'ဖွဲ့စည်းပုံကို ပြင်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဆွေးနွေးရမယ်။ အဲလိုဟာတွေမလုပ်ဘူးဆိုရင်တော့ ၂၀၁၀- ရွေးကောက်ပွဲကိုမစဉ်းစားဘူး။ အားလုံးအတူတူပဲ'
ဦးအေးသာအောင်(စီအာပီပီ)
3/26/09
တော်လှန်ရေးရဲ့ နေ့ လည်စာ
အေဘီက ရဲဘော်တစ်ယောက်ပါ နေ့လည်စာသုံးဆောင်နေတာပါ။ ဘုရားသုံးဆူဘက်က တပ်မှာ။ ၁၉၈၈-ကတည်းက တိုက်ပွဲဝင်လာတဲ့သူပါ။ ပိုင်ဆိုင်မှု ဆိုတာ ဘာမှမရှိပါဘူး။ သူနေ့လည်စာ သုံးဆောင်နေတုန်း ရိုက်လာခဲ့တာပါ။ ကျနော်တင်ထားတာ သူတွေ့ရင် စိတ်ဆိုးမလားမသိဘူး။ ဘယ်သူပိုက်ဆံပိုရှိလဲလို့မေးရင် သူတော့ ဘယ်လိုဖြေမလဲမသိဘူး။
3/25/09
ဆရာကြီး Toမောင်ညို နှင့် ဆရာကြီး ယောဟန်အောင် ၂၀၁၀-ထိုးပွဲ
ကျနော်တို့အနေဖြင့် နအဖ စစ်အစိုးရနဲ့နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရေးဘက်တွင်ပါဝင်မလား (သို့တည်းမဟုတ်) NLD နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တစ်ဝမ်းတည်းနေပြီး ၁၉၉၀-ပြည့်ရွေးကောက်ပွဲရလာဒ်ကို ခုခံကာကွယ်မလားဆိုတာရွေးချယ်ရပါလိမ့်မည်။ ယင်းကသာ ရပ်တည်ချက်ပြဿနာဖြစ်သည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကိုရင်ဆိုင် ဖြတ်သန်းနိုင်ပါလိမ့်မည်။ အခုတော့ (ကိုအောင်သူငြိမ်းက) ၁၉၉၀-ရွေးကောက်ပွဲရလာဒ်ကို ခံစစ်သေလို့မြင်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲ ၀င်ပါလားလို့လည်း မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မဲ့ ဗဟိုချက်မကလည်းပျောက်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲကိုလည်းပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလိုဖြစ်နေပြီ။ ဘာဘဲဖြစ်ဖြစ် ၂၀၁၀-ကိုဖြတ်သန်းနိုင်ဖို့ အော်တားနေးတစ် အခြားတဘက်ကနေရှာကြည့်ပါအုံး။
မှတ်ချက်။ ။ တူမောင်ညို သည် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေးအတွင်းရေးမှုးဖြစ်သည်။ ကိုအောင်သူငြိမ်းသည်လည်း ထိုပါတီ၏ ဒု-ဥက္ကဌ အဖြစ်လည်းကောင်း၊ ABSDF ၏ အထွေထွေအတွင်းရေးမှုး အဖြစ်လည်းကောင်း တာဝန်ယူဘူးခဲ့သူဖြစ်သည်
3/24/09
ဗိုလ်သိန်းစိန် ဘိန်းဖြူမှောင်ခိုမှု့ မှာ ပါဝင်ပက်သက်နေလား?
နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံး လူ ၅-ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့်စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြား ပါသည်။ စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှဘိန်းဖြူ ဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်းဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (AsiaWorld) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံလွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLCကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများအတွင်းမှဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေး ဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူဖြစ်သည်။
ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူဘလောက်တုံး ၃၂ဝ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။
ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီးတဦးအပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့်ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှုဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။သို့သော် ကိုးကန့် တိုင်းရင်းသားဖြစ်သည်ဟု ဆိုသူ ဦးကျော်စိန်ကိုတပတ် ခန့်ကြာမျှ ခဏတာမျှသာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောပါသည်။
“သူက ရဲအချုပ်မှာ တပတ်လောက်ပဲနေပြီး ပြန်လွတ်သွားတာ။ သူ့ကို စွဲထားတဲ့အမှုအားလုံးလဲ ခုတော့ပိတ်လိုက်ပြီ” ဟု ထိုသတင်းရပ်ကွက်ကဆက်လက်ပြောဆိုခဲ့သည်။
သို့သော် ကျန်တရားခံများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသော မူယစ်ဂိုဏ်းကို ဖော်ထုတ်နိုင်ရန်အတွက်စစ်ကြောမှုများ ဆက်လက် ပြုလုပ်နေသည်။
သူတို့ထဲမှ အချို့ကို ရှေးဦးစွာ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေးပြတိုက် နှင့် ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ နေရာတို့တွင်ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အမည်မသိနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားသည်။သို့သော် Mr. Shell ဟုသိရသူ အခြား တရုတ်အမျိုးသား မသင်္ကာသူတဦးမှာ
ဝတိုင်းရင်းသားများ ထိန်းချုပ်ရာဒေသ အတွင်းသို့ ထွက်ပြေး လွတ်မြောက်ခိုအောင်သွားသည်ဟု ရဲတပ်ဖွဲ့၏ အပြောအရ သိရသည်။ကနဦး စစ်ကြောမှုများကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) နှင့် မှုခင်းတပ်ဖွဲ့(CID) အမျိုးသမီးတာဝန်ခံ ဒေါ်ရီရီ အပါအဝင် ရဲအရာရှိများကဆောင်ရွက်ခဲ့ကြသည်ဟု JLC ကုမ္ပဏီနှင့် နီးစပ်သူ အဆိုပါ သတင်းရပ်ကွက်ကပြောသည်။ဤသို့ စစ်ကြောမှုများ ပြုလုပ်အပြီး၊ ဘိန်းဖြူများကို မြန်မာနိုင်ငံ
အရှေ့ပိုင်း ပင်လုံနယ်မှ ကုန်ကားဖြင့် ရန်ကုန်မြို့သို့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကိုဖြတ်၍ သယ်ဆောင်လာခဲ့ကြောင်းဖြင့်စွပ်စွဲခံရသူတဦးက ထုတ်ဖော်ပြောဆိုပါသည်။
ဘိန်းဖြူများကို ကုန်ကားအတွင်းရှိ အံဝှက်များအတွင်း ထည့်သွင်းသယ်ဆောင်လာခဲ့ပြီး ကုန်ကားမောင်းသူကို ကျပ်ငွေ ၁၃ သန်း ပေးခဲ့ရသည်ဟုထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ကြောချက်များအရ သိရကြောင်း
ထိုသတင်းရပ်ကွက်က ပြောသည်။ဝင်းညွန့်က ရန်ကုန်မြို့ရှိ လူချမ်းသာရပ်ကွက် အတွင်းရှိ အိမ်များသို့သစ်သားပြားများ သွားရောက် ပို့ပေးခဲ့ပြီး၊ သင်္ကာမကင်းခံရသူ တရုတ် အမျိုးသားများက ဘိန်းဖြူ ဘလောက်တုံးများကို လချေးပြားများ၊ သတင်းစာစာရွက်များ၊ ပလပ်စတစ်စ များဖြင့် ထုပ်ပိုးပေးခဲ့ကြသည်ဟုစုံစမ်းစစ်ဆေးမှုများ အရသိရသည်။
ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ သန်း၁ဝဝ ရှိသည်ဟု ခန့်မှန်းကြသည်။ဤဘိန်းဖြူများကို သစ်သားပြားများအတွင်း ဝှက်၍ သယ်ဆောင်ကာ ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လိမ့်မည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါးအေဂျင်စီက မြန်မာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောပါသည်။ တချိန်တည်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟု မသင်္ကာခံရသူများ၏အမည်များ၊ သင်္ဘော၏ အမည်နှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွါမည့် ရက်များကိုပါ ပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ဤသတင်းကို ရရှိပြီးနောက် ရေတပ်က သင်္ဘောကို Asia World ဆိပ်ကမ်းပြန်ကပ်ခိုင်းခဲ့ပြီး၊ ဤအမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဤအမှုတွင် စုစုပေါင်း ဘိန်းဖြူ ၁၈ဝ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။ သို့သော် ကျော်စိန်အား စစ်ကြောနေစဉ်အတွင်း လွှတ်ပေးလိုက်ခြင်း၏နောက်ကွယ်တွင် တစုံတရာ ရှိသည်ဟု သံသယများ ဖြစ်ပေါ်နေကြသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ထိုသို့ စစ်ကြောရေး လုပ်ငန်းများ လုပ်နေစဉ်အတွင်ဲးူဃ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ သောင်းထိုက်မင်းမှာစစ်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်သွယ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။“သူ့ (သောင်းထိုက်မင်း) ကို မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်မှာ တွေ့ရတယ်” ဟု ထိုသတင်းရပ်ကွက်က ပြောသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန်၏သမီး ယဉ်သူဇာနှင့် သတို့သား ဗိုလ်ကြီး ဟန်ဝင်းအောင်တို့၏ လွန်ခဲ့သော ဇန်နဝါရီနှောင်းပိုင်းက နေပြည်တော်ရှိအစိုးရ ဧည့်ဂေဟာတွင် ကျင်းပခဲ့သော မင်္ဂလာ ဧည့်ခံပွဲတွင် စစ်အစိုးရနှင့်
နီးစပ်သူ စီးပွါးရေးသမား အများ အပြားက မင်္ဂလာလက်ဖွဲ့များ ပေးအပ်ခဲ့ကြသည်ဟုနေပြည်တော် သတင်းရပ်ကွက်များက ပြောပါသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျရောက်သော တရုတ်နှစ်သစ်ကူး
ကာလအတွင်းကလည်း ဦးကျော်စိန်က မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး ၁၄ ဦးကိုတလုံးလျှင် ကျပ်သိန်း ၁ဝဝ စီတန်သော နာရီများ လက်ဆောင်ပေးခဲ့သည်ဟုထိုသတင်းရပ်ကွက်များက ဖြည့်စွက် ပြောကြားခဲ့ကြသည်။
JLC ကုမ္ပဏီကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းများ၊ကာရာအိုကေ ခန်မများ ဖွင့်လှစ်ခြင်း၊ အနှိပ်ခန်းများ နှင့် ဒစ်စကိုကလပ်များကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်နောက်ပိုင်းတွင် ထိုကုမ္ပဏီ သည် သစ်နှင့် သစ်မာများ သွင်းကုန်ထုတ်ကုန်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။
ဝတိုင်းရင်းသား စီးပွါးရေးသမားတဦးဖြစ်ပြီး၊ စည်းလုံးညီညွတ်သော ဝပြည်တပ်မတော် (UWSA) ဥက္ကဌ ပေါက်ယို ချန်း၏ သားမက်ဖြစ်သူ အိုက်ဟော့ ခေါ်ရှောက်ဟော် သည် JLC ကုမ္ပဏီကို အတူ တည်ထောင်သူတဦးဖြစ်ပြီး၊ ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် ထွက်ခွါသွားခဲ့သည်ဟု အတွင်းလူတဦးက ပြောသည်။
JLC ကုမ္ပဏီ၏ ရုံးချုပ်သည် ရန်ကုန်မြို့လယ်ရှိ ဦးကျော်စိန်ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော အိုလံပစ် ဟိုတယ်တွင် တည်ရှိသည်။ထို့ပြင် JLC ကုမ္ပဏီသည် ဝန်ထမ်းများကို လစာအများဆုံးပေးသော ကုမ္ပဏီလည်း
ဖြစ်သည်ဟု သိရှိထားကြပြီး၊ အထွေထွေ မန်နေဂျာတဦးလျှင် လစာတလလျှင် ကျပ် ၅သန်းမှ ၁ဝ သန်းအထိ ရသည်။ စစ်တပ် ဗိုလ်ချုပ်ကြီးများ နှင့်လည်းအလွန်ခိုင်မာသော ဆက်ဆံရေး ရှိသည်ဟု ထိုသတင်းရပ်ကွက် ဆက်လက်ပြောကြားပါသည်။

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များ
မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းကို ရက်ပေါင်း (၃၀) အကြာတွင် ဖော်ပြမည် ဖြစ်ပါသည်။ အဓိက ငွေကြေးချမ်းသာသော သုံးယောက်ကို ရွေးချယ်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ၂၀၀၉-ခုနှစ်အတွက် ငွေကြေးချမ်းသာဆုံး သူများကို ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုပေးအပ်မည်ဖြစ်ကြောင်း ထပ်လောင်းကြေငြာအပ်ပါသည်။
3/15/09
သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆု ပေးအပ်ခြင်း
ကိုဘုန်းကျော် (လူ့ဘောင်သစ်) ဘလော့ဂ် မှ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆုအား ၂၀၀၉-ခုနှစ် အတွက် ဒေါက်တာလွဏ်းဆွေဘလော့ဂ် အား ဆုချီးမြင့်သည်။ ဒေါက်တာ လွဏ်းဆွေ သည် မြန်မာစစ်အာဏာရှင် စနစ် အား လွန်ခဲ့သည် နှစ်ပေါင်း(ဘယ်လောက်လဲမသိ) ကတည်းက တိုက်ပွဲဝင် လာခဲ့သည်ဖြစ်သည်။ စစ်အာဏာရှင်လက်အောက်မှတဆင့် ထိုင်းအာဏာရှင် လက်အောက်သို့ ရောက်ရှိကတည်းက မိမိတက်ကျွမ်းသည့် ပညာ(အပ်ပညာ) ဖြင့်သော်လည်းကောင်း၊ ကလောင်စွမ်း အားဖြင့်သော်လည်းကောင်း တိုက်ပွဲဝင်လျှက်ရှိသည်။
Mr. ဆွေ သည် အန္တရာယ်အမျိုးအမျိုးကြားမှ မြန်မာ့ဒီမိုကရေစီရေးလုပ်စားသူများ အား စောင့်ကြည့်ဝေဖန် လေကန်လျှက် ရှိသောကြောင့် ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုသူရဲကောင်းဆုအား ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းဖြစ်သည်။ ဆုကြေးငွေ အဖြစ် ဒေါ်လာ တစ်သန်း (ဇင်ဘာဘွေဒေါ်လာ) အားလည်း ပေးဆောင်မည်ဖြစ်သည်။
ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလောဂ့်မှပေးအပ်သော နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်း ဆုအား မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံရေးသူအားလုံးအား ချီးမြှင့်သည့်ဆု အဖြစ်လွန်ခဲ့ သည့် ၅-မိနစ်ကတည်း စတင်တည်ထောင်ခဲ့သည်။
3/14/09
ပါတီဝင်အားလုံးသို့
ပါတီဝင်အားလုံးသို့...။
အထူးသဖြင့်- CEC, CC
ပါတီ ဗဟိုက်ာမတီလို့ မိမိကိုယ်ကို မိမိ ခံယူထားသူအားလုံးသို့ စာရေးပါတယ်။ ကြာခဲ့ပါပြီ..ပါတီလည်း အားနည်းလာပါပြီ။ ဒီအတိုင်းပဲဆက်ထားတော့မှာလား။ ထိုင်းနယ်စပ်မှာ ရှိတဲ့ပါတီကို အခုလိုပဲ ထားတော့ မှာလား။ ရောက်သွားတော့ တွေ့ရတယ်...အရင်ထက်ပိုအားနည်းသလိုခံစားမိခဲ့ပါတယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင်တော့ ပိုဆိုးလာဖို့အတွက်ပဲ မြင်မိပါတယ်။ နောက်ဆုံးပျောက်သွားတာအထိ ဖြစ်သွားနိုင်တယ်လို့ မြင်မိပါတယ်။ ဖြစ်နိုင်ရင် လူတွေဆုံတွေ့ပြီး စကားပြောကြရင် ကောင်းမယ်ထင်ပါတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်ပေါ့....။ ဒီအတိုင်းဆက်သွားရင်တော့ အခြေအနေ မကောင်းပါဘူး..။ ဆရာလုပ်တာ မဟုတ်ပါဘူး။
ရဲဘော် ဘုန်းကျော်

3/10/09
3/9/09
3/8/09
သမိုင်းပေးတာဝန်ကြီးများ နှင့် ၂၀၁၀-ရွေးကောက်ပွဲ
ရောင်းရန်ရှိသည်
၂၀၁၀-သစ္စာဖောက်များ
၂၀၁၀-သစ္စာဖောက်များ
ယခု နအဖ၊ အရင်တုန်းက န၀တ။ သူတို့အကြောင်းကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ပညာရှင်၊ ပြည်သူလူထု အားလုံး သိသားပဲ။ ၁၉၉၀-ခုနှစ်ရွေးကောက်ပွဲလုပ်တယ်။ နိုင်တဲ့သူကို အာဏာလွှဲမယ် ဆိုပြီးမလွှဲဘူး။ အခြေခံ ဥပဒေအတွက်အတည်ပြုတယ်ဆိုပြီး၊ လူထုဆန္ဒခံယူပွဲလုပ်တယ်၊ မဲထည့်ခိုင်းတယ်၊ မဲလိမ်တာ မမြင်ချင်မှအဆုံး၊ လူတိုင်းသိတယ်။ နိုင်ငံတကာ ကလည်းသိတယ်။ ဟောကြည့်...လိမ်တဲ့ မဲ နိုင်သွားလုံးအခြေခံဥပဒေကို ကိုယ့်ဟာ ကိုယ် အတည်ပြုတယ်။ ဘယ်သူမဲပေး မပေးပေး၊ ဘယ်သူထောက်ခံမခံ၊ ဂရုမစိုက် သူတို့လုပ်ချင်တာကိုလုပ်တယ်။ ပြီးတော့ ၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်။
၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ပြင်ပမှာရောက်နေတဲ့ တော်လှန်ရေးသမား၊ ပညာရှင်၊ ဟိုရောင်ရောင် ဒီရောင်ရောင် အချောင်သမား တွေက ဟန်ရေးတပြင်ပြင်၊ ငါတို့များ နေရာရလေမလား၊ ပြည်တော်ပြန် ရလေမလား ဆိုပြီး၊ နအဖက ဘာမှမပြောရသေးဘူး၊ ကျနော်တို့ကတော့ အသင့်ပဲဆိုပြီး ပေါ်တင် တမျိုး၊ လေပေါ်ကတမျိုး လုပ်နေတာ မကြားချင်တဲ့အဆုံး။
အဲဒိအထဲမှာ ပြည်ပက Master တို့ P.H.D တို့ရထားတဲ့လူတွေက အကဲဆုံး။ သူတို့ကိုသူတို့ ပညာတက်လှပြီထင်နေတယ်။ Master လား ရတယ်။ အများဆုံးတစ်နှစ်ပဲ သင်ရတယ်။ P.H.D လားရတယ်။ သုံးနှစ်ပဲ လူတစ်ယောက်ကို အချိန်ပေး။ Master P.H.D ရတိုင်း၊ ဘိုလို ရှလွတ်လွတ်ရတိုင်း ၊ ပညာရှင်ဆိုတိုင်း အထင်ကြီးစရာမရှိဘူး။ အနူတောက၊ လူချော လုပ်ရင်တော့ မပြောတက်ဘူး။
နောက်ထပ် ၂၀၁၀-ရွေးကောက်ပွဲကိုအားခဲတဲ့သူတွေက စီးပွားသမားရောင်ရောင်၊ နိုင်ငံရေးသမားရောင်ရောင် လူတွေပဲ။ အရင်တုန်းကတော့ ငါမှငါ။ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ Dialouge လာတော့ Dialouge။ ၉၀-ရွေးကောက်ပွဲရလာဒ်မှ မရရင်၊ သေတော့မဲ့မျက်နှာနဲ့။
အခုတော့ အဲဒါတွေကိုဘေးချိတ်ပြီး၊ အားလုံးကိုသစ္စာ ဖောက်ဖို့အတွက် ရန်သူနဲ့ ပူးပေါင်းတော့မယ်။ ပေါင်းမဲ့သူတွေကိုပြောရရင် သစ္စာဖောက်တွေပဲ။ ဒီမှာပြောချင်တာက ရွေးကောက်ပွဲဝင်ဖို့ ရုပ်ပိုင်းကော စိတ်ပိုင်းကော ထောက်ခံသူအားလုံးကို။ နှစ်ပေါင်း နှစ်ဆယ် ကြာအောင် အလိမ်ခံနေရတာကိုသိရဲ့  သားနဲ့များ ရွေးကောက်ပွဲ ၀င်ဖို့ ပြောရက်သေးတယ်။ ထောက်ခံ ရဲသေးတယ်။ အုံးနှောက်ကောရှိသေးရဲ့  လား။
ဘယ်လို Creative Thinking ပဲပြောပြော၊ ဘာပဲဆိုဆို ၂၀၁၀-ရွေးကောက်ပွဲကို ၀င်ဖို့ ထောက်ခံဖို့ အတွက်တာဆူတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ပညာရှင် အာလုံး ပြည်သူ့သစ္စာဖောက်တွေပဲ။ နအဖ တောင် ဘာမှတရားဝင်ထုတ်ဖော်ပြောတာ၊ ကမ်းလှမ်းတာ မလာသေးဘူး၊ ဖင်တရွရွနဲ့။ ဘာ..ကောင်တွေလည်း မသိဘူး။
မယုံရင်ကြည့် နအဖလား ရွေးကောက်ပွဲကို သူတို့ပဲနိုင်အောင်လုပ်အုံးမယ်။ သူတို့ပဲဆက်အုပ်ချုပ် အုံးမယ်။ စစ်ဗိုလ်ဆိုတာ ဘယ်တော့မှ အရပ်သားတွေကို အထင်ကြီးတဲ့ စိတ်မရှိဘူး။ သူတို့လဲ ဘယ်တော့မှ အရပ်သားတွေခိုင်းတာကို လုပ်မှာမဟုတ်ဘူး။ ၂၀၁၀-အတွက် ကျနော်တို့ရဲ့ သမိုင်းပေးတာဝန်က ဆန့်ကျင်ရေး၊ မထောက်ခံရေး ပဲဖြစ်တယ်။ ပြည်သူဘက်က ရပ်တည်မယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ ထောက်ခံရင်တော့ သစ္စာဖောက်တွေအဖြစ် သတ်မှတ်ရမှာပဲ။
3/4/09
ကျနော်တို့ထောပြီ

ကျနော်တို့ ၀န်ကြီးချုပ်
နဲ့
ကျနော်တို့ ၀န်ချီးထုပ်
ဘယ်သူဖြစ်မလဲ
ဆိုတာ....သိတယ်နော်...။
နဲ့
ကျနော်တို့ ၀န်ချီးထုပ်
ဘယ်သူဖြစ်မလဲ
ဆိုတာ....သိတယ်နော်...။
သြစတျေးလျအစိုးရအနေနဲ့ သူ့နိုငံသားတွေကို March လ နဲ့ April လအတွင်းမှာ Bonus ပေးမဲ့ အစီအစဉ်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းမှုကြောင့်ထိခိုက်သွားတဲ့ ။ သြစတျေးလျစီးပွားရေးကို ပြန်လည် အားကောင်းလာအောင်လုပ်တဲ့ အနေနဲ့ဖြစ်ပါတယ်။ ဒီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။
၁) အလုပ်သမားတစ်ယောက်ကို ဒေါ်လာ ၉၅၀ ရပါမယ်။ ဒါပေမဲ့ ၀င်ငွေ ဒေါ်လာ ၁၀၀၀၀၀ (တစ်သိန်း) အထက်ဆိုရင်မရပါဘူး။ ၀င်ငွေနည်းသူတွေ နဲ့ ၀င်ငွေအလယ်အလတ်ရှိသူတွေကိုသာပေးပါတယ်။
၂) Single Income Family Bonus ဆိုတဲ့အဓိပ္ပာယ်ကတော့.....မိသားစုတခုမှာ အဓိက၀င်ငွေတစ်ခုတည်း(သို့) ယောက်ျား၏၀င်ငွေတခုတည်းသာရှိလျှင် ဒေါ်လာ ၉၅၀-ရပါမယ်။
၃) မိုးခေါင်ရေရှားအရပ်ဒေသမှာလယ်လုပ်တဲ့ လယ်သမားတွေလည်း ၉၅၀-ရပါမယ်။ လယ်တွေ အရှုံးပေါ်လို့ ပေးတာပါ။ ဒီမှာတော့လယ်သမားတွေက စပါးမစိုက်ပါဘူး။ ဂျုံစိုက်တာပါ။
၎) ကျောင်းတက်တဲ့ ခလေးတွေလည်း တစ်ယောက်ကိုဒေါ်လာ ၉၅၀ ရပါမယ်။ အသက်လေးနှစ်ကနေ ၁၈-နှစ်ထိ။
၅) ကျောင်းသားတွေလည်း ၉၅၀-ရပါမယ်။ အသက်ကြီးပြီး ကျောင်းတက်တဲ့သူတွေ၊ သင်တန်းတက်နေသူတွေ၊ လည်း ဒီအစီအစဉ်ထဲမှာ ပါဝင်ပါတယ်။
IMF ကလည်းဒီအစဉ်အစဉ်ကို အကောင်အထည်ဖော်ဖို့ အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။ စီးပွားပြန်လည်ဦး မော့လာအောင် အခွန်တွေချည်းလိမ့်မကောက်ပဲ၊ တိုင်းသူပြည်သားတွေလက်ထဲငွေများများထည့်ပေးပြီး ၀ယ်အားကောင်း လုပ်ပေးတာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တော့ ဒီလလည်း ထောပြန်ပြီ။ လေဘာ အစိုးရတက်လာတာ ပိုက်ဆံတွေ အလကားရတာများနေပြီ။
2/22/09
သြစီမှာ ဆေးခြောက်စိုက်ခွင့်၊ သောက်ခွင့်ရှိသလား
သြစီမှာ ဆေးခြောက်စိုက်ခွင့်၊ သောက်ခွင့်ကို တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ အရင်တုန်းကတော့ ကျနော့်ကို ဆေးခြောက်ကြိုက်တက်တဲ့ မြန်မာအသိုင်းအ၀ိုင်းကပြောတာက အိမ်တစ်အိမ်မှာ တပင်တော့ စိုက်ခွင့်ပြု တယ်လို့ပြောတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ရဲ့ ဥပဒေအတိအကျကို မသိခဲ့ပါဘူး။
မနေ့ကမှ သူငယ်ချင်း အိမ်မှာ စိုက်ထားတဲ့ ဆေးခြောက်ပင်ကိုတွေ့တော့မှ သူ့ရဲ့  ဥပဒေကို စိတ်ဝင်စားတော့ တယ်။ ဒါနဲ့ Google ထဲမှာ ဆေးခြောက်နဲ့ သြောစီ ဆိုပြီးရိုက်ထည့်ရင်းရှာမိတယ်။ ပေါ့်လာတာက သြော်စီမှာ တရားဝင်စိုက်ပျိုးခွင့်ကို ခွင့်မပြုပါဘူး။ လက်ထဲမှာ နည်းနည်းပါးပါးမိရင် တော့ခွင့်လွှတ်ပါတယ်။ နည်းနည်းပါးပါး ဆိုတာက ဂရမ် (၃၀) လောက်ပါပဲ။
အဲဒိ့စာမျက်နှာမှာဖော်ပြတာကတော့ ရဲတွေအရှေ့ မှာ မသောက်ဖို့ရယ်၊ အိမ်မှာ အပင်သေးသေးလေး နှစ်ပင်လောက်စိုက်ထားရင်တောင် တရားဝင်လိုလို ခွင့်ပြုပါတယ်။ တရားဝင် ဥပဒေ ထုတ်ပြီးခွင့်ပြုထား တာမရှိပေမဲ့ မြန်မာလိုနားလည်မှုနဲ့ ရှုလို့ရ၊ စိုက်လို့ရပါတယ်။ ရောင်းဝယ်ဖောက်ကား တာမိရင်တော့ ထောင်ကျမှာပါ။ အစိုးရက တရားဝင်သာခွင့်မပြုဘူးဆိုတယ်၊ Shopping Center တွေ၊ ဆိုင်တွေမှာ ဆေးခြာက်ရှုတဲ့ပြောင်းတွေကို ရွယ်စုံပေါ်တင်ရောင်းတာကို တွေ့နေရတယ်။ ဘယ်လိုအစိုးရလဲ မသိဘူး။
သတင်းတစ်ခုထဲမှာတော့ သြောစီဌာနေတိုင်းရင်းသား ၆၀ ရာခိုင်းနှုံးက ဆေးခြောက်ရှုပါတယ်။ ပညာရှင်တော်တော်များများကတော့ သူတို့ဆေးရှုတာကို သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးခြောက်ရှုရင် သူများကိုရန်မရှာဘူး၊ ရာဇ၀တ်မှုနည်းပါးတယ်လို့ အကြောင်းပြပါတယ်။ ဟုတ်လား မဟုတ် လားတော့မသိဘူး မနေ့ကကျနော်ဝယ်ထားတဲ့ အရက်နှစ်လုံးကို သူခိုးခိုးသွားတယ်။ သူခိုးက အိမ်ထဲမှာ ရှိတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းကို မခိုးဘဲ အရက်နှစ်လုံးကိုမှ ရွေးခိုးတော့ စိတ်ဆိုးရမလို၊ သနားရမလိုနဲ့ နောက်ဆုံး မိန်းမကိုဘဲ ရန်ရှာမိတော့တယ်။

"နင်ဖွက်ထားတာ မဟုတ်လား"
။............................................................................................................................................................။
အပြည့်အစုံသိချင်ရင်တော့ ဒီကိုသွားပါ...
http://www.1stmarijuanagrowerspage.com/marijuana-travel-database/australia/perth.html
http://www.news.com.au/perthnow/story/0,21498,22778652-5005361,00.html?from=public_rss
http://www.1stmarijuanagrowerspage.com/marijuana-travel-database/australia/perth.html
http://www.news.com.au/perthnow/story/0,21498,22778652-5005361,00.html?from=public_rss
2/20/09
မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့
အရင်တုန်းကတော့ နအဖ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား စုံလင်လှပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းခဲ့တဲ့အတွက် ပြည်တော်ပြန်ရင်တောင် အနည်းဆုံးထောင်ကျနိုင်ပါတယ်။အဖွဲ့ဝင်တော်တော်များများဟာ မည်သည့် အန်ဂျီအို၊ အဖွဲ့အစည်းက မှ ထောက်ပံ့တာမရှိခဲ့ပါဘူး။ တော်လှန်ရေးအင်အားစုနဲ့စတင်ပေါင်းစည်းပြီး လပိုင်းလောက်ကတည်းက ကိုယ့် ထမင်းကိုယ်ရှာစား ခဲ့ရတဲ့သူတွေပါဘဲ။
သူတို့ဆီမှာ ရံပုံငွေရှာတဲ့ စီးပွားရေးလုပ်ငန်းရှိပါတယ်။ စခန်းထဲမှာ Video Game ဖွင့်ပါတယ်။ ရလာတဲ့ ၀င်ငွေကို အဖွဲ့ဝင်တွေသက်သာချောင်ချိရေးဆိုပြီး အမဲသားငါးဝှေငှပါတယ်။ NGO ကရတဲ့ငွေမဟုတ်ပါဘူး။
သူတို့အတွက်ကတော့ ထိုင်းမြန်မာနယ်စပ်မှာနေရတာဟာ လုံးဝကို ရင်ထိတ်စရာပါဘဲ။ နအဖစစ်သား လုပ်ဘူးလို့ ဆိုပြီး ရှေ့  တမျိုး၊ နောက်တမျိုး အမျိုးမျိုးပြောဆိုဆက်ဆံခံရတာတွေ၊ မယုံသကာင်္မှု တွေနဲ့ပါ။ သူတို့ အားလုံးကိုမေး ကြည့်ရင် နအဖ စနစ်ဆိုးကို နှစ်သက်တဲ့သူ မရှိပါဘူး။ တော်လှန်ရေးနယ်မြေ၊ ဒုက္ခသည်စခန်းတွေ ရောက်တော့ အမျိုးမျိုး နှိမ်ချ ခံရတာတွေကို တော်လှန်ရေးအင်အား စုတွေထဲကပဲ လုပ်နေတာကို တွေ့မြင်ခဲ့ရတာပါ။ မိမိရှေ့မှာတင် နှစ်ပေါင်း နှစ်ဆယ်ကျော် ABSDF မှာတောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တစ်ယောက်ကအရက်မှုးပြီး ရက်ကွက်ထဲမှာ အခုလိုပြောတာကို ကြားခဲ့ရတယ်။
သူတို့ဆီမှာ ရံပုံငွေရှာတဲ့ စီးပွားရေးလုပ်ငန်းရှိပါတယ်။ စခန်းထဲမှာ Video Game ဖွင့်ပါတယ်။ ရလာတဲ့ ၀င်ငွေကို အဖွဲ့ဝင်တွေသက်သာချောင်ချိရေးဆိုပြီး အမဲသားငါးဝှေငှပါတယ်။ NGO ကရတဲ့ငွေမဟုတ်ပါဘူး။ "စာသင်ခန်းထဲကထွက်လာတာကွ၊ ဘယ်တော့မှ ရန်သူဆီမှာ ဒူးထောင့်အညံ့မခံဘူး"
အပြောခံရတဲ့သူက နအဖ တပ်ထဲမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ပြီး၊ နောက်ဆုံးမခံနိုင်တော့လို့ မိသားစု နဲ့တကွ KNU မှာအဖွဲ့လိုက်လက်နက်ချခဲ့တဲ့သူပါ။ တကြပ်ကြီးတာဝန်နဲ့ပါ။ မိမိတဘက်ရန်သူနဲ့ ပူးပေါင်းတယ်ဆို တဲ့သူတွေအားလုံးဟာ အနည်းဆုံးတော့အသက်ရင်းရတဲ့သူတွေပါ။
သူတို့မိသားစုနဲ့ ကျန်တဲ့အဖွဲ့ဝင်မိသားစုတွေဆိုရင် တော်လှန်ရေးအင်အားစုက ပြန်လည်စောင့်ရှောက်၊ အားပေးကူညီတာသင့်တာပါ။ ဒါပေမဲ့....။
ကျနော့်တွေခဲ့တဲ့ တကြပ်ကြီးဟောင်းတစ်ယောက်ဆိုရင် သူ့မိသားစုကို စခန်းထဲမှာ ကြုံရာကျပမ်းလုပ်ပြီး ရိုးရိုးသားရှာဖွေကျွေးပါတယ်။ မနက်မိုးလင်း အဖေက ဘူးသီးကြော်ကြော်ပါတယ်။ ခလေးတွေက ရောင်းပါတယ်။ ရလာတဲ့ပိုက်ဆံနဲ့ဆန်တပြည်ပြေးဝယ်ချက်စား။ စခန်းပေးတဲ့ ရိက္ခာကတော့ ကြိုတင်ရောင်းထားလို့ အလျှင်မမှီပါဘူး။ အနည်းဆုံးစခန်းမှာ တလကို မိသားစုလေးယောက်ရှိတဲ့အိမ်ဆိုရင် ထိုင်းဘက်ငွေ လေးထောင်လောက်ရှိမှ လောက်ပါတယ်။ သူကတော့ မိသားစုဦးရေ (ရ) ယောက်ရှိတဲ့ အိမ်ထောင်တခုကို ကြုံရာကျပမ်းလုပ်ပြီးကျွေးပါတယ်။ ဘယ်သူ့အကူအညီမှ မရပါဘူး။ အဲလိုလူမျိုး၊ နအဖ စစ်ဝန်ထမ်းဟောင်းတွေ စခန်းထဲမှာ အများကြီးပါ။
သူတို့တတွေရဲ့  ဘ၀ဟာ သိပ်ကိုသနားစရာကောင်းပါတယ်။ အန္တရာယ်နှစ်ခုကြားမှာ နေရတဲ့သူတွေပါ။ တဘက် က နအဖစစ်တပ်။ သူတို့ကိုသစ္စာဖောက်ဆိုပြီးအချိန်မရွေးဖမ်းဆီးသတ်ဖြတ်နိုင်ပါတယ်။ တဘက်က တော်လှန်ရေး အင်အားစုပါ။ တခုခုမကောင်းတာလုပ်ရင် ပေါက်ကရပြောတာခံရနိုင်ပြီး၊ အန္တရာယ်လည်း ရှိနိုင်ပါတယ်။ အနည်းဆုံးတော့ အခုလိုပြောတာခံရနိုင်ပါတယ်။

" ဒီကောင်တွေက ရန်သူ့အကျင့်မပျောက်သေးဘူး"
တကယ်တန်းကျတော့ ကျနော့်တော်အားလုံးဟာ အဖိနှိပ်ခံတွေပါ။ ဘယ်သူမှ ငါသာလျှင်....ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိသင့်ပါဘူး။ တချို့ တွေကျတော့ ပါးစပ်ကတမျိုး၊ လုပ်တော့ တမျိုးပါ။
"မှု" ရေးတာကောင်းပေမဲ့ "လူ" တွေမကောင်းဘူးဆိုရင် အလုပ်မဖြစ်ပါဘူးခင်ဗျား.....။
2/14/09
နို့ဘိုးဒုက္ခသည် စခန်း နှင့် စီးပွားရေးလုပ်ငန်းများ
ဒုက္ခသည် စခန်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ စခန်းထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစုစည်းစည်း ချစ်ချစ်ခင်ခင်နေထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ မြန်မာပညာတက်တွေ၊ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့သူတွေကို လည်းတွေ့ရပါတယ်။ အောက်ပါပုံတွေကတော့ သူတို့တွေရဲ့စီးပွားရေး လုပ်ငန်း တစိတ်တဒေသတွေကို ရိုက်ထားတာဖြစ်ပါ တယ်။ အင်တာနက်ဆိုင်၊ ဆက်တလိုက် တယ်လီဖုန်းများ၊ ကွန်ပြူတာစာစီစာရိုက်၊ ဓာတ်ပုံဆိုင်၊ အရက်ဆိုင်၊ Game ဆိုင် စတာတွေကို တွေ့ရပါတယ်။ လျှပ်စစ်မီးလည်းရပါတယ်။ တလကို ဘက် ၆၀-နှုံးနဲ့ မီးချောင်း တစ်ချောင်းထွန်းခွင့်ရပါတယ်။ အချိန် ၃-နာရီတော့ ရပါတယ်။ ရေအားလျှပ်စစ်ရှိသလို၊ အင်ဂျင်နဲ့ မောင်းတဲ့ မီးစက်လည်းရှိပါတယ်။
လူနေအိမ်များ
1/23/09
ယိုးဒယားကို ပြန်ရောက်တဲ့အကြောင်း
ယိုးဒယားကိုပြန်ရောက်တဲ့အကြောင်းဆက်ရေးပါ့မယ်။ ဓာတ်ပုံတွေပါ ဆက်တင်ပါ့မယ်။ အဖွဲ့အစည်းတွေက ရဲဘော်တွေရဲ့သားသမီးတွေ ကျောင်းမတက်နိုင် ဒုက္ခရောက်တဲ့အကြောင်း VDO ဖိုင်တွေပါ တင့်ပါ့မယ်။ အခုတော့ သတင်းယူတုံးမို့စောင့်ပေးကြပါ။
1/8/09
ဗမာဆိုရင် ဒီလိုကျင့်ပါ
ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း(၅)မျိုး ရှိသည်။
1. သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
2. သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
3. ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
4. မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
5. မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
စည်းကမ်း(၅)မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဥာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည်။ လူသားများသည် အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅)ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။
1. ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
2. စောင့်ထိန်းမှု သီလရှိရမည်။
3. ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
4. ကံတရားကို ယုံကြည်သူဖြစ်ရမည်။
5. သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -
ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅)ရပ်ကို အဂ္ဂုင်္တ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်
-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။
(၂) စောင့်ထိန်းမူ သီလ ရှိရမည်
- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ
-ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။
(၄)ကံတရားကို ယုံကြည်သူဖြစ်ရမည်
-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။
(၅)သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ
-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊)(မကောင်းမှုမှ ကောင်းမှုသို့၊)(အမှောင်မှ အလင်းသို့၊)(မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

1/2/09
စစ်ကိုင်းမှာ ပထမဆုံး အင်တာနက်ဆိုင်ဖွင့်ပြီ
စစ်ကိုင်းမြို့တွင်အင်တာနက်ဆိုင်တစ်ခု ကို ၃.၁.၂၀၀၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့သိရတယ်။ အခုတော့စမ်းသပ်အသုံးပြုခွင့်ပေးထားတယ်။ နေရာကတော့ တောင်ရိုးလမ်း ဇေယျာသီရိရုပ်ရှင်ရုံအရှေ့ဘက် မှာဖြစ်ပါတယ်။
ဦးဇင်းတော့တော်တော်လေးဝမ်းသာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေ အင်တာနက်သုံရတာ စစ်ကိုင်းမှာတင်အဆင်ပြေသွားတယ်လေ။ အရင်တုန်းက ဆိုရင် မန္တလေးသွားဖို့ ကိုတော်တော်လေး ဒုက္ခရောက်ကြတယ်။ တောင်ပေါ်ကနေ သုံးဘီးဆိုင်ကယ် (သို့) မြင်းလှည်းစီး ရတဲ့ ဒုက္ခ၊ ကိုးပေ ကနေ မန္တလေးကို ကားစီးရတဲ့ဒုက္ခတွေ ၊ မန္တလေးရောက်ရင် အင်တာနက်ဆိုင်သွားရတဲ့ဒုက္ခတွေက မလွယ်ဘူးလေ။ အခုတော့ တောင်ပေါ်က နေ သုံးဘီး(သို့) မြင်းလှည်းလေးစီးတာနဲ့ရောက်ပြီလေ။ ကော်နက်ရှင်ကလည်း
မဆိုးဘူး ။ ADSL လို့သိရပါတယ်။
မဆိုးဘူး ။ ADSL လို့သိရပါတယ်။
အင်တာနက် အသုံးပြုခက တော့ တစ်နာရီကို (၆၀၀) ကျပ်နဲ့ မန်ဘာကတ်လုပ်မယ်ဆိုရင် (၁၀)နာရီကို ၅၀၀၀ ကျပ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဦးဇင်းအနေနဲ့ စစ်ကိုင်းတောင်မှာ မတတ်နိုင်သေးတဲ့အချိန်မှာ အခုလိုအင်တာနက်ဆိုင်တစ်ခု စစ်ကိုင်းမှာဖွင့်လှစ်တာ အရမ်းကို ကျေးဇူးတင်ကြောင်းနဲ့ ၀မ်းသာကြောင်း။ အင်တနာက်ဆိုင်နာမည်ကို ORCA လို့ပေးထားပါတယ်။
ှုဦးကောဝိဒ
ဆိုင်ပိုင်ရှင်ကျန်းမာပါစေ။ ချမ်းသာပါစေ။
12/30/08
စစ်ကိုင်းတောင်ရိုး ကွန်ပျူတာသင်တန်းအတွက် မီးစက်အရေးတကြီးလိုအပ်နေပါတယ်
ဒါယကာစစ်ကိုင်းမှာသင်တန်းသားတွေတော်တော်ဒုက္ခရောက်နေကြတယ်။ဒါယကာ
ဦးဇင်းတွေက ၀ိုင်းလျှောက်ကြပါတယ်။ စစ်ကိုင်းကိုဦးဇင်းမနေ့ ကမနက်ပိုင်း ပြန်ရောက်ပါတယ်။ သင်တန်းသားတွေရဲ့ရင်ဖွင့်သံတွေပါ။ သင်တန်းသားတွေ တော်တော်လေးဒုက္ခရောက်နေတယ်လို့လျှောက်ကြတော့ ။ ဦးဇင်းတော်တော်လေးစိတ်မကောင်းဘူးဖြစ်သွားတယ်။ မီးပျက်တက်ကိစ္စတဲ့
ဦးဇင်းလည်းကြိုးစားနေတဲ့အကြောင်းသင်တန်းသားတွေဇွဲမလျှော့ ကြဖို့ ဦးဇင်းအားပေးစကားပြောရတာပေါ့။
ဒါပေမဲ့ ဦးဇင်းရောက်တာ နှစ်ရက်ရှိပြီ။ မီးက ဒီနေ့ဦးဇင်းမန္တလေးသင်တန်း ကိုလာတဲ့အထိကို မီးက မလာသေးဘူး။ဦးဇင်းတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ။ မီးစက်ကလည်းဈေးကြီးတော့ ဦးဇင်းလည်းမတတ်နီုင်ဘူးလေ ။အလှူရှင်ကလည်းမရှိသေးဘူးလေ။

Sent at 5:45 PM on Tuesday
ဆရာတော် ဦးကောဝိဒ
သာသနဝေပုလ္လကျောင်းတိုက်
စစ်ကိုင်းတောင်ရိုးလပြည့်ဝန်းလမ်း
kovida9@gmail.com
12/29/08
ကဗျာဆရာ ကိုငြိမ်းလူ(ဟယ်ပင်)သို့
အဖေက သားကို တိုးတက်တက်စေချင်လို့ နိုင်ငံခြားကိုလွှတ်တယ်။ သားကတိုးတက်ချင်လို့ အတာချီကေ့စ် ဆွဲပြီး နိုင်ငံခြားကိုလာတယ်။ လာတဲ့နေရာက ထိုင်းမြန်မာနယ်စပ်တနေရာ။ တော်လှန်သော လူငယ်တွေဆုံစည်းပြီး ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တဲ့နေရာ။ ခံစားခွင့်၊ ဘ၀အာမခံချက် စတဲ့ လူပြောများနေတဲ့ ယဉ်ကျေးမှု ကိုကျောခိုင်း၊ သူတကယ်ယုံကြည်တဲ့အမှန်တရားနောက်ကို လိုက်ခဲ့သူ။ အဖေက စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်။ အဖေယုံကြည်တာကို လက်မခံ။ အမှန်တရားကို တူးဆွ ထူးလှတဲ့သူ့ဘ၀။
တခါတုန်းက ဘုရားသုံးဆူနားက လွတ်မြောက်နယ်မြေစခန်းတခုမှာ သူက သင်တန်းမှုး။ ညဘက် ရဲဘော်တွေ အိပ်မောကြ နေချိန် သူ မအိပ်။ ကာဘိုင်ကိုဆွဲပြီး မိုးလင်းချိန် ရဲဘော်တွေစားဖို့ တောကြောင်ပစ်ထွက်။ တောကြောင် ရပြီး သူ ကိုယ်တိုင်ကိုင်၊ သူကိုယ်တိုင်ချက်၊ သူကိုယ်တိုင် မင်းတစ်တုံးငါတစ်တုံး။ ငါလုပ်လို့ ငါပိုစားမယ် သူ့မှာမရှိ။ သူ့ရင်ထဲမှာ ရှိတာက အမှန်တရား၊ တရားမျှတမှု။ အခုလည်း အမှန်တရားကို ဆက်လက် ရှာဖွေနေဆဲ။
ကျနော်တော့ သူပြောသလို " ၀ီဝီမျည်တယ်...ဘာလဲ..အဲဒီကောင်နာမည်....မေ့နေလို့။ သူက Bite တယ်လေ..သြော်သိပြီ။ ....Mosquito"

12/28/08
ကိုနိုင်ထွန်းရေ သတိရပါသေးတယ်

ရဲဘော်နိုင်ထွန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ
ရဲဘော် နိုင်ထွန်း - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(၁၉၆၅-၂ဝဝ၄)
ပါတီဝင်အမှတ် (၇၁၂ဝ၉)
ရဲဘော် နိုင်ထွန်းအား ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အဖ ဦးခင်ထွန်း၊ အမိ ဒေါ်မမလေးတို့မှ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့သည်။
၁၉၇ဝ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ အမှတ် ၁ မူလတန်းကျောင်းတွင် စတင်ပညာသင် ကြားခဲ့သည်။
၁၉၇၆ ခုနှစ်တွင် စစ်ကိုင်းမြို့ အမှတ် ၁ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားသောအခါ စစ်ကိုင်းမြို့ လူထုဆန္ဒပြပွဲများ၌ တက်ကြွစွာပါဝင်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးသောအခါ စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၉ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းမြို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။
၁၉၉ဝ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းမြို့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရေးအတွက် ကျေးရွာ ရပ်ကွက်များသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်မှုများကို လူငယ်အဖွဲ့အစည်းများ၊ ဗကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
၁၉၉ဝ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ စုစည်း၍ ရန်ကုန်မြို့ ဂန္ဒီခန်းမ၌ စက်တင်ဘာ လတွင် လွှတ်တော်ခေါ်ယူရေးအတွက် ဂန္ဒီခန်းမကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗကသ အပါအဝင် လူငယ်အဖွဲ့အစည်းများ၊ မဟာမိတ်ပါတီအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ဂန္ဒီခန်းမ ကြေငြာစာတမ်းအား ထောက်ခံတိုက်ပွဲဝင်သည့် လှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။
၁၉၉ဝ ပြည့်နှစ်နှောင်းပိုင်းတွင် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ (KNU) တပ်မဟာ ၃ နယ်မြေတွင် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များအဖွဲ့ချုပ် (DAB) အလုပ်အဖွဲ့၌ မြေအောက်လုပ်ငန်း အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၃ မှ ၁၉၉၄ ခုနှစ်အထိ ပါတီဌာနချုပ် (မာနယ်ပလော)တွင် သုတေသနဌာနအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၉၄ မှစ၍ ပါတီအလုပ်အဖွဲ့အမှတ် ၂ ၊ မွန်ပြည်သစ်ပါတီနယ်မြေတွင် ပါတီတာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၉၆ မှ ၁၉၉၈ အထိ ပါတီအလုပ်အဖွဲ့အမှတ် ၂ တာဝန်ခံအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ပါတီ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ မဲ့ဆောက်မြို့မြန်မာအလုပ်သမားများ၏ ‘မိုးသောက်ပန်း လူမှုရေးအသင်း’ တွင် လူမှုရေး၊ စည်းရုံးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြင်ပဆက်ဆံရေးရုံး(ချင်းမိုင်) တွင်၂ဝဝ၁ ခုနှစ် မှစ၍ တာဝန်ပေးအပ်ခြင်းခံရသည်။
၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၄ နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကွယ်လွန်သည်။
မှတ်ချက်။ ။ ကိုမောင်ဦးဆီကနေ ကောပီကူးသည် http://oothandar.blogspot.com/2008/12/blog-post_25.html
12/26/08
ယုကိစံမှ အမှာစကား
ယုကိစံမှ အမှာစကား
(Message From YukoSan)
ဒေါက်တာခင်မောင်ညို(Message From YukoSan)
သြဂုတ်လ (၆) ရက်မှာ ကျွန်မဒီစာပို့လိုက်ပါတယ်။ မှတ်မိတယ်မဟုတ်လား။ အဲဒီနေ့ဟာ ကျွန်မတို့ ဂျပန်တွေအတွက် ကမ္ဘာပျက်တဲ့နေ့ပေါ့။ ကမ္ဘာ့လူသူားတွေအတွက်လည်း ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု ကြီးရှိနေကြောင်းပြသတဲ့ နေ့တနေ့ပဲပေါ့။

ဟီရိုရှီးမားမြို့ အနုမြူဗုံးထိပြီး ယခုကဲ့သို့ ပြာပုံဘ၀ရောက်ခဲ့ရတယ်
ကျွန်မဒီစာကို ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ခံစားပြီးရေးတာမဟုတ်ပါဘူး။ ကမ္ဘာ့လူသားတစ်ယောက် အနေနဲ့ ရေးတာပါ။ ဂျပန်လူမျိုးတွေရဲ့ ဆုံးရှုံးမှုကိုရေးတာ မဟုတ်ပါဘူး။ လူသားများဆုံးရှုံးမှုကိုရေးတာပါ။
ဒီအကြောင်းတွေကို ကျွန်မလိပ်ပတ်လည်အောင် ပြောပြမှရှင်းမှာပါ။ ကျွန်မတို့ဂျပန်ဟာအနုမြူဗုံးနှစ်လုံး အချခံရပြီး စစ်ရှုံးရပါတယ်။ ကျွန်မတို့ဘုရင်ဟာလည်း သူ့ကိုလူတွေယုံကြည်ထားသလို သူဟာနေမျိုးနတ် နွယ်မဟုတ်မဟုတ်ပါဘူး။ သာမန်လူသာလျှင်ဖြစ်တယ်လို့ကြေညာရတယ်။ ဒါတွေကြားတိုင်း၊ သတိရတိုင်း ရင်ထဲမှာဝမ်းနည်းရတယ်။

ကျွန်မငယ်ငယ်ကသမိုင်းသင်ခန်းစာတွေထဲမှာ ဂျပန်တွေဟာ မန်ချူးရီးယား၊ ကိုရီးယားတို့ကိုသိမ်းပိုက်နိုင် တယ်။ ရုရှတပ်မတော်ကိုလည်းအနိုင်တိုက်ခဲ့တယ်လို့သင်ခဲ့ရတယ်။ ဒါ့ကြောင့်သမိုင်းသင်တိုင်းမှာ ကျွန်မ စိတ်ဓာတ် တက်ကြွပါတယ်။
ဒါပေမဲ့ ကျွန်မတို့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဂျပန်တို့စစ်ရှုံးကြောင်းကိုပိုသိလာရတယ်။ စစ်ရှုံးသူ တွေရဲ့ရင်ထဲဝင်ကြည့်ရင် သူတို့ဘယ်လောက်ခံစားရတယ်ဆိုတာသိလောက်တယ်။ ကျွန်မအဖေက ပြောပြ တယ်။ ဟီရိုရှီးမားမှာ အနုမြူဗုံးချတယ်။ လူတွေသိန်းချီသေတယ်။ နောက်သုံးရက်အကြာမှာ နာဂါစကီမှာ ဗုံးချ တယ်။ လူငါးသောင်းကျော်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အဲဒီလောက်ပဲရှိတယ်တဲ့။
အဖေက အဲဒီတုန်းက ငယ်ငယ်လေးပါ။အဖေတို့အိမ်က နာဂိုရာမှာပါ။ နာဂိုယာလည်း ဗုံးကြဲခံထိလို့ တစ်မြို့လုံးမီးလောင်ခဲ့တာပဲ။ ကျွန်မအရွယ်ရောက်လာတော့ စစ်ကိုမုန်းတယ်။ ရင်ထဲမှာ နာကျင် တယ်။ အထူးသဖြင့် အမေရိကန်တွေဘာကြောင့် အနုမြူဗုံးကြဲရသလဲ ဆိုတာကိုပေါ့။ ဒီအကြိတ်အခဲ ကိုချေဖို့ နှစ်စဉ်သြဂုတ်လရောက်တိုင်း ကျွန်မတို့ဆုတောင်းစာတွေပို့တယ်။ ကျွန်မတို့ရဲ့နာကြည်းချက် တွေကို ရေးသား ပေးပို့တယ်။ ဘယ်ကိုရောက်ရောက်ဘယ်ပေါက်ပေါက် တိုကျိုပင်လယ်အော်မှာ ပုလင်းတွေနဲ့ လည်းမျော ကြတယ်။ နိုင်ငံခြားတိုင်းပြည်တွေကိုတော့ ကျွန်မမတက်တတက်ရေးတဲ့ အင်္ဂလိပ် စာတွေကို စာစောင်တွေထဲက တွေ့တိုင်းလိပ်စာတွေကိုကူးပြီးပို့တယ်။
အချို့စာပြန်ပါတယ်။ ဒီနာကြည်းချက်တွေဟာမှန်သလား၊ မှားသလား။ ကျွန်မနည်းနည်းလေးအရွယ်ရလာ တော့စဉ်းစားဆင်ခြင်ကြည့်သေးတယ်။ ဒါပေမဲ့ အဖြေရှာမရဘူး။ ကျွန်မရဲ့ အကြိတ်အခဲကတော့ ပိုကြီးထွား လာတာပါပဲ။
ရက်တွေကြာလာတော့မှ အဖေ့စကားကိုသဘောပေါက်လာတယ်။ စွန့်လွှတ်ရတဲ့လူ့သဘာဝကို နားလည်မိ တယ်။ ဒီအခါမှာသည်းခံပြီး အကောင်းဆုံးကိုကြိုးစားရယူကြတာ သဘာဝကျပါတယ်။
ဒီတော့မှ စစ်သွေးကြွဂျပန်တွေရဲ့စစ်ကိုရပ်ဆိုင်းဖို့တိုင်းတစ်ပါးက အနုမြူဗုံးသုံးတာကို နားလည်သဘော ပေါက်မိတယ်။ကျွန်မနာကြည်းခါးသီးတဲ့ခံစားမှုတွေဟာ တစ်စတစ်စပျောက်ကွယ်သွားတယ်။ ဒီနှစ်စာမှာ တော့ ခါတိုင်းလိုမုန်းတီးခါးသီးတဲ့ စကားလုံးတွေမပါတော့ပါဘူး။ စာတွေကို ကျွန်မအီးမေးနဲ့ပို့တယ်။ အရင်နှစ်က စာတွေကလို ကျွန်မရေးတော့ပါဘူး။ ကျွန်မရဲ့စာကို အင်တာနက်မှာ ဖတ်မိကြတဲ့ဂျပန်တွေက လည်း ယုကိစံဆိုတဲ့ကောင်မလေးဟာပျော့ညံ့တယ်ပြောရင် ကျွန်မခံပါ့မယ်။
ဒေါက်တာခင်မောင်ညို
Ref “Japanese e-mail from Yuko Nagamura”, computertimes.asial.com.sg
ပေါ်ပြူလာဂျာနယ် အတွဲ ၅၊ အမှတ် ၃၄၊ ၂၈၊ဂ၊ ၂၀၀၁ အင်္ဂါနေ့၊ စာမျက်နှာ (၇)မှ ဆောင်းပါးဖြစ်ပါသည်။

ဟီရိုရှီးမားမြို့ အနုမြူဗုံးထိပြီး ယခုကဲ့သို့ ပြာပုံဘ၀ရောက်ခဲ့ရတယ်ကျွန်မဒီစာကို ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ခံစားပြီးရေးတာမဟုတ်ပါဘူး။ ကမ္ဘာ့လူသားတစ်ယောက် အနေနဲ့ ရေးတာပါ။ ဂျပန်လူမျိုးတွေရဲ့ ဆုံးရှုံးမှုကိုရေးတာ မဟုတ်ပါဘူး။ လူသားများဆုံးရှုံးမှုကိုရေးတာပါ။
ဒီအကြောင်းတွေကို ကျွန်မလိပ်ပတ်လည်အောင် ပြောပြမှရှင်းမှာပါ။ ကျွန်မတို့ဂျပန်ဟာအနုမြူဗုံးနှစ်လုံး အချခံရပြီး စစ်ရှုံးရပါတယ်။ ကျွန်မတို့ဘုရင်ဟာလည်း သူ့ကိုလူတွေယုံကြည်ထားသလို သူဟာနေမျိုးနတ် နွယ်မဟုတ်မဟုတ်ပါဘူး။ သာမန်လူသာလျှင်ဖြစ်တယ်လို့ကြေညာရတယ်။ ဒါတွေကြားတိုင်း၊ သတိရတိုင်း ရင်ထဲမှာဝမ်းနည်းရတယ်။

ကျွန်မငယ်ငယ်ကသမိုင်းသင်ခန်းစာတွေထဲမှာ ဂျပန်တွေဟာ မန်ချူးရီးယား၊ ကိုရီးယားတို့ကိုသိမ်းပိုက်နိုင် တယ်။ ရုရှတပ်မတော်ကိုလည်းအနိုင်တိုက်ခဲ့တယ်လို့သင်ခဲ့ရတယ်။ ဒါ့ကြောင့်သမိုင်းသင်တိုင်းမှာ ကျွန်မ စိတ်ဓာတ် တက်ကြွပါတယ်။
ဒါပေမဲ့ ကျွန်မတို့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဂျပန်တို့စစ်ရှုံးကြောင်းကိုပိုသိလာရတယ်။ စစ်ရှုံးသူ တွေရဲ့ရင်ထဲဝင်ကြည့်ရင် သူတို့ဘယ်လောက်ခံစားရတယ်ဆိုတာသိလောက်တယ်။ ကျွန်မအဖေက ပြောပြ တယ်။ ဟီရိုရှီးမားမှာ အနုမြူဗုံးချတယ်။ လူတွေသိန်းချီသေတယ်။ နောက်သုံးရက်အကြာမှာ နာဂါစကီမှာ ဗုံးချ တယ်။ လူငါးသောင်းကျော်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အဲဒီလောက်ပဲရှိတယ်တဲ့။
အဖေက အဲဒီတုန်းက ငယ်ငယ်လေးပါ။အဖေတို့အိမ်က နာဂိုရာမှာပါ။ နာဂိုယာလည်း ဗုံးကြဲခံထိလို့ တစ်မြို့လုံးမီးလောင်ခဲ့တာပဲ။ ကျွန်မအရွယ်ရောက်လာတော့ စစ်ကိုမုန်းတယ်။ ရင်ထဲမှာ နာကျင် တယ်။ အထူးသဖြင့် အမေရိကန်တွေဘာကြောင့် အနုမြူဗုံးကြဲရသလဲ ဆိုတာကိုပေါ့။ ဒီအကြိတ်အခဲ ကိုချေဖို့ နှစ်စဉ်သြဂုတ်လရောက်တိုင်း ကျွန်မတို့ဆုတောင်းစာတွေပို့တယ်။ ကျွန်မတို့ရဲ့နာကြည်းချက် တွေကို ရေးသား ပေးပို့တယ်။ ဘယ်ကိုရောက်ရောက်ဘယ်ပေါက်ပေါက် တိုကျိုပင်လယ်အော်မှာ ပုလင်းတွေနဲ့ လည်းမျော ကြတယ်။ နိုင်ငံခြားတိုင်းပြည်တွေကိုတော့ ကျွန်မမတက်တတက်ရေးတဲ့ အင်္ဂလိပ် စာတွေကို စာစောင်တွေထဲက တွေ့တိုင်းလိပ်စာတွေကိုကူးပြီးပို့တယ်။
အချို့စာပြန်ပါတယ်။ ဒီနာကြည်းချက်တွေဟာမှန်သလား၊ မှားသလား။ ကျွန်မနည်းနည်းလေးအရွယ်ရလာ တော့စဉ်းစားဆင်ခြင်ကြည့်သေးတယ်။ ဒါပေမဲ့ အဖြေရှာမရဘူး။ ကျွန်မရဲ့ အကြိတ်အခဲကတော့ ပိုကြီးထွား လာတာပါပဲ။
မနှစ်က ကျွန်မ ၁၈ နှစ်မွေးနေ့မှာမှ ကျွန်မနားလည်းသွားတယ်။ အဲဒီနေ့မှာ အဘွားကခြေထောက်ဖြတ်ခံရ လို့ပဲ။ ဖြစ်ပုံက အဘွားမှာ ဆီးချိုရှိတယ်။ အဘွားကသိတယ်။ သို့သော်ဘာမှ မပြောဘူး။ တိတ်တဆိတ်ကလေး နေတယ်။ နောက်ခြေထောက်မှာ အနာဖြစ်ရာကခြေထောက်ပုတ်မှ အဖေတို့သိကြ တော့တယ်။ အဘွား ခြေထောက်ကိုဖြတ်တော့ ကျွန်မငိုလိုက်ရတာ။ မဖြတ်ကြပါနဲ့လို့ကျွန်မပြောတယ်။ ဒုက္ခိတအဘွားအိုကို ကုသပေး ဖို့နည်းလည်းမရှိတော့ဘူးလားလို့ ကျွန်မမေးတယ်။ အဖေက ‘သမီးရယ် မငိုပါနဲ့ ခြေထောက်ဖြတ်တာဟာ အသက်ဆုံးရှုံးတာထက်တော်သေးတာပေါ့’ တဲ့။
နှစ်ပေါင်း ၅၀ ကြာပြီးနောက် ဂျပန်တွေ သူတို့မြို့ကိုအခုလို တည်ဆောက်နိုင်ခဲ့တယ်
နှစ်ပေါင်း ၅၀ ကြာပြီးနောက် ဂျပန်တွေ သူတို့မြို့ကိုအခုလို တည်ဆောက်နိုင်ခဲ့တယ်ရက်တွေကြာလာတော့မှ အဖေ့စကားကိုသဘောပေါက်လာတယ်။ စွန့်လွှတ်ရတဲ့လူ့သဘာဝကို နားလည်မိ တယ်။ ဒီအခါမှာသည်းခံပြီး အကောင်းဆုံးကိုကြိုးစားရယူကြတာ သဘာဝကျပါတယ်။
ဒီတော့မှ စစ်သွေးကြွဂျပန်တွေရဲ့စစ်ကိုရပ်ဆိုင်းဖို့တိုင်းတစ်ပါးက အနုမြူဗုံးသုံးတာကို နားလည်သဘော ပေါက်မိတယ်။ကျွန်မနာကြည်းခါးသီးတဲ့ခံစားမှုတွေဟာ တစ်စတစ်စပျောက်ကွယ်သွားတယ်။ ဒီနှစ်စာမှာ တော့ ခါတိုင်းလိုမုန်းတီးခါးသီးတဲ့ စကားလုံးတွေမပါတော့ပါဘူး။ စာတွေကို ကျွန်မအီးမေးနဲ့ပို့တယ်။ အရင်နှစ်က စာတွေကလို ကျွန်မရေးတော့ပါဘူး။ ကျွန်မရဲ့စာကို အင်တာနက်မှာ ဖတ်မိကြတဲ့ဂျပန်တွေက လည်း ယုကိစံဆိုတဲ့ကောင်မလေးဟာပျော့ညံ့တယ်ပြောရင် ကျွန်မခံပါ့မယ်။
တချိန်ကလိုအပ်လို့ခြေဖြတ်ထုတ်ခံရတဲ့ကျွန်မရဲ့အဘွားဟာယနေ့မှာ ကျန်းမာပျော်ရွှင်နေပါတယ်။ သူ့ရဲ့ ဘီးတပ်ကုလားထိုင်ဟာသူရဲ့ကစားစရာဖြစ်နေတယ်။ တကယ်လို့ခြေထောက်ကိုသာ မဖြတ်နိုင်ခဲ့ရင်အဘွား ဟာဒီလိုအသက်ရှည်မှာမဟုတ်ဘူး။ ယနေ့ဂျပန်ရဲ့တိုးတက်မှုကိုလူတွေအားလုံးမြင်နေရပါပြီ။ ဒါဟာဟီရို ရှီးမားနဲ့နာဂါစကီဟူသော ခြေထောက်ကိုဖြတ်လိုက်လို့ပဲပေါ့။ စစ်ရောဂါကို ဒီလိုကုစားတက်ပါလားလို့ သဘောပေါက်လိုက်မိတယ်။
ကျွန်မဆိုတဲ့ ယုကိစံဟာလူသားတွေနဲ့ အတူလူသားတွေကိုချစ်မယ်။ လူသားတွေကိုဒုက္ခပေးတဲ့စစ်ကို ဆန့်ကျင်မယ်။ နောက်တော့ လူသတ်လက်နက်တွေကိုဆန့်ကျင်မယ်။ ကမ္ဘာ့ရွာကို ကျွန်မမျှော်မှန်းပါတယ်။ ကျွန်မတို့ဟာ နောက်တကြိမ်ခြေထောက်မဖြတ်ခံရဖို့ ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။
ကျွန်မဆိုတဲ့ ယုကိစံဟာလူသားတွေနဲ့ အတူလူသားတွေကိုချစ်မယ်။ လူသားတွေကိုဒုက္ခပေးတဲ့စစ်ကို ဆန့်ကျင်မယ်။ နောက်တော့ လူသတ်လက်နက်တွေကိုဆန့်ကျင်မယ်။ ကမ္ဘာ့ရွာကို ကျွန်မမျှော်မှန်းပါတယ်။ ကျွန်မတို့ဟာ နောက်တကြိမ်ခြေထောက်မဖြတ်ခံရဖို့ ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။
ဒေါက်တာခင်မောင်ညို
Ref “Japanese e-mail from Yuko Nagamura”, computertimes.asial.com.sg
ပေါ်ပြူလာဂျာနယ် အတွဲ ၅၊ အမှတ် ၃၄၊ ၂၈၊ဂ၊ ၂၀၀၁ အင်္ဂါနေ့၊ စာမျက်နှာ (၇)မှ ဆောင်းပါးဖြစ်ပါသည်။
12/24/08
မြန်မာ့စိုက်ခင်းများနှင့် အဟောင်းဈေးများ
Perth မှာဆိုရင် သောကြာ၊ စနေ၊တနင်္ဂနွေဆိုရင် သူ့နေရာနဲ့သူ ပစ္စည်းအဟောင်းတွေကို ချရောင်းကြပါတယ်။ ပြား ၅၀ ကစလို့၊ ဒေါ်လာ တစ်ရာ အထိရှိပါတယ်။ ရောင်းသူဝယ်သူကတော့ အစုံပဲ။ အဖြူ၊ ကုလား၊တရုတ်၊ ဗီယမ်နမ်တွေအများစုပေါ့။ မြန်မာတွေကတော့ စားသုံးသူတွေပါ။ မြန်မာအများစုကတော့ အဟောင်းဈေးကို အားကိုးကြပါတယ်။ အသစ်ကိုဝယ်ရင်ဈေးကြီးလို့အဟောင်းကို အားပေးကြပါတယ်။ ၀ယ်ရင်လည်းသတိထားရ ပါတယ်။ အဖြူတွေဆီကနေ၀ယ်ရင် ဈေးတော်ပါတယ်။ အဖြူဆိုရင် English လူမျိုးတွေက သူတို့အိမ်က အမှိုက်တွေကို ရှင်းတဲ့အချိန်နဲ့တွေရင် ဈေးပေါပါတယ်။ တခြားအဖြူတွေဖြစ်တဲ့ အီတလီ၊ ဆိုဗီယက်ပြည်ထောင်စု ဘက်က နိုင်ငံတွေက လူမျိုးအဖြူတွေဆိုရင်တော့ ဈေးကြီးပါတယ်။ ၀ယ်ရောင်းလုပ်တဲ့သူတွေဆိုတော့။ အသားဝါတွေဖြစ်တွေ အာရှသားတွေလည်း ဒီအတိုင်းပါဘဲ။ ဈေးကြီးပါတယ်။ အထက်ပါပုံတွေက အဟောင်းဈေးသွားရင် တယ်လီဖုန်းနဲ့ရိုက်လာတာကို ရှယ်ပေးတာပါ။
Auto ရေလောင်းတဲ့စနစ်ကို သုံးပြီး မြန်မာ့ရိုးရာချဉ်ပေါင်ရွက်ကို အခုလိုစိုက်ပါတယ်
ချဉ်ပေါင်၊ ကန်ဇွန်း၊ ကင်ပွန်းချဉ်ရွက်၊ ဘူးသီး၊ ရာသီအလိုက် စိုက်ပျိုးနိုင်သောနေရာလေးပါ...မြေသားမရှိ၊ သဲသောင်ပေါ်မှာ စိုက်ပျိုးနိုင်ပါတယ်။နေရာကတော့ သြစတျေးလျနိုင်ငံ ပတ်သ်မြို့လေးပါ။ မြေသြဇာ များများထည့်စရာမလို အလိုလိုပေါက်လာပါလိမ့်မယ်။ မြန်မာနိုင်ငံက ချဉ်ပေါင်ရွက်သည်များလည်း ဒီအချိန်မှာ တွေ့နိုင်ပါတယ်။ တယ်လီဖုန်းနဲ့ရိုက်ထားတာကို လေ့လာကြည့်ပါအုံး...။ ချဉ်ပေါက်ရွက် တကီလိုကို ၁၂-ဒေါ်လာနဲ့ အရောင်းအ၀ယ်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေနေတဲ့အိမ်တိုင်းနီးပါးမှာ ချဉ်ပေါင်ရွက်ရှိပါတယ်။ ချင်းလူမျိုးတွေ နေတဲ့အိမ်တိုင်းမှာ ဆလက်ရွက်နဲ့ မုန်းညင်းတွေ စိုက်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။
12/19/08
စောက်တလွဲမြန်မာတွေ
ဒီနေ့ အလုပ်လုပ်ရင်း သူငယ်ချင်းတယောက်နဲ့ ကားထဲမှာစကားပြောတယ်။ သူငယ်ချင်းက ချင်းလူ မျိုးမိန်းခလေးပါ။ သူမကစပြောတယ် Perth မှာ မြန်မာပြည်က ဟိုလိုလိုဒီလိုလို ဟွန်ဒီ သမား(မြန်မာပြည်ကိုငွေလွဲသူ)တစ်ယောက် ချမ်းသာနေပြီဆိုတဲ့အကြောင်း။ သူက မလေးရှားမှာလည်း ဆိုင်အကြီးကြီးရှိတယ်၊ ဒီမှာလည်းရှိတယ်၊ ဒီကနေ အဲဒိဆိုင်ကိုအင်တာနက်ကနေ လှမ်းပြီးထိန်းချုပ်နေတယ် ဆိုတဲ့အကြောင်း.....။ အဲဒိအကြောင်းကိုပြောနေတာပါ။
ဒါနဲ့ကိုယ့်ခေါင်းထဲမှာ စဉ်းစားမိတာက...လခစားလုပ်တဲ့သူတွေရဲ့အကြောင်း၊ စက်ရုံအလုပ်ရုံ၊ မင်းမှုထမ်း စသဖြင့်...
ဥပမာ ကျနော် တနှစ်ကို ဒေါ်လာ တစ်သိန်း အခွန်မဖြတ်ခင် အော်စီမှာရတယ်။ နှစ်ပေါင်းလေးဆယ်ဆိုရင် ဒေါ်လာ လေးသန်းရမယ်။ နှစ်ပေါင်းလေးဆယ်တောင် ကျနော်အသက်ရှင်ရမလား။ ဒါဆို လခစားလုပ်ရင် ကျနော့် ခန္ဒာကိုယ်က ဒေါ်လာလေးသန်းပဲ တန်တာပေါ့။ အဲဒိအချိန်အတွင်မှာ ပေးဆပ်စရာတွေ တပုံကြီး၊ အချိန်၊ ပျော်ရွင်မှု၊ လွတ်လပ်မှု စတာတွေ....
ဒါဆို သန်းပေါင်းများစွာ ချမ်းသာနေတဲ့ သူတွေနဲ့ ကျနော့်လေးသန်းတန် ကိုယ်ခန္ဒာနဲ့၊။ လူချင်းတူပေမဲ့ တန်ဖိုးနည်းသလိုဖြစ်နေတယ်။ ဒါဆိုမဟုတ်သေးဘူး။ တခုခုတော့ လုပ်မှာ ရတော့မယ်။
ဒါ ကျနော့်စဉ်းစားချက်ကို အော်စီမှာရှိတဲ့အခြေအနေနဲ့တိုင်းတာနေတာပါ။ ကျနော်သိပ်ချစ်တဲ့ မြန်မာပြည်ကြီးမှာ လခစားဝန်ထမ်းတွေ တန်ဖိုးနည်းနေတာအပြင်၊ လွတ်လပ်ခွင့်ကော ရှိကြရဲ့လား။ သူတို့ခင်ဗျာ....စောက်ရှုး ဗိုလ်ချုပ်တစုကို လုပ်ကျွေးနေရတယ်။ တေဇနဲ့သူ့မိသားစု ချမ်းသာအောင် ကျွန်ခံပေးရတယ်။ သူလဲလူပဲ၊ ကိုယ်လဲလူပဲ၊ သူတို့ ချမ်းသာတယ်၊ ခိုးလို့ရတဲ့ငွေတွေနဲ့ ဇိမ်ကျကျနေတယ်။ သူ့သားသမီးတွေကို နိုင်ငံခြားမှာ ကောင်းကောင်း ကျောင်းထားတယ်။ ကျနော့်အဒေါ်ရဲ့သားနဲ့သမီး ကျောင်းအပ်စရာငွေမရှိလို့ သူ့မ သားသမီးတွေကို အလုပ်လုပ်ခိုင်းရတယ်။
သူတို့ကိုယ်သူတို့ ကယ်တင်ရှင်လိုလို ဘာလိုလို။ မြန်မာလူမျိုးတဲ့ဗျာ။ မြန်မာလူမျိုးတွေ ယဉ်ကျေးတယ်၊ ဖော်ရွေတယ်၊ ကူညီတယ်တဲ့။ စောက်တလွဲ မြန်မာတွေ။
မှတ်ချက်၊ ဘီယာသောက်ရင်း ရေးချင်လို့ရေးတာပါ။ ဆဲချင်လဲဆဲပါ။

12/12/08
ကရင်လူငယ်လေးတစ်ဦးရဲ့တီထွင်မှု
သူ့အိမ်မှာ အခုလိုအမှတ်တရ သိမ်းထားတယ်။ဒီလူငယ်လေးဟာ အသက် ၁၇-နှစ်ပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အုန်းဖန်ဒုက္ခသည် စခန်းမှာကြီးပြင်းလာပြီး သြစတျေးလျနိုင်ငံ Perth မြို့ကို ၂၀၀၆-ခုနှစ်ထဲမှာ အခြေချနေထိုင်ခဲ့တာပါ။ မြန်မာလိုသိပ်မတက်ပါဘူး။ သူ့မိသားစုကတော့ KNU မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပါ။ သူက Perth ကိုစရောက်တော့ ၁၁-တန်းကနေ ကျောင်းတက်ပါတယ်။ အခုတော့ ၁၂-တန်းပြီးသွားလို့ Mechanic သင်တန်း ကိုတက်ဖို့စောင့်နေသူပါ။ ၁၂-တန်းတက်ရင်းနဲ့ ကျောင်းက တချို့သင်တန်းအချိန်တွေမှာ အခုလို စက်ဘီးအသစ်အစမ်း ကိုတင်ထွင်ခဲ့တာပါ။ ကျောင်းမှာရှိတဲ့ တခြားနိုင်ငံသားတွေထဲမှာတော့ သူ့ရဲ့တီထွင်မှုကို သဘောကျလို့ သူတက်တဲ့ကျောင်းက ဂုဏ်ယူစွာနဲ့ တခမ်းတနား သတင်းစဉ်ထဲမှာ သူ့ကိုဖော်ပြပေးပါတယ်။ ကျနော်တို့မြန်မာပြည်က လူငယ်တွေဟာ ဘယ်အခြေအနေရောက်ရောက် မညံ့ဘူးဆိုတာကိုပြလိုက်တာပါပဲ။ အခုဆိုရင် သူဟာ Perth မြို့မှာ စက်ဘီးအသစ်အစမ်းကို စတင်တီထွင်ခဲ့တဲ့ မြန်မာနိုင်ငံက ကရင်လူငယ်လေးအဖြစ် ထင်ရှားနေပါပြီ။
ငါတို့ ဘယ်တော့မှ မညံ့ဘူး.....
12/10/08
12/9/08
လူမျိုး၊ဘာသာ၊သမိုင်း အခြေမခံတဲ့နိုင်ငံရေး....အကြောင်း
ကိုမိုးသီးဇွန်ဘလော့ဂ်မှ ကာယကံရှင် မသိဘဲ ကူးယူဖော်ပြပါသည်။ ကျနော်နှစ်သက်သည့် အတွေးအခေါ်အယူအဆတခုမှာ လူမျိုး၊ ဘာသာ၊ သမိုင်းကို အခြေမခံဘဲ တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွားကို တိုးတက်အောင်လုပ်နိုင်တဲ့ အရည်အချင်း ရှိသူတွေကို နေရာပေးတာပဲဖြစ်ပါသည်။ အောက်ပါဆောင်းပါးကိုဖတ်ကြည့်ပါ။ မြန်မာ့လူ့အဖွဲ့အစည်း မှာလည်း အဲလိုမျိုးတကယ်လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ အမေရိကန်ဖြစ်နေသလို ၊ သြော်စတျေးလျမှာလည်း ရှိနေပါတယ်။ ဗီယမ်နမ်၊ တရုတ်၊ ကုလား လွှတ်တော်အမတ်တွေရှိပါတယ်။ တခုဝမ်းနည်းစရာကောင်းတာက မြန်မာလူမျိုး လွတ်တော်အမတ်တွေ မပေါ်ထွန်းသေးတာပါ။ တချို့သောမြန်မာတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-၅၀ လောက် ကတည်းကရောက်ရှိပြီး ဘာမှမလုပ်နိုင်သေးတာကိုလည်း သတိထား မိပါတယ်။
ဝါးလုံးခေါင်းထဲကနေ ရုန်းထွက်ကြဖို့အချိန်တန်ပါပြီ..........အမေရိကန် အောက်လွှတ်အမတ် အဖြစ် ဗီယက်နမ်လူမျိုး ဂျိုးဇတ်ဂေါင်းကို ရွေးချယ်
အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် ဂျိုးဇတ်ဂေါင်း (Anh "Joseph" Cao )"As you can see, really anything can happen."
First Vietnamese-American elected to House 'speechless'
-မြတ်စိုး-
ဂျိုးဇတ်ဂေါင်းဟာ အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် တယောက် ဖြစ်လာပါပြီ။ အမေရိကန် အောက်လွှတ်တော်မှာ တာဝန် ထမ်းဆောင်ရတော့မဲ့ ရီပါပလက်ကင် ပါတီ၏ အောက်လွှတ်တော် အမတ် အဖြစ်ရွေးချယ်ခံခဲ့ရမှုအပေါ် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်လို့ ဂျိုးဇတ်ဂေါင်း က ပြောဆိုသွားသည်။ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်းက သူ့ကို အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၏ အောက်လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဟာ လူငယ်များ နိုင်ငံရေးကို ပိုမိုစိတ်ဝင်တစား ဖြစ်လာအောင်တွန်းအား ဖြစ်စေလာပါလိမ့်မယ်လို့ ပြောဆိုသွား ပါတယ်။ သူကို ရွေးချယ် တင်မြောက်ခဲ့ ခြင်းကြောင့် အမေရိကန်လူငယ်များ ဟာ လူထု အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာစေလိမ့်မယ်လို့ ပြောဆိုသွားပါသည်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံ ရှိ လူငယ်တွေ ဟာ ဘယ်ကဘဲလာလာ၊ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို မီးမှောင်းထိုးပြလိုက်တာပါဘဲလို့ ပြောဆိုသွားပါသည်။ နိုင်ငံခြားသားမုန်းတီးတဲ့ စစ်အုပ်စု အုပ်ချုပ်နေတဲ့ မြန်မာ နိုင်ငံမှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာနိုင်မဲ့ လူငယ်တွေကိုတောင် ထောင် အကျဉ်းချထားကြတယ်။
လူမဲဒီမိုကရက် တွေ ကြီးစိုးထားတဲ့ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူး အော်လင်းမြို့ မှာ ရီပါပလက်ကင် အောက်လွှတ်တော်အမတ် ဂျိုးဇတ်ဂေါင်းဟာ သက်တမ်း (၉)ကြိမ် အနိုင်ရယူခဲ့ တဲ့ လူမဲ ဒီမိုကရက်တစ်အမတ် ၀ီလီယံဂျက်ဖါဆင်ကို စနေ့က အနိုင်ရသွားခဲ့ပါတယ်။ အရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် သမ္မတ အိုဗားမား ထောက်ခံသူ၊ သက်တမ်းရင့်သော လူမဲအမတ် ၀ီလီယံဂျက်ဖါဆင် ဟာ လူမဲအများစု နေထိုင်သော အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူးအော်လင်းမြို့ မှာ အနိုင်ရဖို့ အခွင့်အရေး အများဆုံးရရှိခဲ့ သော်လည်း၊ သူအပေါ် ဗဟိုအစိုးရက တရားစွဲဆိုထားသော အမှုပေါင်း ၁၆ ခု နှင့် အတူ ငွေးရေးကြေးရေး လာဘ်ပေးလာဘ်ယူမှု၊ တရားရုံးကို လိမ်လည်ထွက်ဆိုခဲ့မှု၊ တရားမ၀င် ငွေကြေး မှောင်ခိုမှု၊ လွှဲပြောင်းခဲ့မှု၊ အကျင့်ပျက်ခဲ့မှု အရှုပ်တော်ပုံကြောင့် ၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရရှိခဲ့တော့ပါဘူး။
ဂျိုးစက်ဂေါင်းကတော့ လူမဲအများစုနေထိုင်သော နယူးအော်လင်းမြို့ မှာ လာရောက် မဲပေးသူအရည်အတွက် နည်းပါးခဲ့ခြင်းဟာ သူ အရွေးချယ်ခံရဖို့ အတွက် အခွင့်ကောင်းတရပ် ကိုဖြစ်စေခဲ့ တယ်လို့ ပြောဆိုသွားပါသည်။ ရွေးကောက်ပွဲဟာ မူလက နိုဝင်ဘာ ၄ ရက်မှာ ကျင်းပဖို့ရှိခဲ့ ပေမဲ့ လူဆီယားနားပြည်နယ်တောင်ပိုင်း မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဂတ်စ်တာဗ် ကြောင့် ရွေးကောက်ပွဲကို ပြီခဲ့တဲ့ စနေနေ့ အထိ ရွေှ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။
ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရလက်အောက်ရောက်ရှိခဲ့ပြီးနောက် ၊ ဂျိုးဇတ်ဂေါင်း ဟာ မိသားစုနှင့်အတူ ဗီယက်နမ်နိုင်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ အသက် ၈ နှစ် ကတည်းက ရောက်ရှိ လာခဲ့သည်။ သူဟာ အသက် ၉ နှစ်မှာ ပညာ ပြန်လည် ဆည်းပူးနေစဉ်၊ သူ့ဖခင်၏စာကိုလက်ခံရရှိခဲ့ပါတယ်။ သူဖခင်က “သူ့ကို အလုပ်ကို ကျိုးစားလုပ်ပါ။ ပညာ ကျိုးစားသင်ယူပါ။ တိုင်းပြည် ပြန်လာပြီး၊ ပြည်သူအတွက် အလုပ်အကျွေးပြု လုပ်ငန်းတွေမှာ အကူအညီပေးပါလို့” ပြောဆိုခဲ့ကြောင်း သူကပြန်ပြောင်း သတိတရ ပြောဆိုခဲ့ပါသည်။ ဂျိုးဇတ်ဂေါင်း ဟာ အမေရိကန်မှာ ရူပဗေဒ၊ ဥပဒေ ပညာဘွဲ့ တွေကို ရယူခဲ့ပြီး၊ လူမှုရေး လုပ်ငန်း၊ ကျန်မာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း တွေမှာတက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါသည်။ သူဟာ ကျောင်းတွေမှာလည်း ဥပဒေပညာကို သင်ကြားပို့ချပေးခဲ့ကြောင်းလည်းကြားသိရပါတယ်။
အခုအခါမှာ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုးက အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား ဘော်ဘီဂျင်ဒဲလ် ဖြစ်တာကြောင့်၊ အာရှနွယ်ဖွားတွေ အမေရိကန်နိုင်ငံရေးမှာ ပိုမိုဝင်ရောက် လာနေကြ ပြီဆိုတာပြသနေပါတယ်။ အမေရိကန် နှင့် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးမဟာတံတိုင်းကြီးကို ရိုက်ချိုး ဖျက်ဆီး လာနေသော်လည်း၊ မြန်မာနိုင်ငံမှာ ကတော့ ဆက်လက် ရှိနေဆဲပါ။ နောင်တိုင်းပြည်မှာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားရေး တွေကို ရပ်တန်းကရပ်သင့်နေပါပြီ။ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ထက် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ဘယ်လောက် လုပ်ပေးနိုင် မလဲ ဆိုတဲ့ အရည်အချင်းကို ဦးစားပေးသင့်ပါသည်။
အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး အိန္ဒိယနွယ်ဖွား ဘော်ဘီဂျင်ဒဲလ် နှင့်မိသားစုလက်ရှိ မြန်မာ့နိုင်ငံရေးလောက မှာ INPUT( ဘယ်သူလဲဆိုတာ) ကို ကြည့်တက်ကြပါသည်။ တနည်းအားဖြင့် ဘယ်သူ က ထောင်ဘယ်လောက် ကျခဲ့သလဲ၊ ဘယ်သူက တောထဲမှာ လက်နက်ကိုင် တိုက်ခဲ့သလဲ၊ ဘယ်သူက ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၏ သားသမီး၊ ဘယ်သူက ဘယ်နှစ် ခုနှစ်ကလုပ်ခဲ့တာ၊ ဘယ်သူက ဘာလူမျိုး၊ ဘာ ဘာသာ စသဖြင့်ပေါ့။ ကမ္ဘာ့နိုင်ငံရေးမှာက OUTPUT (သို့) RESULTS ကိုကြည့်ကြတယ် ဆိုတာ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်း ကို အမေရိကန်နိုင်ငံ လူဆီယားနား ပြည်နယ်၏ လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းအချက်က က ထပ်မံ ထောက်ခံ ပြောဆို နေပါသည်။
ကျွန်နော့်အနေဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ မွန်၊ရှမ်း၊ ကချင်၊ချင်း၊ ကယား၊ရခိုင်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ ဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူ ကို တိုးတက်ကြီးပွားအောင်လုပ် ပေးနိုင်ယင် ဘယ်သူမဆို တိုင်ပြည်မှာ ခေါင်းဆောင် လုပ်နိုင်တယ်။ One Man One Vote ဖြစ်သင့်ပါသည်။ ဘယ်လူမျိုး ဘယ်သူ မှ အထူးအခွင့်အရေး ပိုမပေးသင့်ဘူး။ ၆၂ ၇၄ ၈၈ ဆိုပြီတော့လည်း နိုင်ငံရေးမှာ အထူးအခွင့် အရေး ရမှာမဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ သူ ခေါင်းဆောင် ဖြစ်ရင် အမြဲထောက်ခံသင့်တယ်လို့ တင်ပြရင်း။
မြန်မာလူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်နိုင်ပါစေ။
Rest of your post
12/8/08
လူတော်လူမော်များအကြောင်း
လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ တော်တော်သတိထားရပါတယ်။ လူအများစုက သူတို့ကောင်းကြောင်း၊ တော်ကြောင်း၊ မှန်ကြောင်းပြောရင် သိပ်ကိုကြိုက်ကြပါတယ်။ တခါတလေများ ရောင်လို့တောင် ခင်ဗျားတို့ မှားတယ်၊ ပြင်ရမယ်၊ မကောင်း ဘူးလို့ သွားမပြောနဲ့။ အနည်းဆုံးတော့ မျက်နှာပျက်တက်ကြပါတယ်။ ဟန်ဆောင်တက်တဲ့သူတွေဆိုရင်တော့ စပ်ဖြဲဖြဲပေါ့။ ဒါပေမဲ့ ရင်ထဲမှာတော့ မကောင်းဘူးပေါ့လေ။ ဒါ့ကြောင့်ပေါင်းသင်းဆက်ဆံရေးကို သတိထားရတယ်လို့ပြောရတာပါ။ ဒါ့ကြောင့်လူမှု့ဆက်ဆံရေး ပညာရှင် တွေက လူတွေနှင့်ဆက်ဆံတိုင်း သူတို့ကို ချီးမွန်ပေးပါလို့ပြောတာ။ ခဏခဏ ချီးမွန်းပြန်ရင် လည်း ဈေးပေါသွားနိုင်ပါတယ်။ ကျနော့်အသိမိတ်ဆွေတွေနှင့်စကားပြောတိုင်း ကျနော်တခါတလေ ချီးမွန်းတယ်။ တခါတလေ မဟုတ်ဘူးလို့ပြောတယ်။ အဲလိုပြောတိုင်း သူတို့မျက်နှာတွေ သတိထားပြီးကြည့်မိတယ်။ ထောက်ခံရင် သူပျော်သွားတယ်။ ကန့်ကွက်ရင် သူ့မျက်နှာမဲ့သွားတာကိုတွေ့ရတယ်။ ဒါနဲ့ကျနော်လည်း စဉ်းစားကြည့်တယ်။ ဘာဖြစ်တာလဲပေါ့။ သူ့ကိုကောင်းကြောင်းပြောတော့ သူတို့သဘောကြတယ်။ သူတို့မကောင်းကြောင်းပြောတော့ သူတို့မကြိုက်ဘူး။ ကျနော်ပြန်စဉ်းစားမိတယ်။ လူတစ်ယောက်(သို့) အဖွဲ့အစည်းတခုကို ကောင်းကြောင်း၊ မကောင်းကြောင်းပြောဖို့။ ဘယ်ဟာကို အဓိက ထားမလဲ။ စိတ်ထဲရှိတာပြောရင် ကောင်းမလား။ ဒါမှမဟုတ် သူတို့အလိုကျပြောရင်ကောင်းမလား။ မကောင်းတဲ့ဟာကို ကောင်းတယ်လို့ပြောရင်ကော လိမ်ရာမကျဘူးလား။ ဘာဘဲဖြစ်ဖြစ်အခုတော့ ကောင်းတယ်ဆိုတဲ့ ဟာတွေချည်းပဲပြောပါတော့မယ်။ နမှုနာအဖြစ်အောက်ပါအကြောင်းတွေပြောပါ့မယ်။
ပထမဦးဆုံးအနေနဲ့ကျနော်တို့ပါတီရဲ့ဥက္ကဌ ကိုအောင်မိုးဇော်အကြောင်း-
ကိုအောင်မိုးဇော်
၁၉၈၈-ခုနှစ်ကတည်းက တော်လှန်သော ကျောင်းသားခေါင်းဆောင်တစ်ယောက်။ ပါတီစဖွဲ့ကတည်းက ဦးဆောင်သူတွေထဲကတစ်ယောက်။ အခုလက်ရှိပါတီကို ဆက်လက်ဦးဆောင်နေဆဲ။ တပ်ပေါင်းစုထဲမှာလည်း အထင်ကရရှိတဲ့သူ။ နိုင်ငံတကာမှာလည်း ကိုအောင်မိုးဇော်ဆိုရင် မသိသူခပ်ရှားရှား။ သူချစ်တဲ့တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်ကနေကယ်တင်ဖို့အတွက် သူ့ဘ၀တခုလုံးကိုပေးဆပ်နေတဲ့သူ။ လူချစ်လူခင် ပေါတယ်။ စကားပြောကောင်းတယ်။ ယဉ်ကျေးတယ်။ ပညာတက်တယ်။ ဥပဓိရုပ်ခန့်ငြားတယ်။ အခုထိနှစ်ပေါင်း ၂၀-ဆယ်ရှိနေပြီ ဆက်လက်တိုက်ပွဲဝင်နေတဲ့သူ။ ဘယ်အချိန်မဆို တတိယနိုင်ငံတခုခုမှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ နေရာမှာ သွားရောက်နေထိုင်ဖို့အတွက် အစိုးရတွေက အသိအမှတ်ပြုထားသူ။ ဒါပေမဲ့သူက ဘယ်တော့မှ မသွားဘူး။ သူချစ်တဲ့ ပါတီကို ဘယ်တော့မှ ထွက်ခွာမသွားဘူး။ ငွေရေးကြေးရေး အရှုပ်အရှင်းမရှိသူ။လစာမရတဲ့နိုင်ငံရေးဆက်လုပ်နေသူ။ နှစ်ပေါင်းနှစ်ဆယ်တော်လှန်ကာလမှာ အခက်အခဲ မျိုးစုံ၊ အတိုက်အခံမျိုးစုံနဲ့ပါတီကို ဆွဲထုတ်လာခဲ့သူ။ သူ့ရဲ့လက်အောက်မှာရှိနေတဲ့ ပါတီဟာ အားကောင်းဆဲ။ သူလက်ထက်မှာ ပါတီကိုအဓိက အင်အားစုကြီးတွေနဲ့နှစ်ကြိမ်တိုင်အားဖြည့်ခဲ့တယ်။ ပေါင်းစည်းခဲ့တယ်။ သူကလူတော်တစ်ယောက်ပါ။ နောင်တ ချိန်မှာသူဟာ တိုင်းပြည်ခေါင်းဆောင် ဖြစ်ရင်ဖြစ်အုံးမယ်။
ကိုနိုင်အောင်
အသက်အရွယ်အားဖြင့် ၄၀ ကျော်။ ဥပဓိခန့်ငြားတယ်။ အမြဲတမ်းတက်တက်ကြွကြွရှိတဲ့သူ။ နိုင်ငံရေးလောကမှာ ဒေါက်တာနိုင်အောင်ဆိုတာမသိသူခပ်ရှားရှား။ ရုပ်ရှင်မင်းသားကလူတိုင်းက မသိဘူး။ လူတိုင်းက ရုပ်ရှင် မင်းသားကိုသိလိုမျိုး။ သူဟာဆိုရင် အခုလက်ရှိ တော်လှန်ရေးကခေါင်းဆောင်တစ်ယောက်။ ပညာတက် တယ်။ သူ့ရဲ့ဆရာဝန်ဘွဲ့ကိုစွန့်လွတ်ပြီး သူယုံကြည်တဲ့နိုင်ငံရေးကို ဆက်လုပ်နေဆဲ။ ၁၉၈၈-ခုနှစ်ကတည်း ကျောင်းသား ခေါင်းဆောင်တစ်ယောက်။ အေဘီစက်ဒီဖက်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဘူးတယ်။ ထက်ထက် မြက်မြက်နဲ့ သူ့အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်နေဆဲ။ အခုအချိန်ထိ ဘယ်သူတွေဘာဘဲပြောပြော သူယုံကြည်တဲ့ တော်လှန်ရေးထဲမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ။
အချိန်မရတော့လို့အောက်ပါစာရင်းရှိလူများအတွက်ဆက်ရေးပါ့မယ်။ အချက်အလက်ရှိရင်ရှယ်ပေးကြပါ။
ကိုသံခဲ
ဦးကျော်ထက်
မခင်ဥမ္မာ
ဦးမောင်မောင်
ကိုတိတ်နိုင်
ကိုဘိုကြည်
ကိုခင်မောင်တင့်
ကိုညို
ကိုထွတ်
ကိုငြိမ်း
ကိုထူးချစ်
ကိုငွေလင်း
စသဖြင့်.....

ဒီနေ့ တော့ ကျနော်တို့ထောပြီ
သြော်စီအစိုးကနေ ဒီနေ့မှာ သူ့နိုင်ငံသားတွေကို Bonus ပေးပါတယ်။ ၁၆-နှစ်အောက်ခလေး တစ်ယောက်ကို ဒေါ်လာတစ်ထောင်နှုံး နှင့် ပင်စင်သမားတွေကို ဒေါ်လာ ၁၄၀၀ ပေးပါတယ်။ ၁၆-နှစ်အထက်ဖြစ်တဲ့သူတွေတော့ မရဘူးပေါ့။ ပင်စင်စားလင်မယားနှစ်ယောက်ဆိုရင် ၂၁၀၀ ပဲရပါတယ်။ တချို့မြန်မာလူမျိုးတွေ ဒေါ်လာ တစ်သောင်းနီးပါး အလကား ရပါတယ်။ အစိုးရကပေးတဲ့ရည်ရွယ်ချက်ကတော့ နောက်ကွယ်မှာ အမျိုးမျိုးရှိနိုင်ပါတယ်။ Labor အစိုးရ အာဏာတည်မြဲဖို့လား၊ စသဖြင့်ပေါ့။ သူတို့ရဲ့အဓိက အကြောင်းပြချက်ကတော့ ဈေးကွက်အတွင်း ၀ယ်လိုအားများလာအောင် လုပ်ပေးတာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်တော့ ဒေါ်လာ နှစ်ထောင်တောင် ထောအုံးမယ်။ ဒီဇင်ဘာကာလဆိုတော့ ပွဲတော်တွေနဲ့ ခရစ်စမတ်လက်ဆောင်ပေး၊ ခရီးထွက်ဖို့ အတွက်လည်း အဆင်ပြေသွားတာပေါ့။ မြန်မာစစ်အစိုးရကတော့ ဒီအချိန်မှာ သူ့နိုင်ငံသားတွေကို ပိုက်ဆံအလကားပေးဖို့ထက် ဘယ်လိုလိမ်ပြီး အလှူငွေ ကောက်အုံးမလဲဆိုတာ စောင့်ကြည့်ရအုံးမယ်။
12/7/08
Perth မြို့မှာထာဝရ နေခဲ့ရသော မြန်မာလူမျိုးများ(ဓာတ်ပုံ)
12/5/08
Laptops ကျော်ငြာ
ထူးထူးခြားခြား မျောက်လောင်းများ
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီမြင့်ဆွေသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းနှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နေ့လည် ၂-နာရီ ၁၅-မိနစ်တွင် လှိုင်သာယာစက်မှု့ဇုံ (၅) ရှိစက်ရုံများမှ စော်များအားလိုက်ငန်းလျှက်ရှိကြောင်း ကြေးမုံမှ သတင်းရရှိပါသည်။
ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်မှုကြောင့် ပြည်ပရောက်မြန်မာအလုပ်သများ ၂-သန်းကျော် အလုပ်လက်မဲ့ ဖြစ်ပြီးမြန်မာပြည်ပြန်လာမယ်ဆိုရင် ပြည်တွင်းမှာ အလုပ်အကိုင်အဆင်သင့် ပါပဲလို့နအဖ ၀န်ကြီးချုပ် ငပေါသိန်းစိန် က ပြောသွားပါသည်။ မနေ့ကကျင်းပတဲ့ လယ်ယာကဏ္ဌ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ကုန်ပစ္စည်း တိုးတက်ထုတ်လုပ်မြင့်တင်ရေးအစည်းအဝေးတွင် ငပေါသိန်းစိန်မှ ပေါ်တာလုပ်ငန်းများ၊ လုပ်အားပေးများ၊ စစ်တပ်ထဲရှိ မြောင်းတူးမြောင်းဆွ အလုပ်များ အဆင်သင့်ရှိကြောင်း နှင့် ပြန်လာမည့် ၂-သန်းကျော် မြန်မာအလုပ်သမားများအားအလွယ်တကူ အလုပ်ခန့်ပေးမည်ဆိုကြောင်း ကြေးမုံမှ သိရှိရသည်။
12/4/08
ထင်ထင်ရှားရှား မျောက်လောင်းများ
ယခုကိုပုံလေ့လာပါ။ ၃-ရက်နေ့ကြေးမုံသတင်းစာပါ ဓာတ်ပုံတစ်ပုံဖြစ်ပါသည်။ စက်မှု(၁) ၀န်ကြီးဟုခေါ်ဆိုသော သူခိုးကြီးအောင်သောင်း (ခ) အသက်ကြီးပြီး အချိန်မစီးသူ တစ်ယောက် လိမ်နေတာကို နားထောင်နေပုံဖြစ်ပါသည်။ ထိပ်ဆုံးတွင် နားထောင်နေသော ထင်ထင်ရှားရှားမျောက်လောင်း သူခိုးလေး ဗိုလ်ချုပ် တစ်ယောက် အထင်တကြီး နားထောင်နေသည်ကို မြင်ရပါလိမ့်မည်။ ဘာဖြစ်လို့များ သူ့ သီးသီးသန့်သန့် ရှေ့ဆုံးမှာ နေရာပေးပါလိမ့်........။12/3/08
ကျက်သရေမရှိတဲ့ နွားသုံးကောင်
သူတို့ကိုသူတို့ တိုင်းပြည်ခေါင်းဆောင်ကြီးများတဲ့။ ကြည့်ကြပါအုံး သူတို့ နွားသုံးကောင်ရဲ့မျက်နှာတွေကို။ နွားအိုကြီးဖြစ်တဲ့ သန်းရွှေကို အရင်ကြည့်။ မနက်ဖန်လား။ ဒီနေ့လား မသိ သေတော့မဲ့မျက်နှာနဲ့။ အသက်က ဖင်ဆောင့်နေပြီ။ အခုထိ တရားမရနိုင်ဘူး။ အသားအရေက ဖောသွပ်သွပ်။ မျက်နှာက သူ့လုပ်စာကို တတိုင်းပြည်လုံးက ထိုင်စားနေသရောင်။ ကျက်သရေကင်းမဲ့မှုများနှင့် ပြည့်နေတဲ့သူကြီး။
နောက်တစ်ကောင်ကိုကြည့်အုံး။ မောင်အေး။ သူလည်းအတူတူပဲ။ အရက်ဖောဖောနေတဲ့ သောက်ခွက်နဲ့။ ဘယ်လိုပဲကြည့်ကြည့် မျက်စိပိတ်ကြည့်ရင်တောင် ကိုမိုးသိးဇွန်လောက် မခန့်ငြား။ အသံက ညောင်နာနာနဲ့။ ဒေါက်တာ စိန်ဝင်းလောက်တောင် အသံ မကောင်းဘူး။ သေသေချာချာကြည့်ပါ လူကြီးမင်း ဖာခေါင်းလုပ်တဲ့သူတွေနဲ့ မတူဘူးလား။
သူရရွှေမန်း။ စုပ်ချွန်းချွန်း မျက်နှာနဲ့။ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရည် မရှိဘူး။ သူတို့အားလုံးရဲ့မျက်နှာကို သေသေချာချာကြည့်ပြီးထမင်းစားရင်တောင် ထမင်းစားပျက်တယ်။ အရှက်မရှိ သူတို့ကိုသူတို့ တိုင်းပြည်ခေါင်းဆောင်တဲ့။ တက်ထားတဲ့ ပညာတွေက How to kill people.....နောင်တချိန် ပြည်သူ့အစိုးရဖြစ်ရင် ခင်ဗျားတို့ရဲ့ အရိုးပြာတွေကို ပြတိုက်မှာ ထားအုံးမယ်။

11/30/08
လွတ်လပ်ဖလှယ်ဆွေးနွေးမယ်
Open Discussion
To KHAG from SH
Future Prospect (Burmese Version)
Publish at Scribd or explore others:
To KHAG from SH
Publish at Scribd or explore others:
Future Prospect (Burmese Version)
Publish at Scribd or explore others:
ပလစ်သို့
ဒီနေ့ ငယ်သူငယ်ချင်းနဲ့တွေ့တယ်။ ဘာမှမသိပဲ တစ်ယောက်နဲ့တစ်ယောက်ဝေးသွားခဲ့တာ ၁၀-နှစ်ရှိခဲ့ပြီ။ ပြန်တွေ့တော့ လွန်ခဲ့တဲ့ ၁၀-နှစ်က အတိုင်း ဘာမှမပြောင်းလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ရန်ကုန်မှာ။ ကျနော်က လူ့ဘောင်သစ် နယ်စပ်မှာ။ ဒီနေ့ သူ့ကိုအင်တာနက်မှာ တွေ့တယ်။
သူ့မျက်ဝန်းက အရောင်သိတ်မလက်ဘူး။ ဘာဖြစ်လဲသူငယ်ချင်း။ မပူနဲ့ ငါရှိတယ်။ ငါတို့ တော်လှန်ရေးရှိသေးတယ်။
ဘုန်းကျော်(လူ့ဘောင်သစ်)
ဗားပလက်စ်ရေ မင်းတို့ငါတို့ဟာ မွေးထဲက တော်လှန်ရေးသမားတွေပါကွာ.........
သူ့မျက်ဝန်းက အရောင်သိတ်မလက်ဘူး။ ဘာဖြစ်လဲသူငယ်ချင်း။ မပူနဲ့ ငါရှိတယ်။ ငါတို့ တော်လှန်ရေးရှိသေးတယ်။
ဘုန်းကျော်(လူ့ဘောင်သစ်)
ဗားပလက်စ်ရေ မင်းတို့ငါတို့ဟာ မွေးထဲက တော်လှန်ရေးသမားတွေပါကွာ.........
11/27/08
ဆရာ ဒေါက်တာမျိုးညွှန့်
ဆရာဒေါက်တာမျိုးညွှန့်(စီးပွာရေးပညာရှင်)။ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ အထင်ကရ ရှိတဲ့သူ။ အမှန်တရားကို မြတ်နိုးရင်းနဲ့ လူငယ်တွေကို အမြဲတမ်းအားပေးနေတဲ့သူ။ စစ်အာဏာရှင် စနစ်ကို မြန်မာပြည်မှာ လုံးဝမရှိစေချင်တဲ့သူ။ တတိယနိုင်ငံမှာနေရပေမဲ့ အမြဲတမ်းတိုင်းပြည်မှာရှိနေတဲ့ ယဉ်ကျေးမှုတွေထဲမှာ နစ်မွန်းနေသူ။
ရှားရှားပါးပါး ပညာရှင်တော်လှန်ရေးသမား။ အရမ်းလေးစားဖို့ကောင်းတယ်။ အမြဲတမ်းနိုင်ငံရေးကို လူငယ်တွေထက်တက်ကြွတယ်။
သူ့သမိုင်းကိုသိချင်ရင် Wikipedia နှင့် Google မှာရှာကြည့်။ သူက ကျနော့်ဆရာပါ။ ဆရာတော်လှန်ရေးကိုဆက်လုပ်နိုင်ပါစေ.........။
Subscribe to:
Posts (Atom)