ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/30/09

ပြည်ထောင်စုမြန်မာနိုင်ငံကြားဖြတ်အစိုးရ

မကြာခင် ကာလမှာ နောက်ဆုံးပိတ် အထွေထွေသပိတ်ကြီးဖြင် စစ်အစိုးရအား ဖြိုချလိမ့်မည်။ ယင်းသပိတ်သည် ၈၈-ကာလနှင့်စက်တင်ဘာအရေးတော်ပုံထက်အစွမ်းကြီးသော အောင်မြင်သော သပိတ်ဖြစ်ပြီး စစ်အာဏာရှင် စနစ်အားပြည်သူမှ နောက်ဆုံးတွေ့မြင်လိုက်သည်နေ့ဖြစ်ပေမည်။ ထိုအချိန်တွင် နိုင်ငံရေးကြွေးကြော်သံအဖြစ် အောက်ပါနှစ်ခုအား ပြည်သူမှ တောင်းဆိုရမည်။

၁) နအဖ အလိုမရှိ

၂) ကြားဖြတ်အစိုးရအမြန်ဖွဲ့စည်းရေး

ကြားဖြတ်အစိုးရအား ယခုပါ အဖွဲ့အစည်း၊ လူပုဂ္ဂုလ်များနှင့် ဖွဲ့စည်းစေပြီး တိုင်းပြည်အားဦးဆောင်စေရမည်။ ကြားဖြတ်အစိုးရအဖွဲ့ဝင်များမှာ-

၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တဖွဲ့လျှင်ကိုယ်စားလှယ် နှစ်ဦး။ ဥပမာ-ကေအန်ယူမှ ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှုး။ အက်စ်အက်စ်အေမှ နှစ်ဦး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ယင်း ကြားဖ်ြအစိုးရတွင်ပါဝင်ရမည်။

၂) တိုင်းရင်းသားနိုင်ငံရေးပါတီများမှ တပါတီလျှင်ကိုယ်စားလှယ်နှစ်ဦး။

၃) အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦး။ ဥပမာ-ဒေါ်စုနှင့် အဘဦးဝင်းတင်။

၎) ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦး။ ကိုမင်းကိုနိုင်နှင့်ကိုကိုကြီး။

၅) မြန်မာ့တပ်မတော်မှကြားဖြတ်အစိုးရအားအားပေးထောက်ခံသော အရာရှိကြီးနှစ်ဦး။

၆) NUGUB မှ နှစ်ဦး

၇) NCUB မှ နှစ်ဦး

၈) FDB မှ နှစ်ဦး

၉) ၈၈ မျိုးဆက်ပြည်ပတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နှင့်ကျောင်းသားများမှ နှစ်ဦး။

၁၀) ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်နှစ်ဦး

၁၁) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နှစ်ဦး


ထိုသို့ဖြင့် ကြားဖြတ်အစိုးရအားဖွဲ့စည်းစေပြီး ၁-နှစ်အတွင်း အထွေအထွေရွေးကောက်ပွဲကျင်းပစေရမည်။ အပစ်ရပ်စေရမည်။ လွတ်ငြိမ်းချမ်သာခွင့်ကြေငြာစေရမည်။ အပြစ်ကျူးလွန်သည့်ဗိုလ်ချုပ်များအား တရား ဥပဒေ အရ ရင်ဆိုင်စေရမည်။

ယခုကြားဖြတ်အစိုးရဖွဲ့စည်းအားရေးအား ယခုမှစ၍နိုင်ငံရေးအင်အားစုများမှ စတင် ဖွဲ့စည်းပြီး၊ လူထုအုံကြွမှု ပေါ်ပေါက်လာချိန်တွင် ပြည်သူလူထုအား ကြေငြာရမည်။

ယခုကဲ့သို့အကောင်အထည်ဖော်လျှင်မြန်မာ့အနာဂတ်လှပစေလိမ့်မည်။

5/29/09

ဗိုလ်မှုးဟောင်း အောင်လင်းထွဋ် ကိုဝန်းရံပါ...


တပ်ထဲက ပထမဆုံး သူရဲကောင်း..

ထောက်လှန်းရေးဟောင်းဖြစ်တဲ့ သူ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေကနေ ထောက်ခံပံ့ပိုး ပေးဖို့လိုတယ်။ အရင်တုန်းက သူဟာဘာဘဲဖြစ်ဖြစ်၊ အခုသူလုပ်နေတာဟာမှန်တယ်။ သူလည်း စွန့်လွှတ် အနစ်အနာ ခံတဲ့လူတွေထဲမှာ ပါတဲ့သူဖြစ်တယ်ဆိုတာကို ဘယ်သူမှငြင်းလို့ မရဘူး။

ယနေ့အထိ သူ့လိုလူမျိုးကို အားလုံးဝိုင်းရှာကြည့် အခုလောလောဆယ် သူတစ်ယောက်ပဲရှိသေးတယ်။ သူ့လိုလူမျိုးတွေ များများထွက်လာမှ ဗိုလ်သန်းရွှေ နှဖားကြိုးပြုတ်လိုက်မယ်။ ပုဂ္ဂိုလ်ရေးအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗိုလ်မှုးအောင်လင်းထွဋ်ဟာ တော်လှန်တဲ့သူတစ်ယောက်ဖြစ်နေပြီ။ ပြီးတော့ ၈၈ မျိုးဆက်ထဲက တစ်ယောက်လည်းဖြစ်တယ်ဆိုတာ ဘယ်သူ မှ ငြင်းလို့မရဘူး။

အရင်တုန်းကတော့ သူဟာ ကျနော်တို့ရန်သူဖြစ်ခဲ့ပေမဲ့၊ အခုကျနော်တို့ရဲ့ မိတ်ဆွေကောင်းဖြစ်နေပြီ။ သူရေးတဲ့ စာတွေ၊ သူတင်ပြတဲ့အချက်အလက်တွေကို မကိုးကားရင်၊ ကျနော်တို့လောက်မိုက်တဲ့သူမရှိတော့ဘူး။

ဘယ်သူတွေဘာပဲပြောပြော ကျနော်တို့သူ့ကို စစ်တပ်ထဲကပထမဆုံးဖောက်ထွက်တဲ့ သူရဲကောင်းအဖြစ် အသိအမှတ်ပြုတယ်။ ဆက်လုပ်ပါ၊ ဦးဆောင်ပါ ဗိုလ်မှုးခင်ဗျား။ တပ်ထဲက တော်လှန်ရေးသူရဲကောင်းတွေ သံရုံးက၀န်ထမ်းတွေ ပါလာအောင် စည်းရုံးပေးပါ ဗိုလ်မှုး။

ဒီမိုကရက်တစ်အစိုးရဖြစ်ရင် ဗိုလ်မှုးအောင်လင်းထွဋ်ဟာ ကာကွယ်ရေးဝန်ကြီး အထိရောက်နိုင်ပါတယ်။

5/28/09

လက်တို့ပြီးတော့ပြောရအုံးမယ်...ဗမာလား..? အထာလား..?

ကျနော်အနေနဲ့မြန်မာလူမျိုးတွေကိုပဲ အကောင်းမမြင်တာလား။ ကျနော့်ကို...သူများတွေပြောတယ် မင်းက Negative Sense တွေပဲများတယ်။ လူတွေအပေါ်မှ ကြည့်တဲ့အခါကို ပြောတာပါ။ အထူးသဖြင့် အဖွဲ့အစည်းတခု၊ မြန်မာ့စစ်အာရှင်ခွေးကျဝက်ကျဖြစ်ရေးတိုက်ပွဲတခု မှာ ကျနော်ကြည့်တဲ့အမြင်က အထူးသဖြင့် မြန်မာပြည် သူတွေကိုပဲ အားမလို အားမရဖြစ်တာများတယ်။ တိုင်းပြည်တခု၊ အဖွဲ့အစည်းတခုဆိုတာ တစ်ယောက်ကောင်းနဲ့ မရဘူးဆိုတာလူတိုင်းသိတယ်။

အခါပေါင်းများစွာ ဗမာပြည်ကိုဖုန်းခေါ်ဖြစ်တယ်။ ဖုန်းပေါ်ကနေ အသိတွေကိုနိုင်ငံရေးတရားဟောတယ်။ သူတို့ ခင်ဗျား လုပ်တောင်မလုပ်ကသေးဘူး သူများပြောတာကိုတောင် နားထောင်မရဲဘူး။ ဘာ့ကြာင့်လဲဆိုတော့ သူတို့ကို ဖမ်းမှာဆိုလို့၊ အလုပ်ပြုတ်မှာဆိုးလို့ ဆင်ခြေတွေ၊ လက်တွေကို ကျောပိုးအိပ်ထဲမှာ အကြီးကြီး ထမ်းထားကြတယ်။

ပြည်ပမှာလဲဒီအတိုင်းပဲ။ လူကြီးမင်းတို့.........နိုင်ငံရေးလှုပ်ရှားမှု့တွေမှာ ၀င်ပါမလားလို့ဖိတ်တဲ့အခါများ မြန်မာပြည်, မပြန်ရမှာဆိုးလို့..။ မြန်မာပြည်က အမိ၊အဖ ဆွေမျိုးတွေ အဖမ်းခံရမှာဆိုးလို့။ စီးပွားရေးထိခိုက်မှာ စိုးလို့ အကြောင်းပြချက်တွေက မနည်းဘူး။ သူတို့အားလုံးကိုမေးတော့ ခင်ဗျားတို့စစ်အစိုးရ ထောက်ခံတဲ့လူတွေ လားဆိုတော့။ တခုပဲပြောတယ်...နိုင်ငံရေးနဲ့မပက်ချင်လို့..။

ကဲ..အခုပြောမယ်။ အဖြူနဲ့အမည်း။ ထောက်ခံမလား၊ ကန့်ကွက်မလား။ ဒီနှစ်ခုပဲ...ကျနော်တို့တိုက်ပွဲအတွက် အရေးကြီးတယ်။ ထောက်ခံမယ်ဆိုရင် ခင်ဗျားတို့ကိုယ်တိုင်ဝင်လုပ်ပါ။ ကန့်ကွက်မယ်ဆိုရင် ရင်..ကျနော်တို့ကို ပေါ်တင်, ချပါ။ အထူးသဖြင့် စစ်အစိုးရအာဏာတည်မြဲအောင် အားပေးပါ။ ဟိုလိုလိုဒီလိုလို, မလုပ်ကြပါနဲ့..။

ဥပမာ..စစ်အစိုးရလက်အောက်မှာ ခင်ဗျားလည်း ဒုက္ခသည်၊ ကျနော်လည်း ဒုက္ခသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရတာကို တိုင်းပြည်တခုလုံးခံနေရတယ်။ ဒါလည်းခင်ဗျားသိတယ်။ ဒါကို နိုင်ငံရေးနဲ့  မပက်ချင်ဘူးဆိုတော့..။ ဒီလိုလုပ်ပါ...ခင်ဗျား, -င်, ကို ဗိုလ်ချုပ်တွေဝိုင်း-ိုး ပါလို့အော်တာနဲ့အတူတူပဲ။

နောင်....သုံးလေးနှစ်ကြာရင် ဒေါ်စုအာဏာရပြီး၊ တိုင်းပြည်ငြိမ်းချမ်းလာ၊ စီးပွားရေးတိုးတက်လာ၊ ဒီမိုကရေစီရေး အခွင့်အရေးတွေတိုးတက်လာတဲ့အခါမှာ ခင်ဗျားစောက်ပါးစပ် ဘာပြောမလဲ။ ခင်ဗျားလည်းပြည်သူ.ကျုပ်လည်း ပြည်သူ။ ဒီမိုကရေစီရေးထွန်းကားရင် ကျနော်တို့အားလုံး သာတူညီမျှအခွင့်အရေးခံစားရမှာ။ ခင်ဗျားလည်းအတူ တူပဲ။ အဲဒိအချိန်ကြာတော့ ခင်ဗျားက ရေသာခိုအချောင်လိုက်တာနဲ့မတူဘူးလား။

နိုင်ငံရေးနဲ့ကင်းကင်းနေမယ်လို့ ဘယ်တော့မှ ခင်ဗျားရဲ့ ထမင်းစားတဲ့ ပါးစပ်ကြီးက လာမပြောနဲ့။ အချောင်သမား စိတ်ဓာတ်မထားနဲ့။ ခင်ဗျားထားရင် ခင်ဗျားသားသမီးတွေလည်း ဒီအတိုင်းပဲဖြစ်လိမ့်မယ်။ ဘိုးဘွားဘီဘင်ကစလို့ အာဏာရှင်လက်အောက်က လွတ်မြောက်ရေးမှာ ကျဆုံး၊ ပျက်စီး၊ သွားတဲ့ ဘ၀တွေကို ခင်ဗျားမသနားရင် ခင်ဗျားဟာ ချီးစားပြီး ဟောင်တက်တဲ့ေ-ွးလောက်မှ အဆင့်မရှိဖြစ်လိမ့်မယ်။

ကျနော်...ပြောတာကြမ်းလား...။ ရိုင်းလား။ ရိုင်းတယ်ထင်ရင်လည်း ဂရုမစိုက်ဘူးဗျို့ ။ လူတွေရဲ့ အကျင့် ကိုပြင်တဲ့ အခါ ပါးစပ်, နဲ့ပြောလို့မရရင် လက်, နဲ့ ပါရတော့မယ်။

ကိုယ့်ရဲ့  ကိုယ်ပိုင်ဘလောဂ် အီးမေးမှာတောင်စစ်စိုးရကို တော်လှန်ဖို့၊ ဆန့်ကျင်ဖို့ မရေးရဲရင် ခင်ဗျားလာက် သရဲဘောကြောင်တဲ့လူ မရှိတော့ဘူး။ ကဲ..ခင်ဗျား ကျနော်ပြောတာမခံချင်ဘူးလား။ ဒါဆိုရင်... ဘာလုပ်ရမလဲ ဆိုတာ ကိုယ့်ဟာကိုသိ။ သူများခိုင်းမှ လုပ်တာဟာ..မြန်မာစကားပုံနဲ့ဆိုရင် နွား ပဲ။

5/26/09

သြစီရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများခင်ဗျား-

Australia ရှိမြန်မာသံအမတ်ကြီးနှင့် ၀န်းထမ်းများသို့-

လူကြီးမင်းတို့၏ လစာနှင့်ခံစားခွင့်များသည် စောက်ရူးသန်းရွှေရဲ့ မြေး ဖိုးလပြည့် တစ်ရက် စော်ဖန်တာ လောက်တောင် မရှိပါဘူး။ အမှန်တရားကိုသိရက်သားနဲ့ ရာထူးနှင့် မိသားစုစားဝတ်နေရေးအတွက် ဗိုလ်ချုပ်တစုရဲ့ ကျေးကျွန်အဖြစ် မခံကြပါနဲ့။ လူကြီးမင်းလက်ထဲမှာ အာဏာအပြည့်ရှိသည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ၀န်ကြီးချုပ် ဆိုသည်များအား ဆက်လက်အမိန့်နာခံရန်မသင့်ပါ။ သြော်စီရှိမြန်မာ နိုင်ငံသားများရဲ့ ချီးထုပ်အဖြစ် ကိုယ့်ကိုကိုယ်မခံယူ ကြပါနဲ့။ အချိန်ရှိပါသေးသည်။

ကျနော်တို့အနေဖြင့် လူကြီးမင်းတို့အားအန္တရာယ်မပြုပါ။ တကယ်လို့ခင်ဗျားတို့အားလုံး ကျနော်တို့ပြည်သူနှင့် ပူးပေါင်းပြီး သန်းရွှေအစိုးရအားတိုက်ခိုက်လျှင် ပြည်သူမှ သောင်းသောင်းဖျဖျကြိုဆိုပါမည်။ သြော်စီတွင်နိုင်ငံရေး ခိုလှုံခွင့်ရရန်မှာလည်း အလွယ်တကူပင်ဖြစ်သည်။ နောက်တချိန်....ဒေါ်စုအာဏာရရှိလျှင် သံအမတ်ကြီးအား နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ရောက်ရှိနိုင်ပါသည်။ မိမိခေါင်းအား မိမိသာလျှင်သုံးစေချင်ပါသည်။ နောက်ဆုံးပန်ကြား လိုသည်မှာ သန်းရွှေအစိုးရအား မိမိတို့မြန်မာသံရုံးမှ အာခံပြီဆိုသည့် အကြောင်း မြန်မာ ပြည်သူများသို့အသိပေးရန်သာလျှင်ဖြစ်သည်။

အကယ်၍သံအမတ်ကြီးမှ ဆန္ဒမရှိလျှင်သံရုံးဝန်ထမ်းများမှ သံရုံးအား အာဏာသိမ်းရန်မှအပ တခြားလမ်း မရှိကြောင်းတိုက်တွန်းလိုက်ပါသည်။ မြန်မာသံရုံးများသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီအစိုး ရတခုဖြစ် စေချင်ပါသည်။

5/25/09

နို့ဘိုးမှ ယဉ်ကျေးမူ့

ဆွမ်းလောင်းသည့်ဓလေ့သည် လွန်စွာကျက်သရေနှင့်ပြည့်စုံသည်


ယခုဓာတ်ပုံသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်စခန်းတခုမှပုံဖြစ်သည်။ စခန်းနာမည်မှာ နို့ဘိုး ဖြစ်သည်။ နို့ဘိုးဟုခေါ်တွင်ရသည်မှာ စခန်းအနီးတွင် ထိုင်းရွာလေးတစ်ရွာအားအမှီပြု၍ ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ ယင်းရွာအားထိုင်းလူမျိုးများမှ နို့ဘိုးဟုခေါ်သည်။ နို့ဘိုးရွာသည် ထိုင်းရွာဟုဆိုသော်လည် ကရင် လူမျိုးအများအပြားနေထိုင် ကြပါသည်။ သမိုင်းကြောင်းအရ ထိုင်းနိုင်ငံတွင် ကရင်လူမျိုးမရှိပါ။ ကရင်သည် မြန်မာနိုင်ငံမှ ပေါက်ဖွားသည် ဆိုသည်ကို သမိုင်းပညာရှင်တိုင်းအသိအမှတ်ပြုကြပါသည်။

နို့ဘိုးစခန်းသည် မြ၀တီမှ မဲ့ဆောက်။ မဲ့ဆောက်မှနို့ဘိုးသို့ ၆-နာရီ ခန့်တောင်တက်တောင်ဆင်းကားဆီးလျှင် ရောက်ပါသည်။ မြ၀တီမှ မဲ့ဆောက်ရောက်လျှင်အုန်းဖန် ကားဂိတ်ကိုမေးလျှင် နို့ဘိုးသို့သွားသည်ကားကိုတွေ့နိုင် သည်။ လိုင်းကားသည် ဟိုင်းလက်ကားအမျိုးအစားဖြစ်သည်။ ယင်းကားစီးပြီးနို့ဘိုးသို့ အရောက်သွားနိုင်သည်။ နို့ဘိုးအ၀င်တွင် ထိုင်းစစ်တပ်မှ စခန်းလုံခြုံရေးအားတာဝန် ယူလျှက်ရှိသည်ကိုတွေ့နိုင်သည်။

စခန်းအတွင်းသို့မရောက်ခင် တောင်ပေါ်နေရာတခုတွင် သာယာလှပသော ဒုက္ခသည်စခန်းအားတွေ့ရမည်။ စခန်းတွင်လူမျိုးပေါင်းစုံချစ်ကြည်ရင်းနှီးစွာနေထိုင်ကြပါသည်။ လူအားလုံးသည် မြန်မာစစ်အာဏာရှင်အား မုန်းတီးသော စိတ်နေစိတ်ထားအားလည်း ပြတ်ပြတ်သားသားမြင်တွေ့မည်။ ထိုသူတို့အားလုံးသည် လွတ်လပ် သော ဒီမိုကရေစီအစိုးရတခုအားမြန်မာနိုင်ငံတွင် ရှိသည်ကိုလိုလားကြသည်။ ဆရာဝန်မှစ၍ စစ်ဗိုလ် အဆုံး ယခု စခန်းတွင်မြင်တွေ့နိုင်သည်။

စခန်းရှိစီးပွားရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး စသည့်လုပ်ငန်းများအား ကရင်လူမျိုးများမှအဓိကစီမံ အုပ်ချုပ်သည်။ စီးပွားရေးဆိုသည်မှာ မယ်မယ်ရရမရှိပါ။ တတိယနိုင်ငံမှ မိသားစုများမှ ထောက်ပံ့၍ လည်းကောင်း၊ မိမိရှိရင်းစည်းစိမ်များအားရောင်းချ၍လည်းကောင်းရပ်တည်ကြသည်မှာများပါသည်။ ပညာရေး နှင့် ကျန်းမာရေးအား မဲ့ဆောက်ရှိ ဒေါက်တာစင်သီယာမောင် ဆေးခန်းမှ သင်တန်းဆင်း ဆေးမှုးများဖြင့် လည်ပတ်သည်။ အခကြေးငွေပေးစရာမလိုပါ။

စခန်းတွင် PAB ခေါ် နိုင်ငံရေးဒုက္ခသည်များနှင့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအဖြင့်နှစ်မျိုးကွဲသည်။ နိုင်ငံရေးဒုက္ခသည်များမှာ လွန်ခဲ့သည့်သုံးလေးနှစ်ခန့်မှစတင်၍ အခြေချနေထိုင်သည်။ သူတို့အားလုံးသည် တတိယနိုင်ငံသို့ထွက်ခွာရန်မှာအဓိကဖြစ်သည်။ စစ်ပြေးဒုက္ခသည်များမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ကြောင့်သော်လည်းကောင်း၊ မြန်မာစစ်အစိုးရ မှ စစ်ဆင်ရေးကြောင့်ထွက်ပြေးရောက်ရှိကြခြင်း ဖြစ်သည်။ ထိုသို့ဖြင့်စခန်းအတွင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။

ခရစ်ယာန်၊ Buddish နှင့် မွတ်စလင် ဘာသာဝင်ဘုရားကျောင်းများရှိသည်။ အများစုမှာ ခရစ်ယာန်ဘာဝင် ကရင် လူမျိုးများဖြစ်သည်။ ဘာသာရေးနေ့ကြီးရက်ကြီးများတွင် ဓလေ့ထုံးစံအတိုင်း ဘာသာဝင်တိုင်းမှ ကျင်းပလေ့ရှိသည်။

သူတို့အားလုံးသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်စနစ်အား ပြိုပျက်စေပြီး ဒေါ်အောင်ဆန်းစုကြည်အား အာဏာရ စေချင်ကြသည်။ ဒုက္ခသည်များအား၏ ရိက္ခာအတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ပေးသည်။

5/24/09

ငါဟာ တော်လှန်သူ..ဘယ်ပဲရောက်ရောက်(ကိုဂင်)


တာဝန်တွေပိနေတဲ့ ချစ်သောကိုဂင်...

ကိုဂင်ကြီးခေါ်..ကိုထွန်းထွန်း။

သူသည် ရဲရင့်သည်။ ပြတ်သားသည်။ တည်ကြည်သည်။ မိမိလုပ်အားကို ... မိမိမြတ်နိုးသည်။ တော်လှန်ရေးမှာ တော်လှန်သူတစ်ယောက်။ ကဗျာရေးသည်။ စာရေးသည်။ ဂီတလည်းဝါသနာ။ ဂစ်တာမြင်ရင် ကြင်ရာထက်မင်။ သြော်..ကိုဂင်ရေ...။

အမိတိုင်းပြည်မှာ ဒီလိုအော်လို့ရမဲ့အခြေအနေကို မျှော်တလင့်လင့်ပေါ့ဗျာ...။

အနီးဆုံးရန်သူကို ရှာပါ၊ တိုက်ခိုက်ပါ....


ကျနော့်ရဲ့ ဓာတ်ပုံကို ကျနော့်သား ၅-နှစ်သားက ရိုက်ပေးပါတယ်

........အခု ဒေါ်စုကိုထောင်ချမဲ့အမှု့ ဟာ တတိုင်းပြည်လုံးကို စစ်အစိုးရ ထောင်ချလိုက်တာနဲ့အတူတူပဲ။ ဗိုလ်သန်းရွှေ ဟာ မသေခင်နောက်ဆုံးအချိန်ထိ, သူ မိုက်တယ်ဆိုတာကိုပြတာလည်းပါတယ်။ ဘယ်သူကိုမှ ဂရုမစိုက် ငါမြင်းငါစိုင်းတာပဲ။

ဒေါ်စုဟာ ဘယ်တော့မှ မလိမ်ခဲ့ဘူး။ နောင်လည်းလိမ်မဲ့လူမဟုတ်ဘူး။

စစ်ဗိုလ်ချုပ်တွေနဲ့အပေါင်းအပါတွေဟာ ထားစရာနေရာမရှိအောင် ချမ်းသာနေတယ်။ ဒါကို ခင်ဗျားတို့အားလုံးသိတယ်။ နိုင်ငံခြားမှာ သူတို့ဘဏ်အကောင့်တွေ ကို နာမည်အတုတွေနဲ့ ဖွင့်ပြီး စည်းစိမ်ခံ နေတယ်။ သူတို့သားသမီးတွေကိုဈေးကြီးတဲ့ကျောင်းတွေမှာထားတယ်။ သူတို့အားလုံးဟာ သာမန်ပြည်သူတွေရဲ့  သားသမီးတွေလို..စည်းကမ်းနဲ့ ရင့်ကျက်တဲ့အတွေးအခေါ်မရှိဘူး။ Nigh Club မှာသောက်စားမှုးယစ်နေတယ်။
အသက်ငယ်ငယ်နဲ့ တိုင်းပြည်တိုးတက်အောင်(သို့) လုပ်ဖို့တောင် စဉ်းစားတာမဟုတ်ဘူးဆိုတာကို လူတိုင်း သိတယ်။

အခုဆို..အမေရိကန်ပြည်ထောင်စုအပါအ၀င် တခြားနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်၊ နဲ့ အခြားကျောင်းတွေမှာ တက်နေတဲ့ သူခိုးသားသမီးတွေ..အများကြီးပဲ။ မြန်မာပြည်ကလာပြီးနိုင်ငံခြား မှာ ကျောင်းတက်ဖို့ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ဘူး။ ၀န်ထမ်းသားသမီး..နိုင်ငံခြားမှာ ကျောင်းလာတက်ပြီဆိုရင် သူတို့ဟာ ခိုးလို့၊ ဘတ်လို့ရတဲ့..ငွေတွေနဲ့ရောက်တာပဲ။ ခင်ဗျားအုံးနှောက်နဲ့ စဉ်းစားကြည့်ပါ။ သူ့အဖေဟာ ၀န်ထမ်းဆို။ ၀န်ထမ်းလစာဟာ အများဆုံး ၅-သိန်းပေါ့။ နိုင်ငံခြားမှာ, တလ ကိုအနည်းဆုံးအိမ်စရိတ်ပဲ ၁၀-သိန်းပေးရပြီ။ ဒါဟာ ကျနော်တို့ကို အခုထ.ိ..စော်ကားနေတုံးပဲ။

အခု..ကျနော်တို့.. ၀န်ထမ်းသားသမီးတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်တာကို တိုက်ခိုက်ရတော့မယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ရန်သူ ဖြစ်ပြီ။ ကျနော်က....အော်စီကနေ အော်တဲ့ကောင်ဆိုတော့..သြစီမှာရှိတဲ့ မြန်မာတွေကို ထပ်အာမယ်။ အခု..ခင်ဗျား တို့ပေါင်းနေတဲ့ သူငယ်ချင်းတွေ၊ အသိတွေကို စမ်းစစ်ပါ။ သူတို့ သြစီမှာ...ကျောင်းတက်နိုင်အောင် ဘယ်ကငွေရလဲလို့။ စစ်ဗိုလ်၊ ၀န်ထမ်း ဖြစ်တာကြောင့်ကျောင်တက်နိုင်ရင် သူဟာ ကျနော်တို့ရန်သူပဲ။ သူတို့တိုက်ခိုက်ပါ။ မပေါင်းပါနဲ့။ ပြစ်ပြစ်ခါခါပြောပါ။ ဆဲပါ။ နောက်ဆုံး ခွေးလောက်တောင် တန်ဖိုးမထားပါနဲ့။

ဘယ်တော့မှ..တိုင်းပြည်နဲ့ပြည်သူအပေါ်မှာ ခုတုံးလုပ်ပြီး ချမ်းသာတာကို -င်-ိုး-င်ခံမလုပ်ကြပါနဲ့။ လုပ်ရင် ခင်ဗျားတို့ပဲ တသက်လုံး သူတို့လက်အောက်မှာ နေရမယ်။ ငပိနဲ့တသက်လုံးစားရနေရမယ်။ အခုစလုပ်ပါ။

လူတိုင်းဟာ ခေါင်းဆောင်ပဲ။ ဘယ်တော့မှ တပါးသူကို မမှီခိုပါနဲ့။ ဘယ်တော့မှ သူများခိုင်းတာ မလုပ်ပါနဲ့။ မြန်မာ အချင်းချင်းကူညီပါ။ အားမနာပါနဲ့။ မကြောက်ပါနဲ့။ ခင်ဗျားကြောင့် ဘယ်တော့မှ ခင်ဗျားသားသမီးတွေကို သူများ ခိုင်းဖက်ဖြစ်အောင် မလုပ်ပါနဲ့။ ခင်ဗျားကိုယ်တိုင်ကျိုးစားပါ။ လုပ်ပါ။

5/23/09

လူထုအတွက် လမ်းပြမြေပုံ...

လူထုအတွက် လမ်းပြမြေပုံ...

အခုထိ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေကနေ ဘယ်လိုအချိန်မှာ ဘာလုပ်ပါလို့ ရဲ ရဲ ၀ံ့ဝံ့ ပြောတာ မတွေ့ သေးဘူး။ ကျနော့်စိတ်ထင်တခုခုများမှားနေသလား။ အခုကတည်းက ကိုသီးဇွန်လို လုပ်ရင်ကောင်းမယ်။ ကျနော် မသိတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဓိက အင်းစိန်မှာ စုံရပ်ထားပြီး ချဖို့ဆိုတာကို လုပ်ရမယ်။ ဆန္ဒပြပွဲ Plan ကို NLD ကရေးပြီး လူထုကို ဦးဆောင်ရင်ပိုကောင်းမယ်။ ဦးအောင်ရွှေနဲ့အပေါင်းအပါကို အားမကိုးပါနဲ့။ သူတို့အသက်ကြီးပြီ။ လုပ်ဖို့လည်း ဆန္ဒ ရှိတဲ့ပုံမပေါ်ဘူး။

ကဲ...မထူးဘူး။ ကိုမိုးသီးရေ... နယ်စပ်ကနေ အင်းစိန် ကိုရောက်အောင်သွားသင့်ပြီ။ ဘယ်သူမှ ကယ်မဲ့သူမပေါ် သေးဘူး။ အဘဦးဝင်းတင်တစ်ယောက်တည်း အားနည်နေပြီ။ ကိုမင်းကိုနိုင်လည်း အခုလောက်ဆို မျှစ် စားနေ လောက်ပြီ..။

FDB ရဲ့  Plan လည်းအတိအကျမသိသေးဘူး။ ပြည်တွင်းလုပ်ငန်းလောက်နဲ့ရွာလည်တုံးပဲ။ လူတိုင်းနားလည် အောင်ရှင်းရှင်းလင်းလင်း အကြံပေးကြပါ။ ဦးဆောင်ကြပါ။ အာဏာအရ ယူပါ။ စစ်အာဏာရှင်မလိုချင်တော့ပါ ဘူး။

5/22/09

နံနက် ၁၀-နာရီတိုင်းမှာ အင်းစိန်ကို ချီတက်ကြပါ။

၁၉၈၈-ခုနှစ်ကကိုမိုးသီးဇွန်
ရဲဘော်များသို့ 


ငါဒို့  ဘာလုပ်ကြမလဲ ။ ငါဒို့ လူထုကို အိမ်ရှေ့ ကိုထွက်အောင် စည်းရုံးလှုံ့ ဆော်ရမယ်။ ငါဒို့ လူတွေကိုအိမ်ရှေ့  ကိုထွက်အောင်စည်းရုံးလှုံ့ ဆော်ရမယ်။ ဒီလို လူတွေအိမ်ရှေ့ ထွက်လာရဲ ပြီဆိုရင် အင်းစိန်ထိချီတက်အောင်
ဆက်လက်တိုက်တွန်းရမယ်။ နံနက် ၁၀- နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာ ဆန်ကျင်ကန့် ကွက်တဲ့အနေနဲ့  နံနက် ၁၀နာရီတိုင်းမှာ နှစ်မိနစ် ငြိမ်သက်စွာနေအောင်လှုံ့ ဆော်ရဦးမယ်။ လုပ်ကိုလုပ်ရမယ်။ ဒါကြောင့်

အိမ်ရှေ့  ကထွက် - အင်းစိန်ကို ချီတက် - နံနက်ဆယ်နာရီမှာ နှစ်မိနစ် ငြိမ်သက် ဆိုတဲ့ လုပ်ငန်းစဉ်လေးကို လုပ်ကိုလုပ်ရမယ်။

ဒါလေးလုပ်တော့ နအဖ ပြုတ်ကျရောလားလို့ တော့မမေးနဲ့  လွယ်တယ်လို့ သိပ်တော့မထင်လိုက်နဲ့  ။
ဟား ဒါလေးများ မိုးသီး ရာ လို့ တော့ မထင် လိုက်ပါနဲ့ ။ ဒီကောင်လာအာနေတယ်လို့ ရန်သူလူများ၊ အချောင်သမားများက ခင်ဗျားတို့ ကို သွေးဆောင်နေရင်လည်း မလည်သွားပါနဲ့ ။ ခိုင်မြဲပါ။

ဒီလိုပြောတဲ့သူတွေကို လေ့လာကြည့် ပါ။ သူတို့ ဟ ၈၈ မှာ တကယ်မလုပ်ခဲ့ဘူး။ လက်နက်ကိုင်တိုက်ပွဲမှာ မဖြတ်သန်းခဲ့ဘူးလို့  ဆို ပါရစေ။

လူထုကနေ ကျနော်တိုက်တွန်းတဲ့လုပ်ငန်းလေးလုပ်ဆောင်လာဖို့  ဘယ်လောက်ခက်သလဲ ဆိုတာ တကယ်လူထုကို ခေါင်းဆောင် ဘူးမှာ သိလိမ့်မယ်။ လူထုတိုက်ပွဲကိုတကယ် ဖြတ်သန်းဘူးတဲ့သူမှာ သိတယ်။ ဒီလုပ်ငန်းကို အထင်သေးတဲ့သူတွေက လက်နက်ကိုင်တိုက်ပွဲမှာရောသိပ်သုံးလို့ မရတာများတယ်။ မပါဘူးတာသေချာတယ်။ သူတို ဟာ အရက်မူးလို့ တောင်မှာ ခွေးမသား သန်းရွေ လို့  မဆဲ ရဲ ၀ံတဲ့သူတွေ ဆိုတာတွေ့ လိမ့်မယ်။ သူတို့ ဟာ ဒေါသထွက်လို့ တောင်မှာ သေနပ်ကို မိုးပေါ်ထောင်မဖေါက်ဖူးတဲ့သူတွေဆိုတာ တွေ့ လိမ့်မယ်။

ခင်ဗျားတို့ ကတော လူထုတိုက်ပွဲရော ၊ လက်နက်ကိုင်တိုက်ပွဲတွေရော တခုခုမှာ ဒါမှမဟုတ်နစ်ခုစလုံးမှာဖြတ်သန်းဘူးတဲ့သူတွေပါ။ရန်သူလူနဲ့အချောင်သမားများ၊လန်းပန်းများ၊တတ်ယောက်ကားများ တွေ့ရဲ့  ၀ါဒဖြန့် မှုတွေကို ရဲ ၀ံ့စွာတုန်ပြန်ဖို့ လိုပါတယ်။


ဒီလုပ်ငန်းလေးဟာ လွယ်သလောက် ရလဒ်ကတော့ သမိုင်းဝင်လောက်အောင်ကြီးတယ်ဆိုတာ
ကျနော်သိတယ်။ ခင်ဗျားတို့ တွေ့ လိမ့်မယ်။ လူထု ကိုကိုယ်တိုင်ခေါင်းဆောင်ရမယ်ဆိုတာ အလုပ်ဟာ
အပြောလွယ်သလောက်လက်တွေ တကယ်ခက်တယ်ဆိုတာရဲဘော်တို့ မကြာခင်သိလိမ့်မယ်။

တခုတော့ပြောပါရစေ

လူထုဟာ မကြောက်ပါဘူး။ လုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာပါ။ တိုက်ပွဲလုပ်ငန်းစဉ်မရှိလို့ ဖြစ်နေတာ။
လူထုရှေ့ ကနေ ကိုယ်လုံးပြထွက်နေတဲ့ ခေါင်းဆောင်ထက်လူထုက သုတို့ ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလိုချင်တာပါ။ ခင်ဗျားတို့ ကျနော်နဲ့ အကြိမ်တစ်ရာ သဘောထားကွဲလွဲပါ။ ဆဲပါ။ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဆရာ၊ဘုန်းကြီးတွေ ၊ ဗလီဆရာ၊ ပါစတာတွေစကားကို ဘ၀တသက်လုံးမြေ၀ယ်မကြနားထောင်ပါ။

ဒီတခါတော့ ကျနော်ပြောတာ ကိုလက်ခံစဉ်းစားပါ လို့ တိုက်တွန်းလိုတယ်။ ဘာလိုလဲဆိုတော့
လွတ်မြောက်ရေးတရားကို ကျနော် ကလွဲလို ခင်ဗျားကို ဘယ်သူကမှ မပြောသေးလို့ ပါပဲ။

လူတွေကို အိမ်ရှေ့ ကိုထွက်လာအောင် စည်းရုံးပါ။
အင်စိန်ကိုချီတက်ခိုင်းပါ ။နံနက်ဆယ်နာရီ ထိုးရင် နှစ်မိနစ် ငြိမ်သက် ခိုင်းပါ။


အောင်ပွဲသို့ 

မိုးသီးဇွန်

အကြံပေးချက်။ ကိုမိုးသီး ဗမာစာကိုသေချာလေ့လာပါ။

5/18/09

The Great Hero

ယခုဓာတ်ပုံအား မြန်မာပြည်သား အတော်ဆုံးဘလော့ဂ်ဂါ ဆရာဆွေ ထံမှကူးသည်။
လေးစားပါတယ် အဘဦးဝင်းတင်ခင်ဗျား...။

ကြည့်...အသက်ကြီးပေမဲ့ ရှေ့ က သတ္တရှိရှိ လူထုကိုဦးဆောင်နေပြီ။ ဘယ်မှာလဲကွ စစ်သားဟောင်းတွေ။ စစ်သားဟောင်းတွေဖြစ်တဲ့ ဦးအောင်ရွှေတို့အဖွဲ့ ဘယ်ချောင်မှာရောက်နေလဲမသိ။ အတိုက်အခံ ခေါင်းဆောင် လုပ်နေပြီး တခါမှရှေ့ ကထွက်ရပ်တာ မတွေ့သေးဘူး။

စက်တင်ဘာမှာတုံးကလည်း လက်အုပ်ချီတာလောက်ပဲတွေ့ဘူးတယ်။ ဒါ့ကြောင့် ကျနော်ပြောတာ ဘယ်တော့မှ စစ်သားတွေကို သူတို့ ခေါင်းဆောင်တွေကိုတော်လှန်ဖို့မပြောနဲ့။

ထပ်ပြောပါတယ်.. အဘဦးဝင်းတင် NLD ဥက္ကဌလုပ်သင့်တယ်။

သန်းရွှေတို့ အုပ်စုမကြာခင် အင်းစိန်ထောင်ထဲမှာ ပြည်သူတွေ တွေ့ရတော့မယ်။

အင်းစိန်မှာ စတဲ့ တော်လှန်ရေး အင်းစိန်မှာ အဆုံးသတ်စေရမယ်။


5/17/09

ကျနော်အကြောင်း....

ကျနော့်ရဲ့ အယူအဆ၊ အတွေးအခေါ်အတော်များများဟာ လူ့ဘောင်သစ်နဲ့ဆိုင်ပါတယ်။ လူ့ဘောင်သစ်ကြောင့် ကျနော် ပညာအတော်ရခဲ့တယ်။ နိုင်ငံရေး နည်းနည်းသိတယ်။ လေ့လာမှုကို လူ့ဘောင်သစ်က ပျိုးပေးတယ်။ ကျိုးစားမှုကို ဗကပ က လူတွေက သင်ပေးတယ်။ လူ့ဘောင်သစ်လို့ပြောရင် အများစုကိုခြုံရာရောက်တယ်။ ကျနော်ပြောချင်တာက ၁၉၉၈ ခုနှစ်ကစလို့ ၂၀၀၉ အထိ လူတွေကိုပြောတာ။ ဘာပဲဖြစ်ဖြစ် လူ့ဘောင်သစ်ရဲ့ ကျေး ဇူးဟာ ကျနော့်အပေါ်မှာ ထောင်သောင်းမက ရှိတယ်။ တခါတလေ လူ့ဘောင်သစ်က တချို့ လူတွေကို ကျနော် တင်းတယ်။ မကျေနပ်ဘူး။ သို့သော် ကျနော် စိတ်ပြေလွယ်။ ကျနော် ကိုထွတ်ကိုခင်တယ်။ ကိုအောင်ကျော်စိုးကို သံယောဇဉ်ရှိတယ်။ ကိုဇော်နိုင်ဦးကို မေတ္တာရှိတယ်။ အများကြီးပဲ။ ပြောရင် မကုန်ဘူး။ သူတို့အားလုံးဟာ ကျနော့် ရဲ့ နုလုံးသားထဲမှာ အစဉ်ရှိတယ်။ ပြန်တွေ့ချင်တယ်။ ကျနော်အခုကောင်းနေတယ်။

ကျော်စွာဝင်း

'သူငယ်ချင်း'

ငါ့ကို အမြန်ဆက်သွယ်ပါ။
Pk

အရူးရမ်းကီး

စဉ်းစားလို့ကို မရဘူး။ ဘာ့ကြောင့်ဒေါ်စုက အရူးရမ်းကီးကိုလက်ခံထားရတာလဲ။ သူ, မသိဘူးလားမသိဘူး။ လက်ခံထားရင် ဘာဘဲဖြစ်ဖြစ် နအဖ အကြောင်းရှာနိုင်တယ်ဆိုတာ။ သူ့အိမ်ကိုလာရင် နအဖ ကိုအကြောင်းကြား သင့်တာပေါ့။ ဘာ့ကြောင့်အကြောင်းမကြားတာလဲ။ အကြောင်းလိုက်ရင် အခုလို အမှုတွေပိုမလာတော့ဘူးပေါ့။ အခုတော့...။ အရူး , က တခါ မက ဒေါ်စုအိမ်ကိုရေကူးလာတာဆိုတော့။ ပြီးတော့ သူကရွှေမြန်မာလည်းမဟုတ်၊ ရမ်းကီး။ လူကြီးမင်ကောဘယ်လိုထင်ပါသလဲ။ အရူးတစ်ယောက်ကြောင့်အမှု့ ပိုရှုပ်ရပြီ။

5/8/09

နေကာအမဲ နဲ့ လူ

နေကာအမဲ နဲ့ လူဟာ မသိရင်၊ ဘာဂိုဏ်းကလိုလို ညာဂိုဏ်းကလိုလို။ အဲလိုမထင်ပါနဲ့။ Holiday တစ်ရက်မှာ အပျင်းပြေလမ်းလျှောက်ရင်း မျက်စိအရသာ ခံစားနေတာပါ။ သူဟာတခြားသူတော့မဟုတ်ပါဘူး.. ကျနော်တို့ရဲ့  ရဲဘော်ကြီး...သူသာလျှင်ဖြစ်ပါတယ်။ ရှု့ စားတော်မူကြပါကုန်။

5/7/09

မျက်ရည်တွေနဲ့ ရေးတဲ့ ကိုအောင်ဒင်

ကိုအောင်ဒင်ကို တခါမှမမြင်ဘူး၊ မတွေ့ဘူးပါ။ Radio နဲ့ အွန်လိုင်းမီဒီယာမှာ လောက်သာ ရင်းနှီးပါတယ်။ အစဉ်တစိုက် တော်ထဲမဟုတ်တဲ့တော်လှန်ရေုးကို သူလုပ်တယ်လို့လည်းသိရပါတယ်။ ဒီနေ့ ကိုမိုးသီးဇွန်ရဲ့ ဘလော့ မှာ သူ့အဖေအတွက် အမှတ်တရ ဆောင်းပါးကို သူကိုယ်တိုင်ရေးထားတာတွေ့လို့အခုလို ရေးဖြစ်ပါတယ်။ စာထဲမှာ တွေ့ရတဲ့ ရသ, အတော်များများဟာ စာဖက်သူ(တန်ဖိုးထားသူ) တွေကို မချိမဆံ့ဖြစ်စေတယ်။ လေးစားမှုရသ၊ တန်ဖိုးထားမှုရသ၊ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ဖြစ်စေချင်မှု့၊ ဘ၀တန်ဖိုး၊ ခံယူချက်၊ မရေနိုင်တဲ့ ခံစားချက်တွေကို ကိုအောင်ဒင် မျက်ရည်တွေနဲ့ရေးခဲ့တယ်ဆိုတာကို ဖတ်စေချင်ပါတယ်။ ဒီကိုသွားလိုက်ပါ တန်းဖိုးမဖြတ်နိုင်တဲ့ ခံစားချက်ကိုတွေ့ရပါလိမ့်မယ်။

http://aungdin.blogspot.com/

5/5/09

Stateholders Engagement

ဒီနေ့ E-Lab ထဲမှာ ပျင်းပျင်းနဲ့ ဟိုကြည့်ဒီကြည့် လျှောက်လည်တယ်။You Tube ထဲမှာ ဂျပန်နဲ့မြန်မာထိုးတဲ့ လက်ဝှေ့ပွဲကို နှစ်နာရီနီးပါးထိုင်ကြည့်ဖြစ်တယ်။ ကိုယ့်ရဲ့ ကွန်ပြူတာဘေးမှာ ထိုင်နေတဲ့ ကျောင်းသားတွေက လည်း မြန်မာ့လက်ဝှေ့ကို စိတ်ဝင်တစား ကြည့်တာကို သတိထားမိတယ်။ သူတို့အမြင်မှာ မြန်မာ့လက်ဝှေ့ သမားတွေက တော်တော်ကြောက်စရာ၊ အံ့သြစရာကောင်းတယ်လို့ ထင်သွားလာမသိဘူး။ လက်သီးဗလာ နဲ့ သုံးလေးမိနစ်အတွင်းမှာ ပြိုင်ဘက်ကိုအလဲထိုးပြစ်နိုင်တယ်။ သူတို့ဆီမှာက လက်ဝှေ့အိတ် နဲ့ကစ်ဘောက်စာ လောက် မြင်ဘူးတာဆိုတော့။ ဘာဘဲဖြစ်ဖြစ် ကျနော်တော့ တော်တော်ဂုဏ်ယူစရာ ကောင်းတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပါလို့ မှတ်ချက်ချမိတယ်။

မနက် ၈-နာရီခွဲမှာ စတဲ့ Lecture က ၁၀-နာ ရီခွဲမှာပြီးသွားတယ်။ Lecture ထဲမှာ စိတ်ဝင်စားတဲ့ တချို့ အချက်အလက်တွေကို ပြန်နွေးတဲ့အနေနဲ့ အခုလိုရေးမိ ပါတယ်။ Topic က State Holders Engagement လို့ခေါ်တယ်။ Enviromental Management ခေါင်းစဉ်အောက် က အခန်းခွဲတခုဆိုပါတော့။ ကိုယ့်ဒေသမှာ ဖြစ်နေတဲ့ Enviromental Issue တခုကိုကိုယ်တွယ်တော့မယ်ဆိုရင် State Holders တွေနဲ့တွေ့ဆုံဆွေးနွေး အဖြေရှာရတာပါ။ ဥပမာ- မိမိဒေသမှာရှိတဲ့ စက်ရုံတခုကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အခြားဓာတု အဆိပ်ငွေ့တွေဟာ လက်တလောကာလမှာ ထိခိုက်မှုမဖြစ်နိုင်ပေမဲ့ ရေရှည်မှာ ကျန်းမာရေးကို အထူးထိခိုက်နိုင်ပါတယ်။ အဲလိုမျိုးဖြစ်လာနိုင်တဲ့ လေထုညစ်ညမ်းမှုကို စက်ရုံပိုင်ရှင်၊ လူထု၊ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက စုပေါင်းဖြေရှင်းနည်းပါ။ အဲဒိမှာပါဝင်တဲ့ စက်ရုံပိုင်ရှင်၊ လူထု၊ အစိုးရ နဲ့အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကိုတော့ Stateholders လို့ခေါ်ပါတယ်။ ဖြစ်နိုင်ရင် အဖွဲ့အစည်းမျိုးစုံက ကိုယ်စားလှယ်တွေကို တက်နိုင်သလောက် စုစည်းဆွေးနွေးရပါတယ်။ ဒါမှ အားလုံးရဲ့ Input ရရှိမယ် လို့ဆိုပါတယ်။ Stateholders Engagement ကိုမြန်မာလိုဘာသာပြန်ရင်တော့ ဘယ်လိုပြန်ရမလဲ မသိဘူး။

ဒီနေရာမှာ Case Study တခုဆိုပြီး Documentary တခုကိုပြပါတယ်။ Western Australia မှာရှိတဲ့ အလူမီနီယံ Company တခုကထုတ်လွှင်တဲ့ ဓာတ်ငွေ့တွေဟာ အဲဒိဒေသမြို့ လေးမှာ ရှိတဲ့လူထုရဲ့  ကျန်းမာရေးကို ဆိုးဆိုးရွာရွား ထိခိုက်စေခဲ့ပါတယ်။ နှားခေါင်းသွေးလျှံခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ယားယံခြင်းတွေကို သုံးလေးနှစ်ကြာတဲ့အခါမှာ လူတွေရရှိခံစားခဲ့ကြတာပါ။ အဲလိုဖြစ်တာကို စက်ရုံပိုင်ရှင်တွေ သူတို့စက်ရုံကြောင့် မဟုတ်ဘူးလို့ ပထမပိုင်းမှာဆိုကြပါတယ်။ လူထုရဲ့ စွပ်စွဲချက်ကို ခါးခါးသီးသီး ပယ်ချပါတယ်။ Local အစိုးရကလည်း ပူလင်းတူဗူးဆို့ ပထမပိုင်းမှာ အရင်းရှင်တွေနဲ့အတူ လူထုရဲ့ကျန်းမားရေးဆိုးရွားလာချက်ကို ပယ်ချပါတယ်။Alcoa Company ရဲ့  အလူမီယံစက်ရုံကို Yarloop မြို့ မှာ အခုလိုတွေ့ရပါတယ်။ ဒီပြဿနာ ၂၀၀၆-ခုနှစ် ဖြစ်ခဲ့တာပါ။

နောက်ပိုင်းအဲဒိမြို့  (Yarloop) က ရောဂါရှင်တွေဟာ Perth မြို့ မှာလာရောက်ပြီး ဆေးကုသကြပါတယ်။ လူနာရှင်တော်တော်များများ ရဲ့ ရောဂါလက္ခဏာတွေအားလုံးက အတူတူဖြစ်နေတော့ ဆရာဝန်တွေတိုင်ပင်ပြီး အစိုးရနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို Lobby လုပ်တော့မှ နောက်ဆုံးအစိုးရက အရေးတယူလုပ်ပါတယ်။ အစိုးရကနေ Air Quality ကို Yarloop မြို့မှာ စတင် တိုင်းတာစမ်းသပ်ပါတော့တယ်။ နောက်ဆုံးမှ အစိုးရနဲ့ စက်ရုံက သူတို့စက်ရုံကထွက်တဲ့ အငွေ့တွေဟာ ကျန်းမာရေးထိခိုက်စေတယ်ဆိုတာကို ၀န်ခံပါတော့တယ်။ ဒီစက်ရုံဟာ အမေရိကန်နိုင်ငံက ပိုင်တဲ့စက်ရုံဖြစ်ပါတယ်။ Yarloop ဆိုတဲ့မြို့ က Perth မြို့  နဲ့ကီလိုမီတာ ၂၀၀ လောက်ပဲဝေးပါတယ်။

အခုဖြစ်တဲ့ Case Study မှာပါဝင်တဲ့ မြို့ ခံလူထု၊ ဆရာဝန်၊ စက်ရုံပိုင်ရှင်၊ အစိုးရ တွေဟာ Stateholders တွေပဲဖြစ်ပါတယ်။ သူတို့အားလုံးဟာ စက်ရုံကထွက်တဲ့ အဆိပ်ငွေ့တွေနဲ့ပက်သက်လို့ တိုက်ရိုက်ပါဝင် ဆွေးနွေးရပါတယ်။ စက်ရုံကိုပိတ်ပစ်မလား၊ ဒါမှမဟုတ်နောက်ဆုံးပေါ် နည်းပညာနဲ့ အဆိပ်ငွေ့တို့နည်းပါးအောင် ထိန်းပေးမလားဆိုတာကို ၀ိုင်းပြီးအဖြေရှာရတာပါ။ စက်ရုံပိတ်ဖို့ဆိုတာကလည်း အငြင်းပွားရတဲ့ အလုပ်တခုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒိဒေသမှာ စက်ရုံက လူရာပေါင်းများစွာကို အလုပ်ပေးထားတာ ဆိုတော့ ပိတ်လိုက်ရင်ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်မှာကိုလည်း အစိုးရနဲ့ အလုပ်သမားတွေက တော်တော်စဉ်း စားရပါတယ်။ သူတို့အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ နအဖလို လိုတမျိုးမလိုတမျိုး ပိတ်လိုက်ဆိုတဲ့ အမိန့်ကို အခုချက်ခြင်း ပေးလို့ မရပါဘူး။ အားလုံးနဲ့တိုင်ပင် အဖြေရှာပြီး လုပ်ရတာပါ။ နောက်ဆုံးတော့ စက်ရုံ နဲ့ အစိုးရ ရှုံးပြီး ဒေသခံလူထုက အနိုင်ရရှိသွားတယ်ဆိုတဲ့အကြောင်းပါ။

5/3/09

နာဂစ်တနှစ်ပြည့်

မြန်မာမီဒီယာတိုင်း နားဂစ် တစ်နှစ်ပြည့်အထိမ်းအမှတ် ရေးကြပြောကြ။ တနှစ်ပြည့်တာကို ဘာ့ကြောင့် အရေးတ၀င့်ပြောရတာလဲ။ ပေါ်ပြူလာ လိုက်လုပ်တာလားမသိ။
နားဂစ် ၆ လနဲ့ သုံးရက်ပြည့်၊ နှစ်လ နဲ့ ၇-ရက်ပြည့် လို့ ဘာ့ကြောင့်မလုပ်တာလဲ။
တနှစ်ပြည့် မှ မလုပ်ရင် ခေတ်မမှီတော့သလို။ လူတွေက နားဂစ်အတွက် မွေးနေ့ပွဲ (Birthday) လုပ်နေသေးတယ်။ သြော်..မြန်မာလူမျိုးတွေ..။

နာဂစ်ဆိုတာ မြန်မာနိုင်ငံမှာ ရက်တွေ၊ လတွေ နှစ်တွေကို အကန့်အသတ်နဲ့ သတိရကောင်းတဲ့အရာ မဟုတ်ပါဘူးဆိုတာ..။

5/1/09

တောင်းဆိုချက် (၃) ရပ်မရရင် ဘာလုပ်မှာလဲ NLD?

ဘိုးဘိုးကြီးတို့ကတော့ တောင်းဆိုချက်သုံးရပ် ပေးရင်ရွေးကောင်ပွဲဝင်မယ်တဲ့ဗျာ..။ ဒီသုံးခုမရရင်ကော ရှေ့  ဘာဆက်လုပ်မှာ လဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ အရင်းတုန်းကလည်း ဒီအတိုင်းဘဲ။ အထူးကြေငြာချက်၊ တောင်းဆိုချက်တွေထုတ်တာ နအဖ က ဖုတ်လေတယ်ငပိရှိလေတယ်လို့တောင် မထင်ဘူး။ တောင်းဆိုချက်သုံးရပ်ကို နအဖက ပေးရင် နွေခေါင်ခေါင် မိုးကြိုးပစ်လိမ့်မယ်။

၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊
၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်အချက်များကို ပြင်ဆင်ပေးရေး
၃) အားလုံးပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုရေး။

4/25/09

စောက်သုံးမကျတဲ့ငါ

နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေ အချင်းချင်းတည့်ရင် ပေါင်းပြီးလုပ်ကြတယ်။ အချင်းချင်း မရှိတာ ကိုရှိအောင်လုပ်ပြီး မြှောက်ပင့်ပေးကြတယ်။ အချင်းချင်းမတည့်ရင် စော်ကြအော်ကြ၊ မပေါင်းကြတော့ဘူး။ ခေါင်းဆောင်ဟုခေါ်သည့် ခေါင်းဆောင်များသည် သူတို့အချင်းအချင်းမတည့်တော့ တဖွဲ့ထောင်တစင်က ပြန်သည်။ နှစ်ပေါင်းများစွာ ဆန့်ကျင်နေတဲ့ရန်သူကို၊ -င်-ိုး-င်ခံ ပေါင်းကြတယ်။ နောက်ဆုံးခံရတာက ပြည်သူတွေပဲ။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား အားလုံးဟာလူပါပဲ။ နောက်ဆုံးသူတို့ အတွက်အကျိုး စီးပွားမရှိတော့ ရှိတဲ့သူတွေ နဲ့ ပူးတွဲလုပ်တယ်။ ဘာလဲကွ တိုင်းပြည်အတွက်။

လွတ်လပ်ရေးရကတည်းက ဖြစ်လာတဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေးတိုက်ပွဲ၊ မြန်မာလူမျိုးအချင်းအချင်းချကြတယ်။ နောက်ဆုံး ပြည်သူတွေပဲ ငတ်ရတယ်။ ဆင်းရဲတယ်။ ဘယ်သူရလဲဆိုတော့ ဘေးကအိမ်နီးချင်းတွေပဲ အမြတ်ရတယ်။ ကချင်ကစလို့၊ ရှမ်းအဆုံး တတိယနိုင်ငံတွေမှာ ခိုလှုံရတယ်။ ခေတ်သစ်ကျွန် ဇာတ်သွင်း ခံရတယ်။ ဘာမှမဟုတ်ဘူး။ သေတော့ ဘယ်သူမှ ကိုယ့်နောက်မပါဘူး။

ရန်သူကလည်း ငါ။ အတိုက်အခံကလည်း ငါ။ ဘေး ကပြည်သူကလည်း ငါ။ ငါ တွေပြိုင် နေတော့၊ နိုင်တဲ့သူမရှိ ခွေးဖြစ်တာ အားလုံးအသိ။ ဒါလည်းမမှတ်။ နောက်ဆုံးမြန်မာလူမျိုးတွေရဲ့ စောက်ကျင့်၊ အတွေးအခေါ်၊ လုပ်ဟန်တွေဟာ တခြားနိုင်ငံကလူတွေနဲ့ယှဉ်ရင် ဆီနဲ့ရေ။ ငါသာသေရင် ငါ့သားသမီးတွေ မြန်မာပြည်ကြီး တိုးတက်တာကိုမြင်ရပါ့မလား။ တိုးတက်တယ်ဆိုတာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကိုဆိုလိုတယ်။

မြန်မာပြည်နိုင်ငံရေးမှာ ဘယ်သူမှ အရှုံးအမြတ် သဘောမထားပဲ ပေါင်းကြရင် ဘယ်လောက် ကောင်းကြမလဲ။ ငါ-ိုးမ စစ်အစိုးရကလည်း တပြားမလျှော့။ အတိုက်အခံကလည်း မာန မစွန့်၊ ဟင်း......ငါတော့ သေပါပြီ။ လုပ်ကြပါဗျာ....ပေါင်းကြပါ။ ပြည်တွင်းစစ်မလိုချင်တော့ပါဘူး။ မြန်မာလူမျိုး အချင်းအချင်း မချကြပါနဲ့တော့...။ တိုင်းပြည် နဲ့ ပြည်သူလည်း နာလှပါပြီ။ ကျနော်လည်း ပြန်ချင်လှပါပြီ.....။

4/19/09

ပါတီနှင့်ပိုင်ဆိုင်မူ့

အရင်တုန်းက ပါတီဝင်တစ်ယောက်ဟာ ထိုင်းဘတ်ငွေ ၂၀၀ အသေးသုံးရပါတယ်။ အသေးသုံးဆိုတာ ကြီးတာသုံးဖို့ အတွက်မဟုတ်ပါဘူး။ ၂၀၀ နဲ့ ဇ၀က်သာ အရက် လေးလုံးလောက်သာရပါတယ်။ နည်းပေမဲ့ အတော့ကိုပျော်ခဲ့ရ ပါတယ်။ နောက်ပိုင်း နည်းနည်းများများလာတာ လူတစ်ယောက်ကို ဆိုင်ကယ်တစ်စီးပိုင်တဲ့ အထိရှိခဲ့တယ်။ ဒါပေမဲ့ အဲဒိအချိန်မှာကျနော်က သြစီမှာ ရောက်နေပြီဆိုတော့မရခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေတုံးက ဆိုင်ကယ်ကိုယ်ပိုင်စီးဖို့ နေနေသာသာ ပါတီဝင်တိုင်းမှာ စက်ဘီးတောင် မပိုင်ပါဘူး။ အခုဟာက အခြေအနေအရများလုပ်တာလားမသိဘူး။

4/12/09

ပြောချင်တာပြောမယ်


၁) ဆိုမားလီယားဒမြ

ဒီနေ့ အင်တာနက်မှာ ဟိုကြည့်၊ ဒီကြည့် လျှောက်လည်ရင်းနဲ့ ဒီသတင်းတွေကို တွေ့တယ်။ ပထမဦးဆုံး ဆိုမားလီးယား ပင်လယ်ပြင်မှာ ပင်လယ်ဒမြတွေ သောင်းကျန်းနေတယ်ဆိုတဲ့သတင်း။ ပြီးတော့ ကိုမိုးသီးဇွန် ဘလော့ဂ်မှာ သူက SSA က ဗိုလ်မှုးကြီးရွက်ဆစ်ကို ပေးပိုတဲ့သ၀ဏ်လွှာ။

သြစီမှာ ရောက်နေတဲ့ ဆိုမားလီယားတချို့ နဲ့ကျနော်ခင်မင်ပါတယ်။ ပထမဦးဆုံး ကျနော့်ရဲ့ ရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က ဆိုမားလီးယားမိန်းမတစ်ဦးပါ။ အသက်အရွယ်အားဖြင့် ၄၇-နှစ်ရှိပါပြီ။ သူမက သူတို့ရဲ့ စကားကိုသင်ပေးပါတယ်။ ဆိုမားလီးယား ဘာသာစကားနဲ့၊ ဟုတ်ကဲ့ ဆိုရင် ဟာ..။ မဟုတ်ဘူးဆိုရင် မိုင်ရာ...။ တည့်တည့်သွားဆိုရင် စအောက် လို့ သူမက သင်ပေးပါတယ်။ ကျနော့်အလုပ်လုပ်ရင်း သူမနဲ့ အာလပသလာပ ပြောဖြစ်တယ်။

သူမကိုတနေ့မှာ ဆိုမားလီးယားက ပင်လယ်ဒမြတွေအကြောင်းမေးဖြစ်တယ်။ ဆိုမားလီယားနိုင်ငံရေး၊ အကြောင်း..တော်လှန်ရေး အကြောင်း..။ ဆိုမားလီယားပင်လယ်ကမ်းခြေမှာ နိုင်ငံတကာက ကြောက်ရတဲ့ ပင်လယ်ဒမြတွေ စိုးမိုးနေတယ်၊ သူတို့ကို ထောက်ခံလားလို့မေးတယ်။ သူမက ဟုတ်ကဲ့တဲ့..။ ဘာ့ကြောင့်လဲဆိုတော့။ သူပြောတဲ့..အင်္ဂလိပ်စကား ကိုကိုယ့်ဟာကိုယ်ဘာသာပြန်ကြည်ပါ။

I support them because they (ships) come our sea. They take our resources without a permit. We don't have government for many years. Everybody or every group said they are presidents. Every body has guns. I have guns in my home.

ဆိုမားလီယားပြည်သူတစ်ယောက်ပြောတဲ့စကားပါ။

၂) ကိုမိုးသီးဇွန် ရဲ့ သ၀ဏ်လွှာအကြောင်း..

တခါမှ မတွေ့ဘူး။ မြန်မာ့ အသံလည်းမဟုတ်။ CNN မှာ လွှင့်တဲ့ ကုလားလည်းမဟုတ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိတဲ့ပုံမပေါ်..။ စကားပြောတာကလည်း တလွှဲ..။ ကလေး ကစားတာလို ဖြစ်နေတယ်။ တကယ် လုပ်ချင်တယ်ဆိုရင်..စနစ်တကျ..အသံပိုင်း၊ ရုပ်ပိုင်း တွေကိုသေသေချာချာ ရိုက်ပြီးလုပ်ပါ။ ကျောင်းသား ခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်လို့ ကိုယ့်ဟာကိုယ်ထင်ရင် လူအများလေးစားအောင်တင် ဆက်ပါ။ အခုလို သ၀ဏ်လွှာပို့တာ မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ ကောင်းတယ်။ တင်ဆက်ပုံက ငပေါ လို ဖြစ်နေတယ်။


4/10/09

တခုခုပြောပါ...

ဘာ့ကြောင့်ချမ်းသာတာလဲဆိုတဲ့မေးခွန်းတော့ ပြီးသွားပြီ..။
ကိုကျော်ကျော် နှင့် ဇနီး (PDC)

ဦးမောင်မောင် (FTUB)

ဒေါက်တာနိုင်အောင် နှင့် ဇနီး (NDD)

ကိုအောင်မျိုးမင်း (HREIB)

ကိုဘိုကြည် (AAPP)

လူကြီးမင်းတို့ချမ်းသာတာကို နိုင်ငံတကာမှာရှိတဲ့ မိတ်ဆွေတွေက ဘုံးလို့ ရတာလို့မြင်ကြတယ်။ လူအယောက် ၁၀၀ မှာ ၇၆ ယောက်က ဘုံးတယ်လို့မြင်ကြတယ်။ ကဲ..ဘယ်လိုလုပ်ကြမလဲ..။ ဒီအတိုင်းပဲ သူတို့ရဲ့အမြင်ကို ဘာမှ မပြောပဲ ထုံးစံအတိုင်းထားမှာလား..?။ တခုခု ပြောမလား..။ မပြောရင်တော့ ၀န်ခံတယ်လို့..အားလုံးက ထင်တော့မယ်။

မှတ်ချက်။ ။ ဆရာမစင်သီယာမောင်ကိုချန်လှပ်သည်။ သူမသည် ရိုးသားသည်ဟု ကျနော်ထင်သည်။

4/7/09

သစ္စာဖောက် ဘုန်းကျော့်  နအဖ ၀န်ကြီး ကျော်ဆန်းကိုသွားရောက်တွေ့

ကျနော်သည် ၂၀၀၉-ခုနှစ် ဇန်န၀ါရီလတွင် သြစီမှတဆင့် နေပြည်တော်သို့ တပတ်ကြာအလည်အပတ်ခရီးသွား ရောက်ခဲ့သည်။ ရည်ရွယ်ချယ်မှာ နအဖ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့်တွေ့ဆုံပြီ မြန်မာ့ဒီမိုကရေစီလုပ်စား သူများအား သူလျှိုလုပ်ရန်ဖြစ်သည်။ သတင်းပေးရန်းလည်းပါဝင်သည်။ ၀န်ကြီး ကျော်ဆန်း (ငပု) မှ ကျနော့်၏လုပ်ငန်းအောင်မြင်ပါက သူ့သမီး (ငပုမ) နှင့် ပေးစားမည်ဟုဆိုသည်။ ကျနော်သည် ထိုအစီအစဉ်အား စိတ်ဝင်စားသောကြောင့် သူခိုးထောက်ခံ သူများနှင့် သူခိုးများအဆိုအရ တော်လှန်ရေးသစ္စာဖောက် ဖြစ်ခဲ့သည်။

နေပြည်တော် မှ မဲ့ဆောက်သို့ ဇန်န၀ါရီလ ၁၉-ရက်နေ့တွင်ရောက်ရှိခဲ့သည်။ မဲ့ဆောက်မှ မြန်မာ့ ဒီမိုကရေစီလုပ်စား သူများအားတိတ်တဆိတ် ထိုးဖောက်ဝင်ရောက်၊ သတင်းယူခဲ့သည်။ မဲ့ဆောက်တွင် စပါးနှံ အရက်သောက်ရင်း သတင်းယူရသည်မှာ အားကြီးကောင်းသည်။ ထိုမှတဆင့် ဘန်ကောက်၊ စင်္ကာပူနှင့် သြစီ သို့ လေယျာဉ်ပျံကြီး စီးပြီး ကျနော့်၏ခရီးစဉ်အား အဆုံးသတ်ခဲ့သည်။ ကျနော်သည် မြန်မာ့ဒီမို ကရေစီရေး လုပ်စားသူများ၏ သစ္စာမခံသောကြောင့် ကျနုပ်အား တော်လှန်ရေးသစ္စာဖောက်အဖြစ် စွပ်စွဲခံရသည်။ မည်သို့ဆိုစေ ကျော်ဆန်းသမီးငပုမအား နောက်တခေါက်တွင်ကြိတ်မည်။

4/4/09

ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေးပျက်တက်တယ်

မြန်မာလူမျိုးတွေပီပီ ရိုင်းရိုင်းစိုင်းစိုင်းအင်တာနက်မှာ နာမည်မပါဘဲ သတ္တိရှိရှိဆဲတက်တယ်။ သခင်ထိတော့ ခွေးထတယ်။ သခင်ပျောက်ရင် ဒီခွေးလည်းဟောက်တယ်။ သြော်...တရားလေစွ..။

4/3/09

နှစ်သစ်မှာ အတာရေဖြန်း လန်းဆန်းစေရမည်...

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်းမှ အချမ်းသာဆုံးသူများအား ကမ္ဘာအရပ်အရပ်မှ မြန်မာ့ဒီမိုကရေစီရေး ချစ်မြတ်နိုးသူများမှ မဲပေးရွေးချယ်ရာတွင် အောက်ပါရလာဒ်အား တွေ့ရှိသည်။ ထိုချမ်းသာသောသူများ ဘာ့ကြောင့်ချမ်းသာပါသလဲ။ ဆိုသည့်မေးခွန်းများ ဆက်လက်ဖြေကြာ ပေးပါရန်တိုက်တွန်းပါသည်။ ထိုသူတို့ သည် ၎င်းတို့အဖွဲ့အစည်းများတွင် ထိပ်ပိုင်း တာဝန်များယူထားကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ပြည်ပ အခြေစိုက် တော်လှန်ရေးတွင် နှစ်ပေါင်းများစွာ ခေါင်းဆောင်ရာထူးအားဆက်လက်ယူထားဆဲဖြစ်သည်။


ယခု စစ်တမ်းသည် ၎င်းတို့နှင့်ပက်သက်သော ပိုင်ဆိုင်မှုကို မြန်မာပြည်သူအားလုံးသိရှိရန် နှင့် တာဝန်ယူ တက်စေရန်ဖြစ်သည်။ မဲပေးရွေးချယ်မှုအား ၁၀-ရက်ကြာ အင်တာနက် စာမျက်နာမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးရှိ ခေါင်းဆောင်များကြားတွင် မည်သူသည် ဘာဖြစ်သည် ဆိုသည်ကို ကွဲကွဲပြားပြားသိရှိစေရန်ဖြစ်သည်။ အများတကာပြောဆိုသည့် လုပ်စားသည်ဆိုသည် စကားလုံးများအားလည်း ခွဲခြားစိတ်ဖြာ ရန်ဖြစ်သည်။


ယခုစစ်တမ်းသည် နအဖ စစ်အစိုးရအကြိုက်၊ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ တော်လှန်ရေးအားရေရှည် တိုးတက်အားကောင်းစေရန် နှင့် မသမာသူလူတစ်စုအား ချေမှုန်း ရန်ဖြစ်သည်။ ထိုသူတို့ချမ်းသာနေသော်လည်း တော်လှန်ရေးအောက်ခြေရဲဘော်များစွာမှာ ဆင်းရဲတွင်းနက်နေခြင်း၊ ထိုသူတို့ သားသမီးများ ကျောင်း ကောင်းကောင်း မတက်နိုင်ခြင်း အား အများတကာ သိရှိနေသည်။ သားသမီးချင်းကိုယ်ချင်း စာကြစေရန် ဖြစ်သည်။ မြန်မာပြည်သူတရပ်လုံးအားကယ်ဆယ်မည့်အရေးထက် မိမိ ရဲဘော်များအား ဦးစွာ ကယ်ဆယ်ပေး ကြပါရန် တော်လှန်ရေးခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား လေးလေးနက်နက် တိုက်တွန်း အပ်ပါသည်။ ထို့ကြောင့် ဘာ့ကြောင့် ချမ်းသာလဲဆို သည့်မေးခွန်းများအား ဆက်လက်ရွေးချယ် ပေးကြပါရန် တိုက်တွန်း ပါသည်။


အတာရေဖြင့် ညစ်ညမ်းမှုများကို ဆေးကြောပစ်ကြပါစို့……။


ကိုကျော်ကျော် နှင့် ဇနီး (PDC) ၄၈ (၇၇%)

ဦးမောင်မောင် (FTUB) ၃၉ (၃၇%)

ဒေါက်တာနိုင်အောင် နှင့် ဇနီး (NDD) ၃၆ (၃၄%)

ကိုအောင်မျိုးမင်း (HREIB) ၃၂ (၃၁%)

ကိုဘိုကြည် (AAPP) ၁၃ (၁၂%)

ဆရာမစင်သီယာမောင် ၁၂ (၁၁%)

3/28/09

ထိပ်ဆုံးလေးယောက်

တော်လှန်ရေးမှာ အချမ်းသာဆုံးလေးယောက်တော့ ထိပ်ကပြေးနေသည်။ မေးခွန်းများဆက်မေးရမည်ဖြစ်သည်။ ဘာ့ကြောင့်ချမ်းသာတာလဲ။

၁) ထီပေါက်တာလား
၂) အမွေရတာလား
၃) လစာကောင်းကောင်းရလား
၎) စီးပွားရေးလုပ်ငန်းမှာအောင်မြင်တာလား
၅) ပြည်ပကပေးတဲ့ ဆုတွေနဲ့ ချမ်းသာတာလား
၆) ဘုံးလို့ရတာလား
၇) သူများက စေတနာရှိလို့ပေးတာလား

ဒီမေးခွန်းတွေ နောက်ဆက်တွဲလာမှာပါ။ ပြီးရင် နအဖ ဗိုလ်ချုပ်တွေလည်း ဆက်လာပါမယ်။

ပေါ်လစီ၊ မူဝါဒ၊ ဥပဒေ၊ သဘောတရား အမြဲတမ်းပြောင်းလဲနေရမည်...

မည်သည့်အယူအဆ၊ မည်သည့်ဝါဒပင်ဖြစ်စေ လူထုနှင့် မကိုက်ညီ၊ လူထုက လက်မခံ၊ လူထုက မကျေနပ်။ လူထုကြီးတရပ်လုံး မတိုးတက်လျှင် ထိုဝါဒကို ကျောခိုင်းရမည်၊ တနည်းပြောလျှင် သစ္စာ ဖောက်ရမည်။ လူထုကောင်းစားမည်ဆိုလျှင် မည်သည့်ဝါဒမျိုးကိုမဆို သစ္စာစောင့်သိစရာ မလိုပါ။ အဆုံးအထိ ဆိုရသော် မူ၊ ဝါဒ၊ လမ်းစဉ်၊ စနစ်တို့သည် အခြေအနေနှင့် အချိန်အခါအရ လူသားတို့နှင့် လိုက်လျှောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲနေကြရမည်ဖြစ်သော အနိစ္စသဘောများသာတည်း။

ဦးဖိုးသာအောင်(နော်ဝေ)

မှတ်ချက်။ ။ သူ့ရဲ့ ဆိုလိုချက်ကို အနည်းငယ်နားလည်းပါတယ်။ သဘောတူပါတယ်။ ပေါ်လစီ၊ မူ၊ ဥပဒေ ဆိုတာ အချိန်အခါ၊ အခြေအနေကို မူတည်ပြီး အစိုးရတွေ၊ အဖွဲ့အစည်းတွေ ပြောင်းလဲရပါတယ်။ ဒါပေမဲ့...တခုရှိတာက ပေတံ၊ စံနှုံး လိုပါတယ်။ လူထုကောင်းစားမည်ဆိုတာကို ဘာပေတံ၊ စံနှုံးနဲ့တိုင်းမှာလဲ။ တကယ်ကော အဲဒါတွေက တကယ့်လက်တွေ့မှာ သုံးပြီးပြီလား။


3/26/09

ရွေးကောက်ပွဲဝင်မယ် ဒါတွေကိုလုပ်ရင်

'ဖွဲ့စည်းပုံကို ပြင်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရမယ်။ ဆွေးနွေးရမယ်။ အဲလိုဟာတွေမလုပ်ဘူးဆိုရင်တော့ ၂၀၁၀- ရွေးကောက်ပွဲကိုမစဉ်းစားဘူး။ အားလုံးအတူတူပဲ'
ဦးအေးသာအောင်(စီအာပီပီ)

တော်လှန်ရေးရဲ့ နေ့ လည်စာ


အေဘီက ရဲဘော်တစ်ယောက်ပါ နေ့လည်စာသုံးဆောင်နေတာပါ။ ဘုရားသုံးဆူဘက်က တပ်မှာ။ ၁၉၈၈-ကတည်းက တိုက်ပွဲဝင်လာတဲ့သူပါ။ ပိုင်ဆိုင်မှု ဆိုတာ ဘာမှမရှိပါဘူး။ သူနေ့လည်စာ သုံးဆောင်နေတုန်း ရိုက်လာခဲ့တာပါ။ ကျနော်တင်ထားတာ သူတွေ့ရင် စိတ်ဆိုးမလားမသိဘူး။ ဘယ်သူပိုက်ဆံပိုရှိလဲလို့မေးရင် သူတော့ ဘယ်လိုဖြေမလဲမသိဘူး။

3/25/09

ဆရာကြီး Toမောင်ညို နှင့် ဆရာကြီး ယောဟန်အောင် ၂၀၁၀-ထိုးပွဲ

ဟိုလိုလို..ဒီလိုလို..မလုပ်ပါနဲ့....။

ကျနော်တို့အနေဖြင့် နအဖ စစ်အစိုးရနဲ့နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရေးဘက်တွင်ပါဝင်မလား (သို့တည်းမဟုတ်) NLD နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တစ်ဝမ်းတည်းနေပြီး ၁၉၉၀-ပြည့်ရွေးကောက်ပွဲရလာဒ်ကို ခုခံကာကွယ်မလားဆိုတာရွေးချယ်ရပါလိမ့်မည်။ ယင်းကသာ ရပ်တည်ချက်ပြဿနာဖြစ်သည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကိုရင်ဆိုင် ဖြတ်သန်းနိုင်ပါလိမ့်မည်။ အခုတော့ (ကိုအောင်သူငြိမ်းက) ၁၉၉၀-ရွေးကောက်ပွဲရလာဒ်ကို ခံစစ်သေလို့မြင်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲ ၀င်ပါလားလို့လည်း မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မဲ့ ဗဟိုချက်မကလည်းပျောက်နေသည်။ ၂၀၁၀-ရွေးကောက်ပွဲကိုလည်းပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလိုဖြစ်နေပြီ။ ဘာဘဲဖြစ်ဖြစ် ၂၀၁၀-ကိုဖြတ်သန်းနိုင်ဖို့ အော်တားနေးတစ် အခြားတဘက်ကနေရှာကြည့်ပါအုံး။

မှတ်ချက်။ ။ တူမောင်ညို သည် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေးအတွင်းရေးမှုးဖြစ်သည်။ ကိုအောင်သူငြိမ်းသည်လည်း ထိုပါတီ၏ ဒု-ဥက္ကဌ အဖြစ်လည်းကောင်း၊ ABSDF ၏ အထွေထွေအတွင်းရေးမှုး အဖြစ်လည်းကောင်း တာဝန်ယူဘူးခဲ့သူဖြစ်သည်

3/24/09

ဆရာ မောင်စူးစမ်း ရဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆွေးနွေးပွဲ

ဆရာကြီးက အခုလို အစီအစဉ်ဖြင့် ပွားလိမ့်မည်
ဆရာကြီးရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း

Credit to Myanmar Fisheries

ဗိုလ်သိန်းစိန် ဘိန်းဖြူမှောင်ခိုမှု့ မှာ ပါဝင်ပက်သက်နေလား?

နိုင်ငံတကာ မူးယစ်မှောင်ခို ကုန်သွယ်မှု လုပ်ငန်းကြီးနှင့် ဆက်စပ်ပြီး အနည်းဆုံး လူ ၅-ဦးကို ဇန်နဝါရီလကတည်းက စတင် ဖမ်းဆီးထားခဲ့ကြောင်းဖြင့်စစ်ဘက် အသိုင်းအဝိုင်း သတင်းရပ်ကွက်များမှ ပြောကြား ပါသည်။ စင်္ကာပူသို့ ထွက်ခွါမည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာများအတွင်းမှဘိန်းဖြူ ဘလောက်တုံး ၈၃ တုံးကို ဇန်နဝါ၇ီလ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အထက်တန်းလွှာ ရပ်ကွက်များအတွင်းဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့အပြီး ဖမ်းဆီးမှုများပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အကြီးဆုံး စီးပွါးရေးမြို့တော်၏ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဒ် (AsiaWorld) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စင်္ကာပူသို့ ထွက်ခွါမည့် စင်္ကာပူအလံလွှင့်တင်ထားသော Kota Tegap သင်္ဘောပေါ်မှ (Jewellery Lucky Company) JLCကုမ္ပဏီပိုင် ကုန်သေတ္တာ ၃ လုံးအတွင်း ထည့်သွင်းထားသော သစ်လုံးများအတွင်းမှဘိန်းဖြူထုပ် များကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဤဆိပ်ကမ်းမှာ ယခင်ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်ပိုင်ဆိုင်ပြီး အမေရိကန် ဘဏ္ဍာရေး ဌာန၏ နာမည်ပျက်စာရင်း သွင်းထားခြင်းခံရသူဖြစ်သည်။

ဤသို့ ရန်ကုန်ဆိပ်ကမ်းတွင် စီးနင်း ရှာဖွေအပြီး၊ ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်ရှိ FMI City အတွင်း ရှာဖွေဖမ်းဆီးမှုများဆက်လက်ပြုလုပ်ခဲ့ကာ နောက်ထပ် ဘိန်းဖြူဘလောက်တုံး ၃၂ဝ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

ရဲတပ်ဖွဲ့က JLC ကုမ္ပဏီ၏ အကြီးအကဲဖြစ်ဖွယ်ရှိသော ကျော်စိန်ကို ယင်း၏ယောက်ဖဖြစ်သူ ရှီအန်း၊ ပို့ကုန်တာဝန်ခံ ဦးဝင်းညွန့်၊ တရုတ် အမျိုးသမီးတဦးအပါအဝင် အခြား တရုတ်နိုင်ငံသား ၃ ဦးတို့နှင့်အတူ ဘိန်းဖြူမှုနှင့်ဖမ်းဆီးခဲ့သည်။ သူတို့ကို ယခုအခါ တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှုဥပဒေများဖြင့် အရေးယူ တရားစွဲဆိုထားသည်။သို့သော် ကိုးကန့် တိုင်းရင်းသားဖြစ်သည်ဟု ဆိုသူ ဦးကျော်စိန်ကိုတပတ် ခန့်ကြာမျှ ခဏတာမျှသာ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောပါသည်။

“သူက ရဲအချုပ်မှာ တပတ်လောက်ပဲနေပြီး ပြန်လွတ်သွားတာ။ သူ့ကို စွဲထားတဲ့အမှုအားလုံးလဲ ခုတော့ပိတ်လိုက်ပြီ” ဟု ထိုသတင်းရပ်ကွက်ကဆက်လက်ပြောဆိုခဲ့သည်။

သို့သော် ကျန်တရားခံများကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသော မူယစ်ဂိုဏ်းကို ဖော်ထုတ်နိုင်ရန်အတွက်စစ်ကြောမှုများ ဆက်လက် ပြုလုပ်နေသည်။

သူတို့ထဲမှ အချို့ကို ရှေးဦးစွာ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေးပြတိုက် နှင့် ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ နေရာတို့တွင်ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် အမည်မသိနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားသည်။သို့သော် Mr. Shell ဟုသိရသူ အခြား တရုတ်အမျိုးသား မသင်္ကာသူတဦးမှာ
ဝတိုင်းရင်းသားများ ထိန်းချုပ်ရာဒေသ အတွင်းသို့ ထွက်ပြေး လွတ်မြောက်ခိုအောင်သွားသည်ဟု ရဲတပ်ဖွဲ့၏ အပြောအရ သိရသည်။ကနဦး စစ်ကြောမှုများကို ရဲအထူးသတင်းတပ်ဖွဲ့ (SB) နှင့် မှုခင်းတပ်ဖွဲ့(CID) အမျိုးသမီးတာဝန်ခံ ဒေါ်ရီရီ အပါအဝင် ရဲအရာရှိများကဆောင်ရွက်ခဲ့ကြသည်ဟု JLC ကုမ္ပဏီနှင့် နီးစပ်သူ အဆိုပါ သတင်းရပ်ကွက်ကပြောသည်။ဤသို့ စစ်ကြောမှုများ ပြုလုပ်အပြီး၊ ဘိန်းဖြူများကို မြန်မာနိုင်ငံ
အရှေ့ပိုင်း ပင်လုံနယ်မှ ကုန်ကားဖြင့် ရန်ကုန်မြို့သို့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကိုဖြတ်၍ သယ်ဆောင်လာခဲ့ကြောင်းဖြင့်စွပ်စွဲခံရသူတဦးက ထုတ်ဖော်ပြောဆိုပါသည်။

ဘိန်းဖြူများကို ကုန်ကားအတွင်းရှိ အံဝှက်များအတွင်း ထည့်သွင်းသယ်ဆောင်လာခဲ့ပြီး ကုန်ကားမောင်းသူကို ကျပ်ငွေ ၁၃ သန်း ပေးခဲ့ရသည်ဟုထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့၏ ကနဦး စစ်ကြောချက်များအရ သိရကြောင်း
ထိုသတင်းရပ်ကွက်က ပြောသည်။ဝင်းညွန့်က ရန်ကုန်မြို့ရှိ လူချမ်းသာရပ်ကွက် အတွင်းရှိ အိမ်များသို့သစ်သားပြားများ သွားရောက် ပို့ပေးခဲ့ပြီး၊ သင်္ကာမကင်းခံရသူ တရုတ် အမျိုးသားများက ဘိန်းဖြူ ဘလောက်တုံးများကို လချေးပြားများ၊ သတင်းစာစာရွက်များ၊ ပလပ်စတစ်စ များဖြင့် ထုပ်ပိုးပေးခဲ့ကြသည်ဟုစုံစမ်းစစ်ဆေးမှုများ အရသိရသည်။

ယခု ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ကာလပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ သန်း၁ဝဝ ရှိသည်ဟု ခန့်မှန်းကြသည်။ဤဘိန်းဖြူများကို သစ်သားပြားများအတွင်း ဝှက်၍ သယ်ဆောင်ကာ ထိုင်ဝမ်နိုင်ငံသို့ တင်ပို့လိမ့်မည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါးအေဂျင်စီက မြန်မာရဲတပ်ဖွဲ့ကို သတင်းပေးခဲ့သည်ဟု ထိုသတင်းရပ်ကွက်က ပြောပါသည်။ တချိန်တည်းတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူဟု မသင်္ကာခံရသူများ၏အမည်များ၊ သင်္ဘော၏ အမည်နှင့် ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွါမည့် ရက်များကိုပါ ပေးပို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ဤသတင်းကို ရရှိပြီးနောက် ရေတပ်က သင်္ဘောကို Asia World ဆိပ်ကမ်းပြန်ကပ်ခိုင်းခဲ့ပြီး၊ ဤအမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဤအမှုတွင် စုစုပေါင်း ဘိန်းဖြူ ၁၈ဝ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်။ သို့သော် ကျော်စိန်အား စစ်ကြောနေစဉ်အတွင်း လွှတ်ပေးလိုက်ခြင်း၏နောက်ကွယ်တွင် တစုံတရာ ရှိသည်ဟု သံသယများ ဖြစ်ပေါ်နေကြသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ထိုသို့ စစ်ကြောရေး လုပ်ငန်းများ လုပ်နေစဉ်အတွင်ဲးူဃ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ သောင်းထိုက်မင်းမှာစစ်ခေါင်းဆောင်များနှင့် နီးနီးကပ်ကပ် ဆက်သွယ် လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်ဟု ဆိုသည်။“သူ့ (သောင်းထိုက်မင်း) ကို မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ သမီး မင်္ဂလာဆောင်မှာ တွေ့ရတယ်” ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏သမီး ယဉ်သူဇာနှင့် သတို့သား ဗိုလ်ကြီး ဟန်ဝင်းအောင်တို့၏ လွန်ခဲ့သော ဇန်နဝါရီနှောင်းပိုင်းက နေပြည်တော်ရှိအစိုးရ ဧည့်ဂေဟာတွင် ကျင်းပခဲ့သော မင်္ဂလာ ဧည့်ခံပွဲတွင် စစ်အစိုးရနှင့်
နီးစပ်သူ စီးပွါးရေးသမား အများ အပြားက မင်္ဂလာလက်ဖွဲ့များ ပေးအပ်ခဲ့ကြသည်ဟုနေပြည်တော် သတင်းရပ်ကွက်များက ပြောပါသည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျရောက်သော တရုတ်နှစ်သစ်ကူး
ကာလအတွင်းကလည်း ဦးကျော်စိန်က မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး ၁၄ ဦးကိုတလုံးလျှင် ကျပ်သိန်း ၁ဝဝ စီတန်သော နာရီများ လက်ဆောင်ပေးခဲ့သည်ဟုထိုသတင်းရပ်ကွက်များက ဖြည့်စွက် ပြောကြားခဲ့ကြသည်။

JLC ကုမ္ပဏီကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ဟိုတယ်လုပ်ငန်းများ၊ကာရာအိုကေ ခန်မများ ဖွင့်လှစ်ခြင်း၊ အနှိပ်ခန်းများ နှင့် ဒစ်စကိုကလပ်များကို ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်နောက်ပိုင်းတွင် ထိုကုမ္ပဏီ သည် သစ်နှင့် သစ်မာများ သွင်းကုန်ထုတ်ကုန်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။

ဝတိုင်းရင်းသား စီးပွါးရေးသမားတဦးဖြစ်ပြီး၊ စည်းလုံးညီညွတ်သော ဝပြည်တပ်မတော် (UWSA) ဥက္ကဌ ပေါက်ယို ချန်း၏ သားမက်ဖြစ်သူ အိုက်ဟော့ ခေါ်ရှောက်ဟော် သည် JLC ကုမ္ပဏီကို အတူ တည်ထောင်သူတဦးဖြစ်ပြီး၊ ကုမ္ပဏီမှ ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် ထွက်ခွါသွားခဲ့သည်ဟု အတွင်းလူတဦးက ပြောသည်။

JLC ကုမ္ပဏီ၏ ရုံးချုပ်သည် ရန်ကုန်မြို့လယ်ရှိ ဦးကျော်စိန်ပိုင်ဆိုင်သည်ဟု ယုံကြည်ရသော အိုလံပစ် ဟိုတယ်တွင် တည်ရှိသည်။ထို့ပြင် JLC ကုမ္ပဏီသည် ဝန်ထမ်းများကို လစာအများဆုံးပေးသော ကုမ္ပဏီလည်း
ဖြစ်သည်ဟု သိရှိထားကြပြီး၊ အထွေထွေ မန်နေဂျာတဦးလျှင် လစာတလလျှင် ကျပ် ၅သန်းမှ ၁ဝ သန်းအထိ ရသည်။ စစ်တပ် ဗိုလ်ချုပ်ကြီးများ နှင့်လည်းအလွန်ခိုင်မာသော ဆက်ဆံရေး ရှိသည်ဟု ထိုသတင်းရပ်ကွက် ဆက်လက်ပြောကြားပါသည်။

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များ

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်းမှ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းကို ရက်ပေါင်း (၃၀) အကြာတွင် ဖော်ပြမည် ဖြစ်ပါသည်။ အဓိက ငွေကြေးချမ်းသာသော သုံးယောက်ကို ရွေးချယ်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ၂၀၀၉-ခုနှစ်အတွက် ငွေကြေးချမ်းသာဆုံး သူများကို ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုပေးအပ်မည်ဖြစ်ကြောင်း ထပ်လောင်းကြေငြာအပ်ပါသည်။

3/15/09

သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆု ပေးအပ်ခြင်း

ဆရာဆွေ ဘလော့

ကိုဘုန်းကျော် (လူ့ဘောင်သစ်) ဘလော့ဂ် မှ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်းဆုအား ၂၀၀၉-ခုနှစ် အတွက် ဒေါက်တာလွဏ်းဆွေဘလော့ဂ် အား ဆုချီးမြင့်သည်။ ဒေါက်တာ လွဏ်းဆွေ သည် မြန်မာစစ်အာဏာရှင် စနစ် အား လွန်ခဲ့သည် နှစ်ပေါင်း(ဘယ်လောက်လဲမသိ) ကတည်းက တိုက်ပွဲဝင် လာခဲ့သည်ဖြစ်သည်။ စစ်အာဏာရှင်လက်အောက်မှတဆင့် ထိုင်းအာဏာရှင် လက်အောက်သို့ ရောက်ရှိကတည်းက မိမိတက်ကျွမ်းသည့် ပညာ(အပ်ပညာ) ဖြင့်သော်လည်းကောင်း၊ ကလောင်စွမ်း အားဖြင့်သော်လည်းကောင်း တိုက်ပွဲဝင်လျှက်ရှိသည်။

Mr. ဆွေ သည် အန္တရာယ်အမျိုးအမျိုးကြားမှ မြန်မာ့ဒီမိုကရေစီရေးလုပ်စားသူများ အား စောင့်ကြည့်ဝေဖန် လေကန်လျှက် ရှိသောကြောင့် ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်မှ ထိုသူရဲကောင်းဆုအား ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်းဖြစ်သည်။ ဆုကြေးငွေ အဖြစ် ဒေါ်လာ တစ်သန်း (ဇင်ဘာဘွေဒေါ်လာ) အားလည်း ပေးဆောင်မည်ဖြစ်သည်။

ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလောဂ့်မှပေးအပ်သော နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် သူရဲကောင်း ဆုအား မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံရေးသူအားလုံးအား ချီးမြှင့်သည့်ဆု အဖြစ်လွန်ခဲ့ သည့် ၅-မိနစ်ကတည်း စတင်တည်ထောင်ခဲ့သည်။

3/14/09

ပါတီဝင်အားလုံးသို့

ပါတီဝင်အားလုံးသို့...။

အထူးသဖြင့်- CEC, CC

ပါတီ ဗဟိုက်ာမတီလို့ မိမိကိုယ်ကို မိမိ ခံယူထားသူအားလုံးသို့ စာရေးပါတယ်။ ကြာခဲ့ပါပြီ..ပါတီလည်း အားနည်းလာပါပြီ။ ဒီအတိုင်းပဲဆက်ထားတော့မှာလား။ ထိုင်းနယ်စပ်မှာ ရှိတဲ့ပါတီကို အခုလိုပဲ ထားတော့ မှာလား။ ရောက်သွားတော့ တွေ့ရတယ်...အရင်ထက်ပိုအားနည်းသလိုခံစားမိခဲ့ပါတယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင်တော့ ပိုဆိုးလာဖို့အတွက်ပဲ မြင်မိပါတယ်။ နောက်ဆုံးပျောက်သွားတာအထိ ဖြစ်သွားနိုင်တယ်လို့ မြင်မိပါတယ်။ ဖြစ်နိုင်ရင် လူတွေဆုံတွေ့ပြီး စကားပြောကြရင် ကောင်းမယ်ထင်ပါတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်ပေါ့....။ ဒီအတိုင်းဆက်သွားရင်တော့ အခြေအနေ မကောင်းပါဘူး..။ ဆရာလုပ်တာ မဟုတ်ပါဘူး။

ရဲဘော် ဘုန်းကျော်

3/8/09

သမိုင်းပေးတာဝန်ကြီးများ နှင့် ၂၀၁၀-ရွေးကောက်ပွဲ

ရောင်းရန်ရှိသည်
၂၀၁၀-သစ္စာဖောက်များ

ယခု နအဖ၊ အရင်တုန်းက န၀တ။ သူတို့အကြောင်းကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ပညာရှင်၊ ပြည်သူလူထု အားလုံး သိသားပဲ။ ၁၉၉၀-ခုနှစ်ရွေးကောက်ပွဲလုပ်တယ်။ နိုင်တဲ့သူကို အာဏာလွှဲမယ် ဆိုပြီးမလွှဲဘူး။ အခြေခံ ဥပဒေအတွက်အတည်ပြုတယ်ဆိုပြီး၊ လူထုဆန္ဒခံယူပွဲလုပ်တယ်၊ မဲထည့်ခိုင်းတယ်၊ မဲလိမ်တာ မမြင်ချင်မှအဆုံး၊ လူတိုင်းသိတယ်။ နိုင်ငံတကာ ကလည်းသိတယ်။ ဟောကြည့်...လိမ်တဲ့ မဲ နိုင်သွားလုံးအခြေခံဥပဒေကို ကိုယ့်ဟာ ကိုယ် အတည်ပြုတယ်။ ဘယ်သူမဲပေး မပေးပေး၊ ဘယ်သူထောက်ခံမခံ၊ ဂရုမစိုက် သူတို့လုပ်ချင်တာကိုလုပ်တယ်။ ပြီးတော့ ၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်။

၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ပြင်ပမှာရောက်နေတဲ့ တော်လှန်ရေးသမား၊ ပညာရှင်၊ ဟိုရောင်ရောင် ဒီရောင်ရောင် အချောင်သမား တွေက ဟန်ရေးတပြင်ပြင်၊ ငါတို့များ နေရာရလေမလား၊ ပြည်တော်ပြန် ရလေမလား ဆိုပြီး၊ နအဖက ဘာမှမပြောရသေးဘူး၊ ကျနော်တို့ကတော့ အသင့်ပဲဆိုပြီး ပေါ်တင် တမျိုး၊ လေပေါ်ကတမျိုး လုပ်နေတာ မကြားချင်တဲ့အဆုံး။

အဲဒိအထဲမှာ ပြည်ပက Master တို့ P.H.D တို့ရထားတဲ့လူတွေက အကဲဆုံး။ သူတို့ကိုသူတို့ ပညာတက်လှပြီထင်နေတယ်။ Master လား ရတယ်။ အများဆုံးတစ်နှစ်ပဲ သင်ရတယ်။ P.H.D လားရတယ်။ သုံးနှစ်ပဲ လူတစ်ယောက်ကို အချိန်ပေး။ Master P.H.D ရတိုင်း၊ ဘိုလို ရှလွတ်လွတ်ရတိုင်း ၊ ပညာရှင်ဆိုတိုင်း အထင်ကြီးစရာမရှိဘူး။ အနူတောက၊ လူချော လုပ်ရင်တော့ မပြောတက်ဘူး။

နောက်ထပ် ၂၀၁၀-ရွေးကောက်ပွဲကိုအားခဲတဲ့သူတွေက စီးပွားသမားရောင်ရောင်၊ နိုင်ငံရေးသမားရောင်ရောင် လူတွေပဲ။ အရင်တုန်းကတော့ ငါမှငါ။ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ Dialouge လာတော့ Dialouge။ ၉၀-ရွေးကောက်ပွဲရလာဒ်မှ မရရင်၊ သေတော့မဲ့မျက်နှာနဲ့။

အခုတော့ အဲဒါတွေကိုဘေးချိတ်ပြီး၊ အားလုံးကိုသစ္စာ ဖောက်ဖို့အတွက် ရန်သူနဲ့ ပူးပေါင်းတော့မယ်။ ပေါင်းမဲ့သူတွေကိုပြောရရင် သစ္စာဖောက်တွေပဲ။ ဒီမှာပြောချင်တာက ရွေးကောက်ပွဲဝင်ဖို့ ရုပ်ပိုင်းကော စိတ်ပိုင်းကော ထောက်ခံသူအားလုံးကို။ နှစ်ပေါင်း နှစ်ဆယ် ကြာအောင် အလိမ်ခံနေရတာကိုသိရဲ့  သားနဲ့များ ရွေးကောက်ပွဲ ၀င်ဖို့ ပြောရက်သေးတယ်။ ထောက်ခံ ရဲသေးတယ်။ အုံးနှောက်ကောရှိသေးရဲ့  လား။

ဘယ်လို Creative Thinking ပဲပြောပြော၊ ဘာပဲဆိုဆို ၂၀၁၀-ရွေးကောက်ပွဲကို ၀င်ဖို့ ထောက်ခံဖို့ အတွက်တာဆူတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ပညာရှင် အာလုံး ပြည်သူ့သစ္စာဖောက်တွေပဲ။ နအဖ တောင် ဘာမှတရားဝင်ထုတ်ဖော်ပြောတာ၊ ကမ်းလှမ်းတာ မလာသေးဘူး၊ ဖင်တရွရွနဲ့။ ဘာ..ကောင်တွေလည်း မသိဘူး။

မယုံရင်ကြည့် နအဖလား ရွေးကောက်ပွဲကို သူတို့ပဲနိုင်အောင်လုပ်အုံးမယ်။ သူတို့ပဲဆက်အုပ်ချုပ် အုံးမယ်။ စစ်ဗိုလ်ဆိုတာ ဘယ်တော့မှ အရပ်သားတွေကို အထင်ကြီးတဲ့ စိတ်မရှိဘူး။ သူတို့လဲ ဘယ်တော့မှ အရပ်သားတွေခိုင်းတာကို လုပ်မှာမဟုတ်ဘူး။ ၂၀၁၀-အတွက် ကျနော်တို့ရဲ့ သမိုင်းပေးတာဝန်က ဆန့်ကျင်ရေး၊ မထောက်ခံရေး ပဲဖြစ်တယ်။ ပြည်သူဘက်က ရပ်တည်မယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ ထောက်ခံရင်တော့ သစ္စာဖောက်တွေအဖြစ် သတ်မှတ်ရမှာပဲ။


3/4/09

ကျနော်တို့ထောပြီ





ကျနော်တို့ ၀န်ကြီးချုပ်
နဲ့
ကျနော်တို့ ၀န်ချီးထုပ်

ဘယ်သူဖြစ်မလဲ
ဆိုတာ....သိတယ်နော်...။

သြစတျေးလျအစိုးရအနေနဲ့ သူ့နိုငံသားတွေကို March လ နဲ့ April လအတွင်းမှာ Bonus ပေးမဲ့ အစီအစဉ်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားကျဆင်းမှုကြောင့်ထိခိုက်သွားတဲ့ ။ သြစတျေးလျစီးပွားရေးကို ပြန်လည် အားကောင်းလာအောင်လုပ်တဲ့ အနေနဲ့ဖြစ်ပါတယ်။ ဒီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။

၁) အလုပ်သမားတစ်ယောက်ကို ဒေါ်လာ ၉၅၀ ရပါမယ်။ ဒါပေမဲ့ ၀င်ငွေ ဒေါ်လာ ၁၀၀၀၀၀ (တစ်သိန်း) အထက်ဆိုရင်မရပါဘူး။ ၀င်ငွေနည်းသူတွေ နဲ့ ၀င်ငွေအလယ်အလတ်ရှိသူတွေကိုသာပေးပါတယ်။

၂) Single Income Family Bonus ဆိုတဲ့အဓိပ္ပာယ်ကတော့.....မိသားစုတခုမှာ အဓိက၀င်ငွေတစ်ခုတည်း(သို့) ယောက်ျား၏၀င်ငွေတခုတည်းသာရှိလျှင် ဒေါ်လာ ၉၅၀-ရပါမယ်။

၃) မိုးခေါင်ရေရှားအရပ်ဒေသမှာလယ်လုပ်တဲ့ လယ်သမားတွေလည်း ၉၅၀-ရပါမယ်။ လယ်တွေ အရှုံးပေါ်လို့ ပေးတာပါ။ ဒီမှာတော့လယ်သမားတွေက စပါးမစိုက်ပါဘူး။ ဂျုံစိုက်တာပါ။

၎) ကျောင်းတက်တဲ့ ခလေးတွေလည်း တစ်ယောက်ကိုဒေါ်လာ ၉၅၀ ရပါမယ်။ အသက်လေးနှစ်ကနေ ၁၈-နှစ်ထိ။

၅) ကျောင်းသားတွေလည်း ၉၅၀-ရပါမယ်။ အသက်ကြီးပြီး ကျောင်းတက်တဲ့သူတွေ၊ သင်တန်းတက်နေသူတွေ၊ လည်း ဒီအစီအစဉ်ထဲမှာ ပါဝင်ပါတယ်။

IMF ကလည်းဒီအစဉ်အစဉ်ကို အကောင်အထည်ဖော်ဖို့ အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။ စီးပွားပြန်လည်ဦး မော့လာအောင် အခွန်တွေချည်းလိမ့်မကောက်ပဲ၊ တိုင်းသူပြည်သားတွေလက်ထဲငွေများများထည့်ပေးပြီး ၀ယ်အားကောင်း လုပ်ပေးတာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တော့ ဒီလလည်း ထောပြန်ပြီ။ လေဘာ အစိုးရတက်လာတာ ပိုက်ဆံတွေ အလကားရတာများနေပြီ။

2/22/09

သြစီမှာ ဆေးခြောက်စိုက်ခွင့်၊ သောက်ခွင့်ရှိသလား

မြန်မာလူမျိုးစိုက်တဲ့ဆေးခြောက်ပင်။ ပန်းအိုးနဲ့စိုက်ပုံထောက်တော့ ရွှေ့ ပြောင်းရလွယ်အောင်လို့ဖြစ်မယ်
ဆေးခြောက်ပင်ကို တခါမှ မမြင်ဘူးလို့ သူငယ်ချင်းကိုခွင့်တောင်းပြီးရိုက်လာခဲ့တာပါ

သြစီမှာ ဆေးခြောက်စိုက်ခွင့်၊ သောက်ခွင့်ကို တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ အရင်တုန်းကတော့ ကျနော့်ကို ဆေးခြောက်ကြိုက်တက်တဲ့ မြန်မာအသိုင်းအ၀ိုင်းကပြောတာက အိမ်တစ်အိမ်မှာ တပင်တော့ စိုက်ခွင့်ပြု တယ်လို့ပြောတယ်။ ဒါပေမဲ့ ဘယ်သူမှ သူ့ရဲ့ ဥပဒေအတိအကျကို မသိခဲ့ပါဘူး။

မနေ့ကမှ သူငယ်ချင်း အိမ်မှာ စိုက်ထားတဲ့ ဆေးခြောက်ပင်ကိုတွေ့တော့မှ သူ့ရဲ့  ဥပဒေကို စိတ်ဝင်စားတော့ တယ်။ ဒါနဲ့ Google ထဲမှာ ဆေးခြောက်နဲ့ သြောစီ ဆိုပြီးရိုက်ထည့်ရင်းရှာမိတယ်။ ပေါ့်လာတာက သြော်စီမှာ တရားဝင်စိုက်ပျိုးခွင့်ကို ခွင့်မပြုပါဘူး။ လက်ထဲမှာ နည်းနည်းပါးပါးမိရင် တော့ခွင့်လွှတ်ပါတယ်။ နည်းနည်းပါးပါး ဆိုတာက ဂရမ် (၃၀) လောက်ပါပဲ။

အဲဒိ့စာမျက်နှာမှာဖော်ပြတာကတော့ ရဲတွေအရှေ့ မှာ မသောက်ဖို့ရယ်၊ အိမ်မှာ အပင်သေးသေးလေး နှစ်ပင်လောက်စိုက်ထားရင်တောင် တရားဝင်လိုလို ခွင့်ပြုပါတယ်။ တရားဝင် ဥပဒေ ထုတ်ပြီးခွင့်ပြုထား တာမရှိပေမဲ့ မြန်မာလိုနားလည်မှုနဲ့ ရှုလို့ရ၊ စိုက်လို့ရပါတယ်။ ရောင်းဝယ်ဖောက်ကား တာမိရင်တော့ ထောင်ကျမှာပါ။ အစိုးရက တရားဝင်သာခွင့်မပြုဘူးဆိုတယ်၊ Shopping Center တွေ၊ ဆိုင်တွေမှာ ဆေးခြာက်ရှုတဲ့ပြောင်းတွေကို ရွယ်စုံပေါ်တင်ရောင်းတာကို တွေ့နေရတယ်။ ဘယ်လိုအစိုးရလဲ မသိဘူး။

သတင်းတစ်ခုထဲမှာတော့ သြောစီဌာနေတိုင်းရင်းသား ၆၀ ရာခိုင်းနှုံးက ဆေးခြောက်ရှုပါတယ်။ ပညာရှင်တော်တော်များများကတော့ သူတို့ဆေးရှုတာကို သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးခြောက်ရှုရင် သူများကိုရန်မရှာဘူး၊ ရာဇ၀တ်မှုနည်းပါးတယ်လို့ အကြောင်းပြပါတယ်။ ဟုတ်လား မဟုတ် လားတော့မသိဘူး မနေ့ကကျနော်ဝယ်ထားတဲ့ အရက်နှစ်လုံးကို သူခိုးခိုးသွားတယ်။ သူခိုးက အိမ်ထဲမှာ ရှိတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းကို မခိုးဘဲ အရက်နှစ်လုံးကိုမှ ရွေးခိုးတော့ စိတ်ဆိုးရမလို၊ သနားရမလိုနဲ့ နောက်ဆုံး မိန်းမကိုဘဲ ရန်ရှာမိတော့တယ်။
"နင်ဖွက်ထားတာ မဟုတ်လား"
။............................................................................................................................................................။

အပြည့်အစုံသိချင်ရင်တော့ ဒီကိုသွားပါ...
http://www.1stmarijuanagrowerspage.com/marijuana-travel-database/australia/perth.html
http://www.news.com.au/perthnow/story/0,21498,22778652-5005361,00.html?from=public_rss

2/20/09

မျိုးချစ်စစ်သည်ဟောင်းများအဖွဲ့

အရင်တုန်းကတော့ နအဖ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား စုံလင်လှပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းခဲ့တဲ့အတွက် ပြည်တော်ပြန်ရင်တောင် အနည်းဆုံးထောင်ကျနိုင်ပါတယ်။အဖွဲ့ဝင်တော်တော်များများဟာ မည်သည့် အန်ဂျီအို၊ အဖွဲ့အစည်းက မှ ထောက်ပံ့တာမရှိခဲ့ပါဘူး။ တော်လှန်ရေးအင်အားစုနဲ့စတင်ပေါင်းစည်းပြီး လပိုင်းလောက်ကတည်းက ကိုယ့် ထမင်းကိုယ်ရှာစား ခဲ့ရတဲ့သူတွေပါဘဲ။
သူတို့ဆီမှာ ရံပုံငွေရှာတဲ့ စီးပွားရေးလုပ်ငန်းရှိပါတယ်။ စခန်းထဲမှာ Video Game ဖွင့်ပါတယ်။ ရလာတဲ့ ၀င်ငွေကို အဖွဲ့ဝင်တွေသက်သာချောင်ချိရေးဆိုပြီး အမဲသားငါးဝှေငှပါတယ်။ NGO ကရတဲ့ငွေမဟုတ်ပါဘူး။

သူတို့အတွက်ကတော့ ထိုင်းမြန်မာနယ်စပ်မှာနေရတာဟာ လုံးဝကို ရင်ထိတ်စရာပါဘဲ။ နအဖစစ်သား လုပ်ဘူးလို့ ဆိုပြီး ရှေ့  တမျိုး၊ နောက်တမျိုး အမျိုးမျိုးပြောဆိုဆက်ဆံခံရတာတွေ၊ မယုံသကာင်္မှု တွေနဲ့ပါ။ သူတို့ အားလုံးကိုမေး ကြည့်ရင် နအဖ စနစ်ဆိုးကို နှစ်သက်တဲ့သူ မရှိပါဘူး။ တော်လှန်ရေးနယ်မြေ၊ ဒုက္ခသည်စခန်းတွေ ရောက်တော့ အမျိုးမျိုး နှိမ်ချ ခံရတာတွေကို တော်လှန်ရေးအင်အား စုတွေထဲကပဲ လုပ်နေတာကို တွေ့မြင်ခဲ့ရတာပါ။ မိမိရှေ့မှာတင် နှစ်ပေါင်း နှစ်ဆယ်ကျော် ABSDF မှာတောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တစ်ယောက်ကအရက်မှုးပြီး ရက်ကွက်ထဲမှာ အခုလိုပြောတာကို ကြားခဲ့ရတယ်။
"စာသင်ခန်းထဲကထွက်လာတာကွ၊ ဘယ်တော့မှ ရန်သူဆီမှာ ဒူးထောင့်အညံ့မခံဘူး"
အပြောခံရတဲ့သူက နအဖ တပ်ထဲမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ပြီး၊ နောက်ဆုံးမခံနိုင်တော့လို့ မိသားစု နဲ့တကွ KNU မှာအဖွဲ့လိုက်လက်နက်ချခဲ့တဲ့သူပါ။ တကြပ်ကြီးတာဝန်နဲ့ပါ။ မိမိတဘက်ရန်သူနဲ့ ပူးပေါင်းတယ်ဆို တဲ့သူတွေအားလုံးဟာ အနည်းဆုံးတော့အသက်ရင်းရတဲ့သူတွေပါ။

သူတို့မိသားစုနဲ့ ကျန်တဲ့အဖွဲ့ဝင်မိသားစုတွေဆိုရင် တော်လှန်ရေးအင်အားစုက ပြန်လည်စောင့်ရှောက်၊ အားပေးကူညီတာသင့်တာပါ။ ဒါပေမဲ့....။
ကျနော့်တွေခဲ့တဲ့ တကြပ်ကြီးဟောင်းတစ်ယောက်ဆိုရင် သူ့မိသားစုကို စခန်းထဲမှာ ကြုံရာကျပမ်းလုပ်ပြီး ရိုးရိုးသားရှာဖွေကျွေးပါတယ်။ မနက်မိုးလင်း အဖေက ဘူးသီးကြော်ကြော်ပါတယ်။ ခလေးတွေက ရောင်းပါတယ်။ ရလာတဲ့ပိုက်ဆံနဲ့ဆန်တပြည်ပြေးဝယ်ချက်စား။ စခန်းပေးတဲ့ ရိက္ခာကတော့ ကြိုတင်ရောင်းထားလို့ အလျှင်မမှီပါဘူး။ အနည်းဆုံးစခန်းမှာ တလကို မိသားစုလေးယောက်ရှိတဲ့အိမ်ဆိုရင် ထိုင်းဘက်ငွေ လေးထောင်လောက်ရှိမှ လောက်ပါတယ်။ သူကတော့ မိသားစုဦးရေ (ရ) ယောက်ရှိတဲ့ အိမ်ထောင်တခုကို ကြုံရာကျပမ်းလုပ်ပြီးကျွေးပါတယ်။ ဘယ်သူ့အကူအညီမှ မရပါဘူး။ အဲလိုလူမျိုး၊ နအဖ စစ်ဝန်ထမ်းဟောင်းတွေ စခန်းထဲမှာ အများကြီးပါ။

သူတို့တတွေရဲ့  ဘ၀ဟာ သိပ်ကိုသနားစရာကောင်းပါတယ်။ အန္တရာယ်နှစ်ခုကြားမှာ နေရတဲ့သူတွေပါ။ တဘက် က နအဖစစ်တပ်။ သူတို့ကိုသစ္စာဖောက်ဆိုပြီးအချိန်မရွေးဖမ်းဆီးသတ်ဖြတ်နိုင်ပါတယ်။ တဘက်က တော်လှန်ရေး အင်အားစုပါ။ တခုခုမကောင်းတာလုပ်ရင် ပေါက်ကရပြောတာခံရနိုင်ပြီး၊ အန္တရာယ်လည်း ရှိနိုင်ပါတယ်။ အနည်းဆုံးတော့ အခုလိုပြောတာခံရနိုင်ပါတယ်။
" ဒီကောင်တွေက ရန်သူ့အကျင့်မပျောက်သေးဘူး"
တကယ်တန်းကျတော့ ကျနော့်တော်အားလုံးဟာ အဖိနှိပ်ခံတွေပါ။ ဘယ်သူမှ ငါသာလျှင်....ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိသင့်ပါဘူး။ တချို့ တွေကျတော့ ပါးစပ်ကတမျိုး၊ လုပ်တော့ တမျိုးပါ။
"မှု" ရေးတာကောင်းပေမဲ့ "လူ" တွေမကောင်းဘူးဆိုရင် အလုပ်မဖြစ်ပါဘူးခင်ဗျား.....။

2/14/09

နို့ဘိုးဒုက္ခသည် စခန်း နှင့် စီးပွားရေးလုပ်ငန်းများ

ဒုက္ခသည် စခန်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ စခန်းထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစုစည်းစည်း ချစ်ချစ်ခင်ခင်နေထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ မြန်မာပညာတက်တွေ၊ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့သူတွေကို လည်းတွေ့ရပါတယ်။ အောက်ပါပုံတွေကတော့ သူတို့တွေရဲ့စီးပွားရေး လုပ်ငန်း တစိတ်တဒေသတွေကို ရိုက်ထားတာဖြစ်ပါ တယ်။ အင်တာနက်ဆိုင်၊ ဆက်တလိုက် တယ်လီဖုန်းများ၊ ကွန်ပြူတာစာစီစာရိုက်၊ ဓာတ်ပုံဆိုင်၊ အရက်ဆိုင်၊ Game ဆိုင် စတာတွေကို တွေ့ရပါတယ်။ လျှပ်စစ်မီးလည်းရပါတယ်။ တလကို ဘက် ၆၀-နှုံးနဲ့ မီးချောင်း တစ်ချောင်းထွန်းခွင့်ရပါတယ်။ အချိန် ၃-နာရီတော့ ရပါတယ်။ ရေအားလျှပ်စစ်ရှိသလို၊ အင်ဂျင်နဲ့ မောင်းတဲ့ မီးစက်လည်းရှိပါတယ်။


လူနေအိမ်များ


ခေတ်မီနည်းပညာတွေကို သုံးထားတဲ့ အင်တာနက်နှင့် တယ်လီဖုန်းဆိုင်လေးပါ။ ဟွန်ဒီ ငွေလွှဲလို့လည်းရပါတယ်။

လှချင်သူများအတွက် လှရိပ်မြုံ

ထိုင်စားမလား ထစားမလား။ ၀က်သားတုပ်ထိုးဆိုင်။

Battery အားသွင်းတဲ့ဆိုင်လေးပါ။

ဒီနေ့တော့ ဒီလောက်ပါဘဲ။ နောက်နေ့များမှ တင်ပေးပါ့မယ်။

1/23/09

ယိုးဒယားကို ပြန်ရောက်တဲ့အကြောင်း

ယိုးဒယားကိုပြန်ရောက်တဲ့အကြောင်းဆက်ရေးပါ့မယ်။ ဓာတ်ပုံတွေပါ ဆက်တင်ပါ့မယ်။ အဖွဲ့အစည်းတွေက ရဲဘော်တွေရဲ့သားသမီးတွေ ကျောင်းမတက်နိုင် ဒုက္ခရောက်တဲ့အကြောင်း VDO ဖိုင်တွေပါ တင့်ပါ့မယ်။ အခုတော့ သတင်းယူတုံးမို့စောင့်ပေးကြပါ။

1/8/09

ဗမာဆိုရင် ဒီလိုကျင့်ပါ

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း(၅)မျိုး ရှိသည်။

1. သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
2. သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
3. ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
4. မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
5. မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

စည်းကမ်း(၅)မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားရန်၊ လူသားတို့၏ ဥာဏ်ရည်အဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည်။ လူသားများသည် အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပေ၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး (၅)ရပ်ကို စံပြု သတ်မှတ် ထားခဲ့ပါသည်။

1. ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
2. စောင့်ထိန်းမှု သီလရှိရမည်။
3. ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
4. ကံတရားကို ယုံကြည်သူဖြစ်ရမည်။
5. သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ -

ဆိုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး (၅)ရပ်ကို အဂ္ဂုင်္တ္တရနိကာယ် မှာ ချပြတော်မူခဲ့ပါသည်။
(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်

-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်

- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သား ကျင့်ဝတ်- စသည့် ကျင့်ဝတ်သီလ များနှင့် ပြည်စုံရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ

-ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။

(၄)ကံတရားကို ယုံကြည်သူဖြစ်ရမည်

-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။

(၅)သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ

-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သော နတ်ကိုးကွယ်ခြင်း၊ ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊)(မကောင်းမှုမှ ကောင်းမှုသို့၊)(အမှောင်မှ အလင်းသို့၊)(မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။


1/2/09

စစ်ကိုင်းမှာ ပထမဆုံး အင်တာနက်ဆိုင်ဖွင့်ပြီ


စစ်ကိုင်းမြို့တွင်အင်တာနက်ဆိုင်တစ်ခု ကို ၃.၁.၂၀၀၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့သိရတယ်။ အခုတော့စမ်းသပ်အသုံးပြုခွင့်ပေးထားတယ်။ နေရာကတော့ တောင်ရိုးလမ်း ဇေယျာသီရိရုပ်ရှင်ရုံအရှေ့ဘက် မှာဖြစ်ပါတယ်။

ဦးဇင်းတော့တော်တော်လေးဝမ်းသာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံဃာတော်တွေ အင်တာနက်သုံရတာ စစ်ကိုင်းမှာတင်အဆင်ပြေသွားတယ်လေ။ အရင်တုန်းက ဆိုရင် မန္တလေးသွားဖို့ ကိုတော်တော်လေး ဒုက္ခရောက်ကြတယ်။ တောင်ပေါ်ကနေ သုံးဘီးဆိုင်ကယ် (သို့) မြင်းလှည်းစီး ရတဲ့ ဒုက္ခ၊ ကိုးပေ ကနေ မန္တလေးကို ကားစီးရတဲ့ဒုက္ခတွေ ၊ မန္တလေးရောက်ရင် အင်တာနက်ဆိုင်သွားရတဲ့ဒုက္ခတွေက မလွယ်ဘူးလေ။ အခုတော့ တောင်ပေါ်က နေ သုံးဘီး(သို့) မြင်းလှည်းလေးစီးတာနဲ့ရောက်ပြီလေ။ ကော်နက်ရှင်ကလည်း
မဆိုးဘူး ။ ADSL လို့သိရပါတယ်။

အင်တာနက် အသုံးပြုခက တော့ တစ်နာရီကို (၆၀၀) ကျပ်နဲ့ မန်ဘာကတ်လုပ်မယ်ဆိုရင် (၁၀)နာရီကို ၅၀၀၀ ကျပ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဦးဇင်းအနေနဲ့ စစ်ကိုင်းတောင်မှာ မတတ်နိုင်သေးတဲ့အချိန်မှာ အခုလိုအင်တာနက်ဆိုင်တစ်ခု စစ်ကိုင်းမှာဖွင့်လှစ်တာ အရမ်းကို ကျေးဇူးတင်ကြောင်းနဲ့ ၀မ်းသာကြောင်း။ အင်တနာက်ဆိုင်နာမည်ကို ORCA လို့ပေးထားပါတယ်။

ှုဦးကောဝိဒ

ဆိုင်ပိုင်ရှင်ကျန်းမာပါစေ။ ချမ်းသာပါစေ။

12/30/08

စစ်ကိုင်းတောင်ရိုး ကွန်ပျူတာသင်တန်းအတွက် မီးစက်အရေးတကြီးလိုအပ်နေပါတယ်

ဆရာတော် ဦးကောဝိဒ

ဒါယကာစစ်ကိုင်းမှာသင်တန်းသားတွေတော်တော်ဒုက္ခရောက်နေကြတယ်။ဒါယကာ
စစ်ကိုင်းကိုဦးဇင်း မနေ့ကပြန်ရောက်တယ်။ သင်တန်းကတပည့်တွေနဲ့
ဦးဇင်းတွေက ၀ိုင်းလျှောက်ကြပါတယ်။ စစ်ကိုင်းကိုဦးဇင်းမနေ့ ကမနက်ပိုင်း ပြန်ရောက်ပါတယ်။ သင်တန်းသားတွေရဲ့ရင်ဖွင့်သံတွေပါ။ သင်တန်းသားတွေ တော်တော်လေးဒုက္ခရောက်နေတယ်လို့လျှောက်ကြတော့ ။ ဦးဇင်းတော်တော်လေးစိတ်မကောင်းဘူးဖြစ်သွားတယ်။ မီးပျက်တက်ကိစ္စတဲ့
ဦးဇင်းလည်းကြိုးစားနေတဲ့အကြောင်းသင်တန်းသားတွေဇွဲမလျှော့ ကြဖို့ ဦးဇင်းအားပေးစကားပြောရတာပေါ့။
ဒါပေမဲ့ ဦးဇင်းရောက်တာ နှစ်ရက်ရှိပြီ။ မီးက ဒီနေ့ဦးဇင်းမန္တလေးသင်တန်း ကိုလာတဲ့အထိကို မီးက မလာသေးဘူး။ဦးဇင်းတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ။ မီးစက်ကလည်းဈေးကြီးတော့ ဦးဇင်းလည်းမတတ်နီုင်ဘူးလေ ။အလှူရှင်ကလည်းမရှိသေးဘူးလေ။

Sent at 5:45 PM on Tuesday
kovida9: ဒါယကာအနေနဲ့ အဲဒီနိုင်ငံမှာ ဦးဇင်းရဲ့ဘလော့ကိုတတ်နိုင် သရွေ့ ဖြန့်ဖြူးပေးစေလိုပါတယ်

ဆရာတော် ဦးကောဝိဒ
သာသနဝေပုလ္လကျောင်းတိုက်
စစ်ကိုင်းတောင်ရိုး
လပြည့်ဝန်းလမ်း
kovida9@gmail.com

12/29/08

ကဗျာဆရာ ကိုငြိမ်းလူ(ဟယ်ပင်)သို့

အဖေက သားကို တိုးတက်တက်စေချင်လို့ နိုင်ငံခြားကိုလွှတ်တယ်။ သားကတိုးတက်ချင်လို့ အတာချီကေ့စ် ဆွဲပြီး နိုင်ငံခြားကိုလာတယ်။ လာတဲ့နေရာက ထိုင်းမြန်မာနယ်စပ်တနေရာ။ တော်လှန်သော လူငယ်တွေဆုံစည်းပြီး ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တဲ့နေရာ။ ခံစားခွင့်၊ ဘ၀အာမခံချက် စတဲ့ လူပြောများနေတဲ့ ယဉ်ကျေးမှု ကိုကျောခိုင်း၊ သူတကယ်ယုံကြည်တဲ့အမှန်တရားနောက်ကို လိုက်ခဲ့သူ။ အဖေက စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်။ အဖေယုံကြည်တာကို လက်မခံ။ အမှန်တရားကို တူးဆွ ထူးလှတဲ့သူ့ဘ၀။

တခါတုန်းက ဘုရားသုံးဆူနားက လွတ်မြောက်နယ်မြေစခန်းတခုမှာ သူက သင်တန်းမှုး။ ညဘက် ရဲဘော်တွေ အိပ်မောကြ နေချိန် သူ မအိပ်။ ကာဘိုင်ကိုဆွဲပြီး မိုးလင်းချိန် ရဲဘော်တွေစားဖို့ တောကြောင်ပစ်ထွက်။ တောကြောင် ရပြီး သူ ကိုယ်တိုင်ကိုင်၊ သူကိုယ်တိုင်ချက်၊ သူကိုယ်တိုင် မင်းတစ်တုံးငါတစ်တုံး။ ငါလုပ်လို့ ငါပိုစားမယ် သူ့မှာမရှိ။ သူ့ရင်ထဲမှာ ရှိတာက အမှန်တရား၊ တရားမျှတမှု။ အခုလည်း အမှန်တရားကို ဆက်လက် ရှာဖွေနေဆဲ။

ကျနော်တော့ သူပြောသလို " ၀ီဝီမျည်တယ်...ဘာလဲ..အဲဒီကောင်နာမည်....မေ့နေလို့။ သူက Bite တယ်လေ..သြော်သိပြီ။ ....Mosquito"

12/28/08

ကိုနိုင်ထွန်းရေ သတိရပါသေးတယ်



ရဲဘော်နိုင်ထွန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ

ရဲဘော် နိုင်ထွန်း - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

(၁၉၆၅-၂ဝဝ၄)

ပါတီဝင်အမှတ် (၇၁၂ဝ၉)


ရဲဘော် နိုင်ထွန်းအား ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အဖ ဦးခင်ထွန်း၊ အမိ ဒေါ်မမလေးတို့မှ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့သည်။


၁၉၇ဝ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ အမှတ် ၁ မူလတန်းကျောင်းတွင် စတင်ပညာသင် ကြားခဲ့သည်။


၁၉၇၆ ခုနှစ်တွင် စစ်ကိုင်းမြို့ အမှတ် ၁ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။


၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားသောအခါ စစ်ကိုင်းမြို့ လူထုဆန္ဒပြပွဲများ၌ တက်ကြွစွာပါဝင်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးသောအခါ စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။


၁၉၈၉ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းမြို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။


၁၉၉ဝ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းမြို့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရေးအတွက် ကျေးရွာ ရပ်ကွက်များသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်မှုများကို လူငယ်အဖွဲ့အစည်းများ၊ ဗကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


၁၉၉ဝ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ စုစည်း၍ ရန်ကုန်မြို့ ဂန္ဒီခန်းမ၌ စက်တင်ဘာ လတွင် လွှတ်တော်ခေါ်ယူရေးအတွက် ဂန္ဒီခန်းမကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါသည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗကသ အပါအဝင် လူငယ်အဖွဲ့အစည်းများ၊ မဟာမိတ်ပါတီအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ဂန္ဒီခန်းမ ကြေငြာစာတမ်းအား ထောက်ခံတိုက်ပွဲဝင်သည့် လှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။


၁၉၉ဝ ပြည့်နှစ်နှောင်းပိုင်းတွင် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ (KNU) တပ်မဟာ ၃ နယ်မြေတွင် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များအဖွဲ့ချုပ် (DAB) အလုပ်အဖွဲ့၌ မြေအောက်လုပ်ငန်း အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၃ မှ ၁၉၉၄ ခုနှစ်အထိ ပါတီဌာနချုပ် (မာနယ်ပလော)တွင် သုတေသနဌာနအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၉၄ မှစ၍ ပါတီအလုပ်အဖွဲ့အမှတ် ၂ ၊ မွန်ပြည်သစ်ပါတီနယ်မြေတွင် ပါတီတာဝန်များ ထမ်းဆောင်ခဲ့သည်။


၁၉၉၆ မှ ၁၉၉၈ အထိ ပါတီအလုပ်အဖွဲ့အမှတ် ၂ တာဝန်ခံအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ပါတီ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ မဲ့ဆောက်မြို့မြန်မာအလုပ်သမားများ၏ ‘မိုးသောက်ပန်း လူမှုရေးအသင်း’ တွင် လူမှုရေး၊ စည်းရုံးရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြင်ပဆက်ဆံရေးရုံး(ချင်းမိုင်) တွင်၂ဝဝ၁ ခုနှစ် မှစ၍ တာဝန်ပေးအပ်ခြင်းခံရသည်။


၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၄ နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကွယ်လွန်သည်။

မှတ်ချက်။ ။ ကိုမောင်ဦးဆီကနေ ကောပီကူးသည် http://oothandar.blogspot.com/2008/12/blog-post_25.html

12/26/08

ယုကိစံမှ အမှာစကား

ယုကိစံမှ အမှာစကား
(Message From YukoSan)
ဒေါက်တာခင်မောင်ညို

သြဂုတ်လ (၆) ရက်မှာ ကျွန်မဒီစာပို့လိုက်ပါတယ်။ မှတ်မိတယ်မဟုတ်လား။ အဲဒီနေ့ဟာ ကျွန်မတို့ ဂျပန်တွေအတွက် ကမ္ဘာပျက်တဲ့နေ့ပေါ့။ ကမ္ဘာ့လူသူားတွေအတွက်လည်း ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု ကြီးရှိနေကြောင်းပြသတဲ့ နေ့တနေ့ပဲပေါ့။
ဟီရိုရှီးမားမြို့ အနုမြူဗုံးထိပြီး ယခုကဲ့သို့ ပြာပုံဘ၀ရောက်ခဲ့ရတယ်

ကျွန်မဒီစာကို ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ခံစားပြီးရေးတာမဟုတ်ပါဘူး။ ကမ္ဘာ့လူသားတစ်ယောက် အနေနဲ့ ရေးတာပါ။ ဂျပန်လူမျိုးတွေရဲ့ ဆုံးရှုံးမှုကိုရေးတာ မဟုတ်ပါဘူး။ လူသားများဆုံးရှုံးမှုကိုရေးတာပါ။

ဒီအကြောင်းတွေကို ကျွန်မလိပ်ပတ်လည်အောင် ပြောပြမှရှင်းမှာပါ။ ကျွန်မတို့ဂျပန်ဟာအနုမြူဗုံးနှစ်လုံး အချခံရပြီး စစ်ရှုံးရပါတယ်။ ကျွန်မတို့ဘုရင်ဟာလည်း သူ့ကိုလူတွေယုံကြည်ထားသလို သူဟာနေမျိုးနတ် နွယ်မဟုတ်မဟုတ်ပါဘူး။ သာမန်လူသာလျှင်ဖြစ်တယ်လို့ကြေညာရတယ်။ ဒါတွေကြားတိုင်း၊ သတိရတိုင်း ရင်ထဲမှာဝမ်းနည်းရတယ်။

ကျွန်မငယ်ငယ်ကသမိုင်းသင်ခန်းစာတွေထဲမှာ ဂျပန်တွေဟာ မန်ချူးရီးယား၊ ကိုရီးယားတို့ကိုသိမ်းပိုက်နိုင် တယ်။ ရုရှတပ်မတော်ကိုလည်းအနိုင်တိုက်ခဲ့တယ်လို့သင်ခဲ့ရတယ်။ ဒါ့ကြောင့်သမိုင်းသင်တိုင်းမှာ ကျွန်မ စိတ်ဓာတ် တက်ကြွပါတယ်။

ဒါပေမဲ့ ကျွန်မတို့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဂျပန်တို့စစ်ရှုံးကြောင်းကိုပိုသိလာရတယ်။ စစ်ရှုံးသူ တွေရဲ့ရင်ထဲဝင်ကြည့်ရင် သူတို့ဘယ်လောက်ခံစားရတယ်ဆိုတာသိလောက်တယ်။ ကျွန်မအဖေက ပြောပြ တယ်။ ဟီရိုရှီးမားမှာ အနုမြူဗုံးချတယ်။ လူတွေသိန်းချီသေတယ်။ နောက်သုံးရက်အကြာမှာ နာဂါစကီမှာ ဗုံးချ တယ်။ လူငါးသောင်းကျော်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အဲဒီလောက်ပဲရှိတယ်တဲ့။

အဖေက အဲဒီတုန်းက ငယ်ငယ်လေးပါ။အဖေတို့အိမ်က နာဂိုရာမှာပါ။ နာဂိုယာလည်း ဗုံးကြဲခံထိလို့ တစ်မြို့လုံးမီးလောင်ခဲ့တာပဲ။ ကျွန်မအရွယ်ရောက်လာတော့ စစ်ကိုမုန်းတယ်။ ရင်ထဲမှာ နာကျင် တယ်။ အထူးသဖြင့် အမေရိကန်တွေဘာကြောင့် အနုမြူဗုံးကြဲရသလဲ ဆိုတာကိုပေါ့။ ဒီအကြိတ်အခဲ ကိုချေဖို့ နှစ်စဉ်သြဂုတ်လရောက်တိုင်း ကျွန်မတို့ဆုတောင်းစာတွေပို့တယ်။ ကျွန်မတို့ရဲ့နာကြည်းချက် တွေကို ရေးသား ပေးပို့တယ်။ ဘယ်ကိုရောက်ရောက်ဘယ်ပေါက်ပေါက် တိုကျိုပင်လယ်အော်မှာ ပုလင်းတွေနဲ့ လည်းမျော ကြတယ်။ နိုင်ငံခြားတိုင်းပြည်တွေကိုတော့ ကျွန်မမတက်တတက်ရေးတဲ့ အင်္ဂလိပ် စာတွေကို စာစောင်တွေထဲက တွေ့တိုင်းလိပ်စာတွေကိုကူးပြီးပို့တယ်။

အချို့စာပြန်ပါတယ်။ ဒီနာကြည်းချက်တွေဟာမှန်သလား၊ မှားသလား။ ကျွန်မနည်းနည်းလေးအရွယ်ရလာ တော့စဉ်းစားဆင်ခြင်ကြည့်သေးတယ်။ ဒါပေမဲ့ အဖြေရှာမရဘူး။ ကျွန်မရဲ့ အကြိတ်အခဲကတော့ ပိုကြီးထွား လာတာပါပဲ။

မနှစ်က ကျွန်မ ၁၈ နှစ်မွေးနေ့မှာမှ ကျွန်မနားလည်းသွားတယ်။ အဲဒီနေ့မှာ အဘွားကခြေထောက်ဖြတ်ခံရ လို့ပဲ။ ဖြစ်ပုံက အဘွားမှာ ဆီးချိုရှိတယ်။ အဘွားကသိတယ်။ သို့သော်ဘာမှ မပြောဘူး။ တိတ်တဆိတ်ကလေး နေတယ်။ နောက်ခြေထောက်မှာ အနာဖြစ်ရာကခြေထောက်ပုတ်မှ အဖေတို့သိကြ တော့တယ်။ အဘွား ခြေထောက်ကိုဖြတ်တော့ ကျွန်မငိုလိုက်ရတာ။ မဖြတ်ကြပါနဲ့လို့ကျွန်မပြောတယ်။ ဒုက္ခိတအဘွားအိုကို ကုသပေး ဖို့နည်းလည်းမရှိတော့ဘူးလားလို့ ကျွန်မမေးတယ်။ အဖေက ‘သမီးရယ် မငိုပါနဲ့ ခြေထောက်ဖြတ်တာဟာ အသက်ဆုံးရှုံးတာထက်တော်သေးတာပေါ့’ တဲ့။နှစ်ပေါင်း ၅၀ ကြာပြီးနောက် ဂျပန်တွေ သူတို့မြို့ကိုအခုလို တည်ဆောက်နိုင်ခဲ့တယ်

ရက်တွေကြာလာတော့မှ အဖေ့စကားကိုသဘောပေါက်လာတယ်။ စွန့်လွှတ်ရတဲ့လူ့သဘာဝကို နားလည်မိ တယ်။ ဒီအခါမှာသည်းခံပြီး အကောင်းဆုံးကိုကြိုးစားရယူကြတာ သဘာဝကျပါတယ်။

ဒီတော့မှ စစ်သွေးကြွဂျပန်တွေရဲ့စစ်ကိုရပ်ဆိုင်းဖို့တိုင်းတစ်ပါးက အနုမြူဗုံးသုံးတာကို နားလည်သဘော ပေါက်မိတယ်။ကျွန်မနာကြည်းခါးသီးတဲ့ခံစားမှုတွေဟာ တစ်စတစ်စပျောက်ကွယ်သွားတယ်။ ဒီနှစ်စာမှာ တော့ ခါတိုင်းလိုမုန်းတီးခါးသီးတဲ့ စကားလုံးတွေမပါတော့ပါဘူး။ စာတွေကို ကျွန်မအီးမေးနဲ့ပို့တယ်။ အရင်နှစ်က စာတွေကလို ကျွန်မရေးတော့ပါဘူး။ ကျွန်မရဲ့စာကို အင်တာနက်မှာ ဖတ်မိကြတဲ့ဂျပန်တွေက လည်း ယုကိစံဆိုတဲ့ကောင်မလေးဟာပျော့ညံ့တယ်ပြောရင် ကျွန်မခံပါ့မယ်။

တချိန်ကလိုအပ်လို့ခြေဖြတ်ထုတ်ခံရတဲ့ကျွန်မရဲ့အဘွားဟာယနေ့မှာ ကျန်းမာပျော်ရွှင်နေပါတယ်။ သူ့ရဲ့ ဘီးတပ်ကုလားထိုင်ဟာသူရဲ့ကစားစရာဖြစ်နေတယ်။ တကယ်လို့ခြေထောက်ကိုသာ မဖြတ်နိုင်ခဲ့ရင်အဘွား ဟာဒီလိုအသက်ရှည်မှာမဟုတ်ဘူး။ ယနေ့ဂျပန်ရဲ့တိုးတက်မှုကိုလူတွေအားလုံးမြင်နေရပါပြီ။ ဒါဟာဟီရို ရှီးမားနဲ့နာဂါစကီဟူသော ခြေထောက်ကိုဖြတ်လိုက်လို့ပဲပေါ့။ စစ်ရောဂါကို ဒီလိုကုစားတက်ပါလားလို့ သဘောပေါက်လိုက်မိတယ်။

ကျွန်မဆိုတဲ့ ယုကိစံဟာလူသားတွေနဲ့ အတူလူသားတွေကိုချစ်မယ်။ လူသားတွေကိုဒုက္ခပေးတဲ့စစ်ကို ဆန့်ကျင်မယ်။ နောက်တော့ လူသတ်လက်နက်တွေကိုဆန့်ကျင်မယ်။ ကမ္ဘာ့ရွာကို ကျွန်မမျှော်မှန်းပါတယ်။ ကျွန်မတို့ဟာ နောက်တကြိမ်ခြေထောက်မဖြတ်ခံရဖို့ ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။

ဒေါက်တာခင်မောင်ညို
Ref “Japanese e-mail from Yuko Nagamura”, computertimes.asial.com.sg
ပေါ်ပြူလာဂျာနယ် အတွဲ ၅၊ အမှတ် ၃၄၊ ၂၈၊ဂ၊ ၂၀၀၁ အင်္ဂါနေ့၊ စာမျက်နှာ (၇)မှ ဆောင်းပါးဖြစ်ပါသည်။


View My Stats