ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/16/10

ကျနော်တို့ နိုင်နေတယ်

မှားနေတဲ့လူတွေဟာ..ဘယ်တော့မှ မှန်နေတဲ့လူတွေကို မျက်နှာချင်း မဆိုင်ရဲဘူး။ အဓိပ္ပာယ်ကတော့ စိတ်ကနေ အလိုအလိုကြောက်နေတာ။ ရာဇ၀တ်ဘေး ပြေးမလွတ်ဆိုတဲ့ဆောင်းပုဒ်ထဲကလိုပေါ့။ ရဲတွေ့ရင် သူခိုးတွေ အလိုလိုမျက်နှာပျက်၊ လက်တွေတုန်၊ အသံတုန်ပြီး ဟန်ပန်ပျက်နေပြီ။ ဒါက လူ့စိတ်ကိုဖုံးဖိလို့ မရဘူးဆိုတာကို ပြတယ်။

နအဖက အမှားတွေလုပ်ထားတယ်။ အမှန်တရားဘက်က ဘက်တော်သားတွေကို ဒီလူတွေ ရင်မဆိုင်ရဲဘူး။ ဥပမာ-

စစ်အာဏာရှင်မပြောနဲ့ စစ်အာဏာရှင်တွေရဲ့ အစွယ်အပွားတွေတောင် ပြည်ပကိုထင်ထင်ပေါ်ပေါ် မလာရဲဘူး။ သူတို့ဖင်ခေါင်းကျယ်နိုင်တဲ့နေရာကတော့ မြန်မာပြည်တ၀ိုက်ပဲရှိတယ်။ ဒီလိုအခြေအနေကို ၀,လုံးခေါင်းထဲ လသာတယ်လို့ ပြောနိုင်တယ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လို့ လည်းသုံးနိုင်တယ်။

ငယ်ငယ်တုန်းက ရန်ဖြစ်ရင် "မင်းက မင်းအိမ်မို့လို့ ဂန်ကျယ်တာလား" လို့ ခလေးအချင်းချင်းပြောတယ်။ အခုလည်း နအဖပုံစံက အဲလိုဖြစ်နေတယ်။ သူ့အိမ်ရောက်မှ ဒီကောင်သတ္တိရှိရဲတယ်။ လူတွေကို -ီးထင်တဲ့အပေါက်မျိုးချိုးတယ်။ မိုက်ရိုင်းတယ်။ လက်နက်အားကို၊ လူမိုက်အားကိုးနဲ့ဆိုတော့ သတ္တိအပြည့်။ ဒီလူတွေ ပြည်ပနိုင်ငံလည်းထွက်ရော မခုတ်တက်တဲ့ကြောင်လို..ဟိုဂျောင်ကတ်ဒီဂျောင်ကတ်နဲ့ နေစရာနေရာကို မရှိဘူး။ အမှီးတကုပ်ကုပ်နဲ့။

ဒီလိုဖြစ်နေတာက စစ်အာဏာရှင်တွေရဲ့  ကြောက်စိတ်ကိုပြတာပဲ။ ဒီကောင်တွေ ကျနော်တို့ကို လက်နက်အားကိုးနဲ့ပဲ အနိုင်ကျင့်ရဲတယ်။ တကယ့်လက်တွေ့ နှလုံးရည်နဲ့ယှဉ်တဲ့အခါမှာတော့ သိတဲ့အတိုင်းပဲ။

ဘယ်သူပြောလဲ စစ်အာဏာရှင်တွေအသားစီးရနေတယ်လို့

ဘယ်တော့မှ စစ်အာဏာရှင်တွေအသာစီးမရဘူး။ ရိုးရိုးလေးပြောရင် အတိုက်အခံအင်အားစု နဲ့ ပြည်သူကို မနိုင်ဘူး။ အခုလက်ရှိအနေအထားကိုပြောတာပဲ။ အထက်ပြောတဲ့ အခြေအနေကိုကြည့်။ သူတို့စိတ်ကိုတောင် သူတို့မနိုင်ဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲကိုလုပ်ပြီး ပျော့မယ်လိုထင်တဲ့လူတွေကို နှစ်သိမ့်ပေးနေတာပဲ။ ဒီလူတွေအများစုက မသထာရေစာကို အတူတူမျိုထားတဲ့လူတွေအချင်းချင်းပဲဆိုတော့ တစ်ယောက်ကိုတစ်ယောက်က မျှောင်ပင့်ပြီးပေါင်းစားဖို့ မလုပ်ရင် ဘာဖြစ်သွားမလဲ။ ဓမြဂိုဏ်းသားတွေလိုပဲ။ ဓမြတိုက်ပြီး အချင်းချင်းဝေစုမတည့်တဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက်ကသတ်ပြီး လုယှက်ထားတဲ့ပစ္စည်းကို အပိုင်စီးဖို့ကြံလိမ့်မယ်။ ဒါကို အသေကြောက်တယ်။ ဒါက သူတို့အချင်းချင်းအပိုင်း။

ပြည်သူလူထုက သူတို့နဲ့ပက်သက်လာရင် ဘယ်တော့မှနှစ်မြို့ တာမဟုတ်ဘူးဆိုတာကို သူတို့လည်းသိတယ်။ တခါတုန်းက စစ်လက်နက်ပစ္စည်းတပ်ရင်းတခုက ဗိုလ်မှုးကြီးတစ်ယောက်နဲ့စကားပြောဖူးတယ်။ သူက "ငါ..ဘယ်တုန်းကမှ သူများကိုဒုက္ခရောက်အောင်မလုပ်ခဲ့ဘူး" တဲ့။ ဒါကို စစ်တပ်က အရာရှိတွေသိတယ်။ ရဲဘော်တွေနားလည်တယ်။ သာမန်အရပ်သားမပြောနဲ့ သူတို့တောင် မထောက်ခံတာပဲ..။ အဖြေက ရှင်းနေပြီ။ ဒါ့ကြောင့် ဘယ်သူပြောလဲ။ စစ်အာဏာရှင်တွေအသာစီးရနေတယ်လို့။

ရွေးကောက်ပွဲဝင်မဲ့လူတွေရဲ့  ဆင်ခြေ


ပြည်သူတွေဟာ လွန်ခဲ့နှစ်ပေါင်း ၅၀ လောက်ကတည်းက အာဏာရှင်လက်အောက်မှာနေသားကြနေပြီ။ ငပိရည်နဲ့လည်း နေ့တိုင်းမျိုခဲ့ပြီးပီ။ ကန်ဇွန်းရွက်ကြော်ဆိုတာ သူတို့အတွက် ဘီယာနဲ့နေ့တိုင်းမြည်းလို့ရတဲ့အရာမဟုတ်ဘူး။ ဒါက သူတို့အတွက် အဓိကဟင်းဖြစ်တယ်။ ပြည်သူအများစုက ကုန်းကောက်စရာမရှိအောင်ဆင်းရဲ နုံချာစုတ်ပြတ်ပြီး နလဗိန်းတုံးလိုမျိုးဖြစ်နေပြီ။ ဒီအခြေအနေကို ပြည်သူကနေသားကြနေပြီ။

ဒါတွေကိုသိရက်သားနဲ့ ဘာဖြစ်လို့များ လက်လျှော့ချင်တဲ့စကားတွေကို ပြောရတာလဲ။ ပြည်သူတွေရဲ့ ဘ၀ကိုကြည့်ပါ..ပြည်သူတွေဟာ ပြည်တွင်းစစ်ကာလ၊ နိုင်ငံရေးမတည်ငြိမ်မှုကာလမှ မတိုးတက်တော့ဘူး..ဘာညာ..ဒီတော့ ရတဲ့လမ်းကနေ ဖြည်းဖြည်းချင်းလုပ်ကြတာပေါ့..လို့ဆင်ခြေပေးကြတယ်...။ နောက်ဆုံးပြောမယ်..။ ပြည်သူတွေမှာ ဘာများထက်ပြီး သူတို့အတွက် ဆုံးရှုံးစရာရှိတော့လို့လဲ။ ရှိတာဆိုလို့ -ီးနဲ့သွားပဲရှိတယ်။ သွားးတောင် သွားတိုက်ဆေးမ၀ယ်နိုင်လို့ ကျိုးကုန်ပြီ။

ပြည်ပမှာ ကျနော်တို့ ဒီမိုကရေစီရနေပြီ


ပြည်ပမှာလာပြီး စစ်တပ်က ၂၅% ပါလီမန်မှာနေရာလိုချင်လို့ပါ။ လွတ်ငြိမ်းချမ်သာခွင့်တို့၊ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံဖို့တို့ ဘာညာသာရကာ နေကြာကွာစိ လာမလုပ်ရဲဘူး။ ဒါတွေက နဲနဲမြင့်သေးတယ်။ အာရုဏ်ဦးမှာဖူးတဲ့ကြာက လူတွေကိုတောင် ပြည်ပက မြန်မာပြည်သူတွေ လုံးဝခွင့်မလွတ်ဘူး။ ဒါက အနုပညာရှင်တွေကိစ္စ။

ပြည်ပမှာ စစ်အာဏာရှင်တွေ ဗမာပြည်မှာလို လမ်းပေါ်မှာ ဘယ်သူ့မှ လူမထင်တဲ့အပေါက်နဲ့ မျက်စိနောက်အောင် မလုပ်ရဲဘူး။ ဒီလိုလုပ်တာ ဘယ်တုန်းကတွေ့ဘူးလဲ။ နယူးယောက်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်းလာတုန်းက ဖိနပ်နဲ့ ပေါက်ခံရတယ် မဟုတ်လား။ နှမစောင်း ကားပေါ်ကနေ ကြောက်နေလိုက်တာ သေတော့မဲ့အတိုင်းပဲ။ ဒါတောင် ပြည်ပက လူတွေက ရဲဖမ်းမှာဆိုလို့ လျှော့ထားတာ။ စင်္ကာပူကိုကြည့်၊ မလေးရှားကိုကြည့်၊ ဂျပန်ကို ကြည့်၊ ဘယ်မှာကြည့်ကြည့် စစ်အာဏာရှင်တွေအတွက် ပြေးစရာမြေမရှိဘူး။ ဘယ်နေရာကိုပဲသွားသွား ဒီကောင်တွေကို လက်မခံတဲ့သူတွေကြီးပဲ။ ဒါကို စစ်အာဏာရှင်တွေသိတယ်။ သိလည်းစွပ်ပြီးမိုက်ချင်နေကြတယ်။ သူတို့မိုက်တာက ပြသနာမရှိဘူး၊ လူမိုက်အားပေးတွေ ရွေးကောက်ပွဲဝင်တာက ပိုဆိုးတယ်။ သူတို့လည်း ပြည်ပထွက်ရင် သတိသာထားပြီးထွက်ပေါ့။

ကျနော်တို့ ပြန်လာမယ်


ပြည်ပမှာ ရှိနေတဲ့ မြန်မာပြည်သူတွေပေါင်းရင်း ရန်ကုန်လူဦးရေထက်တောင်ကျော်နိုင်တယ်။ပြည်တွင်း၊ပြည်ပက အသိပညာရှင် အတက်ပညာရှင်တွေစုပေါင်းပြီး တိုင်ပြည်ကို တည်ထောင်ခွင့်ရရင် မြန်မာပြည်ဟာ ဘယ်တော့မှ သူများအနှိမ်ခံရတဲ့ ဘ၀ကိုရောက်မှာ မဟုတ်ဘူး။ ဒါဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ။ အခုကြတော့ သိတဲ့အတိုင်းပဲ။ စောက်ရှုးတွေ။ မောင်စူးစမ်းလဲစောက်ရှုး။ အသက်ကြီးပြီး အချိန်မစီးဘူး။

ကျနော်တို့နိုင်နေတာကို ရှုံးအောင်မလုပ်ပါနဲ့


အခုရွေးကောက်ပွဲဝင်တာက အရှုံးပေးတာပဲ။ ဒီနေရာမှာ ဘာမှလာပြီး မချစ်သော်လည်းအောင့်ကာနန်းတို့၊ Kiss ပေးတာတို့ ဘာညာလာမလုပ်နဲ့။ ဒါကနိုင်ငံရေး။ ဟင်းရွက်ကန်ဇွန်းရွက်လို လျှော့ဈေးနဲ့ ရောင်းလို့ရတာမဟုတ်ဘူး။ ရွေးကောက်ပွဲဝင်ပြီး ပါလီမန်မှာတက်။ တဖြည်းဖြည်းချင်းပြောင်း။ ဖွဲ့စည်းပုံပြင်။ ဒီပုံစံနဲ့ဘယ်တော့မှ ကျနော်တို့တိုင်းပြည် ၁၀၀% လွတ်လပ်တဲ့ငြိမ်းချမ်းတဲ့အချိန်ကိုရောက်နိုင်မလဲ။ ဒါကို မောင်စူးစမ်းက Alternative လို့ခေါ်တာလား။ ဒီလိုအခြေအနေဖြစ်ဖို့ နောက်ထပ်နှစ်ပေါင်း ၁၀၀ ထပ်ပြီးစောင့်ရအုံးမှာလား။ ဒီအချိန်ဆို အားလုံးက မြေဆွေးဖြစ်နေပြီ။

အခုကျနော်တို့နိုင်နေတယ်။ ဦးတင်ဦးစင်္ကာပူမှာ မျက်စိလာပြီးကုတယ်။ သူ့ကို ဂါဝရပြုတဲ့သူနဲ့၊ ကန်တော့နဲ့သူနဲ့ စုံလို့။ နိုင်ငံခြားရေးဝန်ကြီးညဏ်ဝင်းကို နယူးယောက်က လူတွေဂါဝရပြုလား။ ဖိနပ်စာပဲကျွေးတယ်မှတ်လား။ ဘယ်နေရာသွားသွား စစ်အာဏာရှင်တွေအတွက် ပြေးစရာမြေမရှိဘူး။ သူတို့ဂန်ကျယ်လို့ရတာက နေပြည်တော်လောက်ပဲရှိတယ်။ ဒါတောင် သူတို့စည်းဝိုင်းထဲမှာပဲ ဂန်ကျယ်နိုင်တယ်။ ဒါလားသူတို့နိုင်တာ။

အခုလောလောဆယ် စစ်အစိုးရက စိတ်ပိုင်းဆိုင်ရာအရ လုံးဝရှုံးနေပြီ။ ရုပ်ပိုင်းဆိုင်ရာကိုလည်းကြည့်အုံး။ အသက် ၇၇-နှစ်အရွယ်။ နေ့လားညလားမသိဘူး။

နောက်ဆုံးပြောချင်တာက အမှန်တရားဆိုတာ တခုပဲရှိတယ်။ ကျနော်တို့ နိုင်နေတာကို ရှုံးအောင်လုပ်ချင်တဲ့သူတွေ ရွေးကောက်ပွဲဆိုတဲ့ ညှပ်စားပွဲကိုဝင်ပြီး ထပ်ရှုံးအောင် ပုံအောလောင်းကြပေါ့ဗျာ။ ဒီလောက်ပါပဲ။

ရိုးသားပွင့်လင်းကြပါ...

"ဟိုတစ်စ ဒီတစ်စ ကဗျာ"

ဘီဘီစီ ကြပ်ပေးနေသည်..

RFA ဘေးကြပ်နေသည်..

DVB သေးထွက်နေသည်...

VOA အအေးပတ်နေသည်...

မြန်မာ့အသံ ချီးထွက်နေသည်...

မြ၀တီ မီးပျက်နေသည်..

အသောက်မှန် ဖောက်ပြန်၊

ဂေါက်..နေတဲ့ လူသတ်သမားတွေကို သတိထား...။

View My Stats