ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
7/18/11
လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ
လမ်းပေါ်မှာ စီးတဲ့ ဧရာဝတီ
ကျနော် မငိုဘူးအမေ
အခန်းတံခါးတွေကို အလုံပိတ်
မီးပွင့်တွေ အကုန်မှိတ်ပြီး
တိတ်တဆိတ် အိပ်ခဲ့ရတဲ့ ညတွေမှာ
ငါဘာတွေ မှားခဲ့ လို့ လည်းဆိုတဲ့ မေးခွန်းတခုနဲ့ 
သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ်။
ပထမနေ့ 
မေတ္တာတရားရဲ့ ပဲ့ တင်သံတွေ
လမ်းမတွေပေါ်ကိုလွှမ်း
သံဃာတော်တွေ ခင်းနေတဲ့ လမ်းဘေးမှာ
လက်အုပ်ချီ မျက်ရည်ဝဲ
ကျနော်ရဲ့ ခြေထောက်တွေကို
ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ အမေ။
ဒုတိယနေ့ 
မိုးထဲ ရေထဲ ခြေဗလာနဲ့ 
မေတ္တာဝေ ကျတဲ့ ပွဲမှာ
လူငယ်တွေ ပြည်သူတွေ
ရွှေဝါရောင် စီးကြောင်း ဘေးက ခြံရံ
ဧရာဝတီ အသစ်းတခု
လမ်းပေါ်ကို လျှံထွက်ကျ
မေမေ ရေ အဲဒီနေ့ ကတော့
ကျနော် ကိုယ်တိုင် ဧရာဝတီ ဖြစ်ခဲ့ရပေါ့။
နောက်တနေ့ ရိုးရိုးလေးပါပဲ အမေ
အမေရဲ့ အပူကို အန်တု
ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့ 
သံဃာ့အာဇာနည် တို့ အတွက်
အုပ်တချပ် သဲတပွင့်
ကျနော် အသေအချာကို ဖြစ်ခဲ့တယ် အမေ။
ဗုဒ္ဖဘာသာ ထွန်းကားတဲ့ နိုင်ငံက
ဗုဒ္ဖဘာသာ ၀င်တယောက်ဖြစ်တဲ့ အမေ
ကျနော့်ရဲ့ လုပ်ရက်တွေ အတွက်
သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ်။
ကျနော့် စိတ်နဲ့ မတန်တဲ့ 
အချို့ သော သူတွေ့ရဲ့ အကြောင်း
အမေ့ကို စာလုံးပေါင်းပြ မနေတော့ပါဘူး။
အရူးတကာ့ အရူးထဲမှာမှ
အဆိုးဆုံးဆိုတဲ့ အာဏာရူး
ပြီးတော့ သူ့ နှုတ်မှာမှ အမိန့် ပေးခွင့်
သူ့ လက်အောက်မှာက
ငရဲ နဲ့ တောင် မတန်တဲ့ 
မိစ္ဆာတွေ
သူတို့ ရဲ့ လက်ထဲမှာက လူသတ်လက်နက်
မေမေရေ
ဒီနိုင်ငံရဲ့ အနာဂါတ် သူတို့ လက်ထဲကို
ဘယ်လိုစိတ်နဲ ကျနော်တို့အပ်ရမလည်း။
မေမေရေ
ရိုက်နှက်ခံ ဒဏ်ရာဗလာပွနဲ့ 
ပြန်လွန်တော် မူခဲ့ကြရှာတဲ့ 
သံဃာတော်အချို့ ရဲ့ ဝိဥာဉ်တွေ
ကျနော့်ကို လာစကားပြောနေတယ်။
(အရှေ့ အရပ် ရှိသော အနန္တ စကြာဝဠာအနန္တ သတ္တ၀ါတို့ 
ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြပါစေ။ ဒေါသ ခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ )
ငါတို့ မေတ္တာတရားဆိုတဲ့ အလင်းနဲ့ 
ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ်တဲ့ 
ဟုတ်တယ်အမေ
အားလုံးဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုန်းဒုန်းတီးပြီး
ညာသံပေး ချီတက်လာသံတွေ
မျက်ရည်ယိုဗုံးခွဲသံတွေ
သေနတ်ပစ်သံတွေ
အော်ဟစ် ဆဲဆိုသံတွေ
နောက်…. ကြိမ်းမောင်းရိုက်နှက်သံတွေ
အဲဒီအသံတွေ ရောက်မလာခင်အချိန်ထိ
တနိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ 
မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းခြင်းအတိ
ပြီးနေခဲ့ပါတယ် အမေ။
မေမေရေ
မိစ္ဆာတို့ ရဲ့ ကျည်တတောင့်ကို နှလုံးသားထဲ
ထိုးဖောက်ဝင်ရောက်ခွင့် ပြုလိုက်ရတဲ့ 
ကျောင်းသား တယောက်ရဲ့ ဝိဥာဉ်က
ကျနော့် ကို စကားတွေ လာပြောတယ်။
(သံဃာတော်တွေကို ကျနော် ရှစ်ခိုးတယ်။
သံဃာတော်တွေ လိုအပ်သမျှကို ကျနော် လှူဒါန်းတယ်။
သံဃာတော်တွေနဲ့ အတူ သတ္တ၀ါတွေ အားလုံးကို
ကျနော် မေတ္တာပို့ တယ်။
ကျနော် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။
ကျနော် အဖြူစင်ဆုံး စိတ်တခုနဲ့ 
အလုပ်သင့်ဆုံး အလုပ်တခုကိုပဲ လုပ်ခဲ့တာပါတ)ဲ့ ။
ဟုတ်တယ် အမေ။
ကျောင်းသားတွေ၊ွလူငယ်တွေ၊ပြ
ည်သူတွေ၊
သံဃာတော်တွေ ဖောက်တဲ့ လမ်းနောက်ကို
ပျော်လို့ လျှောက်လိုက်နေတာ မဟုတ်ပါဘူး။
အမျိုးဘာသာ သာသနာကို နားလည်လို့ 
အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့ 
အမှန်တရားဘက်က ရပ်တည် ရမယ်ဆိုတဲ့ အသိရှိခဲ့လို့ 
နောက်ပြီး တတ်နိုင်တဲ့ အားလေးတခုနဲ့ နိစ္ဆဓူဝ ဘ၀တွေထဲက
ဖြစ်ဖြစ်နေတဲ့ မဖြစ်သင့်တာတွေကို လျော့ပစ်နိုင်ဖို့ 
သိတ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့ မပို့်နဲ့ 
လမ်းပေါ်ကို ထွက်ခဲ့ကြတာပါ။
အမှားအယွင်းဆိုတာနဲ့ ဝေးတဲ့ 
အဖြူရောင် လူငယ်လေးတွေဆိုတဲ့ ရင်ဘတ်ကို
အနီရောင်သွေးတွေလွှမ်းအောင်ပ
စ်ခတ်
သူတို့ တွေ လုပ်ရက်ခဲ့ကြတယ် အမေ။
မေမေရေ
အဲဒီတော်လှန်ရေးမှာ
ဘုရားရင်ပြင်တော်တွေက အစ
စစ်မြေပြင်ဖြစ်ခဲ့ရတယ်။
သံဃာတော်တွေရဲ့ သွေးက စလို့ 
ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး
မိစ္ဆာတွေ မြိန်ရေ ယှက်ရေ သောက်သုံးခဲ့ကြတယ်။
မေမေရေ
အပြောင်းအလဲတခုအတွက်
အသက်ဝိဥာဉ်တွေ စတေးဖို့ လိုအပ်တယ်တဲ့။
ငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုအတွက်၊ အမှန်တရားအတွက်
ဒီထက်ပိုပြီး ဘယ်လောက်ထိတောင်
ထပ်ပေးဆပ်ရအုံးမှာလည်းဆိုတဲ
့အမေး။
ဖြေနိုင်သူတွေကို မေးကြည့်ပေးပါအုံး မေမေ။
မိုးပေါ်ထောင်ဖောက်ဖို့ မဟုတ်တဲ့ သေနတ်တွေ
အလှပြထားတာ မဟုတ်တဲ့ ဝါးရင်းတုတ်တွေ
အဲဒါတွေ ထားလိုက်ပါ မေမေ။
သေချာတာ တခုက တော့
ဘယ်လောက် သတ်သတ်
ဘယ်လောက်သေသေ
လမ်းပေါ်က ဧရာဝတီဟာ
ကျနော်တို့ ရဲ့  ရင်ဘတ်ထဲမှာ
ထာဝရ စီးဆင်းနေအုံးမယ် ဆိုတာပါ။
ကဗျာရွတ်ဆိုမှု - နေဘုန်းလတ်
ပို့ သူ ကိုသောမစ် (ဘာလီ)
ကျနော်တို့အလုပ်အကြောင်း-၂
Drilling မှာ သုံးမျိုးရှိပါတယ်။ RC၊ RAB၊Diamond ဆိုတဲ့ မြေအောက်ကျောက်နမှုနာတွေကို စုတ်ယူ၊ တူးယူတဲ့ စက်တွေကိုသုံးပြီး ရွှေရှာတဲ့နည်းပါ။ပြီးရင် ကျောက်နမှုနာတွေကို ဓာတ်ခွဲခန်းကို ပို့ပါတယ်။ ကုန်ကျစရိတ်က အရမ်းကြီးပါတယ်။ ဓာတ်ခွဲခန်းက ရလာတဲ့ Result တွေကို ကွန်ပြူတာနဲ့ အဆင့်ဆင့် တွက်ချက်ပြီးမှာ Ore Body ကိုအကွက်ရိုက်ပါတယ်။ မိုင်းနင်းဆော့ဖ်ဝဲယားတွေနဲ့ ဆိုတော့ သိတ်မခက်ပါဘူး။ အမြတ်များများရနိုင်မယ်လို့ ထင်ရင် ရွှေတူးလို့ရပါတယ်။ တူးနည်းနှစ်ခုရှိပါတယ်။ Open Pit နဲ့ Underground နည်းဆိုပြီးသုံးပါတယ်။ Underground နည်းက ဈေးပေါတယ်။ Open Pit က ကျွင်းအကြီးကြီးကိုတူးတဲ့နည်းဆိုတော့ ငွေကုန်များတယ်။ မြေအောက်ထဲမှာ ကားတွေတောင် မောင်းလို့ရတဲ့ မြေအောက်မိုင်းတူးနည်းက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။
မိုင်းနှင့်အသက်အန္တရာယ်
သြစတျေးလျမိုင်းမှာ လုပ်ဘူးသူတိုင်း အပူအအေးဒဏ်ကိုခံနိုင်ရည်ရှိရပါတယ်။ ပူရင် အရမ်းပူတယ်။ အေးရင် အရမ်းအေးတယ်။ အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက်လောက်အောက်မှာ အလုပ်လုပ်ရတယ်။ တခါတလေ နှာခေါင်းသွေးလျှံတယ်။ မိုင်းအလုပ်က ညစ်ပတ်တယ်။ ပင်ပန်းတယ်။ ကိုယ်ကာယကို သုံးရတယ်။ ရုံးထဲမှာ ကွန်ပြူတာနဲ့ အချိန်ဖြုန်းတာရှိသလို နေပူထဲမှာ Tough Book ဟုခေါ်သော နေပူခံ၊ မိုးရွာတာကိုခံနိုင်ရည်ရှိတဲ့ ကွန်ပြူတာနဲ့ အလုပ်လုပ်တာလည်းရှိတယ်။
အများအားဖြင့် ကျနော့်အလုပ်သည် အပြင်မှာ လုပ်ရတာက ပိုများသည်။ အပြင်မှာလုပ်ရတော့ အဓိကကြောက်စရာကောင်းတာက ယင်ကောင်တွေ။ နေပူရင် ယင်ကောင်တွေ ထွက်တယ်။ ကိုယ်ပေါ်က ချွေးတွေကို လာစုပ်တယ်။ ယင်ကောင်ဆိုတာက တစ်ကောင်နှစ်ကောင်မဟုတ်။ ရာနဲ့ချီပြီးအနည်းဆုံးရှိမယ်။ Fly net လို့ခေါ်တဲ့ ယင်ကောင်မ၀င်နိုင်အောင် လုပ်ထားတဲ့ ခြင်ထောင်သေးသေးလေးကို မျက်နှာမှာ ၀တ်ထားရတယ်။ မ၀တ်ထားရင် အလုပ်လုပ်လို့မရဘူး။ ဒီလောက်ထိဆိုးတဲ့ ယင်ကောင်။
ရေများများသောက်ရတယ်။ ရေငတ်သေတဲ့ လူတွေအများကြီး။ နေပူတော့ ရေသောက်။ ဓာတ်ဆားရည်အထုတ်ပါဆောင်ထားရတယ်။ ဆားဓာတ်ဖြည့်ဖို့။ တစ်ရက်လျှင် မနက် (၆) နာရီကနေ ညနေ (၆) နာရီထိ အလုပ်လုပ်တာဆိုတော့၊ ထိုင်းနိုင်ငံအခြေစိုက် အန်ဂျီအိုရောင်ရောင် နိုင်ငံရေးသမားရောင်ရောင် တော်လှန်ရေးသမားငကြောင်တွေလုပ်တဲ့ အလုပ်လောက်တော့ ဘုန်းကျော် သနားတယ်။ တခါတလောက် ဒီလူတွေမိုင်းမှာလုပ်ဘူးစေချင်တယ်။ နဖူးကချွေး ဖင်ကြားထဲအထိရောက်တယ်။
တောထဲမှာ လမ်းမရှိဘူး။ ကိုယ့်လမ်းကို လမ်းခရုစာနဲ့ ထိုးဖောက်ရတယ်။ Global Positioning System (GPS) သုံးရတယ်။ မြေပုံပါရတယ်။ လမ်းပျောက်လို့ကတော့ မလွယ်။ လမ်းပျောက်လို့သေတဲ့မသာတွေတစ်ပုံကြီး။ မြေပြိုလို့သေတဲ့မသာတွေလည်း မနည်း။ ကျောက်ပိလို့၊ ကားကြိတ်လို့သေတဲ့လူတွေလည်းရှိတယ်။ မိုင်းလုပ်ငန်းသည် အသက်အန္တရာယ် အရမ်းကြီးသည်။ ဒါ့ကြောင့် Safety ကို ဦးစားပေးသည်။ လေယျာဉ်ခဏခဏစီးရသည်။ လေယျာဉ်စီးရတာလည်း သိတဲ့အတိုင်း။ ပျက်ကြရင်လျှောနိုင်တယ်။
ဆက်ရန်-
7/17/11
ဘာတွေ ရေးမှန်းမသိဘူး...မှုးနေလို့ 
ကျနော် အခုစာရေးသည့်အချိန်ကို ပြောပါမယ်။ မနက် ၇.၁၇ မိနစ်။ ဘေးမှာ Jin Bean ဟုခေါ်သော်အရက်ပုလင်းရှိတယ်။ ကျနော်အရက်သမား မဟုတ်ပါ။ သို့ သော် တအားသောက်သည်။
ကျနော် ခင်ဗျားတို့ ကို ပြောမလို့  ဒီစာကို မှုးနေတုန်းရေးတယ်။ ကွန်ပြူလက်တော့ကို ပေါင်ပေါ်တင် မျက်လုံးတောင် မှုးကြောင်ကြောင်နဲ့ဆိုတော့ ကောင်းကောင်းမမြင်ရဘူး။
အဓိက တစ်ယောက်ထဲသောက်ရင်း အတွေးတွေ ပျောက်သွားမှာစိုးလို့ ဒီစာကို မှုးနေရင်း ရေးရတာပါ။
ရေးနေတဲ့ အချိန်မှာ အသက် (၇) နှစ်အရွယ်သားက ဘေးမှာ အိပ်ရာနိုးလို့ ထိုင်ပြီး ကြည့်နေတယ်။ ကျနော်သည် အသက် (၃၁) နှစ်အရွယ် ရှုးတူးတူးပေါပေါကြောင်ကြောင်ကောင်ဖြစ်လေသည်။ လူတိုင်းနှင့် ဘယ်တော့မှ အဆင်မပြေ။ သို့သော် သူတို့ ကျနော့်ကို ချစ်ကြပါတယ်။ ကျနော်လည်း သူတို့ကို အရမ်းချစ်သည်။ ကျနော်ဘာဘဲပြောပြော သူတို့စိတ်မနာ။
ကျနော် မှုးနေတဲ့အချိန်မှာ တခုခု ရင်ထဲမှာ ဆူးရှမိသည်။ ကျနော်တာဝန်မကျေပါ။ ကျနော် ငို ပါသည်။
ကျနော့် မယားညီအစ်ကို မွန်ပြည်သစ်ပါတီက ကိုထူးဟုခေါ်သော် လူရိုးကြီးသည် ဘုရားသုံးဆူတွင်နေသည်။ နောက်တစ်ယောက်ဖြစ်သော ကိုတင်စိုးနောင်ဟုခေါ်သော ABSDF တပ်ရင်းတစ်မှ တပ်ရင်းမှုးသည် ကျနော့်မယားညီအကိုဖြစ်လေသည်။ နန်းထိုက်ဟုခေါ်သော၊ ကိုနေမျိုးလေးဟုခေါ်သော ABSDF ကိုသံယောဇဉ်ကြီးသော ငကြောင်တွေသည် ကျနော့်အမျိုးတွေဖြစ်လေသည်။ ကိုတင်စိုးနောင်မှလွဲ၍ ကျန်သည့် ကျနော့် မယားညီအကိုများသည် အသက်ရှင်လျှက် တော်လှန်ရေးဆက်လုပ်တုန်းပင်။
ကျနော်သည် စံခလပူရီမှ မွန်မချက်သော မုန့်ဟင်းခါးကိုကြိုက်သည်။ မုန့်ဟင်းခါးကိုကြိုက်သလို ကိုအောင်သူငြိမ်း၊ ကိုထူးချစ်၊ ကိုအောင်ကျော်စိုး၊ ကိုစိုးဟန်၊ ကိုအောင်ဆန်းညွန့်၊ ကိုရွှေသွေး၊ ကိုလူမော်၊ ဦးကျော်ထက်၊ ဒေါက်တာကျော်ညွန့် ရှိလူများ၊ စသဖြင့်ကို ကျနော်တအား ချစ်လေသည်။ နာမည်မပါတဲ့ လူတွေ ဘုန်းကျော်ကို ဆဲပါ။ မပါရကောင်းလားလို့။
ကျနော်သည် အချစ်ကို ဦးစားပေးသည်။ မိသားစုအချစ်။ သူငယ်ချင်းအချစ်။ အချစ်ရှိလျှင် ငွေရှိစရာမလို။ အလိုလို စိတ်ချမ်းသာသည်ဟု ကျနော်ထင်သည်။
ကျနော့်တွင်ခလေးသုံးယောက်ရှိသည်။ အကြီးဆုံးသည် (၇) နှစ်အရွယ် ငပေါတစ်ကောင်။ သူ့ကျောင်းတွင် အမြဲတမ်း ပထမရမှ ကျေနပ်သည့် ကျနော့်သားဖြစ်သည်။ သမီးနှစ်ယောက်လည်း ရှိလေသည်။ စာဖတ်ဝါသနာအရမ်းပါသည်။ ကျနော့်ကို စာအုပ်အမြဲတမ်း ၀ယ်ခိုင်းသည်။ ကျနော့်သမီးတွေကို သား ထက်ပိုချစ်သည်ဟု ပြောလျှင်ကျနော် လွန်ရာမကျပါ။ ဒါ သဘာဝပါ။
ဆရာမကြောင့် ကျနော်သည်အင်္ဂလိပ်စာကို စိတ်ဝင်စားပါသည်။
အထက်တွင်ပြောသည့် ကိုတင်စိုးနောင်အကြောင်းကို ဆက်ပြောပါအုံးမည်။ ကိုတင်စိုးနောင်သည် အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ မွန်လူမျိုးဖြစ်သည်။ လူ့ ဂွစာဖြစ်သည်။ ကျနော်နဲ့ လုံးဝမတည့်ပါ။ စိတ်ကောင်းစေတနာရှိသည်။သူ့ မိဘတွေသည် မုဒုံနယ်မှ သူဌေးကြီးများဖြစ်သည်။ ယနေ့အထိ ချမ်းသာတုန်းဟု သိရသည်။
ကိုတင်စိုးနောင်သည် မိသားစုထဲတွင်အကြီးဆုံးဖြစ်သည်။ သူသည် ပေပေတေတေ နေသည်။ စုတ်ပြတ်သက်အောင်နေသည်။ ချမ်းသာသော်လည်း ချီး  ကြီးကျသည်။ ပညာတက်သော်လည်း လမ်းမယူသည့် အကျင့်ရှိသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသည့် ကိုထူးချစ်၊ ကိုအောင်မျိုးမင်းတို့အား ကိုတင်စိုးနောင်အကြောင်းမေးကြည့်လျှင် အသေးစိတ်သိရနိုင်သည်။
ကျနော်သည် တင်စိုးနောင်ဟုခေါ်သော် ၈၈-မျိုးဆက် ငကြောင်အား ဘ၀င်မတွေ့ လှ။ ဖြစ်နိုင်ရင် ကျနော် ထိုးချင်နေသည်။ ကျနော့်ကို ပေါက်တက်ကရပြောသည်။ ခလေးဟု ပြောသည်။ သူက လူကြီးဟု ပြောသည်။
ကျနော်သူ့ အမျိုး မွန်မကို ယူလို့ ကျနော့်ကို သူ ဘယ်တော့မှ စိတ်မဆိုး။
ကိုတင်စိုးနောင်သေတော့ လသားအရွယ် ခလေးတစ်ယောက်ကျန်ခဲ့သည်။ သေတာက အသေသောက်လို့ ပါ။
သူ့ မိန်းမ မဇင်မွန်သည် ကျနော့် အမကြီးဖြစ်သည်။ ကြောင်တောင်တောင် တွေးသည့်အတွေးရှိသည်။ သူ့ ကို ကျနော်ချစ်သည်။ သို့ သော် ကျနော်သူ့ ကို ကြည့်မရ။
ကိုတင်စိုးနောင်သေတော့ ခလေး လသားအရွယ်ကို ထားသွားသည်။ ကျနော့်မှာ ခလေးသုံးယောက် ရှိသည်။ ခလေးတွေအသက်လည်းကြီးလှပြီ။ ကျနော် ဘာ့ကြောင့် ကြောင်တောင်တောင်ဖြစ်နေတာလဲ။
7/16/11
ခွဲထွက်ကြပါ...ကိုယ်ပိုင်နိုင်ငံတည်ထောင်ကြပါ
ကျနော်သာ လက်ရှိအနေအထားမှာ တိုင်းရင်းသားသူပုန်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ရင် သိတ်ကောင်းမယ်။
 စစ်အစိုးရ နဲ့ ဘယ်လိုမှ ညှိလို့ မရဘူးတဲ့အဆုံး ကိုယ်ပိုင်လွတ်လပ်ရေးကြေငြာမယ်။ ဥပမာ SSA အဖွဲ့ လိုမျိုးဆိုရင် အရမ်းကြေငြာလို့ ကောင်းပေါ့။ ဟိုအရင်းကတည်းက တိုင်းရင်းသားတွေဟာ ကိုယ့်ထီးကိုယ့်နန်းနဲ့နေလာတဲ့လူတွေပဲ။
ကျနော်ကတော့ ခွဲထွက်ရေးကို အားပေးတယ်။ ဘယ်လိုမှ ညှိလို့မရရင်တော့ ဒီနည်းလမ်းက အကောင်းဆုံးပဲ။ ကိုယ်ပိုင်လွတ်လပ်ရေးကြေငြာကြစေချင်ပါတယ်။ ကိုယ့်နိုင်ငံကို ကိုယ်တည်ထောင်ကြပေါ့။
--
Thanks for sending!!!
Phone Kyaw
မြန်မာပြည်ရှိ ခရီးသွားလုပ်ငန်းများအပေါ်အကြံပြုချက်
မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက်  ပြည်တွင်းတွင်ဆောင်ရွက်ရမည့် အချက်အလက်များကို ကျွန်တော့အမြင်ဖြင့်တင်ပြပါသည်။
လက်ရှိဟိုတယ်စာရင်းနှင့်   အခန်းအရေအတွက်မှာကိန်းဂဏန်းအရသာရှိပြီး၊ အမှန်တကယ်နိုင်ငံခြား သားတည်းခိုနိုင်သည့် အခန်းအနေအထားမှာအလွန်နည်းပါး ပါသည်။
ပုဂံ-အင်းလေးကလောတွင် ဝင် ရောက်သော အနေအထားနှင့်လက်ခံနိုင်ခြေရှိသော်လည်း ရန်ကုန် မန္တလေးတွင် Tour ထားနိုင်သော ဟိုတယ်များလျော့ပါးလာသည်။
ထို့အတွက်ဧည့်သည်များအား ခရီးစဉ်ဖြန့်ထုတ်နိုင်ရန် မြောက်ဦး၊ စစ်တွေ၊ အင်းဝ၊
မင်းကွန်း၊ သီပေါ၊ နမ့်ဆမ်၊ ပုပ္ပား၊ စလေ၊ ကျောက်မြောင်း၊ အင်းတော်ကြီး၊ကက္ကူ၊ ရွှေစက်တော်၊ ဖိုးဝင်းတောင်၊ စံကား၊ သာစည်၊ ပဲခူး ၊မိုးယွန်းကြီး၊သံတောင်၊ ပင်လောင်း၊ လွိုင်ကော်၊ မော်တင်စွန်း၊ ထားဝယ်၊ ကျိုက္ခမီ၊ကော့ သောင်း၊ ပူတာအို၊ မင်းတပ် ဒေသများတွင် အမှန်တကယ် Tour  လက်ခံနိုင်သောအလတ်တန်းစား ဟိုတယ် ဧည့်ရိပ်သာများ ( 25 to 60 USD) တည်ဆောက်ခြင်း
  ကိုခွင့်ပြုသင့်၊ အားပေးသင့်ပါသည်။ 
ယင်းဧရိယာများ၏လည်ပတ်ခွင့်ကန့်သပ်ချက်များကိုလည်း လျော့ပေါ့ခြင်း(သို့)  မြန် ဆန်အောင် ဆောင်ရွက် ပေးစေလိုပါသည်။ သို့မှသာ Tour Operator မှ
  ခရီးစဉ်အသစ်များဖေါ်ထုတ်နိုင်မည်ဖြစ်ပါသည်။
ဖြစ်နိုင်ခြေရှိပါက နေပြည်တော်ဒေသ၊ (တောင်တွင်းကြီး - တောင်ညို)၊ (ပျဉ်းမနား၊ ပင်လောင်း)၊
ကားလမ်းများနှင့် မော်လမြိုင်၊ ထားဝယ်ရထား လမ်းတို့အား Tourခွင့်ပြုပေးနိုင်ပါကခရီးစဉ်သစ်များ တိုးချဲ့နိုင်မည်ဖြစ်သည်။၎င်းအကြံပြုဒေသများ တွင်အလယ်အလတ်တန်းစား ဟိုတယ်များတည်ဆောက်လုပ် ခွင့်ပေးခြင်းအားဖြင့် ဒေသခံလုပ်ငန်းရှင်များနှင့် ပြည်သူများအတွကအခွင့်အလမ်းများပေါ်ထွက်စေ လာမည်ဖြစ်သည်။ ထို့ပြင် ကလော၊ အင်းလေး၊ သီပေါ၊ ကျောက်မဲ၊ ပူတာအို၊ မင်းတပ်၊ ကန်ပတ်လက်ဒေသခံ နယ်မြေကျွမ်းကျင်သူ TrekkingGuide များအား ဒေသတွင်း တရားဝင်ဖြစ်စေရန် ရက်တိုသင်တန်းများပို့ချ၍
လိုင်စင်တခုသတ်မှတ် ပေးသင့်ပါသည်။ သံဖြူဇရပ် နှင့်အလားတူဖြစ်သောကန်ချနာဘူရီ Dead Railway Line အစတွင် ပြတိုက် နှင့်ရထားလမ်းခရီးစဉ်အား စိတ်ဝင်စား ဖွယ်ဖြစ်အောင်ပြသထားသဖြင့်ဧည့်သည်များ
 များပြားလှပါသည်။ မြန်မာနိုင်ငံရှိသံဖြူဇရပ် WW II ပြခန်းမှာ လုံးဝပျက်စီးနေသည်ကိုစိတ်မကောင်းဖွယ်ရာတွေ့ရှိရပါသည်။ ထို့အပြင်ဘုရား
ဖူးခရီးစဉ်များကိုသာ ပြသနေရခြင်းမှ ကင်းဝေးစေရန်နှင့်
ရန်ကုန်မြို့ဝန်းကျင် တွင်ခရီးစဉ်ဆွဲဆန့်နိုင်ရန် ပုဇွန်တောင် ချောင်း၊
လှိုင်မြစ်၊ ရန်ကုန် မြစ်၊ ပဲခူးမြစ်၊ တွံတေးတူးမြောင်းနှင့်
ဧရာဝတီမြစ်လက်တက်များ အတွင်း လည်ပတ်နိုင်သော Live On Board  နှင့် Sunset
 Boat  ခရီးစဉ်များ ခွင့်ပြုခြင်းနှင့်ရေယာဉ်ငယ်များတည်ဆောက်ပြေးဆွဲ
 ခြင်း ကိုအားပေး သင့်ပါသည်။
 မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေလိုသောဆန္ဒဖြင်  
 စောမြင့်နိုင် ( G - 6887 , Management - 5 )
မြန်မာ တိုးဂိုက်အုပ်စုမှ ရယူပါသည်။
7/15/11
ဦးစိုးအောင်ကို လေးစားပါတယ်
ဦးစိုးအောင်
ဝါရှင်တန်ရှိ မြန်မာအစိုးရသံရုံးမှ ပထမ အတွင်းဝန် ဦးစိုးအောင်သည် တကယ်သတ္တိရှိသော ၀န်ထမ်းတဦးဖြစ်တယ်လို့ ပြောချင်ပါတယ်။ သူနဲ့ပက်သက်လို့  အမေရိကန်အခြေစိုက် ၈၈-မျိုးဆက်တွေက ကူညီဖို့လုံးဝအသင့်ရှိတယ်လို့ သိရတယ်။ သူတို့အပြင် ကျနော်တို့သြစတျေးလျကလည်း အဆင်သင့်ပါပဲ။ တခုပဲ အားမရတာက တခြားသံရုံးက လူတွေ ဘာ့ကြောင့် သူ့ လိုမလုပ်ကြလဲ မသိဘူး။ ဦးစိုးအောင်ရေ ဘာမှအားမငယ်နဲ့။
ဧရာဝတီကို မရောင်းပါနဲ့
ဒါ့ကြောင့် တရုတ် စီးပွားရေးသောင်းကျန်းတာ ဖြစ်နိုင်တယ်။ စီးပွားရေးနဲ့ပက်သက်ရင် ဆံပင်ကစလို့  လက်သည်းခွံအဆုံး လိုက်ပြီးဝယ်တယ်။
အခုအချိန်မှာ တရုတ်နိုင်ငံသည် အရမ်းစီးပွားဖြစ်နေပြီ။ ကုန်ကြမ်းတွေအရမ်းလိုတယ်။ ဒါမှ Made in China များများကို ဈေးပေါပေါနဲ့ ထုတ်နိုင်မယ်။ နိုင်ငံခြားကို တင်ပို့နိုင်မယ်။ များများနဲ့ပေါပေါတင်ပို့ လေ တရုတ်အတွက် ပိုကိုက်လေ။ ဒါ့ကြောင့် ကုန်ကြမ်းအတွက် ရတဲ့နေရာကနေ ရသလို ၀ယ်ယူရတဲ့အခြေအနေလို့ ပြောနိုင်တယ်။ အထူးသဖြင့် သြစတျေးလျနိုင်ငံက ရသမျှတွင်းထွက်တွေကို သိမ်းကျူံးဝယ်တယ်။ သံ၊ ရွှေ၊ နစ်ကယ်၊ ကြေး၊ အကုန်ဝယ်တယ်။ သြစတျေးလျတွေ ပါတဲ့ အီးတောင် အနာဂတ်မှာ တရုတ်တွေ ၀ယ်အုံးမယ်ထင်တယ်။ မြေသြဇာအတွက်။
ဆိုလိုချင်တာက တရုတ်နိုင်ငံသည် ကမ္ဘာပတ်ပြီး ကုန်ကြမ်းတွေကို လိုက်ပြီးဝယ်နေတယ်။ ကုန်ကြမ်းအတွက်ဆိုရင် သူများပိုင်နက်ကိုတောင် ကျူးကျော်တယ်။ဒိအတွက် မြန်မာပြည်ကတော့ သနားတယ်။
မြန်မာပြည်ကတော့ အနီးဆုံးမို့ တရုတ်ကြီးက အရမ်းချစ်တယ်။ တရုတ်လိုပြောရင် " ၀" ကျီမှာ ကြိုက်တာပြော " ၀ " အကုန်လုပ်ပေးမယ်ဆိုတဲ့အထိ တရုတ်က သဘောကောင်းပုံရတယ်။ မြန်မာအစိုးရကို တရုတ်ကြီးကပ်ပြီး ဖင်ချနေတာ မြန်မာအစိုးရကလည်း သိတယ်။ သို့သော် " ၀ "မှ မကယ်ရင် မြန်မာအစိုးရလည်း နိုင်ငံတကာအလယ်မှာ တံတွေးနဲ့ထွေးတာကို ဘယ်လိုကာနိုင်မလဲ။
"၀" ရှိနေလို့ တူ နဲ့ညပ်နိုင်တာပေါ့။ တရုတ်ကြီးက ရှောင်လင်လည်း ကျွမ်းတယ်ဆိုတော့။ ယင်ကောင်တောင် တူ နဲ့ ဖမ်းနိုင်တယ်။
အခုတော့ ဧရာဝတီမြစ်အထက်ပိုင်းမှာ ဆည်တွေအများကြီးဆောက်မယ်။ ဆည်ကထွက်တဲ့ လျှပ်စစ်ကို ကချင်ပြည်နယ်က လူတွေသုံးရမယ်ထင်လား။ မပူနဲ့ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်။ တရုတ်ပြည်ကို ပို့ ဖို့ပါ။ တောင်ပေါ်သား ကချင်တွေကွာ၊ မီးမရှိလည်း မင်းတို့ နေလို့ရပါတယ်။ အရင်တုန်းကလည်း မီးမရှိပဲ နေလာတာဆိုတော့ ဒီအတိုင်းပဲ နေ။ ဆည်က ထွက်တဲ့လျှပ်စစ်ကို တရုတ်ကိုရောင်းရင် ငွေရမယ်။ မင်းတို့ကချင်တွေအတွက် ပေါချောင်ကောင်းဆေးရုံတစ်ရုံလောက်ဆောက်ပေးမယ်။ ပြီးရင် ကချင်သူပုန်ခေါင်းဆောင်ကြီးတွေကို တရုတ်လုပ် ကားတစ်စီးလောက် ကျွေးလိုက်မယ်။ ဒါဆိုရင် ကချင်တွေပါးစပ်တိတ်ပေါ့လို့ နအဖက တွေးပုံရတယ်။ ကျန်တာတော့ ငါတို့အာဏာမြဲဖို့အတွက် ဘတ်ဂျက်ဟုခေါ်သော ဘတ်ဂျက်ပေါ့။
ဒီမှာတင် ကချင်လည်း သိတဲ့အတိုင်း။ ဒီလိုမျိုးတော့ မရဘူး။ ၂၀၁၁-ဆိုတော့ ကချင်လည်း ၁၉၉၃-လောက်က ကချင်မဟုတ်တော့ဘူး။ ညှပ်ချလို့ မရတော့။ ပြန်ချတာပေါ့။
ထားတော့။ ဆည်ဆောက်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာကို ပြောအုံးမယ်။
အဓိကနှစ်ခုရှိတယ်။ ဆည်ဆောက်နေတဲ့အချိန်နဲ့ ဆောက်ပြီးသွားတဲ့အချိန်ဆိုပြီး ခွဲခြားမြင်ကြည့်ပါ။ ဆောက်နေတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရွာတွေအရွှေခံရမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငုပ်လက်ရင်းတွေ ပျက်စီးမှုစတဲ့ဟာတွေ တစ်ပုံကြီး။ ဒါတွေကို အတိအကျစာရင်းကောင်းမှုမရှိတော့ ဘယ်လိုမှ မပြောတက်ဘူး။ ဒေသခံတွေ ဆည်ဆောက်တော့အလုပ်ရနိုင်ပါတယ်။ သို့သော် မစားလောက်ပါဘူး။ တရုတ်ဆိုတဲ့အမျိုးက အရမ်းခိုင်းပြီး အပေးနဲတဲ့လူတွေဖြစ်ပါတယ်။ တရုတ်ဆိုင်မှာ ကျနော်လုပ်ဘူးတော့ ကောင်းကောင်းသိပါတယ်။ တရုတ်မတွေတော့ အတော်လှတယ်ထင်တာပဲ။
ဆောက်ပြီးသွားရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ အကျိုးဆက်က မတွေးဝံ့စရာ။ ဒါကိုနောက်မှ ကျနော်အသေးစိတ်ရေးပါအုံးမယ်။
မြန်မာအစိုးရက ဘယ်လိုနည်းနဲ့မှ ဧရာဝတီမြစ်အထက်ပိုင်းမှာ ဆည်တွေမဆောက်သင့်ပါဘူး။ စဉ်းတောင် မစဉ်းစားသင့်တဲ့အရာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံဟာ သူ့ တိုင်းပြည်မဟုတ်တော့ ဘာကိုမှ ဂရုစိုက်မှာမဟုတ်ပါဘူး။ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဖို့ အတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသမီးကို ၀ယ်လို့ ရရင်လည်း တရုတ်က ၀ယ်မှာပါ။ မယုံရင်ရောင်းကြည့်ပါ။ တရုတ်တွေမိန်းမလိုချင်တာ တစ်ပိုင်းကိုသေနေတာပဲ။
ဆက်ရန်-
Impacts of Dams on Rivers ကိုဆက်ရေးပါအုံးမယ်။ 
ဧရာဝတီ ကို ကယ်တင်ကြစို့  (အောင်ဒင်)
ဒီလို ခေါင်းစဉ်တပ်တော့ လွန်တယ်လို့ တချို့ကထင်ကြလိမ့်မယ်၊ ဒါပေမည့် ကျနော်တို့ရဲ့ မိခင်မြစ်မကြီး ဧရာဝတီဟာစစ်အုပ်စုရဲ့ အလိုတော်ရိ ဘိန်းဘုရင် လော်စစ်ဟန် ရဲ့ အေးရှားဝေါလ်ကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီများရဲ့ စက်ယန္ထယားကြီးတွေနဲ့တူးဆွ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန်နာကျင်နေရပါပြီ၊ ကိုခင်ဝမ်းရဲ့ "မဟာ သဘာဝရှင်"၊ ကိုထူးအိမ်သင်ရဲ့ "ရာဇဝင်များရဲ့ သတို့သမီး"၊ ကျနော်တို့ အားလုံးရဲ့ မိခင် ဧရာဝတီ ဟာ မချစ်မနှစ်သက်သောသူများရဲ့ အနိုင်ကျင့်မှုကို စတင်ခံစားနေရပါပြီ၊ ဧရာဝတီ ကို အချိန်မီ ကယ်တင်နိုင်ကြဖို့၊ အင်နဲ့ အားနဲ့ အကာအကွယ်ပေးနိုင်ကြဖို့ ဒီစာတမ်းကို ရေးပါတယ်၊
(၁)
ဇွန်လ ၉ ရက်နေ့က စပြီး မြန်မာစစ်အုပ်စု ရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အခြေစိုက်စခန်းတွေကို စတင်တိုက်ခိုက်တာ အားလုံး သိကြပြီးဖြစ်မှာပါ၊ အစပိုင်းမှာ ပြင်းပြင်းထန်ထန်စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒီကနေ့အထိလဲ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေကြတယ် ဆိုပေမည့် စစ်ပွဲငယ်တွေ ကြိုကြားကြိုကြား ဖြစ်ပေါ်နေဆဲပါ၊ ဗမာစစ်တပ် နဲ့ ကချင်စစ်တပ် နှစ်ဖက်စလုံးမှာ အကျအဆုံးတွေ၊ ဒဏ်ရာရသူတွေအမြောက်အများ ရှိခဲ့ပါတယ်၊ ပိုပြီး ဆုံးရှုံးနစ်နာရတာကတော့ ကချင်ပြည်သူတွေပါ၊ ဗမာစစ်တပ်ရဲ့ အနိုင်ကျင့်မှု၊ လုယက်မှု၊ အဓမ္မပေါ်တာဆွဲမှုတွေကြောင့်သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်ဒေသကို စွန့်ခွါထွက်ပြေးကြရပါတယ်၊ တရုတ်-မြန်မာ နယ်စပ်က ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာ မှာခိုလှုံနေကြတာ ဒုက္ခသည်ဦးရေ ၁၄၀၀၀ ကျော်ရှိပါတယ်၊
ထောင်ပေါင်းများစွာကတော့ တရုပ်နိုင်ငံထဲ ဝင်ပြေးကြပြီး ဆွေမျိုး၊ မိတ်ဆွေများထံ ခိုလှုံနေကြရပါတယ်၊ တချို့က နယ်စပ်ကို မပြေးပဲ အထက်ဖက်က ဗန်းမော်၊ ဝိုင်းမော်မြို့တွေက ခရစ်ယန်ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်၊ မပြေးနိုင်သူတွေကတော့ ကချင်တပ်ကို ထောက်ခံသူများအဖြစ် ဗမာစစ်တပ်က ဖမ်းဆီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ ခံကြရပါတယ်၊ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့အစည်းရဲ့ သတင်းပို့ချက်အရ ကချင်အမျိုးသမီး အနည်းဆုံး ၁၈ ယောက်လောက်ဟာ ဗမာစစ်သားတွေရဲ့ အုပ်စုလိုက်မုဒိန်းကျင့်တာခံကြရပြီး တချို့မိန်းကလေးတွေကို စစ်သားတွေက မုဒိန်းကျင့်ပြီးတာနဲ့ သတ်ပစ်လိုက်ကြတယ်လို့ ကြားသိရပါတယ်၊
ဒီစစ်ပွဲတွေ စတာနဲ့ ၁၇နှစ်ကျော်တည်ရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို တဘက်သတ်ချိုးဖောက်တာက မြန်မာစစ်အုပ်စုဘက်ကပါ၊ အဓိက ရည်ရွယ်ချက်ကတော့ တပိန်မြစ်ကို ဆည်ဖို့ဟန့်တားပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့လုပ်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ တရုပ်အစိုးရ ကုမ္ပဏီများရဲ့ ပူးပေါင်းစီမံကိန်းတွေက ကချင်တပ်များထိန်းချုပ်ရာဒေသအတွင်းမှာ ကျရောက်နေလို့ အဲဒီဒေသအတွင်းကနေ ကချင်တပ်များကို မောင်းထုတ်ဖို့လုပ်တဲ့ စစ်ဆင်ရေးပါ၊ အခုတော့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ စတင်နေပါပြီ၊ မြန်မာနိုင်ငံတွင်းက ပြည်သူများသာမက တကမ္ဘာလုံးက အစိုးရတွေ၊ ပြည်သူတွေကပါ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တောင်းဆိုနေကြတာပါ၊ ဒါပေမည့် အားလုံးမျှော်လင့်သလို စစ်ပွဲတွေအဆုံးသတ်ပြီး ထာဝရတည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်၊ မြန်မာစစ်အုပ်စုနဲ့ တရုပ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မတရားမှုတွေ မရပ်သ၍ ကျနော်တို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ၊
(၂)
မြန်မာစစ်အုပ်စုကို တရုတ်စိုးရက စီးပွါးရေး၊ နိုင်ငံရေး၊ ဘက်ပေါင်းစုံက ထောက်ခံအားပေးနေခဲ့တာ ၁၉၈၉ ခုနှစ်ကတည်းကပါ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတော်အာဏာကို မတရားသဖြင့် အကြမ်းဖက်ရယူထားမှုတွေကြောင့် နိုင်ငံတကာမိသားစုကြီးက ပစ်တင် ရှုံ့ချနေတဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာအရေးယူမှုတွေ မလုပ်နိုင်အောင် တရုတ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ၊ အထွေထွေညီလာခံမှာ၊ လူ့အခွင့်အရေးကောင်စီမှာ အမြဲတမ်းအကာအကွယ်ပေးနေရုံတင်မက မြန်မာစစ်အုပ်စုအတွက်လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ စစ်လေယဉ်တွေ၊အမြောက်တွေ၊ တင့်ကားတွေ ကိုလဲ အလိုရှိသလောက်လျှော့ဈေးနဲ့ တမျိုး၊ အကြွေးစံနစ်နဲ့ တဖုံ ထောက်ပံ့ရောင်းချပေးနေတာပါ၊ အတိုးမဲ့ချေးငွေတွေ၊ အတိုးနည်းချေးငွေတွေ ထုတ်ပေး၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး မြန်မာစစ်အုပ်စုကို တရုတ်အစိုးရက ကျားကန်ပေးနေတာပါ၊ အဲဒီလို အကူအညီပေးမှု တွေအတွက် မြန်မာစစ်အုပ်စုက တရုတ်အစိုးရကို ရက်ရက်လျောလျော ပြန်ပေးနေရတာလဲအများကြီးပါ၊
အထင်ရှားဆုံးကတော့ မြန်မာနိုင်ငံတွင်းကို ယူနန်ပြည်နယ်က တရုတ်တွေ လွယ်လွယ်ကူကူနဲ့ ဝင်ရောက်အခြေချခွင့်ရပြီး အာဏာပိုင်တွေရဲ့ အထူးအခွင့်အရေးပေးမှုနဲ့ စီးပွါးရေးလုပ်ငန်းများကို အပြိုင်အဆိုင်မဲ့လုပ်ခွင့်ရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေးကိုကြီးကြီးမားမား ချယ်လှယ်နိုင်နေတာပါပဲ၊ မန္တလေးလို မြန်မာ့မင်းနေပြည်တော်ဟောင်း နဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ကြီးဟာ တရုတ်မြို့တော်ကြီးလို့ထင်ရလောက်အောင် ဒေသခံမြန်မာတွေက အဝေးကိုရောက်ကုန်ပြီး တရုတ်စီးပွါးရေးသမားတွေက အလုံးအရင်းနဲ့ လွှမ်းမိုးထားကြပါပြီ၊ လားရှိုး၊ မူဆယ်၊ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မြို့ကြီးများမှာလဲ တရုတ်လူမျိုးများ အလုံးအရင်းနဲ့ ရောက်ရှိနေထိုင်ကြပြီး မြန်မာနိုင်ငံသား လက်မှတ်များကိုတောင် ကိုင်ဆောင်ထားကြပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ စစ်အုပ်စုရဲ့ ကြံ့ဖွံ့ပါတီ ကိုမဲပေးခဲ့ကြတာပါ၊
မြန်မာနိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေ၊ ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝဓာတ်ငွေ့တွေလဲ တရုတ်ကုမ္ပဏီများက ရှာဖွေဖော်ထုတ်ပြီး တရုတ်ပြည်မကြီးကို သယ်ယူသွားနေကြပါပြီ၊ တကယ်တော့ မြန်မာနိုင်ငံကို တရုတ်အစိုးရက စီးပွါးရေးကိုလိုနီပြုနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ၊ မြန်မာစစ်ခေါင်းဆောင်တွေက သူတို့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရကို ပဏ္ဏာဆက်သ ကျွန်ပြုခံနေကြတာ ကြာပါပြီ၊ အဲဒီလောက်စော်ကားနေရတာကိုမှ မကျေနပ်နိုင်သေးတဲ့ တရုတ်အစိုးရက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြော၊ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး၊ ကျနော်တို့ချစ်တဲ့ မြစ်ကြီး ဧရာဝတီ ကို လည်မြိုညှစ်၊ အနိုင်ကျင့်နေပြန်ပါပြီ၊
(၃)
၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အုပ်စုက တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) နဲ့ ကချင်ပြည်နယ်အတွင်း၊ မေခ၊ မလိခ နဲ့ ဧရာဝတီမြစ်ဖျားမှာ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးအတွက် ဆည်ကြီး (၇) ခု ဆောက်လုပ်မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်၊ အဲဒီသဘောတူညီချက်အရ မလိခမြစ်ပေါ်မှာ လိုင်းဇာဆည်၊ မေခမြစ်ပေါ်မှာ ချီဘွေ၊ ပရှဲ၊ လာခင်၊ ဖီဇော၊ နဲ့ ခေါင်လန်ဖူး ဆည် ၅ ခု နဲ့ မေခ နဲ့ မလိခ ဆုံတဲ့ မြစ်ဆုံ၊ ဧရာဝတီမြစ်ကြီးရဲ့အစမှာ မြစ်ဆုံဆည် စတဲ့ ဆည်ကြီး (၇) ခုကို ၁၀ နှစ်အတွင်း ပြီးအောင် တည်ဆောက်ဖို့ပါ၊ အဲဒီ ဆည်ကြီးများ နဲ့အတူ ရေကာတာကြီးများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများလဲ ပါဝင်တည်ဆောက်မှာဖြစ်ပြီး ဒီဆည်ကြီး (၇) ခုကနေ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝပ် ၁၃၃၆၀ ထုတ်လုပ်ပြီး တရုတ်ပြည် ယူနန်ဒေသကို တင်ပို့ဖြန့်ဖြူးဖို့ပါ၊
ဒါဟာဖြင့် အစွမ်းကုန်စီးပွါးရေး တိုးတက်ကောင်းမွန်လာတဲ့ တရုတ်နိုင်ငံရဲ့ တဟုန်ထိုးမြင့်မားလာတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တရုတ်အစိုးရရဲ့ ကြိုးစားမှုပါ၊ သူ့နိုင်ငံတိုးတက်ရေးအတွက် ဆန္ဒရှိတာကို အပစ်မပြောလိုပေမည့် ဒီ ဆည်ဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့် ကျနော်တို့ နိုင်ငံကပြည်သူတွေ ဆုံးရှုံးနစ်နာရမှာကို လုံးဝငဲ့ကွက်စဉ်းစားခြင်းမရှိပဲ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အနိုင်ကျင့်တာ၊ ကျနော်တို့ရဲ့ ဧရာဝတီ ကို လည်မျိုညှစ်တာကိုတော့ ကျနော်တို့ အစွမ်းကုန်ရှုံ့ချကြရမှာပါ၊
ဒီဆည်ကြီး (၇) ခုမှာ အကြီးဆုံးက မြစ်ဆုံဆည်ပါ၊ တည်နေရာက မေခ၊ မလိခ မြစ်ဆုံရဲ့အောက်ဖက် ၂ မိုင်ခန့်အကွာ၊ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၆မိုင်ခန့်အကွာ၊ ဆည် ရဲ့အတိုင်းအတာက အမြင့်ပေ ၅၀၀ (အထပ် ၄၉ ထပ်မြင့်တဲ့ အဆောက်အအုံတခုလောက်) နဲ့ အလျား ပေ ၅၀၀ ရှိပါမယ်၊ ဆည်ရေကို ထိန်းသိန်းထားမည့် ရေကာတာကြီး (Reservoir) က စင်္ကာပူနိုင်ငံ(ဧရိယာ စတုရန်းမိုင် ၂၆၈) ထက်နှစ်ဆလောက်တောင်ကြီးပြီး နယူးယောက်မြို့ (ဧရိယာ စတုရန်းမိုင် ၄၆၉) လောက် ကျယ်တယ်လို့ သိရပါတယ်၊ ၂၀၁၇ ခုနှစ်မှာ ရည်ရွယ်တဲ့အတိုင်း ဆောက်လုပ်ပြီးစီးသွားရင် တနှစ်ကို လျှပ်စစ်ဓာတ်အား ၃၆၀၀ ကနေ ၆၀၀၀ မီဂါဝပ် အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ဖြစ်ပြီး ဒီစီမံကိန်းကနေ အဓိက အကျိုးဖြစ်ထွန်းမှာက မြန်မာစစ်ခေါင်းဆောင်များ၊အထူးသဖြင့် အရင်က ၈လုံးလို့ခေါ်ပြီး အခု ၉လုံး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဒုသမ္မတ ဦးသီဟသူရ တင်အောင်မြင်ဦး ၊ သူ့ရဲ့အလိုတော်ရိစီးပွါးရေးလုပ်ငန်းရှင် စတီဗင် လော (ခေါ်) ထွန်းမြင့်နိုင် နဲ့ သူ့ရဲ့ Asia World ကုမ္ပဏီ နဲ့ တရုတ်အစိုးရတို့ပဲဖြစ်ပြီး အဓိက နစ်နာဆုံးရှုံးကြမှာက သန်းပေါင်းများစွာသော မြန်မာပြည်သူများပဲ ဖြစ်ကြပါတယ်၊ ဒါဟာဖြင့် တရုတ်အစိုးရက မြန်မာစစ်အုပ်စုကို မြန်မာပြည်သူတွေကို သတ်ဖြတ်အနိုင်ကျင့်ဖို့ ထောက်ပံ့ကူညီရုံတင်မကဘူး၊ သူကိုယ်တိုင်က မြန်မာပြည်သူတွေကို တိုက်ရိုက် သတ်ဖြတ်အနိုင်ကျင့်ဖို့ကြိုးစားတာပဲ ဖြစ်ပါတယ်၊
(၄)
တကယ်က ဒီစီမံကိန်းကို မလုပ်သင့်ကြောင်း ကချင်ပြည်သူများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/KIO) တို့က မြန်မာစစ်အုပ်စုကိုရော၊ တရုတ်အာဏာပိုင်များကိုပါ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ကြတာပါ၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇွန်လ ၁၁ရက်နေ့ မှာ ကေအိုင်အို ဥက္ကဋ္ဌက ယူနန်ပြည်နယ် အာဏာပိုင်အဖွဲ့ထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၆ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ၊ ၂၀၀၇ ခုနှစ် ဇူလိုင် ၆ရက်နေ့မှာပဲ ကချင်ပြည်နယ် တန်ဖဲ ရွာသားများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ ၂၀၀၉ ခု အောက်တိုဘာ ၂၆ရက်နေ့မှာ ကေအိုင်အိုက ကချင်အတိုင်ပင်ခံအဖွဲ့ထံ၊ ၂၀၁၀ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ကေအိုင်အိုက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ၊ စာတွေအကြိမ်ကြိမ်ပို့ပြီး ဒီမြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့၊ ကန့်ကွက်ခဲ့ကြတာပါ၊ ဒီနှစ် ၂၀၁၁ ခုနှစ်မှာပဲ မတ်လ ၂၆ ရက်နေ့မှာ ကေအိုင်အို ဥက္ကဋ္ဌကြီး လရော် ဇောင်းဟရာ က တရုတ်သမ္မတ နဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ဟူဂျင်တောင် ထံစာပို့ပြီး မေတ္တာရပ်ခံခဲ့ပါသေးတယ်၊ ဒါပေမည့် တရုတ်အစိုးရရော၊ မြန်မာစစ်ခေါင်းဆောင်များကပါ ကချင်ပြည်သူတွေရဲ့ တောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေကြဆဲပါ၊
ဒီနေရာမှာ တရုတ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုနဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်ကို အံ့ဩဖွယ်ရာ တွေ့ရှိရပါတယ်၊ တကယ်တော့ တရုတ်နဲ့ မြန်မာ နှစ်ဖက်စလုံးက အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်သူတွေ၊ သိပ္ပံပညာရှင်တွေက ၂၀၀၉ ခုနှစ်အောက်တိုဘာလမှာ အစီရင်ခံစာတစောင်တင်သွင်းပြီး မြစ်ဆုံဆည်တည်ဆောက်ရေးကို ဖျက်သိမ်းဖို့ အကြံပေးခဲ့ကြတာပါ၊ဒီလိုပါ၊
(၅)
မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး လူထုရဲ့ ကန့်ကွက်မှုတွေရှိလာတဲ့အခါမှာ တရုတ် နဲ့ မြန်မာအာဏာပိုင်များက သူတို့ စည်းနဲ့ ဘောင်နဲ့ ဆောင်ရွက်ပါတယ်ဆိုတာပြနိုင်ဖို့ တရုတ်၊မြန်မာပညာရှင်များပါဝင်တဲ့ Biodiversity And Nature Conservation Association (BANCA) အဖွဲ့ကို မြစ်ကြီးနား နဲ့ မြစ်ဆုံဒေသတဝိုက်မှာ ပါတ်ဝန်းကျင်ထိခိုက်မှု တိုင်းတာချက်ပထမအဆင့် (The First Step of Environmental Impact Assessment/EIA) ပြုလုပ်ဖို့ ၂၀၀၉ ခုနှစ်ထဲမှာ တာဝန်ပေးခဲ့ပါတယ်၊ EIA ဆိုတာက ကုလသမဂ္ဂက ဦးဆောင်ဖွဲ့ထားတဲ့ မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က မဲခေါင်မြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မည့် ဆည်များအတွက် မဆောက်လုပ်ခင် ကြိုတင်လေ့လာဖို့ သတ်မှတ်ထားတဲ့ တိုင်းတာဆန်းစစ်ချက် (Assessment) ဖြစ်ပြီး အဆင့် ၁၀ ဆင့်ရှိပါတယ်၊
တာဝန်ပေးချက်အရ အဲဒီအဖွဲ့က လပေါင်းများစွာ ကွင်းဆင်း လေ့လာသုံးသပ်မှုတွေ လုပ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ စာမျက်နှာ ၁၀၀၀ နီးပါးရှိတဲ့ သူတို့ရဲ့ တွေ့ရှိချက်အစီရင်ခံစာ (Environmental Impact Assessment/EIA) နဲ့ အကြံပြုချက်တွေ (Recommendations ) ကို တရုတ် နဲ့ မြန်မာအာဏာပိုင်များထံ တင်သွင်းခဲ့ပါတယ်၊ အဲဒီအစီရင်ခံစာမှာ ဧရာဝတီမြစ်ကြီးကို" မြန်မာနိုင်ငံရဲ့ အသက်သွေးကြော၊ ပြည်သူသန်းပေါင်းများစွာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ခရီးသွားလာမှုအတွက်အမှီပြုရာ၊ သန်းပေါင်း ၅၀ကျော်ပြည်သူတွေ ရဲ့ ပင်မ ဆက်သွယ်ရေးလမ်းကြောင်းကြီး" အဖြစ်တင်စားပြီး "ဒီမြစ်ကြီးကို ဆည်ကြီး (၇) ခုနဲ့ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင်လုပ်တာဟာ မြစ်ဆုံဒေသမှာနေကြတဲ့ ပြည်သူတွေတင်မက၊ မြစ်အောက်ပိုင်း အဝေးကြီးက၊ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေကိုပါ အင်မတန်ကြီးမာတဲ့ လူမှုရေး၊ စီးပွါးရေး နဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ အနိဌာရုံတွေ သက်ရောက်စေလိမ့်မယ်" လို့ ထောက်ပြဝေဘန်ထားပါတယ်၊
ဒီအစီရင်ခံစာရေးသူတွေကပဲ "ဧရာဝတီမြစ်ဆုံ ဟာ ကချင်လူမျိုးများရဲ့ ဂုဏ်ယူစရာပိုင်ဆိုင်မှု၊ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး ဖြစ်ပြီး ဒီမြစ်ဆုံဟာ ဆည်ဆောက်လုပ်ရေးအတွက် လုံးဝပျောက်ပျက်သွားမှာဖြစ်လို့ အဲဒီဆုံးရှုံးမှုကြီးဟာဖြင့် ကချင်လူမျိုးများသာမက မြန်မာပြည်သူများအားလုံးအတွက် ကြောက်ခမန်းလိလိကြီးမားတဲ့ ဝမ်းနည်းကြေကွဲစရာကြီးဖြစ်လိမ့်မယ်" လို့လဲ သတိပေးထားပါတယ်၊ ရေလွှမ်းမိုးခံရမည့် ကျေးရွာတွေ၊ ရွှေ့ပြောင်းနေရာချရမည့် ပြည်သူတွေ၊ အဖျက်ဆီးခံရမည့် သစ်တောကြီးတွေ၊ ထာဝရပျောက်ဆုံးသွားမည့် သဘာဝအလှအပတွေ၊ ဆက်လက်မရှင်သန်နိုင်တော့မည့် ရှားပါးသစ်ပင်တွေ၊ ပန်းတွေ နဲ့ ရေသတ္တဝါတွေ အကြောင်းတင်ပြသတိပေးထားသလို ဧရာဝတီမြစ်ရေစီးဆင်းမှု နှေးကွေးသွားတဲ့အတွက်ကြောင့် ပင်လယ်ဘက်က ဆားငံရေတွေ ပြန်လည်စီးဝင်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ ပျက်စီးကြမည့်အကြောင်း ထောက်ပြထားပါတယ်၊
နောက်ဆုံးမှာတော့ အစီရင်ခံစာရေးသာသူ ပညာရှင်များက တရုတ်၊မြန်မာ အာဏာပိုင်များကို "မြစ်ဆုံရေကာတာဆောက်လုပ်ရေးစီမံကိန်းကို စွန့်လွှတ်ဖို့ နဲ့ မဖြစ်မနေဆောက်မှဖြစ်မယ်ဆိုရင် လဲ မြစ်ဆုံမှာ မဆောက်ပဲ မြစ်ဆုံရဲ့အထက် မေခ နဲ့ မလိခမြစ်များမှာ အသေးစား ဆည် နှစ်ခုအစားထိုးဆောက်ဖို့” အကြံပြုထားပါတယ်၊
အဲဒီ ပညာရှင်များရဲ့ တာဝန်သိသိတင်ပြချက်တွေကို တရုတ်၊မြန်မာ အာဏာပိုင်များက ဒေါသတကြီး ညင်းပယ်လိုက်ကြပါတယ်၊ အစီရင်ခံစာကိုလဲ လူထုကြားထဲ ရောက်မလာအောင် ဖုံးကွယ်ထားကြပြီး နောက်ထပ်ဆောင်ရွက်ရမည့် တိုင်းတာချက်အဆင့် ၉ ခုကိုလဲ မဆောင်ရွက်တော့ပါ၊ အဲဒီနောက်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မူဝါဒနဲ့ မြစ်ဆုံဆည်တည်ဆောက်ရေး ကို အားကြိုးမာန်တက်ဆောင်ရွက်နေတော့တာပါ၊
ပညာရှင်များက မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန် ၂၀ အတွင်းမှာ ရေအောက်နစ်မြုတ်သွားနိုင်တယ်လို့လဲ သတိပေးကြပါတယ်၊ အဲဒီအတွက် စစ်အုပ်စုရဲ့ အရေးယူမှုက မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြစ်ဆုံရဲ့အထက်ဖက်က ပူတာအိုမြို့ကို ရွှေ့ပြောင်းအခြေချဖို့အမိန့်ထုတ်တာပါ၊ မြစ်ကြီးနားမြို့နေ ပြည်သူများအတွက်တော့ နည်းနည်းလေးမှ စိတ်ပူပုံမရပါ၊
ဝမ်းနည်းကြေကွဲစရာအကောင်းဆုံးကတော့ မြန်မာပြည်သူလူထုတရပ်လုံးရဲ့အကျိုးစီးပွါးကို တရုတ်အစိုးရက အဓမ္မဖျက်ဆီးနေတာကို မြန်မာစစ်ခေါင်းဆောင်များက ကျေကျေနပ်နပ် ခွင့်ပြုပြီး ပူးပေါင်းကူညီနေတာပါပဲ၊ တကယ်တော့ တရုတ် အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်များပူးပေါင်းပြီး မြန်မာလူထုတရပ်လုံးအပေါ် အကြမ်းဖက်တဲ့ ရာဇဝတ်မှုကြီး (Crimes against Humanity) ကျူးလွန်နေတာပါ၊
(၆)
ဒီစာကို ဒေါသနဲ့ ရေးတာဖြစ်ကြောင်း ဝန်ခံပါရစေ၊ ဒါကြောင့် တချို့စကားလုံးတွေ ကြမ်းတမ်းနေပါလိမ့်မယ်၊ ခွင့်လွှတ်ကြပါ၊ ပြီးတော့ တရုတ်၊ မြန်မာ လူမျိုးများအချင်းချင်း မုန်းတီးဖို့ ၊ ရန်ဖြစ်ဖို့ လှုံ့ဆော်တာလဲ မဟုတ်ရပါ၊ တရုတ်လူမျိုးများအပေါ် ဘယ်လို အာဃာတမှ မရှိပါ၊ မြန်မာနိုင်ငံတွင်းမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်နေကြတဲ့ တရုတ်လူမျိုးများကိုလဲ မြန်မာနိုင်ငံသားအချင်းချင်းမို့ ချစ်ခင်ပါတယ်၊ ဆွေမျိုးအရင်းအချာလို သဘောထားပါတယ်၊ ဒါပေမည့် တရုတ်အစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချဖို့ ဒီစာတမ်းကို ရေးပါတယ်၊ ပြီးတော့ ဧရာဝတီ ကိုကယ်တင်ကြဖို့ မြန်မာနိုင်ငံသားအပေါင်းကို တောင်းဆိုပါတယ်၊
ဘယ်လို ကယ်တင်ကြမလဲ၊ ကျနော်တို့ ဧရာဝတီ ကယ်တင်ရေး (SAVE THE IRRAWADDY) အမျိုးသားရေး လှုပ်ရှားမှုကြီးလုပ်ရမှာပါ၊ ပြည်တွင်းက ပြည်သူတွေက ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ကြောင်း မြန်မာစစ်အုပ်စုကို တောင်းဆိုသင့်သလို ရန်ကုန် မှာရှိတဲ့ တရုတ်သံရုံး၊ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးများကို ကန့်ကွက်စာတွေ ပေးပို့သင့်ပါတယ်၊
ဧရာဝတီမြစ်ကြီး အနိုင်ကျင့်ခံနေရမှုနဲ့ ကချင်ပြည်နယ် နဲ့ မြန်မာတနိုင်ငံလုံးက ပြည်သူတွေ ထိခိုက်နစ်နာမည့်အရေးကို လူထုသိနားလည်အောင် ရှင်းလင်းတင်ပြပြီး လူထုအင်အားနဲ့ ဧရာဝတီကို ကာကွယ်ကြရမှာပါ၊ ဆရာတော်၊ သံဃာတော်များကလဲ သူတို့ရဲ့ တရားပွဲများမှာ ဧရာဝတီမြစ်ကြီးရဲ့ အကျိုးကျေးဇူးကို ရည်ညွှန်းဖွဲ့ဆိုပြီး ဧရာဝတီကို စောင့်ရှောက်ကာကွယ်ဖို့လူတိုင်းမှာတာဝန်ရှိကြောင်း ဟောပြောသင့်ပါတယ်၊ အနုပညာရှင်များကလဲ ဧရာဝတီမြစ်ကြီး အရင်လိုမစီးဆင်းနိုင်တော့ရင် ဖြစ်လာမည့်အကျိုးဆက်တွေကို လူထုနဲ့ စစ်တပ်ထဲက နိုင်ငံချစ်တဲ့ စစ်ဗိုလ်၊ စစ်သားတွေသိအောင် သီချင်းတွေစပ်ဆို၊ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်သင့်ပါတယ်၊ အထူးသဖြင့် လောဘဇောကပ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ အလိုတော်ရိစီးပွါးရေးသမားတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရတို့ကို မြန်မာပြည်သူတွေဟာ ဧရာဝတီ ကို ထိရင် မခံဘူးဟေ့ ဆိုတာကို သိအောင်ပြသကြဖို့ပါ၊
ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလဲ သက်ဆိုင်ရာနိုင်ငံများမှာ ရှိတဲ့ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးများရှေ့မှာ ဆန္ဒပြတာ၊ ကန့်ကွက်စာပို့တာတွေလုပ်သင့်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာနိုင်ငံများက အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များကို တရုတ်အစိုးရရဲ့ မြန်မာပြည်သူများအပေါ် တိုက်ရိုက် လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို တင်ပြတိုင်တန်းသင့်ပါတယ်၊ ပြီးတော့ ကျနော်တို့ အခု ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ စစ်အုပ်စုက ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုတခုလုံးအပေါ်အကြမ်းဖက်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူဖို့ တောင်းဆိုနေသလို တရုတ်အစိုးရကလဲ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ကြီးကိုအနိုင်ကျင့်ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတယ်၊ Crimes against Humanity တွေ ကျူးလွန်နေတယ်ဆိုတာ တိုင်တန်းကြရမှာပါ၊
ကျနော်တို့ဘက်မှာ အဖွဲ့အစည်းပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ နဲ့ ရပ်တည်မှုပေါင်းစုံရှိပြီး မညီညွတ်ကြဘူးလို့ သတ်မှတ်ခံကြရပါတယ်၊ နအဖစစ်အုပ်စုအပေါ် စီးပွါးရေးပိတ်ဆို့မှုလုပ်တာကို ထောက်ခံတဲ့လူ နဲ့ ကန့်ကွက်တဲ့လူ၊ စစ်အုပ်စုရဲ့ လွှတ်တော်ထဲဝင်တဲ့လူနဲ့ လွှတ်တော်အပြင်မှာပဲနေတဲ့လူ၊ နိုင်ငံရေးကို သက်တောင့်သက်သာလုပ်ချင်တဲ့လူ နဲ့ ထောင်အကြိမ်ကြိမ်အကျခံပြီးလုပ်တဲ့လူ၊ ပညာရှင်ဘဝပြောင်းပြီး ဘေးကဝေဘန်တဲ့လူနဲ့ မိုက်ခွက်ကိုင်ပြီး အသံလွှင့်တဲ့လူ၊ ကွန်ပြူတာရှေ့ထိုင်ပြီး အင်တာနက်နဲ့ တော်လှန်ရေးလုပ်တဲ့လူ၊ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြည်းဖြည်းချင်းတော့ ပြောင်းမှာပါလို့ မျှော်လင့်တဲ့လူ နဲ့ စစ်အုပ်စုရဲ့ လှည့်ဖျားမှုကိုမခံပဲ ပိုပြီးဖိအားပေးချင်တဲ့လူ၊ နိုင်ငံရေးကို စိတ်ကုန်သွားတဲ့လူတွေ နဲ့ စိတ်မဝင်စားတော့ တဲ့လူ၊ ကျနော်တို့ အားလုံး ဘယ်လိုပဲရှိခဲ့ရှိခဲ့၊ အမြင်တွေ၊ ရပ်တည်ချက်တွေ မတူခဲ့ရင်တောင်မှ ဒီတခါတော့ ကျနော်တို့ ညီကြရအောင်ပါ၊ ဧရာဝတီ မရှိရင် ကျနော်တို့ဘဝတွေ အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ပါ၊ ကျနော်တို့ ညီမှ အမိ ဧရာဝတီ ကို ကယ်တင်နိုင်၊ ကာကွယ်နိုင်မှာပါ၊
ဧရာဝတီ ကိုကယ်တင်ကြပါစို့။
ဟစ်တိုင်မှ ကူးယူဖော်ပြသည်။ 
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ (ဂါမဏိ)
ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။
 မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေးကနေ သယ်ယူပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေအထိ မှီခိုအား ထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက်နုံးတင်မြေနုအဖြစ်ထွန်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကိုလဲ ပေါ် ထွက်စေခဲ့ပါတယ်။ ဧရာဝတီကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါ တယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာစစ်အာဏာရှင်အစိုးရ အဆက်ဆက်လက်အောက်မှာ ဧရာဝတီကို မျက်နှာလွှဲနေခဲ့လို့ ဧရာ ဝတီရဲ့ကျန်းမာရေးဟာ ယိုယွင်းကျဆင်းလာခဲ့ရပါတယ်။
အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှုကပ်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာကောင်းတဲ့ အနေအထား ရောက်လာပါတော့တယ်။ ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့ မလားလို့တောင် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ ရေအနက် လူတရပ်တောင်မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် ရေ နည်းလတွေဟာလဲ ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲက ငါးဖမ်းရတာတွေက တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။
ဒါပေမဲ့ အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသဲအသန်အခြေအနေကို ရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝတီ မြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသမှာ ရေကာတာကြီး ၁၂ ခုထက်မနည်း ဆောက်လုပ်ဖို့ တရုတ်နိုင်ငံကို ရောင်း စားလိုက်တာကြောင့် ဖြစ်ပါတယ်။
ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ --
(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ ထုတ်မှာဖြစ် ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်။
(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လာဇာရေကာတာက မီဂါဝပ် ၁၉၀၀ ထုတ်လုပ်မှာ ဖြစ် ပါတယ်။
ဧရာဝတီရဲ့ နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ဆောက်မှာဖြစ်ပါတယ်။
(၃) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀ ထုတ်မယ်။
(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀ ထုတ်မယ်။
(၅) လာကင် (ခေါ်) ယီနန် ရေကာတာက ၁၄၀၀ မီဂါဝပ်ထုတ်မယ်။
(၆) ဖီဇော ရေကာတာက ၂၀၀၀ မီဂါဝပ် ထုတ်မယ်။
(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက ၂၇၀၀ မီဂါဝပ်ထုတ်မယ်။
ဧရာဝတီမြစ်ဖျားခံရာမဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲစီးဝင်တဲ့ တပိန်မြစ်ပေါ်မှာလဲ ရေကာတာ ၂ ခု နဲ့ ပိတ်မှာဖြစ်ပါတယ်။
(၈) တပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀ ထုတ်မယ်။
(၉) တပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈ ထုတ်မယ်။
ဒီရေကာတာကြီး ၉ ခုက ကချင်ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။
မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ပိတ်မှာဖြစ်ပါတယ်။ ဒါတွေ ကတော့--
(၁၀) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ ထုတ်လုပ်နေပြီး တရုတ်နိုင်ငံကို တင်ပို့နေပြီဖြစ်ပါတယ်။
(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀ ထုတ်လုပ်မှာဖြစ်ပါတယ်။
ဒီ ၃ ခုက ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီအောက်ပိုင်းအတွက် အဓိကရေဝေဖြစ်တဲ့ ချင်းတွင်းမြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု ဆောက်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးဖို့ ရည် ရွယ်ထားပါတယ်။ ဒီရေကာတာတွေရဲ့ ပမာဏတွေကတော့ --
(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀ ထုတ်မယ်။
(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀ ထွက်မယ်။
(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀ ထွက်မယ်။
(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀ ထွက်မယ်။
(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာက မီဂါဝပ် ၃၈၀ ထွက်မယ်။
ဒီရေကာတာတွေဟာ မြန်မာပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား ဖောဖောသီသီသုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ် ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တရုတ်အရင်းရှင်၊ ကုလားအရင်းရှင်တွေအကျိုးအတွက် ဖြစ်နေပါ တယ်။
ဒါတွေကိုကြည့်ရင် ဧရာဝတီ-ချင်းတွင်းတို့ရဲ့ရေတွေကို ပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ကုလားလက်ထဲထည့်လိုက်မယ့် ပမာဏဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်း တွေက စတင်နေပြီဖြစ်ပြီး အိန္ဒိယနဲ့လုပ်ငန်းတွေကတော့ မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင် မုဒိမ်းကျင့်နေပြီ လို့ ပြောနိုင်ပါတယ်။
ဒါတွေနဲ့ယှဉ်ကြည့်ရင် ပြည်တွင်းမှာသုံးစွဲဖို့ ဆောက်လုပ်ထားတဲ့ ဆောက်လုပ်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ကလေးကစားစရာလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာ အကြီးဆုံး တည်ဆောက်ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်းလောင်း (မီဂါဝပ် ၂၈၀)၊ လောပီတ-မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ဘဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက်တွေချည်း ဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အား ရောင်းစား ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း ရေကာတာတွေကတော့ မီဂါဝပ် ထောင်ချီပြီးထွက်မယ့် ဧရာမရေကာတာကြီးတွေ ဖြစ်နေပါတယ်။ အသေးဆုံးက တောင် မီဂါဝပ်ရာဂဏန်းအထက် ထွက်မယ့်ရေကာတာတွေဖြစ်နေပါတယ်။
စစ်အုပ်စုရဲ့ ရေကာတာဆောက်လုပ်ရေး ရည်ရွယ်ချက်က အပေါ်ယံအားဖြင့်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားပြည်ပတင်ပို့ရေး၊ လယ်ယာမြေတွေအတွက် ရေပေးဝေရေး လို့ပြောပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ် ချက်တခုလဲ ရှိပါတယ်။ အဲဒါကတော့ တော်လှန်ရေးအင်အားစုများ အနေကြုံ့စေရေး၊ တားဆီးကန့်သတ်ရေး ဖြစ်ပါ တယ်။ ပြည်တွင်းမှာတည်ဆောက်တဲ့ ရေကာတာအငယ်တွေကော၊ နယ်စပ်အနီးအနားမှာ တည်ဆောက်တဲ့ ရေကာ တာကြီးတွေပါ ဒီရည်မှန်းချက် ထားပါတယ်။
ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက်နှစ်ခုကတော့ ရေမြုပ်ဧရိယာကသစ်တောတွေ ခုတ်လှဲရောင်း စားဖို့၊ ရေကာတာတည်ဆောက်ရေးမှာသုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ်ကြ ဖို့လဲ ဖြစ်ပါတယ်။
မဆလခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည်တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေနဲ့ ပအိုဝ်း တော်လှန်ရေးတွေရဲ့ အခြေခံဒေသ ပျက်ပြားဖို့၊ မြန်မာပြည်အတွင်းပိုင်းထိုးဖောက်ရေးကို အဟန့်အတားဖြစ်ဖို့ ရည် ရွယ်ခဲ့ပါတယ်။
ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာတွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင်တော်လှန်ရေးသမားတွေ ပြန်အခြေမခံနိုင်အောင်၊ စစ်တောင်းမြစ်ကူးလာပြီး ကွင်းထဲကနေရိုးမပေါ် တက်ရခက်အောင်၊ ရိုးမပေါ် သွားလာရ ခက်အောင်၊ ရိုးမပေါ်ကနေ အဓိကကွင်းဒေသတွေကို ထိုးဖောက်ဝင်ရောက်ရခက်အောင် တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။
တံငါသည်တို့ သည် ဧရာဝတီကို မှီခိုအားထားရသည်
မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်)ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပတွေ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ရည်ရွယ်ခဲ့သလို ဆည်တော်ကြီးဆည်ကတော့ မိုးမိတ်-မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည် ရပ်စောက် ဒေသက ဇော်ဂျီရေကာတာဟာ ဗကပတွေနဲ့ ရှမ်းသူပုန်တွေရဲ့ အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တားဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ်ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေး တွေ ကဒူးကနန်းဒေသ မြစ်ဖျားတိုင်းကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်ကရေကာတာတွေဟာ ကချင်တော်လှန်ရေး တွေရဲ့ အခြေခံနယ်မြေသေးကြုံ့ရေးနဲ့ ဆက်သွယ်သွားလာမှုခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီရေကာတာတွေဟာ ကချင်၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ ဆက်သွယ်သွားလာမှုခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။
ဗကပ၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီးခြေချမရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ နဲ့ နမ့်လန် ရေကာတာဆောက်ဖို့ စီမံကိန်းလဲချထားပါတယ်။ အထက်သံလွင်နဲ့ တန့်ယန်းရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်း-ကချင်တော်လှန်ရေးတွေရှိရာ သံလွင်အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်းချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန်ရေးတွေကို ခက်ခဲအောင်ရည်ရွယ်တာ ဖြစ်ပါတယ်။
အထက်ပေါင်းလောင်း နဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်း လက်နက်ကိုင်တွေကို ဟန့်တားဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေအပါအဝင် ကရင်နီနဲ့ ကျောင်းသားလက်နက်ကိုင် တွေကို ဟန့်တားဖို့ ရည်ရွယ်ချက် ပါရှိပါတယ်။
ကရင်နဲ့ ကျောင်းသားတော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ဖို့ရည်ရွယ်တဲ့ ရေကာတာတွေကတော့ သောက်ရေခပ်၊ ရွှေကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီတော်လှန်ရေးကိုပါ ဟန့်တားနိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီရေကာတာတွေဖြစ်ပါတယ်။
ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့အနေနဲ့ စိုင်းတင် နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်းဆွဲထားပါတယ်။
"သောင်းကျန်းသူနှိမ်နင်းရေး မဟာဗျူဟာ" ဆိုတဲ့ စစ်ရေးအဓိကအမြင်နဲ့ ရေလှောင်တမံတွေ ရေကာတာတွေ ဆောက် သလို စစ်ရေးအမြင်နဲ့ဘဲ နည်းပညာညံ့ မြစ်ကူးတံတားကြီးတွေ ဆောက်ခဲ့တဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း မြစ်ကြောင်းပျက်စီးမှုတွေလဲ ဘယ်ခေတ်နဲ့မှမတူအောင် ဖြစ်ခဲ့ရပါတယ်။
စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာစည်းစိမ်မြဲရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေကို ပိတ်ဆို့ကန့်သတ်ဖို့တင်မက တရုတ် ကုလား ယိုးဒယားတို့သဘောကျစေဖို့နဲ့ နိုင်ငံခြားငွေရစေဖို့ နယ်ခြား ဒေသရေကာတာကြီးတွေ ဆောက်လုပ်ခဲ့ရာမှာ နိုင်ငံ့အချုပ်အခြာအာဏာကို ဘေးချိတ်လိုက်ပါတော့တယ်။ ကိုယ့် တိုင်းပြည်က အဓိကပင်မသယံဇာတတွေကို နိုင်ငံခြားသားလက် ထိုးအပ်တာလောက် အချုပ်အခြာအာဏာထိခိုက်တာ မရှိပါဘူး။
အခုလိုထိုးအပ်လိုက်တာဟာ နိုင်ငံ့အသက်သွေးကြော ဧရာဝတီမြစ်ကို သေဒဏ်ပေးလိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။
နိုင်ငံ့ရဲ့ အသက်သွေးကြောမြစ်မကြီးတွေ၊ နိုင်ငံ့ရဲ့ အခြေခံသယံဇာတရင်းမြစ်တွေကိုရောင်းစားတာ၊ နိုင်ငံတွင်းက အခြေခံပြည်သူလူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဘဝတွေကို ပျက်သုဉ်းစေတာဟာ တကယ်တော့ အချုပ် အခြာအာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက်ကောင်းလှတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည် တွင်းမှာ အကြီးအကျယ်လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှုထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုးအပ် လိုက်ကတည်းက အချုပ်အခြာအာဏာ ပါသွားခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အကြီးအကျယ်အော်နေတဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အပါအဝင် ဒို့တာဝန်အရေးသုံးပါး နဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆိုတာ လိမ်လုံးညာလုံးတွေဖြစ်ကြောင်း လယ်ပြင်မှာဆင်သွားသလို ရှင်းလင်းလှပါတယ်။
တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရဖြေရှင်းတာ (ရေကာတာတွေဆောက်လို့ သူပုန်တွေ မထိခိုက် တာကို မိုးဗြဲရေကာတာဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေပြခဲ့ပါပြီ)၊ တိုင်းရင်း သားတွေကို တန်းတူအခွင့်အရေး အပြည့်အဝပေးတာ၊ မြစ်ဝှမ်းတလျှောက်သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင် တာ၊ မြစ်ကြောင်းအနေအထား မပျက်ယွင်းစေတဲ့ မြစ်ကူးတံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အဆိပ်သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ်တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မှီယန္တရား စက်ကြီးတွေနဲ့ သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားအတွက်လဲ သဘာဝပတ်ဝန်း ကျင်ပညာရှင်တွေ၊ ရေကာတာပညာရှင်တွေ၊ ဒေသခံလူထုတွေဆီက သေသေချာချာ အကြံဉာဏ်ရယူပြီးမှ (လျော် ကြေးလဲ လောက်လောက်ငှငှပေးပြီးမှ) တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒါတွေကို ဗဟိုအစိုးရကဘဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေကတော့ တိုင်းပြည့်အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က တပြည်လုံးအကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီးအာဏာဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက်မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့တိုက်ပွဲ ဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာပြန်လည်ရယူရေးတိုက်ပွဲလဲ ဖြစ်ပါတယ်။
တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေအဖို့ စိုင်းထီးဆိုင် သီချင်းထဲကလို "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံ လုံးက ပြည်သူလူထုတွေအတွက် လျှပ်စစ်လိုင်းကြိုးတွေနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ "ဖြတ်သာသွားတယ် မနား တယ်" ဖြစ်လာပါပြီ။
အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်တဲ့ စစ်အစိုးရလက်ထက်မှာ ဗမာပြည်ဗဟိုချက် မန္တလေးမြို့တော် ရဲ့ မြေယာအိုးအိမ်တွေ နောက်တိုး'လူဝါ'များလက်ထဲရောက်သွားတာ တဆက်တစပ်တည်း ဖြစ်လာပါတယ်။ သီပေါ မင်းလက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေးလူဦးရေ တသိန်းနီးပါးမှာ တရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တလေး လူဦးရေတသန်းမှာ တရုတ်လူဦးရေက  ၄ သိန်းနီးပါးရှိနေပြီး သခင်လူတန်းစားသစ် ဖြစ်လာပါတယ်။
အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ မြေ တွင်းထွက် နဲ့ လူသားတွေကို ထိန်းချုပ် တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူကထိန်းချုပ်ထားသလဲ ဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးအစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံသားတွေ သိကြပါတယ်။
ဒါကြောင့် ဒီကနေ့ဒီအချိန်မှာ ဧရာဝတီကိုကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင်တိုက်ပွဲကို ပြည်တွင်းပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီ၊ သံလွင်၊ ချင်းတွင်းမြစ်တွေပေါ်က ရေကာတာစီမံကိန်းတွေကို ရိုက်ချိုးဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။ ကေအိုင်အိုရဲ့ ဧရာဝတီအရေးတော်ပုံကို တပြည်လုံးအနှံ့လက်နက်ကိုင်တိုက်ပွဲ တွေ လူထုတိုက်ပွဲတွေ တပ်တွင်းပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့နည်းမှတပါး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အခြားလမ်းမရှိပါ။
ဓာတ်ပုံများအား ယခုလင့်မှ ရယူသည်။ http://www.greatmirror.com/index.cfm?navid=273&picturesize=medium 
ကိုမိုးသီးဇွန်ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
7/6/11
ကျနော်တို့အလုပ်အကြောင်း
အိမ်ကနေ အလုပ်ကို လေယျာဉ်နဲ့ တစ်နာရီကျော်ကျော်လောက်စီးရတယ်။ လေဆိပ်ကနေ မိုင်းကို နာရီဝက်လောက် ဘက်စ်ကားစီးရတယ်။ မနက်လေးနားရီတိတိမှာ အိပ်ရာထ၊ သွားတိုက်ပြီး အထုတ်အပိုးကိုဆွဲပြီး လေယျာဉ်ကွင်းကို ပြေးရတယ်။
မိန်းမနဲ့ ခလေးသုံးယောက်က လေဆိပ်ကိုလိုက်ပို့တယ်။ တက္ကစီငှားရင် ပိုက်ဆံကုန်လို့ ကိုယ့်အိမ်က မိန်းမကို လိုက်ပို့ခိုင်းပါတယ်။ ခလေးတွေလည်း အိပ်ချင်မှုးတူးနဲ့ ကားပေါ်မှာ သူတို့အဖေကို လိုက်ပို့တာ တမျိုးတော့ ကြည်နှုးစရာ။
မိုင်းမှာ လုပ်တဲ့လူတိုင်း အလုပ်ကိုလေယျာဉ်နဲ့ သွားရတော့ လေဆိပ်မှာ အလုပ်သမားတွေ ချည်းပဲ။ အင်ဂျင်နီယာ၊ သန့်ရှင်းရေးသမား၊ မန်နေဂျာ၊ ဒရိုင်ဘာစတဲ့ အလုပ်သမားတွေအားလုံးဟာ ယူနီဖောင်းအတူတူပဲ။ လေယျာဉ်အတူတူစီးတယ်။ နေတော့တစ်ယောက်တစ်ခန်း။ သူကတော့ မန်နေဂျာမို့လို့ အခန်းသန့်သန့်နဲ့ စပါယ်ရှယ်ခန်းနေခွင့်မရ။ ထမင်းစားလည်း အတူတူ။ ကွာတာက လစာပဲကွာတယ်။ ဒါတောင် အများကြီး မကွာ။
တစ်ယောက်နဲ့တစ်ယောက်မနှိမ်။ သူကတော့ သန့်ရှင်းရေးသမားမို့လို့  ငါက သူ့ထက်ပို ပညာတက်တယ်ဆိုတဲ့ အယူအဆလည်း မရှိ။ အဖြူ၊ အမဲ၊ အသားဝါတွေ သြစတျေးလျနိုင်ငံရဲ့ Advanced Fair ဆိုတဲ့ နိုင်ငံတော်သီချင်းအောက်မှာ ဒီလိုတရားမျှတမှုရှိတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲ။ ယဉ်ကျေးသိမ်မွေ့ သော၊ ဖေါ်ရွှေသော ရွှေမြန်မာပြည်နဲ့ ဆီနဲ့ရေလို။ မြန်မာပြည်မှာဆိုရင် သူကတော့ မန်နေဂျာမို့လို့  သူဌေးလိုနေစေ။  သူကတော့ သန့်ရှင်းရေးသမားမို့လို့  တန်ရာတန်ရာနေစေဆိုပြီးခွဲခြားမှု ရှိလေတယ်။ ဒါမကောင်းဘူး။
ကျနော့်အလုပ်က မိုင်းမှာ ၈-ရက်လုပ်ပြီး အိမ်မှာ ၆-ရက်နားရပါတယ်။ အလုပ်သွားတဲ့နေ့ ဆိုရင် လူက မှုန်ကုတ်ကုတ်နဲ့။ အလုပ်ပြန်တဲ့ နေ့ဆိုရင် တက်ကြွလို့။ ဒါကလူတိုင်း။ မနက်ပိုင်း အလုပ်သွားပြီးဆိုရင် လူတိုင်းလေယျာဉ်ပေါ်မှာ အသံမထွက်ကြဘူး။ တိတ်ဆိတ်ပြီး လေယျာဉ်စီးကြတယ်။ အိမ်ပြန်ကြပီဟေ့ဆိုရင် လေယျာဉ်တစ်စီးလုံးဆူညံနေတာပဲ။ စကားပြောသံ၊ တဟားဟားရယ်မောသံတွေနဲ့ အရမ်းကြည်နှုးစရာကောင်းတယ်။
အလုပ်ထဲမှာ နိုင်ငံခြားသားမို့ နှိမ်တာမရှိ။ အလုပ်ပိုခိုင်းတာမရှိ။ ခေါင်းပုံဖြတ်တာမရှိ။ တစ်ယောက်နဲ့တစ်ယောက်လေးလေးစားစား။ လုပ်ငန်းခွင်မှာ စည်းကမ်းဖောက်တဲ့လူ အလုပ်ပြုတ်။ Safety လို့ခေါ်တဲ့ လုပ်ငန်းခွင်လုံခြုံရေးကို အထူးအလေးပေးတယ်။ ညက သောက်ထားတဲ့ အရက်အရှိန်ကို မနက်မိုးလင်းရင်စစ်ပြီ။ သုံးည အဆင့်ရှိရင် အလုပ်လုပ်ပါ။ မရှိရင် မလာပါနဲ့။ မိရင်တော့ တခါတည်း အလုပ်ဖြုတ်တယ်။ စစ်တဲ့သူက အချင်းချင်းသိလို့၊ ခင်မင်ရင်းနှီးလို့ ခွင့်လွှတ်တယ်မရှိ။ စည်းကမ်းက စည်းကမ်းပဲ။ ဘယ်သူမှ မလိမ်ရဲဘူး။ လိမ်လို့ပေါ်သွားရင် တသက်လုံးဒီအလုပ်ကို လုပ်ခွင့်မရတော့။ မှတ်တမ်းပါသွားပြီ။ Reference မကောင်း။ စည်းကမ်းက ကောင်း၊ စနစ်ကကောင်းတော့ အလုပ်ဖြစ်တယ်။ အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဘက်အကျိုးရှိစေတယ်။
အလုပ်ထဲမှာ လူမျိုးပေါင်းစုံ။ တရုတ်၊ ကုလား၊ တောင်အာဖရိက၊ ဂျပန်၊ အင်္ဂလန်၊ ဖလစ်ပင်း...အတော်စုံတယ်။ ဒီလောက်လူတွေမျိုးစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ အကျင့် မျိုးစုံကို ဘာနဲ့ထိန်းလို့ ဒီလောက်တောင် တည်ငြိမ်ပြီး တိုးတက်နေတာလဲဆိုတော့ အဓိက တရားမျှတမှုနဲ့စည်းကမ်းရှိလို့ပါ။ အင်္ဂလိပ်တွေက အတော်လေးကို လေးစားစရာကောင်းတဲ့ လူမျိုးတွေလို့ ကျနော်တော့ထင်တယ်။ သဘောမတူလည်းနေပါ။ သူတို့တွေဟာ စည်းကမ်းရှိတယ်။ စနစ်ရှိတယ်။ စကားတည်တယ်။ ဥပဒေကို လေးစားကြတယ်။ ကျနော်တို့ ဗမာတွေနဲ့တော့ အတော်ကွာတယ်။
ကျနော် အထက်မှာပြောသလို မိုင်းမှာ အလုပ်လုပ်ကြတဲ့လူတွေတိုင်း ယူနီဖောင်းတူတူ၊ နေပုံစားပုံ သွားပုံအတူတူ။ ခွဲခြားမှုမရှိ။ တရားမျှတမှုရှိစတဲ့ အတုယူစရာကောင်းတဲ့ဟာကို အထင်ကြီးရမယ်။ ဒါတွေမှ အထင်မကြီး အတုမယူဘူးဆိုရင် ဘာကိုအတုသွားယူကြမလဲ။ ဒါတွေက တိုးတက်နိုင်တယ်၊ လူ့အဖွဲ့အစည်းကို တည်ငြိမ်စေတယ်၊ ရင်ကြားစေ့ရေးဖြစ်စေတယ်ဆိုရင် အတုကို ယူသင့်တယ်။ ဒါမှ ကျနော်တို့လူမျိုးတွေတိုးတက်မှာပေါ့။
စာရေးဆရာတွေရေးတာ ရှိသေးတယ်။ ကော်လံပြာ( Blue Color) နဲ့ ကော်လံဖြူ (White Color) ဆိုတဲ့ ကိစ္စကိုလည်း သတိထားမိလို့ပါ။ ကော်လံဖြူဆိုရင် ပညာတက်တော့ပေါ့။ ကော်လံပြာဆိုရင် အလုပ်ကြမ်းသမားပေါ့။ အလုပ်ကြမ်းသမားဆိုရင် ငတုံးဆိုပြီး ဗမာတွေ အထင်မကြီးချင်ဘူး။ ကျနော် မိုင်းမှာတွေ့တယ်။ အားလုံးကော်လံပြာတွေချည်းပဲ။ ပညာရှင်ပေါင်းစုံရှိတယ်။ သူတို့ လည်း ကော်လံပြာပဲဝတ်ရတယ်။ သန့်ရှင်းရေးသမား၊ ပန်ကန်ဆေးတဲ့လူလည်း ကောလံပြာပဲ။ မည်သူ့ ရင်ဘတ်မှာမှ သူကတော့ မန်နေဂျာဖြစ်ပါတယ်ဆိုတဲ့ တံဆိပ်ကိုမကတ်ထားဘူး။ နာမည်ပဲ ထိုးထားတယ်။ ဘာ့ကြောင့် ဒီလိုလုပ်ရလဲဆိုတော့ Team Work ကိုဦးစားပေးလို့ပဲ။ တစ်ယောက်တစ်ယောက်ခွဲခြားဆက်ဆံမှုမရှိအောင်လုပ်ထားတယ်လို့ ယူဆရတယ်။
နောက်အပတ်ပြန်ဆုံကြတာပေါ့။ မြန်မာတွေ အတွေးအခေါ်မြင့်မားကြပါစေ။
7/5/11
စစ်သားများသို့
ဒီခေတ်မှာ နိုင်ငံတော်ကို ကာကွယ်ချင်လို့ဆိုပြီး ၀င်တဲ့ စစ်သားတွေရှားပါတယ်။ စစ်တိုက်တာ အရမ်းဝါသနာပါလို့ ၀င်တဲ့သူလည်းမရှိဘူး။ လစာကောင်းလို့ စစ်ထဲဝင်တဲ့သူလည်းမရှိ။
အခုမြင်တွေ့နေရတဲ့ မြန်မာစစ်တပ်ဟာ အတင်းအဓမ္မစုဆောင်းပြီး စစ်ထောင်ချထားသလိုဖြစ်နေတဲ့တပ်ပါ။ ထွက်ချင်တဲ့သူတွေတစ်ပုံကြီးဖြစ်နေပြီ။ အရင်တုန်းက ပြန်တမ်းဝင်အရာရှိတစ်ယောက်ဟာ ထွက်ပြေးဖို့ခပ်ရှားရှားပဲ။ ဒီခေတ်မှာတော့ စစ်တပ်ကထွက်ပြေးတဲ့ စစ်ပြေးအရာရှိတွေက အရေအတွက်အတော်များနေပြီ။ အရာရှိတောင် ဒီလိုဖြစ်နေတယ်ဆိုရင် ရဲဘော်ကတော့ သိတဲ့အတိုင်းပဲ။
မယုံရင်လေ့လာကြည့်ပါ။ ပြည်သူဆိုတာကတော့ မပြောပါနဲ့။ စစ်တပ်ကို အတင်းအဓမ္မသွင်းတယ်။ ထွက်ပြေးရင်ထောင်ချတယ်။ ကျနော့်အဖေစစ်တပ်က ထွက်ဖို့အတွက် ထောင်တစ်နှစ်ကျခံရတယ်။ နှစ်ပေါင်းသုံးဆယ်လုပ်လို့ ဘာရလဲဆိုတော့ ဘာမှမရ။ ပင်စင်မရ၊ ဂရေဂျူတီမရ။ နစ်နာကြေးမရ။
သူများသားသမီးကြတော့ ခွေသေ၀က်သေ သေလည်းဂရုမစိုက်။ ကျောင်းသားအရွယ်ကိုလည်း စစ်ထဲသွင်းလို့သွင်း။ အတော့်ကို လူ့စိတ်ကင်းမဲ့ကြလေတယ်။
ဒီလိုအာဏာရှင်ဖြစ်လာအောင် ပံ့ပိုးပေးတဲ့လူတွေထဲမှာ အောက်ခြေက ဖားယားပြီး မိမိကောင်းစားရင်ပြီးရောဆိုတဲ့ လူ စိတ်ကင်းမဲ့တဲ့ လူတွေကပိုဆိုးသေးတယ်။ အထက်ကပေးတဲ့အာဏာကနဲနဲ သူတို့အာဏာပြတာက များများ။ ဒါက ဘာ့ကြောင့်ဖြစ်လဲဆိုတော့ ဗဟုသုတနဲ့အသိညာဏ်ကင်းမဲ့တာကို ပြတယ်။ ဒါ့ကြောင့်အာဏာရှင်ဖြစ်နေတာပေါ့။ နေပြည်တော်မှာရှိတဲ့ ထိပ်သီးလူတစ်စုက လက်ချိုးရေလို့ရတယ်။ ဒီလူအနဲစုက တစ်တိုင်းပြည်လုံးကို နေပြည်တော်ကနေ အုပ်ချုပ်နိုင်တာက ဘာ့ကြောင့်လဲဆိုတော့ ရှင်းနေတာပဲ။ အာဏာရှင်ကို ပံ့ပိုးပေးနေတဲ့လူတွေကြောင့် အာဏာရှင်ဟာ နေပြည်တော်ကနေ မြန်မာပြည်တပြည်လုံးကော၊ နိုင်ငံခြားတိုင်းပြည်တွေက မြန်မာသံရုံးတွေအထိ လက်လှမ်းမှီအောင်အုပ်ချုပ်နိုင်ခဲ့တယ်။
တကယ်လို့သာ သူတို့ကို ထောက်ခံမဲ့သူ၊ ပံ့ပိုးပေးမဲ့သူမရှိဘူးဆိုရင် ဘယ်အာဏာရှင်က သက်ဆိုးရှည်မလဲ။ ၀ါရှင်တန်က ဒု-သံအမတ်ကြီး ဦးကျော်ဝင်းအပါအ၀င် ဗိုလ်မှုး အောင်လင်းထွတ်၊ ဗိုလ်မှုးစိုင်းသိန်းဝင်းလိုမျိုး တကယ်စွန့်လွှတ်ခဲ့တဲ့လူတွေသာ များလာရင် ကျနော်တို့မမြင်ချင်တဲ့ အာဏာရှင်စနစ်ကို မြန်မြန်နိဂုံးချုပ်ပစ်လိုက်နိုင်ပါလိ့မယ်။ ဒီနေရာမှာ စွန့်ရဲတဲ့သတ္တိက အထူးလိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် လုပ် ယူရပါလိမ့်မယ်။ သူ့အလိုလိုတော့ ဖြစ်လာမှာမဟုတ်ပါ။
စစ်သားဖြစ်ပြီး စစ်သားစိတ်ရှိသင့်ပါတယ်။ စစ်သားစိတ်ဆိုတာ ပြတ်သားတဲ့စိတ်ကိုပြောတာပါ။ စစ်သားဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေကောင်းစားဖို့၊ သူတို့အမျိုးတွေချမ်းသာဖို့အတွက် ကျွန်လုပ်တာတော့မကောင်းဘူး။ မွေးဖွားလာမဲ့ မိမိသားတွေသမီးတွေအထိ အကျိုးဆက်ကသက်ရောက်မှု့ ကြီးပါတယ်။ အားလုံးစဉ်းစားဖို့ပါ။
မယုံကြနဲ့....
တနေ့တော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌဟုခေါ်သော ကိုအောင်မိုးဇော်ကို ဖုန်းဆက်ဖြစ်တယ်။ သူက မင်းနဲ့ငါ ဘာမှ စကားပြောစရာမရှိဘူးတဲ့။ သိတ်ကောင်းတဲ့ ဥက္ကဌ။ တော်လှန်ရေးသမား။ အမျိုးသားသင့်မြတ်ရေးအတွက် လုပ်နေတဲ့နိုင်ငံရေးသမားတစ်ယောက်။ ပါတီခေါင်းဆောင်။
ရန်သူတောင် စကားပြောပြီး ဖြေရှင်းရမှာမဟုတ်ဘူးလား။ ဘာ့ကြောင့်သူက စကားမပြောချင်လဲဆိုတော့ သူတို့ကို ကျနော်က အားရပါးရဝေဖန်လို့ပါ။ သူတို့အထင် စော်ကားတယ်ပေါ့။ ဘာကိုစော်ကားတာလဲမသိ။
လူ့ဘောင်သစ်ပါတီဝင် ဟုတ်မဟုတ်ဆိုတာကို စာရွက်နဲ့ သက်သေပြလို့ရတာမဟုတ်။ ရင်ထဲမှာ ခေါင်းထဲမှာ ရှိနေရင်ပြီးတာပဲ။ တော်တ်ာဆိုးတဲ့လူတွေ။ ဘယ်လိုနိုင်ငံရေးခေါင်းဆောင်ဖြစ်မှာလဲ။ ကျနော်ကလည်း ကျနော် ပါးစပ်ကလည်း အငြိမ်မနေ။ မှုးလာရင် ပိုဆိုးတယ်။ လူကြီးလည်း လူကြီးမှန်းမသိ။
ကျနော်တွေးမိတာက လူတွေဟာ အတော့်ကို ကိုယ့်ဘက်ကိုယ်ယက်ကြတယ်လို့ထင်တယ်။ အတ္တကြီးကြတယ်။ သူတို့မကောင်းဘူးလို့ဝေဖန်ရင်အနည်းဆုံး မျက်နှာတော့မဲ့ကြတယ်။ ဒါက ထုံးစံ။ နိုင်ငံရေးသမားတွေဆိုရင် ဒါမျိုးမဖြစ်သင့်ဘူး။ ပြေလည်ရာပြေလည်ကြောင်း ပြန်ပြောသင့်တယ်။ သူများဆဲတာကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်သင့်တယ်။ ခေါင်းဆောင်လုပ်ချင်သူများကိုပြောတာပါ။
အလုပ်လုပ်နေရင်းနဲ့ တွေးမိတာ တစ်ခုရှိတယ်။ အင်္ဂလိပ်တွေ သိုးသားစားကြတယ်။ သိုးမွှေးကို အ၀တ်အစားလုပ်ဝတ်တယ်။ အင်္ဂလိပ်တွေလို ဗမာတွေလည်း နွားကိုခိုင်းတယ်။ အမဲသားစားတယ်။ နွားသရေကို လှည်းမှာတောင် ချည်လိုက်သေးတယ်။ အသုံးဝင်လိုက်တဲ့ဖြစ်ချင်း။ တိရဆ္ဆန်ကို လူက အနိုင်ကျင့်တယ်။ လူတွေက လူသားမစားကြဘူး။ လူအရည်ခွံကို အ၀တ်အစား လုပ်လို့မရဘူး။ လူတွေက လုပ်ခွင့်မပေးဘူး။ ဖမ်းတယ်။ ဆီးတယ်။ ထောင်ချမယ်။ လူကို လူထိရင် လူကနာတယ်။ သူများကို ထိတော့ ကောင်းကြတယ်။ တွေးနေတာပါ။ ဘယ်တော့မှတော့ ဖြစ်လာမှမဟုတ်ပါဘူး။ ဒါ့ကြောင့် လူတွေဟာ အတော့်ကို ကိုယ့်ဘက်ကိုယ်ယက်ကြပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံက အားအားယားယားပေါ်လာတာမဟုတ်ပါ။ ကမ္ဘာကြီးသာ မီးလောင်ကြည့် ကိုယ့်သားသမီးတောင် ချ နင်းပြီး ကိုယ်လွှတ်ရုန်းနိုင်တယ်လို့ ဥပမာပေးပုံရတယ်။ အတ္တရှိပုံများ လူပီသပါပေတယ်။
စွန့်လွှတ်အနစ်နာခံပါတယ်ဆိုတဲ့ မည်သည့်နိုင်ငံရေးသမား၊ အစိုးရက အကြီးအကဲဟုခေါ်သော လူကြီးများကိုလည်း အထင်တွေစွတ်ပြီး မကြီးဖို့လိုပါတယ်။ သူတို့လည်း သူတို့အကျိုးစီးပွားရှိပါတယ်။ သူတို့အကျိုးကသာလျှင် အဓိကပါ။ ကျန်တာက ဒုတိယလိုက်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပါ။ နိုင်ငံရေးရည်ရွယ်ချက်ကောင်းပါတယ်။ စွန့်လွှတ်နေပါတယ်။ သူမ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတဲ့ အကျိုးစီးပွားကို မိမိဘာသာတွေးကြည့်ပါ။ ထောင်ထဲက ကိုမင်းကိုနိုင်တို့အုပ်စု။ နာရေးကူညီမှုအသင်းကို ထောင်တဲ့ ဦးကျော်သူ။ သီတဂူဆရာတော် စတဲ့လူတိုင်းကို တွေးကြည့်ပါ။ လိုချင်တာ တစ်ခု (သို့ ) အကျိုးစီးပွားကို မျှော်ကိုးလို့ သူတို့ လုပ်နေပါတယ်။ မြတ်စွာဘုရားတောင် ဘုရားဖြစ်ချင်လို့ တရားလေ့ကျင့်ပါတယ်။ ထွက်ရပေါက် ပုဂ္ဂိုလ်တွေမဖြစ်ခင်မှာ ဘာလုပ်ရပါသလဲ။ ဆိုလိုချင်တာက လူတိုင်းမှာ အတ္တရှိပါတယ်။ မိမိအတွက် အကျိုးစီးပွားမရှိပဲ ဘာမှမလုပ်ပါ။
လူတစ်ဦးပေါ် လူတစ်စုပေါ်မှာ ဘယ်တော့အကြွင်းမဲ့မယုံသင့်ပါ။ ဘာ့ကြောင့်ဒီလိုပြောလဲဆိုတော့ ယုံမိရင် ကိုယ်ပဲခံရပါတယ်။ အဓိက စနစ်တစ်ခုကို ထင်သာမြင်သာရှိအောင် ကျိုးစားဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွေကစလို့ ရုတ်စွအဆုံး ဘုန်းကြီးကျောင်းမှာ အလှူငွေကိုလက်ခံပြီး သုံးစွဲတဲ့စနစ်တွေကိုပါ ပွင့်ပွင့်လင်းလင်းဖြစ်အောင် လုပ်ကြရင် ဘယ်တော့မှ လူတွေအချင်းချင်းအထင်လွဲတာ၊ ရန်ဖြစ်တာ မရှိနိုင်ပါဘူး။ အဓိက လိမ်လို့မရတဲ့ စနစ်ပေါ့။ ကွန်ပြူတာသုံးသင့်ရင်လည်း သုံးရပါတယ်။
ကျနော့်စဉ်းစားချက်တွေကို တင်ပြနေတာပါ။ မှန်ရင်လည်းမှန်မယ်။ မှားရင်လည်းမှားမယ်။ တွေးကြည့်ကြဖို့ပါ။ ကျနော် ဘယ်သူ့ ကိုမယုံပါဘူး။
7/4/11
My creative thinking
ကျောင်းပြောင်းတော့ ကျောင်းက မေးတယ်။ မင်းက သြစီနိုင်ငံသားလားတဲ့။ ရက်စ် လို့ကျနော်ဖြေခဲ့တယ်။ ကျနော် လွန်ခဲ့တဲ့ ၂၀၀၇-ကတည်းက သြစီနိုင်ငံသားခံယူခဲ့ပါတယ်လို့ပြောခဲ့တယ်။ ဒါဆိုရင် မင်းကို သြစီနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ လက်မှတ်ယူလာခဲ့ဆိုတော့ ခေါင်းစားပြီ။
စည်းကမ်းအတော်ရှိတဲ့ကျနော် လက်မှတ်ကို ဘယ်မှာထားမှန်းမသိ။ သြစီပက်စ်ပို့လည်းပျောက်နေတယ်။ ဒါမှ ဒုက္ခ။ Immigration ကို ပြန်တောင်းရပြီ။ ငွေ ၇၀-လောက်ထပ်ပြီးကုန်တယ်။ စာတိုက်ကနေ သူတို့ပို့လာခဲ့တယ်။ ဒီမှာတင် ကျနော်အတွေးတစ်ခုရတယ်။
ဘေးက လူက ဟေ့ကောင် မင်းခလေးကြည့်အုံးပျောက်သွားအုံးမယ်လို့ပြောတော့ သူကပြောတယ်။ ပျောက်တော့ နောက်တစ်ယောက် ထပ်ပြီးလုပ်ရတာပေါ့။ ခလေးလုပ်တာ ဘာခက်တာမှတ်လို့။ သူဒီလိုပြောတော့ ကျနော်က ထပ်ပြီးဖြည့်ပြောပေးတယ်။ ခလေးတစ်ယောက်လုပ်ရတာ အများဆုံးကြာ နာရီဝက်ပဲ...ဆိုတော့ အားလုံးဝိုင်းရယ်ကြတယ်။ မေးတဲ့သူက ခလေးမရှိတဲ့ အသက် ၄၇-နှစ်အရွယ်လူပျိုကြီး။
အသက် ၇၀-အရွယ် လူကြီးတစ်ယောက်က ဘုန်းကြီးကျောင်းမှာတွေ့တော့ ကျနော့်ကိုဆုံးမတယ်။ ဘယ်လိုနေ ဘယ်လိုထိုင်ပေါ့။ သူက စေတနာနဲ့။ အရမ်းရိုးသားပွင့်လင်းတဲ့ တောသားကြီး။ ၈၈-ခုနှစ်မှာ သူလည်း လူငယ်တွေနဲ့ ရောရောင်ပြီး အုတ်ပျော်လုပ်တဲ့လူ။
လူကြားထဲမှာဆိုတော့ သူလည်း လူအထင်ကြီးအောင်း အားရပါးရ နားချတာပေါ့။ လူငယ်တွေက လူကြီးဆိုတော့ တလေးတစားနားထောင်းတယ်။ ကျနော့်အလှည့်ရောက်တော့ ဟေ့..ဒီအဘကို ကျနော် မိုးကျရွှေကိုယ်နဲ့ဒေါက်တာချက်ကြီးပြတော့ အဘလည်း မနေနိုင်။ အသားကုန်ကြည့်တယ်လို့ပြောတော့ အားလုံးအားရးပါးရယ်ကြတယ်။ မင်းကွာ ကြံကြံဖန်ဖန်လူကြီးကို ဖျက်ဆီးရတယ်လို့ ဘေးက လူက၀င်ပြီး မှတ်ချက်ပေးတယ်။ အဘလည်း ပြုံးစိစိနဲ့မြုံးမိတဲ့ငါးလို။
ဆက်ရန်-
သံအမတ်ကြီး ဦးကျော်ဝင်းကို ဂုဏ်ပြုပါ
အမေရိကန်နိုင်ငံဆိုင် မြန်မာသံအမတ်ကြီး ဦးကျော်ဝင်းအား အထူးပင်ဂုဏ်ပြုပါသည်။ လက်ရှိရာထူးကိုစွန့်လွှတ်ပြီး စစ်အစိုးရဆန့်ကျင်သူအဖြစ်ဘက်ပြောင်းခဲ့တဲ့အတွက် လေးစားပါတယ်။ ဒီလိုလူမျိုးများများပေါ်ထွက်လာရင်ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်ရှိနိုင်ပါကြောင်း ပြောချင်ပါသည်။ တကမ္ဘာလုံးရှိ မြန်မာသံအမတ်ကြီးများ ဦးကျော်ဝင်းကို အတုယူစေချင်သည်။ အမြင်မှန်ရစေချင်ပါသည်။
View My Stats