10/26/11
လူ့ ကပ်ပါးသံကောင်ဇော်ဦးနှင့် နောင်အနာဂါတ်မြန်မာနိုင်ငံတော် ၏ အန္တရာယ်
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလားသည့်အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူ စီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကိုတွေ့ ရသည်။
ဥပမာပြရရလျှင် - စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့်အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများအားပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာအတူတကွ စားသုံးကြသဖြင့် ယနေ့ထက်ထိ အင်အားတောင့်တင်းခိုင်မာလျှက် ၎င်းတို့ ၏ ရှေ့ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်နေသည်။
တခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား - ၎င်းတို့နှင့် ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက်အခံ အခြေခံအင်အားစုများကြောင့် အနှစ်(၂၀)အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက်ပံ့ပိုးမှုများဖြစ်သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့်ငွေကြေးများ၊ ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင်နေရာယူထားသည့် နိုင်ငံရေးအဖွဲ့  အစည်း ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များသာလျှင်ရယူခဲ့ကြသည်၊ ခံစားလျှက် ရှိကြသည်။ ဤကဲ့သို အခြေခံအခွင့်အရေးများ ညီညွတ်မျှတမှု မရှိသော ကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများအမျိုးမျိုးကွဲကာ မည်သို့မျှစည်းရုံးညီညွတ်မှုမရဘဲ ပြိုကွဲလျှက် ညီညွတ်မှုမရှိဘဲဖြတ်သန်း နေကြ သည်။ ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီးနောက် စစ်အုပ်စုနှင့် ပေါင်းကာ တိုင်းပြည်နှင့် လူမျိုးအပေါ် နိုင်ငံရေး ဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့ အားထုတ်နေကြသည်။
ထို့ ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်ကောင်း စေတနာ ကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့ နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲ မှအလွန်အန္တရယ် ကြီးသည်လောက်ကောင်တကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်း မှာလည်း တိုင်းပြည်၏နောင်အနာဂါတ်အရေးအတွက် ကျရောက် လာမည့်အန္တရာယ်ဆိုးများကို ကြို တင်ကာကွယ် နိုင်ရန်အတွက် တင်ပြရခြင်းဖြစ် ပါသည်။
တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ပြောရလျှင် - တော်လှန်ရေးအစကနဦးကတည်းက ယနေ့ထက် တိုင် အောင် အခွင့်အရေးများကို အဆင့်ဆင့်စားသုံး အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန် မစင်များကြားတွင် သံသရာ လည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့ နိုင်ငံရေး အကျင့်ပျက်သံကောင် များ ထဲမှ သံကောင်တစ် ကောင်ဖြစ်သည့် ဇော်ဦးအကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုး ရှာလုပ်ရပ် သည်မြန်မာ နိုင်ငံ၏ အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြ လိုက်ပါသည်။
ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း။
၁၉၈၈ ခုနှစ် ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်းဥက္ကဌအနေဖြင့် ခံယူကာ အပြည်ပြည်ဆိုင်ရာမှ အထောက် အပံ့အားလုံးကို တစ်ဦးတည်းချုပ်ကိုင်ကာ ငွေစာရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏ များအား ရှင်းလင်းစွာ အသိပေး ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတစ်ဦးအနေဖြင့် ချုပ်ကိုင် ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေးဆရာမွေးစနစ်ကိုကျင့်သုံးခဲ့ပါသည်။ စခန်းရှိရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေ ရမှုများ၊ ငတ်မှုခေါင်းပါးမှုများ ရာသီဥတုဒဏ်များကြောင့် အသေအပျောက်များ ခြင်း စသည့် ဆင်းရဲဒုက္ခများခံစား နေရချိန်တွင် စခန်းတွင် တစ်ပတ်ထက်မကျော်သောရက်များဖြင့် နေ့ လာညပျောက် စခန်းဥက္ကဌ လုပ်ခဲ့ပါ သည်။ စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်း စားအ၀တ်အစား အသုံးအဆောင်များအား အ၀တ်အစားအဟောင်းများနှင့်လဲလှယ်ဝတ်ဆင် ပြီးတကယ်ပင် ပင်ပန်းပန်းပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသောရုပ်ဖြင့် စခန်းသို့ဝင်လာခဲ့ ပါသည်။ ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ စံခရဘူရီမြို့ တွင် သူ၏နောက် လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင်ပြည်တန်ဆာများနှင့် ပျော်ပါး ခြင်း၊ ဘန်ကောက် မြို့ တည်းခိုခန်းများတွင်လည်း အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။ မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း ဗဟိုနှင့်အဆက်အသွယ်မလုပ်ဘဲ ဘန်ကောက်မြို့ ပါ တနာကန်ရပ်ကွက်တွင် အခန်းတစ်ခန်းငှားထားကြောင်းကို သိရှိခဲ့ရသည်။ ထိုစဉ်အခါက ဘတ်ငွေ တ သောင်းတစ်ထောင် အိမ်လခပေးရန်လိုကြောင်း မိမိအားတင်ပြလာသည်။ ထိုအခန်းသည် ရဲဘော်များ ဘန်ကောက်ရောက်လျှင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟုသိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအားစိုက်ထုတ်ပေးရန် ပြောခဲ့သဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကိုစိုးရိမ်သဖြင့် ထိုငွေအား ပေးခဲ့ခြင်းဖြစ်သည်။ နောင်မှ ထိုအခန်းကိုအခြား တနေရာမှ ထောက်ပံ့မှုဖြင့် ငှားထားကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်း တွင်နေထိုင်ရုံမျှမက ဦးတင်မောင်ဝင်း၏နေအိမ်တွင်လည်း တခါတရံသွားရောက် နေထိုင်ခဲ့ပြီး တယ်လီဖုန်း များကို မြန်မာပြည် သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ ဘတ်ထောင်သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်းဦးတင်မောင်ဝင်းကသိရှိခဲ့ရသည်ဟုပြောပြသဖြင့် ABSDF ရဲဘော်တဦးအနေဖြင့်သူ့ အစား ရှက်ခဲ့မိပါသည်။ ၎င်းမှစခန်းရှိရဲမေများအား ဘန်ကောက်သို့ ဆေးကုပေးရန်အတွက် အကြောင်း ပြ၍ လည်း ကောင်း၊ ဒုက္ခသည် အဖြစ်လည်းကောင်းလျှောက်ထားပေးရန် ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက် လာသည့် အခါ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေခဲ့သည်ကိုမျက်မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့မစို့တစို ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန်(ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားသောဂျပန်သတင်းထောက်)နှင့်အဖွဲ့ ဘုရားသုံးဆူစခန်းသို့ လာစဉ်အမဲသားဝယ်ကျွေး သဖြင့်ရဲ ဘော်များ တယောက်တတုံး ရကြသည်၊ ထွန်းနိုင်တို့ညီအကိုကတတုံးဘဲမျှစားကြပြီး ကျန်တတုံးကိုသိမ်း ထားရာတွင်၊ ဘောကြီးဆိုသူကခိုးစားသည်ကိုသိပြီးထိုးမည်လိုက်သည့်အခါကြောက်လန့်စွာထွက်ပြေးသ ဖြင့် ရန်သူမှဖမ်းမိပြီး အသတ်ခံလိုက်ရသည့်အဖြစ်မှာရင်နာစရာကောင်းလှသည်။ စိတ်မကောင်းစရာ ဒီအကြောင်း ကို ပြန်ပြောရတာက အဲဒီအချိန်က စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့အချိန်မှာ လူလည် လူလိမ် ဇော်ဦးတယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ ရကြောင်း ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလိုလုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရဲဘော်များ ငတ်လွန်းမကငတ်နေသည့်ဘဝ၊ဆားများလွန်းသဖြင့် ယင်ကောင် ပင်မနားသည့် “ယင်မနားငပိ” ကိုစားရသည့်ဘဝ၊ ဘုရားသုံးဆူတဝိုက်ပေါက်နေသော စိမ်းစိမ်းအပင်မှန် သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့် မဲနှိုက်၍ထမီပေါက်လျှင် ရသောထမီကို သာဝတ်ရသောဘဝ နှင့် ဖြစ်သလိုနေခဲ့ကြသော ရဲဘော်များဘဝကို ဇော်ဦးတို့က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။ (ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာအမြတ်ထုတ်သွားသည့် ဇော်ဦးသည်မြန်မာနိုင်ငံသိုပြန်ပြီး သတင်း မီဒီယာကို အသုံးချ၍ သူသည် ABSDF ခေါင်းဆောင် ဟုပြောသည်ကိုကြားရသည့်အခါ ကျွန်တော်အပါ အဝင် ရဲဘော်များအ လွန်ခံပြင်းဒေါသ ထွက်ခဲ့ကြ ရပါသည်။) ထိုကဲ့သို့ရဲဘော်ရဲမေများ အား နည်းချက်၊ ငွေကြေး ချို့တဲ့မှုများကိုအခွင့်ကောင်းယူခဲ့သည့် တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ လူမှုရေးအရ အကျင့်ပျက်ဖေါက်ပြန်နေသောဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်းတို့ (ယခု ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီးစခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ တက်လာခဲ့သည်။ ဇော်ဦးနှင့် သူပေးကျွေးထားသောအခွင့်ထူးခံအဖွဲ့တို့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည် မငြိမ်စဖြစ်လာခဲ့သည်။ ထို့နောက် ဇော်ဦးအား စခန်းဥက္ကဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဌအဖြစ်တင်ခဲ့သည်။ ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်း ဆင်းပွဲအတွက် အချိန်မှီလှူထားသည့်ယူနီဖောင်းများကို ဇော်ဦးမှလက်ခံထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဌမဟုတ် တော့သည့်အတွက် စခန်းသို့ နောက်ကျမှပေးပို့  ခဲ့သည်။ ထို့ ကြောင့် ရဲဘော်များမှာ ပုဆိုးခါးထောင်းကျိုက်၍ သင်တန်းဆင်းခဲ့ကြရသည်။
သင်တန်းဆင်းပွဲဓါတ်ပုံဖလင်များကိုလည်း မတော်တဆဟုဆိုကာ သမိုင်းဝင်ဖလင်များကို ယုတ်မာစွာဖျက်စီး ပစ်ခဲ့သည်။ ထိုမှစ၍ အောင်သူငြိမ်းတို့သည်ဇော်ဦး၏ဆန့်ကျင်ဘက် အုပ်စုတစ် စုအနေဖြင့် ရပ်တည် သွား တော့သည်။ ဤပြသနာများကြောင့် စခန်းတွင်းရှိရဲဘော်အချင်းချင်း အာပီဂျေနှင့်ပစ်ခတ်သည့်အ ဆင့်သို့ရောက်ရှိပြီး ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များအသေ အပျောက်မဖြစ်ခဲ့သော်လည်း ကြီးမား သည့် စိတ်ဝမ်းကွဲသည့်ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။ ထိုကြောင့် ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်း မှ လာရောက်စစ်ဆေးရာ ဒညတမှ ပိုက်ဆံများယူပြီး လူတွင်ကျယ် လာလုပ်သည့် ဇော်ဦးကြောင့် ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း ဖရိုဖရဲဖြစ်ကာ ဒုက္ခသည် လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊ အခြားစခန်းသို့ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံ တွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်းတွင် မိုးဗြဲဒယ်အိုး (၆) အိုး ချက်နေ ရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့ ရောက်ရှိခဲ့ရတော့သည်။
ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း
၎င်းနောက် ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင် လျှိုဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေး မှူးအဖွဲ့ဝင်အဖြစ်ဗြောင်လုပ်ကိုင်လာသည်ကိုတွေ့ခဲ့ရသည်။ ဇော်ဦး ဒညတတွင် နေထိုင်စဉ် ကာလတွင် လည်း အောက်ခြေရဲဘော်များအားထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ မြန်မာနိုင်ငံကူး လက်မှတ် အတု (Passport) ကို သူကိုယ်တိုင်အတုလုပ်ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ လွတ်အောင်နေခဲ့သည်။ ထိုသို့  ဇော်ဦး ဒညတ ၀င်ရောက်သွား သည်နှင့် ဒညတတွင် လည်း ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာကာ အောက်ခြေရဲဘော်များဖြင့် ညီညွတ် ရေးပြိုကွဲခဲ့ကြရသည်။
နိုင်ငံရေးကျောင်းသားများ၏အညွန့် ကိုခူးစားခြင်း
၁၉၉၃ ခုနှစ်ကာလများအတွင်း - ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင် ဘန်ကောက်၌ နိုင်ငံ ရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌ ထိုင်းနိုင်ငံတွင် နိုင်ငံရေး တိုက်ပွဲများ ဖြစ်သည့် သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊ ထောင်တွင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲများ ကို ဖေါ်ဆောင်ခဲ့ကြသည်။ ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ မဟုတ်သော သူများအား ဒုက္ခသည်အဖြစ်လိမ်လည်၍ ကူညီလျှောက်ထားပေးခြင်းများဖြင့် အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင်အမျိုးသမီးငယ်များသည်လည်းပန်းကောင်း အညွန့်ကျိုး ဘ၀ သို့ရောက် ခဲ့ရသည်။
မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်းနိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိ လာကာ မြန်မာကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုအစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ အညွန့် ခူးသွားခဲ့ပြန်သည်။ ထိုတွင်လည်း သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသားများအတွက် ပေးသည့်ပညာသင်ဆု ကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူချေတော်တင်ထားသည့် မိန်းခလေးငယ်များအပါအ၀င် သူနှင့်လက်သင့်ရာများကို ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်  ခူးစေသည်။
ကပ်ပါးသံသရာလည်ခြင်း
ထို့ နောက်ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီးနောက် အလုပ်အကိုင်မရ ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့ သည့် သူ) ဦးစီးသည့် ၎င်းအဖွဲ့ မှ ဒညတ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့် လိုက် သည်။ ထိုမှ တဆင့် မြန်မာ့ငွေကြေးရံပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ် ရာထူးတိုး မြှင့်ခန့် အပ် လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေးအကြီးဆုံးဖြစ်သည့် ၀ါရှင်တန်ဒီစီ နေရာတွင်မည်သို့လုပ် သည် မသိ ဇော်ဦး အိမ်တစ်လုံးပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း အိမ်ဌား၍ နေထိုင် ဆဲဖြစ်သည်)။ ထိုအချိန်၌တွင်ပင် ကျွန်တော်၏ မိတ်ဆွေတစ်ဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ- University of Pennsylvania) သည် ဇော်ဦး၏အိမ်၌ ဇော်ဦးမရှိခိုက်တွင် ဇော်ဦး၏အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ပြီး ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေး အစီအစဉ်ဖြင့်လွတ်လိုက်သည့်ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့်တွေ့ရန် လာသည် ဖြစ်ကြောင်းကိုပြောပြခဲ့သဖြင့် ဇော်ဦးသည် ထိုစဉ်ကပင် နအဖအသိုင်း အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်းသိရှိခဲ့ရသည်။ ထိုကိစ္စကိုကျွန်တော်မှအင်စီဂျီယူဘီ နှင့်ကိုမောင်မောင်တို့ကို သတင်းပေးပို့ ခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ကိုမျှမပြုလုပ်ခဲ့ကြပါ။ ၎င်းနောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူးရာထူး နှင့်အတူ ဇော်ဦးသည် မည်သို့ လုပ်လိုက် သည်မသိ တိုတောင်း သော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံး နှင့် ကား (၁) စီးကို ပိုင်ဆိုင်ခဲ့ တော့သည်။
BurmaFundဒါရိုက်တာအဖြစ်လုပ်ကိုင်နေစဉ် နှစ်၂၀တိုင်တိုင်ငွေစာရင်းရှင်းတမ်းကိုပြည်သူသို့မချပြသည့် ကမ္ဘာ့အသက်တမ်းအရှည်ဆုံး ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့ အရှိန် ဖြင့်ပေးလာသောထောက်ပံ့ငွေများ၊ အဆက်အသွယ်များ၊ ဒိုနာများ၊ နှင့်ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာတစင်ထောင်သလို ဇော်ဦးကလည်းအင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာဟားဗတ်အုပ်စုအားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး တစင် ထောင်လိုက် ပြန် သည်။ ယ္ခင်ကဇော်ဦးအားသူ၏အကျင့်ပျက်မှုကြောင့် ဆန့်ကျင်ခဲ့ကြ သောကိုအောင် သူငြိမ်း၊ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦးတို့သည်ယနေ့တွင်ဇော်ဦးကို အလုပ်အကျွေး ပြုနေကြသည့်လခ စားများဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ မှတ်ရပါတော့သည်။ ဤနောက်ပိုင်းတွင် ဘားမားဖန်မှ ဇော်ဦး နှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့ တစ်ချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန် တွင် ဘာမားဖန် ဒါရိုက်တာနေရာ တွင် ဇော်ဦးအစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားနေသည်။ ဤအချက်များကိုကြည့် လျှင် လူ့ဝမ်းထဲမှ မစင် နှင့်ရော၍ကျလာသောကပ်ပါးကောင် တုတ်ကောင် သန်ကောင် (Parasites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍ ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့် အတူ သံသရာလည်နေသော သံကောင်တုတ်ကောင်ကပ်ပါးကောင်များ သကဲ့သို့  ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦး နှင့် ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့ နှင့် ပေါင်းစည်းမိကာ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင် ပညာရှင် များအဖြစ်တစ်စခန်းထ ၀င်ရောက်စွက်ဖက်ကာ ဂန်ဘာရီထံဝင်ရောက်ဆက်နွယ်၍ ဂန်ဘာရီမစင်ပါချရာမှ တဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါးကောင်များရောက်သွားတော့သည်။ ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအားထောက်ခံရန် ကမ္ဘာပတ်၍စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ ဆုံဆွေးနွေးရေးက ခက်နေတာဟု ဇော်ဦးမှ ကျွန်တော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။ ဗဟုအဖွဲ့ဝင်အောင်နိုင်ဦး မှလည်းဆရာ့လေသံနင်းပြီး ဒေါ်စုခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကိုဆရာဇော်ဦးအလို ကျ ပုတ်ခတ်တိုက်ခိုက်ခဲ့သည်။
မစင်ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါးစစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်းUSA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုးမိ သင်္ဂဟများမှတဆင့် နိုင်ငံတော်အကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်း များ၏ အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။ ပထမဆုံးခြေလှမ်းအဖြစ် ကြပ်ပြေး နေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး အလုပ်ရုံအစည်းဝေးတွင် အာဆီယံစီးပွားရေး ကွန်မြူ နတီ ( Asian Economic Community) မှရေးထားသည့် "အခွင့်အလမ်းနှင့်စိန်ခေါ်မှု" (Opportunity and Challenging ) ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည် တက်၍ဖတ်ခဲ့ပါသည်။ ထိုကဲ့သို့ ပညာ ခိုးမှု ( Plagiarism ) လုပ်ဆောင်ခြင်းကို ဘာမှမသိ သောနိုင်ငံ ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့်ခွင့်ပေးခဲ့သည်ကိုလည်း သတိထားသင့် ပါသည်။ (ပူးတွဲဖေါ်ပြပါ ဖိုင် ၂ ခုကိုဖွင့်၍နှိုင်းယှဉ် ကြည့်နိုင်ပါသည်)
ထို့ အတူ သတင်းမီဒီယာများ နှင့်ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF ကျောင်း သား ခေါင်းဆောင် ဟုသုံးစွဲ ထုတ်လွှင့်အင်တာဗြူးနေခြင်းများသည်လည်း လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ် ကောင်းသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့ ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါးသံကောင်များမှ ၀င်ရောက်လာခြင်းကို ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်းသက်တမ်း အတွေ့ အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား နေခြင်း၊ ရဲဘော်ရဲဘက် မောင်နှမသားချင်းစာနာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း စသည့်အချက်များ နှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။
ထို့ အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို ပညာရှင်ဟုမသတ်မှတ်နိုင်သလို ဘွဲ့ မရဘဲ ပညာရှင်ဖြစ်သူများလည်းရှိကြပေသည်။ ဥပမာ - အမေရိကန် နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျှင် တက္ကသိုလ်ဘွဲ့ ကောင်း ကောင်းမရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာ ပညာရှင် တဦး ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုးသားစိတ် နှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ပေသည်။ ထို့ အတူ ကွန်ပြူတာပညာရှင် Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung) (အမေရိကန်နိုင်ငံတွင် ဘွဲ့ မရသူ) ကို အမေရိကန်နိုင်ငံစီးပွားရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများတိုးတက်၍ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည့်အတွက်ကြောင့် အမေရိ ကန်သမတ အိုဘားမား နှင့် လွတ်တော်အဖွဲ့ တို့ မှ ခေါ်ယူတွေ့ ဆုံမေးမြန်း စုံစမ်းဂုဏ်ပြု၍ စီးပွားရေးပညာရှင်ဟုသတ်မှတ် လိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေး အခေါ် တချို့ ကို ယနေ့  အချိန်ကာလမှာ ပြင်သင့်သည်ကို ပြင်ရမည်ဖြစ်ပါသည်။
နိဂုံးအားဖြင့် ဇော်ဦးတို့လို မစင်စား သံကောင်များရှိသည့်အစာကို စားမိလျှင် စားမိသည့် သူများအား လုံး ဒုက္ခဘေးနဲ့ သာကြုံတွေ့ရမည်ကို အထက်ဖေါ်ပြပါ အချက်များအရ ဆင်ချင်သုံးသတ် သတိထားပြီး ဤ အန္တရာယ်ကို ကာကွယ်ရန်မှာ တာဝန်သိသူများတွင်တာဝန်ရှိကြောင်း နှင့် နောင်အနာဂါတ် တိုင်း ပြည် အန္တရယ်များ အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
မူးသာ
၁၀၁ ဘုရားသုံးဆူစခန်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။
မှတ်ချက်။
နောင်အနာဂတ်တိုင်းပြည်ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင်သန့်ရှင်းစင်ကြယ်စွာဖြင့် လုပ်ဆောင် နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့ နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိ အနေ ဖြင့် ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။
ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ
အဆိုးနဲ့အကောင်း ဒွန်တွဲ ရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။ ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသား အားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ် အာဟာရပါပဲ။ အဲဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်းနေလေ့ရှိတယ်။ ဇီဝဗေဒ သဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေသားလောင်းတွေ။ ဒီလောက်လန်း တွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင်အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီးပွားကြတယ်။ ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့မှီခိုကျယ်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦးရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့တော့ မထင်သာ မမြင်သာပေဘူး။ ထင်သာမြင်သာဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအနေဆိုးသွားပြီ။ ဒီတော့ လောက်တွယ်ရင်ဘဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။ ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်းထောင်းနဲ့ ငါးပိအိုးကြီးလဲ အနှစ် (၂၀)ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကိုဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်းလိလိ အစွယ်ပြူးပြူးနဲ့ အမွှေးတွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှ အခွင့်အရေးတွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့မရောက် နောက်ပြန်လျှောကျတာ အဆန်းတကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ်ကောင်းတာနဲ့ ခေါင်းဆောင် တင်မိတာကိုး။ ကုလားဖြူစကားလည်းတတ်၊ နာမည်လည်းကျော် တယ်ဆို တကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ်ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခုတော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။ အနှီပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဖက်မှာ ကလည်း စစ်ကျွန်ခလောက်နဲ့ အမတ်လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဖက်မှာလည်း ဗမာပြည်ထဲ ဝင်ချင်လွန်းလှဖြစ်နေတဲ့ အင်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင်ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချိုကျိုးနွားလား ဒွန်းစဏ္ဍား”လို စစ်ဖိနပ်ကို လျှာနဲ့ လျှက်ကုန်ကြပြီ။ အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိနိုင်တဲ့အခြေအနေ။ ဒါပေမဲ့ အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေနဲ့ သတင်းသမားတချို့ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေးစီးလိုက်၊ အစည်းအဝေးလေးတက်လိုက်၊ ဝီစကီလေးစုပ်လိုက်၊ ချီးလေးကိုက်လိုက်၊ အလံရှုးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေးလိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ်မခံနိုင်တာနဲ့ပဲ အထက် ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမိုကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြတာပဲ။ ရွေးကောက်ပွဲ ဝင်မှပဲ လက်တွေ့ကျတဲ့နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင်စူးစမ်းတို့ သခင်တင်မြ တို့ရဲ့လေကို အပြင်မှာ တာဝန်ခံ ဖြန့်ကြတယ်။ အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စားဖား အချောင်သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမတကြီးကို အားတုံ့အားနာ ၀န္ဒနာလို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပရောက်ပြီး မိဘဂုဏ်သရေကို အသုံးချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှား လုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံရေး ကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်းမကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။ ဟိုတုန်းကတော့ ဗမာပြည် ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့် မဆိုင်ရင် လူနည်းစုတိုင်းရင်းသားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန် ဖွဲ့စည်းပုံအတိုင်းလုပ်မည့် ရွေးကောက်ပွဲ၊ စစ်ကျွန်ဖွဲ့စည်းပုံကို အတည်ပြုမည့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာပြန်ပြီ။ ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လိုကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့်လား၊ နေရာကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်းစားရ အတော်ခက်လှတယ်။ အခုကိုပဲ နိုင်ငံတကာကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက်မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာဟာလည်း ဆက်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ဟန်ဟာ EBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အလှူရှင်တွေ့ရဲ့ သန်းပေါင်းများစွာသော ယူရိုငွေတွေကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့ တထောင်းထောင်းနဲ့ လူပြောသူပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင်ခံစာ ထဲမှာတောင် မတော်မတရား အလွဲသုံးစားမှုတွေ၊ မရိုးသားမှုတွေက ဗူးပေါ်သလို ပေါ်နေတုံးပဲ။ သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှတယ်။ ၁၉၉၇မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ် လို့ဆိုတယ်။ အဲဒီအချိန်က ဟန်ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အစည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗမာပြည်ကိုယ်စားပြု လက်ခံအသုံးပြုမည့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထားတယ်ဆိုတာ တော်တော်စဉ်းစားရကြပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာပဲ။ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမည့် အဖွဲ့အစည်းရဲ့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို စောရ ဖောက်ထွင်းဂိုဏ်းလိုလိုပါပဲ။ အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည် လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့တာ၊ လုပ်နိုင်ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာလိုက်တာ (၁၀) နှစ်ကျော်ကြာလာတော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေး လုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အတင့်ရဲလာတယ်။ သူ့အစီရင်ခံစာထဲက ကိုယ့်အနီးကဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နုတ်ပိတ် ခေါင်းညိတ် အိန္ဒိယ နိုင်ငံသားတွေနဲ့ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကြားမှာ
10/25/11
အသုဘ
ငါလည်း အသုဘဘယ်တော့ဖြစ်မလဲလို့ ..
ကိုယ့်ကိုယ်မေးခဲ့တယ်။
ငယ်တဲ့အသုဘတွေ
ကြီးတဲ့အသုဘတွေ
မကြီးမငယ်အသုဘတွေ
ဒီလောကကြီးမှာ ပြည့်နေတယ်။
တချို့ အသုဘတွေက လှတယ်
တချို့ အသုဘတွေက ရုပ်ဆိုးတယ်
တချို့ အသုဘတွေ ပြုံးရွှင်နေတယ်
ဒါပေမဲ့ အသုဘတွေအာလုံးက ပုပ်ရင်နံတယ်။
ဒီလို အသုဘတွေကိုကြည့်ပြီး
မြန်မြန်နဲ့ လှလှပပ အသုဘဖြစ်ဖို့ အတွက်
ဘယ်သူမှ မကျိုးစားရင်းနဲ့ ပဲ
လူတွေအသုဘဖြစ်ကုန်ကြပါလား။
အသုဘတွေကို မျက်မြင်တွေ့ မှ
အသုဘလောင်းလျာတွေ ခဏတာတွေဝေကြပေမဲ့
အသုဘမဖြစ်ခင်ကာလမှာ
မပြင်ဆင် မကျိုးစား၊ မရိုးသားကြဘူး။
အသုဘဘွဲ့ ရတာအခါ
လှဖို့ ၊ မနံဖို့ ၊ လူစည်ဖို့ ဆိုရင်
အသုဘမဖြစ်ခင် ချင်ခင်ကြဖို့ ဆိုတဲ့
စကားလုံးသုံးလုံးကို
အပြုံးမပျက်ပဲ ကျင့်သုံးကြရင်
အသုဘတွေပုပ်ရင် ဘယ်နံကြမလဲ။ ။
အတိုက်အခံတွေထဲက သူခိုးတွေကို ရှင်းထုတ်မယ်
ဘာကြောင့်လဲဆိုတော့ အဲဒိ့အချိန်က ၈၈-တော်လှန်ရေးက အစပဲရှိသေးတယ်။ ABSDF ရဲ့ အစမှာလဲ ဝမ်ခသစ်က ဗဟိုကော်မီတီဝင် နေရာလုပွဲမှာ ငါ့မှာငါ့ရဲ့ ကိုယ်ပိုင်အဖွဲ့  စည်းနဲ့  ထာက်ခံတဲ့သူတွေ ရှိရက်နဲ့ ငါတို့ ၈၈ ကျောင်းသား၊ လူငယ်တွေ၊ ရှင်လူတွရဲ့ တော်လှန်ရေးတပ် ပေါ်ပေါက်လာဖို့ ကို ဖြစ်လိုတဲ့အတွက် ငါသဘောထားကြီးစွာ နေရာမယူပဲ နောက်ဆုံးမှာတော့ ကိုထွန်းအောင်ဂျော်ရဲ့ တာဝန်ပေးအပ်ချက်နဲ့ ABSDFဗဟိုရဲ့ ပထမဦးဆုံး ဗဟိုရုံးအဖွဲ့မှုး ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ အဲဒိအချိန်မှာထဲက ဗဟိုမှာ သူခိုးတွေပါနေတော့ ငါဒီကောင်တွေနဲ့ အတူနေပြီ တော်လှန်ရေးဆက်လုပ်ရင် မှန်တာတွေပြောဆိုတတ်တဲ့ ငါရဲ့ ကောင်းမွန်တဲ့ ရိုးသားတဲ့ ငါအကျင့်ကြောင့် တော်လှန်ရေးနဲ့ပြည်သူကောင်းကျိ
ငါ့သူငယ်ချင်း ဌေးနိုင်ကတော့ အသတ်ခံ လိုက်ရတယ်။
ဒါလေးကိုမှ မလုပ်နိုင်ဘဲနဲ တိုင်းပြည်ပြောင်းလဲရေး ဆိုတာကို ကြီးကြီးပြောနေမယ်ဆိုရင် အဲဒိတိုင်းပြည်ပြောင်းလဲရေး ဆိုတာကို ပြောနေသူတွေဟာလဲ လူလိမ်တွေသာ ဖြစ်ပြီ ခိုးဖို့သာလုပ်ဆောင်မဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့စည်းတွေသာဖြစ်
လူမူ့အဖွဲ့စည်းတွေထဲက၊ နိင်ငံရေးအဖွဲ့စည်းထဲက၊ တော်လှန်ရေးအဖွဲ့စည်းထဲက၊ အစိုးရအဖွဲစည်းထဲက ငွေကြေး ပစ္စည်းတွေကို ခိုးယူတယ်ဆိုတာ အသုဘအလောင်း ပါးစပ်ထဲက ကတို့ခ ပိုက်ဆံကိုနိုက်ယူတာနဲ အတူတူပဲ။
shwehtee@yahoo.com
10/24/11
ကျနော်တို့ မှုဝါဒ
10/23/11
ကျနော့်အလုပ်အကြောင်း -၃
သြစတျေးလျတွေရဲ့ ထုံးစံက သူတို့ လစာဘယ်လောက်ရလဲဆိုတာကို လျှို့ ဝှက်ထားလေ့ရှိတယ်။ သူတို့ တင်မကဘူး လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေ မီဒီယာတွေရဲ့ လူကြီးဟုခေါ်သော လူကြီးတွေရဲ့ လစာနှုံးထားကို ဘယ်သူမှ အတိအကျမသိပါဘူး။ ဥပမာ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာရဲ့ လစာ၊ ဗဟုအဖွဲ့ က လူကြီးတွေရဲ့ လစာ၊ အေအေပီပီက အမြဲတမ်းအတွင်းရေးမှုးနဲ့  ဥက္ကဌလစာ စသဖြင့်တွေကို ပြည်သူတွေသိသလားဆိုတော့ လုံးဝမသိပါဘူး။ တကယ်တမ်းပြောရရင် ဒီလူတွေဟာ သူတို့ လစာ ဘယ်လောက်ရလဲဆိုတာကို အသိပေးသင့်တာပေါ့။ ရိုးသားမှုမရှိလို့ အသိမပေးတာပဲလို့ ကျနော် နိဂုံးချုပ်မိတယ်။
သူများတွေ ပြောပြောမပြောပြော ကျနော် လစာနဲ့ ခံစားခွင့် ဘယ်လောက်ရလဲဆိုတာကို စောက်သုံးမကျတဲ့မြန်မာတွေအတုယူနှိုင်အောင်ရေးလိုက်ပါတယ်။
ကျနော့်လစာက တနှစ်ကို ဒေါ်လာ ခုနှစ်သောင်းခွဲရတယ်။ အခွန်ဖြတ်ပြီး ဆိုရင် ခြောက်သောင်းလောက်ကျန်ပါတယ်။ ဒီလစာက မိုင်းမှာ လုပ်တဲ့သူတိုင်းရတယ်။ ကျနော့်လို ရာထူးကြီးကြီးမရှိ ပညာမတက်တဲ့ အလုပ်သမားတောင် ဒီလောက်ရတယ်ဆိုရင် အခြားသူတွေ ဘယ်လောက် ရမလဲဆိုတာ ခန့် မှန်းကြည့်ပါ။ ဒါက လစာသက်သက်ပဲရှိသေးတယ်။
လစာအပြင် အာမခံ အမျိုးမျိုးကို အလုပ်က လုပ်ထားပေးတယ်။ အဓိကရည်ရွယ်ချက်က အလုပ်သမားတစ်ယောက်အတွက် ဘ၀လုံခြုံမှု ရှိအောင်လို့ ပါ။ Private Heath Insurance လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင်ဆေးရုံမှာ တက်ရောက်ကုသနိုင်တဲ့ အာမခံကြေးကို အလုပ်က လုပ်ထားပေးတယ်။ ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ ၃၅၀၀-ကုန်တယ်။ နောက်ပြီး Income Protection Insurance လည်း အလုပ်က လုပ်ပေးပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အလုပ်ထဲမှာ တစ်ခုခုထိခိုက်ရှနာဖြစ်လို့ အလုပ်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ရတဲ့လစာရဲ့  ၇၅-ရာခိုင်နှုံးကို အာမခံတဲ့ Company က ပေးပါတယ်။ ပြီးခဲ့နှစ်က ကျနော်တို့ Company မှာ အလုပ်သမား ၆-ယောက်လောက်သေပါတယ်။ ကုမဏီက ကမ္ဘာပေါ်မှာ နံပါတ်ငါးအဆင့်ရှိ အကြီးဆုံးရွှေရှာတဲ့ကုမဏီဆိုတော့ ကမ္ဘာပတ်ပြီး ရွှေရှာတဲ့အချိန်မှာ လူအသေအပျောက်လည်းရှိပါတယ်။ အသေများတဲ့ နေရာကတော့ တောင်အာဖရိကမိုင်းမှာဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ်သေသွားရင်တောင် ကျန်ရစ်သူမိသားစုတွေ ကောင်းစားအောင်ဆိုပြီး Company က အာမခံအမျိုးမျိုးကို လုပ်ထားပေးပါတယ်။
တစ်နှစ်ကို လေးပတ် နားခွင့်ပေးတယ်။ ဒီလေးပတ်အတွက်လည်း လစာပေးပါတယ်။ နောက်ပြီး မိသားစုမှာ အရေးတကြီးကိစ္စဖြစ်ရင် ခွင့် နှစ်ပတ်လည်းပေးပါသေးတယ်။ အားလုံးပေါင်း ခြောက်ပတ်ကို တစ်နှစ်တစ်ခါရပါတယ်။ ဒီခြောက်ပတ်အတွက် အလုပ်မလုပ်ပဲ လစာရပါတယ်။
Dell ကွန်ပြူတာဝယ်ရင်လည်း Special Discount ပေးသေးတော့ သူများတွေနဲ့ မတူ ပိုပြီး ဈေးတော်တဲ့ကွန်ပြူတာတွေကို ဈေးပေါပေါနဲ့ ဝယ်နိုင်တဲ့ မိုင်းမလုပ်သမားတွေပါလို့ ပြောချင်ပါတယ်။ ပညာဆက်သင်ချင်ရင်လည်း Company က ငွေကြေးထောက်ပံ့ပေးပါတယ်။ နိုင်ငံခြားမှာ သွားပြီး သင်တန်းတက်ခွင့်တွေလည်း အခမဲ့စီစဉ်ပေးတော့ သူများနိုင်ငံနဲ့ မတူတဲ့ ကျွမ်းကျင်လုပ်သားတွေကို Company အတွက် ရပါသေးတယ်။ တစ်နှစ်ကိုတစ်ခါ ရွှေသားအစစ် တစ်အောင်စကို အခွန်မပါပဲ ၀ယ်ခွင့်ပေးတယ်။ ဈေးပေါပါတယ်။ ဆိုတော့ အလုပ်သမားတစ်ယောက်က သူ့ မှာ ဘာမှပူပင်စရာမရှိပဲ အလုပ်လုပ်နိုင်တယ်။ လစာကလည်း စားလောက်တဲ့အပြင် အများကြီးပိုလျှံပါတယ်။ ကျနော့်အလုပ်က ၈-ရက်လုပ် ၆-ရက်နားတာတောင် ပိုက်ဆံ ခုနှစ်သောင်းကျော်ရတယ်ဆိုရင် နေ့ တိုင်းသာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲဆိုတာကို တွက်ကြည့်ရင် သိနိုင်တယ်။ အလုပ်သမားတိုင်း ကိုယ့်ရဲ့ လစာထဲက ၉-ရာခိုင်နှုံးကို အစိုးရက မစုမနေစုခိုင်းပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အသက်ကြီးရင် စားဖို့ အတွက်ပါ။ အသက် ၆၅-နှစ်ပြည့်မှ ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်။ ပင်စင်သဘောမျိုးဖြစ်မယ်ထင်တယ်။ အလုပ်ထဲကို လာလည်ဖို့ အတွက် Company က တစ်နှစ်တခါ အခမဲ့လေယာဉ်နဲ့ မိသားစုအလိုက် အလည်ခေါ်ပေးပါတယ်။ ကျနော်လုပ်တဲ့အလုပ်ကို ကျနော့်မိသားစုတွေ သိအောင်လို့ ပါ။ အလုပ်ထဲမှာ သွားတဲ့လေယာဉ်ခကို Company ကပေးပါတယ်။ နေဖို့ စားဖို့ အတွက် Company က အခမဲ့စီစဉ်ပေးပါတယ်။ တပြားမှမကုန်ပါဘူး။ ဆိုတော့ မိုင်းမှာလုပ်တိုင်း ငွေကို အသားတင်စုမိပါတယ်။ ရွှေဈေးကောင်းရင် ကောင်းသလို Bonus ရပါတယ်။ ပြီးခဲ့နှစ်က အလုပ်သမားတိုင်း တစ်ယောက်ကို ၃.၅ ရာခိုင်နှုံးလောက် ဘိုးနပ်စ်ရပါတယ်။ ဥပမာ တစ်နှစ်ကို ပိုက်ဆံတစ်သိန်းလစာရတဲ့လူဟာ ဒေါ်လာ ၃၅၀၀ ဘိုးနစ်ပ်ရပါတယ်။
အလုပ်ထဲက လူတိုင်းဟာ တစ်နှစ်ကိုတစ်ခေါက်ပုံမှန် နိုင်ငံခြားမှာ အပန်းဖြေပါတယ်။ အများစုကတော့ ထိုင်း နဲ့ ဘာလီမှာ အပန်းဖြေတယ်။ ကုန်ကျတဲ့စရိတ်က ဒေါ်လာ ၂၀၀၀ လောက်တောင်မကုန်တော့ လူတိုင်းသွားနိုင်တယ်။ တချို့ ဆိုရင် တစ်နှစ်ကို သုံးခေါက်လောက် ခရီးထွက်တယ်။
ဒီစာကို ရေးတာ ကြွားဖို့ မဟုတ်ပါဘူး။ မသိတဲ့သူတွေ သိအောင်လို့ ပါ။ ကျနော်လည်း မြန်မာပြည်နဲ့ ထိုင်းမှာ အလုပ်ပေါင်းစုံလုပ်ဘူးပါတယ်။ မြန်မာတွေဟာ တကယ့်ကိုသနားစရာကောင်းတဲ့လူတွေပါလားလို့  အခုမှသိတယ်။ သြစတျေးလျတွေတောင် ဒီလိုစနစ်မျိုး ဖန်တီးနိုင်တယ်ဆိုရင် ကျနော်တို့ က ဘာ့ကြောင့် သူတို့ လို မလုပ်နိုင်ရမှာလဲ။
ကျနော်အဖေက တစ်ကြပ်ကြီးဘ၀နဲ့ တပ်ထဲမှာ နှစ်ပေါင်း ၂၀-ကျော်အလုပ်လုပ်ခဲ့တယ်။ သူကတပ်က ထွက်တော့ ထောင်ကျမှ ထွက်လို့ ရမယ်ဆိုလို့ ထောင်ထဲကို တနှစ်လောက် ၀င်ပြီးမှ အပြင်ကိုရောက်ခဲ့တယ်။ တပ်ကထွက်တော့ ပင်စင်လည်းမရပါဘူး။ နေစရာအိမ်လည်း မရှိဘူး။ စုထားတဲ့ငွေလည်းမရှိတော့ တကယ့်ကိုစုတ်ပြတ်သတ်ပြီး ဆင်းရဲလှတဲ့ ဘ၀တွေဖြစ်ကုန်တယ်။ သူတို့ အပြင် ကျနော့် ဦးလေးကလည်း ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်မှာ ယဉ်မောင်းတဲ့ရဲဘော်တစ်ဦးအနေနဲ့ လုပ်ရင်း တနေ့ မှာ ကားမှောက်ပြီးသေပါတယ်။ ဦးလေးသေတော့ ဦးလေးရဲ့ ပင်စင်က တစ်လကို မြန်မာငွေလေးရာပဲရပါတယ်။ အဘိုးက သူ့ သားရဲ့ ပင်စင်လေးရာကို ယူတောင်မယူပါဘူး။ လေးရာနဲ့ ဘာလုပ်စားလို့ ရမလဲ။ ဦးလေးကော အဖေကော တပ်ထဲမှာ လုပ်လို့ ခံစားခွင့် ဘာရလဲဆိုတော့ ဒီနေ့ အချိန်အထိ ကျနော့်အဖေနဲ့ အမေဟာ ဒုက္ခသည်စခန်းထဲကိုရောက်တာပဲ အဖတ်တင်တယ်။ ဒီလိုဘ၀တွေဟာ ဗမာပြည်မှာ အများကြီးပါ။ ဒီလိုပုံစံမျိုးသာ သြစီမှာဖြစ်ခဲ့ရင် ကျနော်တို့ တွေ ကောင်းစားနေပြီ။
ကျနော့်အလုပ်မှာ ၁၀-နှစ်လုပ်တဲ့လူတိုင်း Long Service လို့ ခေါ်တဲ့ ခွင့်ရက်ရှည်ကို အလုပ်ကပေးတယ်။ သုံးလတောင် မလုပ်မလုပ်ပဲ လစာရပါတယ်။ တစ်နှစ်ကိုတစ်ခါ လစာတိုးတယ်။ ငွေကြေးဖောင်းပွမှု့ အပေါ်မှုတည်ပြီး လစားတိုးရပါတယ်။ ဥပမာ ငွေကြေးဖောင်းပွမှု (Inflation) က ၂.၅ ရာခိုင်နှုံးရှိရင် ကျနော်တို့ အလုပ်သမားတွေရဲ့ လစာလည်း ၂.၅ ရာခိုင်နှုံးကိုမတိုးမနေရနှစ်စဉ်တိုးရပါတယ်။ ဒါမှ ကုန်ဈေးနှုံးနဲ့ လစာက ကာမိမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ်မျိုးရှိမှာမဟုတ်ဘူး။
အလုပ်ထဲမှာ ဘယ်သူမှ ဖားတာယားတာမရှိဘူး။ အနိုင်ကျင့်ခံရတာမရှိ၊ ခေါင်းပုံဖြတ်ခံရတာ မရှိပဲ လူတိုင်း ရိုးရိုးသားသားနဲ့ အလုပ်ကို ကျိုးကျိုးစားစားလုပ်ကြတယ်။ လိမ်တာလည်းမရှိဘူး။ ဘာ့ကြောင့်သူတို့ ဒီလိုဖြစ်လဲဆိုတော့ Company ကပေးတဲ့လစာနဲ့ ခံစားခွင့်က ဖူလုံတဲ့အပြင် ပိုလျှံနေတော့ အလုပ်ကို တန်ဖိုးထားကြတယ်။ ဘယ်သူမှ နာမည်ပျက်တာကို မလိုချင်ကြဘူး။ မလုပ်ကြဘူး။ အသက်အန္တရာယ်အရမ်းနီးတဲ့အလုပ်ကိုလည်း အနှိင်ကျင့်ပြီးမခိုင်းဘူး။ Company ရဲ့ အကြီးဆုံး စီအီအိုလည်း အလုပ်သမားတွေနဲ့ တန်းတူ ထမင်းစားတယ်။ တန်းတူအခန်းရတယ။ ယူနီဖောင်းတူတယ်။ သူ့ မှာပိုရတာက လစာတစ်ခုပဲရတယ်။
ဗမာတွေဟာ ရာထူးကြီးလာရင် သူများနဲ့ မတူ နဖူးမှာ ဟိုဟာတက်ပြီးပေါက်ကြတယ်။ လက်အောက်ငယ်သားကလည်း အရမ်းစွပ်ပြီးဖားတော့ အထက်လူကြီးက ဘုရင်လိုဖြစ်ဖြစ်လာတယ်။ မြန်မာ့ယဉ်ကျေးမှု့ မှာ ဒီလိုမျိုး အတွေးအခေါ်တွေကို လုံးဝပြောင်းသင့်နေပြီ။ အလုပ်သမားတွေဟာ လစာကလည်းနဲတဲ့အပြင် အခြားခံစားခွင့်ကလည်း မရှိသလောက်ပဲ။ ဒါ့ကြောင့် နေရာတကာမှာ ခိုးကြတာလို့ ထင်တယ်။ တကယ်တမ်းသာ လစာကောင်းကောင်းပေးရင် ဒီလိုပုံစံမျိုးကို တွေ့ ရမှာမဟုတ်ဘူး။
ဘယ်နိုင်ငံမှာမဆို အလုပ်သမားတွေရဲ့ အခွင့်အရေးကို အလုပ်ရှင်က သိတတ်နားလည်ပြီး စေတနာကောင်းလို့ ပေးတာမဟုတ်ပါ။ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်ကို အလုပ်သမားတွေက တိုက်ပွဲဝင်ပြီးတောင်းဆိုမှ ရတာပါ။ ဒါတောင် အလုပ်ရှင်က အသာတကြည်ပေးတာမဟုတ်ဘူး။ အခုသြစီက ကျနော်လုပ်တဲ့မိုင်းမှာ ဘာ့ကြောင့် ဒီလိုစနစ်ကောင်းလဲဆိုတော့ ဟိုးတုန်းက မိုင်းအလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်လာလို့ ကောင်းတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ဒီလို စနစ်ကောင်းကောင်းမရှိခဲ့ဘူး။ သူတို့ သား တောင်းဆိုတိုက်ပွဲမ၀င်ခဲ့ဘူးဆိုရင် ယနေ့ မှာ ကျနော်လည်း ဒီလိုခံစားခွင့်နဲ့ အခွင့်အရေးကိုရမှာမဟုတ်ဘူး။
အခုလည်း ဗမာအလုပ်သမားတိုင်း မိမိဘာလိုချင်လဲဆိုတာကို အဓိကသိဖို့ လိုတယ်။ မိမိရဲ့ ရသင့်ရထိုက်တဲ့ ဘ၀လုံခြုံမှု နဲ့ အလုပ်လုံခြုံမှုကို သူများက အားအားယားယားလားမပေးတော့ အလုပ်သမားတွေအနေနဲ့  ဘာလုပ်သင့်လဲဆိုတာကို သဘောပေါက်ပါစေလို့ ဆန္ဒပြုရင်း ဒီစာကို နိဂုံးချုပ်ချင်ပါတယ်။
10/22/11
ABSDF Killed Army Soilders
တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း
ရက်စွဲ။ ။ ၂၂ အောက်တိုဘာ ၂၀၁၁။
ယမန်နေ့ည ၇ နာရီ ၃၀ တွင် ရန်သူ လူနာပို့ နှင့် လူနာကြိုအဖွဲ့များအား ကွိတာအူး နှင့် သေ့ဘောဘိုးအကြားတွင် မိမိကျောင်းသားတပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၇ ဦး ရရှိခဲ့သည်။
ည ၈ နာရီ ၃၀ မိနစ်တွင် ၎င်း လူနာပို့ ယာဉ်တန်းအား သေဘောဘိုးအဝင်တွင် မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ဆီးကြိုတိုက်ခိုက်ရာ၊ ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ၊ မှူး ဗက ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တကက ၂ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၄ ဦး ရရှိခဲ့သည်။
မိမိဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိသည်။
10/15/11
လူ့ ဘောင်သစ်ပါတီသက်တော်ရာကျော်ရှည်ပါစေ။ ဒါ့ကြောင့် အရက် အရမ်းမသောက်နဲ့ ။
10/14/11
What is an opposition party?
10/12/11
စီးချင်းထိုးမလား
အထက်ပါစာပိုဒ်ကို အီတာလျံဘုန်းတော်ကြီး ဦးလောကနာထရဲ့ ကမ္ဘာလှည့်တရားစာအုပ် စာမျက်နှာ ၁၆၉-မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
သဘောကြစရာ အတုယူစရာကောင်းလို့ ပါ။ မြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတာကို ဒီပုံစံအတိုင်း ရပ်လို့ မရဘူးလား။ စဉ်းစားကြည့်ဖို့ ပါ။ တကယ်တမ်း စစ်တပ်က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ကခေါင်းဆောင်တွေ သတ္တိရှိတယ်ဆိုရင် ဘုရင်တွေစီးချင်းစစ်ထိုးသလို ချသင့်တာပေါ့။ ဥပမာဗျာ- လက်ရှိသမ္မတဦးသိန်းစိန်က မြင်းစီးရင်စီး၊ မစီးရင် နွားစီးပြီး ပစ္စတိုတစ်လက်နဲ့ ကောင်းဘွိုင်ပုံစံလိုမျိုး ဂိုက်ဖမ်းပြီး SSA က ဗိုလ်ချုပ်ကြီးဟု ခေါ်သော ယွက်စစ်နဲ့  သေနတ်ချင်း ယှဉ်ပြီးပစ်ပေါ့။ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ စစ်တပ်နဲ့ နယ်မြေကို သိမ်းယူလိုက်ရင်မကောင်းဘူးလား။
နောက်ရှိသေးတယ်။ DKBA က ဗိုလ်ချုပ်နုတ်ခမ်းမွေးနဲ့ ဦးရွှေမန်းတို့  ဓားချင်းယှဉ်ခုတ်။ ဗိုလ်နုတ်ခမ်းမွေးက ကရင်ဆိုတော့ ဓားတော့ ပိုင်မယ်။ မဆိုင်တဲ့သူတွေ မသေစေရ။ ဒီလိုမျိုးကြတော့ နိုင်ငံတော်အကြီးအကဲတွေကော၊ သူပုန်အကြီးအကဲတွေကော သတ္တိရှိမှာမဟုတ်ဘူး။ လေပဲရတယ်ထင်တယ်။
နိုင်ငံရေးမှာလည်း ရှေးက ဘုရင်တွေလို အတုခိုးလို့ ရတယ်။ ဥပမာဗျာ- ဦးတင်ဦးနဲ့ ဦးသိန်းစိန် လက်ဝေ့ထိုးကြ။ နိုင်တဲ့သူ အုပ်ချုပ်။ ဦးတင်ဦးမအားရင် ဦးဝင်းတင် ၀င်ပြီးထိုး။ အခုတော့ သိတဲ့အတိုင်း လမ်းတောင်း မနဲလျှောက်နေရတာဆိုတော့ဗျာ။ ပျင်းလို့ ရေးတာပါ။ ဘယ်သူ့ ကိုမှ မစော်ကားပါဘူး။
10/11/11
ကျေးဇူးတင်သင့်၊ မတင်သင့်
10/10/11
မနာလိုဘူး
10/9/11
ဦးသိန်းစိန်ကို ညတိုင်းရှစ်ခိုးပါ
ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကိုရပ်တယ်။ ပြည်ပကလူတွေကို ပြန်ခေါ်တယ်။
ကျန်တဲ့ ၀န်ကြီးတွေက သတင်းလွတ်လပ်ခွင့်နဲနဲပေးတယ်။
နောက်ဘယ်ဝန်ကြီးကများ ဘာတွေလုပ်ပေးအုံးမလဲမသိဘူး။
ဦးတင်အောင်မြင့်ဦးနဲ့ အဖွဲ့ က တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေငြာမလားမသိဘူး။
ဦးကျော်ဆန်းကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို အားကြမခံပေးမယ်လို့ ကြားရပြန်တယ်။ ဆိုတော့ လက်ရှိအစိုးရတစ်ဖွဲ့ လုံးက အားကြမခံ ပြည်သူလူထုစကားကို နားထောင်ကြသလိုပဲ။ ဘာပဲဖြစ်ဖြစ် အရမ်းချစ်စရာကောင်းတဲ့ အစိုးရတစ်ခုလို့ တော့ ပြောလို့ ရပြီ။
ဒါ့ကြောင့် ကျနော်က လာမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲမှာ ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့ တစ်ခုလုံးကို ဆုရအောင် အဆိုပြုအုံးမယ်။ လက်ရှိအဖြစ်အပျက်တွေအားလုံးကို လုပ်ပေးခဲ့တဲ့လူတွေဟာ အစိုးရအဖွဲ့ ဝင်ဝန်ကြီးတွေချည်းပဲ။ အတိုက်အခံဘက်ကလုပ်တာမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း လုပ်တာမဟုတ်ပါ။ ဒါ့ကြောင့် လက်ရှိအစိုးရအဖွဲ့ ကို ညတိုင်းရှစ်ခိုးပြီး အိပ်ကြပါ။ သူတို့ စိတ်ကောင်းမှ ဒိထက်ပိုပြီး ကောင်းလာမှာပါ။ နိုင်ငံတော်အကြီးအကဲများ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။
ကိုမိုးသီးက လက်ကြောမတင်းဘူးလား

ကိုမိုးသီးဇွန်က ငွေရမဲ့အလုပ်ကို အမေရိကမှာ မလုပ်ပဲ တချိန်လုံး အွန်လိုင်းမှာပဲနေတယ်။ ပြီးရင် ဟိုအိမ်တက်စား ဒီအိမ်တက်စား နဲ့  သူများချက်ထားတဲ့ဟင်းကိုလည်း နောက်လူဖို့ မချန် အသားကုန်ဝါးတယ်။ သူ့ ရဲဘော်ရင်းတွေတောင် သူ့ ကို အိမ်ပေါ်ကနေ မောင်းချတယ်။ လက်ကျောမတင်းဘူးဆိုပြီး ဝေဖန်သံတွေကြားနေရတယ်။ နောက်ပြီး ကိုမိုးသီးက အောက်သက်မကျေဘူးလို့ လည်း ပြောတယ်။ ကဲ...ဘယ်လိုရှင်းမလဲ...၈၈-ကျောင်းသားခေါင်းဆောင်ကြီးရဲ့ ။ အေဘီအက်စ်ဒီအက်စ်ရဲ့ ခေါင်းဆောင်ကြီးရေ....နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း လူလေးစားအောင် လူအထင်ကြီးအောင်လုပ်ပါအုံးဗျာ။
10/8/11
နိုင်ငံရေးသမားတွေ မှန်မှန်ကန်ကန် သုံးသပ်ဖို့ ပါ
ကျနော့်စာတွေကို ဖတ်ဖူးတဲ့သူတွေရှိမှာပါ။ ကျနော်တွေးမိတာကိုရေးခဲ့တယ်။ ဆဲချင်လည်းဆဲတယ်။ ဘာ့ကြောင့် ဒီလိုရေးလဲဆိုတော့ ကျနော်က အစိုးရတစ်ခု၊ အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ ဝင် (သို့) ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်ဘူး။ လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်တော့ ရေးချင်တာရေးတယ်။
နာမည်ကြီးစာရေးဆရာလည်းမဟုတ်တော့ ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုဘူး။
အခုလည်း တွေးမိတာကိုရေးပါတယ်။ ကြိုက်တဲ့သူဖတ်ပါ။ မကြိုက်ရင်မဖတ်ပါနဲ့ ။ တခုတော့ရှိတယ်၊ ဖတ်လည်းဖတ်သေးတယ်၊ ပြီးရင် စာရေးတဲ့သူကိုကျေးဇူးမတင်တဲ့အြ
တွေးမိတာက ဒီလိုပါ။
မဖြစ်နိုင်တာကိုစိတ်ကူးယဉ်ပြီး လုပ်နေတာကို လက်တွေ့ မကျဘူးလို့ ခေါ်တယ်။ ဒီလိုမျိုးလုပ်နေတာကို နိုင်ငံရေးမှာ တွေ့ နေရတယ်။ ဟိုးတုန်းကကာ၊ အခုကော ဒီလိုအလုပ်တွေကို စိတ်ကူးယဉ်ဆန်ဆန် နိုင်ငံရေးသမား (တနည်း) တော်လှန်ရေးသမားတွေ အကောင်အထည်ဖော်ကြတယ်။
ကျနော်တို့ အဓိက စဉ်းစားခဲ့တဲ့အရာကတော့ အစိုးကဖြုတ်ချရေးဆိုတဲ့ ခေါင်းစဉ်ပဲ။ ဒီခေါင်းစဉ်အောက်ကနေ အစိုးရဖြုတ်ချရေးလုပ်ငန်းတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး အပြောင်းအလဲကိုလုပ်မဲ့နည်းလမ်း
ကျနော်တို့ ဘယ်တွေလုပ်ခဲ့လဲဆိုတာကိုလေ့လြာ
၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း
၂) လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံမည်
၃) တွေ့ ဆုံဆွေးနွေးနွေးသာလျှင် တခုတည်းသောနည်းလမ်း
၎) ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး
၅) ရွေးကောက်ပွဲဝင်ရေး
ဒီနည်းလမ်းတွေထဲမှာ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ နည်းလမ်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအလဲကို လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ရတယ်။ ကျန်တဲ့နည်းလမ်းတွေက လုံးဝကို အလုပ်မဖြစ်နိုင်ဘူး။ ဟိုတုန်းကတည်းက ဒါတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတာ လူကြီးမင်းတို့ အားလုံးအသိပဲ။
ကျနော်တို့ ပြည်သူတွေလိုချင်တာက အေးချမ်းတည်ငြိမ်းပြီး ထမင်းဝဝလင်လင်စားနိုင်တဲ့ ဘဝကိုလိုချင်တယ်။ ချမ်းသာချင်ကြတယ်။ လွတ်လပ်ချင်ကြတယ်။ သူများနိုင်ငံနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာပြည်အဖြစ် ကမ္ဘာ့အလည်မှာမြင်ချင်ကြတယ်။ ဒါက လူတိုင်းလိုချင်တဲ့အရာလို့ ထင်တယ်။ ဒါတွေကို ရနိုင်ဖို့ မြန်မာပြည်သူတိုင်း ကျတဲ့အခန်းကနေ ကျိုးစားလုပ်ဆောင်ကြတယ်။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကိုယ်နေရာကနေ ကိုယ်တက်နိုင်သလောက်ပေးဆပ်ကြတယ်
စစ်အစိုးရလည်း သူကောင်းမယ်ထင်တာကို သူဖန်တီးတယ်။ အတိုက်အခံ နဲ့  သူပုန်ကလည်း သူတို့ ကောင်းမယ်ထင်တဲ့ လမ်းကိုရွေးတယ်။ အားလုံးသော မြန်မာပြည်သူတိုင်းဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကောင်းစားချင်တဲ့စိတ်ရှိတယ်။ ဘယ်မြန်မာနိုင်ငံသားမှ မြန်မာပြည်ကြီး ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ရှိမှာမဟုတ်ဘူး။
ဒီလို မြန်မာတွေကောင်းစားဖို့ အတွက် အတိုက်အခံတွေရွေးတဲ့လမ်းကို ကျနော်နားလည်သလောက်တင်ပြချင်တယ်
ကျနော်က အတိုက်အခံထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် အတိုက်အခံတွေအနေနဲ့ ရွေးချယ်သင့်တဲ့ လမ်းကြောင်းကို ဉာဏ်မှီသလောက်တင်ပြချင်တယ်။
၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း
ပြည်တွင်း၊ ပြည်ပက အတိုက်အခံတွေထဲက လိုချင်တဲ့အရာဖြစ်တယ်။ ဒီနည်းလမ်းကသာလျှင် အစိုးရကိုအပြောင်းအလဲဖြစ်စေနို
ဒီနေရာမှာ အဓိကမေးရမှာက...တကယ်လို့ ကျနော်တို့ လူထုတွေ လမ်းပေါ်တက်ပြီး ဆန္ဒပြပြီပဲထား။ အစိုးရပြုတ်ပြီပဲထား။ ဘယ်သူက အာဏာယူမှာလဲ။ နောက်ပြီး ဘယ်တော့မှ လူထုတွေအာဏာရမှာလဲ။ ၈၈-ခုနှစ်မှာ ဖြစ်တဲ့ဖြစ်ရပ်၊ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်တဲ့ ဘုန်းကြီးတွေလမ်းပေါ်ထွက်တဲ့ဖြစ်
၂) လက်နက်ကိုင်တော်လှန်းရေးနဲ့ အောင်ပွဲခံမည်
သူပုန်တွေက ပြောတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ အောင်ပွဲခံမယ်တဲ့။ ဗကပဆိုရင် ပိုဆိုးသေးတယ်။ လက်နက်တောင်မရှိတော့တဲ့အချိန်မှ
၃) တွေ့ ဆုံဆွေးနွေးရေးသာလျှင် တခုတည်းသောနည်းလမ်း
ဒေါ်အောင်ဆန်းစုကြည်အမြဲပြောနေတဲ
၎)၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး
၂၀၀၈-ခုနှစ်အခြေခံဥပဒေနဲ့  ၂၀၁၀-ရွေးကောက်ပွဲကို ဆန့် ကျင်ရင်းနဲ့ ပဲ ကြံ့ဖွံ့ ပါတီက အစိုးရဖြစ်သွားခဲ့တယ်။ ပြည်ပက အဖွဲ့ အစည်းတချို့ ဒီခေါင်းစဉ်အောက်ကနေ ပရိုပိုဆယ်တောင်းတာပဲ အဖတ်တင်တယ်။ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘူး။ တကယ်လို့ များ ၂၀၁၀-ရွေးကောက်ပွဲနဲ့ ၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ဆန့် ကျင်လို့ နိုင်တယ်ထားအုံး....ပြီးရင်ဆန့် ကျင်တဲ့လူတွေအနေနဲ့  ဘာများလုပ်ကြမလဲမသိဘူး။ ဆန့် ကျင်ဖို့ လောက်ပဲ ခေါင်းထဲမှာရှိကြတယ်ထင်တယ်။
၅) ရွေးကောက်ပွဲဝင်ရေး
ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိစ္စကတော့ လက်ရှိနိုင်ငံရေးကာလမှာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက နည်းလမ်းတွေက လက်တွေ့ မှာ အောင်ပွဲမရခဲ့တော့ ဒီနည်းလမ်းကသာလျှင် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေပြီ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီလမ်းပဲရှိတော့တယ်။ နည်းလမ်းဟောင်းတွေကို ဆက်သုံးချင်ရင်လည်းသုံးလို့ ရပါတယ်။ အမှောင်ထဲမှာလမ်းလျှောက်သလို စမ်းတ၀ါးဝါးနဲ့  ဖြစ်နေတာကိုတော့ သတိထားဖို့ လိုတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုး၊ မသာမာမှုတွေတော့ရှိမှာပဲ။ မြန်မာပြည်က ခိုးတဲ့လိမ်တဲ့နေရာမှာ သူများနိုင်ငံနဲ့ မတူ အရမ်းတော်တော့ ဖြစ်မှာပဲ။ တဖြည်းဖြည်း နဲနိုင်သမျှနဲအောင် လုပ်ဖို့ ကလွဲရင် ကျန်တဲ့လမ်းမရှိဘူး။
အထက်ကနည်းလမ်းတွေကို ဘယ်သူတွေက ဖန်တီးတာလဲဆိုတော့ ခေါင်းဆောင်တွေပဲ ဖန်တီးပါတယ်။ ပြည်သူတွေ နဲ့ အောက်ခြေက အဖွဲ့ ဝင်တွေရဲ့ သဘောတူညီချက်တွေ၊ အိုင်ဒီယာတွေလုံးဝမပါဘူး။ ခေါင်းဆောင်ပိုင်းကလည်း အောက်ခြေကို မတိုင်ပင်ဘူး။ အတိုက်အခံတွေ ပေါ်လစီချတိုင်း အောက်ခြေထုကို ဘယ်နှစ်ခါတိုင်ပင်ခဲ့ဘူးလဲ။ ပြည်သူဆိုရင်ပိုဆိုးပေါ့။
ဒါ့ကြောင့်မြန်မာ့နိုင်ငံရေးလော
ကန်ပိန်းနိုင်ငံရေး
ကန်ပိန်းအမျိုးမျိုးကို လူကြီးမင်းတို့ သတိထားမိမှာပါ။ ဒီထဲကနေ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေက ၂၀၀၀-ကျော်ပဲ ရှိတယ်ဆိုပါစို့ ။ ဒီလူဦးရေက တတိုင်းပြည်လုံး အရေးနဲ့ ယှဉ်ရင်သေးသေးလေးပဲ။ ဒါတွေကို စစ်ပွဲတစ်ပွဲမှာ နိုင်ဖို့ အတွက် ရင်းရတဲ့ စစ်သားတွေအနေနဲ့ ရင်းလိုက်ပါ။ ဥပမာ-အစိုးရက သူတို့ ကိုလွှတ်ပေးမယ်။ ဒေါ်စုက သူတို့ နဲ့ပက်သက်ပြီး အာမခံပေးလိုက်ပါလို့ ပြောတယ်။ အာမခံပေးလိုက်ပါ။ အဓိက သူတို့ လွှတ်ဖို့ အရေးကြီးတယ်။ လွတ်ရင် အနဲဆုံးခိုးကြောင်ခိုးဝှက်နဲ့ နိုင်ငံရေးလုပ်လို့ ရတယ်။ လူတွေနဲ့ ပြန်တွေ့ နိုင်တယ်။ အပြင်လောက ဗဟုသုတကိုဆည်းပူးနိုင်မယ်။ နိုင်ငံရေးနဲ့ အဆက်မပြတ်တော့တဲ့အတွက်ကြောင့်
နောက်တစ်ခုပြောချင်တာက အေအေပီပီပြောတိုင်းမယုံနဲ့ ။ ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုက သူတို့ ကိုလွှတ်ပေးရေး ၀ိုင်းပြီးတောင်းဆိုကြလို့  ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သူတို့ ဘာ့ကြောင့်ထောင်ထဲ ၀င်ရလဲဆိုတာကို သူတို့ သိတယ်။ ထောင်က သူတို့ အိမ်ဖြစ်နေပြီ။
ဒါ့ကြောင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုကို ထောင်ဝင်စာတွေ့ သင့်တယ်။ စကားပြောသင့်တယ်။ ဒီလိုမျိုးတခါမှ ဒေါ်စုမလုပ်သေးဘူး။ နောက်ပြီး ပြည်ပမှာရှိနေတဲ့ ၈၈-အဖွဲ့ တွေနဲ့ လည်း တိုင်းပင်ညှိနှိုင်းသင့်တယ်။ ဒါမှ အသံတူပြီး ကိုယ်ဖြစ်ချင်တာကို ဖြစ်လိမ့်မယ်။ ညှိနှိုင်းမှုမရှိပဲ သွားနေရင် အသံတွေ တစ်ယောက်တစ်မျိုးနဲ့  အခုသွားနေတဲ့လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါတွေကို အခုလည်းမြင်နေရပြီ။
နိုင်ငံရေးမှာဆန့် ကျင်ရတာက လွယ်တယ်။ ခက်တာက ဖြစ်နိုင်ခြေရှိတဲ့အဖြေကို ရှာရခြင်းပဲ။
ဆန့် ကျင်ဖို့ ၊ ဖြုတ်ချဖို့ လောက်ပဲစဉ်းစားနေရင် နိုင်ငံရေးက ဒိထက်ပိုပြီးရှည်သွားနိုင်တယ်။
ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ကိုယ်လည်း နိုင်အောင်မတိုက်နိုင်ဘူး၊ အရည်အချင်းရှိရှိ၊
သတ္တိရှိရှိနဲ့ လည်း ပြည်တွင်းကိုပြန်ပြီး မလုပ်နိုင်ဘူးဆိုရင် ပြည်ပကနေ ပြည်သူ့ အတွက် အကျိုးရှိမဲ့
ဗဟုသုတကိုသာ ရှယ်ပေးကြပါ။ အစိုးရရဲ့  ပ်ါလစီအမှားတွေကို ထောက်ပြကြပါ။
ကိုယ့်မှာရှိတဲ့ အသိပညာကို ပြည်တွင်းမှာသုံးနိုင်အောင်ရှယ်ပေးပါ။
အမြဲတမ်း လူထုအုံကြွမှုကိုဖော်ဆောင်ကြ၊ နအဖကို ဆန့် ကျင်ကြ၊ အရေးတော်ပုံအောင်ရမည်၊ ဒီမိုကရေစီမုချ
ရရမည် ဆိုတဲ့ ခေတ်မရှိတော့ကြောင်း လူကြီးမင်းတို့ ကို အသိပေးအပ်ပါသည်။
10/7/11
တရုတ်ကို ချဖို့ အသင့်ပြင်ပါ
ဒါ့ကြောင့် မြစ်တိုင်းမှာ ဆည်ဆောက်တာကို နေရာဒေသမရွေး ဆန့် ကျင်ရမှာလား။ အားပေးရမှာလားဆိုတဲ့ မေးခွန်းကို စဉ်းစားကြပါ။ တိုင်းရင်းသားတွေအသံတွေကိုလည်း နားထောင်ပါ။
ကျနော့်သဘောကတော့ တရုတ်နဲ့ လုပ်ထားတဲ့စီမံကိန်းမှန်သမျှ ရပ်ပြစ်ဖို့ လိုပြီ။ တရုတ်နိုင်ငံအစိုးရက ကျနော်တို့ တိုင်းပြည်ကို စော်ကားတယ်။ ရသမျှသယံဇာတကို ယူတယ်။သူတို့ က မြန်မာပြည်မှာနေတာမဟုတ်တော့ ဖြစ်လာမဲ့ဆိုးကျိုးတွေကို ကျနော်တို့ တတွေပဲ ခါးသီးပြီးခံစားကြရလိမ့်မယ်။
လူမျိုးရေးမုန်းတီးမှုမပါတဲ့စကား
တရုတ်က လုပ်တဲ့စီမံကိန်းမှန်သမျှ ဒေါ်လာ ဘီလီယံနှစ်ဆယ်ကျော် ဘာညာဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေတယ်။ ဒီလောက်များတဲ့ ကုန်ကျစရိတ်ကို ဘယ်သူက တွက်ချက်တာလဲ။ ကိုယ့်ဟာကိုယ့်တွက်ချက်၊ ကိုယ့်ဟာကိုယ်ဈေးနှုံးသတ်မှတ်။ ပြီးရင် မြန်မာပြည်ပြည်သူတွေက ဆပ်ပေါ့။ ဒီကုန်ကျစရိတ်ကို တရုတ်ကုမဏီတွေကပဲ တွက်ပါတယ်။ တကယ့်အမှန်အကန် ကုန်ကြတဲ့စရိတ်လုံးဝမဟုတ်ဘူး။ ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရကို လုံးဝ စောက်ဂရုမစိုက်ဖို့ အရေးကြီးတယ်။
တကယ်တမ်း ဒီကောင်တွေကျူးကျော်လာရင် မြန်မာတွေအားလုံးညီညီညွတ်ညွတ်
ကျနော့်အမြင်ကတော့ တရုတ်ကျူးကျော်လာပါစေဆုတောင်း
10/2/11
စော်ကားရက်လေကြတယ
ရှင်းရှင်းပြောရရင် နိုင်ငံတကာမှ ရှိတဲ့လူတွေက ဒီလိုမျိုး ရှေ့ ဆက်တိုးလို့ မရအောင် လုပ်သင့်တယ်။
ငွေကြောင့်ပဲ အားလုံးပျက်စီးရတယ်။ အခု ဒီဗွီဘီက ကိုမျိုမင်းအောင်ဆိုတာက မဲ့ဆောက်ကို စရောက်ကတည်းက ကွန်ပြူတာနဲ့  ဆိုင်ကယ်အသစ်နဲ့ ။ အဲဒါ အေအေပီပီအဖွဲ့ ဝင်ပဲ။ လက်တော့ကို ဘယ်သူမှ မကိုင်နိုင်တဲ့အချိန်မှာ သူကလက်တော့နဲ့ ဘန်ကောက်က Dentention Center အခု သူတို့ လင်မယားပါလာသေးတယ်။ ကျနော်နဲ့ တခန်းထဲပဲ။ နိုင်ငံရေးအကျဉ်းသားဆိုပြီး လိမ်စားနေတဲ့ ကောင်တွေလို့ သတ်မှတ်တယ်။
ဒါ့ကြောင့် ဘယ်တော့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို အထင်ကို မကြီးဘူး။ ထောင်ထဲမှာ ငတ်နေတုန်း စောက်ခွက်က တမျိုး။ သူတောင်းစား ထမင်းဝတော့ စောက်ကြီးစောက်ကျယ်နဲ့ နိုင်ငံရေးကို ဘန်းပြပြီး အသားကုန်ခိုးတာ ကောင်းသလား။ သူတို့ ဒီဗွီဘီက ၂ဝ၁ဝ-ခုနှစ် စာရင်းရှင်းတမ်းမှာတောင် မြန်မာငွေသိန်းသုံးထောင်ဆိုရင် ဒီဗွီဘီစထောင်ကတည်းက ဘတ်လိုက်တဲ့ငွေ ဘယ်လောက်ရှိမလဲဆိုတာ သိလောက်ပြီ။
နိုင်ငံရေးအကျဉ်းသားတွေ ရိုးသားတဲ့လူတွေရှိပါတယ်။
တခါတလေ စဉ်းစားမိတယ်။ ဒီလူတွေ နအဖက ထောင်ထဲမှာ နှိပ်စက်တာ နဲတောင်နဲသေးတယ်လို့ ။ စောက်ကျင့်မှ မကောင်းတာ။ ဘယ်သူတွေ ဘာဖြစ်လဲဆိုတာ ထပ်ပြီးပြောရင် ဒီကောင်ဘုန်းကျော် နအဖလူလို့ တံဆိပ်ကပ်အုံးမယ်။ ပြည်ပက ခေါင်းဆောင်တွေထဲမှာ နာမည်မပျက်ပဲ နေတဲ့ ကိုထွန်းအောင်ကျော် ကိုမိုးသီး ကိုကိုဦးနဲ့ အခြားလူတွေကို လေစားမိတယ်။ ဒီလူတွေကို ကြည့်ပြီး ကျနော်လည်း ကိုယ့်နာမည်နဲ့ ပေါ်တင်ရေးတာပါ။ ရှင်းရှင်းပြောရင် သူတို့ က မှန်နေတယ်။
ထပ်ပြီးပြောမယ်။ အခုထိုင်းမှာ ပြည်တွင်းလုပ်ငန်းဆိုပြီး လိမ်စားနေတဲ့လူတွေ သတိထားကြပါ။ တနေ့ ကြရင် ခင်ဗျားတို့ ပါးစပ်ကနေ သွေးအံလိမ့်မယ်။ နောက်ပြီး ဒီဂရုထဲမှာ ခိုးကြောင်းခိုးဝှက်နဲ့ နာမည်မဖော်ပဲ ရေးနေတဲ့ လူတွေလည်း သတိထားပါ။ ငါ့ချီးစောက်ရေးမပါတဲ့ အတွေးအခေါ်တွေ။ လီးတောင် ဒီမိုကရေစီက မင်းတို့ နဲ့ မတန်ဘူး။
မဲ့ဆောက်က မြန်မာအလုပ်သမားတစ်ယာက်က သူများအိမ်က ထမိန်ရုပ်တာတောင် သူတို့ ထက်ဂုဏ်ရှိသေးတယ်။ ငတ်လို့ ရိုးရိုးသားခိုးတာ ဘာဖြစ်လဲ။ ဘယ်သူကိုမှ ခုတုန်းလုပ်ပြီး မခိုးဘူး။ အခု ပြည်တွင်းလုပ်ငန်း ယူဂျီလုပ်ငန်းမှာ ပါတဲ့လူတွေ ဘယ်လောက်သနားစရာကောင်းလဲ။ ထောက်ကျတာနဲ့ ဘာနဲ့ ။ ဒါကိုမှ စော်ကားရက်လေကြတယ်။
10/1/11
DVB က သူခိုးဖမ်းပွဲစပြီ
DVB လိုသတင်းဌာနတစ်ခုကတောင် ငွေကြေးအလွဲသုံးစားမှုရှိတယ်ဆိုရင် ကျန်တဲ့ အဖွဲ့ တွေ ဘယ်လောက်တောင်ဆိုးလိုက်မလဲ။ ဥပမာ နိုင်ငံရေးကို အကြောင်းပြပြီး ငွေတောင်းတဲ့အဖွဲ့ တွေ...NCUB/NCGUB/FDB/ AAPP/ FTUB စတဲ့ ထိုင်းအခြေစိုက်အဖွဲ့ တွေဟာ လွန်ခဲ့တဲ့ ၁ဝ-နှစ်ကျော်ကတည်းက နာမည်အမျိုးမျိုး ခေါင်းစဉ်အမျိုးအမျိုးနဲ့  ပြည်ပအန်ဂျီအိုတွေကနေ တောင်းစားလာတာ ကြာပြီ။ အဲဒိမှာ အဆိုးဆုံးက ပြည်တွင်းယူဂျီလုပ်ငန်းအတွက် သုံးတဲ့ငွေပဲ။ စာရင်းဇယားကို ဘယ်လို ရှင်းရမှန်းတောင်မသိဘူး။ နအဖက ခိုးတယ်။ ပြည်ပ အတိုက်အခံလည်း ခိုးတယ်။ ပြည်တွင်းက အတိုက်အခံတွေကလည်း လိမ်စားတယ်။ အားလုံးတော့မဟုတ်ဘူး။ ဒါတွေကို ပေါ်တင်ရှင်းရှင်းလင်းလင်း မြင်ရမဲ့နေ့ က လွတ်ငြိမ်းချမ်းသာခွင့်ပေးမှ ရလိမ့်မယ်။ ဒါမှ ဘယ်သူဘာလဲဆိုတာ ရှင်းပြီ။ အခုတော့ တချို့ သော ခေါင်းဆောင်ကြီးတွေကို ရှစ်ခိုးကြအုံးပေါ့။
9/30/11
Thank you U Thein Sein
9/28/11
ဝေလေလေ နိုင်ငံရေးလား?
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေအားလုံးပေါင်းရင် ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ကရင်မှာလည်း တဖွဲ့ နဲ့ တစ်ဖွဲ့ က မတူ။ ကချင်းမှာလည်းကွဲလို့ ကွဲ။ ပြောရရင် သူတို့ အချင်းချင်းတောင်မတည့်ဘူး။ ဒီလိုအဖွဲ့ တွေပေါင်းစုံ လိုချင်နေတာကတော့ နိုင်ငံရေးအရတန်းတူဆွေးနွေးရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တမ်း မညာစတမ်းပြောရရင် သူတို့ ဘာလိုချင်တာလဲဆိုတာကို ယနေ့ အထိ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဥပမာ နိုင်ငံရေးအရတန်းတူဆွေးနွေးချင်
ကိုယ်ပိုင်ပြဌာန်းခွင့်ပဲခေါ်ခေါ် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပဲပြေြာေ
ဒါ့ကြောင်လက်ရှိတိုင်းရင်းလက်
အခုလက်ရှိကာလမှာ လုပ်သင့်တဲ့အလုပ်က တဖွဲ့ တည်းဖြစ်ဖို့ လိုတယ်။ ဥပမာ ကရင်ပြည်မှာဆိုရင် လက်နက်ကိုင်တပ်တွေက အများကြီး။ ဒီကေဘီအေ၊ ကေအန်ယူ နဲ့  ဗိုလ်ချုပ်ထိန်မောင်တို့ လို အဖွဲ့ တွေလည်းရှိနေသေးတယ်။ ဒီအဖွဲ့ တွေကို တစ်ဖွဲ့ တည်းတစ်သံတည်း ဖြစ်အောင် မလုပ်နိုင်သမျှကာလပတ်လိုး ဘယ်တော့မှ နအဖအစိုးရကို သွားပြီးမဆွေးနွေးနဲ့ ။ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတူပဲ။ အရင်ဦးဆုံးလုပ်သင့်တာက တဖွဲ့ တည်း တစ်သံတည်းကို အတိအကျဖြစ်ဖို့ လိုနေပြီ။ အခုလက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုး
ဒ့ါအပြင် ပြည်ပက ပြည်ပြေး ၈၈-မျိုးဆက်လို့ ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အတိုက်အခံတွေလည်း ကိုယ်လိုချင်တာကို အတိအကျရှိဖို့ ကောင်းနေပြီ။ အဖွဲ့ အစည်းတစ်ခု ခေါင်းဆောင်တစ်ခုအောက်မှာ ရှိသ့င်နေပြီ။ ပြန့် ကျဲနေတဲ့ အသံပလံတွေကတော့ ထုံးစံအတိုင်းရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ က ဘာကို အသေအချာရတော့မှ အစိုးရကို အတိုက်အခံလုပ် ဆန့် ကျင်နေတာကို ရပ်မှာလဲ။ အခုတော့ တောင်းဆိုချက်တွေက အရမ်းကြီးပြီးနေလားလို့ ပါ။ ဥပမာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကပြောတဲ့ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိ
တိုင်းရင်းသားတွေကော ပြည်ပက ၈၈-ပြည်ပြေးတွေကော ဟိုပုန်းဒီကြပ်လုပ်နေတဲ့ ဗကပတွေကော အာလုံးသော နိုင်ငံရေးစိတ်ဝင်စားသူတွေ စဉ်းစားသင့်တာက ပန်းတိုင် အတိအကျ ရှိသင့်နေပြီ။ အခုရှိတဲ့ပန်းတိုင်တွေက ဆင်ရဲ့ ဟိုဟာ ခွေးမျှော်နေရတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေမလားပဲ။ ရည်ရွယ်ချက်တွေက အရမ်းကြီးတယ်။
နောက်တစ်ချက်က အခုလက်ရှိ ပြည်ပလူတွေက ဘယ်သူ့ ကို ခေါင်းဆောင်တင်ရမှာလဲ။ ဘယ်အဖွဲ့ အစည်းကို အားကိုးရမှာလဲ။ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီတော့ရှိတာပေါ့။ အခုတော့ ကျနော်တို့ ပြည်ပရောက်အတိုက်အခံတွေမှာ ခေါင်းဆောင်မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်လို့ ခေါ်တဲ့ လူတွေကလည်း ချီးပေတွေချည်းပဲ။
လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ဆက်ဆံတဲ့ပုံစံက သူဖြစ်ချင်တာတွေ မြန်မြန်ကောင်အထည်ဖော်အောင် မြန်မြန်ပြီးအောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး ကူခိုင်းတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကို
အခုပုံစံက နိုင်ငံရေး ဦးတည်ချက်တွေကို အတိအကျ ရှိဖို့ လိုနေပြီ။ တိုင်းလို့ ရတဲ့ပေတံကိုလည်း ရှိသင့်တယ်။ အချိန်ကာလရှိသင့်တယ်။ အခုတွေ့ ရသလောက် တောင်းဆိုနေတဲ့ အရာတွေက ဘာမှ မတိကြဘူးလို့ ထင်တယ်။ ဥပမာ နိုင်ငံရေးအဖွဲ့ အစည်းတွေတောင်းဆိုနေတာကို ကြည့်ကြည့်ပါ။
၁) စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး။
၂) တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၃) ဒီမိုကရေစီးရေး
၎) ပြည်တွင်းငြိမ်းရေး။
ဒါတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်နားလည်တာက တမျိုးဖြစ်နေတယ်။ ဒီလိုရည်မှန်းချက်တွေဟာ အရမ်းကို ကြီးနေလားမသိဘူး။ တိုင်းပြည်မှာ ရှိသင့်တဲ့အရာတွေတော့မှန်တယ်။ ဒါပေမဲ့ အခုတော့ ဝေလေလေပဲ။
ကျနော် သူပုန်လုပ်တုန်းက ခံစားချက်တမျိုးပဲရှိတယ်။ ဒါကတော့ ငါတို့ အခုလို ဆင်းရဲတာဟာ အစိုးရမကောင်းလို့ ဆိုတဲ့ခံစားချက်တစ်ချက်ပဲရှိ
9/26/11
ဆန္ဒပြသူတွေ မှန်တယ်
9/22/11
ဦးသိန်းစိန်ဘောကို "မ" ကြပါ
္ဏ္ဒ္ဒကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တာဆူနေပြီဆိုတာကို လူတိုင်းသိတယ်။ အခုထိတော့ စကားပဲပြောပါသေးတယ်။ လက်တွေ့ တွေတော့ ဘာတစ်ခုမှ မပါသေးဘူး။ လက်တွေ့ ဆိုတာက ကျနော်တို့ လိုချင်တဲ့..
၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို တတိုင်းပြည်လုံးလုပ်ပါ။
၂။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့ နိုင်ငံရေးအရ တန်းတူဆွေးနွေးပြီး ရာသက်ပန် အပစ်ရပ်ကြပါ။
၃။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီး လူတိုင်းနိုင်ငံရေးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆန္ဒပြခွင့် ပေးပါ။
၎။ သတင်းလွတ်လပ်ခွင့်ပေးပါ။
၅။ ဘာပြဿနာပဲဖြစ်ဖြစ် ပါးစပ်နဲ့ ဖြေရှင်းပါ၊ လက်မပါကြပါနဲ့ ။
ဒါတွေက ကျနော်လိုချင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လက်ရှိစာရေးနေတဲ့အချိန်ထိ ရပြီလားဆိုတော့ လုံးဝမရသေးဘူးလို့ ပြောနိုင်တယ်။ နဲနဲလေးရတာကလွဲရင်ပေါ့။
အခုအချိန်မှာ သူတို့ အစိုးရကော အတိုက်အခံခေါင်းဆောင်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော နှစ်ဘက်စလုံးက အပြောင်းအလဲတွေ စတင်အကောင်အထည်ဖော်နေပြီလို့ ပြောနေတာကို လူတိုင်းသိပါတယ်။ ဒီနေရာမှာ ပြည်ပက လူတွေပြန်လာခဲ့ပါဆိုတဲ့ အပြောင်းအလဲက သေးသေးလေးပါ။ စကားထဲတောင်ထည့်ပြောစရာမလိုပါဘူ
သူတို့ ဒီလိုမျိုးလုပ်နေတာကို ကျနော်က အရင်အတိုင်း မယုံဘူး။ လိမ်နေတာဖြစ်တယ်။ ဟိုဟာ အရင်လုပ်ပါ။ ဒါတွေအရင်လုပ်ပါဆိုပြီး ခွကျကျ စကားကို အချိန်မရွေးပြောလို့ ရ တယ်။ အခုထိလည်း စစ်အစိုးရက ယုံချင်စရာမှ မကောင်းတာ။ ကျနော်တို့ ဗမာအချင်းချင်းတောင် မဟုတ်ဘူး နိုင်ငံခြားသားတွေတောင် သိတယ်။ ဒါပေမဲ့ သူတို့ ကောင်းတဲ့ ခြေလှမ်းနဲ့ လှုပ်ရှားမှုတွေလုပ်နေတာကို ကောင်းတယ်လို့ ပြောသင့်တယ်။ ကြိုဆိုသင့်တယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒီလူကတော့ လိမ်နေတာကွာဆိုပြီး ဘေးထိုင်ဘိုင်ကြ ဘုစကားပြောနေမဲ့အစား လက်တွေ့သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ အချိန်ကာလတစ်ခုအထိ ဒီလူတွေ လိမ်တယ်ဆိုတာ မှန်နေရင်တော့ ဆက်ပြီးမပေါင်းနဲ့ ပေါ့။ ကိုယ့်လမ်းကိုယ်ဆက်ပြီးလျှောက်ေ
အခုကာလမှာ လူတစ်ချို့  အဖွဲ့ အစည်းတစ်ချို့ ပူးပေါင်းဆောင်ရွက်နေတာဟာ တကယ်မှန်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမှ မသွားရင် အရင်တုန်းကလမ်းစဉ်ကကော အလုပ်ဖြစ်လို့ လား။ ကျနော်က ဒီလိုမျိုး အစိုးရလုပ်နေတာတွေကို ချီးကျူးအားပေးပြီး အကောင်းစကားပြောနေတာက ရည်ရွယ်ချက်ရှိတယ်။ ဒါကတော့ အစိုးရကို အိမ်ပြန်ချင်လို့ ဖားနေတာမဟုတ်ဘူး။ သူ့ ကိုဖားမှ အိမ်ပြန်လို့ ရတာမဟုတ်ဘူး။ ရွယ်ရွယ်ချက်ကတော့ အခုလုပ်နေတဲ့အရာတွေကို မြန်မြန်ဖြစ်စေချင်တယ်။ ဒိထက်ပိုကောင်းလာစေချင်တယ်။ မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်လေး မြင်နေရတာကြောင့် အခုလို အကောင်းစကားပြောခြင်းဖြစ်တယ်။ အရင်တုန်းကအတိုင်း ငါးလိုးမသား သိန်းစိန်နှင့် ဝန်ကြီးများ ဗိုလ်ချုပ်ကြီးများ နှင့် ကပ်ဖားရပ်ဖားကောင်တွေကြောင့် တိုင်းပြည်ပျက်ရတာ ဘာညာဆိုပြီး အာလို့ ရတယ်။ ရွှီးလို့ ရတယ်။ ဒါပေမဲ့ ယနေ့ မှာ ဒါတွေမလုပ်ချင်ဘူး။
ဒါ့ကြောင့် အပျက်စကားပြောတာက လွယ်တယ်။ ဒါတွေကို ပြည်ပအတိုက်အခံတွေအားလုံးနီးပါး ပြောလာခဲ့တာကြာပီ။ အစိုးရက ကြက်ဆူပင်စိုက်လည်း စိုက်ပြန်ပြီ။ အစိုးရက တိုက်လေယာဉ်တွေ ဝယ်ပြန်ရင်လည်း ငွေကိုဖြုန်းတယ်လို့ ပြောတယ်။ ဆိုတော့ အစိုးရဘာပဲလုပ်လုပ် အစိုးရကို အတိုက်အခံလုပ်ပြီး ကန့် လန့် လုပ်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တခါတလေ သူတို့ လုပ်ရပ်တွေဟာ အကုန်လုံးမှားတယ်လို့  ဘယ်ဘိုးအေက ပြောလဲ။ ကောင်းတာလည်း ရှိပါတယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်နေတာကို မလုပ်နဲ့ လို့ ပြောလို့ မရဘူး။ ပြည်သူတစ်ဦးအနေနဲ့ ကောင်းတယ်ဗျာ...လန်းတယ်ဗျာ...
ဒါ့ကြောင့်အားလုံး ဝိုင်းပြီး အားပေးကြ။ ကူညီကြ။ ဖြစ်နိုင်ရင် ဦးသိန်းစိန်ရဲ့ တစ်ခုတည်းသော လဥတစ်လုံးတည်းကို ဝိုင်းပြီးမကြ။
ဘုန်းကျော်
9/21/11
May Be??
ဒေါ်စုဦးဆောင်တဲ့ အတိုက်အခံနဲ့  လက်ရှိအစိုးရတို့ ပူးပေါင်းပြီး အစိုးရတစ်ခုဖွဲ့ မှာလား။ ဒေါ်စုကို အစိုးရအဖွဲ့ ထဲမှာ တစ်ဦးတည်း ပါခွင့်ပေးမှာလား။ ဦးဝင်းတင်တို့ ၊ ဦးတင်ဦးတို့ကတော့ အသက်ကြီးပြီဆိုတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ တရုတ်လုပ် ရေဒီယိုအစုတ်လေးနဲ့  သွားနေဆိုတဲ့ သဘောလား။ သို့ လောသို့ လော မေးခွန်းတွေကို ကျနော့်ခေါင်းထဲမှာ တန်းစီနေတယ်။ ဒေါ်စုကတော့ ပြောချိန်မတန်သေးလို့ မပြောသေးတာလို့ ဆိုပြီး ကွမ်းချေးထပ်တဲ့လေသံနဲ့ ဦးညဏ်ဝင်းက သူ့ နာမည်နဲ့ လိုက်အောင် ညဏ်များပြန်ပြီ။ အခုပြောလဲ ဒီစကားပဲ၊ နောင်ပြောလဲ ဒီစကားပဲ။ ဒါနဲ့ များ ပဲ များနေရသေးတယ်။
အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ပြောတဲ့စကားကို မကြိုက်ဘူး။ " ဖြစ်နိုင် " ဆိုတဲ့ စကားလုံးက မသေချာဘူးလို့ ကျနော်ထင်တယ်။ ဒီစကားလုံးအစား ဖြစ်လာလိမ့်မယ်လို့ ပြောရင်မကောင်းဘူးလား။
9/20/11
Myanmar Licence and Policy
" ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွှဲWeekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီ ကားအိုကြီးတွေကို မမောင်းရတော့ဘူး။ ဒီကားတွေဟာ မြို့ အင်္ဂါရပ်နဲ့ မညီမညွတ်ဘူး။ အန္တရာယ်ရှိတယ်။ အိတ်ဇောပိုက်က ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ေ ဒါဆိုရင် ဒီနေရာမှာ ဘယ်လိုမျိုး ဒိထက်ကောင်းတဲ့အိုင်ဒီယာကို မင်းအနေနဲ့ ပေးမလဲလို့ မေးရင် ကျနော်က ဒီလိုပြောချင်ပါတယ်။ ကားတွေ အလွန်အမင်းအိုနေတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကိုပဲ အဓိက စဉ်းစားရမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ကားအသစ်တွေကိုလည်း ဆက်ပြီးတင်သွင်းပါ။ ဒါက လုပ်သင့်တဲ့ကိစ္စ။ မသွင်းပဲထားရင် ကားဈေးတွေက ကြီးသထက်ကြီးလာတယ်။ နိုင်ငံခြားမှာ ဒေါ်လာ တစ်ထောင်တန်ကားက မြန်မာပြည်မှာ သိန်းလေးငါးရာ ပေးရတာက သဘာဝမကြဘူး။ သိန်းလေးရာဆိုတာက ဒေါ်လာ လေးသောင်းကျော်ရှိတယ်။ ဒီငွေနဲ့ သာဆိုရင် သြစတျေးလျမှာ ပရာဒိုနောက်ဆုံးပေါ်တောင် ဝယ်လို့ ရတယ်။ ဒီလို ပေါ်လစီတွေဟာ အဓိက ပြည်သူတွေကိုပဲ ထိခိုက်စေတယ်။ အာဏာပိုင်တွေကတော့ ထောတာပေါ့။ ဒါက အရမ်းကို လူလည်ကြတဲ့ ကိစ္စ။ ကားဟောင်းတွေက ပြဿနာမဟုတ်ဘူး။ ပြဿနာက လူတွေနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ ဆိုပြီး အထက်မှာပြောခဲ့တယ်။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Safety လို့ ခေါ်တယ်။ ဒါတွေကောင်းနေသမျှကာလပတ်လုံး ကားဟောင်းလည်း အသုံးဝင်တယ်။ လူတွေကို အန္တရာယ်မပေးဘူး။ Safety က ဘာလဲဆိုတာကို သိသလောက်ရှင်းပြမယ်။ ကားမှာ ရှေ့ မီးနောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီး၊ ခါးပတ်၊ ကားတာယာ၊ ဆီယိုမှု၊ ဘရိတ်၊ ကားဘော်ဒီ၊ စတဲ့ အရာတွေဟာ သတ်မှတ်ထားတဲ့ စံနှုံးအတိုင်းရှိနေရင် ဒီကားဟာ အန္တရာယ်ကင်းတယ်။ ဒါကို တနှစ်တခါ ကားကျွမ်းကျင်သူအာဏာပိုင် ( Inspector) က ပုံမှန်စစ်ဆေးရမယ်။ သတ်မှတ်ထားတဲ့ Standard မှီရင် ကားလမ်းပေါ်မှာ မောင်းနိုင်မယ်။ မမှီရင် မှီတဲ့အထိပြင်ပါ။ သြစတျေးလျနိုင်ငံမှာ ကျနော့်ရဲ့ ကားကို ပုံမှန် တနှစ်တခါ စစ်ဆေးရတယ်။ စစ်ဆေးခကို ပေးရတယ်။ ဒီဌာနက ဒီငွေတွေနဲ့ လည်ပတ်တယ်။ အစိုးရတောင်အခွန်ရတယ်။ ကားပိုင်ရှင်ကော ကားမရှိတဲ့လူတွေကောဟာ အကျိုးရှိတယ်။ တချို့ ကားတွေဆိုရင် နှစ်ပေါင်း ၇ဝ-လောက်ရှိပြီ။ ဒီကားတွေကိုလည်း သြစတျေးလျအစိုးရက အိုနေပြီ...ဒါ့ကြောင့် သံရည်ကျိုစက်ပို့ ပါ။ မမောင်းပါနဲ့ လို့ မပြောဘူး။ ဥပဒေလည်း မထုတ်ဘူး။ ဒါပေမဲ့ ကားတိုင်းက Safety Standard ကိုလိုက်နာရတယ်။ မလိုက်နာရင် မှတ်ပုံတင် ( Registration ) မထုတ်ပေးဘူး။ မထုတ်ပေးတော့ ကားပိုင်ရှင်က သူ့ ကားကို စေ့ဖ်တီးစည်းကမ်းနဲ့  ကိုက်ညီအောင်ပြင်တယ်။ ပြင်ပြီးရင် အင်စပတ်ရှင်ဝင်တယ်။ အင်စပတ်တာက အောင်တယ်ဆိုမှ ဒီကားဟာ လမ်းပေါ်တက်ရတော့တယ်။ ဒါက ကျနော်နားလည်တဲ့ အကြမ်းဖျင်း။ ဒီဥပမာတွေကိုကြည့်ရင် ကားဟောင်းတွေ ကားအိုကြီးတွေကို ဘာ့ကြောင့်များ လွှင့်ပြစ်ရမှာလဲ။ ကားအိုကြီးတွေချစ်တဲ့ လူတစ်ချို့ ဆိုရင် ၁၉၄ဝ-လောက်ကတည်းက ကားတွေကို သေသေချာချာလှလှပပပြင်ပြီး အမြတ်တနိုးစီးကြတယ်။ အလှပြကြတယ်။ ဒီကားတွေကလည်း နောက်ဆုံးပေါ်ကားတွေထက်ဈေးအရမ် နေက်တစ်ခုရှိသေးတယ်။ ကားအိုတွေရဲ့ အင်ဂျင်တွေက အရမ်းဟောင်းနေပြီ။ အိုနေပြီဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့် ဒါ့အပြင် မြန်မာပြည်မှာ ယဉ်မောင်းလိုင်စင်ထုတ်ပေးတဲ့စည် သြစတျေးလျနိုင်ငံရဲ့ ကားလိုင်စင်က မြန်မာပြည်မှာဆိုရင် မှတ်ပုံတင်ပဲ။ အရမ်းအရေးကြီးတယ်။ ဒီနိုင်ငံကရတဲ့ ယဉ်မောင်းလိုင်စင်နဲ့  ကြိုက်တဲ့နိုင်ငံကိုသွား....နို သူများနိုင်ငံတွေက စည်းကမ်း နဲ့ စနစ်ကောင်းတော့ သက်ဆိုင်ရာ နိုင်ငံကလူတွေက အကျိုးခံစားခွင့်ရှိစေတယ်။ မျက်နှာမငယ်ရဘူး။ အခုတော့ မြန်မာပြည်ရဲ့ ယဉ်မောင်းလိုင်စင်ထုတ်ပေးမှု စနစ်ကြောင့် အကုန်လုံးနစ်နာကြရတယ်။ ဒါကို ပြင်လိုက်ရင် ဘယ်လောက်ကောင်းမလဲဗျာ။ လိုင်စင်ထုတ်ပေးတဲ့ရုံးက ညွှန်ကြားရေးမှုးများ၊ မန်နေဂျာများအနေနဲ့ ပြည်ပထွက်ပြီး သူများနိုင်ငံကကောင်းတဲ့အတုကို ခိုးကြပါအုံးလို့ ပဲ ပြောချင်ပါတယ်။ နောက်ပြီး ယဉ်းမောင်းသူတိုင်းအနေနဲ့ အထူးသတိထားရတာက ကိုယ့်အတွက်လည်း အန္တရာယ်ရှိတယ်။ သူများတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ ကားမောင်းသင်တိုင်း Defensive Driving လို့ ခေါ်တဲ့ နည်းကိုသုံးတယ်။ ဗမာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ ဒါ့ကြောင့် ကျနော့်အနေနဲ့  အခု မြန်မာပြည်မှာတွေ့ နေမြင်နေကြားနေရတဲ့ ကားအိုကြီးတွေကို သံရည်ကျိုစက်ပို့ မဲ့ကိစ္စ၊ ကားလိုင်စင်ထုတ်ပေးတဲ့ကိစ္စတွေကု |
9/19/11
To Minister for Enviroment and Forest (Myanmar)
၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့  နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်
၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီး
ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ့ သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးန
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့ တွေ ထိုင်းနိုင်ငံမှာရှိပါတယ်။ သူတို့ က အန်ဂျီအိုတွေဖြစ်ပါတယ်။ ဒီအဖွဲ့ တွေက နှစ်ပေါင်းများစွာ ပြည်ပကနေ သူတို့ စိတ်ဝင်စားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စေ
9/18/11
ထိပ်သီးသူဌေးကြီးတွေ နှင့် အလှူအတန်း
သူများတွေ ဘယ်နေရာကိုလှူကြသလဲ
သြစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့...မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို့ ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ့ အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့...ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ့ ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ့ အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို့ ရအောင်လုပ်ပေးတယ်။
တချို့ သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ့ ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို့ တွေက သူတို့ မြို့ တွေမှာ အပန်းဖြေစရာ ပန်းခြံတွေ နဲ့  စာကြည့်တိုက်တွေကိုလှူဒါန်းတယ်။ ဒီလိုမျိုးလှူဒါန်းမှုတွေက နိုင်ငံတည်ဆောက်ရေး ( Nation Building ) မှာ အရမ်းအရေးကြီးတယ်။ တချို့ သော စီမံကိန်းတွေက အစိုးရကိုပဲ အားကိုးနေလို့ မရပါ။ ဒါ့ကြောင့် ပိုက်ဆံချမ်းသာတဲ့လူတွေကလည်း တခါတလေ အစိုးရစဉ်းစားသလို စဉ်းစားပေးရတယ်။ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ပေးရပါတယ်။ ဒါမှ တရားမျှတပြီး ညီညွတ်တဲ့လူ့ ဘောင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။
မြန်မာတွေဘယ်နေရာမှာ လှူဒါန်းကြသလဲ
အများဆုံးတွေ့ ရတဲ့ နေရာကတော့ ဘုရားတည်တယ်။ ကျောင်းဆောက်တယ်။ ဘုန်းကြီးတွေကိုလှူတယ်။ ဗုဒ္ဓဘာသာက လူများစုဖြစ်တော့ ဒီလိုလှူတာကို အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ ဒီလိုနေရာတွေကို ဦးစားမပေးသင့်တော့ဘူး။ အနော်ရထာမင်းတရားကြီးခေတ်မှာ ဆောက်လိုက်တဲ့ ဘုရား နဲ့ ကျောင်းတွေဟာ နဲ တာမဟုတ်ဘူး။ သူကစလို့  သီပေါမင်းအဆုံး တည်လိုက်တဲ့ဘုရား။ ကုန်ကုန်ပြောရရင် လက်ရှိ မင်းတရားကြီးသန်းရွှေခေတ်အထိ တည်လိုက်တဲ့ဘုရား ကုန်လိုက်တဲ့ငွေ နဲတာမဟုတ်ဘူး။ ဘယ်လောက်ကုန်လဲဆိုတာကို ယနေ့ ခေတ်ပေါက်ဈေးနဲ့ တွက်ကြည့်ချင်ပေမဲ့ မှတ်တမ်းမှတ်ရာမရှိတော့ မဖြစ်နိုင်ဘူး။ တကယ်လို့ သာ ဘုရင်အဆက်ဆက်က ဒီလိုဘုရားတွေကို ပေါက်ကရ နေရာတကာမတည်ပဲ အထက်ကပြောတဲ့သူဌေးကြီးတွေလှူတဲ့ နည်းအတိုင်းလှူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆိုရင် အခုလိုမျိုး လူတိုင်းရဲ့ ခေါင်းထဲမှာ ခိုးဖို့ ဘတ်ဖို့ ဆိုတဲ့ အတွေးအခေါ်တွေရှိမှာ မဟုတ်တော့ဘူး။ ဘုန်းကြီးဦးရေလည်း ဒီလောက်များမှာမဟုတ်ဘူး။
သြစတျေးလျနိုင်ငံမှာ အနေကြာပြီဖြစ်တဲ့ မြန်မာတစ်ယောက်က သူ့ ရပ်ရွာကို အလည်ပြန်တယ်။ သူလည်း သြစတျေးလျမှာနေလာတာ နှစ်ပေါင်း ၂ဝ-ကျော်ပြီဆိုတော့ ငွေလည်း အတော်စုမိနေပြီ။ မြန်မာပြည်က သူ့ ရွာလည်းရောက်ရော ဘုန်းကြီးကျောင်းဆောက်တယ်။ ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားတစ်ယောက်ပဲရှိတယ်။ ကုန်တဲ့ငွေက မြန်မာငွေသိန်းနှစ်ရာကျော်။ ဒေါ်လာသုံးသောင်းနီးပါး။ ဘုရားနဲ့ ကျောင်းမှာတော့ သူ့ နာမည်က အကြီးကြီးပေါ့။ ဦးသြစတျေးလျကောင်းမှုလို့ ရေးထားတယ်။ အဲဒိရွာမှာ စေတီတစ်ဆူရှိတယ်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ဒီလိုရှိနေတာတောင် ဘာဖြစ်လို့ များ နောက်ထပ်စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းကို ထပ်ပြီးဆောက်ရလဲမသိဘူး။ ဒါတွေအစား ရွာမှာလိုအပ်နေတဲ့ အခမဲ့ အင်တာနက်ဆိုင်လေးလှူလိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ ကျနော်တွေးမိတယ်။ သူတစ်ယောက်တည်း ဒီလိုမျိုး ဘုရားတည်တာလားဆိုတော့ မဟုတ်ဘူး။ တခြားဗမာတွေလည်း ဒီအတိုင်းပဲ။ အနဲစုကတော့ သူ့ တို့ ရပ်ရွာမှာ စာသင်ကျောင်းအတွက် ငွေလှူတယ်။ ကျောင်းပြင်တယ်။ ဒါကိုတော့ မဆိုးဘူးလို့ ပြောချင်တယ်။ တိုက်ရိုက်အကျိုးခံစားခွင့်ရနိုင်လို့ ပါ။ အနဲဆုံး ခလေးတွေလုံလုံခြုံခြုံစာသင်နိုင်မယ်။ ဒါပေမဲ့ မြန်မာအများစု အထူးသဖြင့် လူကြီးတွေပေါ့ သူတို့ စဉ်းစားချက်က တလွဲများဖြစ်နေလားမသိဘူး။ ကျနော်ကတော့ လွဲတာမှ အတော်လွဲတယ်လို့ ပြောချင်တယ်။
မြန်မာနိုင်ငံက သူဌေးတွေ ကပ်စေးနဲသည်
မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက လှူဒါန်းတာ ဝါသနာမပါကြဘူးထင်တယ်။ မီဒီယာမှာ မြင်တွေ့ နေရတဲ့ သူဌေးကြီးတွေရှိတယ်။ ဥပမာ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးခင်ရွှေ၊ ဦးဝင်းအောင် စတဲ့ သူဌေးကြီးတွေဟာ ကပ်စေးနဲကြသလားလို့ ပါ။ ကျနော်ပဲ သူတို့ လှူတာကို မတွေ့ လို့ များလား။
ဆင်းရဲသားတွေ၊ သာမန်ချမ်းသာသူတွေတော့ လှူကြတာများပါတယ်။ ဒါကို စာရင်းနဲ့ ဖော်ပြရင် ပြီးမှာမဟုတ်ဘူး။
ကျနော်တွေးမိတာက လက်ရှိမြန်မာနိုင်ငံမှာ အရမ်းကို ချမ်းသာနေတဲ့လူတွေဟာ ကပ်စေးနဲတယ်။ ဆင်းရဲတဲ့သူတွေဟာ ကပ်စေးမနဲဘူး။ ဒါက လက်ရှိနိုင်ငံရေးကာလမှာ ကျနော်နိဂုံးချုပ်မိတဲ့ အချက်။ သူဌေးတွေဟာ ငွေကို ဘယ်ဂွင်ကနေ ဘယ်လိုရအောင်ဖန်ရမလဲဆိုတာကိုပဲ တချိန်လုံးစဉ်းစားနေကြတယ်။ နဲနဲပါးပါးပြန်ပေးဖို့ စိတ်ကူးမရှိကြတော့ဘူး။ ဒါလား ယဉ်ကျေးတဲ့ဗမာ။
အရမ်းချမ်းသာတဲ့သူတွေက ပိုပြီးလှူသင့်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ က လူနဲစုဖြစ်တယ်။ ဒီလူနဲစုက လူများစုဖြစ်တဲ့ ဆင်းရဲသားတွေရဲ့ လုပ်အားကြောင့် ချမ်းသာတယ်။ နောက်တစ်ချက်က တိုင်းပြည်ရဲ့ သယံဇာတကြောင့် ချမ်းသာတယ်။ ဆင်းရဲသားတွေကော၊ တိုင်းပြည်ရဲ့ သယံဇာတတွေကောဟာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။ သူတို့ လုပ်စားတက်လို့ ချမ်းသာတာကိုတော့ လက်ခံတယ်။ ဒါပေမဲ့ အဓိက တိုင်းပြည်နဲ့ ပြည်သူကြောင့်ပဲ။
ဒီလောက်ချမ်းသာနေကြပြီပဲ။ ဆိုတော့ သူတို့ ချမ်းသာတဲ့ အပုံဆယ်ပုံမှာ တစ်ပုံလောက်ကိုတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပြန်လည်ဝေမျှသင့်တယ်။ တနည်းပြောရရင် လှူသင့်တယ်။ ဒါမှ တရားမျှမှာပေါ့။
သူတို့ ကတော့ ဒေါ်လာသိန်းကျော်တန်ကားကြီးနဲ့ ပျော်ပါးနေကြတယ်။ အကောင်းဆုံးတိုက်ကြီးထဲမှာ အကောင်းဆုံးပစ္စည်းတွေနဲ့ ဇိမ်ခံကြတယ်။ ကြိုက်တဲ့အစားအစာကို စားလို့ ရတယ်။ သူတို့ ဒီလိုဖြစ်နေတဲ့အချိန်မှာ လူများစုဖြစ်တဲ့ ပြည်သူတွေကတော့ ငတ်ပြတ်စုတ်ပြတ်ပြီး အဟာရမပြည်တဲ့ရုပ်တွေနဲ့ ။ ဒါတွေကို သူတို့ မိုလို့  ချမ်းသာရဲ့ သားနဲ့  ကြည့်ရက်လေတယ်။ ဒါတွေကိုကြည့်ရင် ဒီလူတွေဘယ်လောက် အတ္တကြီးတယ်ဆိုတာ ပေါ်လွင်တယ်။
လှူသင့်တဲ့နေရာ
သူဌေးကြီးတွေအတွက် လှူသင့်တဲ့နေရာတွေ တိုင်းပြည်မှာ အများကြီးရှိပါတယ်။ ဒီနေရာတွေထဲမှာ ဘုန်းကြီးကျောင်းနဲ့ ဘုရားတည်တာကို ကျနော်မပြောချင်ဘူး။ ဒီနေရာတွေကို မလှူစေချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စီးပွားရေးအရကြည့်ရင် အရင်းသေသွားတယ်လို့ ပြောချင်တယ်။ အရေးတကြီးလှူသင့်တဲ့နေရာတွေအများကြီးရှိတယ်။ ဥပမာ နားဂစ်စ်ဒုက္ခသည်တွေကို လှူသင့်တယ်။ သူတို့ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ နောက်ပြီး ပညာရေးလုပ်ငန်းတွေ၊ သုတွေသနလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ လှူသင့်တယ်။ ဒီလိုလိုအပ်နေတဲ့ နေရာတွေကို ဦးစားပေးအနေနဲ့  သူဌေးကြီးတွေ ကူညီသင့်တယ်လို့ ကျနော်ထင်တယ်။ ဘုန်းကြီးကျောင်းဆောက်၊ ဘုရားတည်၊ ဘုန်းကြီးတွေအတွက် မလှူရဘူးလို့ မပြောဘူး။ ဒါပေမဲ့ ဦးစားမပေးသင့်ဘူး။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်းအရေအတွက်၊ စေတီပုထိုးအရေအတွက်တွေဟာ အင်မတန်များတယ်။ စာရင်းဇယား အတိအကျ မရှိပေမဲ့ အင်မတန်များတယ်လို့  ပြောနိုင်တယ်။ ဒါ့ကြောင့် ထပ်ပြီးအသစ်ဆောက်စရာ တည်စရာမလိုတော့ဘူးလို့ ပြောချင်တယ်။
ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်တော့ ဂျပန်သူဌေးကြီးတွေဟာ မြန်မာနိုင်ငံကသူဌေးကြီးတွေလို ဖာသိဖာသာမနေကြဘူး။ သူတို့ ချမ်းသာတဲ့ အထဲက ပြန်ပြီးဖဲ့ပေးကြတယ်။ ဘယ်သူတွေဘယ်လောက်ပေးလဲဆိုတာကို ဒီနေရာမှာ အနဲငယ်ပြောပြချင်တယ်။ တာဒါရှီဆိုတဲ့ သူဌေးကြီးက သူ့ ရဲ့ ကိုယ်ပိုင်ငွေထဲနေ ဂျပန်ယမ်းငွေ သန်းတစ်ထောင်လှူတယ်။ သူ့ ရဲ့  Company ကလည်း ယမ်းငွေ သန်းလေးရာလှူတယ်။ မြူးဇစ်ပရိုဂျူဆာဖြစ်သူ အက်စုစီ အာကီမိုတို (Music producer Atsushi Akimoto) ဆိုသူက ဂျပန်ယမ်းသန်းငါးရာလှူတယ်။ သူတို့ အပြင် တောင်ကိုရီးယား နဲ့ တရုတ်သူဌေးကြီးတွေလည်း လှူကြတယ်။ သူတို့ ထဲမှာ ထူးခြားတာက တရုတ်သူဌေးကြီး လီလျံနာချန်က Chen Guangbiao ဂျပန်ယမ်း တစ်ဆယ့်သုံးသန်းပဲလှူဒါန်းပါတယ်။ ကပ်စေးနဲတဲ့ တရုတ်။ ဒါက ဂျပန်မှာ ဆူနာမီခံရတုန်းက ဂျပန်သူဌေးတွေ သူတို့ လူမျိုးကို ပြန်ပြီးကူညီတဲ့ကိစ္စ။ မြန်မာပြည်မှာ မုန်တိုင်းမိတုန်းက မြန်မာသူဌေးကြီးတွေ ဘာလုပ်နေကြလဲ။
အခုလက်ရှိ တောင်ငူမှာရေကြီးတယ်။ ပဲခူးမှာရေကြီးတယ်။ လူတွေဒုက္ခရောက်ကြရတယ်။ သူတို့ ဒီလိုဖြစ်နေတာကို မြန်မာပြည်ကထိပ်ထိပ်ကြဲ သူဌေးကြီးတွေ ဘာများလုပ်ပေးခဲ့လဲ။ သောက်ရေလေးတောင် ဝယ်ပေးဖော်မရဘူး။
ဒါပေမဲ့ သူတို့ လှူတဲ့ နေရာတစ်ခုတော့ရှိတယ်။ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာနမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်ပါ။
" မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀၀ ခန့်တက်ရောက်သည့် နေရွှေသွေး၏ ၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကုန်ကျခံ ကျင်းပပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို ပြန်လည်ရေးသားထားသည်"
သူတို့ လှူဒါန်းမှုက တလွဲဖြစ်နေပါလား။ ဟိုကောင်..နေရွှေသွေးအောင်က ထမင်းငတ်နေတဲ့ ကောင်မှမဟုတ်တာဗျာ။ ဒါ့ကြောင့် ဒီလိုလှူတာကို တစ်ထောင်ရင်းပြီး တစ်သိန်းရအောင်ဂွင်ဖန်တဲ့ အလှူပဲလို့ ပြောချင်တယ်။
သူဌေးတွေပေါတဲ့ ဒို့ တိုင်းပြည်
မြန်မာနိုင်ငံမှာ သူဌေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ချမ်းသာလဲဆိုတာကို အတိအကျမသိရဘူး။ တခြားနိုင်ငံတွေကလို ဒီလူကတော့ ဒေါ်လာ ဘယ်နှစ်သန်းချမ်သာတယ်၊ တနှစ်ကို အမေရိကန်ဒေါ်လာ ဘယ်နှစ်သန်းဝင်ငွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူကို အသိပေးတယ်။ သူတို့ အပြင် ဗိုလ်ချုပ်ကြီးသူဌေးတွေလည်း အများကြီးရှိတယ်လို့ သိကြတယ်။ သူတို့ ရဲ့ ပိုင်ဆိုင်မှုကို ယနေ့ အထိ ပြည်သူက ရှင်းရှင်းလင်းလင်းမသိရဘူး။ လက်ရှိအစိုးရဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှု နဲ့  စီးပွားရေးလုပ်ငန်းတွေကို ပြည်သူက သိသင့်တယ်။ ရွေးကောက်ပွဲမဝင်ခင်မှာ ပြည်သူကို တရားဝင်အသိပေးသင့်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်က သူခိုးစိတ်ဓာတ်ဖြစ်နေလို့  လူထုကို အခုထိအသိမပေးရဲကြဘူးထင်တယ်။ ရိုးသားတယ်ဆိုရင်တော့ ငါ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာကို ပြောရဲရမှာပေါ့။
စာရေးဆရာကြီး ပါရဂူသေတော့ သူ့ ရဲ့ အိမ်အစုတ်လေးကို အများအတွက် လှူခဲ့တယ်။ဆရာကြီးအပြင် ဦးကျော်သူတို့  ဇနီးမောင်နှံလည်း ရှိပါသေးတယ်။ ဒါ့အပြင် လူမသိသူမသိ လူတွေလည်းရှိတယ်။ သူတို့ သာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာချမ်းသာလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုလူတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ စေတနာရှိတယ်ဆိုတာကို သူတို့ လုပ်ရပ်တွေက ဖော်ပြနေတယ်။ ဒါပေမဲ့ ထိပ်ထိပ်ကြဲ သူဌေးကြီးတွေဟာ သူတို့ နဲ့ မတူ ၊ ဘာ့ကြောင့်များ အရမ်းကပ်စေးနဲကြတာလဲ မသိဘူး။ ဦးတေဇဆိုရင် ဒေါ်လာသန်းထောင်ချီပြီး ချမ်းသာတယ်။ ဒီထဲက သန်းတစ်ရာလောက်ကို ဆင်းရဲတဲ့ပြည်သူတွေကို ပြန်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သန်းတစ်ရာကိုလှူလိုက်လို့ သူလည်း မမွဲသွားနိုင်ပါဘူး။ ဒီငွေနဲ့ သာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်ကြီးတစ်ခုတောင် တည်ထောင်လို့ ရတယ်။ ဒီလိုမျိုး လူတွေအတွက် ရေရှည်အကျိုးကိုကြည့်ပြီး သူဌေးကြီးတွေ လှူကြရင်အားလုံးက သာဓုခေါ်ကြမှာမလွဲဘူး။ အခုအတိုင်းသာ သူတို့ ငြိမ်နေရင် ပြည်သူက မုန်းသထက်ပိုမုန်းလာလိမ့်မယ်။
အမေရိကန်နိုင်ငံက George Soros ဆိုတဲ့သူဌေးကြီးတောင် မြန်မာပြည်နဲ့ ပက်သက်ပြီးလှူဒါန်းတယ်။ မြန်မာပြည်ဒီမိုကရေစီရေး နှင့် ပွင့်လင်းတဲ့လူ့ဘောင်ဖြစ်ရေးအတွက် သူ့ ရဲ့ ငွေကိုသုံးတယ်။ သူက ဗမာပြည်မှာမွေးရင် ဒိထက်ပိုလှူအုံးမယ်ထင်တယ်။ ပြည်ပရောက် အတိုက်အခံတွေ ပြည်တွင်းက အတိုက်အခံတွေဟာ သူ့ ပိုက်ဆံနဲ့ ပညာတက်သွားတဲ့လူတွေ သူဌေးဖြစ်နေတဲ့လူတွေအများကြီးရှိတယ်။ သူ့ ရဲ့ အတုကို ဗမာပြည်က သူဌေးကြီးတွေ ဘာလို့ အတုမယူကြတာလဲမသိဘူး။
မြန်မာတွေ ချမ်းသာတာ ဆင်းရဲတာဟာ မြန်မာပြည်နဲ့ မြန်မာလူမျိုးကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ချမ်းသာတဲ့ လူတွေဟာ ဆင်းရဲတဲ့လူတွေကို ပြန်ပြီးကူညီသင့်ပါတယ်။ ဒါမှ လူ ပီသမှာပါ။ အခုတော့ မြန်မာပြည်ရဲ့ သူဌေးကြီးတွေဟာ သူတို့ အတွက်ပဲ ကြည့်နေသလားလို့ ပါ။
ကိုးကား-
http://www.japanprobe.com/2011/03/17/rich-famous-people-donate-to-earthquake-victims/
http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html
http://www.irrawaddy.org/article.php?art_id=1923
http://www.soros.org/about/bios/staff/george-soros
ဘုန်းကျော်




