ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/6/10

ရခိုင်တော်လှန်ရေးသီချင်း





ယခုတေးသီချင်းသည် နို့ဖိုးဒုက္ခသည်စခန်း (မဲ့ဆောက်အနီး) တွင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရခိုင်သီချင်းဖြစ်ပါသည်။ ပေးပို့သူ လိစ် ဂတ်တာတီးခတ်သူ ကိုထွေးအားအထူးကျေးဇူးတင်ရှိကြောင်းပြောချင်ပါသည်။ အောင်မြင်ပါစေဗျာ..။ တီးခတ်သူ၊ သီဆိုသူ၊ ရိုက်ကူးသူအားလုံးသည် စစ်အစိုးရ၏ ဖိနှိပ်ညှင်းပန်းမှု့ ကြောင့် နို့ဘိုးဒုက္ခသည်စခန်းတွင် ခိုလှုံနေရခြင်းဖြစ်သည်။

အနုပညာကိစ္စ ဆက်သွယ်ရန်... ကိုထွေး (shwehtwe50@gmail.com)

မြန်မာပိုင်ကားတစ်စီး ဓာတ်ဆီလောင်းပြီး မီးရှို့ ခံရ...





ဓာတ်ဆီထည့်လာသည့် ပုံး





Australia နိုင်ငံ Perth မြို့ ရှိ Mirrabooka ရပ်ကွက်နေ မြန်မာပိုင်ကားတစ်စီးအား ဓာတ်ဆီလောင်းပြီး မီးရှို့ ခံရပုံဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူ ကိုတိုးးကြည်သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ရဲဘော်ဟောင်းတစ်ဦးဖြစ်သည်။ ၄င်းကားအား မိုးလင်းခါနီး မနက်ငါးနာရီလောက်တွင်မီးရှို့ ခံခြင်းဖြစ်သည်။ ကာလပေါက်ဈေး ဒေါ်လာ နှစ်သောင်းခွဲတန်ကြောင်းသိရသည်။ မြန်မာအများစုမှ မြန်မာအချင်းချင်းမကျေနပ်၍မီးရှို့ ခံရကြောင်း ထင်ကြေးပေးသည်။ မီးရှို့ ခံရသည့်ကားအား Insurance ထားရှိသောကြောင့် အာမခံကြေးအပြည့်အ၀ ပြန်လည်ရရှိနိုင်ကြောင်းသိရသည်။ ယခုအချိန်ထိ မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း စုံစမ်းမရသေးပါ။

View My Stats