ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/2/09

ယက်တော၊ FDB နှင့် ဒေါ်စု






ဘာတွေလဲဗျာ။ နားလည်ရခက်တယ်။ ဘို...မြင်တိုင်း သင်တန်းတက်ချင်နေရင်တော့ သြစီက မျောက်ကုလားကိုပဲ အားကိုးပါတော့။
(သြစီရှိ မျောက်ကုလားသည် အသားမဲသည်။ ရုပ်ဆိုးသည်။ အမြဲတမ်းမူးနေသည်။ အလုပ်မလုပ်ပါ။ သူတို့သည် အားလုံး၏ အော့နှလုံးနာသည့် လူမျိုးများအဖြစ်ယခုတွင်တည်ရှိသည်။ သူတို့သည် ဌာနေတိုင်းရင်းသားဖြစ်သည်)။

ဒေါ်ကြိုင်ကြိုင်

ဒေါ်ကြိုင်ကြိုင် အကြောင်းသိချင်ရင် နို့ဘိုးမှာ သူ့ရွာကလူရှိတယ်။ ကျနော့်အဖွားနဲ့ ဒေါ်ကြိုင်ကြိုင်နဲ့ ငယ်သူငယ်ချင်း တွေပဲ။ သထုံက၊ ကျိုက်ကော်ရွာမှာ သူ့အိမ်ရှိတယ်။ သူ့အမျိုးတွေရှိတယ်။ အခု...အားလုံးချမ်းသာနေပြီ။ အရင်တုန်း က ကုန်းကောက်စရာမရှိအောင် ဆင်းရဲတယ်။ ပအိုဝ့် ဖြစ်ပြီး ရိုးသားတဲ့လူထဲမပါဘူး။ ခင်ဗျားတို့မှာ... ယူဂျီအပျံစား ရှိရင် အဲဒိကိုသွားခိုင်းပြီးသတင်းယူ။

တရားဝင်နှင့်တရားမ၀င်ဗဟိုကော်မတီ

ပါတီအားအောက်ပါ ဗဟိုကော်မတီမှဦးဆောင်သည်ဟု ပါတီ အင်္ဂလိပ် ၀က်ဘ်ဆိုက်တွင်ဖော်ပြသည်။

Party Leadership ...
The Party's the Central Executive Committee (CEC) and Central Committee (CC) members are as follow:
• U Aung Moe Zaw, Chairman
• U Yin Htwe, Vice Chairman
• U Khin Maung Tint, General Secretary
• U Ngwe Lin, Joint General Secretary
• U Min Lwin, CEC
• U Htut Oo Hlaing, CEC
• U Zaw Min, CEC
• U Zaw Zaw Htun, CEC
• U Toe Toe Htun, CEC
• U Aung Ko, CEC
• U Win Myint Naing, CEC
• Daw Yee Yee Htun, CEC
• U Moe Thee Zun, CC
• U Min Min Oo, CC
• U Aung Moe, CC
• U Soe Moe (Tun Tun Than), CC
• U Aung Kyaw Soe, CC
• Daw Aye Aye Thin, CC
• U Aunt Zaw, CC
• U Tun Tun Kyaw (Reserved CC)
• Daw Khin Phyu Htway (Reserved CC)


သူတိုအများစုသည် အမေရိကန်၊ နော်ဝေနိုင်ငံတို့တွင် နေထိုင်ကြသည်။ ၇၅% ခန့်သည် ထိုင်းနယ်စပ် ဌာနချုပ်တွင် မရှိပါ။ သူတို့အထဲမှ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ကိုမိုးသီးဇွန်သည် ယခုလက်ရှိ FBF အဖွဲ့ ဥက္ကဌ အဖြစ်ဆက်လက်တာဝန်ယူနေဆဲဖြစ်သည်။ ပါတီဝင်အများစုမှာလည်း ပြည်ပတွင်နေထိုင်ကြသည်။

ပါတီညီလာခံအား ပါတီဖွဲ့စည်းပုံတွင် ယခုကဲ့သို့ပြဌားန်သည်။ အခန်း (၆) ပုဒ်မှ (၂၃) တွင် (ခ) တွင် နိုင်ငံလုံး ဆိုင်ရာပါတီညီလာခံအား သုံးနှစ်လျှင်တစ်ကြိမ်ခေါ်ယူ ကျင်းပသွားရမည်။ ယင်းညီလာခံမှ ပါတီဗဟိုကော်မတီ အားရွေးကောက်သည်။ ဗဟိုကော်မတီ၏ သက်တမ်းသည် ညီလာခံသက်တမ်းအတိုင်းဖြစ်သည်။ ယခုဖွဲ့စည်းပုံ အရဆိုရင် ညီလာခံအား ၂၀၀၂-ခုနှစ်တွင် ပြီးစီးပြီဖြစ်၍ ၇-နှစ်တာကာလသို့ရောက်ရှိနေပြီဖြစ်သည်။ ယခုလက်ရှိ ပါတီဗဟိုကော်မတီသည် ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟိုကော်မတီအာဏာ ရှိသည်၊မရှိသည်ကို မေးရန်သာရှိပါတော့သည်။ အကယ်၍မရှိပါက ပါတီအားလူတစုမှအာဏာသိမ်းထားသည်နှင့်တူပေတော့သည်။

အထက်ပါ အခြအနေမှာ စည်းကမ်းအရ ပြောခြင်းသာဖြစ်ပါသည်။ ဘာ့ကြောင့်ညီလာခံအား မကျင်းပနိုင် တာလဲဆိုတာကို ပါတီဝင်အားလုံးကို အကြောင်းကြားသင့်၊ တိုင်ပင်သင့်ပါတယ်။

ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦးတို့သည် ပါတီမှအထက်ပိုင်းတာဝန်များမှ နုတ်ထွက်ခဲ့ကြသည်။ သူတို့ အကြောင်းပြချက်နှင့်သူတို့သာ။

ကျန်ရှိ ပါတီတွင် မလုပ်နိုင်သည့်၊ တတိယနိုင်ငံတွင် နေသည့် ဗဟိုကော်မတီဝင်များအနေဖြင့်လည်း ကိုယ်မလုပ်နိုင်သည်ကိုသိလျှင် ထိုသူတိုကဲ့သို တရားဝင်ပါတီမှ နုတ်ထွက်ပြီး အေးအေးဆေးဆေးနေသင့်သည်။ ကာယကံရှင်မှ နုတ်ထွက်မှုမရှိသော် ထုတ်ပစ်ရမည်။ သို့သော်..ဒီလိုမဟုတ်။ မရှုပ်မလုပ်မပြုတ်ဆိုသည့် စကားနှင့်ညီနေသည်။ လုပ်မည်ဆိုလျှင် ပါတီဌာနချုပ်နှင့် ကျောချင်းကပ်၍ ပါတီကိုစနစ်တကျ ဦးဆောင်သင့် သည်။ အခုတော့ဒီလိုမဟုတ် ပါတီပေါ်လစီကိုသာတင်သော ပါတီ၏ Website တွင် မိမိနာမည် ရှိသည်ကို ကျေနပ်နေသည်နှင့်တူသည်။

နောက်ဆုံးအကြံပြုချင်သည်မှာ မလုပ်နိုင်သည့်ပါတီ ဗဟိုကော်မတီများပါတီဗဟိုကော်မတီအဖြစ်မှနုတ်ထွက်ပါ။ လုပ်မည်ဆိုလျှင်နယ်စပ်ပြန်ပါ။ ပါတီညီလာခံအားရှိတဲ့သူနှင့်လုပ်ပါ။

အခြေအနေအရ လုပ်ရတာပါလို့ပြောမည်ဆိုလျှင် နောက်ထပ် ၇-နှစ်ကြာသည်အထိ ပါတီဝင်များ အခြေအနေအရ ထပ်စောင့်ရအုံးမည်လား။ ABSDF ၊ နှင့်အခြားအဖွဲ့အစည်းများသည် ညီလာခံအား ရှိတဲ့သူနှင့်လုပ်ပြီး သူတို့ကိုဦးဆောင်မည် ဗဟိုကော်မတီအား ပုံမှန်ရွေးချယ်တာဝန်ပေးသည်။ လူ့ဘောင်သစ် သည် ဒီလိုမဟုတ်။ တွေးလျှင်ရှက်စရာကောင်းသည်။ မည်သို့ဆိုစေကာမှု ပါတီဖွဲ့စည်းပုံအသစ်အား လက်နက် ကိုင်တော်လှန်ရေးနယ်မြေတွင် ပြန်လည်ရေးရန်မှအပ မရှိကြောင်းပါ။

မိမိသည် ပါတီမှ နုတ်ထွက်ပြီးသည်ဖြစ်၍ပါတီအားအပြင်မှ ဝေဖန်နိုင်သည်။ ပါတီမှ နုတ်ထွက်မှုမရှိလျှင် ပါတီစည်းမျဉ်းစည်းကမ်းအား ချိုးဖောက်သည်ဟုပြောအုံးမည်။





View My Stats