ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/6/10

88 မျိုးဆက်ပြည်ပမှ ကျေငြာချက်

88 Generation STUDENTS Statement for Boycott

ကြေးမုံ အင်တာနက်စာမျက်နှာတိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာနပိုင်ဖြစ်တဲ့ ကြေးမုံး အင်တာနက်စာမျက်နှာကို De-facing လုပ်ခံရပါတယ်။ လုပ်တဲ့သူ ဘယ်သူတွေလဲတော့ အတိအကျမသိသေးပါဘူး။ နောက်နေ့တွေမှာလည်း ကျန်တဲ့စာမျက်နှာတွေကို De-facing ဆက်လုပ်မယ်လို့သိရပါတယ်။ ယင်းစာမျက်နှာမှာ ခွပ်ဒေါင်းအလံ ရောက်နေပါတယ်။ ကြေးမုံက အယ်ဒီတာ တင်တာတော့မဖြစ်နိုင်ပါဘူး။ အယ်ဒီတာကြီး ဗိုလ်ကြီးဇော်ဇော်ဗိုလ်တော့ ဒုက္ခပဲ။ အလုပ်ပြုတ်အုံးမယ်။


ကျနော့်သဘောထား

ယခုဖွဲ့စည်းတဲ့ ပြည်သူလွှတ်တော်ကို ဘယ်လိုနည်းနဲ့မှ ကျနော်တို့ပြည်ပက မြန်မာတွေကို ကိုယ်စားမပြုဘူးလို့ယုံကြည်တယ်။ အားပေးထောက်ခံမှုနဲ့ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုနည်းနဲ့မှ ကျနော်မလုပ်ဘူး။ ကျနော်တို့လိုချင်တဲ့ ပြည်သူ့လွှတ်တော်ဆိုတာက ဒီလိုမျိုးမဟုတ်ဘူး။ ပြည်တွင်းကလူတွေဖွဲ့မဲ့ ပြည်သူ့လွှတ်တော်ပဲဖြစ်တယ်။ နအဖ ဖွဲ့တဲ့ပြည်သူလွှတ်တော်လည်း မဟုတ်ပါဘူး။ ၈၈-မျိုးဆက်ကထုတ်ပြန်တဲ့ ကြေငြာချက်ကို အပြည့်အ၀ထောက်ခံတယ်။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကို ကျနော်လုပ်ပေးမယ်။

၈၈-မျိုးဆက်မှ ကျေငြာချက်

Statement Burmese

ယခု ကျေငြာချက်သည် တော်လှန်ရေးပါလီမန်ဖွဲ့စည်းပြီးကြောင်း ကျေငြာချက် ထုတ်ပြန်သည့်အအချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ တမ္ဘာလုံးရှိ ၈၈-မျိုးဆက်မှ ယခုတော်လှန်ရေးပါလီမန်အား သဘောတူမှု ရှိမရှိဆိုသည့်အချက်ကို ယခုထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းဖော်ပြထားခြင်းမရှိပါ။

တော်လှန်ရေးပါလီမန်ဖွဲ့ပြီးဖြစ်ကြောင်း ကျေငြာချက်

ဥက္ကဌ ဦးရေမွန်ထူး
ဒုဥက္ကဌ ဦးသိန်းဦး
Standing Committee (3) ဦး
နိုင်သံသာ
ပီတာလင်းပင်
ဖဒိုမန်းငြိမ်းမောင်
ပါလီမန်အတွင်းဝင် - ဦးမောင်မောင်
ဦးမြင့်သိန်း
ဦးမျိုးဝင်း
ကိုမျိုးချမ်း

ရည်ရွယ်ချက် - ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမထောက်ခံ
၂၀၁၀ ရွေးကောက်ပွဲမထောက်ခံ

NCGUB အလုပ်သမားဝန်ကြီးတာဝန်ယူထားလို
့တော်လှန်တိုက်ပွဲဝင်တိုင်းရင်းသားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ၁၉၉၀ပြည့် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းဆိုင်ရာထုတ်ပြန်ချက်

၁။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုဦးတည်သည့်အမျိုးသားရင်ကြားစေ့ရေး၊
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ ထွန်းကားတိုး တက်ရေးကိုရည်ရွယ်လျက်
၁၉၉၀ ပြည်နှစ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့်
သမိုင်းအစဉ်အလာကြီးမားသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဖြစ်သော
ကရင်အမျိုးသားအစည်း အရုံး၊ မွန်ပြည်သစ်ပါတီနှင့်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့မှ
အဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်းခံရသော တိုင်းရင်းသားကိုယ်
စားလှယ်များသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ
ကရင်နီပြည် ဂေ့ဖိုးဒူးခမ်းမတွင် ပြည်သူ့လွှတ်တော်ဖေါ်ထုတ်ရေး
ညှိနှိုင်းအစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ပြီး
ပြည်သူ့လွှတ်တော်တရပ်ကိုဖွဲ့စည်းခဲ့ပါသည်။

၂။ ယနေ့ကာလတွင် နအဖစစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်၊
ရွေးကောက်ပွဲရလာဒ်ကိုလည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်၊
အနိုင်ရနိုင်ငံရေးပါတီများ၏ တရားဝင်မှုကိုသော်လည်းကောင်း၊
တိုင်းရင်းသားပြည်သူတရပ်လုံး၏ ဒီမိုကရေစိရေး၊ အမျိုးသားတန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ကိုလည်းကောင်း လုံးဝလျစ်လျူရှုကာ
စစ်အာဏာရှင်စနစ်ကို တရားဝင်သက်ဆိုးရှည်စေမည့် ၂၀၁၀ ခုနှစ်ဖွဲ့စည်း
ပုံအခြေခံဥပဒေကိုအသက်သွင်းရန် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် တဖက်သတ်
အဓမ္မနည်းမျိုးစုံသုံး၍ စနစ်တကျ လုပ်ဆောင်နေသည်ကို ထင်ရှားစွာတွေ့ရှိရသည်။

၃။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀
ပြည့်နှစ်ရွေးကောက်နှင့်ရလာဒ်အား ဆန့်ကျင်တိုက်ဖျက်သွားရန်ဤအစည်းအဝေး
ကြီးမှ သဘောတူချမှတ်ခဲ့သည်။ ထို့ပြင် စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး၊
ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ဒီပိုကရေစီနှင့်
တိုင်းရ်းသားအင်အာုးများအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်သည့်
နိုင်င့ရေးဦးဆောင်မှုတရပ်ကို မဖြစ်မနေထူထောင်ရေးးမှာလည်း ယနေ့ ကာလ၏
အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း ဤအစည်းအဝေးကြီးမှ
ရှုမြင်သုံးသပ်တွေ့ရှိသည်။

၎။ ဇိုမီးအမျိုးသားကွန်ဂရက်၏ (၂၂) နှစ်မြောက်အခမ်းအနားတွင်
တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုခေါင်းဆောင်များ၊
ဒီမိုကရေစီလမ်းပြလှုပ်ုရှားသူများပေါင်းစည်း၍ ထုတ်ပြန်လိုက်သော ကလေးမြို့
ဆုံးဖြတ်ချက်ကြေညာစာတမ်းအား၊ ဤအစည်းအဝေးကြီးမှ
အပြည့်အ၀ကြိုဆိုထောက်ခံသည့်အပြင်၊ ကြေညာစာတမ်းပါ
နိုင်ငံရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာဖေါ်ဆောင်နိုင်ရေးအတွက်
ပူးပေါင်း ဆောင်ရွက်သွားရန်သဘောတူညီသည်။
၅။ ထို့ကြောင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်
ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခ့သည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်နိုင်ရေးအတွက် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက် လိုက်သည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး၊
ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ် ပါတီ တို့မှ
အဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်းခံရသော တိုင်းရင်းသားကိုယ်စားလှယ်များ
ပေါင်းစည်းလျက် နိုင်ငံရေး အရတန်းတူရည်တူရှိ
သောပြည်သူ့လွှတ်တော်တရပ်ကိုဖွဲ့စည်းတည်ထောင်လိုက်သည်။

၆။ ဤပြည်သူ့လွှတ်တော်သည် လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားညွန့်ပေါင်းအစိုးရကို ဆက်လက်အသိအမှတ်ပြုပြီး၊ ပြည်ထောင်စု
မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဤပြည်သူ့လွှတ်တော်ကိုတာဝန်ခံလျက်
ပိုမိုထိရောက်သည့် အမျိုးသားနိုင်ငံရေးဆိုင်ရာ နိုင်ငံရေးလုပ်
ငန်းစဉ်များကို တက်ညီလက်ညီ ပူးပေါင်းအကောာင်အထည်ဖေါ်သွားကြမည်ဖြစ်သည်။

၇။ ဤပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊
ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖက်ဒရယ်အစိုးရ တရပ်ပေါ်
ထွန်းပြီးလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိရေးအတွက်
မဆုတ်မနစ်ဆက်လက်ကြိုးပမ်းသွာမည်ဖြစ်သည်။ သို့ဖြစ်၍ အမျိုး
သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံသည့် စစ်မှန်သည့်
နိုင်ငံတကာထောက်ခံမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွား ကြ ရန်
ဤပြည်သူ့လွှတ်တော်မှ အလေးအနက်တောင်ဆိုပါကြောင်းထုတ်ပြန်ကြေညာလိုက်ပါသည်။

ပြည်သူ့လွှတ်တော်
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ
၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလ (၅) ရက်။

GHRE အကြောင်း ပြည်တွင်းရှိ The Voice Journal မှ ဖော်ပြ


ဒါကတော့ ထူးခြားတယ်လို့ပြောနိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုင်းအခြေစိုက် NGO တွေအကြောင်းကို ပြည်တွင်းဂျာနယ်တွေမှာ တရားဝင်ဖော်ပြခွင့်ရတာ ဒါ..ပထမဦးဆုံးပဲ။ ဘာဘဲ ဖြစ်ဖြစ် ကိုနေ၀င်းမောင်ကို ကျေးဇူးတင်ရမှာပေါ့...။

လက်နက်ကိုင်အင်အားစုသို့

အပစ်ရပ်စဲရေး ၁၆-နှစ်တာကာလ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆုံးရှုံးမှု နဲ့ အကျိုးအမြတ်ကဘာလဲ။ သူတို့လိုချင်တောင်းဆိုတဲ့ တောင်းဆိုချက်တွေဖြစ်ခဲ့လား။ ကိုယ်လိုချင်တာမရတဲ့အပြင် ကိုယ့်ရဲ့ အင်အားနဲ့ ညီညွတ်ရေးပဲ ပြိုကွဲခဲ့ပြီ။ စိတ်ဓာတ်တွေပျက်စီးခဲ့ပြီ။ ချမ်းသာတဲ့လူက ချမ်းသာ...ဆင်းရဲပြီး ကောင်းကောက်စရာမရှိတဲ့လူနဲ့..။ ဆိုတော့ နောက်ဆုံးနိဂုံးကတော့ ၁၆-နှစ်တာကာလမှ နအဖပဲအမြတ်ရခဲ့တယ်။ လွန်ခဲ့တဲ့ ၁၆-နှစ်လောက်ကတည်းက အပစ်မရပ်ပဲ ဆက်တိုက်ကြည့်ပါလား။ အနည်းဆုံးတော့ အဖြေတခုတော့ ရနိုင်တယ်။ ဒါပေမဲ့လက်ရှိတွေ့နေရတဲ့ အခြေအနေအရဆိုရင် နအဖက တပန်းသာနေတယ်။

အခု တိုင်းရင်းသားလက်နက်ကိုင်တွေ ဖက်ဒရယ်ကော်မတီလိုမျိုး လုပ်တယ်။ ပူးတွဲစစ်ရေးသဘောတူညီချက်ပေါ့။ ဒါကတော့ တစ်ဦးကိုတိုက်ရင် တစ်ဦးကကူရေးပဲ။ ဒီလိုအခြေအနေဖြစ်လာတာက ရွေးကောက်ပွဲပြီးရင် အပစ်ရပ်တွေကို ပြန်တိုက်မယ်ဆိုတဲ့ အခြေအနေကို ကြောက်လို့ ကျားကန်တဲ့ တုန့်ပြန်မှုတခုပါ။ ဒီအဖွဲ့တွေမှာ ပါတဲ့အဖွဲ့အစည်းတွေက အရင်တုန်းကတည်း DAB မှာ ပါဝင်ပူးတွဲလုပ်ခဲ့ပြီးသားတွေဖြစ်ပါတယ်။

ဖြစ်နိုင်ရင် လက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ DAB က ဟိုးအရင်ကတည်းက ရှိတယ်။ အပစ်ရပ်တော့ DAB မေ့သွားကြတယ်။ တကယ်တန်းတော့ အဲလိုမဖြစ်သင့်ဘူး။ DAB ဆိုတာ တပ်ပေါင်းစုပဲ။ ဒီအေဘီဗဟိုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး အပစ်ရပ်ရင်လည်း အတူရပ်၊ ချရင်လည်း အတူတူချသင့်တာပေါ့။ ဒါပေမဲ့ မွန်ကတမျိုး၊ ၀ကတဖုံ၊ ကချင်က ဒီလိုနဲ့ဖြစ်ခဲ့လို့ ဒီအေဘီရဲ့ အင်အားနည်းခဲ့တယ်။

ဒီအေဘီဆိုတာ လက်နက်ကိုင်တပ်တွေရဲ့ တပ်ပေါင်းစုပဲ။ ဒီတပ်ပေါင်းစုမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအားလုံးပါဝင်သင့်တယ်။ အထူးသဖြင့် သူပုန်အဖွဲ့တွေအားလုံးပါဝင်သင့်တယ်။ အားလုံးက တစ်သံတည်း အပစ်ရပ်မယ်ဆိုလည်း အားလုံးလုပ်၊ မလုပ်ဘူးဆိုလည်းအားလုံးတိုက်ဆိုတဲ့ သဘောထားတော့ရှိရမယ်။ အခုတော့ အဲလိုမရှိခဲ့လို့ ကိုယ့်အင်အားတွေပြိုခဲ့ရတယ်။ ရန်သူပဲ နိုင်ခဲ့တယ်။

ဒီတစ်ခါတော့ ရှေးက သင်ခန်းစာကိုယူပြီး ပြတ်ပြတ်သားသားလုပ်သင့်ပြီ။ ဒါတော့ အထက်ကပြောသလို အားလုံးပါဝင်၊ အားလုံးသဘောတူ၊ အတူတူလုပ်၊ အတူတူအကျိုးခံစားခွင့်ရှိရေးပဲ။ ကျနော်တို့လိုချင်တာက ငြိမ်းချမ်းတဲ့ဖက်ဒရယ်ပြည်ထောင်စုပဲ။ ဟိုတစ်ဖွဲ့ကအပစ်ရပ်၊ ဒီအဖွဲ့ကတိုက်လုပ်နေတဲ့ခေတ်က ကုန်ပြီ။ တိုက်ရင်အတူတူတိုက်၊ သေလည်းအတူတူသေတာအကောင်းဆုံးပဲ။

ကနေ့မှာ အကယ်လို့စစ်အစိုးရက တိုက်မယ်ဆိုတဲ့ သံသယနဲ့မစောင့်နေနဲ့ တော့။ စစ်အစိုးရက တိုက်တိုက်မတိုက်တိုက် ပြန်ချရမဲ့အချိန်ရောက်နေပြီ။

နောင်တချိန်မှာ အားလုံးပါဝင်နိုင်တဲ့တပ်ပေါင်းစုကနေ အသံတစ်သံတည်းနဲ့အတူတူလက်တွဲပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ချီတက်ရတော့မယ်။ ဒါကတော့ တိုင်းရင်းသာလက်နက်ကိုင်တပ်တွေ သူတစ်လူငါတစ်မင်း မလုပ်ဖို့ပဲ။

View My Stats