ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/12/09

ကိုငွေလင်း(အတွင်းရေးမှုး-၁)

ကိုငွေလင်း(အတွင်းရေးမှုး-၁)

ကိုငွေ...လို့ပြောရင် ရိုင်းရာကျမယ်။ ကျနော့်အဖေထက် နည်းနည်းပဲငယ်ငယ်မယ်။ ဦးငွေလင်း....လို့ ကျနော် သုံးချင်တယ်။ ဦးငွေလင်း...ကိုသိတယ်။ ရင်းနှီးတယ်။ လေးစားတယ်။ သူ့သမိုင်းက အင်တာနက်ပေါ်မှာ လေပဲပေး.. နေတဲ့ လူတွေနဲ့ယှဉ်ရင်.. ကိုရင်လေးနဲ့ ကျောင်းထိုင်.. ဘုန်းကြီး အဆင့်လို့မျိုးပဲ။ ကိုငွေလင်းက ဆရာတော်တပါးလို့ ပြောချင်တယ်။ လေးစားတယ်။ သိမ်မွေ့တယ်။ သူ့သမိုင်းက အုတ်ကျင်းမဟုတ်ဘူးဆိုတာ ခင်ဗျားတို့အားလုံးသိတယ်။

ကျနော့် အခု လူ့ဘောင်သစ်နဲ့ပက်သက်ပြီးရေးနေတာဟာ လူ့ဘောင်သစ်ကို ဖျက်လို့ဖျက်စီးလုပ်နေတာ မဟုတ်ဘူး။ တိုးတက်ဖို့အတွက်၊ အားလုံးပါဝင်လုပ်ဖို့အတွက် ဆော်အောတဲ့အဆင့်ဖြစ်တယ်။ အခုဌာနချုပ်မှာ ရှိတဲ့လူအတော်များများဟာ ဖာရုံသွားပြီး ဖာအမြဲချနေတဲ့ လူတန်းစားမဟုတ်ဘူး။ သူတို့အလုပ်ကိုသူတို့လုပ်နေ တယ်။ ကျနော့်အလုပ်က ကျနော်ဖြစ်စေချင်တာကို အားလုံးသိအောင်ပြောတဲ့အဆင့်။ လေကန်တဲ့အဆင့် ဖြစ်တယ်။ ကျနော်..သူတို့လို မလုပ်နိုင်ဘူး။

ပါတီမှာ ရှိတဲ့ပါတီဝင်တွေကော၊ စီစီဝင်တွေကော ပါတီ ကြီးထွားရေးအတွက် တာဝန်ရှိတယ်။ အရင်တုန်းကလို အသေးသုံး ရဖို့အတွက် မျှော့်လင့်ရမဲ့အချိန်မဟုတ်ဘူး။ ပါတီဝင်တွေလည်းတာဝန်ရှိတယ်။ အားလုံးမှာတာဝန်ရှိ တယ်။ ကျနော်တရားဝင် ပါတီဝင်မဟုတ်ပေမဲ့ ကျနော့်စိတ်ထဲမှာ အမြဲတမ်း လဘသ ပါတီဝင်ပဲဖြစ်တယ်။

No comments:


View My Stats