သူခိုးတွေပေါတဲ့ ဒို့ တိုင်းပြည်
နိုင်ငံရေးနားမလည်တဲ့ သူတွေက လွှတ်တော်အမတ်ဖြစ်တဲ့ ဒို့ တိုင်းပြည်
ဆရာဝန်တွေက ဂျာနယ်လစ်တွေဖြစ်တဲ့ ဒို့ တိုင်းပြည်
စာရေးဆရာတွေက နိုင်ငံရေးသမားဖြစ်တဲ့ ဒို့ တိုင်းပြည်
သူပုန်တွေက အန်ဂျီအိုတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
စစ်သားတွေက နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
ကျောင်းသားတွေက အကျဉ်းသားတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
ဘုန်းကြီးတွေက ဘလောဂ်ဂါတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
ရုပ်ရှင်သရုပ်ဆောင်တွေက လူမှုရေးလုပ်သူတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
ဒီမိုကရေစီခေါင်းဆောင်ကြီးတွေက တရားဟောဆရာတွေဖြစ်တဲ့ ဒို့ တိုင်းပြည်
ဒို့ တိုင်းပြည် ဒို့ တိုင်းပြည် တလွဲတွေဖြစ်နေတဲ့ ဒို့ တိုင်းပြည်
ဒီမိုကရေစီလည်း တလွဲရတဲ့ ဒို့ တိုင်းပြည်။
ကဗျာမဟုတ်ပါ။ စာရေးဆရာတွေဖြစ်တဲ့ မောင်ဝံသ၊ ဦးကျော်ဝင်း၊ လူထုစိန်ဝင်း၊ ချစ်ဦးညို၊ နေ၀င်းမြင့်၊ စတဲ့ နာမည်ကြီးစာရေးဆရာကြီးတွေအနေနဲ့  ဘာ့ကြောင့်များ လွှတ်တော်အမတ်အဖြစ်ဝင်ရွေးမခံတာ
ဘာမှ မသိတဲ့လူတွေက လုပ်ရမှာလား။ လမ်းဘေးက ဆိုက်ကားသမားတွေ လွှတ်တော်အမတ်အဖြစ် ၀င်ရွေးရမှာလား။ ဒါ့ကြောင့် တလွဲဖြစ်နေတယ်လို့ တော့ ကျနော်ထင်တယ်။
ဘုန်းကြီးတွေလည်း နိုင်ငံရေးလုပ်ကြတယ်။ နာမည်ကြီးဘုန်းကြီးတွေ၊ တက်ကြွတဲ့ ဘုန်းကြီးတွေလည်း အများကြီး။ သူတို့ လည်း နိုင်ငံရေးကို သိကြတယ်။ နားလည်ကြတယ်။ စာတွေလည်းရေးကြတယ်။ စိတ်ဓာတ်လည်း ကောင်းတယ်။ ဆိုတော့ ဒီလိုဘုန်းကြီးတွေလည်း ဘုန်းကြီးထွက်ပြီး လွှတ်တော်အမတ်အဖြစ် ၀င်ပြီးအရွေးခံသင့်တယ်။
တကယ်လို့ သာ ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်က နိုင်ငံရေးကို စိတ်မ၀င်စားတဲ့လူတွေ အာဏာရှုးနေတဲ့ လူတွေပဲ အာဏာရပြီး၊ အထက်ကပြောတဲ့လူတွေ ဘေးကိုရောက်ပေါ့ဗျာ။ဒါရဲ့  အကျိုးဆက်ကတော့ တိုင်းပြည်က ပျက်သထက်ပျက်မှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ နေရာမှားနေလို့ ပဲ။ ဒါ့ကြောင့် ကိုဇာဂနာ၊ ဦးကျော်သူ၊ မဖြူဖြသင်းနဲ့ တကွသော နာမည်ကြီးစာရေးဆရာတွေအပါအ၀င် နိုင်ငံရေးကို စိတ်ဝင်စားသော သိသော တက်သော ပုဂ္ဂိုလ်များအားလုံး သတ္တိရှိရှိနဲ့ တလွဲမတွေးပဲ လွှတ်တော်အမတ်အဖြစ် ၀င်ပြီးအရွေးခံပါ။ လူထုကို လက်တွေ့ ကြကြ အကျိုးပြုစေချင်ပါတယ်။ အာဏာရှိလေ လုပ်ရတာ ပိုပြီး ထိရောက်လေပဲ။ အာဏာလည်းရှိတယ်၊ ပညာလည်းတက်တယ်၊ စေတနာနဲ့ တက်ကြွမှုလည်း ရှိတယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ တိုင်းပြည်အဖြစ် မြန်မြန်ရောက်မယ်လို့ ယုံကြည်တယ်။