ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

8/30/10

န၀တ-နအဖ မှ ကြံ့ဖွတ်အစိုးရဆီသို့....

ဦးသန်းရွှေစီမံခန့်ခွဲမှုလို့တော့ မပြောချင်ဘူး။ နံပါတ်ဝမ်းလုပ်ချင်တိုင်း လုပ်လို့မရတာတော့ သေချာတယ်။ စစ်ကောင်စီထဲမှာပါတဲ့လူတွေအားလုံးက ဒီလိုလုပ်ချင်လို့ ဒီအတိုင်းဖြစ်လာတာပဲ။ အားလုံးက မသာထာရေစာကို အတူတူမျိုထားတာဆိုတော့ ဒီအတိုင်းမလုပ်ရင် ဘာဖြစ်သွားမလဲ။ ဦးနေ၀င်းလို မသာတောင် လူမရှိပဲ ပို့တာဖြစ်သွားအုံးမယ်။ ဒါကို အသေကြောက်လို့ ရေရှည်ပြင်လာခဲ့တာ။ Road Map ခုနှစ်ချက်က သူတို့အားအားယားယားဆွဲထားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၉၃-လောက်ကတည်းကဖြစ်တယ်။ ဒီနေရာမှာ စစ်တပ်ကို စစ်တန်းလျားပြန်စေမယ်။ ဒီစစ်တပ်ကို အရပ်သားအစိုးရက စီမံခန့်ခွဲမယ်။ ဒါကတော့ ကြံ့ဖွတ်အစိုးရပဲ။ သမ္မတက ဦးသန်းရွှေ။ အချိန် နှစ်လအတွင်းမှာ လုပ်မှာဖြစ်တယ်။ မြွေတွေအရည်ခွံလဲသလိုပဲ။ အာဏာ သိမ်းခံရတာလည်းမဟုတ်ဘူး။ န၀တ-နအဖ-ကြံ့ဖွတ်အစိုးရ။ လူတွေက ဒီလူတွေပဲ။

ငါ့...အမျိုးကိုပဲပေးပါ...

ဒေါ်ကြိုင်ကြိုင်ကပြောတယ် " မောင်မြင့်အောင် လေးကိုအဖေကြီး နေရာမှာထားလိုက်ပါ" တဲ့...။

ဒါနဲ့ဦးသန်းရွှေလည်း သူရမြင့်အောင်ကို ဦးစီးချုပ်နေရာမှာပေးလိုက်ပါတော့တယ်။ ဘာ့ကြောင့်လဲသိလား ဒေါ်ကြိုင်ကြိုင်က သထုံဇာတိ။ သူရဦးမြင့်အောင်ကလည်း သထုံဇာတိ။ ဒေါ်ကြိုင်ကြိုင်နဲ့အမျိုးမကင်းဘူးလို့ပြောနိုင်လား။ Who Knows? ဒါဆိုရင် နည်းနည်းစိတ်ချရတယ်။ နောက်ကျောလုံနိုင်တယ်။

" မင်းက တပ်ကိုဆက်ကိုင်...ငါက သမ္မတလုပ်မယ်" ဒီပုံစံပဲ။

ဒီကိစ္စကို ဦးတင်ဦးနဲ့ ဗိုလ်မှုးအောင်လင်းထွတ်က ပြောပြီးသွားပြီ။ သူတို့ရဲ့ စကားကိုမှ မယုံရရင် ဘယ်သူ့ကိုသွားယုံရမလဲ။ ရဲဘော် ဖိုးသံချောင်းက ဘယ်နှစ်ခါများ စစ်တပ်ထဲမှာတာဝန်ယူဖူးလို့လဲ။ အလားတူ NDD က စစ်ရေးအကဲခတ် ရာထူးရနေတဲ့ ဦးဌေးအောင်ကရော တပ်ထဲမှာ ဗိုလ်မှုး၊ ဗိုလ်ကြီးဖြစ်ခဲ့လို့လား။ လက်တွေ့ဘ၀မရှိပဲ စာတွေ့၊ ရေဒီယိုအတွေ့နဲ့ အာတာလောက်တော့ ကျနော်မယုံ။

စစ်တပ်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအဖွဲ့အစည်းပဲဖြစ်ဖြစ် နီးစပ်ရာ၊ ခိုင်းကောင်းတဲ့လူတွေ၊ သစ္စာခံသူတွေကို ခေါင်းဆောင်တွေက ရွေးလေ့ရှိတယ်။ စစ်တပ်ဆိုရင် ပိုဆိုးပေါ့။ Senior and Junior လေ။ ပါးရိုက်ပြီးဆုံးမတာလည်း အလကားရိုက်တာမဟုတ်။ အမိန့်နာခံတက်အောင်လေ့ကျင့်ပေးပါတယ်။ ဒါ့ကြောင့် စစ်တပ်က တက်လာတဲ့ လူတွေမှန်သမျှ အထက်လူကြီးက ကြိုက်မှ၊ ထောက်ခံမှနေရာပေးလေ့ရှိတယ်။ သူရမြင့်အောင်ကို ဦးသန်းရွှေက သူ့အရိုက်ကိုဆက်ခံသူအဖြစ် ဒေါ်ကြိုင်ကြိုင်ရဲ့ ထောက်ခံမှုနဲ့ထားခဲ့ပြီးပြီ။ အမိန့်နာခံမယ်ထင်လို့ပါ။

သူရဦးမြင့်အောင်က အခုလက်ရှိ ဦးသန်းရွှေထက်အာဏာရှိသွားပြီ။ တိုင်းပြည်အပေါ်မှာ စေတနာတကယ်ရှိရင် တွေ့ဆုံဆွေးနွေးမှုလုပ်လို့ရပြီ။ စေတနာနဲ့ အမှန်တရားသိပါစေလို့ပဲ ဆုတောင်းပါတယ်။

အရပ်ဝတ်မလဲခင်မှာ အကုန်လုံးသိမ်း


သူတို့လုပ်ပုံက ကျနော်တို့ကိုများ ငအ..ငတုံးထင်နေလားမသိဘူး။ စီးပွားရေးနိုဘယ်ဆုရှင်ကြီးကို အလည်ခေါ်တယ်။ တိုင်းပြည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အကြံပေးစေဆိုပြီး ခေါ်လိုက်တယ်။ ဒီဘဲကြီး နေပြည်တော်ကိုရောက်လာတယ်။ အမေရိကန်ကို ပြန်ပြီးနှစ်ပတ်လောက်ကြာရော...နအဖက Privatization လုပ်ကြပြီ။ အထာကတော့ စီးပွားရေးနိုဘယ်ဆုရှင်ကြီးက အကြံပေးတဲ့အတိုင်း လုပ်ရတယ်ပေါ့...။ လူကြားကောင်းအောင်။ ဘယ်သူတွေရလဲဆိုတော့ ဦးတေဇလက်ထဲပဲ အများဆုံးရောက်တယ်။ သြော်....ဦးတေဇတစ်ယောက်ပဲ စီးပွားရေးသမား ရှိတာလားဟင်...။ သူပဲ စီးပွားရေးလုပ်တက်တာလား။ မြန်မာ့လေကြောင်းလိုင်း၊ သင်္ဘောကျင်း၊ ဓာတ်ဆီဆိုင်...အား...ပြောရင် တထောကြီးပဲ...။ အရင်တုန်းက အစိုးရပိုင်တဲ့စီးပွားရေးတွေမှန်သမျှ Privatization လုပ်တာ နောက်ဆုံး ဦးတေဇလက်ထဲပဲရောက်တော့တယ်။ ဒါလား ပုဂ္ဂလိကပိုင်။ တော်တော် တော်တဲ့ ဦးသန်းရွှေပါလား။ တိုင်းပြည်စီးပွားရေးတိုးတက်အောင် ဦးတေဇလက်ထဲပဲ ထည့်ပေးခဲ့တာပေါ့လေ။ နောက်ဆုံး သူတို့ပဲ ဝေယူသွားခဲ့ပြီ။

ဒါလည်းပြီးသွားရော...ရိုးရိုးသားသား ယူနီဖောင်းချွတ်တယ်ပေါ့။ မသိရင် သူကပဲ သူတော်ကောင်းကြီးလုပ်သလို။ ရွေးကောက်ခံပါတီကိုလည်းကြည့်...။ ကြံ့ဖွတ်ကြီး။ (ကျနော်အာဏာရရင်တော့ ဒီကောင်ကြီးကို ချက်စားပြီး အရက်နဲ့မျည်းအုံးမယ်.ဟဲ..တော်တော်စားကောင်းမယ်...အဆီတ၀င်းဝင်းနဲ့) (စကားချပ်)
မပူနဲ့ သေတဲ့အထိအာဏာယူအုံးမှာပါ။ မြောက်ကိုရီးယားကိုပေါင်းတာ အလကားမဟုတ်..။ အတုခိုးချင်လို့။

ဘယ်အရာမှ မတည်မြဲပါ။


ပြည်သူလူထုက စောက်ရှုးတွေမဟုတ်ကြဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကြောင့် သည်းညည်းခံနေတာ။ နအဖကိုတော့ တော်တော်ကျေးဇူးတယ်။ ပြည်သူတွေကို သည်းခံခြင်းတရားအပြည့်အ၀ သင်ပေးလိုက်လို့။ မပူနဲ့ တနေ့တော့ ပေါက်ကွဲလာမှာပါ။ ၈၈-တုံးက ခေါင်းဖြတ်တယ်။ ဒီခေတ်မှာတော့ ဂွေးပါဖြတ်ခံရမယ်။ သတိသာထားပေါ့။

မြင်ကွင်းက ရှင်းပါတယ်...


သူတို့ပဲ အပိုင်ချည်ပြီး ရိုက်တဲ့ကိစ္စ။ ဒီရွေးကောက်ပွဲမှာ ရမလားဆိုပြီး စမ်းချင်သူတွေလည်းစမ်းပေါ့။ ဒါမှ ဟုတ်မဟုတ်အဖြေကို လက်တွေ့ကြကြသိရမှာ။ ဦးသုဝေအပါအ၀င် ရွေးကောက်ပွဲဝင်မဲ့ Ready Made ပါတီတွေစမ်းကြပါစေ။ ဦးခင်မောင်ဆွေတို့၊ ကိုဖြိုးမင်းသိန်းတို့တော့ ညစ်ပြီးဒိုးကုန်ပြီ။ ဒါတောင် အစပဲရှိသေးတယ်။ နအဖလုပ်ပုံက သူတို့အာဏာကိုတရားဝန်ယူဖို့အတွက် အခြားပါတီတွေကို ထောက်ခံခိုင်းသလိုဖြစ်နေတယ်။ ၀င်မဲ့ပါတီရှိရင် ကောင်းတယ်။ ၀င်မဲ့ပါတီမရှိရင် ဘာဖြစ်မလဲဆိုတော့ တစ်ယောက်တည်းပြေးတာ ဒုတိယရသလိုဖြစ်နေမှာကို နအဖက အကြောက်ဆုံးပဲ။

တော်လှန်ရေးသမားတွေလား...နိုင်ငံရေးသမားတွေလား


လွန်ခဲ့တဲ့ ၁၀-နှစ်လောက်ကတည်းက ဒီစကားလုံးနှစ်ခုနဲ့ပက်သက်ပြီးတွေးလာတာ အခုမှအဖြေထွက်တော့တယ်။ လွတ်လပ်ပွင့်လင်းတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးသမားပဲရှိတယ်။ တော်လှန်ရေးသမားမရှိ။ ဥပမာ...သြော်စီ၊ အမေရိက၊ ထိုင်း။ ဒီနိုင်ငံတွေကလုပ်တဲ့ နိုင်ငံရေးက အာဏာရရေး။ လွတ်လပ်စွာယှဉ်ပြိုင်၊ လွတ်လပ်စွာ ဒဲ့...ပြောရေး။ ပြည်သူအတွက် ဘယ်ပေါ်လစီက အကောင်းဆုံးဖြစ်အောင်လုပ်ပေးနိုင်မလဲ။ အကောင်းဆုံးပေါ်လစီကို ချပြနိုင်တဲ့ ပါတီတွေ အာဏာရမယ်။ ဒါက တခြားနိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးသမားတွေရဲ့ အလုပ်။

ကျနော်တို့တိုင်းပြည်က အတိုက်အခံတွေဟာ နိုင်ငံရေးသမားတွေမဟုတ်တော့ဘူး။ တော်လှန်ရေးသမားတွေဖြစ်တယ်။ အာဏာရှင်လက်အောက်မှာ မတရားတာကို ဆန့်ကျင်ရတယ်။ အာဏာ လိုချင်လို့မဟုတ်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာလိုချင်ပါတယ်လို့ တခါမှမပြောခဲ့ဘူး။ အလားတူ တောထဲကသူပုန်တွေလည်းဒီအတိုင်းပဲ။ အာဏာကို ငန်းငန်းတက်နေလို့ လုပ်နေတာမဟုတ်ကြဘူး။ စစ်အာဏာရှင်တွေက နှိပ်စက်နေတာကို မခံနိုင်လို့တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ ထောင်ထဲမှာ၊ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ တော်လှန်ရေးသမားတွေရှိတယ်။ တချို့ က အာ,နဲ့ တော်လှန်ရေးလုပ်တယ်။ ကျနော့်လိုပေါ့။ တချို့ က သေနတ်ကိုင်ပြီးလုပ်တယ်...တချို့ က ကလောင်နဲ့...တချို့ က ဒို့အရေးအော်တာကိုကြိုက်တယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က အတိုက်အခံဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ အရမ်းနှိပ်စက်၊ အနိုင်ကျင့်တာကို မခံနိုင်လို့ ထ,ချ နေတာကို နိုင်ငံရေးသမားလို့ပြောလို့ရလား။ ကျနော်တော့မထင်...။ ဒါ့ကြောင့် တော်လှန်ရေးသမားတွေဆိုတာက တခြားနိုင်ငံက နိုင်ငံရေးသမားတွေလိုသွားပြီးအတုမခိုးကြပါနဲ့...။ လုပ်စရာအလုပ်က လက်နဲ့တီးဖို့ပဲ။ ဒါမှ တော်လှန်ရေးသမားဖြစ်တာ။

လူထုတိုက်ပွဲအမြန်ဆုံးပေါ်ပေါက်ပါစေ။

1 comment:

Anonymous said...

အဲဒီဆောင်းပါးကြိုက်တယ်။ဟစ်တိုင်မှာ သုံးခွင့်ပြုရင် editor.hittai@gmail.com ကို ပို့ပေးပါ။


View My Stats