ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/15/09

သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆု ပေးအပ်ခြင်း

ဆရာဆွေ ဘလော့

ကိုဘုန်းကျော် (လူ့ဘောင်သစ်) ဘလော့ဂ် မှ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆုအား ၂၀၀၉-ခုနှစ် အတွက် ဒေါက်တာလွဏ်းဆွေဘလော့ဂ် အား ဆုချီးမြင့်သည်။ ဒေါက်တာ လွဏ်းဆွေ သည် မြန်မာစစ်အာဏာရှင် စနစ် အား လွန်ခဲ့သည် နှစ်ပေါင်း(ဘယ်လောက်လဲမသိ) ကတည်းက တိုက်ပွဲဝင် လာခဲ့သည်ဖြစ်သည်။ စစ်အာဏာရှင်လက်အောက်မှတဆင့် ထိုင်းအာဏာရှင် လက်အောက်သို့ ရောက်ရှိကတည်းက မိမိတက်ကျွမ်းသည့် ပညာ(အပ်ပညာ) ဖြင့်သော်လည်းကောင်း၊ ကလောင်စွမ်း အားဖြင့်သော်လည်းကောင်း တိုက်ပွဲဝင်လျှက်ရှိသည်။

Mr. ဆွေ သည် အန္တရာယ်အမျိုးအမျိုးကြားမှ မြန်မာ့ဒီမိုကရေစီရေးလုပ်စားသူများ အား စောင့်ကြည့်ဝေဖန် လေကန်လျှက် ရှိသောကြောင့် ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုသူရဲကောင်းဆုအား ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းဖြစ်သည်။ ဆုကြေးငွေ အဖြစ် ဒေါ်လာ တစ်သန်း (ဇင်ဘာဘွေဒေါ်လာ) အားလည်း ပေးဆောင်မည်ဖြစ်သည်။

ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလောဂ့်မှပေးအပ်သော နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်း ဆုအား မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံရေးသူအားလုံးအား ချီးမြှင့်သည့်ဆု အဖြစ်လွန်ခဲ့ သည့် ၅-မိနစ်ကတည်း စတင်တည်ထောင်ခဲ့သည်။


View My Stats