ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/3/12

ထောက်ခံလားလို့ မေးရင်....အသားကုန်ထောက်ခံတယ်လို့ ပြောမယ်

<iframe width="560" height="315" src="http://www.youtube.com/embed/Vfm8PAUbEaw" frameborder="0" allowfullscreen></iframe>

ဘာ့ကြောင့် ဒီလိုဖြစ်သွားတာလဲ

မိန်းမတွေရဲ့ နှလုံးသားက ကိုယ်တော်ချောတွေနဲ့ မတူတာတော့ အားလုံးသိမယ်ထင်တယ်။ သူတို့ တွေဟာ သနားတတ်တယ်။ ကြင်နာတတ်တယ်။ ကြောက်တတ်တယ်။ မိန်းခလေးတွေကို သနားအောင်ပြောတတ် နေတတ်တဲ့ ဘဲ တွေဟာ အများအားဖြင့် ကြွေ သွားလေ့ရှိတယ်။ ရည်းစားထားတဲ့အခါတိုင်း မိန်းခလေးကို သွားပြီး ဟဲ့...ကောင်မ ငါ့ကို ချစ်စမ်းပါဆိုရင် ဘယ်သူမှ ချစ်မှာမဟုတ်ဘူး။ ဒီတော့ ဘဲ တွေက ချစ်စကား ဆိုရင် အနဲဆုံး ဒီလိုပြောတတ်ရတယ်။


အီစီကလီ ခပ်နွဲ့ နွဲ့ သာပြော။

အပြောင်းအလဲများတဲ့ သူတွေဟာလည်း မိန်းခလေးတွေပဲ။ စကားကို ဗလောင်းဗလဲပြောတက်တာလည်း သူတို့ ပဲ။ အားလုံးတော့မဟုတ်ပါ။ ကျားနဲ့ မတူတဲ့အချက်ကိုပြောတာပါ။ အဆိုးဆုံးက အတင်းလည်း ပြောသေးတယ်။ သူတို့ စရိုက်ပေါ့။

အသက်ကြီးတဲ့ မိန်းခလေးကို ငယ်တဲ့သူက ချစ်ရေးဆိုရင်...မ...ရယ်...မ..ကိုလေ တနေ့ မှ မေ့လို့ မရဘူး။ အရမ်းချစ်တယ်ကွယ်...ဘာညာဆိုပြီး ရွှီးကြည့်။ အနဲဆုံးတော့ အဲဒိ့စော်...မပျော်ရင် ကျနော့်ကို ကြိုက်သလိုသာပြော။

တစ်ခါတလေကြရင် မာနအရမ်းကြီးတဲ့ မိန်းခလေးကို ခဏခဏ သူရှေ့ မှာ ရိုသေပြ၊ ကျိုး နွံ့ ပြရင် မာနကြီးလည်း ခဏပဲ။ ဘာ့ကြောင့်လဲဆိုတော့ မိန်းမဆိုတာ နှာခေါင်းမပါဘူးလို့ ဆိုပြီး ရှေးစကားရှိတာ အားအားယားယား မဟုတ်ပါ။

မိန်းခလေးတွေ အသက်ကြီးလာရင် ပိုပြီး ခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်လို့ စိတ်ပညာရှင်တွေကပြောတယ်။ ဥပမာ ..စိတ်ဆိုးပြီး အမွေပြတ်စွန့် လွှတ်လိုက်တဲ့သားသမီးတွေကို အသက်ကြီးမှ ပြန်ခေါ်တာကို လေ့လာကြည့်ပါ။ နောက်တစ်ခုက မိန်းမတွေဟာ သူ့ တို့ မှာ ခွင့်လွှတ်တက်တဲ့စိတ်က သူများနဲ့ မတူဘူး။ သူတို့ ကိုသာ တောင်းပန်ကြည့်၊ မျှောက်ပြောကြည့် ခင်ဗျားတို့ ကို ခွင့်လွှတ်လိမ့်မယ်။

ကမ္ဘာပေါ်က အာဏာရှင်ကိုတော်လှန်နေတဲ့ မိန်းမဦးဆောင်တဲ့အတိုက်အခံ ခေါင်းဆောင် ဘယ်သူရှိလဲ။ ကျနော်တော့ဒေါ်စုပဲ ရှိတယ်လို့ ထင်တယ်။ ရှိတဲ့အမျိုးသမီးခေါင်းဆောင်တွေက အာဏာရပြီး နိုင်ငံရေးကို လက်တွေ့ ကြကြလုပ်နေတဲ့ သူတွေ။ အကြမ်းဖတ်အမျိုးသမီးခေါင်းဆောင် ဘယ်နှစ်ယောက်တွေ့ ဘူးလဲ။ နောက်ဆုံးအထိ သူပုန်ခေါင်းဆောင်အမျိုးသမီးလည်း မရှိသလောက် ရှားတယ်။ ဘာ့ကြောင့်လဲဆိုတော့ အထက်ကပြောတဲ့ ကြင်နာတာတို့ ဖင်နာတို့ က ကျား တွေ ထက်ပိုများတယ်။ ကျားတွေက သူတို့ ထက်ပိုပြီး မာတယ်။ ပြတ်တယ်။ ချစ်တာ မေတ္တာ ကွမ်းသီးတွေက သိတ်အရေးမကြီးဘူး။ အိုင်တွေ့ ရင် ခြေဆေးတာတင်မကဘူး ရေပါကူးတဲ့ ကောင်တွေ။ ဆိုတော့ ကျားနဲ့ မ မတူဘူး။

ကျနော့်ရဲ့ အတွေးက အန်တီပဲခေါ်ခေါ် အဒေါ်ပဲပြောပြော "တီဒေါ်စု" ယနေ့ မှာ လွှတ်တော်တွင်းကို ဝင်တာ သူ့ စရိုက်နဲ့ ပိုပြီး လက်တွေ့ ဆန်တယ်။ ဟန်ကြတယ်။ ဒါမှ သူ့ ရဲ့ တော်ကီတွေနဲ့ နွဲ့ လိုက်ရင် စစ်သားတွေ အကုန်လုံး ကြွေသွားနိုင်တယ်။ နောက်ဆုံး မိန်းခလေးက တိုင်းပြည်ကို အုပ်ချူပ်ရင် အကြင်နာတွေများတော့ ငြိမ်းချမ်းရေးပိုရနိုင်တယ်။ မိန်းခလေးက ကျားတွေထက် ပိုပြီး စေ့စပ်တယ်။ စီမံခန့် ခွဲမှုမှာ စိတ်ရှည်တယ်။ ကျားတွေလို အနည်းဆုံး အရက်မှုးပြီး စောက်ရမ်းမလုပ်ဘူး။ ဥပမာ မြန်မာအိမ်ထောင်စုတိုင်းမှာ မိန်းခလေးတွေက ငွေကိုင်တယ်။ အိမ်ထောင်ကိုထိန်းသိမ်းတယ်။ ကျားတွေက အရက်ဆိုင်နဲ့ လဘက်ရည်ဆိုင်မှာ အချိန်ကုန်တယ်။ ဒါတွေကိုလေ့လာပြီး နိုင်ငံရေးနဲ့ ချိန်ထိုးကြည့်တော့ အန်တီစု ဟာ လွှတ်တော်နဲ့ တန်တယ်။ အာဏာရှိတာက ပိုကောင်းတယ်။ အာဏာမမက်ဘူးဘာညာမပြောနဲ့ ။ လူတိုင်းမက်တယ်။ ယူလည်းယူသင့်တယ်။

ဒီကေဘီအေက ကျားကြီး ဗိုလ်နုတ်ခမ်းမွှေးကို လွှတ်တော်တက်ခိုင်းကြည့်ပါလား။ သူလုပ်မှာမဟုတ်ဘူး။ သူက ကျား ဆိုတော့ ခပ်ကျားကျားနဲ့ ပဲ သင့်တော်တယ်။ ဒီနေရာမှာ ဦးသိန်းစိန်တို့ အဖွဲ့ ကြတာရောလို့ မေးရင် အဖြေက ဒီလိုရှိတယ်။ စစ်သားလည်းဖြစ်ပြန် ကျားလည်းဖြစ်ပြန်တော့ မြန်မာပြည်က စုတ်ပြတ်သွားရောလို့ ။

နေရာမှားနေတယ်လို့ ကျနော်ခဏခဏ ပြောဘူးတယ်။ ဥပမာ ဆရာဝန်က ဆရာဝန်မလုပ်ပဲ စာရေးစားတယ်။ ဘလော့ဂါလုပ်တယ်။ ဥပမာ မောင်လွဏ်းဆွေ ကိုပဲ ကြည့်ကြည့်။ ကိုတာကိုလည်းထပ်ကြည့်အုံး။ နေရာတိုင်းလိုလိုပဲ။ စစ်သားကလည်း စစ်သားမလုပ်ပဲ ဖင်ယားပြီး လွှတ်တော်တက်တော့ ဘာသုံးရလဲ။ ဘာမှ သုံးရမရတဲ့အပြင် လွှတ်တော်ထဲမှာ အိပ်ငိုက်ပြီး ပါးစပ်က သားရည်တွေကထွက်၊ အာပုတ်နံ့ က တထောင်းထောင်းနဲ့ အခြားသူတွေကိုတောင် ထိခိုက်သေးတယ်မဟုတ်လား။ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ အမှန်မှန်ဆို လူတွေအားလုံးက ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမှာ။ အခုတော့ စောက်တလွဲတွေက နေရာတကာပဲ။

ဒါ့အပြင် အရမ်းကို ရက်စက်တဲ့ ဗိုလ်ချူပ်ကြီးတွေရဲ့ သေနတ်ကို အာခံပြီး အတိုက်အခံခေါင်းဆောင်လုပ်တဲ့သူဟာလည်း အမှန်မှန်ဆို ကျားပဲ ဖြစ်သင့်တယ်။ ဒါမှ တုံးတိုက်တိုက် ကျားကိုက်ကိုက် အခြေအနေမျိုးဖြစ်မှာ။ အခုတော့ မိန်းခလေးဖြစ်နေတော့ အကြင်နာတွေ၊ ခွင့်လွတ်တာတွေ၊ ကြေအေးပါတယ်ဆိုတဲ့ နှလုံးသားတွေနဲ့ ဆိုတော့ မြန်မာ့နိုင်ငံရေးက လစ်ဗျားလို ဟိုကောင့်ဖင်ကို ဒုတ်နဲ့ ထိုးလို့ မရဘူးပေါ့။ ဒါ့ကြောင့် အရမ်းသနားတက်တဲ့ ကျနော့်အမေ မဟုတ်တဲ့ အမေစုအနေနဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ပဲ အရမ်းကို သင့်တော်ပါကြောင်း ဝေဖန်လိုက်ပါတယ်။ တကယ်လို့ သာ အမေစုဟာ နေရာမှာ ကျားတစ်ကောင်သာဖြစ်ကြည့် အခုလောက်ကြာမှာမဟုတ်ဘူး။ ခက်တာက ပြည်သူကလည်း ဒေါ်စုကိုမှ ဘုရားထင်နေတာဆိုတော့ဗျာ။ ကံသိုလ်ကံပေါ့လို့ ပြောရမလိုပဲ။










View My Stats