ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

7/22/10

ဝိုင်၊ ဘီယာ


  သြစတျေးလျမှာ နေတဲ့လူတိုင်း ဒီလိုမျိုးဝက်ရိုးကိုက်၊ ကွန်ပြူတာရှေ့ ထိုင်ပြီး ဘီယာလေးမော့။ ဂျီတော့နဲ့ပွား။ အင်တာနက်ကအာ။ ဟိုရေးဒီရေးလုပ်။ အလုပ်ပိတ်တိုင်း ဒီလိုအပမ်းဖြေရင်း အမြည်းလုပ်ရပါတယ်။ အား,မကျပါနဲ့။ အထီးကျန်ဆန်တာကြောင့် ဒီလိုအခြေအနေဖြစ်နေတာပါ။ တတိယနိုင်ငံက လူတွေအားလုံးဒီလိုပါပဲ။ ရွှေဗမာတွေကို ပြောတာပါ။ နေ့တိုင်းဒီလိုအခြေအနေမျိုးကို တတိယနိုင်ငံက လူတွေရင်ဆိုင်ရပါတယ်။
ကွန်ပြူတာတစ်လုံး၊ ဟန်နီကယ်တစ်လုံး၊ ၀က်ရိုးတစ်ချောင်း
ဒေါ်လာ တစ်ထောင်တန် ၀ိုင်သောက်ချင်တယ်
ဟန်နီကယ်သွားဝယ်ရင်း ဒေါ်လာ ၁၀၀၀ တန်ဝိုင်တွေ့လို ဓာတ်ပုံရိုက်ယူလာပါတယ်။ လူဖြစ်ပြီး ဒေါ်လာ ၁၀၀၀ တန်ဝိုင်ကို တစ်ခါလောက် မသောက်သင့်ဘူးလား။

7/21/10

“တတိယအင်အားစုကို သတိထားဟေ့” (အောင်မိုးဇော်)

ဒီနေ့ကာလမှာ ရေပန်းစားနေတဲ့စကားတွေရှိတယ်။ ဒါတွေကတော့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို တိုက်ပွဲမပါပဲ တည်ဆောက်နိုင်တယ်ဆိုတဲ့စကားပဲ။ ဒီစကားတွေဟာ စစ်အစိုးရလက်အောက်မှာ သူတို့ဖန်တီးထားတဲ့ ဥပဒေတွေအတိုင်း နေရတာတောင် ပြော, ထွက်လာတဲ့စကားတွေဖြစ်တယ်။ စစ်အစိုးရဟာ ၁၉၉၀ မှာ ပြတ်ပြတ်သားသား အနိုင်တဲ့ NLD ပါတီနဲ့ စေ့စပ်ဆွေးနွေးရေးကိုအခုထိ ငြင်းနေဆဲလည်းဖြစ်တယ်။ ဒီစကားတွေဟာ ကုလသမဂ္ဂအထူးသံရဲ့  မိနစ်နှစ်ဆယ်ကြာဆွေးနွေးပဲကနေ ပေါ်ထွက်လာတဲ့ကိစ္စအပေါ်ကနေ ပေါ်ထွက်လာတာဖြစ်တယ်။

ဒါ့အပြင် ယနေ့ကာလမှာ ရေပန်းစားနေတဲ့ အကြံပေးချက်တွေရှိတယ်။ ဒါတွေကတော့ နာဂစ်ဒုက္ခသည်တွေကို အကူညီပေးဖို့လုပ်တာတောင် ငြင်းဆိုခံရတဲ့မျက်နှာကိုမထောက် နိုင်ငံခြားအကူအညီတွေကသာ မြန်မာနိုင်ငံရဲ့ လူ့ဘောင်သစ်တခုကို ဖွင့်လှစ်ပေးနိုင်တယ်ဆိုတာပါပဲ။

ဒီအယူအဆတွေကတော့ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ NGOs ကထိပ်သီးခေါင်းဆောင်တချို့  ကနေ ထွက်လာတာကိုတွေ့ရတယ်။ ဒါ့အပြင် တချို့  နိုင်ငံရေးခေါင်းဆောင်တွေဆီကနေလည်း ကြားနေရတယ်။ ဒီလူတွေအားလုံးကတော့ သူတို့ကိုယ်သူတို့ ယနေ့နိုင်ငံရေးမှာ တတိယအင်အားစုဆိုပြီး အာ, နေကြတဲ့ လူတွေဖြစ်ပါတယ်။

ယနေ့ ဗမာပြည်ရဲ့ ကိစ္စဟာ နိုင်ငံတကာမှာ အရေးပါတဲ့အခန်းကဏ္ဌတခုဖြစ်နေပြီ။ ဒီအခွင့်အလမ်းကို တတိယအင်အားစုဆိုတဲ့ လူတစ်စုဟာ ကုတ်သွေးစုပ်နေပြီ။ မြန်မာ့လူအဖွဲ့အစည်းကို ဖြည်းဖြည်းသော်လည်းကောင်း၊ တဆင့်ခြင်းသော်လည်းကောင်း ပြောင်းလဲရမယ်ဆိုတဲ့အိုင်ဒီယာကိုလည်း တတိယအင်အားစုတွေက လိုလားနေပါတယ်။

ဒီလူတွေက နိုင်ငံတကာကို ဒီလိုတိုက်တွန်းနေပါတယ်။

“စစ်အစိုးရနဲ့ အလျှော့ပေးစေ့စပ်ရေးလုပ်ရမယ်။ ပြီးတော့ အရေးယူပိတ်ဆို့မှု Sanction တွေကို ရုပ်သိမ်းပေးရမယ်။ သူတို့အကြောင်းပြချက်က Sanction ဟာ စစ်အစိုးရကိုမထိပဲ၊ ဗမာပြည်သူလူထုကို ပိုပြီးဆင်းရဲကျပ်တည်းစေတယ်လို့ပြောပါတယ်” နောက်ပြီး တတိယအင်အားစုဆိုတဲ့ ရေပေါ်ဆီတွေဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့  မဟာဗျူဟာ နဲ့ လုပ်ထုံးလုပ်နည်းတွေကိုပါ စိန်ခေါ်နေပါပြီ။

ဒါတင်မကသေးပါဘူး တတိယအင်အားစုဆိုတဲ့ စောက်ရှုးတွေ ပြောတာရှိပါသေးတယ်။ NLD မှတ်ပုံမတင်တော့ NLD ဟာ တရားဝင်လှုပ်ရှားလို့ မရတော့ပါဘူး။ ဒီအချိန်မှာပဲ တတိယအင်အားစုဆိုတဲ့ လပေါ်သရေတွေအကြံပေးချက်က-

“ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီအစဉ်တွေကနေ ထွက်သင့်ပြီဖြစ်တယ်”

ဘာဖြစ်လို့လဲဆိုတော့ အထင်ကရဖြစ်တဲ့ NLD မရှိတော့ဘူး။ ခေါင်းပြုတ်ပြီပေါ့။ နောက်ပြီး တိုင်းပြည်ကို Civil Society လို့ခေါ်တဲ့ လူထုအခြေပြုအဖွဲ့အစည်း (တနည်း) NGOs တွေက ၀င်ပြီးနေရာယူလုပ်ကိုင်ရမယ်လို့ဆိုတယ်။

ဒါနဲ့ပက်သက်ပြီး ထင်ရှားတဲ့ ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်က သူ့အမြင်ကို လူသိရှင်ကြားပြောတာရှိပါတယ်။ သူက- “ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ သမိုင်းတရာခံဖြစ်ပြီပေါ့”

ဖြစ်နိုင်တာကတခုက တတိယအင်အားစုဆိုတဲ့လူတွေဟာ လူထုအခြေပြု လူ့အဖွဲ့အစည်းပေါ်ထွန်းလာရေးကို အာရုံစိုက်ပြီး အကောင်အထည်မဖော်ပဲ NLD နဲ့ ဒေါ်စုရဲ့ နေရာကိုလိုချင်လို့ ပြိုင်နေတာဖြစ်ပါတယ်။

လူထုအခြေပြုလူ့အဖွဲ့အစည်း ( Civil Society) ဟာ တိုင်းပြည်မှာ အမှန်တကယ်လိုအပ်ပါတယ်။ ရှိသင့်ပါတယ်။ Civil Society မရှိသင့်ဘူးလို့ပြောနေတာမဟုတ်ပါဘူး။ ဒီကိစ္စကို လူတိုင်းလည်းထောက်ခံပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ နေ့လည်စာ မှာစားသလို ချက်ချင်းလက်ငင်းရနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ လူထုတိုက်ပွဲထဲကနေပေါ်လာတဲ့အရာဖြစ်တယ်။ ပြည်သူ့ရဲ့ သွေး၊ ချွေးတွေကို ထောင်ထဲမှာ နှစ်ပေါင်းများစွာရင်းနှီးပြီးမှ ပေါ်ထွက်လာတဲ့အရာဖြစ်ပါတယ်။
ဆိုလိုချက်ကတော့ လူမှုရေးလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုတွေကနေ လူထုအခြေပြုလူ့အဖွဲ့အစည်းဆိုတာ ပေါ်ထွက်လာတာဖြစ်တယ်။


နောက်တခုက ဒီတတိယအင်အားစုဆိုတဲ့ လူတွေအကြံပေးချက်ကတော့ လူထုအခြေပြုလူ့အဖွဲ့အစည်းကို ဒီမိုကရက်တစ်လှုပ်ရှားမှုကြီးရဲ့  ရည်မှန်းချက်နဲ့စည်းမျဉ်းဘောင်ထဲကနေပြီး ဖော်ဆောင်နိုင်တယ်တဲ့အယူအဆပဲ။ ဘယ်လိုလုပ်ပြီး ၂၀၁၀ -ဘောင်ထဲကနေလုပ်မလဲ။ နောက်ပြီး ဒီအခြေအနေအောက်မှာ ဖော်ဆောင်မဲ့ လူထုအခြေပြုလူ့အဖွဲ့အစည်းရဲ့ အမျိုးအစားကဘာလဲ။ မယုံမရှိနဲ့…။ ဒီစကားတွေက နေပြည်တော်ကနေ ပေါ်ထွက်လာတဲ့အသံတွေပဲဖြစ်တယ်။

တတိယအင်အားစုဆိုတဲ့ စောက်ရှုးတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီခေါင်းဆောင်လို့ မသက်မှတ်ချင်တော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရည်တည်ချက်နဲ့သူလုပ်နေတာဖြစ်တယ်။ သူ့ရပ်တည်ချက်ကတော့ “နိုင်ငံကို ဂုဏ်သိက္ခာအပြည့်နဲ့ တည်ဆောက်ချင်တယ်။ ငြိမ်းချမ်း၊ စစ်မှန်ပြီး ဂုဏ်သိက္ခာရှိတဲ့ လူထုအခြေပြုလူ့အဖွဲ့အစည်းဖြစ်အောင်သူမလုပ်ချင်နေတယ်”

ကျနော်တို့သားသမီးတွေအတုယူတန်ဖိုးထားတဲ့ လွတ်လပ်ရေးဖခင်ကြီးတွေ၊ အာဇာနည်ကြီးတွေလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ယနေ့ ကျနော့်တို့ခလေးတွေရဲ့  စံပြပုဂ္ဂိုလ်ဖြစ်တယ်။

ကျနော်တို့မြန်မာပြည်က လူငယ်တွေဟာ ပြည်ပမှာ အလုပ်လုပ်နေတာတောင် ဒေါ်စုဆီကနေ စိတ်ဓာတ်ခွန်အားနဲ့ တိုင်းပြည်ချစ်စိတ်တွေအပြည့်အ၀ရရှိနေတုံးပဲ။ သူတို့အားလုံးရဲ့ ခေါင်းထဲမှာ ဒေါ်စုဟာ အမှန်တရား၊ တရားမျှတမှု နဲ့ ငြိမ်းချမ်းမှုကို ကိုယ်စားပြုတယ်လို့ သတ်မှတ်တယ်။ ကျနော်ရိုးရိုးသားသားယုံကြည်တာကတော့ ကျနော်တို့ မြန်မာပြည်ကလူငယ်တွေဟာ အမှောင်ထဲမှာ လမ်းပြနိုင်မဲ့လူ၊ သူတို့အတွက် တရားမျှတမှုရှိရှိ ဦးဆောင်လမ်းပြပေးနိုင်မဲ့ စံပြပုဂ္ဂိုလ်တစ်ဦးကို အရမ်းအလိုရှိနေတယ်ဆိုပါပဲ။

အကယ်၍သာ မြန်မာပြည်က လူငယ်တွေအနေနဲ့ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေတခုတည်းကိုပဲ ရွေးစရာလမ်းရှိတယ်ဆိုပါစို့။ ဒီဖွဲ့စည်းပုံကလည်း သိတဲ့အတိုင်းပဲ။ စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို ဦးတည်ထားတဲ့ဖွဲ့စည်းပုံဆိုတော့ အနာဂတ်မှာ ကျနော်တို့လူငယ်တွေရဲ့ အခြေအနေဟာ ဒိထက်ပိုဆိုးဖို့ပဲရှိပါတော့တယ်။ ၂၀၀၈-ဖွဲ့စည်းပုံဟာ စစ်အာဏာရှင်တွေလိုချင်တဲ့ လူနည်းစုကသာ အနာဂတ်မှာ အာဏာကိုရေရှည် ဆုပ်ကိုင်ထားချင်တဲ့အခြေအနေကို တိုင်းပြည်မှာဖန်တီးနေခြင်းသာဖြစ်ပါတယ်။

တတိယအင်အားစုတွေထဲမှာ ပြည်ပက ထင်ရှားတဲ့ခေါင်းဆောင်တွေရှိပါတယ်။ ပိုလို့ထူးခြားတာက အနောက်တိုင်း တိုင်းပြည်တွေမှာသူတို့ မိတ်ဆွေရှိနေပါတယ်။ ဒီလူတွေက မြန်မာပြည်ထဲမှာ အတိုက်အခံအင်အားစုကို ပြန်ပြီး အတိုက်အခံလုပ်ဖို့ အင်အားစုတစ်ရပ်ဖြစ်အောင် အချိန်နဲ့ငွေကို အသုံးပြုပြီးတည်ဆောင်နေပါပြီ။


လက်ရှိအခြေအနေမှာ ဒေါ်စု နဲ့ NLD ဟာ စစ်အစိုးရမကဘူး၊ တတိယအင်အားစုကပါ တိုက်ခိုက်တာကို ခံနေရပါပြီ။ ဒါပေမဲ့ မပူပါနဲ့။ ပြည်တွင်းက NLD အဖွဲ့ဝင်တွေဟာ တတိယအင်အားစုရဲ့ စိန်ခေါ်ချက်တွေကို ပြန်လည်တုံ့ပြန်ပါလိမ့်မယ်။ ဒါမှ ကျနော်တို့ ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုဟာ ပိုပြီးအားကောင်းလာမှာဖြစ်ပါတယ်။

ပြည်တွင်းကလူထုဟာ ၁၉၉၀ မှာ သူတို့ရဲ့ ခေါင်းဆောင်ကို ရွေးချယ်ခဲ့တယ်။ အနာဂတ်မှာလည်း သူတို့ခေါင်းဆောင်ကို သူတို့ကိုယ်တိုင်ရွေးချယ်အုံးမှာဖြစ်တယ်။ လူထုအနေနဲ့ သူတို့ လုပ်သင့်တာကို ခဏခဏ ပြခဲ့ပြီးပီ။ သူတို့ခေါင်းဆောင်ဟာ ဘယ်သူဖြစ်ကြောင်း ပြောခဲ့ပြီးပီ။ ဥပမာ လွန်ခဲ့ ၂၀၀၇-ခုနှစ် ဘုန်းကြီးကိစ္စက သက်သေပဲ ။ ဒီတခါမှာလည်း လူထုဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူတို့ ဘာလိုချင်တာလဲဆိုကို ထပ်ပြပါလိမ့်မယ်။

ကိုအောင်မိုးဇော်သည် လက်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌ ဖြစ်ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ကာလများတွင် ဒုတိယအင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်ပါသည်။ လက်ရှိပါတီဌာနချုပ်သည် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည်။ 

ကိုအောင်မိုးဇော်ရဲ့  Building an Opposition to the Opposition ဆောင်းပါကို ဆီလျှော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ယခုဆောင်းပါးသည် ဧရာဝတီမဂ္ဂဇင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့်ဆောင်းပါဖြစ်ပါသည်။ စာရေးသူဆိုလိုချက် မှားယွင်းမှုရှိပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ပါသည်။

Building an Opposition to the Opposition (By Aung Moe Zaw)

July 20, 2010

Photo from Ko Aung Moe Zaw's facebook

It is popular today to say that Burmese civil society can be built without a struggle despite the present environment created and controlled by a military regime to ensure that people live according to their rules.

It is popular today to talk of engaging the regime which itself has refused to engage with the political party that won the last election and for whom meaningful engagement comes in twenty minute pseudo meetings with UN envoys.

It is also popular to suggest that foreign aid could open the door to a new society in Burma, even after those with bountiful aid for the disaster stricken delta after Cyclone Nargis were rejected and refused. Such views are popular among some intellectuals, a few political and NGO elites, and a few business people. It is the rhetoric of those who make up a “third force” in today's political culture.

Burma fatigue has set in for sections of the international community, and the third force has exploited the fatigue and frustrations. It offers the image of a slowly built civil society bringing gradual change to Burma. They lobby the international community to engage with the regime, to lift sanctions which they say are the cause of the poverty of the Burmese people and not the regime, and they challenge and discredit the strategies and principles of the pro-democracy movement.

When the National League for Democracy (NLD) was officially banned by the regime, the third force suggested that the entire political program of the opposition should be abandoned, and that civil society should fill the void in collaboration with the state. A prominent exiled activist who shared some of these views publicly said that Daw Aung San Suu Kyi and the NLD were history.

Perhaps this third force is actually competing for the position that the NLD and Suu Kyi hold instead of focusing on civil society building on the ground.

The process of building civil society is indeed part of the struggle for a democratic society and everyone supports it. Civil society will not just suddenly appear, like ordering lunch. It grows out of the struggle of the people, from their social and political actions, from their blood, from their sweat, from their years in prisons.

The third force seems to suggest that a civil society can be built by surrendering the principles and aspirations of the democracy movement. What kind of civil society will that build? No doubt, one similar to that breeding in the corridors of the power in Naypyidaw.

They discredit Suu Kyi, a symbol of the resistance against injustice not only in our society but around the world, a democratic symbol because she lives by her principles and would build a nation that could live in dignity with a true civil society. She should be the ideal for our sons and daughters, just as we value her father and our independence heroes.

Our young people, from different ethnic nationalities, from different social backgrounds, our young people who migrate to neighboring countries to support their families and communities, get strength and inspiration from Suu Kyi. They all know that she represents truth, justice and peace.

Some people might think that I don't respect different views. I simply believe that our young people need role models who inspire and guide, role models who have kept alive the candle of social justice, even in the darkest times.

If our young people are only offered the 2008 Constitution, the military style elections and the regime's “road map” to democracy as the only way to achieve social justice, our future will be as grim as our current situation. Such a course would only serve the regime by creating an oligarchy and a new elite class which the regime is now working to install in our society to continue patronizing our people in the future.

It's surprising and absurd that this third force, which also includes a handful of prominent exiles, spends its time and energy building an opposition against the opposition inside Burma. Most surprisingly, they have friends in Western democracies.

Apparently, the opposition movement to the pro-democracy opposition is gaining a voice and the challenges ahead for Suu Kyi and NLD members involve not only the regime but also this third force. But NLD members will rise to the challenge, and it will only strengthen their work.

The people of Burma chose their leaders in the 1990 elections; they will choose their leaders in the future, way or another. They have reaffirmed their desired leadership several times already, most recently in the 2007 demonstrations. They will find their own way to reaffirm it again.

Aung Moe Zaw is chairman of the exiled Democratic Party for New Society.

7/20/10

ဗိုလ်ချုပ်အောင်ဆန်းရေ...ခဏလောက်..ထကြည့်ပါအုံးဗျာ...

အာဇာနည်နေ့မှာ အောက်မေ့ဖွယ်အခမ်းအနား၊ အလေးပြုတာတွေကောင်းတယ်။ သတိတရ ရှိတာပေါ့။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်ကြီးတွေဟာ ငါ့..မိသာစုကောင်းစားရေး၊ ငါ..ဆိုတဲ့ အတ္တကိုအမှီပြု အလုပ်လုပ်ခဲ့ကြတာမဟုတ်ဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထုကောင်းစားရေးအတွက် အလုပ်လုပ်ရင်း အသက်ခံရတာဖြစ်တယ်။ အရက်ဝိုင်းမှာ သူများရိုက်လို့သေတဲ့ လူတန်းစားတွေမဟုတ်ဘူး။ ဖာ..ရုံကိုသွားနေတုန်း ချောင်းပစ်ခံရတာမဟုတ်ဘူး။

တတိုင်းပြည်လုံး ကောင်းစားရေးလုပ်နေချိန်မှာ အသက်ခံရတာဖြစ်တယ်။ အတွင်းဝန်ရုံးမှာ တိုင်းပြည်အတွက် အရေးတကြီးကိစ္စတွေအတွက် အစည်းအဝေးလုပ်နေတုန်း အသက်ခံရတာဖြစ်တယ်။ ရွေးကောက်ပွဲဝင်ဖို့...လုပ်တဲ့ အစည်းအဝေးမှာ သူများက...ခဲနဲ့ချောင်းပစ်လို့သေသွားရင် ဖြေလို့ရသေးတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့  အစည်းအဝေးက သူတို့ရွေးကောက်ပွဲ နိုင်ဖို့ လုပ်တဲ့ လေးလပတ်အစည်းအဝေးမဟုတ်ဘူး။ အလှူခံဖို့လုပ်တဲ့ အစည်းအဝေးလည်းမဟုတ်ဘူး။ မိမိတဖွဲ့ ၊ မိမိတစ်ယောက်..အာဏာတည်မြဲရေးအတွက်မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွား (တနည်း) တိုင်းပြည်နဲ့ပြည်သူလူထုကောင်းစားရေး အတွက် လုပ်တဲ့အစည်းအဝေးဖြစ်တယ်။ ပြည်ပအခြေစိုက်တွေလုပ်နေတဲ့ ပရိုပိုဆယ်ရရှိရေး အစည်းအဝေးလည်းမဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွား။ ဒီလို ရည်ရွယ်ချက်နဲ့လုပ်နေတဲ့အစည်းအဝေးမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ခံရတာဖြစ်တယ်။ ဗမာကို ဗမာလူမျိုးကသက်ပြီး တိုင်းပြည်ရဲ့ ကံကြမ္မာကို ပြောင်းခဲ့တာဖြစ်တယ်။ ဂဌုန်ဦးစောက ကရင် မဟုတ်ဘူး။ ချင်းလည်းမဟုတ်ဘူး။ ဗိုလ်ချုပ်တို့မသေရင် အာဇာနည်နေ့လည်း ရှိမှာမဟုတ်ဘူး။ ဒါကို အာဇာနည်နေ့လို့ခေါ်တာ။

အခု...အာဇာနည်ကုန်းမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ကြီးတွေကို ပန်းခွေချ..အလေးပြုတဲ့လူတွေကိုကြည့်။ အားလုံးဟာ အာဇာနည်ကြီးတွေရဲ့ လမ်းစဉ်ကို သစ္စာဖောက်ခဲ့တဲ့လူတွေကြီးပဲ။ မြို့ တော်ဝန် အောင်သိန်းလင်း ကော်ဇောနီပေါ်မှာ မတန်မရာတက်ပြီး အလေးပြုတယ်။ ဒီ..ဘဲ..ကို ဗိုလ်ချုပ်သာ တွေ့ရင် ငါ့...အရှေ့ ကထွက်သွားဆိုပြီး ဖိနပ်နဲ့ပေါက်တာခံရမဲ့ လူတန်းစားဖြစ်တယ်။ ငါ့...ကိုမတန်မရာလာပြီး အလေးပြုရတယ်လို့။

အခြားလူတွေကိုကြည့်...ရွေးကောက်ပွဲကို ၀င်ပြီး အလုပ်မရှိအလုပ်ရှာတဲ့ လူတန်းစားက အာဇာနည်ကြီးတွေရဲ့ လမ်းစဉ်၊ စိတ်ဓာတ်၊ အနစ်နာခံစွန့်လွှတ်မှုတွေကိုမှမထောက် ရှေ့ မျက်နှာနောက်ထားပြီး အာဇာနည်ကြီးတွေကို အလေးပြုရတယ်လို့ဗျာ..။ ဘယ်လောက်စိတ်နာစရာကောင်းလဲ။ ဦးအောင်ဆန်းဦးနဲ့ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း တို့သာ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိရင်တော့ သေဖို့သာပြင်တော့။ ဗိုလ်ချုပ်အောင်ဆန်းပြောသလို "ဗမာတွေရဲ့ စိတ်ဓာတ်ဟာ မဟုတ်တဲ့နေရာမှာသွားပြီးတော်နေတယ်...ဗမာပြည်လွတ်လပ်ရေးရအောင်မလုပ်ချင်ဘူး...အချင်းချင်းချဖို့လောက်စဉ်းစားနေတယ်" ဆိုတဲ့ စကားဟာ အာဇာနည်ကုန်းမှာသွားပြီးအလေးပြုတဲ့လူတွေ မသိတာမဟုတ်ဘူး။ သိတယ်။ သို့သော်...ဘာဖြစ်လဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတုခိုးစရာကောင်းတဲ့ စိတ်ဓာတ်၊ အရည်အချင်း၊ သတ္တိ တွေအတုခိုးဖို့နေနေသာသာ..အာဇာနည်နေ့မှာ အလေးပြုတာကိုပဲ အဟုတ်ကြီးထင်နေကြတယ်။ တလွဲဖြစ်နေကြတယ်။

အာဇာနည်နေ့အခမ်းအနားဟာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့၊ သေသွားလို့ ဆိုပြီး အောက်မေ့ဖွယ်လုပ်တဲ့အခမ်းအနားဖြစ်တယ်။ တချိန်တည်းမှာ သူတို့ရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်၊ အတွေးအခေါ်၊ အရည်အချင်းတွေကို အတုခိုးပြီး လိုက်နာကျင့်သုံးဖို့ တိုက်တွန်းတဲ့နေ့လည်းဖြစ်တယ်။ ပညာဆိုတာ..ယူတက်ရင်ရပါတယ်။ သို့သော်...ဒီနေ့အာဇာနည်နေ့ကိုသွားပြီး ဂုဏ်ပြုဖို့ အထူးအခွင့်အရေးရတဲ့လူတွေဟာ လွမ်းသူ့ပန်းခွေလုပ်ဖို့ ၀ယ်တဲ့ ပန်းတွေလောက်တောင်တန်ဖိုးမဲ့တဲ့လူတွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကို နိုင်းယှဉ်ပြီးပြောချင်းဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆွေးနွေးရင်းနဲ့သာ ဖြေရှင်းနိုင်တယ်

ရွေးကောက်ပွဲ လုပ်တော့မယ်။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာ Election လို့ခေါ်တယ်။ မြန်မာလိုဘာသာပြန်ချက်ကတော့ ရွေးကောက်ပွဲပေါ့။ ဒါက အဘိဓာန်မှာရေးထားတာ။ နအဖ ခေတ်မှာတော့ ရွေးကောက်ပွဲဆိုတဲ့စကားလုံးကို ပြောင်းပြန်လှန်ပြစ်လိုက်တယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အဓိပ္ပာယ်က "ငါ့ကို...ထောက်ခံတဲ့လူတွေကို ရွေးပြီးကောက်တဲ့ ရွေးကောက်ပွဲ" ဆိုပြီး ၂၀၁၀-မှာ ဘာသြာ့ပန်ခဲ့ပြီ။

ဒီနေရာမှာ ဗမာပြည်ရဲ့ နိုင်ငံရေးပြသနာကိုဖြေရှင်းဖို့အတွက် ၂၀၁၀-ရွေးကောက်ပွဲဆိုတာကို စစ်အစိုးရလုပ်တယ်။ လမ်းပြမြေပုံ ၇-ချက်ထဲကတစ်ချက်ဖြစ်တယ်ဆိုပါတော့။ အဲဒိမတိုင်ခင် အပစ်ခက်ရပ်စဲရေးလုပ်ခဲ့တယ်။ လမ်းပြမြေပုံကော၊ အပစ်ခတ်ရပ်စဲရေးကိစ္စကော ဗမာ့နိုင်ငံရေးပြသနာကို ဖြေရှင်းနိုင်လား။ အဖြေကတော့ ဘာမှမလုပ်နိုင်ဘူး။ အားလုံးလက်နက်တွေကိုင်ထားတုန်းပဲ။

၂၀၁၀-ရွေးကောက်ပွဲနဲ့ကော ကျနော်တို့တိုင်းပြည်မှာ လိုအပ်နေတဲ့ပြသနာကို ဖြေရှင်းနိုင်မယ်ထင်လား။ အခုအခြေအနေနဲ့တော့ မဖြစ်နိုင်ဘူး။ ဘုန်းကြီးကျောင်းက ကြေးစည်ထုရင်တောင် ထင်,ဆိုတဲ့အသံကြားနိုင်တယ်။ တခြားနိုင်ငံက ရွေးကောက်ပွဲဆိုတာ တိုင်းပြည်မှာရှိတဲ့ပြည်သူကော၊ ပြည်ပမှာရှိတဲ့ ပြည်သူကော မဲပေးနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ပြည်တွင်းစစ်မရှိဘူး။ အားလုံးငြိမ်းချမ်းနေတဲ့အချိန်မှာလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။

ကျနော်တို့ မြန်မာတွေ ထိုင်း၊ မလေး၊ စင်္ကာပူ စတဲ့နိုင်ငံတွေအပြင် တကမ္ဘာလုံးမှာသုံးလေးသန်းမကဘူး။ ပြီးတော့ နယ်စပ်ဒေသက ဒုက္ခသည်တွေ။ တောထဲက သူပုန်တွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ ထောင်ထဲ နိုင်ငံရေးအကျဉ်သားတွေ...အားလုံး အားလုံး...ဒီလူတွေဟာ ဗမာပြည်သားတွေဖြစ်ပါတယ်။ သူတို့လည်းမဲပေးနိုင်တယ် အခြေအနေကို အစိုးရကဖန်တီးပေးရပါ့မယ်။ ဒီလိုအခြေအနေကို နအဖ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် သူတို့ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့ ပြသနာကို မဖြေရှင်းနိုင်ဘူး။

တကယ်ဖြေရှင်းချင်ရင်၊ ဆန္ဒရှိရင် ရွေးကောက်ပွဲမလုပ်ခင်မှာ...ပြည်တွင်းစစ်ရပ်။ တွေ့ဆုံဆွေးနွေးရေးလုပ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့နှစ်ယောက်လုပ်တဲ့တွေ့ဆုံဆွေးနွေးရေးမဟုတ်ဘူး။ အားလုံးပါဝင်နိုင်တဲ့တွေ့ဆုံဆွေးနွေးရေးလုပ်။ သဘောတူညီချက်ယူ။ ပြည်တွင်းစစ်ရပ်။ ဒီအချိန်ဆိုတိုင်းပြည် ငြိမ်းချမ်းပြီ။ လူတိုင်း...လွတ်လွတ်လပ်လပ် အပူအပင်ကင်းနေတဲ့အချိန်မှာ ရွေးကောက်ပွဲကိုလုပ်။ ဒီရွေးကောက်ပွဲ လူတိုင်းမဲပေးခွင့်ရှိတယ်။ လူတိုင်းပါတီထောင်ခွင့်၊ ရွေးကောက်ခံခွင့်ရှိရမယ်။ အသက်ပြည့်တဲ့လူတွေကိုပြောတာပါ။ ဒါက ယေဘုယျ အခြေအနေပါ။ ဒီလိုအခြေအနေကို ဖန်တီးနိုင် ဘယ်လောက်ကောင်းမလဲ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေလုပ်ခဲ့တဲ့အလုပ်က အမျိုးသားအကျိုးစီးပွားကိစ္စဖြစ်တယ်။ ဒါကိုလုပ်ရင်းနဲ့ သူတို့အသက်ခံရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ စေတနာအပြည့်နဲ့ တိုင်းပြည်အတွက် အလုပ်လုပ်တယ်။ သူကိုယ်ကျိုးအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်မင်္ဂလာဆောင်မှာ အမေရိကန်ဒေါ်လာ သန်းငါးဆယ်လောက်မရခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေဟာ သူများဆိုင်က မှန်တွေကို ရိုက်မခွဲခဲ့ဘူး။ ဘောလုံးဒိုင်လည်းမကိုင်ဘူး။ ဒီလိုမျိုး ဗိုလ်ချုပ်နဲ့အာဇာနည်ကြီးတွေသတ္တိရှိခဲ့တယ်။ စေတနာအပြည့်နဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တယ်။

ဒါပေမဲ့ဗျာ...အခုလက်ရှိရှိနေတဲ့ နိုင်ငံတော်အကြီးအကဲများ...ရွေးကောက်ပွဲဝင်ပြီးနိုင်ဖို့လုပ်တဲ့သူများ၊ ထောက်ခံသူများဟာ အာဇာနည်နေ့မှာ အလေးပြုနေတုံး ဗိုလ်ချုပ်အောင်ဆန်းက ငါ-ိုးမသားတွေ..-ီးပဲ ထွက်သွားလို့ပြောရင် သိတ်ကောင်းမှာပဲ။

7/19/10

ဘူဘူဇီလာ၊ ၀စ်လစ်စလစ်ကိုယ်ဟန်ပြမယ်နဲ့ နိုင်ငံတော်သီချင်း (ခင်လွန်း)

ဇူလိုင်၊ ၁၁ ရက်။ နေ့ - ၂း၁၅ နာရီ

ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်လှုပ်ရှားခံစားမှုတွေ ဝေေ၀ဆာဆာ ထွေထွေကာကာနဲ့ အုန်းအုန်းထထ လှုပ်လှုပ်ရွရွဖြစ်ခဲ့ကြရတဲ့ ၂၀၁၀-ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲကြီးကတော့ “ပြီးပါပြီ”စာတမ်းထိုး တစခန်း သိမ်းသွားခဲ့ပြီပေါ့ဗျာ။ တစီစီညံနေတဲ့ ဘူဘူဇီလာဟွန်းမှုတ်သံတွေကြားမှာ ရွှေရောင်တဖိတ်ဖိတ်လဲ့ထနေပြီး အစဉ်အလာနဲ့ ဂုဏ်သိမ်ကြီးမားလှတဲ့ကမ္ဘာ့ဖလားကြီးကို ဥရောပတိုက်က စပိန်အသင်း ထိုက်ထိုက်တန် တန်ကိုင်မြှောက်ပြီး အောင်ပွဲခံ ချန်ပီယံကြီး ဖြစ်သွားခဲ့ပါပြီ။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်ကျင်းပခဲ့တဲ့ ၁၉၃၀- ခုနှစ်ထဲကနေ အခု ၂၀၁၀-ခု (၁၉) ကြိမ်မြောက်အထိ တခါသားကမှ ဖလားကိုင်ခဲ့ဖူးခြင်းမရှိလို့ ချန်ပီယံအသစ်စက်စက်လို့လည်းဆိုနိုင်တာပေါ့။
ဒါကိုက တခါလာ မဲပြာပုဆိုးဆိုသလို ဘောလုံးအင်အားကြီး အင်အားလွန်တွေလို့တောင်ဆိုရမယ့် ဘရာဇီး တို့၊ အာဂျင်တီးနားတို့၊ အီတလီ၊ ဂျာမဏီတို့ အစရှိသည်ဖြင့် ဖြစ်နေကျကိစ္စတခုလို မြင်နေကျမောင်တွေ တွေ့နေကျ မျက်နှာဟောင်းတွေမဟုတ်တော့လို့ ဒီတကြိမ် ချန်ပီယံအသစ်စက်စက်စပိန်အသင်းကို ကျနော် တော့ တော်တော်နှစ်ထောင်းအားရ ဖြစ်မိသဗျ။

[ချန်ပီယံဆိုတာလည်း ဆက်တိုက်လိုဖြစ်ပါများရင် “အီ”လာတတ်တယ်ထင်ပါရဲ့။ (ဤကား စကားချပ်)]
ဒီနေရာမှာ သာမန်ဘောလုံးဝါသနာအိုးတွေမပြောနဲ့ ကမ္ဘာ့ထိပ်သီးဘောလုံးဂုရုကြီးတွေကအစ ကွာတားဖိုင် နယ်လို့ခေါ်တဲ့ (၈)သင်းရှုံးထွက်အဆင့်ရောက်တော့ ထင်ကြေးတွေ တစ်ကြိုဟောကိန်းတွေထုတ်ခဲ့ကြတာ တက်တက်စင်အောင် လွဲပါကြရောလားခင်ဗျာ။

ဒီတကြိမ်ကမ္ဘာ့ဖလားကတော့ ဥရောပကိုဆန်ပြီး တောင် အမေရိကားကို ပါသွားတော့မတဲ့။ အင်း! တကယ်ကိုဆိုရလောက်အောင်လည်း အဆင်က လှခဲ့တာကိုးဗျ။ ဘောလုံးမှာ ဘုရားထူးရလောက်တဲ့ စူပါပါဝါ ဘရာဇီးတို့၊ ဘောလုံးရာဇာ အာဂျင်တီးနားတို့၊ ချန်ပီယံနှစ် ကြိမ်ဖြစ်ဖူးခဲ့တဲ့ ဥရုဂွေးနဲ့ နောက် ပါရာဂွေးတို့တွေ ကွာတာဖိုင်နယ်အဆင့်ထိ အုံနဲ့ကျင်းနဲ့ အုပ်စုဖွဲ့ပျံသန်း လာကြတာကိုး။

ပြီးတော့ ကမ္ဘာ့ဖလားပွဲကို ကိုယ်တိုင်ကစားသမားအဖြစ်ပါဝင်ဆင်နွှဲပြီး ဖလားကိုင်မြှောက် နိုင်ခဲ့ကြတဲ့ ဘရာဇီးက ဒွန်ဂါတို့၊ အာဂျင်တီးနားကဆိုရင် ကမ္ဘာ့ဘောလုံးပရိတ်သတ်များအသည်းကျော် စူပါ စတား မာရာဒိုနာတို့က အသင်းမန်နေဂျာကြီးတွေအဖြစ်နဲ့ပါနေကြလေတော့ ထင်ကြေးတွေ တစ်ကြို ဟော ကိန်းတွေက တောင်အာဖရိကတိုက်ဘက်ဆီကို သာသာထိုးထိုးလေး တွက်ခဲ့ကြသပေါ့ဗျာ။

မာရာဒိုနာကြီးဆိုရင် သူ့အသင်းကမ္ဘာ့ဖလားပိုက်လာလို့ကတော့ အာဂျင်တီးနားရဲ့မြို့တော် (Buenos Aries) မှာ ကိုယ်တုံးလုံးချွတ်ကြီးပြေးပြီး အောင်ပွဲခံမယ်ဆိုပဲ။ ဒါပေမယ့် သူဝမ်းသာလုံးဆို့အောင်ပွဲခဲ့မယ့်ပုံကို မြို့ တော်စောင့် နတ်မင်းကြီးကပဲ မကြိုက်လေသား ကမ္ဘာ့ဖလားကိုစောင့်ကြပ်တဲ့ နတ်ဘုရားများကပဲ မနှစ်မြို့ လေသလားတော့မသိ၊ အာဂျင်တီးနားနိုင်ငံသားတွေ စိတ်နုလုံးမချမ်းမသာမျက်စေ့နောက်ရမဲ့ဘေးက သက် သာရာ ရသွားခဲ့ရသဗျ။ သို့ပေတဲ့လို့ ကိုယ့်နိုင်ငံအသင်း ကမ္ဘာ့ဖလားကြီးပိုက်ပြီး အောင်ပွဲဆင်မြန်းလာမှာကို တော့ ဘယ်သူမမြင်ချင်ဘဲ ရှိပါ့မလဲပေါ့ဗျာ။

ပါရာဂွေးနိုင်ငံက အသက် ၂၄ နှစ်သာရှိသေးတဲ့ အတွင်းခံဖက်ရှင်မယ်မယ်လေး Larissa Riquel ဆိုတာက လည်း သူတို့အသင်းသာ ကမ္ဘာ့ဖလားရရင် အ၀တ်မပါဘဲ ၀စ်လစ်စလစ် မိမွေးတိုင်းဖမွေးတိုင်းအလှနဲ့ လမ်း မပေါ်မှာ ခုန်ပေါက် အောင်ပွဲခံပြမယ်လို့တောင် ကတိပေးခဲ့သတဲ့။ ကမ္ဘာ့ဘောလုံးပွဲပရိတ်သတ်ကြီး အလယ် မှာ ခန္ဓာကိုယ်အပေါ်ပိုင်းအလှကို တ၀က်မကဖော်ထားပြီး ရင်နှစ်မွှာအစုံကြား လက်ကိုင်ဖုန်းညှပ်ထားတဲ့ သူ့ ရဲ့အော်ဟစ် ခုန်ပေါက်အားပေးနေဟန်က မီဒီယာမျက်နှာစာမှာ ဘောလုံးပွဲနဲ့အပြိုင် ရင်ဖိုစိတ်လှုပ်ရှားစရာ။ ဘောလုံးပွဲကိုတိုက်ရိုက် တီဗွီရိုက် ထုတ်လွှင့်ပေးနေတဲ့ကင်မရာမင်းများကလည်း ရုပ်မြင်သံကြားပရိတ်သတ် အတွက် အဖက်ဖက်ကအာရုံခံစားစေချင်တဲ့ စေတနာနဲ့ပြကြထင်ပါရဲ့။ ဒီလိုဆိုတော့ ပါရာဂွေးကို ဖလားရ စေချင်တဲ့သူများရှိနေရင်တောင် စာနာချင်သလိုလိုတော့ ဖြစ်မိသားဗျာ။

ပြောမယ့်သာပြောတယ်၊ ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲက မဖြစ်စဖူး အာဖရိကတိုက်မှာကျင်းပခဲ့လို့လားတော့ မဆိုနိုင်ဘူး။ ထူးထူးထွေထွေဖြစ်ရပ်တွေကြားရသိရတာအများသား။ မီဒီယာတွေရဲ့အားကောင်းချက်ကြောင့် ပေလားတော့မသိ။ စိတ်လှုပ်ရှားစရာအဖြစ်တွေ အများသားနဲ့ပါဗျာ။ ကျနော်တို့ချစ်ကြည်ညိုတဲ့ ငြိမ်းချမ်း ရေးနိုဘယ်လ်ဆုရှင်ကြီးနယ်လ်ဆင်မင်ဒဲလားကို ကမ္ဘာ့ဖလားဘောလုံးပွဲအဖွင့်နေ့မှာ ပြုံးပြုံးကြီးကျေနပ်ပီတိ ဖြစ်နေမှာကိုမျှော်လင့်နေမိပေမယ့် ပွဲမစမီနေ့မှာ သူ့မြေးမလေး ကားမတော်တဆဖြစ်မှုနဲ့ သေဆုံးသွားခဲ့လေ တော့ ဖွင့်ပွဲအခမ်းအနားကို သူ့ခမျာ မတက်လိုက်နိုင်ရှာဘူးလေ။ ဒီလွဲချော်မှုက အသက်(၉၂)နှစ် ရှိပြီဖြစ်တဲ့ ကမ္ဘာ့ဂုဏ်ဆောင် ကမ္ဘာပြည်သူတို့ရဲ့မေတ္တာခံပုဂ္ဂိုလ်ကြီး နောင်တကြိမ်ပြန်မရနိုင်တော့တဲ့အဖြစ်ကိုးဗျ။

နောက်တခုက တောင်အာဖရိကဆိုတာ ကျနော်တို့နိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာနဲ့ယှဉ်တွဲပြီး ရင်းနှီးရင်းစွဲရှိနေခဲ့ ပေမယ့် အာဖရိကတိုက်သားတွေ ဘောလုံးပွဲကိုအားတက်သရော အားပေးနေပုံတွေက ကျနော်တို့မြင်ကွင်း မှာ ထူးပေ့ဆန်းပေ့ဆိုတာမျိုးလည်း ခံစားရသဗျ။ ဒီပွဲကြီးမစမီက အကြမ်းဖက်သမားတွေရဲ့အန္တရာယ်က စိုး ရိမ်ရတယ်လို့တွက်ဆထားပေမယ့် အာဖရိကသားတွေ တခြားနိုင်ငံသားတွေနဲ့အပြိုင် လွတ်လပ်မြူးတူးပြီး အားပေးနေကြပုံက ကျနော်တို့လို မလွတ်လပ်မှုအပေါင်းနဲ့ အသားကျနေရတဲ့လူများအဖို့ အားကျစရာပါဗျာ။

ဘူဘူဇီလာတွေကိုမှုတ်ရင်း၊ ဆေးရောင်စုံကြောင်ကြောင်ကျားကျားတွေ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့မှာ သုတ် လိမ်းခြယ်သရင်း၊ သူတို့ခန္ဓာကိုယ်ကြီးတွေကို မနားတမ်းယိမ်းနွဲ့လှုပ်ယမ်း ကခုန်နေကြပုံဟာ အာဖရိကဗုံသံ တွေတောင် အတိုင်းသားကြားလာရတဲ့အထိ။ သူတို့အားပေးမှုက မသကာ ကွင်းထဲက ဘောသမားတွေ လောက် မပင်ပန်းရင်တောင် အတော်ကို တက်တက်ကြွကြွ အပင်ပန်းခံ အားပေးကြတာကလားဗျာ။

ကျနော်စိတ်ဝင်တစားအဖြစ်ဆုံးတခုကတော့ မြောက်ကိုရီးယားဘောလုံးအသင်းခင်ဗျ။

လတ်တလော ကမ္ဘာ့ ရေးရာတွေမှာ တရွာလုံးနဲ့တယောက်ဆိုတာမျိုးဖြစ်နေတဲ့ ငပွကြီးပေါ့၊ ပြိုင်ပွဲမစမီ ဆိုင်ရာကစားသမားတွေ ဟာ ကိုယ့်နိုင်ငံတော်အလံရှေ့မှာ သီချင်းဆိုကြရတယ်မဟုတ်လား။ ဒီနေရာမှာ မြန်မာပြည်တွင်းက လေးဇီး ကလပ်မြူးဇစ်ဘန်က ဂစ်တာအကျော်အမော် ကိုနိုင်ဇော်ပြောတာလေး သဘောကျမိသဗျ။

မြောက်ကိုရီးယားရှေ့တန်းတိုက်စစ်မှူးတယောက်ဟာ (မြောက်ကိုရီးယား ၀ိန်းရွန်နီလို့တင်စားကြတဲ့ နံပါတ် ၉ ထင်ပါ့ဗျာ) မျက်ရည်စီးထွေကျနေရင်း နိုင်ငံတော်သီချင်းကိုဆိုနေပုံကို သူ စိတ်အလှုပ်ရှားဆုံးပဲတဲ့။ ဒီမှာ ကျနော်နဲ့တိုက်ဆိုင်လိုက်ပုံများ။ ကျနော်ဟာ မြောက်ကိုရီးယားကို နအဖရဲ့နျူကလီးယားအရေးမှာ အဓိက ပါဝင်ပတ်သက်နေတာကြောင့် မလိုစိတ်ကြီးကြီးမားမားရှိနေပေမယ့် အဲဒီ့ကစားသမား မျက်ရည်တွေတွေကျ ပြီး နိုင်ငံတော်သီချင်းဆိုနေပုံကိုမြင်ရတော့ ကြက်သီးဖြန်းဖြန်းထမိတော့တာပဲဗျာ။

မြောက်ကိုရီးယားဟာ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့နိုင်ငံဖြစ်တာနဲ့အမျှ ကမ္ဘာ့ဘောလုံးဖြစ်စဉ်မှာ မျက်နှာပန်းမလှခဲ့ရပါဘူး။ ဇာတိသွေးဇာတိမာန်နဲ့ မနည်းကြိုးစားခဲ့ကြပေမယ့် တပွဲတလေမှအောင်မြင်မှု မရ ခဲ့ရှာပါဘူး။ ပေါ်တူဂီအသင်းနဲ့ပွဲမှာဆို (၇)ဂိုးလောက်အသွင်းခံလိုက်ရတော့ မြောက်ကိုရီးယားကစားသမား တွေ ငိုတော့မတတ်မျက်နှာလေးငယ်နေရရှာပုံဟာ စစ်အကျဉ်းစခန်းတခုထဲမှာ သုံ့ပန်းတွေ အညှဉ်းဆဲခံနေ ရတဲ့ပုံထက် မလျော့ပါဘူး။ ဒီကြားထဲ ဘောလုံးပွဲအတူကြည့်တဦးက ဒီကောင်တော့ သူ့နိုင်ငံပြန်ရောက်ရင် စစ်ခုံရုံးတင်ပြီး သေဒဏ်အပေးခံရမယ်ထင်တယ်။ ပြိုင်ပွဲကို လွှတ်လိုက်ကတဲက (၃)ဂိုးအထက်ရှုံးရင် သေ ဒဏ်လို့ အမိန့်ပေးထားပုံရတယ်လို့အရွှန်းဖောက်နေသေးတော့ အာဏာရှင်လက်အောက် အားကစားသမား သမားတဦးရဲ့ဘ၀ကို ပြေးမြင်ယောင်လိုက်ပါသေးတယ်။

တကယ်တော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြိုင်ကြဆိုင်ကြရတဲ့ပွဲမှာ ပရိတ်သတ်ဆိုတာကလည်း အရေးပါဆုံးနေရာကပါ ပါတယ်။ သူတို့ခမျာ လူသိန်းသောင်းချီဆူညံ့အော်ဟစ်ခုန်ပေါက်အားပေးနေကြတဲ့အထဲမှာ စုပေါင်းလိုက်မှ ဆယ်ဂဏန်းမရှိတရှိလူစုလေးနဲ့ လူပုံအလယ်မျက်စေ့သူငယ်နဲ့အားပေးကြရတာပါ။ ဒီကြားထဲ ကိုယ့်အသင်း က ၀က်ဝက်ကွဲအရှုံးကြီးရှုံးပြန်တော့ ငြိမ်ပြီးကုပ်နေကြပုံဟာဖြင့် ကျနော့်ကို တော်တော်ရင်နင့်စေပါတယ်။

တကယ်တော့ အစိုးရတရပ်မကောင်းလိုက်တာနဲ့ အဲဒီနိုင်ငံ အဲဒြီ့ပည်သူတွေဟာ အလိုလို မျက်နှာငယ်ကြရ တာပါ။ အားကစားသမားတယောက် အမိနိုင်ငံတော်သီချင်းဆိုပြီးမျက်ရည်ကျတာဟာ နိုင်ငံချစ်စိတ်ကြောင့် လို့ ဆိုနိုင်တာမှန်ပေမယ့် ကိုယ့်နိုင်ငံသားတွေ ကမ္ဘာပုံအလယ်မှာ အခုလို အစစအရာရာ မျက်နှာငယ်နေရ တာကို အခြားကမ္ဘာနိုင်ငံကပြည်သူတွေနဲ့နှိုင်းယှဉ်မြင်တွေးမိပြီး ကြေကြေကွဲကွဲမျက်ရည်ကျနေတာများလား လို့လဲ မဆိုနိုင်ပေဘူးလား။ သူ့အာရုံထဲရှိနေတာကိုတော့ ဘယ်သူပြောနိုင်မှာလဲ။

ကျနော်ယုံပါတယ်။ တကယ်တော့ အာဏာရှင်စနစ်တခုအောက်မှာ အားကစားသမား၊ အနုပညာစာပေ ပညာရှင်၊ အခြားအခြားသော နယ်ပယ်အသီးသီးက အတတ်ပညာရှင်၊ အသိပညာရှင် စသဖြင့် ဘယ်သူ မဆို ကမ္ဘာပေါ်က ဘယ်နေရာမှမဆို မျက်နှာပန်းမလှရုံမျှမက မျက်ရည်ကျလောက်အောင် အားငယ်ရကြ ရှာမှာပါ။ ဒီနေ့ကမ္ဘာ့နိုင်ငံအသီးသီးကို ကျနော်တို့နိုင်ငံသားတွေ နည်းလမ်းအဖုံဖုံ၊ ဘ၀ရပ်တည်ပုံအထွေထွေ နဲ့ရောက်နေကြပေမယ့် မျက်နှာမော်ကြွားနေနိုင်ခဲ့ကြရဲ့လား။ ကျနော်တော့ ဘ၀တူပြည်သူချင်းအဖြစ်နဲ့ မြောက် ကိုရီးယားဘောလုံးသမားတွေကို စာနာနေမိတာပါပဲ။

ကဲ ကျနော်တို့ဆိုရင်လည်း ကျနော်တို့အမိနိုင်ငံတော်ရဲ့သီချင်းကို မူရင်းအနှစ်သာရအစစ်အမှန်အတိုင်းနဲ့ လှိုက်လှိုက်လှဲလှဲ မဆိုကြရတာ ဘယ်လောက်များကြာနေခဲ့ပြီလဲ။ ကျနော်ဖြင့်... ကမ္ဘာပုံအလယ်မှာ ထည် ထည်ဝါ၀ါ ၀ံ့ဝံ့ကြွားကြွားနဲ့ ကိုယ့်နိုင်ငံတော်သီချင်းကို ကိုယ့်နိုင်ငံသားတွေနဲ့အတူ... သံပြိုင်သာအော်ဟစ်ဆို ချင်နေမိတော့တာပါပဲ။ အာဏာရှင်စနစ်အောက် အမြန်ဆုံးလွတ်မြောက်ပြီး နိုင်ငံတော်သီချင်းမူရင်းအတိုင်း မဖြတ်မတောက်မသုတ်သင်ထားဘဲ မိတ်ဆွေတို့ကျနော်တို့ သံပြိုင်ဆိုကြဖို့ အချိန်တန်ရုံတောင် မကတော့ ဘူး မဟုတ်လားဗျာ။

မျက်ရည်တွေကျနေရင်တောင် စီးပလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ပေါ့။

ခင်လွန်း

7/15/10

၄၀ ကျော် မှာတမ်း(အောင်မျိုးမင်း)


ဘဝဆိုတာ
၎ဝ က စသတဲ့
ခဏခဏ ကြားဘူးခဲ့ပါရဲ့။

ဘဝစလောက်
အချိန်ရောက်မှ
ကိုယ့်ကိုကိုယ်ပြန်တွေး
အတိတ်ကိုငေးရင်း
ဘာလုပ်ခဲ့သလဲ ပြန်မေးဖြစ်တော့တယ်။

စွဲလမ်းခဲ့တဲ့
အဓိပ္ပာယ်ရှိတဲ့ရေတခွက်သီချင်း
ခဏခဏငြီးရင်း
ကိုယ်ပေးခဲ့တဲ့ရေတခွက်
လိုနေသူဆီလား ပိုနေသူဆီလား
ဝေဝါးမကွဲပြား ဒွိဟပွားခဲ့၊
ဘယ်သူတွေအတွက်
ဘာလုပ်ခဲ့သလဲမေးခွန်း
ဦးနှောက်တံခါးကို တွန်းဝင်လာခဲ့၊

လူသားတွေအတွက်
ငါ့အတွက်
ငါ့တိုင်းပြည်အတွက်
မိသားစုအတွက်
ငြိမ်းချမ်းရေးအတွက်
အချစ်ရေးအတွက်
အတွက် အတွက်တွေ အတွက်
အိပ်မက်တွေမက်ခဲ့
ပင့်သက်ရှိုက်ခဲ့
မျှော်လင့်ခြင်းပုလင်းတလုံး
စိတ်ကူးထဲမျှောခဲ့တာလဲ
အကြိမ်ကြိမ်ပါဘဲ။

ကိုယ့်ကိုကိုယ်မညှာတမ်း
ပြန်စမ်းစစ်ရမယ်ဆိုရင်
မာနနွယ်တွေနဲ့ ရစ်နှောင်တွယ်ခဲ့
သံယောဇဉ်တွေနဲ့ အကြိမ်ကြိမ်ကွေကင်းခဲ့
နှလုံးသားမှာလဲ အရှုံးများအပြည့်နဲ့
ခိုင်မာခဲ့တဲ့ပန်းတိုင်ဟာလဲ
ခပ်နဲ့နဲ့ ယိုင်လဲခဲ့
၎ဝ နဲ့ဘဝစမဲ့လူသား
ခြေလှမ်းတွေမခိုင်လှသေးပါလား။

ဘဝအမောတွေပွေ့ထား
မျှော်လင့်ချက်ဆေးဝါးကိုမှီဝဲလို့
အများအတွက် ဘာဆက်လုပ်မလဲ
မေးခွန်းတွေကျန်ရစ်စဲ
နောက်ဘယ်နှစ်နှစ် ဆက်လျှောက်ရအုန်းမှာလဲ။

ကိုအောင်မျိုးမင်း (faceebook) မှ....

မှက်ချက်။ ဟုတ်တော့လည်းဟုတ်သားပဲ။

စောက်သုံးမကျတဲ့ဗမာတွေကွာ...

ငါ...-ိုးမသားတွေ စောက်ခွက်က ငတ်နေတုန်းကတမျိုး၊ ဒုက္ခရောက်တော့တမျိုး၊ ထမင်းဝတော့တမျိုး၊ -ီးလိုပဲ။

7/9/10

ရခိုင်သင်္ကြန်ဖိတ်စာ (နယူးယောက်)

Rakhaing Thingyan – Burmese New Year Water Festival

NEW LOCATION!!!
100 West 84th Street, PS9 Playground
between Columbus Avenue and Amsterdam Avenue
Manhattan

SAVE THE DATE – SUNDAY, JULY 18, 2010
From 11am to 4pm

Admission is FREE
Great for KIDS

VIA SUBWAY:
1 Train to 86th Street
C Train to 81st Street or 86th Street

BUSES along Central Park West, Amsterdam Avenue, Columbus Avenue and Broadway are also options

VISIT
http://www.thingyan.org

The Rakhaing Thingyan – Burmese New Year Water Festival will be held on Sunday, July 18th, 2010. Please come and join us to celebrate the 16th Annual Rakhaing Thingyan Burmese New Year Water Festival.

We also invite you to buy RAFFLE TICKETS ($10.00 each)

The Raffle Prizes are:

1. 18" Large PEARL NECKLACE
2. AMERICAN AIRLINES - One R/T Domestic ticket
3. 2 BROADWAY SHOW Tickets… AND MORE…

Send us an email and we'll get you your Raffle Tickets!

FORWARD this invitation to others in your email list -- the event is open to ALL!

We look forward to seeing you.

Yours,

Planning Committee
Rakhaing Thingyan - Burmese New Year Water Festival
This message was sent by: ThinGyan Association, PO Box 484, Planetarium Station, New York, NY 10024

7/7/10

တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်..အဖေနဲ့အမေရယ်။


ဓာတ်ပုံ..ဂွတ်ဂယ်။

တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်..အဖေနဲ့အမေရယ်။

နိုင်ငံရေးဆိုတဲ့ သတ္တာဝါတစ်ကောင်နဲ့ပက်သက်ပြီးပြောတာပါ။ နှစ်ဦးနှစ်ဘက်နိုင်ငံရေး။ နိုင်ငံရေးလို့ပြောရင် စကားလုံးကြီးတယ်။ နိုင်ငံရေးကို အိမ်တစ်အိမ်နဲ့ပဲ နှိုင်းကြပါစို့။ အဲဒိအိမ်မှာ နေတဲ့ အဖေနဲ့အမေက အိမ်ထောင်ဦးစီး။ သားတွေသမီးတွေက ပြည်သူတွေပေါ့။

ဒီအိမ်မှာ သား၊ သမီးတွေက ထုံးစံအတိုင်း ကစား၊ သွား၊ ကျောင်းတက်၊ ပျော်ပျော်ပါးပါးနဲ့ရန်ဖြစ်လိုက်ပြန်တည့်လိုက်။ မိဘတွေဖြစ်တဲ့ အဖေနဲ့အမေက တကျက်ကျက် မတည့်အတူနေ။ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေးလည်း အဖေနဲ့အမေကြောင့် အဆင်မပြေ။ အဆင်မပြေတော့ ခလေးတွေလည်း စာကောင်းကောင်းမသင်ရပဲ လုပ်ချင်တာလုပ်နေကြတယ်။ စားဖို့၊ ၀တ်ဖို့လည်းအလျှင်မမှီတော့ ခလေးတွေ ဘေးက အိမ်မှာထမင်းစားကျွန်ခံသဘောနဲ့ လုပ်ပေးရတယ်။

ဘေးအိမ်က အနှိမ်ခံရတာကို အဖေနဲ့အမေလည်းသိတယ်။ ဒါပေမဲ့ သူတို့လင်မယား, အဆင်မပြေတော့ ခလေးတွေကိုလည်း ဂရုမစိုက်နိုင်။ သူတို့လုပ်ချင်တာလုပ်ကြတယ်။ ဒီတော့ ဒီအိမ်က ဘယ်လိုမှ နလန်မထူနိုင်တဲ့ရောဂါသည်လို ဖြူဖက်ဖြူရော်နဲ့ပေါ့။ ရောဂါပျောက်ပြီး၊ အဖေနဲ့အမေကျန်းကျန်းမာမာဖြစ်ရင် သားတွေသမီးတွေ တင့်တင့်တယ်တယ်ဖြစ်မယ်ဆိုတာကိုလည်း အဖေနဲ့အမေသိတယ်။ ဒါပေမယ့် တဦးနဲ့တဦး မာန, တွေရှိနေကြတော့ တယောက်ယောက်က လျှော့မလားဆိုတာကိုစောင့်နေကြတယ်။ ဘယ်သူမှ မလှုပ်။

အဲဒိအိမ်ကတော့ မြန်မာပြည်ဖြစ်တယ်။ အဖေကတော့စစ်အစိုးရပေါ့။ အမေကတော့ အတိုက်အခံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ။ ဒါကို ကျနော်က နိုင်ငံရေးလို့ အမည်ပေးတယ်။

အဖေကပြောတယ်..." မင်း..အမေက မှားနေတယ်။ အလားတူ.. အမေကပြောတယ် မင်းအဖေက ပေါက်ကရလုပ်တယ်" တဲ့။

ဘယ်ယ်သူမှားလဲ၊ မှန်လဲဆိုတာကို အသက်ငယ်တဲ့သားတွေသမီးတွေ သိတယ်။ မိဘဖြစ်တော့ ပြောရင်...ငရဲကြီးမှာကြောက်တယ်။ သူတို့ကြားထဲကိုလည်း ၀င်ပါဖို့ မဖြစ်နိုင်ဘူး။ ပြောရင်...အဖေနဲ့အမေက ငါ့ကို ကလန်တယ်ဆိုပြီးရိုက်မှာ။ ပြီးရင် အိမ်ပေါ်ကနေ နှင်ချမှာ။ ဆိုတော့ ကျနော်တို့ ခလေးတွေ မသိချင်ဟန်ဆောင်နေတယ်။ ကြောက်ရတာကိုး။ ဒါကို...ကျနော်က ပြည်သူ...လို့ နာမည်ပေးတယ်။

တနေ့အဖေက...သူ့ခံစားချက်ကိုဖွင့်ပြောတယ်။ " သား...မင်း, အမေကိုပြောကွာ.. အမဲသားဟင်းချက်ရင် အချိုမှုန့်လျှော့ကွာ...တဲ့။ အချိုမှုန့်က ကျန်းမာရေးကိုထိခိုက်တယ်။ ပြီးတော့ဈေးလည်းကြီးတယ်တဲ့။ မင်း, အမေကို...ငါ,အချိုမှုန့်လျှော့ဖို့ပြောတာကို သူလက်မခံဘူး။ ငါစားချင်တာက...အချိုမှုန့်နည်းနည်းနဲ့ အမဲသားဟင်းဟင်းကောင်းကောင်းကွ" တဲ့။

နောက်နေ့တော့ အမေကပြောပြန်ရော...။ သူ့ခံစားချက်ကို အမေက အဖေ့ကို တိုက်ရိုက်မပြောရဲဘူး။
ပြောရင် စဉ်းနှီးတုံးနဲ့ ထပေါက်တဲ့အထိ တီးကြမှာဆိုတော့။ ကြားက..ကျနော့်ကို ပွဲစားအနေနဲ့ပြောတယ်။

သူက " သား...မင်း..အဖေက အရမ်းလွန်တယ်...အမေ..အမဲသားဟင်းချက်တာကို သူမကြိုက်ဘူး...အမြဲတမ်းအချိုမှုန့်များတယ်ဆိုပြီး ပြဿနာရှာတယ်။ အမေလည်းအဲဒိလောက်မထည့်ပါဘူး။ မင်း..အဖေကိုအမေ, မကြိုက်တာက...ညနေတိုင်းအရက်သောက်တယ်...သောက်တာပြဿနာမရှိဘူး...
သောက်ပြီးရင်...ရန်ဖြစ်တယ်။ ပြီးတော့ အိမ်ကိုလည်း စီးပွားရေးအဆင်ပြေအောင်မလုပ်ပေးနိုင်ဘူး။ ငါ့သား...စဉ်းစားကြည့်...ဘယ်သူမှားလဲဆိုတာ"

သြော်...ကျနော်တို့အိမ်ရဲ့ ပြဿနာက ဒီလိုကိုး။ ကျနော်...ကြားကနေ ၀င်ပြီး ပွဲစားလုပ်ပေးတယ်။ ဘယ်သူမှလက်မခံ။ သူတို့ ပြဿနာ ဘယ်တော့များမှ ပြေလည်ပါတော့မလဲ။

ကျနော်တို့အိမ်ရဲ့ ပြဿနာက ဟင်းချက်ရင်..အချိုမှုန့်များတဲ့ပြဿနာ နဲ့ အရက်သောက်ပြီး...အိမ်ရဲ့ စားဝတ်နေရေးနဲ့ သားတွေသမီးတွေကိုရစ်တဲ့ပြဿနာ။ ဒါ့ကြောင့်...အဖေနဲ့အမေက အဆင်မပြေတာကိုး။ ဒါလေးကိုများ...ဘာ့ကြောင့် ညှိလို့မရလဲ...အဖေနဲ့အမေရာ။

အိမ်တစ်အိမ်မှာ အဖေက အိမ်ထောင်ဦးစီး။ အိမ်ထောင်ဦးစီးဆိုတော့ အိမ်ကို ဦးဆောင်ရမှာပေါ့။ မေတ္တာတရားနဲ့ ကျနော်တို့အိမ်ကို တာဝန်သိသိ တည်ဆောက်ရမှာမဟုတ်ဘူးလား။ အဖေက ယောက်ျားဆိုတော့..ယောကျာ်းတို့ရဲ့ ထုံးစံအတိုင်း...သမာဓိ၊ သီလနဲ့ပြည့်စုံပြီး ကျနော်တို့အိမ်ကို တည်ဆောက်ရင် ကျနော်တို့ သူများအိမ်မှာသွားပြီး အခစားရေထမ်းပေးစရာမလိုဘူးပေါ့။ လျှော့သင့်ရင်လျှော့ရမှာပေါ့..အဖေရာ။

အမေက မိန်းမသားဆိုတော့ သူကတော့ ပျော့ပြီးသားပါ။ အဖေက အမေ့ကို...အချိုမှုန့်မထည့်ပဲ...သကြားထည့်ပြီးချက်လို့ အေးအေးဆေးဆေးပြောရင်လည်းအမေက ကန့်ကွက်မှာမဟုတ်ပါဘူး။ ဒီအိမ်က...ကျနော့်တို့ သွေးရင်းသားရင်းတွေနေတဲ့ အိမ်ပဲဗျာ။

သွေးသားအရင်းဖြစ်တဲ့...အဖေဆိုရင်တော့ သားတွေ..သမီးတွေ ဆင်းရဲဒုက္ခရောက်တဲ့အခါ၊ မျက်ရည်ကျတဲ့အခါဆိုရင်တော့...အဖေနဲ့အမေ ပျော့, မှာပါ။

ဒါပေမယ့်။...တခါတလေ...အဖေက ပထွေးလား၊ အမေက...မိထွေးလား ဆိုတာကို ကျနော်, စဉ်းစားမိတယ်။ အမေကတော့...မိထွေးမဖြစ်နိုင်ပါဘူး။ အဖေကလည်း ပထွေးမဟုတ်ပါဘူး။ ဒါဆိုရင်, ကျနော်တို့အိမ်ကဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ။

သြော်....အဖေက အရက်ကြိုက်တာကိုး။ မှုးနေတော့...မာနလည်းမလျှော့။

အဖေ..အမြဲတမ်း...ဒီလို မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်။

သား..သူပုန်။






သူခိုး (စာရေးသူ-အမည်မသိ)

နှိုးစက်သံကြောင့် သူ အိပ်ရာမှ နိုးလာသည်။ ဒီမနက် စက်ကိုစောစော သွားရမှာမို့ ဆက်ပြီး နှပ်မနေတော့ဘဲ ထလိုက်ရသည်။

ရေချိုးခန်း ၀င်ရင်း တစ်နေ့တာ လုပ်ရမည့် အလုပ်တွေကို အကြမ်းဖျင်း အစီအစဉ် ဆွဲနေမိသည်။ မျက်နှာကို ကပျာကယာသစ် အ၀တ်လဲပြီး မနက်စာစားဖို့ ဆင်းလာတော့ ထမင်းစားခန်းထဲမှာ လူမစုံသေး။ သူ့အကြိုက် မုန့်ဟင်းခါးပူပူ၊ အကြော်စုံနှင့် ကိုကို တစ်ပန်းကန်စားပြီး ကော်ဖီ သောက်နေတုန်း သမီး ၀င်လာသည်။

“မေကြီး သမီးဖို့ ဒီနေ့ ဘာလဲ”

“သမီးကြိုက်တဲ့ ထမင်းကြော် ၀က်အူချောင်းနဲ့ ကြော်ထားတယ်လေ”

“အာ ထမင်းကြော် မစားချင်ပါဘူး”

“အဲဒါဆို ပေါင်မုန့် ထောပတ်သုတ်စားမလား။ မေမေ ကင်ပေးရမလား။ မဟုတ်ရင်လည်း မနေ့က ၀ယ်လာတဲ့ ဟမ်ဘာဂါ တစ်ခု ကျန်သေးတယ်။ စားမလား သမီး”

“အင်း စဉ်းစားလိုက်ဦးမယ်။ မစားတော့ပါဘူး မေကြီးရာ။ ပပတို့နဲ့ အပြင်မှာပဲ ဒင်းဆန်းသွားစားတော့မယ်။ အဟဲ ဖေကြီးနဲ့တွေ့ရအောင် ၀င်လာတာ သိလား”

“ဖေကြီး”

“အင်း ပြောပါဦး။ ပိုက်ဆံ လိုတာမှ ဟုတ်ရဲ့လား”

“အဲဒီလို အလိုက်သိလို့ လည်း ဒီဖေကြီးကို ချစ်နေရတာပေါ့။ သိပ် မများပါဘူး ဖေရာ။ ၂ သောင်းတည်းပါ။ သမီး သူငယ်ချင်းလေ။ သူ့မွေးနေ့ပေါ့။ အဲဒါလေ ဖိနပ် ၀ယ်ချင်လို့”

“သမီးရယ်။ ရှိတဲ့ ဖိနပ် စီးသွားပါလား။ သမီးမှာ ဖိနပ်တွေ အများကြီးရှိသားနဲ့”

“ဟာ အသစ်ပဲ စီးချင်တာပေါ့။ သမီး ဘယ်တုန်းက ၂ ခါစီးလို့လဲ။ ဖေကြီးကလည်း ဒီသမီးလေး တစ်ယောက်တည်းရှိတာဟာကို”

“ကဲ သဘော။ သမီး သဘောပဲ ထားပါတော့”

“ကိုကို၊ ခင်မကို ၃၊ ၄ ခုလောက် ထားခဲ့ဦး။ ဒီနေ့ခင်း ၀ိုင်းရှိတယ်”

“လာပြန်ပြီ နောက်တစ်မျိုး။ မင်းတို့ သားအမိနဲ့တော့ ငါခက်တယ်။ ပိုက်ဆံ ဘယ်လိုရှာရတယ် ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ကွ”

“အမယ်လေးနော်။ ရှင့်မှာ ဆန်စက်ချည်းပဲ ၂ လုံး ရှိတယ်လေ။ စက်ပစ္စည်း ဆိုင်ကလည်း တစ်ဆိုင် ရှိတယ်လေ။ တောမှာ စပါးပေး၊ ပဲပေးတွေကလည်း ရှင်နဲ့ ကင်းတဲ့သူ ရှိသေးလို့လား။ ကျွန်မတို့ သားအမိ မသုံးလို့ ဘယ်သူ သုံးဖို့ ထားတာလဲ ပြောစမ်းပါဦး”

“ကဲ တော်ပြီကွာ။ နားငြီးတယ်။ ကြိုက်သလောက်သုံး ဟုတ်ပြီလား”

သူ ပိုက်ဆံ ထုတ်ပေး ပြီးတော့ စက်ဘက်ကို ထွက်လာခဲ့သည်။ ကြာကြာ ဆက်နေရင် နောက်တစ်မျိုးထပ် လာချင် လာနိုင်သေးသည်။ သူ့ မိန်းမ ပြောတာလည်း ဟုတ်တော့ဟုတ်သား။ သူတို့မှာ မိသားစုက သုံးယောက်တည်း။ သူ့ဆန်စက်တွေ ရတာနဲ့တင် သုံးလို့ မကုန်နိုင်။ အခြားလုပ်ငန်းက ရလာတဲ့ ငွေတွေနဲ့ဆို သုံးမကုန်ဖြုန်း မကုန်ဆိုတာ ဒါကိုပြောတာ ဖြစ်မည်။

စက်ထဲကိုရောက်တော့ အလုပ်သမားတွေ သူ့အလုပ် သူလုပ်နေကြပြီ။ ဒီနေ့ အ၀င်အထွက် စာရင်းတွေ သူကြည့် နေတုန်း သူ့တပည့် လှမောင် ရောက်လာသည်။

“ဆရာ ဒီနေ့ ဧရာဝတီ ၂၀၀ လောက်ပို့ရမယ်ဆရာ”

“အိပ်သွတ်ပြီးပြီလား”

“မပြီးသေးဘူး ဆရာ”

“ဒါဆိုရင် ငါပြောမယ်။ ဆန်အိတ်သွတ်တဲ့အခါ တစ်ဝက်လောက်မှာ ဆန်ကွဲ ၄ လုံး ထည့်လိုက်။ ပြီးရင် ကျန်တဲ့ တစ်ဝက်ကိုထည့်။ တစ်အိတ်ကို ၄ လုံးစီ နုတ် ထားလိုက်။ သဘောပေါက်လား”

“ဟုတ်ကဲ့ ပေါက်တယ် ဆရာ”

လှမောင်တို့ ကံကောင်းချင်တော့ ဘယ်သူမှ လိုက်မီမည် မထင်။ ခုမနက် အိမ်က စထွက်တော့ သူ့မိန်းမက ထူးထူးဆန်းဆန်း ပဲပြုတ်နဲ့ ထမင်းကြော် ကျွေးလိုက် သေးသည်။ ခါတိုင်းနေ့ဆို ထမင်းကြမ်းခဲနဲ့ အကြော် တစ်ခုကို ရေနွေးကြမ်းတစ် အိုးသောက်ပြီး မနက်စာ ပြီးရတာများသည်။ ခုမနက်မှ ခုမနက်မှ။

လှမောင်က ဒီသူဌေးရဲ့ စက်မှာ လုပ်လာတာကြာပြီ။ ဒါကြောင့်သူဌေးက လှမောင်ဆို လက်စွဲ။ သူကလည်း သစ္စာရှိပါသည်။ ကိုယ့်ထမင်းရှင် ဒုက္ခရောက်မှာမျိုး သူဘယ်တော့မှ မလုပ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း တစ်ပြားတစ်ချပ်မှ မကွာစေရ။ အဲဒီလိုမျိုးဆိုတော့လည်း တပည့်ရင်းဖြစ်နေတာ သိပ်တော့ မဆန်း။

ခုတော့ ဟန်ကျပြီ။ သူဌေးက ဆန်ကွဲလေးလုံး ရောဖို့ ပြောထားသည်။ သူက လေးလုံး ထပ်ရောမည်။ အပို လေးလုံး သူယူမည်။ တစ်တင်းခွဲ တစ်အိပ်မှာ ၂၄ ပြည်။ ပြည်ပို တစ်ပြည်နဲ့ဆို ၂၅ ပြည်။ နို့ဆီဘူးနဲ့ တွက်ရင် အလုံး ၂၀၀။ အလုံး ၂၀၀ မှာ ၈ လုံး ရောပါသွားတော့ ဘယ်သူ သိမှာလဲ။ သူ့ဆရာလည်း ထိခိုက်မှာ မဟုတ်တာ။ ဒီနေ့တော့ ပွပေါက် တိုးပြီ။ ညနေ အိမ်ပြန်ရောက်လို့များ ပိုက်ဆံအထပ်လိုက် သူ့မိန်းမကို ပြနိုင်လို့ကတော့ ခါတိုင်း ကိုလှမောင်ကနေ ”ကိုကိုလှမောင် ကိုကိုလှမောင်” ဖြစ်လာမှာ ကြားယောင်မိ သေးတော့။

နံနက်ခင်း နေခြည်သည် ကမ္ဘာလောက တစ်ခုလုံးပေါ်ကို မျှတစွာပဲ ထွန်းလင်းပေး နေသည်။

“သတ္တ၀ါတွေ အားလုံး ကျန်းမာပါစေ၊ ချမ်းသာကြ ပါစေ”

“အားလုံး ကြားကြား သမျှ အမျှ အမျှ အမျှ ယူ တော်မူကြပါကုန်လော”

“ဒူ ဝေ ဝေ ဝေ ဝေ”

မနက်စောစောထ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပရိတ်ရွတ် အမျှဝေပြီးသွားပြီ။ သူဘာမှ လုပ်စရာမရှိတော့။ အိမ်ရှေ့မှာပဲ လက်ဖက်ခြောက် ပြက်သိကာ ခပ်ထားသည့် ရေနွေးကြမ်း ထိုင်သောက်ရင်း လမ်းသွားလမ်းလာတွေကို ငေးကြည့်နေမိသည်။ သူ့အသက် ၇၀ ရှိသွားပြီ။ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့။ သူတို့ လင်မယားနှစ်ယောက်စလုံး သမီးနဲ့ သမက်ကိုပဲ အားကိုး နေရတာမို့ မနက် သရေစာ မစားဖြစ်တာ နှစ်နဲ့ ချီနေပြီ။ ဆိုက်ကားနင်းသည့် သမက်နဲ့ ကုန်စိမ်းရောင်းသည့် သမီး ရှာသော ပိုက်ဆံဟာ ဒီမိသားစု အတွက် ဘယ်လိုမှ မလောက်ငတာ အသေအချာပင်။

အဘိုးကြီး အဘွားကြီး လင်မယား။ သမီးနဲ့ သမက်။ ၃ နှစ်အရွယ် မြေးမလေး စုစုပေါင်း ၅ ယောက်၏ ၀မ်းကို ပြည့်နိုင်ဖို့ ဆိုတာ သိပ်မလွယ်ပါ။ ဒီနေ့ဆို ပိုဆိုးတာက သမီးမနေ့က ကုန်စိမ်း သွားယူရင်းနဲ့ ခွေးကိုက်ခံရတာမို့ ဒီမနက်တော့ အဖျား တက်နေပြီ။ သူ့သမက် တစ်ယောက်တည်း မနက်ကတည်းက ဆိုက်ကားထွက် နင်းသည်။ ဆန်ဖိုး ရရင် မနက်စာ ချက်ဖို့ ပြန်လာပေးမည်ဟုလို့ ပြောသံတော့ ကြားလိုက်သား။ ခုထိ ပြန်မလာပုံ ထောက်တော့ မဟုတ်မှ လွဲရော ဈေးဦးပေါက်သေးပုံ မရ။

အကြမ်းအိုး တစ်အိုး ကုန်သွားပြီ။ ကုန်လုလု ဆေးပေါ့လိပ်ကို ချွေပြီး ဖွာလိုက်ရင်း မြေးမလေးကို ငေးကြည့်နေမိသည်။ သူ့မြေးမလေးက သုံးနှစ်ဆိုတော့ စကား တီတီတာတာ ပြောတတ်နေပြီ။ သူ့အတွက် အနှစ်။ ခုလောလောဆယ်တော့ သူ့အနှစ်ကလေး ဆော့နေသေးသည်။ တစ်အောင့် ကြာရင် ဗိုက်ဆာလာတော့မည်။ လူကြီးတွေက အကြောင်းမဟုတ်။ ဘာမှမသိ နားမလည်သေးသည့် ကလေးမို့ သနားဖို့တော်တော် ကောင်းသည်။ သြော်.. ငါ့မြေးလေး ကံဆိုးလှချည်လားကွယ်။

တဖြည်းဖြည်းနေမြင့် လာပြီ။ သူ့သားမက် ဆိုက်ကားသံကိုပဲ သူမျှော်နေမိသည်။

“ဘိုးဘိုး မီးမီးလေး ဗိုက်ချာပြီ”

သူမကြားချင်ဆုံး အသံပါလား။ အမယ်ကြီးက သူ့မြေးကို သနားလို့ထင့်၊ အင်္ကျီ လက်နားလေးပင့်ပြီး စို့လာတဲ့ မျက်ရည်ကို သုတ်နေသည်။ သူ ဘာလုပ်ရပါ့။

“ဘိုးဘိုးလို့ မကြားဘူးလား။ မီးမီးလေး ဗိုက်ချာတယ်။ မံမံ ချားမယ်”

ဘုရား ဘုရား။ သူ့ရင်ဘတ်ကို တည့်တည့် လာမှန်သော စကားလုံးပါလား။

“မံမံချားမယ်”တဲ့။

သူ့မြေးလေးဟာ အများတကာ ကလေးတွေလို မုန့်ကို မတောင်းတတ်တော့ ပါလား။ ထမင်းကိုပဲ ပူဆာ တတ်တော့ပါလား။ သူတို့ အိမ်စီးပွားရေးဟာ မြေးမကလေးကို မုန့်ဝယ်ကျွေး ဖို့တောင် မတတ်နိုင်စွမ်း ပြီပဲ။

“အမေကြီးရေ ငါဈေးဘက် ခဏလျှောက်လိုက် ဦးမယ်ကွာ” ပြောပြီး သူအိမ်ပေါ်က ဆင်းလာခဲ့သည်။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

အေးပါကွယ်။ ဘိုးဘိုးကြီး ယူခဲ့ပါမယ် ကလေးရယ်။ ဈေးဘက်မှာ ဘိုးဘိုးကြီးရဲ့ အသိ အကျွမ်းလေး ဘာလေးတွေ့ရင် သမီးလေးဖို့ မုန့်ဖိုးလေး ရကောင်းပါရဲ့။

လမ်းပေါ်ရောက်တော့ နေပူနေပြီ။ အဲဒီတော့မှ သူ့မှာ အဆောင်းမပါလာတာ သိတော့သည်။ မထူးပြီမို့ ဆက်လျှောက်လာတော့သည်။ လမ်းမှာ ဘယ်သူမှလည်း မတွေ့။ ဈေးရှေ့ရောက်တော့ ဘာရယ်မဟုတ် ဈေးဝိုင်းထဲ ၀င်လာခဲ့သည်။ ၁၁ နာရီ ဆို တော့ ဈေးထဲမှာ လူပြတ်သလောက် ရှိနေပြီ။ တချို့ဆိုင် တွေဆို ရောင်းသူတောင် မရှိ။ ဒီအတိုင်း ထားခဲ့ပြီး မုန့်လေး ဘာလေး ထွက်စားကြသည်။

သူလျှောက်ရင်းနဲ့ ဆန်ဆိုင် တစ်ဆိုင် သွားတွေ့သည်။ တောင်းတွေ တောင်းတွေထဲ မှာ ဆန်တွေ မောက်နေအောင် ထည့်ပြီး ခင်းကျင်းထားပုံက ၀ယ်ချင်စရာ။ နောက်ဘက် မှာလည်း ဆန်အိတ်တွေ အထပ်ထပ်ဆင့်ကာ ပုံထားသည်။ ဒီမှာတော့ ဆန်တွေက တောင်ပုံရာပုံ၊ သူ့တို့ အိမ်မှာတော့ ခုထိ မနက်စာချက် ဖို့ ဆန်တစ်စေ့တောင် မရှိပါလား။ ဆိုင်ရှင်လည်း မတွေ့။ ဆန်ဆိုင်ရှေ့ကနေ နောက်တစ်ခေါက် ထပ်လျှောက် လိုက်သည်။ ဆိုင်ရှင် ပြန်မရောက်လာသေး။

“ဘိုးဘိုးကြီး မံမံယူခဲ့ နော်”

မြေးမလေး၏ အသံ လေးကို ဖျတ်ခနဲကြားယောင် ပြီးချိန်မှာတော့ သူ့လက်တွေ ဆန်တောင်းထဲ ရောက်ပြီး သွားပြီ။ အသင့်တွေ့သည့် နို့ဆီဘူးနဲ့ သူ့ခါးပိုက် ထောင် ထဲ ကပျာကသီ ခပ်ထည့်လိုက်သည်။ ဘယ်သူမှ မတွေ့။ ဆန်ခပ်နေတုန်း မနက်က ရှိခိုးခဲ့သော ဘုရားကို သတိရမိသည်။

“အဒိန္နာဒါနာ ဝေရာမ ဏိသိက္ခာပဒံ သမာဓိယာမိ” ခု မနက်စာတော့ ရပြီ။ သူ့ မြေးမလေးမျက်နှာ။

“သူခိုးဗျို့ သူခိုး”

သူ လှည့်အထွက်မှာ ဆန်အိတ်ပုံကြားထဲက ဆိုင်ရှင် အသံပေါ်လာသည်။ သူ့ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ခြေသံတွေ တဖြည်းဖြည်းနီးလာပြီ။ လှည့်ကြည့်လိုက်တော့ ဘယ်ကနေ စုမိလာသည့် လူအုပ်ကြီးလဲ မသိ။

“ချကွာ ကဲ ကွာ”

“ဖုန်း ဖုန်း”

“ဟေ့ ဟေ့ မလုပ်ကြ နဲ့။ ရဲစခန်းခေါ်သွား”

“သေခါနီးတောင် တရားမရှိတဲ့ကောင်”

ရှုပ်ယှက်ခတ်နေသည့် အသံတွေကြားမှာ သူ့မျက်နှာ တစ်ခုလုံး ဖူးရောင်ကိုင်းနေပြီ။ သူ့ခေါင်းဆီမှ သွေးတွေ ကျလာသည်။

အရှင်ဘုရား တပည့် တော် သူခိုး မဟုတ်ပါဘူး ဘုရား။ တပည့်တော် ငရဲကိုလည်း ယုံကြည်ပါသည် ဘုရား။ တပည့်တော်ရဲ့ မြေးမလေး အသံကို ကြားယောင် မိချိန်မှာ ခုလိုမျိုး ဖြစ်နေပြီး သွားပါပြီဘုရား။

သူ့စိတ်ထဲက ဘုရားကိုပဲ အာရုံပြုနေမိသည်။ ခြေထောက်က ဖိနပ်ကလည်း ဘယ်ရောက်သွားမှန်း မသိ တော့။ နွေနေပူသည် သူ့တစ်ကိုယ်လုံးကို လောင်မြိုက် နေပြီ။ အမြင်အာရုံတွေ မှုန်ဝါးလာပြီး ခြေလှမ်း မဟန်တော့။ အုန်းခနဲ တစ်ချက်ကြား အပြီးမှာ အားလုံး မှောင်အတိ ကျသွားသည်။ သူ့ခါးပုံစလေးကိုတော့ တင်းကျပ်စွာ ဆုပ်ထားဆဲ။

“ဘိုးဘိုးကြီး မံမံယူခဲ့ပါ နော်”

“လှမောင် မင်းဆန်အိတ်သွားပို့တာ ကြာလှချည်လား”

“ဟာ ကြာဆို ဆရာရယ်၊ ဆွမ်းကြီး လောင်းပွဲနဲ့ တိုးနေလို့ ၀င်လောင်းခဲ့ရသေးတယ်”

“ဟေ့ကောင် ဒီအချိန်ကြီး ဘယ်က ဆွမ်းခံကြရမှာလဲ။ မင်းငါ့ကို လာမပတ်နဲ့၊ ဟိုဆိုင်ဝင်နေတာ မဟုတ်လား”

“မဟုတ်ပါဘူး ဆရာရယ်။ ဆရာက တယ်ပိန်းတာကိုး။ သူခိုး ဆရာရယ် သူခိုး။

အတင့်ရဲလိုက်တာ ဆရာရေ။ ဈေးထောင့်က ဆန်ဆိုင်မှာ နေ့ခင်း ကြောင်တောင်ကြီး ၀င်ခိုးတာ။ တစ်ဈေးလုံး ၀ိုင်းလိုက်တာ၊ ကျွန်တော်လည်း တစ်ချက်နှစ်ချက် ၀င်အုပ်ခဲ့ သေးတယ်”

“ဘယ်လောက်တောင် ပါသွားသတဲ့လဲ”

“၄ လုံးတဲ့ ဆရာ”

ရေးသူ (အမည်မသိ)

လူငယ်တွေ..ဘာ့ကြောင့် NGO မှာ လုပ်ဖို့စိတ်ဝင်စားလဲ (DVB-အင်တာဗျူး)


7/5/10

ပြည်ပမီဒီယာ၊ ပြည်ပအဖွဲ့အစည်း၊ ပြည်ပနိုင်ငံရေး နှင့် ပြည်ပ ဘလော့ဂ်ဂါ

အဝေးကနေမြင်ရသည့်အမြင်ဖြစ်ပါကြောင်း ကြိုတင်ပြောပါရစေ။ အသေးစိတ်တော့ စာရေးသူ မသိပါ။ နိုင်ငံရေးကို စိတ်ဝင်စားသည့်လူငယ်တစ်ယောက်၊ တော်လှန်ရေးကိုစိတ်ဝင်စားသည့်လူငယ်တစ်ယောက်အနေဖြင့် မိမိအမြင်ကိုရေးခြင်းဖြစ်ပါသည်။ အထူးသဖြင့် မိမိအယူအဆ၊ အတွေးအမြင်များအား ရေးပါသည်။ မည်သည့်အဖွဲ့အစည်း၊ တစ်ဦးချင်းအား ထိခိုက်ခြင်း၊ မြှောက်ပင့်ပေးခြင်း ဆန္ဒမရှိပါ။

ပြည်ပမီဒီယာ

ပြည်ပ မီဒီယာတွင် အမျိုးမျိုးရှိသည်။ လေလှိုင်း၊ အင်တာနက်မီဒီယာ၊ Printed Media ဟုခေါ်သော စာစောင်၊ ဂျာနယ်များ နှင့် ရုပ်မြင်သံကြားအစီစဉ် ရှိသည်။ RFA BBC DVB VOA တို့သည်လေလှိုင်းဖြစ်သည်။ ခေတ်ပြိုင်၊ Irrawaddy၊ Mizzima စသည့်တို့သည် အလုပ်အမျိုးမျိုးလုပ်သော မီဒီယာများဖြစ်သည်။ ထိုသူတို့သည် အကုန်လုပ်သည်။ TV၊ အင်တာနက်၊ ဂျာနယ် အများအပြားလုပ်သည်။ အထူးသဖြင့် Internet အပေါ်အခြေခံသော မီဒီယာကို ပိုမိုအာရုံစိုက်သည်။ ဒါ့အပြင် အခြားသော တိုင်းရင်းသားများတည်ထောင်ထားသော မီဒီယာများလည်းရှိသည်။ အားလုံးနီးပါး Internet ကိစ္စကို ပိုမိုအာရုံစိုက်သည်။ အင်တာနက်သည် အခြားသော မီဒီယာများထက်ထိရောက်သောကြောင့်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ လူများအချိန်မရွေးဖက်နိုင်သည့် အားသာချက်ရှိသည်။

မီဒီယာတွေ ဘယ်လိုရပ်တည်ကြလဲ။

ပြည်ပအဖွဲ့အစည်းများ၊ မီဒီယာများသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်များ၏ အလှူငွေများအပေါ်တွင် မှီခိုနေရပါသည်။ အထူးသဖြင့် အမေရိကန်ပိုင်ဖြစ်သော National Endowment for Democracy (NED) မှ အလှူငွေအများစုပေးသည်။ Open Society ခေါ် OSI မှလည်း အတော်များများထောက်ပံ့ပေးသည်။ ယခုအလှူငွေများသည် အမေရိကန်ပြည်သူများ(တနည်း) Tax payer များမှရရှိသည့်ငွေများဖြစ်ပါတယ်။ အကယ်၍သာ ယခုအလှူငွေများအား ဖြတ်တောက်ခံရပါက ပြည်ပအခြေစိုက် မီဒီယာများ၊ အဖွဲ့အစည်းများ မည်သို့ဖြစ်လာနိုင်ပါသလဲ။ အနည်းဆုံးတော့ အထည်ကြီးပျက် ဖြစ်သလိုမျိုးဖြစ်ပါလိမ့်မယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်တော့မည်။ အဘယ့်ကြောင့်ဆိုသော သူများအားကိုပြီး ရပ်တည်နေသောကြောင့်ဖြစ်သည်။

ဘလော့ဂ်များ


နိုင်ယှဉ်ချက်အနေဖြင့် မိမိခြေထောက်ပေါ်ရပ်တည်ပြီး ၀ါသနာအရလုပ်သော မီဒီယာအသေးစား (ဘလော့ဂ်ဂါ)များသည် ရေရှည်ရပ်တည်နိုင်ပြီးအောင်မြင်သူများဖြစ်လာနိုင်ပါသည်။ မိမိအမြင်၊ အယူအဆ များအား ရှင်းရှင်းလင်းလင်း တင်ပြနိုင်သည်။ သူများအပေါ်မှီခိုမှု ကင်းသောကြောင့် မည်သည့်မျက်နှာမှ ငဲ့ညာရန်မလို၊ အားကိုးရန်မလိုပဲ အလုပ်လုပ်နိုင်သည်။ အုပ်စုနှင့် ၀ိုင်းကိုက်သည့်ခွေးလိုလည်း သူတို့မလုပ်။

အောင်မြင်သည့်ဘလော့ဂ်ဂါများ အများအပြားရှိသည်။ ထိုသူများထဲမှ တဦးဖော်ပြရသော် ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်သည် အတော်အောင်မြင်သောဘလော့ဂ်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ အဖတ်များသည့် ဘလော့ဂ်ဖြစ်သည်။ ဒေါက်တာလွဏ်းဆွေဘလော့ဂ်သည် NED OSI မှ အလှူငွေအပေါ်ရပ်တည်ခြင်းမဟုတ်။ ၀ါသနာဖြင့်အရင်းတည်၍ လုပ်ထားခြင်းဖြစ်သည်။ အချိန်အကုန်ခံရသည်။ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ်ရေး၍ ဧရာဝတီ၊ Mizzima၊ ခေတ်ပြိုင် သို့ပို့လျှင် ငွေရသည်။ ဘလော့ဂ်မှာတင်လျှင် ငွေရသည်မဟုတ်။ ပီတိကိုစားပြီး အောင်မြင်နေသောဘလော့ဂ်ဖြစ်သည်။ အကျိုးစီးပွားအပေါ်အခြေခံသော အခြားမီဒီယာများထက် တန်ဖိုးရှိသည်။ လူအများအသိအမှတ်ပြုခံရသည်။ ဒေါက်တာလွဏ်းဆွေဘလောဂ်အပြင်၊ ညီလင်းဆက်၊ ကိုမိုးသီး၊ နစ်နေမန်းစသည့်အောင်မြင်နေသော ဘလောဂ့်ပိုင်ရှင်များသည် NED OSI စသည်တို့မှလစာမရ၊ ပင်စင်မရှိသော်လည်း လူအများမှ အလုပ်လုပ်သည့်ဘလော့ဂ်များဖြစ်ကြောင်း အသိအမှတ်ပြုသည်။

ရေစိမ်ခံသော ဘလော့ဂ်ပိုင်ရှင်များ


NGO မှ ငွေရရှိနေသော မီဒီယာများနှင့် ဘလော့ဂ်ပိုင်ရှင်များယှဉ်လျှင် ဆီနှင့်ရေလိုကွာခြားသည်။ သူများအားမကိုးသော ဘလော့ဂ်တခုသည် ရေရှည်ခံသည်။ သူများနှာခေါင်းနှင့်အသက်ရှုသော မီဒီယာကြီးများသည် ရေရှည်မခံ။ တချိန်ချိန်ငွေမရလျှင် ပျက်စီးမည်ဖြစ်သည်။ ယနေ့ခေတ်ရေစိမ်ခံသော ဘလော့ဂ်များကြောင့် မကြားဘူး၊ မတွေ့ဘူး၊ မမြင်ဘူးသော သတင်းများ၊ စာများဖတ်ရှု့ နေရသည်။ တန်ဖိုးကြီးလေစွ။

မိမိအမျိုးကိုလိုင်းတင်သည့်မီဒီယာများ

ဘီဘီစီအပါအ၀င် သတင်းဌာနများသည် မိမိနီးစပ်ရာသူငယ်ချင်း၊ အမျိုး၊ မိမိဆရာသမား၊ တပည့်သားသမီးများအား လိုင်း,တင်ပေးသည့်အလေ့အထရှိသည်။ အလုပ်ပေးသည့် အလေ့အထရှိသည်။ ဥပမာ... ဘီဘီစီမှ မောင်နီသည်၊ မိမိသူငယ်ချင်းမောင်ဖြူအား အင်တာဗျူးလုပ်သည်။ Mizzima မှ မောင်ဝါသည်၊ ညီတော်မောင် မောင်ပြာအား ရာထူးကြီးကြီးပေးသည်။ RFA မှ မောင်ဝါသည် မိမိအမျိုးမောင်လှအား မြှောက်ပင့်ပေးသည်။ စသဖြင့်...အမျိုးမျိုးရှိသည်။ ထိုအခြေအနေများသည် ဘက်မလိုက်သည့်အခြေအနေမျိုးဖြစ်ပါသလား။ မဖြစ်ပါ။ အကျိုးစီးပွားအပေါ်အခြေခံသည့် မီဒီယာများဖြစ်ကြောင်းကောက်ချက်ဆွဲသည်။ ဧရာဝတီမှ မောင်ဦးသည် ဒိုနာဆီမှ ငွေများများရရန် OSI၊NED နှင့်နီးစပ်သည့် မောင်အာ, အားဖားရသည်။ ဟိုအဖွဲ၊၊ ဒီအဖွဲ့နှင့်ပေါင်းရသည်။ နိုင်ငံရေးအဖွဲ့အစည်းများသည် မီဒီယာများမှ မိမိအဖွဲ့အစည်းအား လူသိစေရန် မီဒီယာဆရာကြီးများအား တောအရက်ကောင်းကောင်းနှင့် မစရသည်။ မီဒီယာကြီးများသည် နိုင်ငံရေးအဖွဲ့အစည်းများမှ ထောက်ခံမှု ရရှိစေရန် လေလှိုင်းမှ မြှောက်ပင့်ပေးရသည်။ ထိုကဲ့သို ရှုပ်ထွေးလှသည့် အခြေအနေအောက်တွင် မီဒီယာသမားများသည် ဘလော့ဂ်ဂါများလို သတင်းအမှန်၊ အယူအဆ၊ အတွေးအမြင်များအား ဘက်လိုက်မှုမရှိ ဖော်ပြန်ရန် မည်သို့မှမဖြစ်နိုင်ပါ။

သနားစရာကောင်းသည့် မီဒီယာပိုင်ရှင်များ

တတိယနိုင်ငံများတွင်ရောက်ရှိနေသော ပြည်သူများ၊ နိုင်ငံရေးသမားများသည် ပြည်ပအခြေစိုက် မီဒီယာသမားများအပေါ်အထင်ကြီးစိတ်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုင်းအခြေစိုက်၊ အိန္ဒိယအခြေစိုက် သတင်းဌာနများသည် အချောင်ရသည့် ငွေ, များအပေါ်သာယာနေသည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်သည်။ မီဒီယာတခုသည် အထောက်အပံ့ကင်းကင်းနှင့် မိမိခြေထောက်ပေါ်ရပ်တည်နိုင်ရမည်။ဥပမာ...ကြော်ငြာဝင်ငွေအပေါ်ရပ်တည်သည့်သတင်းဌာနများ၊ ရောင်းအားအပေါ်အမှီပြုသည့် သတင်းဌာနများဖြစ်စေချင်သည်။ အထူးသဖြင့် အမြတ်ငွေအပေါ်အခြေခံသည့် မီဒီယာမျိုးဖြစ်ရမည်။ သို့မှသာ သတင်း၊ ဆောင်းပါး၊ စသည်များသည် အရည်အသွေးကောင်းကောင်းပေါ်ထွန်းပေလိမ့်မည်။ ယခု..လက်ရှိ ပြည်ပမီဒီယာများသည် ဒီလိုမဟုတ်။ အလကားရသည့် ငွေ, ဖြင့်လည်ပတ်နေသောကြောင့် ရေသာခိုအချောင်လိုက်သည့်၊ အချောင်စားရသည့် မီဒီယာသမားမျိုးဖြစ်နေသည်။ ဧရာဝတီ၊ ခေတ်ပြိုင်၊ Mizzima စသည့် ထိုင်းအခြေစိုက် သတင်းဌာနများသည် အနူတောက လူချောလုပ်သည့် အဆင့်မျိုးဖြစ်နေသည်။ ရောင်းအားအပေါ်အခြေမခံ၊ တောင်းအားအပေါ်အခြေခံသောကြောင့် မြန်မာပြည်သူများရဲ့ အထင်ကြီးလေးစားမှု ကင်းမဲ့သည်မှာ ပြောစရာမလို။ ဥပမာ..ဒီကောင်တွေ သတင်းရောင်းစားမှာပါကွာ...။ ဒီကောင်တွေလုပ်စားတွေပါကွာ..စသဖြင့်..ထိုကဲ့သို့စကားများအား စာရေးသူမကြခဏ ပြည်သူကြားမှကြားရသည်။ ယခုအခြေအနေသည် ကောင်းသည့်အလားအလာမဟုတ်ပါ။ အယုံအကြည်ကင်းမဲ့သည့်စကားဖြစ်သည်။

ပြည်ပမီဒီယာများတန်ဖိုး...


ပြည်ပမီဒီယာကြောင့် မျက်စိပိတ်၊ နားပိတ်၊ ဖြစ်နေသည့် ပြည်သူများ မကြားဘူး၊ မမြင်ဘူး၊ မတွေ့ဘူးသည့် သတင်းများကြားရသည်။ တန်ဖိုးရှိလှပါသည်။ ပြည်ပမီဒီယာကြောင့် မြန်မာ့ဒီမိုကရေစီအရေးသည် တစုံတရာပြောရေးဆိုခွင့်ရှိနေပါသည်။ ပြည်ပ မီဒီယာရဲ့ တန်ဖိုး ကြီးမားကြောင်းရေးမည်ဆိုလျှင် ပြီးတော့မည်မဟုတ်။ တွေးကြည့်လျှင် သိနိုင်သည်။

အမှီအခိုကင်းသည့် ပြည်ပအဖွဲ့အစည်း၊ ပြည်ပမီဒီယာ ဖြစ်ပါစေ

ယနေ့ခေတ် ပြည်ပအခြစိုက် နိုင်ငံရေးအဖွဲ့အစည်းများ၊ မီဒီယာများသည် အမှီအခိုကင်းနိုင်ရပါမည်။ အမှီအခိုမကင်းလျှင် အရည်အသွေး၊ ယုံကြည်မှု ရရှိနိုင်မည်မဟုတ်။ ရေရှည်ရပ်တည်နိုင်မည်လည်းမဟုတ်ပါ။ ပြည်တွင်းအခြေစိုက် ဂျာနယ်များ၊ မဂဇင်းများသည် အမှီအခိုကင်းသည်။ ရောင်းအား နှင့် ကြော်ငြာအပေါ်အခြေခံ၍ လည်ပတ်သည်။ ထို့ကြောင့် ပိုင်ရှင်များသည် အောင်မြင်ရေး၊ ငွေရရှိရေးအား အထူးအာရုံစိုက်သည်။ ပြည်ပမီဒီယာသည် ဒီလိုမဟုတ်။ ထိုင်း၊ အိန္ဒိယ၊ မလေးရှား စသည့်နိုင်ငံများတွင် မြန်မာလူဦးရေ သန်းနဲ့ချီရှိသည်။ စီးပွားရေးလုပ်ငန်းများရှိသည်။ ထိုသူတို့ရဲ့ ဝယ်အားအပေါ်အခြေခံ၍ သတ္တိရှိရှိ လုပ်သည့် ပြည်ပမီဒီယာ ဖြစ်ဖို့ကောင်းသည်။ ဧရာဝတီ၊ Mizzima စသည့် သတင်းဌာနများအနေဖြင့် ထိုကဲ့သို့ဖြစ်သင့်သည်။ သို့သော်...ပြည်ပ မီဒီယာများသည် ရောင်းစားသော မီဒီယာမဟုတ်၊ တောင်းစားသော မီဒီယာအဆင့်အတန်းဖြင့် ရပ်နေသည်။ မိမိ စိတ်ဓာတ်ကို မိမိမှ ဖျက်စီးနေသည်နှင့်တူပေတော့သည်။ အကျိုးအမြတ်အပေါ်အခြေမခံသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်မီဒီယာမရှိပါ။ လုပ်ခ၊ လစာသည် အကျိုးအမြတ်ဖြစ်သည်။ အကျိုးအမြတ်ကိုအခြေမခံသည့်မီဒီယာသစ်ရှိသည်။ ထိုမီဒီယာသည် ဘလော့ဂ်များသည်ဖြစ်ကြောင်း နိဂုံးချုပ်ပါသည်။

7/4/10

ငါ, မပြောဘူးလား

ရွေးကောက်ပွဲ လုပ်မယ်ကြားတော့...ရတဲ့အပေါက်ကနေ၀င်ဖို့ကျိုးစားတယ်။ စစ်အစိုးရက တကယ်လုပ်ပေးမယ်ထင်နေလားမသိဘူး။ အခုတော့ ကျနော်တို့ ၀င်တာမှားပါပြီလို့မပြောယုံတမယ်ပဲ။ ဒါတောင်ရွေးကောက်ပွဲမစသေးဘူး။ ဒီအကြောင်းရေးအုံးမယ်။

7/2/10

မြန်မာပြည်ရဲ့  Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့။

Ecosystem ဆိုတာက ဗမာလို ဂေဟစနစ်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဂဟေဆော်သလိုမျိုး တခုနဲ့တခုကိုချိတ်ဆက်ပေးတဲ့စနစ်ပဲ။ ဥပမာ- အင်းလေကန် ရေခမ်းတယ်။ ရေခမ်းတော့ အင်းလေးကန်ကို အမှီပြုနေတဲ့ လူ၊ ငါး၊ ငှက် တွေဒုက္ခရောက်ရတယ်။ ဒီသုံးမျိုးစလုံးက အင်းလေးကန်ရဲ့ သဘာဝကိုအမှီပြုပြီးနေရတယ်။ ရေခမ်းတော့ ငါးသေတယ်။ အပင်သေတယ်။ ငါးလည်မရှိ၊ အပင်လည်းမရှိ၊ ရေလည်းမရှိဆိုတော့ လူလည်းစားစရာပြတ်၊ ငှက်လည်းနားစရာပြတ်ကုန်တယ်။ ဒီလိုမျိုးတခုနဲ့တခုချိတ်ဆက်နေတာက Ecosystem (ဂေဟစနစ်) ပဲ။ ဂေဟစနစ်မှာ ရေ၊ နေ၊ လေ၊ မြေ၊ လူ၊ Animal တွေအားလုံးအကျုံးဝင်တယ်။ ဒါက ကျနော်နားလည်တဲ့ ဂေဟစနစ်။

ဘာ့ကြောင့်ရေခမ်းတာလည်းဆိုတော့ အင်းလေကန်ရဲ့ ဘေးပတ်ဝန်းကျင်က Ecosystem တခုလုံးပျက်စီးနေလို့ပဲ။

မြန်မာပြည်တခုလုံးရဲ့ ဂေဟစနစ်လည်းပျက်စီးနေပြီ။ ဒါ့ကြောင့် ရေမရှိတာ၊ မိုးအရမ်းရွာတာ၊ နေပူတာ၊ ရေကြီးတာတွေဖြစ်လာနေတယ်။ ဒါက လူတိုင်းနားလည်တဲ့ သီအိုရီပဲ။

မြန်မာ့နိုင်ငံရဲ ပတ်ဝန်းကျင် နိုင်ငံတွေကိုကြည့်။ လူဦးရေအများဆုံးတရုတ်၊ ကုလားတွေရှိတယ်။ ဒီနိုင်ငံနှစ်ခုရဲ့  Ecosystem ကိုကြည့်။ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အများဆုံးနိုင်ငံ။ ကမ္ဘာပေါ်က စက်ရုံတွေအများစုဟာ တရုတ်ပြည်မှာသွားပြီး Made In China လုပ်ကုန်ပြီ။ အလုပ်သမားဈေးပေါလို့။ စက်ရုံတွေသွားတော့ဘာဖြစ်လဲ။ စက်ရုံနဲ့အတူ အမိုက်၊ အညစ်အကြေး၊ အဆိပ်ငွေ့တွေပါသွားတယ်။ ဒါတွေက တရုတ်လူဦးရေ သန်းတစ်ထောင်ကနေ သန်းတစ်ရာဖြစ်သွားနိုင်တဲ့ အခြေအနေ။

ကုလားပြည်ကိုလည်းကြည့်အုံး။ တရုတ်လိုပဲ။ နေရာတိုင်း ချီးပုံတွေရှိတယ်။ ဗမာတွေလိုပဲ ကုလားတွေလည်း ညစ်ပက်တယ်။ ကုလားပြည်ရဲ့ သဘာဝ ပတ်ဝန်းကျင်လည်း ကမ္ဘာပေါ်က အဆိုးဆုံးနိုင်ငံတွေထဲမှာပါတယ်။ လူဦးရေထူထပ်တယ်။ ကျေးလက်မှာအရမ်းဆင်းရဲတယ်။ အရမ်းဆင်းရဲသောပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ဖို့ဆိုတာက သူတို့အတွက် တနေ့စာထင်းတစ်စီးရဖို့လောက်တောင် အရေးမကြီးဘူး။

ဒီနိုင်ငံနှစ်ခုရဲ့  Ecosystem မှားယွင်းနေတယ်။ ညစ်ညမ်းမှုတွေရှိနေတယ်။ လေထု၊ ရေထု၊ ညစ်ညမ်းမှုတွေဖြစ်နေတယ်။ ညစ်ညမ်းမှု Pollution တွေက အငြိမ်မနေဘူး။ လျှောက်ဒိုးနေတာ။ လေထုကနေ လေတိုက်ရင်ဗမာပြည်ထဲကို ရောက်သွားနိုင်တယ်။ မြေအောက်ရေ၊ မြေပေါ်ရေကလည်း တဖြည်းဖြည်းရွှေ့ နေတာ ကြပ်ပြေး, အထိမရောက်ဘူးလို့ ပြောနိုင်လား။ ဗိုလ်ချုပ်တွေ Arsenate လို့  ခေါ်တယ် မြေအောက်အဆိပ်ရေသောက်ပြီး သေသွားနိုင်တယ်။ မြေအောက်အဆိပ်ရေနဲ့ပက်သက်လို့ ရိုဟင်ဂျာနိုင်ငံ (ဘင်္ဂလားဒေ့ရှ်) ကိုကြည့်။ အရမ်းပေါတယ်။ ကုလားတွေ ရေဆိပ်မိလို့သေကုန်တာ နည်းတာမဟုတ်ဘူး။

ဒီ Pollution တွေဘာ့ကြောင့်ဖြစ်လာလဲဆိုတော့ လူတွေစောက်သုံးမကျလို့ဖြစ်လာတာလို့ပြောရမှာပဲ။ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်ရမယ်။ ဥပမာ -စက်ရုံကိုမပြောနဲ့အုံး။ ကားတွေကို ဓာတ်ဆီဖြည့်တဲ့ ဓာတ်ဆီဆိုင်ရဲ့ အညစ်အကြေး။ ဓာတ်ဆီသိုလှောင်ကန်ကနေ တဖြည်းဖြည်း စိမ့်ထွက်ပြီးမြေကြီးထဲကိုရောက်မယ်။ မြေကြီးထဲကနေ မြေအောက်ရေရှိတဲ့နေရာအထိရောက်မယ်။ မြေအောက်ရေထဲရောက်သွားပြီပဲထား။ ဓာတ်ဆီဆိုင်ရဲ့ ဘေးနားက အိမ်မှာ အ၀ီစိတွင်းရှိရင်တော့ သေဖို့သာပြင်တော့။ ဒါက မြေအောက်ရေညစ်ညမ်းမှု။ ဒီဟာတွေဟာ ချက်ချင်းဖြစ်မလာသလို၊ ချက်ချင်းလည်း ပျောက်သွားတာမဟုတ်ဘူး။ အနည်းဆုံး ၁၀- နှစ်လောက်ကြာတယ်။

အထက်က ဥပမာက နိုင်ငံတိုင်းမှာရှိတယ်။ ကျနော်စိုးရိမ်တဲ့ တရုတ်နဲ့ ကုလားပြည်က အညစ်အကြေးတွေဟာ မကြာခင် ဗမာပြည်ကိုကူးလာတော့မယ်။ ဗမာပြည်ဟာ စက်ရုံအလုပ်ရုံအညစ်အကြေးတင်ရတာမဟုတ်ဘူး။ လူ,အညစ်အကျေးပါ တရုတ်ပြည်ကနေရနေတယ်။ ဥပမာ - မန္တလေးကိုကြည့်။ ယူနန် II ဖြစ်တော့မယ်။ ဗမာနိုင်ငံဟာ မိမိရဲ့  Ecosystem ကို မထိန်းရင် နောင်နှစ်ပေါင်း သုံးရာလောက်ဆိုရင် ဗမာပြည်၊ ဗမာလူမျိုးရှိတော့မှမဟုတ်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တရုတ် / ကုလားရဲ့ အညစ်အကျေးတွေ (Pollution) မိကုန်လို့ပဲ။

Ecosystem ပျက်စီးအောင်လုပ်တဲ့နေရာမှာ အရေးကြီးဆုံးက Irreversible မဖြစ်ဘို့အရေးကြီးတယ်။ ဥပမာ - သစ်ပင်ခုတ်လိုက်ရင် သစ်ပင်ဟာ ၁၀ - နှစ်အတွင်းအရွယ်ရောက်နိုင်တယ်။ မြေကြီးအောက်က ရေနံတွေ၊ Gas တွေအကုန်လုံးကို တရုတ်နဲ့ထိုင်းကိုရောင်းစားလိုက်တဲ့အခါ ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါတွေက သစ်ပင်စိုက်သလို ၁၀ - နှစ်အတွင်းပြန်ပြီး ပြည့်လာတာမဟုတ်ဘူး။ ဒါကို Irreversible လို့ခေါ်တယ်...ငတုံးသန်းရွှေရဲ့ ၊ ငအ သိန်းစိန်ရဲ့ ။ ရောင်းစားဖို့လောက်ပဲ စိတ်မကူးနဲ့။ ဗမာပြည်ရဲ့  Ecological footprints ဘယ်လောက်ရှိလဲဆိုတာကိုလည်း လေ့လာအုံး။

ဗမာပြည်ရဲ့  Ecosystem နဲ့ ပက်သက်ပြီး အခုလောလောဆယ်ဘာလုပ်ရမလဲ။ အဖြေကတော့ ကျနော်တို့ပြန်လည်မွေးမြူရတော့မယ်။ ရေခမ်းသွားလို့ဆိုပြီး NLD လိုကောက်ခါငင်ကာ အပင်ထစိုက်သလိုမျိုးမရဘူး။ အပင်ကလည်း တစ်ရက်အတွင်း ၀ုန်းကနဲ့ထပြီး ကြီးသွားတာမဟုတ်ဘူး။  Long Term Plan ရှိရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဥပဒေတွေကို ထုတ်ရတော့မယ်။ ဒါတွေ စနစ်တကျ ဗမာပြည်မှာမရှိဘူး။ ရှိတဲ့ ဥပဒေတွေကလည်း ကဘောက်တိကဘောက်ချာနဲ့။ ဥပဒေရှိပြီး မလိုက်နာရင်လည်း အလကားပဲ။ နောက်ပြီး Instituation တွေရှိရမယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Research ဌာနတွေရှိရမယ်။ Enviromental Impact Assessement တွေကို အစိုးရက စနစ်တကျအကောင်အထည်ဖော်ရမယ်။ အာ...ဒါတွေပြောရင်ပြီးမှာမဟုတ်တော့ဘူး။ ကျနော်ပြောရင် သန်းရွှေအစိုးရ နားလည်မှာ မဟုတ်ဘူး။ အသေးစိတ်သိချင်ရင် ကျနော့်အိမ်လာခဲ့လို့ပဲ ပြောရတော့မယ်။ ထားပါတော့။

ဆိုတော့ ဗမာပြည်ရဲ့ သဘာပတ်ဝန်းကျင်ပျက်စီးနေပြီလို့ လူတိုင်းနားလည်ထားတယ်။ အိုကေ...ရတယ်....ထိုင်းလိုပြောရင် မိန့်ပလိုင်(ပြဿနာမရှိဘူး)။ ပျက်နေပြီးဆိုတော့ပြင်ရတော့မယ်။ ဘယ်လိုပြင်ရင်ကောင်းမလဲ။ ဒီနေရာမှာ ဥပမာတခုရှင်းပြမယ်။ အမေရိကန်နိုင်ငံက ဥပမာ။

" ဒီဖြစ်ရပ်က Air pollution လို့ခေါ်တဲ့ လေထုညစ်ညမ်းမှု နဲ့ဆိုင်တယ်။ အမေရိကန်နိုင်ငံမှာ Chattanooa လို့ခေါ်တဲ့မြို့ ရှိတယ်။ ၁၉၆၀ မှာ ဒီကိစ္စဖြစ်ခဲ့တယ်။ အဲဒိမြို့ ရဲ့ လေထုညစ်ညစ်မှုဟာ အမေရိကန်မှာ အဆိုးဆုံးပဲ။ သံရည်ကျိုစက်ရုံတွေက ထွက်တဲ့အငွေ့တွေကြောင့် Chattanooa မြို့ ဟာ နေ့ခင်းကြောင်တောင်မှာတောင် ကားမောင်းရင် မီးထိုးပြီးမောင်းရတယ်။ မိုးခိုးငွေ့တွေဟာ တမြို့ လုံးကို မှောင်နေတာပဲ။ ဒါ့ကြောင့် မြို့ လူထုဟာ တခြားမြို့ တွေကိုလစ်ပြေးကုန်ကြတယ်။

၁၉၈၄-ခုနှစ်မှာ လူထုခေါင်းဆောင်တွေ ဒီကိစ္စအတွက် အစည်းအဝေးခေါ်ပြီး၊ လူထုနဲ့တိုင်ပင်တယ်။ အားလုံးသဘောတူမှု Consensus တစ်ခုရတယ်။ ဒါကတော့ ဒီမြို့ ကို သန့်ရှင်းအောင်လုပ်ဖို့။

၁၀-နှစ်ကြာပြီး ၁၉၉၅-ခုနှစ်မှာ Chattanooa မြို့ ဟာ တော်တော်သန့်ရှင်းလာတယ်။ စက်ရုံကထွက်တဲ့မီးခိုးငွေ့တွေကို သုံးညအဆင့်ထိလျှော့ချနိုင်တယ်။ ဒီဇယ်နဲ့မောင်းတဲ့ ဘက်စ်ကားတွေ၊ ရထားတွေအစား၊ လျှပ်စစ်နဲ့မောင်းတဲ့ ရထားတွေ၊ ကားတွေကို အစားထိုးသုံးလာတယ်။ Recycling အစီအစဉ်တွေအကောင်အထည်ဖော်တယ်။ ၃၅ ကီလိုမီတာလောက်ရှည်တဲ့ ပန်းခြံတခုကိုတည်ဆောက်တယ်။ အဲဒိပန်းခြံမှာ အပင်တွေ၊ ပန်းတွေစိုက်တယ်။ နောက်ပိုင်းမြို့ က တော်တော်စိုပြည်လာတယ်။ ကျန်းမာရေးနဲ့ညီညွတ်လာတယ်။ မြို့ ကနေ လစ်ပြေးပြီး၊ တခြားမြို့ မှာ သွားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူထုတွေပြန်လာကြတယ်။ နောက်ဆုံး အခြားမြို့ ကလူတွေဟာ တစ်နှစ်ကို လူတစ်သန်းလောက်အထိ Chattanooa မြို့ ပန်းခြံကိုလာပြီးတောင် အပန်းဖြေရတဲ့အဆင့်ဖြစ်တဲ့အထိအောင်မြင်လာတယ်"

ဒီဖြစ်ရပ်က အတုယူစရာဖြစ်ရပ်ပါ။ ဖြုတ်, အုံးနှောက်နဲ့စစ်အစိုးရကိုပြောမယ်။
သူများနိုင်ငံတွေရဲ့ ကောင်းတဲ့ လုပ်ရပ်ကိုအတုမခိုးချင်ရင် လုပ်စရာတခုပဲရှိတော့တယ်။ ဗမာပြည်ကို FOR SALE ကပ်လိုက်တော့။ အားလုံးမကုန်သေးခင် အချိန်မှီသေးတယ်။

မှီငြမ်း....Miller ရဲ့ Living in the Enviroment ကိုမှီငြမ်းထားသည်။

6/30/10

Sanctions force exit of Burmese general's daughter

I really appreciate this decision.

LIKE many overseas students, Zin Mon Aye hoped to parlay her accounting degree into permanent residency.

But her days in Australia were numbered once officials from the Department of Foreign Affairs and Trade learned she was on campus at the University of Western Sydney.

Ms Aye, 25, is the daughter of Brigadier-General Zin Yaw, a senior figure in the Burmese dictatorship.

Australia is a party to sanctions supposed to put pressure on the regime by targeting its leaders and their families.

Foreign Minister Stephen Smith decided in 2008 that allowing Ms Aye to stay in the country would be at odds with Australia's international policy on Burma.

She is expected to return to Burma within days, having fought Mr Smith all the way to the full bench of the Federal Court, and lost.

"Sadly, she's being punished for something of which she is innocent," said her lawyer, Tony Silva.

According to the court decision this month, Ms Aye said "she was estranged from her parents because of her father's association with the brutal Burmese military dictatorship".

She said she did not depend on her parents financially and had a full-time job waiting once she finished her masters at UWS.

Her argument was that Australia's sanctions should not penalise "adult children of senior Burmese regime figures, who are not supporters of the regime".

The three judges who heard her appeal agreed it must fail, although they split 2-1 on the degree to which she could challenge Mr Smith's essentially political decision in the courts.

One judge, Bruce Lander, said Mr Smith's decision directly affected her right to stay in Australia.

This meant he should have given her procedural fairness by allowing her to say whether or not she was in fact Brigadier-General Zin Yaw's daughter. But since her identity was not in question, her appeal had to fail.

The other two judges, Jeffrey Spender and Neil McKerracher, took a more absolute position on the separation of powers issue.

They said Ms Aye was inviting the courts to second-guess Mr Smith's sanctions policy. This they could not do.

ဗိုလ်မှုးချုပ်ဇင်ယော်ရဲ့ သမီး သြစတျေးလျနိုင်ငံမှ မောင်းထုတ်ခံ(နစ်နေမန်း)

Wednesday, June 30, 2010

နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးအား သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  တရားရုံးချူပ်မှ ဆုံးဖြတ်။

သြစတြေလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့  ဆဒ်ဒနီမြို့  အနောက်ဆစ်ဒနီတက္ကသိုလ် (University of Western Sydney) မှာ ပညာလာရောက်သင်ကြားနေတဲ့ နအဖ ဗိုလ်မှူးချူပ် ဇင်ရော်ရဲ့  သမီးဖြစ်သူ ဇင်မွန်အေးကို သြစတြေလျနိုင်ငံကနေ ထွက်ခွာဖို့  သြစတြေလျနိုင်ငံ တရားရုံးချူပ်ကနေ ဆုံးဖြတ်လိုက်ပါတယ်။

အသက် (၂၅) နှစ်အရွယ် ဇင်မွန်အေးဟာ ဒီလို သြစတြေလျတက္ကသိုလ်မှာ ကျောင်းတက်ပြီးရင် သြစတြေလျနိုင်ငံမှာ နေထိုင်ဖို့  ရည်ရွယ်ချက်ရှိကြောင်း၊ ဘာသာရပ်အထူးပြု (Master) ဘာသာတစ်ခုကို သင်ကြားနေဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီလို သြစတြေလျနိုင်ငံကနေ ထွက်ခွာခိုင်းခြင်းမှာ သြစတြေလျနိုင်ငံက ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားတဲ့ နအဖအာဏာရူးများရဲ့ မိသားစုများ အထူးသဖြင့် နအဖထိပ်ပိုင်းခေါင်းဆောင်များရဲ့  မိသားစုအဖွဲ့ ဝင်များအား သြစတြေလျနိုင်ငံသို့  လာရောက်ခြင်း မပြုရန် (visa ban) တားမြစ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

ဇင်မွန်အေးဟာ ၂၀၀၈ ခုနှစ်ကတည်းက သြစတြေလျနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ သြစတြေလျနိုင်ငံကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သြစတြေလျနိုင်ငံ ဗဟိုတရားရုံးကနေ အမိန့် ချ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

(သတင်းပေးပို့ လာသူ ကိုသောမတ်စိုးအား ကျေးဇူးတင်ရှိပါတယ်)။
 

ထိုင်း-မြန်မာနယ်စပ်မှ မြင်ကွင်း ...............ကိုထူးချစ် (GHRE)

Photo by Ko Htoo Chit
Internatinal Human Rights Training (Canada) တွင်တွေ့ရသော ကိုထူးချစ် (GHRE)
ဘယ်(Ms. Gueye, Mme Enelyne Mame Sami သည် Senegal နိုင်ငံ မှ Save the Children ( Sweden) အဖွဲ့မှာဖြစ်သည်)
ညာ(Mr. Senaka Bandara, Director of the Institute for Decentralized Alternative Awareness" Projects department. Sri Lanka က လူ့အခွင့်အရေးရှေ့နေ)

The View from the Thai/Burmese Border: The Problem of Burmese Migrants in Thailand

By Mr. Htoo Chit

24 June 2010, Burmese/Thailand Border. Under Burma’s military dictatorship, the people of Burma have suffered a great deal. Burma’s military dictatorship has ruined the country and the economy. As a result of bad economic planning, many poor Burmese people have fled to neighboring countries to get jobs. Many of the Burmese people end up fleeing into Thailand to seek jobs.

In addition, many Burmese people flee into Thailand because the Burma Army attacks many of its citizens and uses forced labor on many infrastructure projects. The Burma Army is still using forced labor, especially in rural areas where the Burmese military regime, the State Peace and Development Committee (SPDC) have increased the presence of their forces and built military bases. The SPDC army has confiscated many acres of land in order to grow paddy and vegetables for Army’s rations. In areas under SPDC control, even in places where there is no resistance threat, the local people are regularly summoned to do one or more days of forced labor at military camps and farms. Whenever a new battalion moves into an area, the nearby villages are forced to provide most of the building materials such as wood and bamboo for the camps.

As a result of the military attacks and forced labor, thousands of Burmese refugees cross the Thai-Burma border to seek safety and jobs in Thailand. Thailand is a most developed country in the region so many Burmese migrants flee to Thailand for safety and to look for jobs. Most of Burmese migrants face lots of difficulties in Thailand. They face the “3D’s”: Dangerous, Difficult and Dirty work. We estimate that there are 4 million undocumented and documented Burmese migrants working in Thailand in 3D jobs.

My organization is trying to help these refugees. We help them by providing schools, shelter, and working with local authorities to make sure that migrants have their rights. We are trying to make sure that workers and Burmese migrants are not deported. We try to make sure the migrants are treated with respect. We work to ensure that they have healthcare, fair treatment, and understand their rights.

Many of the migrants are not registered in Thailand, which means they suffer abuses from Thai authorities and workers. Common human rights violations facing Burmese migrant workers are labors rights abuse such as uncompensated overtime, low salaries, no life insurance or compensation, sexual harassment and torture. My organization helps migrants apply for temporary passports. Many migrants do not register with the Thai government due to the high cost and fear of reprisals of giving their address in Burma. Some Thai employers also don’t want to allow their Burmese workers to register to avoid any taxes and to prevent any recourse for abuses on their workers.

The situation has recently become more difficult for Burmese migrants in Thailand. On 2 June 2010 the Prime Minister of Thailand, Abhisit Vejjajiva, established the Special Centre to Suppress, Arrest and Prosecute Alien Workers Who Are Working Underground. This support shall be provided in accordance with the systems and regulations of the Fund for Deporting Alien Workers from the Kingdom of Thailand. This order shall be effective immediately. A total of 346 Burmese were arrested between 16 June and 19 June 2010, in Bangkok alone.

This law is unfair and my organization is trying to lobby on behalf of the Burmese migrants to make sure this law does not get used to attack Burmese migrants unfairly.

.

Htoo Chit is the Founder of Foundation for Education and Development in Thailand and a 2008 Ashoka Fellow.

ယခုဆောင်းပါးသည် အမေရိကန်နိုင်ငံမှ နာမည်ကြီး ဘလော့ဂါ Meghan O’Meara ရဲ့  ဘလော့ဂ်တွင် ဖော်ပြခဲ့သည့်ဆောင်းပါးဖြစ်သည်။
http://blog.gale.com/speakingglobally/

...........................................

Is there such a thing as an “illegal” human being? PDF Print E-mail
Wednesday, 30 June 2010 10:04
We ask Thailand to show compassion to humans without documents
By Htoo Chit, Executive Director of the Foundation for Education and Development (FED), formerly Grassroots HRE
temp_passportLife as a migrant isn’t easy for Burmese people in Thailand, but a new law just made it that more difficult.  On June 2nd, 2010 the Prime Minister of Thailand, Abhisit Vejjajiva, established the Special Centre to Suppress, Arrest and Prosecute Alien Workers Who Are Working Underground.
This support shall be provided in accordance with the systems and regulations of the Fund for Deporting Alien Workers from the Kingdom of Thailand. This order shall be effective immediately. A total of 346 Burmese were arrested 16-19 of June, 2010 only in Bangkok. Whether in California, or Thailand or France, the influx of poor migrants seeking a better life causes tension between the majority population and their new neighbors.  It is important to enact fair policies that protect the human rights of all people.  This new law is not a fair way to deal with immigration, particularly in light of the difficult process migrants face in trying to become legal. “Migrants have long experience of mass raids which do not screen migrants’ status. It is highly likely that some migrants holding only appointment cards for nationality verification will also be arrested, together with undocumented migrants, and this will undermine the confidence of all migrants to proceed with regularization.  Furthermore, ordering the arrest of the 300,000 migrants who were eligible to enter into the nationality verification process but did not follow through does not address the shortcomings of the process, it only causes more confusion, distrust and resentment.” Mae Kong Migration Network (MMN) which is regional advocacy group, statement on 22 June, said.
So why aren’t migrants registering?  Many migrants do not register with the Thai government due to high cost and fear of reprisals of giving their address in Burma. Some Thai employers also don't want to allow their Burmese workers to register to avoid any taxes prevent any recourse for abuses on their workers.  Many of the migrants are not registered in Thailand, which means they are vulnerable to exploitation. Common human rights violations facing Burmese migrant workers is labor rights abuse such as uncompensated overtime, low salary, no life insurance or compensation, sexual harassment and torture. In response, we have been mobilizing migrants to apply for temporary passports. Still, many migrants live in fear.  “We understand the legal status would be protected for our rights but are we afraid to practice the national ratification because we don’t trust the government and we are concerned our family to be harassed in Burma.”  Nai Soe, Burmese’ a rubber plantation worker said.
If there is so much abuse in Thailand, who do these people leave Burma? Under Burma’s military dictatorship, the people of Burma have suffered a great deal. The dictatorship has ruined the country and the economy. As a result of bad economic planning, many poor Burmese people have fled to neighboring countries to get jobs. Many of the Burmese people end up fleeing into Thailand to seek jobs.  In addition, many Burmese people flee into Thailand because the Burma Army attacks many of its citizens and uses forced labor on many infrastructure projects. The Burma Army is still using forced labor, especially in rural areas where the Burmese military regime, the State Peace and Development Committee (SPDC), has increased the presence of their forces and built military bases. The SPDC army has confiscated many acres of land in order to grow paddy and vegetables for Army’s rations.  In areas under SPDC control, even in places where there is no resistance threat, the local people are regularly summoned to do one or more days of forced labor at military camps and farms. Whenever a new battalion moves into an area, the nearby villages are forced to provide most of the building materials such as wood and bamboo for the camps.

temp_passport01
As a result of the military attacks and forced labor, thousands of Burmese refugees cross the Thai-Burma border to seek safety and jobs in Thailand. Thailand is one of the most developed country in the region so many Burmese migrants flee to Thailand for safety and to look for jobs. Most Burmese migrants face lots of difficulties in Thailand. They face the “3D’s”: Dangerous, Difficult and Dirty work. We estimate that there are 4 million undocumented and documented Burmese migrants working in Thailand in 3D’s jobs.
“We are working the jobs in Thailand shunned by the Thai workers; we did not steal their jobs. I strongly believe that over 90 % of fishery workers are Burmese. I think that they (Thai workers) don’t want to work as our Burmese fellows because we have to work for long distance with very limited safety and living conditions” Mg Lay said, who is working in the fishing industry for over a decade and is supervisor of the fishing boats.
Some Thais are compassionate to the plight of their neighbors.  “We have chance to eat fresh sea food and export it to others countries because of Burmese migrant workers” said Ms. Kwe, a Thai human rights activist. Thai employers and authorities also admitted that the Thai economy has been growing because of migrant workers and some of them are starting to support fair treatment of Burmese migrant.
So this is where we are left, with a poor oppressed community seeking a better life and contributing to the economy while their host country makes life even more difficult.  Thailand has a long cultural tradition of compassion, so we ask that this new law be rescinded and we look for ways to work peacefully together.

6/29/10

ကွန်ပြူတာဟာသများ


Credit to Ma May

ကြွက်တွေနေရာပြောင်းတာ နိမိတ်ကောင်းလား၊ နိမိတ်ဆိုးလား။

ဒါက ထူးခြားတဲ့နိမိတ်ပဲ။

နိမိတ်မှာ ကောင်းတဲ့နိမိတ်ရှိတယ်။ မကောင်းတဲ့နိမိတ်ရှိတယ်။ ဒီနိမိတ်က ပြည်သူတွေအတွက် ကောင်းတဲ့နိမိတ်၊ နအဖအတွက်တော့ မကောင်းတဲ့နိမိတ်ပဲ။ ဗေဒင်တက်တဲ့ ဘုန်းကြီးတစ်ပါးပြောတာက "ဒါက အစိုးရပျက်ဖို့အတွက် ပြတဲ့နိမိတ်ပဲ။ အချင်းချင်းသတ်ဖြတ်တာတွေဖြစ်လာမယ်"

အာဏာသိမ်းပွဲဖြစ်လေမလားပဲ။

မြန်မာ့ သမိုင်းမှာ ဒီလိုမျိုးအလားတူဖြစ်ရပ်နှစ်ခုရှိခဲ့တယ်။ ၁၈၈၅-ခုနှစ်မှာတစ်ကြိမ်၊ ၁၉၄၈-မှာ တစ်ကြိမ်ဖြစ်တယ်လို့ ဘုန်းကြီးက ပြောပြတယ်။ ဖြစ်ပြီးမကြာဘူး၊ အစိုးတစ်ရပ်ပြောင်းခဲ့တယ်။

သွေးထွက်သံယိုမှုမရှိပဲပြောင်းခဲ့တာမဟုတ်ဘူး။ လူတွေထောင်ချီသေပြီးမှ ပြောင်းခဲ့တယ်။

မှတ်ချက်။ ။ ထိပ်ပိုင်းက ကောင်တွေလုပ်ကြံပြီး၊ အာဏာသိမ်းပါစေ။

6/28/10

သူပုန်ဆိုသည်မှာ

သူပုန်လုပ်တယ်ဆိုတာ သေနတ်ကိုင်ပြီး တိုက်ရတယ်။ သူပုန်လုပ်ပြီး စစ်မတိုက်ဘူးဆိုရင် အဲဒိသူပုန်ဟာ ကြောက်လို့ပဲ။ အခုနယ်စပ်က ၈၈ နောက်ပိုင်းရောက်တဲ့သူပုန်တွေ စစ်မတိုက်ရဲဘူး။ သေမှာကြောက်နေပြီ။ စစ်တော့မတိုက်ချင်ဘူး...သူပုန်ဘွဲ့တော့ခံယူတယ်။ လူတိုင်း မြို့ ပေါ်မှာ အေးအေးဆေးဆေးနေချင်တယ်။ ဒါက သဘာဝပဲ။ ဒါ့ကြောင့် သူပုန်လုပ်ချင်ရင် အနစ်နာခံ၊ အပင်ပန်းခံ၊ အသက်အသေခံရတယ်။ ကွန်ပြူတာရှေ့ ထိုင်ပြီး သူပုန်လုပ်တဲ့လူဟာ စောက်ရှုးပဲ။ ဘယ်တော့မှ ပတ်ဝန်းကျင်မှာ အသိအမှတ်ပြုခံရမှာမဟုတ်ဘူး။

အော်ပရေးရှင်း အမ်သရိုပွိုင့် (ဆလိုင်းကိုကိုဦး)

Operation Anthropoit I(2)

ကိုဦး

ကျနော်ဖတ်ကြည့်တယ်။

ဒါမျိုးရေးတဲ့လူ၊ ဘာသာပြန်တဲ့လူ တခါမှမတွေ့မိဘူး။ အခုကိုဦးလုပ်တယ်။ ၈၈-ကျောင်းသားဟောင်းတွေမှန်သမျှ လုပ်ကြံဖို့ကို အားပေးရင် သန်းရွှေသေပြီပေါ့။ အဝေးရောက်အစိုးက စီစဉ်ပြီးလုပ်မလား၊ မလုပ်လားတော့မသိဘူး။ စစ်အစိုးရကိုတိုက်ရိုက်စိန်ခေါ်ဖို့ တခါတုန်းက လုပ်တာတောင် ဖင်တုန်နေတယ်။ ဒါမကောင်းဘူး။ စောက်ရှုးအဝေးရောက်အစိုးရပဲ။ ဘယ်တော့မှမယုံဘူး။ ဒီလိုအလုပ်မျိုးကို လုပ်ဖို့ ဘယ်သူမှမကျိုးစားကြဘူး။

တိုက်ပွဲမှာအောက်ခြေရဲဘော်တွေသေမဲ့အစား၊ ထိပ်ပိုင်းကကောင်တွေသေတာက ပိုထိရောက်တယ်။ ဒီလိုမျိုးများများရေးပြီးအကောင်အထည်ဖော်ကိုဖော်ရမယ်။ ဒါကိုပြောရင် ကျနော့်ကိုစောက်ရှုးလို့ပြောတဲ့လူတဲ့ရှိတယ်။ လေထဲတိုက်ဆောက်နေတယ်လို့ပြောတယ်။

ဘယ်အရာမဆို စိတ်ကူးစိတ်သန်းက အရင်လာတာပါ။ ပြီးမှ နောက်ဆက်တွဲလာမှာပေါ့။ စစ်အစိုးရကို လုပ်ကြံရေးဖြစ်မယ်ဆိုတာကို ဘယ်သူသိလဲ။ ဘယ်သူမှမသိဘူး။ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကောဘယ်သူသိလဲ။ ဘယ်သူမှမသိဘူး။ ဖြစ်ရင်လည်းဖြစ်မယ်၊ မဖြစ်ရင်လည်းမဖြစ်ဘူး။

ပြောနေ၊ ရေးနေတာကိုက လုပ်ကြံမှု ပထမ အဆင့်ပဲ။

ကျနော်တော့ထောက်ခံတယ်။ အလုပ်မအားတဲ့အချိန်မှာတောင် ဒီလိုလုပ်ပေးတာကိုက တန်ဖိုးတခုပဲ။ ဘယ်သူလုပ်လဲ။ ဘယ်သူမှမလုပ်ဘူး။

အခုကိုဦးလုပ်တယ်။

အားပေးတယ်။
ဘုန်းကျော်(လူ့ဘောင်ချစ်)
www.phonekyaw.blogspot.com

6/25/10

DVB သို့....ရောချင်ရော၊ မရောချင်လည်းနေ။


ကိုမိုးသီးရဲ့ အိုင်ဒီယာကို သဘောကျတယ်။ ဒီဗွီဘီက အခုလိုဘောလုံးပွဲ နဲ့ နိုင်ငံရေးကို ရောသမမွေ လုပ်သင့်တယ်။ မြန်မာ့အသံ နဲ့ မြ၀တီက မပြနိုင်ဘူး။ ဆိုတော့ ဒါအခွင့်အလမ်းကောင်းပဲ။

View My Stats