လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေအားလုံးပေါင်းရင် ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ကရင်မှာလည်း တဖွဲ့ နဲ့ တစ်ဖွဲ့ က မတူ။ ကချင်းမှာလည်းကွဲလို့ ကွဲ။ ပြောရရင် သူတို့ အချင်းချင်းတောင်မတည့်ဘူး။ ဒီလိုအဖွဲ့ တွေပေါင်းစုံ လိုချင်နေတာကတော့ နိုင်ငံရေးအရတန်းတူဆွေးနွေးရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တမ်း မညာစတမ်းပြောရရင် သူတို့ ဘာလိုချင်တာလဲဆိုတာကို ယနေ့ အထိ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဥပမာ နိုင်ငံရေးအရတန်းတူဆွေးနွေးချင်
ကိုယ်ပိုင်ပြဌာန်းခွင့်ပဲခေါ်ခေါ် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပဲပြေြာေ
ဒါ့ကြောင်လက်ရှိတိုင်းရင်းလက်
အခုလက်ရှိကာလမှာ လုပ်သင့်တဲ့အလုပ်က တဖွဲ့ တည်းဖြစ်ဖို့ လိုတယ်။ ဥပမာ ကရင်ပြည်မှာဆိုရင် လက်နက်ကိုင်တပ်တွေက အများကြီး။ ဒီကေဘီအေ၊ ကေအန်ယူ နဲ့  ဗိုလ်ချုပ်ထိန်မောင်တို့ လို အဖွဲ့ တွေလည်းရှိနေသေးတယ်။ ဒီအဖွဲ့ တွေကို တစ်ဖွဲ့ တည်းတစ်သံတည်း ဖြစ်အောင် မလုပ်နိုင်သမျှကာလပတ်လိုး ဘယ်တော့မှ နအဖအစိုးရကို သွားပြီးမဆွေးနွေးနဲ့ ။ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတူပဲ။ အရင်ဦးဆုံးလုပ်သင့်တာက တဖွဲ့ တည်း တစ်သံတည်းကို အတိအကျဖြစ်ဖို့ လိုနေပြီ။ အခုလက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုး
ဒ့ါအပြင် ပြည်ပက ပြည်ပြေး ၈၈-မျိုးဆက်လို့ ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အတိုက်အခံတွေလည်း ကိုယ်လိုချင်တာကို အတိအကျရှိဖို့ ကောင်းနေပြီ။ အဖွဲ့ အစည်းတစ်ခု ခေါင်းဆောင်တစ်ခုအောက်မှာ ရှိသ့င်နေပြီ။ ပြန့် ကျဲနေတဲ့ အသံပလံတွေကတော့ ထုံးစံအတိုင်းရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ က ဘာကို အသေအချာရတော့မှ အစိုးရကို အတိုက်အခံလုပ် ဆန့် ကျင်နေတာကို ရပ်မှာလဲ။ အခုတော့ တောင်းဆိုချက်တွေက အရမ်းကြီးပြီးနေလားလို့ ပါ။ ဥပမာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကပြောတဲ့ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိ
တိုင်းရင်းသားတွေကော ပြည်ပက ၈၈-ပြည်ပြေးတွေကော ဟိုပုန်းဒီကြပ်လုပ်နေတဲ့ ဗကပတွေကော အာလုံးသော နိုင်ငံရေးစိတ်ဝင်စားသူတွေ စဉ်းစားသင့်တာက ပန်းတိုင် အတိအကျ ရှိသင့်နေပြီ။ အခုရှိတဲ့ပန်းတိုင်တွေက ဆင်ရဲ့ ဟိုဟာ ခွေးမျှော်နေရတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေမလားပဲ။ ရည်ရွယ်ချက်တွေက အရမ်းကြီးတယ်။
နောက်တစ်ချက်က အခုလက်ရှိ ပြည်ပလူတွေက ဘယ်သူ့ ကို ခေါင်းဆောင်တင်ရမှာလဲ။ ဘယ်အဖွဲ့ အစည်းကို အားကိုးရမှာလဲ။ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီတော့ရှိတာပေါ့။ အခုတော့ ကျနော်တို့ ပြည်ပရောက်အတိုက်အခံတွေမှာ ခေါင်းဆောင်မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်လို့ ခေါ်တဲ့ လူတွေကလည်း ချီးပေတွေချည်းပဲ။
လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ဆက်ဆံတဲ့ပုံစံက သူဖြစ်ချင်တာတွေ မြန်မြန်ကောင်အထည်ဖော်အောင် မြန်မြန်ပြီးအောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး ကူခိုင်းတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကို
အခုပုံစံက နိုင်ငံရေး ဦးတည်ချက်တွေကို အတိအကျ ရှိဖို့ လိုနေပြီ။ တိုင်းလို့ ရတဲ့ပေတံကိုလည်း ရှိသင့်တယ်။ အချိန်ကာလရှိသင့်တယ်။ အခုတွေ့ ရသလောက် တောင်းဆိုနေတဲ့ အရာတွေက ဘာမှ မတိကြဘူးလို့ ထင်တယ်။ ဥပမာ နိုင်ငံရေးအဖွဲ့ အစည်းတွေတောင်းဆိုနေတာကို ကြည့်ကြည့်ပါ။
၁) စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး။
၂) တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၃) ဒီမိုကရေစီးရေး
၎) ပြည်တွင်းငြိမ်းရေး။
ဒါတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်နားလည်တာက တမျိုးဖြစ်နေတယ်။ ဒီလိုရည်မှန်းချက်တွေဟာ အရမ်းကို ကြီးနေလားမသိဘူး။ တိုင်းပြည်မှာ ရှိသင့်တဲ့အရာတွေတော့မှန်တယ်။ ဒါပေမဲ့ အခုတော့ ဝေလေလေပဲ။
ကျနော် သူပုန်လုပ်တုန်းက ခံစားချက်တမျိုးပဲရှိတယ်။ ဒါကတော့ ငါတို့ အခုလို ဆင်းရဲတာဟာ အစိုးရမကောင်းလို့ ဆိုတဲ့ခံစားချက်တစ်ချက်ပဲရှိ