ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/21/10

စုံစီနဖာ


အမောပြေမော်ဒယ်
From Myanmar Celebrity

- အပစ်ရပ်ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန်ခက်ခဲနေ Click Here
- သံကွင်းဆက်မောင်နှမ Click Here XXX Video
- ကပစ ၉ မှာဆန္ဒပြပွဲဖြစ်ပွား Click Here
- (ရဲဘော် ဖိုးသံချောင်း) နအဖရဲ့ ရွေးကောက်ပွဲလွန်တဲ့အခါ Click Here ဆောင်းပါး


အသက် ၂၈-နှစ်အရွယ် Supermodel Adriana Lima ကို ဘရာဇီးမှာ မှာမွေးပါတယ်။

- ဂီနီမှ သြစတျေးလျနိုင်ငံသို့ ခိုးဝင်ဖို့ပြင်နေတဲ့ မြန်မာဒုက္ခသည်များ Click Here
- လူထုဦးလှ နှစ်တရာပြည့်အထိမ်းအမှတ် (လူထုဦးစိန်ဝင်း) Click Here
- Barcamp ဖိတ်စာ (ညီလင်းဆက်) Click Here
- နှစ်ဘက်မြင်ကြည့်ခြင်း (ဦးဂင်ကြီး) Click Here
- ဦးဝင်းတင်၏ ပထမဆုံးခရီးစဉ် NLD ပါတီဝင်များနှင့် တွေ့ Click Here

ပေါ့ပေါ့ပါးပါး



ရန်ကုန်တိုင်းရှိ ၁၉၇၈ ခုနှစ် အစောပိုင်းမီတာ Box များလဲလှယ်ပေးမည့် စီမံကိန်း ချမှတ်


အရေးပေါ် သွေးလိုအပ်ပါက ၂၄ နာရီ အခမဲ့ လှူဒါန်းပေးမည်


Miss Tourism 2010 ဆုရရှိသူ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နိုင်


မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းမှ “ MFTRS for SMEs ( Part -II)” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်


မြန်မာနှင့် ပြင်သစ် ပူးပေါင်း၍ အရုပ်ပြဇာတ်နှင့် ရုပ်သေးပွဲ ကျင်းပမည်


Dr.Khin Maung Lwin မှ ပန်းသေပန်းညှိုး ရောဂါ နှင့် သဘာဝ ဆေးပညာ အကြောင်း သိကောင်းစရာ ရှင်းလင်း ပြောကြားမည်


ကိုရီးယားသမ္မတနိုင်ငံထုတ် ခရီးသည်တင်ကား အစီးရေ ၁၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ် အတွင်း တင်သွင်း သွားမည်


စည်ပင်သာယာ နယ်နိမိတ်အတွင်း အိမ်မွေး တိရစ္ဆာန် မွေးမြူရာတွင် မှတ်ပုံတင်ရန်နှင့် သားဖောက် ရောင်းဝယ်ခြင်း အတွက်လည်း လိုင်စင်လုပ်ရန် လိုအပ်


မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၏ ဒသမ အကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အိမ်မွေး တိရစ္ဆာန် ပြပွဲ ပြိုင်ပွဲ ကျင်းပမည်


ပထမဆုံးသော ပုဂ္ဂလိကပိုင် ငါး သုတေသန စင်တာ ဖွင့်မည်

ဗေဒင်

ကြာသပတေး

ကြာသပတေး သားသမီးတွေ အတွက်လည်း ဒီလဟာ အထူးညံ့လှပါတယ်။ ရှောင်တခင် ရုတ်တရက် ကျန်းမာရေး၊ Accident ၊ အမှုအခင်း၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်တတ်ပါတယ်။ နာမည်ပျက်ကိန်း ရှိပါတယ်။ ဂုဏ်သိက္ခာကျစရာ အဖြစ်တွေ ဖြစ်တတ်ပါတယ်။ လူပန်ပန်း စိတ်ပင်ပန်း ဖြစ်မယ်။ ဒါပေမယ့် ငယ်ရွယ်သူများအတွက် “စန်း” ပွင့်တဲ့ လ,တစ်ခု ဖြစ်နိုင်ပါတယ်။ အချစ်သစ်တွေ့ကြုံနိုင်စရာတွေ ရှိပါတယ်။ အလုပ်အကိုင်၊ စီးပွားရေး ပိုင်းမှာတော့ ပြဿနာ သိပ် မတွေ့ရပါဘူး။ ဒါပေမယ့် ဥပဒေနဲ့ သိပ်မလွတ်တဲ့ အလုပ်တွေ လုပ်နေသူတွေတော့ အထူးသတိထားပါ။ ထောင်အချုပ် ကျကိန်း ရှိပါတယ်။ နာမည်မှာ ကြာသပတေး၊ စနေ၊ အင်္ဂါ နံတွေနဲ့ အစ, အဆုံးပြုထားသူတွေ အထူးသတိထားပါ။ ဥပမာ- မင်းနောင်/မင်းနိုင် လို နာမည်မျိုး၊ မျိုးဇော်၊ မင်းဇော် လို နာမည်မျိုး တွေ အထူးသတိထားပါ။

ယတြာပြုဖို့ကတော့ ရေသပ္ပါယ်ယတြာကို မဖြစ်မနေကို လုပ်ဖို့ လိုပါတယ်။ နောက်ပြီး ငါးအရှင် သက်စေ့လွှတ်ပေးရပါမယ်။ နောက်တစ်ခုက အိမ်ကဘုရား မှာဘဲ “ဇီးယို နဲ့ နာနတ်ယို” နှစ်မျိုးတွဲပြီး အင်္ဂါနေ့ နဲ့ စနေနေ့တိုင်း ကပ်လှူပေးပါ။ ပြီးရင် စွန့်ပစ်လိုက်ပါ။ ကိုယ်တိုင် မစားသုံးရပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများ အတွက် အင်္ဂါနေ့ နဲ့ စနေနေ့ တစ်ခုခုမှာ ဇီးယို နဲ့ နာနတ်ယို ၀ယ်ကျွေးလိုက်ပါ။ အိမ်မှာ ရှိတဲ့ ထီးစုတ်၊ ဘိနပ်စုတ်တွေကို အမြန်လွှင့်ပစ်လိုက်ပါ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

1/20/10

ရင်ရှုပ် ရုပ်ရှင်



ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ တူမချောလေး မော်ဖူးမောင်က အောင်မြင်တဲ့ Still Model တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကြုံးဝါးပြီး မြန်မာ့မော်ဒယ်လောကထဲသို့ ၀င်ရောက်လာပါပြီ။ အခုလောလောဆယ် သရုပ်ဆောင်လုပ်ငန်းတွေကိုတော့ လုပ်ဖို့ အစီအစဉ်မရှိသေးဘဲ သီချင်းဆိုရတာ ၀ါသနာပါတဲ့ မော်ဖူးမောင်က သီချင်းဆိုဖို့ အစီအစဉ်တော့ရှိတယ်လို့ သိရပါတယ်။ "အနုပညာလုပ်ငန်းကို ဘယ်လိုအခက်အခဲမျိုးတွေရှိရှိ ကြိုးစားပြီး လုပ်ဆောင်သွားမယ်။ မော်ဒယ်ဘိုင်း ဂျွန်လွင်ရဲ့ မော်ဒယ် သင်တန်းမှာ တက်ရောက်နေပါတယ်" လို့ မော်ဖူးမောင်က ဆိုပါတယ်။

From celebrity.com

ယနေ့စုံစီနဖာ

တပ်မတော်သားများ ပြည်သူဘက်ရပ်တည်ရန် (မဒတ) ပန်ကြား

တရားဝင် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ် သက်တမ်းတိုးပေး

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး
ပြည်ပရောက် မျိုးဖျက်သူတွေရဲ့ လှုပ်ရှားမှု အရှိန်မြှင့်နေ

အမြတ်များသည့်မြန်မာဆန်များ ထိုင်းဘက် နေ့စဉ်တင်သွင်း




အအေးခန်းထားသိုခနှင့် မီးသင်္ဂြိုဟ်စရိတ်များ တိုးမြှင့်မည့်သတင်း မမှန်ကန်ဟု တာဝန်ရှိသူ ငြင်းဆို
လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ
အအေးခန်းထားသိုခနှင့် မီးသင်္ဂြိုဟ်စရိတ်များ တိုးမြှင့်မည့်သတင်း မမှန်ကန်ဟု တာဝန်ရှိသူ ငြင်းဆို
အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည် (ဆောင်းပါး)
တိဗက်-မြန်မာ လူဦးရေပြဿနာ (အယ်ဒီတာအာဘော်)
ရိုးမ (ကဗျာ)
တရားမ၀င်အဖွဲ့တွေသတိပေးခံရ (ထိုင်းအခြေစိုက်)
မဝေခင်မှာ မကြွေစေချင်ပါ (ဆောင်းပါး)
နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - နိဂုံးပိုင်း
ဗုဒ္ဓဂေါတမ ၏ အဟောအပြော (၃)

မြန်မာနိုင်ငံမှ ၃၅ တန် ကျောက်စိမ်းရိုင်းတုံးကြီး သတင်း
ယနေ့ဗေဒင်

ဗုဒ္ဓဟူး။

ဗုဒ္ဓဟူး အဟုတ်ရူးပြီဟု ပြောရမည်။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊ဝ နှင့်စသော အရာရှိကြီးများ သားသမီးအများအတွက်

ရတက်များကိန်းရှိသည်။ ရန်သူများကို ရဲဘက်စခန်းပို့ထားသည့်တိုင်အောင် ရပ်ကွက်ထဲတွင် ရုတ်ရုတ်သဲသဲ

ဖြစ်တတ်သဖြင့် ရယက တို့ သတိပြုနေသင့်သည်။ ယင်ကောင်လေးများကိုပင် ရင်ခုန်တတ်သော ကောင်မလေးများ

ရွဲသွားနိုင်သည်။ ရိသဲ့သဲ့ လာပြောသူများကို ရဲရဲရင့်ရင့် ရက်ရက်စက်စက်တုံ့ပြန်ရန် ရိုးရာသိုင်းများ သင်ထားသင့်သည်။

စီးပွားရေးအနေနှင့် ဝါးကျည်တောက်ရောင်းခြင်း၊ ရေထမ်းခြင်း၊ ယိမ်းကခြင်းများ အကျိုးပေးမည်။ ကျန်းမာရေးအနေဖြင့်

ရင်ခွဲရုံရောက်ကိန်းမှလွဲလျင် အားလုံးကောင်းနေသေးသည်။ ကံတက်စေရန် တခုသော တနင်္လာနေ့တွင်

တရားရုံးတစ်ခုသို့သွားပြီး တရားခအား “တရားနဲသာဖြေပါ။ တရားသူကြီးကနင့်ကို တင်းနေတယ်။ တောင်းပန်လိုက်” ဟု

တီးတိုးသွားပြောပါ။

ခရမ်းချဉ်သီးသကြားလုံးတီထွင်ထုတ်လုပ် ကင်ဆာရောဂါကာကွယ်တားဆီးနိုင်

မတူညီသော သဘာဝသုံးခုကို ဟန်ချက်ညီဖွဲ့စည်းထားသည့် ခြေတံရှည် ပန်းအိုးလေး

ထန်းတက်ဆာဗေးပညာရှင်များနဲ့ မြန်မာအီလစ်များ (လူထုဦးစိန်ဝင်း)

ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေသော NLD ပါတီ သာကီနွယ်

မွတ်ဆလင် ဘ၀နှင့် စရိုက်




1/19/10

ဘာသာရေးစော်ကားမှုရှောင်ကြစေ...

အခုတလော မျက်စိနောက်စရာ ဘလော့ဂ်တွေကို တွေ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရဘူး။

မွတ်ဆလင်ဘာသာကိုစော်ကားထားတဲ့ဘလော့ဂ်၊ ဗုဒဘာသာကို စော်ကားထားတဲ့ဘလော့ဂ် တွေအရမ်းပေါ်လာတယ်။

ဘာသာတရားဆိုတာ မကြိုက်ရင် မကိုးကွယ်ပါနဲ့...။ မည်သည့် ဘာသာကမှ သူ့ထက်သာသည် ဆိုတာမရှိပါဘူး။ ကြိုက်တဲ့ဘာသာကိုကိုးကွယ်ပါ။ တခါတည်း လေးငါးမျိုး ကိုကွယ်လည်း ရတယ်။

အခုလိုဘာသာတရားနဲ့ပက်သက်ပီးတိုက်ခိုက်တော့ ရန်ဖြစ်တာက လွဲလို့ကျန်တာအကျိုးမရှိဘူး။ မြန်မာပြည်က မွတ်ဆလင်၊ ခရာစ်ယာန်၊ ဗုဒဘာသာ၊ နတ်ကိုးကွယ်သူ၊ ဘာသာမရှိသူတွေကို သတ်လို့လည်း အကျိုးမထူးဘူး။

ဒီလိုမျိုး ဘလော့ဂ်တွေ ပေါ်လာတာ၊ ရေးတဲ့သူတွေကို ကြည့်ရင် နိုင်ငံတော်အကြီးအကဲဆိုသူတွေကို ထာက်ခံနေတဲ့ လူတွေဆီက လာကြတယ်။ ဘာရည်ရွယ်ချက်လဲမသိဘူး။

ကြိုက်မှကိုးကွယ်ပါ။ ကိုးကွယ်တယ်ဆိုတာ အားကိုရှာတဲ့သဘောပဲ။

တချို့ လူတွေက မိမိကိုယ်ကိုယ်သာ ကိုးကွယ်ရ“၏”။

အကျိုးမရှိတဲ့ ဘာသာရေးတိုက်ခိုက်မှုတွေကို ရှောင်ကြပါ။

စံစီနဖာ

ဆုမြတ်
May be Thai Girl
မိသားစု ပျော်ပျော်ပါးပါး
ယနေ့သတင်းစုံ
နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - ၁
မေးခွန်းလေးသုံး
ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ
မျက်ရည်ဥရေးသူ- မောင်ပန်းမွှေး
ကရင်အမျိုးသားအစည်းအရုံးပြည်သူလူထုထံသို့ပန်ကြားချက်
ဒေါ်စုအယူခံကို တရားရုံကြားနားအန်အယ်လ်ဒီူပည်နယ်၊တိုင်း ဗဟိုအလုပ်အမဆြောင်သစ်ူပင်ဆင်ဖြဲႛစည်းမည်

ရက်ကွက်ထဲမှာ ဒီလိုရှိနေတယ်

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေငြာချက် (၂၀၁၀ )

ဘလော့ဂ်တွေမှာ ထုံးစံလိုဖြစ်နေတာက ကိုယ်နှစ်သက်တဲ့ လင့်တွေပဲ ထားကြတယ်။ စစ်အစိုးရကို ဆန့်ကျင်သူက သူကြိုက်တဲ့ စစ်အစိုးရဆန့်ကျင်သူတွေရဲ့ ဘလော့ဂ်လင့်တွေချိတ်ပေးတယ်။ စစ်အစိုးရထောက်ခံသူကလည်းထိုနည်းလည်းကောင်း။ မြန်မာလူငယ်တွေရဲ့ အပြာဆိုက်လည်း တူရာတူရာစုတယ်။ စာရေးဆရာတွေလည်း တူရာတူရာစုတယ်။ သတင်းသမားတွေလည်း သူအုပ်စုနဲ့သူ။

ကျနော် ဘလော့ဂ်ထုံးစံကို ချိုးဖောက်ပြီ။

အားလုံးကို ကျနော့်ဘလောဂ့်မှာ လင့်ချိတ်ပြီ။ အပြာဘလော့ဂ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတိုက်အခံ၊ သူပုန်၊ စုံစေရမယ်။ ကာယကံရှင်များကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျနော်တော့ လုံးဝဂရုမစိုက်ပါ။

1/18/10

ကျနော်အဖေစစ်သား၊ ချစ်သလားတော့မမေးနဲ့-၃

အရာရှိမှာတောင် နှစ်မျိုးဖြစ်နေတယ်။ ၁၀-တန်းအောင်ပြီး DSA သွားတာနဲ့ တစ်ကြပ်ကြီးစာရေးကနေ ဗိုလ်သင်တန်းပါတယ်ဆိုတဲ့ OTS ဖြစ်ပါတယ်။ အိုတီအက်စ်က ပိုပြီး ရဲဘော်တွေရဲ့ ဘ၀ ပိုနားလည်တယ်။ သူက ရဲဘော်ဘ၀ကနေအရာရှိဖြစ်တာဆိုတော့ တပ်ထဲမှာ ဆက်ဆံရတာပိုအဆင်ပြေတယ်။ DSA ကဆင်းတဲ့ကောင်တွေက စောင့်ကြွားကြွားနိုင်တယ်။ တပ်ထဲမှာ သူတို့ကိုသူတို့ဘုရင်များလားလို့တောင် ထင်ရတယ်။

လိုင်းခန်းထဲကို အရာရှိတွေလာခဲတယ်။ ရဲဘော်တွေနဲ့အတူလက်ရေတပြင်တည်း ထမင်းစားတဲ့အရာရှိမရှိဘူး။ အနိုင်ကျင့်တဲ့ အရာရှိတွေအများကြီးပဲ။ ရဲဘော်တွေအပြင် သူ့တို့ရဲ့ သားသမီးတွေကိုတောင် သူတို့ရဲ့ ရဲဘော်၊ ခိုင်းဘက်လို့ထင်နေကြတာ။

တနေ့မှာ တပ်ရဲ့ အုပ်ချုပ်ရေးမှုးတဦးဖြစ်တဲ့လူက အဖေကို ငါးကန်ဆယ်ဖို့အမိန့်ပေးတယ်။ သူက ဗိုလ်မှုးအဆင့်နဲ့။ အသက်က အဖေ့ထက်ငယ်တယ်။ ငါးကန်က အကျယ်အ၀င်းမီတာ ၁၀၀ ပတ်လည်လောက်ရှိတယ်။ ငါးကန်ထဲမှာ ဒိုက်တွေ၊ ဗေဒါတွေအပြည့်ပဲ။ ငါးကန်ရဲ့ ဘေးမှာ ကျက်ခြံရှိတယ်။

ကျက်တွေနာလို့သေရင် ငါးကန်ထဲကိုပစ်ချတယ်။ ငါးကန်ထဲက ငါးရှဉ်တွေကတော့အကြိုက်ပဲ။ အဖေနဲ့ကျနော်လည်း ဒီဂွင်ကိုမြင်လို့အုပ်ချုပ်ရေးမှုးပေး ၈၀၀-ကျပ်နဲ့ ငါးကန်ဆယ်မဲ့အလုပ်ကို လက်ခံလိုက်တယ်။ သူငယ်ချင်းအပါအ၀င် ငါးကန်ကို လူသုံးယောက်ရှင်းလိုက်တာ ၂-ရက်အတွင်း ပီးတယ်။ ငါးတွေ၊ ငါးရှဉ့်တွေထင်သလောက်မရဘူး။

တပ်ထဲက ကိုယ့်ထက်သွက်တဲ့ကောင်တွေက ငါးရှဥ့်ထောင်တာဆိုတော့။

ငါးကန်ပီးလို့ အုပ်ချုပ်ရေးမှုးက ချက်ခြင်း ငွေမရှင်းပေးဘူး။ အဖေက သူ့အထက်အရာရှိဆိုတော့ မတောင်းရဲဘူးကြောက်တယ်။ ကျနော်ကလည်း ငွေရရင် ကိုယ်သုံးချင်တာသုံးလို့ရမယ်ဆိုပီး အဖေ့ကို ပူဆာတယ်။

အဖေမတောင်းရဲရင် ကျနော်တောင်းမယ် ဆိုပီး…အုပ်ချုပ်ရေးမှုး ရုံးခန်းထဲကို မြတ်ရှင်းတဲ့ဓားရှည်နဲ့ ရွံဗွက်တွေပေကျံပီး ၀င်သွားတယ်။ အုပ်ချုပ်ရေးမှုးရုံးခန်းက တပ်ရင်းဌာနချုပ်မှာရှိတယ်။ ဘေးမှာက တပ်မှုးရုံးခန်းရှိတယ်။ အစောင့်ရဲဘော်ကြီးတစ်ဦးက ရွံဗွက်တွေနဲ့ပေနေတဲ့ ကျနော့်ကိုအံ့သြပြီး မင်းဘာလာလုပ်တာလဲမေးတယ်။ ကျနော်ကို အုပ်ချုပ်ရေးမှုးခေါ်လို့လာတာဆိုပီး လိမ်ပြီး ဗိုလ်မှုးအခန်းထဲကို ၀င်သွားတယ်။ အုပ်ချုပ်ရေးမှုးလည်း အံ့သြပြီး ဘာလာလုပ်တာလဲမေးတယ်။ ကျနော်က ငါးကန်ရှင်းပြီးဖြစ်တယ်။ ငွေလာတောင်းတာ။ အခုလိုချင်တယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှုးက မင်းအဖေကိုလွှတ်လိုက်လို့ပြောပီး ကျနော့်ကိုပြန်ခိုင်းတယ်။

နောက်နေ့မနက်ပိုင်းတန်းစီတော့ လူတွေအရှေ့ မှာ ကျနော့်အဖေကို မိုက်မိုက်ရိုင်းရိုင်းပြောတယ်။ ခင်ဗျားသားက ကျုပ်လိုအရာရှိကို မခန့်လေးစားလုပ်တယ်။ နောက်တခါဆိုရင် နာပီသာမှတ်လို့ကြိမ်းတော့ အဖေလည်းရှက်ပီး ကျနော်ကို တီးပါလေရော။ လုပ်အားခ ၈၀၀ ကိုသုံးလလောက်စောင့်ပီးတော့မှ ရတယ်။ ခိုင်းလည်းခိုင်းသေးတယ်၊ ပေးတော့ သူ့အိပ်ထဲက စိုက်ပေးရတဲ့ပုံစံမျိုး၊ ကျွန်တစ်ယောက်လိုဆက်ဆံတယ်။ သြော်…ကိုယ့်ချွေနည်းစာတောင်းတာ တောင် ကြောက်နေရတဲ့ဘ၀ပါလားလို့ အခုမှ စဉ်စားမိတယ်။


စစ်သားသမီးဘယ်တော့မှ စစ်ထဲမ၀င်ဘူး


ရှိတော့၊ ရှိတယ်။ ရှားတယ်။ DSA တို့၊ OTS တို့ဝင်ခွင့်ရှိတဲ့သူတွေဆိုရင်တော့ စစ်ထဲဝင်ပါတယ်။ သာမန်ကျနော်တို့လို့ စစ်သားသမီးကတော့ ရဲဘော်ဘ၀နဲ့ ဘယ်တော့မှ ၀င်လေ့မရှိဘူး။ ကိုယ့်မျက်စိရှေ့ မှာ၊ ဖြစ်နေတဲ့အရာတွေအားလုံးကို သိနေတယ်။ ကိုယ့်အဖေတောင်ထွက်ပြေးရင် ထောင်ကျမှာစိုးရိမ်တဲ့အတွက်၊ အပြင်မှာထွက်နေဖို့ အိမ်မရှိတဲ့အတွက်၊ စတဲ့ ပူပန်မှုတွေနဲ့ တပ်ကမထွက်ကြတာ။ နောက်ပီး စစ်သားလူထွက် တွေအပြင်မှာ ဘယ်လိုမှ အလုပ်မလုပ်တက်ဘူး။ ဘာမှတက်ကျွမ်းတဲ့အသက်မွေးဝမ်းကျောင်းပညာကို တက်ထားတာမရှိဘူး။

အရာရှိသား၊ သမီးတွေ၊ တချို့ ပိုင်ရာဆိုင်ရာသားသမီးတွေကျတော့ သူတို့ဆရာကြီးတွေကနေတဆင့် ဗိုလ်သင်တန်းတက်ခွင့်ရရင်တော့ ၀င်ကြတယ်။ ဥပမာ…၀န်ကြီး ဦးအောင်သောင်းရဲ့ တူ ဗိုလ်မှုးချုပ် တစ်ယောက်က စစ်လက်နက်ပစ္စည်းတပ်ရင်းတခုမှာ ရှိနေတယ်။ သူ့ရဲ့ တူဖြစ်သူဟာ လွန်ခဲ့တဲ့နှစ် ၅-နှစ်လောက်က DSA ဆင်းတယ်။ DSA သင်တန်းဆင်းပွဲမှာ ဒုတိယ ရတော့၊ TV ကနေကြည့်နေတဲ့ ဦးလေးဗိုလ်မှုးချုပ်ကပြောတယ် “ဒီကောင်များများဖားပါလို့ဆိုနေတာ၊ အခုတော့ဒုတိယပဲရတယ်” လို့ဘေးက တစ်ကြပ်ကြီးတစ်ယောက်ကိုပြောတယ်။ တစ်ကြပ်ကြီးကကျနော်ကိုပြန်ပြောပြတယ်။


သူ့တူဗိုလ်သင်တန်းဖြေတာက ဗိုလ်ရွေးကိုသွားစရာမလိုဘူး၊ တခါတည်းအောင်ပြီးသား၊ ဗိုလ်သင်တန်းတက်တော့လည်း သင်တန်းဆရာနဲ့ပေါင်းပြီး သက်တောင့်သက်သာအလုပ်ရတယ်။ ရှေ့ တန်းလည်းထွက်စရာမလိုဘူး။ ဒီလိုမျိုးတွေရှိနေတယ်။ ဒါတွေကို တပ်က အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေသိနေတယ်။ ဒါပေမဲ့ ဘယ်သူမှ မတရားဘူးလို့မပြောရဲဘူး။

ထူးခြားတာတခုက စစ်သားသမီးတွေ ၁၀တန်းအောင်လို့၊ အသက်မှီရင် ဗိုလ်သင်တန်းတက်ခွင့်ကို တပ်က တပ်မှုးကလုပ်ပေးတယ်။ ပထမတော့ ကျနော်လည်း ဗိုလ်ရှုးပါပဲ။ ၁၀-တန်းမအောင်၊ အသက်ကလည်းမမှီဆိုတော့ ခြေထောက်မပြတ်တာပဲကံကောင်းတယ်လို့ပြောရတော့မယ်။

ဆက်ရန်-

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးဆိုတဲ့လူဟာ လူကောင်ကြီး၊ တကိုယ်လုံးမှာ အရုပ်တွေနဲ့မို့သူ့ကို ချစ်တဲ့သူတွေက အရုပ်ကြီးလို့နာမည်ပေးတယ်။ အရက်၊ ဘီယာ ချသလားတော့မမေးနဲ့...။ အလုပ်ကအပြန် အပန်းဖြေသဘောနဲ့။ အယ်ကိုဟောသမားတော့မဟုတ်ဘူး။

သြစီက စက်ရုံတခုမှာအလုပ်လုပ်တယ်။ သူ့ရဲ့ သူငယ်ချင်းတွေ နယူးဇီလန်၊ ထိုင်း၊ မလေးရှားကို နှစ်စဉ် ဒီဇင်ဘာလဆိုရင် ဟောလီးဒေးထွက်ကြတယ်။ အပြန်ကြရင်သူ့အတွက် လက်ဆောင်ဝယ်လာလေ့ရှိတယ်။

တနေ့မှာ သူငယ်ချင်းအဖြူတစ်ယောက်ကသူ့ကိုမေးတယ်။ ငါတို့ နယူးဇီလန်သွားရင် သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တဲ့အကောင်ပါတဲ့ ရုပ်ပုံတခုခုတော့ ၀ယ်ပြီး သူငယ်ချင်းတွေကိုလက်ဆောင်ပေးတယ်။ ဥပမာ နယူးဇီလန်ဆိုရင် ကီဝီငှက်ပုံပါတဲ့ Aminal ပုံ တခုဝယ်လာပြီး သူငယ်ချင်းတွေလက်ဆောင်ပေးတယ်။ သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ပေါ့။

ထိုင်းနိုင်ငံသားဖြစ်တဲ့ ကိုရုပ်ကြီးရဲ့ သူငယ်ချင်းကလည်းထိုင်းကိုသွားရင် ကိုရုပ်ကြီးအတွက် သူ့နိုင်ငံအထိမ်းအမှတ်ဖြစ်တဲ့ ဆင်ပုံပါတဲ့အရုတ်တခုပေးတယ်။

သူတို့က ကိုရုပ်ကြီးကိုမေးတယ်။ မင်းတို့မြန်မာနိုင်ငံမှာကော ငါတို့လို နိုင်ငံတွေလိုအထိမ်းအမှတ်ဖြစ်တဲ့ တိရိစာန်ပုံတွေရှိလားလို့မေးတယ်။ ကိုရုပ်ကြီးပြောတာကတော့-

" ငါတို့နိုင်ငံရဲ့ တိရိစာန်ဆိုလို့ သန်းရွှေပဲရှိတယ်" လို့ပြောတယ်။

ဒီမှာ အခြားနိုင်ငံသားတွေဖြစ်တဲ့ နယူးဇီလန်၊ ထိုင်း၊ အာဖရိကနိုင်ငံသားတွေထင်သွားတာက မြန်မာနိုင်ငံရဲ့ တိရိစာန်ဟာ သန်းရွှေဖြစ်တယ်ပေါ့...။

မှတ်ချက်။ မရေးတက်လို့ ရေးတက်သလိုရေးပါတယ်။ သူငယ်ချင်းတွေဟားဟားဖြစ်အောင်ရည်ရတဲ့ ဟာသကို အပြင်မှာမြင်စေချင်ပါတယ်။

1/17/10

ကျနော့်ညီတောင်ကျနော့်ကို မထောက်ခံဘူး

ကျနော့်စိတ်ထင် ဒီကောင် သူ့အဖေစစ်သား၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲခဲ့တယ်ဆိုတာကို ရှက်နေတဲ့ပုံပဲ။ သူ့စိတ်ထင် အခု သြစီမှာနေရတာ တော်တော်ချမ်းသာသွားပီလို့ထင်နေလားမသိဘူး။ နောက်ပီး အရင်ဘ၀ဟောင်းကို အင်တာနက်မှာ ရေးတာရှက်စရာထင်နေလားမသိဘူး။ အောက်ခြေမလွတ်အောင်၊ လူရှေ့ မှာ စောင့်ကြွားကြွားမဖြစ်အောင်၊ ဘ၀သိအောင်၊ ဘ၀နာအောင်၊ ကျိုးစားချင်စိတ်ရှိအောင်ဆိုပီး သူရေးတဲ့ မှုရင်အတိုင်းတင်ပေးလိုက်တယ်။ ကျနော်တို့ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ကြပီ။

ကိုကြီး

ကိုကြီးက ဘယ်လမ်းကြောင်းကို လျှောက်နေတာလဲ။ ကိုကြီးလုပ်နေတဲ့အလုပ်တွေကို သေသေချာချာ ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးကြည့်ဖူးလား။ အခုကိုယ်ကြီးဘလော့ဂ်မှာရေးနေတဲ့အရေးအသားတွေက အဖွဲ့အစည်းတစ်ခုက ဘာမှသုံးမရလို့ အပြင်ကိုမောင်းထုတ်ခံလိုက်ရတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်က သွေးရူးသွေးတန်းနဲ့ ရှက်ရမ်း ရမ်းပြီး တွေ့ရာမြင်ရာ အော်ဆဲနေသလိုပဲ။ ကိုယ်ကြီးဘလော့ဆိုတာလည်း တကယ့်အမှိုက်ပုံတစ်ခုလိုပဲ။

ကိုကြီးမှာရှိနေတဲ့အရာတွေနဲ့ ကိုယ်ကြီးလုပ်နေတဲ့တာတွေက တခြားစီပဲ။ ကိုယ်ကြီးကျောင်းတက်ပြီး စာတွေဖတ်နေပေမယ့် တကယ်းတမ်းအပြင်မှာ လုပ်နေတာတွေက စာမတက်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူမျိုးတွေလုပ်နေတယ်။ ကိုယ့်ဟာကို လုပ်ချင်တာလုပ်ပေမဲ့ ကိုယ်လုပ်တဲ့အရာက ကိုယ့်သမိုင်းကို ကိုယ်ဖော်ပြနေတာပဲ။ တကယ်တမ်းကိုယ်ကို့ကိုယ် ပြည့်ဝတဲ့ သူလို့ သတ်မှတ်ထားရင် ကိုယ်ကြီးလုပ်နေတဲ့အလုပ်တွေကို သေသေချာချာ ပြန်လေ့လာစေချင်တယ်။

သူများကိုဝေဖန်မယ်ဆိုရင်လည်း အချက်အလက်ကျကျနဲ့ ပြန်ဝေဖန်ပေါ့။ အခုတော့ ကိုယ်ကြီးဟာက ထိုင်ဆဲနေတယ်။

နောက်တစ်ခုက ကိုယ်ဘယ်လို ဘ၀မျိုးကလာသလဲဆိုတာ အဓိကမကျဘူး။ ကိုယ်ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာ အဓိကကျတယ်။ အထူးသဖြင့် ကိုယ့်ဘ၀မှာ အားနည်းခဲ့တာတွေ စိတ်မကောင်းစရာတွေကို မေ့ပစ်သင့်ရင် မေ့ပစ်ရတယ်။ ဒါကို ဘ၀မေ့တယ်လို့မခေါ်ဘူး။ ကိုယ့်အတွက် ဘာမှ အကျိုးမရှိတဲ့အရာတွေ လူတွေကို မေ့ပစ်သင့်ရင် မေ့ပစ်တာအကောင်းဆုံးပဲ။ အထူးသဖြင့် ကိုယ့်မိသားစုကို တချိန်ကျရင် ထိခိုက်လာနိုင်တဲ့ လုပ်ရပ်တွေကို ကိုကြီး စဉ်းစားပြီးလုပ်စေချင်တယ်။ မျက်စိတစ်စုံးမကြည့်ပဲ လူကြီးဆန်ဆန် ကိုယ်ကြီးလုပ်စေချင်တယ်။

ကိုယ်ကြီးလုပ်နေတဲ့အရာတွေက တခဏလေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ရေရှည်သွားရမှာ။ ကိုယ်ကြီးအခုလုပ်နေတာတွေက ကိုကြီးကို သူများက ထောက်ပြနိုင်အောင် ကိုယ့်အားနည်းချက်တွေ ဖော်ပြနေသလိုပဲ။

ကိုယ်ကြီးကိုကြည့်ရတာ အပြင်ပိုင်းမှာ တည်ငြိမ်တယ်ထင်ရပေမယ့် တကယ်တန်း အတွင်းစိတ်က မတည်ငြိမ်ဘူး။ အခုကိုယ်ကြီးလုပ်နေတာတွေကို သေသေချာချာလေး ကိုယ့်ကိုကိုယ်ပြန်ဝေဖန်စေချင်တယ်။
မဟုတ်ရင် ကိုကြီးမိသားစု ရဲ့ သမိုင်းကို ကွေးအောင်လုပ်နေတာနဲ့ တူနေပြီ။

ရိုင်းပြသွားရင် ခွင့်လွှတ်ပါ။


လင်းလင်း

ကျနော့်အဖေစစ်သား ချစ်သလားတော့မမေးနဲ့ - ၂

အရပ်သားတွေဆင်းရဲတာ စစ်သားတွေကို မမှီပါဘူး

တပ်ထဲမှာ ကြားပေါက်မရတဲ့ တချို့ ရဲဘော်တွေဆိုရင် ဆင်းရဲတာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတယ်။ ဘယ်လိုမျိုးဆင်းရဲလဲဆိုရင် စားခါနီးမှ သူများအိမ်မှာ သွားပီး ဆန်ချေးရတာမျိုးတောင် ရှိတယ်။ တပ်မှုးအိမ်မှာ ထမင်းချက်ရတဲ့ ရဲဘော်ရဲ့ မယားရှိတယ်။ ပြန်လာမှ သူတို့အိမ်က ကျန်တဲ့ထမင်း၊ဟင်းကို ယူလာပြီး အိမ်က မိသားစုကိုကျွေးရတဲ့ အိမ်ထောင်စုတွေရှိတယ်။

အရာရှိတိုင်းမှာ ဘက်စ်မန်းလို့ခေါ်တဲ့ အရာရှိရဲ့ ကျွန်လိုမျိုးရဲဘော်တစ်ယောက်စီခံစားခွင့်ရှိတယ်။ အရာရှိဆိုးရင်ဆိုးသလို အဲဒိဘက်စ်မန်းလည်း နာပါတယ်။ အရာရှိရဲ့ မိန်းမကပါ ထမိန်းလျှော်ခိုင်းတာတို့၊ သူမရဲ့ အတွင်းခံလျှော်ခိုင်းတာတောင်ရှိတယ်။ ပြီးရင်တော့ အရာရှိကတော်က သနားစာအဖြစ် ငွေကြေးနည်းနည်းနဲ့ ဆန်လေးဆီလေး ပေးပါတယ်။ ဒီလိုမျိုးပဲ တပ်ထဲမှာ ကြားပေါက်မရှိတဲ့လူက ရှာစားရတယ်။

တပ်ပြင်ထွက်ပြီး ကူလီထမ်းဖို့၊ အလုပ်လုပ်ဖို့၊ ဆိုတာ ရဲဘော်တွေအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ ခလေးငယ်ငယ်တွေမွေးထားတဲ့ ရဲဘော်တွေဆိုရင် တပ်ထဲမှာ အရာရှိကျွန်ပုံစံလိုမျိုး၊ သူတို့အိမ်တွေမှာ အလုပ်လုပ်ရတယ်။

တွေ့ဘူးတဲ့အကြောင်းပြောပြမယ်။ ကျနော့်တို့အိမ်ရဲ့ နောက်ဖေးအိမ်က တစ်ကြပ်ကြီးတစ်ယောက်ရဲ့ မိန်းမဆိုရင် ညနေစောင်းတာနဲ့ လက်မှာ ဆပ်ပြာတုံးလေးကိုင်ပြီး ဗဟိုနိုင်ငံရေးတက္ကသိုလ်နားက အရိုးကုဆေးရုံဘက်ကို နေ့တိုင်းသွားပါတယ်။ မနက်မှပြန်လာလေ့ရှိတယ်။ အရိုးကုဆေးရုံမှာက ဆေးရုံတက်တဲ့ခြေပြတ်လက်ပြတ် စစ်သားတွေရှိတယ်။ သူတို့ကလည်း မိန်းမနဲ့ဝေးပြီးနယ်က ဆေးရုံတက်တဲ့လူတွေများတော့ အပျော်မတွေရှာတယ်မဟုတ်လား။

ဒီတပ်ကြပ်ကြီးက သူ့မိန်းမ ဒီလိုလုပ်တာကို သူသိပါတယ်။ တပ်ထဲက မိသားစုဝင်တွေအားလုံးလည်း သိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူတို့မိသားစုကို နစ်နစ်နာနာ မပြောကြဘူး။ တစ်ယောက်နဲ့တစ်ယောက်နားလည်တဲ့ပုံပါပဲ။ သူ့အလုပ်သူလုပ်...ကိုယ့်အလုပ်ကိုယ်လုပ်။

သူမမှာ ကလေးနှစ်ယောက်ရှိတယ်။ မိန်းခလေးနဲ့ယောက်ျားလေးပါ။ ခလေးတွေက အဲဒိတုံးက အသက် ၁၂ နှစ်အရွယ်လေးတွေ။ ဒီလိုပဲ တပ်ကြပ်ကြီးမိန်းမက သူ့မိသားစုကို သူမှာရှိတဲ့ပညာနဲ့ တဘက်က ထောက်ပံ့ပေးရတယ်။ အရပ်သားတွေဆင်းရဲတာဟာ လွတ်လွတ်လပ်လပ် အပြင်မှာ အလုပ်ထွက်လုပ်ခွင့်ရှိတယ်။ စစ်သားတွေမှာ တပ်ပြင်ထွက်ပြီးအလုပ်ထွက်လုပ်ဖို့တာ လွယ်တဲ့အလုပ်မဟုတ်တော့ နောက်ဆုံးတော့ တပ်ထဲက ရဲဘော် ၇၅% လောက်က အရက်သမားဖြစ်ကုန်ကြတယ်။ ကျနော်တပ်ထဲမှာပြောနေကြစကားရှိပါတယ်။ အရပ်သားတွေဆင်းရဲတာသနားတယ်ဆိုတဲ့စကားပါ။

ဆေးရုံတက်ရခြင်း

၁၉၉၂ ပတ်ဝန်းကျင်လောက်က မင်္ဂလာဒုံစစ်ဆေးရုံမှာဆေးရုံတက်ရတယ်။ ငှက်ဖျားရောဂါနဲ့ အထူးဆောင်မှာတက်ရတယ်။ အဲဒိမှာ အနယ်နယ်အရပ်ရပ်က လာတဲ့ ရဲဘော်တွေအများကြီး။ ကျနော်တို့တက်တဲ့အထူးဆောင်ရဲ့ အနောက်မှာ အရူးထောင်ရှိတယ်။ စိတ်ဝေဒနာသည် ရဲဘော်တွေအတွက် အချုပ်ထောင်သေးသေးလေးပါ။ မရှုးပဲနဲ့ရူးချင်ယောင်ဆောင်တဲ့ ရဲဘော်တွေများတယ်။ အရူးလက်မှတ်ရမှ သူတို့တပ်ကထွက်လို့လွယ်တယ်လို့ဘေးက ဦးလေးကြီးတွေကပြောပြတယ်။

တနေ့မှာ ဗိုလ်ချုပ်မြင့်အောင်နဲ့အဖွဲ့ ရဲဘော်တွေကို လက်ဆောင်လိုက်ပေးတယ်။ အဲဒိတုံးက ဘာ့ကြောင့်ပေးလဲဆိုတာမသိရဘူး။ နောက်ပိုင်းမှ သိရတာက မဲသဝေါတို့၊ မာနယ်ပလောတို့ကိုတိုက်နေတဲ့အချိန်ဆိုတော့ လူနာတွေ ဆံ့တောင်မဆံ့တော့ဘူး။ သူတို့ရှိတဲ့ ခြေပြတ်လက်ပြတ်အဆောင်ကို မသွားရဲဘူး။ အရမ်းနံတယ်။ မသေခင်ခြေထောက်တွေလက်တွေပုပ်နေကြပီ။ ဒါတွေကို လိုက်အားပေးတာပါ့။

ကျနော်ကဒီအချိန်မှာ ကလေးအရွယ်ပဲ ဘာမှမသိဘူး။ သူလာပေးတော့ အရမ်းပျော်တယ်။ မုန့်တွေအများကြီး၊ လက်ဆောင်တွေအများကြီးရတယ်လေ။ လူနာတစ်ယောက်ခြင်းဆီကို စစ်ပုံစံကုတင်ပေါ်မှာထိုင်ခိုင်းပြီး စနစ်တကျလက်ခံယူရတယ်။မှတ်မှတ်ရရ သူကမေးတယ်။ သား..ဆေးရုံမှာတက်ရတာအဆင်ပြေလားပေါ့..။ ကျနော်က..ဟုတ်ကဲ့လို့ပြောပါတယ်...ဒါပေမဲ့ ကျနော်ပေါင်မုန့်မစားရဘူးလို့ပြောမိတယ်..။ နောက်နေ့ကြတော့ စစ်ဆေးရုံဖိုကြီးက ရဲဘော်တွေလာပြီး ကျနော့်ကိုဆဲပါလေရော...မင်း..စောက်ပါးစပ်တိတ်တိတ်နေတဲ့...။ နောက်မှ သိရတယ်။ မင်းကြောင့်...ဖိုကြီးက စားဖိုမှုးပြုတ်သွားတယ်။

ဗိုလ်ချုပ်တင်ဦးကို ခိုးကြည့်ခြင်း

လှသောင်းကျောင်းကို အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးအလည်လာတယ်။ အောင်ချက်ကောင်းတယ်၊ စည်းကမ်းကြီးတဲ့ကျောင်းဆိုပီးအားပေးတယ့်သဘောနဲ့ပါ။ သူလာတော့ ထုံးစံအတိုင်း ဟိုအက၊ ဒီအကနဲ့ကြိုဆိုရတယ်။ ကျနော်က အမျိုးသားအားကစားပွဲတော်မှာ သိုင်းအလှပြလုပ်တာဆိုတော့၊ ကျနော်တို့အဖွဲ့လည်းပါတယ်။ ကျောင်းအုပ်ဆရာကြီး ဗိုလ်မှုး စိန်ဝင်းက ဗိုလ်ချုပ်တင်ဦးကို ဖားလိုက်တာအရမ်းပဲ။ သူ့ကိုကျောင်းသားတွေက ကျောက်ရှုးစိန်ဝင်းလို့ခေါ်တယ်။ သူ့မျက်နှာမှာ ကျောက်ပေါက်မာတွေအများကြီးနဲ့ အမြဲတမ်း အရက်မှုးနေလို့။

ကျောင်းရဲ့ ခန်းမမှာ ဗိုလ်ချုပ်တင်ဦးနဲ့အဖွဲ့အခမ်းအနားကို ရှု့ ရှားတော်မှုတယ်။ ဘေးနားမှာက အူဇီကိုင်ထားတဲ့ ကိုယ်ယံတော်တွေအများကြီး။ အဘိုးကြီးအနားကိုဘယ်သူမှ ကတ်မရအောင်။ ကျနော်အရမ်းစပ်စုချင်တယ်။ ဗိုလ်ချုပ်တင်ဦးထိုင်တဲ့ ခုံရဲ့ အနားမှာ ပြတင်းပေါက်ရှိတယ်။ အဲဒိနားမှာ သက်တော်စောင့်ကြီးက အူဇီကြီးနဲ့၊ ဆရာမတွေကို ငန်းနေတဲ့အချိန်။ လစ်တာနဲ့ ကျနော်သွားပီးကြည့်တယ်။ ဗိုလ်ချုပ်တင်ဦးဆိုတာသူလားပေါ့။ တခါမှ အပြင်မှာမမြင်ဘူးလို့။ တီဗွီထဲမှာအမြဲတမ်းမြင်ဘူးတာဆိုတော့ ဘာများကွာလဲ.။။ ချောလား၊ ရုပ်ရှင်မင်းသမီးမင်းသားတွေကို သူ့ပရိတ်သတ်က လိုက်ပြီးချောင်းတဲ့ပုံစံမျိုးကြည့်တာပါ။

ကျနော်ပြတင်းပေါက်ကို ကတ်သွားတဲ့အချိန်၊ အူဇီကိုင်ထားတဲ့ငနဲက မမြင်ဘူး။ မြင်တာက ဗိုလ်ချုပ်တင်ဦးဘေးမှာ ဖားနေတဲ့ ကျောင်းအုပ်ဆရာကြီးကျောက်ရှုးက မြင်သွားတယ်။ အဲဒိမှာဆဲပါလေရော...။ မင်း...မလားရဘူးဆိုတာမသိဘူးလား...။ ထွက်သွား...မင်းအတန်းပိုင်ဘယ်သူလဲ။။။ မေးလိုက်တာမှအများကြီး...။ ဒီအချိန်မှာ အူဇီကိုင်တဲ့ ရဲဘော်ကြီး ပြောတယ်...ညီလေးသွားတော့တဲ့...အဘိုးကြီးနားကို ဘယ်သူမှမကတ်ရဘူး။ ကျနော်လည်း ရှက်ရှက်နဲ့ထွက်ခဲ့တယ်။ ဒါက မှတ်မှတ်ရရလေးဆိုတော့...။ အဲဒိအချိန်မှာ ကျနော်ခံစားချက်က ငါ ကြီးလာရင် ဗိုလ်ချုပ်တင်ဦးလို ဖြစ်ချင်လိုက်တာလို့...။

ဗိုလ်မှုးစိန်ဝင်းက ၉-တန်းကို အခမဲ့အအောင်ပေးခြင်း

၉၆-၉၇ ပညာသင်နှစ်မှာ ကျနော် ၉-တန်းကျောင်းသားဖြစ်ပါတယ်။ အမျိုးသားအားကစားပွဲတော်ရှိတယ်။ မြန်မာ့ခရီးသွားနှစ်ပွဲတော်လည်းရှိတယ်။ ကျောင်းတိုင်းက တစ်ကျောင်းကိုအယောက် ငါးဆယ်လောက်လိုက်ရတယ်။ အဲဒိပွဲတွေမှာသိုင်းအလှက၊ ဗ၀ါးကဖို့။ ကျနော်လည်း ပါတယ်။ ကာယဆရာမက က ဖို့အတွက် ခေါ်တယ်။ ကျနော်တို့မလိုက်ချင်ဘူး။ သင်တန်းက အရမ်းပင်ပန်းတယ်။ သုံးလတောင်ကျောင်းစာကိုပစ်ပြီးသွားရမှာဆိုတော့။ ဒီအချိန်မှာ ဗိုလ်မှုးစိန်ဝင်းက မတ်လုံးပေးတယ်။ လိုက်ရင် ကိုးတန်းကို အအောင်ပေးမယ်။ ဆိုတော့ ကျနော်တို့ပျော်တာပေါ့။ ကျနော်တို့ဝါသနာပါတဲ့ သူငယ်ချင်းတွေအများကြီးလိုက်တယ်။ အဲဒိအထဲမှာ မြတ်ထွတ်ခေါင်တောင်ပါသေးလားမသိဘူး။ FTUB က ဥက္ကဌ ဦးလှဦးသားပါ။ မြတ်ထွတ်ခေါင်နဲ့ မဲ့ဆောက်မှာ ပြန်ဆုံကြတယ်။ (စကားချပ်)

အမျိုးသားအားကစားပွဲတော်ကို သုံးလနီးပါးသွားတယ်။ ပြန်လာတော့ စာမေးပွဲနီးပီ..။ စာတွေလည်းမလိုက်နိုင်တော့ဘူး။ စာမေးပွဲကို အင်္ဂလိပ်စာ၊ သင်္ချာနဲ့ကြတယ်။ အောင်စာရင်းထွက်တော့ ငိုတယ်။ အောင်ပေးမယ်ဆိုပြီး ကျတယ်ပေါ့..။ အမေကလည်းဆဲပါလေရော...။ စုံစမ်းကြည့်တော့ အမျိုးသားအားကစားပွဲတော်သွားတဲ့ လူသုံးပုံလောက်ကြတယ်။ ကာယဆရာမနဲ့တိုင်ပင်ပြီး ဗိုလ်ချုပ်ခင်ညွှန့်ဆီ ကျောင်းသားအားလုံးစာရေးတယ်။ အားကစားပွဲတော်သွားတဲ့လူတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန့်နားမှာ အလုပ်လုပ်တဲ့ အရာရှိတစ်ယောက်ရဲ့ သားပါတယ်။ သူ့အဖေကနေတဆင့်စာပေးလိုက်တယ်လို့ကြားရတယ်။

၉၇-၉၈ ခုနှစ် ကျောင်းတက်တော့ ပထမဆုံးကိုးတန်းအခန်းမှာထိုင်ရတယ်။ နှစ်ရက်လောက်ကြာတော့ ၁၀-တန်းအခန်းကို ခုန်ပြီးရောက်သွားတယ်။ သူငယ်ချင်းတွေပျော်လိုက်တာအရမ်းပဲ။ ၁၀-တန်းလည်းဖြေတော့ ကျပါလေရော။ ကိုးတန်းစာမှ မပိုင်တာလို့ဆရာမတွေက ပြောတယ်။ ဘာဘဲဖြစ်ဖြစ် ဗိုလ်မှုးစိန်ဝင်းကြောင့် ကိုးတန်းကိုအခမဲ့အောင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ကျောင်းက ပညာရေးစနစ်တခုပါ

ဆက်ရန်

1/16/10

အယူအဆ-၁

နိုင်ငံရေးလုပ်ချင်ရင်၊ လူလေးစားခံချင်ရင်

၁) စီးပွားရေးလုပ်၊ ငွေကြေးချမ်းသာရမယ်။

၂) ပညာတက်ရမယ်။ အနည်းဆုံး နိုင်ငံခြားက ဘွဲ့တခုခုတော့တက်ရမယ်..။

၃) အများလေးစားတဲ့ အထက်တန်းလွှာ အလုပ်တခုရှိရမယ်။

၎) အကျင့်စာရိတ္တကောင်းမွန်ရမယ်..ဆိုလိုတာက သူများမိန်းမကို ကြာမခိုရဘူး။

ဒါတွေမရှိဘဲ...

ငါက နှစ်ပေါင်း လေးဆယ် တော်လှန်ရေး၊ နိုင်ငံရေးလုပ်ပါတယ်ပြောပြော ဘယ်သူမှအထင်မကြီးဘူး..။

အထင်ကြီးလေးစားတာက လက်တလေမြင်ရတွေ့ရတဲ့ ဘ၀ ဖြစ်တယ်။ ဒါက အထက်ကပြောသလို..ခင်ဗျား ဘယ်လောက်လူအထင်ကြီးခံရလဲနဲ့ဆိုင်တယ်။

သခင်တင်မြလို့ ကျောင်းကောင်းကောင်းမနေဘူးတဲ့လူက မဆလမှာ စီစီ(ဗဟိုကော်မတီ)၀င်လုပ်တာ သူ့အပြစ်မဟုတ်ဘူး..။ ခန့်တဲ့သူရဲ့ အပြစ်ဖြစ်တယ်။ ဘုံဘ၀မှာရေးတက်ရုံနဲ့ တိုင်းပြည်ကို အုပ်ချုပ်၊ စီမံခန်ခွဲဖို့(တိုးတက်အောင်) မလုပ်နိုင်ဘူး။ ဒါကိုယနေ့လူငယ်တွေသတိထားရမယ်..။

အခုပြည်တွင်းမှာဖြစ်နေတဲ့၊ ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးသမားတွေ၊ အာဏာရှင်တွေ အများသောအားဖြင့် ဒီလိုအပေါက်မျိုး ချိုးလိမ့်မယ်။ မယုံရင်စောင့်ကြည့်နေ။ အတူလက်တွဲလုပ်တဲ့လုပ်ဖော်ကိုင်ဖက်၊ ငါ...ပြောရင် နားထောင်တယ်ဆိုတဲ့ လူတွေကို အာဏာရှိတဲ့သူတွေခိုင်းလိမ့်မယ်..။ ရှေးက သင်ခန်းစာကို မယူတက်တဲ့သူဆိုရင် ဒီမိုကရေစီ ၁၀ ခါပြန်ရရ ပြည်သူငတ်နေမှာပဲ..။

ငါ..စောင့်ကြည့်မယ်...ငါ...အခု...တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရလဲ၊ ပြည်သူကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ..ငါ..မသိသေးဘူး..။ ငါ..လေ့လာအုံးမယ်...လေ့လာပြီးရင် ငါ...လုံးဝ အာဏာရအောင်ယူမယ်...။

ကျနော့်အဖေစစ်သား၊ ချစ်သလားတော့မမေးနဲ့

ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။

ကျနော့်ကိုမွေးတုံးက မင်္ဂလာဒုံက စစ်ဆေးရုံမှာပါ။ အဖေက စစ်လက်နက်ပစ္စည်း လက်အောက်ခံ တပ်ရင်းတခုက ရဲဘော်ပါ။ အခုတော့ တပ်ကြပ်ကြီးတာဝန်နဲ့ ထောင်ကျခံပြီးတပ်ကထွက်လိုက်ပါတယ်။ ထောင်တစ်နှစ်ကျပါတယ်။ စစ်တပ်ထဲမှာ အဖေဟာ နှစ်ပေါင်းသုံးဆယ်နီးပါ အလုပ်လုပ်ခဲ့ပါတယ်။ ကျနော်လည်း အသက် ၁၉-နှစ်ထိ တပ်ထဲမှာကြီးပြင်းခဲ့ရတယ်။ တပ်ကကျွေးတဲ့ထမင်းကိုစားခဲ့တာပေါ့။ တပ်ထဲက ကျောင်းမှာ ၁၀-တန်းအထိကျောင်းတက်ခဲ့ပါတယ်။ အောင်ဆန်းသူရိယလှသောင်းကျောင်းလို့ခေါ်ပါတယ်။ မင်္ဂလာဒုံကပါ။ ဒီကျောင်းက တပ်မိသားစုတွေအတွက်ပါ။ ကျနော်တို့မိသားစုမှာ အဖွားအပါအ၀င်၊ အိမ်ထောင်စုဝင် ခုနှစ်ယောက်ရှိပါတယ်။

ကျနော်တို့စစ်သားသမီးတွေဘယ်လိုနေရလဲ၊ ဘယ်လိုခံစားရလဲ၊ သူတို့ရဲ့ နိုင်ငံရေးအမြင်၊ စိတ်ဝင်စားမှုတွေကို ကျနော်ရင်ဖွင့်ချင်ပါတယ်။ တချို့ အချက်အလက်တွေကို ကာယကံရှင်တွေထောင်ကျမှာစိုးရိမ်တွေအတွက် ချန်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၁-နှစ်က ဘ၀အခြေအနေပါ။ အခုထိ ဒီအခြေအနေနဲ့မကွာလှဘူးလို့တပ်ထဲက အမျိုးတွေက ပြောနေတုံးပါ။ အခုကျနော်ပြောမဲ့အခြေအနေက ရန်ကုန်က အထိုင်တပ်ရင်းတခုပါ။ မြန်မာပြည်မှာအကြီးဆုံးပင်မတပ်ရင်းတခုမှာပါ။ သူတို့ပညာသည်တပ်ရင်းတွေတောင် ဒီလိုခံစားရရင်၊ တိုက်ခိုက်ရေးတပ်ရင်းတွေဘယ်လောက်ခံစားရလဲဆိုတာ ကိုယ်ချင်းစာကြအောင်ရေးပါတယ်။ ကျနော့်မိသားစုကတော့ ဒီလိုရေးလို့တော်တော်စိတ်ဆိုးမှာပါ။ ကျနော်ဂရုမစိုက်ပါ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါ။

ကဲ..ကျနော်တို့ဘ၀ကိုကြည့်ရအောင်။

လိုင်းခန်း

တပ်ထဲမှာ ရဲဘော်တွေအတွက် လိုင်းခန်းရှိတယ်။ အရာရှိတွေအတွက် သီးသန့်လိုင်းခန်းရှိတယ်။ အရာရှိတွေဆိုတာက ဒု-ဗိုလ်ကစလို့၊ တပ်မှုးအထိ ကိုင်ပိုင်ခြံနဲ့ဝင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိမ်လိုနေရာမျိုးကိုရတယ်။ သက်တောင့်သက်သာရှိတယ်။ ပြဉ်ထောင်အိမ်ပါပဲ။ ကျနော်တို့နေတဲ့လိုင်ခန်းကတော့ ခြောက်ခန်းတွဲလို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ပါပဲ။ တစ်ခန်းက စကားပြောရင် တခြားခန်းက ကြားရတယ်။ ကြားမှာ ၆-၁ လို့ခေါ်တဲ့ သစ်သားပြားပဲခြားတယ်။ ရေချိုး၊ ရေခပ်တဲ့နေရာကတော့ ခြောက်ခန်းတွဲလေးတွဲကို ရေအုတ်ခုံတစ်ခုမှာ စုပေါင်းရေချိုးရေခပ်ပေါ့။ တပ်ထဲမှာရေပြတ်တယ်ဆိုတာမရှိသလို၊ မီးလည်းမပြတ်ပါဘူး။ မီးပြတ်ရေပြတ်တာခဏပါ။ ချိုးဖြူရေပိုက်ကရတယ်။ ရေကောင်းရေသန့်လို့ပြောရပါတယ်။ ရေအလျှံအပယ်၊ မီးအလျှံအပယ်ပါပဲ။ ရေခမီးခပေးစရာမလိုဘူး။ ထမင်းဟင်းချက်စားရင် လျှပ်စစ်မီးဖိုနဲ့ချက်လို့ရတယ်။ တခါတလေ တပ်ဘေးက တောထဲမှာ ထင်ခြောက်တွေလိုက်ကောက်၊ အပင်လေးတွေခုတ်ပြီး ထင်းအဖြစ်သုံးကြတယ်။ တပ်ရဲ့  ပတ်ပတ်လည်မှာ တောလေးရှိတယ်။ ချောင်းမြောင်းသေးသေးလေးတွေရှိတယ်။

စားဝတ်နေရေး

တပ်ကပေးတဲ့လစာက အဖေဆိုရင် လစာထုတ်တာနဲ့ ဟိုဖြတ်ဒီဖြတ်၊ တစ်ရက်နှစ်ရက်ဆိုတာနဲ့ကုန်ပီ။ လစာပေးရက်ဆိုရင် တပ်ထိပ်က စားသောက်ဆိုင်မှာ လစာပေးကြရင်း သောက်ကြ၊ စားကြ တပ်မိသားစုတွေ ပျော်ကြတယ်။ ငိုကြတဲ့လူတွေလည်းရှိတယ်။ လစာကို ကြိုတင်ယောကျာ်းရောင်းထားတာ၊ မှီခိုဖြစ်တဲ့ မိန်းမကမသိတော့သူတို့ခလေးတွေကိုကျွေးဖို့မရှိတော့ဘူးဆိုတော့။

တပ်ကစစ်လက်နက်ပစ္စည်းတပ်ထဲက တခုဆိုတော့ သူများတပ်တွေလို အောက်ဆိုက်မရဘူး။ ဥပမာ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ဆေးတပ် တို့လိုရဲဘော်တွေဝင်ငွေမကောင်းဘူး။ ဒီတော့ ရဲဘော်တွေလစာနဲ့ဖြစ်သလိုရုန်းကန်ကြတယ်။ မိသားစုများလေပိုဆင်းရဲလေပဲ။ တပ်ထဲက ဆရာကြီးအချို့ နဲ့ အရာရှိတွေလောက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့တချို့ အရာရှိတွေဖြစ်တဲ့ လုံခြုံရေးမှုး၊ သင်တန်းမှုးတို့ဆိုရင် တပ်ထောက်ကိုင်တဲ့အရာရှိလောက်အဆင်မပြေတော့ သူတိုမိန်းမတွေလည်း ဟိုပေါင်ရ၊ ဒီပေါင်ရဗျာများကြတယ်။

ရိက္ခာကို အပတ်စဉ်သောကြာနေ့တိုင်းပေးတယ်။ ရိက္ခာမရတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိက္ခာကို ကျနော်တို့အမေတွေက ကြိုတင်ရောင်းရတယ်။ လေးပတ်စာငါးပတ်စာပေါ့။ ရိက္ခာမှာပါတဲ့ပစ္စည်းတွေက ဆန်နှစ်ပြည်၊ ဆီး ၂၅ကျပ်သား၊ သကြားတစ်ပူး၊ နို့ဆီတစ်ပူးလောက်ရတယ်။ တပ်မိသားစုတွေအတွက် (မှီခိုတွေကို) လစဉ်တပ်ကသမ၀ါယမဆိုင်မှာ ဆန်ထုတ်ပေးတယ်။ ဆန်ကအကောင်းဆုံး ငစိန်ဆန်ရတယ်။ တခါတလေအရမ်းဆိုးဝါးတဲ့ဆန်ကိုရတယ်။ မိသားစု ခြောက်ယောက်ဆိုရင် တစ်အိပ်လောက်ရတယ်။

တပ်က ဆန်ကို ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်မှာ သွားထုတ်တဲ့ တစ်ကြပ်ကြီးနဲ့တပ်ရေးဗိုလ်ကြီးတို့စားတာများရင် ဆန်တွေအရမ်းဆိုးဆိုးဝါးဝါးရတယ်။ ထောက်ပို့ဆန်ကောင်းရင်၊ တပ်ထဲကိုအရင်ပြန်မလာဘူး။ မင်္ဂလာဒုံဈေးမှာ ဆန်အကောင်းစားနဲ့အညံ့စားလဲယူတယ်။ လဲခကို ဆိုင်ရှင်ကနေ ရတယ်။ လစဉ်သူတို့အတွက် ကိုက်တော့ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်၊ သမဆိုင်ကိုင်တဲ့လူ၊ ရိက္ခာကိုင်တဲ့လူ၊ လစာကိုင်တဲ့လူတွေက ထောတယ်။ အရာရှိတွေအချင်းချင်းမျှစားတာပေါ့။ တပ်မှုးကို တလကို ပေါ်ဆန်မွေးနှစ်အိတ်လောက်ပို့လိုက်ရင် သူတို့အတွက်ကျန်တာပေါ့။

ကျနော်တို့ဘဝ

အဖေ၀င်ငွေက လစာပဲရှိတယ်။ အလုပ်ကတော့ ကင်းစောင့်(ဂျူတီ) ပဲကြတယ်။ တခါတလေ စတန်းဘိုင်(ဗိုလ်ချုပ်တွေလာရင် လမ်းဘေးကင်းပုန်းဝတ်)လိုက်ရတယ်။ သူတို့အတွက်အဖေက လုံခြုံရေးယူပေးရတာပါ။

ရိက္ခာကလည်းကြိုရောင်း၊ သမဆိုင်ကပေးတဲ့ဆန်ကလည်း တစ်ဝက်လောက်ကြိုရောင်း၊ လစာကလည်းမလောက် ဒီလိုနဲ့ပဲ ကျနော်တို့ရှာစားရတယ်။ မိသားစုလည်းများတော့ ဘယ်လိုမှ စားဝတ်နေရေးမပြေလည်ဘူး။ ဟင်းစားအတွက်ကို တစ်မိသားစုလုံးတပ်ဘေးက ချောင်းတွေ၊ မြောင်တွေမှာရှာစားရတယ်။ ရာသီအလိုက်ပေါ့။ မိုးရာသီဆိုရင် ဘယ်နေရာမျှစ်ရှိတယ်၊ ငါးထွက်တယ်၊ နွေရာသီဆိုရင် ဘယ်နေရာမှာ ပဒက်စာရှိတယ်၊ ဇရစ်ရိုးရှိတယ်၊ ဒါတွေကို ကျနော်တို့စစ်သားသမီးတွေ သိရတယ်။ မသိရင် ငတ်ပြီသာမှတ်။

တပ်ထဲက စစ်သားသမီးကလည်းများတော့ တပ်ဘေးက စားပင်သီးပင်က နလံထူတယ်လို့မရှိဘူး။ ချောင်းထဲမြောင်းထဲကငါးလည်း လုံးဝမခံနိုင်ဘူး။တုန်းတာမြန်တယ်။ ဒီလိုပုံစံနဲ့ပဲ မသေရုံတမယ် မိသားစုတွေကိုကူညီပေးရတယ်။ ကျောင်းပိတ်လို့ စနေတနင်္ဂနွေဆိုရင် တပ်ထဲမှာ တစ်ရက်ကို ၂၀ ရတဲ့နေ့ဝက်အလုပ်ကိုဝင်လုပ်ရတယ်။ တပ်ထဲမှာ မျှက်ရှင်း၊ မြောင်းတူး၊ တပ်မှုးအိမ်ဘေးပေါက်တူးပေါက်ပြီး ၀င်ငွေရှာရတယ်။ အဲတုံးက ဘာမှခံစားချက်မရှိဘူး။ သူတို့ချမ်းသာတာ၊ ထောတာ တရားတယ်လို့ထင်နေတာပေါ့ဗျာ။

ကျောင်းကား

တပ်ထဲမှာ ကျောင်းကားတစ်စီးရှိတယ်။ ကျောင်းသားပေါင်း ၁၀၀ လောက်ကို လှသောင်းကျောင်းကိုပို့ရတယ်။ ရဲဘော်တွေအတွက်ပေါ့။ အရာရှိသားသမီးတွေကြတော့ သူတို့အတွက် သပ်သပ်စီစဉ်ပေးတယ်။ ကိုယ်ပိုင်ကားလိုမျိုး တပ်ကလုပ်ပေးတယ်။ တပ်မှုးကတော့ အရမ်းကောင်းတဲ့ကားနဲ့သူ့သမီးတွေကိုပို့ပေါ့ဗျာ..။ သူ့သမီးတွေကလည်း ရုပ်ဆိုးတဲ့သူများတယ်။ ဒါပေမယ့်လည်း ကျနော်တို့လို စုတ်ပြတ်နေတဲ့ လူတွေကတော့ မင်းသမီးလေးလားပေါ့။ အဲလိုမျိုးဝိုင်းပြီးငန်းရတယ်။ (ဒါက စကားချပ်)

ကျောင်းကားကလူများတော့ ထိုင်စရာနေရာမရှိဘူး။အမြဲတမ်းမတ်တပ်ရပ်လိုက်။ ကျောင်းသားတွေကို ထိန်းတဲ့ MP ဆိုတာရှိတယ်။ ကျနော်တို့ကတော့ သူ့ကို အာဒပီလို့ခေါတယ်။ အဲတုံးက MP ဆိုတာဘာလည်းမသိဘူး။ သူကရဲဘော်အဆင့်။ ကျောင်းကားမောင်းတဲ့သူက ကုန်းဆင်းဆိုရင် ဂီယာထိုးပြီးမဆင်းတော့ဘူး။ တခါတည်းတပ်ထိပ်အရောက် ဖရီးရိုက်ချတယ်။ ဒါမှ သူလည်းမိသားစုအတွက် ကြားပေါက်ရမယ်လေ။

ဆက်ရန်-

တပ်တွင်းပုန်ကန်မှုအတွက်ကျေးဇူးတင်ရှိပါကြောင်း

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်မှန်ပါသည်။ အားပေးပါသည်။

တပ်တွင်းပုန်ကန်မှုနဲ့ပက်သက်ပြီး သတင်းလိုက်တဲ့သတင်းထောက်ကြီး ဦးသန့်(စံခလပူရီ) ကိုကျေးဇူးအထူးတင်ရှိပါသည်။

Mizzima သတင်းတော့ လွဲနေပါတယ်။
ဘာဘဲဖြစ်ဖြစ် သူ့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ကိုနစ်နေမန်းလည်း ကျေးဇူးတင်ရှိပါကြောင်း။

We Fight We Win ရဲ့ လုပ်ရပ်ကို အထူးအားပေးချီးကျူးပါကြောင်း...။
ဘုန်းကျော်(လူ့ဘောင်ချစ်)

1/15/10

ကျောင်းတော်ကြီးမှ သူငယ်ချင်းများသို့


မော်စကိုက ကမ္ဘာ့အဆင့်မီနည်းပညာတက္ကသိုလ်မှာ မြန်မာကျောင်းသားတွေရှိနေပါတယ်

ဒီကျောင်းကဘွဲ့ရတဲ့ ပညာတက်လူငယ်တွေ သြစတျေးနိုင်ငံမှာ တပုံကြီးရှိတယ်။ Skilled Person အဖြစ်အလုပ်လုပ်နေကြတယ်။ ဒီတက္ကသိုလ်ကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အထင်ကရတက္ကသိုလ်ကြီးတခုဖြစ်သလို၊ သမိုင်းဝင်လည်းဖြစ်တယ်။

အဲဒိက ဘွဲ့ရတာနဲ့ သြစတျေးလျနိုင်ငံမှာရှိတဲ့ Company တွေမှာ၊ အစိုးရဌာနတွေမှာ အလုပ်ရဖို့အရမ်းလွယ်တယ်။ လစာအနည်းဆုံး တစ်ရက် ဒေါ်လာ ၂၅၀ အခွန်မပါ ရတယ်။ ဒီလိုအခွင့်အလမ်းမျိုးကို ခင်ဗျားတို့ယူသင့်တယ်။ မြန်မာအစိုးရကပေးတဲ့လစာကတော့ မြန်မာငွေ နှစ်သိန်းတော့ ရနိုင်တယ်။ ရာထူးကတော့ အရာရှိလို့တော့ ခေါ်မှာပေါ့။ မိသားစုအတွက်တောင် မလောက်ငှတဲ့ နှစ်သိန်းကို ယူမလား။ တနှစ်ကို မြန်မာငွေ သိန်း ၇၀၀ ယူမလား။ ကြိုက်တဲ့လမ်းရွေးပါ။

ကျနော်လည်း တိုင်းပြည်ကိုချစ်ပါတယ်။ တိုင်းပြည်မှာ လူငယ်ပညာတက်တွေအတွက် အခွင့်အလမ်းမရှိတော့ ပြည်ပမှာ အလုပ်လုပ်တာပိုကိုက်တယ်။ Skilled Person လျှောက်တာကိုအသေးစိတ်သိချင်ရင် ဒီကိုသွားပါ။

Department of Immigration & Citizenship


www.immi.gov.au

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

CEC အဖွဲ့ဝင်သစ်များမှာ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရသည်။ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်များ ဖြစ်ကြသည်။

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

နယ်စပ်အခြေစိုက်လူ့ဘောင်သစ်ပါတီလို NLD လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ဗဟိုကနေရွေးချယ် ရပါသည်။ What is လက်ရှိနိုင်ငံရေးအခြေအနေ???? လက်ရှိနိုင်ငံရေး အခြေအနေကြောင့်...။ သိတ်လှတဲ့စကားလုံးပါလားနော်။ အောက်ခြေအဖွဲ့ဝင်တွေမှာ လုံးဝအာဏာမရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါလားနော်..။ အာဏာရတာတောင် အောက်ခြေက တင်တဲ့ စီအီးစီ ဖြစ်ပါ့မလား။ ကျနော်တော့ ဒီလိုတွေးမိပါတယ်...။

တိုးချဲ့ အဖွဲ့ဝင်များကိုကြည့်ပါ...ဆရာဝန်နဲ့ရှေ့ နေတွေဆိုတော့ Aged Care Wrokers လုပ်ဖို့လားမသိဘူး။ လူအိုတွေကို ဆေးပေး၊ မီးယူ၊ အီး..ကုန်ပေးဖို့ ဘဘတို့များ လူငှားလေသလား..။

မြန်မာ့နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများဟာ ဒီမိုကရက်တစ်အာဏာရှင်လို့ နာမည်တပ်ရမည်ဖြစ်ပါကြောင်း....။ မြန်မာတွေ အာဏာရှင်လုပ်တာဝါသနာပါတယ်။ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ကိုးကွယ်ရာဘုန်းကြီး၊ ကျောင်းဆရာ၊ ဆရာမ၊ အားလုံးဟာအာဏာရှင်တွေပါ။ မြန်မာ့ယဉ်ကျေးမှုလည်းအာဏာရှင်တခုဖြစ်ပါတယ်..။ ဥပမာ...လူကြီးပြောတာ နားထောင်၊ ပြန်ပြောရင် ငရဲကြီးတယ်၊ မိုက်ရိုင်းတယ်...စသဖြင့်...။

ဒီလိုဖြစ်နေတဲ့အာဏာရှင်မြန်မာ့ယဉ်ကျေးမှုဟာ ရေရှည်မခံပါဘူး။

1/14/10

အခြားတဘက်မှာ....

စစ်အာဏာရှင်ကြောင့် လူပေါင်း ၅၇၀၀၀ သူဌေးဖြစ်သွားပီ...။ ချမ်းသာသွာပီ...။

စစ်အာဏာရှင်ကြောင့် တိုင်းပြည်ပျက်တယ်။ လူတွေစားဝတ်နေရေးခက်ခဲနေရတယ်။ တနည်း ငတ်နေရတယ်။ ထောင်တွေထဲမှာ ဘ၀တွေပျက်စီး၊ ချိ..နဲ့ အီး, ထွက်တာတွေအများကြီးပါ..။ ပြည်ပ နိုင်ငံတွေမှာ Brain drain အုံးနှောက်တွေဟိုရောက် ဒီရောက်လေလွှင့်မှု၊ ဒါ့အပြင် Mussel Drain ကြွတ်သားတွေရွှေလျှားမှု၊ ဟာ...အများကြီးပဲ...မရေးတက်တော့ဘူး..။ ဒါတွေဟာ အုပ်ချုပ်သူတွေကြောင့်ဖြစ်လာတာ။

ဥပမာ...ရုရှက ဗိုလ်ကြီးတွေ(ဗိုလ်မှုးမရှိဘူးလို့တစ်ယောက်ကပြောလို့ပါ)လစာနည်းနည်း၊ မသေရုံတမယ် ရုရှမှာ ပညာသင်ကြားရတာတွေဟာ အုပ်ချုပ်သူတွေကြောင့်ဖြစ်ရတာ..။ တကယ်တမ်းက သူတိုက တိုင်းပြည်ကို ကာကွယ်ရတဲ့ စစ်အရာရှိတွေမှတ်လား ပိုလို့တောင်ခံစားခွင့်ရှိရအုံးမယ်။ အသက်ပါစွန့်လွှတ်ထား ခဲ့ရတာမဟုတ်ပါလား...။ ပြီးတော့လည်း သူတို့ပညာတက်တွေလေ...။ ဗိုလ်ချုပ်ကြီးသမီးတစ်ယောက် ရေမွေးဝယ်တဲ့ဈေးက ရုရှကစစ်ဗိုလ်တွေလစာဒေါ်လာ နှစ်ရာထက်များနေတာကို မသိကြတာ မဟုတ်ပါ ဘူး...သူတို့သိပါတယ် (ကိုမိုးသီးအတင်းအဖျင်းဆိုက်မှ)။ နောင်နှစ်ပေါင်း ၂၀ လောက်မှာ သူတို့တတွေဟာ တိုင်းပြည်ကိုဖျက်စီးမဲ့လူတွေမဟုတ်ပါဘူး...။ ကယ်မဲ့သူတွေပါ..။

စစ်အာဏာရှင်လက်အောင်မှာ အကျိုးအမြတ်ရတဲ့သူတွေထဲမှာပါ ပြည်သူတွေလည်းပါတယ်။ ဘယ်သူတွေလဲ... အရင်ကြည့်ရအောင်..။ ဥပမာ..သတင်းတခုအရ အမေရိကန်အပါအ၀င် တတိယနိုင်ငံတွေကိုမြန်မာ လူမျိုးဒုက္ခသည်ပေါင်း ၅၇၀၀၀ ကိုအခမဲ့ပို့ပေးခဲ့တယ် (ကုလားပြည်အခြေစိုက်သတင်းဌာနမှ) ။ဒါဟာ စစ်အာဏာရှင်ကြောင့်ရလာတဲ့အကျိုးအမြတ်တခုပါ...။ စစ်အာဏာရှင်မရှိရင် မြန်မာတွေလည်း ထိုင်းတွေလို အဖြူကိုယူပြီး လာကြရမှာ..။ အခုတော့ အခွင့်ထူးရသလိုမျိုး...မြန်မာဒုက္ခသည်တွေ လေယျာဉ်ခမကုန်၊ စားဖို့နေဖို့အဆင်သင့်။ကံကောင်းတယ်။ ဒါတွေကိုစစ်အာဏာရှင်ကြောင့် ပေါ်လာတဲ့အခွင့်အရေးတခုပါ။ ကျေးဇူး တင်ပါတယ်...ဘဘရွှေတို့ရယ်...။

တခါက မလေးရှားကိုရောက်တော့ မလေးရှားမှာယူအန်လျှောက်ကြတယ်။ မြန်မာပြည်က တိုင်းရင်းသား လူမျိုေးတွ...။ သူတို့လျှောက်လွှာမှာရေးတဲ့အကြောင်းအရာကိုလေ့လာကြည့်တော့ ဒီလိုတွေ့တယ်။ သူတို့အများ စု(အားလုံးနီးပါ)ဟာ တိုင်းပြည်မှာငတ်နေလို့မလေးရှားက အောက်လမ်း၊ အထက်လမ်း(ဆေးကုတာမဟုတ်) ကနေလာကြတာပါ။

မလေးကိုရောက်တာဟာ စစ်အာဏာရှင်ကြောင့်မဟုတ်ပါဘူး...
လျှောက်လွှာမှာရေးတာက ၊ရခိုင်၊ မွန်၊ ချင်း၊ ရှမ်း တိုင်းရင်းသားတွေဆိုရင် မုဒိမ်းကျင့်လို့၊ ရွာမီးရှို့ လို့၊ ဘုရားကျောင်းအပါအ၀င်၊ မြန်မာလူမျိုးဆိုရင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်...စသဖြင့် ရေးကြတယ်..။ မလေးမှာ ပြောနေကြ..စကားရှိတယ်။

ချင်းလူမျိုးတွေဆိုရင် အပျိုမရှိတော့ဘူး။ အားလုံးမုဒိမ်းကျင့်ခံလို့...မြန်မာစစ်သားကကျင့်တာပါ။ (ဟီး ....ဒို့စစ်သား အလကားနေကံကောင်းတယ်)။ ဟုတ်လား မဟုတ်လားတော့မသိဘူး...တခါက ချင်းယောက်ျားလေးကပါ စစ်တပ်က မုဒိမ်းကျင့်ပါတယ်ဆိုပီးယူအန်လျှောက်တော့ ယူအန်ကလည်း အအောင်ပေးပါတယ်.။။။ ထိုင်းမှာ လည်းဒီလိုမျိုးပါ။ UNHCR နဲ့ သံရုံးတွေလည်းအလိမ်ခံရတာကို သိပါတယ်။ ဟားဟား...ဒါမှဒို့မြန်မာ ကွ...မြန်မာ နိုင်ပီ...။

တကယ်တမ်း တိုင်းပြည်မှာနိုင်ငံရေးလှုပ်ရှားမှု့ကြောင့် ပြန်လို့မရတဲ့လူတွေဟာ နည်းပါတယ်။ ဒီလောက်မများပါဘူး...။ နိုင်ငံခြားထွက်ဖို့ ယူအန်နဲ့သံရုံးကို လိမ်၊ စစ်အစိုးရကိုအပြစ်ပုံချ...ဒါတွေအများကြီးပါ...။ နိုင်ငံခြားရောက်ပီး သုံးလေးနှစ်နေ၊ ငွေစု ပြီးရင် ပြည်တွင်ပြန်သွား...စစ်အစိုးရကောင်းကြောင်းပြန်လိမ်.. .အတိုက်အခံမကောင်းကြောင်းပြန်ပြော...ဒါတွေလည်းရှိနေပါတယ်။

ဟဲ..ဟဲ..(မင်းအပါအ၀င်မှတ်လားလို့မပြောနဲ့)။ ခြုံပြီး ပြောရရင် ဂုန်နီအိတ်ဟာအနွေးဆုံး ပါ(အဲလေယောင်လို့). ..စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေတချို့ အကျိုးအမြတ်ရတဲ့ဥပမာတခုပါ...။

ဥပမာ...သြစီကို အထက်ကပြောသလိုလိမ်တဲ့လူတစ်ယောက်ရောက်ပီဆိုရင်...မြန်မာပြည်မှာ မတွေ့ဘူး၊ မမြင်ဘူးတဲ့အစားအစာကို တဖြဲနှစ်ဖြဲစား...၀ါး...။ ရေခဲသေတ္တာဟာချိုနဲ့လားဆိုတဲ့လူမျိုးက အလကားရတဲ့ ရေခဲသေတ္တာတွေ့ပြီးငါတော်တော်ချမ်းသာသွားပြီလားဟ..လမ်းဘေးစွန့်ပစ်ကားမစီးချင်တော့ဘူး...ကားအသစ်မှ...။ ဟာ..မျက်စိတော်တော်နောက်တယ်။။ ဒါတွေဟာ သူတို့ကြောင့်၊ သူတို့အရည်အချင်းရှိလို့ရတာ မဟုတ်တော့ ဘူး...စစ်အာဏာရှင်ကြောင့်။ ကျေးဇူးသိတက်ရမယ်နော်...။

စစ်ဗိုလ်ချုပ်တွေဟာ...ဒီလို...တခါတလေတွေးမိတယ်။ သူတို့အီးပေါက်တာတောင် အတိုက်အခံ ကြားရင်. .ပြည်သူကို နံစေချင်လို့ ပေါက်တာလို့ဆိုပီး အလကားနေအပြစ်တင်ခံရတဲ့လူစားမျိုးဖြစ်နေပီ...။ ဘာဘဲလုပ်လုပ် အကောင်းမမြင်တော့ဘူး...သနားပါတယ်...။ (မဆဲနဲ့နော်..သနားရင် မင့်နှမနဲ့ပေးစားလို့ပြောအုံးမယ်)


ကဲ..ဘာပဲဖြစ်ဖြစ်ဗျာ....တဘက်က စစ်အာဏာရှင်ကြောင့်တိုင်းပြည်ပျက်တယ်၊ တဘက်က စစ်အာဏာရှင် ကြောင့် ပြည်သူတွေမရောက်ဘူးတဲ့နေရာ...မစားဘူးတဲ့အရာ...မတွေ့ဘူးတဲ့အရာတွေကို အလကားမြင်ရ တွေ့ရစားရနေရကြောင်းပါ...။

သြော်...ငါတို့ဗမာတွေ အလိမ်တော်ပါလားနော်...။ ဗိုက်ခေါက်ကိုပြောတာပါ။

အကိုးအကား။
၁) ရွာသူကြီးမှ ချီးမြှင့်သောရွှေတံဆိပ်ဆုရ ကုလားပြည်အခြေစိုက်ပြည်ပသတင်းဌာန။
၂) အလိမ်ခံရသော မလေးရှားအခြေစိုက် UNHCR လျှောက်လွှာဌာန။
၃) မလေးရှားကို စော်ငန်းထွက်သောခရီးစဉ်မှ မှတ်တမ်းဒိုင်ယာရီ။
၎) အတင်းအဖျင်းများစုံသော လူဆိုးဗိုလ်ကိုမိုးသီး ဘလော့ဂ်။
၅) ပြည်ထောင်စုမြန်မာနိုင်ငံညွှန့်ပေါင်းခိုးကြ..(အဲ..မှားပြန်ပီ)..အစိုးရ၏ Update မလုပ်သော ၀က်ဆိုက်။
၆) ပြည်ထောင်စုမြန်မာနိုင်ငံ လိမ်၊ ကြွားရေး ၀န်ချီးဌာန(ပြန်ကြားရေးမဟုတ်) ၂၀၁၀ မှတ်တမ်း။

စာရေးသူ...
ဆရာကြီး ငပေါ ဘုန်းကျော်(မျှောက်ပေး..ဂွေးတက်အောင်က)

1/13/10

ချောင်ကြိုချောင်ကြားသတင်း၊ အတင်း၊ အဖျင်းများ နှင့် ပြည်ပမီဒီယာ

ဒေါက်တာလွဏ်းဆွေရဲ့ စီဘောက်မှာ လူတစ်ယောက်ဝင်ရေးသွားလို့ ဒီအကြောင်းကိုတွေးမိတယ်။ သူရေးတာက Irrwaddy၊ Mizzima တွေ အင်းမ မှာ ဖြစ်နေတဲ့ကိစ္စကို သတင်းမလိုက်နိုင်ကြတာကိုပါ။ မှန်လေစွပါလား။ ဘီဘီစီကလွဲရင် ဒီသတင်းတွေကို ဘယ်သူမှ စိတ်မ၀င်စားလို့လားမသိဘူး။ ဒါမှမဟုတ် ဘီဘီစီလို လိုက်နိုင်တဲ့အရည်အချင်းနဲ့မရှိကြလို့လား။ သတင်းအဖြစ် မသက်မှတ်ချင်လို့လားဆိုတာတော့ ကာယကံရှင်တွေပဲသိမှာပါ။

အဓိက ဒီမှာပြောချင်တာက- အင်းမှ တပ်တွင်းပုန်ကန်မှုဟာ တတိုင်းပြည်လုံးနဲ့ဆိုင်တယ်။ အရမ်းကို အရေးကြီးတဲ့သတင်းပါ။ အောက်ခြေက အရာရှိအရာခံ၊ အကြပ်တပ်သားတွေရဲ့ ဖြစ်ရပ်မှန်တွေပါ။ ဒီပြသနာက ဘယ်တော့မှ သေးသိမ်မသွားပါဘူး။ ဒီပြသနာကို မီးမောင်းထိုးပြဖို့ မီဒီယာတွေမှာ အထူးတာဝန်ရှိပါတယ်။ အခုတော့ ဘီဘီစီကလွဲရင်...သူတို့ခင်ဗျာ...ချောင်ကြိုချောင်ကြားသတင်း၊ အတင်း၊ အဖျင်း လောက်ပဲ စိတ်ဝင်စားပုံရပါတယ်။ ပြည်ပအခြေစိုက်မီဒီယာတွေကိုကြည့်ရအောင်။ ဘယ်နှစ်ဖွဲ့ရှိကြလဲဆိုတာ...

၁) ဘီဘီစီ
၂) RFA
၃)DVB
၎) VOA
၅) Irrawaddy
၆) ခေတ်ပြိုင်
၇) Mizzima
၈) မွန်သတင်းအေဂျင်စီ
၉) ကရင်သတင်းအေဂျင်စီ
၁၀) ရှမ်သတင်းအေဂျင်စီ
၁၁)ရခိုင်သတင်းအေဂျင်စီ နောက်ပီးတော့...
၁၂)တရုတ်သတင်းအေဂျင်စီ
၁၃)ကုလားသတင်းအေဂျင်စီ
၁၄)ကပြားသတင်းအေဂျင်စီ၊ ဟိုအေဂျင်စီ...ဒီအေဂျင်စီ...အော်သေချင်ပြီ...(အဲလေ..ယောင်လို့)

NGO တွေက လစာရတယ်...။ အယ်ဒီတာတွေက ဘုရင်တစ်ဆူလိုနေပေါ့...။ မှားရင်ခွင့်လွှတ်နော်...။ ဒီလောက်များတဲ့ သတင်းအေဂျင်စီတွေ အင်းမက တပ်တွင်းပုန်ကန်မှုသတင်းကို မလိုက်နိုင်ဘူး...သတင်းထောက်တွေကို ဒီနေရာကို လျှို့ ဝှက်မလွှတ်နိုင်ဘူးလား။ အလွယ်တကူရတဲ့ ဦးညာဏ်ဝင်း၊ နိုင်ငံရေးအကျဉ်သားဟောင်း၊ မဲ့ဆောက်၊ချင်းမိုင်၊ ဘန်ကောက်အလုပ်သမားသတင်း...အလွယ်တကူရတဲ့ ချောင်ကြိုချောင်ကြားက အတင်းအဖျင်းလောက်နဲ့ ရပ်နေကြပါလား။

ဘယ်မှာလဲ မီဒီယာတပ်ပေါင်းချုပ်ကြီး။ တပ်တွင်းပုန်ကုန်မှုသတင်းကိုမလိုက်နိုင်တော့ဘူးလား။ တော်တော်ရှက်စရာကောင်းတဲ့ ပြည်ပသတင်းဌာနတွေပဲ...။ အချောင်သမားမီဒီယာသမားတွေပဲလားဗျာ...လုပ်ကြစမ်းပါ...ထမင်းငတ်လို့ မီဒီယာသမားလုပ်တာတော့မဟုတ်ပါဘူးနော်...။ ပြည်ပက မီဒီယာသမား၊ သတင်းထောက်တွေကိုပြန်ကြည့်မိတယ်...။ Journalism နဲ့ဘွဲ့ရတဲ့ သတင်းထောက်ရှိရင် ကျနော်ကိုပြောပါ။ သုံးလသင်တန်း၊ ခြောက်လသင်တန်းနဲ့ သတင်းထောက်ဖြစ်လို့ အရည်အချင်းမရှိကြတာလား။

နောက်ပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ။ ဘယ်ရောက်ကုန်ကြလဲ။ တပ်တွင်းပုန်ကန်မှုဟာ မှန်ကန်ပါကြောင်း...ထောက်ခံပါကြောင်း ဘယ်ကောင်တွေက ကြော်ငြာချက်ထုတ်လဲ။ မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများအဖွဲ့ ဘယ်ရောက်သွားပီလဲ...။ NCGUB၊ FDB၊ DAB၊ FTUB၊ DPNS၊ ABSDF၊ NDD၊ က ထုတ်ပြန်ကြော်ငြာချက်တွေ။ ရေးဖို့မအားတော့ဘူလား။ မြန်မာ့နိုင်ငံအမျိုးသမီးအဖွဲ့ချုပ် WLB SYCB ENC တိုင်းရင်းသားလူငယ်ကအဖွဲ့တွေ ဘယ်မှာလဲ အရင်တုန်းကလို ပူးတွဲကြော်ငြာချက်တွေ...စိတ်မ၀င်စားတော့ဘူးလား။ ဘာလဲ တပ်တွင်းပုန်ကန်မှုက တိုင်းပြည်ကိုမပြောင်းနိုင်ဘူးထင်လို့လား...NLD ၊ ၈၈ မျိုးဆက်ကမဟုတ်လို့လား။ ဒါလေးထုတ်ရတာဘာများအပန်းကြီးသွားကြလဲ..။

NED ကဒေါ်လာတစ်သန်းပေးမယ်။ ခင်ဗျားတို့ တပ်တွင်းပုန်ကန်မှုကိုထောက်ခံတဲ့၊ အားပေးတဲ့ ကြေငြာချက် ထုတ်ပေးပါလို့ပြောရင်...။ မြင်ရောင်ကြည့်။ စောက်ရမ်းကိုရေးပြီးထုတ်ပစ်အုံးမှာလို့မြင်ရောင်မိတယ်။ အခုတော့ကွာ...တောက်..ပြောရတာအာညောင်းတယ်။ ငါ့ဟာငါ့ရေးပြီးထုတ်မယ်...ငါ့ဟာငါ့ ဗော်လန်တီယာလုပ်မယ်။ ပြောရတာ နွားကိုပလာတာကျွေးသလိုပဲ...။ နောက်ပီး..ဘာလဲ...ကျွဲပါးဆောင်းတီးမမဟုတ်တော့ဘူး...ဒရမ်ခေါက်လဲ ဂရုစိုက်မှာမဟုတ်ဘူး...။ ဒေါ်လာတစ်သန်းပဲပေးလိုက်ချင်တော့တယ်။

1/12/10

ကိုယ်ပိုင်အတွေးအခေါ်

ကိုယ်ပိုင်နိုင်ငံရေးအမြင်

ကိုယ်ပိုင်နိုင်ငံရေးအမြင်မရှိရင် တော်လှန်တာမလုပ်နဲ့...နိုင်ငံရေးမလုပ်နဲ့....။

ကိုယ်ပိုင်ဆိုတာ မိမိခေါင်းကထွက်လာတဲ့ အမြင်ဖြစ်တယ်..။ ဘ၀အတွေ့အကြုံ၊ လေ့လာရေး၊ စူးစမ်းမှု အရအလိုအလျှောက် အုံးနှောက်ထဲရောက်လာတဲ့အရာဖြစ်တယ်။

နိုင်ငံရေးလုပ်တဲ့သူတိုင်းဟာ ကိုယ်ပိုင်အယူအဆ ရှိရမယ်။ မရှိရင် ဒီကောင်ဟာ ခလေးပဲ..။ သူများနောက်လိုက်ပဲဖြစ်မယ်။ အသက်အရွယ်ရလာလေ ပိုပြီးတော့ ကိုယ်ပိုင်နိုင်ငံရေးအမြင်ရှိရမယ်။ ကိုယ်ပိုင်အသိနဲ့ ဘ၀ကိုရှေ့ ဆက်တက်ရမယ်။ ဒါမှမရှိရင် လူဖြစ်ပီး လူလိုမကျင့်တော့ဘူး။ လူလိုကျင့်ရမယ်ဆိုတာ အုံးနှာက်နဲ့ဆင်ခြင်ရတာကိုပြောတာ။ Animal မှာ အုံးနှောက်ရှိတယ်။ မဖွံဖြိုးဘူး။ လူက လူဆိုတော့ လူနဲ့တူအောင် ခေါင်းကို သုံးရတယ်။

နိုင်ငံရေးမှာ ဘယ်အရာမှ ပုံသေမရှိဘူး။ ပြင်လွယ်ပြောင်းလွယ်ရှိတယ်။ ဒါကိုနားမလည်ရင် နိုင်ငံရေးမလုပ်နဲ့...။ ဘေးက ပြောတာကိုနားရောင်နေရင် သူများခြေထောက်ပေါ်မှာ နေတဲ့လူပဲ...။ ဒါနဲ့ပက်သက်ပြီး လူတွေအတော်များများ လိုက်လုပ်ကြတယ်..။ ကိုယ့်လမ်းကိုယ်လျှောက်ပါ..။ ကိုယ့်ထမင်းကိုယ်ရှာစားရတယ်။ ငတ်နေရင် ခဏတော့ကြွေးမယ်။ ရေရှည်ဘယ်သူမှ မသထာဘူး။ ဒါကို သိရင် နိုင်ငံရေးဆိုတာဘယ်လိုလုပ်ရမလဲသိတယ်။

တနေ့မှာ ဒီလူက ဒါပြော။ နောက်နေ့မှာ ဟိုလူကဒါပြော။ ဒါတွေကိုရောင်နေရင် ခင်ဗျား..အုံးနှောက်မရှိတာပဲ...။ ဘယ်တော့မှ လောကကြီးဟာ တည်ငြိမ်မနေဘူး။ အမြဲပြောင်းနေတယ်။

ကိုယ့်အုံးနှောက်ကို ကိုယ်သုံးပါ...။

မင်း..ငတ်နေရင်...မင်းပဲရှာစားရမှာ...။

ရုရှက သူငယ်ချင်းများသို့

ဒီနေ့ဒီအချိန်ဟာ ခင်ဗျားတို့အတွက် အခွင့်အလမ်းကောင်းပဲ…။ သြစတျေးလျနိုင်ငံက ခင်ဗျားတို့ကို နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့လက်ခံနေတယ်။


ပြီးခဲ့တဲ့အပတ်က ရုရှမှာပညာသင်ကြားနေတဲ့ ဗိုလ်မှုးတွေ တစ်ပတ်အတွင်း သြစီမှာ နိုင်ငံရေး ခိုလှုံခွင့်ရတယ်…။ သြစီမှာ ခင်ဗျားတို့အတွက် လစာကောင်းတယ်။ ခံစားခွင့်များတယ်။ ခင်ဗျားတို့ နိုင်ငံရေးခိုလှုံခွင့်ရပီဆိုရင် ပြည်တွင်းက မိသားစုတွေကိုလည်းခေါ်လို့ရတယ်…။ ဘ၀အာမခံချက်အပြည့်ရှိတယ်...။


အခုအခြေအနေက ရုရှမှာ ပညာသင်ကြားနေတဲ့ စစ်ဗိုလ်တွေအတွက် ဦးစားပေးအဆင့်ထားပီး ၾသစေတ်းလ် အစိုးရလက်ခံနေတယ်။ ခင်ဗျားတို့ခိုလှုံခွင့်လျှောက်ချင်ရင် မော်စကိုမှာရှိတဲ့ သြစတျေးလျသံရုံးကို အထုတ်ဆွဲပီး သွားလိုက်ပါ…။


သံရုံးက အစစအရာအရာအကူအညီပေးလိုက်မယ်။ သြစတျေးလျနိုင်ငံရောက်တဲ့အထိ၊ အခြေကျတဲ့အထိ အကူအညီလုံးဝပေးလိုက်မယ်…။


ခင်ဗျားတို့ ပညာသင်ပီးမြန်မာပြည်ပြန်ရင် သိတဲ့အတိုင်းပဲ…လစာကနည်းနည်း…မသေရုံတမယ်နဲ့ တစ်သက်လုံး ဖြစ်သွားမယ်…။


ဒီတော့လုပ်စရာရှိတာကို စလုပ်ပါ…ခင်ဗျားတို့ဘက်မှာ ကျနော်တို့ရှိနေတယ်…။ နိုင်ငံတော်အကြီးအကဲတွေ တောင် သြစီမှာ နေကုန်ကြပီ…။



မော်စကိုက သြစတျေးလျသံရုံးလိပ်စာ-

Embassy address: 10A/2 Podkolokolny Pereulok, Moscow - Telephone: 956 6070 - Fax: 956 6170



မော်စကိုက အမေရိကန်သံရုံးလိပ်စာ-

Bolshoy Deviatinsky Pereulok No. 8
Moscow 121099, Russian Federation - PSC-77, APO AE 09721
Tel: +7 (495) 728-5000, fax: 728-5090

1/11/10

မိတ်ဆွေ

ဗိုလ်မှုးဟောင်း ၀င်းနိုင်ကျော်နဲ့ပက်သက်တဲ့ အချက်အလက်တွေအခုထွက်နေပီ...။ မနေ့က ပါတီပွဲတခုမှာ ထောက်လှမ်းရေးတွေသင်တန်းပေးတဲ့လူ....ထောက်လှမ်းရေးတွေရဲ့ ဖခင်ကြီးတဦးရဲ့ သားမတ်နဲ့တွေ့ပြီးစကားပြောဖြစ်တယ်။ ထောက်လှမ်းရေးတွေက တိုင်းပြည်ကိုကယ်လိမ့်မယ်....။ အသေးစိတ်အတိအကျတော့ထုံးစံအတိုင်း အကောင်းလွန်သွားတယ်...။ မှတ်မိတော့ဘူး။ ဒီတော့ ဒီနေရာမှာနှစ်ခုပြောချင်တယ်...။

၁) သြစီမှာ ဗိုလ်ချုပ်တွေလည်းရှိတယ်....။ ကျနော်အိမ်ဘေးနားမှာ ထောက်လှမ်းရေးအရာရှိလည်းရှိတယ်...ရဲမှုးကြီးဟောင်းလည်းရှိတယ်....ကျနော့်ယောက်ဖလည်း ပြည်တွင်းမှာ စစ်သားဖြစ်နေတုံးပဲ...ကျနော့်အကိုဝမ်းကွဲလည်း ရုရှကပြန်လာတဲ့ဗိုလ်မှုးပဲ...။

၂) သူတို့ပြောင်းတော့မယ်...ထောက်ခံပေးကြပါ...လူတိုင်းသိအောင်လုပ်ပေးကြပါ....သူတို့က ကျနော်တို့ရန်သူတွေမဟုတ်ဘူး....။

...အများကြီးပဲ...ဒီတော့ ရန်သူဆိုတာ ကျနော်တို့မိတ်ဆွေတွေပဲ....။

1/10/10

စကာင်္ပူ-မလေးရှား-ဘန်ကောက် ပြေးတဲ့ ရထား

၂-လပိုင်းမှာကျနော် သြစီကနေ ဘန်ကောက်ကို ရထားစီးမယ်။ သြစီကနေ ကွာလာလမ်ပူကို Air Asia နဲ့လာမယ်။ လေယျာဉ်က အသွားအပြန် သြစီဒေါ်လာ ၂၀၀ ပဲကုန်တယ်။ ထိုင်းဘတ်ငွေ ၅၀၀၀။ မြန်မာငွေနဲ့ဆိုရင် ၂-သိန်း။ ကွာလာလမ်ပူကိုရောက်ရင် ဟိုတယ်၊ တည်းခိုခန်းမငှားဘူး။ ပီနန်ကျောင်းက ပိုင်တဲ့ဘုန်းကြီးကျောင်းမှာတည်းမယ်။ ၀ါးမယ်။ အကုန်အကျသက်သာတယ်လေ။

တညအိမ်ပြီး....စကာင်္ပူခရီးစဉ်ကို စမယ်။ ကွာလာလမ်ပူနေက စ..လုံးကိုရထားစီးမယ်။ ၁၃-ဒေါ်လာပဲကုန်တယ်။ ၆-နာရီကြာမယ်။ ဗမာတွေစီတဲ့ ပနီဆိုလားပလားဇာ(ဈေး) က သူငယ်ချင်းအိမ်မှာ ကတ်နေမယ်။ အကုန်အကျသက်သာအောင်။ နောက်နေ့မနက်မှာ စ.လုံးကနေ ကွာလာလမ်ပူကိုပြန်မယ်။ ကြားမြို့ ဖြစ်တဲ့ ပီနန်ကိုဝင်မယ်။ ပီနန်မှာ သမိုင်းဝင် မြန်မာဘုန်းကြီးကျောင်းရှိတယ်။ ၁၈၀၃ ခုနှစ်က စတည်ထားတယ်။ အခုထိ ၁၈၀၃ ခုနှစ်ကရေတွင်းရှိတုံးပဲ။ သမိုင်းအရ ဝေးလ် ဘုရင်(အဖြူ) ရဲ့ မိန်းမက ထားဝယ်သူပါ။ သူမက ပီနန်မြန်မာဘုန်းကြီးကျောင်းကိုလှူတယ်။ အကျယ်ကြီးပဲ။ ဆရာတော် ငါး..ဆက်ရှိပီ...။ ပီန်ကျောင်းရှေ့ မှာ ထိုင်းကျောင်းရှိတယ်...။ မြေကို သူပိုင်တယ်ငါပိုင်တယ်ဆိုပီးတရာစွဲတော့ မြန်မာတွေနိုင်တယ်...ဆရာတော်တွေကအရမ်းတော်တယ်။ ပညာတက်တွေပဲ။ တရားပေးတဲ့အခါ ဘိုလိုဟောတယ်။ မလေးတရုတ်တွေက ဒကာတွေများတယ်။ ပီနန်ဘုန်းကြီးကျောင်းမှာ...တညအိမ်ပြီး...ထွက်မယ်။

ပီနန်မြို့ (မလေးရှား)


ကွာလာလမ်ပူကိုရောက်မယ်။ ကွာလာလမ်ပူက ဘုန်းကြီးကျောင်းမှာ တညအိပ်မယ်။ မနက်မှာ ရထားစီးပြီး ဘန်ကောက်ကို သွားမယ်။ ကြားမှာ ထိုင်းမြို့ ဖြစ်တဲ့ ဟတ်ရိုင် ကိုဖြတ်မယ်။ ဘန်ကောက်ကနေ သေမင်းတမန်ရထားလမ်းကို သွားကြည့်မယ်။ လေ့လာမယ်။ ဘာတွေများရှိလဲပေါ့။။။။

ပြီးရင် စံခလပူရီ-ဘုရားသုံးဆူကို ကားနဲ့ သုံးနာရီခရီးချီတက်မယ်။ အသွားအပြန်ရထားစီးချိန် နာရီ ၅၀ ကြာမယ်။ ကုန်ကျငွေ မြန်မာငွေ ၂-သိန်း ဒေါ်လာ ၂၀၀။ အစားအသောက်ကတော့ ကျောပိုးအိပ်ထဲမှာ ခေါက်ဆွဲခြောက်ထည့်သွားမယ်။ ရေဘူးပါတယ်။ ပန်းသီးစားမယ်။

ရထားပေါ်မှာ ဒီလိုခုံတွေနဲ့ခြေထောက်ဆင်းပီးထိုင်မယ်။

ရထားပေါ်မှာ ဒီလိုအိပ်မယ်။



ဘုရားသုံးဆူမြို့ ရောက်ရင် တညအိပ်မ်။ ပြီးရင် ဆက်ထွက်။ သုံးဆူကနေ သြစီကို နှစ်ရက်အတွင်း အထက်ပါခရီးစဉ်အတိုင်း ပြန်ထွက်မယ်။

ဒီခရီးစဉ်မှာ ဘာလုပ်သင့်လဲဆိုတာ အကြံပေးကြပါ။ ခရီးစဉ်ရဲ ကုန်ကျငွေကို အာလုံးပေါင်း ဒေါ်လာ ၅၀၀ သတ်မှတ်တယ်။ မြန်မာငွေ ငါးသိန်း။ ထိုင်းငွေ ဘတ် ၁၂၀၀၀- အကုန်အကျသက်သာတယ်မဟုတ်လား။

1/7/10

ကျေးဇူးကန်းတဲ့လူတွေများတယ်

တခါတလေ ကျနော်စဉ်းစားမိတယ်...။ ပါတီဌာနချုပ်က ဦးဆောင်တဲ့သူတွေ၊ အရင် လူဟောင်းတွေကို...သနားမိတယ်...။ ကိုယ်ချင်းလည်းစာမိတယ်...။ တခါတလေ သူတို့ပြောတာ၊ လုပ်တာ မှန်ပါတယ်။ တောထဲအထိ ဌာနချုပ်ကို ရွှေ့ ဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ဘူး။ ရွှေ့ ပြီး ယနေ့အထိ တစုံတရာ ရပ်တည်နိုင်အောင်လုပ်ဖို့က ပိုမလွယ်သေးတယ်။ ကျနော်က နောက်မှပါတီဝင်ဖြစ်တာဆိုတော့ ဘယ်လောက်ထိ သူတို့စွန့်လွှတ်ခဲ့ရတယ်၊ ဘယ်လောက်ထိ ပင်ပန်းခဲ့ရတယ်ဆိုတာကို မသိခဲ့တာအမှန်ပါ။ တခါတလေတော့ အင်မတန်တင်းပါတယ်။


ကိုမိုးသီးတို့နဲ့ပေါင်းစည်းရေးလုပ်တယ်။ သိပ်မကြာဘူး ပေါင်းစည်းရေးလုပ်တဲ့လူတွေတစ်ယောက်မှ ပါတီမှ မရှိတော့ဘူး။ ပေါင်းပြီး ပါတီကထောက်ပံ့တာကို အေးအေးဆေးဆေး ထိုင်းဝါးနေယုံပဲ။ ပြီးတော့ ပညာတွေသင်ကြတယ်။ ပါတီက နိုင်ငံတကာထောက်ပံ့တာများများရတဲ့အချိန်မှာ သူတို့ရောက်လာကြတယ်။ ပြီးတော့ ပြန်ထွက်သွားကြတယ်...။ တတိယနိုင်ငံတွေရောက်ပီး မကောင်းကြောင်းပြောတဲ့လူတွေ တောင်ရှိသေးတယ်...တကယ်တမ်းပြောရရင် သူတို့အပေါ်မှာ ပါတီက ကျေးဇူးအများကြီးရှိပါတယ်..။ အခုတော့.....။ ကိုယ့်ဆီကလူတွေက ပိုလို့တောင် တာဝန်ရှိသေးတယ်။

ပြီးတော့ ကိုငွေလင်း၊ ကိုရင်ထွေးတို့ ဦးဆောင်တဲ့ပြည်တွင်းအဖွဲ့ရောက်လာတယ်။ သုံးယောက်လောက်တော့ ပါတီမှာ ကျန်ခဲ့တယ်။ ရက်တိုတိုအတွင်း မြန်မြန်လစ်ကြတယ်။ တိုက်ဆိုင်တာက နိုင်ငံခြားထွက်ခါနီးကြမှ ရောက်လာကြတယ်။ တော်လှန်ရေးသမား...သူပုန်ဆိုတာခံယူချင်လို့ထင်တယ်။ ကျနော်တို့အများ စုလစ်ကြ တယ်။ အဖွဲ့အစည်းအတော်များများ ဒီလိုပဲဖြစ်နေတာကို သတိထားမိတယ်...။ ပြည်တွင်းနိုင်ငံလှုပ်ရှားသူတွေ တတိယနိုင်ငံထွက်ဖို့ နယ်စပ်ရောက်လာကြတာထင်တယ်...။ ဒိုး ဖို့များ နယ်စပ်ရောက်လာကြတာလားမသိဘူး။ ဒါတွေကို ဌာနချုပ်က လုပ်ပေးနေရသလိုဖြစ်နေတယ်....။ ဌာနချုပ်မဟုတ်တော့ဘူး။ Liasion Office ဆက်ဆံရေးရုံး၊ တနည်း ပွဲစားရုံး လိုမျိုး၂၀၁၀ မှာဖြစ်သွားတယ်။ ဒီအခြေအနေကို ပြောင်းချင်တယ်။ ပြန်လုပ်ချင်တဲ့လူများအောင်ပြောင်းချင်တယ်။

တကယ်တမ်း စဉ်းစားရင် ဦးဆောင်တဲ့သူတွေလည်း သနားဖို့ကောင်းတယ်။ မိသားစုတွေနဲ့ပဲမဟုတ်လား။ သူတို့လည်းကျနော်တို့လိုပဲ သွားချင်မှာပဲ။ အခုတော့ သူတို့ဦးဆောင်ခဲ့တာကို ကျနော်တို့က အကောင်း မပြောဘူး။ ဒါလည်း ကျေးဇူးကန်းတာပဲ။ ဘယ်သူက လစဉ် ငွေတွေပြန်ပေးလဲ....ကိုယ်ငတ်တုံးက ၀ါးခဲ့ တာချည်းပဲ။

ကျနော့်သနားမိပါတယ်...စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေကိုလေးစားပါတယ်။

ကျနော်မုန်းတာက...ဒုက္ခရောက်တုန်းက သနားစရာမျက်နှာနဲ့....သူတို့ထမင်းဝတော့ လီးတောင်ကြတာကိုပါ...။ တချို့ သူတွေကိုပြောတာပါ...။ ဒုက္ခရောက်တုန်းက ပါတီမှာမရှိဘူး..။ နည်းနည်းကောင်းစားလာတဲ့အချိန်ကြတော့ လာကြပီ...။ ကိုယ်ကောင်းစားသွားရင်ပစ်ပယ်ကြတယ်...။

အခုလည်းကြည့်...နယ်စပ်မှာလက်ချိုးရေလို့ရတယ်...ကျနော်အပါအ၀င် အများစုက ပြန်မလုပ်ချင် ကြတော့ဘူး...။မလုပ်ချင်ရင်နေပါ...မနှောက်ယှက်ပါနဲ့....အခုတော့ ကျနော်အပါအ၀င်ကလန်တယ်ပေါ့.... လုပ်ဖို့လည်း အခွင့်အလမ်းကို ဌာနချုပ်က ဖန်တီးမပေးနိုင်ဘူး။ ဒါ့ကြောင့် ပါတီမှာ အဓိက စံမံခန်ခွဲသူတွေဟာ အရည်အချင်းမရှိတော့ဘူး။ ဒါကိုပြောင်းချင်တာပါ။

နောက်ပိုင်းရောက်တဲ့သူတွေအများစုက မြို့ ပေါ်မှာ ဒူးနန့်ပြီး အရည်သောက်တဲ့ အချိန်ကြမှရောက်လာ ကြတာပါ..ငပိနဲ့ငှက်ဖျား စားတဲ့အချိန်တွေမှာ လုပ်ခဲ့တဲ့လူတွေက အနည်းစုဆိုတာ သဘောပေါက်ရင် ငါ...ဘယ်လောက်အချောင်ခိုလဲ....ငါ..ဘယ်လောက် စောက်ပျင်းကြီးလည်းဆိုတာသိမှာပါ...။ တချို့ လူတွေကို အရမ်းအရမ်းမုန်းတယ်...။

ကျနော့်အပြစ်ရှိနေဆဲပါ.....။ တချိန်ချိန်မှာ ဒီလူတွေကို ကျနော်...ပြန်ကန်တော့အုံးမှာပါ.....။ အမှားပါရင် ခွင့်လွှတ်ကြပါဗျာ...။


1/6/10

လုပ်စား

နယ်စပ်အတိုက်အခံတွေကို ဝေဖန်တဲ့သူတွေက လုပ်စားတွေလို့ ပြောတယ်။ လုပ်စားတယ်ဆိုတဲ့ စကားလုံးကို ဓားနဲ့ခွဲပြီး အထဲက ဘာဖြစ်လဲဆိုတာကြည့်ရအောင်....။

လုပ်စားသည်။

လုပ်မစားလို့....ခိုးစားရမလား။ တောင်းစားရမလား။

လုပ်စားတယ်ဆိုတာ အနုတ်လက္ခာမဆောင်ပါဘူး။ ဂုဏ်သိက္ခာရှိတဲ့အသွင်ကိုဆောင်တယ်။

လုပ်စားတဲ့သူတွေက အပြစ်မရှိပါဘူး။ အဓိက ခိုးမစားဖို့၊ လိမ်မစားဖို့။ ဒါက အပြစ်ရှိတာ။ ဘုရားလည်းမကြိုက်။ အိမ်က မိန်းမတော့ကြိုက်ရင်ကြိုက်မှာ။ သူတို့အတွက် ဆွဲကြိုးတွေ၊ လက်ကောက်တွေရနိုင်တယ်မဟုတ်လား။

၁၉၈၈-ခုနှစ်ကနေစပြီး နယ်စပ်အတိုက်အခံအဖွဲ့အစည်းတွေကို စာနာထောက်ထားတဲ့အဖွဲ့တွေကပေးတဲ့ငွေ ဘယ်လောက်ရှိလဲ။ ဒီနေ့အထိပေါင်းကြည့်။ ဘယ်သူသိလဲအတိအကျ။ သိရင် လင့်လေးပေးခဲ့ပါအုံး။

ဒီငွေတွေ ဒီနေ့ဒီအချိန်မှာ ဘယ်ရောက်သွားလဲ။ လုပ်စားတွေရသွားတာတော့ ကျိန်းသေတယ်။ ဒီငွေတွေကိုသာ စီးပွားရေးလုပ်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ရတဲ့အမြတ်နဲ့ နိုင်ငံရေးလုပ်ရင် သိပ်ကောင်းမှာ။ အခုတော့ သုံးလတစ်ခါ တောင်းစားနေရသလိုဖြစ်နေတယ်။ တကယ်တမ်းတွေးကြည့်ရင် သူတောင်းစားလိုပဲ...။ ဒါကိုဂုဏ်ယူတဲ့သူကရှိသေးတယ်...။ ငါအဖွဲ့က ပိုရတယ်ဆိုတာတောင် ပြိုင်လိုက်သေးတယ်...။ အရင်တုန်းက ပစ္စည်းမဲ့ဗကပတွေ၊ အခုတော့ နားမှ စိန်နားကပ်တွဲလွဲနဲ့တွေ့...။

လုပ်စားတာကောင်းပါတယ်။ လိမ်စားတာမကောင်းဘူးလေဗျာ...။

တချို့ တွေက စာရင်းပြတော့ ဒီလိုပြတယ်....။

ရေစာ ဘီယာသောက် ဘတ် ၅၀၀
သရဲကြောက် အဖေါ်ခေါ်အိပ် ဘတ် ၅၀၀၀
မဟာမိတ်ဆက်ဆံရေး ဘတ် ၈၀၀၀ (ဟိုတယ်မှာဖြစ်)
ငှက်ဖျားတက် ဆေးဝီစကီသောက် ဘတ် ၄၀၀၀
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှု ဘတ် ၂၀၀၀၀ (အမျိုးတွေပေး)
(မှတ်ချက်...လမ်းထိပ်မီးကင် ဒေါ်စုလွတ်မြောက်ရေးစာကပ်)
အစည်းအဝေးတက် ဘတ် ၅၀၀၀ (လေယျာဉ်ခ)

နိုင်ငံရေးအကျဉ်းသား(ပြည်တွင်း) ဘတ် ၁၀၀၀၀ (ကျနော့်ညီ)


ဒါမျိုးတွေ ရှိတော့...လုပ်စားလို့ပြောလို့ရလား....။ မရရင် ဒါဆိုဘာလဲ...။

1/4/10

ကိုစိုးမိုးသို့....

ကိုစိုးမိုးပြောတာလက်ခံပါတယ်။

KNU က ၈၈ ကျောင်းသားတွေကို အကူအညီတွေအများကြီးပေးတာမှန်ပါတယ်။ ကျနော်တို့ လည်ချောင်းတွေထဲမှာ သူတို့ထမင်းတွေကို ခြေမနဲ့အတောင့်လိုက်ကလော်ထုတ်လို့ ရပါတယ်။ KNU ကျေးဇူးရှိပါတယ်။ တနည်းပြောရရင် KNU ကျေးဇူးထက်စာရင် ကရင်ပြည်သူတွေရဲ့ ကျေးဇူးတွေဆိုရင် ပိုပြီးမှန်ပါတယ်။ KNU ဟာ ကရင်လူထုကြောင့် ရပ်တည်နေနိုင်တာပါ။ KNU ရဲ့ ခေါင်းဆောင်တွေမှာ ဘီလီလျံနာမရှိတော့ သူများ အားကိုးရတာပေါ့နော်...။

ပြည်တွင်းစစ်ကာလမှာ စစ်တပ်၊ ဗကပ၊ KNU ၊ တခြားအဖွဲ့တွေ တိုက်ကြ၊ခိုက်ကြ၊ သတ်ကြပါတယ်။ သေလိုက်တဲ့လူတွေကလည်း နှစ်ဘက်စလုံးမှာ နည်းတာမဟုတ်ဘူး။ စာရင်းပြုစုထားတော့မရှိတော့ အတိအကျမသိဘူး။ မြန်မာပြည်ထိပ်ပိုင်းကစလို့ အောက်ပိုင်းအထိ လူတွေသေပါတယ်။ တလောက KNU က မန်းဘဇံရေးတဲ့ဝမ်ခတိုက်ပွဲတခုမှာတောင် နအဖ စစ်သားတစ်ညတည်းမှာတင် ရာဂဏန်းမကရှိနေတော့ ကျနော်က ဒီလိုစဉ်းစားမိလို့ပါ...။ သေတဲ့နအဖစစ်သားတွေကိုအလဟသသေမဲ့အစား ပညာတက်အောင်သင်၊ အောင်မြင်တဲ့ စီးပွားရေး၊ ပညာရေးနယ်ပယ်တွေမှာ တိုင်းပြည်တိုးတက်အောင်သုံးလို့မရဘူးလားပေါ့။

စစ်တိုက်တာက နှစ်ဘက်လုံးမှာ အပြစ်ရှိပါတယ်။ နအဖလည်း သူ့အတ္တနဲ့သူ၊ KNU လည်း သူ့အတ္တနဲ့သူပါပဲ။ ကြားထဲက သေရတဲ့သူတွေ၊ ဘ၀တွေနင်းပြာဖြစ်ရတဲ့သူတွေ၊ ထိုင်းမှာ ခိုလှုံရသူတွေဟာ ဒီတိုက်ပွဲကြားကနေ ထွက်လာရတာပါ။ ဒါ့ကြောင့် တိုင်းပြည်ကိုဖျက်ဆီးတာဟာ မြန်မာတွေပဲလို့ပြောတာ။ နအဖကော၊ လက်နက်ကိုင်တော်လှန်တဲ့သူမှာ အပစ်လုံးဝရှိပါတယ်။ အခုကြည့်....သေတဲ့သူတွေသေကြတယ်...အရင်တုန်းက အဖွဲ့အကြီးဆုံးကြီးတွေ အခုတော့ဘယ်ရောက်ကုန်လဲ...။ ဗကပ၊ KNU၊ နအဖ စတဲ့အဖွဲ့တွေတပုံကြီးရှိပါတယ်။ သူတို့ကြောင့် ကြားထဲက မသိနားမလည်တဲ့ ဓားစားခံဖြစ်တဲ့ ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်လဲ။ တနှစ်မှာ ကိုယ့်လူမျိုးအချင်းချင်း ကုန်လိုက်တဲ့ငွေ၊ အသက်တွေ၊ ဘ၀တွေ၊ ဘယ်လောက်ရှိလဲဆိုတာ စာရင်းမရှိတော့ မသိဘူး။ ပြည်သူအချင်းအချင်းသက်လို့၊ ချလို့ မြန်မာပြည်က ဘာရလဲ။ ဘာမှမရဘူး။ တိုးတက်လား။ မတိုးတက်ဘူး။ သူများနိုင်ငံတွေနဲ့ယှဉ်ရင် သူတောင်းစားလိုပဲ။ We are from Burma လို့မပြောရဲသလောက်ပဲ။ အရမ်းရှက်စရာကောင်းတယ်။ သူများနှိမ်တာခံရတယ်။ ဒါတွေဘယ်သူတွေကြောင့်လဲ...အထက်ကပြောခဲ့သလိုပဲ စောက်သုံးမကျတဲ့မြန်မာတွေကြောင့်ပဲ။ အထူးသဖြင့်အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေမှာ ပိုပြီးတာဝန် ရှိတယ်။ ငါ...ဆိုတဲ့အတ္တကြောင့်ပဲ။ ကိုစိုးမိုးသိပါတယ်။ Conflict Resolution မှာ ဘက်နှစ်ဘက်စလုံးက လူတွေဟာ Conflict ကိုဖန်တီးတာ၊ Conflict ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ဟာ သူတို့ကြောင့်ဖြစ်တယ်ဆိုတာ...။

နောက်ပီးတော့ ကိုစိုးမိုးစဉ်းစားကြည့်ဗျာ....။ ပြည်တွင်း NLD နဲ့ လက်ရှိ နအဖ။ သူတို့နှစ်ဘက်ကြောင့် ဘာတွေ သိသိသာသာကြီးတိုးတက်လာပါသလဲ။ NLD ကလည်းအဘိုးကြီး လအု လိုပဲ။ ပြော့ညံ့ညံ့။ နအဖကလည်း ခွေးလောက်တောင် အသိညာဏ်မရှိဘူး။ ဒါ့ကြောင့်တိုင်းပြည်ပျက်တာပဲ။ ဘယ်သူမှအပြတ်မနိုင်ဘူး။ မနိုင်တော့ ကြားထဲက ပြည်သူက မြေဇာပင်ဖြစ်ရတယ်။ တိုးတက်မှု နှောင့်နှေးရတယ်။ လူငယ်တွေအားလုံးထောင်ထဲမှာ တာလပေါ သောက်ပီး ၂၀၁၀-ကိုကြိုဆိုရတယ်။ ထောင်ကြတဲ့နိုင်ငံရေးသမားတွေပြန်ကြည့်ပါ...အားလုံးနီးပါးဟာ လူငယ်တွေလိုဖြစ်နေတယ်။ သူများနိုင်ငံတွေကလူငယ်တွေနဲ့ယှဉ်ပီး အခုထောင်ကြနေတဲ့လူငယ်တွေ အလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူး။ ဂီလာန ဖြစ်ကုန်ပီ။ ဒါဟာဘယ်သူ့ကြောင့်လဲ မြန်မာတွေကြောင့်ပဲ။ နှစ်ဘက်စလုံးမှာတာဝန်ရှိတယ်။ အစိုးရမှာ အဓိကတာဝန်ပိုရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။

NLD ကို ကြည့်ပါ...။ ဒေါ်စုတစ်ယောက်ထဲအာဏာရှိသလိုဖြစ်နေတယ်။ ဒါလည်း အာဏာရှင် ဒီမိုကရေစီပါပဲ။ ဒေါ်စုထမ၊ ထူမှ NLD လှုပ်သလိုဖြစ်နေတယ်။ ကိုယ့်ထက်ဝါရင့်တဲ့နိုင်ငံရေးသမားတွေကပြောပါတယ်။ ဒီလောက်အဖမ်းအဆီး၊ အနှိပ်အကွပ်တွေကြားထဲက ဒီလောက် NLD လုပ်နိုင်တာကို ကျေးဇူးတင်ရမယ်တဲ့..။ ဒါ..ဆိုရင် ဒီလိုမျိုးမလုပ်ချင်ရင် NLD မလုပ်နဲ့ပေါ့။ ကျနော်တော့မေးချင်ပါတယ်....။ ဘာတွေများ NLD ထူးထူးခြားခြား၊ အောင်အောင်မြင်မြင် လုပ်နိုင်လို့လဲ။ ဘုရားသွား၊ ဆွမ်းကပ်တာ ထူးခြားတာလား။ အောင်မြင်တာလားပေါ့။ ဟာ...ဒါလည်းမဟုတ်သေးဘူး။ ဘုန်းကြီးတွေလမ်းပေါ်ထွက်တာ NLD လုပ်တာလား။ ဟဲ..ဟုတ်ဘူးနော်။ NLD က ရွေးကောက်ပွဲမှာအပြတ်အသက်အနိုင်ရတယ်။ အရည်အချင်းမရှိလို့ အာဏာမယူ နိုင်တဲ့အဖွဲ့အစည်းကို ဒီနေ့အထိ ၉၀-ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုအုံးမှာလား။ ဒါ့ကြောင့်...NLD လည်းအတ္တပါပဲ....။ တခါလာလည်း မဲပြာပုဆိုး။ တခါလာလည်း ၉၀-ရွေးကောက်ပွဲရလာဒ်။ မပေးတာကို တောင်းတာ တော်တော်ရှက်စရာကောင်းတယ်။ ဘယ်တုန်းက နအဖက သူတို့တောင်းတာကို အသိအမှတ်ပြုလို့ လဲ။ အခုမှ ဒေါ်စုကလုပ်တော့မှ နည်းနည်းပျော့်ပြောင်းတာပြတယ်။ ဒါတောင်နည်းနည်းဆိုမှတကယ့် နည်းနည်းနော်။ ဒီပွဲမှာ ဒေါ်စုအပြတ်မလုပ်နိုင်ရင်တော့ ဒေါ်စုညံ့တယ်။ NLD အောက်ခြေမှာ အရည်အချင်းရှိတဲ့ လူငယ်တွေမရှိတော့ဘူး။ မလေး၊ စလုံး၊ ကိုးရီးယားနဲ့ အခြားနိုင်ငံတွေမှာ အောက်ခြေသိမ်းလုပ်နေကြတယ်။

ကျနော်ခံစားချက်ကတော့ ပြတ်ပြတ်ပဲဗျာ....။ ဒီကောင်ဖောက်ပြန်တယ်ပြောပြော...ဘာပဲဆိုဆို ကိုယ့်အခြေ အနေနဲ့ကိုယ်ပဲ။ ဗိုလ်ချုပ်သန်းရွှေ တင်းခံယုံမကလို့ ဘာဘဲလုပ်လုပ်၊ အောက်ကနေ၀င်သင့်ရင်ဝင်ရမယ်။ ပေါင်းနိုင်သလောက်ပေါင်းရမယ်။ ဘာမှ အခြေခံဥပဒေတွေပြင်ရမှာတိုဘာတို့ သူတို့မလုပ်ချင်တာကို သွားမပြောနဲ့တော့...။ ဒေါ်စုဘာလုပ်ပေးရမလဲပြော...ဒီလိုစကားမျိုးပဲပြောရမဲ့အခြေအနေဖြစ်နေပီ။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းစစ်နဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုအရင်ဖြတ်သင့်ပီ။ တိုင်းပြည်ထဲမှာရှိတဲ့လူတွေ၊ ပြည်ပလူတွေအားလုံး တစည်းတစည်းထဲတိုင်းပြည်ကို ထူထောင်သင့်ပီ...။ နအဖနဲ့လည်းရနိုင်သဘောက် လက်တွဲလုပ်သင့်ပီ။ နအဖက ဒေါ်စုကိုပြောသလို အလုံးစုံပြတ်သုန်းရေးမလုပ်ရင် ဆွေးနွေးမယ်ဆိုတာကိုလည်း လက်ခံသင့်ပီ...။ ဘာလုပ်မလဲဗျာ....။ ဒီ..အချိန်မှမလုပ်ရင် နောင်လည်းမလုပ်ပါနဲ့တော့....။ ကျနော်တော့ အော်စီမှာ ဒူးနန့်ပီး စားလို့ရတယ်။ တကယ်တမ်း စေတနာမရှိဘူးဆိုရင်...။ သူတို့အဆင်ပြေတော့ ကိုယ့်စားရတာမဟုတ်တာ...။

အခုရွေးကောက်ပွဲလုပ်မယ်။ နအဖလိမ်နေတာကိုလူတိုင်းသိတယ်။ အရင်တုန်းကလည်း လိမ်တယ်။ အခုလည်း လိမ်တယ်။ နောင်လည်းလိမ်အုံးမယ်။ လိမ်နေတာကိုသိသိကြီးနဲ့ အပြတ်ဖျက်လို့မရရင်တော့ တနည်းပဲရှိတော့ တယ်။ ပေါင်းရတော့မယ်။ ဒီလိုပေါင်းဖို့အခွင့်အလမ်းပေါ်လာရင် ၀င်ကိုဝင်သင့်တယ်။ ရွေးကောက်ပွဲကိုပြောတာ ပါ။ အရင်တုန်းကတော့ ရွေးကောက်ပွဲကို စိတ်ပိုင်း၊ရုပ်ပိုင်းထောက်ခံသူတွေအားလုံးဟာ သစ္စာဖောက်တာပဲလို့။ ဒါပေမဲ့ဗျာ...ကျနော်တို့မှာ အင်အားမှမရှိတာ။ အင်အားကြီးထွားလာအောင်လည်း အတိုက်အခံသိတဲ့အတိုင်းပဲ... ပိန်လိန်နေပီ။ ပရုတ်လုံးလို လုံးပါးပါးနေပီ။ နယ်စပ်ကိုကြည့်မလား။ ထမင်းဝဖို့တောင် မနည်း ရုန်းနေရတာ..တိုက်ဖို့ဆိုတာ ဝေလာဝေး။ ပြည်တွင်းကိုကြည့်မလားသူတို့လည်း ဖုန်းခတောင်နှစ်ဆ တက်လို့ဖုန်း တောင်မဆက်ရဲတော့ဘူး။ ဒါက အခုအခြေအနေ။ ဒီလိုအခြေအနေမှ နအဖက ရွေးကောက်ဝင်ဖို့ဖိတ်ခေါ်ရင် တကယ်အာဏာလိုချင်တဲ့အဖွဲ့အစည်းတွေမည်သူမဆို၊ ကိုယ့်ကိုယ်ယုံကြည်မှုရှိတယ်ဆိုရင် ၀င်သင့်တယ်။

ကျနော်ရည်ရွယ်ချက်တော့ အတိုက်အခံနဲ့ နအဖပေါင်းမှတိုင်းပြည်တိုးတက်တော့မှာ...။ ဘယ်လိုပဲစစ်တပ်က ၂၅%ယူယူ၊ ၅၀ ပဲယူယူ၊ ကာကွယ်ရေးဦးစီးချုပ်ကပဲအာဏာသိမ်းသိမ်း၊ ပြသနာမရှိဘူး။ ပြသာနာရှိတာက အခု လူငယ်တွေဖာဖြစ်နေတယ်၊ ငတ်နေတယ်။ ရွာတွေမှာ၊ မြို့ တွေမှာ အဘိုးကြီးနဲ့အဖွားကြီးတွေ၊ ရွာစောင့်ပဲရှိနေ တော့တယ်။ ဒါတွေက အဓိကပြသာနာပဲ။ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံ၊ မခံ ပြောနေတာမဟုတ်ဘူး။ ကိုယ်ပြောလဲဂရုစိုက်မှာမဟုတ်ဘူး။ ကိုယ်လဲဘာကောင်မှမဟုတ်ဘူး။ အဓိက ကျနော်ရဲ့ ခံစားချက်ကတော့ဗျာ...

တိုင်းပြည်ပျက်တာ မြန်မာတွေကြောင့်ပဲ....
လူငယ်တွေကြောင့်မဟုတ်ဘူး....
တိုင်းပြည်ကို လူကြီးတွေဖျက်နေတယ်....
အဖွဲ့အစည်းအားလုံးမှတာဝန်ရှိတယ်....
လူတိုင်းမှာတာဝန်ရှိတယ်.....
မြန်မာတွေအချင်းချင်း ပေါင်းပြီးလုပ်မှ တိုင်းပြည်တိုးတက်တော့မယ်....။

နိုင်ငံရေးလုပ်ချင်ရင်တော့ ကိုယ်ဘာလုပ်သင့်လဲဆိုတာ အခြေအနေပေါ်မှုတည်ပြီးလုပ်ရတာပဲမဟုတ်ဘူးလား။ အမြဲတမ်းလေထဲမှာတိုက်ဆောက်နေတာမှမဟုတ်တာ...။ အရေးအကြီးဆုံးကာယကံရှင်ကတော့ ဒေါ်စုပဲ... ဒေါ်စုလုပ်ရင်၊ ဒေါ်စုပြောရင် အများစုနာခံကြမှာပဲ။ ဘာမှ ရွှေဂုံတိုင်ကြော်ငြာချက် တွေလာ မပြောနဲ့...ဟို..သူတောင်းစားက စောက်ဂရုစိုက်တာမဟုတ်ဘူး...။ သူပြောတာ၊ သူလုပ်ချင်တာကို မနိုင်ရင် ခဏတော့အောင့်အည်းနာခံသင့်တယ်။ စစ်တပ်ဆိုတာ ရေဘူးပေါက်တာ မလိုချင် ဘူး...ရေပါတာ ကိုလိုချင်နေတာ...။ ရွေးကောက်ပွဲကို ၀င်ဖို့၊ မ၀င်ဖို့ ကျနော်ကပြောလည်း ပေါက်လေတဲ့အီး၊ နံတယ်လို့တောင် ထင်မှာမဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ်ဗျာ...ကိုယ့်ခံစားချက်နဲ့ကိုယ်ပါ...။

ရေရှည်ဒီအတိုင်းပဲဆက်သွားရင် ဘာဖြစ်မလဲဆိုတာ အကြားအမြင်ရတဲ့လူတွေပဲသိမယ်။

ကိုစိုးမိုးရဲ့ ဆွေးနွေးချက် ဖတ်ချင်ပါတယ်။

သားတို့ ပြန်လာပါမည်

သားတို့ ပြန်လာပါမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေ
သားငယ်ငယ်တုန်း
အမေ့အပြုံး
တချိန်လုံး ပျော်ခဲ့တယ်။
sc
သားအရမ်းဆော့တော့
မနားတမ်းချော့မော့
ဆော့သင့်သလောက်
ချော့ပင့်မြှောက်
တခါတရံ
မောသင့်သလောက် မောခဲ့တယ်။

စာသင်တဲ့အရွယ်
ပျိုမြစ်နုငယ်
ပိုချစ်ခဲ့တဲ့
အမေရယ်။

အမဲသားကြိုက်
သားအလိုက်
အမေ
အားစိုက်ချက်ကျွေးတယ်။

စာတွေမရ
အာတွေကျလည်း
မရမက စာသင်ပြ
အဲ့ဒါ အမေ့အလှ။

အရွယ်လည်းရောက်
လူလားမမြောက်တမြောက်
မကြောက်တတ်တဲ့အရွယ်
ဇောက်မနက်တဲ့ကောင်ငယ်ကို
ချစ်တုန်း
အပြစ်မသုံး
အမေ ဆုံးမတုန်းပါပဲ။

လူပျိုဖော်ဝင်စ
အပျိုတွေမြင်ရ
အမေဘဝင်မကျ
ဒါ
စာသင်ရမယ့်အရွယ်
ကညာခင်ရတဲ့အချိန်မဟုတ်
အမေသမုတ်ခဲ့တယ်။

တက္ကသိုလ်မရောက်
လမ်းတကာလျှောက်တော့
မပျောက်ရမယ့်တရား
အမေ့စကား
လူသားဆန်ရမယ်တဲ့။

စူးစမ်းဆင်ခြင်
အမှားအမှန် မမြင့်တမြင်
တိုင်းတခွင်လုံး
အုံးရုန်းထကြွ
မရမက
တောင်းဆိုနေသည်
ဒီမိုကရေစီ
ဒါကို
သားလည်း လိုချင်ပြီ။

အမေက ချစ်သလား
ဂရုမထား
သပိတ်ကိုသွား
ကျနော့်အား
အမေ
စောင်ပါးလာပို့သည်။

အခြေအနေပြောင်း
အနေအထိုင်မကောင်းတော့
ဆောင်းခိုစရာအတွက်ဒီဌက်
အမေ
တွက်ချက်ရှာပေးတယ်။

ပါတီတွေထောင်
ဒီမိုကရေစီရအောင် ဆောင်မယ်လို့
သားက ကြွေးကြော်တော့
အမေတွေးကာမော့
အော်
ငါ့သားတော့ မောရှာမပေါ့လို့
အမေ့အမြင်
သားမထင်ခဲ့ပါဘူး။

ကဗျာရူးစာရူး
ဒီသားဦး
အမေ့နဖူးမှာ
ထာဝရဦးနေမှာလို့
အမြဲတွေးထင်
သားကွေးတဲ့ကုတင်
အမေ
ထွေးလျက် အစဉ်နေမှာပါ။

ဒီလိုနဲ့
အချစ်ဦး
မပစ်ဖူးဘဲနဲ့
အသစ်အထူးထွင်တဲ့
စစ်ဦးအမြင်နဲ့
ရရင်ရ
မရရင်ချ
အဲဒါသားတို့ဘဝ
အလှ။

အမေ့ကို စွန့်ခွာ
တောကို ချစ်လာ
ဘယ်ခါမသုဉ်း
အမှန်ဆုံးအတွက်
သူပုန်စစ်သား
အမေ့အား
နှုတ်ခွန်းမဆက်သနိုင်ခဲ့ပါ။

ဌက်ဖျားမကြောက်
တောတကာရောက်
ဆားတောင် ပျောက်ခဲ့ရအလီလီ
(တကယ်ဆို)
အမေတွေးလို့
မဖြေနိုင်ပြီ။

စမ်းရေတွေခြောက်၊ လမ်းတွေ ပျောက်လည်း
မကြောက်တရား၊ စိတ်မှာထား
မနားချီနေ၊ သားတို့တတွေ
သွေးချွေးတွေထွက်၊ ပြည်သူအမြတ်
တသက်ခံစားစေ။

တောလည်အဆုံး၊ နေ့တိုင်းမုန်းလည်း
ကုန်းရုန်းချီတက်၊ ကလေးတွေအတွက်
ပေးဆပ်ရမလေ၊ ကမ္ဘာမကြေ။

စနစ်ဆိုးတွေ ပျက်သုဉ်း
အချစ်တွေတောင်လိုဖုံး
အဲဒီလို အဆုံးကျတော့
အမေ့အတွက် စံပယ်တထုံး
သားစီကုံးလို့
(ဘယ်လိုမှ)
မေ့မရတဲ့မြန်မာပြည်
တနေ့တော့
အမေ့ဆီ
သားတို့ ပြန်လာပါမည်။

ဝဝး၂၆ (၂၉.၁၂.ဝ၉)

ဆရာသက်ခိုင်ရဲ့ ဒုတိယမြောက်ကဗျာတပုဒ်ကို လွတ်လပ်ရေးနေ့မှာ အခုလိုဖက်ရတော့ စိတ်ထဲမှာဝမ်းနည်းမိ ပါတယ်။ ကာယကံရှင်တော့မသိပါဘူး။ ဆရာသက်ခိုင်(ခ)ဆရာအသေးလေး ပါတီမှာပြန်ပီးတာဝန်ထမ်းဆောင် နိုင်ပါစေ။

Copy from....
http://www.mizzimaburmese.com/yatha-bank/poem/4480-2009-12-29-12-56-52.html

1/3/10

လူငယ်တွေရဲ့ တောင်းဆိုချက်

ဘယ်သူလုပ်လို့တိုင်းပြည်ပျက်တာလဲ...

ကျနော့်အမြင်ကတော့ မြန်မာတွေလုပ်လို့တိုင်းပြည်ပျက်တာပဲ...
အဓိကကာယကံရှင်ကတော့....

၁) ခေတ်အဆက်ဆက် အုပ်ချုပ်လာတဲ့အစိုးရတွေပဲ...နအဖ အပါအ၀င်

၂) နိုင်ငံရေးအဖွဲ့အစည်းတွေ....NLD အပါအ၀င်

၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ.....KNU အပါအ၀င်

၎) ပြည်သူအများစု....ကိုယ့်နှင့်မဆိုင်သလိုနေတဲ့ လူတွေကိုဆိုလိုတာ...။

သူတို့ကြောင့်တိုင်းပြည်ပျက်တယ်။ ငတ်တယ်။ မွဲတယ်။ သူတောင်းစားလိုဖြစ်တယ်။

၅) လူကြီးတွေကြောင့် တိုင်းပြည်ပျက်တာဆိုရင် ပိုမှန်တယ်။ လူကြီးတွေတချို့ ဟာ ကြီးပီးတော့အချိန်မစီးတော့ တိုင်းပြည်ပျက်တယ်။

ငါဆိုတဲ့အတ္တစိတ်..ငါ့..နိုင်ငံရေးလမ်းစဉ်ကမှန်တယ်...ငါ...အတွေးအခေါ်ကမမှားဘူး..ဒါတွေကြောင့်တိုင်းပြည်ပျက်တယ်...။ ပြည်သူ့အကျိုးစီးပွား (တနည်း) အမျိုးသားအကျိုးစီးပွားကို တခြားနိုင်ငံတွေနဲ့ယှဉ်ပီး မစဉ်းစားဘူး...။ ပညာတက်အောင်သင်ဖို့...လေ့လာဖို့...မစဉ်းစားဘူး...မလုပ်ဘူး...။

လူငယ်တွေက တိုင်းပြည်ကို ဖျက်စီးတာမရှိဘူး။ လူငယ်ဆိုတာ လူကြီးတွေလုပ်တာကို အတုခိုးတာ...။ လူကြီးက စောက်သုံးမကျတော့ လူငယ်လည်း စောက်သုံးကျဖို့ မကျိုးစားတော့ဘူး...။ ဒါ့ကြောင့် တိုင်းပြည်ပျက်တယ်။

အခုတိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ...နအဖခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တွေ တိုင်ပြည်ကို ၂၀၁၀-မှာ ဖာနိုင်ငံကနေ ကယ်နိုင်ခဲ့ရင် အရည်အချင်းရှိတယ်၊ စေတနာရှိတယ်လို့သက်မှတ်ရမယ်။ အမျိုးသားအကျီုးစီးပွားကို တခြားနိုင်ငံတွေနဲ့ယှဉ်ပီးလုပ်ကြပါ...။ ငါ....ဆိုတဲ့ စောက်သုံးမကျတဲ့အတွေးအခေါ်ကို ဖျောက်ကြပါ...။ ရနိုင်သလောက်ပူးတွဲလုပ်ကြပါ...။

အများစုအကျိုးစီးပွား ကိုကြည့်ပီး လုပ်ကြပါလို့ ၂၀၁၀ အတွက်မှာချင်တယ်...။

၂၀၁၀-လူငယ်တွေဟာ နိုင်ငံရေးတိုက်ပွဲ၊ အတွေးအခေါ်၊ နာကျင်မှုတွေကို မကြည့်ပါဘူး...သူတို့ကြည့်တာက စားဝတ်နေရေးကိစ္စ၊ သူတို့ဘ၀တွေကိုပြေလည်အောင်လုပ်ပေးနိုင်တဲ့ မည်သည့်အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းမဆို ကြိုဆိုပါတယ်။

1/1/10

ဇွန်းနဲ့စားတဲ့ အရသာ

ထမင်းကိုဇွန်းနဲ့စားရင် အလုပ်တွေအများကြီးတွင်တယ်။ လက်နဲ့စားရင် ထမင်းစားတာကလွဲလို့ ကျန်တဲ့အလုပ်လုပ်မရဘူး။ အင်္ဂလိပ်တွေ၊ တခြားလူမျိုးတွေ ဇွန်းနဲ့ခရင်းနဲ့စားကြတယ်။ ဗမာတွေလည်း စားကြတယ်။ တချို့ နေရာတွေမှာ ဇွန်းနဲ့ခရင်းနဲ့စားမှ ခေတ်မှီကြတယ်။ တချို့ နေရာတွေမှာ ဇွန်းနဲ့စားရင် စောက်ပြောမလွတ်ဘူး။ အနည်းဆုံး ဒီကောင် ကြီးကျယ်တယ်၊ ဖောက်ပြန်တယ်၊ စတဲ့သုံးလို့မရတဲ့ အကျင့်တွေကို ပြောကြတယ်။ ဇွန်းနဲ့စားတဲ့အကျင့်ကို ဗမာတွေလုပ်တက်အောင် သင်မှရတော့မယ်ဆိုပီး ဒီစာကိုရေးတယ်။ မြန်မာ့နည်းမြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု၊ ထုံးစံ၊ အားလုံးကို ဆန့်ကျင်ပြီး ဇွန်း၊ ခရင်းနဲ့စားကြရအောင်။

ဒေါ်စု အင်္ဂလိပ်ကို ယူတယ်။
ကပြာလေးနှစ်ယောက်ထွက်လာတယ်။

နည်းစပ်ရာကို ပြန်ကြည့်ပါ။
ကိုအောင်မိုးဇော် အဖြူမကို ယူတယ်။
ကိုဇော်မင်း အဖြူမနဲ့ညားတယ်။
ကိုအောင်နိုင်ဦး အဖြူမကို စားတယ်။
ကိုဝင်းမင်း အဖြူမကို ၀ါးတယ်။
မြန်မာတွေ အဖြူထီးနဲ့အဖြူမကို ကြိုက်တဲ့လူလည်းရှိတယ်။ မကြိုက်တဲ့လူလည်ပေါတယ်။ ဒီလူတွေကိုကြည့်...

ကိုအောင်သူငြိမ်း မွန်မကိုယူတယ်။
ဘုန်းကျော် မွန်မနဲ့ ပျော်တယ်။
ကိုမောင်မောင်ဦး ဗမာမနဲ့ညားတယ်။
ကိုထွတ် ကရင်မနဲ့စားတယ်။
ကိုညို ကရင်မနဲ့ ၀ါးတယ်။

အများကြီးပါ။ အကြိုက်ချင်း မတူဘူးလေ။ ဒါဆိုရင် ဘာကိုပြောချင်တာလဲ မောင်ဘုန်းကျော်...။


ဇွန်းနဲ့ခရင်းဆိုတဲ့ခေါင်းစဉ်နဲ့ တခြားစီ။ ဒီလိုပါ။

အဖြူပဲယူယူ၊ မြန်မာနဲ့ညားညား အလုပ်ဖြစ်ဖို့က အဓိက။ တနည်းပျော်ဖို့ကအဓိက။ ဗမာနဲ့ယူပီး စိတ်ဆင်းရဲ၊ အဖြူနဲ့ယူပီး ပျော်တဲ့သူလည်းရှိတယ်။ အိမ်ထောင်ရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ်၊ ဇွန်းနဲ့စားသင့်ရင်စားရမယ်။ လက်နဲ့ဝါးသင့်ရင် ၀ါးရမယ်။ ဘာမှ အောက်တန်းကျတာ၊ သစ္စာဖောက်တာမရှိဘူး။ အတွေးအခေါ်ကတော့ မမိုက်ဘူးလို့ပြောမယ်။ အတွေးအခေါ်က ပြုတ်စားလို့မှ မရတာနော်...။

အာ...သွားပီ...ဘာတွေပြောမိလည်းမသိဘူး။ ၂၀၁၀-မှာ ကောင်းနေတဲ့အချိန်ရေးတာ....အကောင်းလွန်သွားပီ...နောက်နေ့မှ ပြန်ရေးမယ်။ ဘိုင်ဘိုင်။

2010 မကူးခင် ည သန်းခေါင်မှာ ဘုန်းကျော် Happy New Year ကိုမှုးပြီး အော်စီမှာအော်တယ်။ သူငယ်ချင်းတွေက အရမ်းမအော်ဖို့ဝိုင်းပြီးတားတယ်။ သူငယ်ချင်းအများစုကတော့ အိမ်မှာပဲသောက်ကြတယ်။ ပျော်ကြတယ်။ မှုးပြီးမောင်းလို့ မိရင် Double Demrit Point လို့ခေါ်တဲ့ပြစ်ဒဏ်ရှိတယ်။ ပုံမှန် ဒဏ်ငွေ ၁၀၀ ကြရင် ဒီနေ့က နှစ်ဆပေးရတယ်။ ကားမောင်းလိုင်စင်တခုမှာ Point ၁၂ ခုပဲရှိတယ်။ အရက်မှုးမောင်းလို့မိရင် ဒီနေ့မှာ အပြစ်များတော့ မြန်မာတွေမှုးပြီးမောင်းမရဲဘူး။ မြန်မာဆိုတော့ သတ္တိမရှိတာလည်းပါတယ်ထင်တယ်နော်...လိုင်စင်မရှိရင်၊ အလုပ်သွားဖို့ခက်မယ်၊ အလုပ်သွားဖို့ခက်ရင် ထမင်းငတ်မယ်။ ဒါ့ကြောင့် ဘယ်သူမှ စောက်ရမ်းမမောင်းရဲဘူး။

၂၀၁၀ ညမှာ ကျနော်က အော်ပြီးကြိုဆိုတယ်။ ည ၁၂-နာရီတိတိ။

ရန်ကုန်က သူငယ်ချင်းကလည်း ည ၁၂ နာရီတိတိ သူလည်း အင်းယားဘောင်ကနေအော်တယ်။

အမေရိကားက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာအော်ပြီးကြိုတယ်။

နော်ဝေက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာ အော်ပြီး ကြိုတယ်။

ထိုင်းက အမှုးသမားတွေကလည်း ည ၁၂-နာရီမှာ အော်ပြီးကြိုတယ်။

အချိန်တွေကို ကြည့်ရအောင်...။ ည ၁၂ နာရီ။ နာရီအချိန်တူပေမဲ့ လက်တွေ့ဘ၀တွေမတူကြဘူး။ အမေရိကမှာ မနက်ပိုင်း ၁၂ နာရီက အော်စီမှာ ညပိုင်း ၁၂ နာရီ။ တနိုင်ငံထဲတောင်မတူဘူး။

ဒါဆိုရင် ၂၀၁၀ ကိုကြိုဆိုတာ လူတွေအချင်းချင်းတောင် မတူကြဘူး။ တစ်ယောက်တမျိုး တနေရာတမျိုး မရိုးကြအောင်ထင်တယ်။ ဒီနေ့ဒီအချိန်မှာ ၂၀၁၀ အသစ်ကြီးကိုကြိုဆိုတယ်။ နောင်နှစ်မှာ ၂၀၁၁ ကို ဒီလိုမျိုး မတူပဲ ကြိုဆိုကြအုံးမယ်။

အင်း....ဟင်း....။ မတူကြပါလား။


ဒါဆိုရင် ဇွန်း၊ခရင်းနဲ့စားကြမလား။ စားဖို့အတွက် အမြင်တွေတူကြရဲ့ လား...။ ဒါဆိုရင် အမြင်တူအောင်....ဒေသတွေခွဲထုတ်မှအမြင်တူမယ်..။ မင်းက နယူးယောက်ကိုသွား..။ မင်းက ဆစ်ဒနီကိုလာ...မင်းက အော်စလိုကို...ဒိုး...မင်းက...ရန်ကုန်မှာ ချီးကြ....။ ဒေသတွေကွဲပြီးဆိုရင် အမြင်တူကြလိမ့်မယ်...။ တနေရာတည်း နေရင် အမြင်တွေစုစည်းအောင် ဇွန်းနဲ့ခရင်းကို ခါးမှာချိတ်ပီး ပွားလိမ့်မယ်...။

၂၀၁၀-မှာ ဇွန်းနဲ့ခရင်းကို အားကိုးပြီး ထမင်းစားချင်ပါသည်။

မှတ်ချက်....မြန်မာ့နိုင်ငံရေးမှာ ဘယ်သူမှ သာစေနာစေမရှိ ပေါင်းကြရင်ကောင်းမှာပဲ...။

12/31/09

မေ့တဲ့သူ သစ္စာဖောက်တာပဲ...

မေ့တဲ့သူ သစ္စာဖောက်တာပဲ...

စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးသွားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့မြန်မာ့သားကောင်းတွေကို မေ့ပြစ်ခဲ့တဲ့ လူတွေဟာ ဘယ်တော့မှခွင့်လွှတ်လို့ရမှာမဟုတ်ဘူး။

အထူးသဖြင့်-

ABSDF
လူ့ဘောင်သစ်
PDF
NLD-LA

စတဲ့အဖွဲ့အစည်းတွေက ရဲဘော်တွေဟာ တပြားတချပ်မှမရဘဲ တိုင်းပြည်အတွက် အသက်တွေလှူဖို့ လုပ်နေကြတယ်..။ သေပေးကြပီးပြီ...။

ဒီလိုလူတွေကိုကို တန်ဖိုးမထားရင် ဘယ်ခွေးသတောင်းစားကို တန်ဖိုးထားရမလဲ။

လှုပ်ရှားမှုတိုင်းမှာ၊ လူတန်းစားတွေထဲမှာ ဖောက်ပြန်သူဆိုတာရှိစမြဲပါ။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေဟာ ဘယ်တော့မှ သစ္စာဖောက်တဲ့လူတွေမဟုတ်ဘူး။

တတိယနိုင်ငံတွေမှာ အဆီအနှစ် ပိတ်နေတဲ့လူတွေကတော့ ဖောက်ပြန်တယ်ဆိုတာ ငပိရည်ကျိုတာထက်တောင် သူတို့အတွက် လွယ်သေးတယ်။

မှတ်ချက်...အေဘီရဲ့ မွေးနေ့ပွဲဓာတ်ပုံကို တွေ့ပြီးခံစားသည်။

12/30/09

တပ်တွင်းပုန်ကန်မှုကို ထောက်ခံကြစို့ ....။

ခင်ဗျားတို့ သိတဲ့အတိုင်းပဲ...။ တပ်ထဲက သတင်းတွေ၊ အခုတလော ဆက်တိုက်ထွက်လာနေပီ...။ ဘီဘီစီမှာတောင် သုံးခါလောက် ကြားနေရတယ်။ တပ်မ ၆၆ မှာ တခု၊ ၇၇-မှာ တစ်ခု ဖြစ်ပျက်ခဲ့ကိစ္စတွေဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး မီဒီယာမှာ ပေါ်တင်ပေါ်လာတဲ့သတင်းတွေပဲ...။ ဒီသတင်းတွေကို ရအောင်လိုက်ပေးတဲ့ သတင်းထောက်တွေကို ချီးကျူးပါတယ်။ လေးစားပါတယ်။ ဘီဘီစီကို ဟိုတလောက တင်းလို့ဆဲတာကလွဲရင် လေးစားပါတယ်။

တပ်ထဲက ပုန်ကန်မှုသတင်းတွေကို အဆက်မပြတ်မီဒီယာတွေမှာတင်သင့်ပြီ။ တပ်ထဲက သူရဲကောင်းတွေကို အားပေးချီးမြှင့်တဲ့ ကိစ္စတွေကို ဘလော့ဂ်တွေ ၀က်ဆိုက်တွေမှာ ဒိထပ်ပိုမိုရေးသင့်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း၊ တရားဝင် အားပေးဖို့အချိန်တန်ပါပြီ.။ ဘာမှမပြောဘဲနေတာထက်စာရင် စစ်သားသူရဲကောင်းတွေကို အားပေးဖို့ပြောတာ နိုင်ငံရေးအရှိန်မြင့်စေပါတယ်။ သူတို့အတွက် စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒါကို ကျနော်တို့ဒီမိုကရေစီလိုလားသူတွေအားလုံး ၀ိုင်းပြီး လုပ်ဆောင်စေချင်ပါတယ်။

စစ်တပ်ထဲမှာပေါက်ကွဲထွက်လာမဲ့အရိပ်အရောင်တွေ့နေရပါပြီ...။

လွန်ခဲ့တဲ့နှစ်ရက်က ရန်ကုန်က တပ်တချို့ နဲ့အဆက်အသွယ်ရပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးခက်ခဲနေတာကြောင့် ရန်ကုန်မှာအရာရှိမွန်းမံသင်တန်းတက်နေတဲ့ အရာရှိတွေတောင် ထွက်ပြေးပါတော့မယ်..။ ရဲမွန်ကပါ။ အခုလည်း ထိုင်းနယ်စပ်ဒုက္ခသည် စခန်းထဲမှာ၊ တပ်အသီးသီးက အရာရှိအရာခံ၊ အကြပ်တပ်သားတွေ မိသားစုလိုက် ရာနဲ့ ချီပြီးရောက်နေပါပြီ။

တပ်ထဲက သူရဲကောင်းတွေကို မိမိနိုင်တဲ့ဘက်က ၀ိုင်းဝန်းပြီးအားပေးကြပါခင်ဗျား...။ မိမိကိုယ်ပိုင်ဘလော့ဂ်မှာဖြစ်ဖြစ်၊ တယ်လီးဖုန်းနဲ့ဖြစ်ဖြစ် ၀ိုင်းဝန်းအားပေးကြစေချင်ပါတယ်။

ဘုရားသားတွေတော့ပြီးသွားပါပြီ....

ကျောင်းသားတွေလည်း ပြီးသွားပါပြီ....

နောက်ဆုံး စစ်သားတွေအလှည့်ရောက်နေပါပြီ...သူတို့လည်း စတင်တိုက်နေပါပြီ....။

ဒီကိစ္စတွေ ကျယ်ကျယ်လောင်လောင် ၀ိုင်းဝန်းပြီး အာပေးကြပါဗျို့ ....။

ဌာနချုပ်ကို စိန်ခေါ်မယ်

US Branch ကိုရအောင် ဖွဲ့သင့်တယ်။ ဘယ်လိုမျိုးအခက်အခဲအတာအဆီးတွေ ရှိပါစေ..ဒီကိစ္စက Must လို့ပြောချင်ပါတယ်။ အမေရိကန်မှာ ပါတီဝင်ပေါင်း ၆၀ မက ရှိတော့ တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ကိုဖြစ်ရမယ်။ ဌာနချုပ်မှာက ၁၀ ဦးပဲရှိတယ်။ ရှင်းရှင်းပြောရရင် အာဏာသိမ်းလို့တောင်ရတယ်။ တင်ပြသင့်တာကိုလည်း တင်ပြပီးပြီ…ညှိလို့မရရင်တော့ တခြားနည်းလမ်းပေါ့။


တကယ်တမ်းပြောရရင် မန်းဒိတ်ပေးခံရတဲ့လေးဦးက လုပ်နိုင်ဖို့အခွင့်အလမ်းအားနည်းတယ်။ လုပ်ချင်တဲ့စိတ်လည်း တချို့ မရှိဘူး။ ဒါကို ကြည့်ရင် ဌာနချုပ်က စီမံခန့်ခွဲမှုက လေထဲတိုက်ဆောက်ချင်နေတယ်။ အမေရိကမှာမရှိတော့ သူလည်းသိပုံမရဘူး။ တကယ်တာဝန်ရှိတဲ့လူတွေက ယခုလက်ရှိ ဆူရှီလိပ်နေတဲ့လူတွေလည်းမဟုတ်ဘူး။ တကယ်ဖြစ်ချင်၊ လုပ်ချင်၊ လုပ်နိုင်တဲ့အရည်အချင်းရှိတဲ့သူတွေပဲဖြစ်ရမှာ။ အနည်းဆုံးတော့ ဘိုလို မွတ်နေအောင်တက်တဲ့အရည်အချင်း၊ ကိုယ့်ကားကိုယ်မောင်းနိုင်တဲ့အရည်အချင်း၊ စည်းရုံးရေးအားကောင်းတဲ့အရည်အချင်းတော့ ပြည့်စုံရမယ်။

အမေရိကမှာနေပြီး ဘိုလိုမတက်ရင်တော့ ဘာမှအလုပ်မဖြစ်ဘူး။ ကားမမောင်းတက်ရင်လည်း ခြေထောက်ကျိုးသလိုဖြစ်နေတော့ ဒီလူလည်း….အိုကြီးအိုမတွေလို စိတ်ပဲရှိပြီးကိုယ်မပါသလိုဖြစ်နေအုံးမယ်။ စည်းရုံးရေးအင်အားကတော့ သိတဲ့အတိုင်းပဲ…ကျနော့်လို ဘုနဲ့ဘောက် ပြောတက်တဲ့လူနဲ့ဆိုရင် ဘယ်တော့မှ စည်းရုံးရေးအောင်မြင်မှာမဟုတ်ဘူး။ ဖြစ်အောင်မဖွဲ့နိုင်ရင်တော့ အမေရိကမှရှိနေတဲ့ လူတွေတော်တော်ညံ့တဲ့အထဲမှာပါနေပြီ။ ဆရာများသားသေတဲ့အဖြစ်မျိုးတော့မရောက်ကြတာကောင်းပါတယ်။

အခုကြည့် ပါတီဌာနခွဲတွေရှိတယ်။ ဂျပန်၊ မလေး၊ နော်ဝေ၊ အော်စီကတော့ ငကြောင်တွေနေတာဆိုတာ သုံးလို့မရဘူး။ အခုအမေရိက မှာလည်းရှိတယ်။ ဖွဲ့တော့ဖွဲ့တယ်။ အလုပ်မလုပ်ဘူး။ တယ်လီဖုန်း၊ အီးမေးနဲ့အလုပ်လုပ်တာကလွဲရင် မတွေ့ရသလောက်ပဲ။ တနှစ်မှာတော့အနည်းဆုံးတခါတော့ ထိထိရောက်ရောက် လုပ်သင့်တယ်။ ဌာနခွဲလေးခုပေါင်းပြီး တခုခုတော့အောင်မြင်အောင် လုပ်လို့ရတယ်။ အခုဟာက NLD လိုသေခါနီးလူတွေလည်း မပါဘူး။ အဓိကတာဝန်ရှိတဲ့သူတွေက ဌာနခွဲမှာပါတဲ့လူတွေပဲ….ဖွဲ့ပြီးဘာမှမလုပ်ရင်တော့ အရင်ကတည်းက မဖွဲ့တာကောင်းတယ်။ နာမည်ပျက်တယ်။ တကယ်လို့ကိုယ်ဖွဲ့တာကို ဌာနချုပ်နဲ့ ညှိတာ အဆင်မပြေရင်တော့ ကိုယ့်ဟာကိုယ်လုပ်တာ ခင်ဗျားတို့စောက်ပူပါလားလို့ပြောရတော့မယ်။

အော်စီမှာလည်း လူ့ဘောင်သစ် Branch ကိုဖွဲ့ကို လွန်ခဲ့တဲ့ သုံးနှစ်က တင်ပြဘူးတယ်။ အဆင်မပြေဘူး။ အော်စီမှာရှိတဲ့လူတွေကလည်း စောက်သုံးမကျဘူးလို့ပြောရမယ်။ နောင်ကျရင်တော့ ဖွဲ့မယ်။ ဖွဲ့ပြီးမှ ပါတီဌာနချုပ်ကို တင်ပြမယ်။ ကျုပ်တို့တော့ဖွဲ့ပြီးပီ။ ပါတီရဲ့ ဖွဲ့စည်းပုံကို တသွေမသိမ်း လိုက်နာမယ်။ ဒါကလွဲရင် ဌာနချုပ်က လှမ်းပြီး ရာထူးတိုးပေးတာကို လက်မခံဘူး။ ကိုယ့်ဒေသနဲ့ကိုယ်ပဲ။ ပါတီဌနချုပ်က မင်းတို့ဖွဲ့တာကို ငါတို့အသိအမှတ်မပြုဘူးပြောလာရင်လည်း ဂရုမစိုက်ဘူး။ သူတို့အသိအမှတ်ပြုမှ နိုင်ငံရေးလုပ်ရတာမှမဟုတ်တာ။ ဆန့်ကျင်တာမဟုတ်ဘူး။ ဖြစ်သင့်တာကိုပြောတာ။ လက်တွေ့မရှိတဲ့ ဘ၀မှာနေရတာကို နားလည်ရင် ခွင့်ပြုတယ်ဆိုတဲ့စကားလုံးက အလိုအလျှောက်ပါတယ်။

ကျနော်လို့ပဲ၊ တချို့ နိုင်ငံတွေမှာ လူ့ဘောင်သစ် Branch ဖွဲ့ချင်တဲ့လူတွေတပုံကြီးရှိတယ်။ သူတို့လည်း သူတို့ဒေသနဲ့ သင့်တော်တဲ့အလုပ်ကို လုပ်မယ်ဆိုပြီး ဖွဲ့ကြမယ်။ ဌာနချုပ်ရဲ မန်းဒိတ်နဲ့ ဥက္ကဌ၊ အတွင်းရေးမှု တစ်ယောက်ယောက်သွားဖွဲ့ပေးမှ Branch ဖြစ်တာမကောင်းဘူး။ တကယ်လုပ်ရမှာက ကာယကံရှင်တွေပဲ။ ဒီနေ့ဒီအချိန်မှာ Branch ဖွဲ့ပီး ပါတီဌာနချုပ်က လစာအလုံအလောက်ပေးတာမဟုတ်ဘူး။ Branch တွေက ဌာနချုပ်ကိုပြန်ပေးတာ…ဆိုတော့ Branch တွေက…ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ စည်းရုံးရေးမှု၊ အခြေခံစည်းမျဉ်းတွေကို လိုက်နာတာကလွဲပြီး ကျန်တာဂရုစိုက်စရာမလိုဘူး။ ဒီဟာတွေကလည်း ပါတီဝက်ဆိုက်မှာ ရှိပီးသား။ တက်ဖက်ရုံပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်လျှောက်ရင်း နိုင်ငံရေးလုပ်တာ၊ ပါတီဌာနခွဲဖွဲ့တာ တခုမှ မှားတာမရှိဘူး…ချ…။ Branch တခုဖွဲ့ဖို့အတွက် မန်ဘာတွေက ပါတီဝင် ဖြစ်စရာမလိုဘူး…။ ပါတီ စီစီလည်းဖြစ်စရာမလိုဘူး။ စိတ်ဝင်စားတဲ့လူ ဘယ်သူမဆို Branch အဖွဲ့ဝင်၊ ပါတီစည်းရုံးရေးအဖွဲ့ဝင် ဖြစ်နိုင်တယ်။

အားပေးတယ်။ အမေရိကန် Branch ကို ဖြစ်အောင်သာ…ချ..။ ဘာမှ စိတ်ဓာတ်မလျှော့နဲ့။ မရရင် အာဏာသိမ်းမယ်။ ကိုယ်ထမင်းကိုယ်စားပီး ပါတီကို ချစ်တဲ့စိတ်နဲ့လုပ်တာ ဘယ်တော့မှမမှားဘူး။ မချစ်ရင် စကားတောင်မပြောဘူး…လေကုန်တယ်။ ဒါကို ခင်ဗျားတို့…နားလည်သင့်တယ်။ ဒုတိယအင်အားအကြီးဆုံးပါတီကနေ၊ ဒုတိယအင်အားအသေးဆုံးပါတီဖြစ်အောင်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်။ ကိုအောင်မိုးဇော်၊ ကိုခင်မောင်တင့် ဒီကိစ္စနဲ့ပက်သက်ပြီး ရုပ်ရုပ်လုပ်ရင် ဖြုတ်ပစ်ရမယ်။ ခေါင်းဆောင်မှုအသစ်တက်ဖို့ နောက်မှာ လူတွေတပုံကြီးတန်းစီနေတယ်။

ဒီအပတ်စနေနေ့မှာ တယ်လီကွန်းဖရက်စ်လုပ်မယ်...။ စိတ်ဝင်စားရင်လာတက်ပါ..။ ခိုးကြောင်ခိုးဝှက်တက်ပီးနားထောင်တာ လူကြီးလူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးနော်...။ လာတက်ရင်မှုးအောင်တော့ မသောက်နဲ့...။ စကားပြောကောင်းရုံဆို ရပီ..။ ခါးမှာလည်း ဒုတ်တွေဓားတွေထိုးဖို့ မမေ့နဲ့အုံး...။

ကွန်းဖရက်နဲ့ပက်သက်ပြီးဆက်သွယ်ရန်-

ကိုမောင်မောင်ဦး
အီးမေး mgmgoo88@gmail.com

12/28/09

အုံးနှောက်မရှိတဲ့ First Eleven ဂျာနယ်အယ်ဒီတာ



၂၀၁၀- ဟာ ဘိုးတော်ဘုရားလေးဘက်ထောက်တဲ့ခေတ်မဟုတ်ပါဘူး။ အကြိုက်ချင်း မတူပါဘူး။

မော်ဒယ်တွေဖက်ရှင်ပြပွဲမှာ ၀တ်တာဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ရာရောက်တယ် ပေါ့..ဟတ်လား ..ဟား..ဟား…။ ဒီ…ငပေါ အယ်ဒီတာ မကြည့်ချင်ရင် မျက်စိမှိတ်ပေါ့..။ ကိုယ်ကလည်းကြည့်သေးတယ်။ ပီးတော့ ကဲ့ရဲ့ သေးတယ်။ ဂျာနယ်မှာတောင် ကြီးကြီးကျယ်ကျယ် ရေးလိုက်သေးတယ်။

မြန်မာပြည်ကမော်ဒယ်တွေ ၀တ်စားဆင်ရင်တာ ပြည်ပက မော်ဒယ်တွေနဲ့ယှဉ်ရင် ဆီနဲ့ရေလိုပေါ့။ သိမှာပါ။ မြန်မာမော်ဒယ်မ တွေဟာ လမ်းပေါ်မှာ အတွင်းခံ၊ ဘလာစီယာ နဲ့ ဟန်ရေးပြနေတာမှမဟုတ်တာ။ အလားတူ မြန်မာမိန်းခလေတွေ ပေါင်သား၊ ဗိုက်သားပေါ်တာ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်နေတာမှမဟုတ်တာ။ ဒါမျိုးလေးတွေရှိမှလည်း မြန်မာယောက်ျားတွေ Fresh ဖြစ်တော့မှာပေါ့။ မြန်မာ့ယဉ်ကျေးမှုကို နေရာတခါမှာ မြန်မာမိန်းခလေးတွေ ထိမ်းသိမ်းစရာမလိုပါဘူး။ သူတို့ကြိုက်တဲ့ အ၀တ်အစားကို၊ သူတို့ပိုက်ဆံနဲ့ဝယ်ပီးဝတ်တာ ခင်ဗျား..စောက်ပူပါလို့လား။ ခင်ဗျားငွေနဲ့ သူတို့ဝယ်တာမှ မဟုတ်တာ။ ရေးစရာမရှိ ကြံဖန်ပြီးရေးတယ်။ တခြားသတင်းရေးစမ်းပါဗျာ..။

ဒီခေတ်ကြီးမှာ မြန်မာမော်ဒယ်တွေဝတ်တာစားတာ၊ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် လိုတောင်လိုသေးတယ်။ မြန်မာမိန်းခလေးတွေဆိုတာ တချိန်လုံး ရင်ဖုံးနဲ့ နေရမှားလား။ မော်ဒယ်ရှိုးပွဲကို အမြဲတမ်း ဘီးစပတ်နဲ့ လျှောက်ရမှာလား အယ်ဒီတာမင်းခင်ဗျား..။ အခုရောက်နေတဲ့ခေတ်က ၂၀၁၀ ပါ…အယ်ဒီတာမင်း။ ထူးထူးခြားခြား မြန်မာမော်ဒယ်တွေနဲ့ ရွေးကောက်ပွဲတောင် လုပ်အုံးမယ်။ဘိုးတော်ဘုရားလေး ဘက်ထောက်တဲ့ ခေတ်မဟုတ်ပါဘူး။

နအဖအလိုကျတချိန်လုံး လျှောက်ရေး၊ လျှောက်ပြော မနေပါနဲ့တော့။
နအဖစစ်ဗိုလ်ချုပ်တွေကတော့ပြောပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပါတယ်လို့…။
သူတို့သားသမီးတွေကို အရင်ကြည့်ပါ…အယ်ဒီတာမင်း။ ပြည်တွင်းဖြစ်အ၀တ်အစားကို သူတို့သားသမီးများ ၀တ်ကြပါသလား။ အယ်ဒီတာမင်းရဲ့ သားသမီးများကိုယ်တိုင် အမြဲတမ်း ရင်ဖုံးနဲ့ ထမိန်ဝတ်ပြီး ပွဲလမ်းသဘင် သွားကြပါသလား။

မော်ဒယ်တွေ အ၀တ်အစားဝတ်တာဟာ မြန်မာအမျိုးသမီးတွေအတွက် အန္တရာယ်မဟုတ်ပါဘူး။
အဓိကအန္တရာယ်ကတော့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီဖြစ်ပါတယ်။ လူတွေကို စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမရှိအောင်၊ ဘာသာရေးလိုလို ယဉ်ကျေးမှုလိုလိုနဲ့ ထင်ယောင်ထင်မှား တွေဖြစ် အောင် ၀ါဒဖြန့်မှုသက်သက်ပဲဖြစ်ပါတယ်။တကယ်တော့ ဒါတွေ ဟာ ခေတ်နဲ့အညီဖြစ်လာတာပါ။

တိုင်းပြည်အတွက် ဘာမှ အန္တရာယ်မဖြစ်ပါဘူး၊ အန္တရာယ်ဖြစ်နေတာက နအဖ ပဲဖြစ်ပါသည်။

အုံးနှောက်မရှိတဲ့အယ်ဒီတာမင်းတစ်ယောက်…ပေါက်ကရတွေ၊ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ပါစေ။

ဒိထက်အဆင့်မြင့်တဲ့မော်ဒယ်ပွဲတွေ ရောက်ပါစေ။

အတွင်းသားတွေ၊ အတွင်းအားတွေမြင်နိုင်ပါစေ။

မြန်မာမိန်းခလေးတွေ ယခုထက်ပိုမို ခေတ်မှီတိုးတက်နိုင်ပါစေ…။



View My Stats