ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/31/09

ဘလော့ဂ်ရေးတာ နှစ်ပတ်နားပါတယ်။

ဘလော့ဂ်ရေးတာ နှစ်ပတ်နားပါတယ်။ လာရောက်လည်ပတ် သူမိတ်ဆွေအပေါင်း ချမ်းမြေ့သာယာပါစေ။ ဒေါ်စုလည်းလွတ်ပါစေ။ သန်းရွှေအစိုးရလည်း မြန်မြန်နိဂုံးချုပ်ပါစေ..။

7/29/09

ဖွဲ့စည်းမှုအသစ်သည် ကြီးမားသောအောင်မြင်မှုဖြစ်သည်

ဗဟိုကော်မတီအထူးအစည်းအဝေးမှတ်တမ်းပုံများ
အခုလိုဖွဲ့စည်းလိုက်တာဟာ ကြီးမားတဲ့အောင်မြင်မှုနဲ့အလှည့်အပြောင်းဖြစ်ပါတယ်။ အနာဂတ်တိုင်းပြည်တည် ထောင်ရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာမှာ ဒီလိုပြတ်ပြတ်သားသားမလုပ်ဘူးဆိုရင် ရှေ့ ဆက်သွားဖို့ လမ်းတွေပိတ်နိုင်ပါတယ်။ ဖွဲ့စည်းမှုအသစ်တော့ပြီးသွားပြီ...။ ရှေ့ ဆက်လုပ်မဲ့လုပ်ငန်းတွေ၊ တည်ဆောက်ရေး တွေမှာ အရင်ကအတိုင်းမဖြစ်ဖို့တော့ သတိထားရတော့မယ်။ စနစ်တကျဖြစ်စေချင်ပါတယ်။ ဗဟိုဦးဆောင် ကော်မတီ ၈ ဦးကို ၀န်းရံဖို့အသင့်ရှိပါတယ်။ ထောက်ခံပါတယ်။ အမေရိကန်အခြေအနေ ဆုတ်ယုတ်တာတော့ စိတ်မကောင်းဘူး။

7/21/09

ထက်ဝေမှ ဘုန်းကျော်သို့ ပေးစာ

အစ်ကိုတို့မိသားစုတော့ နေကောင်းပါတယ် ညီရဲ့ ဘလော့ဂ်ကိုတော့အမြဲတမ်းဖတ်ဖြစ်တယ် ကောင်းပါတယ် ။ ပေါက်ကွဲသွားတော့ ရင်ထဲပေါ့သွားတာပေါ့ အားလုံးကဒီလိုမျိုးခံစားနေရတာတွေများနေပြီး ဒို့အတိုက်ခံ ခေါင်းရှောင်များတော့သရေထူနေလို့ ဘယ်သူတွေဘာပြောပြောဂရုမစိုက်ဘဲ့လုပ်နေတာ အားလုံးအသိဘဲ့ အစ်ကိုလဲစာမရေးတက်လို့ရေးတက်ရင်ပြောချင်တာတွေအများကြီး။

ကိုယ်ငယ်ငယ်တုန်းကရင်နှီးဘူးတဲ့ အစ်ကိုရဲ့ အစ်ကိုသူငယ်ချင်းမီးရထားရဲတွေအကြောင်းကိုပြန်စဉ်းစားမိတော့ ဒီနေ့ဒီမိုကရေစီအတိုက်ခံများတိုင်းရင်းသားအတိုက်အခံများနှင့်သွားတူနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ မီးရထားရဲက သူကင်းစောင့်ရင် အိပ်ပြီးစောင့်တယ်။ ဒါပေမဲ့ သူကအသံတော့အော်တယ် မွန်လိုလဲအော်တယ် ဗမာလိုလဲအော်တယ် ဒါပေမဲ့သူကတော့အမြဲတမ်းအိပ်နေတယ်။ ဒို့...အတိုက်အခံများလဲ အဲဒီလိုမျိုးပဲ အိပ်ယာထဲကမထွက်ပဲထထအော်နေတယ် ။ ဒီကြားထဲ ပညာရှင်များဟုယူဆကင်းမွန်တပ်နေသူများလဲ ပြည်သူ တွေကသူတို့လောက်နားမလည်ဘူးမတက်ဘူးလို့ထင်ပြီး လေလှိုင်းထဲကနေ ဆရာ့ဆရာကြီးလေသံတွေ
ပေးပြီးပြောနေတာတွေလဲ နားမထောင်ချင်အဆုံးပဲ တချို့သတင်းဌာနတွေဆိုရင်အကြောင်းမရှိအကြောင်းရှာပြီး ရေလားမြောင်းပေးမျိုးလို့ပြီးပြောခိုင်းနေကြတယ်။

အားလုံးကလူထုတွေအရှေ့ထွက်လာဖို့ပြောပြောနေကြတယ် ကျနော်တို့အရှေ့ထွက်ပြီးအသေခံတိုက်ပေးမယ်လို့ ဘယ်ခေါင်းရှောင်တွေကအသံထွက်ဘူးလဲ အလဲကားနေရင်းပရိုပိုဆယ်တင်ဖို့အတွက် နာမည်ကောင်းရဖို့ အတွက်လုပ်နေကြတာ အားလုံးသိတယ်။ အပြင်မှာလုပ်စားနေတဲ့တော်လှန်ရေးသမား နိုင်ငံရေးသမားတွေကို အရင်းရှင်းပစ်မှ နအဖကိုနိုင်မယ်လို့အစ်ကိုယူဆတယ်။

အထဲကလူတွေအပြင်မှာလာပြီးတော်လှန်ရေး၊ နိုင်ငံရေးကိစ္စလာဆွေးနွေးပြီးရင် မကြာခင်သူတို့ဖမ်းခံထိ တော့တယ် အဲဒါဘာဖြစ်လို့ဖမ်းခံထိသလဲနအဖတော်လို့မဟုတ်ဘူး ကိုယ်ထဲကလူတွေက အဖွဲ့စည်းနာမည်ကြီး အောင်ကိုယ့်ကိုသူများအထင်ကြီးအောင် နိုင်ငံခြားသားတွေဆီက ဒေါ်လာများများရအောင်လုပ်နေကြတာ။

နိုးဘုတ်၊ ဘုတ်နိုး၊ နာဂစ် အဲတုန်းကပိုက်ဆံတွေ ဘယ်လောက်ရကြသလဲဆိုတာ ညီ....စုံစမ်းကြည့် အစ်ကိုထင်တော့တော်တော်ချမ်းသားသွာကြတယ်။ဒါကြောင့်အစ်ကိုအထက်မှာပြောတဲ့အတိုင်း မီးရထား ရဲတွေ လိုမျိုး သူတို့လဲအိပ်ပြီးအော်အော်နေတာပေါ့။ နအဖကိုအသက်သေခံတိုက်ဖို့အတွင်းထဲဝင်ပြီးလူထု ရှေ့ထွက်မဲ့ ခေါင်းဆောင်ရှိရင်စာရင်းပြုစုထားပေးပါ။ အစ်ကိုသူတို့ကိုဆွေစဉ်မျိုးဆက်ကျွန်ခံလုပ်ကျွေးမယ်။ အရင်ကတော့ ၀ါးရုံအောင်ကအာဏာလုတယ်လို့ ပြောကြတယ်။ အခုက မာစီးဒီးကားထဲမှာ ဒေါ်လာလု ဘီယာလု မယားလုနေတာဖြစ်နေပြီး။စိတ်ပျက်စရာမြန်မာအတိုက်အခံများ ရုပ်ရှင်တကားရိုက်ဖို့ဒါရိုက်တာရှာပြီးရိုက် ခိုင်းရမယ်။ သတင်းဌာနတွေလဲသိပ်မယုံနဲ့ အထဲကလူတွေကိုထောင်ထဲပို့နေတာသတင်းဌာနတွေလဲ အများကြီးပါတယ်။ ဒီဗွီဘီဆိုရင် သူများတွေပြောနေတာကြာပြီ အခုလဲ နုးကရီးယားလိုဏ်ခေါင်းတွေကိစ္စ သူများတွေအထင်မကြီးမှာစိုးလို့ သူတို့မှာအများကြီးရှိသေးတယ်ဆိုပြီးပြောလိုက်တယ် တချို့နာမည်တောင် ထည့်ပြောလိုက်တာတွေရှိတယ်လို့ပြောနေကြတယ်။တော်တော်တက်နိုင်တဲ့လူတွေပဲ။


7/20/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့-၅


Breaking News
ပျက်စီးနေသောသတင်း

နော်ဝေ နဲ့ အမေရိက မှာနေတဲ့ ထိပ်သီးခေါင်းဆောင်ကြီးတွေ ဌာနချုပ်မှာ ရောက်နေကြပြီ။ ဒူးတိုက် ဆွေးနွေးတော့ မယ်။ ဆွေးနွေးပွဲပြီးသွားရင် ဆွေးနွေးပွဲမှာ ဘယ်လိုဆုံးဖြတ်ချက် တွေချလဲဆိုတာကိုတော့ သိချင်တယ်ဗျို့ ...။ ဖြစ်နိုင် ရင် နော်ဝေနေဲ့ အမေရိကကို မပြန်ဘဲ နယ်စပ်မှာ ဆက်လုပ်ကြရင် သိတ်ကောင်းမှာပဲ....။
နော်ဝေပြန်ရင် ထုံးသုတ်ရမယ်။ အမေရိကန်ပြန်ရင် ဆူရှီလိပ်နေရမယ်။ ဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်တာ ဂုဏ်ရှိပါတယ်။

ကျနော်ရဲ့ ဘာသာပြန်ချက်အားနည်းမှု့ ကြောင့်ပါ။

7/16/09

အပျင်းပြေနိုင်ငံရေးလုပ်သူများ

အပျင်းပြေနိုင်ငံရေးလုပ်သူများ

ဒီလိုလူတွေကို နိုင်ငံရေးလှုပ်ရှားမှု့တိုင်းမှာတွေ့နိုင်တယ်။ သူတို့ကို အုပ်ပျော်လို့လည်း ခေါ်တယ်။ လူတွေအုပ်စုလိုက် စုရုံးစုရုံးလုပ်နေရင် သူ့စိတ်ကအလိုလိုပျော်လာတယ်။ ပါဝင်လှုပ်ရှားလာတယ်။ တချို့  သူတွေခေါ်တာက ဒီလိုလူမျိုး ကို ၁၀၉-၁၁၀ လို့ခေါ်တယ်။ အလုပ်မယ်မယ်ရမရှိ၊ အားနေတော့အပျင်းပြေနိုင်ငံရေးလုပ်သူများအဖြစ် ရောက်သွားတယ်။ အုပ်စုမရှိတဲ့အခါမှာ ဒီလူတွေဟာ နိုင်ငံရေးမလုပ်တက်တော့တာကိုတွေ့ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အုပ်စုရှိမှမဟုတ်ဘူး။ တစ်ယောက် တည်းလည်း လုပ်လို့ရတယ်။ အပျင်းပြေနိုင်ငံရေးလုပ်သူတွေများလာတဲ့အခါ ကောက်ရိုးမီးလိုပဲ ခဏလေး ငြိမ်းသွားတယ်။

ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုတာကလည်း အုပ်ပျော်တွေများလာပြီး လေကန်သလိုဖြစ်လာနေပြီ။ ထိထိရောက်ရောက်မရှိသလို ဖြစ်နေတယ်။ တခုခုလုပ်ပြီးရင် စကားများ၊ ရန်ဖြစ်ပြီး ရှေ့ ဆက်လုပ်ဖို့ ရပ်တန့်သွား တာကိုသတိထားမိတယ်။ ဥပမာ- ၈၈၈၈ လေးလုံးအခန်းအနား၊ ဒေါ်စုမွေးနေ့ စတဲ့နိုင်ငံရေးအခန်းအနားလုပ် တာဟာ နောက်ပိုင်းကျတော့ ပါတီပွဲပေးသလိုမျိုး ဖြစ်လာခဲ့တယ်။

နောက်တခု ညီလာခံ။ အမေရိကမှာ ခဏခဏ ကြားရတယ်။ ဖို့ဝိန်း ညီလာခံ။ စစ်အာဏာရှင် ဖျက်သိမ်းရေးညီလာခံ။ ဟို..ညီလာခံ။ ဒီ...ညီလာခံ။ လူတွေနဲ့ ဆုံးဖြက်ချက်ချတယ်။ လူအများကြီးနဲ့ ဟို..ကော်မတီ ၊ ဒီ...ကော်မတီဖွဲ့တယ်။ နောက်ဆုံးညီလာခံရဲ့ ရလာဒ်က လူတွေစုံပြီး၊ ကော်မတီဖွဲ့စည်းရေး အဆင့်လောက်နဲ့ရပ်တန့်သွားတာများတယ်။

ကော်မတီရဲ့ သက်တမ်၊ ကော်မတီရဲ့ အောင်မြင်မှု့ကိုတိုင်းတာတဲ့ပေတံ၊ တာဝန်ခံမှု၊ စနစ်တကျရုံးအဖွဲ့၊ လူအားငွေအားတွေကို မတွေ့ခဲ့ရသေးဘူး။ အလုပ်အားတဲ့အချိန်မှာ နိုင်ငံရေးကိုအပျင်းပြေ၊ အမြည်းလုပ် သလိုတွေဖြစ်လာနေတယ်။ လူစုံပါတီပွဲမှာ ပွားမယ်၊ ပြီးရင်သောက်မယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ လူအထင်မကြီးတော့ပဲ၊ လူသစ်တွေရဲ့ ပူးပေါင်းပါဝင်မှုအားနည်းလားတယ်။ ဒါဟာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ ဒါဟာ ပါတီပွဲပေးတာသာဖြစ်တယ်။ ရှင်းလင်းပြတ်သားတဲ့ စီမံကိန်းလည်းမရှိဘူး။ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို မြင်နိုင်ရမယ်။ အခုလိုမျိုးနိုင်ငံရေးလုပ်ရှားမှုဟာ ကတယ်တန်းတော့ အရမ်းရိုးတယ်၊ ရှယ်မဖြစ်သေးဘူး။

စစ်အာရှင်ဖျက်သိမ်းရေးမဟာဗျုဟာညီလာခံမှ ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပို့ ကော်မတီဝင်တစ်ယောက်ကို ဒေါ်လာ တစ်ထောင်လောက်ဝိုင်းထည့်ရင် သိတ်ကောင်းမှာပဲ။ ဒါဆိုရင် အောင်မြင်မှုကို တိုင်းတာနိုင်လိမ့်မယ်။ အယောက်လေးဆယ်ဆိုရင် ဒေါ်လာလေးသောင်းရမယ်။ အဲဒိလောက်ရ ရင် သန်းရွှေအိမ်ကို ဗုံးခွဲလို့ ရတယ်။

မှတ်ချက်။ ။ ကိုဂင်ကြီး မှတ်တမ်း ရှယ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း။

7/14/09

DVB က မသီတာ..ရဲ့ ဟာသများ...


ဒီနေ့ဗျာ.. ပျင်းပျင်းရှိတာနဲ့ youtube မှာ သီးလေးသီး ဟာသတွေကြည့်ချင်လို့ ဖွင့်မိတယ်။ သီးလေးသီးကြည့်ရင် ရီရတော့ အပျင်းပြေတယ်။ ရိုးရိုးရီရတာ မဟုတ်ဘူး။ စပါယ်ရှယ်ကို ရီရတော့ တအားရီပြစ်တယ်။ တခမ်းပြီး တခမ်း ကြည့်တယ်။ နောက်တခုပေါ်လာတာက DVB က မသီတာ တင်ဆက်တဲ့ ဟာကိုတွေ့တော့ ပိုပြီးရီရတယ်။ အိုက်တင်ကလည်းပိုလွန်းအားကြီးတယ်။ ရုပ်ကလည်းဆိုး သေးတယ်။ ဒီဗွီဘီမှာ လူမရှိတော့ဘူးလားမသိဘူး။ ကျနော်အဲဒါကိုကြည့်ပြီး နောက်ဒီဗွီဘီကြည့်ဖို့ တော်တော် ၀န်လေးတယ်။ သြော်...ဒုက္ခ...လူလဲစမ်းပါဗျာ..ကြည့်ရတာ မျက်စိနောက်တယ်။

စစ်အာဏာရှင်နဲ့တန်တဲ့ဗမာတွေ.....

ဗမာတွေဟာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ ဘာသာရေးကိုင်းရှိုင်းတယ် လို့ပြောကြတယ်။ ဗမာတွေဟာ ဗမာလူမျိုး ပီပီ စောက်တလွဲလုပ်တာကြတော့ ဘယ်သူမှမပြောဘူး။ ဗမာဆိုရင် ကြွားတယ်၊ ဆန်မရှိ စောက်စားကြီးတယ်၊ တလွဲ ဆံပင်ကောက်တယ်၊ ပျင်းတယ်..လို့ ဘယ်စာရေးဆရာ၊ ဘယ်နိုင်ငံရေး သမားတွေ ပြောလဲ။ ကောင်းတာချည်းပဲ ပြောတာများတယ်။ ဗမာတွေဟာ တကယ်တမ်း တွေးကြည့်ရင် သုံးစားလို့မရတဲ့ လူမျိုးတွေအထဲမှာပါတယ်။ ဗမာပြည် မှာနေတုန်းက၊ ထမင်းငတ်တော့ မျက်နှာ ကတမျိုး၊ နိုင်ငံခြားရောက်ပြီး ထမင်းဝတော့... -ီး...တောင်တယ်။ မရခင်တုန်း ကအသနာခံတောင်းတယ်၊ ရပြီးတော့ ကလန်တဲ့ လူမျိုးတွေ။

စစ်အာဏာရှင်နဲ့ ပေါင်းလို့ကောင်းတုန်းကတော့ သမီးပေးသမက်ယူ၊ စစ်အာဏာရှင်နဲ့မတည့်တော့ ဒီကောင်တွေ လူပါးဝတယ်၊ အာဏာရှင်လုပ်တယ်လို့ပြောတယ်။ ကိုယ်စောက်သုံးမကျတာကိုတော့ ထည့်မပြောဘူး။ ကိုယ်ရတုန်း ကတော့အတူတွဲပြီး အမှန်တရားကိုခြေကန်ကြတယ်။ မတည့်တော့မှ အမှန်တရားအနောက်ကို စောက်ရှက်မရှိလိုက်ကြတယ်။ ငါတို့က သူတို့လက်အောက်မှာ ကြောက်လို့နေရတာပါ လို့ဆင်ခြေတွေကိုခင်းပြတယ်။ အရင်တုန်းက စစ်တပ်က ဗိုလ်ချုပ်၊ ညွန်ကြားရေးမှု၊ မန်နေဂျာတွေ သူတို့အိတ်ဖေါင်းပြီး ကောင်းစားနေတုန်းကတော့ ဘာစောက်သံမှ မကြားရဘူး။ သူတို့လဲပြုတ်ရော ...ဒီအစိုးရက...စောက်သုံးမကျဘူးဆိုပြီး စောက်ရှက်မရှိ ပြောရက်တယ်။ ဒါ့ကြောင့် ဗမာတွေဟာ စစ်အာဏာရှင် နဲ့ပဲတန်တယ်။ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ...အာဏာရှင်အုပ်ချုပ် လာတယ်။ ဒါကဘာကိုပြလဲဆိုတော့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်နဲ့ပဲတန်တယ်ဆိုတာကို ပြတယ်။ ဒီလိုလူမျိုးတွေ နိုင်ငံရေးလုပ်တဲ့အခါကျရင် ဘယ်လိုလုပ်ပြီး ယုံရမှာလဲ။ အိတ်ဖောင်းရင် စိတ်ပြောင်းကြတဲ့လူတွေ။

အခုဆိုရင် ပြည်တွင်းမှာ ငတ်နေ၊ ပြတ်နေ၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုမသနားတော့ဘူး။ ကိုယ့်ကိုယ်တိုင် ထမင်းဝအောင်လွတ်မြောက်အောင်မလုပ်နိုင်ရင် ဘယ်သူမှ ကိုယ့်ကိုလာပြီးထမင်းမကြွေးဘူး။ မကယ်တင်ဘူး။ အနည်းဆုံးတော့လွတ်ရာကျွတ်ရာသွားပြီး ဖောက်ထွက်နိုင်ရမယ်။ စစ်အစိုးရကတော့ ဘယ်တော့မှ အာဏာ ကိုလွှတ်မှာမဟုတ်ဘူး။ ကိုယ်ကတော်လှန်မှရမယ်။

အခုဆိုရင် နိုင်ငံခြားမှာ ဗမာတွေထွက်ပြီး အလုပ်လုပ်ရတယ်။ နိုင်ငံခြားရောက်ပြီး ဗမာပြည်မပြန်ရမှာဆိုးလို့၊ ကြောက်လို့ဆိုပြီး၊ အဝေးကနေတောင် စစ်အစိုးရကိုတရားဝင်ဖြစ်အောင် လုပ်နေသေးတယ်။ အားလုံးသိရက် သားနဲ့။ မြန်မာပြည်မပြန်ရတော့ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။

လူကြီးတွေကပြောတယ်။ မြန်မာပြည်ကို လူငယ်တွေကဦးဆောင်ရမယ်လို့။ ဒါဆိုရင် ခင်ဗျားတို့လူကြီးတွေကော ဘာလုပ်မှာလဲ။ လူကြီးကအရင်သေမှာ။ လူငယ်က လူလုပ်ဖို့အများကြီးလိုသေးတယ်။ တကယ်တန်းလူကြီးတွေ ကအသက်အသေခံပြီးတိုက်ပွဲကိုရှေ့ ကနေဦးဆောင်ပြီး လူငယ်တွေကို ကာကွယ်ရမှာ။ အခုတော့ တလွဲ..တခါ လာလဲ မင်းတို့လူငယ်တွေလုပ်ရမှာ.... လို့ ....ကြောင်တောင်တောင် ဆရာလုပ်ချင်တယ်။

တိုင်းပြည်ဘာ့ကြောင့်ဆင်းရဲလဲဆိုတော့ အကြောင်းတွေပေါင်းစုံရှိတယ်။ ဗမာပြည်သူတွေဟာ တလွဲတွေးတယ်။ ဥပမာအနေနဲ့ ဘာသာရေးကိုပြောမယ်။ ဘုန်းကြီးတွေတအားများတယ်။ ဘုန်းကြီးတွေများတာဟာ ဘာသာရေး ရှု့ ထောင့်ကနေကြည့်ရင် အားကောင်းတယ်။ အလုပ်မလုပ်ချင်တော့ရင်၊ အသက်ကြီးလာရင် ဘုန်းကြီးဝတ်ဖို့ စဉ်းစားတယ်။ စစ်သားလူထွက်၊ ဘုန်းကြီးလူထွက်တွေ အပြင်လောကရောက်ရင် ဘာလုပ်ရမှန်းမသိတော့ဘူး တိုင်းပြည်ကုန်ထုတ်လုပ်မှုလျှော့နည်းတယ်။ ဘုန်းကြီးဆိုတာ လှူမှ သူတို့ရပ်တည်နေနိုင်တယ်။ ဒီလိုပဲ ဘုရားတည် ကျောင်းဆောက်တယ်ဆိုတာ စီးပွားရေး လုပ်သလို ဘာဝင်ငွေမှတိုးလာတာမဟုတ်ဘူး။ ကုန်တာပဲ အဖတ်တင်တယ်။ မြန်မာပြည်က အမိအဖဆွေမျိုးတွေ ကိုပိုက်ဆံပို့ပေးတဲ့အခါ အပြိုင်အဆိုင်တောင် လှူသေးတယ်။ အပြိုင်အဆိုင်လှူတော့ ကိုယ့်အတွက် ဘာရလဲ။ ဘာမှမရဘူး။ ဒါ့ကြောင့်ဗမာတွေဟာ တလွဲဆံကောက်တယ်လို့ပြောတာ။ မလှူနဲ့လို့ပြောတာမဟုတ်ဘူး။ စားဖို့မရှိတာလည်းမပြောနဲ့ လှူပြီးရင် လက်တလော စားဖို့ ချက်ချင်းပြန်မရဘူး။ ကုန်ရင် တောင်းမယ်။ မရှိရင် ရှိအောင် လုပ်ဖို့စဉ်းစားတာမရှိဘူး။ အရင်းအနှီး၊ ပညာမရှိ၊ အလုပ်ရှားတယ်လို့ အကြောင်းပြချက်ပေးတယ်။ နောက်ဆုံးတော့ ဒါပဲပြောချင်တယ်။ မလုပ်လဲ ကျနော်ကဘာမှမဖြစ်ဘူး။ လုပ်လဲ ကျနော့်အတွက် ဘာမှမရဘူး။ ဒီတော့ မလုပ်ချင်ရင်.. ငတ်....ကျပေါ့လို့ပြောရတော့မယ်။

7/13/09

ဘာ့ကြောင့် ဘုန်းကျော်..ဆဲ...ရတာလဲ..။

ကျနော့် ဘလော့ဂ်ရေးတဲ့အချိန်က အမြဲတမ်းဘီယာသောက်ရင်း၊ ကောင်းနေရင်း ရေးတဲ့ အချိန်ပိုများတယ်။ ကျနော့်ရဲ့ ဒေါသတွေကို ဘလော့ဂ်ပေါ်မှာ ပေါက်ကွဲပစ်လိုက်တဲ့အခါ အရမ်းကိုစိတ်ပေါ့သွားတယ်။ လာဖက်တဲ့သူ တွေတော့ထင်မယ်။ ဒီကောင် ရိုင်းတယ်လို့။ ကျနော့်ရေးတဲ့အခါ ရင်ထဲ၊ နှလုံးသားထဲက ထွက်လာတဲ့ ခံစားချက်တွေ ကို စာလုံးတွေအဖြစ်ပြောင်းလဲလိုက်တယ်။ ဒါဆိုရင် ကျနော့်စိတ်ပေါ့သွားပြီး အိပ်ရာဝင်ဖြစ်တယ်။

ကျနော်ဟာ စာရေးဆရာမဟုတ်၊ ကလေးကလား အချစ်နှလုံးသား၊ စိတ်ကူးယှဉ်ဖို့လဲ အချိန်မရှိဘူး။ အားတဲ့အချိန်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချတယ်။ အရင်တုန်းက ဘလော့ဂ်မှာ ဆဲဖို့ စိတ်တောင်မကူးဘူး။ အရမ်းရိုင်းလို့။ အခုတော့ ပေါ်တင်ဆဲတယ်။ ဘာ့ကြောင့်လဲဆိုတော့...။ ကျနော်နဲ့ရင်းနှီးတဲ့လူတွေက တယ်လီဖုန်းနဲ့မှုးလာရင် ကျနော့်ကိုဆဲတယ်။ ကျနော်ပြန်မဆဲဘူး။ ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေ ကော..ငယ်တဲ့သူတွေကော..ဗမာတစ်ယောက်အနေနဲ့ ဆဲဖို့ အင်မတန် ၀င်လေး တယ်။

ကျနော့်ကိုဆဲတဲ့သူတွေဟာ ကျနော့်ထက် ၁၀-နှစ်မကကြီးတယ်။ ကျနော်ပြန်ဆဲရင်ရတယ်။ ငရဲကြီးမှာ ကြောက်တော့ ဘယ်တော့မှ သူတို့ကို မဆဲဘူး။ သူတို့က မှုးမှ လူမသိ၊ သူမသိဆဲတယ်။ ကျနော်က ပေါ်တင်ဆဲတယ်။ လူသိသူသိ ဆဲတယ်။ ရှင်းရှင်းပြောရရင် မိုက်ရိုင်းဖို့လဲဝင်မလေးဘူး။

လူတွေဟာ ညိမ်ခံနေရင် ရောက်တက်တယ်။ ဒီတော့ နောက်ပိုင်းမကြိုက်တဲ့သူတွေကို နာမည်တပ်ပြီး ပေါ်တင် လူသိရှင်ကြားဆဲပေးအုံးမယ်။ လူတွေဟာ ဆဲမှ နာတယ်။

အားလုံးကိုတောင်ပန်ပါတယ်...

ကျနော် ဘလော့ဂ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲခဲ့မိတဲ့အတွက် အထူးပဲတောင်းပန်ပါတယ်။ လာလည်တဲ့သူတွေကို စော်ကားသလိုဖြစ်ခဲ့တယ်ဆိုရင် ပိုပြီးတောင်းပန်ပါတယ်။ နောက်ဒီလိုမဖြစ်အောင်ဆင်ချင်ပါ့မယ်။

7/12/09

ကိုငွေလင်း(အတွင်းရေးမှုး-၁)

ကိုငွေလင်း(အတွင်းရေးမှုး-၁)

ကိုငွေ...လို့ပြောရင် ရိုင်းရာကျမယ်။ ကျနော့်အဖေထက် နည်းနည်းပဲငယ်ငယ်မယ်။ ဦးငွေလင်း....လို့ ကျနော် သုံးချင်တယ်။ ဦးငွေလင်း...ကိုသိတယ်။ ရင်းနှီးတယ်။ လေးစားတယ်။ သူ့သမိုင်းက အင်တာနက်ပေါ်မှာ လေပဲပေး.. နေတဲ့ လူတွေနဲ့ယှဉ်ရင်.. ကိုရင်လေးနဲ့ ကျောင်းထိုင်.. ဘုန်းကြီး အဆင့်လို့မျိုးပဲ။ ကိုငွေလင်းက ဆရာတော်တပါးလို့ ပြောချင်တယ်။ လေးစားတယ်။ သိမ်မွေ့တယ်။ သူ့သမိုင်းက အုတ်ကျင်းမဟုတ်ဘူးဆိုတာ ခင်ဗျားတို့အားလုံးသိတယ်။

ကျနော့် အခု လူ့ဘောင်သစ်နဲ့ပက်သက်ပြီးရေးနေတာဟာ လူ့ဘောင်သစ်ကို ဖျက်လို့ဖျက်စီးလုပ်နေတာ မဟုတ်ဘူး။ တိုးတက်ဖို့အတွက်၊ အားလုံးပါဝင်လုပ်ဖို့အတွက် ဆော်အောတဲ့အဆင့်ဖြစ်တယ်။ အခုဌာနချုပ်မှာ ရှိတဲ့လူအတော်များများဟာ ဖာရုံသွားပြီး ဖာအမြဲချနေတဲ့ လူတန်းစားမဟုတ်ဘူး။ သူတို့အလုပ်ကိုသူတို့လုပ်နေ တယ်။ ကျနော့်အလုပ်က ကျနော်ဖြစ်စေချင်တာကို အားလုံးသိအောင်ပြောတဲ့အဆင့်။ လေကန်တဲ့အဆင့် ဖြစ်တယ်။ ကျနော်..သူတို့လို မလုပ်နိုင်ဘူး။

ပါတီမှာ ရှိတဲ့ပါတီဝင်တွေကော၊ စီစီဝင်တွေကော ပါတီ ကြီးထွားရေးအတွက် တာဝန်ရှိတယ်။ အရင်တုန်းကလို အသေးသုံး ရဖို့အတွက် မျှော့်လင့်ရမဲ့အချိန်မဟုတ်ဘူး။ ပါတီဝင်တွေလည်းတာဝန်ရှိတယ်။ အားလုံးမှာတာဝန်ရှိ တယ်။ ကျနော်တရားဝင် ပါတီဝင်မဟုတ်ပေမဲ့ ကျနော့်စိတ်ထဲမှာ အမြဲတမ်း လဘသ ပါတီဝင်ပဲဖြစ်တယ်။

lunswe70

lunswe70
ဒီစီဘောက်စ်မှာရေးတဲ့ ဘုန်းကျော် (လူ့ဘောင်သစ်) ဆိုတာ ကျနော်မဟုတ်ဘူး။ တစ်ယောက်ယောက်က လက် ကမြင်းထားတယ်။ ဘုန်းကျော် (လူ့ဘောင်သစ်) လို့ရေးထားတာတွေ့ရင် ကျနော့်ဆီကိုတိုက်ရိုက်အီးမေးပို့ပါ။ ကျနော့်ဘလော့ဂ်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကျနော်မရေးတော့ဘူး ဆိုတာအားလုံးသိပါစေ။

ဆရာဆွေ.. ကြောင်တောင်တောင်လုပ်ရင် ဆရာဆွေ နာလိမ့်မယ်..။ ဒီဘဲ.... ပေါက်ကရ မလုပ်ဘူးဆိုတာ ကျနော်သိတယ်။ တခုတော့ သတိပေးမယ်...ဆရာဆွေ..။ ကြောင်တောင်တောင် မလုပ်ပါနဲ့...။

http://cbox.ws/?n=3-2720923-6968

7/10/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့-၎

ဗဟိုကော်မတီဝင်တိုင်း နိုင်ငံခြားအတွေ့အကြုံ ရှိသင့်တယ်။ အင်္ဂလိပ်စကားမတက်ရင် ဘာသာပြန်ပေးမဲ့သူတွေ တပုံကြီးရှိတယ်။ အထူးသဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကလူတွေဟာ မဲ့ဆောက်၊ ချင်းမိုင် ကိုရောက် ဘူးတာနဲ့ အတွေ့အကြုံသစ်လို့မယူဆရဘူး။ ပြည်ပနိုင်ငံတွေကိုသွားရောက်ပြီး လေ့လာသင်ယူသင့်တယ်။ တခါလာလဲ ဥက္ကဌကြီးက ဘယ်နိုင်ငံမှာ၊ ဘယ်လိုပွားခဲ့တာ၊ ဘယ်နိုင်ငံမှာ ဘယ်လိုမျိုး လေ.. ပေးခဲ့တာ တွေများလာတဲ့အခါ၊ သူကြီးပဲ မင်းသားလုပ်တဲ့ပုံပေါ်ပြီး အလုပ်တွေပိနေတက်တယ်။ နိုင်ငံခြားရေးဌာနကလည်း နိုင်ငံတကာအတွေ့အကြုံကို လက်ဝါးကြီးမအုပ်သင့်ဘူး။ အင်္ဂလိပ်စာတက်မှ နိုင်ငံခြားသွားရမယ်ဆိုတာ မတရားဘူး။ သခင်ကိုယ်တော်မှိုင်းဆိုရင် ဘယ်လိုလုပ်မလဲ။ တရုတ်တွေ၊ ဂျပန်တွေကော အရင်တုန်းက အင်္ဂလိပ်စကားတက်လို့လား။ စကားပြန်နဲ့ အလုပ်ဖြစ်သွားကြတာချည်းပဲ။

ကျနော့်အတွေ့အကြုံအရ ၁၉၉၈-ခုနှစ်လောက်ကစပြီး ဗဟိုကော်မတီဝင်အများစုဟာ မဲ့ဆောက်၊ ချင်းမိုင်မှာ နေပြီး အစည်းအဝေးနဲ့ ကားပြင် (Workshop) ဖို့လောက်ကိုအချိန်ကုန်နေခဲ့တယ်။ ဒေါ်လာအနောက်ကိုသဲသဲ မည်းမည်းလိုက်နေခဲ့တယ်။ တချို့ လူတွေဆိုရင်ပွဲစားဆိုတဲ့နာမည်တောင်ရခဲ့တာဟာ သူ့ရဲ့ ကြိုးစားမှုဘယ် လောက်ရှိလဲဆိုတာကိုပြတာပါပဲ။ တကယ်တမ်းတော့ မှန်ပါတယ်။ ဒေါ်လာမှမရရင် ကျနော်တို့ဘာနဲ့ထမင်းစား ကြမလဲ။ ကိုယ်ပိုင်နယ်မြေမှာ စီးပွားရေးလုပ်ဖို့၊ အခွန်ကောက်ဖို့ဆိုတာကလည်း ဘယ်လိုမှမဖြစ်နိုင်။ မြင်းဆေး ရောင်းမှပဲရမယ်။ ပရိုပိုဆယ်တင်တာကိုအပြစ်မမြင်ပါဘူး။ ပေးတဲ့သူရှိလို့ တောင်းတဲ့သူလည်းရှိတာပေါ့ဗျာ..။ ဒါပေမဲ့ အဲဒိအနောက်ကိုသဲကြီးမဲကြီးလိုက်တဲ့အခါတွေများလာတော့ တော်လှန်ရေးသမားတွေဟာ ရေပေါ်ဆီ တွေအဖြစ်ပြောင်းလဲလာတော့တယ်။ ဒါကိုတော့ပြင်ရမယ်။

ပါတီမှာတာဝန်ရှိတဲ့သူတချို့ ကိုမေးဖြစ်တယ်။ ကျနော်ပြန်လာလုပ်ချင်တယ်ဆိုတဲ့အကြောင်း။ ပြန်လာရင် ကျနော်ဘာလုပ်ရမလဲဆိုတာ ဘယ်သူမှအတိအကျမသိဘူး။ စာတိုက်မှာ စာတိုက်ပုံးသွားဖောက်တဲ့အလုပ်။ ဆိုင် ကယ်နဲ့ လူအကြိုအပို့လုပ်၊ စာစီစာရိုက်၊ သင်တန်းတက်၊ ထမင်းချက်စား စတဲ့ အလုပ်တွေကိုတော့ မလုပ်ချင် တော့ဘူး။ အခုပါတီမှာရှိတဲ့ ပြည်တွင်းလုပ်ငန်းဆိုတာကလည်း လူသုံးလေးယောက်လောက်က အာဏာ သိမ်းထားတာဆိုတော့။ မညာစတမ်းပြောရရင် ပါတီဝင်တွေအတွက် အလုပ်မရှိတာကများပါတယ်။ နောက်တခု- မက်လုံးပေါ့။ အဲဓိကဆိုလိုတဲ့မက်လုံးက ငွေများများနဲ့ဖူဖူလုံလုံ ပေးနိုင်ရင် မဆိုးဘူး။ အရင်တုန်းကလို မဟုတ်တာတော့သေချာတယ်။ ဆိုင်ကယ်ကိုယ်ပိုင်တွေနဲ့ဆိုတော့ လူတိုင်းဖူဖူလုံလုံရှိနေလောက်ပြီ။

ဆက်လက်ရေးပါအုံးမည်..။

7/9/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့-၃

ပါတီဖွဲ့စည်းပုံစည်းမျဉ်းမှာ ဗဟိုကော်မတီအထူး အစည်းအဝေးကနေ ပါတီဖွဲ့စည်းပုံကိုပြင်လို့ရတယ်ဆိုတာကို မပြဌာန်းထားဘူး။ ဒါဆို ဘာ့ကြောင့် အထူးအစည်းအဝေးလုပ်ပြီးဖွဲ့စည်းပုံကို ပြင်အုံးမှာလဲ။ ဒီမိုကရက် တစ်အဖွဲ့အစည်းတခုအနေနဲ့ မလုပ်သင့်တဲ့အလုပ်ပါ။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရလို့ ပြောပြီး အခုတော့ တမျိုးဖြစ်နေပြီ။ ညီလာခံလုပ်လို့မရရင်ဘူးဆိုရင် ဘာ့ကြောင့်လုပ်လို့မရတာလဲ ဆိုတာကို ပါတီဝင် တွေကိုအသိပေးသင့်ပါတယ်။ ပါတီဝင်တွေက စိတ်မ၀င်စားရင်တော့ တမျိုးပေါ့။ အခုအခြေအနေကတော့ လက်နက်တော်လှန်ရေးနယ်မြေအတွက် ဖွဲ့စည်းပုံအသစ်ကတော့ အမှန်တကယ်အရေးတကြီးလိုအပ်နေပြီ။ အခုရှိတဲ့ဖွဲ့စည်းပုံက အခုပါတီအခြေအနေနဲ့လုံးဝကို မကိုက်ညီတော့ဘူး။

ဒီခေတ်ကြီးမှာ ညီလာခံလုပ်ချင်ရင်လုပ်လို့ ရတဲ့နည်းလမ်းတွေအများကြီးပါ။ လူကိုယ်တိုင်လာတက်စရာမလိုဘူး။ တယ်လီဖုန်း၊ အင်တာနက်တွေကို ကောင်းကောင်းအသုံးချတက်ရင် မြန်မာပြည်ကပါတီဝင်တွေကော၊ တတိယနိုင်ငံကပါတီဝင်တွေပါ တက်ရောက်နိုင်တယ်။ လိုအပ်တဲ့အကူအညီကို ကျနော်လည်းပေးနိုင်ပါတယ်။ လုပ်ပေးမဲ့သူတွေအများကြီးပါ။ ဌာနချုပ်ကသာ လုပ်ချင်တဲ့ဆန္ဒရှိရင်တော်ပြီ။

7/7/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့-၂

ပါတီဌာနချုပ်သည် ဒုက္ခသည်စခန်းမဖြစ်ရေး-

ပါတီဌာနချုပ်ကနယ်စပ်မှာရှိတယ်။ ဌာနချုပ်အလုပ်အတိအကျဘာတွေများလဲတော့မသိဘူး။ပြည်တွင်းက ပါတီဝင် တွေ၊ ယူဂျီလုပ်ငန်းမှာ ဆက်နွယ်သူတွေဟာ ဌာနချုပ်ကိုရောက်လာပြီး သုံးလေးလ၀င်လုပ် ၊ ပြီးရင် ၊ ယူအန် လျှောက်ပြီးကန့်ထဲကိုဝင်သွားကြတယ်။ ဒါဆိုရင် သူတို့တတိယနိုင်ငံကိုထွက်ဖို့အတွက် ပါတီဌာနချုပ်ကို အ၀င်ဂိတ် အဖြစ်လုပ်သလိုဖြစ်နေတယ်။ အဲဒိအတွက် စည်းကမ်းအတိအကျသက်မှတ်ထားတာမရှိဘူး။ အနည်းဆုံးပါတီမှာ သုံးနှစ်လေးနှစ် တာဝန်ထမ်းဆောင်ပြီးမှ ယူအန်လျှောက်ခွင့်ရှိတယ်ဆိုတာကို ပါတီဖွဲ့စည်းပုံ (သို့) စည်းကမ်း ထုတ်ရမယ်။

7/5/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့-၁

ပါတီမှာက စာရင်းကိုင်၊ စာရင်းစစ်မရှိဘူး။ ဘဏာရေးမှုးပဲရှိတယ်။ အဲဒီလိုပုံစံနိုင်ငံတကာမှာ ရှိတဲ့အဖွဲ့ အစည်းတွေ၊ မြန်မာပြည်ထဲမှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေမှာလည်းမရှိဘူး။ ရှင်းရှင်းပြောရရင် ငွေထိန်းလုပ်တဲ့ သူက ကြိုက်သလို လုပ်နိုင်တယ်ဟာမျိုးဖြစ်နေတယ်။ သူ့ကိုမရိုးသားဘူးလို့ပြောတာမဟုတ်ဘူး။ စနစ်ကို ပြောနေတာပါ။ ပွင့်လင်းမြင်သာမှုကို ပါတီဝင်တိုင်း အလိုရှိတယ်။ စီစီနဲ့စီအီးစီအစည်းအဝေးတွေမှာ တင်ပြယုံနဲ့မလုံလောက်ဘူး။ ပါတီဝင်တိုင်းကို တနှစ်တခါ ရှင်းတမ်း လုပ်ပေးရမယ်။ အဲဒိကိစ္စကို ပါတီဖွဲ့စည်းပုံမှာ တရားဝင်ပြဌာန်းရမယ်။

ဗဟိုကော်မတီဝင်တွေနဲ့ပက်သက်တာကိုတော့ ရှည်ရှည်ဝေးဝေးပြောစရာ မလိုတော့ဘူး။ မလုပ်နိုင်တဲ့သူ တွေထွက်ပါ။ လုပ်နိုင်တဲ့သူတွေနဲ့အစားထိုးပါ။ ကိုအောင်မိုးဇော်ဘက်လူ၊ သူ..ထောက်ခံလိုဆိုပြီး မဖြစ်စေရဘူး။ ဘယ်သူဘာ လုပ်နေလဲဆိုတာကို အခုခေတ်မှာ ဖုန်းတဆက်ဆက်လိုက်ယုံနဲ့သိပြီးသားပါ။ ဒီတော့ ..လက်တ လုံးခြား လူလည်လုပ်ဖို့ဘယ်တော့မှ မကြိုးစားပါနဲ့..။

ဘယ်ပါတီဝင်မှ တခြားအဖွဲ့အစည်းတွေကို သွားရောက်တာဝန်ထမ်းဆောင်ခွင့်၊ ၀င်ခွင့်မရှိစေရပါ။ အဲဒါကိုလည်း တရားဝင်ဖွဲ့စည်းပုံမှာထည့်ရမယ်။ နဂိုကတည်းက လူကနည်းရတဲ့အထဲ ငွေရလို့ဆိုပြီး တပ်ပေါင်းစုမှကော၊ အန်ဂျီလိုလိုအဖွဲ့တွေမှာပါ သွားရောက်ထမ်းဆောင်ရင် ပါတီကြီးထွားရေးကို ဟန့်တားစေလိမ့်မယ်။ လုပ်ချင်ရင် ပါတီကထွက်ပြီး အဲဒိအဖွဲ့တွေမှာ တရားဝင်ဝင်လုပ်။ ကိုမိုးသီးလို အဖွဲ့တွေအများကြီးမှာလျှောက်ပါ နေတာ မျိုးမလိုချင်ဘူး။ လူ့ဘောင်သစ်အား၊ အက်ဘီအက်ဖ်လား၊ ကြိုက်တဲ့လမ်းကိုရွေးဖို့ပြောတာ။ ဟိုအဖွဲ့ဖွဲ့လိုက်၊ ဒီအဖွဲ့ထဲမှာပါလိုက်..ဒါဆိုရင် ပါတီအင်အားနဲ့စည်းရုံးရေးထိခိုက်တယ်။

နောက်စကားတခုက-ပါတီမှာ ပြောနေတဲ့အလေ့အထစကားရှိတယ်။

'မင်းက..ပါတီကို.ဘာများပြန်လုပ်ပေးဘူးလဲ' ဆိုတဲ့စကား... ပါတီကကျွေးထားတာ...ပါတီကိုသစ္စာဖောက်တယ်... စတဲ့စကားတွေကိုတရားဝင်မပြင်နိုင်ရင် ပါတီပျက်လိမ့်မယ်။ ငါထောင်ခဲ့တာ..ငါ..ဒီအလံကို သယ်ခဲ့ရတာ..အရင် တုန်းက ဘယ်အန်ဂျီမှအကူအညီ မရဘဲ ငါတို့အနစ်နာခံခဲ့ရတာ..ဒါတွေကို..အခုပြောနေတုံးဆိုရင်.. ပြောတဲ့ သူတွေဟာ အုံးနှောက်မရှိလို့..မရိုးသားလို့..ပါတီမှာ တချိန်လုံးခေါင်းဆောင်ဆိုတဲ့..ရာထူးကိုလိုချင်လို့..ဆိုတာ အထင်အရှားပဲ..။ ကျနော်သိတယ်..။ ဒီစကားတွေဟာ ဘယ်သူ့ပါးစပ်က လာလဲဆိုတာ...။ လူ့ဘောင်သစ်ပါတီ သည် ကိုးမိုးသီး၊ ကိုမြင့်ဇော်၊ ကိုအောင်မိုးဇော်၊ ကိုဇော်နိုင်ဦး၊ ကိုညို စတဲ့သူတွေရဲ့  ပစ္စည်းမဟုတ်ဘူး ဆိုတာ အားလုံးသိပါတယ်။

ဆက်လက်ရေးပါအုံးမည်-

7/4/09

ဗဟိုကော်မတီအထူးအစည်းအဝေးသို့

တတိယနိုင်ငံတွေရွှေ့ ပြောင်းနေထိုင်သွားတဲ့ ပါတီဝင်တွေဟာ ဘယ်တော့မှပါတီမှာ ကိုယ်ထိလက်ရောက် မလုပ်နိုင်တော့ဘူးဆိုတာအားလုံးအသိပါ။ လက်တွေ့ဘ၀ကိုကြည့်ပါ။ ဥပမာ-ကျနော် အော်စီနိုင်ငံသားဖြစ်ပြီ။ မြန်မာနိုင်ငံသားလည်းဖြစ်တယ်။ ဒါပေမဲ့မြန်မာနိုင်ငံဟာ နှစ်နိုင်ငံသားဖြစ်ခွင့်မပေးတဲ့နိုင်ငံပါ။ ပါတီဖွဲ့စည်းပုံ မှာလည်း ပါတီဝင်တိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ရမည် ဆိုတာပါတယ်။ ကျနော်က အော်စီနိုင်ငံသား ဆိုတော့ ဘယ်လိုလုပ်ပြီးပါတီဝင်နိုင်တော့မှာလဲ။ ဒီလိုပဲအမေရိကနိုင်ငံသား၊ ယူကေနိုင်ငံသား၊ နော်ဝေနိုင်ငံသား တွေလာအုံးမယ်။ အားလုံးဟာကိုယ့်ဘ၀နဲ့ကိုယ် ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်ကုန်ပြီ။ ပါတီကို သတိရရင် သိတဲ့၊ ရင်းနှီးတဲ့မိတ်ဆွေတွေကို မှုးနေတုန်းအမြီးလုပ်တာပဲရမယ်။ ဒါက တတိယနိုင်ငံတွေမှာ နေတဲ့ ပါတီဝင်တွေ ပါတီယန္တယားလည်ပတ်နိုင်အောင် ကူညီပေးတဲ့အလုပ်လား။ ပါတီကိုပြန်လာဖို့၊ လုပ်ဖို့မပြောနဲ့..၊ တကယ်လို့ မြန်မာနိုင်ငံစစ်အစိုးရပြုတ်ကျပြီးတဲ့အချိန်မှာတောင် ဗမာပြည်မှာနေဖို့ဆိုတာ စိတ်ကူးယဉ်တာဘဲဖြစ်မယ်။ အခု..မိမိရှေ့ ကလူတွေကိုကြည့်..။ နောက်ဆုံးတော့ ရေကြည့်ရာမြတ်နုရာ အနောက်ပါသွားကြတယ်။ ကျနော် ပြောချင်တာက ပါတီမှာ တကယ်ထဲထဲဝင်ဝင်လုပ်နေတဲ့သူတွေ ပေါ်လစီချတဲ့အခါ စိတ်ကူးယဉ်တဲ့ ဟာကိုမလုပ် ပါနဲ့..။ပြတ်ပြတ်သားသားလုပ်ပါ။ ဘယ်သူကိုမှ အားမနာပါနဲ့...။ ၁၉၉၀-ပတ်ဝန်းကျင်ကအခြေအနေနဲ့ ၂၀၀၉ ဆိုတာ နှစ်ပေါင်း ၂၀ ရှိပြီ။ ဒါက ပြည်ပနေထိုင်တဲ့ ပါတီဝင်းတိုင်ဟာ ပါတီဝင်ဖြစ်ခွင့်၊ မရှိကိုဆိုလိုတာပါ။ အဲဒါကို နှစ်အကန့်အသတ်နဲ့ သတ်မှတ်ဖို့ကို လိုအပ်ပါတယ်။ ဥပမာ သုံးနှစ်အတွင်းပါတီကို ဆက်သွယ်မှုမရှိရင် အလိုအလျောက် ထွက်စေ..။ ဆိုတာမျိုး ထည့်ရမယ်။

နောက်တခု ငွေရေးကြေးရေးရှင်းတမ်း။ ကျနော်ပါတီဝင်သက်တန်းတခုလုံးမှာ တခါမှ ပါတီဘဏာရေးရှင်းတမ်း မတွေ့သေးဘူး။ ဘယ်လောက်ရလဲ၊ ဘယ်လောက်သုံးလဲ၊ ဆိုတာ တခါမှ မသိခဲ့ဘူး။ အဲဒါကိုရှင်းရှင်းလင်းလင်း လုပ်ရမယ်။ အဖွဲ့အစည်းတိုင်းဖြစ်ခဲ့တဲ့ပြသနာတိုင်းဟာ ငွေနဲ့ပဲစတယ်။ ဒါကို အဓိကထားပြီးလုပ်ရမယ်။

ဆက်လက်ရေးပါအုံးမည်..။

လူ့ဘောင်သစ်ပါတီ စီစီဝင်အားလုံးနှင့် ပါတီဝင်အားလုံး-


လူ့ဘောင်သစ်ပါတီ စီစီဝင်အားလုံးနှင့် ပါတီဝင်အားလုံး-

အခုအခြေအနေအရ ပါတီဌာနချုပ်ကနေ ကျနော်တို့ကိုလှမ်းပြီး ဂါရ၀ ပြုနေပြီ။ ကျနော်လိုချင်တာက အကြံပေးတာ ထက် မိမိကိုယ်တိုင် လုပ်ကိုင်တာကိုမြင်ချင်တယ်။ အခုစာက ဌာနချုပ်ကလည်းမပြတ်သားဘူး။ အကြံပေးတာ ကိုတောင်းခံတာထက်စာရင် အမိန့်ပေးတာကိုလိုချင်တယ်။ ဌာနချုပ်ကိုယ်တိုင်အားနည်းရင် ဌာနချုပ်ခဏနားပါ။ လူလဲပါ။ ကိုခင်မောင်တင့်မကောင်းဘူးဆိုရင် ကောင်းတဲ့သူနဲ့အစားထိုးပါ။ အထူးအစည်းအဝေးမလိုချင်ဘူး။ ညီလာခံပဲ မျှော်လင့်တယ်။ မရိုးမသားမကြံစည်ပါနဲ့။ တကမ္ဘာလုံး မှာလူ့ဘောင်သစ်တွေအများကြီးဆိုတာ သတိထားပါ။

View My Stats