To KHAG from SH
Future Prospect (Burmese Version)

“Atlantic had been involved in pearl farming in Burma -- that must have seemed like a great idea at the time -- but ended up in administration. The mess was sorted out by bringing in a new board and handing over the pearl operations to the former main shareholder in return for $9 million in debt owing to him being written off, with Atlantic retaining an off-take deal for pearls.
Apart from the obvious drawbacks of trying to do anything in Burma, it has been hard to get skilled workers because no one can compete with the oil and gas explorers when it comes to wages. In addition, growing pearls requires a lot of running about in boats and diesel costs have soared. Then there is the problem that sales of pearls in Japan have plummeted.
Atlantic has been recapitalised with a new board under Perth businessman John Hannaford, who also sits around the directors' table of two juniors with US energy plays -- oil explorer Emerald Oil & Gas (EMR) and coal play Bathurst Resources (BTU).”
Marie Bout
WA Media Officer for
Senator Scott Ludlam and Senator Rachel Siewert
Australian Greens Senators for Western Australia
Mobile: 0405399164
Tel: 08 9225 5799 | Fax: 08 9225 5599

ဒီလိုဗူးတွေနဲ့ မျှစ်တွေကို ၀ယ်စားပါတယ်
Australia နိုင်ငံ Perth မြို့ ဆင်ခြေဖုံးက ဗီယမ်နမ်ဆိုင်
ကိုစိုး | နိုဝင်ဘာ ၁၀၊ ၂၀၀၈
စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
| ကဗျာဆရာ စောဝေ | ဘလော့ဂါ နေဘုန်းလတ် |
ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။
“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။
အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။
ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။
မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။
တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။
အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။
မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။
မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။
“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။
မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။
မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။
လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။ [Top]















ကျနော်နိုင်ငံရေးကိုစိတ်ဝင်စားတာဟာ လူ့ဘောင်သစ် ရောက်မှပါ။ ပါတီကနေ အထူးသဖြင့် ကိုထွဋ္ဋ် ဆီကနေ နိုင်ငံရေး သဘောတရား။ လူတန်းစားအကြောင်း စသဖြင့်ရမိတယ်။ နောက်ပိုင်း စိတ်ဝင်စားတော့ စာအုပ်အများကြီး မဟုတ်ဘူး တချို့ လျှောက်ဖတ်မိရင်း စဖြစ်တယ်။ အခုထိ အင်တာနက် သတင်းကို ဖတ်ရင်တောင် အများစု တော်လှန်ရေး ၀က်ဆိုက် နဲ့  ဘလော့တွေဖတ်ဖြစ်တယ်။ ဥပမာ ခေတ်ပြိုင်။ ဘီဘီစီ။ အာအက်ဖ်အေ။ ဒီဗွီဘီ။ရိုးမသုံး။ နောက် ကိုမိုးသီးဘလော့ဂ်။ အာဇာနည်။ ဒေါက်တာလွမ်းဆွေ စသဖြင့် နေ့တိုင်းလိုလို ဖတ်မိတယ်။
အရင်တုန်းက သတင်းနားထောင်ဖြစ်တယ်။ နောက်ပိုင်းအလုပ်နဲ့ကျောင်းနဲ့ ဆိုတော့ နားထောင်မဖြစ်ဘူး။ နိုင်ငံရေး ဆက်လုပ်ဖြစ်မှာ ဆိုးလို့။ အဲဒိသတင်းတွေနားထောင်ပြီးရင် စိတ်ဓာတ်တက်လာတယ်။ နောက်ပြီးခလေးလည်း (၂) ယောက်ဆိုတော့ မိသားစုဘက် ဦးစားပေးရအုံးမှာပဲ ဆိုပြီး ခဏ နားဖြစ်တယ်။ ဒါတောင်မရဘူး။ တခါတလေ ဘုန်းကြီးအရေး ဒို့အရေး စသဖြင့် ပွဲတွေမှာ အုပ်ပျော်လုပ်ဖြစ်သေးတယ်။ ဆရာဒေါက်တာမျိုးညွှန့် ကလည်း Perth မှာဆိုရင် သူက ထိပ်ဆုံးက ကြွတက်တယ်။ ဆရာ ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ ဆရာရေ မိသားစုအရေးကို ဦးစားပေးအုံးမယ်။အဲလိုမျိုး နိုင်ငံရေး ကိုစိတ်ဝင်စားမိတော့ အားမလိုအားမရ တာတွေရှိသလို။ လုပ်စားတာမြင်ရင် ဒေါသထွက်တာလည်းကြုံရတယ်။ ဒါနဲ့ပဲ နိုင်ငံရေးကို ဆက်လုပ်ဦးမယ်။
ပြည်ပမီဒီယာ နှင့် ပြည်တွင်းအင်အားစု
ကျနော်တို့ဘက်က မီဒီယာတော်တော်များများက ဘာ့ကြောင့်များ စစ်အစိုးရ ကောင်းကြောင်း။ တချို့ သော ဗိုလ်ချုပ်တွေ တော်ကြောင်း။ တိုင်းပြည်အပေါ်မှာ သဘောထားကောင်းကြောင်း မတင်ပြကြတာလည်း မသိဘူး။ တချိန်လုံးသတင်းတွေက Negative Sense တွေချည်းပဲတွေ့နေရတယ်။ ကျနော်တခါတလေစဉ်းစားမိတယ်။ သူတို့ (နအဖ)မှာရော ကောင်းတဲ့အကွက်တွေမရှိဘူးလား။ ရှိရင်မတင်ပြသင့်ဘူးလား။ ဥပမာ NLD ကော တိုင်းရင်းသားအင်အားစုတွေကော၊ ၈၈ ကျောင်းသားအင်အားစုတွေကော။ အားလုံးပေါ့ တချို့ စစ်အစိုးရ လုပ်ကွက်တွေကို ကောင်းတဲ့ဟာကိုကောင်းကြောင်း မပြောသင့်ဘူးလား။ ဒါမှမဟုတ် စစ်အစိုးရကော ကောင်းတဲ့ အရာတွေကို လုပ်တာမရှိလို့လား။ ကျနော်တော့ တခါတလေ တောင်တွေးမြောက်တွေးနဲ့ စဉ်းစားမိ တယ်။ စစ်အစိုးရလည်း သူတို့ပြောတဲ့ ပြည်ပအားကိုးတွေဟာ တခါတလေ ကောင်းကြောင်းမပြောသင့် ဘူးလား။အုပ်စု စာ
တခါတလေမီဒီယာမှာ Group Mail တွေမှာ တော်လှန်ရေးအင်အားစုက ဘယ်သူက ဘယ်လိုလုပ်စားပြန်ပြီ၊ ဘယ်သူက ဘယ်သူ့ကို…….. စသဖြင့် တော်လှန်သမားအချင်းချင်း ထောက်ပြဝေဖန် မကောင်းကြောင်း ပြောတာတော့တွေ့ရတယ်။ ကောင်းကြောင်းပြောတာလည်း ရှိတယ်။ ချီးမွန်းတာလည်း တွေ့ဘူးတယ်။ အဲလိုမျိုးကျနော်တို့အချင်းအချင်ကြားမှာ တောင်ရှိရင် ဘာ့ကြောင့်တခြားသူ (နအဖ) ကိုလည်း ကောင်းရင် ကောင်းကြောင်း။ မကောင်းရင် မကောင်းကြောင်း တင်ပြသင့်တယ်။ မီဒီယာတွေကိုပြောတာပါ။ နအဖ ဘက်က လိုက်ပြောတာမဟုတ်ဘူးနော်။ ကျနော်လည်း နအဖ ကိုချစ်ပါတယ်……ဟဲဟဲဟဲ။နိုင်ငံတကာဆုရှင်များနှင့် ကျနော်တို့ရဲ့ အကိုတော်ကြီးများ……..
ချီးမွန်းတာဆိုလို့စကားမစပ် ပြောရအုံးမယ်။ ဒေါ်စုဆိုရင် နိုင်ငံတကာက ပေးတဲ့ဆုတွေ တထောကြီး သူကတောင်သူများတွေကို ပြန်အမ်းရမဲ့ အနေအထား။ ကိုမင်းကိုနိုင်လဲရှိတယ်။ ကိုဇာဂနာလည်းရှိတယ်။ မစုစုနွေးလည်းပိုင်တယ်။ မခင်ဥမ္မာလည်းရတယ်။ ကိုအောင်မျိုးမင်းလည်း ရှိတယ်။စသဖြင့် စသဖြင့်။ ဘာ့ကြောင့်များ ကျနော်တို့အကိုကြီးများ၊ ခေါင်းဆောင်ကြီးများဖြစ်တဲ့ ကိုမိုးသီး။ အောင်သူငြိမ်း။ ကိုအောင်မိုးဇော်။ ကိုဝင်းနိုင်ဦး။ ကိုတွေစသဖြင့်…………….. သူတို့ကော မရသင့်ဘူးလား။ သူတို့ကကော မလုပ်လို့လား။ ဆုရချင်လို့ပြောတာမဟုတ်ဘူးနော်။ မေးခွန်း မေးဖြစ်တာပါ။ သူတို့လဲ ရသင့်တာပေါ့။ ရှိနေရင်း မသိလို့နော်။ဟိုရောက်ဒီရောက်-
ပြောချင်တာကိုပြောတာပါ။ ဘယ်ရောက်သွားလဲမသိဘူး။ အဲဟုတ်ပြီ ခေါင်းစဉ်က စစ်အစိုးရ ကောင်းကြောင်း ပြောရအောင်…………………ကျနော်ပြောချင်တာက စစ်အစိုးရလို့ပြောတဲ့ ဗိုလ်ချုပ်တစုလည်း ကောင်းတာလေးများရှိရင် ချီးမွန်း ပေးဖို့.......
မှတ်ချက်။ သောက်ရင်းရေးသည်
မြန်မာတွေအများစုကတော့ ဒီလို အိမ်မျိုးတွေဝယ်ကြတယ်။ ခြံနဲ့ဝန်းနဲ့ဆိုတော့ မိသားစုအတွက်ကောင်းတယ်။အခုပေါက်ဈေးကတော့ ၃-သိန်းပါ။ပေါက်ဈေး
အခုဆိုရင် Perth မှာ အခန်းသုံးခန်း၊ ရေချိုးခန်းတစ်ခန်း နဲ့ အိမ်(ခြံအပါအ၀င်) ဆိုရင် ၃ သိန်းခွဲနဲ့ ၄ သိန်း ပတ်ဝန်းကျင်မှာရှိတယ်။ ၂၀၀၄-ခုနှစ်နောက်ပိုင်းကျမှ ဈေးခုန်တက်သွားတာ။ ဈေးတက်သွားတဲ့ အကြောင်း အရင်းနှစ်ခုအဓိက ရှိတယ်။ တခုက Mining Booming ကြောင့်ပဲ။ Perth က Western Australia မှာ ရှိတယ်။ WA က သြစတျေးလျမှာ Mine နဲ့ပက်သက်တဲ့အလုပ်ပေါ်တယ်။ လစာလည်းအရမ်းကောင်းတယ်။ Mine မှာ သာမန်အလုပ်သမားတစ်ယောက်တောင် တနှစ်ကို ဒေါ်လာ (၇၀၀၀၀) လောက် စားပြီးသောက်ပြီး ရတယ်။ ဒါ့ကြောင့်တခြားမျို့  ကလူတွေ အတော်များများပြောင်းလာတယ်။အိမ်ဝယ်ခြံဝယ်လုပ်တော့ ဈေးက အရမ်းကိုတက်သွားတယ်။ ၂၀၀၀-ခုနှစ်မှာ ရောက်တဲ့မြန်မာ မိသားစု ၀ယ်တုန်းက အိမ်တစ်လုံးကို ၁-သိန်းလောက်ပဲပေးရတဲ့ အိမ်ဟာ အခုဆို ၃-သိန်းခွဲဖြစ်နေတယ်။ နောက်တခု ဈေးတက်တဲ့ အကြောင်း အရင်းက Perth ကို Migrant တွေ Refugee တွေ တအား လှိမ့်ဝင်လာတော့ ၀ယ်လိုအားနဲ့ရောင်းလိုအား မမျှတဖြစ်လို့ပဲ။ အခုနောက်ပိုင်း သာမန်စက်ရုံအလုပ်သမားတွေဆိုရင်တောင် မ၀ယ်နိုင်တော့ဘူး။ ဒါပေမဲ့ နည်းလမ်းရှိတယ်။ ဘယ်လိုဝယ်ယူနိုင်သလဲဆိုတာ။နည်းလမ်းများ
အစိုးရက လုပ်တဲ့ အစီအစဉ်တွေရှိတယ်။ ဒီအစဉ်အစဉ်တွေကတော့ တနှစ်ကို အလုပ်သမားတစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၇-သောင်း အောက်ဖြစ်နေရင် အစိုးရ အိမ်ဝယ်ဖို့အတွက် ၄၀-ရာခိုင်နှုံး စိုက်ပေးတယ်။ အလုပ်သမားက ၆၀-ရာခိုင်နှုံး စိုက်ပေးရတယ်။ အိမ်ပိုင်ဖြစ်တာက အစိုးရက ၄၀-ရာခိုင်နှုံး၊ ၀ယ်သူက ၆၀-ရာခိုင်နှုံး။ ဒီလိုနဲ့ဝယ်ကြတဲ့ မြန်မာတွေ တဖြည်းဖြည်းများလာတယ်။ ၀ယ်ယူဖို့ စပေါ်ငွေကတော့  ဒေါ်လာ ၅၀၀၀ ဘဏ်ထဲမှာရှိရင်ရတယ်။ ၀ယ်မယ်ဆိုရင် အလုပ်က Full Time Permanent ဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်မှာ အနည်းဆုံး (၆) လ ဆက်တိုက်လုပ်နေသူဖြစ်ရမယ်။ ကိုယ့်ရဲ့ အလုပ်က ဈေးဆိုင်သေးသေးလေးမှာ ဆိုရင် Reputation နဲ့ Credibility မရှိတော့ ၀ယ်လို့မရနိုင်ဘူး။ Company ကြီးကြီးတွေမှာ လုပ်ရင် ရတယ်။ တနှစ်ကို ဒေါ်လာ ၇၀၀၀၀ အထက်ဆိုရင်တော့ ၁၀၀-ရာခိုင်နှုံးအိမ်ပိုင်ဖြစ်ပြီ။
Perth မှာနေတဲ့ မြန်မာလူမျိုးတွေအများစု နေထိုင်တဲ့အိမ်တလုံးပါ။ အခုပေါက်ဈေးက ဒေါ်လာ သုံးသိန်းပါ။
ဘယ်လိုဝယ်ယူနိုင်သလဲဘဏ်မှာ ပိုက်ဆံချေးရတယ်။ အိမ်ဝယ်ဖို့အတွက် ပိုက်ဆံချေးချင်တဲ့ ဘဏ်တွေ အများကြီး။ လက်ထဲမှာ စပေါ် တစ်သောင်းလောက်ရှိရင်ရတယ်။သြော်စီနိုင်ငံသား၊ မဖြစ်ရင်တောင် Permanent Resident ဖြစ်ဖို့တော့ လိုတယ်။ ပြန်ဆပ်တဲ့အခါ ၂၅-နှစ်နဲ့ (၃၀) နှစ် ပြန်ဆပ်ရတယ်။ တလကို ချေးငွေပေါ်မှုတည်ပြီး ပြန်ဆပ်ရတယ်။ ဥပမာ ဒေါ်လာ ၃-သိန်းချေးတဲ့သူဟာ တလကို ၂၁၀၀ လောက်ဆပ်ရမယ်။ စက်ရုံမှာ လုပ်တဲ့သူ တစ်ယောက်ရဲ့ ဝင်ငွေက ဒေါ်လာ ၂၅၀၀ ပတ်ဝန်းကျင်မှာရှိတယ်။ အခွန်ပေးပြီးရတဲ့ငွေနော်။ ဒီငွေက လစာကောင်း တယ်လို့ပြောနိုင်တယ်။ ၂၁၀၀-ပေးလိုက်ရင် ၄၀၀ နဲ့ကိုယ်မိသားစုမကျွေးနိုင်ဘူး။ အဲလိုမျိုးဆိုရင် ဘဏ်ကလည်း ငွေမချေးဘူး။ လင်မယားနဲ့လုပ်ရင်တော့ ၀ယ်နိုင်တာပေါ့။ တစ်ယောက်ရဲ့ လစာကို အိမ်ဖိုးနဲ့ စားဖို့ပေးယုံးပဲ။ တစ်ယောက်ကတော့စုပေါ့။ အိမ်ထောင်သည်နဲ့ခလေးရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူး။ အခုနောက်ပိုင်း ဈေးတွေတဖြည်းဖြည်းကျလာတယ်။ ၃သောင်းလောက်ထိကျသွားတယ်။ စိတ်ထင်တာ့ ၀ယ်လိုအား နည်းလာလို့ ဖြစ်မယ်။အိမ်ပွဲစားများ
မြန်မာလူမျိုးတွေရှိတယ်။ သူတို့နဲ့ဆိုပိုစိတ်ချရတယ်။ တခြားလူမျိုးတွေကြတော့ စကားပြောတာကအစ ဂရိုစိုက်ရတယ်။ လိမ်နိုင်တယ်။အိမ်သုံးလေးလုံး ၀ယ်ယူထားသူများ
တချို့ မြန်မာတွေ အိမ် နှစ်လုံး သုံးလုံးပိုင်တယ်။ တစ်လုံးနေပြီး ကျန်တဲ့အလုံးတွေကို ငှားစားတယ်။ သူတို့ကျတော့ ဈေးပေါတဲ့အချိန် ၀ယ်ထားတာဆိုတော့ အဆင်ပြေတယ်။လက်ငင်းပေး ၀ယ်သူများ
တချို့ မြန်မာ ပိုက်ဆံရှိသူတွေဟာ အိမ် ၄ သိန်း ငါးသိန်းတန် ကို လက်ငင်းပေးဝယ်ကြတယ်။ ငွေတွေ ဘယ်ကရလမသိဘူး။ တွင်းများရှိလား။ သာမန် လူတွေကြတော့ လက်ငင်းပေးဖို့နေနေသာ အလုပ်ရှိတာတောင် မ၀ယ်နိုင်ဘူး။ သြောစီမှာ ဆိုးတာက မြန်မာနိုင်ငံမှာလို ပျဉ်ထောင်အိမ်၊တဲအိမ် တွေနဲ့ ကိုယ့်မှာ ရှိတဲ့ငွေပေါ်မှုတည်ပြီး နေလို့မရဘူး။ အားလုံးက သူတို့တူးတားတဲ့ တွင်းထဲကို ခုန်ချလိုက်ဖို့ပဲ။ အားလုံးနီးဟာ တတန်းတည်း လိုဖြစ်နေတယ်။ အိမ်ရှိတယ်။ ကားရှိတယ်။ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် အထင်မကြီးဘူး၊ အထင်လဲမသေးဘူး။ အားလုံးနီးပါးဟာ အကြွေးတွေနဲ့ လုံးပါး ပါးနေကြတယ်။ ပိုက်ဆံ သုံးသိန်းချေးရင် ဆပ်ရမှာက ၆-သိန်းဆိုတော့ ငွေရှိတဲ့သူတွေကို လုပ်ကျွေးနေရသလိုပဲ။ Public House နဲ့ နေကြသူများသူတို့ကတော့ အကျွေးကင်းပြီး၊ စိတ်ချမ်းသာသူများ၊ သက်သာတဲ့သူများလို့ခေါ်နိုင်တယ်။ အစိုးရ အိမ်မှာ နေတယ်။ အစိုးရ ထောက်ပံ့တဲ့ ငွေနဲ့ရပ်တည်တယ်။ အိမ်လခပေးရတော့လည်း နည်းနည်းပဲပေးရတယ်။ တပတ်ကို ၇၅-ဒေါ်လာပတ်ဝန်းကျင်လောက်ပဲ။ ဘယ်လိုလူမျိုးတွေနေရလဲဆိုတော့ ပင်စင်စားသူတွေ။ မသန်မစွမ်းတွေ။ ယောက်ျားမရှိခလေးတွေတပြုံကြီးနဲ့ စတဲ့သူတွေပါ။ အစိုးရ အိမ်လျှောက်မယ်ဆိုရင် အနည်းဆုံးလေးနှစ်ကြာနိုင်တယ်။
Web တွေကတော့-၂။ www.homebuyer.com.au/
၃။ http://www.hsbc.com.au/1/2/personal/home-loans အိမ်ဝယ်ဖို့အတွက် ငွေချေးမယ်ဆိုရင် ဒ်ီဘဏ်က အကောင်းဆုံးပါ။