ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/7/10

တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်..အဖေနဲ့အမေရယ်။


ဓာတ်ပုံ..ဂွတ်ဂယ်။

တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်..အဖေနဲ့အမေရယ်။

နိုင်ငံရေးဆိုတဲ့ သတ္တာဝါတစ်ကောင်နဲ့ပက်သက်ပြီးပြောတာပါ။ နှစ်ဦးနှစ်ဘက်နိုင်ငံရေး။ နိုင်ငံရေးလို့ပြောရင် စကားလုံးကြီးတယ်။ နိုင်ငံရေးကို အိမ်တစ်အိမ်နဲ့ပဲ နှိုင်းကြပါစို့။ အဲဒိအိမ်မှာ နေတဲ့ အဖေနဲ့အမေက အိမ်ထောင်ဦးစီး။ သားတွေသမီးတွေက ပြည်သူတွေပေါ့။

ဒီအိမ်မှာ သား၊ သမီးတွေက ထုံးစံအတိုင်း ကစား၊ သွား၊ ကျောင်းတက်၊ ပျော်ပျော်ပါးပါးနဲ့ရန်ဖြစ်လိုက်ပြန်တည့်လိုက်။ မိဘတွေဖြစ်တဲ့ အဖေနဲ့အမေက တကျက်ကျက် မတည့်အတူနေ။ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေးလည်း အဖေနဲ့အမေကြောင့် အဆင်မပြေ။ အဆင်မပြေတော့ ခလေးတွေလည်း စာကောင်းကောင်းမသင်ရပဲ လုပ်ချင်တာလုပ်နေကြတယ်။ စားဖို့၊ ၀တ်ဖို့လည်းအလျှင်မမှီတော့ ခလေးတွေ ဘေးက အိမ်မှာထမင်းစားကျွန်ခံသဘောနဲ့ လုပ်ပေးရတယ်။

ဘေးအိမ်က အနှိမ်ခံရတာကို အဖေနဲ့အမေလည်းသိတယ်။ ဒါပေမဲ့ သူတို့လင်မယား, အဆင်မပြေတော့ ခလေးတွေကိုလည်း ဂရုမစိုက်နိုင်။ သူတို့လုပ်ချင်တာလုပ်ကြတယ်။ ဒီတော့ ဒီအိမ်က ဘယ်လိုမှ နလန်မထူနိုင်တဲ့ရောဂါသည်လို ဖြူဖက်ဖြူရော်နဲ့ပေါ့။ ရောဂါပျောက်ပြီး၊ အဖေနဲ့အမေကျန်းကျန်းမာမာဖြစ်ရင် သားတွေသမီးတွေ တင့်တင့်တယ်တယ်ဖြစ်မယ်ဆိုတာကိုလည်း အဖေနဲ့အမေသိတယ်။ ဒါပေမယ့် တဦးနဲ့တဦး မာန, တွေရှိနေကြတော့ တယောက်ယောက်က လျှော့မလားဆိုတာကိုစောင့်နေကြတယ်။ ဘယ်သူမှ မလှုပ်။

အဲဒိအိမ်ကတော့ မြန်မာပြည်ဖြစ်တယ်။ အဖေကတော့စစ်အစိုးရပေါ့။ အမေကတော့ အတိုက်အခံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ။ ဒါကို ကျနော်က နိုင်ငံရေးလို့ အမည်ပေးတယ်။

အဖေကပြောတယ်..." မင်း..အမေက မှားနေတယ်။ အလားတူ.. အမေကပြောတယ် မင်းအဖေက ပေါက်ကရလုပ်တယ်" တဲ့။

ဘယ်ယ်သူမှားလဲ၊ မှန်လဲဆိုတာကို အသက်ငယ်တဲ့သားတွေသမီးတွေ သိတယ်။ မိဘဖြစ်တော့ ပြောရင်...ငရဲကြီးမှာကြောက်တယ်။ သူတို့ကြားထဲကိုလည်း ၀င်ပါဖို့ မဖြစ်နိုင်ဘူး။ ပြောရင်...အဖေနဲ့အမေက ငါ့ကို ကလန်တယ်ဆိုပြီးရိုက်မှာ။ ပြီးရင် အိမ်ပေါ်ကနေ နှင်ချမှာ။ ဆိုတော့ ကျနော်တို့ ခလေးတွေ မသိချင်ဟန်ဆောင်နေတယ်။ ကြောက်ရတာကိုး။ ဒါကို...ကျနော်က ပြည်သူ...လို့ နာမည်ပေးတယ်။

တနေ့အဖေက...သူ့ခံစားချက်ကိုဖွင့်ပြောတယ်။ " သား...မင်း, အမေကိုပြောကွာ.. အမဲသားဟင်းချက်ရင် အချိုမှုန့်လျှော့ကွာ...တဲ့။ အချိုမှုန့်က ကျန်းမာရေးကိုထိခိုက်တယ်။ ပြီးတော့ဈေးလည်းကြီးတယ်တဲ့။ မင်း, အမေကို...ငါ,အချိုမှုန့်လျှော့ဖို့ပြောတာကို သူလက်မခံဘူး။ ငါစားချင်တာက...အချိုမှုန့်နည်းနည်းနဲ့ အမဲသားဟင်းဟင်းကောင်းကောင်းကွ" တဲ့။

နောက်နေ့တော့ အမေကပြောပြန်ရော...။ သူ့ခံစားချက်ကို အမေက အဖေ့ကို တိုက်ရိုက်မပြောရဲဘူး။
ပြောရင် စဉ်းနှီးတုံးနဲ့ ထပေါက်တဲ့အထိ တီးကြမှာဆိုတော့။ ကြားက..ကျနော့်ကို ပွဲစားအနေနဲ့ပြောတယ်။

သူက " သား...မင်း..အဖေက အရမ်းလွန်တယ်...အမေ..အမဲသားဟင်းချက်တာကို သူမကြိုက်ဘူး...အမြဲတမ်းအချိုမှုန့်များတယ်ဆိုပြီး ပြဿနာရှာတယ်။ အမေလည်းအဲဒိလောက်မထည့်ပါဘူး။ မင်း..အဖေကိုအမေ, မကြိုက်တာက...ညနေတိုင်းအရက်သောက်တယ်...သောက်တာပြဿနာမရှိဘူး...
သောက်ပြီးရင်...ရန်ဖြစ်တယ်။ ပြီးတော့ အိမ်ကိုလည်း စီးပွားရေးအဆင်ပြေအောင်မလုပ်ပေးနိုင်ဘူး။ ငါ့သား...စဉ်းစားကြည့်...ဘယ်သူမှားလဲဆိုတာ"

သြော်...ကျနော်တို့အိမ်ရဲ့ ပြဿနာက ဒီလိုကိုး။ ကျနော်...ကြားကနေ ၀င်ပြီး ပွဲစားလုပ်ပေးတယ်။ ဘယ်သူမှလက်မခံ။ သူတို့ ပြဿနာ ဘယ်တော့များမှ ပြေလည်ပါတော့မလဲ။

ကျနော်တို့အိမ်ရဲ့ ပြဿနာက ဟင်းချက်ရင်..အချိုမှုန့်များတဲ့ပြဿနာ နဲ့ အရက်သောက်ပြီး...အိမ်ရဲ့ စားဝတ်နေရေးနဲ့ သားတွေသမီးတွေကိုရစ်တဲ့ပြဿနာ။ ဒါ့ကြောင့်...အဖေနဲ့အမေက အဆင်မပြေတာကိုး။ ဒါလေးကိုများ...ဘာ့ကြောင့် ညှိလို့မရလဲ...အဖေနဲ့အမေရာ။

အိမ်တစ်အိမ်မှာ အဖေက အိမ်ထောင်ဦးစီး။ အိမ်ထောင်ဦးစီးဆိုတော့ အိမ်ကို ဦးဆောင်ရမှာပေါ့။ မေတ္တာတရားနဲ့ ကျနော်တို့အိမ်ကို တာဝန်သိသိ တည်ဆောက်ရမှာမဟုတ်ဘူးလား။ အဖေက ယောက်ျားဆိုတော့..ယောကျာ်းတို့ရဲ့ ထုံးစံအတိုင်း...သမာဓိ၊ သီလနဲ့ပြည့်စုံပြီး ကျနော်တို့အိမ်ကို တည်ဆောက်ရင် ကျနော်တို့ သူများအိမ်မှာသွားပြီး အခစားရေထမ်းပေးစရာမလိုဘူးပေါ့။ လျှော့သင့်ရင်လျှော့ရမှာပေါ့..အဖေရာ။

အမေက မိန်းမသားဆိုတော့ သူကတော့ ပျော့ပြီးသားပါ။ အဖေက အမေ့ကို...အချိုမှုန့်မထည့်ပဲ...သကြားထည့်ပြီးချက်လို့ အေးအေးဆေးဆေးပြောရင်လည်းအမေက ကန့်ကွက်မှာမဟုတ်ပါဘူး။ ဒီအိမ်က...ကျနော့်တို့ သွေးရင်းသားရင်းတွေနေတဲ့ အိမ်ပဲဗျာ။

သွေးသားအရင်းဖြစ်တဲ့...အဖေဆိုရင်တော့ သားတွေ..သမီးတွေ ဆင်းရဲဒုက္ခရောက်တဲ့အခါ၊ မျက်ရည်ကျတဲ့အခါဆိုရင်တော့...အဖေနဲ့အမေ ပျော့, မှာပါ။

ဒါပေမယ့်။...တခါတလေ...အဖေက ပထွေးလား၊ အမေက...မိထွေးလား ဆိုတာကို ကျနော်, စဉ်းစားမိတယ်။ အမေကတော့...မိထွေးမဖြစ်နိုင်ပါဘူး။ အဖေကလည်း ပထွေးမဟုတ်ပါဘူး။ ဒါဆိုရင်, ကျနော်တို့အိမ်ကဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ။

သြော်....အဖေက အရက်ကြိုက်တာကိုး။ မှုးနေတော့...မာနလည်းမလျှော့။

အဖေ..အမြဲတမ်း...ဒီလို မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်။

သား..သူပုန်။






သူခိုး (စာရေးသူ-အမည်မသိ)

နှိုးစက်သံကြောင့် သူ အိပ်ရာမှ နိုးလာသည်။ ဒီမနက် စက်ကိုစောစော သွားရမှာမို့ ဆက်ပြီး နှပ်မနေတော့ဘဲ ထလိုက်ရသည်။

ရေချိုးခန်း ၀င်ရင်း တစ်နေ့တာ လုပ်ရမည့် အလုပ်တွေကို အကြမ်းဖျင်း အစီအစဉ် ဆွဲနေမိသည်။ မျက်နှာကို ကပျာကယာသစ် အ၀တ်လဲပြီး မနက်စာစားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူမစုံသေး။ သူ့အကြိုက် မုန့်ဟင်းခါးပူပူ၊ အကြော်စုံနှင့် ကိုကို တစ်ပန်းကန်စားပြီး ကော်ဖီ သောက်နေတုန်း သမီး ၀င်လာသည်။

“မေကြီး သမီးဖို့ ဒီနေ့ ဘာလဲ”

“သမီးကြိုက်တဲ့ ထမင်းကြော် ၀က်အူချောင်းနဲ့ ကြော်ထားတယ်လေ”

“အာ ထမင်းကြော် မစားချင်ပါဘူး”

“အဲဒါဆို ပေါင်မုန့် ထောပတ်သုတ်စားမလား။ မေမေ ကင်ပေးရမလား။ မဟုတ်ရင်လည်း မနေ့က ၀ယ်လာတဲ့ ဟမ်ဘာဂါ တစ်ခု ကျန်သေးတယ်။ စားမလား သမီး”

“အင်း စဉ်းစားလိုက်ဦးမယ်။ မစားတော့ပါဘူး မေကြီးရာ။ ပပတို့နဲ့ အပြင်မှာပဲ ဒင်းဆန်းသွားစားတော့မယ်။ အဟဲ ဖေကြီးနဲ့တွေ့ရအောင် ၀င်လာတာ သိလား”

“ဖေကြီး”

“အင်း ပြောပါဦး။ ပိုက်ဆံ လိုတာမှ ဟုတ်ရဲ့လား”

“အဲဒီလို အလိုက်သိလို့ လည်း ဒီဖေကြီးကို ချစ်နေရတာပေါ့။ သိပ် မများပါဘူး ဖေရာ။ ၂ သောင်းတည်းပါ။ သမီး သူငယ်ချင်းလေ။ သူ့မွေးနေ့ပေါ့။ အဲဒါလေ ဖိနပ် ၀ယ်ချင်လို့”

“သမီးရယ်။ ရှိတဲ့ ဖိနပ် စီးသွားပါလား။ သမီးမှာ ဖိနပ်တွေ အများကြီးရှိသားနဲ့”

“ဟာ အသစ်ပဲ စီးချင်တာပေါ့။ သမီး ဘယ်တုန်းက ၂ ခါစီးလို့လဲ။ ဖေကြီးကလည်း ဒီသမီးလေး တစ်ယောက်တည်းရှိတာဟာကို”

“ကဲ သဘော။ သမီး သဘောပဲ ထားပါတော့”

“ကိုကို၊ ခင်မကို ၃၊ ၄ ခုလောက် ထားခဲ့ဦး။ ဒီနေ့ခင်း ၀ိုင်းရှိတယ်”

“လာပြန်ပြီ နောက်တစ်မျိုး။ မင်းတို့ သားအမိနဲ့တော့ ငါခက်တယ်။ ပိုက်ဆံ ဘယ်လိုရှာရတယ် ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ကွ”

“အမယ်လေးနော်။ ရှင့်မှာ ဆန်စက်ချည်းပဲ ၂ လုံး ရှိတယ်လေ။ စက်ပစ္စည်း ဆိုင်ကလည်း တစ်ဆိုင် ရှိတယ်လေ။ တောမှာ စပါးပေး၊ ပဲပေးတွေကလည်း ရှင်နဲ့ ကင်းတဲ့သူ ရှိသေးလို့လား။ ကျွန်မတို့ သားအမိ မသုံးလို့ ဘယ်သူ သုံးဖို့ ထားတာလဲ ပြောစမ်းပါဦး”

“ကဲ တော်ပြီကွာ။ နားငြီးတယ်။ ကြိုက်သလောက်သုံး ဟုတ်ပြီလား”

သူ ပိုက်ဆံ ထုတ်ပေး ပြီးတော့ စက်ဘက်ကို ထွက်လာခဲ့သည်။ ကြာကြာ ဆက်နေရင် နောက်တစ်မျိုးထပ် လာချင် လာနိုင်သေးသည်။ သူ့ မိန်းမ ပြောတာလည်း ဟုတ်တော့ဟုတ်သား။ သူတို့မှာ မိသားစုက သုံးယောက်တည်း။ သူ့ဆန်စက်တွေ ရတာနဲ့တင် သုံးလို့ မကုန်နိုင်။ အခြားလုပ်ငန်းက ရလာတဲ့ ငွေတွေနဲ့ဆို သုံးမကုန်ဖြုန်း မကုန်ဆိုတာ ဒါကိုပြောတာ ဖြစ်မည်။

စက်ထဲကိုရောက်တော့ အလုပ်သမားတွေ သူ့အလုပ် သူလုပ်နေကြပြီ။ ဒီနေ့ အ၀င်အထွက် စာရင်းတွေ သူကြည့် နေတုန်း သူ့တပည့် လှမောင် ရောက်လာသည်။

“ဆရာ ဒီနေ့ ဧရာဝတီ ၂၀၀ လောက်ပို့ရမယ်ဆရာ”

“အိပ်သွတ်ပြီးပြီလား”

“မပြီးသေးဘူး ဆရာ”

“ဒါဆိုရင် ငါပြောမယ်။ ဆန်အိတ်သွတ်တဲ့အခါ တစ်ဝက်လောက်မှာ ဆန်ကွဲ ၄ လုံး ထည့်လိုက်။ ပြီးရင် ကျန်တဲ့ တစ်ဝက်ကိုထည့်။ တစ်အိတ်ကို ၄ လုံးစီ နုတ် ထားလိုက်။ သဘောပေါက်လား”

“ဟုတ်ကဲ့ ပေါက်တယ် ဆရာ”

လှမောင်တို့ ကံကောင်းချင်တော့ ဘယ်သူမှ လိုက်မီမည် မထင်။ ခုမနက် အိမ်က စထွက်တော့ သူ့မိန်းမက ထူးထူးဆန်းဆန်း ပဲပြုတ်နဲ့ ထမင်းကြော် ကျွေးလိုက် သေးသည်။ ခါတိုင်းနေ့ဆို ထမင်းကြမ်းခဲနဲ့ အကြော် တစ်ခုကို ရေနွေးကြမ်းတစ် အိုးသောက်ပြီး မနက်စာ ပြီးရတာများသည်။ ခုမနက်မှ ခုမနက်မှ။

လှမောင်က ဒီသူဌေးရဲ့ စက်မှာ လုပ်လာတာကြာပြီ။ ဒါကြောင့်သူဌေးက လှမောင်ဆို လက်စွဲ။ သူကလည်း သစ္စာရှိပါသည်။ ကိုယ့်ထမင်းရှင် ဒုက္ခရောက်မှာမျိုး သူဘယ်တော့မှ မလုပ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တစ်ပြားတစ်ချပ်မှ မကွာစေရ။ အဲဒီလိုမျိုးဆိုတော့လည်း တပည့်ရင်းဖြစ်နေတာ သိပ်တော့ မဆန်း။

ခုတော့ ဟန်ကျပြီ။ သူဌေးက ဆန်ကွဲလေးလုံး ရောဖို့ ပြောထားသည်။ သူက လေးလုံး ထပ်ရောမည်။ အပို လေးလုံး သူယူမည်။ တစ်တင်းခွဲ တစ်အိပ်မှာ ၂၄ ပြည်။ ပြည်ပို တစ်ပြည်နဲ့ဆို ၂၅ ပြည်။ နို့ဆီဘူးနဲ့ တွက်ရင် အလုံး ၂၀၀။ အလုံး ၂၀၀ မှာ ၈ လုံး ရောပါသွားတော့ ဘယ်သူ သိမှာလဲ။ သူ့ဆရာလည်း ထိခိုက်မှာ မဟုတ်တာ။ ဒီနေ့တော့ ပွပေါက် တိုးပြီ။ ညနေ အိမ်ပြန်ရောက်လို့များ ပိုက်ဆံအထပ်လိုက် သူ့မိန်းမကို ပြနိုင်လို့ကတော့ ခါတိုင်း ကိုလှမောင်ကနေ ”ကိုကိုလှမောင် ကိုကိုလှမောင်” ဖြစ်လာမှာ ကြားယောင်မိ သေးတော့။

နံနက်ခင်း နေခြည်သည် ကမ္ဘာလောက တစ်ခုလုံးပေါ်ကို မျှတစွာပဲ ထွန်းလင်းပေး နေသည်။

“သတ္တ၀ါတွေ အားလုံး ကျန်းမာပါစေ၊ ချမ်းသာကြ ပါစေ”

“အားလုံး ကြားကြား သမျှ အမျှ အမျှ အမျှ ယူ တော်မူကြပါကုန်လော”

“ဒူ ဝေ ဝေ ဝေ ဝေ”

မနက်စောစောထ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပရိတ်ရွတ် အမျှဝေပြီးသွားပြီ။ သူဘာမှ လုပ်စရာမရှိတော့။ အိမ်ရှေ့မှာပဲ လက်ဖက်ခြောက် ပြက်သိကာ ခပ်ထားသည့် ရေနွေးကြမ်း ထိုင်သောက်ရင်း လမ်းသွားလမ်းလာတွေကို ငေးကြည့်နေမိသည်။ သူ့အသက် ၇၀ ရှိသွားပြီ။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့။ သူတို့ လင်မယားနှစ်ယောက်စလုံး သမီးနဲ့ သမက်ကိုပဲ အားကိုး နေရတာမို့ မနက် သရေစာ မစားဖြစ်တာ နှစ်နဲ့ ချီနေပြီ။ ဆိုက်ကားနင်းသည့် သမက်နဲ့ ကုန်စိမ်းရောင်းသည့် သမီး ရှာသော ပိုက်ဆံဟာ ဒီမိသားစု အတွက် ဘယ်လိုမှ မလောက်ငတာ အသေအချာပင်။

အဘိုးကြီး အဘွားကြီး လင်မယား။ သမီးနဲ့ သမက်။ ၃ နှစ်အရွယ် မြေးမလေး စုစုပေါင်း ၅ ယောက်၏ ၀မ်းကို ပြည့်နိုင်ဖို့ ဆိုတာ သိပ်မလွယ်ပါ။ ဒီနေ့ဆို ပိုဆိုးတာက သမီးမနေ့က ကုန်စိမ်း သွားယူရင်းနဲ့ ခွေးကိုက်ခံရတာမို့ ဒီမနက်တော့ အဖျား တက်နေပြီ။ သူ့သမက် တစ်ယောက်တည်း မနက်ကတည်းက ဆိုက်ကားထွက် နင်းသည်။ ဆန်ဖိုး ရရင် မနက်စာ ချက်ဖို့ ပြန်လာပေးမည်ဟုလို့ ပြောသံတော့ ကြားလိုက်သား။ ခုထိ ပြန်မလာပုံ ထောက်တော့ မဟုတ်မှ လွဲရော ဈေးဦးပေါက်သေးပုံ မရ။

အကြမ်းအိုး တစ်အိုး ကုန်သွားပြီ။ ကုန်လုလု ဆေးပေါ့လိပ်ကို ချွေပြီး ဖွာလိုက်ရင်း မြေးမလေးကို ငေးကြည့်နေမိသည်။ သူ့မြေးမလေးက သုံးနှစ်ဆိုတော့ စကား တီတီတာတာ ပြောတတ်နေပြီ။ သူ့အတွက် အနှစ်။ ခုလောလောဆယ်တော့ သူ့အနှစ်ကလေး ဆော့နေသေးသည်။ တစ်အောင့် ကြာရင် ဗိုက်ဆာလာတော့မည်။ လူကြီးတွေက အကြောင်းမဟုတ်။ ဘာမှမသိ နားမလည်သေးသည့် ကလေးမို့ သနားဖို့တော်တော် ကောင်းသည်။ သြော်.. ငါ့မြေးလေး ကံဆိုးလှချည်လားကွယ်။

တဖြည်းဖြည်းနေမြင့် လာပြီ။ သူ့သားမက် ဆိုက်ကားသံကိုပဲ သူမျှော်နေမိသည်။

“ဘိုးဘိုး မီးမီးလေး ဗိုက်ချာပြီ”

သူမကြားချင်ဆုံး အသံပါလား။ အမယ်ကြီးက သူ့မြေးကို သနားလို့ထင့်၊ အင်္ကျီ လက်နားလေးပင့်ပြီး စို့လာတဲ့ မျက်ရည်ကို သုတ်နေသည်။ သူ ဘာလုပ်ရပါ့။

“ဘိုးဘိုးလို့ မကြားဘူးလား။ မီးမီးလေး ဗိုက်ချာတယ်။ မံမံ ချားမယ်”

ဘုရား ဘုရား။ သူ့ရင်ဘတ်ကို တည့်တည့် လာမှန်သော စကားလုံးပါလား။

“မံမံချားမယ်”တဲ့။

သူ့မြေးလေးဟာ အများတကာ ကလေးတွေလို မုန့်ကို မတောင်းတတ်တော့ ပါလား။ ထမင်းကိုပဲ ပူဆာ တတ်တော့ပါလား။ သူတို့ အိမ်စီးပွားရေးဟာ မြေးမကလေးကို မုန့်ဝယ်ကျွေး ဖို့တောင် မတတ်နိုင်စွမ်း ပြီပဲ။

“အမေကြီးရေ ငါဈေးဘက် ခဏလျှောက်လိုက် ဦးမယ်ကွာ” ပြောပြီး သူအိမ်ပေါ်က ဆင်းလာခဲ့သည်။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

အေးပါကွယ်။ ဘိုးဘိုးကြီး ယူခဲ့ပါမယ် ကလေးရယ်။ ဈေးဘက်မှာ ဘိုးဘိုးကြီးရဲ့ အသိ အကျွမ်းလေး ဘာလေးတွေ့ရင် သမီးလေးဖို့ မုန့်ဖိုးလေး ရကောင်းပါရဲ့။

လမ်းပေါ်ရောက်တော့ နေပူနေပြီ။ အဲဒီတော့မှ သူ့မှာ အဆောင်းမပါလာတာ သိတော့သည်။ မထူးပြီမို့ ဆက်လျှောက်လာတော့သည်။ လမ်းမှာ ဘယ်သူမှလည်း မတွေ့။ ဈေးရှေ့ရောက်တော့ ဘာရယ်မဟုတ် ဈေးဝိုင်းထဲ ၀င်လာခဲ့သည်။ ၁၁ နာရီ ဆို တော့ ဈေးထဲမှာ လူပြတ်သလောက် ရှိနေပြီ။ တချို့ဆိုင် တွေဆို ရောင်းသူတောင် မရှိ။ ဒီအတိုင်း ထားခဲ့ပြီး မုန့်လေး ဘာလေး ထွက်စားကြသည်။

သူလျှောက်ရင်းနဲ့ ဆန်ဆိုင် တစ်ဆိုင် သွားတွေ့သည်။ တောင်းတွေ တောင်းတွေထဲ မှာ ဆန်တွေ မောက်နေအောင် ထည့်ပြီး ခင်းကျင်းထားပုံက ၀ယ်ချင်စရာ။ နောက်ဘက် မှာလည်း ဆန်အိတ်တွေ အထပ်ထပ်ဆင့်ကာ ပုံထားသည်။ ဒီမှာတော့ ဆန်တွေက တောင်ပုံရာပုံ၊ သူ့တို့ အိမ်မှာတော့ ခုထိ မနက်စာချက် ဖို့ ဆန်တစ်စေ့တောင် မရှိပါလား။ ဆိုင်ရှင်လည်း မတွေ့။ ဆန်ဆိုင်ရှေ့ကနေ နောက်တစ်ခေါက် ထပ်လျှောက် လိုက်သည်။ ဆိုင်ရှင် ပြန်မရောက်လာသေး။

“ဘိုးဘိုးကြီး မံမံယူခဲ့ နော်”

မြေးမလေး၏ အသံ လေးကို ဖျတ်ခနဲကြားယောင် ပြီးချိန်မှာတော့ သူ့လက်တွေ ဆန်တောင်းထဲ ရောက်ပြီး သွားပြီ။ အသင့်တွေ့သည့် နို့ဆီဘူးနဲ့ သူ့ခါးပိုက် ထောင် ထဲ ကပျာကသီ ခပ်ထည့်လိုက်သည်။ ဘယ်သူမှ မတွေ့။ ဆန်ခပ်နေတုန်း မနက်က ရှိခိုးခဲ့သော ဘုရားကို သတိရမိသည်။

“အဒိန္နာဒါနာ ဝေရာမ ဏိသိက္ခာပဒံ သမာဓိယာမိ” ခု မနက်စာတော့ ရပြီ။ သူ့ မြေးမလေးမျက်နှာ။

“သူခိုးဗျို့ သူခိုး”

သူ လှည့်အထွက်မှာ ဆန်အိတ်ပုံကြားထဲက ဆိုင်ရှင် အသံပေါ်လာသည်။ သူ့ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ခြေသံတွေ တဖြည်းဖြည်းနီးလာပြီ။ လှည့်ကြည့်လိုက်တော့ ဘယ်ကနေ စုမိလာသည့် လူအုပ်ကြီးလဲ မသိ။

“ချကွာ ကဲ ကွာ”

“ဖုန်း ဖုန်း”

“ဟေ့ ဟေ့ မလုပ်ကြ နဲ့။ ရဲစခန်းခေါ်သွား”

“သေခါနီးတောင် တရားမရှိတဲ့ကောင်”

ရှုပ်ယှက်ခတ်နေသည့် အသံတွေကြားမှာ သူ့မျက်နှာ တစ်ခုလုံး ဖူးရောင်ကိုင်းနေပြီ။ သူ့ခေါင်းဆီမှ သွေးတွေ ကျလာသည်။

အရှင်ဘုရား တပည့် တော် သူခိုး မဟုတ်ပါဘူး ဘုရား။ တပည့်တော် ငရဲကိုလည်း ယုံကြည်ပါသည် ဘုရား။ တပည့်တော်ရဲ့ မြေးမလေး အသံကို ကြားယောင် မိချိန်မှာ ခုလိုမျိုး ဖြစ်နေပြီး သွားပါပြီဘုရား။

သူ့စိတ်ထဲက ဘုရားကိုပဲ အာရုံပြုနေမိသည်။ ခြေထောက်က ဖိနပ်ကလည်း ဘယ်ရောက်သွားမှန်း မသိ တော့။ နွေနေပူသည် သူ့တစ်ကိုယ်လုံးကို လောင်မြိုက် နေပြီ။ အမြင်အာရုံတွေ မှုန်ဝါးလာပြီး ခြေလှမ်း မဟန်တော့။ အုန်းခနဲ တစ်ချက်ကြား အပြီးမှာ အားလုံး မှောင်အတိ ကျသွားသည်။ သူ့ခါးပုံစလေးကိုတော့ တင်းကျပ်စွာ ဆုပ်ထားဆဲ။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

“လှမောင် မင်းဆန်အိတ်သွားပို့တာ ကြာလှချည်လား”

“ဟာ ကြာဆို ဆရာရယ်၊ ဆွမ်းကြီး လောင်းပွဲနဲ့ တိုးနေလို့ ၀င်လောင်းခဲ့ရသေးတယ်”

“ဟေ့ကောင် ဒီအချိန်ကြီး ဘယ်က ဆွမ်းခံကြရမှာလဲ။ မင်းငါ့ကို လာမပတ်နဲ့၊ ဟိုဆိုင်ဝင်နေတာ မဟုတ်လား”

“မဟုတ်ပါဘူး ဆရာရယ်။ ဆရာက တယ်ပိန်းတာကိုး။ သူခိုး ဆရာရယ် သူခိုး။

အတင့်ရဲလိုက်တာ ဆရာရေ။ ဈေးထောင့်က ဆန်ဆိုင်မှာ နေ့ခင်း ကြောင်တောင်ကြီး ၀င်ခိုးတာ။ တစ်ဈေးလုံး ၀ိုင်းလိုက်တာ၊ ကျွန်တော်လည်း တစ်ချက်နှစ်ချက် ၀င်အုပ်ခဲ့ သေးတယ်”

“ဘယ်လောက်တောင် ပါသွားသတဲ့လဲ”

“၄ လုံးတဲ့ ဆရာ”

ရေးသူ (အမည်မသိ)

လူငယ်တွေ..ဘာ့ကြောင့် NGO မှာ လုပ်ဖို့စိတ်ဝင်စားလဲ (DVB-အင်တာဗျူး)


7/5/10

ပြည်ပမီဒီယာ၊ ပြည်ပအဖွဲ့အစည်း၊ ပြည်ပနိုင်ငံရေး နှင့် ပြည်ပ ဘလော့ဂ်ဂါ

အဝေးကနေမြင်ရသည့်အမြင်ဖြစ်ပါကြောင်း ကြိုတင်ပြောပါရစေ။ အသေးစိတ်တော့ စာရေးသူ မသိပါ။ နိုင်ငံရေးကို စိတ်ဝင်စားသည့်လူငယ်တစ်ယောက်၊ တော်လှန်ရေးကိုစိတ်ဝင်စားသည့်လူငယ်တစ်ယောက်အနေဖြင့် မိမိအမြင်ကိုရေးခြင်းဖြစ်ပါသည်။ အထူးသဖြင့် မိမိအယူအဆ၊ အတွေးအမြင်များအား ရေးပါသည်။ မည်သည့်အဖွဲ့အစည်း၊ တစ်ဦးချင်းအား ထိခိုက်ခြင်း၊ မြှောက်ပင့်ပေးခြင်း ဆန္ဒမရှိပါ။

ပြည်ပမီဒီယာ

ပြည်ပ မီဒီယာတွင် အမျိုးမျိုးရှိသည်။ လေလှိုင်း၊ အင်တာနက်မီဒီယာ၊ Printed Media ဟုခေါ်သော စာစောင်၊ ဂျာနယ်များ နှင့် ရုပ်မြင်သံကြားအစီစဉ် ရှိသည်။ RFA BBC DVB VOA တို့သည်လေလှိုင်းဖြစ်သည်။ ခေတ်ပြိုင်၊ Irrawaddy၊ Mizzima စသည့်တို့သည် အလုပ်အမျိုးမျိုးလုပ်သော မီဒီယာများဖြစ်သည်။ ထိုသူတို့သည် အကုန်လုပ်သည်။ TV၊ အင်တာနက်၊ ဂျာနယ် အများအပြားလုပ်သည်။ အထူးသဖြင့် Internet အပေါ်အခြေခံသော မီဒီယာကို ပိုမိုအာရုံစိုက်သည်။ ဒါ့အပြင် အခြားသော တိုင်းရင်းသားများတည်ထောင်ထားသော မီဒီယာများလည်းရှိသည်။ အားလုံးနီးပါး Internet ကိစ္စကို ပိုမိုအာရုံစိုက်သည်။ အင်တာနက်သည် အခြားသော မီဒီယာများထက်ထိရောက်သောကြောင့်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ လူများအချိန်မရွေးဖက်နိုင်သည့် အားသာချက်ရှိသည်။

မီဒီယာတွေ ဘယ်လိုရပ်တည်ကြလဲ။

ပြည်ပအဖွဲ့အစည်းများ၊ မီဒီယာများသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များ၏ အလှူငွေများအပေါ်တွင် မှီခိုနေရပါသည်။ အထူးသဖြင့် အမေရိကန်ပိုင်ဖြစ်သော National Endowment for Democracy (NED) မှ အလှူငွေအများစုပေးသည်။ Open Society ခေါ် OSI မှလည်း အတော်များများထောက်ပံ့ပေးသည်။ ယခုအလှူငွေများသည် အမေရိကန်ပြည်သူများ(တနည်း) Tax payer များမှရရှိသည့်ငွေများဖြစ်ပါတယ်။ အကယ်၍သာ ယခုအလှူငွေများအား ဖြတ်တောက်ခံရပါက ပြည်ပအခြေစိုက် မီဒီယာများ၊ အဖွဲ့အစည်းများ မည်သို့ဖြစ်လာနိုင်ပါသလဲ။ အနည်းဆုံးတော့ အထည်ကြီးပျက် ဖြစ်သလိုမျိုးဖြစ်ပါလိမ့်မယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်တော့မည်။ အဘယ့်ကြောင့်ဆိုသော သူများအားကိုပြီး ရပ်တည်နေသောကြောင့်ဖြစ်သည်။

ဘလော့ဂ်များ


နိုင်ယှဉ်ချက်အနေဖြင့် မိမိခြေထောက်ပေါ်ရပ်တည်ပြီး ၀ါသနာအရလုပ်သော မီဒီယာအသေးစား (ဘလော့ဂ်ဂါ)များသည် ရေရှည်ရပ်တည်နိုင်ပြီးအောင်မြင်သူများဖြစ်လာနိုင်ပါသည်။ မိမိအမြင်၊ အယူအဆ များအား ရှင်းရှင်းလင်းလင်း တင်ပြနိုင်သည်။ သူများအပေါ်မှီခိုမှု ကင်းသောကြောင့် မည်သည့်မျက်နှာမှ ငဲ့ညာရန်မလို၊ အားကိုးရန်မလိုပဲ အလုပ်လုပ်နိုင်သည်။ အုပ်စုနှင့် ၀ိုင်းကိုက်သည့်ခွေးလိုလည်း သူတို့မလုပ်။

အောင်မြင်သည့်ဘလော့ဂ်ဂါများ အများအပြားရှိသည်။ ထိုသူများထဲမှ တဦးဖော်ပြရသော် ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်သည် အတော်အောင်မြင်သောဘလော့ဂ်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ အဖတ်များသည့် ဘလော့ဂ်ဖြစ်သည်။ ဒေါက်တာလွဏ်းဆွေဘလော့ဂ်သည် NED OSI မှ အလှူငွေအပေါ်ရပ်တည်ခြင်းမဟုတ်။ ၀ါသနာဖြင့်အရင်းတည်၍ လုပ်ထားခြင်းဖြစ်သည်။ အချိန်အကုန်ခံရသည်။ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ်ရေး၍ ဧရာဝတီ၊ Mizzima၊ ခေတ်ပြိုင် သို့ပို့လျှင် ငွေရသည်။ ဘလော့ဂ်မှာတင်လျှင် ငွေရသည်မဟုတ်။ ပီတိကိုစားပြီး အောင်မြင်နေသောဘလော့ဂ်ဖြစ်သည်။ အကျိုးစီးပွားအပေါ်အခြေခံသော အခြားမီဒီယာများထက် တန်ဖိုးရှိသည်။ လူအများအသိအမှတ်ပြုခံရသည်။ ဒေါက်တာလွဏ်းဆွေဘလောဂ်အပြင်၊ ညီလင်းဆက်၊ ကိုမိုးသီး၊ နစ်နေမန်းစသည့်အောင်မြင်နေသော ဘလောဂ့်ပိုင်ရှင်များသည် NED OSI စသည်တို့မှလစာမရ၊ ပင်စင်မရှိသော်လည်း လူအများမှ အလုပ်လုပ်သည့်ဘလော့ဂ်များဖြစ်ကြောင်း အသိအမှတ်ပြုသည်။

ရေစိမ်ခံသော ဘလော့ဂ်ပိုင်ရှင်များ


NGO မှ ငွေရရှိနေသော မီဒီယာများနှင့် ဘလော့ဂ်ပိုင်ရှင်များယှဉ်လျှင် ဆီနှင့်ရေလိုကွာခြားသည်။ သူများအားမကိုးသော ဘလော့ဂ်တခုသည် ရေရှည်ခံသည်။ သူများနှာခေါင်းနှင့်အသက်ရှုသော မီဒီယာကြီးများသည် ရေရှည်မခံ။ တချိန်ချိန်ငွေမရလျှင် ပျက်စီးမည်ဖြစ်သည်။ ယနေ့ခေတ်ရေစိမ်ခံသော ဘလော့ဂ်များကြောင့် မကြားဘူး၊ မတွေ့ဘူး၊ မမြင်ဘူးသော သတင်းများ၊ စာများဖတ်ရှု့ နေရသည်။ တန်ဖိုးကြီးလေစွ။

မိမိအမျိုးကိုလိုင်းတင်သည့်မီဒီယာများ

ဘီဘီစီအပါအ၀င် သတင်းဌာနများသည် မိမိနီးစပ်ရာသူငယ်ချင်း၊ အမျိုး၊ မိမိဆရာသမား၊ တပည့်သားသမီးများအား လိုင်း,တင်ပေးသည့်အလေ့အထရှိသည်။ အလုပ်ပေးသည့် အလေ့အထရှိသည်။ ဥပမာ... ဘီဘီစီမှ မောင်နီသည်၊ မိမိသူငယ်ချင်းမောင်ဖြူအား အင်တာဗျူးလုပ်သည်။ Mizzima မှ မောင်ဝါသည်၊ ညီတော်မောင် မောင်ပြာအား ရာထူးကြီးကြီးပေးသည်။ RFA မှ မောင်ဝါသည် မိမိအမျိုးမောင်လှအား မြှောက်ပင့်ပေးသည်။ စသဖြင့်...အမျိုးမျိုးရှိသည်။ ထိုအခြေအနေများသည် ဘက်မလိုက်သည့်အခြေအနေမျိုးဖြစ်ပါသလား။ မဖြစ်ပါ။ အကျိုးစီးပွားအပေါ်အခြေခံသည့် မီဒီယာများဖြစ်ကြောင်းကောက်ချက်ဆွဲသည်။ ဧရာဝတီမှ မောင်ဦးသည် ဒိုနာဆီမှ ငွေများများရရန် OSI၊NED နှင့်နီးစပ်သည့် မောင်အာ, အားဖားရသည်။ ဟိုအဖွဲ၊၊ ဒီအဖွဲ့နှင့်ပေါင်းရသည်။ နိုင်ငံရေးအဖွဲ့အစည်းများသည် မီဒီယာများမှ မိမိအဖွဲ့အစည်းအား လူသိစေရန် မီဒီယာဆရာကြီးများအား တောအရက်ကောင်းကောင်းနှင့် မစရသည်။ မီဒီယာကြီးများသည် နိုင်ငံရေးအဖွဲ့အစည်းများမှ ထောက်ခံမှု ရရှိစေရန် လေလှိုင်းမှ မြှောက်ပင့်ပေးရသည်။ ထိုကဲ့သို ရှုပ်ထွေးလှသည့် အခြေအနေအောက်တွင် မီဒီယာသမားများသည် ဘလော့ဂ်ဂါများလို သတင်းအမှန်၊ အယူအဆ၊ အတွေးအမြင်များအား ဘက်လိုက်မှုမရှိ ဖော်ပြန်ရန် မည်သို့မှမဖြစ်နိုင်ပါ။

သနားစရာကောင်းသည့် မီဒီယာပိုင်ရှင်များ

တတိယနိုင်ငံများတွင်ရောက်ရှိနေသော ပြည်သူများ၊ နိုင်ငံရေးသမားများသည် ပြည်ပအခြေစိုက် မီဒီယာသမားများအပေါ်အထင်ကြီးစိတ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုင်းအခြေစိုက်၊ အိန္ဒိယအခြေစိုက် သတင်းဌာနများသည် အချောင်ရသည့် ငွေ, များအပေါ်သာယာနေသည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်သည်။ မီဒီယာတခုသည် အထောက်အပံ့ကင်းကင်းနှင့် မိမိခြေထောက်ပေါ်ရပ်တည်နိုင်ရမည်။ဥပမာ...ကြော်ငြာဝင်ငွေအပေါ်ရပ်တည်သည့်သတင်းဌာနများ၊ ရောင်းအားအပေါ်အမှီပြုသည့် သတင်းဌာနများဖြစ်စေချင်သည်။ အထူးသဖြင့် အမြတ်ငွေအပေါ်အခြေခံသည့် မီဒီယာမျိုးဖြစ်ရမည်။ သို့မှသာ သတင်း၊ ဆောင်းပါး၊ စသည်များသည် အရည်အသွေးကောင်းကောင်းပေါ်ထွန်းပေလိမ့်မည်။ ယခု..လက်ရှိ ပြည်ပမီဒီယာများသည် ဒီလိုမဟုတ်။ အလကားရသည့် ငွေ, ဖြင့်လည်ပတ်နေသောကြောင့် ရေသာခိုအချောင်လိုက်သည့်၊ အချောင်စားရသည့် မီဒီယာသမားမျိုးဖြစ်နေသည်။ ဧရာဝတီ၊ ခေတ်ပြိုင်၊ Mizzima စသည့် ထိုင်းအခြေစိုက် သတင်းဌာနများသည် အနူတောက လူချောလုပ်သည့် အဆင့်မျိုးဖြစ်နေသည်။ ရောင်းအားအပေါ်အခြေမခံ၊ တောင်းအားအပေါ်အခြေခံသောကြောင့် မြန်မာပြည်သူများရဲ့ အထင်ကြီးလေးစားမှု ကင်းမဲ့သည်မှာ ပြောစရာမလို။ ဥပမာ..ဒီကောင်တွေ သတင်းရောင်းစားမှာပါကွာ...။ ဒီကောင်တွေလုပ်စားတွေပါကွာ..စသဖြင့်..ထိုကဲ့သို့စကားများအား စာရေးသူမကြခဏ ပြည်သူကြားမှကြားရသည်။ ယခုအခြေအနေသည် ကောင်းသည့်အလားအလာမဟုတ်ပါ။ အယုံအကြည်ကင်းမဲ့သည့်စကားဖြစ်သည်။

ပြည်ပမီဒီယာများတန်ဖိုး...


ပြည်ပမီဒီယာကြောင့် မျက်စိပိတ်၊ နားပိတ်၊ ဖြစ်နေသည့် ပြည်သူများ မကြားဘူး၊ မမြင်ဘူး၊ မတွေ့ဘူးသည့် သတင်းများကြားရသည်။ တန်ဖိုးရှိလှပါသည်။ ပြည်ပမီဒီယာကြောင့် မြန်မာ့ဒီမိုကရေစီအရေးသည် တစုံတရာပြောရေးဆိုခွင့်ရှိနေပါသည်။ ပြည်ပ မီဒီယာရဲ့ တန်ဖိုး ကြီးမားကြောင်းရေးမည်ဆိုလျှင် ပြီးတော့မည်မဟုတ်။ တွေးကြည့်လျှင် သိနိုင်သည်။

အမှီအခိုကင်းသည့် ပြည်ပအဖွဲ့အစည်း၊ ပြည်ပမီဒီယာ ဖြစ်ပါစေ

ယနေ့ခေတ် ပြည်ပအခြစိုက် နိုင်ငံရေးအဖွဲ့အစည်းများ၊ မီဒီယာများသည် အမှီအခိုကင်းနိုင်ရပါမည်။ အမှီအခိုမကင်းလျှင် အရည်အသွေး၊ ယုံကြည်မှု ရရှိနိုင်မည်မဟုတ်။ ရေရှည်ရပ်တည်နိုင်မည်လည်းမဟုတ်ပါ။ ပြည်တွင်းအခြေစိုက် ဂျာနယ်များ၊ မဂဇင်းများသည် အမှီအခိုကင်းသည်။ ရောင်းအား နှင့် ကြော်ငြာအပေါ်အခြေခံ၍ လည်ပတ်သည်။ ထို့ကြောင့် ပိုင်ရှင်များသည် အောင်မြင်ရေး၊ ငွေရရှိရေးအား အထူးအာရုံစိုက်သည်။ ပြည်ပမီဒီယာသည် ဒီလိုမဟုတ်။ ထိုင်း၊ အိန္ဒိယ၊ မလေးရှား စသည့်နိုင်ငံများတွင် မြန်မာလူဦးရေ သန်းနဲ့ချီရှိသည်။ စီးပွားရေးလုပ်ငန်းများရှိသည်။ ထိုသူတို့ရဲ့ ဝယ်အားအပေါ်အခြေခံ၍ သတ္တိရှိရှိ လုပ်သည့် ပြည်ပမီဒီယာ ဖြစ်ဖို့ကောင်းသည်။ ဧရာဝတီ၊ Mizzima စသည့် သတင်းဌာနများအနေဖြင့် ထိုကဲ့သို့ဖြစ်သင့်သည်။ သို့သော်...ပြည်ပ မီဒီယာများသည် ရောင်းစားသော မီဒီယာမဟုတ်၊ တောင်းစားသော မီဒီယာအဆင့်အတန်းဖြင့် ရပ်နေသည်။ မိမိ စိတ်ဓာတ်ကို မိမိမှ ဖျက်စီးနေသည်နှင့်တူပေတော့သည်။ အကျိုးအမြတ်အပေါ်အခြေမခံသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်မီဒီယာမရှိပါ။ လုပ်ခ၊ လစာသည် အကျိုးအမြတ်ဖြစ်သည်။ အကျိုးအမြတ်ကိုအခြေမခံသည့်မီဒီယာသစ်ရှိသည်။ ထိုမီဒီယာသည် ဘလော့ဂ်များသည်ဖြစ်ကြောင်း နိဂုံးချုပ်ပါသည်။

7/4/10

ငါ, မပြောဘူးလား

ရွေးကောက်ပွဲ လုပ်မယ်ကြားတော့...ရတဲ့အပေါက်ကနေ၀င်ဖို့ကျိုးစားတယ်။ စစ်အစိုးရက တကယ်လုပ်ပေးမယ်ထင်နေလားမသိဘူး။ အခုတော့ ကျနော်တို့ ၀င်တာမှားပါပြီလို့မပြောယုံတမယ်ပဲ။ ဒါတောင်ရွေးကောက်ပွဲမစသေးဘူး။ ဒီအကြောင်းရေးအုံးမယ်။

7/2/10

မြန်မာပြည်ရဲ့  Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့။

Ecosystem ဆိုတာက ဗမာလို ဂေဟစနစ်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဂဟေဆော်သလိုမျိုး တခုနဲ့တခုကိုချိတ်ဆက်ပေးတဲ့စနစ်ပဲ။ ဥပမာ- အင်းလေကန် ရေခမ်းတယ်။ ရေခမ်းတော့ အင်းလေးကန်ကို အမှီပြုနေတဲ့ လူ၊ ငါး၊ ငှက် တွေဒုက္ခရောက်ရတယ်။ ဒီသုံးမျိုးစလုံးက အင်းလေးကန်ရဲ့ သဘာဝကိုအမှီပြုပြီးနေရတယ်။ ရေခမ်းတော့ ငါးသေတယ်။ အပင်သေတယ်။ ငါးလည်မရှိ၊ အပင်လည်းမရှိ၊ ရေလည်းမရှိဆိုတော့ လူလည်းစားစရာပြတ်၊ ငှက်လည်းနားစရာပြတ်ကုန်တယ်။ ဒီလိုမျိုးတခုနဲ့တခုချိတ်ဆက်နေတာက Ecosystem (ဂေဟစနစ်) ပဲ။ ဂေဟစနစ်မှာ ရေ၊ နေ၊ လေ၊ မြေ၊ လူ၊ Animal တွေအားလုံးအကျုံးဝင်တယ်။ ဒါက ကျနော်နားလည်တဲ့ ဂေဟစနစ်။

ဘာ့ကြောင့်ရေခမ်းတာလည်းဆိုတော့ အင်းလေကန်ရဲ့ ဘေးပတ်ဝန်းကျင်က Ecosystem တခုလုံးပျက်စီးနေလို့ပဲ။

မြန်မာပြည်တခုလုံးရဲ့ ဂေဟစနစ်လည်းပျက်စီးနေပြီ။ ဒါ့ကြောင့် ရေမရှိတာ၊ မိုးအရမ်းရွာတာ၊ နေပူတာ၊ ရေကြီးတာတွေဖြစ်လာနေတယ်။ ဒါက လူတိုင်းနားလည်တဲ့ သီအိုရီပဲ။

မြန်မာ့နိုင်ငံရဲ ပတ်ဝန်းကျင် နိုင်ငံတွေကိုကြည့်။ လူဦးရေအများဆုံးတရုတ်၊ ကုလားတွေရှိတယ်။ ဒီနိုင်ငံနှစ်ခုရဲ့  Ecosystem ကိုကြည့်။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အများဆုံးနိုင်ငံ။ ကမ္ဘာပေါ်က စက်ရုံတွေအများစုဟာ တရုတ်ပြည်မှာသွားပြီး Made In China လုပ်ကုန်ပြီ။ အလုပ်သမားဈေးပေါလို့။ စက်ရုံတွေသွားတော့ဘာဖြစ်လဲ။ စက်ရုံနဲ့အတူ အမိုက်၊ အညစ်အကြေး၊ အဆိပ်ငွေ့တွေပါသွားတယ်။ ဒါတွေက တရုတ်လူဦးရေ သန်းတစ်ထောင်ကနေ သန်းတစ်ရာဖြစ်သွားနိုင်တဲ့ အခြေအနေ။

ကုလားပြည်ကိုလည်းကြည့်အုံး။ တရုတ်လိုပဲ။ နေရာတိုင်း ချီးပုံတွေရှိတယ်။ ဗမာတွေလိုပဲ ကုလားတွေလည်း ညစ်ပက်တယ်။ ကုလားပြည်ရဲ့ သဘာဝ ပတ်ဝန်းကျင်လည်း ကမ္ဘာပေါ်က အဆိုးဆုံးနိုင်ငံတွေထဲမှာပါတယ်။ လူဦးရေထူထပ်တယ်။ ကျေးလက်မှာအရမ်းဆင်းရဲတယ်။ အရမ်းဆင်းရဲသောပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ဖို့ဆိုတာက သူတို့အတွက် တနေ့စာထင်းတစ်စီးရဖို့လောက်တောင် အရေးမကြီးဘူး။

ဒီနိုင်ငံနှစ်ခုရဲ့  Ecosystem မှားယွင်းနေတယ်။ ညစ်ညမ်းမှုတွေရှိနေတယ်။ လေထု၊ ရေထု၊ ညစ်ညမ်းမှုတွေဖြစ်နေတယ်။ ညစ်ညမ်းမှု Pollution တွေက အငြိမ်မနေဘူး။ လျှောက်ဒိုးနေတာ။ လေထုကနေ လေတိုက်ရင်ဗမာပြည်ထဲကို ရောက်သွားနိုင်တယ်။ မြေအောက်ရေ၊ မြေပေါ်ရေကလည်း တဖြည်းဖြည်းရွှေ့ နေတာ ကြပ်ပြေး, အထိမရောက်ဘူးလို့ ပြောနိုင်လား။ ဗိုလ်ချုပ်တွေ Arsenate လို့  ခေါ်တယ် မြေအောက်အဆိပ်ရေသောက်ပြီး သေသွားနိုင်တယ်။ မြေအောက်အဆိပ်ရေနဲ့ပက်သက်လို့ ရိုဟင်ဂျာနိုင်ငံ (ဘင်္ဂလားဒေ့ရှ်) ကိုကြည့်။ အရမ်းပေါတယ်။ ကုလားတွေ ရေဆိပ်မိလို့သေကုန်တာ နည်းတာမဟုတ်ဘူး။

ဒီ Pollution တွေဘာ့ကြောင့်ဖြစ်လာလဲဆိုတော့ လူတွေစောက်သုံးမကျလို့ဖြစ်လာတာလို့ပြောရမှာပဲ။ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်ရမယ်။ ဥပမာ -စက်ရုံကိုမပြောနဲ့အုံး။ ကားတွေကို ဓာတ်ဆီဖြည့်တဲ့ ဓာတ်ဆီဆိုင်ရဲ့ အညစ်အကြေး။ ဓာတ်ဆီသိုလှောင်ကန်ကနေ တဖြည်းဖြည်း စိမ့်ထွက်ပြီးမြေကြီးထဲကိုရောက်မယ်။ မြေကြီးထဲကနေ မြေအောက်ရေရှိတဲ့နေရာအထိရောက်မယ်။ မြေအောက်ရေထဲရောက်သွားပြီပဲထား။ ဓာတ်ဆီဆိုင်ရဲ့ ဘေးနားက အိမ်မှာ အ၀ီစိတွင်းရှိရင်တော့ သေဖို့သာပြင်တော့။ ဒါက မြေအောက်ရေညစ်ညမ်းမှု။ ဒီဟာတွေဟာ ချက်ချင်းဖြစ်မလာသလို၊ ချက်ချင်းလည်း ပျောက်သွားတာမဟုတ်ဘူး။ အနည်းဆုံး ၁၀- နှစ်လောက်ကြာတယ်။

အထက်က ဥပမာက နိုင်ငံတိုင်းမှာရှိတယ်။ ကျနော်စိုးရိမ်တဲ့ တရုတ်နဲ့ ကုလားပြည်က အညစ်အကြေးတွေဟာ မကြာခင် ဗမာပြည်ကိုကူးလာတော့မယ်။ ဗမာပြည်ဟာ စက်ရုံအလုပ်ရုံအညစ်အကြေးတင်ရတာမဟုတ်ဘူး။ လူ,အညစ်အကျေးပါ တရုတ်ပြည်ကနေရနေတယ်။ ဥပမာ - မန္တလေးကိုကြည့်။ ယူနန် II ဖြစ်တော့မယ်။ ဗမာနိုင်ငံဟာ မိမိရဲ့  Ecosystem ကို မထိန်းရင် နောင်နှစ်ပေါင်း သုံးရာလောက်ဆိုရင် ဗမာပြည်၊ ဗမာလူမျိုးရှိတော့မှမဟုတ်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ် / ကုလားရဲ့ အညစ်အကျေးတွေ (Pollution) မိကုန်လို့ပဲ။

Ecosystem ပျက်စီးအောင်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးက Irreversible မဖြစ်ဘို့အရေးကြီးတယ်။ ဥပမာ - သစ်ပင်ခုတ်လိုက်ရင် သစ်ပင်ဟာ ၁၀ - နှစ်အတွင်းအရွယ်ရောက်နိုင်တယ်။ မြေကြီးအောက်က ရေနံတွေ၊ Gas တွေအကုန်လုံးကို တရုတ်နဲ့ထိုင်းကိုရောင်းစားလိုက်တဲ့အခါ ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက သစ်ပင်စိုက်သလို ၁၀ - နှစ်အတွင်းပြန်ပြီး ပြည့်လာတာမဟုတ်ဘူး။ ဒါကို Irreversible လို့ခေါ်တယ်...ငတုံးသန်းရွှေရဲ့ ၊ ငအ သိန်းစိန်ရဲ့ ။ ရောင်းစားဖို့လောက်ပဲ စိတ်မကူးနဲ့။ ဗမာပြည်ရဲ့  Ecological footprints ဘယ်လောက်ရှိလဲဆိုတာကိုလည်း လေ့လာအုံး။

ဗမာပြည်ရဲ့  Ecosystem နဲ့ ပက်သက်ပြီး အခုလောလောဆယ်ဘာလုပ်ရမလဲ။ အဖြေကတော့ ကျနော်တို့ပြန်လည်မွေးမြူရတော့မယ်။ ရေခမ်းသွားလို့ဆိုပြီး NLD လိုကောက်ခါငင်ကာ အပင်ထစိုက်သလိုမျိုးမရဘူး။ အပင်ကလည်း တစ်ရက်အတွင်း ၀ုန်းကနဲ့ထပြီး ကြီးသွားတာမဟုတ်ဘူး။  Long Term Plan ရှိရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဥပဒေတွေကို ထုတ်ရတော့မယ်။ ဒါတွေ စနစ်တကျ ဗမာပြည်မှာမရှိဘူး။ ရှိတဲ့ ဥပဒေတွေကလည်း ကဘောက်တိကဘောက်ချာနဲ့။ ဥပဒေရှိပြီး မလိုက်နာရင်လည်း အလကားပဲ။ နောက်ပြီး Instituation တွေရှိရမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Research ဌာနတွေရှိရမယ်။ Enviromental Impact Assessement တွေကို အစိုးရက စနစ်တကျအကောင်အထည်ဖော်ရမယ်။ အာ...ဒါတွေပြောရင်ပြီးမှာမဟုတ်တော့ဘူး။ ကျနော်ပြောရင် သန်းရွှေအစိုးရ နားလည်မှာ မဟုတ်ဘူး။ အသေးစိတ်သိချင်ရင် ကျနော့်အိမ်လာခဲ့လို့ပဲ ပြောရတော့မယ်။ ထားပါတော့။

ဆိုတော့ ဗမာပြည်ရဲ့ သဘာပတ်ဝန်းကျင်ပျက်စီးနေပြီလို့ လူတိုင်းနားလည်ထားတယ်။ အိုကေ...ရတယ်....ထိုင်းလိုပြောရင် မိန့်ပလိုင်(ပြဿနာမရှိဘူး)။ ပျက်နေပြီးဆိုတော့ပြင်ရတော့မယ်။ ဘယ်လိုပြင်ရင်ကောင်းမလဲ။ ဒီနေရာမှာ ဥပမာတခုရှင်းပြမယ်။ အမေရိကန်နိုင်ငံက ဥပမာ။

" ဒီဖြစ်ရပ်က Air pollution လို့ခေါ်တဲ့ လေထုညစ်ညမ်းမှု နဲ့ဆိုင်တယ်။ အမေရိကန်နိုင်ငံမှာ Chattanooa လို့ခေါ်တဲ့မြို့ ရှိတယ်။ ၁၉၆၀ မှာ ဒီကိစ္စဖြစ်ခဲ့တယ်။ အဲဒိမြို့ ရဲ့ လေထုညစ်ညစ်မှုဟာ အမေရိကန်မှာ အဆိုးဆုံးပဲ။ သံရည်ကျိုစက်ရုံတွေက ထွက်တဲ့အငွေ့တွေကြောင့် Chattanooa မြို့ ဟာ နေ့ခင်းကြောင်တောင်မှာတောင် ကားမောင်းရင် မီးထိုးပြီးမောင်းရတယ်။ မိုးခိုးငွေ့တွေဟာ တမြို့ လုံးကို မှောင်နေတာပဲ။ ဒါ့ကြောင့် မြို့ လူထုဟာ တခြားမြို့ တွေကိုလစ်ပြေးကုန်ကြတယ်။

၁၉၈၄-ခုနှစ်မှာ လူထုခေါင်းဆောင်တွေ ဒီကိစ္စအတွက် အစည်းအဝေးခေါ်ပြီး၊ လူထုနဲ့တိုင်ပင်တယ်။ အားလုံးသဘောတူမှု Consensus တစ်ခုရတယ်။ ဒါကတော့ ဒီမြို့ ကို သန့်ရှင်းအောင်လုပ်ဖို့။

၁၀-နှစ်ကြာပြီး ၁၉၉၅-ခုနှစ်မှာ Chattanooa မြို့ ဟာ တော်တော်သန့်ရှင်းလာတယ်။ စက်ရုံကထွက်တဲ့မီးခိုးငွေ့တွေကို သုံးညအဆင့်ထိလျှော့ချနိုင်တယ်။ ဒီဇယ်နဲ့မောင်းတဲ့ ဘက်စ်ကားတွေ၊ ရထားတွေအစား၊ လျှပ်စစ်နဲ့မောင်းတဲ့ ရထားတွေ၊ ကားတွေကို အစားထိုးသုံးလာတယ်။ Recycling အစီအစဉ်တွေအကောင်အထည်ဖော်တယ်။ ၃၅ ကီလိုမီတာလောက်ရှည်တဲ့ ပန်းခြံတခုကိုတည်ဆောက်တယ်။ အဲဒိပန်းခြံမှာ အပင်တွေ၊ ပန်းတွေစိုက်တယ်။ နောက်ပိုင်းမြို့ က တော်တော်စိုပြည်လာတယ်။ ကျန်းမာရေးနဲ့ညီညွတ်လာတယ်။ မြို့ ကနေ လစ်ပြေးပြီး၊ တခြားမြို့ မှာ သွားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူထုတွေပြန်လာကြတယ်။ နောက်ဆုံး အခြားမြို့ ကလူတွေဟာ တစ်နှစ်ကို လူတစ်သန်းလောက်အထိ Chattanooa မြို့ ပန်းခြံကိုလာပြီးတောင် အပန်းဖြေရတဲ့အဆင့်ဖြစ်တဲ့အထိအောင်မြင်လာတယ်"

ဒီဖြစ်ရပ်က အတုယူစရာဖြစ်ရပ်ပါ။ ဖြုတ်, အုံးနှောက်နဲ့စစ်အစိုးရကိုပြောမယ်။
သူများနိုင်ငံတွေရဲ့ ကောင်းတဲ့ လုပ်ရပ်ကိုအတုမခိုးချင်ရင် လုပ်စရာတခုပဲရှိတော့တယ်။ ဗမာပြည်ကို FOR SALE ကပ်လိုက်တော့။ အားလုံးမကုန်သေးခင် အချိန်မှီသေးတယ်။

မှီငြမ်း....Miller ရဲ့ Living in the Enviroment ကိုမှီငြမ်းထားသည်။

6/30/10

Sanctions force exit of Burmese general's daughter

I really appreciate this decision.

LIKE many overseas students, Zin Mon Aye hoped to parlay her accounting degree into permanent residency.

But her days in Australia were numbered once officials from the Department of Foreign Affairs and Trade learned she was on campus at the University of Western Sydney.

Ms Aye, 25, is the daughter of Brigadier-General Zin Yaw, a senior figure in the Burmese dictatorship.

Australia is a party to sanctions supposed to put pressure on the regime by targeting its leaders and their families.

Foreign Minister Stephen Smith decided in 2008 that allowing Ms Aye to stay in the country would be at odds with Australia's international policy on Burma.

She is expected to return to Burma within days, having fought Mr Smith all the way to the full bench of the Federal Court, and lost.

"Sadly, she's being punished for something of which she is innocent," said her lawyer, Tony Silva.

According to the court decision this month, Ms Aye said "she was estranged from her parents because of her father's association with the brutal Burmese military dictatorship".

She said she did not depend on her parents financially and had a full-time job waiting once she finished her masters at UWS.

Her argument was that Australia's sanctions should not penalise "adult children of senior Burmese regime figures, who are not supporters of the regime".

The three judges who heard her appeal agreed it must fail, although they split 2-1 on the degree to which she could challenge Mr Smith's essentially political decision in the courts.

One judge, Bruce Lander, said Mr Smith's decision directly affected her right to stay in Australia.

This meant he should have given her procedural fairness by allowing her to say whether or not she was in fact Brigadier-General Zin Yaw's daughter. But since her identity was not in question, her appeal had to fail.

The other two judges, Jeffrey Spender and Neil McKerracher, took a more absolute position on the separation of powers issue.

They said Ms Aye was inviting the courts to second-guess Mr Smith's sanctions policy. This they could not do.

ဗိုလ်မှုးချုပ်ဇင်ယော်ရဲ့ သမီး သြစတျေးလျနိုင်ငံမှ မောင်းထုတ်ခံ(နစ်နေမန်း)

Wednesday, June 30, 2010

နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးအား သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  တရားရုံးချူပ်မှ ဆုံးဖြတ်။

သြစတြေလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့  ဆဒ်ဒနီမြို့  အနောက်ဆစ်ဒနီတက္ကသိုလ် (University of Western Sydney) မှာ ပညာလာရောက်သင်ကြားနေတဲ့ နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးဖြစ်သူ ဇင်မွန်အေးကို သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  သြစတြေလျနိုင်ငံ တရားရုံးချူပ်ကနေ ဆုံးဖြတ်လိုက်ပါတယ်။

အသက် (၂၅) နှစ်အရွယ် ဇင်မွန်အေးဟာ ဒီလို သြစတြေလျတက္ကသိုလ်မှာ ကျောင်းတက်ပြီးရင် သြစတြေလျနိုင်ငံမှာ နေထိုင်ဖို့  ရည်ရွယ်ချက်ရှိကြောင်း၊ ဘာသာရပ်အထူးပြု (Master) ဘာသာတစ်ခုကို သင်ကြားနေဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို သြစတြေလျနိုင်ငံကနေ ထွက်ခွာခိုင်းခြင်းမှာ သြစတြေလျနိုင်ငံက ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားတဲ့ နအဖအာဏာရူးများရဲ့ မိသားစုများ အထူးသဖြင့် နအဖထိပ်ပိုင်းခေါင်းဆောင်များရဲ့  မိသားစုအဖွဲ့ ဝင်များအား သြစတြေလျနိုင်ငံသို့  လာရောက်ခြင်း မပြုရန် (visa ban) တားမြစ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

ဇင်မွန်အေးဟာ ၂၀၀၈ ခုနှစ်ကတည်းက သြစတြေလျနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ သြစတြေလျနိုင်ငံကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သြစတြေလျနိုင်ငံ ဗဟိုတရားရုံးကနေ အမိန့် ချ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(သတင်းပေးပို့ လာသူ ကိုသောမတ်စိုးအား ကျေးဇူးတင်ရှိပါတယ်)။
 

ထိုင်း-မြန်မာနယ်စပ်မှ မြင်ကွင်း ...............ကိုထူးချစ် (GHRE)

Photo by Ko Htoo Chit
Internatinal Human Rights Training (Canada) တွင်တွေ့ရသော ကိုထူးချစ် (GHRE)
ဘယ်(Ms. Gueye, Mme Enelyne Mame Sami သည် Senegal နိုင်ငံ မှ Save the Children ( Sweden) အဖွဲ့မှာဖြစ်သည်)
ညာ(Mr. Senaka Bandara, Director of the Institute for Decentralized Alternative Awareness" Projects department. Sri Lanka က လူ့အခွင့်အရေးရှေ့နေ)

The View from the Thai/Burmese Border: The Problem of Burmese Migrants in Thailand

By Mr. Htoo Chit

24 June 2010, Burmese/Thailand Border. Under Burma’s military dictatorship, the people of Burma have suffered a great deal. Burma’s military dictatorship has ruined the country and the economy. As a result of bad economic planning, many poor Burmese people have fled to neighboring countries to get jobs. Many of the Burmese people end up fleeing into Thailand to seek jobs.

In addition, many Burmese people flee into Thailand because the Burma Army attacks many of its citizens and uses forced labor on many infrastructure projects. The Burma Army is still using forced labor, especially in rural areas where the Burmese military regime, the State Peace and Development Committee (SPDC) have increased the presence of their forces and built military bases. The SPDC army has confiscated many acres of land in order to grow paddy and vegetables for Army’s rations. In areas under SPDC control, even in places where there is no resistance threat, the local people are regularly summoned to do one or more days of forced labor at military camps and farms. Whenever a new battalion moves into an area, the nearby villages are forced to provide most of the building materials such as wood and bamboo for the camps.

As a result of the military attacks and forced labor, thousands of Burmese refugees cross the Thai-Burma border to seek safety and jobs in Thailand. Thailand is a most developed country in the region so many Burmese migrants flee to Thailand for safety and to look for jobs. Most of Burmese migrants face lots of difficulties in Thailand. They face the “3D’s”: Dangerous, Difficult and Dirty work. We estimate that there are 4 million undocumented and documented Burmese migrants working in Thailand in 3D jobs.

My organization is trying to help these refugees. We help them by providing schools, shelter, and working with local authorities to make sure that migrants have their rights. We are trying to make sure that workers and Burmese migrants are not deported. We try to make sure the migrants are treated with respect. We work to ensure that they have healthcare, fair treatment, and understand their rights.

Many of the migrants are not registered in Thailand, which means they suffer abuses from Thai authorities and workers. Common human rights violations facing Burmese migrant workers are labors rights abuse such as uncompensated overtime, low salaries, no life insurance or compensation, sexual harassment and torture. My organization helps migrants apply for temporary passports. Many migrants do not register with the Thai government due to the high cost and fear of reprisals of giving their address in Burma. Some Thai employers also don’t want to allow their Burmese workers to register to avoid any taxes and to prevent any recourse for abuses on their workers.

The situation has recently become more difficult for Burmese migrants in Thailand. On 2 June 2010 the Prime Minister of Thailand, Abhisit Vejjajiva, established the Special Centre to Suppress, Arrest and Prosecute Alien Workers Who Are Working Underground. This support shall be provided in accordance with the systems and regulations of the Fund for Deporting Alien Workers from the Kingdom of Thailand. This order shall be effective immediately. A total of 346 Burmese were arrested between 16 June and 19 June 2010, in Bangkok alone.

This law is unfair and my organization is trying to lobby on behalf of the Burmese migrants to make sure this law does not get used to attack Burmese migrants unfairly.

.

Htoo Chit is the Founder of Foundation for Education and Development in Thailand and a 2008 Ashoka Fellow.

ယခုဆောင်းပါးသည် အမေရိကန်နိုင်ငံမှ နာမည်ကြီး ဘလော့ဂါ Meghan O’Meara ရဲ့  ဘလော့ဂ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးဖြစ်သည်။
http://blog.gale.com/speakingglobally/

...........................................

Is there such a thing as an “illegal” human being? PDF Print E-mail
Wednesday, 30 June 2010 10:04
We ask Thailand to show compassion to humans without documents
By Htoo Chit, Executive Director of the Foundation for Education and Development (FED), formerly Grassroots HRE
temp_passportLife as a migrant isn’t easy for Burmese people in Thailand, but a new law just made it that more difficult.  On June 2nd, 2010 the Prime Minister of Thailand, Abhisit Vejjajiva, established the Special Centre to Suppress, Arrest and Prosecute Alien Workers Who Are Working Underground.
This support shall be provided in accordance with the systems and regulations of the Fund for Deporting Alien Workers from the Kingdom of Thailand. This order shall be effective immediately. A total of 346 Burmese were arrested 16-19 of June, 2010 only in Bangkok. Whether in California, or Thailand or France, the influx of poor migrants seeking a better life causes tension between the majority population and their new neighbors.  It is important to enact fair policies that protect the human rights of all people.  This new law is not a fair way to deal with immigration, particularly in light of the difficult process migrants face in trying to become legal. “Migrants have long experience of mass raids which do not screen migrants’ status. It is highly likely that some migrants holding only appointment cards for nationality verification will also be arrested, together with undocumented migrants, and this will undermine the confidence of all migrants to proceed with regularization.  Furthermore, ordering the arrest of the 300,000 migrants who were eligible to enter into the nationality verification process but did not follow through does not address the shortcomings of the process, it only causes more confusion, distrust and resentment.” Mae Kong Migration Network (MMN) which is regional advocacy group, statement on 22 June, said.
So why aren’t migrants registering?  Many migrants do not register with the Thai government due to high cost and fear of reprisals of giving their address in Burma. Some Thai employers also don't want to allow their Burmese workers to register to avoid any taxes prevent any recourse for abuses on their workers.  Many of the migrants are not registered in Thailand, which means they are vulnerable to exploitation. Common human rights violations facing Burmese migrant workers is labor rights abuse such as uncompensated overtime, low salary, no life insurance or compensation, sexual harassment and torture. In response, we have been mobilizing migrants to apply for temporary passports. Still, many migrants live in fear.  “We understand the legal status would be protected for our rights but are we afraid to practice the national ratification because we don’t trust the government and we are concerned our family to be harassed in Burma.”  Nai Soe, Burmese’ a rubber plantation worker said.
If there is so much abuse in Thailand, who do these people leave Burma? Under Burma’s military dictatorship, the people of Burma have suffered a great deal. The dictatorship has ruined the country and the economy. As a result of bad economic planning, many poor Burmese people have fled to neighboring countries to get jobs. Many of the Burmese people end up fleeing into Thailand to seek jobs.  In addition, many Burmese people flee into Thailand because the Burma Army attacks many of its citizens and uses forced labor on many infrastructure projects. The Burma Army is still using forced labor, especially in rural areas where the Burmese military regime, the State Peace and Development Committee (SPDC), has increased the presence of their forces and built military bases. The SPDC army has confiscated many acres of land in order to grow paddy and vegetables for Army’s rations.  In areas under SPDC control, even in places where there is no resistance threat, the local people are regularly summoned to do one or more days of forced labor at military camps and farms. Whenever a new battalion moves into an area, the nearby villages are forced to provide most of the building materials such as wood and bamboo for the camps.

temp_passport01
As a result of the military attacks and forced labor, thousands of Burmese refugees cross the Thai-Burma border to seek safety and jobs in Thailand. Thailand is one of the most developed country in the region so many Burmese migrants flee to Thailand for safety and to look for jobs. Most Burmese migrants face lots of difficulties in Thailand. They face the “3D’s”: Dangerous, Difficult and Dirty work. We estimate that there are 4 million undocumented and documented Burmese migrants working in Thailand in 3D’s jobs.
“We are working the jobs in Thailand shunned by the Thai workers; we did not steal their jobs. I strongly believe that over 90 % of fishery workers are Burmese. I think that they (Thai workers) don’t want to work as our Burmese fellows because we have to work for long distance with very limited safety and living conditions” Mg Lay said, who is working in the fishing industry for over a decade and is supervisor of the fishing boats.
Some Thais are compassionate to the plight of their neighbors.  “We have chance to eat fresh sea food and export it to others countries because of Burmese migrant workers” said Ms. Kwe, a Thai human rights activist. Thai employers and authorities also admitted that the Thai economy has been growing because of migrant workers and some of them are starting to support fair treatment of Burmese migrant.
So this is where we are left, with a poor oppressed community seeking a better life and contributing to the economy while their host country makes life even more difficult.  Thailand has a long cultural tradition of compassion, so we ask that this new law be rescinded and we look for ways to work peacefully together.

6/29/10

ကွန်ပြူတာဟာသများ


Credit to Ma May

ကြွက်တွေနေရာပြောင်းတာ နိမိတ်ကောင်းလား၊ နိမိတ်ဆိုးလား။

ဒါက ထူးခြားတဲ့နိမိတ်ပဲ။

နိမိတ်မှာ ကောင်းတဲ့နိမိတ်ရှိတယ်။ မကောင်းတဲ့နိမိတ်ရှိတယ်။ ဒီနိမိတ်က ပြည်သူတွေအတွက် ကောင်းတဲ့နိမိတ်၊ နအဖအတွက်တော့ မကောင်းတဲ့နိမိတ်ပဲ။ ဗေဒင်တက်တဲ့ ဘုန်းကြီးတစ်ပါးပြောတာက "ဒါက အစိုးရပျက်ဖို့အတွက် ပြတဲ့နိမိတ်ပဲ။ အချင်းချင်းသတ်ဖြတ်တာတွေဖြစ်လာမယ်"

အာဏာသိမ်းပွဲဖြစ်လေမလားပဲ။

မြန်မာ့ သမိုင်းမှာ ဒီလိုမျိုးအလားတူဖြစ်ရပ်နှစ်ခုရှိခဲ့တယ်။ ၁၈၈၅-ခုနှစ်မှာတစ်ကြိမ်၊ ၁၉၄၈-မှာ တစ်ကြိမ်ဖြစ်တယ်လို့ ဘုန်းကြီးက ပြောပြတယ်။ ဖြစ်ပြီးမကြာဘူး၊ အစိုးတစ်ရပ်ပြောင်းခဲ့တယ်။

သွေးထွက်သံယိုမှုမရှိပဲပြောင်းခဲ့တာမဟုတ်ဘူး။ လူတွေထောင်ချီသေပြီးမှ ပြောင်းခဲ့တယ်။

မှတ်ချက်။ ။ ထိပ်ပိုင်းက ကောင်တွေလုပ်ကြံပြီး၊ အာဏာသိမ်းပါစေ။

6/28/10

သူပုန်ဆိုသည်မှာ

သူပုန်လုပ်တယ်ဆိုတာ သေနတ်ကိုင်ပြီး တိုက်ရတယ်။ သူပုန်လုပ်ပြီး စစ်မတိုက်ဘူးဆိုရင် အဲဒိသူပုန်ဟာ ကြောက်လို့ပဲ။ အခုနယ်စပ်က ၈၈ နောက်ပိုင်းရောက်တဲ့သူပုန်တွေ စစ်မတိုက်ရဲဘူး။ သေမှာကြောက်နေပြီ။ စစ်တော့မတိုက်ချင်ဘူး...သူပုန်ဘွဲ့တော့ခံယူတယ်။ လူတိုင်း မြို့ ပေါ်မှာ အေးအေးဆေးဆေးနေချင်တယ်။ ဒါက သဘာဝပဲ။ ဒါ့ကြောင့် သူပုန်လုပ်ချင်ရင် အနစ်နာခံ၊ အပင်ပန်းခံ၊ အသက်အသေခံရတယ်။ ကွန်ပြူတာရှေ့ ထိုင်ပြီး သူပုန်လုပ်တဲ့လူဟာ စောက်ရှုးပဲ။ ဘယ်တော့မှ ပတ်ဝန်းကျင်မှာ အသိအမှတ်ပြုခံရမှာမဟုတ်ဘူး။

အော်ပရေးရှင်း အမ်သရိုပွိုင့် (ဆလိုင်းကိုကိုဦး)

Operation Anthropoit I(2)

ကိုဦး

ကျနော်ဖတ်ကြည့်တယ်။

ဒါမျိုးရေးတဲ့လူ၊ ဘာသာပြန်တဲ့လူ တခါမှမတွေ့မိဘူး။ အခုကိုဦးလုပ်တယ်။ ၈၈-ကျောင်းသားဟောင်းတွေမှန်သမျှ လုပ်ကြံဖို့ကို အားပေးရင် သန်းရွှေသေပြီပေါ့။ အဝေးရောက်အစိုးက စီစဉ်ပြီးလုပ်မလား၊ မလုပ်လားတော့မသိဘူး။ စစ်အစိုးရကိုတိုက်ရိုက်စိန်ခေါ်ဖို့ တခါတုန်းက လုပ်တာတောင် ဖင်တုန်နေတယ်။ ဒါမကောင်းဘူး။ စောက်ရှုးအဝေးရောက်အစိုးရပဲ။ ဘယ်တော့မှမယုံဘူး။ ဒီလိုအလုပ်မျိုးကို လုပ်ဖို့ ဘယ်သူမှမကျိုးစားကြဘူး။

တိုက်ပွဲမှာအောက်ခြေရဲဘော်တွေသေမဲ့အစား၊ ထိပ်ပိုင်းကကောင်တွေသေတာက ပိုထိရောက်တယ်။ ဒီလိုမျိုးများများရေးပြီးအကောင်အထည်ဖော်ကိုဖော်ရမယ်။ ဒါကိုပြောရင် ကျနော့်ကိုစောက်ရှုးလို့ပြောတဲ့လူတဲ့ရှိတယ်။ လေထဲတိုက်ဆောက်နေတယ်လို့ပြောတယ်။

ဘယ်အရာမဆို စိတ်ကူးစိတ်သန်းက အရင်လာတာပါ။ ပြီးမှ နောက်ဆက်တွဲလာမှာပေါ့။ စစ်အစိုးရကို လုပ်ကြံရေးဖြစ်မယ်ဆိုတာကို ဘယ်သူသိလဲ။ ဘယ်သူမှမသိဘူး။ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကောဘယ်သူသိလဲ။ ဘယ်သူမှမသိဘူး။ ဖြစ်ရင်လည်းဖြစ်မယ်၊ မဖြစ်ရင်လည်းမဖြစ်ဘူး။

ပြောနေ၊ ရေးနေတာကိုက လုပ်ကြံမှု ပထမ အဆင့်ပဲ။

ကျနော်တော့ထောက်ခံတယ်။ အလုပ်မအားတဲ့အချိန်မှာတောင် ဒီလိုလုပ်ပေးတာကိုက တန်ဖိုးတခုပဲ။ ဘယ်သူလုပ်လဲ။ ဘယ်သူမှမလုပ်ဘူး။

အခုကိုဦးလုပ်တယ်။

အားပေးတယ်။
ဘုန်းကျော်(လူ့ဘောင်ချစ်)
www.phonekyaw.blogspot.com

6/25/10

DVB သို့....ရောချင်ရော၊ မရောချင်လည်းနေ။


ကိုမိုးသီးရဲ့ အိုင်ဒီယာကို သဘောကျတယ်။ ဒီဗွီဘီက အခုလိုဘောလုံးပွဲ နဲ့ နိုင်ငံရေးကို ရောသမမွေ လုပ်သင့်တယ်။ မြန်မာ့အသံ နဲ့ မြ၀တီက မပြနိုင်ဘူး။ ဆိုတော့ ဒါအခွင့်အလမ်းကောင်းပဲ။

သြစတျေးလျဝန်ကြီးချုပ် ကယ်ဘင်ရပ်ဒ် ဘာ့ကြောင့်ထွက်ရတာလဲ

သြစတျေးလျနိုင်ငံရဲ့  ပထမဆုံးဝန်ကြီးချုပ် ဂျူလီယာကို UK က Wale မှာမွေးပါတယ်။ သြစတျေးလျမှာ မွေးတဲ့သူမဟုတ်ပါဘူး။ သူ့အဖေက Wale မှာ ကျောက်မီးသွေးတူးတဲ့ မိုင်းအလုပ်သမားပါ။ ဂျူလီယာမှာ ယောက်ျားမရှိပါဘူး။ ခလေးလည်းမရှိပါဘူး။ ရည်းဇားတော့ရှိပါတယ်။ သူက South Australia မှာ ကြီးပျင်းကျောင်းတက်ပြီး ရှေ့ နေဘွဲ့ရရှိပါတယ်။ နောက်ပိုင်း လေဘာပါတီကိုဝင်ခဲ့ပါတယ်။

သြစတျေးလျဝန်ကြီးချုပ် ကယ်ဘင်ရပ်ဒ် ဘာ့ကြောင့်ထွက်ရပြီး၊ ဂျူလီယာ ဘာ့ကြောင့် နိုင်တာလဲ။ ဒီနေရာမှာ ပြောချင်တာက ဂျူလီယာနိုင်တာမဟုတ်ပါဘူး။ Deputy leader ကနေ Leader ဆိုတာကိုအလိုအလျှောက်ရတာပါ။ ကယ်ဗင် ဦးဆောင်တဲ့လေဘာအစိုးရက ဂျွန်ဟောဝက်ဦးဆောင်တဲ့ လစ်ဘရယ်အစိုးရကိုနိုင်ခဲ့တာ နှစ်နှစ်လောက်ပဲရှိပါသေးတယ်။ သုံးနှစ်သက်တမ်းတောင်မပြည့်သေးပါဘူး။ အခုတော့ ကယ်ဗင် ၀န်ကြီးချုပ်အဖြစ်ကနေ ထွက်လိုက်ရပါတယ်။ သူတို့ပါတီတွင်းမှာ ကယ်ဗင်ကိုမကြိုက်လို့ ပါတီခေါင်းဆောင်သစ်အဖြစ် နောက်တစ်ယောက်ကိုရွေးပါတယ်။ သူကတော့ ဒုတိယခေါင်းဆောင် ဂျုလီယာဖြစ်ပါတယ်။ ဂျူလီယာဟာ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်ပါတယ်။ နှစ်ဦးယှဉ်ပြိုင်တဲ့အခါမှာ ကယ်ဗင်ရပ်ဒ် ၀င်, အရွေးမခံတော့တာဖြစ်ပါတယ်။ သူတို့ဘာ့ကြောင့် ဒီလိုပြသနာတွေကြုံရလဲဆိုတော့ အဓိကအကြောင်းရင်းက နှစ်ချက်ဖြစ်ပါတယ်။ နံပါတ်တစ်အချက်က Mining Tax ကိစ္စဖြစ်ပါတယ်။ နောက်တစ်ချက်က သြစတျေးလျကို လှေနဲ့ ခိုးဝင်ဖို့ကျိုးစားတဲ့ ဒုက္ခသည်တွေကိစ္စဖြစ်ပါတယ်။

Mining Tax ကိစ္စ

အရင်တုန်းက မိုင်းကုမ္ပဏီတွေကနေ အခွန် ၂၀ % ကောက်ပါတယ်။ သြစတျေးလျက မိုင်းနဲ့အဓိက ရပ်တည်ရတဲ့နိုင်ငံဖြစ်ပါတယ်။ အဓိက မိုင်းတွေတည်ရှိတဲ့နေရာကတော့ Western Australia လို့ခေါ်တဲ့ အနောက်ဘက်ဒေသကဖြစ်ပါတယ်။ ကျနော်တို့ နေတဲ့နေရာပေါ့ဗျာ။ ၂၀ % အခွန် ကောက်လာတာဟာ ဂျွန်ဟောဝက်တက်တဲ့အချိန်ထိဖြစ်ပါတယ်။ အခုအစိုးရလက်ထက်မှာတော့ ၄၀ % ကောက်ဖို့ အစိုးရကပါလီမန်မှာ တရားဝင်ဥပဒေပြဌာန်းဖို့ကျိုးစားနေပါတယ်။ ဒါကို မိုင်းကုမ္ပဏီကြီးတွေက မကျေနပ်ပါဘူး။ အတိုက်အခံဖြစ်တဲ့ လစ်ဘရယ်ပါတီကလည်း လုံးဝသဘောမတူပါဘူး။ အဓိကသဘောမတူတဲ့အချက်ကတော့ အခွန်တိုးကောက်လိုက်ရင် မိုင်းကုမ္ပဏီကြီးတွေက အမြတ်နည်းသွားမယ်။ အမြတ်နည်းတော့ ကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံဖို့ တွန့်ဆုတ်နေမယ်။ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ပြည်သူတွေအလုပ်ရမယ်။ သူတို့မလုပ်ဘူးဆိုရင် ပြည်သူတွေ အလုပ်မရှိဖြစ်မယ်။ ဒုက္ခရောက်မယ်ပေါ့။ ဒါက အတိုက်အခံလစ်ဘရယ်ပါတီဘက်က သဘောမတူတဲ့အချက်။ ကုမ္ပဏီတွေဘက်တော့ အခွန်နည်းလေကောင်းလေဆိုတော့ သဘောမတူတဲ့အကြောင်းပြချက်ကတော့ ရှင်းတယ်။

အာဏာရပါတီဖြစ်တဲ့ လေဘာအစိုးရသဘောမတူတဲ့အချက်ကတော့ သြစတျေးလျနိုင်ငံရဲ့ သဘာဝသယံဇာတတွေဟာ သြစတျေးလျပြည်သူတွေအားလုံးပိုင်တဲ့ ပစ္စည်းဖြစ်တယ်။ မည်သူတစ်ဦးတစ်ဖွဲ့ ရဲ့ အိတ်ကပ်ထဲကိုမှ အဓိကမရောက်ချင်ဘူး။ ဒါက သူတို့ရဲ့ အဓိက သဘောထားဖြစ်တယ်။ ဒါကို မိုင်းသူဌေးကြီးတွေက ကွန်မြူနစ်လို့ဆိုပြီးစွပ်စွဲတယ်။ အခွန် ၂၀ % ကာလမှာ မိုင်းကုမ္ပဏီတွေ အမြတ်ငွေဘီလီလျံလိုက် နှစ်စဉ်ရတယ်။ မိုင်းကုမ္ပဏီတွေဆိုတာက သြစတျေးလျနိုင်ငံသားတွေပိုင်တဲ့ ကုမ္ပဏီမဟုတ်ဘူး။ တကမ္ဘာလုံးက ငွေရှိတဲ့ရှယ်ရာရှင်တွေ ပိုင်ဆိုင်ကြတယ်။ ဆိုတော့ သြစတျေးလျနိုင်ငံက သယံဇာတပစ္စည်းတွေဆီကနေ ရတဲ့အမြတ်တွေဟာလည်း သူတို့ကိုလည်းပြန်ပေးရတယ်။ အခွန်နည်းတော့ သူတို့ပိုရတယ်။ အခွန်ပိုကောက်ရင် သြစတျေးလျပြည်သူတွေပိုရမယ်။ အဆင့်မြင့်ကျောင်းတွေ၊ ကျန်းမာရေးစောင့်လျှောက်မှုတွေကို ပိုပြီးအဆင့်တန်းမှီမှီ/ မိုင်းကရတဲ့အမြတ်တွေနဲ့လည်ပတ်လို့ရမယ်။ ဒါက လေဘာပါတီရဲ့ အခွန် ၄၀ % ကောက်ခံရတဲ့အကြောင်းပြချက်။ ပြည်သူအကျိုးရှိမယ်။

၂၄-၆-၂၀၁၀ မှာ ဂျူလီယာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာတယ်။ သူဝန်ကြီးဖြစ်တဲ့နေ့မှာပဲ ပါလီမန်မှာ Question Time လို့ခေါ်တဲ့ အစိုးရကို အတိုက်အခံက သူတို့သိချင်တာကို မေးခွန်းမေးရတဲ့အချိန်မှာ ဂျူလီယာဟာ ရှင်းရှင်းလင်းလင်း ပြည်သူလူထုကို ဒီလိုပြောခဲ့တယ်။

" ကျမ အမေနဲ့အဖေဟာ Working Class အလုပ်သမားလူတန်းစားကလာတယ်။ အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ရတယ်။ ကျမတက်တဲ့ကျောင်းဟာလည်းအစိုးရကျောင်းဖြစ်တယ်။ အစိုးရကလုပ်ထားတဲ့အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ တွေကို ကျမတို့အားကိုးရတယ်။ ဒါတွေကို ဒီအခွန်ငွေတွေနဲ့လည်ပတ်ရတယ်။ ဒါ့ကြောင့် သြစတျေးလျပြည်သူတွေဟာ မြေပေါ်မြေအောက်သယံဇာတပစ္စည်းနဲ့ပက်သက်ပြီး အားလုံးအကျိုးခံစားခွင့်ရှိရမယ်။ အခုအခွန် ၄၀ % ကိစ္စကို အတိုက်အခံ ခေါင်းဆောင်နဲ့ အတိုက်အခံတွေက သဘောမတူဘူးဆိုရင် သြစတျေးလျရဲ့ သယံဇာတပစ္စည်းတွေကို သြစတျေးလျပြည်သူတွေမပိုင်ဘူးလို့ပြောတာနဲ့အတူတူပဲ "

ဒါက လေဘာပါတီရဲ့  Ideology နိုင်ငံရေး အတွေးအခေါ်ပဲဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး သူတို့ ဘယ်တော့မှအရှုံးပေးမှာမဟုတ်ပါဘူး။

သြစတျေးလျနိုင်ငံကို လှေနဲ့ခိုးဝင်ဖို့လုပ်တဲ့ ဒုက္ခသည်များကိစ္စ

ဒီကိစ္စမှာလည်း လေဘာပါတီက အကြီးအကျယ်ထောက်ခံတယ်။ သြစီမှာရှိတဲ့လူတိုင်းဟာ ဒုက္ခသည်တွေပဲဆိုတဲ့အယူအဆကို သူတို့လက်ခံတယ်။ ဒါ့ကြောင့် လေဘာအစိုးရမှာ လူမျိုးပေါင်းစုံပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ၀န်ကြီးဟာ အာရှသားပါ။ လေဘာအစိုးရလက်ထက်မှာ လာတဲ့သူမှန်သမျှ လက်ခံတယ်။ ကူညီပေးတယ်။ ဒါကို လစ်ဘရယ်အစိုးကအကြီးအကျယ်ကန့်ကွက်တယ်။ သြစတျေးနိုင်ငံမှာရှိတဲ့ ကြော်ငြာတွေမှာတောင် ကယ်ဗင်ရက်ဒ်လက်ထက်မှာ လှေဘယ်နှစ်စီးရောက်လာပြီ...ဆိုပြီး ဆန့်ကျင်တဲ့ လှုပ်ရှားမှုမျိုးလုပ်ခဲ့တယ်။ လုပ်နေဆဲလည်းဖြစ်တယ်။ လှေနဲ့လာတဲ့သူတွေက အများစု အီရက်၊ သိရိလင်္ကာ၊ မြန်မာပြည်က ရိုဟင်ဂျာ၊ အာဖဂန်နစ္စတန်ကလူတွေဖြစ်တယ်။ ဒါကို လစ်ဘရယ်အစိုးရရဲ့ အကြောင်းပြချက်ကတော့ သူတို့တွေဟာ ဒုက္ခသည်တွေမဟုတ်ကြဘူး။လူမှောင်ခိုကူးခံရသူတွေဖြစ်တယ်။သြစတျေးလျမှာနေချင်လို့ခိုးဝင်သူတွေဖြစ်တယ်...လို့အကြောင်းပြတယ်။ သူတို့အကြောင်းပြချက်ကို လေဘာအစိုးရက ဥပဒေနဲ့အညီစစ်ဆေးမေးမြန်းပြီးမှ ဒုက္ခသည်အဖြစ်လက်ခံမှုပြုပါတယ်လို့ ပြောတယ်။

အထက်ကပြောတဲ့အဓိက နှစ်ချက်ကြောင့် ကယ်ဗင်ရက်ဘ် ၀န်ကြီးချုပ်ကနေဆင်းပေးလိုက်တာပါ။ အဓိကတော့ အခွန်လေးဆယ်ရာနှုံးတိုးကောက်တဲ့ကိစ္စပါ။ အခုထိ ဒီကိစ္စကပြီးသေးပါဘူး။ ဒါ့ကြောင့် မိုင်းသူဌေးကြီးတွေက ဒေါ်လာ သန်း ၂၀၀ ကျော်သုံးပြီး မီဒီယာကနေ အခွန် ၄၀% ကိစ္စမဖြစ်အောင် ပြည်သူရဲ့ အားကို ယူပါတယ်။ ဆန္ဒပြပွဲတွေကို မိုင်းသူဌေးကြီးတွေက ဦးဆောင်ပြီးလုပ်ပါတယ်။ ၂၃-၀၆-၂၀၁၀ မှာ Perth မြို့ ရဲ့ အချမ်းသာဆုံး မိုင်းသူဌေးကြီး Andrew Forrest က ဦးဆောင်ပြီး ဆန္ဒပြပွဲလုပ်ပါတယ်။ ဒီပွဲမှာ သူက သြစတျေးလျအစိုးရဟာ ကွန်မြူနစ်အစိုးရဖြစ်နေပြီလို့ ပြောသွားတာရှိပါတယ်။ အဓိကတော့ သူတို့ရဲ့ အကျိုးစီးပွားရေ ထိခိုက်လို့ဖြစ်ပါတယ်။ အဲဒိမတိုင်ခင်မှာ သူဌေးကြီးတွေက ဦးဆောင်ပြီး  အိမ်ခြေမဲ့ Homeless တွေနေသလို လမ်းဘေးမှာအိပ်တဲ့ပုံစံအတိုင်း သူတို့ စတန့်ထွင်ပြီး တစ်ရက်၊ နှစ်ရက် အိပ်ပြပါတယ်။ သူတို့လည်း ဆင်းရဲသားတွေရဲ့ ဘ၀ ကိုစာနာတယ်ဆိုတာကိုပြပါတယ်။  ပြီးတော့ ဆင်းရဲသားတွေအတွက် ဒေါ်လာ တစ်သိန်းခွဲနီးပါ Andrew Forrest လှူခဲ့ပါတယ်။

ဒါကတော့ အစိုးရနဲ့ သူဌေးကြီးတွေရဲ့  ပြသနာဖြစ်ပါတယ်။ အခုလိုအခွန်ကိစ္စကြောင့် ၀န်ကြီးချုပ် ကယ်ဘင်ရက်ဘ်ဟာ သူဌေးကြီးတွေနဲ့ အပေါင်းအပါတွေရဲ့ ဖိအားကို မခံနိုင်လို့ထွက်ရတယ်လို့ပဲမြင်ပါတယ်။ သူ, ထွက်ပေးတာပါ။ လေဘာပါတီရဲ့ ပေါ်လစီကတော့ ဒီအတိုင်းပဲဖြစ်ပါတယ်။ အလုပ်သမားလူတန်းစားရဲ့  အကျိုးစီးပွားကိုအခြေခံတဲ့ အတွေးအခေါ်ပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်ပါတယ်။ ဒါ့ကြောင့် ဝေဖန်သူတွေကတော့ ကယ်ဗင် မရှိပေမဲ့ လေဘာပါတီရဲ့ ပေါ်လစီကို ဒီလိုပြောပါတယ်။
The same boat but a different driver။ မြန်မာပြည်အရေးနဲ့ပက်သက်လို့ပေါ်လစီအပြောင်းအလဲလည်း အရင်အတိုင်းပါပဲ။ ဘာမှပူစရာမလိုပါဘူး။

ဒီနေရာမှာကျနော့်ရဲ့ အမြင်ကိုပြောချင်ပါတယ်။ လေဘာအစိုးကို ကျနော်တို့မဲပေးခဲ့ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ဟောဝက်ကိုမကြိုက်လို့ပါ။ ၁၀-နှစ်ကျော်ကြာအာဏာယူထားတာကိုမျက်စိနောက်ပါတယ်။ လေဘာပါတီရဲ့ ပေါ်လစီကိုအပြည့်အ၀ထောက်ခံပါတယ်။ သြစတျေးလျရဲ့ သယံဇာတဟာ အားလုံးနဲ့ဆိုင်ပါတယ်။ သူဌေးကြီးတွေ ထားစရာနေရာမရှိအောင်ကို ချမ်းသာနေပါတယ်။ Andrew Forrest ဟာ လွန်ခဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ငမွဲတစ်ယောက်ပါ။ အခုမိုင်းကရတဲ့ငွေနဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလီလျံလောက်ချမ်းသာပါတယ်။ ဒီငွေတွေဟာ သြစတျေးလျနိုင်ငံက သယံဇာတပစ္စည်းတွေ ဖြစ်ပါတယ်။ အရင်တုန်းက အခွန် ၂၀% ကောက်တုန်းက ဘာအသံမှမကြားရဘူး။ အခု ၄၀ % တိုးကောက်တော့မှ အသံကြားရတယ်။ ဒိလောက်ချမ်းသာတာတောင် လောဘက မရပ်သေးဘူး။ ဆိုတော့ ဘယ်သူမှားလဲမှန်လဲဆိုတော့စဉ်းစားသာကြည့်တော့။ အခွန်လေးဆယ်ကောက်လို့ မိုင်းမှာရင်းနှီးမြုပ်နှံမှု မလုပ်ချင်လည်း ဘာမှ မဖြစ်ပါဘူး။ တခြားလုပ်တဲ့သူတွေတပုံကြီးရှိပါတယ်။

6/23/10

Sick of အခမ်းအနား

ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ ဆိုရိုးစကားက မြန်မာလူမျိုးတွေရဲ့ ခေါင်းထဲမှာ စွဲနေပြီလားမသိဘူး။ ဒီထွင်ဖန်တီးမှု့ ဉာဏ်နဲ့ ပက်သက်လို့ နည်းနည်းလောက် အာ, ခွင့်ပြုပါ။ ပြောချင်တဲ့ အကြောင်းအရာကတော့ နိုင်ငံရေးအခမ်းအနားများအကြောင်းပါ။ အခုဆိုရင် ၈၈၈၈ လေးနေ့အခမ်းအနားကို တမ္ဘာလုံးမှာရှိတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေ ကြွတက်သူတွေလုပ်တော့မဲ့အချိန် စနေပါပြီ။ ဒီပွဲမတိုင်ခင် ကျနော်တို့ လုပ်နေကြဖြစ်တဲ့ ရှေးထုံးကိုပယ်ရပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးမှာ အထိမ်းအမှတ်အခမ်းအနား အတော်များပါတယ်။ ဘာတွေလဲကြည့်ရအောင်။

၁) လွတ်လပ်ရေးနေ့အခမ်းအနား
၂) ပြည်ထောင်စုနေ့အခမ်းအနား
၃) အာဇာနည်နေ့အခမ်းအနား
၎) ၆၂-ခုနှစ်အာဏာသိမ်းနေ့အခမ်းအနား
၅) ဒေါ်စုမွေးနေ့အခမ်းအနား
၆) ရှစ်လေးလုံးအခမ်းအနား
၇) ဟိုလူသေလို့ လုပ်တဲ့အခမ်းအနား
၈) ဒီလူ့ကို သတိရလို့ လုပ်တဲ့အခမ်းအနား
၉) ဘာအခမ်းအနား၊ ညာအခမ်းအနား

အခမ်းအနားတွေ တပုံကြီးရှိပါသည်။ အခမ်းအနားကို လုပ်တဲ့ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်လို့ထင်ပါတယ်။ အခမ်းအနားတခုလုပ်တိုင်း လူတော်တော်များများ ရှေးထုံးအတိုင်း လိုက်လုပ်ပါတယ်။ ဥပမာ..သဘာပတိ။ အခမ်းအနားမှုး။ အခမ်းအနားမှာ အာမဲ့လူကြီးများ..စသဖြင့် ရှိတက်ကြပါတယ်။ နေရာတိုင်းလိုလို ဒီလိုအခမ်းအနားလုပ်တာ တူနေပါတယ်။ ဘာ့ကြောင့် တူနေတာပါလဲ။ အခမ်းအနားလုပ်တာဟာ တော်လှန်ရေးအတွက် ဘာတွေအောင်မြင်လို့ပါလဲ။

အခမ်းအနားလုပ်တာကောင်းပါတယ်။ မကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူး။ အခမ်းအနားလုပ်တော့ မသိတဲ့လူတွေသိတယ်။ သိတဲ့လူတွေ ဒိထက်ပို အလွတ်ရတာပေါ့။ အခမ်းအနားလုပ်တော့ Church ကျောင်းမှာ တနင်္ဂနွေနေ့တိုင်း လူစုပြီးတရားနာရသလိုဖီလင်ရှိပါတယ်။ လူစုံတော့ပျော်စရာကောင်းပါတယ်။

သို့သော် တခြားနည်းလမ်းရှာဖို့၊ စဉ်စားကြစေချင်လို့ပါ။ ကျနော်တို့အခမ်းအနားလုပ်တဲ့ရည်ရွယ်ချက်က နိုင်ငံရေးလုပ်တာပါ။ အတိုက်အခံနိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို
ဦးတည်တိုက်တဲ့ နိုင်ငံရေးဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။

နိုင်ငံလှုပ်ရှားမှုတခုအနေနဲ့ကျနော်တို့ အခမ်းအနားတခုလုပ်ပါတယ်။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပဲဖြစ်ဖြစ်၊ ဘုန်းမော်လျှောသွားလို့လုပ်သည်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအလုပ်တခု လုပ်ပါတယ်။ သို့သော် တခါလာလည်း ဒီအခမ်းအနားမှာ ဒီလူကတက်ပွား။ နောက်အခမ်းအနားလည်း ဒီလူပဲတက်ပွား။ အခမ်အနားကိုလာတဲ့သူလည်း တနှစ်လာလည်း ဒီလူ၊ တနှစ်လာလည်း ဒီလူ။ ကုလားကြီးနဲ့ ချစ်တီးကြီးလိုပဲ။ ကြာလာတော့ အခမ်းအနားလုပ်တာနဲ့ပက်သက်ပြီး ပျင်းလာတယ်။ ကျနော်တို့အခမ်းအနားတွေဟာ ဘာရည်ရွယ်ချက်နဲ့လုပ်ကြတာလဲဆိုတာကို ပြန်သုံးသပ်ဖို့ကောင်းပါတယ်။ အခမ်းအနားမှာ လာတဲ့လူတွေကို ဒီနေ့ဟာဘာ့ကြောင့်ဖြစ်လဲဆိုတာကိုလည်း ရှင်းပြစရာမလိုတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလူတွေပဲဖြစ်နေလို့ပါ။ သိပြီးသားလူတွေကို ဒီအကြောင်းပဲထပ်ခါထပ်ခါ ပြောနေရင် ကျနော်တို့တော်တော်ပေါရက်လေတယ်လို့ပြောနိုင်ပါတယ်။


ထိုင်းအခြေစိုက် အတိုက်အခံကိုကြည့်ပါ။ သူတို့လည်း အခမ်းအနားလုပ်တိုင်း ကစားတာကို အထူးဝါသနာပါတယ်လို့ ထင်မိပါတယ်။ အခမ်းအနားတခုမှာ တွေ့လိုက်တိုင်း ဒီလူတွေပါပဲ။ အစည်းအဝေးတွေလည်းဒီလူတွေပါပဲ။ လူစုပြီး အာ,လည်းဒီလူတွေပါပဲ။ ဥပမာ ဒေါ်စန်းစန်း၊ ဦးခွန်မား၊ စသဖြင့် လူတွေကို ဓာတ်ပုံတွေထဲမှာ အမြဲတမ်းတွေ့နေရတယ်။ ကိုအောင်မိုးဇော်၊ ဒေါက်တာနိုင်အောင်၊ ဗိုလ်ချုပ်ပြီးတာမလာဘော၊ ဆရာမစင်သီယာမောင်၊ မခင်ဥမ္မာ စတဲ့လူတွေဟာ အခမ်းအနားမင်းသား၊ မင်းသမီးတွေပါပဲ။ အဖွဲ့အစည်းကခေါင်းဆောင်တိုင်းဟာ အခမ်းအနားမင်းသား၊ မင်းသမီးတွေဆိုတာ လူတိုင်းသိပါတယ်။ ကျနော့်အနေနဲ့ မင်းသား၊ မင်းသမီးတွေကို အကယ်ဒမီပေးဖို့အတွက် ကော်မတီတခုလောက်ဖွဲ့ထားရင် ကောင်းမလားလို့ပါ။ ဒါက ကျနော့်အိုင်ဒီယာ။ အခမ်းနားမှာ ဘယ်သူက ပိုပြီး အလွမ်းသည်တက်သလဲပေါ့။ ဘယ်သူက ပို အာ, တက်သလဲပေါ့။ ဘယ်သူကပိုပြီး သရုပ်ဆောင်ကောင်းသလဲဆိုတာကိုရွေးချင်လို့ပါ။ ဒါက ထိုင်းအခြေစိုက်အတိုက်အခံအပြင်၊ တမ္ဘာလုံးမှာရှိတဲ့ အခမ်းအနားမင်းသား၊ မင်းသမီးတွေကိုလည်းပေးချင်လို့ပါ။

အခမ်းအနားလုပ်တဲ့ဝါသနာက ပြည်တွင်းကစတယ်လို့မြင်ပါတယ်။
ပြည်တွင်းမှာလည်း ဒီအတိုင်းပါပဲ။ နိုင်ငံရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေစုပြီး အိမ်ထဲမှာ မိမိအမျိုး လေးငါးဆယ်လောက်ကိုစုပြီး အပြင်းပြေ စကားပြောနေသလိုမျိုးဖြစ်နေပါပြီ။

ပြည်တွင်းအပြင် အမေရိကန်နိုင်ငံပဲကြည့်မလား။ ဒီလိုမျိုးအလားတူ လူလေးငါးဆယ်လောက်ကိုစုပြီး သဘာပတိ၊ အခမ်းအနားမှုးနဲ့တကွ သုံးလေးယောက်လောက်တက်ပြီး အာ၊ ပွား၊ အခမ်းအနားပြီး၊ ထုတ်ပြန်ကြေငြာချက်ထုတ်၊ ဒါနဲ့ပဲ ပြီးဆုံးတာများပါတယ်။ အခမ်းအနားကိုလာတဲ့လူတွေဟာ လူသစ်တွေမဟုတ်တော့ပါဘူး။ တစ်နှစ်လာလည်း ဒီလူပဲ။ နောက်နှစ်လုပ်လည်းဒီလူပဲ။ ဆိုတော့ ကိုယ့်လူအချင်းအချင်း သိပြီးသားစကားတွေထပ်ခါထပ်ခါပြောစရာလိုပါသလား။ ကျနော့်အထင် မလိုတော့ပါဘူး။

သြစတျေးလျနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း အလားတူပါပဲ။ ရှေးထုံးကိုမပယ်ပါဘူး။ အခမ်းအနားလုပ်တိုင်းကစားပါတယ်။ အခမ်းအနားကို တက်သူများလည်း ဒီလူ ဒီလူ ပါပဲ။ နိုင်ငံရေးကိုစိတ်ဝင်စားသူများ၊ အသစ်ရောက်ဒုက္ခသည် လေးငါးယောက်တော့လာပါတယ်။ မဲလိုချင်တဲ့သြစတျေးလျအမတ်သုံးယောက်လောက်ကို နှစ်စဉ်လိုလို အခမ်းအနားမှာအမြဲတွေ့ပါတယ်။ နောက်ပြီး  သြစတျေးလျနိုင်ငံမှာ လာပြီးခုန်ချတဲ့ လူများလည်းတွေ့ပါတယ်။ ဒုက္ခသည်လျှောက်လို့ရအောင် နိုင်ငံရေးလုပ်တယ်ဆိုပြီး အခမ်းအနားမှာ ဓာတ်ပုံလာရိုက်ပါတယ်။ ဒုက္ခသည်အဖြစ်ရပြီးတဲ့အခါမှတော့ သူတို့အခမ်းအနားကို မလာတော့ပါဘူး။ အခမ်းအနားကို ဦးဆောင်လုပ်တဲ့ နိုင်ငံရေးလှုပ်ရှားသူများကလည်း တစ်ယောက်တစ်လှည့်တက်ပွားပါတယ်။ ပြောပြီးသွားရင် ၀ါးတီးဖွင့်ပါတယ်။ ဒါက သြစတျေးလျနိုင်ငံက အခမ်းအနားဖြစ်ပါတယ်။ တနှစ်လာလည်း ဒါပဲ။ နောက်နှစ်လည်း ဒီလိုအခြေအနေမျိုးပါပဲ။ ကြာလာတော့ ပျင်းစရာကောင်းတဲ့ ကစားနည်းပါလားလို့ ကောက်ချက်ချမိပါတယ်။ 

မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူများလည်း ဒီလိုပါပဲ။ သဘာပတိ၊ အခမ်းအနားမှုး၊ တစ်ယောက်ယောက်က တက်ပွား၊ ဓာတ်ပုံရိုက်၊ အများစုက ဓာတ်ပုံရရင် ယူအန်လျှောက်။ ဓာတ်ပုံကိုအင်တာနက်မှာတင်။ နိုင်ငံရေးလှုပ်ရှားသူများအဖြစ်တက်ကြွကြပါတယ်။ ဂျပန်နိုင်ငံက နိုင်ငံရေးလှုပ်ရှားသူများ၊ အင်္ဂလန်၊ နော်ဝေ၊ နယူးဇီလန်၊ စတဲ့ နိုင်ငံပေါင်းစုံက နိုင်ငံရေးလှုပ်ရှားသူများသည်လည်း အထက်ကပြောသလို ရှေးထုံးကိုမပယ်ပါဘူး။ ဆိုတော့ ဒီနေရာမှာမေးခွန်းလေးတခုတော့ မေးရပါတော့မယ်။ မြန်မာတွေ သူများဆီက ကော်ပီလုပ်တာ ၀ါသနာပါလားလို့ပါ။ တီတွင်ဖန်တီးမှုညဏ်မရှိတော့ပါလား။

ကျနော်တို့ပြည်ပနိုင်ငံရေးသမားတွေ၊ လှုပ်ရှားသူတွေအနေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေလုပ်မဲ့အစား အခြားနည်းလမ်းတခုခုကို စဉ်စားသင့်ပါတယ်။ ကျနော့်အမြင်ကတော့ သြစတျေးလျနိုင်ငံ Perth မှာ စစ်အစိုးရနဲ့ပေါင်းပြီး ကြီးပွားနေတဲ့ မြန်မာလူတန်းစား၊ အဖြူလူတန်းစားတွေရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ စစ်အစိုးရအရာရှိကြီးများရဲ့ သားတွေသမီးတွေ၊ အမျိုးတွေကျောင်းတက်နေတာတွေ၊ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ သူတို့ကို ကျနော်တို့စည်းရုံးလို့မရနိုင်ဘူးလား။ စည်းရုံးလို့မရနိုင်ဘူးဆိုရင် တိုက်ခိုက်ဖို့နည်းလမ်းပဲရှိတော့ပါတယ်။ တိုက်ခိုက်တယ်ဆိုတာက ပါးစပ်နဲ့တိုက်ခိုက်တာပါ။ လက်နဲ့မဟုတ်ပါဘူး။ လူသိအောင်လုပ်ပေးယုံပါ။ ဒီလိုလုပ်ငန်းစဉ်တွေက စစ်အစိုးရရဲ့  ရင်ဘတ်ထဲကို လုံးဝထိပါတယ်။ ဒါက ၈၈၈၈ အခမ်းအနားမှာ သမရိုးကြ အာ၊စား၊ ကြွားရေးထက် ပိုပြီးထိရောက်တယ်လို့ထင်ပါတယ်။ ဒီလိုမျိုးရည်ရွယ်ချက်ချက်ရှိရှိ အုပ်စုနဲ့ လှုပ်ရှားကြည့်ပါ။ အခမ်းအနားပြီးတဲ့အတဲ့အခါ စတိတ်မန့်ထုတ်တာထက်ထိရောက်ပါတယ်။


နောက်ပြီး မြန်မာလူမျိုးတွေပြီးတော့ တခြားနိုင်ငံသားတွေရဲ့  ကောင်စစ်ဝန်ရုံးတွေရှိပါတယ်။ ဒါက Perth မှာ မြန်မာသံရုံးမရှိလို့ပါ။ ဥပမာ တရုတ်ကောင်စစ်ဝင်ရုံးပေါ့။ တရုတ်က မြန်မာစစ်အစိုးနဲ့ -င်-ိုး-င်ခံ လုပ်ပြီး ပေါင်းစားနေတယ်ဆိုကို လူတိုင်းသိပါတယ်။ သူတို့ကိုလည်းကျနော်တို့ နိုင်ငံရေးအခမ်းအနားထဲမှာ ထည့်လို့ရပါတယ်။

ဒါ့အပြင်တခြားနည်းလမ်းတွေရှိအုံးမှာပါတယ်။ စစ်အစိုးရရဲ့ ရင်ဘတ်တည့်တည့်ကို ထိနိုင်တဲ့ နိုင်ငံရေးအခမ်းအနားတွေကို လိုချင်ပါပြီ။ ဒါက ကျနော်တို့လုပ်နေကြ အခမ်းအနားထက်စာရင်ပိုလို့တောင် ထိရောက်နိုင်ပါတယ်။ ကျနော့်အနေနဲ့ ဒီနေ့ကစပြီး လုပ်နေကြရှေးထုံးအခမ်းအနားကို ပယ်လိုက်ပါပြီ။ စစ်အစိုးရတောင် ချိတ်ထမိန်ဝတ်ပြီး ၂၁၁၀ မော်ဒယ်ပွဲနဲ့ မဲရွေးနေပြီပဲဗျာ။

ကျနော်တို့လိုပဲ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ အမေရိကန်၊ အင်္ဂလန်၊ စတဲ့နိုင်ငံတွေမှာလည်း မိမိဒေသနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအခမ်းအနားသစ်ကို ဖော်ဆောင်လို့ရပါတယ်။

သမရိုးကျ၊ ဖြစ်နေတဲ့ ဆန္ဒပြပွဲ၊ အခမ်းအနား၊ ညီလာခံတွေကို လုပ်တာမကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူး။ ဒိထက်ထိရောက်နိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု့ တွေကို တွေ့ချင်လို့ပါ။ ဘိုလိုပြောရင် အခမ်းအနားတွေကို Sick of ဖြစ်နေလို့ပါခင်ဗျား။ ဘယ်သူကိုမှ ပုတ်ခတ်တာမဟုတ်ကြောင်းဝန်ခံပါတယ်။

6/22/10

ဂျီတော့၊ ကျနော် နှင့် တော်လှန်သူများ

ဂျီတော့ (G-talk) ရဲ့ အားသာချက်က မြန်မာ့နိုင်ငံရေး လောကမှာ အထင်ကရပဲ။ ဘာ့ကြောင့်လဲဆိုတော့...ဂျီတော့သည် ဈေးပေါသည်။ လွပ်လပ်သည်။ ပြည်တွင်းပြည်ပ အတင်း၊ သတင်းဖလှယ်လို့ရသည်။

ဒါ့အပြင်..လူမှုရေးအရ...အရသာနှစ်မျိုးခံစားရသည်။ တခုက G-Talk မှာတွေ့တဲ့ ကောင်မလေးတွေကို စာနဲ့အီစီကလီလုပ်လို့ရသည်။ စော်လေးတွေလည်းငန်းရသည်။ မိတ်ဆွေတွေကိုလည်း အာလို့ရသည်။

မူးသည်ဖြစ်စေ၊ မမှုးသည်ဖြစ်စေ ဂျီတော့နှင့်ဂျီကျရသည်မှာ ကြည်နှုးစရာဖြစ်သည်။

ဂျီတော့ကြောင့် ကျနော်တို့သည် ဘယ်နေရာရောက်ရောက် ၊ တစ်ယောက်နှင့်တစ်ယောက် ဂျီကျသည်။ ဂျီတော့ကို ကွန်ပြူလက်တော့လို သယ်သွားရန်မလို။ အီးမေးတခုပဲလိုသည်။ ဒါရရင်..ပွားလို့ရသည်။ဖလှယ်လို့ရသည်။ ရွှီးလို့ရသည်။ ထို့ကြောင့် ဂျီတော့သည် ကျေးဇူးရှင်ဖြစ်သည်။ ဂွတ်ဂယ်ကိုအထူးကျေးဇူးတင်သည်။

ပို,လို့ကျေးဇူးရှိသည်မှာ မြန်မာပြည်အစိုးရမှ ဂျီတော့ကိုမပိတ်တဲ့အတွက် အထူးကျေးဇူးတင်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်ကို အော်စီမှ တမိနစ် နှစ်ဒေါ်လာနှုံးပေးရလို့ဖြစ်သည်။ ဂျီတော့သည် ဖရီးဖြစ်သည်။

ကျနော့်ဂျီတော့မှာ ဘယ်သူတွေရှိသလဲ။ ကြည့်ရအောင်။

ကျနော်သည် သြစတျေးလျနိုင်ငံ ပတ်သ်မြို့ တွင် နေသည်။ မူးရင် ချီးကျသည်။ အချိန်တိုင်းနီးပါးဂျီတော့တွင် အားအားယားယားရှိသည်။ ကျနော့်၏ ဂျီတော့တွင်ရှိသည့်မိတ်ဆွေတွေသည် တမ္ဘာလုံးမှဖြစ်သည်။ ထိုင်းနိုင်ငံမှ သူပုန်များသည်အဓိဖြစ်သည်။

နာမည်ဖြင့်ဖော်ပြရသော်...ကိုအောင်မြတ်စိုး(လူ့ဘောင်သစ်)၊ ကိုချစ်တင် (အေအေပီပီ)၊ ကိုယောဟန်အောင်(RFA)၊ ကိုထူးချစ်( GHRE)၊ ကိုကျော်မင်းထိုက် (ရိုးမသုံး)၊ အမ၀၀တစ်ယောက် (NLD)၊ ဦး..ကို စသဖြင့်စုံလင်သည်။ အမေရိကန်မှ ဆလိုင်းကိုဦး၊ နော်ဝေမှ ကိုအောင်ကျော်စိုး၊ ဘန်ကောက်မှ သတင်းထောက်ကအစ စုံလင်လှသည်။ ဒါ့အပြင်..မလေးရှား၊ စလုံးမှ ဘော်ဒါများ။ အော်စီမှ ရဲဘော်မကြီးတကြီးများလည်းရှိသည်။ အား....ပြောရင်..တထောကြီးပဲ....။ ထို့ကြောင့် ကျနော့်ဂျီတော့သည် လူစုံကြောင်းပြောချင်ပါသည်။

လူစုံတော့ကောင်းသည်။ သတင်းအချက်အလက်တွေကို ငွေမကုန်ပဲ မြန်မြန်ထက်ထက်ကြားနိုင်သည်။ ဥပမာ...မြန်မာပြည်တွင် မီးလောင်သည်။ သုံးမိနစ်အတွင်းမှာပင် မီးလောင်သည့်သတင်းကြားရသည်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ကဗျာဆရာ သူပုန်ကြီး ကိုမောင်မောင်ငြိမ်းသည် အရက်ကြောင့်သေသွားသည်။ သုံးမိနစ်အတွင်းဂျီတော့မှ သတင်းရသည်။ ကိုမောင်ငြိမ်းဆုံးသည့်သတင်းကို သုံးမိနစ်အတွင်း သူ့သူငယ်ချင်း စိုးမြတ်သူဇာ သိရှိခဲ့သည်။ ဒါ့ကြောင့်ဂျီတော့သည် လုံးဝမိုက်သည်။

သို့သော် ဂျီတော့ကြောင့် ကွိုင်တက်သည်။ ကျနော့်မိန်းမသည် ဂျီတော့တွင် ကျနော်တွေ့သော စော်လေးတွေနှင့် အီစီကလီလုပ်တာကို သဘောမကျ။ ကျနော်သည် သူငယ်ချင်းဖြစ်ကြောင်း၊ မိတ်ဆွေရကြောင်း... မိန်းမကို အာသည်။ ဘယ်လိုပြောပြော သူမ..လက်မခံ။

တနေ့.... မြန်မာပြည်မှ Company ထောင်ထားသည်ဟုဆိုသော ကိုယ်လူချောသည် ကျနော့်၏ ဂျီမေးအား လာပြီးငန်းသည်။ သူ့အထင် ကျနော်သည် စော်လေးတဗွေဖြစ်မည်ဟု ထင်မြင်ယူဆပုံရသည်။

 " ဟလို... How are you?ပေါ့...မိန်းမလား...ယောကျာ်းလားပေါ့..မိတ်ဆက်ရင်း...ကျနော်..လက်ခံစကားပြောဖြစ်သည်...ကျနော်လိမ်ခဲ့သည်...မိန်းခလေးဖြစ်သည်ဟု..။

နောက်ဆက်တွဲအဖြစ်..ကျနော် ရည်စားစကားပြောခံရသည်...။

အော်....ဂျီတော့။

နောက်ဆုံးကျနော်ပြောချင်သည်မှာ...။ ဂျီတော့သည် အလိမ်ခံရရန်...သော်လည်းကောင်း...လိမ်ရန်သော်လည်းကောင်း...အသုံးဝင်သည့်ပစ္စည်းဖြစ်ပါသည်လို့...။

ဂျီမေး G-Mail သည် အပြည့်အ၀ လုံခြုံစိတ်ချမှုရှိပါသလား။

Privacy ဟုခေါ်သော ကျနော်တို့တဦးချင်စီရဲ့ ကိုယ်ရေးကိုယ်တာလွပ်လပ်ခွင့်တွေကို G-mail က ခိုးယူဖတ်ရှု့ နိုင်ပါသည်။ အကြောင်းမှုကား ဂျီမေးသည် ဂွတ်ဂယ် Google ရဲ့  Free Service ဖြစ်သည်။ ဂွတ်ဂယ် Company သည် အမေရိကန်နိုင်ငံတွင် အခြေစိုက်သည်။ အမေရိကန်ပိုင်ဖြစ်သည်။ ထို့ကြောင့်အမေရိကန်နိုင်ငံရဲ့ ဥပဒေအားလိုက်နာရသည်။ အမေရိကန်ဥပဒေသည် အခြေအနေကိုလိုက်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသည်။

အမေရိကန်အစိုးရသည် အကြမ်းဖတ်မှုဆိုင်သည့်အချက်အလက်များအားအလိုရှိနေသည်။ ထို့ကြောင့် မသင်္ကာသည့် အီမေးများအားအမြဲတစေကြည့်ရှု့ စောင့်ဖတ်နေသည်မှာ ယုံးမှားသံသယဖြစ်ရန်မလို။သူတို့သည် ကမ္ဘာပေါ်ရှိ အီးမေးအသုံးပြုသူများအား ဖရီးဆားဗစ်ဟုခေါ်သော စေတနာရှိသလိုမျိုးဖန်တီးပေးထားသည်။ တကယ်ပင် စေတနာရှိလို့ ဖရီးပေးတာလား။ စဉ်းစားကြည့်ပါ။ မဟုတ်ပါ။ အကျိုးအမြတ်ကြောင့်ဖြစ်သည်။ အကျိုးအမြတ်တွင် နှစ်ခုရှိသည်။ တစ်ခုမှာ ငွေကြေးဖြစ်သည်။ နောက်တခုမှာ အချက်အလက်လိုချင်သောကြောင့်ဖြစ်သည်။ အောက်ပါ အခြေအနေကို နားထောင်ကြည့်ပါ။


ငွေကြေးအကျိုးအမြတ်နှင့်ပက်သက်၍

Hotmail၊ Yahoo Mail G-Mail စသည့် ဖရီးဆားဗစ်များကမ္ဘာပေါ်တွင်အများအပြားရှိသည်။ တချို့  Company များသည် အီးမေးအသုံးပြုများရဲ့  E-mail account များအား စီးပွားရေး Company များသို့ရောင်းစားသည်။ မားကတ်တင်းလုပ်ချင်သည့် Company များသည် Free E-mail Provider များထံမှ ကျနော်တို့ရဲ့ အီးမေးအကောက်များကိုဝယ်ယူကြရသည်။ ထို့ကြောင့် ကျနော်တို့ရဲ့  Hotmail Account G-mail account နှင့် ရာဟုအကောက်များထဲတွင် နေစဉ်လိုလို Spam ဟုခေါ်သော ကြော်ငြာများ နှင့် ပေါက်ကရမေးများ အလိုလိုရောက်ရှိနေတက်သည်။ နေ့စဉ်ထိုမေးများကို ဖျက်ရသည်မှာအလုပ်တခုဖြစ်သည်။

နောက်တခုမှာ အီးမေးမှ ကြော်ငြာဝင်ငွေရရှိခြင်းဖြစ်သည်။ ကျနော်တို့ရဲ့ ရာဟုမေး နှင့် အခြားမေးများရဲ့ ဘေးထောက်များတွင် ကြော်ငြာအကွက်များရှိသည်။ ထိုအကွက်များတချက်နှိပ်လိုက်သည်နှင့် ကြော်ငြာဝင်ငွေရရှိနေသည်။

G-mail သည်လုံးဝလုံခြုံစိတ်ချမှုမပေးပါ။ အမေရိကန်အစိုးရသည် လိုရင်လိုသလို စောင့်ကြည့်သည်။ မြန်မာအစိုးရသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ မည်သူအတိအကျ သိပါသလဲ။ ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စများ၊ အလုပ်ကိစ္စများအား ဂျီတော့၊ ဂျီမေးဖြင့် ပြောဆို၊ ရေးသားကြသည်မှာ အထူးစိုးရိမ်မိပါသည်။ ထို့ကြောင့် ဂျီမေးအား တကယ့်လျို့ ဝှက်အလုပ်လုပ်ရသည့်လူများ အမြဲတစေအသုံးမပြုသင့်ပါ။

မှတ်ချက်။ ။ Sampath Wijeratne ဆောင်းပါးမှကောက်နုတ်ထားသည်။


----ဆက်ရန်

ချိတ်ထမိန်နဲ့ မမတို့များ...

ဓာတ်ပုံ ဧရာဝတီ

လှတယ်ကွာ...ချိတ်ထမိန်လေးတွေနဲ့ ချစ်စရာလေးတွေ။ ဟဲ..ဟဲ..။ ၂၀၁၀ ရဲ့ ခေတ်သစ်မော်ဒယ်ပွဲလားလို့။ လိင်စိတ်ကော မှုမှန်သေးရဲ့ လား မသိတော့ပါဘူ။

မုံရွာမြို့ မြသိန်းတန်းကျောင်းတိုက်ရှိ ကျောင်းသားများအားလှူဒါန်းနိုင်ပါသည်

Type your summary here. Type the rest of your post here.

ကိုဇော်ထွန်း Facebook မှ....

6/21/10

Media Statement from John Hyde MLA

မြန်မာ့အရေးကို အစဉ်တစိုက်အားပေးထောက်ခံတဲ့ ၀န်ကြီး John Hyde အားအထူးကျေးဇူးတင်ရှိပါသည်။
We really appreciate your support for democracy in Burma. 

6/20/10

Perth ရဲ့ ဒေါ်စုမွေးနေ့

Perth မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို နှစ်စဉ်လုပ်တဲ့အဖွဲ့ရှိတယ်။ Tribal Refugee Welfare (TRW) လို့ခေါ်တယ်။ မွေးနေ့ပွဲရဲ့ ဝင်ကြေးကို ဒေါ်လာ ၂၀ ပေးရတယ်။မွေးနေ့ပွဲပြီးရင် ထမင်းစားပေါ့။

မွေးနေ့ပွဲလုပ်တာကောင်းတယ်။ စေတနာပါရင် အလကားအလှူလုပ်ပေါ့နော်။ မွေးနေ့ရှင်ကို အရင်းတည်ပြီး မျောက်ပြဆန်တောာင်းလုပ်တာမကောင်းဘူး။

အားလုံးသိစေချင်အောင် ဒီလိုရေးပါတယ်။





6/16/10

Aus's got talent (2010)

Aus's got talent (2010)

Australia's got talent 2010

Australia's got talent 2010 ကိုမနေ့ညက TV မှာ ကြည့်လိုက်ရတယ်။ စာဖက်သူတွေကိုလည်း ပျော်ရွှင်စေချင်တဲ့သဘောနဲ့ အခုလိုတင်ပြပါတယ်။ အရမ်းကိုလန်ထွက်နေအာင် အဖြူ၊ အမဲ၊ အ၀ါ တွေညီညာလှပါတယ်။ ဒီကောင်တွေ ဒေါ်လာ နှစ်သိန်းခွဲနဲ့အတူ ပထမဆုကို ဆွတ်ခူးခဲ့ပါပြီ။ ဒီဆုက ဒီကောင်တွေ အနာဂတ်မှာ မီလီလျံနာဖြစ်အောင် လုပ်ပေးမဲ့ပွဲဖြစ်ကြောင်း...

ရင်နင့်စရာမြင်ကွင်းလေးပါဗျာ...



ယခုဗွီဒီယိုကိုကြည့်ပြီး သေသွားတဲ့ နအဖရဲဘော်လေးတွေနဲ့ပက်သက်ပြီး အရမ်းဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။ သူတို့သာ ကျနော့်ရဲ့ ဆွေမျိုးရင်းချာတွေဖြစ်ကြည့်ပါလား။ ဒိထက်တောင်ပိုဆိုးအုံးမယ်။ သူတို့ရဲ့ အသက်အရွယ်တွေဟာ များသောအားဖြင့် ၁၈-၁၉ ပေါ့။ ဒီအရွယ်မှာ တခြားနိုင်ငံက လူငယ်တွေဆိုရင် ကျောင်းသားအရွယ်ပဲရှိသေးတယ်။ ကျနော်တို့ ဗမာနိုင်ငံက အခုလူငယ်တွေလို ပိုးဆိုးပက်စက် သေစရာတောင်မလိုပါဘူး။ အခုတော့ဗျာ.. ဘယ်လောက်ရင်နာစရာကောင်းလဲ။ ဘယ်သူ့မှာအပြစ်ရှိလဲဆိုတာ ကိုယ့်ဟာသာကိုယ်တွေးယူတော့ပါ။

စစ်ပွဲတစ်ပွဲမှာ ကိုယ့်ကိုမသက်ရင် သူများကကိုယ့်ကိုသက်မှာဆိုတော့ KNU ဘက်ကတော့ သူလုပ်စရာရှိတာ သူလုပ်မှာပါ။ ကျနော်လည်း ဒီလိုနေရာမျိုးမှာဆိုရင်လည်း ရန်သူကိုသေအောင်ပစ်မှာပဲ။ မပစ်ရင် သူက ကိုယ့်ကိုယ့်ပစ်မှာမဟုတ်ဘူးလား။ နအဖစစ်သားလေးတွေလည်း ထိုနည်းလည်းကောင်းပဲ။ ကြားထဲကနေ အပစ်မရှိတဲ့ ကျနော်တို့ လူငယ်တွေ၊ အပြစ်ရှိတဲ့ကောင်တွေအတွက် အလကားနေသေပေးနေရတယ်။ သေတာတောင် အဆင့်တန်းရှိရှိမသေရဘူးဗျာ။

နောင်တချိန်တိုင်းပြည်မှာ ကျနော်တို့လူကြီးတွေဖြစ်လာတဲ့အခါ ကျနော်တို့လူငယ်တွေ နောင်လာမည့်မျိုးဆက်တွေ၊ ကိုယ့်လူမျိုးအချင်းချင်းမသက်ဖြစ်အောင် လုပ်ရမယ်။

အခုတော့ ကြားထဲကနေအပြစ်မရှိတဲ့ လူတွေသေကြေ၊ ဘ၀တွေပျက်စီးနေအောင်လုပ်တဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေကို ချေမှုန်းပစ်ရမယ်။ ဒီကောင်တွေကို သတ်ပြစ်ရမယ်။ အခုလိုတိုက်ပွဲမှာ ကျဆုံးသွားတဲ့ နအဖစစ်သားလေးတွေဟာ သန်းရွှေရဲ့ မြေးဖိုးလပြည့်မဟုတ်ဘူး။ ရွှေမန်းသားမဟုတ်ဘူး။ သိန်းစိန်အမျိုးတစ်ကောင်မှမဟုတ်ဘူး။ ဒီကောင်တွေရဲ့  စောက်မျိုးတွေကြတော့ ချမ်းသာချင်တိုင်းချမ်းသာကုန်ကြပြီ။ နအဖ နဲ့ ပေါင်းပြီးခိုးနေတဲ့ သူခိုးတွေရဲ့ သားသမီးတွေဟာ သြစတျေးလျနိုင်ငံက တက္ကသိုလ်ကြီးတွေမှာ ငွေကိုရေလိုသုံးပြီးလုပ်နေကြတယ်။

ဒီလောက်မိုက်ရိုင်းတဲ့ကောင်တွေကို ဘာမှ စကားနဲ့ပြောစရာမလိုဘူး။ အဓိက သတ်ပစ်ရမှာက နှမစောင်းတွေ၊ အသက်ကြီးပြီးအချိန်မစီးတဲ့ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း တို့ဖြစ်တယ်။ သူတို့နဲ့ဖင်-ိုးဖင်ခံ ပေါင်းနေတဲ့ကောင်တွေပါရှင်းပစ်ရမယ်။ ရှေ့ တန်းက နအဖစစ်သားလေးတွေသေမဲ့အစား ဒီနှမစောင်းတွေ ပိုးဆိုးပက်စက်သေရမှာ။

6/15/10

Airasia လေကြောင်းသတင်း

Airasia လေကြောင်းလိုင်းကနေ ရန်ကုန်နဲ့ ကွာလာလမ်ပူကို ပြေးတော့မယ်။ သိတ်ကောင်းတဲ့သတင်းပါ။ ဒေါ်လာ ၃၀၀ လောက်ဆိုရင် သြစတျေးလျနိုင်ငံ Perth ကနေ ရန်ကုန်ကို အပျင်းပြေ တစ်ညအိပ် ဂေါက်သွားရိုက်လို့ရတယ်။ အခုဈေးနှုံးကတော့ Perth ကနေ ကွာလာလမ်ပူကို Promotion ဈေးမဟုတ်သေးပါဘူး။ ပရိုမိုးရှင်းဈေးဆိုရင် ဒေါ်လာ ၂၅၀ လောက်နဲ့ ကွာလာလမ်ပူကို Perth ကနေ အသွားအပြန်ရတယ်။

Perth to K.L
K.L to Yangon ကို ၀ယ်ရင် တခြားလိုင်းတွေထက်ဈေးအရမ်းပေါပါကြောင်း။ 

6/14/10

တာဝန်သိစိတ်ရှိပါစေ...



လူတိုင်းမှာ ဒီလိုစိတ်ဓာတ်ရှိရင် ကျနော်တို့တိုင်းပြည်နဲ့လူမျိုးဟာ တင့်တယ်ပြီပေါ့။ အခုလိုစိတ်ဓာတ်တွေမရှိလို့ သူများအနှိမ်ခံဘ၀နဲ့ နေရပြီ။

နိုင်ငံရေးပဲလုပ်လုပ်၊ လူမှုရေးပဲလုပ်လုပ် ပတ်ဝန်းကျင်က ပြောတယ်။ မင်းလုပ်လည်း ဒီမိုကရေစီမရပါဘူးတဲ့။ တချို့ ခွေးလေးခုန်လို့ဖုန်မထဘူးလို့တောင်ပြောတယ်။ ဒီနေရာမှာပြောချင်တဲ့စကားရှိတယ်...ခွေးကြီးခုန်လို့ကော ဖုန်ထလားဆိုတဲ့ မေးခွန်းပါ။ ဒါပေမဲ့တခါမှမမေးမိပါဘူး။

ကျနော့်အဖြေကတော့ ဘယ်သူလုပ်လုပ်မလုပ်လုပ် ကျနော်တော့ လုပ်မှာပဲ။ မှန်တယ်ထင်တယ်။ တာဝန်ရှိတယ်လို့လည်း ယူဆတယ်။

ဒီဗွီဒီယိုမှာပါတဲ့ငှက်ကလေးဟာ သူနိုင်သလောက်ကို သူလုပ်တယ်။ အောင်မြင်ရင် အောင်မြင်မယ်။ ကျရှုံးရင်လည်းကျရှုံးမယ်။ ဒါပေမဲ့ သူရဲ့ တာဝန်သိတက်စိတ် နဲ့ သူ့လုပ်နိုင်တာကို သူလုပ်တယ်။ ဒါဟာ လူ့ဘ၀အတွက် ကြီးမားတဲ့ စိတ်ခေါ်မှုကြီးပဲ။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်တွေဟာ ဒီငှက်လေးလိုရှိရင် သိတ်ကောင်းမှာပဲ။

မှတ်ချက်။ ကိုထူးချစ် ဂျီတော့မှတဆင့်။

6/12/10

နိုင်ငံရေးသမား နှစ်မျိုး

နိုင်ငံရေးသမားတစ်ယောက်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲတော့မသိဘူး။ စာအုပ်စာတမ်းတွေထဲမှာ နိုင်ငံရေးသမား၊ ဘာလဲကွ နိုင်ငံရေးဆိုတဲ့ စာကိုဖတ်ဘူးတယ်။ နေရာဒေသ ဌာန အလိုက်လိုက်ပြီး နိုင်ငံရေးသမားကွဲပြားခြားနားပုံကို မရေးကြဘူး။ ရေးတဲ့သူရှိရင်လည်းရှိမှာပါ။ တခါမှတော့မတွေ့မိဘူး။ နိုင်ငံရေးသမားမှာ နှစ်မျိုးရှိတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ရောက်ဖို့အတွက် လုပ်တဲ့ နိုင်ငံရေးသမားရှိတယ်။ နောက်တမျိုးကတော့ ဒီမိုကရေစီစနစ်ဆိုတဲ့ ဘောင်ထဲကနေလုပ်တဲ့နိုင်ငံရေးသမားရှိတယ်။ ဒီနှစ်မျိုးရဲ့ အဓိက ကွာဟချက်က ဘာလဲဆိုတော့ ပီတိကိုစားအားရှိတဲ့တော်လှန်ရင်းလုပ်တဲ့နိုင်ငံရေးသမား နဲ့ အာဏာရဖို့အတွက် လုပ်တဲ့နိုင်ငံရေးသမားပါပဲ။

အခုလက်ရှိတိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးသမားတွေကို ဘယ်လိုအမျိုးအစားခွဲရမလဲ။ သူတို့ကို ဘယ်လိုမှ အမျိုးအစားအတိအကျခွဲလို့မရဘူးဖြစ်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့...အခုလက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ နိုင်ငံရေးသမားတွေဟာ လမ်းကြောင်းတခုကိုဦးတည်တဲ့သူရှိသလို၊ ဟိုလိုလိုဒီလိုလိုနိုင်ငံရေးသမာတွေလည်းရှိနေတယ်။

ဥပမာ...လက်နက်ကိုင်တော်လှန်ရေးကနေပေါက်ဖွားလာတဲ့ နိုင်ငံရေးသမားတွေရှိတယ်။ အပစ်ရပ်တို့၊ ၈၈ မျိုးဆက်တို့။ နောက်ပြီး ပြည်တွင်းမှာလက်နက်မကိုင်ပဲလုပ်တဲ့နိုင်ငံရေးသမားတွေရှိတယ်။ ကိုမင်းကိုနိုင်တို့အုပ်စုနဲ့ အခြားအုပ်စုတွေပေါ့။ ကြားအုပ်စုကတော့ အမှီးကျက်ရင် အမှီးစားမယ်၊ ခေါင်းကျက်ရင်ခေါင်းစားမယ်ဆိုတဲ့ အုပ်စုရှိတယ်။ ဥပမာ ကိုအေးလွင်တို့အုပ်စုပေါ့။

ပီတိကိုစားအားရှိတဲ့နိုင်ငံရေးသမားတွေဟာ ဘယ်တော့မှ ဒူးမထောက်ကြဘူး။ ငါအာဏာရဖို့အတွက်လုပ်တဲ့ လူတန်းစားကတော့ ငါဆိုတာကိုပဲကြည့်တယ်။ ဒါ့ကြောင့် သူတို့ဘာလုပ်လုပ်သူတို့အလုပ်ကိုလုပ်တာသာဖြစ်တယ်။ ဘာမှရှည်ရှည်ဝေးဝေးမပြောချင်ဘူး။ ကျနော်လုပ်နေတဲ့ နိုင်ငံရေးသမားဘ၀ကတော့ ပီတိကိုစားအားရှိပါတယ်ဆိုတဲ့နိုင်ငံရေးသမားပဲဖြစ်ချင်တယ်။

...................

6/11/10

ခေါင်းဆောင်တွေလား!!!

ခင်ဗျားတို့ တော်လှန်ရေးခေါင်ဆောင်တွေကိုပြောမယ်။

မီဒီယာမှာ ခင်ဗျားတို့ပြောတာကို ကျနော်တို့ကြားတယ်။ ခင်ဗျားတို့ ခေါင်းဆောင်လို့ခေါ်ခံချင်ရင် ခေါင်းဆောင်နဲ့ တူတဲ့တန်တဲ့အလုပ်ကိုလုပ်။ အဲဒိအလုပ်ကတော့ ခင်ဗျားတို့ ခေါင်းဆောင်တွေတစ်နှစ်အတွင်း တောလှန်ရေးအားကောင်းအောင်လုပ်။ မလုပ်နိုင်ရင် ခင်ဗျားတို့ ဒိုးတော့။ အိမ်သာဆေးမဲ့အလုပ်ကိုလုပ်တော့။

ခေါင်းဆောင်တော့လုပ်ချင်တယ်။ ဟိုမရောက်ဒီမရောက်နဲ့။ သတိသာထားကြတော့။ 

6/10/10

ပါတီ ဌာနချုပ်သို့...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ် (မဲ့ဆောက်) သည် ကိုယ်သာလျှင် လူ ဖြစ်သည်..ဆိုသည့်အပေါက်မျိုးချိုးနေသည်။ သူတို့ကို NED သာ ငွေမပေးလျှင် ထမင်းငတ်မည့် လူတန်းစားဖြစ်မည်ကြောင်း...။

View My Stats