ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/17/08

ဂလိုဘယ်လိုက်ဇေးရှင်း နှင့် မြန်မာပြည်က မျှစ်

Globalization ၊ ဘာသာပြန်တဲ့သူတွေ နာမည်အမျိုးမျိုးနှင့် ဘာသာပြန်တယ်။ အမြင်အမျိုးအမျိုးနှင့်လည်း တင်ပြကြ တယ်။ ရေးကြတယ်။ နားလည်ကြတယ်။ ကျနော်နားလည်တာကဒီလိုမျိုးပါ……
ဒီလိုဗူးတွေနဲ့ မျှစ်တွေကို ၀ယ်စားပါတယ်

ဒီနေ့ မျှစ်စားချင်လို့ ဗီယန်နမ်ဆိုင်မှာ သွားဝယ်တယ်။ ထိုင်းကလာတဲ့မျှစ်ရှိသလို ဗီယမ်နမ် ကပို့တဲ့ မျှစ်လည်းရှိတယ်။ ထိုင်းမျှစ်က ပိုစားကောင်းတယ်။ နုတယ်။ မျှစ်ခြင်၊ ငပိ၊ ငရုတ်သီး အကုန်ဝယ်လို့ရတယ်။ ဗီယမ်နမ်ကကောင်မလေးလည်းလှတယ်။ ဒါနဲ့စိတ်ကူးတခုရတယ်။ ဒါလည်း ဂလိုဘယ်လိုက်ဇေးရှင်းပဲ။
ထိုင်း၊ ဗီယမ်နမ်၊ တရုတ် ကထုတ်တဲ့ ကုန်ပစ္စည်းအမျိုးမျိုး နိုင်ငံတကာကိုရောက်တယ်။ ကျနော်တို့ ဆီက အမေရိကန်၊ နော်ဝေ မှာနေတဲ့ ရဲဘော်ကြီးတွေ ထိုင်းမျှစ်၊ ဗီယမ်နမ်မျှစ်နဲ့တော့ ကင်းမှာ မဟုတ်ဘူး။ ငပိက တော့အဓိကပေါ့နော်။ မှားသွားရင်ခွင့်လွှတ်နော်။ မြန်မာပြည်က ဇရစ်ရိုးတို့၊ ဖလှောင်တောင်မွှေး၊ မလွှပွင့်၊ ငါးဇင်းရိုင်း၊ တို့လဲ ဂလိုလိုက်ဇေးရှင်း မဖြစ်တာ နှမပေး နအဖ ကြောင့်။
Australia နိုင်ငံ Perth မြို့ ဆင်ခြေဖုံးက ဗီယမ်နမ်ဆိုင်

ဗီယမ်နမ်ဆိုင်မှာ ဆိုရင် မြန်မာပြည်က ရွှေတွေ တန်းစီနေတာပဲ။ မြန်မာကုန်ပစ္စည်း လိုက်ရှာတယ်။ မတွေ့ဘူး။ အခုဆိုရင် မြန်မာတွေဟာ ထိုင်းတွေတင်မကဘူး၊ ဗီယမ်နမ်၊ တရုတ်၊ ကုလား၊ သူတို့ကိုတောင် နိုင်ငံတကာမှာတောင် လိုက်ပြီး လုပ်ကျွေးနေရပြီ။
မြန်မာပြည်က မျှစ်၊ ဇရစ်ရိုး၊ ဖလှောင်တောင်မွေး၊ စသဖြင့် နိုင်ငံခြားကို ပါကင်ကောင်းကောင်းထုတ်ပြီး တရားဝင်လုပ်ကြည့်ပါလား။ Globalization မဖြစ်ရင် ပါးလာရိုက်။ အခုတော့ ဘာမဟုတ်တဲ့ ထိုင်းငါးပိ၊ မျှစ်တောင် အခု ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ ပါနေပြီ။ အဲဒိပစ္စည်း တွေဟာ မြန်မာပြည်က၊ မြန်မာအလုပ်သမားတွေ ထိုင်းမှာ ထုတ်၊ မြန်မာမျှစ်ကို ထိုင်းမှာဗူးနဲ့ထည့်၊ ပြီးရင် နိုင်ငံခြားက မြန်မာတွေကို ပြန်ရောင်း ။ ကျနော်တို့က ပြန်ဝယ်စား။
မြန်မာတွေ မိအေး နှစ်ခါနာရကုန်ပြီ။

View My Stats