်။
ပါတီရပ်တည်နေနိုင်အောင် မဲ့ဆောက်မှာ ကျန်ခဲ့တာကိုတော့ ကျေးဇူးတင်တယ်။ သို့သော် ငါ တို့မှ ငါတို့ဆိုတဲ့ အတွေးအခေါ်ကိုတော့ မကြိုက်ဘူး။ ခင်ဗျားတို့နေခဲ့ပါလို့ ပြည်တွင်းပြည်ပက ဘော်ဒါတွေကမတိုက်တွန်းခဲ့ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ။ ဆိုတော့ ကျနော်ကတော့ အခုအချိန်မှာ ပါတီကို လက်ရှိအ၀န်းအ၀ိုင်းကနေ ဖောက်ထွက်စေချင်ပြီ။
လက်ရှိအစိုးရကို နောင်လာမဲ့ရွေးကောက်ပွဲဝင်ဖို့အတွက် ကမ်းလှမ်းစေချင်တယ်။ အဓိက ဒါပဲ။
ခလေးတွေလည်း ကြီးလာပြီ။ ထိုင်းမှာလည်း အိမ်မရှိ၊ ယာမရှိ၊ အလုပ်မရှိနဲ့ ဘ၀တွေဟာ မသေချာ မရေရာဘူး။ နိုင်ငံခြားထွက်ဖို့လည်း အဆင်မပြေ။ ဆိုတော့ ဘာလုပ်မှာလဲ။ ဘယ်တော့ ကျနော်တို့လိုချင်တဲ့ အတိုင်းအတာကိုရောက်မှာလဲ။
ပြည်တွင်းကို ပြန်ပြန်ရင်လည်း ငွေကမရှိ၊ အိမ်ကမရှိ၊ အလုပ်ကမရှိ။ အသစ်ကနေပြန်စရမှာကိုကြောက်လို့ မပြန်ချင်တာလားမသိ။ ဘယ်လိုစဉ်းစားကြလဲမသိတော့ဘူး။
ကျနော်ကတော့ အေးဆေးပဲဗျို့ ။ သြစတျေးလျနိုင်ငံသားအဖြစ်နဲ့ ကမ္ဘာတောင်ပတ်လို့ရနေပြီ။ မဲ့ဆောက်က လူ့ဘောင်သစ်ဌာနချုပ်က လူတွေ...သတိထားကြဗျို့ ။
5/11/11
"မတူရင်မတုနဲ့  (၁၀) နှစ်" လမင်းခင်
မအိရွှေစင် |
မှတ်ပြီးသားမို့ နေပါစေလို့ ထားလိုက်တော့မလို့ ပါ ။
ဒါပေမဲ့ ကျမပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲကို ဒီည ကိုလွဏ်းဆွေကိုယ်တိုင် ထပ်ပို့  လာတာတော့ သူရဲ့  အဲဒိအမြင်တွေကြောင့် ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်းဖြစ်ခဲ့ရတဲ့ အင်အားတရပ်။ အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ၊ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့ ကျမကိုစော်ကားလိုက်သလို ခံစားရပါတယ်။
ခြေလက်အေးစက်ပြီး လူသတ်ချင်စိတ်တောင်ကျမဖြစ်မိတယ်။ ဒါလည်း မောင်လွဏ်းဆွေ ရဲ့ တိုက်ကွက် တခု ဆိုတာ သိကိုသိပါတယ်။ ဒီတော့လည်း ရဲဘော်တွေကြား ပြောနေကြစကားလို --- အမုန်းမခံဘူးဟေ့ --ယုန်သူငယ်နှာစေးလိုက်ဦးမယ် - ကွယ်ရာမှာဆဲပြီး၊ တွေ့ ရင် မင်းအဖေ နေကောင်းလား ဆိုတာ အိရွှေစင်ညွန့် တော့ တသက်လုံးမကျင့်သုံးဖူးလို့  ရန်သူအကြိုက်လိုက်တဲ့သူတွေ မုန်းချင်မုန်းပါစေ သူတို့ ချစ်တာခင်တာခံနေရရင် ကိုယ်တောင် သိက္ခါ မဲ့သေး လို့ တွေးပြီး ကိုလွဏ်းဆွေရေ မတူရင် မတုပါနဲ့ လို့  ပြောပါရစေ။
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်မဲ့အခြေအနေအရပ်ရပ်မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုပ်ရှားနေရတာကိုကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီးကျမတို့ နားလည်ခံစားနိုင်တယ် ။
ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမကရှစ်လေးလုံးအရေးတော်ပုံကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ...စမ်းသပ်ကြည့်တာ...သူများ ၀င်ဆန့် နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။
ဒါ့ကြောင့် အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆိုရင် ဒူးနေရာဒူး တော်နေရာတော် တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈-ခုနှစ်မှာ မောင်လွဏ်းဆွေဟာ ၁၈-နှစ် အရွယ်ပါ။
ဖြူစင်တဲ့လူငယ်အရွယ် မဟုတ်မခံတဲ့လူငယ်အရွယ် အဲဒိအရွယ်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ သူ ဘယ်နေရာမှာမှ မပါခဲ့ပါဘူး။ ၈၉-မှာ ကျမထောင်ထဲရောက်ပြီးပါပြီ။ မောင်လွဏ်းဆွေထက် ကျမ၂နှစ်ငယ်ပါတယ်။ ၁၉၉၆-မှာ ကျောင်းသားတွေက တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ။ သူဘယ်နေရာမှာ မှမပါခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ်။ ကျမ ၁၀-တန်းနဲ့ ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀-တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့ရပါတယ်။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စနဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့  ထုံးစံအရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့။ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါ ၀,ချင်လာတော့တာပါပဲ။
အဲလိုပြောတော့ တော်လှန်ရေးမှာ မပေးဆပ်သူ မပါဝင်သူ က စာပေမဝေဖန်ရဖူးလား လို့ စောဒကတက်စရာရှိပါတယ်။ ဝေဖန်ရေးဟာ စော်ကားရေး မဟုတ်ပါဘူး။ သူ့ အရေးအသားတွေ ဘယ်လိုဖတ်ဖတ် တချို့ ဟာ ဘာသမိုင်းမှမသိ ဘာမှလက်တွေ့ မကြုံဖူးမတွေ့ ဖူးတာတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD ရဲ့ ဘယ်လို အကြပ်အတည်းမျိုးနဲ့ ရင်ဆိုင်လုပ်နေရတာတွေ ဗဟုသုတ (အသိတရား) ဘာမှမရှိပဲရေးထားတော့ လက်တွေ့ ကျော်ဖြတ်ခဲ့ရတဲ့ ကျမတို့  က ဟား,မိတာတွေဟာ ဒီကောင် မိုက်ရိုင်းလှချည်လားလို့ သြချရတာတွေ တွေ့ လာရပါတယ်။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကိုနာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။
အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား...
(၁) ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကားတွေ ပြောဖူးလား။ ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
(၂) ရိုက်သတ်မယ်။ ပစ်သတ်မယ် သိသိ နဲ့ အာဏာပိုင်ရှေ့ စစ်တပ်နားမှာ တရားဟောဖူးသလား။
ကျမတို့ ဂွတ်တလိပ်လမ်းဆုံမှာ နံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်း ရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား။
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား။
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး...မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ..အော် ...မတော်တဆလည်း တော်ပါသေးတယ်လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒိလို ပေးဆပ်မှုကလည်းမရှိ၊ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ၊
ပေါ်ပျူလာဖြစ်နိုးနဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော်ကို ညံ့တဲ့ပရိတ်သတ်က အူတက်အောင်ရီပြီးအားပေးနေပေမဲ့ အကြားမတော် အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။
ကျမတို့ ထောင်ထဲမှာတချို့ ဝါဒါမ တွေ က ကျမတို့ ပုဒ်မနဲ့ လုပ်ရပ်ကြောင့် ရာဇ၀တ်သားတွေနဲ့ ကျမတို့ ကိုသီးခြားထားပြီးလေးစားမှုတွေ နဲ့ ဆက်ဆံတဲ့အခါ တာတီးဒီ ပုဒ်မနဲ့ ထောင်ကျတဲ့ အကျင့်ပျက်မိန်းကလေးတဦးက ကျမတို့ ကို ပုခုံးချင်းယှဉ်ချင်လာပါတယ်။ ကျမတို့ သီးသန့် တိုက်မှာနေ နေရတာကို သူတို့ က မိလ္လာချပေးနေရတယ်ဆိုပြီး ကျမတို့ (၅-ည) တွေကြားထဲ ရန်တိုက်။ ၅-ညတွေစကားကို ၀ါဒါမ တွေ အင်္ဂလိပ်ခေတ် ပုလိပ်ခွေး လို (ဖား-ချွန်)၊ အဲလိုတွေလုပ်တော့ ကျမ အဲဒိ တာတီးဒီ ကောင်မလေးကို မတူရင်မတုနဲ့  (၁၀) နှစ် ကြိုးစားလိုက်ဦးလို့  ပြောလိုက်ပါတယ်။
ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀-နှစ်လောက်ကျိုးစားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။
အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကိုအရင့်အရင်လုပ်ခဲ့ သူတွေက နှိမ်တယ်၊ ချိုးတယ်....သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ၊ ပြောလာပါမယ်။
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်လို့ ပါ။ ၈၈-မျိုးဆက်ပါလို့ သူတို့ မပြောဘူး။ ၈၈ အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး။ သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုက စေတနာဇောရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှုကရှိဖို့ လိုအပ်ပေမဲ့စိတ်ရင်းစေတနာ ကလည်း အခရာပါပဲ။
အကယ်၍သာ သူဟာ, ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာရှိတယ် ပြည်သူအပေါ်လည်း စေတနာမှန်တယ်ဆို ရင် NLD E-mail တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌာနတွေ ရှိပြီးသားပဲ။
ထောက်ပြ ဝေဖန်သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ်။ တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့  လိုက် မ, ပေးလိုက်တာကိုက ညစ်နွမ်းတဲ့ ပြယုတ်ပါပဲ ။
နောက်ဆုံးပိုဒ် (ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ။
ကိုလွဏ်းဆွေကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ၊ ဆော်သြမှု၊ ခ်ါဆောင်မှုကြောင့် ကျမတို့ နဲ့  ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီးနိုင်ငံရေးတွေ တိုင်းပြည်နဲ့  ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်တွေ အားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေကို သံယောင်လိုက်အတုခိုးပြီး အဆိုးမြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့ ဘက်ရွေးမှားခဲ့တာပါပဲ ။
တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။ တစ်ယောက်က ပြောတယ်။ ဒီလိုရေးနေတာ တို့ တတွေ မှာ တာဝန်ရှိတယ်တဲ့။ ကျမ ကလည်း ၀င်,ပြောလိုက်တယ်။ ကျမနဲ့ တွဲပြီးအင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ်။ အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့။ "ဟာ" ဟုတ်တာပေါ့/ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲက ကျမ နဲ့ အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျ ဆိုတော့
စာပေမူဝါဒ ဆိုလို့ အဲဒိတုန်းက ကျမ အက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ...ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး။
ဒါ စာပေးအခွင့်အရေးလို့ ဆိုခဲ့ပေမဲ့  အဲဒီတုန်းက အက်စစ်ဟာ သူမဟုတ်ဘူးငြင်းခဲ့လို့ ကျမ မပြောဖြစ်ခဲ့တာ တခုပြောပြပါမယ် ။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ။ အဖွဲ့ ဝင်လား၊ အချုပ်လား ကျမသေချာမသိဘူး။ အဲဒိ ဂျာနယ် ကို ၂၀၀၆-၇ လောက်မှာ ကျမ စာမူတွေပို့ ပါတယ်။ ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမ ပို့ ပေးပါတယ်။ အရွေးခံရပါတယ် ထဲ့သွင်းဖေါ်ပြတာတွေရှိပါတယ်။ တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာနေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမဘေးက ဗိုက်နာလို့ အော်နေသူကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။
တလလောက်ကြာတော့ ကျမဆောင်းပါးကို သူရွေးချယ်လိုက်တယ်။ အပြီးသတ်နေပြီမို့ ပါလာတော့ စာမူခ လာယူပေါ့။ စာမူခ က ၃၀၀ ဘတ်ပါ ။ အဲဒိလို နဲ့ အဲဒီအပတ်ရဲ့ နိုက်တင်ဂေးဂျာနယ် ထွက်လာပါတယ်။ အယ်ဒီတာ ကိုလွဏ်းဆွေ ရွေးချယ်ပြီးဖြစ်တဲ့ ကျမရဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း စာမှုပါမလာပါဘူး။ ကိုလွဏ်းဆွေကို ကျမမေးလိုက်ပါတယ်။
အဲဒိအခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါးကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ်တဲ့။ ဖြုတ်ခိုင်းရတဲ့အကြောင်းရင်းက ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကိုကျမက ရေးထားလို့ တဲ့လေ။
ကဲ ...စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပြီ။ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ်ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ။
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက်က ကျမတို့ တတွေအသက်နဲ့ ဘ၀ကို အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွှန်ကြားချင်ရတာလဲ။
ကိုယ်နေရာကိုယ်နေပါလို့ ပဲ အဆုံးသတ်ပြောပါရစေ။
စာဖတ်ပရိတ်သတ်သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့် ၀င်,ဆဲ ပွက်လောရိုက်နေတာကို သူက တကယ့်ကိုနိုင်ငံရေးလို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင်...ကိုလွဏ်းဆွေ ဘလော့ကို မကြည့်၊ ဖြစ်တဲ့
နည်းနဲ့ ရှောင်ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။
မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ်။
အိရွှေစင်ညွန့် 
စစ်ထောက်လှမ်းရေးဟောင်း တစ်ကြပ်ကြီးကိုတိုးနိုင်နှင့်တွေ့ ဆုံမေးမြန်းခြင်း
ဘုန်းကျော်။ ။ ဘယ်တုန်းက ထောက်လှမ်းရေးစဖြစ်တာလဲ။
ကိုတိုးနိုင်။ ။ ၁၉၉၈ -
ဘုန်းကျော်။ ။ ထောက်လှမ်းရေး စ-ဖြစ်ပုံကို ပြောပြပါလား။
ကိုတိုးနိုင်။ ။ တပ်မတော် တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်သူဖြစ်ပြီး.. ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် စမ်းသပ်တာဝန်ပေးအပ်ရန်အတွက် ထောက်လှမ်းရေးတပ်မှာ တွဲဖက်ပြောင်းရွှေ့ အမိန့် ဖြင့် (၆) လ တာဝန်ထမ်းဆောင်ရပါ့မယ်...။
(၆) လတာ ကာလအတွင်း ထောက်လှမ်းရေး တစ်ဦးဖြစ်ရန်အတွက် နောက်ကြောင်းစုံစမ်းစစ်ဆေးပါတယ်...။
တပ်တွင်းတာဝန်ထမ်းဆောင်မှုကို တပ်မှူးနှင့်တပ်ဖွဲ့ မှုးများက ဘုတ်အဖွဲ့ ဖြင့် အရည်အချင်းစစ်ဆေးပါတယ်။ ထောက်လှမ်းရေးတပ်မှူးက ထောက်ခံချက်ဖြင့် ထောက်လှမ်းရေးရုံးချုပ်ကို ထောက်လှမ်းတပ်ဖွဲ့ ဝင်တစ်ဦးခန့် အပ်ရန်အတွက် အစီရင်ခံစာကိုတင်ပြပါတယ်။ အစီရင်ခံစာမှာတော့-
၁။ စစ်သည်၏ ကိုယ်ရေး ရာဇ၀င်ကင်းရှင်းကြောင်းပါရပ့ါမယ်။
၂။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း။
၃။ ပြစ်မှုကင်းရှင်းကြောင်း။
၎။ ပါတီနိုင်ရေးကင်းရှင်းကြောင်း။
၅။ ဆန့် ကျင်ဘက် အဖွဲ့ အစည်းများ။ သောင်းကျန်းသူ အဖွဲ့ အစည်းများနှင့်ပါတ်သက်မှုမရှိကြောင်း ။
၆။ ကိုယ်ရေးရာဇ၀င်ရှင်းလင်းကြောင်း စသည်ဖြင့် ကင်ရှင်းပါမှ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် ခန့်  အပ်ပါတယ်။
ဘုန်းကျော်။ ။ ပြီးတော့ကော အကို။
ကိုတိုးနိုင်။ ။ ပြီးတော့ .... တွဲဖက်ကနေ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် ပြောင်းမိန့် ထုတ်ပါတယ်..။
တပ်ဖွဲ့ ဝင်ဖြစ်ပြီဆိုတာနဲ့ ....
၁။ တိုက်ပွဲထောက်လှမ်းရေးသင်တန်းတက်ရပါတယ်။
၂။ တန်ပြန်ထောက်လှမ်းရေးသင်တန်း (၃) လ။
၃။ နောက်ယောင်ခံသင်တန်း (တစ်လခွဲ )
၎။ ဓါတ်ပုံသင်တန်း
၅။ တန်ပြန် အထူးသင်တန်း
၆။ စစ်ကြောရေး သင်တန်း
ဘုန်းကျော်။ ။ ထောက်လှမ်းရေး တစ်ယောက်ဖြစ်လာတော့ ဘာတွေလုပ်ရလဲ၊ ဘယ်မှာ လုပ်ရလဲ အကို? ပြီးတော့ ..ဘာ တာဝန်နဲ့လဲ။
ကိုတိုးနိုင်။ ။ အင်း ... တပ်ဆွယ်တွေကိုလွှတ်တယ်။ ဥပမာ-- မွန်ပြည်နယ်ဆိုပါဆို့ တပ်ရင်းက မော်လမြိုင်မှာရှိမယ်။
ဘုန်းကျော်။ ။ ဟုတ်
ကိုတိုးနိုင်။ ။ မွန်ပြည်နယ်မှာ မြို့ နယ်တွေရှိမယ်။ ကြာအင်းဆိပ်ကြီး။ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်ခမီ၊
စသည့်ဖြင့်... အဲဒီမြို့ တွေကို တပ်ဆွယ်မှူးအဖြစ် ၆ - ဦးထက်မနည်း၊ စေလွှတ်ပါတယ်။
ဘုန်းကျော်။ ။ အကို က ဘာလုပ်ရလဲ။ ဘယ်သူတွေ၊ ဘယ်အကြောင်းအရာတွေကို ထောက်လှမ်းရတာလဲ။
ကိုတိုးနိုင်။ ။ အကိုယ်တို့ ကတော့ ရုံးမှာနေရတယ်။
ဘုန်းကျော်။ ။ ပြီးတော့ ဘယ်သူ့ ကို သတင်းပို့ရတာလဲ။
ကိုတိုးနိုင်။ ။ မြို့ နယ်တွေမှာလည်း ရပ်ကွက်အလိုက် တာဝန်ပြန်ခွဲတယ်။ အဓိကတော့ သောင်းကျန်းသူသတင်း၊ နိုင်ငံရေး လှုပ်ရှားမှာ၊ စုံစမ်းကြရတာကတော့ အကုန်လုံးပါပဲ၊ စီးပွားရေး လူမှုရေး နိုင်ငံရေး သောင်းကျန်းသူသတင်း။
ကိုတိုးနိုင်။ ။ ခံရတာကိုပြောရမယ်ဆိုလျင်တော့၊ ၂၀၀၄-ခုနှစ် အောက်တိုဘာ ၁၈-ရက်နေ့ မှာ ရှစ်မိုင်မှာရှိတဲ့ ထောက်လှမ်းရေးရုံးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ၀ိုင်းဝန်းပြီး ပိတ်ဆို့ ဖမ်းခဲ့ပါတယ်။ ၁၉- ရက် မနက်မှာတော့ နယ်တပ်တွေမှာရှိတဲ့  ထောက်လှမ်းရေးတပ်တွေကို သက်ဆိုင်ရာ တိုင်း/တပ်မတွေက ၀ိုင်းပြီးပိတ်ဆို့ ဖမ်းခဲ့တယ်။ ထောက်လှမ်းရေးတပ်အတွင်းမှာပဲ အကျယ်ချုပ်ဖြင့် ထားခဲ့တယ်။ ထောက်လှမ်းရေးစစ်သည်တွေကို ဟောခန်းမထဲမှာထည့်ပြီးတော့ တပ်ရင်းတပ်ဖွဲ့ စစ်သားတွေက စောင့်ကြပ်ပါတယ်။ ထောက်လှမ်းစစ်သည်နေအိမ်မှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်းခဲ့ပါတယ်။
နောက်ပြီး တော့ ကျောင်းတက်နေသည့် ကလေးတွေကို ကျောင်းကနေထုတ်ပစ်ခဲ့ပါတယ်။
ထောက်လှမ်းရေး စစ်သည် ကျနော်တို့ တပ်အနေဖြင့် ၁၀-ဦးကို ဖမ်းဆီးစစ်ဆေးပြီး အမိန့်မနာခံမှု လာဘ်စားမှု စစ်စည်းကမ်းဖောက်ဖျက်မှု၊ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဆောင်မှု ဥပဒေများဖြင့်၊ အရေးယူပြီး ထောက်ဒဏ် (၇)နှစ် ကျခဲ့ပါတယ်။ ကျနော်တို့ ကိုတော့ ၀န်ခံ ကတိ ဖြင့်၊ နေရပ်ကိုပြန်ပို့ ပါတယ်။ ၀န်ခံကတိ ဆိုတာကတော့ အချိန်မရွေး ဖမ်းဆီးအရေးယူပြီး ပြစ်ဒဏ်ချမယ်ဆိုတဲ့သဘောပါပဲ။
နေရပ်ပြန်ရောက် တော့ စစစ သုံးလုံး ရဲ သတင်းတပ်ဖွဲ့ ၊ နယ်မြေရဲတွေက ခေါ်ယူစစ်ဆေးခြင်းကို ခဏခဏခံ ရပါတယ်။ ရဲစခန်းကခေါ်လိုက် ရဲသတင်းတပ်ဖွဲ့ ကခေါ်လိုက်၊ စသုံးလုံး ခေါ်လိုက်၊ စစ်တပ်ကခေါ်လိုက်နဲ့ အစစ်ဆေးခံရတယ်။
ဘုန်းကျော်။ ။ သူတို့ ထု သေးလား။
ကိုတိုးနိုင်။ ။ နောက်တော့ ၂၀၀၅-ခုနှစ် ၂-လပိုင်းလောက်မှာ ထောက်လှမ်းရေးဟောင်းတွေကို ပြန်လည်ပြီး လိုက်လံဖမ်းဆီးတာကို သိရတော့ ထွက်ပြေးလာပါတယ်။ ရိုက်တယ်ထုတယ်။ ရေမတိုက်ဘူး။ အစာ အငတ်ထားတယ်။ တရာခံစစ်သလို အစစ်ပြန်ခံရတယ်။
ဘုန်းကျော်။ ။ အကိုတို့ထောက်လှမ်းရေးကဆိုးတာကိုး။ ထုမှာပေါ့။
ကိုတိုးနိုင်။ ။ ဒါကလည်း လူတိုင်းမဟုတ်ပါဘူး။ ကျနော်တို့ ဆို သူများအပေါ်ကို ကောင်းခဲ့တာပါပဲ။ ဘိန်း မိလို့ လည်း လွတ်အောင်ကူညီဖူးတယ်။ NLD နဲ့ ပါတ်သက်လို့ လည်း ထောင်မကျအောင် ကယ်ခဲ့ဘူးတယ်။
မြိတ်မှာနေတုန်းက ခေါတရည ဆိုတာရှိပါတယ်။ အဓိကတော့ ဆန့် ကျင်ဘက်စာစောင်တွေ ကပ်တယ်ဆိုပါတော့။ ဒါကို သူ့ လက်ဝယ်မှာမိခဲ့တယ်။ ဒါပေမယ့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေရဲ့ တူဖြစ်နေတော့ ပိုင်ရှင်မယ့် လုပ်ပေးခဲ့တယ်ဆိုပါတော့။
ဘုန်းကျော်။ ။ ဦးခင်ညွန့်က လူကောင်းလား။
ကိုတိုးနိုင်။ ။ ကောင်းပါတယ်။
ဘုန်းကျော်။ ။ ဘာတွေကောင်းလဲ။
ကိုတိုးနိုင်။ ။ အင်း ... ထောက်လှမ်းရေးနှင့်ပါတ်သက်လို့  အဓိကလုပ်ဆောင်သွားတာက ဒုညွန်ချုပ် ကျော်ဝင်း။ ဦးသန်းရွှေ၏ မွေးစားသားပါ။ တရာခံအစစ်က ကျော်ဝင်းပါပဲ။
ဘုန်းကျော်။ ။ ဟုတ်လို့လား။
ကိုတိုးနိုင်။ ။ နယ်စပ်ကိစ္စတွေမှာ အဓိကဖြစ်ပြီး နောက်ဆုံး ထောက်လှမ်းအဖွဲ့  နစက ဆိုတဲ့ နယ်စပ်ဒေသစစ်ဆေးရေးကွပ်ကဲမှု စစ်ဆေးရေးဌာနချုပ် ဖွင့်ပြီးတာနဲ့  ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါ။ ဦးခင်ညွန့် ကတော့ သဲထဲရေသွန်ဖြစ်ရတယ်ဆိုပါတော့။ နောက်ဆုံးတော့ လာဘ်စားမှုနဲ့  စွပ်စွဲပြီး အမိန့် မနာခံမှု စစ်စည်းကမ်းဖောက်ဖျက်မှုစသည်ဖြင့် ထောက်လှမ်းရေးတစ်ခုလုံးကို အမြစ်ပါ မကျန်ဖျက်ဆီး ထောင်ချလိုက်တာပါပဲ။
ဘုန်းကျော်။ ။ အဲ..တုန်းက အရမ်းခိုးသလိုဖြစ်တာကိုး။
ကိုတိုးနိုင်။ ။ တိုင်းမှူး၊ တပ်မမှူး ၀န်းကြီးဌာနအသိးသီးမှာ ရှိတဲ့ အကြောင်းကို ထောက်လှမ်းရေးက တန်ပြန်လိုက်တော့ အကုန်လုံးပေါ်ကုန်မယ်လေ။ ဒါကြောင့် ဦးခင်ညွန့် ကို အပြတ်သတ် ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။
ဘုန်းကျော်။ ။ ပြီးတော့ အကိုတို့က အရမ်းချမ်းသာပြီး ကျန်တဲ့ရဲဘော်တွေ ငတ်နေကြပြီ...ဒီလိုဖြစ်နေတာကို ရဲဘော်တွေ မကျေနပ်ကြဘူး။ ဒါကြတော့ ဘယ်လိုပြောမလဲ။
ကိုတိုးနိုင်။ ။ ဒါကလည်း လုပ်ရတဲ့လုပ်ငန်းတွေက အကျိုးဆက်တွေပါ။
တစ်ချို့ ကတော့ ထင်တာပေါ့။ ထောက်လှမ်းရေးတစ်ဦးက မြို့ ပြ လူထုနဲ့ ဆက်ဆံရတယ်။
ဆက်ဆံရတဲ့အပေါ်မှာ သတင်းရယူမှုလိုအပ်တယ်။ အဲ့တော့ စီးပွားသမားတွေကလည်း အပေးအယူ အကျိုးဆက်နဲ့ အလုပ်လုပ်တယ်။ သတင်းလည်းရတယ်။ စီးပွားအတွက်လည်း ရတယ်ဆိုတော့
စီးပွားသမားကလည်း ထောက်လှမ်းရေးကိုပေါင်းပြီးပေါ့။ ပေါင်းပြီဆိုမှာတော့ စီးပွားသမားတွေ အထုပ်နဲ့  လာပြီဆိုပါတော့။
ဘုန်းကျော်။ ။ ဆိုလိုတာက အကိုက ဒီလိုနည်းလမ်းနဲ့ ငွေရတာပေါ့။
ကိုတိုးနိုင်။ ။ ဒါကလည်း ငယ်သားဆိုတာ ငယ်သားအဆင့်ပါပဲ။
ဘုန်းကျော်။ ။ အထက်လူကြီးကျတော့ကော။
ကိုတိုးနိုင်။ ။ ကြီးလေ ရလေပေါ့။
ကိုတိုးနိုင်။ ။ ဘယ်နေရာမဆိုလုပ်ပိုင်ခွင့်ရှိပြီဆို အပေးကမ်းနဲ့ ချည်းကပ်ကြတာ သဘောတရားပဲမဟုတ်လား။
ဘုန်းကျော်။ ။ ဟုတ်တယ်။
ဘုန်းကျော်။ ။ အခု အမေရိကမှာ ရှိတဲ့ ဦးအောင်လင်းထွတ်ကြတော့ကော။ သူက ဦးခင်ညွန့်လူလား။
ကိုတိုးနိုင်။ ။ ဟုတ်ပါတယ်။ စစ်သံမှူးတိုင်းက ထောက်လှမ်းရေး တန်ပြန်အထူး ကျွမ်းကျင်သူများကိုသာ စေလွတ်ပါတယ်။
ဘုန်းကျော်။ ။ အကိုတို့ ရဲဘော်တွေကို သူတို့ ပြန် မကူညီဘူးလား။
ကိုတိုးနိုင်။ ။ သူတောင်မှ အစောင့်အကြပ်များနဲ့  ရှိနေတယ်လို့ ကြားရတယ်။ အခုနောက်ပိုင်းမှ ချောင်လာတယ်လို့ ပြောသံကြားတယ်။ အဆက်အသွယ်တော့ မရပါဘူး။ ဦးအောင်လင်းထွတ်က နိုင်ငံရေးခိုလုံခွင့်တောင်းပြီးနေနေတာပါ။ သံသရရှိရင် သူလည်း အသက်ရှည်မှာတော့မဟုတ်ပါဘူး။
ဘုန်းကျော်။ ။ နေပါအုံး...အကိုတို့အချင်းချင်း အဆက်အသွယ်မရဘူးလား။
ကိုတိုးနိုင်။ ။ မရပါဘူး ...
ဘုန်းကျော်။ ။ အရင်တုန်းက အကိုတို့ နှိပ်စက်ညှင်းပန်းတာ ဟုတ်လား။
ကိုတိုးနိုင်။ ။ အကိုတို့ ကတော့ မလုပ်ခဲ့ပါဘူး။ ဘာပြုလို့ လည်း ဆိုတော့ အကိုတို့ က ရုံးမှာထိုင်ရတာများပါတယ်။
ကိုတိုးနိုင်။ ။ ရပ်ကွက်တွေ ရွာတွေ နယ်တွေမှာတော့ တစ်ချို့ တော့ ကန်မယ် ထိုးမယ်ကြိတ်မယ်ပေါ့။ ရှိပါတယ်။ ဒါကလည်း ထောက်လှမ်းရေးဆိုတဲ့ အရှိန်ဝါကြောင့် လုပ်ကြတာပါ။ သာမန်သာဆို ဘယ်သူပြုရဲမလဲပေါ့။
ဘုန်းကျော်။ ။ တချို့ စစ်ဗိုလ်ချုပ်တွေနဲ့ပက်သက်တဲ့ အမှု့ တွေကြတော့ ဘယ်လိုစုံစမ်းလဲ။
သိသေလောက်ပေါ့။
ကိုတိုးနိုင်။ ။ ဗိုလ်ချုပ်တစ်ဦးရဲ့  ကိုယ်ရေးအချက်လက် ထောက်လှမ်းရေး (၇)ပုံစံကို ဖြည့်စွတ်ပါတယ်။
အဲ့မှာ မကောင်းတာ ကောင်းတာကို အကုန်သိရပါတယ်။
ဘုန်းကျော်။ ။ မှတ်မိသလောက် အကိုပြောဗျာ။
ကိုတိုးနိုင်။ ။ မကောင်းတာဆိုတာကတော့...ဗိုလ်ချုပ် မဖြစ်ခင် က တပ်ရင်းတပ်ဖွဲ့ မှာ ဖြစ်ခဲ့တဲ့ ... ငါးခိုးလှေ ဖမ်းမိပြီး ငွေတောင်းပစ္စည်းသိမ်းပါတယ်။ ပိုင်ရှင်မကျေနပ်လို့  တိုင်းမှူးကိုတိုင် .. တိုင်းမှူးက စုံစမ်းစစ်ဆေးရေးဖွဲ့  .. ပြီးတော့ .. အရေးယူအပြစ်ပေးတယ်။ အရေးယူတာကို သက်ဆိုင်ရာ မှတ်တမ်းရုံး ဘောက်ထော်ကို ပို့ ရတယ်။ အဲ့မှာ တပ်စာရေးများနဲ့ ပေါင်းပြီး ပြစ်မှုအစီရင်ခံစာဖျောက်ပေါ့။ မှတ်တမ်းမှာတော့မပါဘူး။ ဗိုလ်ကြီးဘ၀က တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မှာတော့ ကျန်နေတော့ ဘူးပေါ်သလိုပေါ်ပေါ့။
ဘုန်းကျော်။ ။ ဟာ...
ကိုတိုးနိုင်။ ။ ဒါပေမယ့် အရာရှိအချင်းချင်းကြတော့ တော်တော် ကိုကြည့်ပါတယ်။ အကိုကြီး ညီလေးနဲ့  ဆင့်ကဲ ဆင့်ကဲ လုပ်ဆောင်သွားတယ် စစ်တက္ကသိုလ်ဗိုလ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ရှေ့ နောက် တော်တော်ကို ထိန်းပါတယ်။ တော်ရုံပြစ်မှုဆို ပျောက်ကွယ်သွားတယ်။
အဲ ကိုရွှေဘော်ဘော်ဖြစ်ပြီဆိုရင်တော့ သေဖို့ သာပြင်ပေတော့ပေါ့။
ဘုန်းကျော်။ ။ ဟား....ထင်သားပဲ။
ကိုတိုးနိုင်။ ။ ဥပမာတစ်ခု ပေါ့ ... ကိုယ့်ညီလည်း ကြားမိမှာပါ ..တာချီလိတ်မှာ ထိုင်းရဟတ်ယာဉ်ကို လက်နက်ကြီးနဲ့ ပြစ်တဲကိစ္စပေါ့...ရှေ့ တန်းစစ်ဆင်ရေးမှာ ဘယ်ရဲဘော်ကနေ အထက်အရာရှိအမိန့် မရပဲ ပစ်လို့ ရမလဲ ပစ်မိန့် ပေးတာက ဗျူဟာမှူး ... ခံရတော့ ရဲဘော် နဲ့ ဗိုလ်ကြီးတစ်ဦး စုံစမ်းစစ်ဆေးရေးလုပ်မယ်ဆိုလျှင် ဗျူဟာမှူးက အနည်းဆုံး စစ်သက်လျော့ခံရမယ် ဒါမှမဟုတ် အရပ်ဘက်ကိုပြောင်းရမယ် ဒါမှမဟုတ် အလုပ်ပြုတ်ထောင်ကျရမယ်လေ အဲ့တော့ ဗျူဟာမှူးဘာဖြစ်လဲ နေရာပြောင်းလိုက်တာပဲရှိမှာပေါ့။ လက်အောက်ငယ်သားတွေပဲ ခံရတယ်။ ထောင်ကျတယ်။ ဘ၀ဆုံးရှုံးတယ်။
စစ်ဗိုလ်မှူးကြီးတွေ ဗိုလ်ချုပ်တွေပဲ ကောင်းစားတယ်။ ရဲဘော်ဆိုတာကတော့ ဘယ်နေရာ ဘယ်တပ်ကြည့်ကြည့် အူမတောင့်ရုံနဲ့  အူစိုရုံ သာရှိပါတယ်။ အခုလည်းကြည့်လေ ... စစ်သားတွေကို ယူအန်ကနေ ဟိုးလုပ်ထားတယ်... ပြေးလာချင်တဲ့ စစ်သားတွေက ဒူးနဲ့ ဒေးပါပဲ။ ၂၀၀၉ - နောက်ပိုင်း ယူအန်ကို ထိုင်းအစိုးရက စစ်သားများနဲ့ ပက်သတ်လို့  ဟန့်တားချက်ရှိတယ်။
ဘုန်းကျော်။ ။ အကို ခုနကပြောတဲ့...ဒုညွှန်ချုပ် ဦးကျော်ဝင်းလေ။ သူက ရေကြည်အိုင်မှာနေသေးတယ်မှတ်လား။
ကိုတိုးနိုင်။ ။ ဟုတ်ပါတယ်။ ဒုတိယပြစ်ဒဏ်အများဆုံးပေးရမှာက ဦးကျော်ဝင်း ပါ။ ကွင်းလုံးကျွတ်လွတ်သွားတယ်လေ။
ကိုတိုးနိုင်။ ။ ဦးကျော်ဝင်းက ဦးရွှေးမန်းတို့ မျက်နာပေါက်ပါပဲ။
ဦးကျော်ဝင်းကတော့ ၀တယ်
ဘုန်းကျော်။ ။ ကိုတိုးနိုင်တို့ ရဲဘော်တွေ အတော်များလား။ ထောက်လှမ်းရေးပြုတ်တဲ့ချိန်မှာ။
ကိုတိုးနိုင်။ ။ များပါတယ်။ ၁၀၀ ကျော်ပေါ့။ ၇-ဦးထောင်ကျတယ်။
ဘုန်းကျော်။ ။ သူတို့ကိုကော ဘယ်သူတွေကယ်မလဲ။
ကိုတိုးနိုင်။ ။ ဘယ်သူမှမကယ်ပါဘူး။ ပြစ်ဒဏ် အတိုင်း ကျခံကြရတယ်။ ကယ်မယ့်သူမရှိဘူး။ တပ်မှူးတွေထောင်ကျမယ့်ကိစ္စမှာ ရဲဘော်တွေကို အစားထိုးလိုက်တဲ့သဘောလုပ်သွားတာပါ။
အဲ့ဒါပြောတာပေါ့ ... ထောက်လှမ်းရေးသမားချင်းအတူတူ အမည်ခံတယ်။ အရာရှိတော်တော်များများကိုကြတော့ လွတ်တယ်တဲ့ ။ ဒု-ညွှန်ချုပ် ကျော်ဝင်းတောင် ကွင်းလုံးကျွတ် လွတ်တယ်ဆိုမှတော့လေ။ အချင်းချင်းအပေါ်တောင် ဦးသန်းရွှေက ဂုတ်သွေးစုတ်ခဲ့ပြီပဲ။ ပြည်သူတွေဆိုတာတော့ မပြောနဲ့ တော့ပေါ့။
ဘုန်းကျော်။ အကို တပ်မတော်သားတွေကို ဘာပြောအုံးမလဲ။
ကိုတိုးနိုင်။ ။ ဘ၀ တူတွေမို့  အထက်ကအမိန့် ဆိုပြီး အသက်မသေရုံ ကျွေးထားတဲ့  ထမင်းက စစ်တပ်ကျွေးတာမဟုတ်ကြောင်းနဲ့  ပြည်သူကကျွေးသည့် ထမင်းကို ကျေးဇူးမကန်းပဲ အချိန် အမြင်မှန်ဖြင့် အမှန်တရားကို အမှန်တိုင်းရဲရဲဝံ့ဝံ့ ပြောခွင့်ရဖို့  အချိန်တန်ပြီလို့  ပြောပေးပါ။
ဘုန်းကျော်။ ။ ကိုတိုးနိုင်ရဲ့  စစ်ဝတ်စစ်စားနဲ့ ပုံရှိလား။
ကိုတိုးနိုင်။ ။ မပါလာဘူးကိုယ့်ညီရေ...။ ပြေးလာဆိုတော့ ကိုယ်လွတ်ရုန်းခဲ့ရတာပါ။
၎င်းမိသားစုနှင့်အတူ စစ်ထောက်လှမ်းရေးဟောင်း တပ်ကြပ်ကြီး ကိုတိုးနိုင်သည် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၀၄-ခုနှစ်မှ စတင်၍ခိုလှုံနေပါသည်။
Subscribe to:
Posts (Atom)