ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/3/12

မှတ်ပလား ဇာဂနာ ဂတုံးကြီးရဲ့ 

စိတ်မရှည်သူများသို့ -

အခုမလွှတ်ပေမဲ့ နောင်ကြရင် လွှတ်မှာပါ စိတ်ရှည်ရှည်ထားကြလေဗျာ....ရွေ့ နေတယ်လေ...။ အရွေ့ ...ဆိုတာ...အရွေ့ ပဲဆိုတော့ ရွေ့ နေတာပေါ့နော်...။

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ( အပိုင်း-၁) (အောင်မိုးဝင်း)

နန်းအောင်ထွေးကြည် (ညာ)

(၁) ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသ က ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသား တပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။

ကျောင်းသားတပ်မတော် နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြု မခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါ လိမ့်မယ်။

လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုး ကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။ တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်း အရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။

ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေ ဟာ၊ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ် ခံ ပျော်မြူးခဲ့ကြတယ်။

ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(၂)

ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော် ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊

“ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။

ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရ ပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချ ထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါ ကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေ အပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(၃)

ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်း ကို ပေးပို့ လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။

တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ် ထားခဲ့တယ်။

နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။

ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲ စစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများ ကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံ လိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန် တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ် ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ် ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့ သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြော သလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြား ရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံး ချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှု ထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။

စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက-

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)-

KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင် သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်)

ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)-

ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) -

ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

ရော်နယ်အောင်နိုင့် အင်တာဗျူး(ဘာသာပြန်နှင့်မူရင်း)

from http://8-8-88.blogspot.com/

နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။

သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။

သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့မဟုတ်ပါဘူး။
ဝတ်စားဆင်ယင်ထားတာတော့ ဆရာ ၀န်တယောက်လိုပါပဲ။

အပြာရောင်ရှပ်အင်္ကျီ ကိုအညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်လို့ ။ အင်္ဂလိပ်စကားပြောကတော့ သိပ်ကောင်းပါတယ်။

သူ့ ဘ၀ရဲ့  ကြေကွဲစရာဇတ်လမ်းတွေ ကို အေးအေးဆေး ဆေးပြက်လုံးထုတ်ရယ်မောသူပါ။
တချိန်က သူဟာ ကျောင်းသားတပ် မတော်မြောက် ပိုင်းရဲ့  ဥက္ကဌတဦး ဖြစ်ခဲ့သလို ကျောင်းသားတပ်မတော်ရဲ့ နှလုံးသည်းပွတ်ကို ထိမှန်ခဲ့တဲ့ အကြီးမားဆုံး နာမည်ပျက်မှုမှာ အဓိက နေရာကပါဝင်ခဲ့သူတဦးပါ။


၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျောင်းသားစစ်သားတွေဟာ သူတို့ ရဲ့ ရဲဘော်ရဲဘက် ၁၅ ယောက်ကို အစိုး ရရဲ့ သူလျှိုလို့ စွပ်စွဲပြီး သုတ်သင်ခဲ့ပါတယ်။

ကျနော်က ဒီကိစ္စအောင်နိုင် ကို အင်တာဗျူးလုပ်ချင်နေပါတယ်။

ဘာလို့ လည်းဆိုတော့ သူက ဒီသုတ်သင်မှုကို အမိန့် ပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်နေ လို့ ပါ။
ဒီအင်တာဗျူးက သူ့ ကိုအကျပ်အတည်းထဲပို့ သလိုပါပဲ။

ဒီကိစ္စကိုအရင်ကတယောက်မှ အင်တာဗျူး သူမရှိခဲ့လို့ သူအံ့သြသွားပုံပါ။
အင်တာဗျူးဖို့ သူသဘောတူပါတယ်။ ကျနော်တို့ မဲဟောင်ဆောင်မှာ တွေ့  ကြတယ်။

သူ့ အတန်းကအဖွဲ့ တွေအဲဒီမှာရှိကြတယ်။ မြန်မာဒေါက်တာတွေနေတဲ့ အိမ်ပေါ့။
အဲဒီမှာ ကျ နော်လည်းနေတယ်။ ကျနော့် မှတ်စုစာအုပ်နဲ့  တိပ်ရီကော်ဒါကို စားပွဲပေါ်ပြင်လိုက်တဲ့ အချိန်မှာ အောင်နိုင်က ဒီညတော့ ညတာရှည်ဦး တော့မှာပဲလို့ ဆိုတယ်။

ဝီစကီနဲ့ ရေခဲနဲ့  ။ဝီစကီသောက်ရင်း ကျနော့် မေးခွန်းတွေကိုသူဖြေပါတယ်။
သူ့ ထွက်ဆိုချက်တွေ အတွက် တိပ်ရီကော်ဒါကို ကျနော် စဖွင့်လိုက်ပါတယ်။

၁၉၈၈ မှာကျနော်က မန္တလေးဆေးကျောင်းမှာ တက်နေပါတယ်။
ဆန္ဒပြပွဲတွေဖြစ်တော့ ကျနော် က ကျောင်းသားခေါင်းဆောင်တယောက်ပါ။
အစိုးရက နိုင်ငံေ၇းလှုပ်ရှားမှုတွေကြောင့် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ၁၉၈၉ မှာ မန္တလေးကနေ မြောက်ပိုင်းကို ကျောင်းသား တပ်မတော် ကိုရောက်ခဲ့ပါတယ်။

တော်တော်ခက်ခဲကြမ်းတမ်းပါတယ်။ ကျနော်တို့ က မြို့ ကျောင်းသားတွေပါ။
အများစုက တောထဲမှာနေဖူးတဲ့အတွေ့  အကြုံ မရှိကြပါဘူး။

ကျနော် တို့ နေဖို့ ဝါးတဲတွေဆောက်ကြတယ်။ ကေအိုင်အိုက ရိက္ခာ ထောက်ပါတယ်။
ရပ်တည်ဖို့ ခက်ပါ တယ်။ ကျနော်တို့ ကဗမာတွေဆိုတော့ ကချင်တွေ အပြည့်အ၀မယုံပါဘူး။


ငွေရဖို့ အတွက် ကျောက်စိမ်းရှာ ဖို့ မိုင်း ကွင်းတခုပေးပါတယ်။ ပေ၈၀၀၀ ထောင်လောက်မြင့်ပါတယ်။
ကျောက်တောင်တွေဖြစ်လို့ ပါးကောက်ပဲသီးနှံ စိုက်ဖို့ ခက်ပါတယ်။ ထောက်ပံ့တာနဲ့ မှီခိုရပါတယ်။
မိုးရောက်တော့ ဗမာစစ်တပ်က လာတိုက်ပြီး ကျနော်တို့ စတိုကို ဖျက်ဆီးလိုက်ပါတယ်။

ဆားမရှိစားစရာမရှိဆယ်ရက်လောက်ဖြစ်သွား တယ်။ အားပြတ်ပြီး ငှက်ဖျားတွေလည်းဖြစ်လို့ တချို့ လည်းသေကုန်ကြတယ်။

သူငယ်ချင်းတော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ တချို့ ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတယ်။
တယောက်ကိုတလမှ ၅၀ကျပ်သုံး ဖို့ ရ တယ်။ကျနော်တို့ မျောက်တွေထောင်တယ်။

မျောက်၊ကြွက်၊ဖြူကောင် ...ရတာအကုန်စားတယ်။

လူတွေသေကြတာကြည့်ပြီးရှော့ ရတယ်။ ကျနော့်မှာစစ်ပွဲအတွေ့ အကြုံမရှိဘူး။
ဒါပေမယ့် ကျနော်တိုက် တယ်။

၁၉၉၀ မှာ ရက်လေးဆယ်လောက် စစ်တိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင် ဒဏ်ရာရ တော့ကျနော်ကအမိန့် ပေးရတယ်။
ကေအိုင်အိုဆီကလက်နက်တချို့ ရတယ်။ သေသွားတဲ့ ရန်သူစစ်သား ဆီကလည်းလက်နက်ရတယ်။

အဲဒီအချိန်က ကျနော်ကရွေးကောက်ခံရတဲ့ အထွေထွေအတွင်းရေးမှူးပါ။
မြေအောက်လှုပ်ရှားမှုတွေ မှာတာဝန်ခံပါ။
ဗမာပြည်ထဲမှာ တပ်သားသစ်စုဆောင်းပါတယ်။

တခုသတိပြုလာမိတာက ရန်သူ့ လိုင်းတွေ ကြားထဲမှာ ပြဿနာတစုံတရာမရှိပဲသွားလို့ ပြန်လို့ ရနေတာပါ။
စစ်ထောက်လှမ်းရေးမိသားစုနဲ့ ဆက်နွယ် နေတဲ့ ကျောင်းသားတချို့ တပ်သားသစ်စုဆောင်းရေးထဲမှာပါလာတာပါ။

အချိန်ခဏလေးအတွင်းမှာ တပ်သားအရေအတွက် ၈၀၀ ကျော်အထိတိုးလာပါတယ်။
စစ်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်နေသလားသံသယဖြစ်လာပါတယ်။

ရှေ့ တန်းကရတဲ့သတင်းတွေအရလည်းကျနော်တို့ ဘက်က ကျဆုံးနေပါတယ်။ အခြေအနေက သံသယဖြစ်စရာ အခြေအနေပါ။
နအဖစစ်သားတွေကို ကျနော်တို့ တည်နေရာကိုလမ်းညွှန်ပေးနေတဲ့ အမှတ်အသားတွေကို သစ်ပင်တွေမှာ ရဲဘော်တွေက သတိပြုမိပါတယ်။

ဒါနဲ့ တချို့ ကိုစောင့်ကြည့်ပါတယ်။ လေးငါးယောက်လောက်ကိုဖမ်းပြီး စစ် ကြောရေးလုပ်တော့ ထောက်လှမ်းရေး စာရင်းတချို့ ရပါတယ်။
အဲဒီစာရင်းထဲမှာဗဟိုကော်မတီ အဖွဲ့ ဝင် တွေပါပါနေတယ်ဗျ။

တချို့ ကထောက်လှမ်းရေး လေ့ကျင့်ပေးထားတဲ့ စပိုင်တွေဖြစ်ပြီး တချို့ က အင်ဖော်မာသတင်းပေးတွေပါ။တချို့ ဗမာလူမျိုးကြီးဝါဒအမြင်နဲ့ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။
ဘာလုပ်ရမလဲ ဆိုတာစဉ်းစားရတော်တော်ခက်ပါတယ်။


I panicked.လူ့ အခွင့် အရေးတို့ ဘာ တို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်ကနားမလည်ခဲ့ပါဘူး။
စပိုင်စာရင်းက အယောက်ရှစ် ဆယ်ကျော် ဖြစ်နေတယ်။

ကျနော်တို့ ကို မယုံမှာစိုး လို့ ရိုက်ထား တဲ့ဗွီဒီယိုခွေပါရှိပါတယ်။
ဒီစပိုင်တွေကို သံခြေကျင်းတွေ ခတ်ပြီး ဘားတိုက်ထဲမှာပိတ်ထားပါတယ်။

နောက် ဆုံး မြောက်ပိုင်းကျောင်း သားတပ် မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက်ကို သေဒဏ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျနော် တို့ စစ်ဖြစ်နေ တာပါ။ စစ်တပ်နဲ့ လက်နက် ကိုင်စစ်ပွဲဆင်နွှဲနေတာပါ။

စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာရေးသား ထားပါတယ်။
ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။
တချို့ အဖွဲ့ ဝင်တွေ က စပိုင်အယောက်ရှစ်ဆယ်လုံး ကို သေဒဏ်ပေး ဖို့ တောင်းဆို ပါတယ်။

ငြင်းရင်းခုန်ရင်း နဲ့ နောက်ဆုံးမှာ ၁၅ ယောက် နဲ့ သဘောတူညီချက်ရပါတယ်။
ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ် ခဲ့တဲ့လုပ်ရပ်တွေ နဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက် အရေးပါသလဲဆိုတဲ့ အချက်အပေါ် မူတည်ပြီး ဆုံးဖြတ် ချက်ချခဲ့ တာဖြစ် ပါတယ်။

သတ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကိုပြောနေတဲ့အောင်နိုင်ဟာအဖြစ်အပျက်တွေကိုတွေး စိတ်ဆင်းရဲ နေ ပုံပါပဲ။
ဘယ်လိုဘယ်ပုံ သေဒဏ်ပေးခဲ့သလဲလို့ မေးကြည့်တဲ့အခါ သူ့ ကိုကြည့်ုပြီး ပိုလို့ စိတ်မသက်မ သာဖြစ်ရပါတယ်။

တချို့ ကိုပစ်သတ်တယ်။ တချို့ ကိုခေါင်းဖြတ်သတ်တယ်။ ကျနော်တို့ အရာရှိတွေကသူတို့ ကို အနီးကပ် ပစ္စ တိုနဲ့ ပစ်သတ်တယ်။
သေနတ်နဲ့ ပစ်သတ်တာ ပိုပြီးဝေဒနာခံစားရတယ် လို့ ကျနော်တို့ ထင်ပါတယ်။ ဓားကို ပြောင်းသုံးရင် သူတို့ ဝေဒနာ ခံစားရနည်းနည်း သက်သာမယ်လို့ ထင်တဲ့အတွက်ဓားကိုပြောင်းသုံးပါ တယ်။
ဒါပေမယ့် ခေါင်းက တိတိရိရိမပြတ်ဘူးဗျ။
But they were not cleanly beheaded, even though the spinal cords were severed.သတ်တာကို ကျနော် စောင့်ကြည့်တယ်။

ဒါဟာ ကျောင်းသားတပ်မတော်စစ်သားတွေရှေ့ မှာဖြစ်ခဲ့တာပါ။


ကျနော်တို့ သူတို့ အားလုံးကို လွှတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် လွှတ်လိုက်ရင် ကျနော်တို့ သူလျှိုတွေကို ကြိုဆိုသလိုဖြစ်နေမယ်။
ဒီဆုံးဖြတ်ချက်ချရတာ တော်တော်ခက်ခဲပါတယ်။

ဒီလိုမကွက်မျက်ခင်မှာ ကေအိုင် အိုကနေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ကမ္ဘာ့ကြက်ခြေနီတို့ ကို ချဉ်းကပ် ပါသေးတယ်။
အကျဉ်းသားတွေကို သူတို့ ဆီကိုလွှဲဖို့ ကျနော်တို့ အကူအညီလိုပါတယ် လို့ ။

သူတို့ ပြောတာက သူတို့  တရုတ်မြန်မာနယ်စပ်ကို မရောက်နိုင်တဲ့အတွက် သူတို့ မကူညီနိုင်ပါဘူးတဲ့။
ဒီကိစ္စဟာ ကျနော်အတွက် အခက်ခဲဆုံးကိစ္စတခုပါပဲ။ ဒါပေမယ့် ကျနော်တို့ မှာ ရွေးစရာလမ်းမရှိဘူးလို့ ခံစားရတယ်။

သူလျှိုတွေကို သတ်ပစ်တာ ဗမာပြည်မှာသိပ် တော့ မဆန်းလှပါဘူး။ ဗမာစစ်တပ်က သူလျှိုမိရင် တရား ရုံး တွေတင်မနေပဲနေရာမှာတင် သတ်ပစ်ပါတယ်။

အောင်နိုင်အခန်းပြင်ကိုထွက်သွားပါတယ်။ ပြန်ဝင်လာတော့ စကားမဆက်ခင် လေကိုခပ်ပြင်းပြင်းရှူသွင်း လိုက်ပါတယ်။

ဘ၀တွေက ငြိမ်းချမ်းနေရင်တော့ စံချိန်စံနှုန်းတွေနဲ့ သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် စစ်တိုက်နေတဲ့အချိန် ကတော့ မတူပါဘူး။ တောထဲမှာ နိုင်ငံရေးလုပ်ဖို့ တခုတည်းသောလမ်းက လက်နက်နဲ့ ပါ။ ဒီလိုသတ် လိုက်လို့  နိုင်ငံရေးအရ ရှေ့ ကိုတိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် တယောက်မှ နိုင် ငံ ရေး အကျိုးအမြတ်မရခဲ့ဘူး။ ကျနော်တို့ ထဲမှာ အကွဲအပြဲမရှိခဲ့ပါဘူး။ တယောက်မှ ဘာတခုမှ မရခဲ့ဘူး။ ဒီသတ်ပွဲ မတိုင်ခင်က ငပိနဲ့ စားတယ်။ သတ်ပွဲပြီးတော့လည်း ငပိနဲ့ ပဲ။ ၁၅ယောက် အစားအ ယောက် ရှစ်ဆယ်ဖြစ်သွားနိုင်တာပါ။ မိသားစုတွေက စိတ်ဆိုးကြမယ်၊စိတ်ထိခိုက်ကြမယ်ဆိုတာ နားလည် ပေးနိုင် ပါတယ်။ မိဘတွေကို လာဖို့ ကျနော်တို့ နဲ့ စကားလာပြောဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။

ကျနော်တို့ ကိုသစ္စာဖောက်သူတွေဟာ ကျနော်တို့ ရဲ့  သူငယ်ချင်းတွေပါပဲ။ ကျနော့်သူငယ်ချင်း ထွန်းအောင် ကျော် (အဲဒီအချိန်က ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌပါ) အသတ်ခံခဲ့ရပါတယ်။ သူက ကျနော့် အကိုကြီးလိုပါပဲ။ ကျနော်တို့ အရမ်းကို ရင်းနှီးပါတယ်။ သူက သူလျှို လို့ ဝန်မခံပါဘူး။ ဒါပေမယ့် သက်သေ အထောက်အထားတွေအရ သူကသူလျှိုပါ။


တိုက်ပွဲက ပြင်းထန်ပါတယ်။ စစ်ဆိုတာဟာ ကွဲပြားခြားနားတဲ့အမှန်တရားတခုပါ။
ကျနော်တို့ က သီးခြားဖြစ်နေပြီး တော့ လူ့ အခွင့်အရေးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိပါဘူး။

ဒီမိုကရေစီ၊လူ့ အခွင့် အရေးတွေကိုသင်ကြားဖို့ လည်း အခွင့်အလမ်းမရှိပါဘူး။
တကယ်လို့ များရှိခဲ့ရင် အခြေအနေက တမျိုးဖြစ် သွားနိုင်ပါတယ်။

ကျနော်တာဝန်ယူပြီး ပြဿနာကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။
တောင်အာဖရိက က အမှန်တရားကော်မရှင်လိုမျိုး စုံစမ်းစစ်ဆေးရေးတခု ဖြစ်သင့် ပါတယ်။

ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေ သိဖို့ လိုအပ်ပါတယ်။
The problem will be to get MI to hand over their files.

ကျနော်တို့ ရဲ့ သူရဲကောင်းအောင်ဆန်း ကိုအတုခိုးပြီး ကျနော်တို့ နိုင်ငံလွတ်မြောက်ရေးအတွက် တောခိုခဲ့ ကြတယ်လို့ ထင်ခဲ့ကြတာပါ။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဗမာပြည်လွတ်လပ်ရေးရခဲ့တယ် ဆိုတာတောင် မသိခဲ့ ပါဘူး။

အဲဒီတုန်းကကျနော့်အသက် ၂၄ နှစ်ပါ။
ကျနော့်ကိုယ်ကျနော် လူကြီးဖြစ်ပြီလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီအတွေ့ အကြုံပြီး တဲ့နောက်ပိုင်းမှာ ခေါင်းဆောင်တယောက်ဖြစ်ဖို့ ကျနော် အရမ်းငယ် ပါသေး လားဆိုတာသဘောပေါက် သွားပါတယ်။

နိုင်ငံရေးအပြင်ဖက်ကိုရောက်လာတဲ့အတွက် ကျနော်ဝမ်းသာ တယ်။

အင်တာဗျူးအပြီးရက်အနည်းငယ်အကြာမှာ မဲဟောင်ဆောင်မှာ အောင်နိုင်နဲ ကျနော်နေ့ လည် စာစားပါတယ်။
ကျနော်ကအနံ့ ပြင်းပြင်းနဲ့ ဟင်းခွက်ကိုဘာလဲလို့ မေးကြည့်တော့သူကရီပါတယ်။
ပြီးတော့ မှပြောတာ ကမျောက်အူတွေပါ တဲ့ ။

(အောက်က မူရင်း အင်တာဗျူးပါ။ ယှဉ်ဖတ်ကြည့်ပြီး အမှားအယွင်းရှိရင် ပြင်ပေးစေချင်ပါတယ်။)


Posted on August 26, 2009 by sanooaung Excerpts from the “All Wars Are Dirty” by PHIL THORNTON

(Page 161, 162 and 163)

When I ran the journalism-training workshops on the border, I worked with either a Burmese or Karen translator, depending on the group. One of these translators was Aung Naing, the former Burmese student leader I had interviewed about NGOs. He was now a journalist, politically aware and with a sharp sense of humour. I particularly enjoyed working with him, and he had a very interesting history I was curious to find out more about.

Aung Naing had the face of a choirboy, and he dressed like the doctor he should have become: neat blue shirt tucked into charcoal trousers. His English was excellent. He laughed easily as he joked around the edges of the tragedy that was his life. He was a former chairman of the All-Burma Students’ Democratic Front [ABSDF) for northern Burma, and had played a central role in one of the biggest scandals to hit at the heart of the Burmese student army.

On February 12,1992, student soldiers executed fifteen of their comrades accused of spying for the regime. I wanted to interview Aung Naing about it, as he was one of the leaders who ordered the executions. It was a tough place to put him in, although he was surprised that no one had ever interviewed him about the incident before. He agreed, and we met in Mae Hong Son—where his group's classes were held—at the house of a Burmese doctor, where I was staying. Aung Naing judged it would be a long night as I placed my notebook and tape recorder on the table. He responded by getting a bottle of whiskey and a cooler of ice. He drank heavily as we talked. I let the tape recorder capture his testimony.

"In 1988 I was studying medicine in Mandalay. I was a student leader during the pro-democracy demonstrations. The regime accused me of illegal political activities, so in 19891 left Mandalay to join the northern ABSDF in the Kachin State, close to the Chinese "It was tough, most of us were city kids with no experience of living in the jungle. We built and lived in basic bamboo huts. The Kachin Independence Organization (KIO) supplied us with food, but it was difficult to survive, and many died. The Kachin didn't completely trust us, as we were Burmans. They gave us a region to make money from jade mining and tax. It was 8,000 feet high, rocky, and difficult to grow rice or crops. We depended on supplies "In the rainy season the Burmese army attacked our positions, destroying our stores. We went without rice and salt for ten days. We became weak and those who got malaria died. I lost many friends, some only eighteen years old. Each of us got fifty kyat a month to live on. We existed by trapping and eating monkeys, rats, and porcupines . . . anything.

"I was shocked to see people blown up and dead bodies. I had no battle experience, but I did fight. In 1990 we fought for forty days. I took command after our chief-of-staff was injured. We got weapons from the KIO and what we took from dead enemy soldiers. "At this time I was elected general secretary. I was in charge of our underground network. We used it to recruit students inside Burma. We began to notice we were able to go back and forth through enemy lines without problems, but we found we had recruited students who had family connections with Military Intelligence. Our numbers quickly grew to more than 800. We suspected our network had been infiltrated by MI. Reports from the front line indicated we were losing battles in suspicious circumstances. Our soldiers noticed knife marks had been cut in trees that could have led Burmese soldiers to our positions.

"We started to watch some people. We arrested four or five and, after interrogation, we had a small list. The list included members of our central committee. We found out the National Intelligence Bureau had trained some of these as spies, and others were just used as informers. I think some were motivated by ultra-nationalistic visions of a Burman master race.

"It was very difficult for us to know what to do. I panicked. We knew nothing about human rights, or, more to the point, we didn't understand. We asked the KIO to help us to interrogate. By now we had a list of eighty spies. We made videotapes in case no one believed us. We chained the spies and locked them in the barracks. A Northern ABSDF central committee decided fifteen spies would be given the death penalty. We were at war, in armed struggle with the Burmese regime. Our constitution and law said we could give spies the death penalty. Many of our comrades had been killed because of these spies. Some members called for the death penalty for the entire eighty. We debated, argued, and finally agreed to fifteen. The sentences were determined by what the spies had done and how important they were to the [Burmese] military.” Aung Naing was distressed by his memories and having to replay the events leading up to the executions. I upset him further when I asked him how the death sentences were carried out.

“Some of them were shot and some were beheaded. They were shot at close range by pistol by our officers. We thought the guns caused more suffering, so we thought if we switched to machetes it would be less. But they were not cleanly beheaded, even though the spinal cords were severed. I watched . . . it was done in front of all ABSDF soldiers. “We would have liked to free all of them—but if we had, it would have sent a message that we welcomed spies. It was a hard decision to make, and before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners 164 over to them. They said they couldn’t do anything, as they could not reach us on the Burma-China border. “It was the hardest thing I’ve ever done. But we felt we had no choice. It was not uncommon for armed opposition groups in Burma to execute spies. The Burmese army just killed anyone they caught on the spot without a trial.” Aung Naing left the room to throw up. He came back and swallowed hard before he continued.

“When life is peaceful, it’s easy to draw moral lines, but in war it’s different. In the jungle the only way to conduct politics is with armed struggle. It was said that the killings were politically motivated, but nobody gained any political advantage. We had no internal splits, none of us gained anything. Before the executions we ate fish paste, and after the executions we ate fish paste. It could have been eighty instead of fifteen. It is understandable the families are upset. We asked the parents to come and talk with us.

The people who betrayed us were our friends. My friend, Htun Aung Kyaw [ABSDF chairman at the time], was executed. He was like my older brother. We were very close. He didn’t admit he was involved, but evidence showed that he was. “The fighting was hard. War is a different reality. We were isolated and had no connection with human rights groups. We had no opportunity to learn about democracy or human rights. If we had, it may have been different. I believed I needed to take responsibility and resolve the problem. There should be an investigation like South Africa’s Truth Commission. People need to know what really happened. The problem will be to get MI to hand over their files.

We thought we were emulating our hero Aung San by going to the jungle to fight to free our country. We didn’t even know Burma was freed because of the Second World War. “I was 24. I thought I was old enough, but after this experience I knew I was too young to be a leader. I’m glad I’m out of politics.”

During lunch with Aung Naing in Mae Hong Son a few days after the interview, I pointed my spoon at a pungent dish in a wok. Aung Naing laughed and said that it was monkey intestine.

Aung Naing had admitted to the executions and killings of young ABSDF students in the book, “All Wars Are Dirty” by PHIL THORNTON

He had given lame excuses of not knowing or understanding the Human Rights and democracy. He also wrongly claimed that the killings were not politically motivated and nobody gained any political advantage.

The worst part was that he never mentioned the tortures and the actual number of executions was much more than he admitted.

He claimed and blamed the KIO, Amnesty International and the ICRC with the following statement, “before we made it we approached, through the KIO, Amnesty International and the ICRC [International Committee of the Red Cross]. We needed help; we wanted to hand the prisoners over to them. They said they couldn’t do anything, as they could not reach us on the Burma-China border.”

We need to investigate whether AI and ICRC actually got the news and refused to accept the student rebel prisoners. If they really get the message but acted irresponsibly they should be condemned because it is not very difficult to reach the ABSDF Camp through Burma, as many parents and relatives had really done that after informing the Burmese government and the Foreign Embassies like USA, British and Japan. We knew that the remaining students were released by the help of KIO/KIA without the knowledge of Aung Naing and new ABSDF leaders.

Aung Naing, we need a War Crime Tribunal but not merely an investigation like South Africa’s Truth Commission. Sorry, we could see your cunning wits of wishing to be free or off the hook even before you were caught.

To be fair to you, we wish to know why some of your partners in crime who were caught by Myanmar Military were not tried with the war crimes. May be they don’t wish to open their secret MI files but even if few of them were actually spies you have no right to torture hundreds and killed about fifty of them.

Just because MI’s “Myet Khin Thit” put a propaganda wedge by claiming that their spies had successfully infiltrated the ABSDF, your group led by ‘Shanis’ staged a coup, arrested, tortured and killed the fellow student rebels. If you had a sound and reasonable mind, you should understand or see through that propaganda warfare. No government nor any enemy would just easily declare that their spies had successfully infiltrated the opposing enemy and risks the exposures of their valued informants.

၂၀၀၆ နအဖရဲ့ သတင်းစာရှင်းလင်းပွဲ

ကိုကျော်မျိုး၊ဦးတိုက်ပိတ်၊ဦးဌေးဝင်း၊ကိုမြင့်သိန်း၊ကိုဇော်ဇော်မင်း

ကိုကျော်မျိုး

ကျနော့်နာမည်ကျော်မျိုးလို့ ခေါ်ပါတယ်။ ကိုသံချောင်းတကယ်နှိပ်စက် မစက်ဆိုတာတော့ကျနော် ကိုယ် တွေ့  ကြုံလို့ သိခဲ့ရပါတယ်။ ကျနော့်လိုပဲ အဖမ်းခံရတဲ့လူတိုင်း လည်း ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လူတွေချည်း ပဲဖြစ်ပါ တယ်။ ညှဉ်း ဆဲမခံခဲ့ရ တဲ့သူတွေရယ်လို့  တယောက်မှမရှိပါဘူး။ လက် လွန်ခြေ လွန်ဖြစ်ပြီး သေတဲ့သူတွေအများဆုံး ရှိပါတယ်။ သူ့ ရဲ့ လက်ကိုင် တုတ်တော်တော်များ များက လည်း ပက်ပက် စက်စက်နှိပ်စက်တယ်။ ဘယ်လိုနှိပ် စက်သလဲ ဆိုရင် ခြေထောက်ကိုသံကြိုးတုပ်၊ လက် ကိုနောက်ပြန် ကြိုး တုပ် တိုင်ငုတ် မှာရိုက်ပြီး တော့ သေသေ ချာချာ စိမ်ပြေနပြေ နှိပ်စက်ခဲ့တယ်။ ကျနော့် ရဲ့ ခြေထောက် ဆို လို့ ရှိရင် နှစ်ဖက်စလုံးဟာ ဘောင်းဘီတောင်ဆွဲ တင်လို့  အပေါ်မတက် တဲ့အ ထိရောင်ကိုင်းခဲ့ရတယ်။ အဲဒီလိုနှိပ်စက်ခံရတဲ့အပြင် မကျေနပ်လို့ ဆိုပြီးကျဉ်စက် နဲ့ လည်း တို့ ခဲ့ ပါသေး တယ်။ အလူးအလဲခံရတဲ့အချိန်မှာ ဘာထပ်လုပ်သလဲဆိုတော့ မကျေနပ်လို့ ဆိုပြီး ရင်ဘတ် ကို လေး၊ငါး ချက်လောက်ဆောင့်ကန်တယ်။ အဲဒါတင်မကသေးပါဘူး။ မကျေနပ်လို့ ဆိုပြီးတော့ ထပ်ပြီးတော့ ကျနော့်ရင် ဘတ်ကို ဓားနဲ့ မွှန်းခဲ့ပါတယ်။ သူကတော့ပြောတာပေါ့။ လက်ဖျားနဲ့ မထိဘူးလို့ ပြောတယ်။ မှန်ပါတယ်။ ကျနော့်ရင်ဘတ်ကို လက်ဖျားနဲ့ တောင်မတို့ ခဲ့ဘူး။ ဒါပေမယ့် ဓားနဲ့ တော့သေသေချာ ချာလှီးခဲ့တယ်။ လူကြီးမင်းတို့ ကြည့်မယ်ဆိုရင်လည်း ကျနော့်အင်္ကျီကိုချွတ်ပြပါမယ်။ ကျနော့်ရင် ဘတ်က ဒဏ်ရာတွေက သူ အကုန်လုံးလှီးထားတဲ့ ဒဏ်ရာတွေပါပဲ။ ကျနော့်ကိုနှိပ်စက်ခဲ့တာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ကိုယ်တိုင်နှိပ်စက်ခဲ့ဖူးတဲ့သူတယောက် အခုကျနော် တို့ အထဲမှာပါပါတယ်။ သူကို ကိုဇော်ဇော်မင်းပါ။ ကျနော် ပြောချင်တာကတော့ ဒီလောက်ပဲရှိပါ တယ်ခင်ဗျာ။ တကယ့်နှိပ်စက်ခဲ့လို့ ၊ တကယ်ခံစားခဲ့ရသူတွေ လည်း အကုန်လုံးပြောပြနိုင်ပါတယ်။



ဦးဇန်ဇန်(ခ)ဦးခင်မောင်သန်း(နံနက်ခင်းသတင်းဂျာနယ်)
ABSDF အဖွဲ့ ဝင်တွေမဟုတ်ပဲနဲ့  တခြားလူထုကို နှိပ်စက်တာမျိုးရော ရှိသလား။

ကိုကျော်မျိုး
အဲဒီဥစ္စာကို ကျနော်တော့မသိဘူးခင်ဗျ။ ကျနော်က အဖွဲ့ ဝင်ထဲမှာပဲဆိုတော့ ကျနော့်လိုပဲ လူတိုင်းနှိပ်စက်ခံ ခဲ့ရတာတော့ တကယ်မျက်မြင်လက်တွေ့ လည်းတွေ့ ခဲ့ရတယ်။ နောက်ပိတ်ဆုံး မကြည့်ရက်လို့  မကြည့်ခဲ့ တာပဲရှိတယ်။ လူထုကို နှိပ်စက်တာမျိုးရှိ၊မရှိဆိုတာတော့ ကျနော်က အပေါ်တပ်ရင်း လိုင်စင်မှာပဲ နေရတဲ့ အခါကျတော့ အပြင်ကိုမရောက်ခဲ့ဘူး။ အပြင်မှာလူထုကိုနှိပ်စက်၊မစက်တော့ ကျနော်မသိခဲ့ဘူးခင်ဗျ။

ဦးတိုက်ပိတ်(ခေါ်)ဦးသန်းထွန်းစိုး

ABSDF မြောက်ပိုင်းမှာ မြင့်စိုး(ခ)သံချောင်း(ခ)စ၀်ခွန်ကျော်ရဲ့ လူမဆန်တဲ့ရက်စက်ယုတ်မာမှုတွေကို ကျနော်တို့ က လွန်ခဲ့တဲ့ ၁၅နှစ်ကာလတုန်းက ကျနော်တို့ က ကိုယ်နဲ့ ရင်းပြီးတော့ ကျနော်ခံစားခဲ့ရတယ်။ ..ဘ၀တူကျောင်းသားအချင်းချင်း လက်နက်အားကိုးနဲ့ မတရားနှိပ်စက်ညှင်းပန်းပြီးတော့ ကျနော်တို့ ကို ထောက်လှမ်းရေးတွေလို့ စွပ်စွဲပြီး နည်းမျိုးစုံနဲ့  ရိုက်နှက်ဖမ်းဆီးညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ အကြောင်းတွေကို ၁၅ နှစ်ကာလလုံးလုံးကျနော်တို့ က မဖော်ထုတ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော်တို့ က မြို့ ထဲ၊ရွာထဲပြန်ရောက်နေပြီ။ သံချောင်(ခ)မြင့်စိုးကတော့လက်နက်စွဲကိုင်ပြီးတော့ သူ ကတော့ တောထဲမှာရှိနေတုန်းပဲ၊ အဲဒီတော့ သူ့ ကိုတရားစွဲလို့ လည်းမရဘူး။ ဖော်ထုတ်လို့ လည်းမရဘူး။ မရတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မြင့်စိုး(ခ) သံချောင်းကို ဒီနှစ်ဆန်းပိုင်းမှာ ဖမ်းဆီးရမိပြီဆိုတဲ့ အချိန်ကျတော့ ကျနော်တို့ ကိုသက်ဆိုင်ရာ လူကြီးတွေက လာပြီးတော့ ခေါ်တွေ့ ပါတယ်။ မင်းတို့ ကို လွန် ခဲ့တဲ့ ၁၅ နှစ်ကာလတုန်းက မြင့်စိုး(ခ)သံချောင်းဦးစီးတဲ့သူတွေကနေပြီးတော့ မင်းတို့ ကျောင်းသားရာပေါင်း များစွာကိုဖမ်းဆီးထိန်းသိမ်းတယ်။ သူတို့ ရဲ့ ရိုက်နှက်ဖမ်းဆီးစစ်ကြောချက်တွေကြောင့် ၃၀ ကျော် ၄၀အသေဆိုးနဲ့ သေခဲ့ရတယ်။ သံချောင်းဖမ်းဆီးတဲ့အထဲမှာ ကျနော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ အတွက်ကြောင့် ဒီအဖြစ်မှန်တွေကို နိုင်ငံတကာသံတမန်တွေ၊ သတင်းစာဆရာတွေသိစေချင်သလို တိုင်းပြည်ကိုလည်းသိစေချင်လို့  ဒီမေးခွန်းကိုဖြေရခြင်းဖြစ်ပါတယ်။

အဲဒီတော့ ကျနော်လိုင်စင်စခန်းမှာ ရှိနေတဲ့အချိန်မှာ သံချောင်းနဲ့ အတွင်းရေးမှူးမျိုးဝင်း ကျနော့်ကိုလာဖမ်းပါ တယ်။ ဖမ်းရခြင်းအကြောင်းက အေဘီအက်စ်ဒီအက် ကချင်ကို မြောက်ပိုင်း ဆိုပြီးတော့ အ ဆင့်မြှင့်မယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ က ဒီမိုကရေစီနည်းအရ ဆိုပြီးတော့မဲရွေးလိုက် တယ်။ ကျနော်ကမဲများနေတယ်။ မျိုးဝင်းကမပါဘူး။ အဲဒီအခါကျတော့ ဒါဟာမဲရလာတဲ့သူတွေကို နေရာ မဖယ်ပေးချင်တဲ့အခါကျတော့ သိမ်းကြုံးဖမ်းတော့ ကျနော်အရင်ဆုံးစအဖမ်းခံရပါတယ်။ အဲဒီမှာ ကျနော့်ကို စပြီးခေါ်ခေါ်ခြင်း မျိုးဝင်းကထိုးတယ်။ သံချောင်းကထိုးတယ်၊ ထိုးပြီးတော့ ကျနော်လဲကျတဲ့အချိန်မှာ သံချောင်းက ကျနော့်မျက်နှာကိုစစ်ဖိနပ်နဲ့ ကန်တယ်။ နဖူးမှာ ဒဏ်ရာရှိပါတယ်။ ဒီမှာကြည့်ပါ။ ပြီးတော့ ကျနော့်ကိုအချုပ်ခန်းထဲမှာထားတယ်။ ထားတဲ့အချိန် အမြဲတမ်းခေါ်ထုတ်ပြီးတော့ မင်းဟာတပ်မတော် ထောက်လှမ်းရေးက ဗိုလ်ကြီးအဆင့်ရှိတဲ့ အကောင်၊ မင်းကိုငါတို့ သိတယ်။ မင်းဖော် ဆိုပြီးတော့ ကျနော့်ကိုညပေါင်းများစွာ ရက်ပေါင်းများစွာ နှိပ်စက်ညှင်းပန်ပါတယ်။ မဟုတ်ကြောင်းအမျိုးမျိုး ပြောဆိုပါသော်လည်း လက်မခံပါဘူး။ လက်မခံပဲနဲ့ ကျနော့်ကိုရိုက်တယ်။ ထိုးတယ်။ ထင်းစတွေနဲ့ ရိုက်တယ်။ ပြီးလို့ ရှိရင် ကျဉ်စက်နဲ့ တို့ တယ်။ လက်ချောင်းထဲကို ကျည်ဆန်တွေ ထည့်ပြီး ညှစ်တယ်။ အဲဒီလိုတွေလည်းလုပ်တယ်။ လုပ်ပြီးတော့ သူတို့ အဲဒီလိုလုပ်တဲ့အချိန်မှာ နောက်တခါ ဦးစီးလွှမ်းမိုးကို ထပ်ဖမ်းတယ်။ ဒါပေမယ့်နေရာတော့ ခွဲထားတယ်။ တညမှာကျတော့ ဦးစီးလွှမ်းမိုးကို သူက ခေါ်လာပြီး မျိုးဝင်းရဲ့ တဲမှာ ဦးစီးလွှမ်းမိုးက ဒီဖက်မှာကြိုးတုပ်ပြီးထိုင်နေတယ်။ ကျနော်က သူ့ ဘေးမှာ ကြိုးတုပ်ပြီး ထိုင်ရတယ်။ ထိုင်ပြီးတော့လွှမ်းမိုးကိုထပ်စစ်တာ။ စစ်ပြီးတဲ့အချိန်မှာ လွှမ်းမိုးမဟုတ်တဲ့အ ကြောင်းငြင်းတဲ့အခါကျတော့ သံချောင်းက M-20 ပစ္စတိုနဲ့ လွှမ်းမိုးရဲ့ ပခုံးအောက် နား နေရာကိုတေ့ပြီးပစ်တယ်။ ပစ်တော့လွှမ်းမိုးလဲကျသွားတယ်။ လဲကျသွားပေမယ့် လွှမ်းမိုးဒဏ်ရာကြီး နဲ့  အော်တယ်။ အဲဒီအချိန်မှာကျနော့်ကို အချုပ်ခန်းထဲပြန်ထည့်ထားတယ်။ လွှမ်းမိုးဟာ နောက်ထပ်သုံး ရက်လောက်အကြာမှာ နေ့ လည်ပိုင်းမှာ ကျနော့်ကို နံနက် ၁၁နာရီလောက်မှာ ကျနော့်ကိုလည်းလက်ပြန် ကြိုးတုပ်ပြီး သံကြိုးတွေနဲ့ ချည်ပြီး ထုတ်လာတယ်။ လွှမ်းမိုးကိုလည်းချည်ပြီးထုတ်လာတယ်။ ထုတ်လာပြီး စစ်ရေးပြကွင်းမှာ မတ်တပ်ရပ်ခိုင်းထားတယ်။ မတ်တပ်ရပ်ခိုင်းထားပြီးတော့ ဒီဌာနချုပ်အင်အား အကုန်လုံး ကိုတန်းစီခိုင်းလိုက်တယ်။ ပြီးတော့ လွှမ်းမိုးကို သံချောင်းကအဲဒီအချိန်မှာမေးပါတယ်။ မင်းဟာတပ်ဖွဲ့  ပိုင် ငွေတွေနဲ့ မိန်းမတွေလျှောက်ပျော်ပါးတယ်တဲ့ ။ အမေအဖေတွေလည်းပိုက်ဆံပို့ တယ် ဘာညာ ဆိုပြီး တော့ဦးစီး လွှမ်းမိုးကိုပြောပါတယ်။ စွပ်စွဲချက်တွေကတော့ များတယ်။ ဒါပေမယ့်လွှမ်းမိုးက မဟုတ် ကြောင်းငြင်းတယ်။ သူက ဒဏ်ရာကြီးနဲ့  အဲဒီအချိန်မှာဒဏ်ရာလည်းဖြစ်နေတယ်။ ကျနော်အယူခံ တင်ပါရစေဆိုတော့ မင်းဘာမှတင်စရာမလိုဘူးတဲ့။ ဒါဟာတရားရုံးရှိတဲ့အရပ်မဟုတ်ဘူး။အဲဒီတော့ မင်းအ ကောင်းဆုံးကတော့ဘာဆုတောင်းမလဲ။ ဘာမှာချင်သလဲပြဲေဲပာဆိုတော့ လွှမ်းမိုးက အဲဒါဆိုရင် လည်း ကျနော့်အမေကိုပြောပေးပါ။ ကျနော်သေပြီလို့ ပြောလိုက်ပါဆိုတဲ့ အချိန်မှာ သံချောင်းကိုယ်တိုင်ပဲ M-20 ပစ္စတိုနဲ့ လွှမ်းမိုးနားထင်ကိုတေ့ပြီးတော့ပစ်တယ်။ ကျနော်ဘေးမှာပစ်လိုက်တော့ လွှမ်းမိုးနေရာမှာ တင် on the spot သေသွားတယ်။ အဲဒီတော့ အလောင်းကိုသွားမြုပ်မနေနဲ့ တဲ့။ ရှုပ်တယ်တဲ့။ အဲဒီမှာတူး ပြီးမြုပ်လိုက်တဲ့။ ဘောလီဘောကွင်းလုပ်လိုက်လို့ သံချောင်းကပြောပါတယ်။ ဒါကျနော့်ရှေ့ မှာ သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ကျနော်တို့ ကိုလည်းညှင်းဆဲတဲ့ကိစ္စ။ ဒီကလူငယ်တွေလည်း အကုန်လုံး ဒဏ်ရာတွေ နဲ့ ညှင်းဆဲခံထားရတယ်။ အဲဒီမှာထပ်ပြီး အောင်ကျော်ဆိုတာ ရန်ကုန်ကကျောင်းသား တ ယောက် ပါ။ အောင်ကျော်ကိုလည်း အဲဒီလိုပဲဖမ်းပြီးတော့ ရိုက်ရင်းနှက်ရင်း ညှင်းပန်းနှိပ်စက်ရင်း နဲ့  အောင်ကျော် ဟာနောက်ဆုံး ကေအိုင်အေ စစ်ဆေးရုံမှာ အသေဆိုးနဲ့ သေသွားတယ်။ ဘာမှအပြစ်မ ရှိ ပဲနဲ့ ဒီကောင်တွေအာဏာလုတဲ့ဟာကြောင့် ကျနော်တို့ လူငယ်တွေအများကြီးပဲဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ တကယ့်အဖြစ်မှန်တွေပါ။ ဒါဟာ ၁၅ နှစ်ရှိသွားပါပြီ။ အခုဥပဒေရဲ့ အရိပ်အာဝါသထဲကိုရောက်လို့  ကျနော် တို့ က ဒီကိစ္စကိုဖော်ထုတ်တာပါ။ အပြစ်မရှိပဲသေခဲ့တဲ့ လူငယ်အများကြီးရဲ့ အသက်တွေ၊ အရိုးတွေကနေပြီး ကျနော်တို့ လိုရှိနေဆဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေကို တောင်းဆိုလို့ ခုန ဆရာမြတ်ခိုင်မေးသလိုပဲ ခင်ဗျား ဒီနေရာကိုဘာလို့ ရောက်လာသလဲဆိုတာ ကျနော်အမှန်တရားအတွက် ကျနော်ရောက်လာတာပါ။

ဦးဌေးဝင်း(ခ) နိုင်လင်း
သူလျှိုလို့ ခေါ်ပြီး လူ ၁၀၀ ကျော်ဖမ်းဆီးနှိပ်စက်တာ ကျနော့် မျက်မြင်ကိုယ့်တွေ့ ပါခင်ဗျာ။ ဖမ်းဆီးနှိပ်စက် ခံရပြီး ပြန်လည် ထွက်ပြေး လာတဲ့ အထဲမှာ ကျနော်က တယောက်အပါအ၀င် ဖြစ်ပါတယ်။ ကျနော် ကတော့ ဌေးဝင်းခေါ်နိုင်လင်း ဖြစ်ပါတယ်။ အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်း ကျနော် ကABSDFဗဟို၊KNU နယ်မြေဖြစ်တဲ့ မဲလထ စခန်းကိုထွက်ပြေးသွားခဲ့ ပါတယ်။ အဲဒီမဲလထ စခန်းမှာ အခြေခံစစ်ပညာသင်တန်း ကိုတက်ရောက် ခဲ့ပါတယ်။ ပလောင်နယ်မြေမှာ အမှတ်(၅၀၁) တပ်ရင်းဖွဲ့ ဖို့ အတွက် အဲဒီအချိန်မှာ ဥက္ကဌဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့  ဒေါက်တာနိုင်အောင်တို့ ဟာ ကျနော်တို့ ကိုလာရောက်တွေ့ ဆုံပြီး တာဝန်ပေး အပ်စေလွှတ်ခဲ့ပါတယ်။ အမှတ်(၅၀၁)ကျဆုံးသွားခဲ့ပြီး မြောက်ပိုင်းဗဟိုကိုရောက်ရှိခဲ့ပါတယ်။ကျနော် မြောက်ပိုင်း မှာအဖမ်းခံရပြီး ၁၉၉၂ ဖေဖော်ဝါရီလထဲမှာ ဒေါက်တာနိုင်အောင်ရောက်လာပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ ကိုကျော်ကျော် ဆိုတဲ့သူနှစ်ယောက်ဟာ ကျနော်တို့ အဖမ်းခံနေရတဲ့ အဖွဲ့ ၁၀၀ကျော်ကိုလာရောက်တွေ့ ဆုံတာဖြစ်ပါ တယ်။ တယောက်ချင်းခေါ်ယူတွေ့ ဆုံတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ရယ်၊ ကိုကျော်ကျော်ဆိုတဲ့သူရယ်၊ ကိုသံချောင်းရယ်၊ကိုမျိုးဝင်းရယ် အမှတ် (၅၀၁) တပ်ရင်းမှူးဖြစ်တဲ့ ကိုသိုက် ထွန်းဦး ရယ် နောက်ထပ်တယောက်နှစ်ယောက်ရှိပါသေးတယ်။ ကျနော်နံမည်တော့မမှတ်မိတော့ဘူး။ သူတို့ အားလုံးကျနော့်ကိုခေါ်ပြီးတွေ့ ပါတယ်။ တွေ့ ပြီးကာမှ နောက်တရက်နှစ်ရက်အကြာမှာ၁၉၉၂ ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့ မှာ လူပေါင်း ၁၅ ယောက်အသတ်ခံလိုက်ရပါတယ်။ အဲဒီအသတ်ခံရတဲ့ ၁၅ ယောက် မတိုင်ခင်ကလည်း ကျနော်တို့ အထဲမှာ စစ်ရင်းဆေးရင်း စစ်ကြောရင်းနဲ့ သေသွားတဲ့လူလည်းရှိပါတယ်။ ကျနော်တို့ ကိုသံသယနဲ့ ဖမ်းတယ်ဆိုတာ ကျနော်တို့ လည်းသိပါတယ်။ ဒါပေမယ့်ကျနော်တို့ က ထောက် လှမ်းရေးမဟုတ်တဲ့ အတွက်ကြောင့် မဟုတ်တဲ့အကြောင်းပြန်လည်ငြင်းဆိုတဲ့အတွက်ကြောင့် သူတို့ က လွှတ်ပေးချင်တဲ့လူကိုလည်း တယောက်နှစ်ယောက်ပြန်ပြီးလွှတ်ပေးတာတွေ့ ရပါတယ်။

အဲဒီ ၁၅ ယောက်သတ်ပြီးနောက်ပိုင်းကျတော့ ကျနော်တို့ လည်းအခြေအနေမကောင်းတော့ပါဘူး။ ကျနော်တို့ လည်း အသတ်ခံရမယ်ဆိုတာလည်းသိနေကြတယ်။ ကျနော်တို့ ကိုပြန်လွှတ်ပေးလို့ မဖြစ်တော့ ဘူးဆိုတာသူတို့  သိနေကြပါပြီ။ ကျနော်တို့ ကိုပြန်လွှတ်ပေးရင် ကျနော်တို့ က ပြန်လည်အုံကြွမှာ သူတို့  စိုးရိမ်နေကြပါတယ်။ အခုလိုဖြစ်ခဲ့ရတဲ့ဖြစ်ရပ်တွေဟာ အားလုံးကလည်း သူတို့ အချင်းချင်းတယောက်နဲ့  တယောက် အာဏာလုလို့ ဖြစ်ကြရတာပါ။ ဘယ်သူ့ ဘယ်သူမှ ကျနော်တို့ ဒီကသွားကတည်းက ဗိုလ်ကြီး၊ ဗိုလ်မှူးဆိုတာပါသွားကြတာ မဟုတ်ပါဘူးဗျာ။ အားလုံးကကျောင်းသားအဖြစ်နဲ့ သွားကြတာပါ။ ဟိုရောက် တဲ့အခါကျတော့ သူကဗဟိုကော်မတီလုပ်မယ်။ ငါကဗဟိုကော်မတီလုပ်မယ်။ သူကစစ်ရေးတာဝန်ခံလုပ် မယ်။ ငါက စစ်ရေးတာဝန်ခံလုပ်မယ် ဆိုပြီးတော့ အငြင်းအခုံ၊သူတို့ ဘာသာ သူတို့ အချင်းချင်းအထက်မှာ အာဏာလုကြတဲ့ပွဲမှာကျနော်တို့ က စတေးခံခဲ့ရတာပါ။ ကျနော်တို့ လည်းနောက်ပိုင်းအသတ်ခံရတော့မယ် ဆိုတာသိတဲ့အတွက်ကြောင့် ကျနော်တို့ ထောင်ထဲမှာကျန်ခဲ့တဲ့ ၅၅ ယောက်ပဲ ကျနော်တို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။

ကိုမြင့်သိန်း

ကျနော့်နာမည်က ကိုမြင့်သိန်းပါ။ ကျနော်တို့ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အထဲမှာ အမျိုးသမီးလေးဦးပါ ပါတယ်။ သူတို့ နာမည်တွေ ကတော့ မခင်ချိုဦး(ရန်ကုန်)၊မနန်းစော၊မတူးတူး၊မနန်းအောင်ထွေးကြည် တို့ ဖြစ်ပါတယ်။
မခင်ချိုဦးကတော့ တက္ကသိုလ်ကျောင်းသူပါ။ ကျန်တဲ့ တချို့ လူတွေကတော့ State ကပါ။ ကျနော်က သူတို့  ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာ အဲဒီထောင်ထဲမှာတင် ကျနော်တို့ အချင်းချင်းကိုပြန်အုပ်ချုပ်ခိုင်းထား တဲ့ တန်းစီးလေးယောက်ထဲက တဦးဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့  သူတို့ ကခေါ်ထုတ်သွားပြီးရင်နှိပ်စက် တယ်။ အဲဒီနှိပ်စက်တဲ့ ဟာတွေကို ပြန်ပြောပြတာကို ကျနော်တို့ ကကြားသိရတယ်။ သူတို့ ဆီမှာလည်း ဒဏ်ရာတွေနဲ့ ပြန်လာတဲ့အခါမှာ တွေ့ ရတယ်။ တလိမ့် နဲ့ ကြိတ်တာမျိုး၊ ခေါင်းကိုတုတ်နဲ့ ရိုက်တာမျိုးတို့  နည်းမျိုးစုံနဲ့ ပေါ့ဗျာ။အဲဒီနည်းမျိုးစုံတွေကတော့ကျန်တဲ့ညီလေးတွေလည်း ပြောပြီးသားဖြစ်ပါတယ်။ နှိပ်စက် နည်း မျိုးစုံပါပဲ။



ကိုဇော်ဇော်မင်း
ကျနော်က မိုညှင်းမြို့ နယ်က ကိုဇော်ဇော်မင်းပါ။ ၁၉၈၈ အရေးအခင်းဖြစ်ပြီးနိုဝင်ဘာလမှာ ကိုမျိုးဝင်း သပိတ် ခေါင်းဆောင်။ နားမားသပိတ်ခေါင်းဆောင် ကိုမျိုးဝင်းဦးဆောင်ပြီးတော့မှ ကျနော်တို့ ကို မင်းတို့ ကိုစစ်တပ်ဖမ်းမယ်။ ငါတို့ ကိုလည်းဖမ်းမယ် ဆိုလို့  ကျနော်တော ခိုသွားပါတယ်။ စရောက်ရောက် ကေအိုင်အေနယ်မြေတပ်ရင်းမှာပါ။ အဲဒီမှာ ကျနော်တို့ ကို ဗိုလ်မှူး ဇော်တူးက နေရာချပေး တယ်။ နေရာချပေးပြီးတော့ ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်စင်နယ်မြေကို မိုးညှင်းကထွန်းအောင်နိုင်အဖွဲ့  နဲ့ ကျနော်တို့ ရောက်သွားတယ်။ သင်တန်းအပတ်စဉ်(၁)တက်ပြီးတော့ ဗဟိုကော်မတီရုံးခန်းတာဝန်ခံ ဆိုတဲ့ တာဝန်ပေးပါတယ်။

အဲဒီတော့ သူတို့ ဖမ်းဆီးတဲ့ကိစ္စတော်တော်များများကို ကျနော်သိသင့်တာတွေ၊ သိသင့်သလောက်တော့ သိပါတယ်။ စဖမ်းတာကတော့စိုးမင်းအောင်ဆိုတဲ့တယောက်ကို စဖမ်းတာပါ။ အဲဒီစိုးမင်းအောင်ဆိုတဲ့ တယောက်ဟာ ဗန်းမော်မှာပဲစစ်ကြောရင်းနဲ့ အသတ်ခံလိုက်ရတယ်။ ၁၉၉၀ ဧပြီလလောက်မှာ လွှမ်းမိုး (ခေါ်)ကိုမြင့်သူက မိုးကောင်းကနေ တောခိုတဲ့သူပါ။ သူက ABSDF ဗဟိုကော်မတီရဲ့ အထက်မှာရှိတဲ့ ဗဟို ဦးစီးအဖွဲ့ ထဲက တာဝန်ရှိတဲ့သူတယောက်ပါ။ ဒါပေမယ့် သူ့ မှာတော့လုပ်ပိုင်ခွင့်ကို ဗဟိုကော်မတီကပေးမ ထားပါဘူး။ အဓိက ကတော့သံချောင်းနဲ့ ကိုမျိုးဝင်းက ကိုင်ထားပါတယ်။ သူ့ ကိုပညာမတတ်ပဲနဲ့ ဟန်ဆောင် မှု၊ ဆိုလိုတာက သူက ဒီကျနော်တို့ မြန်မာနိုင်ငံကျောင်းသားတွေဗမာစကားပြောရင် ကြားထဲမှာ အင်္ဂလိပ် လို ညှပ်ပြောလေ့ရှိကြပါတယ်။ အဲဒီလိုညှပ်ပြောတဲ့အသုံးအနှုန်း Slip ဖြစ်တယ်တို့ ၊Character မကောင်း ဘူးလို့  စသည်ဖြင့် ဒီလိုအသုံးအနှုန်းမျိုးလေးတွေကအစ သူက အင်္ဂလိပ်လိုညှပ်ပြောရင် အသံထွက်မမှန် ဘူးဗျ။ နောက်သူ့ ကိုယ်သူ Philo နဲ့ ဘွဲ့ ရတယ်လို့ ပြောတယ်။ အဲဒီအချက်တွေရယ်၊ နောက်တခါ သူဟာ ရွှေလီမှာ ပြည့်တန်ဆာနှစ်ဦးနဲ့ ပျော်ပါးတယ်။ အဲဒီနှစ်ခုကိုထောက်ပြီးစဖမ်းတယ်ဗျ။ ဖမ်းပြီးတော့မှ စစ်ဆေးတယ်။ ဒီစစ်ဆေးချက်ကလည်းသိပ်ဘောင်မ၀င်ပါဘူး။ စစ်ဆေးချက်မပြီးခင်မှာ သံချောင်းကသူ့  ကို လက်ပြန်ကြိုးတုပ်ခေါ်ထုတ်လိုက်ပြီးတော့မှ စစ်ရေးပြကွင်းပေါ့၊ အဲဒီမှာ ဒူးတုပ်ခိုင်းထားပြီးတော့မှ နား ထင်ကို ဦးခေါင်းကို M-20 မောင်းပြန်သေနတ်နဲ့ ပစ်တယ်။ နော်ကအဖြစ်အပျက်တခုကတော့ ကိုထွန်းနွယ်အောင်။ သူကတော့ အေဘီအက်စ်ဒီအက်ဖ်က တပ်ဖွဲ့ ဝင်မိန်းကလေးတယောက်နဲ့ Sex ကိစ္စ ဖြစ်တယ်ဗျ။ စစ်ခုံရုံးဖွဲ့ ပြီးတော့အရေးယူတယ်။ မုဒိန်းမှုလို့ စွပ်စွဲတာပေါ့။ ဒါပေမယ့် စစ်ခုံရုံးမှာ မုဒိန်းမှု မမြောက်ပါဘူး။ အဲဒီမှာ သူ့ ဟာသူရှက်ပြီးတော့ အချုပ်ထဲဝင်တယ်။ ပြန်ထွက်တော့လည်း သူ့ နည်း သူ့ ဟန်နဲ့ ထွက်တယ်။ တာဝန်ကျတဲ့ ရမ်မူတူး တို့ က ဒီကောင်အပြင်ထွက်ရင်ပစ်ဆိုလို့  ရဲဘော် တယောက်ကပစ်လိုက်တယ်။ ဆီးခုံမှန်ပြီး သေသွားတယ်။

နောက်ကျနော်သိတဲ့ဒီဖမ်းဆီးတဲ့ကိစ္စတွေ။ လူသတ်တဲ့ကိစ္စတွေ။ အဓိကဖမ်းတာကတော့ စစ်ထောက်လှမ်း သူလျှိုဆိုပြီးတော့မှ ဖမ်းတာပါ။ကျနော်ကိုယ်တိုင်ဖမ်းရတဲ့  လူတွေလည်းပါပါတယ်။ အခုဒီထဲမှာကို ပါပါတယ်။ သူတို့ စစ်ကြောတဲ့ဆီမှာ လက်လွန်ပြီး သေသွားတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ၁၃ ယောက်ထက်မနည်းရှိပါလိမ့်မယ်။ အဲဒီထဲကနာမည်တချို့ က တပ်သား ကိုအားဆိုက်၊ နောက်ပြီးတော့ ဦးစိန်၊ သူ့ တော့ကျနော်မြို့ မမှတ်မိတော့ပါဘူး။ နောက်ပြီးတော့ ကို ကျော်ဌေး၊ ကျန်တာတွေကျတော့ကျနော်ကောင်းကောင်းမမှတ်မိတော့ပါဘူးခင်ဗျ။ ဒါကသူတို့  စစ်ကြော ရေးလုပ်ရင်းလက်လွန်သွားတဲ့သူတွေ။ နောက်ပြီးတော့၁၉၉၂ ဖေဖော်ဝါရီလမှာ ထောက်လှမ်း ရေး သူ လျှိုဆိုပြီးတော့ ထွန်းအောင်ကျော်အပါအ၀င် လူ၁၅ယောက်ကို ဓားနဲ့ ခုတ်သတ်တယ်လို့  ကျနော်ကြားတယ်ခင်ဗျ။ အဲဒီအချိန်မှာတော့ ကျနော်ဗန်းမော်ခရိုင်ကိုရောက်နေတဲ့အတွက် စက်ထဲဝင်လာ တဲ့ သတင်းကိုပဲကြားသိရပါတယ်။ အသတ်ခံရသူ ၁၅ ဦးကတော့ ထွန်းအောင်ကျော်အပါအ၀င် မိန်းကလေး ထဲထဲက မခင်ချိုဦး၊ နောက်ပြီးတော့ ကျော်ကျော်မင်း၊နောက် ကျော်ဝေ၊ မန္တလေးက၊အောင်ဖုန်းကတော့ ရန်ကုန်ကဖြစ်မယ်ထင်တယ်ဗျ။ အားလုံးဓားနဲ့ ခုတ်သတ်ခံရတာ ၁၅ ယောက်ရှိပါတယ်။


View My Stats