The current very hot issue is ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ပေါ့လို ပြောရမလိုဖြစ်နေပြီ..။
ရွေးကောက်ပွဲနိုင်တဲ့ ကြံ့ဖွတ်ကြီးလည်းအစိုးရမဖြစ်သေးတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အိမ်ကထွက်ထွက်ခြင်း မနားရသေးတဲ့အချိန်၊ ပြည်တွင်းစစ်ကလည်း မရပ်သေးတဲ့အပြင် ပြန်ချနေတဲ့အချိန်မှာ ဦးခင်ညွှန့်တစ်ယောက်သနားစရာ လွယ်အိတ်ကလေးလွယ်ပြီး အိမ်ပေါ်က ဆင်းရတာကိုကြည့်ရတာ သံဝေဂ,ရစရာ။
သြော်...အာဏာနဲ့စည်းစိမ်ဆိုတာ အချိန်ကာလတစ်ခုထိပဲ ကြာရှည်ခံပါလားဆိုတာကို ကောင်းကောင်းကြီး သိသွားရှာပြီပေါ့ ဦးခင်ညွှန့်ရယ်...။ မြန်မြန်ပြန်လွတ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ သြစတျေးလျကို ပြန်ရောက်မှ ၀န်ကြီးချုပ် ဂျုလီယာကို ပြောပေးမယ်နော်...။
ဘာ့ကြောင့်အင်တာနက်မှာ တင်ရပါသလဲ
အဓိက ထင်မြင်ချက်ပေးတဲ့လူတွေကတော့ ဦးအောင်လင်းထွတ် နဲ့ ဦးတင်ဦးတို့ပေါ့နော်။ ထင်မြင်ချက်ကတော့ ဆွေးနွေးရာကိစ္စရှိလို့၊ စပိုင်ပြန်လုပ်ပြီး အာဏာသိမ်းချင်လို့...ဘလာ..ဘလာပေါ့။
ကျနော့်ထင်မြင်ချက်ကတော့ ရှင်းတယ်။ ဦးခင်ညွှန့်တို့လင်မယား အပျင်းပြေအိမ်အလည်သွားတာလို့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ဗျာ....အိမ်မှာနေရတာပျင်းလို့ပေါ့..။ ရှင်းတယ်ဟုတ်။
အမှန်မှန်က ဘယ်သူမှ အတိအကျမသိကြပါဘူး။ အားလုံး ခန့်မှန်းခြေနဲ့သုံးသပ်နေကြတယ်ဆိုတာကို ပြောချင်လို့ပါ။
အဓိကပြောချင်တဲ့ Point ကတော့ အာဏာရှင်တွေရဲ့ ဘ၀ကို သံဝေဂရလို့။ ဒါ့ကြောင့် ဒီစာကိုရေးပါ၏။
လွယ်အိတ်ကိုလွယ်၊ မယားလက်ကိုဆွဲ ရွာပြန်တော့မှာလားဟင်..
"မမနွယ်တစ်ယောက် ခလေးတစ်ယောက်ကို လက်မှာဆွဲလို့ ညိုးလျလျမျက်နှာ နဲ့ သူ့ရွာကိုပြန်လာခဲ့ရပြီလေ" တွံ့ တေးစိုးအောင်သီချင်ထဲကလိုများဖြစ်နေပြီ...။ အခုလည်း ဒီသီချင်းထဲကလို ဗိုလ်ချုပ်ကြီးဖြစ်ချင်တဲ့ ဦးခင်ညွှန့်တစ်ယောက် ဗိုလ်ချုပ်ကြီးတွေဖင်ချတာကို ခံလိုက်ရပြီ။
ဆံပင်ကဖြူဆွတ်၊ သွားကကျိုး အဘိုးအိုကြီးဘ၀ နဲ့ ခြောက်ကပ်ကပ်ဘ၀တွေကို ဖြတ်သန်းနေရပြီ။
အရင်တုန်းကလို ဒေါ်ခင်ဝင်းရွှေတစ်ယောက် ခပ်၀၀၊ ခပ်တင်းတင်းမျက်နှာနဲ့ လောကကြီး -ီးကကြောသလို ဆက်ဆံလို့မရတော့။
သြစတျေးလျမှာ သူငယ်ချင်းအမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ဆီဒိုးနားမှာ မန်နေဂျာလုပ်ခဲ့ဘူးတယ်။ တနေ့တော့ ဒေါ်ခင်ဝင်းရွှေနဲ့အဖွဲ့က အစည်းအဝေးဆိုလား၊ ကားပြင် (Workshop) ဆိုလားမသိ လုပ်ကြတဲ့အချိန်။ သူ့ဖိနပ်ကို ကိုင်ဖို့အတွက် မန်နေဂျာလုပ်သူ ကျနော်ဘော်ဒါမမကြီးကို ပြောတယ်။ အခြားဝန်ထမ်းတွေကိုင်တာမကြိုက်ဘူးတဲ့။
မန်နေဂျာပဲ ကိုင်ရမယ်ဆိုလို့ မမကြီးလည်း နှာကောက်ဟန်ဆောင်ပြီး ကိုင်ခဲ့ပေးရတယ်လို့ ပြောဘူးတယ်။ အခုတော့ သူက Perth မှာရှိတဲ့စက်ရုံတခုမှာ အလုပ်လုပ်နေတယ်။ သူမသာ ဒေါ်ခင်ဝင်းရွှေကြီးကို တွေ့လိုက်ရင် ဘာပြောမလဲမသိ။ အပြန်ကြမှ မေးကြည့်အုံးမယ်။
အနည်ဆုံးတော့ သူက ဒီလိုပြောနိုင်တယ်။ သနားတယ်လို့...။
အခြားဗိုလ်ချုပ်ကြီးတွေလည်း အချင်းချင်းဖင်ချတာမခံရပါစေနဲ့...
ယောက်ျားချင်းဆိုတော့ မဆိုးဘူးလို့ ပြောနိုင်တယ်။ နည်းနည်းတော့နာမှာပေါ့။ အခုလိုရေးတာ ရိုင်းလို့မဟုတ်ပါဘူး။ ကွက်ကွက်ကွင်းကွင်း မြင်အောင်လို့ ဥပမာပေးတာပါ။ နို့မို့ဆို အရိပ်ပြလည်းအကောင်မထင်၊ -ီးထင်နေမှာစိုးလို့။
အချိန်ရှိသေးတယ်။ ဒါ့ကြောင့်...ပြင်စရာရှိတာမြန်မြန်ပြင်တော့။ နောင်ဆိုရင် ဒီလိုမဖြစ်နိုင်ဘူးလို့ ပြောနိုင်လား..။ ဘယ်သူမှ မပြောနိုင်။ ဒီလိုမြင်ရောင်ကြည့်ပါ။ ဦးသန်းရွှေ နှင့် အဘွားကြိုင်..ကျိုက်ကော်က ပဲခူးစုရွာလေးကို အထုတ်ဆွဲပြီး ပြန်နေရအုံးမယ်။ ရွာကလူတွေကလည်း လက်ခံရင်အကောင်းသားပေါ့။
နို့မို့ဆိုရင် ရွာပြင်ထုတ် ဒူးရင်းသီးခြံထဲမှာ တဲထိုးနေရပြီး...ဒူးရင်းသီးကောက်ရောင်းနေရအုံးမယ်။
နောက်ဆုံးအနေနဲ့ အလံတစ်ရာဘုရားကို အေးအေးချမ်းချမ်းဖူးချင်ရင်တော့ မှားတာကို ပြင်လိုက်ကြပါတော့လို့ မောင်ဘုန်းက ဒီလိုပြောပါရစေ...အဘိုးရွှေနှင့်အဘွားကြိုင်တို့ရယ်။