9/14/11
9/13/11
ကြံ့ဖွတ်အစိုးရ ပြုတ်ချင်ရင် မြစ်ဆုံဆည်ကို ဆက်ပြီးဆောက်ပါ
တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းရေးကို ရှေးရှု့ ပြီး လျှပ်စစ်ရအောင်လုပ်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါက အရမ်းကောင်းတဲ့ အိုင်ဒီယာပါ။ ပြည်သူတွေမီးရမယ်။ ပိုတာကိုလည်း အိမ်နီးချင်းတွေကိုရောင်းပေါ့။ ဒါ့ကြောင့် အိုင်ဒီယာပိုကောင်းတယ်လို့ ထပ်ပြီးပြောပါရစေ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးတွေလည်း နဲနဲပါးတော့ ထိနိုင်တယ်လို့ ဝန်ခံတဲ့အတွက်လည်း ပိုမိုပွင့်လင်းလာတယ်လို့ သုံးသပ်ချင်ပါတယ်။ ဒီလိုမျိုး လူသိရှင်ကြား ပြောတာကို အထူးကျေးဇူးတင်ရှိကြောင်း ပထမဆုံး ချီးကျုးချင်ပါတယ်။
BANCA က EIA ကို အသိအမှတ်မပြု
ဦးဇော်မင်းက စာမျက်နှာ ၅၀၀ လို့ ပြောပါတယ်။ တကယ်တန်းက စာမျက်နှာ ၉၀၀ ကျော်ရှိပါတယ်။ အပြင်ကိုပေါက်ကြားသွားတဲ့ Report က အတုဆိုတာကိုတော့ အတော်သံသယဖြစ်တယ်။ ဒီလောက်များတဲ့ စာမျက်နှာ ၉၀၀-ကျော်ကို ဘယ်သူမှ အားအားယားယားအချိန်ကုန်ခံ မရေးပါ။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Scientific Report တခုလို့ ခေါ်ပါတယ်။ အပျော်တမ်းရေးတဲ့ အချစ်ဝတ္တုမဟုတ်တာတော့ သေချာပါတယ်။ ဒီရီပို့ က မြန်မာပြည်အနေအထားနဲ့ ကိုက်ညီပေမဲ့ နိုင်ငံတကာကလို အဆင့်အတန်းရှိတဲ့ ရီပို့ တခုတော့မဟုတ်ပါဘူး။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုရင် မြန်မာပြည်မှာ သူများနိုင်ငံတွေလို Data တွေ ထိမ်းသိမ်းစောင့်ရှောက်ထားတာ လုံးဝမရှိလို့ ပါ။
Environmental Impacts
ဒီကိစ္စနဲနဲလေးပဲ ရှိပါတယ်ဆိုတဲ့ စကားကတော့ တကယ့်ကိုစိတ်မကောင်းစရာစကားတစ်ခုပါ။ ဦးဇော်မင်းဟာ သဘာဝသိပံ္ပပညာရှင်မဟုတ်ပါ။ တက္ကသိုလ်က Enviromental Management နဲ့  ဘတ်ချလာဘွဲ့ ရထားတဲ့ လူတစ်ဦးလည်းမဟုတ်ပါ။ ဘတ်ချလာဆိုတာကလည်း ခလေးဘွဲ့ ပါ။ ဒီဘွဲ့ တောင်မရှိတဲ့ လူတစ်ယောက်က ဒီစကားပြောတာတော့ မဆန်းပါဘူး။ တစ်ခုသတိထားရမှာက ဦးဇော်မင်းဟာ လျှပ်စစ်ဝန်ကြီးတစ်ဦးပါ။ မသိပဲ ရမ်းဖြီးတာတော့ မကောင်းဘူးပေါ့ဗျာ။ သူရမ်းဖြီးတာကို နားထောင်ပြီးခေါင်းညိတ်တဲ့လူတွေကိုလည်း အတော်ချီးကျူးပါတယ်။
Rehabilitation
ရေကာတာကိုဆောက်နေတဲ့အချိန်မှာ မြေတွေတူးရ၊ တောတွေ ထွင်ရဆိုတော့ တောတောင်တွေ၊ အကောင်ပလောင်တွေ၊ အပင်တွေ ပျက်စီးပါတယ်။ ဒါတွေကို အနဲဆုံးတော့ပြန်လည်မွေးမြူရပါတယ်။ မလုပ်ခင်မှာ တခြားနေရာကို ရွေ့ ပြောင်းသင့်ရင်ရွေ့ ပြောင်းရပါတယ်။ လူတွေတင်မကဘူး၊ တိရဆန်တွေကိုပါ ပြောင်းရပါတယ်။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် In-situ and Ex-situ လို့ ခေါ်ပါတယ် ဦးဇော်မင်း။ ဒါတွေကို လက်ရှိရေကာတာ ဆောက်လုပ်နေတဲ့အချိန်အတွင်းမှာကော မလုပ်ခင်မှာပါ ဘာမှ မလုပ်သေးတာတော့ လွန်လွန်းပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ တောတောင်သဘာဝတွေဟာ Wrold Hertiage စာရင်းဝင်တွေဖြစ်ပါတယ်။ ကမ္ဘာကြီးကတောင် ဒီလောက်အသိအမှတ်ပြုရင် ဘာ့ကြောင့် ကိုယ့်လူမျိုးက ဖျက်ဆီးစေချင်ရတာလဲဗျာ။
Alternative Plan
တခြားရွေးချယ်စရာ ပလန်ရှိတယ်လို့  အီးအိုင်အေက ထောက်ပြပါတယ်။ ဒါကိုလုပ်တော့ကော ဘာဖြစ်သွားလဲ။ လက်ရှိတိုင်းပြည်မှာ လျှပ်စစ်မီးက ဦးဇော်မင်းပြောသလိုမျိုး ဒီလောက်အရေးတကြီး မလိုသေးပါဘူး။ တခြားမြစ်တွေလည်း ရှိသေးတာပဲဗျာ။ အခုဟာက ကချင်ပြည်နယ်ထဲမှာဆိုတော့ တရုတ်နဲ့ နီးလို့ လားဟင်။
Enviromental Law
ဧရာဝတီရဲ့ မြစ်ဆုံဆည်ကိစ္စက အခုဆိုရင် အစိုးရနဲ့ ပြည်သူတွေထိပ်တိုက်တွေ့ တဲ့ပွဲပါ။ နောက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့  (KIO) ကချင်ပြည်နယ်အစိုးရနဲ့ လည်းထိပ်တိုက်တွေ့ တဲ့ပွဲပါ။ အမှန်မှန်ဆို မြစ်ဆုံဆည်က ကချင်နယ်မြေထဲမှာရှိတာပါ။ ကချင်အဖွဲ့ နဲ့  ကချင်ပြည်နယ်အစိုးရမှာ လုံးလုံးတာဝန်ရှိပါတယ်။ တကယ်လို့ သာ ဗဟိုအစိုးရကထိပ်တိုက်တွေ့ လာပြီး၊ ဇွတ်လုပ်ခဲ့မယ်ဆိုရင် ဗဟိုတရားရုံးအထိ ပြည်သူလူထုက တင်ပိုင်ခွင့်အခွင့်အရေးရှိရပါ့မယ်။ ရှိသင့်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ Environmental Protection Act လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ မရှိတော့ လုံးဝလုပ်လို့ မရတာတော့မကောင်းဘူး။
နောက်ပြီးတရားသူကြီးချုပ်ကလည်း Secturiy of Tenure ဆိုတဲ့ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်လည်းမရှိဘူး။ ဒါ့ကြောင့် ဦးဇ်ာမင်းက သတ္တိရှိရှိ ဘယ်သူ့ ကိုမှ စောက်ဂရုမစိုက်ဘူးဆိုပြီး စိန်ခေါ်ခဲ့တာပေါ့။
ဒါတွေကိုကြည့်ရင် မြန်မာပြည်ဟာ လုံးဝကို တရားဥပဒေစိုးမိုးရေး မရှိသေးဘူး။
ပြည်သူ့ တွေရဲ့ အားက အဓိက
ဦးဇော်မင်းပြောပုံအရတော့ ဘယ်သူပြောပြော သူတို့ ကတော့စောက်ဂရုမစိုက်ဘူး။ ဆက်ချမယ်ဆိုတဲ့ ပုံပဲ။ သူတို့ အစိုးရက တရုတ်နဲ့ စာချုပ်ချုပ်ပြီးပီဆိုတော့ ပြင်ချင်မှာမဟုတ်ဘူး။ နောက်ပြီး ဘာတွေများ တရုတ်ဆီက ယူထားသေးလဲမသိဘူး။ တကယ်တမ်းတော့ မြန်မာပြည်သူတွေဟာ ဒီအကျိုးရလာဒ်တွေကို မခံစားရတာတော့ သေချာတယ်။
မသိပဲနဲ့ အစိုးရကို ဆန့် ကျန်ဇောအားကြီးလို့ ဒီစကားပြောနေတာမဟုတ်ပါဘူး။ ဘယ်တုန်းကကောရခဲ့လိုလဲ။ ဒီလောက်တိုင်းပြည်မှာ လျှပ်စစ်စီမံကိန်းတွေရှိတာတောင် ပြည်သူတွေက မီးပုံမှန်ရလို့ လား။ သူတို့ စစ်တပ်ပဲ ပုံမှန်ရနေတာပါ။ ကျနော်အဖေ စစ်သားပါ။ အိမ်မှာ မီးအမြဲတမ်းလာပါတယ်။ ပိုက်ဆံပေးစရာမလိုဘူး။
ကြံ့ဖွတ်အစိုးရ ပြုတ်ချင်ရင် မြစ်ဆုံဆည်ကို ဆက်ပြီးဆောက်ပါ
သြစတျေးလျနိုင်ငံ တက်စမေးနီယားပြည်နယ်မှာ အစိုးရက ဖက်ကလင် (Franklim) ရေကာတာ ဆောက်ဖို့ လုပ်ပါတယ်။ လူထုက ကန့် ကွက်နေတောတောင် အစိုးရကနောက်မဆုတ်ဘူး။
နောက်ဆုံး ရေကာတာစီမံကိန်းကို ဦးဆောင်လှုပ်ရှားတဲ့ Green ပါတီက ခေါင်းဆောင်ဟာ ရွေးကောက်ပွဲမှာနိုင်ပြီး အစိုးရပြုတ်သွားခဲ့တယ်။
လူထုတွေကလည်း ရေကာတာရှိတဲ့နေရာကို ပြည်နယ်တိုင်းက လာပြီး ဆန္ဒပြကြတယ်။ ပြတဲ့လူကိုရဲကဖမ်းတယ်။ ဖမ်းလည်း ထပ်ပြီးပြတယ်။ နောက်ဆုံးတော့ အစိုးရတစ်ရပ်ပါပြုတ်သွားတယ်လို့ ပြောချင်ပါတယ်။
ရေကာတာလည်း မဆောက်ဖြစ်ပါဘူး။ ဒီဥပမာနဲ့ အတူ အစိုးရပြုတ်ချင်ရင် မြစ်ဆုံဆည်စီမံကိန်းကို ဆက်ပြီးဆောက်ပေါ့ဗျာ။
မယုံမရှိပါနဲ့ ။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းရဲ့ စေတနာတွေဟာ ဝေဒနာတွေဖြစ်သွားပါလိမ့်မယ်။
စာရေးသူ ဘုန်းကျော်သည် သြစတျေးလျနိုင်ငံရှိ ရွှေရှာဖွေရေး Company တစ်ခုတွင် Exploration Field Technician အဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ အလုပ်နားချိန်တွင် Murdoch University မှ Bachelor of Environmental Science ဘာသာရပ်ကို သင်ယူနေသူကျောင်းသား တစ်ယောက်ဖြစ်သည်။ ၁၉၉၉-ခုနှစ်မှ ၂၀၀၅-ခုနှစ်အထိ ထိုင်းမြန်မာနယ်စပ်ရှိ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၀င်ရောက်အမှုထမ်းခဲ့သူဖြစ်သည်။
Franklim Dam စီမံကိန်းအား ယခုလင့်တွင်ကြည့်နိုင်သည်။
http://www.youtube.com/watch?v=rGpy8_v3tmI
9/12/11
မနာလိုသူတွေ
![]() |
| Add caption |
တခါတလေ စဉ်းစားကြည့်တော့ ၁၂-နှစ်တာ ကာလဆိုတာကလည်း ခဏလေးလိုပဲ။ သူများတွေလိုတော့ နှစ်ပေါင်း ၂၀-ကျော်မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်နဲ့ ကိုယ်ပဲဆိုတော့ သူများတွေနဲ့ မယှဉ်ချင်ပါဘူး။ တခါတလေ သူတို့ ကပြောသေးတယ်။ မင်းက ထွက်လာတာ ဘယ်လောက်ကြာသေးလို့ လဲတဲ့။ အထာကတော့ သူတို့ က ကိုယ့်ထက် ၀ါကြီးတယ်ပေါ့။ ကြီးကြီးငယ်ငယ် ကိုယ့်ဘ၀နဲ့ ကိုယ်ပါ။
၁၂-နှစ်တာကာလမှာ ကိုယ့်ဘ၀အတွက် ဘာရလဲလို့ ပြန်ပြီးသုံးသပ်မိတယ်။ ငါ ဘာရလဲ။ ပညာတက်လား။ နိုင်ငံခြားတက္ကသိုလ်က ဘွဲ့ ရခဲ့လား။ စီးပွားဖြစ်ခဲ့လား။ သူဌေးဖြစ်ခဲ့လား။ နိုင်ငံရေး လူမှုရေးမှာ အောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ခဲ့လား။ ဆိုတော့ တကယ်တန်း ကိုယ့်ကိုယ်ကိုယ်အာမနာတမ်း သုံးသပ်ဝေဖန်လိုက်ရင် ခလေးသုံးယောက်နဲ့ မိန်းမကလွဲလို့ ဘာမှ ဟုတ်တိပတ်တိမဖြစ်သေးဘူး။ ဟိုစစ ဒီစစတော့ ဖြစ်တယ်လို့ ထင်တယ်။
ကိုယ်က လက်ရှိဘ၀မှာ ဘာမှ ပူပင်ကြောင့်ကြမှုမရှိတော့ဘူး။ အနဲဆုံး ငတ်ရင်အစိုးရကကျွေးမယ်။ ကျနော်က ဒီလိုဘ၀ဖြစ်နေတဲ့အချိန်မှာ ကျနော်နဲ့ အတူတူ ကြီးပြင်းခဲ့တဲ့လူတွေ၊ အလုပ်အတူတူလုပ်ခဲ့တဲ့လူတွေရဲ့ ဘ၀တွေကို ပြန်ပြီး တစ်ချက်လောက်လှည့်ကြည့်မိတယ်။ အားလုံးဟာ ကိုယ့်ထက်ဆိုးတဲ့သူတွေချည်းပဲဖြစ်နေတယ်။ တချို့ ဆိုရင် အရမ်းဆင်းရဲပြီး အရက်သမားဖြစ်ကုန်တယ်။ အများစုကတော့ တနေ့ လုပ်မှ တနေ့ စားရတဲ့ဘ၀။ သူတို့ အနာဂတ်အတွက် ကြိုတွေးပြီး စိတ်ကူးယဉ်လို့ မရဘူးဖြစ်နေတယ်။ ဘ၀တွေဟာ ဘာတွေဖြစ်ကုန်မှန်းတောင်မသိဘူး။ နောက်ဆုံးတော့ ဘယ်သူမပြုမိမိအမှုပါ။ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ။
ပြန်တဲ့သူတွေထဲမှာ ထူးခြားတာကို နဲနဲပြောပြချင်ပါတယ်။ ဗမာပြည်ကိုပြန်ပြီး လက်နက်ချတဲ့သူတွေကို တွေ့ ဘူးပါတယ်။ ဒီအထဲကနေ နှစ်ယောက်ကိုပဲ ဥပမာပေးချင်ပါတယ်။ NLD-LA မှာ ကိုမင်းကို ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူက ဗဟိုကော်မတီဝင်တစ်ဦးပါ။ မျက်လုံးကောင်းကောင်းမမြင်ရဘူး။ အရက်အရမ်းသောက်တယ်။ သူ့ ဗလက ၀ါးခြမ်းပြားကို ပုဆိုးဝတ်ပေးထားတဲ့အတိုင်းပဲ။ ၈၈-ကတည်းက နိုင်ငံရေးလုပ်တဲ့လူတစ်ဦးပါ။ တနေ့ တော့ သူ ဘုရားသုံးဆူကနေတဆင့် လက်နက်ချသွားပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း လက်နက်ပါမှ မဟုတ်ပါဘူး။ ကိုမင်းကိုအလင်းဝင်တဲ့အချိန်မှာ ဘာလက်နက်မှ မရှိဘူး။ ဘာ့ကြောင့် သူလက်နက်ချရတာလဲဆိုတော့ သူ့ အဖွဲ့ အစည်းမှာ သူ့ အတွက် အခြေအနေမကောင်းတော့ဘူး။ ရှင်းရှင်းပြောရရင် သူ့ အတွက် ဂွင်မကောင်းတော့ဘူး။ ၂၀၀၃-ခုနှစ်လောက်မှာ သူပြန်တယ်။ အခုတော့ ဗမာပြည်ထဲမှာ အခြေကြနေပါပြီ။
နောက်တစ်ဦးကတော့ ABSDF က ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ဘူးတဲ့ ကိုဒီ ဖြစ်ပါတယ်။ သူလည်း အဖွဲ့ အစည်းမှာ အခြေအနေမကောင်းတော့ဘူး။ မိသားစု စားဝတ်နေရေးနဲ့ အိမ်ထောင်ရေးအဆင်မပြေတော့ သူလည်း NCGUB က ငွေတွေ မ ပြီး မဲ့ဆောက်ကနေ တဆင့် လက်နက်ချ အလင်းဝင်ခဲ့တယ်။ အခုထိ သူတို့ အသက်ရှင်လျှက်ရှိတုန်းလို့ သိရတယ်။ ကိုဒီ လည်း ၈၈-ကတည်းက နိုင်ငံရေးလုပ်လာတဲ့သူပါ။ လက်နက်ချ အလင်းဝင်တဲ့လူတွေအတော်များများက ပြည်ပနိုင်ငံရေးလောကမှာ သူတို့ အတွက် တွက်ခြေမကိုက်တော့တဲ့အချိန်ကြမှ ဗမာပြည်ကို ပြန်ကြပါတယ်။ တကယ်လို့ သာ ဦးမင်းကို နဲ့  ဦးဒီတို့ ဟာ အခြားသူတွေလို ကောင်းစားနေကြည့်ပါလား။ သူတို့ လုံးဝ ပြန်မှာမဟုတ်ဘူး။ ဒီနေ့ အချိန်အထိ အင်တာနက်ကနေ နိုင်ငံရေးကို အနဲဆုံးလုပ်အုံးမှာပါ။
ယနေ့ အချိန်အထိ ပြည်ပကနေ လက်ရှိအစိုးရရဲ့ ကမ်းလှမ်းချက်တွေကို မယုံသေးဘူး ဘာညာဆိုပြီးလျှောက်ပြောနေတဲ့လူတွေကို အစိုးရကိုယ်တိုယ်ကနေ ဒီလိုလုပ်ကြည့်ပါ။ ဒီလူတွေ ချက်ချင်းအထုပ်ကို ကောက်ကိုင်ပြီးပြေးမှာသေချာပါတယ်။ ဥပမာဗျာ.....ဦးမောင်မောင်၊ ကိုမောင်မိုးဇော်၊ ဒေါက်တာနိုင်အောင် နှင့် ဦးမိုးသီးဇွန်ခင်ဗျား.....ပြည်တွင်းကို လာပြီးအစည်းအဝေးလာတက်ပါ။ ကျနော်တို့ အထူးကြိုဆိုရေးလုပ်ပေးပါ့မယ် ဘာညာဆိုပြီးပြောကြည့်။ မယုံမရှိနဲ့ ဆရာ လှစ်ကနဲ နဲ့ တောင်နေအုံးမယ်။ ကျနော့်ကိုလည်း ဖိတ်ရင်ကျနော်လည်း လစ်မှာပဲ။ အခုတော့ အစိုးရက သူတို့ ကိုလူရာမသွင်းတော့ ဒီလိုဆန့် ကျင်နေတာပေါ့။ ကျနော့်အတွေးကိုပြောနေတာပါ။ မှားရင်လည်းမှားမယ်။ မှန်ရင်လည်းမှန်မယ်။ ဘယ်သူ့ ကိုမှ မစော်ကားပါဘူး။
ကျနော့်အမြင်ကတော့ ဘာ့ကြောင့် ပြည်ပ ၈၈-မျိုးဆက်ဟုခေါ်သောလူတွေကော၊ ဗကပဟောင်းတွေကော၊ ၇၄-ပဲပြောပြော ဘာပဲပြောပြောစတဲ့လူတိုင်းဟာ ပြည်ပမှာနေတာအထိုင်ကြနေပြီ။ နောက်ပြီးသူတို့ စိတ်ထဲမှာ နအဖကို မုန်းတီးစိတ်၊ မယုံသင်္ကာစိတ် စတဲ့ စိတ်ဝေဒနာတွေက ကြီးစိုးနေတော့ လက်ရှိအနေအထားမှာ ဘယ်လိုလုပ်ပြီးပြန်ကြမှာလဲ။ပြီးတော့ သူတို့ ဗမာပြည်ပြန်ပြီး ဘာပြန်လုပ်ဖို့ လဲ။
ကိုယ့်ဟာကိုယ် မပြင်ချင်လို့  မပြန်ရဲလို့ မပြန်ကြတာကိုများ လာပြီး သူများတွေပြန်ရင် အပြစ်တင်ချင်သေးတယ်။ ကဲ့ရဲ့ ချင်သေးတယ်။ သူတို့ ကပဲ တကယ့်ကို မှန်နေသလိုမျိုး။ သူတို့ ကပဲ အရမ်းကို နိုင်ငံရေးနဲ့ ပက်သက်ပြီး သိသလိုမျိုး။ သစ္စာရှိသလိုမျိုး။ တကယ်တမ်းလက်တွေ့ ကြကြ စဉ်းစားမယ်ဆိုရင် ရှင်းရှင်းလေးပဲ။ ကိုယ်ထမင်းငတ်ရင် ဘယ်ကောင်မှ လာပြီးမကျွေးဘူး။ ဒါက အမှန်တရားပဲ။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဖိနှိပ်မှု နဲ့ တရားမျှတမှုကို တစ်သက်လုံးမခံဖို့ အရေးကြီးဆုံးပဲ။ ဒါကိုပဲ တစ်သက်လုံးတိုက်ရမှာဖြစ်တယ်။ ကြံ့ဖွတ်အစိုးရဖြစ်လည်း ဖိနှိပ်မှု နဲ့ တရားမဲ့မှု ရှိတယ်။ တကယ်လို့ အတိုက်အခံက အစိုးရဖြစ်လည်း ဖိနှိပ်မှုမရှိ၊ တရားမျှတမှု အပြည့်ရမယ်လို့ ဘယ်သူပြောမလဲ။ ဘယ်အစိုးရတက်တက် မတရားမှုကို ဆက်ပြီးတိုက်ရအုံးမှာဖြစ်တယ်။ လက်ရှိအစိုးရကာလမှာ ကျနော်လိုချင်တဲ့အရာ ရပြီလို့ ထင်လို့ လား။ လုံးဝကိုမရသေးဘူး။ စစ်အစိုးရကို နိုင်အောင်လည်း မတိုက်နိုင်ဘူး။ ဒီလိုပဲ နေလာတာ ၁၂-နှစ် ရှိနေပြီ။ ၁၂-နှစ်ဆိုတာက ၁၂-နာရီလောက်ဆိုရင်တော်သေးတာပေါ့။ ဒီကာလအတွင်းမှာ မနိုင်တော့ လုပ်စရာအလုပ်တစ်ခုပဲရှိတော့တယ်။ လက်ရှိအစိုးရလိုချင်တဲ့ ပုံစံအတိုင်းလျှောက်မယ်။ လွတ်ငြိမ်းချမ်းသာခွင့်မပေးလည်း ပြန်မယ်။ ပေးလည်းပြန်မယ်။ ပြီးရင် ကျနော့်အဖေစစ်တပ်ထဲကိုအလည်သွားမယ်။ ရဲဘော်တွေရဲ့ သားတွေသမီးတွေကို ရှင်ပြုပေးမယ်။ အရင်တုန်းက တိုက်ခဲ့တဲ့ နအဖကို သူငယ်ချင်းလုပ်မယ်။ ဒါပဲ။ မကြိုက်တဲ့လူတွေ လဲသာသေလိုက်ပေါ့ဗျာ။
9/11/11
ဓာတ်ပုံများ နှင့် နိုင်ငံရေး

ဓာတ်ပုံများနှင့် နိုင်ငံရေး
ဘယ်လိုလဲဟ။ တွေ့ ရတာက ဓာတ်ပုံတွေချည်းပဲ။ အလုပ်လုပ်တာ ဒါလား။ ကျနော်လည်း ဓာတ်ပုံရိုက်တက်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ သတိထားပြီး လူကြီးမင်းတို့ ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပနိုင်ငံတွေက လူတွေတွေ့ တယ်။ အမေရိကန်အထူးကိုယ်စားလှယ်၊ ဟိုကိုယ်စားလှယ် ဒီကိုယ်စားလှယ်တွေ တွေ့ တယ်။ ပြီးရင် ဓာတ်ပုံတွဲရိုက်တယ်။ နအဖအစိုးရတွေလည်း ဒီအတိုင်းပဲ။ ဓာတ်ပုံတွေထဲမှာတော့ စောက်ရုပ်တွေက လှနေတာပဲ။ ဒါပေမဲ့ အပြင်မှာ ဘာမှလည်း ဖြစ်မလာဘူး။
ဒေါ်အောင်ဆန်းစုကြည်က ဘာလဲ။ ဒေါ်အောင်ဆန်းစုကြည်က She is not a fucking hot မော်ဒယ်မဟုတ်ဘူး။
အခုတော့ လူတိုင်းက ဒီလိုပဲ ထင်နေလားမသိဘူး။
ဘာပွဲပဲလုပ်လုပ် ပြီးရင် အမှတ်တရ ဓာတ်ပုံရိုက်တာကို လက်ခံတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်ပြီးရင် လုပ်သင့်တဲ့အလုပ်ကို အကောင်အထည်ဖော်ပေါ့။ အခုတော့ ဘာမှ ထွက်မလာဘူး။
စိတ်ပျက်စရာကောင်းတဲ့ နိုင်ငံရေးပါလား။
9/10/11
သီးလေးသီးတို့ ပြန်ကြပါ
![]() |
| အသီးငါးလုံး |
ပြည်ပမှာနေပြီးကိုယ့်အတွက်လည်းအကျိုးမရှိ၊ ပြည်သူအတွက်လည်းအကျိုးမရှိဖြစ်နေတာထက်စာရင်
ပြည်တွင်းမှာနေတာအကောင်းဆုံးပေါ့။
ကိုဇာဂနာတို့ လွတ်လာမှ ငါတို့ ပြန်ကြမယ်ဆိုတဲ့ ကိစ္စက တကယ်တန်းကြတော့ စိတ်ကူးယဉ်နေတာနဲ့ အတူတူပဲ။ ကိုဇာဂနာလွတ်ပေးနိုင်တဲ့သူက ပြည်တွင်းမှာပဲရှိပါတယ်။ အဲဒိလူကို အနီးကပ်နေပြီး ကြပ်ပေးတာက ပိုပြီးလက်တွေ့ ကြတယ်လို့ တော့ထင်တယ်။ နောက်ပြီး ကိုဇာဂနာကို ထောင်ဝင်စာတွေ့ နိုင်မယ်။ သူ့ အတွက်လည်းအကျိုးရှိတယ်။ ခင်ဗျားတို့ ပြန်လို့ လည်း သူက စိတ်ဆိုးမှာမဟုတ်ဘူး။
ခင်ဗျားတို့ လည်း ပြည်ပမှာနေလာတာကြာပြီပဲ။ ပြည်ပအခြေအနေကို သိတန်သလောက်သိနေပြီဆိုတော့ ရန်ကုန်ကိုပဲ ပြန်ကြပါ။ အဲဒိကနေပြီး မျှော်စင်ကျွန်းက ပွဲလို တကယ့်ကိုရယ်ရတဲ့ ဟာသတွေကို ကျနော်တော့ အဝေးကနေ အမြဲတမ်း ကြည့်ချင်ပါပြီ ကိုသီးလေးသီးတို့ ရယ်။
9/9/11
မေတ္တာဓာတ်ရှင် ရှေ့ဆက်ချင်
9/6/11
ကမ္ဘာပေါ်မှာ ရောင်းကောင်းဆုံးစာရင်းဝင် ဗမာကြောင် နှင့် ခွေးသား
Burmese Cat လို့ ခေါ်တဲ့ ဗမာပြည်က ကြောင်ဟာ နိုင်ငံခြားမှာ အတော်ရောင်းကောင်းတယ်။ ဘာ့ကြောင့်လူတွေက ဗမာကြောင်ကို ကြိုက်လဲဆိုတော့ ဗမာကြောင်တွေဟာ ယဉ်ကျေးတယ်။ သခင်က သူ့ နာမည်ကိုခေါ်ရင် ပြန်ထူးတယ်။ ခလေးတွေ ခွေးတွေနဲ့ လည်းတည့်အောင် ပေါင်းတယ်။ ဘယ်သူ့ ကိုဒုက္ခမပေးဘူး။ ဗမာကြောင်ရဲ့ အမွေးတွေက တခြားကြောင်တွေလို အမြဲတစေမကျွတ်ဘူး။ သခင်တွေနဲ့ ကစားတယ်။ အိမ်မှာတစ်ကောင်တည်းလဲ နေတယ်။ သူ့ ဟာသူ ရှာစားတက်တယ်။ ပြောရရင် ဗမာကြောင်တွေက ဗမာတွေလို ခိုင်းကောင်းတယ်ပေါ့ဗျာ။ ဒါ့ကြောင့် လူတွေကြိုက်တယ်။
နေပါအုံးဗျ။ ဘယ်လိုဖြစ်လို့ ဗမာကြောင်က နိုင်ငံခြားကိုရောက်သွားတာလဲလို့ မေးအုံးမယ်။ ဒုက္ခသည်အဖြစ်နဲ့  ယူအန်လျှောက်ပြီး သွားတာမဟုတ်ဘူးလို့ ဖြေချင်ပါတယ်။ ၁၉၃ဝ-ခုနှစ်မှာ ဒေါက်တာ ဒေါက်တာ သွန်စန် (Dr Joseph Thompson) ဆိုသူက ဝေမော် (Wong Mau) ဆိုတဲ့ ဗမာကြောင်မကြီးတစ်ကောင်ကို အမေရိကန်နိုင်ငံ ဆဖရန်စစ္စကိုမြို့ ဆီကို သယ်သွားပါတယ်။ ဒီကြောင်မကြီးကနေ သားဖောက်ပြီး အမေရိကန်နိုင်ငံမှာ စတင်ရောင်းချလိုက်တာ ဒီနေ့ အထိ ဗမာကြောင်ဟာ တခြားနိုင်ငံက ကြောင်လောကထဲမှာ နာမည်အကြီးဆုံးဖြစ်သွားပါတယ်။ ဘာ့ကြောင့်ကြီးလဲဆိုတော့ အထက်က အချက်တွေကြောင့်ပါ။
ဗမာကြောင်ဟာ တကယ်တမ်း ဗမာပြည်ပေါက်ကြောင်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက သယ်လာခဲ့တဲ့ကြောင်လို့  ဝီကီပီဒီးယားအွန်လိုင်းစွယ်စုံကြမ်းက ဆိုပါတယ်။ ဗမာဘုရင်တွေ ထိုင်းကို ဝင်ရောက်တိုက်ခိုက်တဲ့အခါ ထိုင်းတွေတင်မဟုတ်ဘူး ကြောင်တွေပါ ဗမာဘုရင်တွေ မ, လာပုံရတယ်။
ှအမေရိကန်နိုင်ငံကနေတဆင့် အဆင့်ဆင့်အသိအမှတ်ပြုခံပြီးမှ အင်္ဂလန်နိုင်ငံကို ၁၉၄၉-ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့တယ်။ ၁၉၆၉-ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ နယ်စပ်ကိုကျော်ပြီး ကနေဒါနိုင်ငံဆီကို ဗမာကြောင်တွေ ရောက်ရှိခဲ့ပါတယ်။ သြစတျေးလျကိုလည်း ၁၉၅ဝ ပတ်ဝန်းကျင်လောက်မှာ ရောက်ခဲ့တယ်။ အဲဒိအချိန်က စပြီး ဥရောပနိုင်ငံအသီးသီးကို ဗမာကြောင်တွေ ရောက်နေပါပြီ။ နာမည်ကြီးနေပါပြီ။ တခြားကြောင်တွေထက် ဗမာကြောင်ဟာပိုပြီးဈေးကြီးပါတယ်။ ဆိုတော့ ဗမာတွေ ကြောင်လောကမှာ တကယ့်ကို ဂုဏ်သိက္ခာရှိခဲ့ပါပြီ။
လက်ရှိ ဗမာကြောင်တစ်ကောင်ရဲ့ ပေါက်ဈေးက တစ်ကောင်ကို အနဲဆုံးဒေါ်လာ သုံးရာပေါက်ပါတယ်။ လက်ရှိကမ္ဘာပေါ်က ကြောင်ချစ်သူတိုင်းမှာ ဗမာကြောင်ရှိပါတယ်။ မယုံရင်မေးကြည့်ပါ။ ကြောင်တွေ ဗမာစကားတော့မတက်တော့ပါဘူး။
ကျနော်တို့ တိုင်းပြည်ဟာ မြေပေါ်မြေအောက် သယံဇာတ တင်မကဘူး၊ ကြောင်ပါ အတော်နာမည်ကြီးတယ်။ ဒါ့ကြောင့် ဦးသိန်းစိန်တို့  ဂုဏ်ယူနေတယ်ထင်တယ်။ အစိုးရကိုကော စီးပွားရေးလုပ်ငန်းရှင်တွေကော အကြံပေးချင်တယ်။ ဗမာပြည်မှာ ကြောင်တွေ ထမင်းငတ်လို့ ပိန်ခြုံးကုန်ပြီ။ သနားဖို့ ကောင်းတယ်။ ဒီကြောင်တွေကို လိုက်ဖမ်းပြီး အနောက်နိုင်ငံတွေကို ဈေးပေါပေါနဲ့တင်ပို့ ကြည့်ပါ။ သူတို့လည်း ဝါးတီးမှန်မယ်။ အင်္ဂလိပ်စကားလည်း တက်မယ်။ လေယျာဉ်ပျံလည်း စီးရမယ်။ သူတို့ အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။
ဈေးအနဲဆုံး တစ်ကောင်ကို ဒေါ်လာတစ်ရာလောက်နဲ့ ရောင်းတာတောင် စီးပွားဖြစ်နိုင်တယ်။ ဗမာပြည်က ဗမာကြောင်ကို တိုက်ရိုက်တင်ပို့ တာဆိုတော့ လူတွေအတော်စိတ်ဝင်စားမယ်။
နောက်ပြီး ဗမာပြည်မှာ ခွေးတွေလည်း တအားပေါတော့ ဗီယမ်နမ်၊ တရုတ် နဲ့ ဟောင်ကောင်တွေကို တင်ပို့ ကြည့်ပါ။ နိုင်ငံခြားဝင်ငွေ အများကြီး ရနိုင်တယ်။ ကျနော့်အကြံပေးချက်က စီးပွားရေးပညာရှင် ဦးမြင့်လောက်တော့ သနားတယ်။ ဒါဆိုရင် ကုသိုလ်လည်းရ ဝမ်းလဲဝတဲ့အပြင် ဗမာတွေရဲ့ ကျန်းမာရေးလည်း ပိုကောင်းအုံးမယ်။ အခုကြတော့ လူတောင် မနဲ ထမင်းဝအောင် စားနေရတာဆိုတော့ ခွေးနဲ့ ကြောင်ကို လှည့်တောင်မကြည့်နိုင်ဘူးဖြစ်နေသလားပါ။ ဒါ့ကြောင့် ဒီစာကို အချိန်ကုန်ခံပြီး ရေးလိုက်ရခြင်း ဖြစ်ကြောင်းပါ။
ရည်ညွန်း- www.cat-world.com.au
Burmese (cat) - Wikipedia, the free encyclopedia
Dog meat - Wikipedia, the free encyclopedia
en.wikipedia.org/wiki/Dog_meat - CachedSimilar- Block all en.wikipedia.org results
ခလေးလုပ်ရတဲ့ အတွေ့ အကြုံ
မဲ့ဆောက် အတွေ့ အကြုံ
ဒီအချိန်မှာ လက်ထဲမှာလည်း အလုပ်မရှိ ငွေကလည်းမရှိတော့ အတော်မျက်နှာငယ်ပါတယ်။ ဒါပေမဲ့ ခလေးကို မမွေးခင် လပိုင်းအလိုမှာ ချဲ, နှစ်ခါလောက်ပေါက်,တော့ မိန်းမက ရွှေစ လေးတွေဝယ်ထားပါတယ်။ နောက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ခလေးမွေးစရိတ်ထုတ်ပေးတယ်။ ခလေးတစ်ယောက်ကို ထိုင်းဘတ်ငွေ နှစ်ရာဆိုပြီး အမေရိကန်နိုင်ငံက ကိုမိုးဇော်အောင်ကလည်းထောက်ပံ့ပေးတယ်။ ဒီငွေတွေက အတော်အထောက်အပံ့ဖြစ်ပါတယ်။ သန့် စ်ယူပါ အဲဗွီဘော်ဒီ။
တစ်ရက်မှာ မိန်းမက ဗိုက်နာတော့ ကျနော်တို့ လင်မယားဆိုင်ကယ်ပေါ်တက်ပြီး မဲ့ဆောက်ဆေးရုံကြီးကို ပြေးပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်မရှိတဲ့ ဗမာလူမျိုးဆိုတော့ အတော်အနှိမ်ခံရတယ်။ မဲ့ဆောက်ဆေးရုံကြီးဆိုတာကလည်း မြန်မာပြည်က လူနာတွေနဲ့ ပြည့်နေတဲ့ နေရာလေးတစ်ခုပါ။ ထိုင်းနိုင်ငံက ဆရာဝန်တွေ သူနာပြုတွေလည်း အတော်ကောင်းရှာပါတယ်။ ငွေတောင်းတာ မရှိဘူး။ နဲနဲတော့ စကားပြောတာမာတာပေါ့။ ဒါကလည်း သူ့ စကားမှ ကိုယ်က မတက်တာဆိုတော့ ဖြစ်တက်ပါတယ်။
မိန်းမ ဗိုက်နာတော့ သူ့ ကို မွေးခန်းထဲပို့ လိုက်တယ်။ မွေးခန်းထဲကို ယောကျာ်းလေးမဝင်ရဘူး။ အပြင်မှာထိုင်ပြီးစောင့်နေရတယ်။ ညပိုင်ရောက်တော့ ခလေးမွေးပြီ။ ဆေးရုံမှာ နေလို့ မရတော့ အိမ်မှာပြန်ပြီး စောင့်ပါတယ်။ သားလေးလား သမီးလေးလားဆိုတာကို သိချင်လိုက်တာ အရမ်းပဲ။ ခေါင်းက ဆံပင်တောင် ကောင်းကောင်မဖီးနိုင်ဘူး။ ပထမဦးဆုံး ခလေးဆိုတော့ ရင်ကလည်း ခုန်တယ်။ ငါ, အဖေတစ်ယောက်ဖြစ်တော့မှာပါလား။ ဒါဆိုရင် ငါ့မှာ တာဝန်တွေပိုပြီး ရှိသွားပြီလို့ ခံစားရတယ်။ ပိုပြီး ကိုယ့်ကိုယ်ယုံကြည်မှူနဲ့ သတ္တိရှိလာတယ်။ ခလေးမျက်နှာကိုလည်း အရမ်းတွေ့ ချင်တယ်။ ပြီးတော့ မိန်းမကိုလည်းဘေးကနေ အားပေးချင်တယ်။ စိတ်တွေအကုန်လုံးက ဆေးရုံကိုပဲ တချိန်လုံးရောက်နေတယ်။
မနက်ပိုင်းမှာ မိန်းမက ဆေးရုံကနေ ဖုန်းဆက်လာတယ်။
"ဘုန်းကျော် ယောက်ျားလေး မွေးတယ်"...မိန်းမက ကျနော့်ကို ဘုန်းကျော်လို့ ပဲ မွန်မပီပီ ပြတ်ပြတ်ပဲ ခေါ်တယ်။ သူများတွေလို မောင်တွေ အကိုတွေ စတဲ့ ပြီတီတီစကားသံနဲ့ မဟုတ်ဘူး။ ခပ်မာမာပဲ။ သူကလည်းမာတော့ ကျနော်ကလည်း ဘယ်ပျော့မလဲ။
"အကောင်ကြီးလား"...
"သုံးကီလိုခွဲ ရှိတယ်...." နင်မလာနဲ့ အုံး။ ဆေးရုံက ဝင်ခွင့်မပေးဘူး။
"ဘာစားမလဲ"
"စွပ်ပြုတ်သောက်ချင်တယ်..."
ကျနော်တို့အိမ်နောက်ဖေးမှာ တောဟင်းရွက်ပေါင်းစုံရှိတယ်။ ဒီအရွက်တွေကို အရင်တုန်းက စားလို့ ရမှန်းမသိဘူး။ ဒါတွေကို ခူးပြီး အမေရိကန်နိုင်ငံနေ ကိုနေဝင်းရဲ့ မိန်းမက "ကရင်စုပြုံဟင်းခါးရည်" ကို အားတက်သရောချက်ပေးတယ်။ စုပြုံဟင်းခါးလို့ ကျနော်က နာမည်ပေးတာ ဒီလိုကြောင့်ပါ။ ငါးကိုမီးဖုတ်၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ပြီးရင် ရေနွေးဆူဆူထဲကို ပစ်ထည့်။ ခဏကြာရင် အိမ်နောက်ဘေးက အရွက်ပေါင်းစုံကို ခူးပြီး ရေနွေးဆူထဲမှာ ငါးမိနစ်လောက်ထည့်လိုက်တာနဲ့  စုပြုံဟင်းခါးဖြစ်လေသတည်း။ အချိုမှုန့် နဲ့  ငရုတ်ကောင်းက မပါရင် စုပြုံဟင်းခါးမဖြစ်တော့ နောက်ဆုံး အိုးကို မီးဖိုပေါ်က ချခါနီးမှ ထည့်ပါတယ်။ မွှေးလိုက်တဲ့အနံ့ ။ သွားရည်တောင် ကျတယ်။ ဒီလောက်ထိကောင်းတဲ့ ကရင်မလက်ရာ စုပြုံဟင်းခါးရည်ဗျာ။
ဒီဟင်းခါးရည်က ခလေးမိခင်တွေအတွက် နို့ ထွက်ကောင်းစေတယ်လို့  မမှု,ဟုခေါ်သော အုတ်ပျော်ကြီးက မှတ်ချက်ပေးတယ်။ အိမ်နောက်ဘေးက အရွက်ဆိုတာကဗျာ....ကျနော်တို့ ညတိုင်း အရက်သောက်ပြီးရင် သေးပန်းနေကြတဲ့အရွက်တွေများတယ်။ အမှုးသမားအတော်များများက အိမ်သာထဲမှာသေးမပေါက်ဘူး။ ချုံကောင်းတဲ့နေရာမှာ ပန်းတာပဲ။ ဒီလိုတွေ့ ကရာပန်းလို့  သြစတျေးလျနိုင်ငံမှာလို ဘယ်သူမှ အရေးမယူဘူး။ဒါ့ကြောင့် ဥက္ကဌလည်း ပန်းတယ်။ အတွင်းရေးမှူးလည်းပန်းတယ်။ ဒီလိုမျိုးတော့ ညီညွတ်ပါတယ်။ မယုံရင် လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်ကို မေးကြည့်ပါ။ သူက အဆိုးဆုံးပဲ။
ကျနော်တို့ နေတဲ့အိမ်က အရက်ဆိုင်လိုပဲ။ တနေကုန်လူစည်တယ်။ လူ့ ဘောင်သစ်က လူတွေဆိုတာက ဘုရားသမား တရားသမား တစ်ယောက်မှ မရှိဘူး။
မအေးမှုက ကရင်ဟင်းခါးရည်ကျက်ပြီဆိုတော့ သူပဲ ဆရာမကြီးလုပ်တယ်။ သူက ကေအန်ယူက ဆေးမှုးလည်းဖြစ်၊ ခလေးလည်း နှစ်ကောင်လောက်ထွက်ပြီးပီဆိုတော့ အိုက်စပီရက်စ်ကောင်းကောင်းရှိတယ်။
" မောင်ဘုန်း ချိုင့်နဲ့ သေသေချာချာထည့်။ နေတိုင်းဒါကိုပဲတိုက်။ နို့ ထွက်ကောင်းတယ်။ နင်လည်း တချိန်လုံးမှုးမနေနဲ့ ။ ဆေးရုံကို မြန်မြန်သွားပို့ "
မမှုညွှန်ကြားတော့ ကျနောလည်း လစ်တာပေါ့။
အိမ်က ပိန်လိန်နေတဲ့ ဟန်းကောချိုင့်နဲ့ ထည့်။ ဆိုင်ကယ်အစုတ်ပေါ်တက်ပြီး ဆေးရုံပေါ်က ပထမဦးဆုံးသား နဲ့  မိန်းမကို ကြည့်ဖို့ သွားပါတယ်။ ကံဆိုးချင်တော့ ထိုင်းရဲ နဲ့ လမ်းမှာတိုးပြီး ဘတ်ငွေနှစ်ရာ ကုန်ပါလေရော။ နှမစောင်းထိုင်းရဲတွေ။ သူတို့ ကိုပဲ လုပ်ကျွေးနေရတယ်။
" မိန်းမ နင် နေကောင်းလား "
" အေး...ကောင်းတယ်"
" ခလေးကော "
" ကောင်းတယ် "
" ခလေးက ချောတယ်ဟ...။ သူ့ အဖေနဲ့ တူလို့ ဖြစ်မယ်ထင်တယ်။ ငါ့ကြောင့် ခလေးချောချောထွက်တာနော်။ နင်...သူများရရင် ဒီလောက်ချောမှာမဟုတ်ဘူး..." ဆိုပြီး မိန်းမကိုနောက်တော့...သူမက..
" ဟင်း......." ဆိုပြီး မခန့် လေးစားအပြုံးနဲ့ တုန့် ပြန်တော့ လင်မယားနှစ်ယောက်လုံးပြိုင်တူ ကြည်နှူးကြပါလေတော့သည်။
၂။ ၾသစေတ်းလ် အေတြ ့အႀကဳံ နှင့် သမီးကြီး
သူများတွေ သြစတျေးလျနိုင်ငံမှာ ခလေးမွေးတာကိုကြည့်ပြီး ကိုယ်လည်း ခလေးလိုချင်လာတယ်။ နောက်ပြီး ခလေးများများမွေးရင် အစိုးရဆီက ငွေများများရတယ်။ မွေးစရိတ်မကုန်ဘူး။ တစ်ကောင်မွေးရင် ဒေါ်လာငါးထောင်တောင်ပေးတာဆိုတော့, ဘုန်းကျော်, မိန်းမကို အပီကျွေးပြီ။ ထမင်းပြောတာနော်။ တလွဲမတွေးနဲ့ အုံး။
" မိန်းမ ငါတို့ ခလေးနောက်တစ်ယောက်ယူရအောင်...." လို့ အကြံပေးတော့။ သိတ်ပြီးမလိုချင်ရှာတဲ့ မိန်းမက...
"ယူပေါ့ ဘာဖြစ်လဲ...အလကားမွေးရတာပဲဟာ" ဒီလောက်ထိ သဘောကောင်းတဲ့မွန်မ။
ဒါနဲ့ သမီးအကြီးကို ကိုယ်ဝန်ရပြီဆိုပါတော့။
မဲ့ဆောက်မှာတုန်းက ကိုယ့်ဘေးမှာ ကူမဲ့လူ အားပေးဖော် အားပေးဘက်တွေက တထောကြီးပဲ။ ကိုယ်တောင် ဘာမှလုပ်စရာမလိုဘူး။ မိန်းမလည်းအားရှိတယ်။ ဒါပေမဲ့ သြစတျေးလျနိုင်ငံမှာတော့ သိတဲ့အတိုင်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကလည်း မသိကြဘူး။ သူငယ်ချင်းတွေအကုန်ုလုံးကလည်း သူ့ အိမ်နဲ့ သူ။ ဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကို အခုမှ စတင်ရပ်ရသလိုဖြစ်နေတယ်။ ထမင်းချက် ဟင်းချက်လည်း ဒီလင်နဲ့မယားပဲ။ ကိုယ်ဝန် စ,ရတဲ့အချိန်ကာလအတွင်းမှာဆိုရင် မိန်းမခင်ဗျာ မစားနိုင်မသောက်နိုင်ဖြစ်ရရှာတယ်။ တချိန်လုံးအော့အန်ပြီး နေတော့တာပဲ။ သူ့ ကိုကြည့်ပြီး အတော်သနားပြန်ရော။ သူ ဒီလို အော့အန်နေတဲ့အချိန်ဆိုရင် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကဗျာဆရာလိုလို ကွန်မြူနစ်လိုလို ဟိုလိုလိုဒီလိုလို ကိုထွဋ်ဦးလှိုင်ပြောတဲ့စကားကို သွားပြီးသတိရတယ်။ သူက ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးပါ။
" အဆိပ်တကာ အဆိပ်တွေထဲမှာ လူရဲ့ အဆိပ်က အပြင်းဆုံးကွ "
အဲလိုပြောတဲ့အချိန်မှာ သူက လူပျိုသိုးကြီး။ ဘယ်ကနေ ဘယ်လို ဒီစကားကို သွားပြီးရလာလဲ မသိဘူး။ သူ့ ဆိုလိုချက်ကို မိန်းမ မရခင်တုန်းက မသိဘူး။ အခုမှပဲ သဘောပေါက်တော့တယ်။ ရွှေဉာဏ်တော် စူးရှ ပါပေတယ် ကိုထွဋ်ရယ်။
ကိုးလလွယ် ဆယ်လဖွားလို့ တော့ကြားဖူးတယ်။ သမီးကြီးက ဆယ်လလည်းထွက်မလာ ဆယ်လခွဲလည်း ထွက်မလာတော့ ကျနော်စိတ်ပူပြီ။ အတော်ပျင်းတဲ့ခလေးပဲလို့ မိန်းမကို နောက်တယ်။ ဒါနဲ့ ဆေးရုံးကိုပြေးပြီး ဆေးထိုးမွေးပါတော့တယ်။ ညနေပိုင်းလောက်ရောက်တော့ မိန်းမ ဗိုက်နာပြီ။ သြစတျေးလျဆေးရုံက မဲ့ဆောက်ဆေးရုံလို မဟုတ်။ အတော်စိတ်ချမ်းသာတယ်။ သီးသန့် ခန်းနဲ့ မွေးတော့ မိခင်ကော ဖခင်ကော စိတ်အနှောက်အယှက်မဖြစ်ဘူး။ ဟိုတယ်မှာမွေးရသလိုပဲ။
မဲ့ဆောက်အတွေ့ အကြုံအရကော မြန်မာ့ယဉ်ကျေးမှုအရကော မီးနေခန်းထဲကို ယောက်ျားမဝင်ရဘူးလို့ ကျနော် နားလည်ထားတယ်။ ဒါက ကျနော်တို့ ယဉ်ကျေးမှု။ ဒါပေမဲ့ သြစီ နဲ့ မတူ။ သြစတျေးလျတွေရဲ့ ယဉ်ကျေးမှုကတော့ အတော်လန်းတယ်။ လန်းတာမှ လန်ထွက်နေအောင်လန်းတယ်လို့ ပြောချင်တယ်။ မီးနေခန်း မကလို့ မီးသတ်ခန်းထဲအထိ ယောကျာ်းဝင်ပြီး နေလို့ ရတယ်။ ဝါသနာပါရင် မိန်းမနဲ့ အတူ ဝိုင်းအော်လို့ ရတယ်။ ကျနော်က အတွေ့ အကြုံမရှိတော့ မွေးခန်းထဲကို မဝင်ရဲဘူး။ကြောက်တယ်။ မကြည့်ရဲဘူး။ ဒီအချိန်မှာ မိန်းမက စတင်အော်နေပြီ။ ကျနော်က လိုက်ကာလေးဘေးမှာနားထောင်။ နပ်စ်မ နှစ်ယောက်ကို ဗမာအခေါ် လက်သည်လို့ ခေါ်ပါစို့ ။ လက်သည်နှစ်ယောက် ကျနော့်ကို လှမ်းပြီးပြောတယ်။
ွှ"နင်ဘာလုပ်နေတာလဲ၊ အထဲကိုဝင်ခဲ့၊ နင့်မိန်းမကိုကူညီ"
ဟုတ်ကဲ့လိုပြောပြီး မိန်းမရှိတဲ့ မွေးခန်းထဲကို ဝင်သွားတယ်။ ကဲ..ဗျာ...မြင်လို့ တောင်မကောင်းဘူး။ ခလေးမွေးတာကိုကြည့်ပြီး သားစိတ်မယားစိတ် ကုန်သွားတယ်။ ဒါပေမဲ့လည်းအများဆုံးခံ တစ်လပဲ။ ယောက်ျားစိတ်ဆိုတော့ သိတဲ့အတိုင်းပဲ။
မိန်းမရဲ့ လက်ကို သေသေချာချာ ဆုပ်ကိုင်။ သူ့ ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်ပေး။ ပါးစပ်ကလည်း ညှစ်ထားမိန်းမ...ဆိုပြီးအားပေးရတယ်။ မိန်းမခင်ဗျားလည်း အတော်သနားစရာကောင်းတယ်။ နဖူးက အကြောတွေ ထောင်းကနဲနေအောင် ပြတ်ထွက်တော့မဲ့အတိုင်းပဲ။ အမြောင်းလိုက်ပေါ်နေအောင် ခလေးကို ညှစ်ထုတ်နေရတယ်။ သိတ်မကြာပါဘူး။ ကျနော့်သမီးကြီးထွက်လာပါပြီ။ ခလေးထွက်လာတော့ ခလေးရဲ့ ချက်ကြိုးဖြတ်ဖို့ ကျနော့်ဆီကို ကပ်ကြေးထိုးပေးတယ်။ မင်းကိုယ်တိုင်ဖြတ်ပေါ့။ သွေးတွေကော ဘာတွေကောဗျာ။ အတော်ရွံစရာကြီး။
ဆောရီး။ ငါမလုပ်ချင်ဘူး။ မင်းတို့ ဘာသာဖြတ်တော့.....လို့ ပြောလိုက်တော့မယ်။
ဆေးရုံပေါ်မှာနှစ်ရက်နေပြီး အိမ်ကို ပြန်ပို့ တယ်။ သူတို့ အင်္ဂလိပ်တွေအစားအစာကို ကျွေးတယ်။ အားလုံးအခမဲ့။ ခလေးမွေးမွေးချင်း မိခင်တိုင်းဗိုက်ဆာတယ်။ မိန်းမက ပြောတယ် ငါ....စွပ်ပြုတ်သောက်ချင်တယ်တဲ့။ ဒီအချိန်မှာ သတိရဆုံးက မမှုရဲ့ စုပြုံဟင်းခါးနဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လူတွေသေးပန်းထားတဲ့ အရွက်တွေကို သတိရမိတယ်။ သတိရလည်း ဘာမှမတက်နိုင်။ ကူမဲ့သူမရှိ။ သားကြီးကို လက်ကတစ်ဘက် မိန်းမကို လက်ကတစ်ဘက်နဲ့  ရေတောင်မချိုးနိုင်ဘူး။ ဆိုင်က အစားအစာတွေဝယ်ပြီး ကျွေးရပါတော့တယ်။
၃။ သြစတျေးလျအတွေ့ အကြုံနှင့်သမီးငယ်
ဒီခလေးကိုမွေးတော့ ကိုယ့်မှာ အတွေ့ အကြုံများနေပြီ။ ကောင်းကောင်း Manage နိုင်ပြီ။ အကုန်လုံးအဆင်သင့် ကြိုတင်စီစဉ်ထားတယ်။ လူနာတင်ကားအတွက် အင်ရှုးရန့် လုပ်ထားတယ်။ ညီနဲ့ သူ့ ရီးစားကို အကူညီတောင်းထားတယ်။ ကိုယ်ကတော့ လက်က ဘီယာနဲ့ ။ တယ်လီဖုန်းနဲ့ ။ ဘယ်လိုမွေးရမလဲ၊ ဘယ်လိုနေရမလဲဆိုတာကို အတွေ့ အကြုံအရသိသွားပြီ။ မိန်းမ ဗိုက်နာပြီဆိုတော့ လူနာတင်ကားကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ လူနာတင်ကားက မိန်းမကို ဆေးရုံပေါ်ထိ ဂရုတစိုက်ခေါ်သွားတယ်။
ဆေးရုံပေါ်ရောက်နေတဲ့ မိန်းမကို လေးငါးနာရီလောက် ဗိုက်ပေး "နာ" ခိုင်းပြီး..ကိုယ်က ခလေးနှစ်ယောက်ကို ကိုယ်ပိုင်ကားထဲထည့်။ စားစရာ ကေအက်ဖ်စီ ဟန်ဂရီးဂျက်ကို ဒရိုက်သရုကနေ ဝယ်တယ်။ ခလေးတွေအတွက်။ မိန်းမအတွက်တော့ တရုတ်ခေါက်ဆွဲပြုတ်။ အားလုံးရယ်ဒီမိန့် ။ ငွေအတွက်လည်း ပူစရာမလို။ ဒီတစ်ကောင်ထွက်လာရင် ငါးထောင်တောင်ရမှာဆိုတော့ မိန်းမကို ဖားထားရတယ်။ ဘီယာဖိုးရအောင်။
လက်သည်တွေတောင်မရောက်သေးဘူး ကျနော်က မီးနေခန်းထဲမှာ မိန်းမနဲ့ အတူတူ ခလေးညှစ်နေပြီ။ သောက်ရေကမ်းပေးတယ်။ ချွေးသုတ်ပေးတယ်။ ခေါင်းတွေ ဇက်ကြောတွေကို နှိပ်ပေးတယ်။ မိန်းမမြန်မြန်မွေးနိုင်ပါစေလို့ ဆုတောင်းတယ်။ မြန်မြန်မွေးလေ နားအေးလေပဲဆိုတော့။ ဒေါ်လာငါးထောင်တောင် ရမှာဆိုတော့ မိန်းမလည်းပျော်တယ်။ ကျနော်လည်းပျော်တယ်။ အားလုံးက အတော်ပျော်ကြတယ်။
နာရီဝက်လောက်ကြာတော့ နောက်တစ်ကောင် ထွက်ပါပြီ။ ဒီတစ်ခါလည်း သမီးလေး။ အကောင်ကြီးသားပဲ။ ကြာသပတေးသမီး။ သူ့ အဖေနဲ့ နေ့ နံအတူတူ။ နာမည်ကိုတော့ တခါတည်း ဗေဒင်မတွက်ပဲ စိတ်ကူးပေါက်ရာပေးချလိုက်တယ်။
ုဘုန်းကျော်နှင့် သူဇာတို့ ရဲ့ သမီးအငယ်ဆုံးကို...
" ပန်ဇင်ကျော် " လို့ ခေါ်ကြဟေ့။ အကြီးကောင်က သော်ဇင်ထက်ကျော်။ အလတ်မက နိုးပွင့်အိမ်ကျော်။ ခလေးသုံးယောက်လုံးကို မွေးနေ့ လည်းမလုပ် ကန်ပွန်းတပ်လည်းမလုပ် ဗေဒင်မေးပြီး နာမည်ရွေးတာလည်း မလုပ်ပါဘူး။ မွေးတာနဲ့ တခါတည်းနာမည်ပေးပါသည်။ ဒီခေတ်က အိုင်တီခေတ်ဆိုတော့ လုံးဝကို မြန်နိုင်မှ တော်ကာကြမယ်လေ။ ဟုတ်ဘူးလား။
"ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့  ၊ ငါဘုရားသည် စောက်ချဉ်မဟုတ်"
တလောက ကျနော်ရေးတဲ့စာ တစ်ပုဒ်နဲ့  ပက်သက်ပြီး ဘုန်းကြီးတွေကော လူတွေကော မခံချိမခံသာ ဒေါသတွေအချောင်းချောင်းထွက်ပြီး တုန့် ပြန်လာကြတာကို ဖတ်ရတယ်။ ဘာမှတော့ ထပ်ပြီး ကျနော်မတုန့် ပြန်ခဲ့ဘူး။ စောင်းချိုးတွေပြင်၊ဒါပဲ ဆိုတဲ့ စာနဲ့ ပက်သက်ပြီးပြောတာပါ။ အတွေးပေါက်တာကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်သူ့ ကိုမှ ဘယ်ဘာသာကိုမှ မစော်ကားပါဘူး။ ဒီစာနဲ့ ပက်သက်ပြီး မြန်မာသံတော်ဆင့်က ဦးမြင့်ရွှေ နဲ့  ဂျပန်နိုင်ငံက နိုင်ငံရေးသုတေသီ ဦးညွန့် ဆွေတို့ နှစ်ဦးကတော့ ပေါ်တင်ထောက်ခံကြတယ်။ သူတို့ တော့ လူနည်းစုပေါ့လေ။ လူများစုကတော့ ကျနော့်ကို ကွန်မြူနစ်ဆိုပြီးစွပ်တယ်။ ကွန်မြူနစ်ဆိုလို့  ငါးဖမ်းဖို့ ကွန်ပစ်တာတောင် မသိဘူး။ အများစုက ဘာသာမဲ့ဆိုပြီးဆို ပုတ်ခတ်တယ်။ ဖရီးသင်ကာ လို့ ခေါ်တဲ့ လွတ်လပ်စွာတွေးခေါ်နေတဲ့ လူတစ်ယောက်လို့ သတ်မှတ်တဲ့သူကလည်း သတ်မှတ်တယ်။ ဘုန်းကြီးတွေကလည်း ဒီကောင်ဘုန်းကျော် ငါတို့ ကိုစော်ကားတယ်၊ တွေ့ လို့ ကတော့ ခေါင်းရိုက်ခွဲမယ်လို့ ကြိမ်းတဲ့ ဘုန်းကြီးက ကြိမ်းဝါးနေတယ်။ သူတို့ ရင်ထဲ ထိသွားတယ်ထင်တယ်။
ဘယ်သူတွေ ဘာပဲပြောပြော ကျနော် မြင်တာ ထင်တာကို တွေးနေ၊ ရေးနေပါအုံးမယ်။ အခုလည်း ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့  တွေးမိတာကို တင်ပြအုံးမယ်။ ကျနော်က ဗုဒ္ဓဘာသာ အကြောင်းလုံးဝနားမလည်သူတစ်ဦးပါ။ ဘုရားစာတောင် ကောင်းကောင်း မဆိုတက်ဘူး။ ဒါပေမဲ့ ဘုရားနဲ့  တန်ခိုကြီး၊ သီလကြီးတဲ့ ဘုန်းကြီးတွေကိုတော့ အတော်ကြည်ညိုပါတယ်။
ဒီစာရေးရင်းနဲ့ သတိရလို့ ပြောအုံးမယ်။ ပြီးခဲ့တဲ့ ၂-နှစ်က ပီနန် မြန်မာဘုန်းကြီးကျောင်းကို ရောက်တယ်။ ဆရာတော်ကြီးကို ဖူးတယ်။ ဆရာတော်ကြီးကို ဘာ့ကြောင့်လေးစားလဲဆိုတော့ အာဏာရှင်ကိုတော်လှန်နေလို့ ပါ။ ဒီလိုဘုန်းကြီးမျိုးဆိုရင် အတော်ကြည်ညိုပါတယ်။
ဆရာတော်ကြီးက ကျနော်စကားပြောမှားတာကိုကြည့်မရတော့ ဒီလိုပြောတယ်။
"မကြည်ညိုရင် ငါ့ကို မကိုးကွယ်နဲ့ ။ ကြည်ညိုတဲ့သူတွေ လာလိမ့်မယ်"..လို့ မိန့် ကြားတယ်။
ကျနော်ကလည်း ကျနော်ပဲ။ ဘုန်ကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ထိုင်တဲ့အခါမှာ အရမ်းစိတ်ကျဉ်းကြပ်တယ်လို့ ခံစားရတယ်။ တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား စတဲ့ စကားတွေလည်း ပြောမတက်ဘူး။ လုပ်ပြီး ပြောရသလို ဖြစ်နေတယ်။ ဟန်ဆောင်နေရတယ်။
ဒါနဲ့ ပက်သက်ပြီး ကျနော်တွေးမိတာက ဒီလိုပါ။
နိုင်ငံခြားသားတွေက မြန်မာဘုန်းကြီးတွေနဲ့ စကားပြေရင် ယူ နှင့် အိုင် ဆိုတဲ့စကားလုံးပဲသုံးတယ်။ တင်ပါ့ဘုရားမသုံးဘူး။ တပည့်တော်ဆိုတဲ့ နာမ်စားမပါဘူး။ အရှင်ဘုရားဆိုတဲ့ စကားလည်းမပါဘူး။ သူတို့ ဒီလိုပြောတော့ ဘယ်သူမှ ရိုင်းတယ်လို့ မပြောဘူး။ ဘယ်ဘုန်းကြီးကမှ ဒေါသမထွက်ဘူး။ ကျနော်တို့ ဗမာတွေသာ ဘုန်းကြီးကို မင်းနဲ့ ငါဆိုတဲ့ အသုံးနှုံးကိုသုံးကြည့်။ ဘယ်လောက်တောင် စိတ်ဆိုးမလဲမသိဘူး။
ပီနန်ဆရာတော်ကြီးကို ကျနော်က သူဌေးလို့ ပြောလို့  ဆရာတော်ကြီး စိတ်ဆိုးသွားတယ်ထင်တယ်။ မတက်နိုင်ပါ။ ဆရာတော်ကြီးက တကယ့်သူဌေးပါ။
ငါ့ ဒကာ ဒကာမတွေက ချမ်းသာတာ။ ငါ ချမ်းသာတာ မဟုတ်ဘူးလို့  ပြန်ပြောတော့ ကျနော် အရမ်းသဘောကြပါတယ်။ ဒါက ဆရာတော်ကြီးကိစ္စ ထားပါတော့။ တပည့်တော် မှားတာရှိရင် ခွင့်လွှတ်ပါ အရှင်ဘုရား။
ဘုန်းကြီးတွေ တရားဟောတဲ့အခါမှာ ကျနော်သဘောမတူတာ ရှိတယ်။ များများလှူဒါန်းပါ။ များများလှူတော့ ပိုပြီးသူတို့ ရတော့ပေါ့။ ဒီလိုမျိုးတွေးမိတယ်။ နောက်ပြီး ပရိတ်ရွတ်ရင် အန္တရာယ် ကင်းတယ်လို့ လည်းပြောတယ်။ ဗမာပြည်မှာ ဘုန်းကြီးဦးရေက လေးသိန်းလောက်ရှိတယ်လို့ ပြောတယ်။ ဒီလေးသိန်းနဲ့ 
တနိုင်ငံလုံး ပရိတ်ပတ်ပြီး ရွတ်လိုက်ရင် ပြည်တွင်းငြိမ်းချမ်းရေးရပြီပေါ့။ တကယ်လို့ အန္တရာယ်ကင်းခဲ့ရင်။ အခုတော့ သိတဲ့အတိုင်း သေနတ်သံတွေ ကြားနေရတုန်း။
ကျနော့်ဆွေမျိုးတွေ အကုန်လုံး ငမွဲတွေချည်းပဲ။ ဘုရားတော့ ဘာရှစ်ခိုးသလဲ မမေးနဲ့ ။ ဗေဒင်လည်း တအားယုံတယ်။ ဘုရားမှာလည်း ဆုတွေတောင်းတာ အရမ်းပဲ။ တောင်းတိုင်းလည်း မပြည့်ပါဘူးဗျာ။ မွဲတာက မွဲတာပဲ။
ချမ်းသာတဲ့နိုင်ငံတွေကိုကြည့်ပါ။ ဗမာပြည်လို ဘုန်းကြီးများလား။ ဂျပန်တွေကိုကြည့်။ သူတို့ လည်း ဗုဒ္ဓဘာသာပဲ။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တွေလည်း ဗုဒ္ဓဘာသာ နိုင်ငံပဲ။ ဗမာပြည်ထက်တောင် ချမ်းသာသေးတယ်။ ကျနော့်အထင်တော့ သူတို့ နိုင်ငံမှာ ဘုန်းကြီးဦးရေနဲ့ စစ်သား ဦးရေနဲ့ တော့ ကုန်ထွက်ပိုများတယ်။ ပိုပြီး စားနိုင်သောက်နိုင်တယ်လို့ ထင်တယ်။ ၾသစေတ်းလ် ၊ အမေရိကန် ၊ ဥရောပ စတဲ့ နိုင်ငံတွေလည်း ဒီအတိုင်းပဲ။ ဒီနေရာမှာ အာဏာစနစ်ကို ခဏဘေးဖယ်ထားပြီတွေးကြည့်ပါ။
ဗမာပြည်မှာက ဘုန်းကြီးတွေ စာသင်တယ်။ ကျောင်းဖွင့်တယ်။ ကောင်းပါတယ်။ ခလေးတွေ စာဖတ်တက်တာပေါ့။ ဘုန်းကြီးစာလည်း အရမ်းတက်ပါတယ်။ ဒါပေမဲ့ ဒီစာတွေက လူတွေအတွက် ဘာမှအသုံးမဝင်ဘူးလို့ ကျနော်ထင်တယ်။ နားလည်ရခက်တယ်။ လက်တွေ့ အကျိုးမဖြစ်ဘူး။ ဘုန်းကြီးစာသင်မဲ့အစား လယ်ကိုဘယ်လိုထွန်ရလဲဆိုတာကို သင်ရင်တောင် အကျိုးရှိအုံးမယ်။ လူတိုင်း ဗိုက်ဝနိုင်တယ်။
ကျနော်စဉ်းစားမိတာ နောက်တစ်ခုရှိသေးတယ်။ ဗုဒ္ဓသာသနာ ပြန့် ပွားရေးဆိုတဲ့စကား နဲ့ သာသနာပြုတဲ့ကိစ္စ။ တကမ္ဘာလုံးက လူတွေ ဗုဒ္ဓဘာသာ ကိုးကွယ်တော့ ကိုယ့်အတွက် ဘာရမှာလဲ။ နောက်ဆုံး ကိုယ်လုပ်မှ ကိုယ်စားရတာပဲ။
အသက်ကြီးလာရင် အေးအေးဆေးဆေးတရား အားထုတ်ချင်လို့ ဘုန်းကြီးဝတ်ကြတယ်။ ဒါကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ လက်ရှိမြင်ရတဲ့ ဘုန်းကြီးလောကကြီးက ဘာအတွက်လဲ မသိဘူး။ ဘုန်းကြီးဝတ်တဲ့ ရည်ရွယ်ချက်ကိုပြောတာပါ။ နောက်ထပ် ငါးနှစ်ကြာရင် နတ်ပြည်တက်ရမှာလား။ ဒါမှမဟုတ် နိဗာန်ရောက်မှာလား။ ဒါတွေကလည်း တခါမှ အပြင်မှာမမြင်ဖူးဘူး။ တီဗွီထဲမှာလည်း မတွေ့ ဖူးဘူး။ ဘုန်းကြီးတွေပြောမှ သိရတဲ့အရာဖြစ်နေတယ်။
ရှင်ပြုတဲ့ ဟာကိုလည်းကြည့်ပါအုံး။ မြန်မာ့ယဉ်ကျေးမှူကိုတော့ လက်ခံတယ်။ ရှင်ပြုတော့ ဘာအကျိုးအမြတ်လဲ။ ငွေပဲ ကုန်တယ်။ အမေကတော့ ပြောတယ်။ ရှင်ပြုရင် လူကောင်ကြီးတယ်တဲ့။ ဒါဆိုရင် ကပ္ပလီတွေ ဘာလို့ ရှင်မပြုပဲနဲ့  ဗလတွေကြီးနေတာလဲ။ ကောင်းကောင်းဝါးမှ အကောင်ကြီးမှပေါ့ အမေရာလို့ ပြောလိုက်တယ်။ ကောင်းကောင်းစားမှ ကျပ်ပြည့်တဲ့ အုံးနှောက်ဖြစ်မှာ။ မဟုတ်ဘူးလား။
ဘုန်းကြီးတွေတန်ခိုးကြီးတယ်။ တချို့ လူတွေလည်းတန်ခိုးကြီးတယ်လို့ ပြောကြတယ်။ ယုံကြတယ်။ တခါမှတော့ မတွေ့ ဖူးဘူး။ စာထဲမှာပဲ ဖတ်ဘူးတယ်။ တကယ်လို့ တန်ခိုးကြီးရင် ဘာလို့ ဗမာပြည်ချမ်းသာအောင် လူတွေစိတ်ချမ်းသာအောင် မလုပ်ပေးတာလဲမသိဘူး။ ကပ်စေးနဲတာတော့ မဖြစ်နိုင်ဘူး။
မြန်မာတွေဟာ အတော်လေးကို ဆင်းရဲတယ်။ ထမင်းတောင် နပ်မမှန်ကြဘူး။ ကျနော်ငယ်ငယ်တုန်းက ဒီလို ဘဝမျိုးနဲ့ ကြုံခဲ့တယ်။ မရှိတဲ့ကြားကနေ ဘုန်းကြီးတွေကို ဆွမ်းလောင်းတယ်။ ကထိန်ဆိုရင် ငွေ တက်နိုင်သလောက် ငွေလှူတယ်။ ကျနော်တို့ လုပ်သလို တခြားဆင်းရဲတဲ့လူတွေလည်း လုပ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကလှူဒါန်းသလောက် လက်တွေ့ အကျိုးခံစားခွင့် ဘာမှ မရခဲ့ဘူး။ ဘုန်းကြီးတွေကတော့ ပြောပါတယ်။ နောင်ဘဝမှာ ချမ်းသာပါလိမ့်မယ်လို့ ။ ကျနော်အမြင်က နောင်ဘဝက မြင်ရတာမဟုတ်ဘူး။ လက်ရှိလက်ငင်းပဲ ချမ်းသာချင်တယ်။
ဘုန်းကြီးတွေတရားဟောတိုင်းလှူဒါန်းမှူဆိုတဲ့စကားပါတယ်။ ဒါကို ကျနော် သံသယဖြစ်တယ်။ လူတွေလှူမှ ဘုန်းကြီးတွေ အဆင်ပြေမှာမဟုတ်ဘူးလား။ မလှူရင် ဘုန်းကြီးလည်း ငတ်ပေါ့။ ဒါ့ကြောင့် လှူဒါန်းပါလို့ ပြောတာလားမသိဘူး။ နောက်ပိုင်း ကျနော် လှူချင်တာက ဘုန်းကြီးတွေမဟုတ်တော့ဘူး။ မလုပ်စား၊မကိုင်စားနိုင်တဲ့ အိုကြီးအိုမတွေ၊ မသန်မစွမ်းတွေ နဲ့  အရမ်းဆင်းရဲတဲ့လူတွေကိုပဲ လှူချင်တော့တယ်။ ချမ်းသာတဲ့ ဘုန်းကြီးကျောင်းတွေ ဘုန်းကြီးတွေကို ပိုပြီး မလှူချင်ဘူး။
ဒါပေမဲ့ မြန်မာတွေက လှူတာတောင် အပြိုင်အဆိုင်လှူဒါန်းကြတယ်။ Certificate တောင်းသလိုပဲ။
နတ်ကိုးကွယ်မှူကိုလည်းကြည့်ပါအုံး။ လူတွေကြည့်ရတာ အချောင်လိုက်ချင်နေကြသလိုပဲ။ ကိုးကွယ်မှု့ မှားနေတယ်။ အဓိက ကိုးကွယ်ရမှာက မိမိကိုယ်ကိုယ်ပဲလို့ ကျနော်တော့ ယုံကြည်တယ်။ ဘာပဲဖြစ်နေ ဖြစ်နေ ဘုန်းကြီးလည်းမကယ်နိုင်ဘူး။ ဘုရားလည်း မကယ်နိုင်ဘူး။ နတ်လည်း မကယ်နိုင်ဘူး။ ဒ့ါကြောင့် သူငယ်ချင်းတချို့ က ဒီလိုပြောတာပေါ့။
"ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့  ၊ ငါဘုရားသည် စောက်ချဉ်မဟုတ်"
မှတ်ချက်။ မိမိအပြစ်ရှိရင် မိမိပဲခံပါမယ်။
9/4/11
" Media Must Be Very Open"
ဘီဘီစီ/အာအက်က်ဖေ/ ဗွီအိုအေ စတဲ့ မီဒီယာတွေ မှာ တချိန်လုံး အမြင်ကပ်အောင် ပြောနေတဲ့သူတွေကိုလေ့လာကြည့်ပါ။ ထင်မြင်ချင်ပေးတဲ့လူတွေ/နိုင်ငံရေးလေ့လာ သုံးသပ်သူတွေ /လွတ်တော်အမတ်တွေဟာ ဒီလူဒီလူချည်းပဲ။ ဘယ်မီဒီယာကိုကြည့်ကြည့် သူတို့ပဲ။ မျက်စိကိုနောက်နေတာပဲ။ ဒေါ်စုသတင်းကလည်း မပါလို့ မပြီးလား မသိဘူး။ ဒီလိုလုပ် ။ဒေါ်စု အီးပါရင် ဘယ်လိုထိုင်ပါလဲလို့ လည်းမေးပေါ့။ ဟုတ်ဘူးလား။
သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ နိုင်ငံရေး ရင်ဖွင့်သံတွေကြားချင်တယ်။ သူတို့ ရဲ့ မျှော်လင့်ချက်တွေကို နားထောင်ချင်တယ်။ သူတို့ ဘယ်လို ဒုက္ခရောက်ရလဲဆိုတာကို မျှဝေခံစားချင်တယ်။ အခုတော့ မီဒီယာ အားလုံးက တလွဲချည်းပဲ။ အင်တာဗျူးတာလေး ထင်မြင်ချက်ပေးတာလေးတွေကို ပြင်စေချင်တယ်ဗျာ။
နောက်ပြီး မီဒီယာတိုင်းက သူများသတင်းကိုပဲ လိုချင်တယ်။ သူတို့ မီဒီယာ ဝိုင်းတော်သားတွေသတင်းကိုကြတော့ တခါမှ မကြားမိပါလား။ ဥပမာဗျာ- ဗွီအိုအေက မအင်ဂျင်းနိုင် နဲ့  ဗိုလ်မှူး စိုင်းသိန်းဝင်းတို့ ရဲ့ အီစီကလီဇာတ်လမ်းပေါ့။ ဒါ့အပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတွေလည်းရှိပါတယ်။ အခုတော့ သူတို့ ကောင်းကြောင်းတော့ ကြားမိပါရဲ့ ။ ဖြစ်နိုင်ရင် ခင်ဗျားတို့ ရဲ့ ကိုယ်ပိုင် နိုင်ငံရေးအမြင်လည်း ကြားချင်ပါတယ်။ သူများကိုချည်း လျှောက်ကြပ်တာတော့ တစ်ဖက်သက် ကြလွန်းပါတယ်။
အဖွဲ့ အစည်းခေါင်းဆောင်တွေလောက်ပဲ ခေါင်းပါတာမဟုတ်တဲ့အတွက် အောက်ခြေက အဖွဲ့ ဝင်တွေကိုလည်း မေးစေချင်ပါတယ်။ တခါလာလည်း နိုင်ငံရေး အကျဉ်းသားကိစ္စ။ သတင်း။ သူတို့ ပဲ အသက်ပါတာမဟုတ်ဘူးနော်။ သူတို့ ပဲ နိုင်ငံရေးလုပ်တာ မဟုတ်ဘူးနော်။ သတိထားကြပါ။
ဒီနေ့ ဒီအချိန်မှာ အရေးကြီးဆုံးအရာကတော့ အရင်တုန်းက လုပ်နေကြ တွေးနေကြ ပုံစံခွက်တွေကို ဆေးကြောပစ်ရတော့မယ်။ အတိုက်အခံ အချင်းချင်းဝေဖန်နေတာတွေကိုလည်း မီဒီယာမှာ ဖော်ပြသင့်တယ်။ အင်တာဗျူးသင့်တယ်။ ဒါမှ ပြည်သူက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ အေဘီအက်စ်ဒီအက်ဖ်အတွင်းရေးမှူးဟောင်း ကိုသန်းဝင်းက ကိုဇော်ဦးနဲ့ ဗဟုအဖွဲ့ ကို ဝေဖန်တဲ့ကိစ္စ။ နောက်ပြီး ဒီမိုကရေစီဘက်တော်သား တစ်ဦးရေးတဲ့ ယူကေ ကန်ပိန်းဖော် ဘားမားနဲ့ ဦးဟန်ညောင်ဝေ ကိစ္စ။ ဒီလို စွတ်စွဲချက်တွေဟာ အတိုက်အခံလောကမှာ အများကြီးပါ။ စွပ်စွဲသူနဲ့ စွပ်စွဲခံရသူတို့  နှစ်ဦးနှစ်ဘက် မီဒီယာမှာ တရားဝင် ရှင်းခွင့်ပေးရင် ရှင်းရဲရင် မလိုလားအပ်တဲ့ သို့ လောသို့ လော မေးခွန်းတွေ အထင်လွဲမှူတွေ ရှောင်ရှားနိုင်လိမ့်မယ်။ ညီညွတ်မှူ ရနိုင်မယ်။ ဒါပေမဲ့ ယနေ့ အထိ မီဒီယာတိုင်းက ဒီလို စွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူး ဆဲနေတာဆိုပြီး လစ်လျှူပြုထားတယ်။ ဘယ်လောက်ကြာနေပြီလဲ။
ဒီလူတွေအားလုံးကလည်း နိုင်ငံရေးသမားတွေပါ။ တန်ဘိုးရှိတဲ့ လူတွေပါ။ ဆိုတော့ဗျာ အားလုံးရဲ့ အသံကို ကြားချင်ပါပြီ။
လေးစားလျှက်
ဘုန်းကျော်
8/31/11
သူခိုးဘုန်းကျော်
ကျနော် (၇) နှစ်သားလောက်မှာ တပ်ထဲက ၀ါးလိုင်းမှာနေရတယ်။ ၀ါးလိုင်းဆိုတာက အခန်းတွဲအရှည်ကြီးတွေတစ်ခုပါ။ ၀ါး တွေနဲ့ဆောက်ထားလို့ ၀ါးလိုင်းလို့ခေါ်ပါတယ်။ ကျနော်တို့အိမ်မှာ ထင်းရှုး သေတ္တာအစုတ်ကြီးရှိတယ်။ စာအုပ်တွေထည့်ထားတဲ့ သေတ္တာတစ်ခုပါ။ မနက်တိုင်း မီးရှို့ ပြီး ၀ါးလိုင်းအရှေ့ မှာ ကျနော်တို့မီးလှုံရတယ်။ ဆောင်းတွင်းဆိုရင် အရမ်းအေးတော့။ ဒီလိုအချိန်ရောက်ပြီးဆိုရင် ကျနော် သေတ္တာထဲက ပိုးဟပ်တွေကို မီးဖုတ်ပြီးစားလေ့ရှိတယ်။ ဘေးက လူတွေကလည်း ကျနော်စားတာကိုကြည့်ပြီး အံ့သြကြတယ်။ သူတို့တော့မစားဘူး။ တအားရွံ့ လို့ပါ။ ကျနော့်စိတ်ထဲမှာ ပိုးဟပ်ကို မီးကင်းစားတဲ့အရသာက အရမ်းကောင်းတယ်လို့ထင်တယ်။ ဒီတော့ ပိုးဟပ်တွေ့တာနဲ့ ပိုးဟပ်ကို တုတ်နဲ့ဖင်ဆုံးခေါင်းဆုံးထိုး၊ သီတန်းပြီး မီးဖုတ်စားတယ်။ မီးကင်တဲ့ အနံ့က မွှေးနေတာပဲ။ အရသာလည်းရှိတယ်။ ပရစ်စားရသလို။
တောစပယ်ပန်းရောင်းတဲ့ ကျနော်
လေးငါးတန်းလောက်မှာ ကျောင်းမုန့်ဖိုးရဖို့အတွက် တောထဲက တောစပယ်ပန်းတွေကို ညနေတိုင်းသွားခူးတယ်။ ညကြရင် ပန်းသီပြီး မနက်ဖက်မှာ လိုက်ရောင်းတယ်။ ရတဲ့ပိုက်ဆံကို မုန့်ဟင်းခါးဝယ်စားတယ်။ အမေက မုန့်ဖိုးကောင်းကောင်းမပေးနိုင်တော့ ကိုယ့်ပိုက်ဆံကိုယ်ရှာတယ်။ တစ်ရက်ကို တစ်ကျပ်နှစ်ကျပ်ရတယ်။ ကျောင်းစာအုပ်ထဲမှာ သေချာထုတ်ပိုးပြီး တယုတယ သိမ်းထားတယ်။ မနက်ပိုင်း ကျောင်းစာအုပ်ကိုဖွင့်ကြည့်တဲ့အခါမှာ ကိုယ်ရှာထားတဲ့ပိုက်ဆံကို တွေ့တော့ တအားကို ပီတိဖြစ်ရတယ်။ တောစပယ်ပန်းခူးတယ်ဆိုတာကလည်း အရမ်းပင်ပန်းတယ်။ နေပူထဲမှာ ခြုံတွေထဲမှာ လိုက်ခူးတာဆိုတော့ မွေပေါက်ရင် သေတက်တယ်။ ခြေထောက်တွေလက်တွေမှာ အဆူးခြစ်ရာတွေချည်းပဲ။ ပန်းသီပြီဆိုရင်လည်း လက်မှာ အက်ထိုးမိတဲ့အရာတွေနဲ့။ ဒီလိုမျိုးကိုယ့်ပိုက်ဆံကိုယ်ရှာပါတယ်။
ငါးဖမ်းပြီးရောင်းတဲ့ ကျနော်
စနေ တနင်္ဂနွေကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေကို ခေါ်ပြီး ပေါက်တူးနဲ့ရေပုံးထမ်းပြီး တပ်ဘေးက ချောင်းတွေမြောင်းတွေမှာ ငါးဖမ်းထွက်တယ်။ ငါရံ့ ခေါင်းတိုဆိုရင်တော့ မဖမ်းတာများတယ်။ ဒီငါးကို ကျနော်အတော်ရွံတယ်။ ချီးစားလို့။ နောက်ပြီးငါးဇင်းရိုင်းလဲ ဒီအတိုင်းပဲ။ ကျန်တဲ့ငါးဆိုရင်တော့ ဖမ်းတယ်။ အဓိက မိုးရာသီနဲ့နွေဦးပေါက်စဆိုရင် ငါးဖမ်းတဲ့ဂွင်က ကျနော့်ဂွင်။ ဘယ်သူမှ မသိတဲ့ ဂွင်တွေကို ကျနော်သိတယ်။ ငါးမရရင် ဇရစ်ရိုးခူးတယ်။ ကန်ဇွန်ရွက်ကိုခူးတယ်။ အိမ်ပြန်လာရင် တခုမဟုတ်တခုရကိုရရမယ်။ အိမ်ရောက်ရင် အမေ့ကိုလည်းပေးတယ်။ ပိုတဲ့ဟာကို ရောင်းတယ်။
ဘုန်းကြီးကျောင်းက မျှစ်, ခိုးတူးပြီးရောင်းတဲ့ ကျနော်
ဘုန်းကြီးကျောင်းက မျှစ်တွေက ကျနော့်အတွက် ၀င်ငွေပဲ။ သူတို့ဆီမှာ ၀ါးဘိုးမျှစ်တွေအများကြီးပဲ။ ဘုန်းကြီးကျောင်းဆိုတော့ ဒီမျှစ်တွေကို ဘယ်သူမှ မတူးရဲဘူး။ ကျနော်တော့ ခိုးပြီးတူးတယ်။ မိုးအရမ်းရွာတဲ့အချိန်ကို စောင့်ရတယ်။ မိုးရွာပြီဆိုရင် ဘုန်းကြီးတွေတွေ့လည်း မိုးရေအစိုခံပြီးမလိုက်ရဲဘူး။ ဒါပေမဲ့ တချို့ ကပ်စေးနဲတဲ့ဘုန်းကြီးကတော့ လိုက်တယ်။ တခါတုန်းက ဘုန်းကြီးက ကျနော့်ကို ဓားနဲ့လိုက်တယ်။ ဓားနဲ့လိုက်တဲ့ဘုန်းကြီးကို ဓားနဲ့မိုက်ကြည့်ပြန်ကြည့်တော့ ဘုန်းကြီးလည်း မခုတ်ရဲဘူး။ တခါတလေ ဘုန်းကြီးက မိရင် ကြိမ်တုတ်နဲ့ တအားရိုက်တယ်။ ပြီးရင် ဒဏ်ပေးတယ်။ တချို့ ဘုန်းကြီးတွေက အရမ်းဆိုးတယ်။ ဒါလည်း ကျနော် ဂရုမစိုက်။ ခိုးတူးတာပဲ။ ရတဲ့မျှစ်ကို အမေ့အတွက်တစ်ဝက်၊ ကျနော့်တစ်ဝက်။ ကျနော့်ဟာကိုတော့ ရောင်းစားပြီး ကျောင်းမုန့်ဘိုးလုပ်တယ်။
ကျည်ဆံထိပ်ဖူးတွေ တူးပြီးရောင်းတဲ့ ကျနော်
ကျနော့်တပ်ထဲမှာ သေနတ်ပစ်ကွင်းရှိတယ်။ ကျောင်းပိတ်ရက်ဆိုရင် ခလေးတွေ သေနတ်ပစ်ကွင်းကိုသွားပြီး ကျည်ဆံတူးတယ်။ မတူးခင် သူတို့သေနတ်ပစ်ပြီးတာကို စောင့်ရတယ်။ တခါတလေ ကိုယ်လဲ သေနတ်ဝင်ပစ်တယ်။ အများဆုံးကတော့ ကိုးမမ လို့ခေါ်တဲ့ပစ္စတိုပေါ့။ ကြည်ရေလေသေနတ်ပစ်ပြိုင်ပွဲအတွက် လေ့ကျင့်တဲ့အချိန်မှာဆိုရင် ကျနော်တို့ထောပြီ။ ရလာတဲ့ကျည်ဆံထိပ်ဖူးတွေကို နို့ဆီခွက်နဲ့ကျိုတယ်။ ကျည်ဆံထဲက ခဲတွေက အရည်ပျော်ပြီးထွက်လာတယ်။ ကျည်ဆံအခွံတွေကို တခုချင်းဆီ ဆယ်ထုတ်ပြီး ခဲတွေကိုငရုတ်ဆုံထဲထည့်တယ်။ အေးပြီးဆိုရင် အခွက်လိုက် ခဲအတုံးထွက်လာပြီ။ ပြီးရင် မင်္ဂလာဒုံဈေးမှာရောင်းစားတယ်။ ဒါလည်း ကျနော့်အတွက် သုံးဖို့ရတယ်။
ပန်းရံလုပ်တဲ့ ကျနော်
တခါတလေ ပန်းရံလူကြမ်းလုပ်တယ်။ အခုလက်ရှိ မင်္ဂလာဒုံက ငါးထပ်တိုက်အရိုးကုဆေးရုံကြီးကို ဆောက်တဲ့လူတွေထဲမှာ ကျနော်ပါတယ်။ သုံးလလောက် လုပ်ဘူးတယ်။ နောက်ပြီးတော့ အင်းယားကန်ဘောင်ပေါ်ကနေ မြင်နေရတဲ့ ၁၉-ထပ်လောက်မြင့်တဲ့ တိုက်ညီနောင်မှာလည်း လုပ်ဘူးတယ်။ တပ်ထဲက လိုင်းခန်းတွေကိုဆောက်တဲ့နေရာမှာလည်း လုပ်ဘူးတယ်။ လက်ရှိ ရန်ကုန်က စစ်ရုံးချုပ်အဆောက်အဦးထဲမှာ အရာရှိကြီးများရိပ်သာဆောက်တုန်းကလည်း ကျနော်ပါတယ်။ အလုပ်တွေထဲမှာ ပန်းရံလူကြမ်းအလုပ်ကိုတော့ အမုန်းဆုံးပဲ။ ညစ်ပတ်တယ်။ ပင်ပန်းတယ်။ နေပူထဲမှာ မိုးရွာထဲမှာ စုတ်ပြတ်သတ်နေတာပဲ။ ရလာတဲ့ပိုက်ဆံကို အိမ်တစ်ဝက် ကျနော်တစ်ဝက်။
အထည်ချုပ်စက်ရုံက အထည်တွေကို ခိုး, ပြီးရောင်းတဲ့ကျနော်
အထည်ချုပ်စက်ရုံလေးရုံလောက်မှာ လုပ်ဘူးတယ်။ ရန်ကုန်မှာတုန်းကပါ။ စတိုဌာနမှာလုပ်ရတယ်။ ပိတ်လိပ်ထမ်းပေါ့။ နွေရာသီကျောင်းပိတ်ရက်ဆိုရင် ဒီအလုပ်က ၀င်ငွေအကောင်းဆုံးပဲ။ စတိုဌာနမှာနေတော့ ပိတ်တွေကို ကပ်ကြေးနဲ့ဖြတ်၊ ပြီးရင် ခန္ဒာကိုယ်မှာပတ်ပြီး ခိုးထုတ်တယ်။ လုံခြုံရေးလုပ်တဲ့သူကို ဆေးလိပ်တစ်ဘူးပေးလိုက်ရင် ပွဲက ပြီးတယ်။ စက်ရုံအလုပ်သမားအားလုံး ဒီလိုခိုးတဲ့ အကျင့်ရှိတယ်။ တချို့ တော့မလုပ်ဘူး။ ကျနော်ကတော့ ပေါ်တင်ခိုးတယ်။ လုံခြုံရေးလည်းပေးတယ်။ Supervisor ကိုလည်းပေးတယ်။ ဒါမှ ကိုယ့်အတွက် အပိုဝင်ငွေရမှာ။ လစာကမလောက်ဘူး။ ချစ်စရာကောင်းတဲ့ဓလေ့က ဘယ်အလုပ်သမားမှ ဒုက္ခရောက်အောင် ရဲတိုင်တာ မလုပ်ဘူး။ အကုန်လုံးသိတယ်။ အလုပ်သမားအချင်းချင်း ညီညွတ်တယ်။ အထည်ခိုးထုတ်လို့ရတဲ့ပိုက်ဆံနဲ့လစာကို အိမ်တစ်ဝက် ကျနော်တစ်ဝက်။ ဒီငွေကတော့ ကျနော် ဖဲ ရိုက်ဖို့အတွက် အဓိကသုံးတယ်။
အိမ်က ဆန်ကို ခိုးရောင်းပြီး ဖဲ ရိုက်တဲ့ကျနော်
သုံးလေးတန်းနှစ်တုန်းက သူများတွေ ဒိုးဇတ်ကစားကြတယ်။ ကျနော်လည်း ပန်းရောင်းလို့ရတဲ့ပိုက်ဆံ၊ ငါးဖမ်းလို့ရတဲ့ပိုက်ဆံ၊ မျှစ်တူးလို့ရတဲ့ ပိုက်ဆံနဲ့ မလောက်ဘူးဆိုရင် အိမ်က ဆန်ကိုတောင် ခိုးရောင်းပြီး ဒိုးဇတ်ကစားတယ်။ ဖဲရိုက်တယ်။ နိုင်ရင်တော့ အိမ်အတွက်ပေါ့။ ရှုံးရင်တော့ လုပ်နေကြအလုပ်တွေကို ပြန်လုပ်တယ်။ ဒီလိုနဲ့ပဲ တပ်ထဲမှာ သံသယာလည်တယ်။ ဒါက ငယ်ငယ်တုန်းက ဘ၀ပါ။ အခု ပြန်တွေးကြည့်တော့ပျော်စရာကောင်းတယ်။ ကျနော်နဲ့အတူတူ မျှစ်ခိုးတူးတဲ့ သူငယ်ချင်းတွေ၊ အထည်ခိုးထုတ်တဲ့သူငယ်ချင်းတွေ၊ ငါးခိုးပတ်တဲ့သူငယ်ချင်းတွေထဲက တစ်ချို့  ၊ လက်ရှိ ရှေ့ တန်းစစ်မျက်နှာပြင်မှာ တပ်ခွဲမှုးဖြစ်တဲ့သူကဖြစ်၊ ရန်ကုန်တိုင်း လက်ရွေးစင် ဘောလုံးသမားဖြစ်တဲ့သူကဖြစ်၊ နိုင်ငံခြားကို ဆန်ပို့တဲ့သူက ဆန်ပို့ဖြစ်နေပြီ။ ကျနော်တော့သိတဲ့အတိုင်း သြစတျေးလျမှာနေပြီး ပေါက်ကရစာတွေကိုရေးပေါ့ဗျာ။
ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ
အခုမှ ငယ်ငယ်တုန်းက ဘ၀ကို ပြန်ပြီးတွေးကြည့်တော့ ငါ ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေဟာ ငါ့အတွက် ပညာအတော်ရတယ်လို့။ နောက်ပြီးပတ်ဝန်းကျင်ကလည်း ကိုယ့် ကိုယ် ဒါတွေပဲလုပ်ဖို့ တွန်းအားပေးသလိုဖြစ်နေတဲ့ပတ်ဝန်းကျင်။ ကျနော်သာ အဲဒိပတ်ဝန်းကျင်မှာ ဆက်လက်ပြီးနေထိုင်ကြီးပြင်းခဲ့မယ်ဆိုရင် လူ့ဘောင်ချစ်ဘုန်းကျော်တောင်ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ဘာပဲဖြစ်ဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ နိုင်ငံရေးဝန်းကျင်ကို အထူးကျေးဇူးတင်ပါတယ်။ ကျနော့်ကိုပြုပြင်ပြောင်းလဲပေးလိုက်တဲ့ ကျေးဇူးရှင်တွေပါလို့ တစ်သက်လုံးအသိအမှတ်ပြုပါတယ်။ တခါတလေ အင်တာနက်က ဆဲတာကတော့ ခွင့်လွှတ်ပေါ့ဗျာ။ ခိုးတက်တဲ့အကျင့်နဲ့အထာကို ငယ်ငယ်ကတည်းက ကောင်းကောင်းလက်တွေ့ကျင့်လာတာဆိုတော့ ကြီးလာတဲ့အခါမှာ သူများခိုးတာ၊ ဘတ်တာကို အလွယ်တကူသိပါတယ်။ နောက်ပြီး တအားမုန်းပါတယ်။ဘာလို့လဲဆိုတော့ ကျနော်ခိုးတုန်းက ငတ်လို့ခိုးတာပါ။ မသိလို့ခိုးတာပါ။ အခု လူကြီးတွေက ချမ်းသာရဲ့ သားနဲ့ပညာတက်ရဲ့ သားနဲ့ ခိုးတာကိုတော့ အတော်ရွံပါတယ်။ မနာလိုအရမ်းဖြစ်တယ်။ ဒါ့ကြောင့် ခိုးတာကို ရှောင်ကြပါလို့ ပြောချင်ပါတယ်။ ပြောလို့မရလဲ ဆက်သာခိုးကြဗျာ။
ကျနော့်ဘော်ဒါတစ်ယောက်က လက်ရှိရှေ့ တန်းမှာ ကေအန်ယူနဲ့ စစ်တိုက်ကြတယ်။ ပြီးခဲ့သုံးနှစ်လောက်က သူက နအဖ ဘက်ကတပ်စုမှုး။ ကျနော်နဲ့ဖုန်းဆက်တော့ ဟေ့ကောင် မင်းသေနေအုံးမယ်။ ကြည့်လဲရှောင်အုံးကွာလို့ပြောလိုက်တယ်။ သူကလည်း ငါလည်း ဘယ်တိုက်ချင်မလဲကွတဲ့။ မလုပ်ရင် ငတ်မှာစိုးလို့ လုပ်နေရတာကွတဲ့။ ဒါနဲ့ကျနော်လည်း ပိုက်ဆံတစ်သိန်းပို့လိုက်တယ်။ မင်းအလုပ်ကို မင်း, ဆက်ပြီးသာလုပ်ပါကွာလို့ပဲနောက်ဆုံးပြောဖြစ်တယ်။ ဒီကောင်နဲ့ကျနော်က ငယ်ငယ်တုန်းက ခိုးအတူဆိုးအတူ။ သူက တပ်ထဲဝင်တယ်။ ကျနော်က သူပုန်လုပ်တယ်။ သူငယ်ချင်းအချင်းအချင်းဆိုတော့ တဦးနဲ့တဦး စိတ်မနာကြဘူး။ ဒါကြောင့် ကျနော်တခါတလေ အချင်းချင်း သတ်နေတာကို စိတ်နာတာပေါ့။ နောက်ဆုံးတော့ ဘာမှလည်းမဟုတ်ဘူး။ သေတာပဲ အဖတ်တင်တယ်။ လူတစ်ဦးတစ်ယောက်ကြောင့် အကုန်လုံးဒုက္ခရောက်ရတယ်။
ဘုရင်စိတ်တွေ
၁၂၀၀-၁၅၀၀ ခုနှစ်ကာလတွေအတွင်းမှာ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်၊ နယ်သာလန် စတဲ့ ဥရောပနိုင်ငံတွေမှာ သင်္ဘောတီထွင်တဲ့နည်းပညာအားကောင်းလာတယ်။ သူတို့ရွက်လှေတွေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ နယ်သစ်ပယ်သစ်တွေကို ရှာဖွေကြလာတယ်။ ကိုလိုနီပြုဖို့ပါ။ ဒီဘက်ခေတ်လို ဟော်လီးဒေး လာတာမဟုတ်ပါ။
သူတို့ဒီလို သင်္ဘောနဲ့ကမ္ဘာပတ်နေတဲ့အချိန်မှာ မြန်မာပြည်က ဘုရင်တွေ ဘာလုပ်နေကြလဲဆိုတော့ မိန်းမတွေ တစ်ပုံကြီးယူပြီး ပျော်ပါးသောက်စားမှုးယစ်ပြီး အာဏာမက်နေကြတုန်းပါ။ အဲဓိက ဒါကိုပဲ ခေါင်းထဲမှာ ထည့်ထားပုံရတယ်။ အသေးစိတ်မသိပါ။
သြစတျေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ကို ၁၇၈၆-ခုနှစ် သြဂုတ်လမှာ ပထမဆုံး အင်္ဂလိပ်က စတင် ကိုလိုနီပြုခဲ့တယ်။ ရွက်လှေ ၁၁ စီးနဲ့ အတူ အကျဉ်းသား ၁၅၀၀-လောက် ဒုက္ခအမျိုးမျိုး အခက်အခဲမျိုးမျိုးကို ရင်ဆိုင်ပြီး သြစတျေးလျမှာ နေဖို့ အင်္ဂလိပ်အစိုးရက စေလွှတ်လိုက်တယ်။ ဒီလူ ၁၅၀၀-ထဲမှာ မိန်းမ၊ ခလေး တွေနဲ့ ယောက်ျားတွေပါတယ်။ လာတဲ့လမ်းမှာတင် လူအယောက်လေး ဆယ်နီးပါလောက် သေဆုံးကုန်တယ်။ ဘယ်လောက်ထိ ခက်ထန်ကြမ်းတမ်းတဲ့ လမ်းခရီးလဲ။ အခုခေတ်လို ဒုက္ခသည်စခန်းတွေထဲကနေ လေယျာဉ်နဲ့ လာရတဲ့ခရီးဆိုရင် ဘယ်လောက်တောင် ပါကြမလဲမသိဘူး။ အခုတော့ ၁၅၀၀ လောက်ရှိတဲ့ လူဦးရေ။ သူတို့တွေအားလုံးဟာ သူခိုးတွေချည်းပဲ။
သူတို့ဘ၀တွေကို သြစတျေးလျမှာ ထူထောင်ကြတဲ့ အချိန်မှာ ဘာရှိလဲဆိုတာတွေးကြည့်ပါ။ ဘာမှ အဆင်သင့်မဖြစ်သေးပါဘူး။ အဲဒိအချိန်မှာ Centerlink လို့ခေါ်တဲ့ အစိုးရထောက်ပံ့ကြေးပေးတဲ့ ဌာနမရှိ။ ဆောက်ပြီးသား အိမ်၊ ကျောင်းသွားဖို့အတွက် မော်တော်ကား၊ အပျင်းပြေသောက်ဖို့အတွက် ဘီယာရှိတယ်ထင်လား။ တခုမှမရှိပါ။ ရှိတာက သူတို့ကို ဆော်ပလော်တီးဖို့ ချောင်းနေတဲ့ ဌာနေတိုင်းရင်းသားတွေပဲရှိတယ်။ အဲဒိအချိန်မှာ ဌာနေတိုင်းရင်းသားတွေက ဂျီတော့၊ အင်တာနက်နဲ့ Facebook သုံးနေတဲ့ ယဉ်ကျေးမှု မရှိတော့ အင်္ဂလိပ်သူခိုးတွေကို လေးမြားနဲ့ပစ်၊ လှံနဲ့ထိုးပြီး ပြန်မောင်းထုတ်ကြတယ်။
ရာသီဥတုကလည်းဆိုးရွား၊ ရေကလည်းရှားနဲ့ စတင်အခြေချလာတဲ့ အင်္ဂလိပ်ဒုက္ခသည်တွေဟာ သူတို့အခက်အခဲကို ဖြစ်သလိုကြိတ်မှိတ်ပြီး ရင်ဆိုင်ကြတယ်။ တုန့်ပြန်ကြတယ်။
သူတို့တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ဘ၀တွေကို တည်ထောင်ကြတယ်။ နောက်ပိုင်းသူတို့အဆင်ပြေလာ ကြတော့ အင်္ဂလန်က သူခိုးတွေ၊ ဒမြ တွေကို တသုတ်ပြီးတသုတ် အင်္ဂလန်အစိုးရက ထပ်ပို့လာတယ်။ လူတွေများလာတယ်ပေါ့။ ဒီလိုနဲ့ သြစတျေးလျကို စတင်တည်ထောင်ကြတာပါ။
သူတို့ဒီလိုတည်ထောင်ကြတဲ့အချိန်မှာ IMF ဆီကလည်း ငွေအထောက်အပံ့မရပါ။ အမေရိကဆီကလည်း ချေးလို့မရပါ။ ရှင်းရှင်းပြောရရင် ဘယ်နိုင်ငံဆီကမှ အထောက်အပံ့မရပါ။
နှစ်ပေါင်း နှစ်ရာလောက်ကြာတဲ့အချိန်မှာ သြစတျေးလျနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်လာတယ်။ သူတို့နိုင်ငံကနေ ဆင်းရဲတဲ့နှိင်ငံတွေကို ကူညီတယ်။ ဒုက္ခသည်တွေကို လက်ခံပေးတယ်။ မြန်မာပြည်က ဒုက္ခသည်တွေသောင်းနဲ့ချီပြီး သြစတျေးလျကို လာကြတယ်။ ဗီယမ်နမ်တွေ၊ အီရန်တွေလည်း လာကြတယ်။ သူတို့လာတဲ့အချိန်မှာ အိမ်အဆင်သင့်၊ အစိုးရထောက်ပံ့ကြေးအဆင်သင့်၊ စားစရာ အဆင်သင့်၊ အားလုံးအသင့်ပါပဲ။
သြစတျေးလျတွေ စားဖို့သောက်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀-လောက်က ရုန်းကန်ရသလို ဒီဘက်ခေတ်သြစတျေးလျတွေ ခက်ခက်ခဲခဲမရုန်းကန်ရတော့ဘူး။
ဒါတွေဟာ ဘယ်သူ့ကြောင့်လဲဆိုတော့ သူတို့လူကြီးတွေကြောင့်ပဲ။ အဖိုးအဘွားတွေကြောင့်ပဲ။ သူတို့တွေဟာ ဘ၀နာတဲ့အခါကြတော့ အလုပ်ကျိုးစားတယ်။ သားတွေသမီးတွေ၊ နောင်လာနောင်သားတွေအတွက် စံနမှုနာဖြစ်စေတယ်။ နိုင်ငံရေးစနစ်ကို ကောင်းအောင်လုပ်တယ်။ ပွင့်လင်းမှုရှိမှ တရားမျှတမှုရှိမှ တိုးတက်မယ်ဆိုတာကိုသိတယ်။ အချင်းအချင်းလည်း ကိုယ်ထိလက်ရောက် ရန်မဖြစ်ဘူး။ ပါးစပ်နဲ့ပြောတဲ့ နိုင်ငံရေးကိုပဲ ကောင်းအောင် အားထုတ်တယ်။ နောက်ဆုံး သူတို့ဘာ့ကြောင့် ဒီလိုဖြစ်လာတာလဲဆိုတော့ သူတို့လူမျိုးရဲ့ စိတ်ဓာတ်တွေက ဗမာလူမျိုးတွေရဲ့  စိတ်ဓာတ်ထက် အဆင့်အတန်းမြင့်လို့ပါ။ အချောင်လိုက်ချင်တဲ့စိတ်၊ ခိုးချင်တဲ့စိတ်၊ ပျင်းတဲ့စိတ်၊ စတဲ့မကောင်းတဲ့ စိတ်ဓာတ်တွေဟာ ဘ၀နာတဲ့အတွက် မထားသင့်ဘူးလို့ သူတို့ယူဆတယ်။ အလုပ်လုပ်တယ်။ မိဘလုပ်စာကို ထိုင်ပြီးသုံးဖြုန်းတဲ့ အကျင့်ကို ဖျောက်တယ်။
သူတို့ အဘိုးအဘွားတွေက အရမ်းကို ဂုဏ်ယူစရာကောင်းတယ်။ ကျနော်တို့တိုင်းပြည်ရဲ့  အဘိုးအဘွားတွေကတော့ သိတဲ့အတိုင်းပဲ။ ကျနော်တို့ကို ဆင်းရဲအောင်လုပ်ခဲ့တယ်။ သူတို့ အဘိုးအဘွားတွေက သူတို့ချမ်းသာအောင်လုပ်ပေးခဲ့တယ်။ ဆိုတော့ သူတို့လူကြီးတွေက ဂုဏ်ယူစရာအရမ်းကောင်းတယ်ဗျာ။
ကျနော်တို့တိုင်းပြည်က ဘုရင်တွေကိုလည်းကြည့်ပါအုံး။ သမိုင်းတခုလုံးမှာ ကောင်းတဲ့ဘုရင်က လက်ချိုးရေလို့တယ်။ တခါလာလည်း စစ်တိုက်၊ တစ်ခါလာလည်း ဘုရားတည်ကျောင်းဆောက်။ ဒါနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ လူတွေရဲ့  အသိပညာကိုတိုးတက်အောင် လူတွေရဲ့ အကျင့်စာရိတ္တ ကောင်းအောင်နေထိုင်မပြကြဘူး။ မိန်းမတွေလည်း တစ်ပုံကြီးယူလို့ယူ။
ဘုရင်တွေအပြင် အစိုးရတွေလည်း ကြည့်ပါအုံး။ တချိန်လုံးကိုယ့်အချင်းချင်း ချ ဖို့လောက်စဉ်းစားနေတယ်။ သူများတိုင်းပြည်တွေ ဂလိုဘယ်လိုက်ဇေးရှင်းပြောနေတဲ့အချိန်၊ တတိယလှိုင်းနဲ့ လစ်ဘရယ်ဒီမိုကရေစီပြော နေတဲ့အချိန်မှာ ဆိုရှယ်လစ်စီးပွားရေးနဲ့တံခါးပိတ်မှုဝါဒသုံးလို့သုံး။ သူများတွေ ခရက်ဒစ်ကတ်နဲ့အွန်လိုင်းပေါ်ကနေ ဈေးဝယ်နေတဲ့အချိန်မှာ မြန်မာတွေကတော့ စုတ်ပြတ်နေတဲ့ငွေစက္ကူကို ကိုင်ပြီး ဈေးဝယ်နေရတုန်း။ သူများတွေက ကမ္ဘာကြီးပူနွေးလာပြီ၊ ကာဘွန်လျှော့ချမယ်၊ သဘာပတ်ဝန်းကျင်ကို ဦးစားပေးရမယ်လို့ပြောနေတဲ့အချိန်မှာ သူတို့က ရေကာတာတွေ ဆောက်လို့ဆောက်။ သစ်တောတွေကို ခုတ်လို့ခုတ်။ အကုန်လုံးသူများတိုင်းပြည်တွေနဲ့မတူတဲ့ ပြောင်းပြန်စနစ်တွေကိုပဲ လုပ်နေကြတယ်။
အခုလည်းကြည့် ဥပဒေပြုတဲ့အဆင့်မှာရှိသေးတယ်။ ဆွေးနွေးနေကြတဲ့အဆင့်မှာရှိသေးတယ်။ ဘာမှ လက်တွေ့အကောင်အထည်မဖော်ကြသေးဘူး။ တိုင်းပြည်ငြိမ်းချမ်းရေးရမှာကို အစိုးရအဆက်ဆက်က အသေကြောက်နေလားမသိဘူး။ ဘာဖြစ်လဲဗျာ....နိုင်ငံတကာနဲ့တန်းတူ မြန်မာတွေကိုလည်း အခွင့်အရေးပေးလိုက်ပေါ့။ အဓိကပြသနာက ကမ္ဘာ့ပေါ်မှာဖြစ်ပျက်နေတာတွေကိုအတုမယူတက်ကြဘူး။ ဒါ့ကြောင့်လည်းပဲ တိုင်းပြည်က အခုထက်ထိ ဒုံရင်းကဒုံရင်းဖြစ်နေတာပေါ့။
တကယ်တမ်း တိုင်းပြည်ရဲ့  ပြသနာကို ဖြေရှင်းချင်ရင် လွယ်လွယ်ပေးပဲ။ တစ်ရက်ထဲနဲ့တောင်ပြတ်တယ်။ လွှတ်တော်မှာ ဆွေးနွေးနေတာတောင် ကြာသေးတယ်။ ကျနော်သာဆိုရင် ဒီလိုလုပ်မယ်။
သူပုန်တွေကော၊ အစိုးရကော၊ အားလုံးသော နိုင်ငံရေးအင်အားစုတွေရဲ့  ကိုယ်စားလှယ်တွေလာကြ၊ ဆွေးနွေးကြ။ သူတို့ဆွေးနွေးချက်တွေကို တိုက်ရိုက်အသံလွှင့်ပေးမယ်။ ပြီးရင် ဆုံးဖြတ်ချက်ချ။ ဒါပဲ လုပ်ရမှာကိုများ ဒီလောက်ကြာရလားမသိဘူး။
မြန်မြန်လုပ်ကြပါဗျာ။
ရည်ညွန်း- http://www.australianhistory.org/landing
8/29/11
လွတ်ငြိမ်းချမ်းသာခွင့်ပေးလည်း မပျော်နိုင်ပါ
သူတို့အမြင်မှာ ရန်ကုန်ပြန်ရင် နေစရာအိမ်ကလည်းမရှိ။ လုပ်စားဖို့အတွက်လည်း အဆင်မပြေ။ ဒီတော့ သူတို့အတွက် အသင့်တော်ဆုံးက လက်ရှိအနေအထားပဲ။ ဒါ့ကြောင့် မဲ့ဆောက်က ပိုပြီးသူတို့အတွက် သင့်တော်တဲ့သဘောပါ။
ကျနော့်မိဘတွေအပြင် တခြားသူတွေရဲ့  ဘ၀တွေကို တွေးမိတယ်။ ဒုက္ခသည်စခန်းထဲမှာနေလာတာ ၁၀-နှစ်ကျော်နေပြီ။ ဒုက္ခသည်စခန်းနဲ့ ထိုင်းနိုင်ငံဟာသူတို့အတွက် ပိုပြီးသင့်တော်တယ်။ ဆန်ဆီးဆားငရုတ် အလကားရတယ်။ ဆေးကုတာအခမဲ့။ ကျောင်းတက်လည်း ငွေ မကုန်။ ပြည်တွင်း ပြန်တဲ့အခါ ဘယ်မှာ နေရမှန်းမသိတဲ့ဘ၀တွေ များတယ်။ ဘ၀သစ်ကို ပြန်ပြီး စရမယ်။
တကယ်လို့လွတ်ငြိမ်းချမ်းသာခွင့်သာကြေငြာလိုက်ရင် ဒုက္ခသည်တွေအားလုံး နိုင်ငံခြားကိုထွက်ဖို့ဆိုတဲ့ အခွင့်အလမ်းရမှာမဟုတ်တော့ဘူး။ တတိယနိုင်ငံထွက်ချင်လို့ ပြည်တွင်းက ရှိသမျှအိမ်တွေခြံတွေရောင်းပြီး ထွက်လာတဲ့လူတွေအတွက်တော့ လွတ်ငြိမ်းချမ်းသာခွင့်က တကယ့်သတင်းဆိုးပဲ။ နိုင်ငံခြားတိုင်းပြည်တွေ ကလည်း မင်းတို့အားလုံးပြန်လို့ရပြီဆိုတော့ ပြန်ကြပေါ့လို့ တိုက်တွန်းကြမှာပဲ။
ကောင်းပါတယ်။ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါလောက်ရတဲ့အခွင့်အရေးဆိုတော့ ယူထား သင့်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို မပျော်တဲ့လူတွေထဲမှာလည်း နယ်စပ်က အန်ဂျီအိုနဲ့ ကြီးပွားနေတဲ့လူတွေ အဆင်ပြေနေတဲ့လူတွေလည်းပါနိုင်တယ်။ ကျနော့်အသိမိတ်ဆွေတွေထဲမှာ သူတို့ကိုသူတို့ညာနေတဲ့လူတွေ ရှိတယ်။ ကျနော်ပြောတယ်။ ခင်ဗျားတို့ ထိုင်းနိုင်ငံမှာနေပြီး အန်ဂျီအိုကျွေးတာကို စားနေကြတာဆိုတော့ တိုင်းပြည်ထဲပြန်ရင် ဘယ်မှာနေကြမလဲ။ ဘာလုပ်ကြမလဲ။ ပြည်တွင်းမှာလည်း အိမ်ပိုင်ယာပိုင်မရှိ။ စီးပွားရေးလုပ်ငန်းမရှိ။ လက်ရှိအနေအထားမှာလည်း ငွေကမချမ်းသာ။ အတက်ပညာဆိုလို့ ဆွေးနွေးပွဲမှာ ပွားနိုင်တဲ့အရည်အချင်းနဲ့ နိုင်ငံရေးအသိပညာပဲရှိတယ်။ အသက်မွေးဝမ်းကျောင်းပညာလည်း မတက်ကြဘူး။ ဒီလိုလူတွေက တော်လှန်ရေးလောကမှာအများကြီး။ အသက်တွေလည်း ကြီးလာကြပြီ။ သူများတွေလို ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နိုင်တဲ့ အင်အားမရှိကြဘူး။
နောက်ပြီး တစ်သက်လုံးနီးပါးနိုင်ငံရေး တော်လှန်ရေးလုပ်လာကြတော့ ဆန်မရှိပဲ အစားကြီးတဲ့ ဘ၀င်မြှင့်ချင်တဲ့စိတ်က ရှိနေတော့ သူများတွေလို ကူလီထမ်း၊ ဆိုက်ကားနင်းတဲ့ အလုပ်မျိုးလည်း လုပ်ချင်မှာမဟုတ်ကြဘူး။ ဒီလို ကျနော်ပြောတော့ သူတို့စိတ်အရမ်းဆိုးကြတယ်။ လက်ရှိကာလမှာ မျက်စိမှိတ်ပြီး လက်တွေ့ဘ၀ကို ငြင်းလို့မရပါ။ ဆိုတော့ လူအတော်များများက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီ ဆိုရင်တောင် ပြန်ကြမှာမဟုတ်ဘူးလို့ ထင်တယ်။ သူတို့အတွက် ရင်လေးမိတယ်။
နိုင်ငံခြားလည်း ထွက်ဖို့အခွင့်အလမ်းလည်းရမှာမဟုတ်တော့ဘူး။ နောက်ဆုံးတော့ သူတို့လုပ်ခဲ့တဲ့ အလုပ်အတွက်၊ ကိုယ်ကျိုးစွန့်တဲ့အတွက် ဘာများအကျိုးခံစားခွင့်ရှိလဲ။ နောက်ဆုံးတော့ အသက်ကြီးတာပဲအဖတ်တင်တယ်။ ဒါ့ကြောင့်ကျနော်ပြောတာပေါ့ သစ္စာတွေ မေတ္တာတွေ တော်လှန်ရေးတွေ နိုင်ငံရေးတွေဘယ်လောက်ပဲ ပြောပြော နောက်ဆုံးကိုယ့်ထမင်းကိုယ်ရှာစား
ရပါတယ်။
ဘုရားသုံးဆူဘက်မှာ ကျနော့်အသိမိတ်ဆွေတွေရှိတယ်။ သူတို့က အဖွဲ့အစည်းတွေမှာလုပ်ခဲ့ဘူးတယ်။ ရှေ့ တန်းစစ်မျက်နှာပြင်မှာ အသက်ကိုရင်းပြီးတိုက်ပွဲဝင်ခဲ့တယ်။ ငပိစားပြီး အခမဲ့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ဘူးတယ်။ လုပ်သက်က အနဲဆုံး ၁၀-နှစ်ရှိကြတဲ့လူများတယ်။ အခုလောလောဆယ်ကာလမှာ သူတို့ခင်ဗျား ဒုက္ခသည်စခန်းတွေထဲမှာ၊ တောတောင်တွေထဲမှာ ဆင်းရဲ စုတ်ပြတ်သတ်ပြီး ဘ၀ကို ရုန်းကန်နေရတုန်း။ သူတို့ခလေးတွေလည်း ကျောင်းကောင်းကောင်းမတက်နိုင်ဘူး။ စားဝတ်နေရေးအတွက် နေ့စဉ်ပူပန်နေရတဲ့ဘ၀တွေ။ တိုင်းပြည်မှာ အားလုံးအချင်းချင်းသင့်မြတ်ပြီး ငြိမ်းချမ်းသွားရင်တောင် သူတို့လုပ်ခဲ့တဲ့ အလုပ်အတွက် အကျိုးအမြတ် ဘာများရလဲ။
တကယ်လို့များ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ တစ်ယောက်ကိုခြံတစ်ကွက်၊ အိမ်တစ်လုံးနဲ့ရင်းနှီးစားဖို့ ငွေ များအစိုးရက ခွင့်ပြုပေးရင် ဘယ်လောက်ကောင်းမလဲ။ ဒီလိုမျိုးစဉ်းစားချက်မျိုးတော့ အစိုးဆီမှာ ရှိမှာမဟုတ်ပါဘူး။
ရဲဘော်တွေဆင်းရဲနေတဲ့အချိန်မှာ ဂွင် ရိုက်တက်တဲ့ခေါင်းဆောင်တွေကတော့ စင်ပေါ်ကပဲ။ သူတို့မှာ ငွေရှိတယ်။ ပညာရှိတယ်။ အဆက်အသွယ်ကောင်းနေတယ်။ တတိယနိုင်ငံတွေက ပတ်(စ်)ပို့တွေကိုင်ထားတယ်။ တော်လှန်ရေးကြောင့် အဖွဲ့အစည်းကြောင့် ဒီလူတွေဒီလိုဖြစ်နေတာပါ။ လက်ရှိကာလမှာ ရဲဘော်တွေအနေနဲ့ ပြတ်ပြတ်သားသားမြင်တက်ပြောတက်တဲ့ အကျင့်ရှိဖို့ကောင်းနေပြီ။ အခု ဒီလူတွေ ဘယ်သူတွေလဲဆိုတာ ပြောပြမယ်။ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်ဟာ မဲ့ဆောက်ကို ရောက်ခါစက ပိန်လိန်ပြီးစုတ်ပြတ်သတ်နေတဲ့ရုပ်ပါ။ အခုတော့ ၀လို့လှလို့။ နိုင်ငံတကာကပေးတဲ့ဆုတွေလည်း ရထားတယ်။ အဖွဲ့အစည်းကပေးတဲ့လစာလည်းရတယ်။ ဘာပဲဖြစ်ဖြစ် သူက လွတ်ငြိမ်းချမ်းသာခွင့်မပေးလည်း ဂရုမစိုက်ဘူး။ သူ့ဘ၀အတွက် ခိုင်နေပြီ။ အနဲဆုံး ဘတ်ငွေသန်းနဲ့ချီပြီးချမ်းသာနေပြီ။ လူ့ဘောင်သစ်က ဥက္ကဌကိုအောင်မိုးဇော်၊ ဧရာဝတီမဂ္ဂဇင်းက ကိုအောင်ဇော်၊ ဦးမောင်မောင်၊ ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ ကစောဝါး၊ ကိုအောင်မျိုးမင်း စတဲ့လူတွေဟာ အရမ်းကိုကောင်းစားနေတဲ့လူတွေပါ။ ဒီလူတွေ ဒီလိုဖြစ်လာအောင် ဘယ်သူတွေက ထမ်းပေးရတာလဲ။ နောက်ဆုံးတော့ ကောင်းစားတဲ့လူတစ်စုက လက်ချိုးရေလို့ရပြီး မကောင်းစားတဲ့လူတွေက တစ်ပုံကြီးပါ။ ဒါ့ကြောင့် ကျနော်ပြောချင်တာက နောက်ဆုံးတော့ ရိုးသားတဲ့လူတွေ၊ မလည်တဲ့လူတွေဟာ လူလည်တွေကို လုပ်ကျွေးရသလိုပဲ။
ဆိုတော့ သူငယ်ချင်းတို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် ပြန်ကြပါ။ ဆင်းရဲလည်း ပြောင်ပြောင်ပဲဆင်းရဲပါ။ ဖြစ်နိုင်ရင် ဒီလူတွေနဲ့ကင်းအောင်နေကြပါ။ တော်လှန်ရေးတွေ ဘာတွေစဉ်းစားမနေနဲ့။ အဓိက ကိုယ့်ဘ၀ကိုယ်ပဲ ထူထောင်ရပါတယ်။
အခု ကျနော်စာရေးနေတဲ့အချိန်မှာ နို့ဘိုးဒုက္ခသည်စခန်းထဲမှာ အစည်းအဝေးလုပ်နေပါတယ်။ ထိုင်းက ဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ပြောလာပါတယ်။ ကဲ....အချိန်တန်တော့ အိမ်ပြန်ကြတာပေါ့ဗျာ။ ပြန်တဲ့အချိန်မှာ တချို့ က မာစီဒီးနဲ့ပြန်တယ်။ အများစုက လိုင်းကားတိုးစီးပြီး ပျော်ပျော်ပါးပါးပြန်ကြတာပေါ့။ အားလုံးအတွက် ကျနော်စိတ်မကောင်းပါဘူး။ လောကမှာ လူလည်တွေကို သတိထားကြပါ။
8/28/11
ကိုဘိုကြည်သို့
လွတ်ငြိမ်းချမ်းသာခွင့်ပြုသည် (မိုးသီးဇွန်မပါ)
ပုံ
ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
8/26/11
အိုဘယ့် ကဒါဖီ
ကျနော်က လစ်ဗျားသမ္မတကြီး ဗိုလ်မှုးကြီး ကဒါဖီကို အရမ်းသဘောကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းရယ်ရလို့။
ကုလသမဂ္ဂမှာ သူက အာဘောင်အာရင်းသန်သန်နဲ့ စင်ပေါ်မှာ တကမ္ဘာလုံးကို ပတ်ပြီးဆဲခဲ့ဘူးတယ်။ ပြီးတော့ သူများတွေဒီလောက် သူ့တပ်ကို ၀င်တိုက်နေတဲ့အချိန်မှာ စစ်တုရင်ကစားလို့ကစား၊ ပွားလို့ပွား။
အမြဲတမ်း နေကာမျက်မှန်ကြီး နဲ့ လန်းလို့လန်း။
နာမည်ကြီးမော်ဒယ်တွေနဲ့လည်း ကဲသလားမမေးနဲ့။ အာဏာရှင်လောကမှာ ကဒါဖီက ဂေါ်လီအကြဆုံး၊ အလန်းဆုံး။ မိုက်သလားတော့မမေးနဲ့။
သူတင်မဟုတ်...သားတွေကိုလည်း ရာထူးကြီးတွေပေးပြီး အိမ်ရှေ့ မင်းသားလုပ်ခိုင်းတယ်။
ဘယ်သူ့ကိုမှ လူမထင်တဲ့ကဒါဖီတစ်ယောက် အခုတော့ ဘယ်ဂျောင်ရောက်နေလဲမသိဘူး။ အရမ်းသတ္တိရှိတဲ့ အရက်သမား အာဏာရှင်ကြီး။
သူပုန်တွေက သူ့ကိုမိရင် အပီကျွေးမှာကြောက်လို့ထင်တယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနှင့်အစိုးရ
![]() |
| လယ်သမား |
ဒါတွေက ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့  နိုင်ငံဟာ သူများနဲ့  မတူတဲ့ နိုင်ငံရေးအခြေအနေကြောင့်ပဲ။ အချင်းချင်းချနေကြတော့ သဘာဝပတ်ဝန်းကျင် ကိစ္စကို ဖုတ်လေတဲ့ငပိရှိလေတယ်လို့တောင် မထင်ဘူး။ အစိုးရကလည်း လုပ်ချင်သလို လုပ်တယ်။ သူပုန်တွေ ကလည်း ခုတ်ချင်သလို ခုတ်ရောင်းတယ်။
ထိန်းသိမ်း စောင့်ရှာက်မယ်ဆိုတာ မရှိခဲ့ဘူး။ ရောင်းစားဖို့  လောက်ပဲ ခေါင်းထဲမှာရှိကြတယ်။
လက်ရှိတိုင်းပြည်ရဲ့ သယံဇာတကို ထုတ်ယူသုံးစွဲတဲ့နေရာမှာလည်း ဖြစ်သလိုလုပ်နေတာကို တွေ့  နေရတယ်။ အရပ်စကားနဲ့ ပြောရင် “လိုး” ပြီး ဒီအတိုင်းပြစ်ထားခဲ့တယ်လို့ ပြောလို့ ရနိုင်တယ်။
ဒါတွေက ဘာ့ကြောင့်ဖြစ်နေတာလဲဆိုတော့ ဂရုမစိုက်လို့ ပါ။ တန်ဖိုးထားရကောင်းမှန်းမသိလို့ ပါ။
နောက်ပြီ: ဖြစ်လာနိုင်တဲ့အကျိးဆက်ကို ထည့်ပြီးမတွက်လို့ ပါ။ သိတဲ့သူတွေလည်း သိနိုင်ပါတယ်။ ဒါပေမဲ့ သိတဲ့သူတွေက နဲနေသေးတာအပြင် အာဏာမရှိတော့ လုပ်ခွင့်မသာဘူး။ ဥပမာ ဦးအုန်းတို့ လို လူမျိုးပေါ့။ သူသိတာကလည်း သစ်တောကိုကွယ်စောင့်ရှောက်တာလော
သူသိတဲ့ပညာက ဒိတ်အောက်နေပြီ။
နိုင်ငံခြားကမြန်မာတွေထဲမှာ Eenvironmental Science/Management (သို့ ) Sustainable Development စတဲ့ ဘာသာရပ်တွေနဲ့ ဘွဲ့ ရတဲ့လူတွေ အလုပ်လုပ်နေတဲ့လူတွေရှိတယ်။
ဒီလူတွေကိုရှာဖွေ ဖော်ထုတ်ပြီးမီဒီယာမှာ ဖောပြရင်ကောင်းမယ်။ သူတို့ တွေမှ တကယ်လုပ်တက်မှာဗျ။ အခုကြတော့ မီဒီယာ ကလည်း စောက်တလွဲလူတွေကို အင်တာဗျူးကြလေတယ်။ Environmental Network တစ်ခုကို ဖွဲ့  ရမလိုဖြစ်နေပြီ။ ဒါမှ ဒီကိစ္စတွေကို နားလည်တက်ကျွမ်းတဲ့လူတွေ စိတ်ဝင်စားတဲ့လူတွေ အချင်းအချင်း စုမိကြမှာ။ ဗဟုသုတတွေ ပညာတွေ ဖလှယ်နိုင်မှာဖြစ်တယ်။
အရင်တုန်း အသုံးမကျတာတွေ ဖြစ်ပြီးတာတွေကို အပြစ်မပြောချင်တော့ပါဘူး။ ပြောလည်း ဘာမှ အကျိုး မရှိတော့ ရှေ့ ဆက်ဘာလုပ်သင့်လဲဆိုတာကို ကျနော့်ရဲ့ တစ်ဆယ်သားလေက်ရှိသော ဗဟုသုတ ကို ရှယ်ပေးချင်ပါတယ်။
ကျနော်တို့ တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဥပဒေရှိတယ်။ သို့ သော် တခြား တိုင်းပြည်တွေမှာလို Environmental Law ၊ Environmental Policy and Law ၊ Environmental Protection Act The court and Environmental Law ၊ Biodiversity Conservation Law စတဲ့ အသေးစိတ်ပုံစံမျိုး သက်သက်စီခွဲခြားထားတဲ့ ဥပဒေမရှိဘူး။ ဝန်ကြီးဌာနမရှိဘူး။ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာတောင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တဲ့ အပိုဒ်မရှိဘူး။ အပိုဒ် (၃၇) မှာ ဖော်ပြတဲ့ဟာလေးတစ်ခုပဲ ရှိတယ်။ ဒါကလည်း ကာကွယ်ဖို့ မပါဘူး။ စောင့်ရှောက်ဖို့ မဆိုထားဘူး။
“ နိုင်ငံတော်သည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတကို ပိုင်သည်။ ထုတ်ယူသုံးစွဲခွင့်နဲ့  ဆိုင်တဲ့ ဥပေဒေကို လိုအပ်ရင်လိုအပ်သလိုပြဌာန်းအတည်
အဓိကတော့ ရောင်းစားဖို့ လောက်ပဲ ခေါင်းထဲမှာထည့်ထားပုံရတယ်။
သူများနိုင်ငံတွေရဲ့ အခြေခံဥပဒေတွေမှာ သူတို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်တာကို အသေးစိတ်ပြဌာန်းထားတယ်။ တရုတ်၊ ထိုင်း၊ သိရိလင်္ကလာလိုနိုင်ငံမှာတောင် ဒီဥပဒေတွေရှိတယ်။
နောက်ပြီးဆိုင်ရာ ၀န်ကြီးဌာနတွေကို ဖွဲ့ စည်းထားပေးတယ်။
ဥပမာ သြစတျေးလျနိုင်ငံမျိုးဆိုရင် သူ့ အတွက်ကို ဝန်ကြီးဌာနသက်သက်ရှိတယ်။ ဒါက သြစတျေးလျလို ချမ်းသာတဲ့ ဖွံ့ပြီးနိုင်ငံအတွက်ဖြစ်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ မလေးရှာမှာတောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုရှိတယ်။ Department of Environment (Malaysia) လို့  တယ်။ ဆိုတော့ နိုင်ငံအတ်ာများများမှာ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့  အတွက် ဥပဒေတွေ ဝန်ကြီ:ဌာနတွေကို သီးသန့်  တီထွင်ထားပေးတယ်။
မသိနားမလည်ရင် သူများတိုင်ပြည်တွေက ကောင်းတဲ့အတုကို ကူးယူတယ်။ ပညာရှင်တွေ နည်းပညာအကူအညီတွေ ရံပုံငွေတွေကို တောင်းယူတယ်။
ဒီကိစ္စက တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ချမ်းသာတဲ့တိုင်းပြည်တွေက ကူညီဖို့ အဆင်သင့်ပဲ။
မယုံရင် လုပ်ကြည့်ပါ။ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို လေ့လာကြည့်တဲ့အခါ အူကြောင်ကြား ချီးပေ ဥပဒေတွေကိုပဲတွေ့ ရတယ်။ သစ်တောဥပဒေ တောရိုင်းတိရိဆ္ဆန်ကာကွယ်ရေးစော
အဓိကပြောချင်တဲ့အကြောင်းက လက်ရှိကာလမှာ လွတ်တော်ရှိတယ်။ လွတ်တော်ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းအတည်ပြုလို့ ရတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနကိုလည်း ဖွဲ့ လို့ ရတယ်။ ဥပဒေသာရှိပြီး ဥပဒေကို လေးစားလိုက်နာအောင်ပြူလုပ်ဖို့  ဝန်ကြီးဌာန မရှိရင်၊ ထုတ်ပြီးသား ဥပဒေလည်း ချီးကုန်းလို့ရတဲ့ စက္ကူအဆင့်မှာပဲ ရှိနေမယ်။ နောက်ပြီးတရားရုံးကလည်း ဒီဥပဒေကို ကာကွယ်ပေးနိုင်ရမယ်။ အခုတော့ လက်ရှိအစိုးရကကော အရင်တုန်းက အစိုးရအဆက်ဆက်ကော အားလုံးသောအစိုးရတွေဟာ ထမင်းသားစားတယ် ထမင်းရဲ့ကျေးဇူးရှင်ကို မသိသလိုဖြစ်နေတယ်။
ဒါ့ကြောင့် လက်ရှိအခြေအနေမှာ အချိန်ရှိသေးတယ်။ နောက်မကျသေးဘူး။
သြစတျေးလျနိုင်ငံမှာ ပြည်နယ်အလိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ကိုယ်ပိုင်ရှိတယ်။ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ ဥပဒေကို ဆိုင်ရာပြည်နယ်ကလူတွေက ဖန်တီးထားတယ်။
ဒါ့အပြင် ဘာ Development လုပ်လုပ်၊ Environmental Impacts Assessment ကောင်းမှ ဆောက်လုပ်ခွင့်တယ်။ တကယ်တမ်းအငြင်းပွားလာရင် အစိုးရက ဒီကိစ္စကို တရားရုံးမှာ ရှင်းတယ်။တရားသူကြီး ဆုံးဖြတ်တဲ့အတိုင်း စီမံကိန်းကိုဆောက်ရွက်တယ်။
အခု ကျနော်တို့တိုင်းပြည်မှာ မြင်တွေ့နေရတဲ့ စီမံကိန်းမှန်သမျှဟာ EIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် စမ်းစစ်ချက် ရှိပဲလုပ်ကြတယ်။ ရေကာတာ ဆောက်ချင်ရင်လည်း ဆောက်ချလိုက်တာပဲ။ နေပြည်တော်ကြီးကို တည်ချင်ရင်လည်း တည်လိုက်တာပဲ။ ဘာကိုမှ ဂရုမစိုက်ဘူး။
ဒီအချက်တွေကိုကြည့်ရင် လက်ရှိအစိုးရကော အရင်တုန်းကအစိုးရတွေကော အားလုံးသောအစိုးရတွေဟာ သဘာဝပတ်ဝန်းကျင်ကိုစောင့်ရှောက် ကာကွယ်မြှင့်တင်ရမယ်ဆိုတာကို မသိရှာဘူး။ ဗဟုသုမရှိဘူး။ ဘယ်လို စီမံခန့် ခွဲရမယ်ဆိုတဲ့ အတက်ပညာကို မတက်ဘူး။ မကျွမ်းဘူး။ အဆိုးဆုံးက ဥပဒေမရှိတာပဲ။
ရုရှကို သွားပြီး ဒုံကျည်ထုတ်တဲ့ပညာလောက်ကိုပဲ အဓိက သင်ယူနေတယ်။ ရုရှမှာလည်း သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ ပညာရပ်ရှိပါတယ်။ တက္ကသိုလ်တွေမှာ သင်ကြားနေကြပြီ။ စစ်ဗိုလ်တွေကိုလည်း ဒီအတက်ပညာကို သင်ခိုင်းပေါ့။ ခေါင်းက လက်နက်ကို ဘယ်လိုထုတ်ရမလဲဆိုတာကိုပဲ သိကြလားမသိဘူး။
ဗမာစကားမှာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ပါ ကာကွယ်ပါဆိုတာလောက်ပဲရှိတယ်။ အင်္ဂလိပ်စကားမှာ Conservation နဲ့ Preservation ဆိုတဲ့စကားရှိတယ်။ ဒီစကားလုံးနှစ်ခုက တူသေ၇ာင်၇ှိတယ်။ ဒါပေမဲ့ အနှစ်သာရကွာတယ်။ ဥပမာ ကျနော်တို့ဘေးမဲ့တော ပေးထားတယ်။ ဒီဘေးမဲ့တောမှာ လူတွေကို အလည်အပတ်သွားခွင့် အပန်းဖြေခွင့်ပေးမယ်ဆိုရင် ကွန်စာဗေးရှင်းလို့  ခေါ်တယ်။
လူတွေကို အလည်အပတ်သွားခွင့်မပေးဘူး၊ ဒီအတိုင်းပဲ ဒီဘေးမဲ့တောကို ကာကွယ်စောင့် ရှောက်မယ်ဆိုရင် ပရီစားဗေးရှင်းလို့ခေါ်တယ်။ ဒီစကားလုံးနှစ်ခုကို သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးပညာမှာ အဓိကသုံးကြတယ်။
နောက်ပြီး အီးအိုင်အေကို နိုင်ငံတိုင်းအကောင်အထည်ဖော်တယ်
ဒါပေမဲ့ ဗမာပြည်မှာက သိတဲ့အတိုင်း မလုပ်နဲ့ဆိုရင် အရမ်းလုပ်ချင်တယ်။
ဥပမာ ဧရာဝတီကိစ္စကိုကြည့်ပါ။ ပညာရှင်တွေရဲ့ထောက်ခံချက် အကြံပြူချက်တွေက အရက်မှုးပြီး ကယောင်ကတန်းနဲ့ ထ, ပြောနေတာမဟုတ်ဘူး။
Environment လို့ခေါ်တဲ့ အင်္ဂလိပ်စကားလုံးကို ရှင်းပြချင်တယ်။ မြန်မာလိုဆိုရင်တော့ ဘဘာဝပတ်ဝန်းကျင်ပေါ့။ စကားလုံးကတော့ သေးတယ်။ ဒါပေမဲ့ အနှစ်သာရက အကြီးကြီ:ပဲ။ သဘာဝပတ်ဝန်းကျင်ဆိုတာက ကျနော်တို့ နေထိုင်ရာပတ်ဝန်းကျင်တခုလုံးကု
လက်ရှိအခြေအနေမှာ အစိုးရကော အားလုံးသောလူတွေကို အကြံပေးချင်တာက လွတ်တော် ကနေ ကော်မတီတစ်ရပ်ဖွဲ့လိုတယ်။ ဒီကော်မတီက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေ ဘာသာရပ်တွေကို ကျွမ်းကျင်တဲ့ လူတွေနဲ့ဖွဲ့ရမယ်။ အနဲဆုံး စိတ်တော့ဝင်စားရမယ်။ အရင်တုန်းကအတိုင်း ဘာမှ နားမလည်တဲ့ကောင်တွေနဲ့ ဖွဲ့ ထားတဲ့ ကော်မတီဖြစ်လို့ မရဘူး။
ပြီးတော့ ကော်မတီကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေမှုကြမ်းကို ရေးဆွဲပြီး လွတ်တော်မှာ တင်။ သဘာဝပတ်ဝန်းကျင်ကိစ္စကို နားလည်တဲ့လွှတ်တော်အမတ်တွေက ဝိုင်းပြီး ဆွေးနွေးကြ။ နားမလည်တဲ့ကောင်တွေက ဗဟုသုရအောင် နားထောင်။ ဝင်ပြီးမရှုတ်နဲ့ ။ ပြီးရင် ဥပဒေကို အတည်ပြူ။
နောက်ဆုံး ဝန်ကြီးဌာနတစ်ခု သီးသန့် ဖွဲ့ ။ ဒီဌာနမှာ ဘာမှ မသိပဲ နေရာလိုချင်တဲ့ကောင်တွေကို မပေးနဲ့ ။ တကယ်ကျွမ်းတဲ့လူတွေ သိတဲ့လူတွေကို နေရာပေး။ ငွေ နဲ့ အတက်ပညာမရှိလည်း ပူမနေနဲ့ ။ ဒီကိစ္စအတွက် နိုင်ငံတကာမှာ သူတောင်းစာလို တောင်းလို့ရတယ်။ ကူညီမဲ့နိုင်ငံ ပေးမဲ့နိုင်ငံတွေ တစ်ပုံကြီး။ ရိုက်သတ်လို့တောင်မကုန်ဘူး။ ခင်ဗျားတို့မလုပ်တက်ရင် ကျနော့်ကို ဝန်ကြီးရာထူးပေး။
ဟဲ...ဟဲ...။ နေရာလေးလည်းလိုချင်တာပေါ့။ ထားတော့။ ဆက်ပြီ:ပြောအုံးမယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး
ဝင်ငွေဘယ်ကရမလဲဆိုရင် စီးပွားရေးလုပ်ငန်းတွေကနေရမယ်။ နိုင်ငံခြားမှာ ဒီငွေနဲ့  ဒီဌာနတွေ လည်ပတ်နေတာပါ။ အစိုးရကပဲ အိတ်စိုက်မဟုတ်ဘူး။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု က အိမ်ယာစီမံကိန်းလုပ်မယ်။ စီမံကိန်းမလုပ်ခင်မှာ အီအိုင်အေ လုပ်ရမယ်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင်ပြူချက်ရမှ ဆောက်လုပ်ပိုင်ခွင့်ရှိရမယ်။ ဒီတော့ လျှောက်လွှာခ၊ အီအိုင်အေလုပ်ခ တွေရမယ်။
တကယ်လို့လုပ်ငန်းရှင်တွေက သတ်မှတ်ထားတဲ့ ဂိုက်လိုင်းကို မလိုက်နာဘူးဆိုရင် ဒဏ်ငွေပေးဆောင်ရမယ်။ ဒါတွေကို ဒီနေရာမှာ အသးစိတ်ပြောရင် ပြီးမှာမဟုတ်ဘူး။ အတိုချူပ်ပြောရင် ငွေ ရနိုင်တယ်။ တိုင်းပြည်ရဲ့သဘာဝပတ်ဝန်းကျင်နဲ
ဆိုတော့ အကျိုးကျေးဇူးတွေက အများကြီး။
ဒါတွေကိုလုပ်ဖို့အတွက်ဆိုရင် ပထမဦးဆုံး လက်ရှိအစိုးရအနေနဲ့ လွှတ်တော်မှာ ကော်မတီတစ်ရပ်ဖွဲ့ ပါ။ ပညာရှင်တွေကို ဥပဒေရေးဆွဲခိုင်းပါ။ ပြီးရင် ဝန်ကြီးဌာနတစ်ခုကိုဖွဲ့ ပါ။ ဒါဆိုရင် ကျနော်တို လုပ်ငန်းစတင်လို့ရပြီ။ ပြီးမှ ဆိုင်ရာပြည်နယ်အလိုက် ဒေသအလိုက် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့် ခွဲမှု နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်နိုင်တယ်။
အခုကတည်းက မလုပ်ထားဘူးဆိုရင် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ၊ ရာသီဥတုဖောက်ပြန်မှု၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့အရာတွေအထိပါ ဆိုးကျိုးသက်ရောက်နိုင် တယ်။
လက်ရှိကာလမှာ ဆောက်လုပ်နေတဲ့ ရေကာတာ၊ ရေနက်ဆိပ်ကမ်း၊ အိမ်ယာစီမံကိန်း စတဲ့ စီမံကိန်းတိုင်းဟာ အနဲ နဲ့ အများ ကျနော်တို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှုရှိတယ်။
နောက်ဆုံး ဒီဆိုးကျိုးကို ခံစားရတာက ဆင်းရဲတဲ့ပြည်သူတွေပါ။ အကျိုးအမြတ်ခံစားရတာက သူဌေးကြီးတွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေပဲဖြစ်
Ref;
1) Australian Environmental Policy and Law by Fisher
2) Environmental Law in Burma by Peter Gutter
3) Myanmar 2008’s constitution
4) Wikipedia’s Environmental Impacts Assessment
Photo at http://www.flickr.com/photos/jeffmcneill/5351108138/sizes/z/in/photostream/



