ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
2/10/13
ပေါလိုက်တဲ့သူတောင်းစားနဲ့ အလှူခံများ
ရက်ကွက်ထဲမှာ လမ်းပြင်၊ လမ်းဖာတာလည်း မလွတ်ဘူး။ လှူရပြန်တယ်။
နေ့ တိုင်း ဒီလိုလူတွေက အနဲဆုံးဆယ်ယောက်အထက်မှာရှိတော့ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ကြည့်။ အဲဒါက ထွက်ငွေ။ ၀င်ငွေကတော့ သိတဲ့အတိုင်းပဲ။
မလှူပြန်ရင်လည်း သူတို့ ကစိတ်ဆိုးသေးတယ်။ ပါးစပ်ကတော့ မဟြေဘူး။ မျက်နှာမှာ အထင်သားပေါ်လွင်နေတော့ မြင်ရတာ ရုပ်အတော်ဆိုးတာပဲ။
လှူပြန်ရင် ဆုတွေကပေးတာ နဲတာမဟုတ်ဘူး။ မလှူတော့ မပေးဘူးဗျာ။ ရှင်းရော။ သူတို့ ပဲကြောက်ရတော့မလိုပဲ။ ဖြစ်သင့်တာက လှူလှူမလှူလှူ ဆုပေးပေါ့။ ဟုတ်ဘူးလား။ အလှူခံတယ်ဆိုတာကလည်း သူတောင်းစားတမျိုးပဲ။ အလုပ်မလုပ်နိုင်လို့ ၊ ငတ်နေလို့ လှူတာက ပြသနာမရှိဘူး။ သန်သန်မာမာတွေက ပိုဆိုးသလားပဲ။
ဒါတင်မဟုတ်ဘူး။ မီတာခတဲ့။ မီးတော့ ပုံမှန်မလာဘူး။ မီတာခလာပြီးကောက်တာတော့ ပုံမှန်ပဲ။ ဒါတော့ အတော်သိတယ်။
နိုင်ငံခြားမှာ ဘာအလှူမှ မတွေ့ ပါဘူး။ ကျနော့်အိမ်မှာလာပြီး အလှူခံတဲ့လူလည်းမရှိဘူး။ လမ်းပြင်ဖို့  ကောက်ခံတဲ့အဖွဲ့ လည်းမရှိဘူး။ ဒီတော့ ရတဲ့လစာက ကိုယ့်မိသားစုပဲ စားရတာပေါ့ဗျာ။ ကုသိုလ်ရတာ မရတာ အပထား။ လက်တလော စားဝတ်နေရေးအဆင်ပြေဖို့ က အဓိကပဲ။ နောင်ဘ၀ကိစ္စက နောင်ကြမှ ဖြစ်မှာ။
အခုဟာက မြန်မာတွေဟာ ဘုရားကို ခုတုံးလုပ်၊ တရားကိုခုတုံးလုပ်၊ သင်္ကန်းကို ခုတုံးလုပ်ပြီး ၀ါးတီးမှန်အောင်လုပ်ကြသလိုဖြစ်နေတယ်။ ပိုဆိုးတာက ယူနီဖောင်းကို ခုတုံးလုပ်ပြီး တောင်းစားတာက အဆိုးဆုံးပဲ။
ဘယ်နေရာသွားသွား သူတောင်းစားနဲ့ လည်းမလွတ်။ ဇွတ်ချစ်ကြလေတယ်။
တခါတုန်းက ရွှေတိဂုံဘုရားပေါ်တက်တယ်။ လမ်းလည်ခေါင်မှာ သူတောင်းစားအုပ်စုက သူ့ အမေ့လင်အပိုင်စားပေးထားတဲ့ နေရာ ကြနေတာပဲ။ အလည်ခေါင်တည့်တည်မှာ ခန့် တည်တည်နဲ့ တောင်းစားလို့ ဗျာ။ ကျနော်လည်း မူးနေတော့ သူတောင်းစားတွေကို အကုန်လုံးမောင်းထုတ်ပစ်လိုက်တယ်။ အမယ်...ဆရားသမားတွေက စိတ်တောင်ဆိုးသေးတယ်ဗျာ။ ပါးစပ်ကလည်း ပွစိပွစိနဲ့ ။ ပိုက်ဆံသာပေးကြည့်ပါလား။ ထိုင်ပြီးရှစ်ခိုးမဲ့အထိလုပ်အုံးမှာ။
သူတို့ ခန္ဓာကိုယ်ကြည့်တော့လည်းကျားကိုးစီးစားလို့ မကုန်တဲ့ရုပ်တွေနဲ့ ။ ရွှေတိဂုံဆိုတာက နိုင်ငံပေါင်းစုံကလာပြီး ဖူးရတဲ့အထိ အထင်ကရရှိတဲ့နေရာ။ အခုတော့ သူတောင်းစားတွေကြောင့် တိုင်းပြည်ပါ သိက္ခာကြမဲ့ပုံဖြစ်နေပြီ။ ဂေါပကတွေကိုများ လာဘ်ထိုးထားသလားမသိဘူး။ ဒါ့ကြောင့် လမ်းလည်ခေါင်မှာတောင်းစားရဲ သတ္တိရှိတာပေါ့ဗျာ။ ရှင်းနေတာပဲ။
မော်လမြိုင်ကနေ ရန်ကုန်ကို ရထားစီးတော့ နောက်တခါ ကြုံပြန်သေးတယ်။ တောင်းစားတဲ့အမျိုးသမီးက ဒီလိုတောင်းတယ်။
ပိုက်ဆံလေးငါးကျပ်တစ်ဆယ်လောက်ပဲပေးပါ။ သူများတွေလို တစ်ရာနှစ်ရာမတောင်းပါဘူးတဲ့ဗျာ။ ဟိုက်ရှားပါ။ သူပြောမှပဲ ပြုံးမိတော့တယ်။ ငါးကျပ်တန်၊ တဆယ်တန်မှ မရှိတာ။ အနဲဆုံးအကြွေဆိုလို့ ငါးဆယ်တန်ခေတ်ရောက်နေပြီပဲ။ အဲဒါကို တောင်းစားတဲ့အမျိုးသမီးက မေ့နေပုံရတယ်။ ဘယ်လောက်လည်တဲ့အမျိုးသမီးလဲ။
ဒီတော့ ဒီမှာ အမကြီး...ခင်ဗျားတောင်းပုံကလည်း ရီရတယ်။ အခုခေတ်က ငါးကျပ်တန်ကော မြင်ဘူးလို့ လားဆိုပြီး မေးတော့ မျက်နှာပျက်လို့ ။ သူ့ ကြည့်တော့ သန်သန်မာမာကြီးနဲ့ ။ ဒီလိုလူမျိုးတွေ မြန်မာပြည်အနှံ့ မှာ နဲတာမဟုတ်ဘူး။
ဒါနဲ့ ရော့ရော့ နှစ်ရာတန်နှစ်ရွက်ပဲ ကျနော့်မှာအကြွေရှိတယ်ဆိုပြီးပေးမှ ကျေနပ်သွားတယ်။ မပေးကြည့်ပါလား။ ဆဲလိုက်မဲ့ဖြစ်ခြင်း။
ရထားကလည်း အထူးတန်းသာပြောတယ်....နိုင်ငံခြားက ရိုးရိုးတန်းတောင် သူ့ ထက်သာသေးတယ်။ လမ်းဘေးမှာလည်း အီးပုံတွေက နဲတာမဟုတ်ဘူး။
ရထားပေါ်မှာ ဈေးရောင်းတဲ့သူ၊ ဆေးရောင်းတဲ့သူ၊ ကွမ်းယာဆေးလိပ်ရောင်းတဲ့သူစတဲ့ လူတွေက နေရာတိုင်းလိုလိုမှာ တွေ့ ရတယ်။ ခရီးသွားတဲ့သူတွေ ဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာကို သိသိကြီးနဲ့ မရောင်းနဲ့ လို့ ဘယ်ဝန်ထမ်းမှ မပြောတာက အတော်ဆိုးတယ်။
မြန်မာပြည်သူတွေဟာ ဘာနဲ့ တူသလဲဆိုတော့ မျှော်လင့်ချက်မဲ့နေတဲ့လူသားတွေလိုပဲ။
သူများနိုင်ငံတွေမှာ သူတို့ တွေကျောင်းမပြီးခင်အလုပ်ရအောင် Graduate Program လို့ ခေါ်တဲ့ အစီအစဉ်တွေကို အစိုးရက စဉ်းစားပေးတယ်။ စီစဉ်ပေးတယ်။ အခု ကျနော်တို့ တိုင်းပြည်က လူကြီးများ စဉ်းစားထားချက်တောင် မရှိသလိုပဲ။ Company တွေ၊ လုပ်ငန်းရှင်တွေနဲ့ ကျောင်းတွေက ချိတ်ဆက်ပြီး အလုပ်သင်လိုမျိုးကို ဖြစ်အောင်အစိုးရက ကြားဝင်ပေးဖို့ လိုနေတယ်။ ဒါမှ သူတို့ ကျောင်းပြီးတာနဲ့ အလုပ်ရမှာပေါ့။ နိုင်ငံခြားက တက္ကသိုလ်တွေက မြန်မာပြည်လို မဟုတ်ဘူး။ တက္ကသိုလ်တိုင်းဟာ Industry တွေနဲ့ ချိန်ဆက်ထားတော့ ကျောင်းသားတွေအလုပ်ရတယ်။
ညွန်ကြားရေးမှုးတွေနဲ့ တွေ့ တော့ အကြံပေးတာတော့မဟုတ်ဘူး။ သိတာကို ဖလှယ်ပေးတာ။ တော်ကြာနေ ဆရာလုပ်တယ်ဆိုပြီး ဆဲချင်ဆဲနေအုံးမှာ။ ဒါနဲ့  ခင်ဗျားတို့ လိုလူမျိုးတွေဟာ နိုင်ငံခြားမှ ပညာတော်သင်သွားသင့်တယ်လို့ ပြောဘူးတယ်။ ဒါမှ သူများနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာသိပြီး ကောင်းတာကို ယူလာနိုင်မှာပေါ့။ ညွန်ကြားရေးမူးကဘာပြောတယ်မှတ်လဲ။ အင်္ဂလိပ်စကားမှ မတတ်တာတဲ့။ နောက်ပြီး အစိုးရမှာ သူတို့ ကိုပို့ ပေးဖို့ ငွေမရှိဘူးလို့ ဆိုတယ်။
ညွန်မှုးတွေတောင် အရည်အချင်းမရှိမှတော့ အောက်က မန်နေဂျာလိုကောင်တွေက ပိုဆိုးပြီပေါ့ဗျာ။ ဒါ့ကြောင့်လည်းပဲ ရုံးတိုင်းက ရုံးနဲ့ မတူ။ ၀န်ထမ်းတိုင်းက ၀န်ထမ်းနဲ့ မတူပဲ အထက်ကဆိုတဲ့အတိုင်း သူတောင်းစားလိုမျိုးဖြစ်ပြီး လုပ်ပိုင်ခွင့်နဲ့ ယူနီဖောင်းကို ခုတုံးလုပ် အလှူခံတဲ့လူမျိုးတွေဖြစ်နေတာပေါ့။
အခုလည်းပဲ အစိုးရက နိုင်ငံတကာကို လိုက်ပြီး တောင်းနေတော့ သူတို့ လည်း သန်သန်မာမာကြီးနဲ့ တောင်းစားတဲ့လူတွေပဲပေါ့ဗျာ။
ဒီကြားထဲ နိုင်ငံရေးအကြောင်းပြပြီး တောင်းစားတဲ့လူ၊ အလှူခံတဲ့လူတွေကလည်း ၂၀၁၃-မှာ ပိုလို့ ခေတ်စားလာနေတော့ ဒိထက်ပိုပြီး ဆင်းရဲအုံးမှာပဲလို့ တွေးမိပါတော့သည်။ 
မြိုင်ကြီးငူ ရောက်တုန်းက
မြိုင်ကြီးငူကိုရောက်တော့ ဦးလေးဖြစ်သူ ပအိုဝ်ကြီးက ဆိုင်ကယ်နဲ့ လာကြိုတယ်။ နယ်ခြားစောင့်တပ်ကို ကျော်ဖြတ်ပြီးမှ သူ့ အိမ်ရောက်တယ်။ ဂိတ်ပေါက်ဝမှာ နယ်ခြားစောင့်တပ်က စစ်သားတွေ ပိုက်ဆံကောက်တယ်။ ဘာလုပ်ဖို့ လဲ မသိဘူး။
တိုင်းပြည်အတွက် အခွန်ကောရလားမသိဘူး။ မရတာတော့ သေချာတယ်။
ကရင်အိမ်ရောက်တော့ ရောက်တာနဲ့ ဘုရားရှစ်ခိုးခိုင်းတယ်။ ကန်တော့ပါတယ်။ ဆုတော့ မတောင်းဘူး။ ဘာ့ကြောင့်လဲဆိုတော့ တောင်းလဲ ရမှာမှ မဟုတ်တာ။
သူ့ အိမ်က ကရင်နယ်ထဲမှာ။ ဦးလေးက ဗေဒင်ဆရာ၊ နတ်ဆရာ။ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတယ်။ ဆရာချစ်ငွေလို့ မေးရင် လူတိုင်းသိတယ်။ ရွာနာမည်က ကော့ဖန်ရ ရွာ။
ဦးလေးက ပအိုဝ့်လူမျိုး။ မိန်းမက ကရင်။
ကျနော်ရောက်တော့ သူက ရွာဘာစိုက်ခင်းထဲမှာ။ ရာဘာစိုက်နေတယ်။ ချက်ခြင်း ရွာက လူတွေက သွားခေါ်ပေးတယ်။
ကျနော့်ကိုတွေ့ တော့....အားပါး ငါ့တူကြီး လှလို့ ဝလို့ ပေါ့ဆိုပြီးပြောတယ်။ သူ့ လက်မှာက တရုတ်လုပ် ကတ်ဆတ်နဲ့ တောသီချင်းကိုဖွင့်လို့ ။
သူ့ ခြံက ၁၀-ဧက ကျော်ပြီလို့ ပြောတယ်။ ရာဘာခြံ။ နားဂစ်ဖြစ်တုန်းက ဧရာဝတီတိုင်းသားတွေ အောက်ဖက်ကို ဆင်းလာတယ်။ ခလေး၊ လူကြီး၊ လူငယ်၊ မိန်းမ အားလုံးပါလာတယ်။ သူတို့ ရဲ့ အားနဲ့ စိုက်ပါတယ်လို့ ဆိုပြီး ကွမ်းစားပြီးပြောတယ်။ သနားဖို့ အင်မတန်ကောင်းတဲ့လူတွေကွာဆိုပြီး အားရပါးရ ရယ်ပြီးပြောတယ်။
ကျနော်မရယ်နိုင်ဘူး။
နားဂစ်ဒုက္ခသည်တွေ အလုပ်မရှိလို့  ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဆင်းလာကြတယ်။ ရတဲ့လစာနဲ့ ဖြစ်သလို ဒုက္ခ ဆင်းရဲခံပြီး အလုပ်လုပ်ကြတယ်။
ထိုင်းမှာ မြန်မာတွေကို နှိမ်တာ သနားတယ်။ အခုဟာက မြန်မာတွေအချင်းချင်း ဆင်းရဲတဲ့လူတွေကို နှိမ်တာ ခေါင်းပုံဖြတ်တာ မျက်စိနဲ့ မြင်ခဲ့ရတယ်။ နားဂစ်က ဒုက္ခသည်တွေကို ရာဘာခြံပိုင်ရှင် ကရင်တွေက ခေါင်းပုံဖြတ်တယ်။ အားလုံးမဟုတ်ဘူး။ ဒီကေဘီအေအားကိုးနဲ့ ခြိမ်းခြောက်တယ်။
ဆိုတော့ မသိတဲ့ကောင်တွေကြောက်တာပေါ့။ ငပွေးဆိုတာက လည်ပင်းကို နှီးကြောနဲ့ ဖြတ်တာဆိုပြီး အစိုးရရဲ့ ဝါဒဖြန့် ချီရေးက ဒီမှာ ထိရော။
ပိုက်ဆံလေး လေးငါးသောင်းလောက်ကို ပုံမှန်မပေးဘူး။
နယ်ခြားစောင့်တပ်၊ ဒီကေဘီအေဆိုတာကလည်း ကရင်တွေချည်းပဲ။
ဒီမှာတင် ဦးလေးဖြစ်တဲ့သူက စေတနာနဲ့ ဒုက္ခသည်တွေကို ငါ့ခြံလာခဲ့၊ ငါရှင်းမယ်ဆိုပြီး မိုက်ကြေးခွဲမှ ရတော့တယ်။ အဲဒိနယ်တ၀ိုက်မှာ ဆရာချစ်ငွေကိုမြင်ရင် ရွာသားတွေ၊ ဒီကေဘီအေတွေ လက်အုပ်ချီပြီး ရှစ်ခိုးတဲ့အထိ ပေါက်တယ်။ မယုံမရှိနဲ့ ။ အဲဒါ ကျနော်ဦးလေးအရင်းပါ။ လူရှေ့ မှာ ဘယ်တော့မှ အရက်မသောက်ဘူး။ သတ်သတ်လွတ်ပဲစားတယ်။
ဒါပေမဲ့ ကျနော်နဲ့ တွေ့ တော့ သူ့ ခြံထဲမှာ ကရင်တောအရက်တစ်လုံးနဲ့ ရှောက်သီးဆေးပြားကိုမြည်းကြတယ်
ငါ့တူလာလို့ ငါသောက်တာ ဘာဖြစ်လဲဆိုပြီး မိန်းမကို ကွိုင်ရှာတယ်။
ခြံတွေပေါက်ဈေး၊ ဒီနယ်တစ်ဝိုက်မှာ ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတဲ့ စကားတွေကိုပြောကြတယ်။ ရာဘာပင်တွေကိုကိုက်တဲ့ ဘာကောင်လဲမသိ၊ အဲဒိအကောင်ကို ဘယ်လိုထောင်လို့ ရကြောင်းပြောတယ်။
အဲဒိနယ်တစ်ဝိုက်မှာ ဦးသိန်းစိန်ရဲ့ ဥပဒေဆိုတာကို သနားတယ်။ အလုပ်မဖြစ်ဘူး။ သူတို့ ဥပဒေက ရှင်းတယ်။ ဥပမာ အရက်သောက်ရင်သောက်။ မူးပြီးတော့ လာမကြမ်းနဲ့ သနားတယ်ပဲပြောတယ်။ အခန့် မသင့်ရင် လာထားပဲ။ အသေပဲ။
သြစီကနေ သူ့ အိမ်ရောက်ရောက်ခြင်း ဗေဒင်တွက်တယ်။ မင်းက သွေးထွက်သံယိုဖြစ်မယ်။ အမြန်ဆုံးဘုန်းကြီးဝတ်ပါ။ သွေးထွက်သံယိုဆိုတာက အနဲဆုံးချုပ်ရတဲ့အထိဖြစ်လိမ့်မယ်လို့ ပြောတယ်။
သူပြောတာကိုမယုံပါဘူး။ ဦးလေးဆိုတော့။ သူ့ အိမ်ကအပြန် မော်လမြိုင်က ယောက်ခမ အိမ်ရောက်တော့ ညဖက်ကြီး မူးပြီး လှေကားပေါ်ကပြုတ်ကျတာ မသေတာကံကောင်းဗျာ။ အခုထိ နံကြားမှာ အမာရွက်ကြီးနဲ့ ။
ဒါနဲ့ ဘုန်းကြီးဝတ်လိုက်ပါတယ်။ ကိုးရက်ထဲပါ။ ထွက်တဲ့ညနေမှာ အရက်သောက်တယ်။ မူးပြီး နိုင်ငံတော် သမ္မတအကြံပေးလို့ ခေါ်တဲ့ ဘော်ဒါကြီး ဦးလှမောင်ရွှေကို ခင်လို့ ရစ်တယ်။
ဒါပဲ။ အာဗျဲတော့မဟုတ်ဘူး။
ကရင်ပြည်နယ်ထဲမှာ တွေ့ ရတာက ဒီကေဘီအေလို့ ခေါ်တဲ့နယ်ခြားစောင့်တပ်ပဲ။ သူတို့ အရာရှိတွေဆိုးတယ်။ အထူးသဖြင့် တပ်မှုးတွေ။ မိန်းမတွေ နေရာတကာယူတယ်။ ပိုက်ဆံတွေအလွဲသုံးစားလုပ်တယ်။ ဒီနေရာမှာ နာမည်တော့မပြောချင်ဘူး။ ရဲဘော်တွေကို အသုံးချတယ်။
ဒီကေဘီအေ တပ်ခွဲမှုးနဲ့ အရက်သောက်တော့ သူ ရင်ဖွင့်တယ်။ ဒီကောင်က ကျနော်တို့ ရွာကပဲ။
ဆိုတော့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲလို့ ပြန်မေးရမယ်။ ကရင်တွေအရေးလို့ ပြောနေတဲ့ကောင်တွေ ဘာတွေလဲ။
မွန်အရေးလို့ ပြောနေတဲ့ကောင်တွေဘာတွေလဲ။
မွန်ကြားထဲမှာသွားကြည့်ပါ မွန်ပြည်သစ်က ခေါင်းဆောင် ငါနဲ့ ကျောင်းနေဖတ်၊ ဒီကောင်တွေ စောက်လုပ်မရှိလို့ တောခိုတာ၊ အသက်ကြီးမှ ခေါင်းဆောင်ဖြစ်တာ အထင်ကိုမကြီးဘူးဆိုတဲ့လူကြီးတွေတစ်ပုံကြီးပဲ။ သူတို့ က သာမန်အရပ်သားတွေ။
သူတိုနဲ့ လက်ရှိခေါင်းဆောင်တွေက ကျောင်းနေဖတ်တွေ။ ဆိုတော့ ဘာလဲဆိုပြီးတောင် တွေးရတော့တယ်။
ငယ်သူငယ်ချင်းတောင် အထင်မကြီးတာဗျာ။ အပြင်လူဆိုရင်တော့ ပိုဝေးပဲ။
တစ်ခုတော့ရှိတယ်။ ဒီစာကိုရေးလို့ အစိုးရကလူဆိုပြီး အရူးအတွေးမတွေးနဲ့ ။ အဲဒါ Facts ပဲ။ နှာဘူးကြီး ဦးဘိုဘိုကျော်ငြိမ်းပြောတဲ့လေသံအတိုင်းပေါ့ဗျာ။
2/8/13
အသားမဲကိုငွေနဲ့ နွေားဂွေးသင်းဆရာများ
မဲ့ဆောက်က လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေးအထွေးအတွင်းရေးမှုး အသားမဲ ကိုငွေလင်းအကြောင်းကို အတင်းပြောချင်တယ်။
သူ့ ကို မဲ့ဆောက်ကလူတွေက နေရာတကာ ဆရာကြီးလျှောက်လုပ်နေတာ၊ မိုက်မြင်ရင် မလွှတ်ချင်လို့ ကိုမိုက်ခဲလို့ ပြောတယ်။
အသံကလည်း အိညောင်အိညောင်နဲ့ ။ ဒါကို သူက သူ့ ကိုယ်သူ လေးဖြူလိုမျိုးအသံကောင်းတယ်လို့ ပြောသတဲ့။ ဇာဂနာလို ဟာသကောာင်းပြီး၊ ပရက်ဇမ်တေးရှင်းရှိသတဲ့လို့  ဆိုပြီး ရဲဘော်လေးတွေကို မျှောက်ပြောခိုင်းတယ်။
မိုက်ခဲလို့ ပြောတော့ နိုင်ငံရေးသမားတစ်ယောက်က ဒီလိုမှတ်ချက်ပေးပါသတဲ့။
"သူ့ ဟာသူ မိုက်ခဲတာ ခဲပါစေ။ ငါတို့ ငယ်ပါတွေကို မဆွဲမိရင် ပြီးတာပဲ"
ကိုငွေလင်းကို ကွန်မြူနစ် အိမ်မက်က မထွက်သေးဘူးလို့ ဆိုပြီး ဝေဖန်သတဲ့။
အင်း...ဒီမိုးဒီလေ ဒီလူတွေနဲ့  နိုင်ငံတော်သမ္မတကြီးတော့ ဒုက္ခပဲ။
နောက်ပြီး မဲ့ဆောက်က ABSDF ဗဟိုကော်မတီကို ကျနော်က သူတို့ ကဆရာတွေလားလို့ ဆိုပြီး ဦးဘမော်အသံနဲ့ မြန်မာ့အတွေးဆွေးနွေးခန်းလို မေးတော့....
နိုင်ငံရေးသမားကြီးက ဘာပြောတယ်ထင်လဲ။
နွားဂွေးသွင်းတဲ့ဆရာတွေလားဆိုပြီး ပြန်မေးတာကိုခံရပါတယ်။
ကျနော်သည် မဲ့ဆောက်ကိုလည်းမသွားရဲ၊ စံခကိုလည်း မသွားရဲ၊ ဘုရားသုံးဆူဆိုတာ ဝေးလာဝေး။ ရန်ကုန်ပြန်တော့လည်း တီးမယ်ဆိုတဲ့ကောင်တွေကများ။ ကျနော့်ဘ၀ကလည်းဗျာ လူတကာကို ပေါက်ကရပြောရမှ ကျေနပ်တဲ့ကောင်ဆိုတော့ ပါးစပ်ပေါက်ကြောင့် လူတွေလည်း စိတ်ဆင်းရဲနေပြီထင်ပါ့ဗျာ။
ဒီလိုရှိတယ်အရပ်ကတို့ ရေ
အဲဒိနေ့ ကဗျာ လူက အရက်နာကလည်းကျ။ ဒီပွဲကိုသွားလည်းမသွားချင်ဘူး။ ဒါပေမဲ့ ကိုယ့်ဆရာလုပ်တဲ့ပွဲဆိုတော့ သူ့ ကို အားပေးတဲ့အနေနဲ့ သွားတယ်။
ငယ်ငယ်တုန်းက အဲဒိဟိုတယ်အရှေ့ က မဖြတ်ရဲဘူး။ ဟိုတည်ကြီးက အကြီးကြီးပဲ။ မှန်တွေကလည်းလတ်လတ်ထနေတာ။ ကားတွေကလည်း အကောင်းစား။ ကျနော်က ဒီဟိုတည်ကြီး အရှေ့ ကနေဖြတ်ပြီး ပန်ဆိုးတန်းလမ်းနားက တိုက်တခုမှာ ပန်းရံလူကြမ်းသွားလုပ်တာ။
အခုတော့ အဲဒိဟိုတည်ကြီးထဲကို လည်ကတုံးနဲ့ ပုဆိုးအသစ်နဲ့ ဘာနဲ့ ဝတ်ပြီး ၀င်ရရော။ Trader Hotel လို့ ခေါ်တယ်။ ၀န်ထမ်းတွေကလည်း ကျနော့်စောက်ခွက်ကိုကြည့်ပြီး ဒီကောင် ဘာလာခိုးမလို့ ဆိုတဲ့အမူအယာနဲ့ ။ ပထမတော့ ကျနော်လည်း သိမ်ငယ်သွားတာပေါ့။
ဘာရမလဲ နောက်မှ စိတ်ကိုတင်း၊ မျက်နှာကိုတင်းပြီး ငါသည် သြစတျေးလျနိုင်ငံကလာတဲ့ လူဖြစ်သည်ပေါ့ဆိုပြီး မာန်တင်းထားပြီး ပြန်ကြည့်မှ ၀န်ထမ်းတွေလည်း လစ်ပါရော။
ဒါနဲ့ မောင်ထူးချစ်တို့ လုပ်တဲ့ ခန်းမထဲကို ရောက်တော့ အရောင်တွေကလည်း တောက်။ ခုန်တွေကလည်းကောင်းမှကောင်း။ အေးကလည်းအေး။ ခြေတွေလက်တွေကလည်း တုန်နဲ့ ။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ လည်းတွေ့ ။ သူလာားပေါ့ဗျာ....နိုင်ငံတော်မှာ နာမည်ကြီးတဲ့ ရုပ်ရှင်ဒါရိုက်တာ။ အချာပင်မဟုတ်။ အချည်လည်း မဟုတ်၊ အချိုလည်းမဟုတ်။ သူ့ ကိုစကားတောင်မပြောရဲဘူး။ ဒီလူ ရုပ်ဆိုးလို့ တော့မဟုတ်ဘူး။ ဆံပင်အရှည်ကြီးနဲ့ မျက်မှန်းကြီးနဲ့ ဆိုတော့ သူရဲလိုဖြစ်နေလို့ ကြောက်တာ။
ရုပ်ရှင်ပြပွဲက မစ သေးဘူး။ မောင်ထူးချစ်ကြည့်ရတာ ရင်တွေခုန်ပြီး သေးတောင်ထွက်နေလားမသိဘူး။ သူလည်း ဒီလိုဘ၀မျိုးတွေ့ ဘူးတာမှ မဟုတ်တာ။ ငယ်ငယ်တုန်းက သူလည်း မျှစ်ချိုးစားပြီး ကြီးလာတဲ့လူ။ အခုကြမှ ဈေးအကြီးဆုံး ဟိုတည်ကြီးမှာ ခန့် ခန့် ကြီးနဲ့ ပွားရမှာဆိုတော့။ အင်း....ဘ၀...ဘ၀။
လာပါပြီ...ခန်းမထဲကို ဂုဏ်သရေရှိလူကြီးလူကောင်တွေ ၀င်လာပါပြီ။ မင်းသမီးတွေ၊ မော်ဒယ်တွေ၊ လွှတ်တဲ့နေရာမှာတော်တဲ့ လွှတ်တော်အမတ်တွေ၊ လူရွှင်တော် ပန်းသီးလား ဂွေးသီးလားမသိဘူး။ သူတို့ လည်း ပါတယ်။ အန်ဂျီအိုဝန်ထမ်းတွေ။ အစိုးရ အရာရှိတွေ။ အားလုံး သမားတွေချည်းပဲ။
တွေ့ ပါပြီဗျာ။ မတွေ့ ချင်တဲ့လူတွေနဲ့ ။ ဒီဘီဗွီက မသီတာ။ ရုပ်ကလည်းဆိုး၊ အရက်လည်းပု၊ စပ်စလူးကိုခါနေတာပဲ။ လူတွေကို လိုက်ပြီး နုတ်ဆပ်နေတာ။ သူ့ အမေ့လင်ပေးထားတဲ့ ဟိုတည်များကြ နေတာပဲ။ သူ သရုပ်ဆောင်တဲ့ ပုံစုံက အရူးမကို က ခိုင်းသလိုမျိုးဆောင်တာ။ ဒါကို သူက သူ့ လည်း နာမည်ကြီးလို့ ထင်နေတာ။ စောက်မြင်ကို ကပ်တယ်ဗျာ။
နောက်တစ်ယောက် ကုလားပြည်က နာမည်ကြီးပီး လူကြိုက်နဲနေတဲ့ မမ၀၀ ထထ ကက။ မော်ဒယ်ကြီးတော့မဟုတ်ဘူး။ မသင်သင်းအောင်။ သင်းနေတဲ့နာမည်နဲ့ ။ သူကလည်း လူကြားထဲမှာ သူ့ မင်္ဂလာဆောင်ကြနေတာပဲ။ လူတွေကို လိုက်ပြီးနုတ်ဆက်လို့ ။
WLB က ရုပ်ကဆိုးမိန်းမအဖွဲ့ ။ ခေါင်းဆောင်ရုပ်က ဘီလူးလိုပဲ။
ကိုဝင်းမင်း။ သူကလည်း ဆရာတစ်ပါးပဲ။ သူကတော့ လူရိုးလိုပဲ။
အားလုံးကျနော်မျိုးကိုတွေ့ တော့ အလှိုလျိုလစ်။ အနောက်ကို ကြွ။ ဘယ်သူနဲ့ မှ စောက်စကားမပြောချင်ဘူ။ ခန်းမထဲမှာ ဘယ်ကောင်က ဘယ်လိုအထာရှိလဲဆိုတာ ကောင်းကောင်း နားလည်ပြီးသား။ အင်တာနက်မှာ ရီစက်ခ်ျလုပ်ပြီးသား။ သူတို့ အကြောင်းနဲ့ ပီအိတ်ခ်ျဒီတောင် ယူလို့ ရတယ်။ ထားတော့။
ပွဲက စပြီ။ သတ်မှတ်ထားတဲ့အချိန်မှာ ဘယ်သူမှ မလာဘူး။ အားလုံးနောက်ကြမှလာတယ်။ အားလုံးနီးပါးက မွေးကတည်းက ချမ်းသာလာတာမဟုတ်ဘူး။ ငမွဲတွေချည်းပဲ။ သူတို့ ကိုကြည့်ရတာ ထရိတ်ဒါးဟိုတည်ကိုရောက်တာ တခါတည်း ဘီလျံနဲ့ ချီပြီး ချမ်းသာသလို စောက်ခွက်တွေနဲ့ ။ ပဲကလည်း ဘာများသလဲမမေးနဲ့ ။
ပွဲစတာနဲ့ မောင်ထူးချစ် အာတယ်။ သူ့ အဖွဲ့ အကြောင်း ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ရွှီးတယ်။ ဒု-လက်ထောက်ပိုပိုကလည်း သူသိသလောက် လွှတ်တယ်။
နေအုံး...ဒီနေရာမှာ ဆိုက်ကားတစ်စီးပါတယ်။ WLB က မဲ့ခေါင် ၀က်ဆိုက်ဆိုလား ဘာလား။ သူတို့ ဘာလုပ်နေကြောင်း ကြွားတယ်။ ရိုးနေပြီ....ရိုးနေပြီ။ ဟုတ်လှပြီထင်နေကြတယ်ဗျာ။ စိတ်ပျက်ဖို့ ကောင်းတယ်။
ရန်ကုန်ကို အခုမှ ချေ ကြွဘူးတဲ့လူတွေ။ ဟုတ်လှပြီ ထင်နေကြတယ်။ မွေးကတည်းက ရန်ကုန်မှာ မွေး၊ ကြီးလာတဲ့ လဗာချာတွေက ဘာမှ မဖြစ်ရဘူး။
ဈေးကြီးပြီး လူကုန်ထံတွေတည်းတဲ့ Trader Hotel ကို သွားချင်လို့ သွားတာမဟုတ်ဘူး။ မောင်ထူးချစ်ကို သွားပြီး အားပေးတာ။ လှိုင်သာယာက စုတ်ပြတ်သတ်နေတဲ့ တဲကနေ သူ့ ဆီသွားတာက တက္ကဆီကချည်းပဲ နဲ တာမဟုတ်ဘူး။ ထမင်းလည်း ငတ်တယ်။ ခန်းမထဲမှာ အဲယားကွန်းကြောင့် အအေးပတ်တယ်။ လူတွေကို တွေ့ တာ စိတ်အရမ်းညစ်တယ်။ စိတ်ကျည်းကျပ်တယ်။
ဒါပဲဗျာ။ တွေ့ ဘူးတဲ့ အတွေ့ အကြုံပါ။
2/6/13
ခရိုနီတွေ ဒိုနာအုပ်စုအဖြစ် ငြိမ်းချမ်းရေးအတွက် ဖန်တီးဖို့ လိုအပ်
လက်တလောမှာ နိုင်ငံခြားက အကူအညီတွေ အရမ်းရတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက်ဆိုပြီး နိုင်ငံတကာဒိုနာတွေ လှူတာ အားရစရာကောင်းတယ်။
ချမ်းသာတဲ့နိုင်ငံတွေကတော့ လှူပေမဲ့၊ တိုင်းပြည်ထဲမှာ အရမ်းချမ်းသာပြီး ခရိုနီလို့ ခေါ်တဲ့လူတွေ စုပေါင်းပြီး ငြိမ်းချမ်းရေးအတွက်နဲ့ တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက် လှူရင် အရမ်းကောင်းတယ်။ ဒါဆိုရင် သူတို့ မတရားသဖြင့် ရထားတဲ့ စည်းစိမ်တွေကို ပြည်သူက အပြစ်မြင်မနာလိုစိတ်များတာ နဲပြီး သူတို့ အပေါ်လည်း နားလည်နိုင်တယ်။
အခုတော့ ငါတို့ သေမှ လှူခဲ့မယ်ဆိုတော့ မသေခင် ၀ အောင် စားမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။
လှူတော့ လှူတယ်။ ဘယ်လိုလှူလဲဆိုတော့ မဟုတ်တာကိုလှူတယ်။
ဆွယ်တာအကျီလေးတစ်ထည်နဲ့ ပန်ချီကားလေးတစ်ချပ်ကို သိန်းထောင်ချီ ၀ယ်ပြီး ချောင်ထိုးထားတဲ့အလှူမျိုးနဲ့  နာမည်မခံပဲ နောက်ကွယ်ကနေ အာဏာနဲ့ လုပ်ပိုင်ခွင့်ပိုရအောင်လှူတဲ့အလှူမျိုးအစား ပေါ်တင် ဂုဏ်သိက္ခာရှိရှိလုပ်ကြစမ်းပါ။
မြန်မာလူမျိုးမဟုတ်တဲ့လူတွေတောင် မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် လှူကြတန်းကြ လုပ်နေသေးတာပဲ။
မြန်မာနိုင်ငံက အရမ်းချမ်းသာတဲ့လူတစ်စုက ပိုလို့ လုပ်သင့်တယ်လို့ ထင်တယ်။
အားလုံးစုပေါင်းပြီး ဒိုနာအုပ်စုအဖြစ်၊ ဖန်တီးပြီး မြန်မာပြည်မှာ အဓိကလိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေပြုပြင်ရေး၊ အစိုးရရုံးဌာနတွေမှာ လိုအပ်နေတဲ့ခေတ်မှီနည်းပညာနဲ့ ပစ္စည်းတွေဖြည့်တင်းရေး စတဲ့ လိုအပ်နေတဲ့အရာတွေကို လှူကြရင် အားလုံးသာဓုခေါ်မည်မလွဲပါ။
View My Stats