ဗိုလ်ချုပ်မှုးကြီး သန်းရွှေက သူအနားမယူခင်ကာလမှာ နေပြည်တော်ကြီးကို ဆောက်တယ်။ ဘယ်ကငွေရလဲဆိုတော့ သဘာဝဓာတ်ငွေ့ ကနေရတယ်။ ကန်ထရိုက် ဘယ်သူရလဲဆိုတော့ သူ့ရဲ့ လူယုံ ဦးတေဇက ရတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်တင်မကဘူး..သုံးလေးချက်ပြတ်တဲ့အထိ ခုတ်ခဲ့နိုင်တယ်။ မသေခင်၊ အနားမယူခင်မှာ လုံလုံခြုံခြုံဖြစ်အောင် မြေအောင်လှိုင်ဂေါင်းတွေဖောက်၊ ဘန်ကာတွေအထပ်ထပ်ချ၊ ရုရှကို စစ်ပညာသင်တွေလွှတ်ပြီး အကာကွယ်ယူခဲ့တယ်။
အခုတော့ ဇိမ်နဲ့ နေပြည်တော်ကြီးမှာ ဒေါ်ကြိုင်ကြိုင်ရဲ့ ဗိုက်ကိုပွတ်ပြီး နေလေရဲ့ ။ အိမ်ရှေ့ က ရေကူးကန်ထဲမှာ ညနေတိုင်း ၀ိုင်လေးတစ်ခွက်နဲ့ ဒေါ်ကြိုင်ကြိုင်ဘစ်ကနီလေးနဲ့ ရေကူးနေတာကို အရသာခံပြီး ကြည်နူးနေလေရဲ့ ။
ဂုန်ညင်းဒိုးလောက်ရှိတဲ့ မေးလေးပွတ်ကိုပွတ်ပြီး တယ်တော်တဲ့ငါပါလားလို့....ကြိတ်ပြီး ဂုဏ်ယူနေမယ်လို့တွေးမိတယ်။ သူ့ဘေးမှာပါတဲ့ ဟိုတစ်ကောင် ဗိုက်ပူ၊ ဘယ်သူလဲသူ့နာမည်မေ့နေလို့ ဆေးသင်တန်းခြောက်လတက်ပြီး ဆေးမှုးလုပ်နေတဲ့ကောင်လေ။ ဗိုက်ကပူပူ အရပ်က ပုပု၊ သူ့ကိုကြည့်ရတာ ပစ်တိုင်းထောင်လိုပဲ။ သူကလည်း ဘေးကနေ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို နှိပ်ပေး(Message) လို့။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေကပြောတယ်။
"သိန်းစိန်တော့ မရှိတဲ့အမွှေးကုန်ပြီ (ငယ်ထိပ်က အမွှေးကိုဆိုလိုပုံရပါတယ်)။ ငါဒီကောင်တွေကို ကြပ်ပေးခဲ့တာ အခု ဒီကောင် မျှောက်ငါးပိထိသလိုမျိုးဖြစ်နေပြီကွ" တဲ့။
ဟပ်ဟပ်ဆိုပြီး မယားငယ်တုံးညှပ်သံနဲ့ အားရပါးရရီလေရဲ့ ။
သူတို့ဒီလိုကြည်နှုးနေတဲ့အချိန်မှာ ရန်ကုန်မြို့ လယ်မှာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်ကိုရှုပ်လို့။ လစာလည်းမရ၊ ပင်စင်လည်းမရ တကုပ်ကုပ်နဲ့ အလုပ်လုပ်နေပါတယ်။ RFA၊ VOA က အပတ်စဉ်တင်ဆက်နေတဲ့တိုက်ရိုက်လေလှိုင်း အစီအစဉ်တွေကို တမျိုး၊ ဟိုကဖုန်းဆက်၊ ဒီက ဖုန်းဆက်နဲ့ အရှုးမီးဝိုင်းသလိုမျိုးဖြစ်နေလေရဲ့ ။ ဆီနိတ်တာ မတ်ကိန်းကတမျိုး၊ ဟိုသံအမတ်က တမျိုး၊ ဒီကြေးအမတ်က တမျိုးနဲ့ ပြောလိုက်ရတဲ့စကားတွေ။ ဟိုအခန်းအနားက လာပါအုံး၊ ဟိုမသာအသင်းက လာပါအုံး၊ ပန်းချီပြခန်းတက်ပါအုံး၊ ပြီးကိုမပြီးတော့ဘူး။
အသက် ၆၆-နှစ်အရွယ် အဘွားကြီးခင်ဗျာ...အသက်ကြီးမှ ဖတ်ဖတ်ကိုမောလို့။ ဟိုလူတွေကလည်း သနားဖော်တောင်မရဘူး။ အသားစွတ်ပြီး ခိုင်းတော့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့လို ၀ိုင်လည်း သောက်မရ၊ ဘီယာလည်း ချမရ။ ချောင်းသာသွားပြီး ဟောလီးဒေး လုပ်ပြန်ရင်လည်း အနောက်က လူတွေက တအုံအုံနဲ့။ မလွတ်မလပ်။ ကြာတော့ အုံးနှောက်တွေလည်း ခြောက်လာပြီ။ ဖြစ်နိုင်ရင် သူ့ကိုလည်း Weekend လေး ဘာလေး လုပ်ပေးကြပါအုံး။ ဘဘ ဦးညာဏ်ဝင်းတို့ရယ်။
ဒေါ်စုက ဒီလိုအရည်မရအဖတ်မရ အလုပ်တွေများနေတဲ့အချိန်မှာ မဲ့ဆောက် NCUB ဌာနချုပ်မှာ ဦးမောင်မောင်ကိစ္စက ရှင်းလို့မပြီးသေး။ အရှေ့ ကိုမရောက်နိုင်ပဲ အနောက်ကိုကြီးပြန်ရောက်နေကြတဲ့အချိန်။ ပရိုပိုဆယ်ရှာဖို့၊ လုပ်ကွက်ရှာဖို့ တိုင်ပင်နေတုန်း။ အစည်းအဝေး၊ ကားပြင် (Workshop) တွေလည်း လုပ်လိုက်ရတာ နားရတယ်လို့မရှိ။ ဘာဘဲဖြစ်ဖြစ် ပြည်သူကတော့ အမြတ်မရရင်နေပါစေ၊ မဲ့ဆောက်ဘုန်းကြီးကျောင်းနားက အရက်ဆိုင်က အတော် အရက်ရောင်းကောင်းလိုက်တာ ကားတစ်စီးပြီးတစ်စီး ပြောင်းစီးနိုင်တဲ့ အထိစီးပွားဖြစ်နေပါတယ်။
အမေရိကားမှာရှိတဲ့ သူပုန်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားမဟောင်းတဟောင်းတွေကလည်း ဆူရှီလိပ်လိုက်၊ စက်ရုံကိုသွားလိုက်၊ ညနေအပြန်ဘီယာချလိုက်ပေါ့။ အင်တာနက်မှာ ဆဲလိုက်။ အချင်းချင်း ချ လိုက်နဲ့ပေါ့။ သူတို့လည်း နိုင်ငံရေးကို အားကြိုးမာန်တက်လုပ်နေပါတယ်။ UK ကန်ပိန်းဖော်ဘာမားကလည်း စော်လေးတွေကို ရှေ့ တန်းတင်ပြီး နိုင်ငံတာက ၀န်ကြီးတွေ၊ အမတ်တွေကို မြူဆွယ်နေတဲ့အချိန်။ ဒီအချိန်မှာ နယ်စပ်က DKBA လည်း စားပေါက်မချောင်တော့ အချင်းချင်းပြန်ပေါင်းကြ။ တချိန်တုန်းက ပေါင်းခဲ့တဲ့ နအဖကို ပြန်တီးကြနဲ့အလှုပ်ရှုပ်နေကြလေရဲ့ ။
ဦးသုဝေ၊ NDF အဖွဲ့တွေကလည်း အမတ်ကလေးသုံးလေးနေရာလောက်ရထားတယ်ဆိုတော့ ဘ၀င်တွေမြင့်လို့။ ရပ်ကွက်ထဲမှာ ခေါင်းပေါင်းစတလူလူနဲ့ ဘယ်သူကိုမှ လူမထင်။ ဖင်ခေါင်းကကျယ်။
မွန်သစ်ပါတီ၊ ကေအိုင်အို၊ အက်စ်အက်စ်အေစတဲ့တိုင်းရင်းသား အဖွဲ့တွေကလည်း မျှောက်သစ်ကိုင်းလွှတ်မှာအသေကြောက်တော့ ဖွဲ့ပြီးသားတပ်ပေါင်းစုတွေကို ထပ်ဖွဲ့ကြနဲ့ပေါ့။ သူတို့ ဒီလိုအလုပ်တွေရှုပ်နေကြတဲ့အချိန်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွတ်ကြီး ဘာလုပ်တယ်မှတ်လဲ။
ဘာလုပ်လို့ဘာကြံရမှန်းမသိတော့ မရှိတဲ့ဆံပင်ကို ကင်ပွန်းရည်နဲ့ လျှော်၊ ခေါင်းကိုပြောင်နေအောင်ဖီးပြီး ရေကူးကန်ဘောင်ပေါ်မှာ ၀ိုင်ခွက်လေးနဲ့ ဇိမ်ယူနေတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေအရှေ့ အခစားဝင်ဖို့ ပြင်ဆင်နေပါတော့တယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မှုးကြီးက ဘာပြောတယ်မှတ်လဲ။
"နှမစောင်းလေး...ငါ..အနားယူနေတာ အလိုက်ကန်းဆိုး မသိဘူးလားဆိုပြီး ၀ိုင်ခွက်နဲ့ "ထ" ပြီးပေါက်လေရဲ့ ဗျာ"......