ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/16/08

ထိုင်းနဲ့ကမ္ဘောဒီးယားတော့ချပြီ









ကမ္ဘာဒီယားကတော့ မှန်တယ် သူ့ရဲ့  နယ်မြေကို ကျူးကျော်လာတဲ့ သူတွေကို ပြန်ဆုတ်ဖို့အချိန်ပေးတယ်။ ဒါကို ထိုင်းကလက်မခံဘူး။ ဒါကြောင့် ကမ္ဘာဒီးယားဝန်ကြီးချုပ်က ချမယ်လို့ပြောတာပဲ။ ကမ္ဘာဒီးယားနိုင်ငံသားတွေက တော့ တော်တော်တင်းတယ်။ Perth မှာ ရောက်နေတဲ့ ကမ္ဘာဒီးယားမိသားစုတွေက ပြောတယ် မြန်မာတွေ အရမ်းကောင်းတယ်တဲ့။ ထိုင်းတွေ မကောင်းဘူးတဲ့။ သူတို့ရဲ့ နယ်မြေနဲ့ ရှေးဟောင်းအမွေအနှစ်ကို ထိုင်းက လိုချင်နေတယ်။ အဲဒိသမိုင်း ကြောင်းကို မြန်မာလူမျိုးပညာရှင်တွေထဲကနေ ရေးသင့်တယ်။

10/15/08

ကမ္ဘာပေါ်မှာ လာဘ်အစားဆုံးငါးနိုင်ငံ


ကမ္ဘာပေါ်မှာ လာဘ်အစားဆုံးငါးနိုင်ငံရဲ့ စာရင်းကို CPI နိုင်ငံတကာပွင့်လင်းမှုနှင့် လာဘ်စားမှုစောင့်ကြည့်ရေး အဖွဲ့ ကနေ ၂၀၀၈-ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒိ ၅-နိုင်ငံကတော့-
၁) ဆိုမားလီးယား
၂) မြန်မာနိုင်ငံ
၃) အီရတ်
၎) ဟေတီ
၅)အာဖဂန် တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ပါတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်နေတာဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီသတင်းကိုတော့ မြန်မာ့အသံ၊ မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ တခမ်းတနား ဖော်ပြတာ မတွေ့ရပါဘူး။ ဒီ ၅-နိုင်ငံတွေဟာ ပြည်တွင်းစစ်နဲ့ အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံတွေပါပဲ......

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးကောင်စီ ရဲ့  လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဆိုတဲ့ဆောင်ပုဒ် ကြောင့် မြန်မာနိုင်ငံက ဒုတိယ လိုက်တာဖြစ်မယ်။

10/12/08

" ပါတီရဲ့ အရိပ်အောက်မှာ အားလုံး ဆုံတွေ့နိုင်ကြပါစေ"



နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ သေကွဲကွဲကြတဲ့သူတွေလည်းရှိသလို၊ ရှင်ကွဲ ကွဲကြတဲ့သူတွေလည်းရှိပါတယ်။ ကျနော် တို့ရဲ့ အသည်းနှလုံးထဲမှာ ပါတီအပေါ်ထားတဲ့ ချစ်ခင်မြတ်နိုးမှုဟာ ဘယ်လောက်ပဲဝေးနေပါစေ မပျောက် ပျက်ပဲ ပိုလို့တောင် ခိုင်မြဲလာခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပရှိ ပါတီဝင်အားလုံးဟာ တနေ့တချိန်မှာ ပါတီရဲ့ အရိပ် အောက်မှာ အားလုံးပြန်လည် ဆုံတွေ့ နိုင်မယ်လို့ယုံကြည်ရင်း..............

ပါတီရဲ့ (၂၀) နှစ်ပြည့်မွေးနေ့မှာ ပါတီဝင်အားလုံး သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ရဲဘော် ဘုန်းကျော် (ခေတ္တ ၾသစေတ်းလ်)

နှစ် ၂၀-ပြည့် ပါတီရဲ့ သဘောထားကို ယခုကဲ့သို့ ထုတ်ပြန်ကျေငြာ ပါတယ်။

အထွေအထွေအတွင်းရေးမှုး ကိုခင်မောင်တင့်ရေးသော ပါတီ သမိုင်း

10/11/08

သုံးစားလို့မရသည့်လူများ

အိမ်လည်သွားတယ်။ လူတွေကမေးတယ်။ မင်းဘာလုပ်နေလဲ။ ကျနော်ဖြေတယ်။ ကျောင်းတက်တယ်။ ကားမောင်း သင်တယ်။ ထပ်မေးတယ်။ အိမ်မ၀ယ်သေးဘူးလား။ ထပ်ဖြေတယ်။ မ၀ယ်သေးဘူး။ ကျောင်းပြီးအောင်တက်အုံး မယ်။

ဘုန်းကြီးကျောင်းသွားတယ်။ လူတွေကမေးတယ်။ ကျောင်းတက်နေလား၊ အလုပ်လုပ်နေလား။ ပြန်ဖြေတယ်။ ဟုတ်တယ်။ ဘာဖြစ်လို့အိမ်မ၀ယ်သေးတာလဲ။ ပြန်ဖြေတယ် ကျနော့်ခလေးတွေကြီးလာရင် သူများတွေက မင်းတို့အဖေ ဘာလုပ်လဲလို့မေးရင် သူတို့ကို ကျနော့်အဖေ Factory Hand (စက်ရုံအလုပ်သမား) လုပ်တာလို့ မဖြေစေချင်လို့။

သူကထပ်ပြောတယ်။ ဒီနိုင်ငံမှာ ဘွဲ့ရလည်း အလုပ်မရနိုင်ဘူးတဲ့။ နောက်ပြီး ဒီကနိုင်ငံသားတွေတောင် စက်ရုံတွေမှာ ၀င်လုပ်နေသေးတာ။ ကျနော်ပြန်ဖြေတယ်။ ဟုတ်တယ် သုံးစားလို့မရတဲ့လူတွေပဲ လုပ်တယ်။

10/10/08

ပြည်တွင်းက အစိုးရ၀န်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း ဘ၀ ကွာခြားပုံ (ခေတ်လူငယ်ထဲကရသည်)

လစာနှင့် စနေ


ယခင်ကအစိုးရ၀န်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း အတော်ကွာခြားသည်။ယခုလဲကွာခြားမှုရှိနေဆဲ၊
ဝန်ထမ်းချင်းမှမတူပေပဲကွာခြားမှာပေါ့ဟုပြောနိုင်သည်။ကောင်းပြီဘယ်နေရာမှာကွာခြားမလဲဘာ
တွေကွာခြားသလဲ ကြည့်ရအောင်။
ယခင်လစာမှာအစိုးရ၀န်ထမ်းက အတော်နည်းသည်။ ကုမ္ပဏီဝန်ထမ်းက အောက်ခြေအဆင့်
မှာတောင် မြန်မာပိုင်ကုမ္ပဏီတွေမှာ တစ်သောင်းအနည်းဆုံးရပြီး နိုင်ငံခြားကုမ္ပဏီ၏ ၀န်ထမ်းပင်
လျှင် FEC 70 လောက်ရသည်။ အရာရှိလစာဆိုလျှင် မပြောနှင့်တော့။
ကုမ္ပဏီမန်နေဂျာတစ်ယောက် လစာအနည်းဆုံး ၄၀၀၀၀မှ ၁၅၀၀၀၀ ကျပ်ရှိသည်။ အရောင်း
ဖက်ဆိုင်ရာမန်နေဂျာဆိုလျှင် ရောင်းရငွေပေါ်မှာ အကျိုးအမြတ်ခံစားခွင့်ရှိသည်။ နှစ်စဉ် Annual
bonus ရသေးသည်။ နိုင်ငံခြားကုမ္ပဏီဆိုလျှင် မန်နေဂျာလစာ FEC 200 မှ အထက်ရှိသည်။
အစိုးရ အမှုထမ်း ညွှန်ကြားရေးမှူး Level ထက် (လစာ) များသည်ဟုဆိုနိုင်သည်။ သို့သော်
ကုမ္ပဏီဝန်ထမ်းတွေလစာအပြင် Bonus နှင့် ခိုင်ကြေးများကလွဲ၍တခြားဘာမှမရ။ သိပ်ကြီးသော
ကုမ္ပဏီကြီးတွေမှသာလစာအပြင်တခြားbenefitများရသည်။ဥပမာ Hand Phone ပေးထားသည်။
Transportation အတွက် ကားပေးထားသည်။ UN လိုအဖွဲ့အစည်း NGO မျိုးဆိုရင်နေစရာ အိမ်
Resident ပေးသည်။ မိသားစုရှိလျှင် ကလေးကို ကျောင်းထားပေး သည်။ အခမဲ့ ဆေးကုသခွင့်ရ
သည်။ တစ်နှစ်တစ်ကြိမ် Vacation အပန်းဖြေခရီးထွက်ခွင့်နှင့် စရိတ်ပေးသည်။ အစိုးရအရာရှိမှာ
လစာ(ယခင်က) နည်းသော်လည်း ရုံးကားရသည်။ ဆန်၊ ဆီ၊ သကြား(ယခင်က) ရသည်။ တခြား
အထောက်အပံ့များလည်းရသည့်အပြင်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ Benefit တွေများကြီးရှိသည်။
ရုံးချိန်မှာလည်း ၉း၀၀ နာရီမှ ၅း၀၀ နာရီအထိသာဖြစ်ပြီး စနေနေ့ ရုံးပိတ်သည်။ကုမ္ပဏီတွင်တိုင်း
ရင်းသားပိုင်အများစုသည်ဝန်ထမ်းများကိုအစိုးရလစာထက်အများကြီးပိုပေးရသည်ဆိုကာ အချိန်
ပိုဆင်းခိုင်းလေ့ရှိသည်။ အချို့ကုမ္ပဏီများ Overtime ပေးသည်။ အချို့မပေး။အလုပ်လျှောက်စဉ်
Interview ခေါ်စဉ်ကပြောသော ရုံးချိန် အပြင် အပိုဆောင်း ရုံးချိန်များဆင်းပေးရသည်။ အစိုးရရုံး
များ စနေနေ့ပိတ်သည်။ ပြင်ပပုဂ္ဂလိကကုမ္ပဏီများစနေနေ့ဝက်ဆင်းပေးရတာရှိသလို တစ်နေ့လုံး
မပိတ်သောကုမ္ပဏီလည်းရှိသည်။ ယခင်တုန်းက အစိုးရ ရုံးများ၊ တက္ကသိုလ် များစနေနေ့ဝက်ဖြစ်
သည်။ နောက်မှစနေတစ်နေ့လုံးပိတ်စနစ်ကို ကျင့်သုံးပါသည်။ ၁၉၂၀မတိုင်မှီကတည်းကရန်ကုန်
မြို့ရှိရိုးကုမ္ပဏီအစရှိသောကုမ္ပဏီကြီးများ(ကုန်တိုက်မပါ)စနေနေ့ဝက်ပိတ်သည်။နောက်ပိုင်းတစ်
နေ့ လုံးပိတ်သည်။
ယနေ့ခေတ် ပုဂ္ဂလိကများ ကတော့ အကြောင်းပြချက် (၂) ခုဖြင့် စနေဆင်းခိုင်းသည်။ နံပါတ်
(၁) အကြောင်းပြချက်မှာ သူတို့သည်အစိုးရရုံးများထက်ပိုအလုပ် များသောကြောင့်ဖြစ်၏။ နံပါတ်
(၂) အကြောင်းပြချက်ကားလစာပင်တည်း။
သူတို့ကအစိုးရလစာထက်အများကြီးများကြီးပိုပေးထား၍တန်အောင်ဆင်းခိုင်းသည့်သဘော
အကြောင်းပြ၏။ ယခုအစိုးရ၀န်ထမ်းလစာများ နိုင်ငံတော်၏ကြီးမားသော ဂုဏ်ကျေးဇူးကြောင့်အ
ဆများစွာတိုးတက်ရရှိကြလေပြီ။ထိုအခါနိုင်ငံတော်က၀န်ထမ်းများကိုလစာပိုပေးထားသည်၊ စနေ
နေ့ဆင်းကြဟု မပြောပါ။ စနေနေ့ အလုပ်ပိတ်ခြင်း၏ အကျိုးကျေးဇူး ကားနှစ်ဦးနှစ်ဖက်အတွက်
ကောင်းလှသည်။မြန်မာဗုဒ္ဓဘာသာသာသနာနိုင်ငံဝယ်လူအများအနေနှင့် သာရေးနာရေးလူမှုရေး
ကိစ္စအ၀၀ရှိကြလှပါသည်။စနေနေ့တွင်ထိုကိစ္စများကို လုပ်နိုင်သည့်အပြင် မိသားစု စည်းစည်းလုံး
လုံး နေထိုင်ခွင့်၊ မိဘဘိုးဘွားများထံသွားရောက်ဝတ်ကြီးဝတ်ငယ်ပြုခွင့်များရကြသည်။
နိုင်ငံတော်အတွက်ကား စနေနေ့ရုံးပိတ်သဖြင့် လမ်းပေါ်မှာကားကြပ်ခြင်း Traffic Jam နည်း
ပါးသွားသည်။ ရုံးအဆောက်အဦး၊ ပရိဘောဂ၊ စက်ကိရိယာနှင့် ရုံးသုံးပစ္စည်းများ တစ်ရက် ဆိုဆို
သလောက်နားခွင့်ရသည်။စနေ၊ တနင်္ဂနွေနှစ်ရက်စာစွမ်းအားချွေတာခွင့်၊ လောင်စာဆီချွေတာခွင့်
ရသည်။နိုင်ငံတော်အတွက်ရောလုပ်သားပြည်သူတွေအတွက်ပါအကျိုးရှိ၏အလွန်အရေးကြီးသော
အချိန်အခါမျိုး၊ အရေးကြီးသောကာလမျိုးမှာသာအမှန်တကယ်အလုပ်လုပ်ရမယ့်သူ၊တာဝန်ယူရ
မည့်သူများရုံးတက်ကြသည်။ အစည်းအဝေးထိုင်ကြသည်။ ညလုံပေါက်မိုးအလင်းအလုပ်လုပ်ကြ
သူ များလည်း အများအပြားပင်။ ပုဂ္ဂလိက ကုမ္ပဏီများကတော့ စနေနေ့မပိတ်သည့်အပြင်လိုအပ်
လျှင် လိုအပ်သလို အခြားရုံးပိတ်ရက်တွေမှာပါ ဆင်းပေးရလေ့ရှိသည်။ ထိုအခါမျိုး၌OVER TIME
ပေးသောကုမ္ပဏီ၊နေ့လည်စာကျွေးသောကုမ္ပဏီအချို့လည်းရှိပါသည်။ သို့သော်ဝန်ထမ်းအတွက်
တော့ပိတ်ရက်တစ်ရက်ကိုယ့်ဖက်ကပေးလိုက်ရတာအမှန်ပင်။ ထိုပိတ်ရက်မျိုးတွင် အိမ်ကရေတိုင်
ကီ ပြင်ချင်သူလည်းရှိသည်။ မိသားစုများမကျန်းမာ၍ပြုစုချင်သူ။ ဆေးခန်းပို့ချင်သူလည်းရှိသည်။
ဘုရားသွားကျောင်းတက်၊ အဓိဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်သူလည်းရှိသည်။ ကျောင်းတက်ချင်
သူ သင်တန်းတက်ချင်သူသင်တန်းတက်နေသူတွေလဲရှိသည်။ တကယ်အလုပ်များသော၊ စနေတ
ကယ်ဖွင့်ရန်လိုသော ကုမ္ပဏီများကိုတော့ဘာမှမပြောလို။ ရေးချင်သည်မှာအချို့ကုမ္ပဏီများစနေ
နေ့လာပါဆိုလို့သာလာကြရသည်။ဘာအလုပ်မှလည်းမယ်မယ်ရရမရှိ၊ ထိုင်ပြီးစကားပြောသူပြော၊
လက်ဖက်ရည်ဆိုင်သွားသူသွား၊ ဂျာနယ်ဖတ်သူဖတ်၊ ကွန်ပျူတာဖွင့်ပြီးဖဲကစားသူ၊VCD ဖွင့်သူက
ဖွင့် နေ့တ၀က်အချိန်ဖြုန်းပြီးပြန်သွားကြ။ ဘာမှအကျိုးမှမမြင်ပါ။ အလကားအချိန်တွေကုန်ဆုံးပြီး
လျှပ်စစ်မီးတွေ၊ လောင်စာဆီတွေ နေ့တ၀က်စာ၊ တစ်ရက်စာ ဓါတ်အား ကုန်သွား တာသာအဖတ်
တင်သည်။
ယခု နိုင်ငံတော်က ၀န်ထမ်းလစာ များမြှင့်တင် လိုက်ရာ ၀န်ထမ်းတွေ ၀မ်းသာကြည်နူး သာဓု
ခေါ် ကြကုန်သည်။ကြားရသူတိုင်းပင်ပီတိဖြစ်ကြ။မုဒိတာဖြစ်ကြရသည်။ ယခင်ကကုမ္ပဏီဝန်ထမ်း
သားသမီးရှိသူမိဘများရှေ့မှာအစိုးဝန်ထမ်းသားသမီးရှိသူကစကားရိုးရိုးပြောရာမှ “သမီးကဘယ်
မှာ ခုကလေ”ဟုအော်ကျယ်စွာဖြင့် ပြောနိုင်လာကြသည်။ ၀န်ထမ်းလောကမှ ကုမ္ပဏီလောက သို့
ပြောင်းရကောင်းနိုးနိုး စဉ်းစားနေသူတွေ မပြောင်းမိတာတော်သေးရဲ့ဟု သတ်ပြင်ချနိုင်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ယခုဧပြီလကုန်မှကျန်နိုင်ငံ့ဝန်ထမ်းလစာများအစများစွာတိုးမြှင့်ပြီ။ဝန်ထမ်း ဖြစ်
ရသည်မှာ ကောင်းလေစွ။ လစာလဲကောင်း။ စနေလဲဆင်းစရာမလို(မှတ်ချက်-ယခု လခများသော
ကြာနေ့ထုတ်ပေးမည်ဆိုပါကစနေရုံးပိတ်ရက်မှာ Shopping ထွက်လို့ရပြီ။Gazette Holiday တွေ
ဆိုခွင့်ပါယူပြီးကျိုက်ထီးရိုးဘုရားဖူးသွားမလား။ ပုဂံဘုရားများဖူးမလား။ ကုမ္ပဏီဝန်ထမ်းများရော
လစာလိုက်တိုးမလား။စဉ်းစားစရာဖြစ်သည်။ပိုပေးပြီးသားပေးစရာမလိုဟုဆိုချင်လည်းရပါသည်။
ပုဂ္ဂလိကမို့ သူ့အထွာနှင့်သူ့ဟာဟုလည်းစိတ်ဖြေနိုင်သည်။ ဘာပဲပြောပြော ကုမ္ပဏီဝန်ထမ်းအခွင့်
အရေးကား အစိုးရ၀န်ထမ်း နှင့် နှိုင်းယှဉ်လျှင်အတော်နည်းပါးသည်ဟုဆိုရမည်။သည်တော့တိုင်း
ရင်း သားပုဂ္ဂလိကကုမ္ပဏီများဘာလုပ်မလဲ။ လစာတိုးမလားစနေပိတ်မလား?
http://www.khitlunge.org.mm/blog/Default.aspx

10/9/08

စစ်အစိုးရကောင်းကြောင်းပြောရအောင်



ကျနော်နိုင်ငံရေးကိုစိတ်ဝင်စားတာဟာ လူ့ဘောင်သစ် ရောက်မှပါ။ ပါတီကနေ အထူးသဖြင့် ကိုထွဋ္ဋ် ဆီကနေ နိုင်ငံရေး သဘောတရား။ လူတန်းစားအကြောင်း စသဖြင့်ရမိတယ်။ နောက်ပိုင်း စိတ်ဝင်စားတော့ စာအုပ်အများကြီး မဟုတ်ဘူး တချို့ လျှောက်ဖတ်မိရင်း စဖြစ်တယ်။ အခုထိ အင်တာနက် သတင်းကို ဖတ်ရင်တောင် အများစု တော်လှန်ရေး ၀က်ဆိုက် နဲ့  ဘလော့တွေဖတ်ဖြစ်တယ်။ ဥပမာ ခေတ်ပြိုင်။ ဘီဘီစီ။ အာအက်ဖ်အေ။ ဒီဗွီဘီ။ရိုးမသုံး။ နောက် ကိုမိုးသီးဘလော့ဂ်။ အာဇာနည်။ ဒေါက်တာလွမ်းဆွေ စသဖြင့် နေ့တိုင်းလိုလို ဖတ်မိတယ်။

အရင်တုန်းက သတင်းနားထောင်ဖြစ်တယ်။ နောက်ပိုင်းအလုပ်နဲ့ကျောင်းနဲ့ ဆိုတော့ နားထောင်မဖြစ်ဘူး။ နိုင်ငံရေး ဆက်လုပ်ဖြစ်မှာ ဆိုးလို့။ အဲဒိသတင်းတွေနားထောင်ပြီးရင် စိတ်ဓာတ်တက်လာတယ်။ နောက်ပြီးခလေးလည်း (၂) ယောက်ဆိုတော့ မိသားစုဘက် ဦးစားပေးရအုံးမှာပဲ ဆိုပြီး ခဏ နားဖြစ်တယ်။ ဒါတောင်မရဘူး။ တခါတလေ ဘုန်းကြီးအရေး ဒို့အရေး စသဖြင့် ပွဲတွေမှာ အုပ်ပျော်လုပ်ဖြစ်သေးတယ်။ ဆရာဒေါက်တာမျိုးညွှန့် ကလည်း Perth မှာဆိုရင် သူက ထိပ်ဆုံးက ကြွတက်တယ်။ ဆရာ ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ ဆရာရေ မိသားစုအရေးကို ဦးစားပေးအုံးမယ်။

အဲလိုမျိုး နိုင်ငံရေး ကိုစိတ်ဝင်စားမိတော့ အားမလိုအားမရ တာတွေရှိသလို။ လုပ်စားတာမြင်ရင် ဒေါသထွက်တာလည်းကြုံရတယ်။ ဒါနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်ဦးမယ်။


ပြည်ပမီဒီယာ နှင့် ပြည်တွင်းအင်အားစု

ကျနော်တို့ဘက်က မီဒီယာတော်တော်များများက ဘာ့ကြောင့်များ စစ်အစိုးရ ကောင်းကြောင်း။ တချို့ သော ဗိုလ်ချုပ်တွေ တော်ကြောင်း။ တိုင်းပြည်အပေါ်မှာ သဘောထားကောင်းကြောင်း မတင်ပြကြတာလည်း မသိဘူး။ တချိန်လုံးသတင်းတွေက Negative Sense တွေချည်းပဲတွေ့နေရတယ်။ ကျနော်တခါတလေစဉ်းစားမိတယ်။ သူတို့ (နအဖ)မှာရော ကောင်းတဲ့အကွက်တွေမရှိဘူးလား။ ရှိရင်မတင်ပြသင့်ဘူးလား။ ဥပမာ NLD ကော တိုင်းရင်းသားအင်အားစုတွေကော၊ ၈၈ ကျောင်းသားအင်အားစုတွေကော။ အားလုံးပေါ့ တချို့ စစ်အစိုးရ လုပ်ကွက်တွေကို ကောင်းတဲ့ဟာကိုကောင်းကြောင်း မပြောသင့်ဘူးလား။ ဒါမှမဟုတ် စစ်အစိုးရကော ကောင်းတဲ့ အရာတွေကို လုပ်တာမရှိလို့လား။ ကျနော်တော့ တခါတလေ တောင်တွေးမြောက်တွေးနဲ့ စဉ်းစားမိ တယ်။ စစ်အစိုးရလည်း သူတို့ပြောတဲ့ ပြည်ပအားကိုးတွေဟာ တခါတလေ ကောင်းကြောင်းမပြောသင့် ဘူးလား။

အုပ်စု စာ

တခါတလေမီဒီယာမှာ Group Mail တွေမှာ တော်လှန်ရေးအင်အားစုက ဘယ်သူက ဘယ်လိုလုပ်စားပြန်ပြီ၊ ဘယ်သူက ဘယ်သူ့ကို…….. စသဖြင့် တော်လှန်သမားအချင်းချင်း ထောက်ပြဝေဖန် မကောင်းကြောင်း ပြောတာတော့တွေ့ရတယ်။ ကောင်းကြောင်းပြောတာလည်း ရှိတယ်။ ချီးမွန်းတာလည်း တွေ့ဘူးတယ်။ အဲလိုမျိုးကျနော်တို့အချင်းအချင်ကြားမှာ တောင်ရှိရင် ဘာ့ကြောင့်တခြားသူ (နအဖ) ကိုလည်း ကောင်းရင် ကောင်းကြောင်း။ မကောင်းရင် မကောင်းကြောင်း တင်ပြသင့်တယ်။ မီဒီယာတွေကိုပြောတာပါ။ နအဖ ဘက်က လိုက်ပြောတာမဟုတ်ဘူးနော်။ ကျနော်လည်း နအဖ ကိုချစ်ပါတယ်……ဟဲဟဲဟဲ။

နိုင်ငံတကာဆုရှင်များနှင့် ကျနော်တို့ရဲ့ အကိုတော်ကြီးများ……..

ချီးမွန်းတာဆိုလို့စကားမစပ် ပြောရအုံးမယ်။ ဒေါ်စုဆိုရင် နိုင်ငံတကာက ပေးတဲ့ဆုတွေ တထောကြီး သူကတောင်သူများတွေကို ပြန်အမ်းရမဲ့ အနေအထား။ ကိုမင်းကိုနိုင်လဲရှိတယ်။ ကိုဇာဂနာလည်းရှိတယ်။ မစုစုနွေးလည်းပိုင်တယ်။ မခင်ဥမ္မာလည်းရတယ်။ ကိုအောင်မျိုးမင်းလည်း ရှိတယ်။စသဖြင့် စသဖြင့်။ ဘာ့ကြောင့်များ ကျနော်တို့အကိုကြီးများ၊ ခေါင်းဆောင်ကြီးများဖြစ်တဲ့ ကိုမိုးသီး။ အောင်သူငြိမ်း။ ကိုအောင်မိုးဇော်။ ကိုဝင်းနိုင်ဦး။ ကိုတွေစသဖြင့်…………….. သူတို့ကော မရသင့်ဘူးလား။ သူတို့ကကော မလုပ်လို့လား။ ဆုရချင်လို့ပြောတာမဟုတ်ဘူးနော်။ မေးခွန်း မေးဖြစ်တာပါ။ သူတို့လဲ ရသင့်တာပေါ့။ ရှိနေရင်း မသိလို့နော်။

ဟိုရောက်ဒီရောက်-

ပြောချင်တာကိုပြောတာပါ။ ဘယ်ရောက်သွားလဲမသိဘူး။ အဲဟုတ်ပြီ ခေါင်းစဉ်က စစ်အစိုးရ ကောင်းကြောင်း ပြောရအောင်…………………

ကျနော်ပြောချင်တာက စစ်အစိုးရလို့ပြောတဲ့ ဗိုလ်ချုပ်တစုလည်း ကောင်းတာလေးများရှိရင် ချီးမွန်း ပေးဖို့.......


မှတ်ချက်။ သောက်ရင်းရေးသည်


သြစတျေးလျရဲ့  အိမ်၊ ခြံမြေ ဈေးနှုံးနဲ့ ဘယ်လိုဝယ်ယူနိုင်သလဲ

မြန်မာတွေအများစုကတော့ ဒီလို အိမ်မျိုးတွေဝယ်ကြတယ်။ ခြံနဲ့ဝန်းနဲ့ဆိုတော့ မိသားစုအတွက်ကောင်းတယ်။အခုပေါက်ဈေးကတော့ ၃-သိန်းပါ။

ပေါက်ဈေး

အခုဆိုရင် Perth မှာ အခန်းသုံးခန်း၊ ရေချိုးခန်းတစ်ခန်း နဲ့ အိမ်(ခြံအပါအ၀င်) ဆိုရင် ၃ သိန်းခွဲနဲ့ ၄ သိန်း ပတ်ဝန်းကျင်မှာရှိတယ်။ ၂၀၀၄-ခုနှစ်နောက်ပိုင်းကျမှ ဈေးခုန်တက်သွားတာ။ ဈေးတက်သွားတဲ့ အကြောင်း အရင်းနှစ်ခုအဓိက ရှိတယ်။ တခုက Mining Booming ကြောင့်ပဲ။ Perth က Western Australia မှာ ရှိတယ်။ WA က သြစတျေးလျမှာ Mine နဲ့ပက်သက်တဲ့အလုပ်ပေါ်တယ်။ လစာလည်းအရမ်းကောင်းတယ်။ Mine မှာ သာမန်အလုပ်သမားတစ်ယောက်တောင် တနှစ်ကို ဒေါ်လာ (၇၀၀၀၀) လောက် စားပြီးသောက်ပြီး ရတယ်။ ဒါ့ကြောင့်တခြားမျို့  ကလူတွေ အတော်များများပြောင်းလာတယ်။အိမ်ဝယ်ခြံဝယ်လုပ်တော့ ဈေးက အရမ်းကိုတက်သွားတယ်။ ၂၀၀၀-ခုနှစ်မှာ ရောက်တဲ့မြန်မာ မိသားစု ၀ယ်တုန်းက အိမ်တစ်လုံးကို ၁-သိန်းလောက်ပဲပေးရတဲ့ အိမ်ဟာ အခုဆို ၃-သိန်းခွဲဖြစ်နေတယ်။ နောက်တခု ဈေးတက်တဲ့ အကြောင်း အရင်းက Perth ကို Migrant တွေ Refugee တွေ တအား လှိမ့်ဝင်လာတော့ ၀ယ်လိုအားနဲ့ရောင်းလိုအား မမျှတဖြစ်လို့ပဲ။ အခုနောက်ပိုင်း သာမန်စက်ရုံအလုပ်သမားတွေဆိုရင်တောင် မ၀ယ်နိုင်တော့ဘူး။ ဒါပေမဲ့ နည်းလမ်းရှိတယ်။ ဘယ်လိုဝယ်ယူနိုင်သလဲဆိုတာ။

နည်းလမ်းများ

အစိုးရက လုပ်တဲ့ အစီအစဉ်တွေရှိတယ်။ ဒီအစဉ်အစဉ်တွေကတော့ တနှစ်ကို အလုပ်သမားတစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၇-သောင်း အောက်ဖြစ်နေရင် အစိုးရ အိမ်ဝယ်ဖို့အတွက် ၄၀-ရာခိုင်နှုံး စိုက်ပေးတယ်။ အလုပ်သမားက ၆၀-ရာခိုင်နှုံး စိုက်ပေးရတယ်။ အိမ်ပိုင်ဖြစ်တာက အစိုးရက ၄၀-ရာခိုင်နှုံး၊ ၀ယ်သူက ၆၀-ရာခိုင်နှုံး။ ဒီလိုနဲ့ဝယ်ကြတဲ့ မြန်မာတွေ တဖြည်းဖြည်းများလာတယ်။ ၀ယ်ယူဖို့ စပေါ်ငွေကတော့  ဒေါ်လာ ၅၀၀၀ ဘဏ်ထဲမှာရှိရင်ရတယ်။ ၀ယ်မယ်ဆိုရင် အလုပ်က Full Time Permanent ဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်မှာ အနည်းဆုံး (၆) လ ဆက်တိုက်လုပ်နေသူဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်က ဈေးဆိုင်သေးသေးလေးမှာ ဆိုရင် Reputation နဲ့ Credibility မရှိတော့ ၀ယ်လို့မရနိုင်ဘူး။ Company ကြီးကြီးတွေမှာ လုပ်ရင် ရတယ်။ တနှစ်ကို ဒေါ်လာ ၇၀၀၀၀ အထက်ဆိုရင်တော့ ၁၀၀-ရာခိုင်နှုံးအိမ်ပိုင်ဖြစ်ပြီ။

Perth မှာနေတဲ့ မြန်မာလူမျိုးတွေအများစု နေထိုင်တဲ့အိမ်တလုံးပါ။ အခုပေါက်ဈေးက ဒေါ်လာ သုံးသိန်းပါ။

ဘယ်လိုဝယ်ယူနိုင်သလဲ

ဘဏ်မှာ ပိုက်ဆံချေးရတယ်။ အိမ်ဝယ်ဖို့အတွက် ပိုက်ဆံချေးချင်တဲ့ ဘဏ်တွေ အများကြီး။ လက်ထဲမှာ စပေါ် တစ်သောင်းလောက်ရှိရင်ရတယ်။သြော်စီနိုင်ငံသား၊ မဖြစ်ရင်တောင် Permanent Resident ဖြစ်ဖို့တော့ လိုတယ်။ ပြန်ဆပ်တဲ့အခါ ၂၅-နှစ်နဲ့ (၃၀) နှစ် ပြန်ဆပ်ရတယ်။ တလကို ချေးငွေပေါ်မှုတည်ပြီး ပြန်ဆပ်ရတယ်။ ဥပမာ ဒေါ်လာ ၃-သိန်းချေးတဲ့သူဟာ တလကို ၂၁၀၀ လောက်ဆပ်ရမယ်။ စက်ရုံမှာ လုပ်တဲ့သူ တစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၂၅၀၀ ပတ်ဝန်းကျင်မှာရှိတယ်။ အခွန်ပေးပြီးရတဲ့ငွေနော်။ ဒီငွေက လစာကောင်း တယ်လို့ပြောနိုင်တယ်။ ၂၁၀၀-ပေးလိုက်ရင် ၄၀၀ နဲ့ကိုယ်မိသားစုမကျွေးနိုင်ဘူး။ အဲလိုမျိုးဆိုရင် ဘဏ်ကလည်း ငွေမချေးဘူး။ လင်မယားနဲ့လုပ်ရင်တော့ ၀ယ်နိုင်တာပေါ့။ တစ်ယောက်ရဲ့ လစာကို အိမ်ဖိုးနဲ့ စားဖို့ပေးယုံးပဲ။ တစ်ယောက်ကတော့စုပေါ့။ အိမ်ထောင်သည်နဲ့ခလေးရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူး။ အခုနောက်ပိုင်း ဈေးတွေတဖြည်းဖြည်းကျလာတယ်။ ၃သောင်းလောက်ထိကျသွားတယ်။ စိတ်ထင်တာ့ ၀ယ်လိုအား နည်းလာလို့ ဖြစ်မယ်။

အိမ်ပွဲစားများ

မြန်မာလူမျိုးတွေရှိတယ်။ သူတို့နဲ့ဆိုပိုစိတ်ချရတယ်။ တခြားလူမျိုးတွေကြတော့ စကားပြောတာကအစ ဂရိုစိုက်ရတယ်။ လိမ်နိုင်တယ်။

အိမ်သုံးလေးလုံး ၀ယ်ယူထားသူများ

တချို့ မြန်မာတွေ အိမ် နှစ်လုံး သုံးလုံးပိုင်တယ်။ တစ်လုံးနေပြီး ကျန်တဲ့အလုံးတွေကို ငှားစားတယ်။ သူတို့ကျတော့ ဈေးပေါတဲ့အချိန် ၀ယ်ထားတာဆိုတော့ အဆင်ပြေတယ်။

လက်ငင်းပေး ၀ယ်သူများ

တချို့ မြန်မာ ပိုက်ဆံရှိသူတွေဟာ အိမ် ၄ သိန်း ငါးသိန်းတန် ကို လက်ငင်းပေးဝယ်ကြတယ်။ ငွေတွေ ဘယ်ကရလမသိဘူး။ တွင်းများရှိလား။ သာမန် လူတွေကြတော့ လက်ငင်းပေးဖို့နေနေသာ အလုပ်ရှိတာတောင် မ၀ယ်နိုင်ဘူး။ သြောစီမှာ ဆိုးတာက မြန်မာနိုင်ငံမှာလို ပျဉ်ထောင်အိမ်၊တဲအိမ် တွေနဲ့ ကိုယ့်မှာ ရှိတဲ့ငွေပေါ်မှုတည်ပြီး နေလို့မရဘူး။ အားလုံးက သူတို့တူးတားတဲ့ တွင်းထဲကို ခုန်ချလိုက်ဖို့ပဲ။ အားလုံးနီးဟာ တတန်းတည်း လိုဖြစ်နေတယ်။ အိမ်ရှိတယ်။ ကားရှိတယ်။ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီးဘူး၊ အထင်လဲမသေးဘူး။ အားလုံးနီးပါးဟာ အကြွေးတွေနဲ့ လုံးပါး ပါးနေကြတယ်။ ပိုက်ဆံ သုံးသိန်းချေးရင် ဆပ်ရမှာက ၆-သိန်းဆိုတော့ ငွေရှိတဲ့သူတွေကို လုပ်ကျွေးနေရသလိုပဲ။ Public House နဲ့ နေကြသူများ

သူတို့ကတော့ အကျွေးကင်းပြီး၊ စိတ်ချမ်းသာသူများ၊ သက်သာတဲ့သူများလို့ခေါ်နိုင်တယ်။ အစိုးရ အိမ်မှာ နေတယ်။ အစိုးရ ထောက်ပံ့တဲ့ ငွေနဲ့ရပ်တည်တယ်။ အိမ်လခပေးရတော့လည်း နည်းနည်းပဲပေးရတယ်။ တပတ်ကို ၇၅-ဒေါ်လာပတ်ဝန်းကျင်လောက်ပဲ။ ဘယ်လိုလူမျိုးတွေနေရလဲဆိုတော့ ပင်စင်စားသူတွေ။ မသန်မစွမ်းတွေ။ ယောက်ျားမရှိခလေးတွေတပြုံကြီးနဲ့ စတဲ့သူတွေပါ။ အစိုးရ အိမ်လျှောက်မယ်ဆိုရင် အနည်းဆုံးလေးနှစ်ကြာနိုင်တယ်။

Web တွေကတော့-

၁။ http://reiwa.com/lst/lst-ressale-search.cfm

၂။ www.homebuyer.com.au/

၃။ http://www.hsbc.com.au/1/2/personal/home-loans အိမ်ဝယ်ဖို့အတွက် ငွေချေးမယ်ဆိုရင် ဒ်ီဘဏ်က အကောင်းဆုံးပါ။

10/8/08

မိမိကိုယ်ကို စဉ်းစားခြင်း

တနေ့တနေ့ အိပ်တယ်။စားတယ်။ သွားတယ်။ အလုပ်လုပ်တယ်။ မိုးချုပ်တယ်။ မိုးလင်းတယ်။ ဒါနဲ့ပဲ အချိန်တွေကုန်သွားတယ် ငါဘာလဲ ။ ငါဘယ်လဲ။ ငါ့ယဉ်ကျေးမှုလဲ မတွေ့ရဘူး။ ငါ့စကားလဲ မပြောရဘူး။ TV ဖွင့်တယ်။ အဖြူစကား နားထောင်ရတယ်။ Radio ဖွင့်တယ် သူတို့စကားပဲ ကြားရတယ်။ ဘဏ်သွားတယ်။ သူတို့စကားပဲပြောရတယ်။ စိတ်ညစ်တယ်။ ငါဘာလုပ်မှာလဲ။ Bill ပေးတယ်။ အိမ်လခပေးတယ်။ အလုပ်လုပ်ရတဲ့ငွေတွေ စားတယ်။ ပေးတယ်။ ဘာလဲ့ကွ ဘ၀………..

10/7/08

မြန်မာနိုင်ငံရဲ့  ပထမဆုံး အောင်မြင်သော မိုးကျရွှေကိုယ်(မြန်မာ အပြာဆိုက် )




မြန်မာ အပြာဆိုက်။ http://moekyashweko.ning.com/
ကြော်ငြာတာမဟုတ်။ မြန်မာလူ့အဖွဲ့အစည်းမှာ ဘောင်းဘီတို နဲ့ စကတ်ဝတ်ရင်တောင် ကဲ့ရဲ့ ချင်တဲ့သူ ခပ်များများ။ ကြိုက်တော့ကြိုက်တယ်။ လူသိမခံချင်ကြတဲ့သူတွေလဲရှိတယ်။ ဒါကို မိုးကျရွှေကိုယ် ချိုးဖောက်ဖို့အတွက် တီထွင်တယ်။ မိုးကျရွှေကိုယ် လို့ပြောရင် မြန်မာလူငယ်တွေနဲ့ မြန်မာတွေကို နှစ်သက်သူတိုင်း သိတယ်။ မြန်မာလူကြီးတွေလည်းစိတ်ဝင်စားတယ်။ မကြိုက်ချင်ရောင်ဆောင်တဲ့ သူက လွဲရင်ပေါ့။ သဘာဝတရားကို ဆန့်ကျင်လို့မှ မရတာ မဟုတ်ဘူးလား။ တလ နှစ်လ အတွင်းမှာ အသုံးပြုသူပေါင်းဟာ ကိုမိုးသီး ဘလော်ဂ်ထပ်များတယ်။ ကျနော်တို့အားလုံး အားပေးရမယ်။

နိုင်ငံတကာမှာ ရှိတယ်။ မြန်မာပြည်မှာလည်း ရှိသင့်တယ်။ အပန်းဖြေစရာပေါ့ဗျာ။ ထောက်ခံပါတယ် မိုးကျရွှေကိုယ်ရေ.............။

ဘယ်တော့မှ တပ်မတော်သားတွေကို အားမကိုးနဲ့ 

နအဖ လို့ပြောရင် လူတိုင်းက နွားအဖွဲ့ လို့ ချက်ချင်းသဘောပေါက်တယ်။ နွားအဖွဲ့ဆိုတာ ရှေ့ ကနွားတစ်ကောင် သွားရင် နောက်က နွားတွေလည်း မစဉ်စားမဆင်ချင်ပဲ လိုက်တဲ့ထုံးစံရှိတယ်။ ဒီလိုပဲ စောက်ရူးသန်းရွှေ ဦးဆောင် တာကို မောင်အေး၊ ရွှေမန်းနှင့် အဖွဲ့လိုက်တယ်။ စစ်သားဆိုပြီး အမိန်နာခံတတ်တာကို ဂုဏ်ယူနေလားမသိ။ မြန်မာစစ်တပ် ဘာလဲကွ မြန်မာစစ်တပ်။

စစ်သားတဲ့။ တိုင်းပြည်ကောင်းစားဖို့ ။ တနည်း မြန်မာပြည်သူတွေကောင်းစားဖို့။ ဘယ်တော့မှ စစ်သား တွေကိုအား မကိုးနဲ့။ ရှိတော့ရှိတယ်။ လက်ချိုးရေလို့ရတယ်။ အောက်ခြေက စစ်သား ဒီလောက်ငတ်နေတာ တော်လှန်ဖို့ဆိုတာ ဝေလာဝေး။ ဘီအီးနဲ့ နှစ်ပါးသွား နေရတာ။ ဘယ်တော့မှ တပ်မတော်သား တွေကို သူတို့ရဲ့  ခေါင်းဆောင် တွေကို တော်လှန်ဖို့မပြောနဲ့။ မောသွားမယ်။

အဓိက ဘယ်သူသတ်ရဲလဲ။ သေရဲလဲ။ ဘာမှ ယူအန်တို့။ အီးယူတို့ အာဆီယံတို့။ ဒိုင်ယာလော့ဂ်တို့ မရဘူး။ နွားအဖွဲ့ တခုလုံး ကြောက်သွားအောင် လုပ်ဖို့ပဲ။ တနည်းဘဲရှိတယ်။ စွမ်းအားမြှင့်လိုမျိုး ချသာချ။



ဦးမင်းကြည်(ခ) စံပြုထိုက်သူ

စံခ(ဘုရားသုံးဆူ)နှင့် တဘက်ကမ်း ထိုင်းနယ်မြေ။ (၂) နှစ်နီးပါး အတူနေဘူးတော့ သူ့ ရဲ့ လေးစား အတုယူဖွယ် ကောင်းတဲ့အချက်တွေကို တွေ့ခဲ့တယ်။ စကားပြောယဉ်ကျေးသိမ်မွေ့တယ်။ ဘ၀ အခက်အခဲတွေ အများကြီးနဲ့ ဘ၀ အခက်အခဲတွေကို ဖြတ်သန်း နေတဲ့သူ။ နှစ်ပေါင်းများစွာ သူချစ်တဲ့တော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲ ၀င်နေဆဲ။

စံထိုက်တဲ့အကြောင်း........ကတော့ အသောက်အစားကင်းတယ်။ ဗဟုသုတ ပြည့်စုံတယ်။ မသိရင် Wikipedia လားပဲ။ ကြိုက်တဲ့ အကြောင်းအရာမေး အကုန်နီးပါးပြောနိုင်တယ်။ မနက်မိုးလင်းကနေ မိုးချုပ်ထိ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ဟာသ ပညာလည်းတက်တယ်။ တော်လှန်ရေးအပေါ်မှာ သစ္စာရှိသူ။ သူများအပေါ် အပြုသဘောပဲ ဆောင်တယ်။ သူများမကောင်းကြောင်းမပြောဘူး။ ငွေရေးကြေးရေး ဖောက်ပြန်မှု၊ မက်မောမှုကင်းသူ။ သူများတွေ ငွေကြေးကြောင့် ပြဿနာတက်နေချိန် သူ ဂရုမစိုက်တက်သူ။ အင်္ဂလိပ်စာနဲ့စကားလည်း နိုင်ငံခြားမှာ ဘွဲ့တွေ အများကြီးရထားတဲ့သူတွေထက်သာတယ်။

သူ့ဘ၀ကလည်း အတုယူဖွယ်အားကြဖွယ်ကောင်းတယ်။ လူငယ်တွေနဲ့စကားပြောမိရင် လူငယ်တိုင်းက သူ့ရဲ့  စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုကို အတုခိုးတယ်။ သူ့ကြောင့် နိုင်ငံတကာရှိ ကျောင်းတွေမှာ တက်နေတဲ့လူငယ် တွေအများကြီး။ နောင်တချိန်တိုင်းပြည်တည်ထောင်တဲ့အခါမှာ အဲလို လူမျိုးတွေ ဟာ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်လို့ယုံကြည်ရတယ်။

ဦးမင်းကြည်နေကောင်းပါစေ။ ချစ်သော သမီးတွေနှင့်အမြဲအတူနေနိုင်ပါစေ။


10/5/08

ကိုအောင်ကို

ပါတီမှာ သိပ်ကို လူချစ်လူခင်ပေါတဲ့ လူတစ်ယောက်။ မသိရင် ရုပ်ရှင်မင်းသား နေအောင်လိုပဲ။ ရဲဘော်တိုင်းက ချစ်တယ်။ သဘောကောင်းတယ်။ စိတ်ဆိုးတာ တခါမှ မတွေ့ဘူး။ ကိုယ့်ရဲဘော်တွေကို ကြောသားရင်းသား မခွဲခြားဘဲပြုစုတယ်။

အခုလားအမေရိကားမှာ။ လေ့လားရေးလုပ်နေတယ်။ သူ့လေ့လားရေးကကြမ်းတယ်။မြန်မာပြည်သူတွေ ဟာ သူ့ရဲ့သားသမီးတွေလိုပဲ သဘောထားတဲ့လူ။

တော်လှန်ရေးမှာ ခေါင်းဆောင်လုပ်တဲ့သူတိုင်းဟာ နောက်လိုက်တွေကို မပြောသင့်တဲ့ဟာကို မပြောဘူး။ သူကတော့ တမျိုး ပြောတယ်။ တော်တော်ထူးခြားတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက ပြောသင့်တယ်လို့ထင်တယ်။

ကျနော်သူ့ကိုယုံတယ်။ သူမညာဘူး။

ရဲဘော်ဘုန်းကျော်

ဗိုလ်ချုပ်မောင်အေးနှင့် ရွှေမန်း အာဏာသိမ်ြး့ပီ

သန်းရွှေလုံးဝစစ်တပ်ကနေ အနားယူရတော့မယ်။ တပတ်နှစ်ပတ်အတွင်းသေရမယ့် ရောဂါဖြစ်နေပြီ။ အဲဒီအခြေအနေ တွေကိုသိလို့မောင်အေးနဲ့ရွှေမန်း အာဏာသိမ်းဖို့ပြင်နေတာလို့ ဗိုလ်မှုးချုပ် သန်းရွှေ (ပင်မခဲယမ်းမီးကျောက်တပ်) အင်းတိုင် က ပြောပါတယ်။ ဗိုလ်ချုပ် စိုးလွင် (စစ်လက်နက်ညွှန်မှုး) သန်းရွှေ သေလျှင် တိုင်းပြည်ကောင်းစားမည် ဟု သူ့တပည့်တပန်းများကို ပြောပါတယ်။ ဗိုလ်ချုပ် စိုးလွင်ဟာ မန္တလေးသားဖြစ်ပြီး၊ ရွှေမန်းနှင့် တရပ်ကွက်တည်း နှစ်ပေါင်းများစွာ နေခဲ့သူလဲဖြစ်ပါတယ်။

အသေးစိတ်ကိုစုံးစမ်းလျှက်-
စစ်သားတစ်ဦး (ပင်မခဲယမ်းမီးကျောက်တပ်)

10/3/08

ဗိုလ်သန်းရွှေသေတော့မည်

စစ်အာဏာသိမ်းခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မှူးကြီး စစ်အာဏာသိမ်းခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ အရေးပေါ်ဆေးကုသုမှုခံယူရန် စကာင်္ပူနိုင်ငံသို့သွားရောက်မည်။
မြန်မာစစ်အာဏာရှင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ရုတ်တရက် ကျန်းမာရေးအခြေအနေ
ဆိုးဝါးလာသဖြင့်၊ အရေးပေါ် ဆေးကုသမှုခံယူရန်၊ မနက်ဖြန် (၃-၁၀-၂၀၀၈၊ သောကြာနေ့)တွင်
နေပြည်တော်မှရန်ကုန်မြို့ သို့ရောက်ရှိ၊ ညအိပ်ရပ်နားပြီး၊ (၄-၁၀-၂၀၀၈၊ စနေနေ့) နံနက်ပိုင်းတွင်
အထူးလေယာဉ်ဖြင့်၊စကာင်္ပူနိုင်ငံသို့ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း၊
နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော၊ အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။ (သတင်းအတည်ပြုချက်၊
ရရှိရန်၊ ဆက်လက်စုံစမ်းလျှက် ရှိပါသည်။)
သူရဲကောင်း။
Burmese Junta Sr.Gen.Than Shwe needs
immediate medical treatment in Singapore.
It was learnt from Nay-Pyi-Taw inner
sources that Sr.Gen.Than Shwe was serious
ill and arranging for further medical
treatment in Singapore. He will arrive from
Nay-Pyi-Taw to Yangon tomorrow
(3/10/2008) and then to Singapore Saturday
(4/10/2008) as tentatively planned. Probably
his condition is quite serious that he can’t go
straight to Singapore but stopover in Yangon for a while.
Reported by Thu Ye Kaung

10/2/08

စစ်အစိုးရနှိပ်စက်လို့ထွက်လာသူများအုပ်စု

ဒီအုပ်စုကတော့ လူအများဆုံးပေါ့။ သြစတျေးလျနိုင်ငံရဲ့  မြို့ တိုင်းမှာ ဒီလူစုတွေက ရှိတယ်။ ဒီအုပ်စုမှာဆိုရင် တကယ့်နိုင်ငံရေး၊ တော်လှန်ရေးလုပ်တဲ့သူတွေရှိသလို၊ တောင်ကျော်၊ တောင်ဖြတ်တွေလည်း ပါတယ်။ သူတို့ကို တော့ စစ်ဗိုလ်ချုပ်ဒမြအုပ်စုနဲ့ သူတို့ရဲ့ အစောင့်ခွေးတွေက မြန်မာပြည်ပြန်ခွင့် မပေးဘူး။ မြန်မာသံရုံး မှာ ဗီဇာ လျှောက်လည်း ရမှာမဟုတ်ဘူး။ ကျနော်တခါလျှောက်ဘူးတယ်။ မရဘူး။

သြော်စီကိုလာချင်ရင် ဒီအုပ်စုက ငွေသိပ်မကုန်ဘူး။ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ၀င်နေ။ သြော်စီမှာရှိတဲ့ သူငယ်ချင်း၊ ဆွေမျိုးနဲ့ စပွန်စာပေးတဲ့အဖွဲ့တွေဆီကနေ စပွန်စာရရင် သြော်စီသံရုံးမှာ လျှောက်ရတယ်။ အနည်းဆုံး တနှစ်စောင့်ရတယ်။ အင်းတာဗျူး၊ဆေးစစ်။ အောင်ရင် သြော်စီကိုရောက်တယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာဆိုရင် စခန်းအထိအရောက်ပို့ပေးတဲ့ လူပွဲစားဂိုဏ်းတွေ တောင်ရှိ တယ်။ စခန်းတွေမှာ လူလျှော့သွားတယ်ဆိုတာမရှိဘူး။ နောက်ဆိုမြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ခွေးတွေပဲ ခြံစောင့် ဖြစ်နေမယ့်ပုံပဲ။

ဒီနည်းနဲ့သြော်စီမှာရောက်နေတာ လူတွေက သောင်းဂဏန်း မကဘူး။ ဒါတင်မကဘူး မလေးရှားနဲ့အိန္ဒိယကနေ ချင်းလူမျိုး၊ တွေ လည်း အဲဒိလမ်းကြောင်းကနေ လာကြတယ်။ အဲဒိက ယူအန် UNHCR လျှောက်၊ စပွန်စာပေး တဲ့သူရှိရင် အလွယ်တကူရောက်တယ်။ နာမည်ကတော့ ဒုက္ခသည်ပေါ့။ တချို့ မြန်မာပြည်အလယ်ပိုင်း မကွေး၊ ရန်ကုန်စတဲ့ မြို့ တွေကနေတောင် စခန်းထဲမ၀င်ဘဲ၊ အင်တာဗျူးရှိခါနီးမှ လာကြတယ်။ ရောက်တဲ့သူလည်း ရောက်တယ်။

ဆက်ရန်...................
ကျွမ်းကျင်လုပ်သားအုပ်စုအကြောင်းဆက်ရေးပါ့မယ်။


10/1/08

ၾသစေတ်းလ်ကုိလာခ်င္သလား

ကျနော်ဒီစာကိုရေးတာဟာ ကိုယ်သိတာကို ရှယ်တာပါ။ အရမ်းသိလို့မဟုတ်ပါဘူး။ မှားချင်လဲမှားမယ် မှန်ချင်လဲမှန်မယ်။ ကျနော် ပညာရှင်တစ်ယောက်မဟုတ်ပါ။

သြစတျေးလျမှာ အလုပ်လာလုပ်ဖို့၊ မြန်မာစစ်အစိုးရလက်အောက်မှာ မနေနိုင်လို့၊ စာလာသင်ဖို့ စတဲ့ ရည်ရွယ် ချက်တွေနဲ့ ၾသစေတ်းလ် မွာ မြန်မာတွေ သိန်းချီနေပါပြီ။ သူတို့ဘယ်လို လာကြသလဲ။

လာကြတဲ့အုပ်စုကိုခွဲမယ်ဆိုရင် အုပ်စုသုံးခုလို့ပြောလို့ ရမယ်ထင်တယ်။ တခုက ငွေကြေးချမ်းသာသူများအုပ်စု၊ တခုက စစ်အစိုးရ နှိပ်စက်လို့ ခိုလှုံသူအုပ်စုပါ။ နောက်တခု ကျွမ်းကျင်လုပ်သားအုပ်စုပါ။

ငွေကြေးချမ်းသာသူများအုပ်စုမှာပါဝင်တဲ့သူတွေကတော့

၁) မြန်မာစီးပွားရေးသမားများ

သူတို့ကတော့ ငွေကြေးချမ်းသာလေတော့ Business Visia နဲ့ဝင်လာကြတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့ ငွေကြေးကို ပြနိုင်ရင် သြစီသံရုံးက ဗီဇာထုတ်ပေးတယ်။ အနည်းဆုံးရှိရမဲ့ ငွေကြေးပမာ ဒေါ်လာငါးသိန်း၊ မြန်မာငွေနဲ့ဆိုရင် သိန်းခြောက်ထောင်။ သြစီက နည်းနည်းတော့ကြီးကျယ်တယ်။ ငွေရှိတိုင်း ဗီဇာထုတ်မပေးဘူး။ ဥပမာ စစ်အစိုးရ ဗိုလ်ချုပ်(သူခိုးအကြီးစား) တွေနဲ့သူတို့ရဲ့ လက်ဝေခံ ခွေးသူခိုးတွေကို။
ဒီ Web မှာ သတင်းအချက်အလက် အပြည့်အစုံရနိုင်ပါတယ်။ http://www.immi.gov.au/


၂) ကျောင်းလာတက်သူများ

ငွေကြေးသိပ်ချမ်းသာလို့တော့မဟုတ်ဘူး။ ဒေါ်လာ ၁၅၀၀၀ လောက် တနှစ်စာ ကျောင်းစရိတ်နဲ့ အင်္ဂလိပ်စာနည်းနည်းပါးပါး ရရင်(Advanced Intermediate) အဆင့်လောက်ရှိရင် ကျောင်းတက်နိုင်တယ်။ မြန်မာကျောင်းသားအများစုကတော့ အလုပ်လုပ်ရင်းကျောင်းတက်ပေါ့။ နိုင်ငံတကာကျောင်းသားတွေက နာရီ အကန့်အသတ်နဲ့ အလုပ်လုပ်ခွင့်ရှိတယ်။ ကျောင်းပြီးသွားတဲ့လူအများစုက မြန်မာပြည်မပြန်ကြဘူး။ Skilled Person အဖြစ်နဲ့ သြော်စီမှာ နေလိုက်ကြတာများတယ်။ တချို့ ကျတော့်လည်း ပြန်ကြမှာပါ။ တယောက်မှတော့ မတွေ့သေးဘူး။

၃) Marriage ဗီဇာနဲ့လာသူများ

သူတို့အုပ်စုကတော့ ငွေသိပ်မကုန်ဘူး။ သြစီမှာ နိုင်ငံသားဖြစ်ရင် လုပ်ခွင့်ရှိတယ်။ မိန်းမ၊လင် မရှိဘူးဆိုရင် မြန်မာ မိန်းခလေးတွေကိုပြန်ယူ။ တနှစ်စောင့်ပြီးသွားရင် သြော်စီကိုလာလို့ရတယ်။ တချို့ သြစီမှာ နှစ်ပေါင်း သုံးလေးဆယ် ကြာတဲ့အထိနေပြီးတဲ့ မြန်မာအဘိုးကြီးတွေ သမီးအရွယ် မြန်မာမိန်းခလေးတွေကို လက်ထပ်လာတယ်။ မိန်းခလေး တွေလည်းယူကြတာပဲ။ ယောက်ျားမရှိတဲ့၊သက်ကြီးရွယ်အို မိန်းမတွေကြတော့ မြန်မာပြည်ပြန် ယောက်ျာသွားဝယ် ကြတယ်။ သြော်စီအထိအရောက် ဒေါ်လာ ၂၀၀၀၀ သောင်းလောက် ပေးရတယ်။ ယောက်ျားကပေးရတာနော်။ ကြိုက်ရင်ဆက်ပေါင်း၊ မကြိုက်ရင် ဆက်မပေါင်းနဲ့။ နောက်တစ် ယောက်ပေါ့။ သူတို့ကတော့ စီးပွားရေးအတွက်လုပ်ကြတယ်။ မျက်စိရှေ့ မှာ တွေ့တာ နှစ်ယောက်ရှိသွားပြီ။

၎) ငွေကြေးအနည်းငယ်ပြည့်စုံပြီး ခုန်ချသူများ

အကြောင်းအမျိုးနဲ့ပြည်တွင်းကနေထွက်လာတယ်။ သြော်စီက ဆွေမျိုးတွေကခေါ်လို့၊ သင်တန်းတက်ဖို့ အလည်လာဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ရောက်လာပြီး မပြန်ကြတော့ပဲ PR (Permanent Resident) လျှောက်တယ်။ အထူးသဖြင့် သူ၊သူမရဲ့ လုံခြုံရေးက မြန်မာပြည် ပြန်မရ။

မြန်မာပြည် ပြန်ပို့ရင် အသက်ခံရနိုင်တယ်။ ထောင်ချခံရနိုင်တယ်။ စသဖြင့် လိမ်သည်သော်လည်းကောင်း၊ မှန်သည် သော်လည်း ကောင်း လျှောက်တယ်။ နိုင်ငံရေးလုပ်လို့ပေါ့။ နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှ သြော်စီမှာ ၀င်ပါတယ်။ ဓာတ်ပုံ ရိုက်တယ်။ ထောက်ခံစာတောင်းတယ်။ ပြီးရင်လျှောက်လွှာတင်တယ်။ PR ရပြီးသွားရင် နိုင်ငံရေး ဆက်မ လုပ်တော့ဘူး။ သွားခေါ်ရင်တောင် စိတ်ဆိုးသေးတယ်။ တချို့ ဆိုရင်စစ်အစိုးရ နဲ့ တောင် ပေါင်းပြီး စီးပွားရေး လုပ်သေးတယ်။

ဆက်ရက်

နောက်ထပ်အုပ်စုနှစ်ခုကိုဆက်ရေးပါမယ်။ တခုက စစ်အစိုးရနှိပ်စက်လို့ ထွက်လာတဲ့ ခိုလှုံသူအုပ်စုပါ။ နောက်တခု ကျွမ်းကျင်လုပ်သားအုပ်စုပါ။

9/29/08

အသစ်ရေးမည့်စာ

၁။ Austrlia ကို လာချင်သလား။
၂။ Austrlia ရှိ မြန်မာအလုပ်သမားများ နှင့် လစာ နှုံးထားများ။
၃။ Australia မှာ ကျောင်းတက်မလား။
၎။ Australia ရှိ မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားမှု့ များအကြောင်း။
၅။ ပတ်သ်မြို့ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ။
၆။ Australia အိမ်ခြံမြေ အခြေအနေ နှင့် ဘယ်လိုဝယ်ယူနိုင်သလဲ။

ဘုရင်မ မွေးနေ့

9/28/08

အင်တာနက်နှင့်ကျနော်

ကျနော့်ဘ၀က ခလေးနှစ်ယောက်ရှိတယ်။ မိန်းခလေးတစ်ယောက်၊ ယောက်ျားလေတစ်ယောက်။ သားက ငါးနှစ်ပြည့်တော့မယ်။ သမီးက သုံးနှစ်ထဲမှာ။ မြန်မာစကားနဲ့ English စကား တက်လားဆိုတော့ လောလောဆယ် မြန်မာစကားဘဲတက်တယ်။ သမီးက ပိုစကားတက်တယ်။ သားကစကားနည်းတယ်။ အလုပ်ကအပြန် အင်တာနက်ပေါ်ရောက်တယ်။ ကျောင်းကအပြန် အင်တာနက်ပေါ်တက်တယ်။ အင်တာနက်က ကြင်ယာထက် နက်တယ်။ သင်စရာတွေလည်း သွက်တယ်။

ပတ်သ်မှာ ညီတစ်ယောက်ရှိတယ်။ ဘလောဂ်လုပ်တာကို သူ့လောက်မကျွမ်းဘူး။ သူပဲ အပြင်အဆင်လုပ်တယ်။ တနေ့ကို နှစ်မျိုးသုံးမျိုး ပြောင်းသွားတာ မသိလိုက်ဘူး။ ဒီကောင် လက်တော်တော်ကမြင်းတယ်လို့ သူငယ်ချင်းတွေကို ပြောတယ်။ ဒါပေမဲ့ သူ့ကြောင့် ကိုယ့်ဘလောဂ့် နည်းနည်းကောင်းလာတယ်။

ပြည်တွင်းမှာ အဖေနဲ့အမေရှိတယ်။ တခါတလေ စိတ်ဆိုးတယ်။ သဘောကောင်းတယ်။ အမတစ်ယောက်ရှိတယ်။ အသံအရမ်းကောင်းတယ်။ အဆိုတော်တော့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းမဆိုတက်လို့။

နောက်ထက်ညီတစ်ယောက်ရှိတယ်။ လက်ဝှေ့ထိုးတယ်လို့လည်း ပြောတယ်။ ပြန်မပြောနားမထောင်။

ကျနော်လား။ ၀ါသနာမယ်မယ်ရရမရှိဘူး။ စိတ်ထင်တိုင်းလုပ်တယ်။ စိတ်ကူးပေါက်ရင် ထရူးတယ်။ သူများတွေကတော့ ဘုန်းကျော် အရူးတဲ့.........................။

မှက်ချက်။ ။ မူးတုံးရေးတဲ့စာ..............


သစ္စာရှိသူများမ၀င်ရ

ကျနော်(၁)

ကျနော်က ၁၉၉၀-ခုနှစ် ပတ်ဝန်းကျင်မှာ မြန်မာပြည်တွင်းကနေ သြစီကို ၉၁၇ ဗီဇာနဲ့ ထွက်လာတယ်။ အရင်တုန်းက ကျနော်တို့ ၉၁၇-ဗီဇာနဲ့လာတဲ့သူတွေကို ပြန်ခွင့်မပေးဘူး။ နောက်ပိုင်းတော့ပြန်ခွင့် ပေးတယ်။ ကျနော်ပျော်ရွှင်စွာနဲ့ ပြီးခဲ့တဲ့နှစ်က ပြန်ခဲ့တယ်။

ဗီဇာမရခင်လား။ ကျနော် နိုင်ငံရေးလုပ်တယ်။ ဗီဇာရပြီးတော့ ကျနော် နိုင်ငံရေးဆက်မလုပ်ချင်။ မြန်မာပြည်တွင်းမှာ ပြောတာမဟုတ်။ ပတ်သ်မြို့ မှာ ပြောတာ။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာသံရုံးက လူတွေက နေရာတကာမှာ ရှိတယ်။ အကယ်၍များ သူတို့က သတင်းပို့လိုက်ရင် ကျနော်မြန်မာပြည် ပြန်မရနိုင်။ ဒါကြောင့် ကျနော် နိုင်ငံရေးကို ပက်သ်မြို့ မှာ ဆက်မလုပ်ချင်။

ကျနော်(၂)


ကျနော် ပတ်မြို့ ကို ၁၉၉၀-ခုနှစ် ပတ်ဝန်းကျင်မှာ ဆွေမျိုးတွေက တဆင့်ခေါ်လို့  ခုန်ချဖို့ ရည်ရွယ်ချက်နဲ့ ရောက်တယ်။ ကျနော် နိုင်ငံရေးလုပ်တယ်။ ရည်ရွယ်ချက်က မြန်မာပြည်သူတွေ ကောင်းစားဖို့ပါ။ တကိုယ်ကောင်းဆန်မပြောပါ။ မြန်မာပြည်က ကျနော့်အိမ်မှာ ကားသုံးစီး၊ တိုက်(၄)လုံးပဲ ရှိတယ်။ ပတ်သ်မြို့ မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ ဆန္ဒပြပွဲ၊ ဒေါ်စုမွေးနေ့ပွဲ၊ ၈၈၈၈ အခမ်းအနား မှာ PR (Permanent Resident) ရဖို့ အတွက် ဓာတ်ပုံရိုက်တယ်။ ပြီးတော့ကျနော် သြော်စီအစိုးရမှာ ပီအာ လျှောက်တယ်။ပြီးတော့ရတယ်။ ကျနော် နိုင်ငံရေးလုပ်တာကြိုက်တယ်။

ကျနော် မြန်မာပြည်ကို ပြီးခဲ့တဲ့နှစ်က ရောက်တယ်။ မြန်မာသံရုံးကို ဒေါ်လာ ၃၀၀၀ လက်ထိုးလိုက်လို့ ဗီဇာရတယ်။ ကျနော် မြန်မာပြည်ရောက်တယ်။ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ခလေးတွေကို ခေါ်လိုက်တယ်။ သူတို့အော်စီရောက်တယ်။ ကျနော် မပျော်ပါ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာကို မြင်တွေ့ခဲ့တယ်။

ကျနော်နိုင်ငံရေးဆက်မလုပ်ချင်ပါ။ နိုင်ငံရေးလုပ်တာ လူတွေမညီညွတ်ဘူး။ စိတ်ကုန်တယ်။
ကျနော်မမှားပါဘူး။




9/27/08

အဘ ဦးဝင်တင်နဲ့ ဧရာဝတီ



မေး။ ။ နောက်မေးခွန်းတခုက ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထားမေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။

နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။

9/26/08

သြစီစစ်သားနဲ့ မြန်မာပြည်စစ်သား




လက်နက်ကိုင်စစ်သား၊ စစ်တပ်၊ စစ်စခန်း တွေ့ ချင်လို့  လိုက်ရှာမိတယ်။ ပတ်သ်မြို့  မှာ နေလာတာ ၄-နှစ်ပြည့်တော့မယ် ယူနီဖောင်းဝတ်ထားသော၊ လက်နက်ကိုင်ထားသော စစ်သားတွေ တစ်ယောက်မှ ကို မတွေ့ သေးဘူး။ သူတို့ ဘယ်မှာများနေကြလဲမသိဘူး။ စစ်သားကော ပတ်သ်မြို့ မှာရှိသေးရဲ့ လား။ ဒါဆို ဘာဖြစ်လို လက်နက်ကိုင်စစ်သားတွေကို မတွေ့ ရတာလဲ။
မြန်မာပြည်နဲ့ တော့ကွာပ။ နေရာတကာစစ်သားတွေ လက်နက်ကိုယ်စီနဲ့  အမြဲတွေ့ ရတယ်။ ပြည်သူတွေ ဆီကအနိုင်ကျင့်တယ်။ ငွေတောင်းတယ်။ ဒါကသူတို့ ရဲ့ အလုပ်လား။ စစ်သားအားလုံးကို မဆိုလိုပါဘူး။ တချို့ သော အကျင့်ပျက်စစ်သားတွေကိုပြောတာပါ။ ကျုပ်တို့ မြန်မာပြည်ကစစ်သား၊ သြစီက စစ်သား နိုင်ငံကိုကာကွယ်ဖို့ ဆိုပြီးတပ်ထဲဝင်ကြတာပါ။
ဒါပေမဲ့ သြစီကစစ်တပ်က သူ့ ပြည်သူကို ပြန်မတိုက်ဘူး။ ပြည်ပမှာဘဲ ထွက်တိုက်တယ်။ စစ်သား တစ်ယောက်တိုက်ပွဲမှာ ကျရင် တခမ်းတနား မီဒီယာမှာ ဖော်ပြတယ်။ သူ့ ရဲ့ ကျန်ရစ်မိသားစုအတွက် ခံစားခွင့်က တသက်စာ။ မြန်မာပြည်က စစ်သားကတော့ တိုက်ပွဲမှာကျရင် အမိန့် ပြန်တမ်းစာတစ်စောင် တောင် မဖက်ချင်ဖက်ချင်။ ကျန်ရစ်တဲ့သူတွေအတွက် ခံစားခွင့်ကတော့ တပြားတချပ်။ သြော်လူချင်းတူ ပေမဲ့ ဘ၀တွေ ကွာလှပေါ့။


9/24/08

အော်စီဝိုင်နဲ့ ကျနော်

နေရမဲ့အိမ်ရောက်တော့။ ဆရာမက နေရမဲ့ အိမ်ကိုတခမ်းတနားပြင်ပေးထားတယ်။ စောင်၊ ခေါင်းအုံး၊ ခုတင်၊ စားစရာ ရေခဲ့သေတ္တာထဲမှာ အပြည့်။ ခလေးငယ်အတွက် ထိုင်ခုံကအစ ဘာမှလိုလေးသေးမရှိ။ အဲဒိညက အော်စီစံတော်ချိန် ည(၂)နာရီမှာရောက်တော့ အတော့်ကိုအေးတယ်။ သူတို့ အပြောက နွေရာသီ ကို စ၀င်နေပြီပြောတာပဲ။ အိပ်မပျော်ပါဘူး...... တောင်တွေးမြောက်တွေးနဲ့ ။

ထိုင်းကနေ အော်စီကို စရောက်ခါစ ပိုင်ဆိုင်မူ့ ဆိုလို့ ဒေါ်လာ (၅၀) ပဲရှိပါတယ်။ ရောက်ပြီးတစ်ရက် လောက်ကြာတော့ အရက်သောက်ချင်တာနဲ့  ဈေးပေါတဲ့အရက်လိုက်ရှာတာ မရလို့  Red Label ကို ဒေါ်လာသုံးဆယ်ပေးပြီး ၀ယ်သောက်ခဲ့ရတယ်။ တခါမှမသောက်ဘူးလို့ ၀ယ်သောက်ဖြစ်တယ်။ နောက်ပိုင်း အရက်ကိုမသောက်နိုင်တော့ဘူး။ နောက်ဆုံးတော့ အော်စီဝိုင် ဘက်ကိုလှည့်ဖြစ်သွားတယ်။ ဈေးအပေါ်ဆုံး လေးလုံးပါ ပုံး တစ်ပုံကို (၁၅) ဒေါ်လာပေးရတော့ အရက်ထက်စာရင် ပိုဈေးတော်တယ်။ များများသောက်ဖြစ်ရင် ၀မ်းလျှောတယ်။ ခေါင်းအရမ်းကိုက်တယ်။ ၀ိုင်နာ တာက အရက်နာတာထက် ပိုပြင်းတယ်။ ဒါလည်းမရဘူး သောက်တယ်။ အရက်ကဈေးကြီးတော့ မသောက်နိုင်ဘူး။ဝိုင်ရဲ့ Alchol ရာခိုင်နှူံးက ၁၅-လောက်ရှိတယ်။ နောက်တော့ အော်စီဝိုင်ကို တော်တော်လှန့်သွားတယ်။
အရက်အကြောင်းရောက်သွားက ရောက်တုံးတော့ Holiday လာသလိုပေါ့။ ဒါပေမဲ့ ရောက်ပြီးတစ်ရက် လောက်ပဲ ကြာတယ် Appointment တွေက တထောကြီးပဲ။ ဘယ်သွားရမယ်။ ဘာလုပ်ရမယ်။ ဘယ်သူနဲ့တွေ့ရမယ် စသဖြင့်။
ဆက်ရန်........

9/22/08

Wikipedia ဆိုတာဘာလဲ



ဝီကီဆိုတာဘာလဲ
အခမဲ့အသုံးပြုနိုင်တဲ့ အွန်လိုင်းစွယ်စုံ ကျမ်းတခုပါ။ဝီကီ Foundation ကနေ ၂၀၀၁-ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ Jimmy Wales and Larry Sanger နှစ်ယောက်က Founder တွေပါ။ သူတို့က အကျိုးအမြတ်အတွက် အခြေမခံဘဲ စတင်တည်ထောင်ပါတယ်။ အမေရိကန်နိုင်ငံမှာ အခြေစိုက်တယ်။

နှစ်အနည်းငယ် အတွင်းမှာ အသုံးပြုသူပေါင်း ဟာသန်းချီ နေပါပြီ။ အဲဒိအထဲမှာ ကျောင်းသားတွေ၊ ပညာရှင်တွေ၊ နိုင်ငံတကာ ထောက်လှမ်းရေးတွေ၊ စစ်တပ်ကြီးတွေ အထိပါတယ်။

အလွယ်တကူ အင်တာနက်ကနေ ကိုယ်လိုချင်တဲ့ အချက်အလက်ကို ရိုက်ထည့်လိုက်တာနဲ့ အကြမ်းဖျင်း သိနိုင်အောင် လုပ်ထားတယ်။ ဘာသာစကားပေါင်း ရာနဲ့ချီ ဖတ်ရူ့နိုင်တယ်။ အဲဒီအထဲမှာ မြန်မာစာမပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့မသိဘူး။

ကမ္ဘာမှာ အဓိကအားကိုးရတဲ့ စွယ်စုံကြမ်းပါ။ စာကြည့်တိုက်ကိုသွား A ကနေ Z ထိ ရှိတဲ့ ရှေးဟောင်းစွယ်စုံကြမ်းကို အချိန်ကုန်ခံလှန်လှော ရှာစရာမလိုဘူးပေါ့။

အချက်အလက်ရှာဖို့ အတွက်ဝီကီက သိပ်လွယ်တယ်။ ကိုယ်လိုချင်တဲ့အချက်အလက်တွေကို သိချင်ရင် ၀ီကီမှာသာရှာပါ။ အလွယ်တကူရတွေ့ ရပါလိမ့်မယ်။

ဝီကီနဲ့ အချက်အလက်မှန်ကန်မှု့

ပြဿနာတော့အတော်ရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ၀ီကီမှာတင်တဲ့ ဆောင်းပါင်းတွေ အချက်အလက် တွေကို တည်းဖြတ်တဲ့ သူတွေဟာ ပညာရှင်တွေပါသလို၊ ကျောင်းသားလေးတွေ လည်းပါတယ်။ ၀ီကီကို အသုံးပြုသူတိုင်းဟာ ကိုယ်ပိုင် အကောက်တခုဖွင့်ထားရင် တည်းဖြတ် (အက်ဒစ်) လုပ်နိုင်တယ်။

ကိုယ့်ဟာကို တည်းဖြတ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့ စာကိုတင်နိုင်တယ်။ သူများတည်းဖြတ်တာ လည်းခံရမယ်။ အထူးသဖြင့် စနစ်တကျဖွဲ့စည်းထားတဲ့ အယ်ဒီတာအဖွဲ့ ဆိုတာမရှိဘူး။ ကမ္ဘာပေါ်ရှိ တက္ကသိုလ် အနည်းအကျဉ်းလောက်သာ ၀ီကီကိုအချက်အလက်အတွက် အားကိုးတကြီးအသုံးပြုကြတယ်။

ကျောင်းသားတွေကို သူတို့ ရဲ့ သုတေသနစာတမ်းတွေမှာ ၀ီကီကရတဲ့အချက်အလက်တွေကို မကိုးကားဖို့ ၊ကိုးကားရင်လည်း အမှတ် မရဘူးလို့ ဆရာ၊ဆရာမတွေက သတိပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ အချက်အလက် မှန်ကန်မှု မရှိလိုပါ။

အကိုးအကား

Wikipedia

9/21/08

စတင်ခြင်း


မြန်မာပြည်က စစ်အစိုးရကော၊ တချို့ သောလူတွေကကော ဒုက္ခသည်ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့  အထင်သေးတယ်။ ဘာ့ကြောင့်လဲတော့မသိဘူး။ ဒုက္ခသည်ဆိုတာ နာမည်အမျိုးမျိုးရှိတယ်။ ဥပမာ...နိုင်ငံရေးဒုက္ခသည်၊ စီးပွားရေး ဒုက္ခသည်၊ လူမူ့ ရေး ဒုက္ခသည်။

ပတ်သ်မြို့ကိုရောက်တော့ လေဆိပ်မှာ Case Worker နဲ့ စပွန်စာပေးတဲ့ဆရာမ က လေဆိပ်မှာလာကြိုတယ်။ မြန်မာပြည်က ပတ်စ်ပို့နဲ့ကျောင်းတက်ဖို့၊ စီးပွားရေးလုပ်ဖို့၊ ခုန်ချဖို့ ၊ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထွက်လာတဲ့သူကို Case Worker တွေက လာမကြိုဘူး။

သူတို့က နေရာချပေး၊ လိုအပ်တဲ့ အကူအညီပေးတယ်။ ဘာမှ ပူပင်စရာမရှိအောင်။ နွေးနွေးထွေးထွေးပဲ။ ဘယ်သူမှ အထင်မသေးဘူး။ အထင်လဲ မကြီးဘူး။ ရောက်တော့ ရင်ခုန်တယ်။ ဘ၀အသစ်ကတော့ စပြီဆိုပြီး စကားတောင် မပြောဖြစ်ဘူး။

Case Worker က နေရမဲ့အိမ်အထိ လိုက်ပို့ တယ်။ ပတ်မြို့ ကအကြီးကြီးပဲ၊ လူတွေလဲ စည်ကားမှာပဲလို့ ထင်ခဲ့တယ်။ တကယ်တွေ့တော့ တမျိုး..... လေဆိပ်ကနေ၊ နေရမဲ့ အိမ်အထိ လမ်းတလျှောက်မှာ ခြုံပုတ်တွေ ချည်းပဲ။ ဘယ်လိုလဲ... အော်စီက ခြုံပုတ်တွေချည်းပဲလားလို့ ဆရာမကိုမေးတော့ သူမက “အင်း“တဲ့......

ဆက်ရန်.....

9/19/08

I AND AUSTRALIA

မရောက်ခင်မှာ

အိမ်မက်တွေ မက်ရတယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့။ ရုပ်ရှင်တွေမှာဘဲ တွေ့ဘူးတဲ့နိုင်ငံ။ ချမ်းသာတဲ့နိုင်ငံ၊ အေးချမ်းတဲ့နိုင်ငံလို့ တခါမှ မစဉ်းစားမိဘူး။ မရောက်ခင်မှာ ဘာ သုတေသနမှ မလုပ်ဖြစ်ဘူး။ သောက်လိုက်စားလိုက်၊ ပွားလိုက်၊ ရန်ဖြစ်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့တယ်။

ရောက်ပြီးတော့
လေဆိပ်ကဆင်းတော့-
ဘန်ကောင်ကနေ ၀ယ်လာတဲ့သရက်သီး ပါတယ်။ ကောင်တာမှာ စစ်ဆေးခံတော့ ခွေးသေးသေးလေးက လာနမ်းတာနဲ့ သရက်သီး ကိုမစားခဲ့ရဘူး။ လ၀ကရဲတွေက သိမ်းသွားတယ်။ ဘာဖြစ်ကလို့ လဲဆိုတော့ သူတို့ နိုင်ငံမှာ သူများနိုင်ငံက ဗိုင်းရပ်စ် ကိုကာကွယ်တဲ့ သဘော။ မသိပါဘူး။ စိတ်ထဲထင်တာက တော်တော် ကြီးကျယ်တဲ့နိုင်ငံလို့ ........

ဆက်ရန်......

စေတနာပြိုင်ကြမယ်


အင်တာနက်ကနေ အပြန်အလှန်အလှန် ချတယ်။ဆဲတယ်။ ကန်တယ်။ ထိုးတယ်။
မင်းဘယ်သူလဲ။ ငါဘာလဲ ယှဉ်တယ်။
ကောင်းသလားဆိုတော့…
အဖြေမရှိဘူး…
မြန်မာနိုင်ငံသားအချင်းချင်း။ အပြင်လောကမှာ မျက်နှာချင်းဆိုင်တွေ့ ရင်ဘယ်လို ပြောကြမလဲ။
သူလည်းပဲ တိုင်းပြည်ကောင်းချင်၊ ကိုယ်လည်းပဲ တိုင်းပြည်သာယာ စေချင်တဲ့ စေတနာ။
ဘယ်သူအမြတ်ရလဲဆိုတော့…….. အမြတ်ရတဲ့သူဘဲ သိမှာပါ။
ကောင်းလေစွ ကောင်းလေစွ-------

ဘုန်းကျော် (လူ့ ဘောင်သစ်)
မှတ်ချက်။ ။ “ မှုးနေတုန်းရေးတဲ့စာပါ “

ခါတော်မှီ ခွေးရူးပြန်နေသူများသို့

နေမျိုးဝေဆိုတဲ့ ခွေးလွေခွေးလွှင့် လေးတစ်ကောင် အခုတလော ထအူဖန်များနေတယ်။ တလောတုန်းက ကိုစိုးထွန်းဆီကို လိပ်မူပြီး ကိုထွန်းအောင်ကျော်၊ ထွန်းမြင့်အောင်ကို၊ ကိုအေးလွင် (ဘိုက လေး) ကို ရောနှောပြီး ၈၈ မျိုးဆက်ကိုပါ သတိပေး၊ ခြိမ်းခြောက်ပြီး မိုက်မိုက်ရိုင်းရိုင်း စာတစ် စောင်ရေးသား ပေးပို့လာတာကို ဖတ်ရှုလိုက်ရပါတယ်။

စာကိုဖတ်လိုက်ရခြင်းဖြင့် သန်းရွှေနဲ့ သမီးသမက်၊ ခမီးခမက်တော်သလိုလို၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ပြီး ၀န်ကြီးချုပ်တို့ ဘာတို့ ဖြစ်လာမလိုလို မြန်မာပြည်သူတစ်ရပ်လုံး သန်း(၆၀)ဟာ သူ့အဖေပိုင်တဲ့ ကျွန်တွေဖြစ်ရတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ အတွေးထဲမှာ သူငယ်ပြန်နေတယ်။

ရှင်းရှင်းပြောမယ် နေမျိုးဝေ…မမိုက်ရိုင်းနဲ့။ ၈၈ မျိုးဆက်ဆိုတာ မင်းမအေလင်ကို ကြောက်နေတဲ့အစား ထဲကမဟုတ်ဘူး၊ ရာဇ၀င်နဲ့ဆိုတာ မင်းအသိဆုံးမဟုတ်ရင် မင်းနှမလင် အေးလွင်မေးကြည့် ဟေ့ ကောင်။ ပြီးရင် ၈၈ ကအကြောင်းအရာတွေဟာ မင်းနှမလင် ဦးဆောင်လို့ ဖြစ်ခဲ့တာလဲမဟုတ်ဘူး။ သူ တောင်းစား သူတောင်းစားနေရာမှာနေကွာ၊ အိမ်ရှေ့အရာ မမက်နဲ့။

၈၈ မျိုးဆက်တွေ အခုလှုပ်ရှား နေတာလဲ မင်းတို့လောက်ကို မှန်းပြီးမဟုတ်ဘူး။ မင်းတို့လောက် ခါတော်မှီကျွန်ပေါက်စတွေကိုသာ ပစ်မှတ်ထားရင် ပွဲဖြတ်တာကြာလှပြီ။

ထပ်ပြောမယ်၊ ၈၈ တုန်းကဖြစ်ရပ်တွေဟာ ဘယ်အကောင်တွေလုပ်လို့ဆိုတာ လုံးဝမဟုတ်ဘူး။ အေး…ပွဲထွက်တာမှာ တစ်ချို့က လက်ဦးမှုရလိုက်လို့ နံမယ်လေးရသွားတာပါ။ ၈၈ ကို မင်းတို့ အာရ်အိုင်တီက စတာမှန်ပေမယ့် ပြဿနာတစ်ရပ်လုံးကို ကိုင်တွယ်လှုပ်သွားတာ မိန်းကဆိုတာလဲ မမေ့နဲ့။ အဲဒီမိန်းကို ကန့်ကော်တောလို့ခေါ်တာလဲ မှတ်ထားမှပေါ့ကွ။

တောမှန်ရင် တောထဲမှာ ကျားကြီးတွေလဲ အများကြီးရှိတယ်ဆိုတာမှတ်ထား။ ဒီအချက်ကိုသိတဲ့ အာရ်အိုင်တီခေါင်းဆောင် တွေဟာ ပြဿနာ ကြီးထွားလာတာနဲ့ မိန်းထဲကိုသွင်းပေးတာ။ မင်းတို့သခင် စစ်အုပ်စုကလဲ အဲဒီ အချက်ကိုကောင်းကောင်း သိနေလို့ မိန်းကိုအဓိကပစ်မှတ်ထား ဖြိုခွဲပစ်တာကွ။ မင်းတို့လောက်ကို သောက်ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။

မင်းကသူများဆီက ဦးနှောက်အငှါးနဲ့ နိုင်ငံရေးလုပ်နေတဲ့ ကောင်ဆိုတော့ ၈၈ အုပ်စု တစ်ခုလုံးကို ကိုင်စမ်းချင်တယ်။ မနာချင်ပါနဲ့ … ဟေ့ကောင်၊ သတိထား။ မင်းကိုမင်း စိတ်ချလုံခြုံတယ်ထင်ပြီး အရာရာကိုစိန်ခေါ်ဖို့မကြိုးစားနဲ့၊ တော်ကြာနေ ရေဝေးပို့စရာ ဆွေမျိုးညာတိ မကျန်ဘဲနေလိမ့်မယ်။

သတ္တိမရှိလို့ အာဏာရှိတဲ့ဖက်ကို ဖင်ခံပြီး နိုင်ငံရေးသမားသံယောင်ယောင် အသံလေးနဲ့ အူကြောင် ကြား လုပ်နေတာကို ဘယ်သူ့မှ အထင်မကြီးဘူး။ စကားကြီးစကားကျယ်နဲ့ "တိုင်းပြည်တည်ငြိမ်ရေး" အဲဒါတွေလဲ ရေးသေးတယ်၊ သောက်ရှက်ဆိုတာ အဲလောက်ထိမရှိဖို့ မကောင်းဘူး။

မင်းစာထဲမှာ "မဖြစ်သင့်တာတွေ မဖြစ်ရအောင်" မင်းကဘာတွေများ ဖွင့်ပြောမလဲကွာ။ ယောက်ျားစစ်ရင် ယောက်ျားတန်မဲ့စကားပြော။ မင်းကိုဗမာပြည်က မိန်းခလေးမပြောနဲ့ ဂေးနဲ့တောင် နှိုင်းပြောဖို့အဆင့် ရှိတာမဟုတ်ဘူး။ မင်းသိတယ်မဟုတ်လား မင်းတို့ကို မိန်းမနဲ့နှိုင်းပြောလိုက်ရင် ဒေါ်စုတို့၊ ဟိုတုန်းက မယုယုမော်တို့၊ ဒေါက်တာစင်သီယာမောင်တို့ အခုခေတ်က ဒေါ်စုစုနွေးတို့၊ မနီလာသိန်းတို့ကို စော်ကားရာကျမယ်။ ပြီးရင် ဂေးတွေနဲ့ နှိုင်းပြောဖို့လဲ ၈၈ တုန်းက အလှဖန်တီးရှင်များ သမဂ္ဂကို အားနာတယ်ကွာ။

ရှင်းရှင်းပြောမယ်ကွာ မင်းတို့ထင်သလောက် ငါတို့ဗမာပြည်သူတွေဟာ မုန်းဖက်ထုပ် မဟုတ်ဘူးကွ။ မင်းတို့ထင်သလိုသာလွယ်ရင် မင်းအမေလင် သန်းရွှေလုပ်ချင်တာကို လုပ်ပြီးတာကြာလှပြီ။ မယုံရင် မင်းအမေလင်ကို မေးသာကြည့်ပေတော့၊ ဟုတ်မဟုတ်ဆိုတာ။

နောက်နောင် အင်တာနက်ပေါ်မှာ အဲလိုမဖွယ်မရာလေးတွေ မတောက်မခေါက်နဲ့ မရေးစမ်းပါနဲ့။ စေတနာနဲ့ သတိပေးတယ်။ လူယဉ်ကျေးဖြစ်အောင် ကြိုးစားပါ။ ပြီးရင် ယောက်ျားပီပီ တရားသော နည်းနဲ့ အနိုင်ရဖို့ ကြိုးစားစမ်းပါ။ ဖြတ်လမ်းမရှာနဲ့၊ ဖြတ်လမ်းဆိုတာ စိတ်ချရတာမဟုတ်ဘူး၊ လမ်းတပိုင်းမှာ ခြေရာပျောက်တတ်တယ်။

စေတနာပြည့်ဝစွာနဲ့၊
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)
၁၈၊၀၉၊၂၀၀၈

Hacker Attack ကနေဘယ်လိုကာကွယ်ရမလဲ


အခုတလော စစ်အစိုးရကနေ့  ပြည်ပအတိုက်အခံအင်အားစုတွေရဲ့ ဘလော့တွေ ၀က်ဆိုက်တွေကို တိုက်
ခိုက်နေပါတယ်။ အဲဒိတိုက်ခိုက်တာကိုဘယ်လိုကာကွယ်ကြမလဲ……
ဂူဂယ်ထဲကရတာကို ရှယ်ပေးပါတယ်။
အောက်ပါ ဆောဖ့်ဝဲကို သုံးကြည့်ပါ….
ရက်ပေါင်းသုံးဆယ်တော့ဖရီးရပါတယ်။
http://www.gfi.com/landing/esmdet.asp?adv=69&loc=119

9/18/08

စာမျက်နှာတစ်


ဒီနေ့ လေအရမ်းတိုက်တယ်။ မိုးရွာတာ မနက်ကတည်းက။ ဆောင်းတွင်းမဟုတ်ပေမဲ့ အတော့်ကို အေးတယ်။ မြန်မာပြည်က သတင်း တွေကြားချင်လို့  ဘီဘီစီဖွင့်တာ Fire Fox ကအလုပ်မလုပ်ဘူး။ Crash ချည်းပဲဖြစ်နေတာနဲ့  RFA ကို ဖွင့်ဖြစ်တယ်။


စက်တင်ဘာရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်တဲ့။ လွန်ခဲ့တဲ့နှစ်က နာကျဉ်းစရာတွေ ပြန်အောက်မေ့မိတယ်။ အဲတုန်းက ကျနော်ကမိုင်းမှာ။အလုပ်ထဲမှာစိတ်မရှိဘူး။ တချိန်လုံး စီဘောက်က

သတင်း၊ ဘလော့သတင်းတွေကို နာရီတိုင်းစောင့်ဖတ် နေမိတယ်။
အလုပ်က အဖြူတွေကလည်း နားလည်တယ်။ ဘာမှမပြာဘူး။

အဲတုန်းက အင်တာနက်ကနေ ဘလော့တွေရဲ့ ကောင်းမူ့ ကြောင့် ဘုန်းကြီးတွေကို ရိုက်သက် နေတာတွေကို တွေ့ ခဲ့ရတယ်။
“ခွေးမသားတွေ နောင်ဘ၀မှာ ခွေးဖြစ်ရင်တောင် အမှီးမပါဘဲ နေရမဲ့ကောင်တွေ။“

မြန်မာပြည်မှာ စစ်အာရှင်ကြီးစိုးနေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။ သေခဲ့တဲ့အသက်တွေကလည်း မနည်းဘူး။သောက်သုံးမကျတဲ့ စစ်ဗိုလ်ချုပ်တစုကြောင့် မြန်မာတွေ ဖာဖြစ်ခဲ့ရပြီ။ တနေ့တော့တွေ့အုံး မှာပေါ့ကွာ။

တလောက သူငယ်ချင်းတစ်ယောက်နဲ့ စကားမစပ် အိုင်ဒီယာအသစ် တခုရတယ်။ မြန်မာပြည် ပြန်လည်တည်ထောင်တဲ့ အခါမှာ စာသင်ကျောင်းတိုင်းမှာ သင်ဖို့ မြန်မာ့သမိုင်းအသစ်ကို ပြန်တည်ဖြတ် ရမယ်။

သမိုင်းမှာ Chapter -၂ ခုထားမယ်။တခုက မြန်မာပြည်ကိုကောင်းအောင်၊ တိုးတက်အောင် လုပ်ခဲ့တဲ့ သူတွေရဲ့ သမိုင်း။ဥပမာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း။ ဒေါ်စု။ကိုမင်းကိုနိုင်။

တခုက မြန်မာကို ကမ္ဘာ့ အလယ်မှာ မျက်နှာငယ်အောင် လုပ်ခဲ့တဲ့သူတွေရဲ့သမိုင်း။ ဥပမာ ဗိုလ်ချုပ် နေ၀င်း၊ စောမောင်၊ သန်းရွေ။ ရည်ရွယ်ချက်ကတော့ နောင်လာမဲ့ အနာဂတ်မျိုးဆက်တွေကို ကောင်းတဲ့ ဟာကို အတုခိုးအောင်၊ ဆိုးတဲ့ဟာကို အတုမယူရဲအောင်။

တချိန်လုံး မြန်မာပြည်သမိုင်းကို သင်တဲ့အခါ ကောင်းတဲ့သူတွေကိုချည်းပဲ ချီးမွန်းနေရတာ။ ဆိုးတဲ့သူတွေကို ဖော်ပြတာ မသင်ခဲ့ရဘူး။

ကျောင်းသွားတော့မယ်။ လေအရမ်းတိုက်နေတုံးပဲ ဆိုတော့ အကာအကွယ်တော့ ယူသွားမှ။ အခုမှစပြီးစာရေးတာ ဆိုတော့ အမှားပါရင် တောင်းပန်ပါတယ်။

9/14/08

စက်တင်ဘာတနှစ်ပြည့်

FIRST ANNIVERSARY OF THE SAFFRON REVOLUTION 2008: BURMA
Dear Fellow Australians and Friends
The democratic forces, individuals and organisations of the Australian Burmese Community in Perth will be holding a Rally to commemorate the First Anniversary of The Saffron Revolution, and for Burma’s freedom.

WHEN Saturday 27 Th September, 2008
WHERE at PICA Amphitheatre (near Alexander Library)
TIME 1.00 PM to 3.00 PM

We invite your support and presence at the rally where we as Australians will be pledging our commitment to the continuing political struggle against military rule in Burma. Posters, Photos will be displayed and free literature of “the Space of Terror, torture and killing “of the innocent people and monks under Military Rule in Burma will be available.
Agenda
Individuals, groups, organizations will assemble at PICA Amphitheatre (near Alexander Library) Perth.
1.00 PM Opening Ceremony
1.15 PM Speeches by Honourable Member of Parliaments , invited guests, leaders of different Religious Faiths and representatives of Burmese Democratic Forces, Community and Welfare Associations from Burma in Perth. .
2.45PM Prayers and chanting of” Loving Kindness”.
Slogans by 8888 comrades and other activists
3.30 PM. End of Rally and Protest
Please use your freedom and liberty to support the still suffering people of Burma (Daw Aung San Su Kyi of Burma).
Free the people of Burma from Military Dictatorship.
Free Daw Aung San Su Kyi. Free the Buddhist Monk U Gambira, and Student leaders Min Ko Naing, Ko Ko Gyi and All Political Prisoners in Burma.



A Short account of The Saffron Revolution. Burma.

The Buddhist Monks, students , youths and workers, were mercilessly killed, tortured and jailed for peacefully protesting against the oppressive SPDC Burmese military dictatorship last year, August –September 2007. The Burmese people’s defiance and opposition towards the ruling military regime, State, Peace and Development Council (SPDC) had reached a turning point after almost two decades of oppression and total political and economic domination by the fascist military illegitimate state.
Last year, between 24 and 25 September, 2007, thousands of Buddhist monks peacefully marched in downtown Rangoon (Yangon), joined by dissidents and large crowds of supporters and onlookers.
On 25th September, a curfew was imposed. After midnight, between 26 and 27 September, troops raided several monasteries, beat up monks and dragged several hundred off to special detention centres. During the day, the crackdown continued and riot police and soldiers, evidently freed from orders to show restraint, used tear gas, batons, rubber bullets and live ammunition to break up the crowds. According to a rare, though by most accounts understated, admission by the government, nine were killed, including a Japanese photographer, and eleven were wounded. Many more were detained and taken away in military trucks to special interrogation centres. The actual death toll remains uncertain but has increased as people have died from injuries sustained in the streets, in the monasteries and during interrogations.( From International Crisis Group Reports).
For leading the Burmese peoples uprising, the Buddhist Monks leader and organiser, the Reverend U Gambira, All Burma Buddhist Monk Association , 8888 student leaders, Min Ko Naing, Ko Ko Gyi, workers union leader Su Su Nwe and National League of Democracy members and defiant youths were arrested. Still to date hundreds languish in jail and military detention camps for demanding democracy and freedom and “a right to rights” to flourish as humans in their own country, Burma.
Contacts
Rev Oo Tay Zaniya Ph 93422632, Mob 0423894896
U Kyaw Hlaing Ph 93435685
Ms Wah Wah Soe Mob 0430067777

U Phone Kyaw Ph 93435751 Mob 0433026944

Dr Myo Nyunt Ph 93101777 Mob 0411155849

8/23/08

The Report of General Secretary of Communist Party of Burma in 1994

Read this document on Scribd: gsreport1994

About Mun Aung "Battle of Peace"

Hi All,

If we put 1988 uprising and Burmese songs in one bucket together, then mix them up and when we pull something back from that bucket, there is just only one thing we can get out of it and that is "Mun Awng".

He is a singer, a revolutionist, an artist, a freedom fighter, a symbol of strong 88 spirit, a father, a husband and a peace lover.
Please see Australia national tour poster and other fliers as attached.

He was born in March 21, 1960
His first album called "8/82 Innya" was released in 1984 and he became one of the most famous singers in Burma, followed by
second album called "Moe Lone Mhyine or Vanda Orchid" in 1986;
third album called "Zeinza Marna Nyan" and fourth album called "Lun Ya the Nya tyay Lon par say or Wish; to pass the longing nights".

1988- Feb 1993, he was in regiment 102 and 204 at All Burma Students Democratic Front (ABSDF) as freedom fighter soldier fighting against Burmese military junta in Thai-Burma border.
"Freedom for Peace" album was released in 1992 in Bangkok, Thailand.
Resettled in Norway in 1993 and he was working in Democratic Voice of Burma (DVB) until 1996. "The route of freedom" was released in 1998 in Norway and now he is living in Norway with wife and a daughter.

The objectives of this national tour are as followed;
"To achieve wider political awareness among Burma democracy lovers and achieve maximum level of political momentum within our movement,
To achieve stronger collaboration between several different generations, and
To showing concrete support for upcoming one year anniversary of saffron revolution day"

He is available for any media work or interview regarding the tour.

In Solidarity,

Ko Thu (a) Thomas Soe
614 21418 449

8/20/08

One of Burmese Community Leaders, Mr. Paul Kyaw's Talk in front of WA's Parliament


ALL THE MEMBERS OF THE PARLIAMENT,PARLIAMENTARIAN FRIENDS OF BURMA,DISTINGUISHED GUESTS, LADIES & GENTLEMEN,& PEOPLE OF BURMA

Today is the 8th of August, the 8th month of 2008. We are gathering here to show our support & unity to the most oppressed people of Burma. Today the bells are ringing as the sign of sorrow in the cities of Hiroshima & Nagasaki in Japan to express the condolence and anguish of the Japanese people to the victims of atomic bomb back in 1945. It is also a warning of danger to the world when the ARMY turns to be the RULER of a nation. Burma has been under the military rule since 02/03/1962. The night they robbed the power of the nation they killed Mi Mi Thike the son of the 1st President of Burma Sao Shwe Thike. But shamelessly they broadcast it as a bloodless coup. Four months later they killed hundreds of the Rangoon University students in the name of peace and order. They even blew up the historical building of the Student Union in the campus where the movement of independence of Burma was born.
The Burma army killed and killed the hungry and innocent people whenever the crisis arose. In 1987 Burma was branded as the Least Developed Nation ( L.D.C ) by the UN. The army demonetised the currencies without any compensation. On 8888 the entire people of Burma joined hands and expressed their desire of human rights and democracy in peaceful demonstration. Again they killed.
In 2 days time China will celebrate the biggest ever Olympic Games in Beijing exactly at 8:08 pm on the month of 8th of 2008. That means 8888, the lucky number for Chinese. We will commemorate our mourning day of 20th anniversary 8888 in every corner of the world where the people of Burma are residing. The army used excessive force to crush down the people demonstration. After 8888 the army openly declared that they will pave the way for democracy in discipline and go back to the army barracks. Unfortunately that never happens.

Today Burma Army built up to 400,000 to 450,000 strong army including 70,000 child soldiers without any external threat. Every 100 people in Burma have ONE soldier while they have ONE trained teacher for every 100,00.

Look at today statistic of Burma.
2.5 million people are displaced.
About half million are taking refugee in refugee camps.
One million are living illegally in neighbouring countries.
40% of children are malnourished.
ONE in 5 children dies before they reach their 5th birthday.
3000 villages are deliberately destroyed.
Inflation rate is more than 40%.
Civil war is still raging for 60 years.

The army is reaping US$150 million per month from the offshore gas revenue while the grass-root are weeping in and suffering in hunger. Electric power is only for the army and elite’. People are living without electricity. But they spend more than 50% of the revenue to build up the army.

They misled the people just a few days before deadly NARGIS. While neighbouring nation India warned them a few days before the cyclone. They declared in their newspaper that NARGIS was not harmful. It would be only 50 mph. People were absolutely unprepared. More than 130,000 people perished in the deadly cyclone.

They banned US Aircraft Carrier from delivering food, medicine and fresh water. They misused many aids for their own benefit. People have to help the victims behind the scene. Many social workers were arrested for helping the victims. Many victims died after cyclone because of the man-made disaster.

The people of Burma are branded as the “ Rice-eating robots” by the scholar Dr. Nancy Hudson-Rodd. The people of Burma are also human beings like any other in the world. People should not go the bed hungry. The people power of India, South Africa, the Philippines and Thailand did work. Aung San Suu Kyi was named the Mandela of Burma. As a matter-of-fact she is the Mandela without De Clarke. Those countries gained victories over the dictators as the rulers were human beings. The story of Burma is different. All the events show that the rulers of Burma are no human beings. They have no consideration apart from the power.

Today we, the people of Burma, call upon

The United Nations, E.U, ASEAN, USA, UK & Australia
Not to turn the blind eye to the people of Burma.
We urge you to take serious ACTION not the SANCTION.

When Australia liberated E. Timor we were in tears of joy.
We want to write a new page in our history of Burma to let our children know that;

IN 2008 AUSTRALIA LIBERATED BURMA. AUSTRALIA IS OUR GREATEST FRIEND.
CHILDREN NEVER EVER FORGET AUSTRALIA.



Paul Kyaw
0433 55 1845

View My Stats