ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
6/8/11
Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က အစိုးကို တံခါးရဲရဲဖွင့်လိုက်ပါတဲ့
Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် မှ ကျေးဇူးတင် စကားနှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များအား ရှင်းလင်းပြောကြားစဉ်
အားလုံးမင်္ဂလာပါ။ ဒီပွဲကို လာရောက်ချီးမြှင့်တဲ့အတွက် အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ ၁ ဂဏန်းတွေ ကြီးစိုးတဲ့နှစ်မှာ Eleven Media Group ရဲ့ ၁၁ နှစ်ပြည့် အခမ်းအနား လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့များစွာ ဂုဏ်ယူမိပါတယ်။
ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာ Eleven Media Group ရဲ့မိသားစုတွေ၊ ခင်မင်ရင်းနှီးသူတွေအပြင် Eleven Media Group ကိုနည်းမျိုးစုံနဲ့ အကူအညီပေးခဲ့ကြတဲ့သူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ နယ်ပယ်အသီးသီးမှာ မိမိတို့ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုများနဲ့ပတ်သက်ပြီး လူအများအတွက် လေးစားဂုဏ်ယူလောက်တဲ့ အရည်အချင်း၊ စိတ်နေစိတ်ထား၊ လုပ်ဆောင်မှုတွေရှိသူတွေကို ကျွန်တော်တို့ ရွေးချယ် ဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။
၁၁-နှစ်ပြည့်မြောက်ပွဲလို့ ဆိုရပေမယ့် တကယ်တော့ ကြွရောက်ချီးမြှင့်သူတွေရဲ့ လုပ်ဆောင်မှုတွေ၊ သူတို့ရဲ့ စိတ်ထားသဘောထားတွေ၊ သူတို့ရဲ့အတိတ်၊ အနာဂတ်၊ ပစ္စပ္ပုန်မှာရှိနေတဲ့ သူတို့ရဲ့စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ယူ အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်ဖိတ်ကြားပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။ အခုတက်ရောက်လာကြတဲ့သူတွေဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ အမှန်တကယ်အောင်မြင်ပြီးတော့ အချိန်ရှားပါးတဲ့ကြားက ဒီပွဲကိုတက်ရောက်ခဲ့တဲ့အတွက် အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ သတင်းစာထုတ်ဖို့အဆင်သင့် ဖြစ်နေပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၊ (သို့မဟုတ်) ဒီမိုကရေစီမရတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးမှာတောင် ပုဂ္ဂလိကသတင်းစာရှိပါတယ်။ ကျွန်တော်တို့ သတင်းစာထုတ်လို့မရတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့လက်ရှိအခြေအနေ၊ ဖြတ်သန်းလာတဲ့ အကြောင်းအရာ၊ လက်ရှိစာဖတ်ပရိသတ်တွေရဲ့ endurance နဲ့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံလိုပဲ၊ ထိုင်းနိုင်ငံလိုပဲဖြစ်ဖြစ် ဒီလိုလွတ်လပ်မှုမျိုးကိုတော့ ကျွန်တော်တို့ ချက်ခြင်းတောင်းဆိုနေတာတော့ မဟုတ်ပါဘူး။ သီးခြားဆန်တဲ့ ထိန်းချုပ်မှုအနည်းငယ်ရှိတဲ့ ထိန်းချုပ်မှုရှိတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မျိုးကို ကျွန်တော်တို့ တောင်းဆိုနေတာပဲဖြစ်ပါတယ်။
ဒါမှသာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရေမြေသဘာဝ၊ လောလောဆယ်ဖြစ်ပျက်နေတဲ့ လိုက်လျောညီထွေရှိမှာပဲဖြစ်ပါတယ်။ နောက်သတင်းစာအပြင် ဒုတိယအလုပ်က ကျွန်တော်တို့အနေနဲ့ News Channel တစ်ခုပြုလုပ်နိုင်တဲ့ အရည်အသွေး နှစ်နှစ်အတွင်းမှာရှိနေပါတယ်။ လွတ်လပ်ပြီး တာဝန်ယူတတ်တဲ့ သတင်းမီဒီယာတစ်ခုဟာ နိုင်ငံအတွက်ရော၊ ပြည်သူလူထုအတွက်ရော တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သက်သေပြပြီးဖြစ်သလို ထပ်မံသက်သေပြဖို့အတွက်လဲ ကျွန်တော်တို့ News Media ကိုချဲ့ထွင်လိုပါတယ်။
အရေးအကြီးဆုံး ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်ကိုပြောရမယ်ဆိုရင် နောက် ၃ နှစ် ၄ နှစ်အကြာမှာ ကျွန်တော်တို့ တစ်ဦးတည်း ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ နေရာကနေ အများပြည်သူပိုင်ဆိုင်တဲ့ လုပ်ငန်းအဖြစ် publicize လုပ်ပစ်မယ်လို့ဆိုတာကို ဒီနေရာကနေ ကတိပြုပြောကြားလိုပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဒီအာင်မြင်မှုတွေ၊ ဒီငွေကြေးတွေမရခင်က ကျွန်တော်တို့ လူသုံးယောက်နဲ့ပဲစခဲ့တာပါ။
ဒီအောင်မြင်မှုတွေ၊ ဒီငွေကြေးတွေ ရရှိခဲ့မယ်လို့လဲ မထင်ခဲ့ပါဘူး။ ကျွန်တော်စီးပွားရေးလုပ်ခဲ့တယ်။ ကျွန်တော်စီးပွားရေးနဲ့ ငွေရှာခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ငန်းနဲ့ငွေအများကြီးရလာမယ်လို့လဲ မမျှော်လင့်ပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့ပိုင်ဆိုင်တာဟာ ကျွန်တော်တစ်ယောက်တည်းပိုင်ဆိုင်တယ်လို့ ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ပဲ ပိုင်ဆိုင်တယ်လို့ မသတ်မှတ်ပါဘူး။
ဒါဟာ ကျွန်တော်တို့ဆီမှာရှိနေတဲ့ ပြည်သူလူထု ဒါမှမဟုတ် ကျွန်တော်တို့ကိုအားပေးတဲ့ ပရိသတ်၊ ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်သင့်တဲ့ News Media တစ်ခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက် publicize အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ် ရှိတယ်လို့ဆိုတာကို ဒီနေရာက အာမခံပြောကြားလိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြောင်းလဲမှုဟာ မဏ္ဍိုင်ကြီး သုံးရပ်အရေးပါသလို စတုတ္ထမဏ္ဍိုင်အနနဲ့ အရေးပါတယ်ဆိုတာကို Eleven Media Group အနေနဲ့ အခိုင်အမာသက်သေပြနိုင်ပါတယ်။ အခု ကြွရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံးဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ မိမိတို့အရည်အချင်းနဲ့ မိမိတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေ၊ မိမိတို့ရဲ့စိတ်နေသဘောထားတွေ၊ မိမိတို့ရဲ့ စွန့်လွှတ်အနစ်နာခံ ကိုယ်ကျိုးစွန့်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မှတ်ကျောက်တင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီမှတ်ကျောက် တင်နိုင်တဲ့သူတွေဟာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးပြီး အများပြည်သူ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ့်သူတွေလို့လည်း ကျွန်တော်ယုံကြည်ပါတယ်။
ဒါကြောင့်လဲ ဖိတ်စာမှာကို ဂုဏ်ယူလေးစားစွာနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဓိကတင်ပြချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ နောက်လာမယ့် အနှစ် ၂၀၊ ၃၀ အတွင်း အဓိကရင်ဆိုင်နိုင်ရမယ့် ပြဿနာနှစ်ခုနဲ့ ပတ်သက်ပြီးတင်ပြချင်ပါတယ်။ နံပါတ် ၁ ပြဿနာကတော့ Human Resources ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာနိမ့်ကျခဲ့ တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ Human Resource ပြဿနာဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာအကြီးအကဲ တွေသိမှာပါ။ ကိုယ်အင်တာဗျူးလုပ်ရင် အင်တာဗျူးလုပ်ရမယ့် အရည်အသွေးမီတဲ့ ပုဂ္ဂိုလ်ဘယ်နှယောက်များရပါသလဲ။ ကျွန်တော်တို့ သတင်းမီဒီယာမှာကို အိမ်နီးနားချင်းနိုင်ငံ ငါးနိုင်ငံကိုတောင်မသိတဲ့သူတွေ အများကြီးဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအသက် ဘယ်လောက်မှာ ကျဆုံးသွားလဲ ဆိုတာမပြောနိုင်တဲ့သူတွေ အများကြီးဖြစ်နေပါတယ်။ ဒါလက်တွေ့ကြုံနေရတဲ့ သတင်းထောက်လောကမှာကို ဒီလောက်ဖြစ်နေပါတယ်။ ဒီလုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှုတွေက နယ်ပယ်အသီးသီးမှာပြန့်နေပါတယ်။ တကယ်ကျွမ်းကျင်တဲ့သူ၊ တကယ်ထူးချွန်တဲ့သူ ဘယ်ရောက်ကုန်လဲ။ တကယ် အလုပ်လုပ်နိုင်တဲ့သူ တကယ်အလုပ်လုပ်နိုင်တဲ့ Working Force တွေဘယ်ရောက်ကုန်လဲ။ အခုလယ်တွေထဲမှာ လုပ်သားရှားပါးတဲ့ပြဿနာတွေ့နေပြီ။ အလုပ်ကြမ်းသမားရှားပါးတဲ့ ပြဿနာတွေ့နေပြီး တောရွာတွေမှာ တကယ်အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေမရှိတော့ဘူး။
နှစ်ပေါင်း ၂၀ ကျော် ၃၀ အတွင်းမှာ ကျွန်တော်တို့နိုင်ငံဟာ လူဦးရေလေးသန်းရဲ့ခြောက်သန်းကြား နိုင်ငံခြားကို ရောက်နေပြီး တချို့က နိုင်ငံရေးကြောင့်ဖြစ်ဖြစ်၊ ပညာရေးကြောင့် ဖြစ်ဖြစ်၊ စီးပွားရေးကြောင့် ဖြစ်ဖြစ် နိုင်ငံကို စွန့်ခွာသွားကြတယ်။ ဒီပြဿနာဟာ သေးတယ်လို့ဆိုရပေမယ့် တကယ်နိုင်ငံကို ကြီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာဟာ အရမ်းကြီးပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့သူတွေ မပြန်လာဘဲနဲ့ ကျွန်တော်တို့နိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်ဖို့ မလွယ်ပါဘူး။
ဥပမာ- နမူနာအားဖြင့် ဗီယက်နမ်နိုင်ငံဟာ သူတို့နိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် အခြေအနေကောင်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းတွေ ဖန်တီးပေးတဲ့အတွက် ဗီယက်နမ်နိုင်ငံက လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ပညာရေးစနစ်ကို မြှင့်တင်ရုံတင်မကဘဲ နိုင်ငံခြားမှာရှိနေတဲ့ အကြောင်းကြောင်းကြောင့် ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေကောင်းတွေ ဖန်တီးပေး ဖို့လိုအပ်ပါတယ်။
ဒီနိုင်ငံကို မလွှဲမရှောင်သာဘဲ ထွက်ခွာသွားရပေမယ့် ပြန်လာချင်တဲ့သူတွေဟာ သူတို့ဆီမှာ ၉၅ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Human Resources ပြဿနာကို နှစ်ပေါင်း ၂၀၊ ၃၀ အတွင်းမှာ တက်လာမယ့် ပြဿနာကို ဖြေရှင်းဖို့အတွက် ၀ိုင်းဝန်း  အဖြေရှာစဉ်းစားရပါမယ်။ ဒုတိယအချက်ကတော့ ကမ္ဘာ့သမိုင်းကိုကြည့်ရင် သမိုင်းအစဉ်အလာအားဖြင့် နိုင်ငံကြီးတွေ အင်အားကြီးလာရင်Super Power ဖြစ်လာရင် သမိုင်းမှာ နိုင်ငံငယ်တွေ စတေးခံရပါတယ်။
၁၉ ရာစုနှစ်မှာ ဥရောပမှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ စက်မှုတော်လှန်ရေး အကျိုးဆက်ကြောင့် အင်္ဂလန်တို့ ပြင်သစ်တို့ အရမ်းချမ်းသာလာကြတယ်။ ကိုလိုနီချဲ့တယ်။ အာဖရိကရဲ့ ကျွန်တော်တို့ အာရှနိုင်ငံတွေ စတေးခံရတယ်။ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့တယ်။ ၂၀ ရာစုနှစ်ကျတော့ Super Powerအဖြစ် ဆိုဗီယက်ရဲ့ အမေရိကန်တို့ ဖြစ်လာတယ်။ သူတို့ကြားမှာ တောင်ဗီယက်နမ်၊ မြောက် ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အရှေ့ ဂျာမနီ၊ အနောက် ဂျာမနီ၊ ကျွန်တော်တို့နိုင်ငံတောင် အဖျားခတ်ခံရတယ်လို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အကွဲအပြဲရဲ့ ပြည်တွင်းစစ်က နှစ်သက်ကြာရှည်ခဲ့တယ်။ ၂၁ ရာစုမှာ Super Power ဖြစ်မှာဘယ်သူလဲဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားဖြစ်မှာပါ။
Super Power ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံရဲ့အနီးနားမှာ ကျွန်တော်တို့ ကိုယ်ခံအားမရှိဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး။ ငွေကြေး အရမ်းချမ်းသာလာပြီးတော့ အင်အားကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အနားမှာ ကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်လိုမှခုခံနိုင်စွမ်းမရှိပါဘူး။ လူကုန်ကူးခံရတယ်။ ရောင်းစားခံရတယ်။ ဒါတွေအားလုံးဟာ စီမံချက်ရဲ့လည်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ခံအား တကယ်ရှိမှပဲ လုပ်ဆောင်လို့ရမှာပါ။ ဒီလိုကိုယ်ခံအား လုပ်ဆောင်မှုမရှိဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၂၀၊ ၃၀ တောင် မကြာပါဘူး။
ကျွန်တော်တို့ အခြေအနေတွေ ဆိုးရွားသွားနိုင်ပါတယ်။ ငွေကြေးတစ်ခုတည်းတင် မဟုတ်ဘဲနဲ့ ယောက်ျား၊ မိန်းမ အချိုးအစားကွာဟမှုကြောင့် တစ်နှစ်ကို သတို့သမီး သန်း ၂၀ လိုအပ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ဘေးမှာ ရပ်တည်နေထိုင်ရတာ ကျွန်တော်တို့အတွက် အန္တရာယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Energy အားလုံးကို ရောင်းစားပြီးတော့ ကျွန်တော်တို့ ဘယ်လိုစက်မှု ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာလဲ။ ဒီလိုပြောရခြင်း အကြောင်းရင်းက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေလိုတဲ့ ဆန္ဒမရှိပါဘူး။ လူမျိုးရေးမုန်းတီးမှုလည်းမရှိပါဘူး။
ကိုယ့်နိုင်ငံကိုကာကွယ်လိုတဲ့ဆန္ဒ၊ ကိုယ့်နိုင်ငံကို အဓွန့်ရှည် တည်တံ့လိုတဲ့ဆန္ဒ၊ ကိုယ်နိုင်ငံရဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲလိုတဲ့ ဆန္ဒပဲရှိပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့အရာဟာ ဒီနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ မုန်းတီးစိတ်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းဖြစ်တဲ့ အာဆီယံ၊ အနောက်အုပ်စုနိုင်ငံတွေရဲ့ မဆက်ဆံဘဲနဲ့ နေထိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။
ဥပမာ တခြားမကြည့်ပါနဲ့ ဧရာဝတီမြစ်ကိစ္စ၊ ဧရာဝတီမြစ်ရဲ့ ပတ်သတ်လို့ရှိရင် ကျွန်တော်တို့ဟာ ပညာရှင်တွေ မဟုတ်တဲ့အတွက် ပညာရှင်တွ ထပ်မံတွက်ချက်ဖို့ လိုတာကတော့ ဒီလိုဆက်လက်ပြီး လုပ်ဆောင်မယ်ဆိုရင် နောင်အနှစ် ၂၀၊ ၃၀ မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ပပျောက်သွားမယ်။ ပင်လယ်ရေမျက်နာပြင်ဟာ နောင်အနှစ် ၂၀၊ ၃၀ မှာ တစ်ပေတက်မယ်။ မြစ်ချောင်းတွေကော လာမယ်။ စပါးစိုက်ဧကတွေ လျော့လာမယ်။ ရေချိုရရှိမှုတွေ လျော့လာမယ်။
စပါးတွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မထွက်နိုင်တော့ဘူး။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ၊ မြစ်ဝါမြစ်ရဲ့ အဓိကမြစ်ကြီးတွေမှာ ဆည်ကြီးတွေ တည်ဆောက်တဲ့အတွက် ဒါတောင်မှ ဥရောပက ပညာရှင်တွေ ခေါ်ဆောက်တာတောင် သူတို့ Problem ဖြစ်တဲ့အတွက် မြို့ကြီးတွေ ရေလွှမ်းတယ်။ မန္တလေးမြို့ရေလွှမ်းရင် ဘယ်လိုလုပ်မလဲ။ မန္တလေးမြို့ဟာ ဧရာဝတီမြစ်ရေပြင်အထက် စိုးရိမ်ရေအမှတ်က နှစ်ပေပဲရှိတယ်။ ဒီလိုပြဿနာမျိုးတွေကို Transparency ရှိရှိ ကျွန်တော်တို့ ရေကာတာဆောက်တယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက် အကျိုးအမြတ်ရှိမလဲ။ ကျွန်တော်တို့ရေရှည် ဘယ်လောက်ဆုံးရှုံးသွားမလဲ။ ကျွန်တော်တို့ ဒါတွေ တွက်ချက်ဖို့ လိုပါတယ်။
ဒါတွေဟာ ကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ အင်အားကြီးနိုင်ငံရဲ့ ပူးတွဲယှဉ်နေထိုင်တဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ကျွန်တော်တို့ လွတ်လပ်ရေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ၀င်ရောက်တော့မယ်ဆိုရင် နိုင်ငံတကာစံနှုန်းတွေရဲ့ ညီညွတ်အောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်။ နိုင်ငံတကာစံနှုန်းတွေရဲ့ ၀င်ရောက် လုပ်ဆောင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။
အမျိုးသား စည်းလုံးညီညွတ်ရေးအရ ပြန်လည်တည်ဆောက်ဖို့က အမှန်တကယ်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။ ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို လုပ်ဆောင်နိုင်မယ့် အရာအားလုံး ကို လုပ်ဆောင်ပြီးတော့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လာတဲ့သူတွေရော၊ အစိုးရရော၊ သက်ဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းတွေကိုရော ကျွန်တော်ဒီနေရာက တိုက်တွန်းပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ် ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေရဲ့ အနာဂတ်အတွက် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောရရင် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောတဲ့ စကားတစ်ခွန်းလိုပါပဲ။
‘ပြတင်းတံခါးတွေ ကိုဖွင့်ထားလိုက်ပါ"
သန့်ရှင်းတဲ့လေရဲ့အတူ ခြင်တွေ၊ ပိုးမွှားတွေ ၀င်လာပါလိမ့်မယ်’။ ကျွန်တော်တို့ဒီနေရာမှာ တိန့်ရှောင်ဖိန်စကားကို ထပ်ဖြည့်စွက် ပြီးပြောရရင် ပိတ်ထားတာကြာပြီ ဖြစ်တဲ့တံခါးကို ဖွင့်မယ်ဆိုရင် လေကောင်းလေသန့် နဲ့အတူ ခြင်၊ ယင်၊ ပိုးမွှားတွေဝင်မယ်။ ဒါမှမဟုတ်ဘဲ မပိတ်ဘဲနဲ့ ဖွင့်လိုက်ပိတ်လိုက် လုပ်မယ်။ ဒါမှမဟုတ် နည်းနည်းလေးပဲ ဖွင့်မယ်ဆိုရင်တော့ လေကောင်းလေသန့်မရဘဲ ခြင်၊ ယင်။ ပိုးမွှားတွေပဲ ၀င်လာပါလိမ့်မယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကိုလည်း တိုက်တွန်းချင်တာက တံခါးကို ရဲရဲတင်းတင်း ဖွင့်လိုက်ပါ။ နိုင်ငံအတွက် ဖြစ်လာမယ့် ပြဿနာတွေ အားလုံးကို ကျွန်တော်တို့ ဒီနေရာကနေ ရဲရဲကြီး ကာကွယ်သွားမှာပါ။ ရဲရဲတင်းတင်း ဖွင့်တဲ့တံခါးတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ အစိုးရကိုအားလုံး ကူညီသွားဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ နိုင်ငံတော်အစိုးရကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
http://www.news-eleven.com/index.php?option=com_content&view=article&id=8808:eleven-media-group-emg-ceo-a-chairman-&catid=42:2009-11-10-07-36-59&Itemid=112
ပေးပို့သူ ကိုသံဏိအား အထူးကျေးဇူးတင်ပါသည်။
အမှန်တရားဟာ တခါတလေ စာရွက်ပေါ်မှာမရှိ၊ ဘလော့ဂ်ပေါ်သာရှိတယ်
ဆင်ဆာကို မကြိုက်ဘူး
ကျနော်ရေးတဲ့စာတွေကို ပြည်တွင်းက မဂ္ဂဇင်း၊ ဂျာနယ်တွေကိုသာပို့ကြည့်။ ဘယ်တော့မှ ဖော်ပြခံရမှာ မဟုတ်ဘူး။ စာတွေကလည်း ရိုင်း၊ စကားလုံးတွေကလည်း ကြမ်းဆိုတော့ အယ်ဒီတာလည်း ရွေးမှာမဟုတ်။ စိစစ်ရေးတင်လည်း ခွင့်ပြုချက်ရမှာမဟုတ်ဘူး။ တော်သေးတာပေါ့ ဘလောဂ့်လေးရှိလို့။ ကိုယ်ရေးချင်တာ ရေးလို့ရနေတာ။ ဆင်ဆာမရှိတဲ့ ဘလော့ဂ်ကြောင့် ကိုယ်ပြောချင်တာကိုပြောလို့ရနေတာ။
ကိုယ်ရေးချင်တာရေးတာကို အယ်ဒီတာ၊ စီစစ်ရေးက ပြင်တာ၊ ဖြုတ်တာကို လုံးဝမကြိုက်ဘူး။ ကိုယ်ပိုင်အရေးအသားကို ထိခိုက်စေတယ်။ စီစစ်ရေးက လူတွေဆိုတာက ဆန်ကုန်မြေလေးတွေ။ သူတို့မရှိတာက ပိုကောင်းတယ်။
နိုင်ငံရေးနဲ့လူမှုရေးရောတာကို မကြိုက်ဘူး
ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေ လူမှုရေးလုပ်ပြီး နိုင်ငံရေးလုပ်တယ်။ စည်းရုံးတယ်။ အမှန်ဆိုရင် နိုင်ငံရေးလုပ်တာက မဲ ရဖို့။ နိုင်ဖို့။ အရွေးခံရဖို့။ လူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ စာသင်တာ၊ ကူညီတာတွေက တခြား။ လူမှုရေးလုပ်ငန်းကို ဘန်းပြပြီး နိုင်ငံရေးလုပ်တာဆိုရင် မရိုးသားဘူးလို့ဆိုနိုင်တယ်။
သြစတျေးလျနိုင်ငံမှာ အမတ်တွေ၊ ပါတီတွေ အရွေးခံရဖို့ စာသင်ကျောင်းလည်းမဖွင့်ပါဘူး။ ဆေးပေးခန်းလည်း မထောင်။ ငါ့ကို မဲပေးပါ။ အရွေးခံရရင် ငါ့ အနေနဲ့ ဒါတွေလုပ်ပေးမယ်လို့ ပြောပြီးမဲဆွယ်တာပဲရှိတယ်။ အခုကြတော့ ကျနော်တို့တိုင်းပြည်က နိုင်ငံရေးပါတီတွေ တလွဲ လုပ်ပြန်ပြီ။
ဂျီတော့မှာတောင် မရိုးသားတာကို မကြိုက်ဘူး
ကျနော့်ဆီကို ဘယ်ကလူတွေလဲ မသိဘူး၊ အင်ဗိုက်လုပ်တယ်။ နာမည်တွေက ဘာတွေလဲ မသိဘူး။ လူနာမည်တွေကော၊ Animal နာမည်တွေကော စုံလို့။ သူတို့ကလည်း ဖိတ်သေးတယ်။ ပြောတဲ့အခါမှာတော့ အချက်အလက်တွေကို လိမ်ပြီးပေးတယ်။ ဘယ်ကလဲ၊ ဘယ်သူလဲ၊ ဘာလုပ်လဲ၊ အသက်ဘယ်လောက်လဲဆိုတာကို လိမ်ပြီးပြောတယ်။ ဘယ်လို မြန်မာတွေလဲ မသိဘူး။ ဂျီတော့မှာတောင် ဒီလိုဖြစ်နေရင်တော့ အပြင်မှာဆိုရင် ဘယ်လောက်တောင် လိမ်ကြမလဲမသိဘူး။
လူနေတော့ခြုံကြား ရေးတော့ ဘုံဖျားကို မကြိုက်ဘူး
အမှန်တရားဟာ တခါတလေ စာရွက်ပေါ်မှာမရှိ၊ ဘလော့ဂ်ပေါ်သာရှိတယ်
ဟိုတနေ့က ဂျာနယ်အယ်ဒီတာ တစ်ယောက်နဲ့ လိုင်းပေါ်မှာတွေ့တော့ သူ့ဂျာနယ်က စာပေ၊ ယဉ်ကျေးမှုစတဲ့အရာတွေကို ပေးနေတာတဲ့။ လူတွေ ဗဟုသုတ၊ ရပါစေဆိုပြီးတင်ဆက်နေတာ။
ဆိုလိုတာက ကျနော်ရေးတဲ့ ဘလော့ဂ်က အတင်းအဖျင်းနဲ့ ဆဲတာတွေလည်း ပါတယ်ဆိုတော့ မင်းဘလော့ဂ်နဲ့ ငါ့ဂျာနယ်နဲ့ မတူဘူး၊ မတန်ဘူးလို့ ဆိုလိုချင်ပုံရတယ်။ ဒါနဲ့ကျနော်လည်း....တချို့ အမှန်တရားတွေဟာ စက္ကူပေါ်မှာမရှိဘူးလို့ သူ့ကိုပြောဖြစ်တယ်။
မျက်နှာကြီးရာ ဟင်းဖတ်ကြီးကြီးပါတာကို မကြိုက်ဘူး
စစ်တပ်ထဲမှာ နေတုန်းကအဖေက ရဲဘော်ဆိုတော့ အရာရှိသားသမီးတွေနဲ့ ယှဉ်ရင် ကိုယ်က အလိုလို ဘေးရောက်သွားတယ်။ သူ့အဖေက ဗိုလ်ဆိုတော့ သူတို့ကို ရဲဘော်တွေက ဖူးဖူးမှုတ်ထားတယ်။ မျက်နှာကောင်းကောင်းနဲ့ဂွင်ကောင်းကောင်းရအောင် ဖား..တဲ့သဘော။ ကျနော်တို့ကြတော့ ဘယ်သူကမှ ဂရုမစိုက်။ ဒီလိုမျိုး။ နိုင်ငံရေးထဲရောက်တော့ ဒါမျိုးတွေ့ရပြန်တယ်။
ဒါကို ကျနော်မကြိုက်ဘူး။
နောက်တစ်ပတ်ပြန်ဆုံကြတာပေါ့....။
စာရေးသူ ဘုန်းကျော်သည် သြစတျေးလျနိုင်ငံရှိ ရွှေရှာဖွေရေး Company တခုတွင် Exploration Field Technician အဖြစ်အလုပ်လုပ်နေသူတဦးဖြစ်သည်။ အလုပ်နားချိန်တွင် Enviromental Science ဘာသာရပ်အား Murdoch University တွင် ပညာသင်ကြားနေသူဖြစ်သည်။
6/7/11
ဘုန်းကျော်၏ ဆယ်တလိုက်
ဂုန်ညင်းဒိုးလောက်ရှိတဲ့ မေးလေးပွတ်ကိုပွတ်ပြီး တယ်တော်တဲ့ငါပါလားလို့....ကြိတ်ပြီး ဂုဏ်ယူနေမယ်လို့တွေးမိတယ်။ သူ့ဘေးမှာပါတဲ့ ဟိုတစ်ကောင် ဗိုက်ပူ၊ ဘယ်သူလဲသူ့နာမည်မေ့နေလို့ ဆေးသင်တန်းခြောက်လတက်ပြီး ဆေးမှုးလုပ်နေတဲ့ကောင်လေ။ ဗိုက်ကပူပူ အရပ်က ပုပု၊ သူ့ကိုကြည့်ရတာ ပစ်တိုင်းထောင်လိုပဲ။ သူကလည်း ဘေးကနေ ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို နှိပ်ပေး(Message) လို့။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးသန်းရွှေကပြောတယ်။
"သိန်းစိန်တော့ မရှိတဲ့အမွှေးကုန်ပြီ (ငယ်ထိပ်က အမွှေးကိုဆိုလိုပုံရပါတယ်)။ ငါဒီကောင်တွေကို ကြပ်ပေးခဲ့တာ အခု ဒီကောင် မျှောက်ငါးပိထိသလိုမျိုးဖြစ်နေပြီကွ" တဲ့။
အသက် ၆၆-နှစ်အရွယ် အဘွားကြီးခင်ဗျာ...အသက်ကြီးမှ ဖတ်ဖတ်ကိုမောလို့။ ဟိုလူတွေကလည်း သနားဖော်တောင်မရဘူး။ အသားစွတ်ပြီး ခိုင်းတော့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့လို  ၀ိုင်လည်း သောက်မရ၊ ဘီယာလည်း ချမရ။ ချောင်းသာသွားပြီး ဟောလီးဒေး လုပ်ပြန်ရင်လည်း အနောက်က လူတွေက တအုံအုံနဲ့။ မလွတ်မလပ်။ ကြာတော့ အုံးနှောက်တွေလည်း ခြောက်လာပြီ။ ဖြစ်နိုင်ရင် သူ့ကိုလည်း Weekend လေး ဘာလေး လုပ်ပေးကြပါအုံး။ ဘဘ ဦးညာဏ်ဝင်းတို့ရယ်။
ဦးသုဝေ၊ NDF အဖွဲ့တွေကလည်း အမတ်ကလေးသုံးလေးနေရာလောက်ရထားတယ်ဆိုတော့ ဘ၀င်တွေမြင့်လို့။ ရပ်ကွက်ထဲမှာ ခေါင်းပေါင်းစတလူလူနဲ့ ဘယ်သူကိုမှ လူမထင်။ ဖင်ခေါင်းကကျယ်။
မွန်သစ်ပါတီ၊ ကေအိုင်အို၊ အက်စ်အက်စ်အေစတဲ့တိုင်းရင်းသား အဖွဲ့တွေကလည်း မျှောက်သစ်ကိုင်းလွှတ်မှာအသေကြောက်တော့ ဖွဲ့ပြီးသားတပ်ပေါင်းစုတွေကို ထပ်ဖွဲ့ကြနဲ့ပေါ့။ သူတို့ ဒီလိုအလုပ်တွေရှုပ်နေကြတဲ့အချိန်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွတ်ကြီး ဘာလုပ်တယ်မှတ်လဲ။
6/5/11
ဂျွန်လ ၁၉-ရက်နေ့ တွင် ကျရောက်မည်ဖြစ်သောအဖေနေ့အတွက်ရည်ဇူး၍
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှာ လဥ တစ်လုံးပဲရှိတယ်တဲ့...
အသက် ၆၅-နှစ်အရွယ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
FTUB ဒု-ဥက္ကဌ ဦးသန်းလွင်အကြောင်း
FTUB ဒုဥက္ကဌ ဦးသန်းလွင်(အလယ်)
ကိုဇာနည်သွေးနဲ့ အတူ ဦးသန်းလွင်ကိုလည်းတွေ့မိတယ်။ သူ့ ကိုတော့ ကျနော်လူချင်းမရင်းနှီးပါ။ သို့သော် တဆင့်စကားနဲ့ သူ့ အကြောင်းကို သိပါတယ်။ အခု ဦးသန်းလွင်အကြောင်း သိကောင်းစရာအဖြစ် ဖော်ပြလိုက်ပါတယ်။ သူက FTUB မှာ ဒုဥက္ကဌ ဆိုတော့ လူတွေပိုသိသင့်ပါတယ်။
သူက ငွေလိုချင်တာတခုပဲ သိတယ်။  အလုပ်ကို မကျွမ်းကျင်ဘူး။ သစ်အကြောင်း နားမလည်ဘူး။ ဦးသိန်းလွင်က ထိုင်းမှာအနည်းဆုံး အနှစ်နှစ်ဆယ်ကျော်နေခဲ့ပါတယ်။ ဘန်ကောက်ဖျံ အကြီးစားပါ။ ဘာမဆိုအကုန်လုပ်တယ် ငွေရဖို့အဓိက။
ဘာမဆို မသိတာ မရှိဘူးဆိုတဲ့ လူမျိုးပါပဲ ။ လုပ်နေတာကတော့ လမ်းလျှောက်ပွဲစားပါ။
မြန်မာ့အရေးစိတ်ဝင်စားတဲ့ သူတစ်ဦးက ဦးသန်းလွင်နဲ့ပက်သက်ပြီး "မြန်မာအလုပ်သမားတွေတော့ အခွင့်အရေးတွေ အများကြီး ရကြအုံးမယ်" လို့ မှတ်ချက်ပေးပါသည်။
ငယ်ငယ်က လက်ဝှေ့သမားလို့ သူ့ကိုယ်သူ ပြောဖူးတယ်။ ဘန်ကောက်မှာသောင်တင်နေတဲ့ သင်္ဘောလိုက်ချင်သူတွေကို ပွဲစားလုပ်ပြီး သင်္ဘောပေါ် ရိုက်တင်ပေးတဲ့အလုပ်လည်း လုပ်တယ်။
လေတော့ တော်တော်ကောင်းတဲ့သူပါ။ ။ သူပြောတာထိုင်နားထောင်နေရင် အိုဗားမားတောင် အနွှာခံရနိုင်တယ်။
6/4/11
ကော်ပီသီချင်းတွေကို ခွင့်မပြုပါနဲ့
ကျနော့်အလုပ်ထဲမှာ ဗမာဆိုလို့ ကျနော်တစ်ယောက်တည်းပဲရှိတယ်။ အများစုက အဖြူတွေ။ ဂျာမနီ၊ ဂျပန် နဲ့ တောင်အာဖရိက Geologists တွေရှိတယ်။ ကျနော် Core Yard လို့ခေါ်တဲ့ ကျောက်တွေကို တိုင်းထွာ၊ ဖြတ်တောက် မှတ်တမ်းတင်တဲ့ အလုပ်ကို တစ်ယောက်တည်း တခါတလေလုပ်တယ်။
"ဟေး...ဖုန်း...မင်းကိုကြည့်ရတာ မင်းနားထောင်တဲ့သီးချင်းက သုံးပုဒ်ပဲရှိတယ်ထင်တယ်တဲ့..."
ကျနော်လည်း ရက်စ်လို့ပဲ ဖြေခဲ့မိတယ်။ သူတို့ကျနော် ခံစားချက်ကို သူတို့မသိကြဘူးဆိုတော့ ရက်စ်လို့ဖြေတာ အကောင်းဆုံးပဲ။
တနေ့တော့ သူတို့သီချင်းတွေကို နားထောင်နေတဲ့အချိန်မှာ ဘေးက ကျနော့်သူငယ်ချင်း အင်္ဂလိပ်တစ်ကောင်ကပြောတယ်။
"ဟေ့..ဖုန်း ဒီသီချင်းကို ငါကြားဘူးတယ်တဲ့။ မင်းတို့ သီချင်းတွေကို ဖျက်နေတာလားလို့မေးတယ်"
ကျနော်အတော်ရှက်သွားတယ်။
အဲဒိကတည်းကစပြီး ကျနော်သီချင်းနားထောင်ရင် ကိုယ်ပိုင်သံစဉ်တွေကိုပဲ နားထောင်မိတော့တယ်။
ကျနော်သာ ပြန်ကြားရေးဝန်ကြီးဖြစ်ရင် ဆင်ဆာဘုတ်အဖွဲ့ကို ပြင်မယ်။ ပေါ်လစီကိုပြင်မယ်။ ဘယ်လိုပြင်မလဲဆိုတော့ ကော်ပီသီချင်းတွေမှန်သမျှ ပိတ်မယ်။
ကော်ပီဆိုတာ အချောင်နိုက်တဲ့ဟာဖြစ်ပါတယ်။ သူများတွေအပင်ပန်းခံပြီး ဖန်တီးထားတာကို ကိုယ်က အလွယ်တကူခိုးယူတယ်။ ဒါမကောင်းဘူး။ သိက္ခာကျတယ်။ကိုယ့်အရည်အသွေးကျစေတယ်။ မြန်မာပြည်မှာ တော့ ကော်ပီကူးလည်း ဘာမှမဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင် တရားစွဲတာခံရမယ်။ လျှော်ကြေးပေးရမယ်။ ထောင်ကျခံရမယ်။
ကျနော်သာ ပြန်ကြားရေးဝန်ကြီးဖြစ်ရင်တော့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်သံစဉ်ကို မဖန်တီးနိုင်သမျှ ဘယ်တော့မှ တေးသီချင်းထုတ်ခွင့်မပေးဘူး။ ဒါမှ မြန်မာ့ဂီတ တိုးတက်မှာပေါ့။ အခုကြတော့ ဟိုဟာလည်း ကော်ပီ၊ ဒါလည်း ကော်ပီ။
အဖေနေ့....ဂျွန်-၁၉
ရန်ကုန်တိုင်း စစ်ဌာနချုပ် ပင်မငါးမွေးမြူရေးစခန်းတွင် နှစ်ပေါင်းအတော်ကြာကြာ ရေစက်မောင်းပြီး ငါးဖမ်းသမားလုပ်ခဲ့တဲ့ ကျနော့်အဖေတပ်ကြပ်ကြပ်ကြီးအား ယခုသီချင်းဖြင့် ကျေးဇူးဆပ်ပါသည်။ အဖေဟာ ကျနော်တို့ မောင်နှစ်မ လေးယောက်ကို တံငါသည်လုပ်ပြီး ကျွေးခဲ့ပါတယ်။ နေပူမရှောင် မိုးရွာမရှောင် ရေစက်မောင်းခဲ့ရတယ်။ ယနေ့မှာတော့ ကျနော့်ကိုချစ်တဲ့ ကျနော့်အဖေ...ကျနော်နေခဲ့ဘူးတဲ့ ဒုက္ခသည်စခန်းလေးတစ်ခုမှာ မုန့်ဟင်းခါးရောင်းပြီး ဘ၀ကို ရိုးရိုးသားသားနဲ့ဖြတ်သန်းနေပါတယ်။ အဖေကြီးကျန်းမာပါစေ။
ဇွန်လ(၁၉) ရက်နေ့တွင်ကြရောက်မည့် အဖေများနေ့အတွက် တေးလက်ဆောင်အဖြစ် တင်ပြလိုက်ပါတယ်။
မလေးရှားက နိုင်ငံရေးအရှုပ်ထုတ်များအကြောင်း....
ကျနော်ပြောပြချင်တာက NLD-LA မလေးရှားဌာနခွဲ စ,ထောင်တုန်းကစပြီးဒီနေ့ အထိပေါ့။
အခုအဲဒိ သူခိုး ဥက္ကဌ ကျော်ကျော်ကိုသူတို့ ဖြုတ်လိုက်ပြီ။ အမှန်ဆို အားလုံးနီးပါးသူခိုးတွေ။ ဘာဖြစ်လို့ဖြုတ်တာလဲဆိုတော့ သူ့ကို လူတွေလက်မခံတော့ဘူး။
ကျနော် ကစားသောက်ဆိုင်တခုမှာပန်ကန်ဆေးနေတယ်။ ကျနော်က US သွားခါနီးပေါ့။ ဆိုလိုတာက UN ကဒ် ရထားတာပေါ့။ အဲဒိအချိန်မှာပဲ ဇော်မျိုးလွင်ဆိုတဲ့ လူတယောက် ဆန္ဒပြရာကနေ ထောင်ကျပြီးပြန်လွတ်လာတယ်။ သူအပြင်ရောက်လာတော့ နေစရာမရှိလို့ ကျနော့် အခန်းမှာလူတယောက်အကူအညီနဲ့ လာနေတယ်။ နောက်တော.သူကနိုင်ငံရေးသမားဆိုပြီး ဇာတ်လမ်းကစတယ်။ ကျနော်လည်း မွန်ပြည်သစ်က စစ်သားဟောင်းတယောက်ပဲ။
စကားပြောကြရင်းနဲ့ သူကမလေးရှားမှာ အဖွဲ့ တခုထောင်ချင်တယ်တဲ့။ ဒါပေမဲ့ငွေမရှိဘူးတဲ့
ကျနော့်မှာရင်းဂစ်ငွေ၂၀၀၀-ကျော် ရှိတယ်။ အဲဒီကစပြီး BRO ဆိုပြီး စ,ထောင်တယ်။ အရင်ဆုံးစကြတာ ၄-ယောက်ပေါ့။ သော်ဇင်က အခုတော့မြန်မာမြန်မာပြည်ကို ပြန်သွားပြီ။ နောက်တယောက်က ထွန်းထွန်းနိုင်။
အခုအမေရိကားမှာ။ ကျနော် နဲ့ ဇော်မျိုးလွင်။ ကျနော်တို့ ရုံးခန်းလေး တခုလုပ်တယ်။ အခန်းတခန်းငှါးလိုက်တယ်။ နောက်တော့ ဇော်မျိုးလွင်က ကျော်ကျော်တို.အုပ်စုတွေထောင်ကထွက်လာဖို့အတွက် တရားရုံးတွေ ယူအန်တွေကို ချည်းကပ်တယ်။
အဲဒိကစပြီး လူတွေ မန်ဘာတွေ များလာတယ်။
၂-လလောက်ကြာတော့ ယူအန်ကနေတဆင့် ထုတ်ပေးတာ ကျော်ကျော်တို့ အဖွဲ့ တွေထောင်ထဲက ထွက်လာကြတယ်။ အဲဒိကနေတဆင့် မလေးရှား NLD-LA ဆိုပြီးနာမည်ပြောင်းတယ်။
 အဲဒိမှာ ပွဲတပွဲလုပ်တော့ နယ်စပ်က ဦးလှဦးလာတယ်။ အဲဒီအချိန်ထိကျနော် တယောက်တည်း လစဉ်ထောက်ပံ့နေတာ။ သူတို့ ဘယ်သူမှအလုပ်မလုပ်ကြဘူး။ ကျနော် တယောက်ပဲအလုပ်လုပ်တာ။
တခါတလေထမင်းပါငတ်တယ်။
နယ်စပ်က သူခိုး ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန်အဆုံး၊ အမတ်တွေလည်း မလေးရှားကိုခြေစိပ်လာတယ်
အခုသြစတေးလျှရောက်နေတဲ့ အဆိုတော်ဘာဘူတို့  အဖေဒေါက်တာလှိုင်မြင့် လည်းပွဲလန့်တုန်း ဖျာခင်းသွားသေးတယ်။ ရုံးပေါ်မှာဖာရုံလိုပဲ။ နောက်ပိုင်းကျနော် လည်းရှက်ပြီးပါတီမှာမနေတော့ဘူး။
ထွက်လိုက်တယ်။
အမေရိကန်လည်းမသွားဖြစ် ဒိန်းမတ်ကိုရာက်လာတယ်ဆိုပါစို။
နောက်မှကျနော်ဆက်ပြောပြတောမယ်။
အခုလက်ညောင်းလွန်းလို.
ဆက်ရန်.....
မှားပါတယ်လို့...ပြောရမှာကြောက်တဲ့ဗမာလူမျိုးတွေလား
No one is perfect. Everyone makes mistakes. အင်္ဂလိပ်စကားမှာတောင် ဘယ်သူကမှ အမှားနဲ့မကင်းဘူး။ လူတိုင်း အမှားလုပ်တယ်ဆိုပြီးရှိတယ်။ သူတို့တွေတောင် အမှားလုပ်ခဲ့တာကို ၀န်ခံတယ်။ သြစတျေးလျနိုင်ငံကို အင်္ဂလိပ်တွေ စတင်ပြီး ကိုလိုနီလုပ်တဲ့အချိန်တုန်းက လုပ်ခဲ့တဲ့အမှားတွေကို လက်ရှိ လေဘာအစိုးရလက်ထက်မှာ ၀န်ချ တောင်းပန်တယ်။ ၀န်ကြီးချုပ် ကယ်ဗင် (လက်ရှိ နိုင်ငံခြားရေးဝန်ကြီး) က ပါလီမန်ထဲမှာ အသံဆို့ နင့်နင့်နဲ့ Sorry ဆိုတဲ့စကားကို ပြောခဲ့တယ်။
သူတို့ဘယ်လိုအမှားတွေလုပ်ခဲ့လဲဆိုတော့ မြန်မာလိုဆိုရင် မျောက်ကုလားလို့ခေါ်တဲ့ Aborigines (ဌာနေတိုင်းရင်းသား) ခလေးငယ်တွေကို သူတို့မိဘတွေလက်ထဲကနေ အတင်းလုယူပြီး ပညာသင်ပေး၊ ပြုစုပျိုးထောင်ပေးခဲ့တာနဲ့ပက်သက်ပြီး လုပ်ခဲ့တဲ့အမှားတွေကို ၀န်ချတောင်းပန်တယ်။ ဒါကိုကြားရတော့ တယ်ခံခဲ့ရတဲ့ လူတွေခင်ဗျာ...မျက်ရည်တောင်ကျရရှာတယ်။ ဒါကို TV ကနေ ကျနော်တွေ့ တော့ ဒီလိုခံစားခဲ့ရတယ်။ သြော်...ငါတို့တိုင်းပြည်က နိုင်ငံတော်အကြီးအကဲဟု ခေါ်ဆိုသော အသက်ကြီးပြီး အချိန်မစီးသော လူအိုကြီးတွေကများ ကျနော်တို့ မှားခဲ့ပါတယ်လို့ ပြည်သူတွေကို ၀န်ချတောင်းပန်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ခံစားမိတယ်။
သူတို့အပြင် အတိုက်အခံဟုခေါ်သော တိုင်ပတ်ပြေးနေတဲ့ အလုပ်မရှိအကိုင်မရှိ နိုင်ငံရေးသမား ကြောင်တောင်တောင်ကြီးတွေဆီကလည်း သူတို့လည်း မှားပါတယ်လို့ ပြောရင် ဘယ်လောက်တောင် ကောင်းမလဲပေါ့။
နောက်ပြီး ပြောစရာကျန်ပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သုံးယောက်ပေါင်းလေးတန်းလောက်တောင် မအောင်ပဲနဲ့ ခေါင်းဆောင်လုပ်နေကြတယ်။ အားလုံးမဟုတ်ပါ။ သူတို့လည်း မှားခဲ့ပါတယ်လို့ ပြည်သူကို ၀န်ချတောင်းပန်ရင် ဘယ်လောက်ကောင်းမလဲ။ ကျနော်တွေးမိနေတာပါ။
ကျနော်ဆိုတဲ့ ဆရာကြီးလေသံကောင်ကလည်း တပြားမရှိ တပြားမလျှာ့တဲ့လေသံဆိုတော့ နဲနဲတော့ နာမှာပေါ့။ စိတ်မဆိုးကြပါလေနဲ့။ ဆက်ပြီး တွေးမိ ထိမိတာတွေကို တင်ပြပါရစေ။ ဒီလိုပါ။
တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့အစိုးရအဆက်ဆက်က လူကြီးပြီး ဟိုဟာမကြီးတဲ့လူတွေ ဘယ်နှစ်ခါများ သူတို့မှားပါတယ်လို့ပြောခဲ့လဲ။ တရားဝင် လူသိရှင်သိ ပြောခဲ့တာကို တွေ့မိလဲ။ ဒါဆိုရင် သူတို့လုပ်ခဲ့တာတွေအကုန်လုံးက မှန်ခဲ့တာပေါ့လေ။ ကဲ...ထားပါတော့။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြည့်ပါအုံး။ သူတို့လည်း အမှားလုပ်ခဲ့တာကို မတောင်းပန်ခဲ့ဘူး။ ဒီအမှားကတော့ သူတို့ကြောင့် ရွာသူရွာသားတွေ တိုးတက်မှု နှောင့်နှေးခဲ့တယ်။ သေခဲ့တယ်။ လူမွှေးသူမွှေး မပြောင်ခဲ့ဘူး။ ပြည်သူတွေကပဲ သူတို့ကို ကျွေးခဲ့ရတယ်။ ပေးခဲ့ရတယ်။ သူတို့ ပြည်သူတွေကို ဘာများပြန်ပေးခဲ့လဲ။ ကျနော်တို့ စစ်ကြောင်းသွားတုန်းက ရွာသားတွေဆီက ဆန်၊ ဆီ၊ ဆား တောင်းစားခဲ့ရတယ်။ ကြက်, ပေးပါအုံးလို့ တောင်းခဲ့တယ်။ အိမ်က ပိန်လိန်နေတဲ့ ခွေးကိုလည်း အေကေ ၄၇ နဲ့ ပစ်ပြီး တောင်းစားခဲ့ဘူးတယ်။ ကုန်ကုန်ပြောရရင် သူအိမ်က ခွေးကို သူ့အိမ်က စပါးလင်နဲ့ပဲ ချက်စားခဲ့တဲ့အထိဖြစ်ခဲ့တယ်။ ကျနော်တို့ပြန်ပေးနိုင်တာက လေ,ပဲရှိတယ်။ တခါတလေ ပါရာစီတမောလေး ပေးနိုင်ခဲ့တယ်။ နောက်ဆုံးပြောရရင်တော့ ကျနော်တို့သူပုန်ကို ရွာသားတွေက ကျွေးရတာပဲ။ ဆိုတော့ဗျာ...တိုင်းရင်းလက်နက်ကိုင် သူပုန်တွေအားလုံးဟာ အမှား တစ်ခုခုတော့ လုပ်ခဲ့မိတယ်။ ဒါကို ကျနော်တို့ တောင်းပန်သင့်တယ်။ ကိုယ်မှားခဲ့တာကို ပြောသင့်တယ်။ အခုတော့ တချိန်လုံး မသိချင်ယောင်ဆောင်နေသလားလို့ ခံစားမိတယ်။
ဒီလူက သူမှားခဲ့ပါတယ်လို့ အရက်ဝိုင်းမှာ ပြောခဲ့တယ်။ ဒါကို သဘောကြခဲ့တယ်။ နောက်ပြီး ကိုအောင်သူငြိမ်းတို့ ဗဟုအဖွဲ့။ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့ ပညာမရှင်တရှင်တွေ။ သူလည်းပဲ မှားခဲ့ပါတယ်လို့ ၀န်ခံခဲ့တယ်။
ကျနော်တို့ ဗမာလူမျိုးတွေဟာ မှားခဲ့ပါတယ်လို့ ပြောသင့်တယ်။ တောင်းပန်သင့်တယ်။ ဒါပေမဲ့ လူအတော်များများဟာ ကိုယ်မှားခဲ့တာကို မှန်တယ်ဆိုတာချည်းပဲ လုပ်ခဲ့တယ်။ ကျနော်တို့ယဉ်ကျေးမှုလားမသိ။ နောက်ဆုံးနိဂုံးချုပ်မိတာက ကျနော်တို့ လူမျိုးဟာ မှားပါတယ်လို့ပြောရမှာ ကြောက်တဲ့လူစားမျိုးတွေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
6/1/11
ဒေါ်စုဟာ အတွေးအခေါ်ပညာ၇ှင်လိုလို တ၇ားသမားလိုလို ဖြစ်လာနေပြီ
ဒေါ်အောင်ဆန်းစုကြည်၇ဲ့ ပြည်သူတွေကို နိုင်ငံေ၇းမှာ လုပ်မှ ၇မယ် မျှော်လင့်ချက်ဆိုတာ အလုပ်၇ှိမှ မျှော်လင့်ချက်ဖြစ်တယ်။ အားလုံးလုပ်မှ မြန်မြန်ခ၇ီးေ၇ာက်မယ်။ ဘာညာ အာပလာ ဆိုတဲ့စကားတွေနဲ့ ပက်သက်ပြီး ဒီလိုတွေးမိတယ်။ ဒီလို ပြောဆိုချက်တွေဟာ ဘာနဲ့ တူသလဲဆိုတော့ ဆေးလိပ်စွဲတဲ့လူ အ၇က်စွဲနေတဲ့လူတွေကို မီဒီယာကနေ အ၇က်သောက်၇င် ဆေးလိပ်သောက်၇င်ေ၇ာ၈ါ၇တယ် ဒါ့ကြောင့်မသောက်သင့်ဘူး ဖြတ်သင့်တယ် ဆိုတဲ့အတိုင်းဖြစ်နေတယ်။ ဆေးလိပ်သမား အ၇က်သမားတွေကလည်း ထုံးစံအတိုင်း စောက်၈၇ုမစိုက်ပဲ သောက်တာပဲ။ ဒေါ်စုဟာ အတွေးအခေါ်ပညာ၇ှင်လိုလို တ၇ားသမားလိုလို ဖြစ်လာနေပြီ။ အတိုက်အခံခေါင်းဆောင်မဟုတ်တော့ဘူး။
5/30/11
မလေး၇ှား အန်အယ်ဒီ၇ဲ့ ဖြစ်ပုံက ဒီလိုပါ။
မလေး၇ှား အန်အယ်ဒီ၇ဲ့ ဖြစ်ပုံက ဒီလိုပါ။ လူငယ်အဖွဲ့ နဲ့ လူကြီးအဖွဲ့  မတည့်ကြဘူး။ အချင်းချင်းစောင်းနေကြတာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖြစ်ပါတယ်။ ကိုကျော်ကျော်က နောက်ဆုံးမလေး၇ှား ၇ဲကို ငွေပေးပြီး လက်တို့ လိုက်တဲ့အဆင့်ထိဖြစ်လာတယ်။ ဒါကလည်း သူ့ ၇ဲ့ စားပေါက်ကို ကျော်သလိုဖြစ်နေလို့ ပါ။ သူကလည်း အဲဒိမှာ အကြီးဆုံးခေါင်းဆောင်ကြီးလေ သိတယ်မှတ်လား။ တကယ်တန်းတော့ အန်အယ်ဒီ ကတ် ကို ဘယ်လို အတု အစစ် ခွဲခြားမလဲ။ ဘယ်သူက ထုတ်ပေးမှ အတုဖြစ်တာလဲ။ တ၇ားဝန်မူ ဆိုတဲ့ မေးခွန်းကို မေးကြည့်ပါ။ အန်ကယ်ဒီ ကတ်က နိုင်ငံခြားက ကတ်တွေလို ကွန်ပြူတာ အချက်အလက်တွေ ထည့်ထားတာလည်း မဟုတ်။ နောက်ဆုံးတော့ သူတို့ အချင်းချင်း ခွက်စောင်း ခုတ်တာပါလို့ မလေး၇ှား၇ဲ့  နာမည်အကြီးဆုံး၈ျာနယ်၇ဲ့ အယ်ဒီတာက ပြောတယ်။ ပတ်ဝန်းကျင်ကလည်း ကျော်ကျော် ဒီလိုလုပ်တာ မကောင်းဘူး။ ဒီကောင်ခွေး ဆိုပြီး ပစ်တင်နေကြပါပြီ။ နောက်ဆုံးတော့ အန်အယ်ဒီဆိုတဲ့ နာမည်ကို ခုတုံးလုပ်ကြတယ်။
5/28/11
သူ့ ကို ဖမ်းမိပြီ...မကြာခင်ဖော်ပြပါတော့မယ်။
သူက ထိုင်းနယ်စပ် Refugee Camp တစ်ခုကနေလတယ်။ သူ့ ဆွေမျိုးတွေ ကန့် ထဲမှာ ကျန်နေတုန်း။ England ကနေ အတိုက်အခံတွေ သွေးကွဲအောင် ဘာသာခြားအချင်းချင်း လူမျိုးခြားအချင်းချင်း ၇န်ဖြန်အောင် လုပ်ဆောင်နေတယ်။ အလုပ် မလုပ်ပါ။ မနေ့ က England ၇ဲက သူ့ ကို ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့၇တယ်။ အသေးစိတ်ကို မကြာခင်တင်ပြပါမည်။ သူ့ နာမည်အ၇င်းက မင်းညို ဖြစ်သည်။
------------------------
အင်္ဂလန်မှ ရာဇ၀တ်ကောင်ကိုဖော်ထုတ်ကြပါ
အမည် -- လင်းသန့်ဦး (ခ) ကျော်သူအောင် (ဖိုးကျော်)
ရုပ်ရည်- စုပ်ချွန်းချွန်း၊ အရိုးပေါ်အရည်တင်သည့်ရုပ်ရည်၊ အသက် (၃၅) နှစ်ခန့်
ဖုန်း -- +447466104825
အီးမေး -- Free Email Service info@send-email.org / lightforlife88@gmail.com ၊mailto:၊kyawtn5@gmail.com
Facebook https://www.facebook.com/kyawthuaungpolitical
Blog http://www.kyawthuaungpolitical.blogspot.com/
အမည်=ကျော်သူအောင်
အလုပ်အကိုင်=ကျောင်းသား
လူမျိုး=ဗမာအမျိုးသားထေရဝါဒစစ်စစ်
နိုင်ငံရေး=ဒေါ်ညုနှင့်အတိုက်အခံ များကို မုန်းသူ
ရာဇ၀တ်မှု -- ဘလော့ဂ်တကာ လှည့်ပတ်ဆဲနေသော ဒေါ်လာစား (သို့) ဇော်မျိုး(သို့) မြန်မာ Express ဘလော့ဂ်အားရေးသူ။ အမျိုးသမီးဘလော့ဂ်များတွင် မအေနှမ မရှောင် ဆဲဆိုတက်သူ။ မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေသော ဘလော့ဂ်များအား Sex Link များချိတ်၍တိုက်ခိုင်ခြင်း။ စီဘောက်များတွင် မကြားဝံ့မနာသာ ၀င်ရောက်ဆဲဆိုနှောက်ရှက်ခြင်းများ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်။ ဒီလိုလုပ်ရတာကို သူကအောင်မြင်မှုတခုအနေနဲ့ အရမ်းဂုဏ်ယူတက်တယ်။
အင်္ဂလန်နိုင်ငံမှ ဖြစ်သည်။ အင်္ဂလန်ရှိ မြန်မာ့အရေးလှုပ်ရှားနေသူများ...ဒီလူရဲ နေရပ်၊ နာမည်၊ အလုပ်အကိုင်ကို ဖော်ထုတ်ကြပါ။ တော်တော်ဆိုးတဲ့ မြန်မာအစိုးရက မွေးထားတဲ့ခွေးတစ်ကောင်လို့ ပြောရမလိုဖြစ်နေပြီ။ စိတ်ပျက်တယ်ဗျာ။
5/25/11
ပီနန်ကျောင်း
မောင်ငွေမက် တစ်သက်တာမှတ်တမ်း
မောင်ငွေမက်ဆိုပြီးမောင်တပ်ထားလို့မချေမငံဆက်ဆံဖို့တော့မစဉ်းစားနဲ့နော်။ ချာတိတ်လေးမဟုတ်ဘူး။ အသက်ကခြောက်ဆယ်ပြည့်တော့မယ်။ကျုပ်ဆိုတဲ့ကောင်က 
သူများကိုပဲကျောချင်တာ ကိုယ့်ကိုလာကျောရင် နဲနဲမှ ခံချင်တာမဟုတ်ဘူး။အသက် 
ခုနစ်ဆယ်ကျော်စာရေးဆရာကြီးတွေက သူတို့ကိုယ်သူတို့ကလောင်မှာမောင်တပ်ပြီး
ရေးတာကိုလဲ အားကျတယ်။ထူးချွန် ထက်မြက်သူတိုင်းဟာ သူတို့ ရဲ့
အကြောင်းကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့တစ်သက်တာမှတ်တမ်းတို့ပြုစုရေးသားသွားကြ
တာကို လည်းအားကျတယ်။ဒါကြောင့်ကျနော့်ရဲ့ မှတ်သားဖွယ်ရာ ဘဝအတွေ့
အကြုံတွေကိုလည်း နောင်လာနောက်သားများ ရှောင်ချင်ရင်လဲရှောင်၊ ဆောင်ချင်ရင်
လည်း ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး'' မောင်ငွေမက် တစ်သက်တာမှတ်တမ်း''
ဆိုတဲ့ ဒီစာတမ်းကိုပြုစုရေးသားလိုက်ရပါတော့တယ်။
မြန်မာကို မြန်မာက ဂုတ်သွေးစုပ် မခံကြနဲ့ဟေ့...။
ကျနော် မလေးရှားကို သုံးလေးခေါက် ရောက်ခဲ့ပါတယ်။ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ UNHCR က တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ငွေ, ပေးရတာကို တွေ့မိတယ်။ ဘယ်သူတွေကိုပေးရလဲဆိုတော့ အဖွဲ့အစည်းတွေကိုပေးရတယ်။ ဘယ်အဖွဲ့အစည်းတွေလဲလို့မေးရင် ဒီလိုပြောရပါလိမ့်မယ်။
မလေးရှားမှာ ချင်းဒုက္ခသည်များအဖွဲ့၊ ကရင်ဒုက္ခသည်များအဖွဲ့၊ ရခိုင်ဒုက္ခသည်များအဖွဲ့၊ ဗမာဒုက္ခသည်များအဖွဲ့ ဆိုပြီးဒုက္ခသည် အဖွဲ့အစည်းအတော်များများရှိပါတယ်။
နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်ဌာနခွဲ၊ NLD-LA ဌာနခွဲ၊ ဟိုဌာနခွဲ၊ ဒီဌာနခွဲတွေလည်း တစ်ပုံကြီးပါ။
UNHCR က ဒုက္ခသည်တွေကို အသိအမှတ်ပြုတဲ့ ပုံစံကလည်း အတော်ဟာသမြောက်ပါတယ်။ ဒီလ,ကြရင် ကရင်ဒုက္ခသည်အဖွဲ့ကို လူ (၅၀၀) ချပေးမယ်။ ဟိုလကြရင် ရှမ်းအဖွဲ့ကို လူနှစ်ရာစာချပေးမယ်ဆိုပြီး လုပ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အဖွဲ့အစည်းတွေက ဘယ်လိုလုပ်လဲဆိုတော့ အဖွဲ့ဝင်ကတ်တစ်ခုရဖို့အတွက်ဆိုပြီး ငွေတွေအများကြီးတောင်းပါတယ်။
ကျနော်အတော် ဒေါသထွက်မိတယ်။ အလုပ်သမားတွေကလည်း ဒုက္ခသည် UNHCR လက်မှတ်ရရင် မလေးရှားမှာ အဖမ်းအဆီးမခံရနိုင်ဘူးဆိုတော့ တောင်းသလောက် ပေးတဲ့လူအတော်များပါတယ်။ လူတိုင်းနီးပါး UN ကတ်ကို လိုချင်ကြပါတယ်။
ဗမာပြည်က Passport နဲ့ အလုပ်လာလုပ်တဲ့လူတွေလည်း မြန်မာသံရုံးရဲ့ အခွန်တောင်းတဲ့ဒဏ်ကို မခံနိုင်တော့ UN ကတ်ဆီကို လှည့်ကြပါတယ်။ ကံကောင်းရင် နိုင်ငံခြားကိုလည်းရောက်နိုင်တာပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ငွေ ပေးရလည်း လုပ်ကြပါတယ်။ သူတို့လည်း သိပါတယ်။ UN ကတ်ဆိုတာ အခမဲ့ လုပ်ပေးတဲ့အရာလို့သိပါတယ်။
အဖွဲ့ဝင်ကြေး၊ လစဉ်ကြေးပေးရတဲ့ ငွေတွေက နည်းတာမဟုတ်ပါ။ အဖွဲ့ဝင်ဦးရေကလည်း ထိုင်းက ABSDF တို့ NLD (LA) တို့ထက်များပါတယ်။ အနည်းဆုံး အဖွဲ့ ဝင်ဦးရေ လေးငါးထောင်ရှိပါတယ်။ ချင်းဒုက္ခသည် အဖွဲ့ဆိုရင် သုံးလေးသောင်းတောင် မကဘူးလို့သိရပါတယ်။ တစ်ယောက်ကို ရင်းဂစ်ငွေ (၁၀) ပဲထား။ လူတစ်သောင်းရှိရင် ရင်းဂစ်ငွေ တစ်သိန်းရပြီပေါ့။ ဒါက လစဉ်ကြေးပါ။ လစဉ်ပေးရတဲ့ မန်ဘာကြေးပါ။ ဘာကြေးညာကြေး မရှိသေးတဲ့ ရိုးရိုးသားသား တရားဝင်ကြေးပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘာလုပ်ပစ်ကြလဲ။
အဖွဲ့အစည်းတွေမှာ စနစ်တကျရှိတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။
ဒါက UNHCR ကတ် ဆိုတဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကတ်လေးတစ်ခုကို အကြောင်းပြုပြီး လူပေါ်လူစီးတဲ့ သာဓက တစ်ခုပါ။
Agency က လိမ်လို့ ဖာ,ဖြစ်သွားတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေ။ ပွဲစားကြောင့် ဗမာပြည်က ရှိစုမဲ့စု ပျဉ်ထောင်အိမ်နဲ့ ယာလေး ပျောက်သွားတဲ့ မြန်မာတွေ အများကြီး။ ဒါတွေကို ဘယ်သူက လုပ်လဲဆိုတော့ ကိုယ့်လူမျိုး မြန်မာတွေပါပဲ။ တိုင်းတပါးမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးက မုဒိမ်းကျင့်တယ်။ ရောင်းစားတယ်။ သတ်တယ်။ ခိုးတယ်။ ဒမြတိုက်တယ်။ ဒီလူမဆန်တဲ့ အမှုတွေတပုံကြီးပါ။ ဒီလိုလူမျိုးတွေကို နီးစပ်ရာတိုက်ခိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။
အသံဖိုင်အား မောင်ပါလ ဘလော့ဂ်မှ ရယူပါသည်။ 
5/23/11
စစ်ထောက်လှမ်းရေးဟောင်း တစ်ကြပ်ကြီးကိုတိုးနိုင်နှင့်တွေ့ ဆုံမေးမြန်းခြင်း (၁)
၁။ တိုက်ပွဲထောက်လှမ်းရေးသင်တန်းတက်ရပါတယ်။
၂။ တန်ပြန်ထောက်လှမ်းရေးသင်တန်း (၃) လ။
၃။ နောက်ယောင်ခံသင်တန်း (တစ်လခွဲ )
၎။ ဓါတ်ပုံသင်တန်း
၅။ တန်ပြန် အထူးသင်တန်း
၆။ စစ်ကြောရေး သင်တန်း
၁။ ၄င်းသင်တန်းအားလုံးကိုတော့ တပ်မတော်သတင်းစုဆောင်းရေးအတတ်သင်ကျောင်း (တသစ) ရေကြည်အိုင်မှာ ပို့ ချပါတယ်။ဘာသာရပ်တစ်ခုအလိုက်ကို ခွဲခြားထားသည့်အတွက်ကြောင့် ဘာသာရပ်အလိုက် ပေါင်းစုံကို တိတိကျကျ တစ်ဦးထဲက မသိနိုင်ပါဘူး။ (ဥပမာ- ၇ တန်းကျောင်းသင်ခန်းစာလိုပါပဲ )
သင်ကြားပေးသည့် ဆရာတွေကတော့ တပ်ကြပ်ကြီး ဒုအရာခံဗိုလ်နှင့် အရာရှိများဖြစ်ပါတယ်။
သင်တန်းဆရာတွေကလည်းသင်တန်းမှာ အဆင့် (၁/၂/၃/၄/၅) ထူးချွန်သည့် သင်တန်းသားများကို ပြန်လည်ခေါ်ယူပြောင်းရွေ့ ထားသူများဖြစ်ပါတယ်။
တိုက်ပွဲထောက်လှမ်းရေးကတော့ ထောက်လှမ်းရေးတစ်ဦး၏ အခြေခံသင်တန်းဖြစ်ပါတယ်။ သတင်းရယူမှု လုပ်ဆောင်ပုံ။
ရည်ရွယ်ချက် .. စီမံအုပ်ချုပ်ရေးနှင့် ဆက်သွယ်ရေးဆိုသည့် အချက်(၅)ချက်ကို အခြေခံပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားပါတယ်။ ထောက်လှမ်းရေးတစ်ဦးက ပထမဆုံး ...တိုက်ပွဲထောက်လှမ်းရေးကို မဖြစ်မနေတက်ရတယ်။
တိုက်ပွဲသင်တန်းပြီးတာနဲ့  တန်ပြန်(အကြပ်) တန်ပြန်(အရာရှိ) ကို ဆက်လက်တက်ရပါတယ်။ တန်ပြန်ထောက်လှမ်းရေးသင်တန်းတက်ရောက်ပြီးသည့် စစ်သည်ကိုမှ တပ်ဆွယ်မှူး ဒုတပ်ဆွယ်မှူးအဖြစ်တာဝန်ပေးအပ်ပါတယ်။
လုပ်ဆောင်ရတာတွေကတော့ ...ဆန့် ကျင်ဘက်အဖွဲ့ အစည်းများ၏လှုပ်ရှားမှု(ပြည်တွင်း/ပြည်ပ)ကို အဓိကပစ်မှတ်ထားပါတယ်။ သောင်းကျန်းသူများလှုပ်ရှားမှု၊ နိုင်ငံခြားသားများလှုပ်ရှားမှု၊ စီးပွားရေးလှုပ်ရှားမှု၊ ကျန်းမာရေးနှင့်ပညာရေးလှုပ်ရှားမှု၊ နယ်စပ်ကုန်သွယ်ရေးအခြေအနေ
နောက်ကြောင်းစုံစမ်းမှု ( ပါတီနိုင်ငံရေးနှင့်ပါတ်သက်မှု ။ ဗိုလ်လောင်းနှင့်တာဝန်ထမ်းဆောင်မှု ။ သောင်းကျန်းသူများနှင့်ပါတ်သက်မှု )
၂။ စစ်ကြောရေးသင်တန်းကတော့ ... ဖမ်းဆီးရမိသည့် နိုင်ငံရေးလှုပ်ရှားသူများ ။ အလင်းဝင်ရောက်လာသည့် သောင်းကျန်းသူအဖွဲ့ အစည်းများမှ အလင်းဝင်သူများကို
အသေးစိတ်စစ်ဆေးမေးမြန်းပါတယ်။ စစ်ဆေးတွေ့ ရှိချက်အရ ဆက်စပ်မှုရှိသည့် ကိစ္စမှန်သမျှ စုံစမ်းထောက်လှမ်းမှုတွေကို ဆက်လက်လုပ်ဆောင်ပါတယ်။ နောက်ယောင်ခံလိုက်မယ်။ ဓါတ်ပုံလှုပ်ရှားမှုရယူမယ်။ သက်သေအထောက်ထားခိုင်လုံအောင်
၃။ နောက်ယောင်ခံ ။ ဓါတ်ပုံ ။ အသံ ။ သင်တန်းတွေကတော့ လက်တွေ့ ကြကြမသိရပါဘူး ။။
ကျနော်တို့ က အားလုံးကို ခြုံငုံပြီးသိထားရုံလောက်ပါပဲ ။။ နောက်ပြီး ရုံးမှာ အနေများတယ်ဆိုတော့
စုပေါင်းသိရုံလောက်သဘောပါပဲ။
5/21/11
လာဘ်စားမှုအများဆုံးကျောင်း
စိတ်တောင် မကောင်းဘူး။ ကျနော်နေခဲ့တဲ့ကျောင်းက လာဘ်စားမှုအများဆုံးကျောင်းထဲမှာ ထိပ်ဆုံးကဖြစ်နေပါတယ်။
--------------------------------------------------
ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ
အ.ထ.က (၂) မင်္ဂလာဒုံ အ.ထ.က (၁) ဒဂုံ
အ.ထ.က (၅) ဗိုလ်တထောင်
အ.ထ.က (၄) ဗိုလ်တထောင်
အ.ထ.က (၂)ကမာရွတ်
အ.ထ.က (၂)လသာ
အ.ထ.က (၂)ဗဟန်း
အ.ထ.က (၂)စမ်းချောင်း
အ.ထ.က (၂)ရန်ကင်း
အ.ထ.က (၂)လမ်းမတော်
အ.ထ.က (၄)အလုံ
အ.ထ.က (၂)အင်းစိန်
အ.ထ.က (၄)တာမွေ
အ.ထ.က (၅)ကမာရွတ်
အ.လ.က (၁)ပန်းပဲတန်း
အ.မ.က (၂)ကမာရွတ်
အ.မ.က (၂)ဗဟန်း
အ.မ.က (၃)ဗဟန်း
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)
လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်းထဲတွင် တကျောင်းအပါအဝင်ဖြစ်သည့် အ.ထ.က (၁) ဒဂုံ
၎င်းကျောင်းများထဲမှ အထက်တန်းကျောင်းများမှာ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊ ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C) ၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန်ကင်း (၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ် (၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။
ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက
ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မ္မတ ဦးသိန်းစိန်က သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ပပျောက်ရန် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပြီးနောက် ပညာရေးကဏ္ဍ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရတရပ်အနေဖြင့် ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။
အဆိုပါ ၁၉ ကျောင်းအပေါ် မည်ကဲ့သို့ အရေးယူထားသည်နှင့် အရေးယူမည်ကို ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ယခု စာသင်နှစ်အတွက် ကျောင်းအပ်ခနှင့် အထွေထွေကြေးများကို အများသိစေရန် တရားဝင် ထုတ်ပြန်ထားမည်ဖြစ်ကာ၊ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ရန် ကျောင်းများ၌ ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များ ထားရှိမည်ဟု ဆိုသည်။
တိုင်ကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အခိုင်အမာ လိုအပ်ကြောင်း ရန်ကုန်အစိုးရ တာဝန်ရှိသူများက
ဖြည့်စွက်ပြောဆိုခဲ့သည်။
အတိုက်အခံမရှိတဲ့ လွှတ်တော်
အတိုက်အခံမရှိတဲ့ လွှတ်တော်တဲ့။
အတော်ကြောင်တဲ့ လွှတ်တော်ပါလား။ တခါလောက် လွှတ်တော်ထဲမှာ ဘယ်လို လွှတ်ကြလဲဆိုတာကို ကျနော်လေ့လာချင်တယ်။
မေးခွန်းတွေကိုတော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် မေးလို့ရပါတယ်လို့တော့ ပေါ တာပဲ။ ဘယ်လိုမေးခွန်းတွေလဲတော့ မသိဘူး။ ထမင်းစားပြီးပီလားဟင် ဆိုတဲ့ မေးခွန်းလား။ နေကောင်းလားခင်ဗျ...ဆိုတဲ့မေးခွန်းလား။
တော်တော်ကြောင်လိုက်တဲ့ လွှတ်တော်။
အစိုးရသက်တမ်း သုံးလ လောက်ရှိတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီး  ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာက ပိုလို့တောင် ရယ်စရာကောင်း။ ဘာဘဲဖြစ်ဖြစ် သေဒဏ်ကျခံသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကတော့ ကုသိုလ်ရနိုင်ပါတယ်။
အတိုက်အခံ မရှိတဲ့လွှတ်တော်ဟာ အာဏာရှင်လွှတ်တော်နဲ့ ဘာများကွာလို့လဲ။ ကိုယ်လုပ်ချင်တာလုပ်လို့ ရနေတာကိုများ လွှတ်တော်လို့ခေါ်အုံးမလား။
ကျနော်က လွှတ်တော်နဲ့ ဦးသိန်းစိန်အစိုးရကို ဘယ်လိုမြင်လဲဆိုတော့ ငါလိုးမသားများ လူကြီးတွေအသက်ကြီးပြီး အချိန်မစီးတဲ့ လူတစ်စုလို့မြင်တယ်။
5/17/11
သူတို့ ဘယ်သူတွေလဲဆိုတာ သိချင်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ သမ္မတကြီး မိန့်ကြားခဲ့တဲ့အတိုင်း ရှင်းလင်းမြင်သာမှု၊ ရိုးဖြောင့်မှန်ကန်မှုတို့နဲ့ အားလုံးပါဝင်နိုင်အောင် လက်ကမ်းဖိတ်ခေါ်လျက်ရှိပါတယ်။ ကျွန်တော်တို့ အကြံပေးအဖွဲ့ဆိုရင်လည်း မကြာခင်က အင်ဒိုနီးရှားမှာ အာဆီယံပြည်သူ့ဖိုရမ်ကို တက်ရောက်ခဲ့ပြီး နယ်စပ်ကလာတဲ့ သဘောထားဆန့်ကျင်သူ မြန်မာအုပ်စုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့ကို
မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီဆိုတဲ့ သတင်းအချက်အလက်တွေကိုလည်း
ပေးခဲ့ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သဘောထားဆန့် ကျင်သူတွေကိုတော့ အထူးပြောစရာမလိုတော့ပါဘူး ...
The Flower News, Vol 7, NO. 18, မေလ ၁၇ ရက်၊ ၂၀၁၁ မှ ကောက်နုတ်ဖော်ပြသည်။ ကုလ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား သို့ ဦးကိုကိုလှိုင်၏ ပြောကြားချက်ဖြစ်ပါသည်။
သဘောထားဆန့် ကျင်သူ နယ်စပ်ကလာသူတွေဆိုတာ ဘယ်သူတွေလဲ? သိတဲ့သူများ ပြောကြပါ...။ဘယ်လိုသဘောထားကို ဆန့် ကျင်တာလဲ?
5/11/11
ဖောက်ထွက်ပါပြောတဲ့ လူ့ ဘောင်သစ်ကို ကျနော်က ဒီလိုဖောက်ထွက်စေချင်ပါတယ်
ဥက္ကဌ ကိုအောင်မိုးဇော်ကို နှစ်ခါပဲ မြင်ဘူးတယ်။ စံခလပူရီမှာတစ်ခါ၊ မဲ့ဆောက်မှာ တစ်ခါ ဖြစ်ပါတယ်။ ဗိုက်ကပူပူ၊ ပါးဖောင်းဖောင်း အရပ်က ဟစ်တလာလောက်ပဲ ရှိတဲ့ ကျနော့် ဥက္ကဌကို ရှိခိုးမတက် အရမ်းလေးစားခဲ့ဘူးတယ်။ တကယ်တော်တဲ့လူလို့ သတ်မှတ်ခဲ့မိတယ်။ အခုတော့ သူဦးဆောင်နေတဲ့ လူ့ဘောင်သစ်ကို လက်ရှိနိုင်ငံရေးကာလမှာ ဘုန်းကျော်ရဲ့ ကျယ်ပြန့်မကြီးကျယ်သော အုံးနှောက်ကိုသုံးပြီး ဝေဖန်ပါအုံးမယ်။ သည်းခံပြီးဖတ်ပါလေ။ အားနေလို့ပဲ ဆိုပါရစေ။
လူ့ ဘောင်သစ်ဟာ တောထဲကို လူအယောက်နှစ်ဆယ်လောက်မပြည့်ပဲနဲ့ ရွှေ့ ခဲ့တယ်။ ဌာနချုပ်ဆိုပါတော့။ အားလုံးက နှစ်ဆယ်ကျော် အရွယ်လူငယ်တွေချည်းပဲ။ တက္ကသိုလ်ကျောင်းသားတွေအများစုပေါ့။ ၂၀၀၁-ခုနှစ်လောက်မှာ ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦးတို့ ဦးဆောင်တဲ့ ABSDF နဲ့ လူ့ ဘောင်သစ်ပေါင်းစည်းခဲ့တယ်ပေါ့။ သိပ်မကြာဘူး သူတို့ထွက်သွားခဲ့တယ်။ ဘော,ပဲလို့မပြောယုံတမယ်ပဲ။ လူ့ဘောင်သစ်ဟာ လူ့ဘောင်သစ်မဟုတ်ဘူး။ ကွန်မြူနစ်ပါတီရဲ့ လက်ဝေခံဖြစ်တယ်လို့ သူတို့ဝေဖန်ကြတယ်။ ဒါကတော့ ဟုတ်မဟုတ် လက်တွေ့မြင်ရနေတာပဲ။ ကျနော်လည်းဒီအတိုင်းပဲ ယူဆပါတယ်။ ပြီးတော့ ၂၀၀၄-ခုနှစ်လောက်မှာ ဦးငွေလင်း၊ ကိုယဉ်ထွေး၊ မရီ၊ ကိုတိုးတိုးထွန်းတို့ အဖွဲ့နဲ့ ထပ်ပြီးလူ့ဘောင်သစ်ကိုရောက်လာကြတယ်။ သူတို့က ပြည်တွင်းကနေ လာကြတယ်ပေါ့။ အဲ...အနည်းစုလောက်ပဲ ပါတီဌာနချုပ်မှာ ကျန်ခဲ့တော့တယ်။ အများစုက နိုင်ငံခြားမှာ ရောက်ကုန်ကြပြီ။ ထားတော့ ဒါက ဖြစ်စဉ်အကျဉ်း။
အထွေထွေအတွင်းရေးမှုး ကိုဇော်နိုင်ဦး ရှိစဉ်ကာလပေါ့။ အားလုံးနဲ့တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းခဲ့တယ်လို့ ယူဆတဲ့အတွက် အထူးကြိုဆိုခဲ့တယ်။ အားပေးခဲ့တယ်။ လိုက်ပါခဲ့ကြတယ်။ နောက်ပိုင်းကွဲသွားကြတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားတွေကွဲသလိုခံစားကြရပြန်တယ်။ ဒါကလည်း လူနည်းစုဖြစ်တဲ့ ထိပ်ပိုင်းလူသုံးလေးဦးက ချယ်လှယ်တယ်လို့ အခုမှ သဘောပေါက်တယ်။
အခုတော့ ပြည်ပကနေ နဲနဲလောက်တော့ ပြောခွင့်ပြုပါ။ အဓိက ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လှုပ်ရှားမှုအကြောင်းပဲပေါ့။
လူ့ဘောင်သစ်ဟာ ဒုတိယအင်အားအကြီးဆုံးဖြစ်ခဲ့တယ်လို့ပဲ သိရတယ်။ အခုတော့ ဒုတိယအင်အားအသေးဆုံးပါတီလို့ဆိုပြီး ဝေဖန်တာခံနေရပြီ။ အဓိကတာဝန်ရှိတဲ့သူတွေဖြစ်တဲ့ ဥက္ကဌ ကိုအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှုး ကိုခင်မောင်တင့်၊ တွဲဖက်အတွင်းရေးမှုး ကိုငွေလင်းတို့ အနေနဲ့ ပါတီကို လက်ရှိ ရှိနေတဲ့ ပတ်ဝန်းကျင်ကနေ ဖောက်ထွက်သင့်ပြီလို့ ယူဆလို့ အခုလိုရေးလိုက်တာပါ။ ဒါက ကိုငွေလင်းက ဒေါ်စုကို ဖောက်ထွက်ဆိုလို့ ကျနော်ကလည်း ကိုငွေလင်းနဲ့အဖွဲ့လည်း ဖောက်ထွက်ပါ။
ဘယ်လိုဖောက်ထွက်ရမလဲဆိုတော့ ရှင်းပါတယ်။ လက်ရှိပါတီဟာ ကျနော်လေ့လာရသလောက် နိုင်ငံရေးလောကမှာ ဦးဆောင်မှုမပေးနိုင်သေးပါဘူး။ သူများပြောတဲ့ အတိုင်းလိုက်နေတဲ့အဖွဲ့ငယ်လေးပဲလို့ ထင်ပါတယ်။ ဒါကို ဖောက်ထွက်စေချင်ပါတယ်။ ကိုအောင်မိုးဇော်ဟာ ပါတီဥက္ကဌသာပြောတယ်... ဌာနချုပ်ဖြစ်တဲ့မဲ့ဆောက်မှာ ပုံမှန်ရုံးတက်တာလည်းမရှိဘူး။ ချင်းမိုင်မှာပဲ ထမင်းချက်စားလိုက်၊ ပါတီပွဲပေးလိုက်နဲ့ အချိန်ကုန်နေခဲ့တယ်။ ဟိုသွားအာလိုက်၊ ဒီသွားအာလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ကိုခင်မောင်တင့်လည်း တူမောင်ညိုကိစ္စနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကိုငွေလင်းလည်း ဂေါ်လီလုံးလောက်ရှိတဲ့ မဲ့ဆောက်ပတ်ဝန်းကျင်က စင်ပေါ်မှာ တက်ပြီးပွားတာလောက်ပဲ တွေ့ဘူးတယ်။ ဆိုတော့ဗျာ ခင်ဗျားတို့ကိုကြည့်ရတာ ပျင်းစရာအရမ်းကောင်းတယ်။ ပြောရရင်တော့ လူစုပြီး ထမင်းချက်စားတဲ့အဆင့်လောက်ပဲ ဖြစ်နေလို့ အခုလိုရေးတာပါ။
ကျနော်တို့ နိုင်ငံခြားကို ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ အားလုံးနီးပါထွက်ခဲ့တယ်။ ယနေ့အချိန်အထိပါတီဌာနချုပ်က ပြည်ပရောက်ရဲဘော်တွေကို ပုံမှန်ဆက်သွယ်တာ၊ သတင်းအချက်အလက်ဖလှယ်ပေးတာ မတွေ့ခဲ့ဘူး။ ပါတီဌာနချုပ်ဘာလုပ်လဲဆိုတာကို ၀က်ဆိုက်ပေါ်တက်ကြည့်တော့လည်း သရဲခြောက်တော့မဲ့အတိုင်းပဲ။ ခြောက်ကပ်နေပြီ။
ပါတီဌာနချုပ်ဟာ ဒီအတိုင်းဆက်သွားရင်တော့ သိတဲ့အတိုင်း ပြည်သူ့ပြည်ချစ်ပါတီလိုဖြစ်တော့မယ်။ အာလုံး လုံးပါးပါးပြီး ကုန်သွားတော့မယ်။ ပါတီဌာနခွဲတွေဖြစ်တဲ့ အမေရိကန်၊ မလေးရှား၊ ဂျပန်၊ နော်ဝေတို့ဟာ ယနေ့အချိန်ထိ သူများတွေနဲ့ ယှဉ်ရင် ဆီနဲ့ရေပဲ။ အားလုံးက အဖိုးကြီးလဥလို ပျော့တီးပျော့ဖက်နဲ့။ အလုပ်လုပ်တာလည်းမတွေ့ရဘူး။ အောင်မြင်မှုလည်းမတွေ့ရဘူး။ ဆိုတော့ ကျနော်တို့ လူ့ဘောင်သစ်ဘာလုပ်မှာလဲ။ ထုံးစံအတိုင်း ဒေါ်စုပြောတဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကို ကျနော်တို့ထောက်ခံပါတယ်လို့ ပါးစပ်ကအော်နေမှာလား။
အားလုံးအသက်ဝင်လာဖို့၊ တက်ကြွလာဖို့ဆိုရင် ချင်းမိုင်မှာ တချိန်လုံး မိန်းမဗိုက်ကိုပွတ်နေလို့မရပါဘူး။ မီးဖိုချောင်ထဲမှာ ၀က်သားအချိုချက်ပြီး လာတဲ့မိတ်ဆွေတွေကို ကျွေးနေလို့မရဘူး။ တူမောင်ညိုလို မျက်နှာကြောကြောမာမာနဲ့ သူမှ အတွေးအခေါ်နဲ့အနစ်နာခံလေတယ်ဆိုပြီး ဘ၀င်မြင့်လို့မရဘူး။ နောက်ရှိသေးတယ်။ ဦးငွေလင်းလို အသံအိညောင်အိညောင်နဲ့ တိုးတိုးတိတ်တိတ် နေလို့မရဘူး။ ဒီအတိုင်းဆက်သွားနေရင် မဲ့ဆောက်က ပါတီဝင်တွေဟာ ဒုက္ခရောက်ကုန်တော့မယ်။ ဟိုလည်းသွားမရ၊ ဒီလည်းသွားမရနဲ့။ နိုင်ငံရေးမှာလည်း တိုးမပေါက်။
ပါတီရပ်တည်နေနိုင်အောင် မဲ့ဆောက်မှာ ကျန်ခဲ့တာကိုတော့ ကျေးဇူးတင်တယ်။ သို့သော် ငါ တို့မှ ငါတို့ဆိုတဲ့ အတွေးအခေါ်ကိုတော့ မကြိုက်ဘူး။ ခင်ဗျားတို့နေခဲ့ပါလို့ ပြည်တွင်းပြည်ပက ဘော်ဒါတွေကမတိုက်တွန်းခဲ့ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ။ ဆိုတော့ ကျနော်ကတော့ အခုအချိန်မှာ ပါတီကို လက်ရှိအ၀န်းအ၀ိုင်းကနေ ဖောက်ထွက်စေချင်ပြီ။
လက်ရှိအစိုးရကို နောင်လာမဲ့ရွေးကောက်ပွဲဝင်ဖို့အတွက် ကမ်းလှမ်းစေချင်တယ်။ အဓိက ဒါပဲ။
ခလေးတွေလည်း ကြီးလာပြီ။ ထိုင်းမှာလည်း အိမ်မရှိ၊ ယာမရှိ၊ အလုပ်မရှိနဲ့ ဘ၀တွေဟာ မသေချာ မရေရာဘူး။ နိုင်ငံခြားထွက်ဖို့လည်း အဆင်မပြေ။ ဆိုတော့ ဘာလုပ်မှာလဲ။ ဘယ်တော့ ကျနော်တို့လိုချင်တဲ့ အတိုင်းအတာကိုရောက်မှာလဲ။
ပြည်တွင်းကို ပြန်ပြန်ရင်လည်း ငွေကမရှိ၊ အိမ်ကမရှိ၊ အလုပ်ကမရှိ။ အသစ်ကနေပြန်စရမှာကိုကြောက်လို့ မပြန်ချင်တာလားမသိ။ ဘယ်လိုစဉ်းစားကြလဲမသိတော့ဘူး။
ကျနော်ကတော့ အေးဆေးပဲဗျို့ ။ သြစတျေးလျနိုင်ငံသားအဖြစ်နဲ့ ကမ္ဘာတောင်ပတ်လို့ရနေပြီ။ မဲ့ဆောက်က လူ့ဘောင်သစ်ဌာနချုပ်က လူတွေ...သတိထားကြဗျို့ ။
"မတူရင်မတုနဲ့  (၁၀) နှစ်" လမင်းခင်
မအိရွှေစင်
မှတ်ပြီးသားမို့ နေပါစေလို့ ထားလိုက်တော့မလို့ ပါ ။
ဒါပေမဲ့ ကျမပါဝင်တဲ့ အများစု မေး(လ်) ဂရုထဲကို ဒီည ကိုလွဏ်းဆွေကိုယ်တိုင် ထပ်ပို့  လာတာတော့ သူရဲ့ အဲဒိအမြင်တွေကြောင့် ဆူညံပေါက်ကွဲသံတွေနဲ့ အက်ကြောင်းဖြစ်ခဲ့ရတဲ့ အင်အားတရပ်။ အဲဒီအင်အားထဲ က သူကိုလက်ခံနိုင်သူလက်ခံ ၊ ဒါပေမဲ့ လုံးလုံး လက်မခံနိုင်တဲ့ ကျမကိုစော်ကားလိုက်သလို ခံစားရပါတယ်။
ကျော်ဖြတ်တာခြင်း ယုံကြည်ချက်ခြင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရမှုခြင်းတူတဲ့သူတွေသာ ကိုယ်ချင်းစာနားလည်ပေးနိုင်မဲ့အခြေအနေအရပ်ရပ်မို့  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရ ကျော်ဖြတ်နေရ လှုပ်ရှားနေရတာကိုကိုယ့်စိတ် ကိုယ့် ခန္တာ ကိုယ့်အသက် နဲ့ ကိုယ်ချင်းစာပြီးကျမတို့ နားလည်ခံစားနိုင်တယ် ။
ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့ အားလုံးပဲဟောင်းနွမ်းလို့  အသစ်က ပြန်စဖို့ ဆိုတဲ့ ရမ်းကားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမကရှစ်လေးလုံးအရေးတော်ပုံကစတဲ့ တော်လှန်ရေးအင်အားစုကို စော်ကားတာ...စမ်းသပ်ကြည့်တာ...သူများ ၀င်ဆန့် နိုင်မလားဆိုပြီး တိုးကြည့်တာ အသေအချာပါ။
ဒါ့ကြောင့် အယဉ်ကျေးဆုံး စကားလုံး နဲ့ ကျမ တုန့် ပြန်ရမယ်ဆိုရင် ဒူးနေရာဒူး တော်နေရာတော် တန်ရာတန်ရာ ဝေဖန်ပါလို့ ပြောချင်ပါတယ် ။
ဘာကြောင့် ပြောရလဲ ဆိုရင် ၁၉၈၈-ခုနှစ်မှာ မောင်လွဏ်းဆွေဟာ ၁၈-နှစ် အရွယ်ပါ။
ဖြူစင်တဲ့လူငယ်အရွယ် မဟုတ်မခံတဲ့လူငယ်အရွယ် အဲဒိအရွယ်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တာ သူ ဘယ်နေရာမှာမှ မပါခဲ့ပါဘူး။ ၈၉-မှာ ကျမထောင်ထဲရောက်ပြီးပါပြီ။ မောင်လွဏ်းဆွေထက် ကျမ၂နှစ်ငယ်ပါတယ်။ ၁၉၉၆-မှာ ကျောင်းသားတွေက တောင်းဆိုလို့  မီးသတ်ပိုက်နဲ့ ထိုး အမှောင်ချ ရိုက်နှက်ပြီး
ထောင်ထဲထဲ့တဲ့အချိန်မှာ မောင်လွဏ်းဆွေ ဆေးတက္ကသိုလ်မှာပါ။ သူဘယ်နေရာမှာ မှမပါခဲ့ပြန်ပါဘူး။
ကျမထောင်ထပ်ကျပါတယ်။ ကျမ ၁၀-တန်းနဲ့ ကျောင်းကရာသက်ပန်ထုပ်လို့  ၁၀-တန်းစာမေးပွဲ ကိုအပြင်ကဖြေခဲ့ရပါတယ်။
ပြည်ပ ထွက်လာတော့လည်း တော်လှန်ရေးနဲ့ ဘာမှ မစက်ဆက်တဲ့ကိစ္စနဲ့ ထွက်အလာ မဲဆောက်ဒေသရဲ့ ထုံးစံအရ ပြည်တွင်းမှာ ကဗျာလေးတစ်ပုဒ်လောက်ပေါက်လည်း တကယ့်စာပေသမားကြီးပမာ ကြိုဆိုနေရာပေးတက်တဲ့အသိုင်းအ၀န်းတစ်ခု ရှိနေလေတော့ ထမင်းမငတ်ဘူးပေါ့။ ထမင်းမငတ်ရာ က ထမင်းဝလာတော့ လူပါးလေးပါ ၀,ချင်လာတော့တာပါပဲ။
တလောကပဲ စာပေနယ်ထဲ က ဆရာစိုးနေလင်း က သူ့ ကိုနာမည်မထဲ့ပဲ ဆုံးမခဲ့ပါသေးတယ်။ဘယ်သူ့ ကိုရေးတယ်ဆိုတာ လူမှန်ရင် သူသိပါလိမ့်မယ်။
အဲဒီတော့ ကျမမေးချင်တယ် သူ့ ရဲ့ ဒေ၀ဒတ် ဥာဏ် တိုက်ကွက်ကိုထား...
(၁) ထောက်လှန်းရေး နဲ့ လက်နက်ကိုင်တွေ ရှိနေတဲ့ နေရာကို နေ့ စဉ် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး နိုင်ငံရေးစကားတွေ ပြောဖူးလား။ ပြောရဲလား ( ကျမတို့ နှစ်ပေါင်းများစွာ ထောက်လှန်ရေးနဲ့ စိန်ပြေးလိုက်တမ်းကစားသလို
ကျင်လည်ခဲ့ရတယ်)
ကျမတို့ ဂွတ်တလိပ်လမ်းဆုံမှာ နံပါတ်ဒုတ်နဲ့ အရိုက်ခံခဲ့ရတယ်။ စစ်ကားနဲ့ လိုက်တိုက်တာခံခဲ့ရတယ်။
(၃)အသက်သေမယ် ထောင်ထဲ ခုနာရီပိုင်းအတွင်း ရောက်မယ်ဆိုတာ သိသိကြီးနဲ့ ဆန္ဒပြဖူးသလား။
(၄)ယုတ်စွအဆုံး ကိုယ်လုပ်နေတဲ့ စာပေရေးရာနဲ့ တောင် စစ်အုပ်စုကို ဝေဖန်စာ ရေးဖူးသလား။
အဲဒီလို မကျော်ဖြတ်ခဲ့စေဦး...မတော်တဆ ခလုပ်တိုက်လို့ တောင် ထောင်ထဲရောက်ဖူးရင် ကျမ..အော် ...မတော်တဆလည်း တော်ပါသေးတယ်လို့ ယူဆပေးလို့ ရပါတယ် ။ အဲဒိလို ပေးဆပ်မှုကလည်းမရှိ၊ ကျော်ဖြတ်ခဲ့တဲ့သမိုင်းကြောင်းကလည်းမရှိ၊
ပေါ်ပျူလာဖြစ်နိုးနဲ့ ရေးချင်တာကိုရေး ပြောချင်တာကိုပြောနေတာကို အောက်ပိုင်း ပျက်လုံးပျက်တဲ့ လူရွင်တော်ကို ညံ့တဲ့ပရိတ်သတ်က အူတက်အောင်ရီပြီးအားပေးနေပေမဲ့ အကြားမတော် အမြင်မတော်တာ ကိုဆုံးမဖို့ ကျမတို့ မှာ တာဝန်ရှိပါတယ်။
ဒါ ခုချိန်မှာပြန်တွေးမိတော့ ကိုလွဏ်းဆွေ က ၁၀-နှစ်လောက်ကျိုးစားပြရင်တောင် ခုလို စိတ်စေတနာညံ့ပုံမျိုးနဲ့  ဒေါ်အောင်ဆန်းစုကြည်မပြောနဲ့ ကျမကိုတောင်ပုခုန်းချင်းယှဉ်လို့ မရဘူး
လို့  အတိအလင်းပြောချင်ပါတယ်။
အဲဒီလိုပြောလို့  နောက်မှနိုင်ငံရေးလုပ်တဲ့ သူတွေ ခုမှပါဝင်လာချင်တဲ့သူတွေ ကိုအရင့်အရင်လုပ်ခဲ့ သူတွေက နှိမ်တယ်၊ ချိုးတယ်....သူတို့ လေးတွေ ဘယ်လိုတက်တက်ကြွကြွပါလာနိုင်ပါ့မလဲ မပြောသင့်ဘူး ဘာညာ၊ ပြောလာပါမယ်။
စုစုနွေး နဲ့ ဖြူဖြူသင်း က မြန်မာ့ဒီမိုကရေစီအင်အားစုရဲ့ ပြယုတ်တခုဖြစ်လာတာ သူတို့ စိတ်စေတနာနဲ့ ကြိုးစားလုပ်လို့ ပါ။ ၈၈-မျိုးဆက်ပါလို့ သူတို့ မပြောဘူး။ ၈၈ အရေးတော်ပုံမှာ ဘယ်နေရာဘယ်ဒေါင့်ကရယ်လို့ သူတို့ မပြောဘူး။ သူတို့ စတင်ဝင်ရောက်လုပ်ကိုင်ကတည်းကိုက စေတနာဇောရှိခဲ့လို့  သူရဲကောင်းမလေးတွေဖြစ်ခဲ့တာပါ ။ ဒါကိုကြည့်
ရင် အချိန်ကာလနဲ့ ကျော်ဖြတ်မှုကရှိဖို့ လိုအပ်ပေမဲ့စိတ်ရင်းစေတနာ ကလည်း အခရာပါပဲ။
အကယ်၍သာ သူဟာ, ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို စေတနာရှိတယ် ပြည်သူအပေါ်လည်း စေတနာမှန်တယ်ဆို ရင် NLD E-mail တွေ ဒေါ်အောင်ဆန်းစုကြည်တိုက်ရိုက်ဖတ်နိုင်မဲ့ NLD- သတင်းပြန်ကြားရေးဌာနတွေ ရှိပြီးသားပဲ။
ထောက်ပြ ဝေဖန်သုံးသပ်ပြီး အားနည်းချက် အားသာချက်ကို ပေးပို့ လို့ ရပါတယ်။ တော်လှန်ရေးရှည်ကြာနေလို့ တပ်ဦးပါတီကို အားမလို အားမရ ဖြစ်နေကြချိန်မှာ - အချွန်နဲ့  လိုက် မ, ပေးလိုက်တာကိုက ညစ်နွမ်းတဲ့ ပြယုတ်ပါပဲ ။
နောက်ဆုံးပိုဒ် (ရ) မှာ အဖျားရှုးသွားတာကိုကြည့်ရင် ကိုလွဏ်းဆွေကိုယ်တိုင် ဘာ အိုင်ဒီယာမှ မရှိတာအသေအချာပါ။
ကိုလွဏ်းဆွေကို ဆရာမကြီးဆိပ်ကမ်းဒေါ်စန်းစန်း ပင့်ဖိတ်မှု ၊ ဆော်သြမှု၊ ခ်ါဆောင်မှုကြောင့် ကျမတို့ နဲ့  ကာလတခု မျက်နှာချင်းဆိုင် ထိုင်ပြီးနိုင်ငံရေးတွေ တိုင်းပြည်နဲ့   ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်တွေ အားနည်းအာသာချက်တွေ ဆွေးနွေးနေကြတာ ကျမတို့ ထက် အစဉ်အလာကြီးတဲ့ နောင်တော်တွေရဲ့ အယူအဆရေးရာဆွေးနွေးနေမှုတွေကို သံယောင်လိုက်အတုခိုးပြီး အဆိုးမြင်ဝါဒနဲ့ ဒီလို ရန်သူ့ အကြိုက် လောဘီ လုပ်နေနိုင်တာကိုက ကျမတို့ ဘက်ရွေးမှားခဲ့တာပါပဲ ။
တရက်မှာ ကျမတို့ ထက်အစဉ်အလာကြီးတဲ့ လက်တွေ့ တိုက်ပွဲဝင်နေတဲ့ နောင်တော်တချို့ နဲ့ ကျမစကားပြောဖြစ်ပါတယ်။ တစ်ယောက်က ပြောတယ်။ ဒီလိုရေးနေတာ တို့ တတွေ မှာ တာဝန်ရှိတယ်တဲ့။ ကျမ ကလည်း ၀င်,ပြောလိုက်တယ်။ ကျမနဲ့ တွဲပြီးအင်တာဗျူးတခုတက်ဖူးတော့ မြန်မာပြည်ထဲက လူတွေက ကျမနဲ့ တစုတည်းလား ဆိုလို့ ကျမအတော်ရှင်းယူ
နေရတယ်။ အကိုတို့ ပြောကြပါဦး လို့ ပြောမိတဲ့အခါ နောက်ထပ်အကိုတစ်ယောက် က ကိုလွဏ်းဆွေကို ပြောလို့ ရမယ်လို့ တွေးတာကို က ခင်ဗျားတို့ အမှားဗျတဲ့။ "ဟာ" ဟုတ်တာပေါ့/ ဒီလူ က အက်စစ် ဆောင်းပါးမှာထဲက ကျမ နဲ့ အတော် အတိုက်အခံဖြစ်ခဲ့ရတာပဲ သူက စာပေမူဝါဒလို့ ပြောတယ်ဗျ ဆိုတော့
စာပေမူဝါဒ ဆိုလို့ အဲဒိတုန်းက ကျမ အက်စစ်ကိုဖြုတ်ခိုင်းခဲ့တာ...ကိုလွဏ်းဆွေ က ဖြုတ်မပေးနိုင်ဘူး။
နိုက်တင်ဂေး မှာလည်း သူအယ်ဒီတာပဲ။ အဖွဲ့ ဝင်လား၊ အချုပ်လား ကျမသေချာမသိဘူး။ အဲဒိ ဂျာနယ် ကို ၂၀၀၆-၇ လောက်မှာ ကျမ စာမူတွေပို့ ပါတယ်။ ကျမ စာမူကို ကိုလွဏ်းဆွေ ဆီကျမ ပို့ ပေးပါတယ်။ အရွေးခံရပါတယ် ထဲ့သွင်းဖေါ်ပြတာတွေရှိပါတယ်။ တနေ့ မှာ ကျမပို့ ထားတဲ့ နိုင်ငံမဲ့ရဲ့မီးဖွါးခြင်း ဆိုတဲ့ ကျမကိုယ်တိုင် မဲဆောက်ဆေးရုံပေါ်မှာ ဗိုက်နာနေစဉ် ထိုင်း နာ(စ်) တွေရဲ့ပြုမှုဆက်ဆံပုံတွေ ကျမဘေးက ဗိုက်နာလို့ အော်နေသူကို ထိုင်းဆေးရုံတာဝန်ကျ နာ(စ်)က ပါးစပ်ကို ပေတံနဲ့ ရိုက်တာတွေကို ကျမက မီးဖွါးနိုင်ဖို့ သေမင်းနဲ့ စစ်ခင်းနေချိန်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ကျမတို့ ဘ၀ကို
သရုပ်ဖေါ်ထားတဲ့ဆောင်းပါးကို ကိုလွဏ်းဆွေ ဆီ ပို့ ပါတယ် ။
အဲဒိအခါ စာပေရဲ့မူဝါဒ ကို အသက်နဲ့ ကာကွယ်မယ် ဆိုတဲ့အယ်ဒီတာ ကိုလွဏ်းဆွေ က မရွှေစင်ရဲ့ဆောင်းပါးကို ဒေါက်တာ စီသီတာမောင် ကဖြုတ်ခိုင်းပါတယ်တဲ့။ ဖြုတ်ခိုင်းရတဲ့အကြောင်းရင်းက ဆေးခန်း ကိုထိခိုက်မှာစိုးလို့ တဲ့ ဘာကြောင့်လဲ ဆိုရင် မဲဆောက်ဆေးရုံပေါ်က မတရားမှု ကိုကျမက ရေးထားလို့ တဲ့လေ။ 
ကဲ ...စာဖတ်ပရိတ်သတ် ဒီလောက်ဆိုစဉ်းစားနိုင်ပြီ။ ဒေါက်တာစင်သီတာမောင် က ဖြုတ်
ခိုင်းလို့  အယ်ဒီတာ လွဏ်းဆွေ က ကျမစာမူကို ဖြူတ်ပေးရတယ်ဆိုရင် ဘယ်မှာလဲ စာပေမူဝါဒ။
မဲဆောက်လိုဒေသမှာတောင် ဆင်ဆာ ကိုတောင် မကျော်လွားရဲတဲ့ ဒေါက်တာအယ်ဒီတာ တစ်ယောက်က ကျမတို့ တတွေအသက်နဲ့ ဘ၀ကို အချိန်တွေမြောက်များစွာနဲ့ ပေးဆပ်တိုက်ပွဲ ၀င်နေရတဲ့ တော်လှန်ရေးမှာ ဘာတွေများ ညွှန်ကြားချင်ရတာလဲ။
ကိုယ်နေရာကိုယ်နေပါလို့ ပဲ အဆုံးသတ်ပြောပါရစေ။
စာဖတ်ပရိတ်သတ်သတိအထူးထားစေ့ချင်တာက သူ့ ဘလော့ကို လူတွေ ၀ိုင်းကြည့် ၀င်,ဆဲ ပွက်လောရိုက်နေတာကို သူက တကယ့်ကိုနိုင်ငံရေးလို့ ထင်နေတာမို့  အကုသိုလ်ကင်းဝေးလိုရင် ကိုယ့်အလုပ်တွေ အချိန်မဖင့်စေလိုရင်...ကိုလွဏ်းဆွေ ဘလော့ကို မကြည့်၊ ဖြစ်တဲ့
နည်းနဲ့ ရှောင်ဖို့ ကျဉ်ဖို့ ဆန္ဒတူသူတွေ ကိုသာတိုက်တွန်းလိုက်ပါတယ် ။
မည်သူမဆို နာမည်ရင်းနဲ့ ဝေဖန်သုံးသပ်နိုင်ပါတယ်။
အိရွှေစင်ညွန့် 
စစ်ထောက်လှမ်းရေးဟောင်း တစ်ကြပ်ကြီးကိုတိုးနိုင်နှင့်တွေ့ ဆုံမေးမြန်းခြင်း
ဘုန်းကျော်။ ။ ဘယ်တုန်းက ထောက်လှမ်းရေးစဖြစ်တာလဲ။
ကိုတိုးနိုင်။ ။ ၁၉၉၈ -
ဘုန်းကျော်။ ။ ထောက်လှမ်းရေး စ-ဖြစ်ပုံကို ပြောပြပါလား။
ကိုတိုးနိုင်။ ။ တပ်မတော် တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်သူဖြစ်ပြီး.. ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် စမ်းသပ်တာဝန်ပေးအပ်ရန်အတွက် ထောက်လှမ်းရေးတပ်မှာ တွဲဖက်ပြောင်းရွှေ့ အမိန့် ဖြင့် (၆) လ တာဝန်ထမ်းဆောင်ရပါ့မယ်...။
(၆) လတာ ကာလအတွင်း ထောက်လှမ်းရေး တစ်ဦးဖြစ်ရန်အတွက် နောက်ကြောင်းစုံစမ်းစစ်ဆေးပါတယ်...။
တပ်တွင်းတာဝန်ထမ်းဆောင်မှုကို တပ်မှူးနှင့်တပ်ဖွဲ့ မှုးများက ဘုတ်အဖွဲ့ ဖြင့် အရည်အချင်းစစ်ဆေးပါတယ်။ ထောက်လှမ်းရေးတပ်မှူးက ထောက်ခံချက်ဖြင့် ထောက်လှမ်းရေးရုံးချုပ်ကို ထောက်လှမ်းတပ်ဖွဲ့ ဝင်တစ်ဦးခန့် အပ်ရန်အတွက် အစီရင်ခံစာကိုတင်ပြပါတယ်။ အစီရင်ခံစာမှာတော့-
၁။ စစ်သည်၏ ကိုယ်ရေး ရာဇ၀င်ကင်းရှင်းကြောင်းပါရပ့ါမယ်။
၂။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း။
၃။ ပြစ်မှုကင်းရှင်းကြောင်း။
၎။ ပါတီနိုင်ရေးကင်းရှင်းကြောင်း။
၅။ ဆန့် ကျင်ဘက် အဖွဲ့ အစည်းများ။ သောင်းကျန်းသူ အဖွဲ့ အစည်းများနှင့်ပါတ်သက်မှုမရှိကြောင်း ။
၆။ ကိုယ်ရေးရာဇ၀င်ရှင်းလင်းကြောင်း စသည်ဖြင့် ကင်ရှင်းပါမှ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် ခန့်  အပ်ပါတယ်။
ဘုန်းကျော်။ ။ ပြီးတော့ကော အကို။
ကိုတိုးနိုင်။ ။ ပြီးတော့ .... တွဲဖက်ကနေ ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်အဖြစ် ပြောင်းမိန့် ထုတ်ပါတယ်..။
တပ်ဖွဲ့ ဝင်ဖြစ်ပြီဆိုတာနဲ့ ....
၁။ တိုက်ပွဲထောက်လှမ်းရေးသင်တန်းတက်ရပါတယ်။
၂။ တန်ပြန်ထောက်လှမ်းရေးသင်တန်း (၃) လ။
၃။ နောက်ယောင်ခံသင်တန်း (တစ်လခွဲ )
၎။ ဓါတ်ပုံသင်တန်း
၅။ တန်ပြန် အထူးသင်တန်း
၆။ စစ်ကြောရေး သင်တန်း
ဘုန်းကျော်။ ။ ထောက်လှမ်းရေး တစ်ယောက်ဖြစ်လာတော့ ဘာတွေလုပ်ရလဲ၊ ဘယ်မှာ လုပ်ရလဲ အကို? ပြီးတော့ ..ဘာ တာဝန်နဲ့လဲ။
ကိုတိုးနိုင်။ ။ အင်း ... တပ်ဆွယ်တွေကိုလွှတ်တယ်။ ဥပမာ-- မွန်ပြည်နယ်ဆိုပါဆို့ တပ်ရင်းက မော်လမြိုင်မှာရှိမယ်။
ဘုန်းကျော်။ ။ ဟုတ်
ကိုတိုးနိုင်။ ။ မွန်ပြည်နယ်မှာ မြို့ နယ်တွေရှိမယ်။ ကြာအင်းဆိပ်ကြီး။ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်ခမီ၊
စသည့်ဖြင့်... အဲဒီမြို့ တွေကို တပ်ဆွယ်မှူးအဖြစ် ၆ - ဦးထက်မနည်း၊ စေလွှတ်ပါတယ်။
ဘုန်းကျော်။ ။ အကို က ဘာလုပ်ရလဲ။ ဘယ်သူတွေ၊ ဘယ်အကြောင်းအရာတွေကို ထောက်လှမ်းရတာလဲ။
ကိုတိုးနိုင်။ ။ အကိုယ်တို့ ကတော့ ရုံးမှာနေရတယ်။
ဘုန်းကျော်။ ။ ပြီးတော့ ဘယ်သူ့ ကို သတင်းပို့ရတာလဲ။
ကိုတိုးနိုင်။ ။ မြို့ နယ်တွေမှာလည်း ရပ်ကွက်အလိုက် တာဝန်ပြန်ခွဲတယ်။ အဓိကတော့ သောင်းကျန်းသူသတင်း၊ နိုင်ငံရေး လှုပ်ရှားမှာ၊ စုံစမ်းကြရတာကတော့ အကုန်လုံးပါပဲ၊ စီးပွားရေး လူမှုရေး နိုင်ငံရေး သောင်းကျန်းသူသတင်း။
ကိုတိုးနိုင်။ ။ ခံရတာကိုပြောရမယ်ဆိုလျင်တော့၊ ၂၀၀၄-ခုနှစ် အောက်တိုဘာ ၁၈-ရက်နေ့ မှာ ရှစ်မိုင်မှာရှိတဲ့ ထောက်လှမ်းရေးရုံးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ၀ိုင်းဝန်းပြီး ပိတ်ဆို့ ဖမ်းခဲ့ပါတယ်။ ၁၉- ရက် မနက်မှာတော့ နယ်တပ်တွေမှာရှိတဲ့  ထောက်လှမ်းရေးတပ်တွေကို သက်ဆိုင်ရာ တိုင်း/တပ်မတွေက ၀ိုင်းပြီးပိတ်ဆို့ ဖမ်းခဲ့တယ်။ ထောက်လှမ်းရေးတပ်အတွင်းမှာပဲ အကျယ်ချုပ်ဖြင့် ထားခဲ့တယ်။ ထောက်လှမ်းရေးစစ်သည်တွေကို ဟောခန်းမထဲမှာထည့်ပြီးတော့ တပ်ရင်းတပ်ဖွဲ့ စစ်သားတွေက စောင့်ကြပ်ပါတယ်။ ထောက်လှမ်းစစ်သည်နေအိမ်မှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို သိမ်းဆည်းခဲ့ပါတယ်။
နောက်ပြီး တော့ ကျောင်းတက်နေသည့် ကလေးတွေကို ကျောင်းကနေထုတ်ပစ်ခဲ့ပါတယ်။
ထောက်လှမ်းရေး စစ်သည် ကျနော်တို့ တပ်အနေဖြင့် ၁၀-ဦးကို ဖမ်းဆီးစစ်ဆေးပြီး အမိန့်မနာခံမှု လာဘ်စားမှု စစ်စည်းကမ်းဖောက်ဖျက်မှု၊ တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဆောင်မှု ဥပဒေများဖြင့်၊ အရေးယူပြီး ထောက်ဒဏ် (၇)နှစ် ကျခဲ့ပါတယ်။ ကျနော်တို့ ကိုတော့ ၀န်ခံ ကတိ ဖြင့်၊ နေရပ်ကိုပြန်ပို့ ပါတယ်။ ၀န်ခံကတိ ဆိုတာကတော့ အချိန်မရွေး ဖမ်းဆီးအရေးယူပြီး ပြစ်ဒဏ်ချမယ်ဆိုတဲ့သဘောပါပဲ။
နေရပ်ပြန်ရောက် တော့ စစစ သုံးလုံး ရဲ သတင်းတပ်ဖွဲ့ ၊ နယ်မြေရဲတွေက ခေါ်ယူစစ်ဆေးခြင်းကို ခဏခဏခံ ရပါတယ်။ ရဲစခန်းကခေါ်လိုက် ရဲသတင်းတပ်ဖွဲ့ ကခေါ်လိုက်၊ စသုံးလုံး ခေါ်လိုက်၊ စစ်တပ်ကခေါ်လိုက်နဲ့ အစစ်ဆေးခံရတယ်။
ဘုန်းကျော်။ ။ သူတို့ ထု သေးလား။
ကိုတိုးနိုင်။ ။ နောက်တော့ ၂၀၀၅-ခုနှစ် ၂-လပိုင်းလောက်မှာ ထောက်လှမ်းရေးဟောင်းတွေကို ပြန်လည်ပြီး လိုက်လံဖမ်းဆီးတာကို သိရတော့ ထွက်ပြေးလာပါတယ်။ ရိုက်တယ်ထုတယ်။ ရေမတိုက်ဘူး။ အစာ အငတ်ထားတယ်။ တရာခံစစ်သလို အစစ်ပြန်ခံရတယ်။
ဘုန်းကျော်။ ။ အကိုတို့ထောက်လှမ်းရေးကဆိုးတာကိုး။ ထုမှာပေါ့။
ကိုတိုးနိုင်။ ။ ဒါကလည်း လူတိုင်းမဟုတ်ပါဘူး။ ကျနော်တို့ ဆို သူများအပေါ်ကို ကောင်းခဲ့တာပါပဲ။ ဘိန်း မိလို့ လည်း လွတ်အောင်ကူညီဖူးတယ်။ NLD နဲ့ ပါတ်သက်လို့ လည်း ထောင်မကျအောင် ကယ်ခဲ့ဘူးတယ်။
မြိတ်မှာနေတုန်းက ခေါတရည ဆိုတာရှိပါတယ်။ အဓိကတော့ ဆန့် ကျင်ဘက်စာစောင်တွေ ကပ်တယ်ဆိုပါတော့။ ဒါကို သူ့ လက်ဝယ်မှာမိခဲ့တယ်။ ဒါပေမယ့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေရဲ့ တူဖြစ်နေတော့ ပိုင်ရှင်မယ့် လုပ်ပေးခဲ့တယ်ဆိုပါတော့။
ဘုန်းကျော်။ ။ ဦးခင်ညွန့်က လူကောင်းလား။
ကိုတိုးနိုင်။ ။ ကောင်းပါတယ်။
ဘုန်းကျော်။ ။ ဘာတွေကောင်းလဲ။
ကိုတိုးနိုင်။ ။ အင်း ... ထောက်လှမ်းရေးနှင့်ပါတ်သက်လို့  အဓိကလုပ်ဆောင်သွားတာက ဒုညွန်ချုပ် ကျော်ဝင်း။ ဦးသန်းရွှေ၏ မွေးစားသားပါ။ တရာခံအစစ်က ကျော်ဝင်းပါပဲ။
ဘုန်းကျော်။ ။ ဟုတ်လို့လား။
ကိုတိုးနိုင်။ ။ နယ်စပ်ကိစ္စတွေမှာ အဓိကဖြစ်ပြီး နောက်ဆုံး ထောက်လှမ်းအဖွဲ့  နစက ဆိုတဲ့ နယ်စပ်ဒေသစစ်ဆေးရေးကွပ်ကဲမှု စစ်ဆေးရေးဌာနချုပ် ဖွင့်ပြီးတာနဲ့  ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါ။ ဦးခင်ညွန့် ကတော့ သဲထဲရေသွန်ဖြစ်ရတယ်ဆိုပါတော့။ နောက်ဆုံးတော့ လာဘ်စားမှုနဲ့  စွပ်စွဲပြီး အမိန့် မနာခံမှု စစ်စည်းကမ်းဖောက်ဖျက်မှုစသည်ဖြင့် ထောက်လှမ်းရေးတစ်ခုလုံးကို အမြစ်ပါ မကျန်ဖျက်ဆီး ထောင်ချလိုက်တာပါပဲ။
ဘုန်းကျော်။ ။ အဲ..တုန်းက အရမ်းခိုးသလိုဖြစ်တာကိုး။
ကိုတိုးနိုင်။ ။ တိုင်းမှူး၊ တပ်မမှူး ၀န်းကြီးဌာနအသိးသီးမှာ ရှိတဲ့ အကြောင်းကို ထောက်လှမ်းရေးက တန်ပြန်လိုက်တော့ အကုန်လုံးပေါ်ကုန်မယ်လေ။ ဒါကြောင့် ဦးခင်ညွန့် ကို အပြတ်သတ် ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။
ဘုန်းကျော်။ ။ ပြီးတော့ အကိုတို့က အရမ်းချမ်းသာပြီး ကျန်တဲ့ရဲဘော်တွေ ငတ်နေကြပြီ...ဒီလိုဖြစ်နေတာကို ရဲဘော်တွေ မကျေနပ်ကြဘူး။ ဒါကြတော့ ဘယ်လိုပြောမလဲ။
ကိုတိုးနိုင်။ ။ ဒါကလည်း လုပ်ရတဲ့လုပ်ငန်းတွေက အကျိုးဆက်တွေပါ။
တစ်ချို့ ကတော့ ထင်တာပေါ့။ ထောက်လှမ်းရေးတစ်ဦးက မြို့ ပြ လူထုနဲ့ ဆက်ဆံရတယ်။
ဆက်ဆံရတဲ့အပေါ်မှာ သတင်းရယူမှုလိုအပ်တယ်။ အဲ့တော့ စီးပွားသမားတွေကလည်း အပေးအယူ အကျိုးဆက်နဲ့ အလုပ်လုပ်တယ်။ သတင်းလည်းရတယ်။ စီးပွားအတွက်လည်း ရတယ်ဆိုတော့
စီးပွားသမားကလည်း ထောက်လှမ်းရေးကိုပေါင်းပြီးပေါ့။ ပေါင်းပြီဆိုမှာတော့ စီးပွားသမားတွေ အထုပ်နဲ့  လာပြီဆိုပါတော့။
ဘုန်းကျော်။ ။ ဆိုလိုတာက အကိုက ဒီလိုနည်းလမ်းနဲ့ ငွေရတာပေါ့။
ကိုတိုးနိုင်။ ။ ဒါကလည်း ငယ်သားဆိုတာ ငယ်သားအဆင့်ပါပဲ။
ဘုန်းကျော်။ ။ အထက်လူကြီးကျတော့ကော။
ကိုတိုးနိုင်။ ။ ကြီးလေ ရလေပေါ့။
ကိုတိုးနိုင်။ ။ ဘယ်နေရာမဆိုလုပ်ပိုင်ခွင့်ရှိပြီဆို အပေးကမ်းနဲ့ ချည်းကပ်ကြတာ သဘောတရားပဲမဟုတ်လား။
ဘုန်းကျော်။ ။ ဟုတ်တယ်။
ဘုန်းကျော်။ ။ အခု အမေရိကမှာ ရှိတဲ့ ဦးအောင်လင်းထွတ်ကြတော့ကော။ သူက ဦးခင်ညွန့်လူလား။
ကိုတိုးနိုင်။ ။ ဟုတ်ပါတယ်။ စစ်သံမှူးတိုင်းက ထောက်လှမ်းရေး တန်ပြန်အထူး ကျွမ်းကျင်သူများကိုသာ စေလွတ်ပါတယ်။
ဘုန်းကျော်။ ။ အကိုတို့ ရဲဘော်တွေကို သူတို့ ပြန် မကူညီဘူးလား။
ကိုတိုးနိုင်။ ။ သူတောင်မှ အစောင့်အကြပ်များနဲ့  ရှိနေတယ်လို့ ကြားရတယ်။ အခုနောက်ပိုင်းမှ ချောင်လာတယ်လို့ ပြောသံကြားတယ်။ အဆက်အသွယ်တော့ မရပါဘူး။ ဦးအောင်လင်းထွတ်က နိုင်ငံရေးခိုလုံခွင့်တောင်းပြီးနေနေတာပါ။ သံသရရှိရင် သူလည်း အသက်ရှည်မှာတော့မဟုတ်ပါဘူး။
ဘုန်းကျော်။ ။ နေပါအုံး...အကိုတို့အချင်းချင်း အဆက်အသွယ်မရဘူးလား။
ကိုတိုးနိုင်။ ။ မရပါဘူး ...
ဘုန်းကျော်။ ။ အရင်တုန်းက အကိုတို့ နှိပ်စက်ညှင်းပန်းတာ ဟုတ်လား။
ကိုတိုးနိုင်။ ။ အကိုတို့ ကတော့ မလုပ်ခဲ့ပါဘူး။ ဘာပြုလို့ လည်း ဆိုတော့ အကိုတို့ က ရုံးမှာထိုင်ရတာများပါတယ်။
ကိုတိုးနိုင်။ ။ ရပ်ကွက်တွေ ရွာတွေ နယ်တွေမှာတော့ တစ်ချို့ တော့ ကန်မယ် ထိုးမယ်ကြိတ်မယ်ပေါ့။ ရှိပါတယ်။ ဒါကလည်း ထောက်လှမ်းရေးဆိုတဲ့ အရှိန်ဝါကြောင့် လုပ်ကြတာပါ။ သာမန်သာဆို ဘယ်သူပြုရဲမလဲပေါ့။
ဘုန်းကျော်။ ။ တချို့ စစ်ဗိုလ်ချုပ်တွေနဲ့ပက်သက်တဲ့ အမှု့ တွေကြတော့ ဘယ်လိုစုံစမ်းလဲ။
သိသေလောက်ပေါ့။
ကိုတိုးနိုင်။ ။ ဗိုလ်ချုပ်တစ်ဦးရဲ့  ကိုယ်ရေးအချက်လက် ထောက်လှမ်းရေး (၇)ပုံစံကို ဖြည့်စွတ်ပါတယ်။
အဲ့မှာ မကောင်းတာ ကောင်းတာကို အကုန်သိရပါတယ်။
ဘုန်းကျော်။ ။ မှတ်မိသလောက် အကိုပြောဗျာ။
ကိုတိုးနိုင်။ ။ မကောင်းတာဆိုတာကတော့...ဗိုလ်ချုပ် မဖြစ်ခင် က တပ်ရင်းတပ်ဖွဲ့ မှာ ဖြစ်ခဲ့တဲ့ ... ငါးခိုးလှေ ဖမ်းမိပြီး ငွေတောင်းပစ္စည်းသိမ်းပါတယ်။ ပိုင်ရှင်မကျေနပ်လို့  တိုင်းမှူးကိုတိုင် .. တိုင်းမှူးက စုံစမ်းစစ်ဆေးရေးဖွဲ့  .. ပြီးတော့ .. အရေးယူအပြစ်ပေးတယ်။ အရေးယူတာကို သက်ဆိုင်ရာ မှတ်တမ်းရုံး ဘောက်ထော်ကို ပို့ ရတယ်။ အဲ့မှာ တပ်စာရေးများနဲ့ ပေါင်းပြီး ပြစ်မှုအစီရင်ခံစာဖျောက်ပေါ့။ မှတ်တမ်းမှာတော့မပါဘူး။ ဗိုလ်ကြီးဘ၀က တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မှာတော့ ကျန်နေတော့ ဘူးပေါ်သလိုပေါ်ပေါ့။
ဘုန်းကျော်။ ။ ဟာ...
ကိုတိုးနိုင်။ ။ ဒါပေမယ့် အရာရှိအချင်းချင်းကြတော့ တော်တော် ကိုကြည့်ပါတယ်။ အကိုကြီး ညီလေးနဲ့  ဆင့်ကဲ ဆင့်ကဲ လုပ်ဆောင်သွားတယ် စစ်တက္ကသိုလ်ဗိုလ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ ရှေ့ နောက် တော်တော်ကို ထိန်းပါတယ်။ တော်ရုံပြစ်မှုဆို ပျောက်ကွယ်သွားတယ်။
အဲ ကိုရွှေဘော်ဘော်ဖြစ်ပြီဆိုရင်တော့ သေဖို့ သာပြင်ပေတော့ပေါ့။
ဘုန်းကျော်။ ။ ဟား....ထင်သားပဲ။
ကိုတိုးနိုင်။ ။ ဥပမာတစ်ခု ပေါ့ ... ကိုယ့်ညီလည်း ကြားမိမှာပါ ..တာချီလိတ်မှာ ထိုင်းရဟတ်ယာဉ်ကို လက်နက်ကြီးနဲ့ ပြစ်တဲကိစ္စပေါ့...ရှေ့ တန်းစစ်ဆင်ရေးမှာ ဘယ်ရဲဘော်ကနေ အထက်အရာရှိအမိန့် မရပဲ ပစ်လို့ ရမလဲ ပစ်မိန့် ပေးတာက ဗျူဟာမှူး ... ခံရတော့ ရဲဘော် နဲ့ ဗိုလ်ကြီးတစ်ဦး စုံစမ်းစစ်ဆေးရေးလုပ်မယ်ဆိုလျှင် ဗျူဟာမှူးက အနည်းဆုံး စစ်သက်လျော့ခံရမယ် ဒါမှမဟုတ် အရပ်ဘက်ကိုပြောင်းရမယ် ဒါမှမဟုတ် အလုပ်ပြုတ်ထောင်ကျရမယ်လေ အဲ့တော့ ဗျူဟာမှူးဘာဖြစ်လဲ နေရာပြောင်းလိုက်တာပဲရှိမှာပေါ့။ လက်အောက်ငယ်သားတွေပဲ ခံရတယ်။ ထောင်ကျတယ်။ ဘ၀ဆုံးရှုံးတယ်။
စစ်ဗိုလ်မှူးကြီးတွေ ဗိုလ်ချုပ်တွေပဲ ကောင်းစားတယ်။ ရဲဘော်ဆိုတာကတော့ ဘယ်နေရာ ဘယ်တပ်ကြည့်ကြည့် အူမတောင့်ရုံနဲ့  အူစိုရုံ သာရှိပါတယ်။ အခုလည်းကြည့်လေ ... စစ်သားတွေကို ယူအန်ကနေ ဟိုးလုပ်ထားတယ်... ပြေးလာချင်တဲ့ စစ်သားတွေက ဒူးနဲ့ ဒေးပါပဲ။ ၂၀၀၉ - နောက်ပိုင်း ယူအန်ကို ထိုင်းအစိုးရက စစ်သားများနဲ့ ပက်သတ်လို့  ဟန့်တားချက်ရှိတယ်။
ဘုန်းကျော်။ ။ အကို ခုနကပြောတဲ့...ဒုညွှန်ချုပ် ဦးကျော်ဝင်းလေ။ သူက ရေကြည်အိုင်မှာနေသေးတယ်မှတ်လား။
ကိုတိုးနိုင်။ ။ ဟုတ်ပါတယ်။ ဒုတိယပြစ်ဒဏ်အများဆုံးပေးရမှာက ဦးကျော်ဝင်း ပါ။ ကွင်းလုံးကျွတ်လွတ်သွားတယ်လေ။
ကိုတိုးနိုင်။ ။ ဦးကျော်ဝင်းက ဦးရွှေးမန်းတို့ မျက်နာပေါက်ပါပဲ။
ဦးကျော်ဝင်းကတော့ ၀တယ်
ဘုန်းကျော်။ ။ ကိုတိုးနိုင်တို့ ရဲဘော်တွေ အတော်များလား။ ထောက်လှမ်းရေးပြုတ်တဲ့ချိန်မှာ။
ကိုတိုးနိုင်။ ။ များပါတယ်။ ၁၀၀ ကျော်ပေါ့။ ၇-ဦးထောင်ကျတယ်။
ဘုန်းကျော်။ ။ သူတို့ကိုကော ဘယ်သူတွေကယ်မလဲ။
ကိုတိုးနိုင်။ ။ ဘယ်သူမှမကယ်ပါဘူး။ ပြစ်ဒဏ် အတိုင်း ကျခံကြရတယ်။ ကယ်မယ့်သူမရှိဘူး။ တပ်မှူးတွေထောင်ကျမယ့်ကိစ္စမှာ ရဲဘော်တွေကို အစားထိုးလိုက်တဲ့သဘောလုပ်သွားတာပါ။
အဲ့ဒါပြောတာပေါ့ ... ထောက်လှမ်းရေးသမားချင်းအတူတူ အမည်ခံတယ်။ အရာရှိတော်တော်များများကိုကြတော့ လွတ်တယ်တဲ့ ။ ဒု-ညွှန်ချုပ် ကျော်ဝင်းတောင် ကွင်းလုံးကျွတ် လွတ်တယ်ဆိုမှတော့လေ။ အချင်းချင်းအပေါ်တောင် ဦးသန်းရွှေက ဂုတ်သွေးစုတ်ခဲ့ပြီပဲ။ ပြည်သူတွေဆိုတာတော့ မပြောနဲ့ တော့ပေါ့။
ဘုန်းကျော်။ အကို တပ်မတော်သားတွေကို ဘာပြောအုံးမလဲ။
ကိုတိုးနိုင်။ ။ ဘ၀ တူတွေမို့  အထက်ကအမိန့် ဆိုပြီး အသက်မသေရုံ ကျွေးထားတဲ့  ထမင်းက စစ်တပ်ကျွေးတာမဟုတ်ကြောင်းနဲ့  ပြည်သူကကျွေးသည့် ထမင်းကို ကျေးဇူးမကန်းပဲ အချိန် အမြင်မှန်ဖြင့် အမှန်တရားကို အမှန်တိုင်းရဲရဲဝံ့ဝံ့ ပြောခွင့်ရဖို့  အချိန်တန်ပြီလို့  ပြောပေးပါ။
ဘုန်းကျော်။ ။ ကိုတိုးနိုင်ရဲ့  စစ်ဝတ်စစ်စားနဲ့ ပုံရှိလား။
ကိုတိုးနိုင်။ ။ မပါလာဘူးကိုယ့်ညီရေ...။ ပြေးလာဆိုတော့ ကိုယ်လွတ်ရုန်းခဲ့ရတာပါ။
၎င်းမိသားစုနှင့်အတူ စစ်ထောက်လှမ်းရေးဟောင်း တပ်ကြပ်ကြီး ကိုတိုးနိုင်သည် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုတွင် ၂၀၀၄-ခုနှစ်မှ စတင်၍ခိုလှုံနေပါသည်။
5/10/11
ဆိုင်းကြိုက်တဲ့မောင်...
အရက်မှုးပြီးတော့မှ ကြည့်ပါ။ တကယ် မြူးတာကို တွေ့ရပါလိမ့်မယ်။ ကိုကြီးကျော်လည်း ပျော်သပ။
"ဆဲ,သာဆဲ"
စာရေးတဲ့လူတိုင်းကို လေ့လာကြည့်တဲ့အခါမှာ သူတို့ရေးတဲ့စာတွေကို အနုအရွ၊ အလွမ်းအဆွေး၊ စကားလုံးလှလှလေးတွေသုံးပြီး စာရေးကြတာကို အထူးသတိထားမိတယ်။ ဘယ်အကြောင်းအရာပဲရေးရေး သူတို့တွေဟာ ယဉ်ကျေးစွာရေးကြတယ်လို့ ပြောကြတယ်။ ထူးခြားတာတစ်ခုက ဘယ်စာရေးဆရာကမှ ဆဲ,တဲ့စာကို မရေးကြဘူး။ ကိုယ့်စာထဲမှာ လီး လချီး၊ ငါလိုးမသားဆိုတဲ့ စကားလုံးတွေကို မသုံးကြဘူး။
အဲ...သို့သော် သူတို့အပြင်မှာ သူတို့ဒေါသထွက်ပြီဆိုရင်တော့ မိုက်မိုက်ရိုင်းရိုင်းကိုဆဲပါလေတော့တယ်။ ဒါကို ကျနော်က သဘောမကြဘူး။
လူကြီးတွေက လူငယ်တွေကို ဆဲတဲ့အခါမှာ ရိုင်းတယ်လို့မပြောကြဘူး။
လူငယ်က လူကြီးကို ဆဲ တဲ့အခါမှာတော့ ဒီကောင်အတော်ရိုင်းတယ်လို့ သမုတ်ကြပြန်ရော။ ဆိုတော့ ဘယ်သူက ရိုင်းတာလဲလို့ မေးရမလိုဖြစ်နေပြီ။
ကျနော့်ကို လူကြီးတွေ ခဏခဏ ဆဲဘူးတယ်။ မိုက်မိုက်ရိုင်းရိုင်းကို ဆဲတယ်လို့ ကျနော်တော့ပြောချင်တယ်။ သို့သော် ကျနော်တခါမှ ပြန်မဆဲခဲ့ဘူး။ အရင်တုန်းကပေါ့။ အခုတော့ ဆဲ ပြီ။ သူများတွေလို လူကွယ်ရာမှာ မဆဲတော့ဘူး။ လူရှေ့ သူရှေ့ မှာကော စာရေးတဲ့အခါမှာကော ဆဲ တက်လာပြီ။ ကျနော့်ရဲ ဆဲ နည်းကို ကျနော်က တော်လှန်သောဆဲရေးတိုင်းထွာခြင်းလို့ အမည်ပေးမယ်။ ရှင်းရှင်ပြောရင် ပေါ်တင်ဆဲတယ်။ မကြိုက်ရင် လဲသေလိုက်ပေါ့။
တခါတုန်းက Perth မှာ ၂၀၁၀-ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုလုပ်တယ်။ Perth မြို့ ရဲ့ မြို့ လယ်ခေါင် လူစည်ကားရာနေရာမှာဖြစ်တယ်။ ဒီပွဲကို လက်ရှိသြစတျေးလျနိုင်ငံ အထက်လွှတ်တော်အမတ် ဖြစ်သူ စကော့လူလမ်၊ စီးပွားရေးပညာရေးရှင် ဒေါက်တာမျိုးညွှန့်၊ ကရင်လွှတ်မြောက်ရေးအဖွဲ့က လူကြီးတွေအပါအ၀င် မြန်မာအင်အားစု ၂၀-လောက် လာကြတယ်။ ထုံးစံအတိုင်းတစ်ယောက်တစ်လှည့် စင်ပေါ်တက်ပြီး ၂၀၁၀-ရွေးကောက်ပွဲအကြောင်းကို အာ,ကြတာပေါ့။
ကျနော့်ဆရာ ဒေါက်တာမျိုးညွှန့်က ဟေ့ကောင်...ဘုန်းကျော် မင်းတက်ပြီး ပွားကွာဆိုလို့ ကျနော်လည်း အားမကျခံတက်ပြီး ဘိုလိုနဲ့ မြန်မာလိုပွားပါလေရော။ ပွားရင်းပွားရင်းနဲ့ ဒေါသကထွက်၊ အသံကကျယ်ကျယ်နဲ့ ဆိုတော့ လူတွေအာရုံစိုက်တာ ခံနေရပြီ။ ဘေးကလူတွေက ဒီကောင်ရှုးနေသလားဆိုပြီး ကွက်ကြည့်ကွက်ကြည့်နဲ့။
Perth မြို့ မှာ မြန်မာဒုက္ခသည်တွေ ၈၀၀၀-ကျော်လောက်ရှိတယ်။ ဆန္ဒပြပွဲကို မြန်မာ ၂၀-ယောက်လည်းပဲလာတယ်ဆိုတော့ ကျနော်ကမြန်မာတွေကို အတော်တင်းနေတယ်။ ဒီမှာတင် ဒေါသထွက်ပြီး မလာတဲ့လူတွေကို လီး, ပဲဆိုပြီး ကျနော် စင်ပေါ်ကနေ အားရပါးရဆဲပါလေရော။
ကျနော့်ဆရာဒေါက်တာမျိုးညွှန့်က ပြုံးစိစိနဲ့လက်ကုတ်ပြီး တော်တော့ဆိုလို့ ကျနော်ရပ်လိုက်တယ်။
စင်အောက်ကလူတွေက ကိုယ့်ထက် အသက် ၂၀-ကျော်လောက်ကြီးတဲ့လူတွေ အများစု။ သူတို့လည်း မျက်နှာဘယ်လိုထားရမှန်းမသိဘူး။ ပွဲလည်းပြီးရော ABSDF ရဲဘော်ဟောင်း ကိုသီဟရွှေနဲ့ ရန်ဖြစ်ပါလေရော။ မင်း ဒီလိုမဆဲရဘူးကွ..ဘာညာနဲ့။ မင်းဒီလိုလုပ်မယ်ဆိုရင် ငါ,မင်းတို့လုပ်တဲ့ပွဲကို မလာတော့ဘူး...ဘာညာနဲ့စိတ်ဆိုးပြီး တင်းပါလေရော။
ဒါက လူရှေ့ စင်ပေါ်မှာ တကယ် ဆဲ တဲ့ ကျနော်ဘုန်းကျော်ပါ။ အချဉ်တော့မဟုတ်ပါဘူး။
ဆဲ,တာကောင်းသလားဆိုတော့ မကောင်းဘူး။ ရိုင်းလို့မဟုတ်ပါ။ မခံနိုင်လို့ ဆဲ မိတာလို့ပြောချင်ပါတယ်။ စစ်တပ်ထဲမှာဆိုရင် အားလုံး ဆဲ တက်တယ်။ အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဆိုရင် တအား အဆဲတော်တဲ့ လူတစ်ယောက်ပါ။ တပ်ထဲမှာ ဆိုရိုးစကားတစ်ခုရှိတယ်။ ညစ်ပတ်မှ အရစ်ကပ်ပါတယ်ဆိုတဲ့စကား။ တချို့ ဆိုရင် ကိုယ့်အထက်အရာရှိက ချစ်လွန်းလို့ ချစ်ဆဲ ဆဲတာတောင်ရှိတယ်။ မနာကြဘူး။ ဥပမာ ငါလိုးမသားလေး၊ မအေးပေးလေးဆိုတဲ့ ချစ်ဆဲလေးပေါ့။
အရမ်းအဆဲသန်တဲ့ ဘုန်းကြီးတွေလည်း တွေ့ ဘူးတယ်။ မနက်မိုးလင်းတာနဲ့ သူ့ကျောင်းက ကိုရင်တွေကို ဆဲပြီးခိုင်းတယ်။ စိတ်ဆိုးလို့မဟုတ်။ ၀ သီ ကိုက အကျင့်ပါနေတော့ သူဆဲတာကို ဘယ်သူမှမနာဘူး။ လူ သစ်တွေကတော့ ထင်မှာပေါ့။ အရမ်းရိုင်းတယ်လို့။
ကျနော်တို့ လေးစားရတဲ့ ၈၈-မျိုးဆက်အကိုကြီးတွေဆိုရင် ကျနော့်ကို တအားဆဲတယ်။ ကျနော်ပြန်မဆဲခဲ့ဘူး။ ငရဲကြီးမှာကြောက်လို့။ ဒါကိုအခွင့်ကောင်းယူပြီး သူတို့အတင့်ရဲလာတော့ ကျနော်လက်တုန့်ပြန်ရပြီပေါ့။ နောက်မလုပ်ရဲအောင်။ ငယ်ငယ်လေးကတည်းက ဆဲ နည်းပေါင်းသောင်းခြောက်ထောင်နဲ့  ရင်းနှီးပြီးသားပဲဆိုတော့...ဒီလောက်တော့အပျော့ပေါ့နော်။ ဒါက ဗမာပြည်မှာ သင်ထားခဲ့တာပဲရှိသေးတယ်။ သြစတျေးလျနိုင်ငံမှာတောင် စကောလားရှစ်နဲ့ ဘိုလို ဆဲ နည်းသင်ရသေးတယ်ဗျာ။ ဆိုတော့ ဆဲ တာဘယ်လောက်ကျွမ်းလဲဆိုတာ သိလောက်ပြီ။
မိုင်းမှာ အလုပ်လုပ်တော့ ပိုဆိုးသွားတယ်။ မိုင်း ဆိုတာကလည်း သိတဲ့အတိုင်း လူ ကြမ်းတွေနေတဲ့နေရာလို့ပြောလို့ရတယ်။ Drillers တွေဆိုရင် တအား ဆဲတယ်။ သူတို့ပါးစပ်က Fuck နဲ့ Shit မပါရင် ပေါင်မုန့်စားလို့မ၀င်ဘူး။ ဒီလောက်ထိ ဆဲတာ။ Pussy၊ Cunt၊ Dickhead၊ စတဲ့ အောက်ပါပစ္စည်းတွေလည်း အရမ်းသုံးတယ်။ စကားတစ်လုံးပြောတိုင်း ဆဲနည်း တခုခုတော့ပါတယ်။ သူတို့အားလုံးက ဒီအတိုင်းဖြစ်နေတော့ ဘယ်သူမှ သူတို့ဆဲတာကို မနာကြဘူး။ စိတ်မဆိုးကြဘူး။
အရမ်းယဉ်ကျေးလွန်းတဲ့ မြန်မာတွေကိုပြောချင်တယ်။ ဆဲ တာတော့မကောင်းဘူးပေါ့။ သို့သော် ဆဲ သင့်တဲ့အခါ ဆဲတာဟာ ရိုးသားတယ်လို့ပြောလို့ရနိုင်တယ်။ တခါတလေဆဲတာ ဘာဖြစ်လဲ။ စာထဲမှာ ဆဲရေးတိုင်းထွားတာ ဘာဖြစ်လဲ။ အပြင်မှာတောင် လူတွေဆဲသေးတာပဲ။ စာထဲမှာ ဆဲတာကြတော့ ရိုင်းတယ်ထင်ရင် သေလိုက်ပါတော့လို့ပြောရမလိုဖြစ်နေပြီ။
"ဘင်လာဒင်သေတာ ဗလီမတက်လို့ပါ"
မြန်မာမွတ်စလင်တစ်ယောက်က ကျနော့်ကိုမေးတယ်။ ဘာ့ကြောင့် ဘင်လာဒင်သေရတာလဲတဲ့?
ကျနော်က " ဟ...သေမှာပေါ့ သူမှ သောကြာနေ့တိုင်း ဗလီမတက်တာ"
5/8/11
အမေ့ကိုချစ်တဲ့သား
အမေ…ဒီလိုနေ့မျိုးမှာ သားနဲ့အတူအရှိနေသင့်ဆုံးသူဟာ အမေပဲလို့အမေမသိဘဲနေ
မှာတော့မဟုတ်ပါဘူးနော်။ဒီနေ့ပေါ့။ဟုတ်တယ်..အမေ ဒီနေ့မှာ အမေဟာသားအ
တွက်နဲ့ ချွေးသီးပေါက် ကြီးငယ်ကျခဲ့ဘူးတယ် ဆိုတာလေ။အမေက သားကို အကြီးဆုံး
သားဆိုပေမဲ့ မနှစ်ကအမေမဆုံးပါးခင်အချိန်ထိ သားငယ်လေးလို့ပဲ ခေါ်ခဲ့တာ။သားလူ
ကြီးဖြစ်နေပြီအမေလို့သားကပြောတဲ့အချိန်မှာ ဟုတ်ပါတယ် သားငယ်လူကြီးလေးရယ်
လို့ပြုံးစိစိနဲ့ကြည့်ပြီးအမေပြန်ပြောခဲ့တယ်။သားမှာသားသမီးကျောထောက်နောက်ခံ
ဆိုတာ မရှိသေးပေမဲ့သားနားလည်ပါတယ်အမေ။သားအသက်ဘယ်လောက်ကြီးကြီး၊ 
သားအရွယ်ဘယ်လောက်ရောက်ရောက်၊သားရဲ့ဂုဏ်ဒြပ်တွေ ဘယ်ထိမြင့်မြင့် 
အမေ့ရဲ့မျက်ဝန်းအိမ်ထဲသားဟာအမေ့အတွက်ကလေးငယ်လေးတစ်ယောက်ဆိုတဲ့
အမြင်ကို မပြင်နိုင်သေးဘူးဆိုတာလေ။
5/7/11
မျက်နှာကွဲသွားအောင်ထိုးချင်နေတယ်
ကျနော် လူတစ်ယောက်ကို အရမ်းထိုးချင်နေတယ်။ စိတ်က ဘယ်လိုဖြစ်လဲမသိဘူး။ ဖြစ်နိုင်ရင် အဲဒိလူ့ရဲ့ မျက်နှာကို ကွဲသွားအောင်ထိုးချင်နေတယ်ဗျာ။
4/27/11
ကိုအောင်မျိုးမင်းရဲ့ တုန့် ပြန်ချက်
4/26/11
"လမ်းပျောက်"
ခြေတို လူပန်း
လူအို လမ်းပျောက်
အမော ဖောက်တော့
သစ်ရိပ် ပင်ရင်း
မြက်ခင်း ပြင်ဝယ်
မှေးအိပ် ပျော်ရင်း
အိမ်မက် ထဲက
အမေ့အိမ်ဆီ ပြန်ခဲ့တယ်။
ကိုကျော်ဝင်း (အယ်ဒီတာ လမ်းသစ်ဂျာနယ်) မလေးရှား
အမေရိကမှ ယောက်ဖ၀ယ်ပေးတာ
ဘော်ဒါတို့ရေ...ယနေ့ကာလမှာ ရေပန်းစားတဲ့ စကားတခုရှိတယ်ကွဲ့ ။ ဒီစကား ကတော့....."အမေရိကမှာရှိတဲ့ ယောက်ဖ ၀ယ်ပေးတာ" ဆိုတဲ့ ဟာသလေးပါ။
လက်ရှိထိုင်းအခြေစိုက်အတိုက်အခံ ၈၈-မျိုးဆက် ခေါင်းဆောင်ဟုခေါ်သော ငကြောင်တွေဟာ ထိုင်းဘတ်ငွေ သုံးလေးသိန်းတန် ကားကြီးကားကောင်း၊ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေသတဲ့ကွယ်။ အားလုံးတော့မဟုတ်ပါဘူး။
သူတို့က သူများရီရအောင်ဒီလိုလည်း ပြောတက်တယ်ကွဲ့ ။
"အမေရိကားမှာရှိတဲ့ ငါ့ယောက်ဖက ၀ယ်ပေးတာ" 
ဒါနဲ့ပက်သက်ပြီး "သူများယောက်ဖတွေတော့ အတော်ကောင်းကွာ" ..RFA က လူကြီးတစ်ယောက်က မနေ့က ဒီလိုပြောတယ်။
ကဲ...ဘာဘဲဖြစ်ဖြစ် သူများတွေကားကြီးကားကောင်း အိမ်ကြီးအိမ်ကောင်း NGO က ရတဲ့ငွေနဲ့ နေနိုင်တာကို မနာလိုမဖြစ်ပါဘူး။ သို့သော်...ဒီလိုသူခိုးတွေ တော်လှန်ရေးမှာ ကြီးစိုးနေတာကို ဒေါသထွက်လို့ပါဗျာ။
4/25/11
ဆိုင်းဘာဘာက မျည့်လှည့်ဆရာလား၊ တန်ခိုးရှင်လား
ဘီဘီစီ ဦးသန်းရဲ့ သတင်းတွေ လံကြုပ်,တွေဖြစ်သည်
BBC Burmese Web
မျိုးချစ်တပ်မတော်ကွန်ယက်အဖွဲ့ကိစ္စလည်း ဒီအတိုင်းပါပဲ။ ယူဂျီလုပ်ငန်းနဲ့ဆက်နွယ်သူတို့ လုပ်ကြံပြီး ဘီဘီစီကို အသုံးချလေတယ်လို့မြင်မိတယ်။ ဘီဘီစီကလည်း သိရက်နဲ့ တင်ပေးတာလားမသိ။ ဘာပဲဖြစ်ဖြစ် ဦးသန်းကတော့ သတင်းတပုဒ်တက်တိုင်း စတာလင်ပေါင် ရပါ၏။
မီဒီယာနဲ့ ဆိုက်ဝါးလုပ်တဲ့ လူတွေကို သတိပေးချင်တယ်။ ဒီလိုကောလဟလတွေလုပ်ရင် မီဒီယာနဲ့ အတိုက်အခံကို ပိုပြီးအထင်သေးသွားပါလိမ့်မယ်။ ယုံကြည်မှု မလိုချင်ရင်တော့ ဆက်လုပ်ကြပေါ့။
ဘုန်းကျော်
----------------------------------------------------------------------
နေမင်းသူ- 25/,Apr, 2011
ဟစ်တိုင်
ခုတလော ဘီဘီစီသတင်းဌာနမှာ ဆက်တိုက်လိုလိုလွှင့်နေတဲ့ တပ်တွင်းပစ်ခတ်မှုသတင်းတွေ၊ မျိုးချစ်တပ်မတော် ကွန်ရက် ဆိုတဲ့သတင်းတွေ တကယ်မှန်ကန်မှုရှိ/မရှိ သေသေချာချာဆန်းစစ်ဝေဖန် ပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။
သတင်းထောက်ဦးသန်းရဲ့ ပေးပို့ချက်တွေက အချက်အလက်တော်တော်လွဲနေတယ်။
ကျနော်ဟိုင်းကြီးကျွန်းမှာ အကြာကြီးနေခဲ့တာ။ သူပြောတဲ့သတင်းအရ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာ မတွေ့ရဘူး။
နောက်ပြီးသူ့သတင်းတွေမှာ ဘယ်သူကသတင်းပေးတယ်ဆိုတာကိုလည်း တိတိကျကျ ဖော်ထုတ် ထားတာမရှိဘူး။ (သက်ဆိုင်ရာသတင်းပေးသူရဲ့ လုံခြုံရေးအရ အကာအကွယ်ပေးတယ်ဆိုတာကို လက်ခံနိုင်ပါ တယ်။)
ဒါပေမယ့် ဒီကိစ္စအပေါ်မှာ အထောက်အထားဘယ်လောက်ခိုင်မာသလဲ ဖြစ်နိုင်ခြေရော ဘယ်လောက် ရှိသလဲ ဆိုတာက အရေးကြီးပါတယ်။
နောက်ပြီး တပ်တွင်းတောင်းဆိုချက်တွေကလည်း နိုင်ငံရေးဆန်ဆန် အချက်အလက်တွေ၊ စစ်တပ်ထဲမှာ ဒီလိုတောင်းဆိုချက်ကို တပ်ရင်းမှူးကိုယ်တိုင်ကလက်ခံပြီး တိုင်မှူးဆီကိုတင်တယ်ဆိုတာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည် တွေမှာတောင် မလွယ်တဲ့ ကိစ္စ။
နောက် မျိုးချစ်တပ်မတော်ကွန်ရက်ဖွဲ့တယ် ဆိုတာက ပိုပြီး ယုတ္တိမတန် ဖြစ်နေတယ်။ တပ်တွင်း အာဏာသိမ်း ပုန်ကန်ဖို့ အထိ ရည်ရွယ်တဲ့၊ ဗိုလ်ချုပ်တွေလည်းပါတယ်ဆိုတဲ့ တပ်တွင်းကွန်ရက်အဖွဲ့ကြီးကို တပ်ကြပ်ကြီး တစ်ယောက်က လွယ်လွယ်နဲ့ သိနိုင်ပါ့မလား။
ဗိုလ်ကြီးအုန်းကျော်မြင့်တို့လက်ထက်ကတောင် ခုလောက်ထိ လျှို့ဝှက်မှုလျော့လျော့ရဲရဲမရှိခဲ့ပါဘူး။
နောက်အဲဒီလှုပ်ရှားမှုမှာပါခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့လည်း သက်ရှိထင်ရှားရှိနေတာပဲ။
ဖြစ်နိုင်ခြေ ရှိ၊မရှိ စုံစမ်းမေးမြန်းလို့ရပါတယ်။
တစ်ဘက်ရဲ့ထောင်ချောက်ထဲကို နင်းမိမှာစိုးလို့ပါ။
ကျနော့အမြင်ပြောရရင် ဒီလောက်အန္တရာယ်ကြီးတဲ့ တကယ့်လျှို့ဝှက်လှုပ်ရှားမှုကို မီဒီယာက အရင်ဆုံးသိတယ်ဆိုတာ မဖြစ်နိုင်လောက်ဘူး။ ဒီဘက်ခေတ်မှာ ပိုပြီးသိုသိုသိပ်သိပ် နေကြရတာ။
ဒါဆိုရင် ဒီသတင်းကြီးက ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ “ဆိုက်ဝါးလံကြုပ်” ဆိုတာသေချာသွားပြီ။ အကျိုးဆက် ကရော ဘာတွေဖြစ်လာ နိုင်မလဲ။
သူတို့ရည်ရွယ်ချက်က အချင်းချင်းတွေသံသယဖြစ် မီဒီယာတွေ လည်းသိက္ခာကျ နောက်ဆုံးမှာ သူ့မယုံ ကိုယ့်မယုံနဲ့ ဟင်္သာကိုးသောင်း ဇာတ်ခင်းစေချင်တာလား မသိ။
ကျနော်မြင်တာကတော့ ဆိုက်ဝါးဆိုတာ လှုပ်ရှားမှုနဲ့အံဝင်ဂွင်ကျ ဖြစ်တဲ့အခါ ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေတယ်။
၁၉၈၈ လူထုအရေးတော်ပုံအတွင်းက အင်းယားကန်ဘောင်ကိစ္စ၊ ရေတပ်နဲ့လေတပ်က စစ်ရုံးကို ဗုံးကြဲမယ် အမြောက်နဲ့ပစ်မယ် ဆိုတဲ့ ဆိုက်ဝါးကြောင့် ပြည်သူလူထုအတွင်းသာမက စစ်တပ်တွင်းမှာပါ အတော်ကြီးကို လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားတယ်။
လူထုတွေ မခံမရပ်နိုင်ဒေါသတွေ ပေါက်ကွဲပြီးလမ်းပေါ် ထွက်လာတယ်။
(ရေတပ်၊လေတပ် သတင်းကိုထုတ်တယ်လို့ စွပ်စွဲခံရတဲ့ ကိုသန်းနိုင်(ပုဂံ) ဆိုတာက ရေတပ် အရာခံဗိုလ် တင်ညွန့် ရဲ့သား တပ်ထဲမှာကြီးလာတာ၊ တပ်အကြောင်းကိုလည်းသိတယ်)
အဲဒီနောက်ပိုင်း ကိုးလေးလုံးကိစ္စ၊ မကြာသေးခင်အတွင်းက ဖေ့စ်ဘွတ်လှုပ်ရှားမှုကိစ္စတွေ အလိုလိုတိမ်မြုပ် သွားတာကိုလည်း ထည့်တွက်သင့်ပါတယ်။
ဒါတွေဟာ အခြေအနေ အချက်အလက်မပြည့်စုံဘဲ ဆန္ဒကိုဦးစားပေး လုပ်တဲ့ရလဒ်တွေပါပဲ။ ခုကိစ္စက ပိုဆိုးတယ်။
ခုလိုတပ်လှန့်လိုက်တော့ တပ်ထဲက တကယ်လုပ်ချင်တဲ့ လူတွေအတွက် ဘောင်ကျဉ်းသွားတယ်။
လှုပ်သာရှားတာ မရှိတော့ဘူး။
တကယ့်ကွန်ရက် အစစ်က တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှ မဟုတ်ပါဘူး။
မျက်လုံးချင်းစကားပြောတာနဲ့ကို အကဲခတ်လို့ ရတယ်။
အရေးကြီးတာက ယုံကြည်မှုပြဿနာပဲ။ ယုံကြည်မှညီညွှတ်တာပါ။
ဒီထက်ပိုအရေးကြီးတာက တပ်ထဲမှာရှိတဲ့ တိုင်းချစ်ပြည်ချစ်အင်အားစုတွေနဲ့ ပြည်သူလူထုအကြားမှာ ရနိုင်သလောက်ယုံကြည်မှု တည်ဆောက်ထားဖို့ပါပဲ။
အဲ့လိုမျိုး တကယ်ညီညွှတ်ကြပြီဆိုရင် ဦးသန်းရွှေမကလို့ သူ့နေရာမှာ သိကြာမင်း ဦးမာဃ ဆိုရင်တောင် သပ်လျှိုဖြိုခွဲ ဖို့မလွယ်ပါဘူး။
မညီမညွှတ်ဖြစ်နေသူတွေကို ဘယ်လိုထိန်းသိမ်း အုပ်ချုပ်ရမလဲဆိုတာကို စစ်ခေါင်းဆောင်တွေ အထူးကျွမ်းကျင်ကြတယ်။
ညီညွှတ်မှာကိုသာ သူတို့ စိုးရိမ်တာ၊ ကြောက်တာ။ ခုချိန်မှာ ဦးသန်းရွှေ အာဏာမရှိတော့ ပေမယ့်၊ စစ်တပ်အပေါ်မှာ သြဇာအပြည့်ရှိနေတုန်း၊
ပြီးတော့ သူဟာတပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနက လာတာကိုမမေ့ကြဖို့ပါပဲ။
တိုင်းပြည်ရေးမို့ မနေနိုင်လို့သာ ရေးနေရတာ ကျနော့မှာလည်း နှစ်ဘက်ရန်ကရှိနေတယ်။ ခုလောလောဆယ် တောင်မှ ဖေ့စ်ဘွတ်ပေါ်က နုတ်တွေမှာ comment ရေးလို့မရအောင် ပြုစားထားတယ်။
နောက်ဘာထပ်လုပ် မလဲဆိုတာမပြောနိုင်သေးဘူး။ ကိစ္စတော့ မရှိပါဘူး။
ကိုယ်စေတနာသန့်ရင်၊ ကိုယ့်လိပ်ပြာကိုယ်လုံရင် လုပ်စရာတွေ၊ လုပ်ရမယ့်နေရာတွေ အများကြီးပါ။
ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်လုပ်တဲ့သမိုင်းကို ကိုယ်တိုင်တာဝန်ခံရဲရတာပါပဲ….။
View My Stats