
11/27/08
ထိုင်းကတော့ လုပ်ပြန်ပြီ

11/25/08
အမှိုက်ပုံထဲက အနာဂတ်မျိုးဆက်သစ်များ (ဓာတ်ပုံ)
11/24/08
အဖွဲ့တခုထောင်ပြန်ပြီ
နို့ဘိုးအထောက်တော်
ရက်စွဲ ၂၃၊ ၁၁၊ ၀၈
၂၂၊၁၁၊၂၀၀၈ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ညီလာခံတွင် ဗမာအမျိုးသားအသင်း(နို့ဘိုး) အနေ ဖြင့် ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိက ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ဗမာလူမျိုးများ၏ ယဉ်ကျေးမှု နှင့် ဓလေ့ များကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ကိုအလေး ထားဖော်ဆောင်သွားမည်ဖြစ်ကြောင်း’ အလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သော ဦးလူဘို မှ ပြောကြား သွားသည်။
မြန်မာပြည်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် တို့ဗမာအစည်းအရုံး ပေါ်ပေါက်ခဲ့ပြီး နောက် ဗမာအမျိုးသားအသင်း တဖန်ပြန်လည်ပေါ်ပေါက်လာခြင်းသည် မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အတိတ်နိမိတ်ကောင်းများလား ဆိုသည်မှာ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။
11/21/08
11/20/08
Perth မြို့ရှိ John Hannaford နှင့် Atlantic
သို့ပါသောကြာင့် D4B ၏ ရှေ့လုပ်ငန်းစဉ်များတွင် John သည် အဓိက Target ဖြစ်လာနိုင်ပါသည်။
ွှThanks for Marie Bout
Taken from “Junior miners pine for partners but investors aren't listening” Nov 17, The Australian
“Atlantic had been involved in pearl farming in Burma -- that must have seemed like a great idea at the time -- but ended up in administration. The mess was sorted out by bringing in a new board and handing over the pearl operations to the former main shareholder in return for $9 million in debt owing to him being written off, with Atlantic retaining an off-take deal for pearls.
Apart from the obvious drawbacks of trying to do anything in Burma, it has been hard to get skilled workers because no one can compete with the oil and gas explorers when it comes to wages. In addition, growing pearls requires a lot of running about in boats and diesel costs have soared. Then there is the problem that sales of pearls in Japan have plummeted.
Atlantic has been recapitalised with a new board under Perth businessman John Hannaford, who also sits around the directors' table of two juniors with US energy plays -- oil explorer Emerald Oil & Gas (EMR) and coal play Bathurst Resources (BTU).”
Marie Bout
WA Media Officer for
Senator Scott Ludlam and Senator Rachel Siewert
Australian Greens Senators for Western Australia
Mobile: 0405399164
Tel: 08 9225 5799 | Fax: 08 9225 5599
11/18/08
အိုဘယ့်ဒုက္ခသည် ဆောင်းပါးမှ အဆက်ဖြစ်သည်-
ကျနော် လေ့လာကြည့်ရသလောက်ဖြင့် ဒုက္ခသည် စခန်းအတွင်းသို့ ၀င်ရောက်ပုံ ၀င်ရောက်နည်း (၃) မျိုးရှိသည်။
ပထမ တနည်းမှာ နအဖ စစ်တပ်၏ ထိုးစစ်ကိုခံရသော ကျေးရွာများမှ စစ်ဒဏ်မခံနိုင်၍ တိုင်းပြည်ကိုစွန့်ခွာထွက်ပြေးသော စစ်ဘေးဒုက္ခသည် ဖြစ်သည်။
ဒုတိယနည်းမှာ လွတ်မြောက်နယ်မြေရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တော်လှန်ရေးသမားများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ။မြန်မာပြည်တွင် သွားရောက်နေထိုင်ရန် မဖြစ်သောကြောင့်ဖြစ်သည်။
နောက်ဆုံးနည်းမှာ မြန်မာနိုင်ငံရှိ ငွေရှင်ကြေးရှင်များနှင့်၊ အခွင့်အလမ်းရှာဖွေသောသူများသည် တတိယနိုင်ငံသို့သွားရောက်ရန် ၀င်ရောက်သောနည်းဖြစ်သည်။ ထိုသူတို့သည် အများစုဖြစ်သည်။ သူတို့ကြောင့် ဒုက္ခသည် ဦးရေဖောင်းပွလာခြင်းဖြစ်သည်။
၎င်းပြဿနာ အရင်းမြစ်ကိုရှာဖွေကြည့်သော် စစ်အစိုးရကြောင့် နှင့် တိုင်းပြည်တွင်အခွင့်လမ်း နည်းပါးသောကြောင့် ဖြစ်သည်။ ဒါကြောင့် အမိမြန်မာပြည်ကို စွန့်ခွာလာရခြင်းဖြစ်သည်။ အားလုံးသော ဒုက္ခသည်များကို ကျနော်နားလည်းနိုင်ပါသည်။ သို့ရာတွင် ကျနော်နားမလည်သော ဒုက္ခသည်လည်းရှိပါ သေးသည်။ အဘယ်သို့သော်ဒုက္ခသည်နည်း။ အတော်ထူးဆန်းသည်။
သူတို့သည် ဒုက္ခသည်စခန်းအတွင်းမှာသာ နာမည်ပေါက်သည်။ လူတွေကတော့ ရန်ကုန်၊ မန္တလေး မှာဖြစ်သည်။ သူတို့၏အလုပ်အကိုင်ကား အဘယ်နည်း။ အများစုသည် Company ပိုင်ရှင်တွေ၊ ရန်ကုန်မြို့ မင်္ဂလာဈေးတို့လိုနေရာတွေ ဆိုင်ဖွင့်ထားသူတွေ။
အဲဒိတော့သူတို့ကိုမေးကြည့်တယ်။
‘ခင်ဗျားတို့ဒီလောက်ချမ်းသာနေတာ မြန်မာပြည်ကနေ နိုင်ငံခြား သွားလို့မရဘူးလားလို့’ ။
သူတို့ဖြေတာက ‘ငါတို့က နိုင်ငံသားဖြစ်ချင်တာ’….
ဟုတ်ပါသည်။ ဒုက္ခသည်အဖြစ် တတိယနိုင်ငံကိုသွားရင် နိုင်ငံသားဖြစ်ခွင့် အလွယ်တကူရှိတာကိုး။
ဒါ့အပြင်လူကသာ စခန်းအတွင်းမှာ မရှိတာ။ စခန်းအတွင်းကသတင်းများကိုတော့ ဦးဦးဖျားဖျားရတက် ပါသေးသည်။ ဥပမာ စခန်းအတွင်းမှာ လူစစ်မည်ဆိုပါစို့…… ထိုလူစစ်မည့်အချိန်ကို မြန်မာပြည်ကနေ အချိန်မီရောက်အောင်လာသည်။ (လူစစ်မည့် သူကိုယ်တိုင်ဖုန်းဆက် အကြောင်းကြားလေသလား)။ နောက်ပြီး ထိုလူများ ဘယ်လောက်ထိပေါက်ရောက်ပါသနည်းဆိုလျှင် တော်တော်ပေါက်ရောက်သည်ဟု ပြောချင်သည်။ ဥပမာ ထိုသူတို စခန်းအတွင်းသို့တဖွဲဖွဲဝင်ရောက်လာလျှင် သေချာပေါက် စခန်းအတွင်းမှာ တခုခုထူးခြားမည်။ မယုံမရှိပါနှင့် စခန်းအတွင်းမှာ ထူးခြားမှုကြုံရသည်။
နောက်ဆုံး အဘယ်မျှဖြစ်သွားသလဲဆိုရင် စခန်းအတွင်းမှာ စားဝတ်နေရေးအတွက်ပြောင်းဖူးသွားချိုး ရသော၊ ပန်းရံသွားလုပ်ရသော ဒုက္ခသည်များအနေဖြင့် ၎င်းတို့စခန်းအတွင်းမှာရှိနေလျှင်၊ လုပ်ငန်းခွင်သို့ မသွားရဲ။ စိုးရိမ်စိတ်များကြောင့်ဖြစ်သည်။ သူတို့နေရာဝင်ဦးသွားမည်လား (သို့) တခုခုထူးခြားလေမည် မလား။ သေချာသည်။ ၎င်းတို့စခန်းအတွင်းရောက်ပြီး တပတ်၊ ဆယ်ရက်အတွင်း လူစစ်မည်လား၊ DHS ခေါ်တော့မည်လား၊ ထွက်မဲ့ရက် ရတော့မည်လား၊ စသဖြင့်။ တခုခုတော့ထူးခြားသည်။ မလွဲသော တိုက်ဆိုင်မှုများပါပဲ။
အဲဒိအပြင် တတိယနိုင်ငံကူးပြောင်းမည့်စာရင်းကိုကတ်လျှင်လည်း ပြေးမကြည့်ပါနှင့် ၎င်းတို့က ထိတ်ဆုံးက ပါဘဲ။ အချို့ဆိုလျှင် တတိယနိုင်ငံကူးပြောင်းခါနီး မြန်မာပြည်မှာရှိတဲ့ ကားတွေ၊ ခြံတွေကတော့ ပြည်တွင်းမှာဆက်လက်လည်ပတ် ခိုင်းထားဆဲပဲလေ။
ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်မြန်မာလူမျိုးတွေ တိုးတက်တဲ့တတိယနိုင်ငံတွေမှာ ရောက်သွားကြရင် အတွေး အခေါ်တွေမြင့်မားလာမယ်။ အတက်ပညာ၊နည်းပညာတွေ ရရှိလာမယ်။ အဲဒိလူ့အရင်းအမြစ်တွေဟာ မြန်မာပြည်ကြီးအတွက် အကောင်းဆုံးသော သံယံဇာတတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆမိတယ်။ ဒီလိုဆိုရင်တော့ဖြင့် ကျနော်တို့ရဲ့ရိက္ခာတွေကို အသစ်အသစ်သော ဒုက္ခသည်တွေအတွက် ဝေမျှပေးရတာ ဂုဏ်ယူစရာပဲပေါ့။
အခုလ ဆီဖြတ်ပြီး၊ နောက်လ ဆန်ပဲထပ်ဖြတ်ဖြတ်၊ အငတ်ပါခံနိုင်ပါတယ်။
မြန်မာပြည်ဖွား တတိယနိုင်ငံသား ရွှေမြန်မာတို့သာ မြန်မာပြည်ကြီးကို မမေ့ပါနဲ့လေ…………
နွားကိုပလာတာကျွေးခြင်း (ကာတွန်း)
အသစ်ဝင်ရောက်လာသော ဒုက္ခသည်များအား နို့ ဖိုးစခန်းတွင်ဓါတ်ပုံ ရိုက်မည် (သတင်း)

နို့ ဖိုးစခန်းအတွင်း ၁၇.၁၁.၂၀၀၈နေ့ မှစပြီး ဒုက္ခသည် အသစ်များအား ဓါတ်ပုံစရိုက်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည် ။ ယခု ကဲ့သို့ ဒုက္ခသည် လူသစ်များအား ဓါတ်ပုံ ရိုက်ပေးခြင်း သည် ၁၇.၁၁.၂၀၀၆ နောက်ပိုင်း ပထမဦးဆုံး စတင်လုပ်ဆောင်သော ထိုင်းအစိုးရ (လ၀က)၏ ခြေလှမ်းတလှမ်းဖြစ်သည်။
မှတ်ချက်။ နို့ဘိုးမှ ပို့လိုက်သော သတင်းဖြစ်ပါသည်။
11/17/08
ဂလိုဘယ်လိုက်ဇေးရှင်း နှင့် မြန်မာပြည်က မျှစ်
ဒီလိုဗူးတွေနဲ့ မျှစ်တွေကို ၀ယ်စားပါတယ်ထိုင်း၊ ဗီယမ်နမ်၊ တရုတ် ကထုတ်တဲ့ ကုန်ပစ္စည်းအမျိုးမျိုး နိုင်ငံတကာကိုရောက်တယ်။ ကျနော်တို့ ဆီက အမေရိကန်၊ နော်ဝေ မှာနေတဲ့ ရဲဘော်ကြီးတွေ ထိုင်းမျှစ်၊ ဗီယမ်နမ်မျှစ်နဲ့တော့ ကင်းမှာ မဟုတ်ဘူး။ ငပိက တော့အဓိကပေါ့နော်။ မှားသွားရင်ခွင့်လွှတ်နော်။ မြန်မာပြည်က ဇရစ်ရိုးတို့၊ ဖလှောင်တောင်မွှေး၊ မလွှပွင့်၊ ငါးဇင်းရိုင်း၊ တို့လဲ ဂလိုလိုက်ဇေးရှင်း မဖြစ်တာ နှမပေး နအဖ ကြောင့်။
Australia နိုင်ငံ Perth မြို့ ဆင်ခြေဖုံးက ဗီယမ်နမ်ဆိုင်ဗီယမ်နမ်ဆိုင်မှာ ဆိုရင် မြန်မာပြည်က ရွှေတွေ တန်းစီနေတာပဲ။ မြန်မာကုန်ပစ္စည်း လိုက်ရှာတယ်။ မတွေ့ဘူး။ အခုဆိုရင် မြန်မာတွေဟာ ထိုင်းတွေတင်မကဘူး၊ ဗီယမ်နမ်၊ တရုတ်၊ ကုလား၊ သူတို့ကိုတောင် နိုင်ငံတကာမှာတောင် လိုက်ပြီး လုပ်ကျွေးနေရပြီ။
မြန်မာပြည်က မျှစ်၊ ဇရစ်ရိုး၊ ဖလှောင်တောင်မွေး၊ စသဖြင့် နိုင်ငံခြားကို ပါကင်ကောင်းကောင်းထုတ်ပြီး တရားဝင်လုပ်ကြည့်ပါလား။ Globalization မဖြစ်ရင် ပါးလာရိုက်။ အခုတော့ ဘာမဟုတ်တဲ့ ထိုင်းငါးပိ၊ မျှစ်တောင် အခု ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ ပါနေပြီ။ အဲဒိပစ္စည်း တွေဟာ မြန်မာပြည်က၊ မြန်မာအလုပ်သမားတွေ ထိုင်းမှာ ထုတ်၊ မြန်မာမျှစ်ကို ထိုင်းမှာဗူးနဲ့ထည့်၊ ပြီးရင် နိုင်ငံခြားက မြန်မာတွေကို ပြန်ရောင်း ။ ကျနော်တို့က ပြန်ဝယ်စား။
မြန်မာတွေ မိအေး နှစ်ခါနာရကုန်ပြီ။
11/15/08
စဉ်းစားမှုများ…
နိုင်ငံတကာမှာ မြန်မာသံရုံးတွေရှိတယ်
သူတို့ကို အဲဒိနိုင်ငံရဲ့အစိုးရတွေကနေ အခုထိအသိအမှတ်ပြုထားတုံးပဲ။ ဘာ့ကြောင့်လဲ။ နအဖကိုသာ အသိအမှတ်မပြုဘူးဆိုရင် ဘာ့ကြောင့် သူတို့နယ်မြေမှာ မြန်မာသံအမတ်တွေ၊ သံရုံးတွေထားသေးလဲ။
လူကြီးတွေရှေ့ဆောင်မှု…
ဘယ်ရောက်သွားလဲ မသိ။ လူကြီးဆိုတာ ဘာကိုခေါ်လဲဗျာ။ ခေါင်းဆောင်ဆိုတာ ဘာလဲ။ အခုထိ မတွေ့သေးဘူး။
အဖွဲ့ဖွဲ့ခြင်းဝါသနာ……
သဘောတူ၊ ကြည်ဖြူတဲ့အချင်းအချင်းအဖွဲ့ ဖွဲ့တယ်။ မတူရင် ခွဲတယ်။ တူရင်တွဲတယ်။
ရိုးရာမပြတ်ဒုက္ခသည်တွေရဲ့ကထိန် (ဓာတ်ပုံ)
တရုတ်ကြီးနဲ့ကုလားကြီး (ကာတွန်း)
11/14/08
တောင်တွေးမြောက်တွေးပေါ်လစီ
ဒီလုပ်ငန်းကတော့ နာမည်တော့ဆိုးတယ်။ လုပ်ငန်းအတွေးခေါ်ကတော့ စစ်အစိုးရအဖွဲ့ဝင်တွေကို မည်သည့်တော်လှန်ရေးလမ်းစဉ်နဲ့မဆို တော်လှန်တာဟာတရားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးခဲ့၊ ပျက်ဆီးဆဲ ပါ။
ပြန်ပေးဆွဲမယ်
စစ်ဗိုလ်ချုပ်တွေ ပိုင်ဆိုင်တာတွေအများကြီးဆိုတော့ သူတို့ Target အဓိကထားမယ်။ ပြီးရင် သူတို့နဲ့ စီးပွားရိုက်နေတဲ့လူတွေ ကိုဒုတိယထားမယ်။ သူတို့သားသမီး၊မိန်းမ တွေကိုပြန်ပေးဆွဲငွေတောင်းမယ်။ အဖွဲ့ရံပုံငွေတောင့်တင်းအောင်ပါ။ မြန်မာငွေနဲ့မတောင်းဘူး။ မြန်မာငွေကအာမခံချက်မရှိဘူးဆိုတော့။ အမေရိကန်ဒေါ်လာနဲ့တောင်းမယ်။ မပေးရင် ပြန်ပေးဆွဲခံရသူတွေကို ငရဲပြည်ပို့မယ်။ မိမိအဖွဲ့ဝင်တွေနဲ့ သားသမီးတွေကို လုံးလောက်တဲ့ လစာနဲ့ခံစားခွင့်ပေးမယ်။ မည်သည့်သူပုန်ခေါင်းဆောင်၊ အဖွဲ့ဝင်တွေကမှ လာဘ်စားတာမရှိစေရ။ မဖားရ။ တွေ့ရှိပါက ငရဲပြည်ရောက်စေ စသည့်စည်းကမ်းတွေနှင့်လုပ်မယ်။
ဒါးမြတိုက်မယ်
စစ်အစိုးရ ဗိုလ်ချုပ်နှင့် သူတို့ရဲ့လက်ဝေခံတွေ ဓားပြတိုက်မယ်။ ရတဲ့ငွေကို အဖွဲ့ရဲ့ရံငွေနှင့် ဆင်းရဲတဲ့ ပြည်သူတွေကိုဝေငှမယ်။ အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေအတွက်ငွေလိုတယ်။ နိုင်ငံခြားက ဒီငွေတွေ တောင်းလို့မရ ပါ။ ကိုယ်ပိုင်နယ်မြေမရှိတော့ အခွန်လည်းရစရာမရှိ။ နိုင်ငံခြားက ရဲဘော်တွေကလည်း အိမ်ဝယ်ဖို့တောင် မနည်းရုန်းနေရတယ်ဆိုတော့ ငွေရဖို့အတွက် ပြန်ပေးဆွဲမယ်၊ ဓားပြတိုက်မယ်။ အဓိလုပ်ငန်းတွေအတွက် သုတေသနနှင့် ထောက်လှမ်းရေး ဌာနကို ဖွဲ့မယ်။ ဥပမာ ဗိုလ်ချုပ်တွေနှင့်သူတို့ရဲ့သားသမီးတွေ နေရပ်၊ ဘယ်ကိုသွားတယ်၊ ဘယ်နေရာမှ ဖာချတယ် စသဖြင့်။
လုပ်ကြံမယ်
စစ်အစိုးရကောင်စီဝင်များနှင့် သူတို့ရဲ့ စီးပွားရေးလက်ဝေခံတွေကို ရရင်ရသလို အဓိက လုပ်ကြံမယ်။
ဗျောက်အိုးဖောက်ပေးမယ်
နအဖ ကောင်စီဝင်ရုံးတွေ၊ အိမ်တွေ ကိုဓိက ဗျောက်အိုးဖောက်မယ်။
ခြိမ်းခြောက်မယ်
စစ်အစိုးရလက်အောက်ခံ၊ ထောက်ခံသူ၊အားပေးသူ၊ ပေါင်းစားသူတွေအားလုံးကို ခြိမ်းခြောက်မယ်။
ဒုက္ခသည်တွေရဲ့ဘုံကထိန်
မှတ်ချက်။ ။ နို့ဘိုးဒုက္ခသည်စခန်းကနေ သူတို့ရဲ့သတင်းလေးကို အခုလိုရေးပြီးပို့ပါတယ်။ ဓာတ်ပုံတင်ရန် မေ့သွားပါတယ်။
11/13/08
သားလေးမွေးလာရင်
ကြက်( ၁)ကီလို (၆၀)ဘတ် နဲ့ ကောက်ညှင်းဆန်က အနည်းဆုံး ၃ ဗူးလောက်ဝယ်မှရမှာ ငါကြားဖူးတာက ချဉ်ခြင်းတပ်တယ်
ဆိုတာ ဗိုက်ထဲက ကလေးက တောင်းတတာတဲ့  ။“““ဒိကောင် အတော်အ်ကောင်းကြိုက်တဲ့ ကောင် ၊ကြီးပွားးမယ့်ကောင်ဖြစ် မှာသေချာ
တယ်””” “ ငါ့အမေက ပြောဖူးတယ် င့ါ ကို့ကိုယ်ဝန်လွယ် ထားတုန်းက လျှက်ဆားကို ရေနဲ့ ဖျော်ပြီး တဝသောက်ချင်သတဲ့ လေ။ အဲ့ဒါ
ကြောင့်ဘဲ ငါ အခုထိ ယက်လိုက် စားလိုက်နဲ့ ဘဝကို ဖြတ်သန်းနေရလားမသိ။ ဒါပေမဲ့ ….ငါ့သားက အကောင်းကိုမှ တောင်းတ တယ်ဆိုတော့ ကြီးပွားမှာ၊ သားလေးဆန္ဒကို ဖြည့်ပေး ချင်လိုက်တာ။
ဒါပေမဲ့ သားရယ် ရိက္ခာထုတ်ရမယ့် ရက်ကလဲ လိုသေးတယ်ကွ။ အရင်လက ရိက္ခာဆန်လေး ရောင်းမိလို့ ဆန်အိုးထဲမှာ နို့ ဆီခွက်သံ တဂွမ်း
ဂွမ်း မြည်နေပြီ။နောက်ပြီး စခန်းထဲမှာက စားဖို့  ရိက္ခာဘဲ ပေးတာ၊ ပိုက်ဆံမပေးဘူး။ ပိုက်ဆံကလည်း ဒုတိယဘုရားသခင် ဆိုတဲ့အတိုင်း လိုတယ်ကွ။သြော် ….ငါ့နှယ် ““သားလေး သားလေး”” လို့ သာပြောနေရတယ် ဟုတ်မှ ဟုတ်ပါ့မလား၊ မွေးတောင် မမွေးရသေးဘူး။ ဒါပေမဲ့ရပ်ကွက်(၁၀)ကဗေဒင်ဆရာပြောတာမှန်မှာပါလေ၊“သားလေးမွေးမယ်တဲ့” ငါက လည်း သားလေးအရမ်းလိုချင်နေတာ၊သားလေး
ဘဲဖြစ်ပါစေ။ ဒါပေမဲ့ သားရယ် အဖေ့ခြေရာတော့မ နင်းစေချင်ဘူးကွာ။အဖေ ဖြတ်သန်းခဲ့တဲ့ ဘဝခြေရာတွေကအရမ်းကြမ်းတမ်းတယ်။အထူး
သဖြင့် ပြည်တွင်းက စစ်အစိုးရ ရဲ့ စနက်တွေကြောင့် ပေါ့။ အဖေက ပြည်တွင်းမှာ နေတုန်းက လယ်သမားကြီးကွ။“ကျေးဇူးရှင်တောင်သူလယ်
သမားဦးကြီးများ” လို့ ခေါ်တဲ့ မွန်မြတ်တဲ့ လယ်သမားကြီးကွ။ဒါပေမဲ့ အဖေ့လယ်တွေအသိမ်း ခံရတယ်။ဘာလို့  သိမ်းလဲ အဖေလဲ မသိပါ
ဘူးကွာ၊ သိမ်းပြီးတော့လည်း ဖေ့ရဲ့လယ်မှာ ဘဲစပါးပြန်စိုက်နေ ကြတာပါဘဲ။အဖေကတော့ အဖေလယ်မှာဘဲနေ့ စားနဲ့  စပါး ပြန်စိုက် ပေးနေခဲ့ရတယ်။ဒါ မတရားဘူးထင်တယ်နော် သား၊ဒါပေမဲ့ အဖေ တစ်ယောက်ထဲ ခံရတာ မဟုတ်ဘူးကွ။အများကြီး မှ အများကြီးဘဲ။ အဲ့ဒီတော့ အဖေတို့ လဲ ခံရရိုး ခံရစဉ် အတိုင်းဘဲ လို့  ထင်လာတယ် ကွ။ မတရားလုပ် ခံရတယ်လို့ တောင် မခံစားမိတော့ပါဘူး။ ဒါပေမဲ့ သားရယ် အဖေ တို့  စီးပွားရေး တွေ မကောင်းတော့ဘူး။သားရဲ့ ဖိုးဖိုး နဲ့  ဖွားဖွား ကလည်း အဖေ့ကို ဘဲ မှီခို နေရတာကိုး။ပြောရင် ယုံမှာမဟုတ်ဘူး သား၊ စပါး စိုက် တဲ့ အဖေတို့  ထမင်းငတ်ခဲ့ ရတယ်။ ငတ်ပေမဲ့လည်း ကိုယ့်မွေးရပ်ဇာတိလေးမှာ အဖေတို့ က ပျော်တာကိုး။ရ ရစားစား နဲ့ ဘဲ အဖေတို့ ရဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့ ကျတော့ အဖေ့ရဲ့ မွေးရပ်ဇာတိလေးကို အဖေ မခွဲလို့ မရတော့တဲ့ အခြေအနေ ကိုကြုံခဲ့ရတယ်။ အဖေတို့ ရဲ့ ရွာလေးကို သူပုန်တွေနဲ့ အဆက်အသွယ် ရှိလို့ ဆိုပြီး စစ်သားတွေက တရွာလုံးကို မီးရှို့ ဖျက်စီး ပစ်လိုက်ကြတယ်။အဖေ၊မင်းအမေ နဲ့ မင်းအဖိုး၊အဖွား တွေတောင် အသက်လု ပြီးပြေးခဲ့ရတာ။ ဘာပစ္စည်းမှ ကို မသယ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့  အခု ဒီဒုက္ခသည်စခန်းထဲကို ရောက်လာရတာပါဘဲ။စခန်းထဲရောက်တော့ အဖေတို့ လိုမျိုး ဘဝတူ ဒုက္ခသည်တွေ အများကြီးတွေ့ တော့ အားတက်မိတယ် သား။ ဒီမှာက ဒုက္ခသည်တွေ အတွက် ရိက္ခာထောက်ပံ့ပေးတယ်လေ။အဖေတို့  အဲ့ဒီ ရိက္ခာတွေနဲ့ ဘဲ ဘဝကို ရပ်တည်နေကြရတာ။ဒါပေမဲ့ ဒုက္ခသည်စခန်းထဲအနေ ကြာလာတော့ လူသားတစ်ယောက် ရဲ့ အခွင့်အရေးတွေ ဆုံးရှူုံးနေသလိုမျိုး ခံစားလာရတယ်။အထူးသဖြင့် ပညာရေး ကျန်းမာရေး။ပြောရရင် နိုင်ငံမဲ့မှု ပြဿနာတွေပေါ့။ ဒါတွေကို အဖေတို့  မခံစားကြရဘူး သား။ အဖေတို့ ကို နိုင်ငံတကာက သနားစရာ သတ္တဝါတွေလို မြင်နေတဲ့ အမြင်တွေကို ဖျက်ပစ်ချင်တယ်။ဘာကြောင့် ဒီလို မြင်နေရလဲ။အဖေ တို့ ပိုင် တဲ့ မြန်မာပြည် ကို အုပ်ချုပ်နေတဲ့ သူတွေက အဖေတို့ ကို ကာကွယ်မပေး လို့ ဘဲ။ အမှန်အတိုင်း ပြောရရင် သားလေး လူ့ လောက ကို ဒီအခြေအနေတွေကြား ထဲ မရောက်လာစေချင် သေးဘူး သား။ အဖေရင် လေးနေတယ်။ ဒီမှာ သားအတွက် တိုးတက် မှူမရှိ ဘူး။ပညာရေး မရှိဘူး။အရေးရယ် အကြောင်းရယ် ကျန်းမာရေး ကိစ္စတွေ ဖြစ်လာရင် အသက်အန္တရယ် သိပ်နီးတယ် သား။ အခု တတိယ နိုင်ငံတွေကို ကူးပြောင်း သိပ်ခေတ်စားနေတယ်။ သားလေး အတွက် အဲ့ဒီ တတိယနိုင်ငံ တွေက သိပ်ကောင်းမှာ မှန်ပေမဲ့ အဖေရဲ့ အတ္တ လို့ ဘဲပြောရမလား သား။အဖေ မြန်မာပြည်ကြီး ကို လွမ်းနေတယ်။ဖြစ်နိုင်ရင် မြန်မာပြည်ကို ပြန်ချင်နေတယ်။
ဒါပေမဲ့ အဖေတို့ ပိုင်တဲ့ ချစ်စရာ အိမ်လေးကို ဘီလူး တစ်ကောင် ဝင်စီးသလိုမျိုး အိမ်လေးကို ပြန်ချင်ပေမဲ့ ဘီလူး ကြောက်နေရတယ်သား။နောက် နှစ် လ လောက်ဆိုရင် မင်းလဲ လူ့ လောက ကို ရောက်တော့မယ်၊အဆင်ပြေ ချောချောမွေ့ မွေ့  မွေးပါစေလို့ ဘဲ ဆုတောင်းနေရတယ်။တခုခု ချွတ်ချော်ခဲ့ ရင် ဆေးရုံကဝေးတယ် ကွ။အဲ့ဒါ အဖေ ပထမဆုံး ပူရတဲ့ အပူ။ဒုတိယကတော့ မင်း လူလောက ထဲရောက်လာရင် တခြားကလေး တွေနဲ့  တန်းတူ ထားနိုင်အောင် ကြိုးစားရမယ့် အဖေ့တာဝန်၊ နောက် သားလေး ကျောင်းနေတဲ့အရွယ်ရောက်လာရင် မှန်ကန်တဲ့ ပညာသင် မှု စနစ် ရှိ မရှိ ဆိုတဲ့ ပြဿနာ အိုး အများကြီးဘဲ သား။ အဖေ အလုပ် လုပ်နိုင် ပါတယ်၊ကြိုးစားချင် တဲ့ စိတ်လည်း ရှိ ပါတယ် ကွာ။ဒါပေမဲ့ ဒီဒုက္ခသည်စခန်း ထဲမှာ အကန့် အသတ်တွေ ရှိတယ်ကွ။အဖေ တို့ အလုပ် လုပ်လို့ မရဘူးလေ။နောက်ဆုံး ကြံရာ မရရင်တော့ သားလေးအတွက် တတိယနိုင်ငံ ကူးပြောင်းဖို့  စဉ်းစားကောင်းစဉ်းစား ရလိမ့်မယ် သား။ မြန်မာပြည် ရဲ့အဝေးဆုံး ကို ထွက်သွားရလိမ့်မယ်။အဲ့ဒီလို အဖေဆုံးဖြတ်ခဲ့ရင်တော့ သားဘက်က အဖေကို ကတိတခု ပေးရလိမ့်မယ်။ သိပ် မခက်ခဲ ပါဘူး သားရယ်၊ “သား ဟာ မြန်မာနိုင်ငံသား၊ မြန်မာပြည် ရဲ့ယဉ်ကျေးမှုတွေကို လေးစားတဲ့ ၊တို့  မြန်မာတွေရဲ့ တန်ဖိုးကို ထိမ်းသိမ်း တဲ့ လူတစ်ယောက် ဖြစ်ဖို့ ” ဒါပါဘဲ ။ သား လုပ်နိုင်တယ် မဟုတ်လား၊ သားလုပ်နိုင် မှာပါ။
ဟော…. မင်း အမေ က အဖေကို ပွစိ ပွစိ လုပ် နေပြီ…. သား တောင်းထား တဲ့ ကောက်ညှင်းပေါင်း နဲ့  ကြက်ကြော် ကိစ္စလေ။အဖေ ဝယ်ကျွေးပါ့မယ် သားရယ်၊ ပိုက်ဆံကတော့ မရှိဘူး ကွ။ဒါပေမဲ့ အဖေ နောက်ထုတ်မယ့် ရိက္ခာကို ကြိုရောင်းထား လိုက်မယ်။သားလေး စားချင်တာ စားရမှာပါ။ နောက်လ ကျရင်တော့ စားစရာမရှိတော့ဘူးကွ။ …ထားလိုက်ကွာ.. အဖေ ဒါတွေကြို မစဉ်းစားတော့ဘူး …နောက်တော့လည်း အဆင်ပြေသွားမှာပေါ့လေ… နော်….
ထိုင်းနိုင်ငံမြောက်ပိုင်ရှိ နို့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ဘ၀ကို တင်ပြထားခြင်းဖြစ်ပါသည်။
11/11/08
အား မှ ကမ္ဘာ ပတ်ရတာ
“ ဟရောင် …. ငါက အားမှ ကမ္ဘာပတ်လို့ရတာ….” ကျနော် ချက်ချင်းသဘောမပေါက်ဘူး။ ကျနော်က တိုးတိုးလေးပြောတယ်။ Shit မြင့်လှချည်လား….။ ဘယ်ဟုတ်မလဲ နောက်မှ သူက အားမှ အင်တာနက်ကို တက်လို့ရတာဆိုတာ သဘောပေါက်တယ်။ မသိရင်တော လေကြီးတယ်ပေါ့နော်….. စကားလုံးအသစ်ပါ…အထူးသဖြင့် ကျနော့်အတွက်ပါ။
ကျေးဇူးပါစံကွီးရေ……..။
သူ့ကို ကျနော်ရဲ့  ဘလော့ဂ်ကို ဖတ်ဖို့အတွက်ဖွင့်ခိုင်းတယ်။ သူကပြောတယ် ဖွင့်လို့မရဘူးတဲ့။ ကျနော်အခြား ဘလောဂ်တွေထပ်ပေးတယ်။ ကိုမိုးသီး၊ ကိုယောဟန်အောင်၊ ကိုဟန်လင်းထွန်း၊ ကိုဦးမသန္တာ စသဖြင့် ။ သူကပြောတယ်ဖွင့်မရဘူးတဲ့။ ဒါဆိုသေချာပြီ ပြည်ပမှာ လုပ်တဲ့ ဘလော့ဂ်တွေကို စောင့်ကြည့်ပိတ်နေပြီ။
ကြောက်လှချည်လားစောက်ရူးတွေရေ…………။
လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်
ကိုစိုး | နိုဝင်ဘာ ၁၀၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
| ကဗျာဆရာ စောဝေ | ဘလော့ဂါ နေဘုန်းလတ် |
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။
“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။
အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။
ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။
မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။
တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။
အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။
မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။
မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။
“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။
မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။
မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။
လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။ [Top]11/9/08
အကယ်၍များတော်လှန်ရေးအဖွဲ့အစည်းများအင်အားတောင့်တင်းအောင်လုပ်ချင်ရင်……
အထူးသဖြင့် ထိုင်မြန်မာနယ်စပ်ရှိအဖွဲ့အစည်များ
NCGUB, NCUB, FDB နှင့် DAB လို့ရေးရင် များသွားမယ် ထင်ပါတယ်။ အဖွဲ့လေးဖွဲ့မှာပါတဲ့ အင်အားစုတွေအားလုံးက အတူတူတွေပါဘဲ။ နာမည်ပဲလွဲသွားတယ်ထင်တယ်။ အကြံပေးတာ မဟုတ်ပါ။ စိတ်ကူးပေါက်လို့ရေးမိရေးရာရေးပါတယ်။ ရေးမဲ့အကြောင်းအရာက မိမိရဲဘော်တွေကို ပြန်လည်စုဆောင်း ခြင်း (သို့) ဖိတ်ခေါ်ခြင်းပါ။ အထူးသဖြင့်အင်အားတောင့်တင်းအောင် ပြန်စုတာပါ။ ဒီလုပ်ငန်းအတွက် ငွေမကုန်ပါဘူး။ စာရေးခြင်း(သို့) တယ်လီဖုန်းဆက်ရုံလောက်ပါဘဲ။
၈၈ နောက်ပိုင်းကစပြီး တတိယနိုင်ငံတွေကို တော်လှန်ရေးသမားတွေ အလုံးအရင်းနဲ့ ခိုလှုံခဲ့ကြတယ် ဆိုတာ အားလုံးအသိပါ။ သူတို့လဲရောက်ရာ အရပ်မှာ စိတ်ပါဝင်စားစွာ တော်လှန်ရေးလုပ်ကြပါတယ်။ ပညာသင်တဲ့သူတွေရှိသလို ငွေရှာတဲ့သူတွေလည်းပါပါတယ်။ နယ်စပ်မှာ ပြန်လည်အကျိုးပြုတဲ့သူရှိသလို တော်လှန်တဲ့သူတွေလည်းရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့စိတ်တွေထဲမှာ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေးမှုန်းချင်တဲ့စိတ်ကို အသိအမှတ်ပြုရပါ့မယ်။ တခါတလေ အချင်းချင်း မသင့်မြတ်တာကိုလွဲ ရင်ပေါ့။ ဗကပ ကော အခြားတိုင်းရင်းသားတော်လှန်ခဲ့ဘူးတဲ့ တော်လှန်သမားတွေအားလုံး(တတိယ) နိုင်ငံတွေနေကြတဲ့သူတွေကို တော်လှန်ရေးလုပ်ချင်လားမေးရင် တပြိုင်တည်း ဖြေပါမယ်။ ဟုတ်ကဲ့လို့။
ကြေငြာချက်များထုတ်တဲ့အခါ မိမိရဲဘော်တွေအတွက်၊ အဖွဲ့ဝင်တွေအတွက် ဦးတည်ပြီး ထုတ်တဲ့ကြေငြာ ချက်များမတွေ့ရပါ။ စစ်အစိုးရကိုတောင်းဆိုတဲ့ ကြေငြာချက်အများစုကိုသာတွေ့ရသည်။ စစ်အစိုးရ လုံးဝ ဂရုမစိုက်ပါ။ အဖွဲ့အစည်းအားလုံးထုတ်လာတဲ့ကြေငြာချက်တွေကိုစုမဲ့ဆိုရင် စာကြည့်တိုက်တတိုက်စာ မကပါဘူး။
စီးပွားရေးလုပ်ငန်းတွေမှာ Offer နှင့် Discount ပေးတာရှိပါတယ်။ ဒါမှ ၀ယ်လိုအားများလာမှာပါ။ ဒီလိုပဲ အဖွဲ့အစည်းတွေကလည်း ကိုယ့်ရဲ့ စားသုံးသူများကို Offer နှင့် Discount ပေးရပါ့မယ်။ ဆိုလိုချင်တာက မိမိကိုစိတ်ဝင်စားတဲ့သူတွေကို Offer နှင့် Discount ပေးရပါ့မယ်။ မိမိအဖွဲ့အစည်းမှာ အရင်တုန်းက တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ရဲဘော်တွေအားလုံးကို ဌာနချုပ်တွေကနေ Offer ပေးတဲ့စာတွေ၊ Discount ပေးတဲ့ စာတွေ တယ်လီဖုန်းတွေဆက်သွယ်မှ မိမိရဲဘော်တွေကလည်း သူတို့ကို သတိရပါလားဆိုပြီး တက်ကြွလာမှာပါ၊
ပြန်လည်စိတ်ဝင်စားလာအောင်လုပ်ဖို့ပါ။ အဖွဲ့အစည်းဝင်တွေအာလုံး(မှတ်တမ်းရှိသလောက်)၊ ပို့ပါ။ မရှိရင် စုဆောင်းပါ။ သူတို့စိတ်ဝင်စားလာအောင် ကမ်းလှမ်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကကမ်းလှမ်းမှ သူကလာမှာပါ။ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကိုအဲဒိအချိန်မှာမခွဲခြားပါနဲ့။ အရင်တုန်းက သမိုင်းကိုမေ့ထားပါ။ အင်းအားရဖို့အတွက်သာရည်ဇူးပါ။ နောက်မှ စုပြီးတိုင်ပင်ရင် အလုပ်ဖြစ်ပါတယ်။
အကြံရှိသလောက်ဆက်ရေးပါ့မယ်။ အထူးသဖြင့် မဆဲဖို့မေတ္တရပ်ခံပါတယ်။
11/8/08
မြန်မာပြည်က ဒေါ်လာ ၄ သန်းကျော် တန်သည့်ပတ္တမြားကြီး ပြန်မိပြီ

ဒီပတ္တမြားကြီးဟာ မြန်မာနိုင်ငံက လူငါးလောင်းပြိုင် သတ်မှုထဲကနေရရှိပြီး ဂျာမနီက ရတနာကုန်သည်တွေကို စစ်ဗိုလ်ချုပ်တွေ ရောင်းစား ခဲ့တာလို့သိရှိရပါတယ်။ ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာတွေကို ပြည်ပမှာ တရားမ၀င်ခိုးထုတ်ရောင်းစားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ် တွေဟာ အခုဆိုရင် ထားစရာငွေမရှိအောင် ချမ်းသားနေပါပြီ။ ဒီပတ္တမြားကြီးရဲ့ နာမည်ကို Pricess of Burma လို့အမည်ပေးထားပါတယ်။ မြန်မာပြည်သူတွေပိုင်တဲ့ ဒီပစ္စည်းကို တခြားလူမျိုးခြားတွေ လက်ထဲရောက်အောင် လုပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားကြပါစို့............
11/7/08
အိုဘယ့်ဒုက္ခသည်

‘ခင်ဗျားတို့ဒုက္ခသည်တွေကြောင့် ရိက္ခာမလောက်တာ’ ပြောပြန်လျှင်လည်း တကိုယ်ကောင်းစံရာကျမည်။ အဲလိုမဟုတ်ပြန်လျှင်လည်း ဘာအလုပ်အကိုင်မှမရှိဘဲ ထောက်ပံ့သော ရိက္ခာကိုသာ ထိုင်စားနေရသော ဒုက္ခသည်များအတွက်ဆိုရင်ကော ၎င်းပြဿနာကို အဘယ်သို့ဖြေရှင်းအံ့သနည်း။ အတော်ခေါင်းခြောက် စရာကောင်းသောကိစ္စဖြစ်သည်။
ရိက္ခာတင်ဘဲလားဆိုတော့ မဟုတ်ပြန်၊ နောက်ဆက်တွဲ ဂယက်များစွာကျန်သေးသည်။ UN မှချပေးသော အိမ်တွေ အကုန်လုံးအရောင်းအ၀ယ်ဖြစ်ကုန်သည်။တလောတုန်းက အိမ်ဈေးများ တလုံးကို ထိုင်းဘတ်ငွေ (၆၀၀၀) ကျော်သွားသည်။ ဒါတောင်လမ်းမတန်းကတဈေးဖြစ်သည်။ ဒုက္ခသည်ဆိုပါမှ အဘယ်မှာ အိမ်ဝယ် နိုင်မည်နည်း။ သို့ပေမဲ့ ၀ယ်နိုင်တဲ့သူတွေ ၀ယ်နေတော့ မ၀ယ်နိုင်တဲ့သူတွေက ကိုယ်တိုင်ဝါးခုတ်ပြီး အဖီလေးထိုးနေကြပေါ့။
ကျနော်တို့ဒုက္ခသည်စခန်းထဲစရောက်တော့ အလွန်ဂုဏ်ယူသည်။ မဲ့ဆောက်မှာ လက္ဘရည်တခွက် (၇) ဘတ်၊ နို့ဘိုးစခန်းမှာတော့ ဒုက္ခသည်များအနေနှင့် လက္ဘရည်တခွက် (၇) ဘတ် ဘယ်မှာ ၀ယ်သောက် နိုင်မည်နည်း။ ဒါ့ကြောင့် စခန်းထဲမှာ ရှိတဲ့လက္ဘရည်ဆိုင်တွေအားလုံး ဈေးနှုံးတပြေးညီသတ်မှတ်ပေးထား သည်။ လက္ဘရည်တခွက် သုံးဘတ်၊ အသုတ်တပွဲ ၅ ဘတ် ရှိသည်။ တလောက ဆိုင်တဆိုင်က လက္ဘရည်တခွက် (၄)ဘတ် လုပ်မိလို့ စခန်းတာဝန်ရှိသူတွေက သုံးဘတ်မရောင်းနိုင်လျှင် ဆိုင်မဖွင့်နဲ့ပြော လိုက်တာ တောင်းတောင်းပန်ပန်နဲ့ (၃) ဘတ်ပြန်ဖြစ်လိုက်ရတယ်။
မှန်တယ်လေ။ ဒုက္ခသည်တွေမှ အလုပ်လုပ်လို့မရတာ။ ဘယ်မှာဝင်ငွေရှိပါ့မလဲ။ မတန်တဆဈေးတင်ပြီး စီးပွားဖြင်ချင်လို့ဘယ်ရပါ့မလဲ။ ဒါပေမဲ့အခုတော့ လက္ဘရည်တခွက် (၅) ဘတ်၊ အသုတ်တပွဲ ၁၀-၂၀ ဘတ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ လက္ဘရည်တခွက် (၅) ဘတ်လဲ ၀ယ်သောက်နိုင်၊ အသုတ်တပွဲ ၁၀ ဘတ် လည်းဝယ်စားနိုင်ကြပြီကိုး။ ၀ယ်မစားနိုင်တဲ့သူကတော့ ငတ်ပေါ့။ အမှန်က ကုန်ဈေးနှုံးက မတက်ပါဘူး။ ၀ယ်လိုအားများလာတော့ ရောင်းလိုအားနည်း၊ ရောင်းလိုအားနည်းတော့ ဈေးတွေတက်တာပါဘဲ။ အဲဒိအချိန်မှာ လက္ဘရည်တခွက် (၅)ဘတ် ၀ယ်မသောက်နိုင်တဲ့သူတွေများကြည့် ဘယ်မှသူတို့ဈေးတက်ရဲ ပါ့မလဲ။
အဲဒါတွေကတော့ ကြွယ်ဝသောလူသစ်ရောက်ရှိမှုများ၏ နောက်ဆက်တွဲဂယက်တွေပါဘဲ။ သို့ဆိုလျှင် ၎င်းကဲ့သို့ ဒုက္ခသည်အသစ်များရောက် တစတစတိုးပွားလားခြင်းသည် မည်သည့်အကြောင်းကြောင့်များ နည်း။
ကျနော်သိသလောက်ဒုက္ခသည်
ဆက်ရန်………..
စားရေးသူ(စာရေးသူ)သည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ယောက် ဖြစ်ပါသည်။ အလုပ်မရှိလို့စာရေးပါသည် သူကပြောပါသည်။
11/5/08
အိုဘာမား (ကမ္ဘာ့နိုင်ငံရေးကို အပြောင်းအလဲလုပ်မည့်သူ)
ဒီနေ့ ပျင်းပျင်းရှိတာနဲ့ Channel 9 TV ကိုဖွင့်ကြည့်တော့ elentv ကလာတဲ့အစီအစဉ်ကို တွေ့တယ်။ အစီအစဉ်လေးက တော်တော့်ကိုပျော်စရာကောင်းတယ်။ ဟာသတွေနဲ့ပျော်စရာတွေကို ဖန်တီးထားတာပါ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက်ကို သီးသန့်ထုတ်လုပ်တဲ့ အစ်ီအစဉ်လေးပါပဲ၊ တချို့ ဟာသ လုပ်တဲ့ သူတွေ က ဘာ့ကြောင့် အိုဘာမားကိုကြိုက်လဲ ထောက်ခံလဲ လို့မေးတော့ အိုဘာမားက ငယ်တယ် မ၀ဘူး စတဲ့ ဟာသတွေနဲ့ သမ္မတ ကိုနောက်တယ်။ ဘာမှ လေးလေးပင်ပင် ကိုမတင်ဆက်ဘူး။
ကျနော်တို့တိုင်းပြည်နဲ့ အဖွဲ့အစည်းတွေမှာလည်း အဲလိုဖြစ်ရင် သိတ်ကောင်းမှာပဲ၊
အိုဘာမားကိုတော့ ထောက်ခံပါတယ်။ သူ့အနေနဲ့သမ္မတဖြစ်လာဖို့ကို အခက်အခဲတွေကို ပွဲဝင်ခဲ့ရတဲ့သူပါ။ သူအနေနဲ့နိုင်ငံရေးထဲ စရောက်တော့ လူဖြူတွေရဲ့ အနိုင်ကျင့်ခံရ၊ ခွက်ခွက်လန်ရှုံး စတဲ့ အတားအဆီးတွေနဲ့ပါ။ ဒါပေမဲ့ သူကဆက်လက်တိုက်ပွဲဝင်တယ်၊ နောက်ဆုံး ၂၀၀၄-ခုနှစ်မှာ အထက်လွတ်တော်အမတ်နေရာကို မဲအများဆုံးနဲ့တက်လာနိုင်ခဲ့ပါတယ်။ ဒီမိုကရက်ပါတီမှာတုံးကလည်း ဟေလာရီနဲ့ နိုင်တော့ သမ္မတဖြစ်ဖို့အတွက် ချရပြန်ရော။ ကမ္ဘာပေါ်မှာ လူဖြူတွေကြိးစိုးတာကို အိုဘာမားက အနိုင်ယူပြလိုက်တာပါ။ သူဟာကျနော်တို့ အားလုံးရဲ့သူရဲကောင်းပါ။
11/3/08
ကောင်းနေရင်ထိန်းပါ လုံချည် မဟုတ်
သူကျနော့်ကို အဲလိုမျိုးလုပ်မယ်လို့မမျှော်လင့်ဘူး။ ကျနော်မှားတာလား သူကောင်းနေတာလား။ အမှတ်တရ ရေးဖြစ်တာပါ။ စိတ်မကောင်းဖြစ်တာတခုပဲရှိပါတယ်။ အသက်အရွယ်ရလာရင် သည်းခံစိတ်နဲ့ မေတ္တာတရာက အခရာ ကြပါတယ်။ လူတိုင်းမှာ အဲလိုစိတ်မျိုးရှိရင် ဘယ်တော့မှ ရန်လိုတဲ့စိတ်နဲ့ ဒေါသကိုထိန်းချုပ်နိုင်တဲ့စိတ် ကင်းစင်မှာပါ။ သူ့မှာ တခုခုစိတ်ဆိုးရင် လက်က အမြဲပါတက်တော့ စိတ်ကြီးတယ်လို့ပြော ရမလား။ သူကစနေသားဆိုတော့ စိတ်ကြီး တာပေါ့။
ကျနော်ခွင့်လွတ်ပါတယ်။ အော်စီက အမြဲပူလောင်နေတဲ့ ဘ၀ပါ။ ကိုယ့်ယဉ်ကျေးမှုမှ မရှိတာ။ အထူးသဖြင့် တော်လှန် ရေးသမားတွေက အမိမြန်မာပြည်နဲ့ ဝေးတော့ လွတ်တယ်လို့ ထင်မိတယ်။ စွန့်လွတ်တယ်ဆိုတာ အဲဒါလည်း ပါတယ်။ ကျနော်တို့အားလုံး မြန်မာပြည်မှာ ပြန်ဆုံမိရင် ဘယ်လိုဖြစ်ကြမလဲ။ စိတ်ထဲရှိတာကိုရေးတာပါ။
အသက်အရွယ်ရလာရင် ဒေါသကိုထိန်းနိုင်ရပါမယ်။
စာရေးမကာင်းပါ။
10/31/08
တလ မြန်မာငွေကျပ် ၅၀၀၀၀ (ငါးသောင်း) ပေးမည်
10/30/08
ငြိမ်းအေးသောဘ၀ပိုင်ရှင်
လိုအပ်မှပြောတာပဲကောင်းပါတယ်။
လောလောဆယ်ပြောဖို့မလိုအပ်သေးရင်
တစက္ကန့်လေးပဲဖြစ်ဖြစ်၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ။
နောက်တနာရီမှပြောသင့်တဲ့စကား
နောက်တနာရီမှပြောပါ။သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့။
နောက်တရက်မှပြောသင့်တဲ့စကား
နောက်တရက်မှပြောပါ။မေ့သွားမှာ
စိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမှ အကျိုးမရှိ
သူ့အတွက်လည်းထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေရင်တောင်မှ လုံးဝမပြောပါနဲ့။
လုပ်ကြံပြီး ပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။
အရှင်ဆန္ဒာဓိက၏ ငြိမ်းအေးသောဘ၀ပိုင်ရှင်စာအုပ်မှ
10/29/08
နှစ် ၂၀ နှင့် ကျနော့်တော်လှန်ရေး
တချို့သည် မိသားစုအရေး ကို ဦးတည်သွားသည်။ တချို့သည် ဖောက်ပြန်သွားသည်။ တချို့သည်....
တချို့ရဲဘော်များသည် နှစ်ပေါင်း ၂၀ လုံး သောက်ရင်း တော်လှန်သည်။
ပွားရင်းတော်လှန်သည်။
ရေးရင်း တော်လှန်သည်။
ဝါးရင်းတော်လှန်သည်။
တချို့သည် စွန့်စွန့်စားစားတော်လှန်သည်။
မည်သည့်တော်လှန်ရေး လမ်းစဉ်မှန်ပါသနည်း။
ရေဒီယိုတဖက် နှင့် တော်လှန်သည်။
တတိယနိုင်ငံတွေ မှာတော်လှန်သည်။
တချို့သည် တော်လှန်ရင်းကျော် ပြန်သည်။
တချို့ သည် ငါ ဘယ်တုန်းက ဘာဖြစ်သည်ဟု ကိုယ့်အချင်းချင်းတော်လှန်သည်။
စသဖြင့်.............
10/22/08
ကျနော့်သားရိုက်တဲ့ဓာတ်ပုံများ

ဒီပုံကတော့ ထမင်းချက်ရင်း ဘီယာသောက်နေတဲ့ ပုံပါ။ ညနေဆောင်း အလုပ်ကအပြန် ထမင်းချက်နေတာပါ။

ဒီပုံတော့ သူ့ညီမ နဲ့ အမေ ကိုရိုက်ထားတာပါ။

ဒီပုံကတော့ သူတို့မောင်နှမ နှစ်ယောက်ကို ကျနော်ကိုယ်တိုင်ရိုက်ထားတာပါ။ သူတို့ကိုပြုံးခိုင်းတော့ အဲဒိအတိုင်း ပြုံးပြပါတယ်။ အနောက်က ခန့်ခန့်ငြားငြားပြုံးနေတာက ကမ္ဘာပေါ်မှာ အငယ်ဆုံးဓာတ်ပုံ ဆရာလေးပါပဲ။
ဓာတ်ပုံဆရာက အသက် (၄)နှစ်သားပါ။ တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံပါ။ အမှတ်တရ သိမ်းထား မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဖြစ်ပါတယ်။
10/19/08
အမျိုးသမီးခေါင်းဆောင်မှု့နှင့်လူ့ဘောင်သစ်
ABSDF တော့မသိဘူး။ ကိုမိုးသီးက ABSDF ကော၊ အပါတီမှာရော လုပ်ဖူးတော့ သိမှာပါ..........
10/16/08
ထိုင်းနဲ့ကမ္ဘောဒီးယားတော့ချပြီ








10/15/08
ကမ္ဘာပေါ်မှာ လာဘ်အစားဆုံးငါးနိုင်ငံ

၁) ဆိုမားလီးယား
၂) မြန်မာနိုင်ငံ
၃) အီရတ်
၎) ဟေတီ
၅)အာဖဂန် တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ပါတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်နေတာဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီသတင်းကိုတော့ မြန်မာ့အသံ၊ မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ တခမ်းတနား ဖော်ပြတာ မတွေ့ရပါဘူး။ ဒီ ၅-နိုင်ငံတွေဟာ ပြည်တွင်းစစ်နဲ့ အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံတွေပါပဲ......
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးကောင်စီ ရဲ့  လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဆိုတဲ့ဆောင်ပုဒ် ကြောင့် မြန်မာနိုင်ငံက ဒုတိယ လိုက်တာဖြစ်မယ်။
10/12/08
" ပါတီရဲ့ အရိပ်အောက်မှာ အားလုံး ဆုံတွေ့နိုင်ကြပါစေ"

ပါတီရဲ့ (၂၀) နှစ်ပြည့်မွေးနေ့မှာ ပါတီဝင်အားလုံး သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ရဲဘော် ဘုန်းကျော် (ခေတ္တ ၾသစေတ်းလ်)
10/11/08
သုံးစားလို့မရသည့်လူများ
ဘုန်းကြီးကျောင်းသွားတယ်။ လူတွေကမေးတယ်။ ကျောင်းတက်နေလား၊ အလုပ်လုပ်နေလား။ ပြန်ဖြေတယ်။ ဟုတ်တယ်။ ဘာဖြစ်လို့အိမ်မ၀ယ်သေးတာလဲ။ ပြန်ဖြေတယ် ကျနော့်ခလေးတွေကြီးလာရင် သူများတွေက မင်းတို့အဖေ ဘာလုပ်လဲလို့မေးရင် သူတို့ကို ကျနော့်အဖေ Factory Hand (စက်ရုံအလုပ်သမား) လုပ်တာလို့ မဖြေစေချင်လို့။
သူကထပ်ပြောတယ်။ ဒီနိုင်ငံမှာ ဘွဲ့ရလည်း အလုပ်မရနိုင်ဘူးတဲ့။ နောက်ပြီး ဒီကနိုင်ငံသားတွေတောင် စက်ရုံတွေမှာ ၀င်လုပ်နေသေးတာ။ ကျနော်ပြန်ဖြေတယ်။ ဟုတ်တယ် သုံးစားလို့မရတဲ့လူတွေပဲ လုပ်တယ်။
10/10/08
ပြည်တွင်းက အစိုးရ၀န်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း ဘ၀ ကွာခြားပုံ (ခေတ်လူငယ်ထဲကရသည်)
ယခင်ကအစိုးရ၀န်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်း အတော်ကွာခြားသည်။ယခုလဲကွာခြားမှုရှိနေဆဲ၊
ဝန်ထမ်းချင်းမှမတူပေပဲကွာခြားမှာပေါ့ဟုပြောနိုင်သည်။ကောင်းပြီဘယ်နေရာမှာကွာခြားမလဲဘာ
တွေကွာခြားသလဲ ကြည့်ရအောင်။
ယခင်လစာမှာအစိုးရ၀န်ထမ်းက အတော်နည်းသည်။ ကုမ္ပဏီဝန်ထမ်းက အောက်ခြေအဆင့်
မှာတောင် မြန်မာပိုင်ကုမ္ပဏီတွေမှာ တစ်သောင်းအနည်းဆုံးရပြီး နိုင်ငံခြားကုမ္ပဏီ၏ ၀န်ထမ်းပင်
လျှင် FEC 70 လောက်ရသည်။ အရာရှိလစာဆိုလျှင် မပြောနှင့်တော့။
ကုမ္ပဏီမန်နေဂျာတစ်ယောက် လစာအနည်းဆုံး ၄၀၀၀၀မှ ၁၅၀၀၀၀ ကျပ်ရှိသည်။ အရောင်း
ဖက်ဆိုင်ရာမန်နေဂျာဆိုလျှင် ရောင်းရငွေပေါ်မှာ အကျိုးအမြတ်ခံစားခွင့်ရှိသည်။ နှစ်စဉ် Annual
bonus ရသေးသည်။ နိုင်ငံခြားကုမ္ပဏီဆိုလျှင် မန်နေဂျာလစာ FEC 200 မှ အထက်ရှိသည်။
အစိုးရ အမှုထမ်း ညွှန်ကြားရေးမှူး Level ထက် (လစာ) များသည်ဟုဆိုနိုင်သည်။ သို့သော်
ကုမ္ပဏီဝန်ထမ်းတွေလစာအပြင် Bonus နှင့် ခိုင်ကြေးများကလွဲ၍တခြားဘာမှမရ။ သိပ်ကြီးသော
ကုမ္ပဏီကြီးတွေမှသာလစာအပြင်တခြားbenefitများရသည်။ဥပမာ Hand Phone ပေးထားသည်။
Transportation အတွက် ကားပေးထားသည်။ UN လိုအဖွဲ့အစည်း NGO မျိုးဆိုရင်နေစရာ အိမ်
Resident ပေးသည်။ မိသားစုရှိလျှင် ကလေးကို ကျောင်းထားပေး သည်။ အခမဲ့ ဆေးကုသခွင့်ရ
သည်။ တစ်နှစ်တစ်ကြိမ် Vacation အပန်းဖြေခရီးထွက်ခွင့်နှင့် စရိတ်ပေးသည်။ အစိုးရအရာရှိမှာ
လစာ(ယခင်က) နည်းသော်လည်း ရုံးကားရသည်။ ဆန်၊ ဆီ၊ သကြား(ယခင်က) ရသည်။ တခြား
အထောက်အပံ့များလည်းရသည့်အပြင်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ Benefit တွေများကြီးရှိသည်။
ရုံးချိန်မှာလည်း ၉း၀၀ နာရီမှ ၅း၀၀ နာရီအထိသာဖြစ်ပြီး စနေနေ့ ရုံးပိတ်သည်။ကုမ္ပဏီတွင်တိုင်း
ရင်းသားပိုင်အများစုသည်ဝန်ထမ်းများကိုအစိုးရလစာထက်အများကြီးပိုပေးရသည်ဆိုကာ အချိန်
ပိုဆင်းခိုင်းလေ့ရှိသည်။ အချို့ကုမ္ပဏီများ Overtime ပေးသည်။ အချို့မပေး။အလုပ်လျှောက်စဉ်
Interview ခေါ်စဉ်ကပြောသော ရုံးချိန် အပြင် အပိုဆောင်း ရုံးချိန်များဆင်းပေးရသည်။ အစိုးရရုံး
များ စနေနေ့ပိတ်သည်။ ပြင်ပပုဂ္ဂလိကကုမ္ပဏီများစနေနေ့ဝက်ဆင်းပေးရတာရှိသလို တစ်နေ့လုံး
မပိတ်သောကုမ္ပဏီလည်းရှိသည်။ ယခင်တုန်းက အစိုးရ ရုံးများ၊ တက္ကသိုလ် များစနေနေ့ဝက်ဖြစ်
သည်။ နောက်မှစနေတစ်နေ့လုံးပိတ်စနစ်ကို ကျင့်သုံးပါသည်။ ၁၉၂၀မတိုင်မှီကတည်းကရန်ကုန်
မြို့ရှိရိုးကုမ္ပဏီအစရှိသောကုမ္ပဏီကြီးများ(ကုန်တိုက်မပါ)စနေနေ့ဝက်ပိတ်သည်။နောက်ပိုင်းတစ်
နေ့ လုံးပိတ်သည်။
ယနေ့ခေတ် ပုဂ္ဂလိကများ ကတော့ အကြောင်းပြချက် (၂) ခုဖြင့် စနေဆင်းခိုင်းသည်။ နံပါတ်
(၁) အကြောင်းပြချက်မှာ သူတို့သည်အစိုးရရုံးများထက်ပိုအလုပ် များသောကြောင့်ဖြစ်၏။ နံပါတ်
(၂) အကြောင်းပြချက်ကားလစာပင်တည်း။
သူတို့ကအစိုးရလစာထက်အများကြီးများကြီးပိုပေးထား၍တန်အောင်ဆင်းခိုင်းသည့်သဘော
အကြောင်းပြ၏။ ယခုအစိုးရ၀န်ထမ်းလစာများ နိုင်ငံတော်၏ကြီးမားသော ဂုဏ်ကျေးဇူးကြောင့်အ
ဆများစွာတိုးတက်ရရှိကြလေပြီ။ထိုအခါနိုင်ငံတော်က၀န်ထမ်းများကိုလစာပိုပေးထားသည်၊ စနေ
နေ့ဆင်းကြဟု မပြောပါ။ စနေနေ့ အလုပ်ပိတ်ခြင်း၏ အကျိုးကျေးဇူး ကားနှစ်ဦးနှစ်ဖက်အတွက်
ကောင်းလှသည်။မြန်မာဗုဒ္ဓဘာသာသာသနာနိုင်ငံဝယ်လူအများအနေနှင့် သာရေးနာရေးလူမှုရေး
ကိစ္စအ၀၀ရှိကြလှပါသည်။စနေနေ့တွင်ထိုကိစ္စများကို လုပ်နိုင်သည့်အပြင် မိသားစု စည်းစည်းလုံး
လုံး နေထိုင်ခွင့်၊ မိဘဘိုးဘွားများထံသွားရောက်ဝတ်ကြီးဝတ်ငယ်ပြုခွင့်များရကြသည်။
နိုင်ငံတော်အတွက်ကား စနေနေ့ရုံးပိတ်သဖြင့် လမ်းပေါ်မှာကားကြပ်ခြင်း Traffic Jam နည်း
ပါးသွားသည်။ ရုံးအဆောက်အဦး၊ ပရိဘောဂ၊ စက်ကိရိယာနှင့် ရုံးသုံးပစ္စည်းများ တစ်ရက် ဆိုဆို
သလောက်နားခွင့်ရသည်။စနေ၊ တနင်္ဂနွေနှစ်ရက်စာစွမ်းအားချွေတာခွင့်၊ လောင်စာဆီချွေတာခွင့်
ရသည်။နိုင်ငံတော်အတွက်ရောလုပ်သားပြည်သူတွေအတွက်ပါအကျိုးရှိ၏အလွန်အရေးကြီးသော
အချိန်အခါမျိုး၊ အရေးကြီးသောကာလမျိုးမှာသာအမှန်တကယ်အလုပ်လုပ်ရမယ့်သူ၊တာဝန်ယူရ
မည့်သူများရုံးတက်ကြသည်။ အစည်းအဝေးထိုင်ကြသည်။ ညလုံပေါက်မိုးအလင်းအလုပ်လုပ်ကြ
သူ များလည်း အများအပြားပင်။ ပုဂ္ဂလိက ကုမ္ပဏီများကတော့ စနေနေ့မပိတ်သည့်အပြင်လိုအပ်
လျှင် လိုအပ်သလို အခြားရုံးပိတ်ရက်တွေမှာပါ ဆင်းပေးရလေ့ရှိသည်။ ထိုအခါမျိုး၌OVER TIME
ပေးသောကုမ္ပဏီ၊နေ့လည်စာကျွေးသောကုမ္ပဏီအချို့လည်းရှိပါသည်။ သို့သော်ဝန်ထမ်းအတွက်
တော့ပိတ်ရက်တစ်ရက်ကိုယ့်ဖက်ကပေးလိုက်ရတာအမှန်ပင်။ ထိုပိတ်ရက်မျိုးတွင် အိမ်ကရေတိုင်
ကီ ပြင်ချင်သူလည်းရှိသည်။ မိသားစုများမကျန်းမာ၍ပြုစုချင်သူ။ ဆေးခန်းပို့ချင်သူလည်းရှိသည်။
ဘုရားသွားကျောင်းတက်၊ အဓိဌာန်ဝင်၊ ပုတီးစိပ်၊ တရားထိုင်သူလည်းရှိသည်။ ကျောင်းတက်ချင်
သူ သင်တန်းတက်ချင်သူသင်တန်းတက်နေသူတွေလဲရှိသည်။ တကယ်အလုပ်များသော၊ စနေတ
ကယ်ဖွင့်ရန်လိုသော ကုမ္ပဏီများကိုတော့ဘာမှမပြောလို။ ရေးချင်သည်မှာအချို့ကုမ္ပဏီများစနေ
နေ့လာပါဆိုလို့သာလာကြရသည်။ဘာအလုပ်မှလည်းမယ်မယ်ရရမရှိ၊ ထိုင်ပြီးစကားပြောသူပြော၊
လက်ဖက်ရည်ဆိုင်သွားသူသွား၊ ဂျာနယ်ဖတ်သူဖတ်၊ ကွန်ပျူတာဖွင့်ပြီးဖဲကစားသူ၊VCD ဖွင့်သူက
ဖွင့် နေ့တ၀က်အချိန်ဖြုန်းပြီးပြန်သွားကြ။ ဘာမှအကျိုးမှမမြင်ပါ။ အလကားအချိန်တွေကုန်ဆုံးပြီး
လျှပ်စစ်မီးတွေ၊ လောင်စာဆီတွေ နေ့တ၀က်စာ၊ တစ်ရက်စာ ဓါတ်အား ကုန်သွား တာသာအဖတ်
တင်သည်။
ယခု နိုင်ငံတော်က ၀န်ထမ်းလစာ များမြှင့်တင် လိုက်ရာ ၀န်ထမ်းတွေ ၀မ်းသာကြည်နူး သာဓု
ခေါ် ကြကုန်သည်။ကြားရသူတိုင်းပင်ပီတိဖြစ်ကြ။မုဒိတာဖြစ်ကြရသည်။ ယခင်ကကုမ္ပဏီဝန်ထမ်း
သားသမီးရှိသူမိဘများရှေ့မှာအစိုးဝန်ထမ်းသားသမီးရှိသူကစကားရိုးရိုးပြောရာမှ “သမီးကဘယ်
မှာ ခုကလေ”ဟုအော်ကျယ်စွာဖြင့် ပြောနိုင်လာကြသည်။ ၀န်ထမ်းလောကမှ ကုမ္ပဏီလောက သို့
ပြောင်းရကောင်းနိုးနိုး စဉ်းစားနေသူတွေ မပြောင်းမိတာတော်သေးရဲ့ဟု သတ်ပြင်ချနိုင်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ယခုဧပြီလကုန်မှကျန်နိုင်ငံ့ဝန်ထမ်းလစာများအစများစွာတိုးမြှင့်ပြီ။ဝန်ထမ်း ဖြစ်
ရသည်မှာ ကောင်းလေစွ။ လစာလဲကောင်း။ စနေလဲဆင်းစရာမလို(မှတ်ချက်-ယခု လခများသော
ကြာနေ့ထုတ်ပေးမည်ဆိုပါကစနေရုံးပိတ်ရက်မှာ Shopping ထွက်လို့ရပြီ။Gazette Holiday တွေ
ဆိုခွင့်ပါယူပြီးကျိုက်ထီးရိုးဘုရားဖူးသွားမလား။ ပုဂံဘုရားများဖူးမလား။ ကုမ္ပဏီဝန်ထမ်းများရော
လစာလိုက်တိုးမလား။စဉ်းစားစရာဖြစ်သည်။ပိုပေးပြီးသားပေးစရာမလိုဟုဆိုချင်လည်းရပါသည်။
ပုဂ္ဂလိကမို့ သူ့အထွာနှင့်သူ့ဟာဟုလည်းစိတ်ဖြေနိုင်သည်။ ဘာပဲပြောပြော ကုမ္ပဏီဝန်ထမ်းအခွင့်
အရေးကား အစိုးရ၀န်ထမ်း နှင့် နှိုင်းယှဉ်လျှင်အတော်နည်းပါးသည်ဟုဆိုရမည်။သည်တော့တိုင်း
ရင်း သားပုဂ္ဂလိကကုမ္ပဏီများဘာလုပ်မလဲ။ လစာတိုးမလားစနေပိတ်မလား?
http://www.khitlunge.org.mm/blog/Default.aspx
10/9/08
စစ်အစိုးရကောင်းကြောင်းပြောရအောင်

ကျနော်နိုင်ငံရေးကိုစိတ်ဝင်စားတာဟာ လူ့ဘောင်သစ် ရောက်မှပါ။ ပါတီကနေ အထူးသဖြင့် ကိုထွဋ္ဋ် ဆီကနေ နိုင်ငံရေး သဘောတရား။ လူတန်းစားအကြောင်း စသဖြင့်ရမိတယ်။ နောက်ပိုင်း စိတ်ဝင်စားတော့ စာအုပ်အများကြီး မဟုတ်ဘူး တချို့ လျှောက်ဖတ်မိရင်း စဖြစ်တယ်။ အခုထိ အင်တာနက် သတင်းကို ဖတ်ရင်တောင် အများစု တော်လှန်ရေး ၀က်ဆိုက် နဲ့  ဘလော့တွေဖတ်ဖြစ်တယ်။ ဥပမာ ခေတ်ပြိုင်။ ဘီဘီစီ။ အာအက်ဖ်အေ။ ဒီဗွီဘီ။ရိုးမသုံး။ နောက် ကိုမိုးသီးဘလော့ဂ်။ အာဇာနည်။ ဒေါက်တာလွမ်းဆွေ စသဖြင့် နေ့တိုင်းလိုလို ဖတ်မိတယ်။
အရင်တုန်းက သတင်းနားထောင်ဖြစ်တယ်။ နောက်ပိုင်းအလုပ်နဲ့ကျောင်းနဲ့ ဆိုတော့ နားထောင်မဖြစ်ဘူး။ နိုင်ငံရေး ဆက်လုပ်ဖြစ်မှာ ဆိုးလို့။ အဲဒိသတင်းတွေနားထောင်ပြီးရင် စိတ်ဓာတ်တက်လာတယ်။ နောက်ပြီးခလေးလည်း (၂) ယောက်ဆိုတော့ မိသားစုဘက် ဦးစားပေးရအုံးမှာပဲ ဆိုပြီး ခဏ နားဖြစ်တယ်။ ဒါတောင်မရဘူး။ တခါတလေ ဘုန်းကြီးအရေး ဒို့အရေး စသဖြင့် ပွဲတွေမှာ အုပ်ပျော်လုပ်ဖြစ်သေးတယ်။ ဆရာဒေါက်တာမျိုးညွှန့် ကလည်း Perth မှာဆိုရင် သူက ထိပ်ဆုံးက ကြွတက်တယ်။ ဆရာ ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ ဆရာရေ မိသားစုအရေးကို ဦးစားပေးအုံးမယ်။အဲလိုမျိုး နိုင်ငံရေး ကိုစိတ်ဝင်စားမိတော့ အားမလိုအားမရ တာတွေရှိသလို။ လုပ်စားတာမြင်ရင် ဒေါသထွက်တာလည်းကြုံရတယ်။ ဒါနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်ဦးမယ်။
ပြည်ပမီဒီယာ နှင့် ပြည်တွင်းအင်အားစု
ကျနော်တို့ဘက်က မီဒီယာတော်တော်များများက ဘာ့ကြောင့်များ စစ်အစိုးရ ကောင်းကြောင်း။ တချို့ သော ဗိုလ်ချုပ်တွေ တော်ကြောင်း။ တိုင်းပြည်အပေါ်မှာ သဘောထားကောင်းကြောင်း မတင်ပြကြတာလည်း မသိဘူး။ တချိန်လုံးသတင်းတွေက Negative Sense တွေချည်းပဲတွေ့နေရတယ်။ ကျနော်တခါတလေစဉ်းစားမိတယ်။ သူတို့ (နအဖ)မှာရော ကောင်းတဲ့အကွက်တွေမရှိဘူးလား။ ရှိရင်မတင်ပြသင့်ဘူးလား။ ဥပမာ NLD ကော တိုင်းရင်းသားအင်အားစုတွေကော၊ ၈၈ ကျောင်းသားအင်အားစုတွေကော။ အားလုံးပေါ့ တချို့ စစ်အစိုးရ လုပ်ကွက်တွေကို ကောင်းတဲ့ဟာကိုကောင်းကြောင်း မပြောသင့်ဘူးလား။ ဒါမှမဟုတ် စစ်အစိုးရကော ကောင်းတဲ့ အရာတွေကို လုပ်တာမရှိလို့လား။ ကျနော်တော့ တခါတလေ တောင်တွေးမြောက်တွေးနဲ့ စဉ်းစားမိ တယ်။ စစ်အစိုးရလည်း သူတို့ပြောတဲ့ ပြည်ပအားကိုးတွေဟာ တခါတလေ ကောင်းကြောင်းမပြောသင့် ဘူးလား။အုပ်စု စာ
တခါတလေမီဒီယာမှာ Group Mail တွေမှာ တော်လှန်ရေးအင်အားစုက ဘယ်သူက ဘယ်လိုလုပ်စားပြန်ပြီ၊ ဘယ်သူက ဘယ်သူ့ကို…….. စသဖြင့် တော်လှန်သမားအချင်းချင်း ထောက်ပြဝေဖန် မကောင်းကြောင်း ပြောတာတော့တွေ့ရတယ်။ ကောင်းကြောင်းပြောတာလည်း ရှိတယ်။ ချီးမွန်းတာလည်း တွေ့ဘူးတယ်။ အဲလိုမျိုးကျနော်တို့အချင်းအချင်ကြားမှာ တောင်ရှိရင် ဘာ့ကြောင့်တခြားသူ (နအဖ) ကိုလည်း ကောင်းရင် ကောင်းကြောင်း။ မကောင်းရင် မကောင်းကြောင်း တင်ပြသင့်တယ်။ မီဒီယာတွေကိုပြောတာပါ။ နအဖ ဘက်က လိုက်ပြောတာမဟုတ်ဘူးနော်။ ကျနော်လည်း နအဖ ကိုချစ်ပါတယ်……ဟဲဟဲဟဲ။နိုင်ငံတကာဆုရှင်များနှင့် ကျနော်တို့ရဲ့ အကိုတော်ကြီးများ……..
ချီးမွန်းတာဆိုလို့စကားမစပ် ပြောရအုံးမယ်။ ဒေါ်စုဆိုရင် နိုင်ငံတကာက ပေးတဲ့ဆုတွေ တထောကြီး သူကတောင်သူများတွေကို ပြန်အမ်းရမဲ့ အနေအထား။ ကိုမင်းကိုနိုင်လဲရှိတယ်။ ကိုဇာဂနာလည်းရှိတယ်။ မစုစုနွေးလည်းပိုင်တယ်။ မခင်ဥမ္မာလည်းရတယ်။ ကိုအောင်မျိုးမင်းလည်း ရှိတယ်။စသဖြင့် စသဖြင့်။ ဘာ့ကြောင့်များ ကျနော်တို့အကိုကြီးများ၊ ခေါင်းဆောင်ကြီးများဖြစ်တဲ့ ကိုမိုးသီး။ အောင်သူငြိမ်း။ ကိုအောင်မိုးဇော်။ ကိုဝင်းနိုင်ဦး။ ကိုတွေစသဖြင့်…………….. သူတို့ကော မရသင့်ဘူးလား။ သူတို့ကကော မလုပ်လို့လား။ ဆုရချင်လို့ပြောတာမဟုတ်ဘူးနော်။ မေးခွန်း မေးဖြစ်တာပါ။ သူတို့လဲ ရသင့်တာပေါ့။ ရှိနေရင်း မသိလို့နော်။ဟိုရောက်ဒီရောက်-
ပြောချင်တာကိုပြောတာပါ။ ဘယ်ရောက်သွားလဲမသိဘူး။ အဲဟုတ်ပြီ ခေါင်းစဉ်က စစ်အစိုးရ ကောင်းကြောင်း ပြောရအောင်…………………ကျနော်ပြောချင်တာက စစ်အစိုးရလို့ပြောတဲ့ ဗိုလ်ချုပ်တစုလည်း ကောင်းတာလေးများရှိရင် ချီးမွန်း ပေးဖို့.......
မှတ်ချက်။ သောက်ရင်းရေးသည်
သြစတျေးလျရဲ့  အိမ်၊ ခြံမြေ ဈေးနှုံးနဲ့ ဘယ်လိုဝယ်ယူနိုင်သလဲ
မြန်မာတွေအများစုကတော့ ဒီလို အိမ်မျိုးတွေဝယ်ကြတယ်။ ခြံနဲ့ဝန်းနဲ့ဆိုတော့ မိသားစုအတွက်ကောင်းတယ်။အခုပေါက်ဈေးကတော့ ၃-သိန်းပါ။ပေါက်ဈေး
အခုဆိုရင် Perth မှာ အခန်းသုံးခန်း၊ ရေချိုးခန်းတစ်ခန်း နဲ့ အိမ်(ခြံအပါအ၀င်) ဆိုရင် ၃ သိန်းခွဲနဲ့ ၄ သိန်း ပတ်ဝန်းကျင်မှာရှိတယ်။ ၂၀၀၄-ခုနှစ်နောက်ပိုင်းကျမှ ဈေးခုန်တက်သွားတာ။ ဈေးတက်သွားတဲ့ အကြောင်း အရင်းနှစ်ခုအဓိက ရှိတယ်။ တခုက Mining Booming ကြောင့်ပဲ။ Perth က Western Australia မှာ ရှိတယ်။ WA က သြစတျေးလျမှာ Mine နဲ့ပက်သက်တဲ့အလုပ်ပေါ်တယ်။ လစာလည်းအရမ်းကောင်းတယ်။ Mine မှာ သာမန်အလုပ်သမားတစ်ယောက်တောင် တနှစ်ကို ဒေါ်လာ (၇၀၀၀၀) လောက် စားပြီးသောက်ပြီး ရတယ်။ ဒါ့ကြောင့်တခြားမျို့  ကလူတွေ အတော်များများပြောင်းလာတယ်။အိမ်ဝယ်ခြံဝယ်လုပ်တော့ ဈေးက အရမ်းကိုတက်သွားတယ်။ ၂၀၀၀-ခုနှစ်မှာ ရောက်တဲ့မြန်မာ မိသားစု ၀ယ်တုန်းက အိမ်တစ်လုံးကို ၁-သိန်းလောက်ပဲပေးရတဲ့ အိမ်ဟာ အခုဆို ၃-သိန်းခွဲဖြစ်နေတယ်။ နောက်တခု ဈေးတက်တဲ့ အကြောင်း အရင်းက Perth ကို Migrant တွေ Refugee တွေ တအား လှိမ့်ဝင်လာတော့ ၀ယ်လိုအားနဲ့ရောင်းလိုအား မမျှတဖြစ်လို့ပဲ။ အခုနောက်ပိုင်း သာမန်စက်ရုံအလုပ်သမားတွေဆိုရင်တောင် မ၀ယ်နိုင်တော့ဘူး။ ဒါပေမဲ့ နည်းလမ်းရှိတယ်။ ဘယ်လိုဝယ်ယူနိုင်သလဲဆိုတာ။နည်းလမ်းများ
အစိုးရက လုပ်တဲ့ အစီအစဉ်တွေရှိတယ်။ ဒီအစဉ်အစဉ်တွေကတော့ တနှစ်ကို အလုပ်သမားတစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၇-သောင်း အောက်ဖြစ်နေရင် အစိုးရ အိမ်ဝယ်ဖို့အတွက် ၄၀-ရာခိုင်နှုံး စိုက်ပေးတယ်။ အလုပ်သမားက ၆၀-ရာခိုင်နှုံး စိုက်ပေးရတယ်။ အိမ်ပိုင်ဖြစ်တာက အစိုးရက ၄၀-ရာခိုင်နှုံး၊ ၀ယ်သူက ၆၀-ရာခိုင်နှုံး။ ဒီလိုနဲ့ဝယ်ကြတဲ့ မြန်မာတွေ တဖြည်းဖြည်းများလာတယ်။ ၀ယ်ယူဖို့ စပေါ်ငွေကတော့  ဒေါ်လာ ၅၀၀၀ ဘဏ်ထဲမှာရှိရင်ရတယ်။ ၀ယ်မယ်ဆိုရင် အလုပ်က Full Time Permanent ဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်မှာ အနည်းဆုံး (၆) လ ဆက်တိုက်လုပ်နေသူဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်က ဈေးဆိုင်သေးသေးလေးမှာ ဆိုရင် Reputation နဲ့ Credibility မရှိတော့ ၀ယ်လို့မရနိုင်ဘူး။ Company ကြီးကြီးတွေမှာ လုပ်ရင် ရတယ်။ တနှစ်ကို ဒေါ်လာ ၇၀၀၀၀ အထက်ဆိုရင်တော့ ၁၀၀-ရာခိုင်နှုံးအိမ်ပိုင်ဖြစ်ပြီ။
Perth မှာနေတဲ့ မြန်မာလူမျိုးတွေအများစု နေထိုင်တဲ့အိမ်တလုံးပါ။ အခုပေါက်ဈေးက ဒေါ်လာ သုံးသိန်းပါ။
ဘယ်လိုဝယ်ယူနိုင်သလဲဘဏ်မှာ ပိုက်ဆံချေးရတယ်။ အိမ်ဝယ်ဖို့အတွက် ပိုက်ဆံချေးချင်တဲ့ ဘဏ်တွေ အများကြီး။ လက်ထဲမှာ စပေါ် တစ်သောင်းလောက်ရှိရင်ရတယ်။သြော်စီနိုင်ငံသား၊ မဖြစ်ရင်တောင် Permanent Resident ဖြစ်ဖို့တော့ လိုတယ်။ ပြန်ဆပ်တဲ့အခါ ၂၅-နှစ်နဲ့ (၃၀) နှစ် ပြန်ဆပ်ရတယ်။ တလကို ချေးငွေပေါ်မှုတည်ပြီး ပြန်ဆပ်ရတယ်။ ဥပမာ ဒေါ်လာ ၃-သိန်းချေးတဲ့သူဟာ တလကို ၂၁၀၀ လောက်ဆပ်ရမယ်။ စက်ရုံမှာ လုပ်တဲ့သူ တစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၂၅၀၀ ပတ်ဝန်းကျင်မှာရှိတယ်။ အခွန်ပေးပြီးရတဲ့ငွေနော်။ ဒီငွေက လစာကောင်း တယ်လို့ပြောနိုင်တယ်။ ၂၁၀၀-ပေးလိုက်ရင် ၄၀၀ နဲ့ကိုယ်မိသားစုမကျွေးနိုင်ဘူး။ အဲလိုမျိုးဆိုရင် ဘဏ်ကလည်း ငွေမချေးဘူး။ လင်မယားနဲ့လုပ်ရင်တော့ ၀ယ်နိုင်တာပေါ့။ တစ်ယောက်ရဲ့ လစာကို အိမ်ဖိုးနဲ့ စားဖို့ပေးယုံးပဲ။ တစ်ယောက်ကတော့စုပေါ့။ အိမ်ထောင်သည်နဲ့ခလေးရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူး။ အခုနောက်ပိုင်း ဈေးတွေတဖြည်းဖြည်းကျလာတယ်။ ၃သောင်းလောက်ထိကျသွားတယ်။ စိတ်ထင်တာ့ ၀ယ်လိုအား နည်းလာလို့ ဖြစ်မယ်။အိမ်ပွဲစားများ
မြန်မာလူမျိုးတွေရှိတယ်။ သူတို့နဲ့ဆိုပိုစိတ်ချရတယ်။ တခြားလူမျိုးတွေကြတော့ စကားပြောတာကအစ ဂရိုစိုက်ရတယ်။ လိမ်နိုင်တယ်။အိမ်သုံးလေးလုံး ၀ယ်ယူထားသူများ
တချို့ မြန်မာတွေ အိမ် နှစ်လုံး သုံးလုံးပိုင်တယ်။ တစ်လုံးနေပြီး ကျန်တဲ့အလုံးတွေကို ငှားစားတယ်။ သူတို့ကျတော့ ဈေးပေါတဲ့အချိန် ၀ယ်ထားတာဆိုတော့ အဆင်ပြေတယ်။လက်ငင်းပေး ၀ယ်သူများ
တချို့ မြန်မာ ပိုက်ဆံရှိသူတွေဟာ အိမ် ၄ သိန်း ငါးသိန်းတန် ကို လက်ငင်းပေးဝယ်ကြတယ်။ ငွေတွေ ဘယ်ကရလမသိဘူး။ တွင်းများရှိလား။ သာမန် လူတွေကြတော့ လက်ငင်းပေးဖို့နေနေသာ အလုပ်ရှိတာတောင် မ၀ယ်နိုင်ဘူး။ သြောစီမှာ ဆိုးတာက မြန်မာနိုင်ငံမှာလို ပျဉ်ထောင်အိမ်၊တဲအိမ် တွေနဲ့ ကိုယ့်မှာ ရှိတဲ့ငွေပေါ်မှုတည်ပြီး နေလို့မရဘူး။ အားလုံးက သူတို့တူးတားတဲ့ တွင်းထဲကို ခုန်ချလိုက်ဖို့ပဲ။ အားလုံးနီးဟာ တတန်းတည်း လိုဖြစ်နေတယ်။ အိမ်ရှိတယ်။ ကားရှိတယ်။ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီးဘူး၊ အထင်လဲမသေးဘူး။ အားလုံးနီးပါးဟာ အကြွေးတွေနဲ့ လုံးပါး ပါးနေကြတယ်။ ပိုက်ဆံ သုံးသိန်းချေးရင် ဆပ်ရမှာက ၆-သိန်းဆိုတော့ ငွေရှိတဲ့သူတွေကို လုပ်ကျွေးနေရသလိုပဲ။ Public House နဲ့ နေကြသူများသူတို့ကတော့ အကျွေးကင်းပြီး၊ စိတ်ချမ်းသာသူများ၊ သက်သာတဲ့သူများလို့ခေါ်နိုင်တယ်။ အစိုးရ အိမ်မှာ နေတယ်။ အစိုးရ ထောက်ပံ့တဲ့ ငွေနဲ့ရပ်တည်တယ်။ အိမ်လခပေးရတော့လည်း နည်းနည်းပဲပေးရတယ်။ တပတ်ကို ၇၅-ဒေါ်လာပတ်ဝန်းကျင်လောက်ပဲ။ ဘယ်လိုလူမျိုးတွေနေရလဲဆိုတော့ ပင်စင်စားသူတွေ။ မသန်မစွမ်းတွေ။ ယောက်ျားမရှိခလေးတွေတပြုံကြီးနဲ့ စတဲ့သူတွေပါ။ အစိုးရ အိမ်လျှောက်မယ်ဆိုရင် အနည်းဆုံးလေးနှစ်ကြာနိုင်တယ်။
Web တွေကတော့-၂။ www.homebuyer.com.au/
၃။ http://www.hsbc.com.au/1/2/personal/home-loans အိမ်ဝယ်ဖို့အတွက် ငွေချေးမယ်ဆိုရင် ဒ်ီဘဏ်က အကောင်းဆုံးပါ။
10/8/08
မိမိကိုယ်ကို စဉ်းစားခြင်း
တနေ့တနေ့ အိပ်တယ်။စားတယ်။ သွားတယ်။ အလုပ်လုပ်တယ်။ မိုးချုပ်တယ်။ မိုးလင်းတယ်။ ဒါနဲ့ပဲ အချိန်တွေကုန်သွားတယ် ငါဘာလဲ ။ ငါဘယ်လဲ။ ငါ့ယဉ်ကျေးမှုလဲ မတွေ့ရဘူး။ ငါ့စကားလဲ မပြောရဘူး။ TV ဖွင့်တယ်။ အဖြူစကား နားထောင်ရတယ်။ Radio ဖွင့်တယ် သူတို့စကားပဲ ကြားရတယ်။ ဘဏ်သွားတယ်။ သူတို့စကားပဲပြောရတယ်။ စိတ်ညစ်တယ်။ ငါဘာလုပ်မှာလဲ။ Bill ပေးတယ်။ အိမ်လခပေးတယ်။ အလုပ်လုပ်ရတဲ့ငွေတွေ စားတယ်။ ပေးတယ်။ ဘာလဲ့ကွ ဘ၀………..
10/7/08
မြန်မာနိုင်ငံရဲ့  ပထမဆုံး အောင်မြင်သော မိုးကျရွှေကိုယ်(မြန်မာ အပြာဆိုက် )

မြန်မာ အပြာဆိုက်။ http://moekyashweko.ning.com/
ကြော်ငြာတာမဟုတ်။ မြန်မာလူ့အဖွဲ့အစည်းမှာ ဘောင်းဘီတို နဲ့ စကတ်ဝတ်ရင်တောင် ကဲ့ရဲ့ ချင်တဲ့သူ ခပ်များများ။ ကြိုက်တော့ကြိုက်တယ်။ လူသိမခံချင်ကြတဲ့သူတွေလဲရှိတယ်။ ဒါကို မိုးကျရွှေကိုယ် ချိုးဖောက်ဖို့အတွက် တီထွင်တယ်။ မိုးကျရွှေကိုယ် လို့ပြောရင် မြန်မာလူငယ်တွေနဲ့ မြန်မာတွေကို နှစ်သက်သူတိုင်း သိတယ်။ မြန်မာလူကြီးတွေလည်းစိတ်ဝင်စားတယ်။ မကြိုက်ချင်ရောင်ဆောင်တဲ့ သူက လွဲရင်ပေါ့။ သဘာဝတရားကို ဆန့်ကျင်လို့မှ မရတာ မဟုတ်ဘူးလား။ တလ နှစ်လ အတွင်းမှာ အသုံးပြုသူပေါင်းဟာ ကိုမိုးသီး ဘလော်ဂ်ထပ်များတယ်။ ကျနော်တို့အားလုံး အားပေးရမယ်။
နိုင်ငံတကာမှာ ရှိတယ်။ မြန်မာပြည်မှာလည်း ရှိသင့်တယ်။ အပန်းဖြေစရာပေါ့ဗျာ။ ထောက်ခံပါတယ် မိုးကျရွှေကိုယ်ရေ.............။
ဘယ်တော့မှ တပ်မတော်သားတွေကို အားမကိုးနဲ့ 
စစ်သားတဲ့။ တိုင်းပြည်ကောင်းစားဖို့ ။ တနည်း မြန်မာပြည်သူတွေကောင်းစားဖို့။ ဘယ်တော့မှ စစ်သား တွေကိုအား မကိုးနဲ့။ ရှိတော့ရှိတယ်။ လက်ချိုးရေလို့ရတယ်။ အောက်ခြေက စစ်သား ဒီလောက်ငတ်နေတာ တော်လှန်ဖို့ဆိုတာ ဝေလာဝေး။ ဘီအီးနဲ့ နှစ်ပါးသွား နေရတာ။ ဘယ်တော့မှ တပ်မတော်သား တွေကို သူတို့ရဲ့  ခေါင်းဆောင် တွေကို တော်လှန်ဖို့မပြောနဲ့။ မောသွားမယ်။
အဓိက ဘယ်သူသတ်ရဲလဲ။ သေရဲလဲ။ ဘာမှ ယူအန်တို့။ အီးယူတို့ အာဆီယံတို့။ ဒိုင်ယာလော့ဂ်တို့ မရဘူး။ နွားအဖွဲ့ တခုလုံး ကြောက်သွားအောင် လုပ်ဖို့ပဲ။ တနည်းဘဲရှိတယ်။ စွမ်းအားမြှင့်လိုမျိုး ချသာချ။
ဦးမင်းကြည်(ခ) စံပြုထိုက်သူ
စံထိုက်တဲ့အကြောင်း........ကတော့ အသောက်အစားကင်းတယ်။ ဗဟုသုတ ပြည့်စုံတယ်။ မသိရင် Wikipedia လားပဲ။ ကြိုက်တဲ့ အကြောင်းအရာမေး အကုန်နီးပါးပြောနိုင်တယ်။ မနက်မိုးလင်းကနေ မိုးချုပ်ထိ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ဟာသ ပညာလည်းတက်တယ်။ တော်လှန်ရေးအပေါ်မှာ သစ္စာရှိသူ။ သူများအပေါ် အပြုသဘောပဲ ဆောင်တယ်။ သူများမကောင်းကြောင်းမပြောဘူး။ ငွေရေးကြေးရေး ဖောက်ပြန်မှု၊ မက်မောမှုကင်းသူ။ သူများတွေ ငွေကြေးကြောင့် ပြဿနာတက်နေချိန် သူ ဂရုမစိုက်တက်သူ။ အင်္ဂလိပ်စာနဲ့စကားလည်း နိုင်ငံခြားမှာ ဘွဲ့တွေ အများကြီးရထားတဲ့သူတွေထက်သာတယ်။
သူ့ဘ၀ကလည်း အတုယူဖွယ်အားကြဖွယ်ကောင်းတယ်။ လူငယ်တွေနဲ့စကားပြောမိရင် လူငယ်တိုင်းက သူ့ရဲ့  စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုကို အတုခိုးတယ်။ သူ့ကြောင့် နိုင်ငံတကာရှိ ကျောင်းတွေမှာ တက်နေတဲ့လူငယ် တွေအများကြီး။ နောင်တချိန်တိုင်းပြည်တည်ထောင်တဲ့အခါမှာ အဲလို လူမျိုးတွေ ဟာ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်လို့ယုံကြည်ရတယ်။
ဦးမင်းကြည်နေကောင်းပါစေ။ ချစ်သော သမီးတွေနှင့်အမြဲအတူနေနိုင်ပါစေ။
10/5/08
ကိုအောင်ကို
အခုလားအမေရိကားမှာ။ လေ့လားရေးလုပ်နေတယ်။ သူ့လေ့လားရေးကကြမ်းတယ်။မြန်မာပြည်သူတွေ ဟာ သူ့ရဲ့သားသမီးတွေလိုပဲ သဘောထားတဲ့လူ။
တော်လှန်ရေးမှာ ခေါင်းဆောင်လုပ်တဲ့သူတိုင်းဟာ နောက်လိုက်တွေကို မပြောသင့်တဲ့ဟာကို မပြောဘူး။ သူကတော့ တမျိုး ပြောတယ်။ တော်တော်ထူးခြားတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက ပြောသင့်တယ်လို့ထင်တယ်။
ကျနော်သူ့ကိုယုံတယ်။ သူမညာဘူး။
ရဲဘော်ဘုန်းကျော်
ဗိုလ်ချုပ်မောင်အေးနှင့် ရွှေမန်း အာဏာသိမ်ြး့ပီ
အသေးစိတ်ကိုစုံးစမ်းလျှက်-
စစ်သားတစ်ဦး (ပင်မခဲယမ်းမီးကျောက်တပ်)
10/3/08
ဗိုလ်သန်းရွှေသေတော့မည်
မြန်မာစစ်အာဏာရှင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ရုတ်တရက် ကျန်းမာရေးအခြေအနေ
ဆိုးဝါးလာသဖြင့်၊ အရေးပေါ် ဆေးကုသမှုခံယူရန်၊ မနက်ဖြန် (၃-၁၀-၂၀၀၈၊ သောကြာနေ့)တွင်
နေပြည်တော်မှရန်ကုန်မြို့ သို့ရောက်ရှိ၊ ညအိပ်ရပ်နားပြီး၊ (၄-၁၀-၂၀၀၈၊ စနေနေ့) နံနက်ပိုင်းတွင်
အထူးလေယာဉ်ဖြင့်၊စကာင်္ပူနိုင်ငံသို့ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း၊
နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော၊ အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။ (သတင်းအတည်ပြုချက်၊
ရရှိရန်၊ ဆက်လက်စုံစမ်းလျှက် ရှိပါသည်။)
သူရဲကောင်း။
immediate medical treatment in Singapore.
It was learnt from Nay-Pyi-Taw inner
sources that Sr.Gen.Than Shwe was serious
ill and arranging for further medical
treatment in Singapore. He will arrive from
Nay-Pyi-Taw to Yangon tomorrow
(3/10/2008) and then to Singapore Saturday
(4/10/2008) as tentatively planned. Probably
his condition is quite serious that he can’t go
straight to Singapore but stopover in Yangon for a while.
Reported by Thu Ye Kaung
10/2/08
စစ်အစိုးရနှိပ်စက်လို့ထွက်လာသူများအုပ်စု
သြော်စီကိုလာချင်ရင် ဒီအုပ်စုက ငွေသိပ်မကုန်ဘူး။ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ၀င်နေ။ သြော်စီမှာရှိတဲ့ သူငယ်ချင်း၊ ဆွေမျိုးနဲ့ စပွန်စာပေးတဲ့အဖွဲ့တွေဆီကနေ စပွန်စာရရင် သြော်စီသံရုံးမှာ လျှောက်ရတယ်။ အနည်းဆုံး တနှစ်စောင့်ရတယ်။ အင်းတာဗျူး၊ဆေးစစ်။ အောင်ရင် သြော်စီကိုရောက်တယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာဆိုရင် စခန်းအထိအရောက်ပို့ပေးတဲ့ လူပွဲစားဂိုဏ်းတွေ တောင်ရှိ တယ်။ စခန်းတွေမှာ လူလျှော့သွားတယ်ဆိုတာမရှိဘူး။ နောက်ဆိုမြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ခွေးတွေပဲ ခြံစောင့် ဖြစ်နေမယ့်ပုံပဲ။
ဒီနည်းနဲ့သြော်စီမှာရောက်နေတာ လူတွေက သောင်းဂဏန်း မကဘူး။ ဒါတင်မကဘူး မလေးရှားနဲ့အိန္ဒိယကနေ ချင်းလူမျိုး၊ တွေ လည်း အဲဒိလမ်းကြောင်းကနေ လာကြတယ်။ အဲဒိက ယူအန် UNHCR လျှောက်၊ စပွန်စာပေး တဲ့သူရှိရင် အလွယ်တကူရောက်တယ်။ နာမည်ကတော့ ဒုက္ခသည်ပေါ့။ တချို့ မြန်မာပြည်အလယ်ပိုင်း မကွေး၊ ရန်ကုန်စတဲ့ မြို့ တွေကနေတောင် စခန်းထဲမ၀င်ဘဲ၊ အင်တာဗျူးရှိခါနီးမှ လာကြတယ်။ ရောက်တဲ့သူလည်း ရောက်တယ်။
ဆက်ရန်...................
ကျွမ်းကျင်လုပ်သားအုပ်စုအကြောင်းဆက်ရေးပါ့မယ်။







