ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
11/22/11
တချို့ ကိစ္စတွေက ပါးပါးလေးကွ...အေ့...
အနော်ရထာမင်းတရားကြီးက အရည်ကြီးတွေကို ဖမ်းချုပ်ပြီး Buddha နဲ့ အစားထိုးခဲ့တယ်။ ယိုးဒယားအထိ ၀င်တိုက်ပြီး ကိုလိုနီလုပ်နိုင်ခဲ့တယ်။ သူယိုးဒယားကိုသွားတိုက်တာက အခုခေတ်လို ကော်စန်းသွားလုပ်တာမဟုတ်ဘူး။ ကွတ်တီရိုစားဖို့ သွားတာမဟုတ်ဘူး။ သူသွားတာက ယိုးဒယား(ထိုင်း)တွေကို ခိုင်းစားဖို့ ။ ဒီလောက်အထိသူအောင်မြင်ခဲ့တယ်။ သူ့ ကြောင့် ဖင်ယားပြီးမာနကြီးတဲ့ မွန်တွေလည်း ဗမာလက်အောက်ရောက်ခဲ့တယ်။ ချုပ်ပြောရရင် အနော်ရထာသည် မြန်မာတွေအတွက် သူရဲကောင်းဖြစ်သလို အခြားသူတွေကလည်း လေးစားလောက်ခဲ့တဲ့ ဘုရင်ကြီးတစ်ပါးဖြစ်ခဲ့တယ်။
ရန်သူ့ လက်နက်ကြီးထိပြီးရှောသွားတဲ့မဟာဗန္တုလ နဲ့  ဦးအောင်ဇေယျတို့ လည်း မြန်မာ့သမိုင်းမှာ ဘယ်လောက်ထိမြန်မာတွေကို အကျိုးပြုခဲ့လဲဆိုတာကို အားလုံးသိမယ်ထင်တယ်။ အခုခေတ်စကားနဲ့ ပြောရင် သူတို့ တွေဟာ လုံးဝကို လန်းခဲ့တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်ခဲ့တယ်။
သူတို့ အပြင် ရုပ်စုပ်ချွန်းချွန်းနဲ့ လူဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းကြည့်အုံး။ စောက်ရမ်းတော်တယ်။ စောက်ရမ်းလုပ်တယ်။ သတ္တိလည်းရှိတယ်။ ဘယ်လောက်ထိ စောက်ရမ်းလုပ်လဲဆိုရင် မွန်ပြည်နယ် အပေါင်မြို့ မှာ ဂျပန်ခေတ်တုန်းက ဂျပန်ဓားလျှိုကို ဂျပန်ဓားနဲ့ ခေါင်းကို ပိုင်းပစ်လိုက်တာများ ဘယ်လောက် လက်ယာမြောက်လဲ။ ဒီခေတ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်အောင်ဆန်းလောက်တောင် သတ္တိမရှိဘူး။ သူလည်း တိုင်းပြည်အတွက် လွတ်လပ်ရေးကို အရယူပေးခဲ့တယ်။ သူတစ်ယောက်တည်းကြောင့်တော့မဟုတ်ပါဘူး။ ဒါမေပဲ့ဘာပဲဖြစ်ဖြစ် သူ့ ခေါင်းဆောင်မှုကောင်းလို့ ပါ။
အထက်က မြန်မာကြီးတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ တာဝန်ကျေခဲ့တယ်။ အောင်မြင်ခဲ့တယ်။ အခုခေတ်နောက်ပိုင်း နိုင်ငံခေါင်းဆောင် လဒတွေ၊ အရက်သမားငကြောင်တွေ၊ လူအိုကြီးတွေဟာ ဘာ့ကြောင့်များ သူတို့ လောက် ကပ်ပစတီမရှိတာလဲ။ ဘာ့ကြောင့်များ သုံးစားမရခဲ့တာလဲဆိုတာကို ယနေ့ အထိ တွးလို့ ကို မရဘူး။
ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ ကို အနော်ရထာ၊ မဟာဗန္တုလ၊ ဦးအောင်ဇေယျတို့ များရှိလို့ ကတော့ ဘာပြောမလဲတော့ မသိဘူး။ အနဲဆုံး ဒီလိုတော့ပြောလိမ့်ထင်တယ်။
မင်းတို့ ကောင်တွေကွာ ငါ့တို့ ချီးကို သုံးခါလောက် ကလော်ပြီးစားကြလို့ ပြောမယ်ထင်တယ်။ အတော်သုံးစားလို့ မရလို့ ။
သူများတွေကိုသာပြောရတယ်။ ကိုယ်လည်း အသုံးမကျခဲ့ဘူး။
ဘာပဲဖြစ်ဖြစ် ရှေးကဖြစ်ရပ်တွေကိုကြည့်ပြီး ကိုယ့်အလှည့်မှာလည်း မဖြစ်အောင် မမှားအောင်ကျိုးစားရအုံးမှာပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ရအုံးမှာပေါ့။ ဒီလိုလုပ်တဲ့နေရာမှာ အရည်အချင်းမရှိပဲနဲ့ သူများတွေလို ၀င်ပြီးနေရာမလိုချင်ဘူး။ ကိုယ့်ရဲ့ အရည်အချင်း၊ ပညာ၊ ငွေ ရှိတဲ့တနေ့ မှာ ပြန်ပြီးလုပ်တာက ပိုလို့ ထိရောက်မယ်ထင်တယ်။
ကိုယ်က (၁၀) တန်းတောင်မအောင်၊ ရန်ကုန်တက္ကသိုလ်က ဘာမှသုံးစားလို့ မရတဲ့ ပညာ နဲ့ တော့ နိုင်ငံတော်တခုကို ဘယ်လိုအုပ်ချုပ်မလဲ။ ဒီလိုလူတွေဟာ လက်ရှိနိုင်ငံရေးလောကမှာ တစ်ပုံကြီးပါ။ သူတို့ သိတာက လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးနှစ်ခုပဲသိတယ်။ ဒါတွေရဲ့ အနှစ်သာရနဲ့ လက်တွေ့ ကျင့်ထုံးတွေကို မသိကြတာများတယ်။ သူတို့ အပြင် အစိုးရအဖွဲ့ က အသက်ကြီးဟိုဟာမကြီးတဲ့ ဦးသိန်းစိန်တောင်မသိဘူး။ ဘာတဲ့...အနောက်တိုင်း ဒီမိုကရေစီဟာ မြန်မာတွေနဲ့ တော့ အံဝင်ဂွင်ကျ ဖြစ်အုံးမှာမဟုတ်ဘူး။ ဒါ့ကြောင့်အာဏာရှင်စနစ်က ရှိသင့်တယ်ပေါ့။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကများ အနောက်တိုင်းဒီမိုကရေစီစနစ်အစစ်အမှန်ကို ကျင့်သုံးခဲ့လို့ လဲ။ ဦးနုတို့ ခေတ်တုန်းကတောင် တကယ်စစ်မှန်ခဲ့လို့ လား။ ကိုယ်ကတခါမှ မလုပ်ဘူးပဲ ဒီစကားပြောတာကတော့ စောက်ရှုးမို့ လို့  အာဏာမဲ့မှာစိုးလို့ ပြောတာလို့ ပဲထင်တယ်။ တခါလောက် ဒီလိုစကားမျိုးပြောတဲ့လူတွေနဲ့ တွေ့ ပြီး မေးလိုက်ချင်တယ်။ သူတို့ ကပဲ တကယ်သိ၊ တကယ်တက်၊ တကယ်စေတနာရှိတဲ့ပုံစံဖြစ်နေတယ်။
ခင်ဗျားတို့ အခုလုပ်နေတဲ့ အရွေ့ တွေဟာ လိပ်လိုသွားတဲ့ အရွေ့ တွေပါ။ ပြည်သူတွေလိုချင်တာက ဒီလို အရွေ့ မဟုတ်ဘူး။ ဒါကိုမပြင်နိုင်သရွေ့ ဒေါ်စုကမလို့ မြတ်စွာဘုရားရွေးကောက်ပွဲဝင်လည်း ပြည်သူတွေက ဘယ်တော့မှမယုံဘူး။
ကျနော်တို့ လိုချင်တဲ့အရာက ကျနော်တို့ ဘ၀တွေကို ခင်ဗျားတို့ အစိုးရတွေအနေနဲ့ ဘယ်လောက် တိုးတက်အောင်လုပ်ပေးခဲ့လဲ၊ လုပ်ပေးနိုင်လဲဆိုတာကို အဓိကလိုချင်တယ်။ ပါလီမန်တွေမှာ ဟိုဖြုတ် ဒီပြင် ကိစ္စကို မျှော်နေတာမဟုတ်ဘူး။
စိတ်ပြောင်းပြီး အိမ်ချင်မှုးတူးနဲ့ ရွေ့ တဲ့အရွေ့ လောက်တော့ အလုပ်မဖြစ်ဘူး။
အချိန်ကာလမရှိ၊ မျှော်လင့်ချက်မရှိ၊ မပြတ်သားတဲ့ အတိုက်အခံရဲ့ ရင်ခုန်သံတွေကိုလည်း မကြားချင်တော့ဘူး။
လူတွေမှမပြောင်းတဲ့ အစိုးရတစ်ခုဟာ ဘယ်တော့မှ မှုလည်းမပြောင်းဘူး။ အရင်လူတွေကို ဖြုတ်ချပြီး လူသစ်တွေနဲ့ အစားထိုးတဲ့ တနေ့ ဆိုရင်တော့ ရင်ခုန်စရာဖြစ်မှာပါ။ ဒါပေမဲ့ ယနေ့ အပြောင်းအလဲကတော့ ကြိုဆိုပါတယ်ဆိုတဲ့စကားလုံးကလွဲရင် ဘုရင်နောင့်၊ အနော်ရထာ နဲ့  ရုပ်စုပ်ချွန်းချွန်းနဲ့ လူဖြစ်တဲ့ ကိုအောင်ဆန်းလိုမျိုး သူရဲကောင်းဆိုပြီး ချီးကျူးမှာတော့မဟုတ်ဘူး။ သူတို့ လိုဖြစ်ချင်ရင် သူတို့ လိုပဲ လုပ်ပါ။
နောင်နှစ်ပေါင်း ( ၃၀) (၄၀) မှာ ဦးသိန်းစိန်လည်း သေမှာပဲ။ ဒေါ်စုလည်းသေမှာပဲ။ မသေရင်တောင် ငယ်မှုတော့ပြန်ပြီ။ ဒီလို အချိန်ကြမှ ကျနော်မှားပါတယ် ကျမတောင်းပန်ပါတယ်ပြောရင် ဘယ်သူကမှ အလေးထားမှာမဟုတ်ဘူး။
ကျနော်တို့ ဟာ ကျနော်တို့ ဘ၀တွေကို ကျနော်တို့ ကိုယ်တိုင်ဖန်တီးမယ်။ သူများက လာပြီး ချုပ်ချုပ် ကန့် သတ်တားဆီးတာကို အချိန်ကာလတစ်ခုထိတော့ခံမယ်။ သည်းခံစိတ်၊ ခွင့်လွှတ်စိတ်ကုန်ရင်တော့ ကျနော်တို့ လူငယ်တွေဟာ ဘယ်လူကြီးမှ လူမထင်တော့ကြောင်းပြောချင်တယ်။ သမိုင်းမှာဘာပဲဖြစ်ဖြစ် သမိုင်းဟာသမိုင်းပဲ။ ပထ၀ီမဟုတ်ဘူးဆိုတာကိုတော့ သဘောပေါက်ပါ။
အခုလက်ရှိ နိုင်ငံရေးအခြေအနေဟာ ဒီပုံစံအတိုင်းသာဆိုရင် နောင်နှစ်ပေါင်း ငါးဆယ်တောင် အကောင်းဖက်ကို ဦးတည်လိမ့်မှာမဟုတ်ဘူး။ ပြည်တွင်းစစ်လည်းရပ်မှာမဟုတ်ဘူး။ တိုင်းပြည်စီးပွားရေးလည်း တိုးတက်မှာမဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ လူ့ အဖွဲ့ အစည်းရဲ့ စိတ်ဓာတ်ကိုမှမပြောင်းတာ...။ဘယ်လိုမျိုးတိုးတက်အုံးမှာလဲ။ လူတွေမှာ အတွေးအခေါ်နဲ့ စိတ်ဓာတ်မပြောင်းရင် အဲဒိလူဟာ ဘယ်တော့မှ မပြောင်းဘူး။ ဒီလိုမပြောင်းတဲ့စိတ်ဓာတ်တွေဟာ ဦးသိန်းရဲ့ အစိုးရတဖွဲ့ လုံးမှာ လုံးဝရှိနေတယ်။
အထက်က မြန်မာ့သမိုင်းမှာ ရှိခဲ့တဲ့ခေါင်းဆောင်ကြီးတွေဟာ ပြတ်ပြတ်သားသား အသက်အသေခံပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်ခဲ့တာပါ။ ဒိုင်ယာလော့နဲ့ သွားခဲ့တာမဟုတ်ပါ။ သူတို့  Commitment ကဒေါ်စုလိုမဟုတ်သလို ဦးသိန်းစိန်လိုခေါင်းဆောင်မျိုးမှာရှိတဲ့ စိတ်ပိုင်းဖြတ်မှုလည်း မဟုတ်ပါ။
သူတို့ လုပ်ခဲ့တာက ရက်စ် နဲ့  နိုး ပဲ။ သူတို့ မေးခွန်းကို သူတို သိခဲ့တယ်။ ပြီးရင် သူတို့ မှာ ပြတ်သားတဲ့အဖြေရှိတယ်။ ဒါကတော့ တစ်ခုတည်းသော အဖြေပဲဖြစ်တယ်ဆိုတာကို ပြောချင်တယ်။
အခုလက်ရှိသွားနေတဲ့ ရွေးကောက်ပွဲကိစ္စ နဲ့  အခြေခံဥပဒေကိစ္စကို ပြင်ရင်ပြင် မပြင်ရင် တိုင်းပြည်ဟာ ဖာနိုင်ငံတင်မကဘူး၊ သူများမယားကြာခိုတဲ့တိုင်းပြည်ဖြစ်မှာပဲ။
အစိုးဘေးနားမှာရှိနေတဲ့ နိုင်ငံရေးအကြံပေးတွေ၊ စီးပွားရေးအကြံပေးတွေ၊ အားလုံးသော လူတွေဟာ အစိုးရကို ဖားနေတဲ့လူတွေပဲ။ ကိုယ့်ပညာကို မှန်မှန်ကန်ကန်မသုံးတက်ရင် ဘာဖြစ်တက်လဲဆိုတာကို မြန်မာ့သမိုင်းလေ့လာတဲ့လူတွေတိုင်းသိတယ်။ ကျနော်တို့ ရွေးကောက်ပွဲကိုလက်ခံတယ်။ အခြေခံဥပဒေကိုသဘောကျတယ်။ ဒါပေမဲ့ လက်ရှိအစိုးရလက်ထက်မှာရှိတဲ့ အခြေခံဥပဒေ၊ ၂၀၁၀-ရွေးကောက်ပွဲရလာဒ်နဲ့ လက်ရှိအစိုးမှာပါတဲ့လူတွေကိုတော့ လုံးဝလက်မခံနိုင်ဘူး။
ကျနော်လိုချင်တာက လက်ရှိအစိုးရပြုတ်ကျရေးပဲ။ ပြီးရင် အစိုးရအသစ်တက်ဖို့ ပါ။
ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရပါ။ ဘုန်းကြီးတွေ အုပ်ချုပ်နေတဲ့ အစိုးရတရပ်မဟုတ်ဘူးဆိုတာကိုတော့ အားလုံးသဘောပေါက်ဖို့ ကောင်းပြီ။
တောသားဟာသ
ကျနော့်မှာ ချင်းလူမျိုး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက မလေးရှားကနေ သြစတျေးလျနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ခဲ့တဲ့လူပါ။ ဗမာစကားကောင်းကောင်းမတက်ဘူး။ တနေ့ တော့ သူ့ ကို ကားမောင်းသင်ပေးတယ်။ ကားမောင်းသင်တဲ့အခါမှာ ဗမာစကားမတက်တဲ့လူ၊ အင်္ဂလိပ်စကားမတက်တဲ့လူကို သင်ရတာ အတော်ခက်တယ်။ ဘာပြောပြောနားမလည်တော့ အတော်စိတ်ညစ်ရတယ်။ တခါတလေ မောင်းချင်သလိုမောင်းတယ်။ ပြီးတော့ သူက သိပ်ပြီးကျပ်မပြည့်ဘူး။
တနေ့ တော့ ကောင်းမောင်းရင်းနဲ့  မီးပွိုင့်မှာ မီးနီနေတာကို ဘာမပြောညာမပြောနဲ့ အတင်းမောင်းထွက်သွားတယ်။ ဘေးက သင်ပေးတဲ့ကျနော်လည်း အတော်လန့် သွားတယ်။ ဒါနဲ့ ဒေါသထွက်ပြီး သူ့ ကို မေးတယ်။
ဟေ့လူ ခင်ဗျား ဘာလို့ မီးနီနေတာကို ဖြတ်တာလဲ။ မီးနီနေရင် ကားကိုရပ်ထားရမယ်ဆိုတာ ခင်ဗျားမသိဘူးလားလို့ မေးတော့....သူ့ ခဗျာ မျက်နှာငယ်ငယ်နဲ့ ဒီလိုဖြေတော့ သင်တဲ့သူက စိတ်လည်းမတိုနိုင်တော့ဘူး။
သူပြောတာက....
"အနောက်ကကားတွေကို အားနာလို့ ..."
ဒါ့ကြောင့် မီးနီနေတာကို ဖြတ်တာပါတဲ့ဗျာ။ ကဲ...မြန်မာပြည်က တိုင်းရင်းသားတွေဘယ်လောက် တဘတ်သားအပေါ်မှာ အားနာတက်လဲဆိုတာကြည့်။
နောက်တစ်ယောက်က ကရင်လူမျိုး။ သူလည်း ဒုက္ခသည်အဖြစ်နဲ့ နယ်စပ်ကနေ သြစတျေးလျကိုရောက်လာတဲ့လူ။ အသက် (၆၀) အရွယ်အဘွားကြီး။ မြို့ ကြီးပြကြီးမှာ မနေဘူးတော့ ဗမာစကားလည်း ကောင်းကောင်းမတက်ဘူး။ ကရင်ပြည်နယ်က တောင်ယာတဲမှာ ကြီးပြင်းလာပြီး နအဖထိုးစစ်မှာ မခံနိုင်လို့ ဒုက္ခသည်စခန်းထဲရောက်ပြီး ကံကောင်းစွာနဲ့  မိသားစုတစ်စုလုံး သြစီကို ရောက်လာကြတယ်။ သြစတျေးလျရောက်ရင် ထုံးစံအတိုင်း သူများတွေကားရှိရင် သူလည်းလိုချင်ကြတယ်။ ဒါနဲ့ အဘွားကြီးက အစိုးရပေးတဲ့ထောက်ပံ့ကြေးကို စုပြီး ကားတစ်စီးဝယ်လိုက်တယ်။ သူက ကားမောင်းသင်ထားတဲ့အခါကြတော့ ကားလည်းနဲနဲမောင်းတယ်တယ်။ သူများတွေကားရေဆေးတာ သန့် ရှင်းရေးလုပ်တာကိုလည် သူတွေ့ ဘူးတော့ သူဝယ်ထားတဲ့ကားအစုတ်ကို ရေဆေးတယ်။
သူများတွေကားရေဆေးရင် တံခါးပိတ်ပြီးအထဲက ဆိုဖာခုံတွေကို ရေမစိုအောင် ရေးဆေးကြတယ်။ ဒါပေမဲ့ကရင်အဘွားကြီးက သူ့ ကားကို အတွင်းကော အပြင်ကော ရေဆေးတယ်။ ဆိုဖာခုံတွေကို ဆပ်ပြာမှုန့်  လျှော်တယ်။ ရေတွေအားရပါးရလောင်းတော့ ကားထဲမှာ ဆပ်ပြာတွေကော ရေတွေကော စိုပြီး ဘယ်လို မှ ကားကိုမောင်းလို့ မရတော့ဘူး။ ခုံတွေလည်းစိုပြီး ဘယ်သူမှ ကားထဲမှာ ထိုင်လိုမရတော့ဘူး။ ဒါနဲ့ သူ့ သမီးက အဘွားကြီးကို ဒီလိုမေးတယ်။
အမိုး...ကားဆေးရင် ခုံတွေကို မဆေးရပြီး။ စိုကုန်ရင် ဘယ်လိုမျိုး ကားကိုစီးမလဲ။ မောင်းမလဲပေါ့။
ဒါနဲ့ ကရင် အဘွားကြီးကပြန်ပြောတာက....။
နင်တို့ မစီးနဲ့ ။ ငါပဲစီးမယ်...။
11/19/11
ဒေါ်စု ဘာတွေပြောခဲ့လဲ
ရွေးကောက်ပွဲကိစ္စနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြောခဲ့လဲဆိုတာ သူ့ ကို သတိရစေချင်လို့ ပါ။ ဒါကိုနှိပ်လိုက်ပါ။
11/13/11
To Daw Aung San Suu Kyi
ဒါမှ အန်အယ်ဒီမလုပ်ရင် ဘာကိုသွားလုပ်တော့မလဲ။ လမ်းဆုံးနေပြီ။ မဝင်ပါဘူး မပါပါဘူးဆိုတဲ့ လူတွေ အခုတော့ ဝင်ပြီ။ ဒါ နိုင်ငံရေးပဲ။ အစောကြီးကတည်းက အမျိုးသားညီလာခံမှာကတည်းက မထွက်ပဲ ဆက်နေရင် ဒီလောက်တောင် မကြာဘူးထင်တာပဲ။ တကယ်လို့ အရမ်းကိုပူးပေါင်းနေချင်ရင်ပြောတာပါ။
ကိုဦးပြောသလို အတိုက်အခံဟာ အတိုက်အခံအလုပ်ကို မလုပ်တက်ရင် မဟာဗျူဟာပျောက်ပြီး ကိုယ်စီးတဲ့ မြင်းက အခြောက်လား မိန်းမလျှာလား မသိဖြစ်သွားတာပေါ့။
ဒေါ်စုနဲ့ အန်အယ်ဒီကို ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရွေးခံဖို့ ကျနော် အကြံပေးနေတာမဟုတ်ပါ။ ကျနော်လိုချင်တဲ့ ရွေးကောက်ပွဲဆိုတာ အခုလိုနေရာလေး လေးငါးခြောက်ဆယ်လောက် ရွေးကောက်ပွဲ အခြေအနေမျိုးမဟုတ်ဘူး။
တကယ်လို့ ဦးသိန်းစိန်အစိုးရအနေနဲ့  ရိုးသားတယ်၊ ရွေ့ နေပါတယ်လို့ ဆိုရင် အထွေအထွေရွေးကောက်ပွဲအသစ်ကို လုပ်သင့်တယ်။ တကယ်လို့ သာ ဒီလိုလုပ်မယ်ဆိုရင် အန်အယ်ဒီတောင်မကဘူး ဆလိုင်းကိုကိုဦးတို့  ကိုအောင်ကျော်စိုးတို့ တောင် ဒေါ်စုပါတီကနေဝင်ပြိုင်ကြအုံးမယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပပေးလိုက်ပါ။ ၂ဝ၁ဝ-ရွေးကောက်ပွဲဆိုတာ မတရားဘူး။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမဝင်နဲ့ ။ နေရာအရမ်းနဲတယ်။ ကိုယ့်ဘက်က လွှတ်တော်ထဲမှာ အမတ်နဲမယ်။ ပါတီကိုတော့ မှတ်ပုံတင်ပါ။
ဘုန်းကျော်
11/9/11
ကွန်ပြူတာနဲ့ ပရင်တာ လာဘ်ထိုးနိုင်တဲ့ နိုင်ငံရေးဒုက္ခသည်
ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ အနီးနားမှာရှိတဲ့ နို့ ဘိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ နှစ်သောင်းကျော်လောက်ရှိတယ်လို့ သိရတယ်။ ဒီစခန်းမှာ မြန်မာဘုန်းကြီးကျောင်းတွေလည်း အတော်များပါတယ်။ ကျောင်းထိုင် ဆရာတော်လုပွဲတွေလည်း မကြာမကြာ ကြားရတက်ပါတယ်။ အခုလက်တလောဖြစ်တဲ့ ပြသာနာကို အများသိစေချင်လို့ ပါ။
စခန်းထဲနေ ကိုမိုးကျော် ( နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ) က ဘုန်းကြီးတစ်ပါးကို ကွန်ပြူတာနဲ့ ပရင်တာပေးပြီး လာဘ်ထိုးကြောင်းကြားသိရတော့ အတော်ချမ်းသာတဲ့ ဒုက္ခသည်ပါလာဆိုပြီး တွေးမိပြန်တယ်။ ဖြစ်ပုံက ဒီလိုပါ။
နို့ ဘိုးစခန်းမှာ ဘုန်းကြီးနှစ်ပါးပြသာနာဖြစ်ကြတယ်။ အဲဒါ သူ့ဒကာ ငါ့ဒကာဖြစ်ကြတယ်။ ဖြစ်တော့ ဆုံးဖြတ်တဲ့
အဖွဲ့အစည်းရှိတယ်။ ဒီအဖွဲ့အစည်းထဲက ကိုယ်တော်တစ်ပါးကို ကိုမိုးကျော်က
လာဒ်ထိုးတာပါ။
သူတို့နှိင်ငံရေးအကျဉ်းသား ကိုယ်တော်ရှုံးမှာစိုးလို့တဲ့။
အကျဉ်းသား ၀ိနစ္ဆယ ဆရာတော်ကို နှိင်ငံရေးအကျဉ်းသားအဖွဲ့က ခေါင်းဆောင်သူ မိုးကျော်လာတ်ထိုးတာပါ။
ဘာနဲ့ လာဘ်ထိုးလဲဆိုတော့ ကျွန်ပြူတာရယ် ပရင်တာရယ်ဖြစ်ပါတယ်။ ဆရာတော်ကလက်မခံပါဘူး။
မိုးကျော်ကိုငေါက်လိုက်တယ်။ တကယ်လို့ နိုင်ရင် ကျောင်းထိုင်းဘုန်ကြီး ဖြစ်မယ်လို့ သိရတယ်။
ကျောင်းနာမည်က ဗုဒ္ဒသာသနာ့ရိပ်သာကျောင်း ဖြစ်ပါတယ်။
မိုးကျော်ဆိုတဲ့သူကို ကိုရီးယားနိုင်ငံမှ မစ္စတာရှောင်ဖုန်းက ဘတ်ငွေတစ်သိန်းခုနှစ်သောင်းလှူသွားတယ်။
စာသင်ကျောင်းဆောက်ဖို့လှူသွားတယ်။် အဲဒါကျောင်း မဆောက်ပဲမြန်မာပြည်မှာကျန်ခဲ့တဲ့မိန်းမ နဲ့ သားသ္မီးကိုထောက်လို့ပြသနာဖြစ်ထားဘူးတယ်။ ဒါကို ကန့်ထဲကလူကြီးတွေရယ် ကျောင်းနေသံဃာတွေရယ်က လက်မခံကြဘူး။မိုးကျော်က မျက်မှန်ဝတ်တယ်။ အသက် (၄၇)။ ရပ်ကွက်လေးကဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့ ကလို့ တော့သိရတယ်။ ကန့် ထဲရောက်တာ လေးနှစ်ရှိပါပြီ။
11/7/11
ဟိုရောက်ဒီရောက် အတွေးလေးတွေပေါ့
ဦးသိန်းစိန်က အရမ်းရိုးတယ်လို့ နာမည်ထွက်တယ်။ ဒီခေတ်မှာ လူရိုးဆိုတာ သချိုင်းမှာတောင် ရှာလို့ မရဘူး။ အကုန်လုံး ပြာဖြစ်ကုန်လို့ ။ ဒါ့ကြောင့် ဦးသိန်းစိန်းရိုးတာက ဦးသန်းရွှေထက်နဲနဲပဲ ပိုလျှော့ မယ်ထင်တယ်။ ရိုးတဲ့လူက ဘယ်တော့မှ သမ္မတမဖြစ်ပါဘူးဗျာ။ ရိုးချင်ယောင်ဆောင်တာပဲဖြစ်မှာပေါ့။
ရွေးကောက်ပွဲတွေဝင်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီးတိုက်တွန်းကြနေပြီ။ အများစုကတော့ ၀င်စေချင်ပြီ။ ၀င်တာမ၀င်တာ သူတို့ အလုပ်ပါ။ ၀င်ပြီး အစိုးရအဖွဲ့ ထဲမှာပါတော့လည်း ဘယ်အချိန်ကြမှ ကျနော်တို့ လိုချင်တဲ့တိုင်းပြည်ဖြစ်မှာလဲ။
လွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်ကပြောတယ်။ Regime Change ကိုလုပ်ရမှာ မဟုတ်ဘူး။ Society Change ကိုလုပ်ရမှာဖြစ်တယ်လို့  အင်တာဗျူးတစ်ခုမှာ တွေ့ တယ်။ နှစ်ခုလုံးကိုချိန်းပစ်လိုက်ရင် မကောင်းဘူးလား။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ခုစလုံးက ပြောင်းဖို့ လိုအပ်နေပြီပဲ။
မျက်ရည်လွယ်တဲ့မင်းသားကြီး ဦးကျော်ဆန်းနဲ့ ဗွီအိုအေ အင်တာဗျူးမှာ ထူးခြားတာက ဒီလိုပါ။ မေးတဲ့သူက ပြုံးစိစိ နဲ့ ကြပ်တယ်။ ဖြေတဲ့မင်းသားကြီးက ရိတိတိနဲ့ ပြုံးပြီး ဖြေချင်တာလျှောက်ဖြေတော့ ဦးကျော်ဆန်းက သရုပ်ဆောင်အတော်ကောင်းတာပဲလို့ ထင်တယ်။ ဒါ့ကြောင့် ပြန်ကြားဝန်ကြီးဖြစ်တာထင်တယ်။ ဦးကျော်ဆန်းရေ ၀န်ကြီးသက်တမ်းက အများဆုံး ငါးနှစ်ပါဗျာ။ ပြုတ်သွားရင်တော့ သိတဲ့အတိုင်းပဲ။ ဒါ့ကြောင့်အရမ်းမလိမ်ပါနဲ့ တော့။
သုံးပွင့်ဆိုင်၊ ဖက်ဒရယ်၊ အိုင်စီစီ၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဘယ်ရောက်ကုန်ပြီလဲတောင် မသိဘူး။ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ကျနော်တို့ ပါးစပ်ကပြောတာပါ။ နအဖက ဘယ်တုန်းကမှ လာပြီးပူးပေါင်းရင် ၀န်ကြီးရာထူးနဲ့ လုပ်ပိုင်ခွင့်ပေးမယ်လို့ မပြောပါ။
ပြည်တွင်းစစ်၊ ပြည်ပ အလုပ်သမားခြောက်သန်း၊ ဒုက္ခသည်ကိစ္စ၊ စီးပွားရေးဖွံ့ ဖြိုးမှု၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ နိုင်ငံတကာငွေကြေးနဲ့ ချိန်ဆက်နိုင်ရေး စတဲ့ အဓိကလိုအပ်ချက်တွေအရေးမရောက်ပဲ ဒေါ်စုရွေးကောက်ပွဲဝင်ရေးနဲ့ ပါလီမန်မှာ ဥပဒေပြု၊ ပြင်၊ ဖြုတ်စတဲ့ (မယောင်ရာဆီလူးနေတာလို့ လည်းမပြောချင်ပါဘူး) အသံတွေကိုပဲ ပြည်ပ မီဒီယာမှာ နေ့ တိုင်းတွေ့ နေရတော့ စိတ်ထဲမှာ နိုင်ငံရေးတောင်စိတ်ကုန်ချင်လာပြီ။
လူသစ်တန်းတွေနဲ့ မြန်မာ့နိုင်ငံရေးကို အစားထိုးသင့်ပြီ။ အတွေးအခေါ်သစ်၊ နိုင်ငံတကာ အမြင်ရှိပြီး အတွေ့ အကြုံရှိတဲ့လူသစ်တန်း၊ ဘယ်ဘက်ကိုမှ မလိုက်တဲ့လူသစ်တန်းစတဲ့ လူငယ် လူလတ်တွေနဲ့  အစားထိုးမဲ့အချိန်ရောက်ရင်တော့ ပေါ်ရင်တော့ လက်ရှိအခြေအနေတွေကနေ မြန်မြန်ကျော်နိုင်မယ်ထင်တယ်။
နှစ်ဘက်စလုံးက လူဟောင်းတွေဟာ တကယ်တမ်းကြတော့ ဘာမှသုံးစားလို့ မရဘူး။ ဒါ့ကြောင့်လည်း တိုင်းပြည်က ဒီအတိုင်းဖြစ်နေတာပေါ့။ သူတို့ သာသုံးစားလို့ ရတဲ့ လူတွေဆိုရင် ပြီးတာကြာပြီ။
တိုင်းပြည်ထဲမှာ ဘွဲ့ ရပြီး အသက်ကြီးလာတဲ့လူတွေအနေနဲ့ လုံးဝကို နိုင်ငံရေးမလုပ်သင့်ဘူး။ အစိုးရခေါင်းဆောင်လည်းမဖြစ်သင့်တော့ဘူး။ ဒီပတ်ဝန်းကျင်ကနေ ထွက်လာတဲ့လူတိုင်းက
တကယ်တန်းပြောရရင် ပြည်ပကလူတွေဟာ ပြည်တွင်းကလူတွေထက်ပိုပြီး သိတယ်။ ပိုပြီးတက်တယ်။ ပိုပြီး ခံစားတက်တဲ့ နှလုံးသားရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါက တကယ်လက်တွေ့ ပဲ။ မျက်စိမှိတ်ပြီး ငြင်းလို့ မရပါဘူး။
ပါလီမန်အမျိုးအမျိုး
ပါလီမန်ထဲမှာ အတိုက်အခံခေါင်းဆောင် နဲ့ အစိုးရအဖွဲ့ ကခေါင်းဆောင်တွေ အငြင်ပွားမှုရှိရင် ဒါဟာ ပါလီမန်အစစ်အမှန်လို့ ပြောလို့ ရနိုင်တယ်။ တချို့ သော အာရှနိုင်ငံက ပါလီမန်တွေရဲ့ ဖွဲ့ စည်းပုံအနေအထားက ဒီမိုကရေစီအစစ်အမှန်ကို သွားနေတဲ့ပါလီမန်မဟုတ်ပါဘူး။ ဥပမာ တရုတ်၊ မြောက်ကိုရီးယားနဲ့  မြန်မာနိုင်ငံက ပါလီမန်အဆောက်အဦး နဲ့ ထိုင်ခုံနေရာတွေကိုကြည့်ရင် သိသာနိုင်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ အာဏာရှင်စနစ်ရှိနေသေးတယ်ဆိုတာကိုပြပါတယ်။
တကယ်တမ်းမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို စေတနာရှိတယ်ဆိုရင် နေပြည်တော်ပါလီမန်အဆောက်အဦးရဲ့ ဖွဲ့ စည်းပုံကို ပြင်သင့်ပါတယ်။ အခုပုံစံက အတိုက်အခံမရှိတဲ့ ပါလီမန်ဖြစ်နေတော့ အရင်အစိုးရပုံစံနဲ့ ဘာမှမကွာဘူး။ အောက်က သူများနိုင်ငံတွေရဲ့ ပါလီမန်တွေကိုလေ့လာကြည့်ပါ။ဒါတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ဟာ ၂၀၀၈-ဖွဲ့ စည်းပုံအခြေခံဥပဒေတင်မကဘူး၊ ပါလီမန်ဖွဲ့ စည်းပုံ၊ ထိုင်ခုံနေရာကအစ ပြန်လည်ပြုပြင်သင့်ပါကြောင်း။
ကျနော်မြင်ချင်တာက မြန်မာနိုင်ငံရဲ့ ပါလီမန်ထဲမှာ အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရအဖွဲက့ ခေါင်းဆောင်တွေ ရင်ခုန်နှုံးမြန်၊ မျက်နှာရှုံမဲ့ပြီး မေးခွန်းတွေထုတ်၊ ပြန်ဖြေ၊ ပြီးရင် ငြင်းကြတာကို အရမ်းမြင်ချင်တယ်။ ဥပမာ ၾသစေတ်းလ် ပါလီမန္နဲ ့အဂၤလန္က ပါလီမန္ထဲမွာ သူတုိ ့အစုိးရေတြနဲ့ အတိုက်အခံတွေ ဒီဘိတ်လုပ်တဲ့ပုံစံကို လိုချင်တယ်။
စည်းကမ်းညီညွတ်ပြီး ခေါင်းဆောင်ကြီးရဲ့ လမ်းညွန်ချက်အတိုင်းလိုက်တိုင်း မြောက်ကိုရီးယားငမွဲနိုင်ငံရဲ့ ပါလီမန်
ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ဆရာဟာ ပါလီမန်ရဲ့ ဥက္ကဌပါ
တရုတ်ပြည်ရဲ့ ပါလီမန်ဖွဲ့ စည်းပုံကလည်း မြန်မာနဲ့ သိတ်မကွာဘူး
ထိုင်းနိုင်ငံက ပါလီမန်
အရှေ့ ဥရောပနိုင်ငံတစ်ခုက ပါလီမန်
ဗြိတိသျှပါလီမန်မှာ အတိုက်အခံနဲ့ အစိုးရဟာ ဒီလိုမျက်နှာချင်းဆိုင်ပြီး နိုင်ငံရေးလုပ်တယ်
အရှေ့ တောင်အာရှက ပါလီမန်တစ်ခု
ဂျပန်ပါလီမန်
ထိုင်ဝမ်ပါလီမန်
သြစတျေးလျက ပါလီမန်မှာ အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်
စည်းကမ်းရှိတဲ့ဒီမိုကရေစီလား ၊ အတိုက်အခံမရှိတဲ့ဒီမိုကရေစီလား
ပါးစပ်မပါတဲ့ မြန်မာပါလီမန် (မေးခွန်းပဲမေးရတယ်)
ပါလီမန်တွေမှာထိုင်ခုံနေရာက မျက်နှာချင်းဆိုင်ရှိသင့်တယ်။ အခုဟာက မြန်မာပါလီမန်က ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့ ခင်းထားတဲ့ ထိုင်ခုံလိုမျိုးဆိုတော့ ရုပ်ရှင်ထဲက မင်းသားပြောတဲ့အတိုင်း ထိုင်ကြည့်ပြီး ပြန်ပြောလို့ မရတဲ့ မြင်ကွင်းလိုမျိုးဖြစ်နေလားလို့ ပါ။
11/5/11
မြင်တွေ့ သမျှ
ရန်ကုန်နိုင်ငံရေး
ပြည်တွင်းကလူတစ်ယောက်မဟုတ်တော့ အပြင်ကနေတွေ့ သမျှကို တင်ပြမယ်။ အပြင်ကဆိုတော့ မီဒီယာကိုပဲ အားကိုပြီးလေ့လာရတယ်ဆိုပါစို့ ။ ဒီတော့ မီဒီယာပေါ်မှာတွေ့ နေရတဲ့ နိုင်ငံရေးဖြစ်ရပ်တွေမှန်သမျှဟာ ရန်ကုန်တစ်ဝိုက်မှာပဲ ဖြစ်နေတယ်။
သံတမန်တွေကလည်း ရန်ကုန်ကလူတွေကိုပဲတွေ့ တယ်။ ရန်ကုန်ကအတိုက်အခံတွေကလည်း ဂေါ်လီလုံးလောက်ရှိတဲ့ရန်ကုန်တစ်ဝိုက်ကိုမှ တကယ့်နိုင်ငံရေးလို့ ယူဆနေတယ်။ လူမှုရေးလုပ်ငန်းတွေမှန်သမျှကိုလည်း ရန်ကုန်တစ်ဝိုက်မှာလုပ်တယ်။ ပြီးရင် မီဒီယာကလည်း ဒီလူ ဒီလူ ဒီအဖွဲ့ တွေချည်းပဲ ဖေါ်ပြတယ်။ ကြာလာတော့ မြန်မာတစ်ပြည်လုံးရဲ့ နိုင်ငံရေးက ရန်ကုန်လားလို့ တောင် မေးရမလိုဖြစ်နေပြီ။
အခြားမြို့ တွေ ပြည်နယ်တွေ တိုင်းတွေမှာ ဘာ့ကြောင့် ရန်ကုန်လိုမထင်ပေါ်တာလဲ။ မလုပ်လို့ လား။ အဖြေကတော့မဟုတ်ပါဘူး။ ရန်ကုန်က နိုင်ငံရေးသမားတွေဟာ မသွားမလာနိုင်လို့  အခြားနယ်တွေအထိမရောက်တာလို့ သုံးသပ်နိုင်တယ်။ အတိုက်အခံက ရန်ကုန်မှာနေတယ်။ အစိုးရက နေပြည်တော်မှာနေတယ်။ ဒီနယ်လေးနှစ်ခုက ဗမာပြည်တစ်ပြည်လုံးကို ကိုယ်စားလုံးဝမပြုသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ အပြင်ကလူတွေထင်တာက ရန်ကုန်က အတိုက်အခံ၊ နေပြည်တော်ကအစိုးရဟာ မြန်မာတပြည်လုံးနဲ့ ပြည်ပကလူတွေကို လုံးဝကိုယ်စားမပြုသေးပါဘူး။ ကိုယ်စားပြုလာအောင် ဒီနှစ်ခုကလူတွေအနေနဲ့  ရန်ကုန်နဲ့ နေပြည်တော်မှာပဲ မနေပဲ သွားလာစည်းရုံးဆက်ဆံကြစေချင်တယ်။
မီဒီယာတွေကလည်း စွတ်ပြီးအားအားယားယား မမြှောက်ကြပါနဲ့ ။
အိုင်ဖုန်း၊ အိုင်ပတ်ထ် နဲ့  ပြည်ပက အတိုက်အခံ
လွန်ခဲ့တဲ့အချိန်က လက်တော့ ခေတ်စားတယ်။ အစည်းအဝေးတိုင်း၊ ၀က်ရှော့တိုင်းမှာ လက်တော့လေးပါလိုက်ရမှ ခေတ်မှီသလိုမျိုး။ ခေါင်းဆောင်ဟုခေါ်သော ခေါင်းဆောင်တိုင်း လက်တော့ကိုင်မှ ခေါင်းဆောင်ဖြစ်လေသလို။ အစည်းအဝေးတွေမှာ လက်တော့ကိုဖွင့်။ ပြီးရင် ဘာတွေရေးမှန်းမသိ။ ဒီလိုမျိုးဖက်ရှင်က လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က မရှိမဖြစ် မတင့်တယ်သော ဖက်ရှင်။ ဒီလိုခေတ်မှီမှ ကျနော်မျိုးတို့ ပြည်ပအတိုက်အခံတွေအနေနဲ့  ဂလိုဘယ်လ်လိုက်ဇေးရှင်းနဲ့ အပြိုင် ခေတ်မှီတယ်လို့ ယူဆတယ်။ ဘိုလိုလေးလည်း ပွားတက်ရင် ပို့ လို့ တောင် စော်ကြည်သေး။
လက်တော့ဆိုရင် မဲမဲသဲသဲနဲ့ ဗလကြီးတဲ့ လက်တော့ခေတ်ပြီးတော့ မော်ဒယ်လက်တော့ဖြစ်ရမယ်။ လက်တော့သည်သေးရမယ်။ ပါးရမယ်။ လှရမယ်။ အခုခေတ်လက်တော့တွေထဲမှာ ပန်းသီးလက်တော့က ခေတ်အမှီဆုံး။ ဆိုနီ၊ ဖူဂျစ်စုလောက်တော့ အလုပ်မဖြစ်တော့ဘူး။ ဒါလေးရှိရင်တောင် နိုင်ငံရေးစကားပြောရင် တယ်ပြီးဂုဏ်သိက္ခာရှိတာပေါ့။
ကွန်ပြူတာထဲမှာ ဘာတွေရေးလဲတော့မသိဘူး။ ဘာမှမရေးလဲ ဒီပစ္စည်းတွေရှိဖို့ ကအဓိကပေါ့ဗျာ။
၂၀၁၁-ခေတ်မှာတော့ လက်တော့ခေတ်မဟုတ်။ အိုင်ဖုန်း နဲ့ အိုင်ပတ်ထ် ရှိရမယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါတွေရှိတဲ့လူကသာလျှုင် နိုင်ငံရေးကို ပိုသိပိုတက် ပိုပြီးဆရာကြီးဖြစ်တယ်။ အိုင်ပတ်ထ်နဲ့ အိုင်ဖုန်းဆိုတာကလည်း ဈေးကြီးတော့ အတော်များများ ငမွဲခေါင်းဆောင်တွေမကိုင်နိုင်။ ဒီတော့ ကိုင်နိုင်တဲ့ ခေါင်းဆောင်ကြီးတွေက ပိုပြီးမျက်နှာပွင့် ပိုပြီးလူအထင်ကြီးတယ်ပေါ့ဗျာ။ ဒီပစ္စည်းတွေကလည်း သုံးတက်အုံးမှ။ သူတို့ ခလုတ်တွေက မထိတထိပွတ်နိုင်မှ အလုပ်ဖြစ်တာကိုး။
အဲလိုပွတ်တာကို လူတွေကလည်း အထင်ကြီးတဲ့ ခေတ်မှာ ပွတ်နည်းကျွမ်းတဲ့ လူက ပိုပြီး စော်ကြည်တယ်။ ဒီလိုပွတ်တာကျွမ်းဖို့ အတွက် ခေါင်းဆောင်တိုင်း ကိုယ့်အိမ်မှာ ကြိတ်ပြီး အပွတ်လေ့ကျင့်ရတယ်။ လူကြားထဲရောက်ရင် အိုင်ပေါ့နဲ့ အိုင်ပတ်ထ်ကိုဖွင့် လူရှေ့ မှာ ဟိုပွတ်ဒီပွတ်လုပ်၊ လက်ရှိအစိုးရက စေတနာတွေ မေတ္တာတွေမရှိ၊ ငါတို့ ကသာလျှင် ပြည်ပကနေ အိုင်ပတ်ကိုပွတ်ပြီး တိုင်းပြည်ကိုအချစ်ဆုံး၊ ပညာအတက်အဆုံး၊ ငါတို့ လောက်သိတဲ့သူမရှိ။ သူတို့ ဒီလိုပြောနေရင်းနဲ့ အိုင်ပတ်နဲ့ အိုင်ဖုန်းကို တီထွင်သူ ဟိုလူကြီး ရှောသွားတာကိုတောင် မသိတဲ့လူများဖြစ်ကုန်ကြပါကောလား။
ကျနော်တို့ သြစတျေးလျက တောသားတွေ အိုင်ပတ်လည်း မကိုင်ဘူး။ မသုံးဘူးကြဘူး။ ကွန်ပြူတာတောင်ကောင်းကောင်းမသုံးတက်ဘူး။ ဒုက္ခသည်အဖြစ်နဲ့ လာကြတဲ့ မြန်မာတွေကိုပြောတာပါ။ တချို့ များဆိုရင် ဂျီတော့ကိုင်ရတာကို မျှောက်အုန်းသီးရသလိုမျိုး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်လို့ ဖြစ်။ အိမ်မှာကွန်ပြူတာရှိတာပဲအဖတ်တင်တယ်။
သူများတွေလို အိုင်ဖုန်း၊ အိုင်ပတ်ကိုတော့ ၀ယ်နိုင်တယ်။ ဒါပေမဲ့ ဒါတွေဝယ်ပြီး ဘာလုပ်ဖို့ လဲ။ လုပ်တဲ့အလုပ်က စက်ရုံမှာ ချွေးတွေနဲ့ ညစ်ပတ်ပေရေပြီး လုပ်နေတာ အိုင်ဖုန်းလို ပွတ်လို့ ရတဲ့ဟာကြီးနဲ့ တော့မတန်ပါဘူး။ အိမ်ရောက်မှာ မိန်းမရဲ့ ဗိုက်ကို ပြန်ပြီးပွတ်တာကမှ ဖီးလာသေးတယ်။ ဒါ့ကြောင့် သြစတျေးလျက မြန်မာတွေ အများစုဟာ ပိုက်ဆံရှိလည်း အိုင်ဖုန်းကို စိတ်မ၀င်စားနိုင်ပါဘူး။ အိုင်ပတ်လည်း မသိ။ အိုင်ပတ်တာဆိုလို့  ငါးပတ်တာလားလို့ တောင် မေးအုံးမယ်ထင်တယ်။
ကျနော့် တယ်လီဖုန်းဆိုရင် ဈေးအနဲဆုံး။ တယ်လီဖုန်းပါဆိုမှ ဆက်လို့ ရရင်တော်ပြီပေါ့ဗျာ။ အခုခေတ်တယ်လီဖုန်းတွေကလည်း ရှုပ်ရှက်ကိုခက်နေတာပဲ။ ဘာတွေထည့်ထားမှန်းကိုမသိဘူး။ ဒီလောက် အလုပ်ရှုပ်တဲ့ သြစတျေးလျနိုင်ငံမှာ ဒီလိုတယ်လီဖုန်းကိုသုံးဖို့ မပြောနဲ့  လှည့်တောင်မကြည့်အားဘူး။ ကွန်ပြူတာဆိုရင်လည်း ပန်းသီးလား လိမ္မောသီးလား၊ တခါမှ မကိုင်ဘူးဘူး။ မ၀ယ်နိုင်လို့ မဟုတ်။ အစကနေ ပြန်သင်နေရလို့ ။ ဈေးကလည်းကြီးသေး။ ဒါ့ကြောင့်ဈေးအပေါဆုံး ကွန်ပတ် လက်တော့လေးပဲ ၀ယ်ကိုင်တာ ကိုယ်နဲ့ အသင့်တော်ဆုံး။
ဈေးကြီးပစ္စည်း နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်ပြီး လူကြားထဲမှာ ကြွားဖို့ လည်း မရှိဘူး။ ဘယ်သူမှလည်း အထင်မကြီးပါဘူးဗျာ။
အဲ....ဒါပေမဲ့ တချို့ သော လူတွေကတော့ ဒါလေးရှိမှ ခေတ်မှီတယ်။ အထင်ကြီးတယ်။ များများပွတ်နိုင်မှ စော်ကြည်တယ်ဆိုတော့ ပွတ်တဲ့ပစ္စည်းတွေပဲ ၀ယ်ပြီး လူကြားထဲမှ ပွတ်ကြလေတော့သတည်း။
အပွတ်ခေတ်လွန်
ပန်းသီးပြီး ဂွေးသီးခေတ်ရောက်တော့မယ်လို့ ပညာရှင်တွေဟောနေပြီ။ ပညာရှင်လို့ ပြောရင် နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကိုပြောတာမဟုတ်ပါ။ ဝေဒဗေဒဗေဒင်ပညာရှင်ကိုပြောတာပါ။ သူက တက္ကသိုလ်ကြီးမှာ အလုပ်လုပ်နေတာမဟုတ်ဘူး။ သူ့ ရုံးခန်းက ရွှေတိဂုံဘုရားဆောင်းတန်းနားမှာဖြစ်တော့ လူလည်းအတော်စည်တယ်။
တခါဟောရင် မြန်မာငွေနှစ်ထောင်ရတယ်။ နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကြီးရဲ့ နိုင်ငံရေးဟောစာတမ်းကို အောက်ခြေကလူတွေစိတ်မ၀င်စားဘူး။ ဘုရားဆောင်တန်းက ဗေဒင်ပညာရှင်ကြီးပြောတာကို အောက်ခြေက လက်လုပ်လက်စားတွေအရမ်းစိတ်ဝင်စားတယ်။ အားကိုးတယ်။ သူပြောတဲ့အတိုင်းလုပ်တယ်။ ဒီပညာရှင်နှစ်ဦးရဲ့ ကွာခြားချက်က ဒီလောက်ထိဖြစ်တော့ ဘယ်ပညာရှင်က ပြည်သူ့ အတွက်အသုံးဝင်လဲဆိုတာ သိလောက်ပြီ။
ဒီနှစ်ဦးမှာ ဘယ်သူက ပြည်သူ့ အကျိုးပြုလုပ်ငန်းကို လက်တွေ့ ကျကျ အကျိုးဆောင်ပေးလဲ။ လန်ဒန်တက္ကသိုလ်က ဒေါက်တာဇာနည်လား၊ ဘုရားဆောင်းတန်းက ဝေဒပညာရှင်လား။ ကျနော့်အထင်တော့ ဆောင်းတန်းက ပညာရှင်ကြီးက ပိုလိုတောင် လက်တွေ့ ကြတယ်လို့ ထင်တယ်။ အဲဒိပညာရှင်ကြီးကပြောတယ်။ ပန်းသီးခေတ်ကုန်ရင် ဂွေးသီးခေတ်ရောက်မယ်တဲ့ဗျာ။ ဒို့ မြန်မာပြည်ကြီးက ပန်းသီးနဲ့ တော့မတန်ဘူး။ ဂွေးသီးနဲ့ ပဲတန်တယ်။ ဂွေးသီးကို ငါးပိထောင်းလဲရတယ်။ ဟင်းချက်စားလည်းရတယ်။ ပန်းသီးက တမျိုးပဲ သုံးလို့ ရတယ်ဆိုတော့ ဂွေးသီးလောက် အသုံးမ၀င်ဘူးတဲ့ဗျာ။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဂွေးသီးခေတ်ကိုသွားနေတာကွလို့  ဘုရားဆောင်တန်းက ပညာရှင်ကြီးကဟောလေပါတော့တယ်။
ရန်ကုန်ကနိုင်ငံရေးသမား၊ နေပြည်တော်က အစိုးရ၊ ပြည်ပက အပွတ်သည်များနှင့်သြစတျေလျရောက်တောသားများအတွက် အားနေလို့ ရေးခြင်း ဖြစ်ပါကြောင်း။
--
Thanks for sending!!!
Phone Kyaw
11/4/11
ပါမောက္ခ မျိုးညွန့် 
ဗန်းမော်တင်အောင်က ဒီစာအုပ်ကို ဘာရည်ရွယ်ချက်နဲ့ ရေးလဲတော့မသိဘူး။ ကျနော်တော့ သူ့ စာအုပ်ကိုဖတ်ပြီး အတွေးတစ်ခုရတယ်။ ဒါကတော့ ဦးအုန်းကျော်လို ပညာရှင်မျိုး လက်ရှိနိုင်ငံရေးကာလမှာ ထွက်လာရင်တော့ ဒုက္ခပဲ။ ဒီလိုမျိုး ပညာတက် ပညာရှင်အရက်သမားတွေ လူ့ ဂွစာတွေများ လာရင်တော့ တိုင်းပြည်ဒုက္ခရောက်တော့မှာပဲလို့ ။
စာအုပ်ဖတ်ခဲ့ရတဲ့ အချိန်က ၂၀၁၁-ခုနှစ် ဇန်န၀ါရီလထဲမှာဖြစ်တော့ အခုဆိုရင် ၁၀-လလောက်ရှိပြီ။ ဒီနေ့ မှပဲ စိတ်ကူးပေါက်ပြီး ဦးအုန်းကျော်အကြောင်းကို ဖီလင်လာလို့ ရေးဖြစ်တော့တယ်။ စာရေးတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်း ရိုးရိုးသားသားသာရေးချလိုက်။ ဒါဆိုရင် စာရေးလို့ ရပြီလို့  ဗန်းမော်တင်အောင်လား ပီမိုးနင်းလားမသိဘူး...ပြောဘူးတယ်။ ဒီစကားကိုအတော်ကြိုက်တယ်။ လက်ခံတယ်။
ဒါ့ကြောင့် သူတို့ ပြောတဲ့စကားကို ကိုးကားပြီး ဦးအုန်းကျော်အကြောင်းတော့ မဟုတ်ဘူး၊ ဦးမျိုးညွန့် အကြောင်းကို ရေးဖို့ ကျနော် စဉ်းစားနေတာကြာပီ။
ဘန်ကောက်ရောက်တော့ အန်စီဂျီယူဘီမှာလုပ်နေတဲ့ လူ့ ဘောင်သစ်က ကိုအသေးလေးမှာ ကွန်ပြူတာမရှိလို့  ကျနော့် ကွန်ပြူတာ ကိုပေးလိုက်တော့ ဆရာနဲ့ အင်တာဗျူးထားတဲ့ဖိုင်ပါပျောက်သွားတယ်။
ဘာ့ကြောင့် ဆရာဒေါက်တာ မျိုးညွန့် အကြောင်းကို ရေးချင်လဲဆိုတော့ ရေးမယ့်သူမရှိလို့ ရေးချင်တာပါလို့ ဖြေပါရစေ။ ဆရာနဲ့ တပည့် အတိုင်အပေါက်ညီညီမြှောက်တာတော့မဟုတ်ဘူး။ ပညာရှင်တွေ ပညာတက်တွေကို အရမ်းတန်းဖိုးထား အထင်ကြီးလို့ ပါ။
ဆက်ရန်-
11/1/11
ခြောက်နှစ်ပြည့်အလွမ်း
စစ်အာဏာရှင်တစု၏မတရားမှု့ များကိုသာမန်အမျိုးသမီးတဦးမှကိုယ်စွမ်းရှိသမျှ ဖော်ထုတ်ပြောကြားသဖြင့်၊
ရရှိခဲ့သောဆုလာဒ်က မတရားထောင်ဒဏ်များကျခံရခြင်းဘဲဖြစ်ပါသည်။
စစ်အုပ်စုသည်မိမိတို့ အမှားများကိုမပြင်၊ထောက်ပြပြောဆိုသူများကိုမတရားပုဒ်မများဖြင့်ထောင်ချ၊ထောင်တွင်း
သတ်ဖြတ်၊မိသားစုကိုပါစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်၊ထောင်ဝင်စာလာမတွေ့ နိုင်အောင်ဝေးလံသောဒေသ
ရှိထောင်များသို့ ပြောင်း၊နည်းအမျိုးမျိုးသုံးပြီးအာဏာရှင်တို့ ထုံးစံအတိုင်းဆန့် ကျင်သူမှန်သမျှကိုနှိပ်ကွပ်ခဲ့ပါသည်။
စစ်အာဏာရှင်တို့သည်သူတို့ အလုပ်သူတို့လုပ်ပါမည်။နောက်ဆုံးအာဏာရှင်တို့သွားရာလမ်းကိုသွားပါလိမ့်မည်။
ဂျပန်ရောက်ကျနော်တို့ သည်ပြည်တွင်းမှသာမန်ပြည်သူအမျိုးသမီးလေး၏ရဲစွမ်းသတ္တိကိုလေးစားသည်။ဂုဏ်ပြုလိုပါ
သဖြင့်၊စုစုနွေးအားဂုဏ်ပြုငွေရရှိရေးကော်မီတီတခုဖွဲ့ စည်းပြီး၊ရံပုံငွေရှာခရီးစဉ်တစ်ခုကော်မီတီဝင်များကဦးဆောင်ပြီး၊
၂၀၀၅ခုနှစ်နောက်ဆုံးရက၊်ဒီဇင်ဘာလ(၃၁)၇က်ည၊နာဂါနိုခရိုင်ရှိကုရူမာယာမ စကီးချောသို့ထွက်ခွာခဲ့သည်။
ထိုခရီးစဉ်ကိုလိုက်ပါခဲ့သောသူငယ်ချင်း၊မိတ်ဆွေအပေါင်းတို့၏ပူးပေါင်းပါဝင်မှု၊လူုဒါန်းမှုများ၊ခရီးစဉ်အပြီးနောက်ဂျပန်
နိုင်ငံရှိအဖွဲ့ အစည်းအချို့ ၊ဂျပန်ရောက်မြန်မာနိုင်ငံသားအချို့ မှလှုဒါန်းငွေများကြောင့်မစုစုနွေးအားဂုဏ်ပြုရန်ဂျပန်ယန်း
ငွေလေးသိန်းခြောက်သောင်းကျော်(မြန်မာငွေသိန်းငါးဆယ်နီးပါး)ကို၂၀၀၆ခုနှစ်ဇန်န၀ါရီလအတွင်းရရှိခဲ့ပါသည်။
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားအများစုသည်မြန်မာပြည်ရှိမိမိတို့ ၏ မိဘ၊ဇနီး၊ခင်ပွန်း၊သားသမီး၊ညီအစ်ကိုမောင်
နှမ၊များအားတရားမ၀င်နည်းလမ်းများဖြင့်လစဉ်လိုလိုငွေပို့ပေးနိုင်ကြသော်လည်း၊ကျနော်တို့ မစုစုနွေးဂုဏ်ပြုငွေပေးအပ်
ရေးကော်မီတီသည်ငွေပေးအပ်ရန်ဂျပန်နိုင်ငံ၊တာကာဒါနိုဘာဘာမြို့ရှိ၊ဆဲယုကုန်တိုက်ဘေးရှိရိုင်ယယ်ကော်ဖီဆိုင်အတွင်း
ဦးဆောင်သူကော်မီတီဝင်အများပါသောဆွေးနွေးပွဲတကြိမ်သာဆွေးနွေးပြီး၊အဖွဲ့ သည်မစုစုနွေးထံသို့ ယနေ့ တိုင်ငွေ
မပို့ နိုင်သေးဘဲပျက်သလိုလိုဖြစ်သွားပါသည်။
ဘာကြောင့်ပျက်သလိုလိုဖြစ်ရပါလည်းလို့မေးမြန်းလာသူများရှိက ကျနော်ကတော့ညောင်ကန်အေးဆရာတော်ဟော
ကြားခဲ့သောအသင်းအဖွဲ့ ပျက်ဆီးရခြင်းသုံးချက်ကိုတဆင့်ပြောပြပါမည်။
ဖိတ်ခေါ်မလာ၊ ဘေးမှာအပြစ်ပြော၊ ငွေသဘောတွင်ပြေချောမလွယ်ထိုသုံးသွယ်မှတ်ဘွယ်သင်းပျက်ကြောင်းတဲ့။
မစုစုနွေးကတော့ ယုံကြည်ရာကိုလုပ်ဆောင်ရင်း၊စစ်အုပ်စုထောင်မှသုံးထပ်ကွမ်းထွက်လာပြန်ပါပြီ။သူမအား
ဂုဏ်ပြုမည်ဟုဆိုသောကျနော်သည်မိမိလုပ်ဆောင်ခဲ့သည်များကိုပြန်လည်ဆန်းစစ်ရင်း၊လွန်ခဲ့သောခြောက်နှစ်ကို
လွမ်းမိပါသည်။မစုစုနွေးအတွက်ဂုဏ်ပြုငွေများကိုထိုစဉ်ကဦးဆောင်သူတစ်ဦးဖြစ်သည့်ဂျပန်နိုင်ငံရှိနိုင်ငံရေးအဖွဲ့ 
ကြီးတခုဖြစ်သည့်B.D.A အဖွဲ့ ဥက္ကဌကြီး ကိုသန်းဆွေမှတာဝန်ယူမည်ဟုဆိုပြီး၊ယူဆောင်ထားလိုက်ပါသည်။ငွေများ
ကိုဘဏ်ထဲသို့ တော့ထည့်မထားဟုဆိုပါသည်။မကြာမီတော့ မစုစုနွေးကိုဂျပန်ရောက်ကျနော်တို့၏ကော်မီတီကရရှိ
ထားသောငွေဖြင့်အမှန်တကယ်ဂုဏ်ပြုနိုင်တော့မည်ဟုကြားသိရပါသည်။
မစုစုနွေးမတရားမှုများမှအမှန်တကယ်လွတ်မြောက်ပါစေ။
10/31/11
To Ko Naing Oo
ကိုဘုန်းကျော်
သြစတျေးလျကနိုင်ငံ ပတ်မြို့ က ကိုနိုင်ဦး (ABSDF) လူတစ်ဦးက ကျနော်ညီမကို ကျူနေတယ်။ သူ့ မှာ ဗီယမ်နမ်မနဲ့ ခလေးနှစ်ယောက်ရှိတယ်လို့ သိရတယ်။ ကျနော်ညီမက မြန်မာပြည်မှာနေတာ။ သူ့ ကိုယ်သူ ၁၉၈၀-ခုနှစ်မှာ မွေးတယ်လို့ ပြောပြီး ၁၉၉၉-ခုနှစ်မှာ သြစီကိုရောက်တယ်လို့ လည်း ပြောတယ်။ ကျနော့် ညီမရဲ့ အကောင့်ကို အွန်လိုင်းကနေ ဘယ်လို ရသွားလဲမသိဘူး။ အခု အွန်းလိုင်းကနေ လှမ်းပြီးကြောင်နေတာ။ ကျနော့်ညီမနာမည်က လုအောင်ပါ။ နိုင်ဦးဆိုတဲ့လူက ကရင်ဗမာ ကပြားလို့ ပြောထားပါတယ်။ ပြီးတော့ သူက ခရစ်ယာန်ဘာသာဝင်တစ်ယောက်လို့ လဲပြောသေးတယ်။ ကျနော့်ညီမအိမ်ကို သူ့ မိဘတွေလွှတ်ပြီး တောင်းခိုင်းမယ်တဲ့။ သူကလည်း အော်စီကနေပြန်လာတော့မယ်တဲ့ဗျာ။ ညတိုင်းလည်း ကျနော့်ညီမကို ဖုန်းဆက်တယ်။ သူက ကမ္ဘောဒီယားနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေလုပ်နေပါတယ်ဆိုပြီး ဒီလိုလည်းပြောသေးတယ်။
"Sorry ကျနော် Lu Aung နဲ့ စကားပြောနေလို့ပါ.. နောက်ပြီးတော့ အခုက Oversee မှာရောက်နေပါတယ် ခင်ဗျားအေးအေးဆေးဆေးလည်း စကားတွေကိုပြောချင်ပါတယ် နောက်နှစ်ပတိလောက်မှာ Aus ကို ကျနော် ပြန်ရောက်ပါမယ် အဲဒီအခါမှာ ဒီထက်မကသေးတဲ့ စကားတွေကိုလည်း ဆွေးနွေးချင်ပါတယ် မိတ်ဆေ"
ကျနော်သိသလောက် ကိုနိုင်ဦးက အသက် (၅၀) အရွယ်ရှိတယ်။ မသန်မစွမ်းရာထူးနဲ့ အစိုးရစရိတ်စားနေတဲ့လူ၊ ပြီးတော့ အင်္ဂလိပ်လိုလည်း တောင်တစ်လုံးမြောက်တစ်လုံးပြောတဲ့လူက ကမ္ဘောဒီးယားနိုင်ငံမှာ သွားပြီး လူ့ အခွင့်အရေးလုပ်ငန်းတွေလုပ်တယ်ဆိုတာ ရယ်စရာများဖြစ်နေမလားပဲ။ အခုသူ ကမ္ဘောဒီးယားမှာတဲ့။ Human Rights ကိစ္စနဲ့ ရောက်နေတာ နှစ်လကျော်သွားပြီတဲ့။ သူပြောတာက....
"မဟုတ်ပါဘူး အရင် Vietnam စစ်ပွဲအပြီးမှာ Cambodia Cuontry and Thailand ရေပိုင်နက် မဲခေါင်မြစ်ဝ ပြင်လယ်ပြင်မှာရှိနေတဲ့ လူမျိုးစု တစုရှိပါတယ် အခုအချိန်မှာ သူတို့တတွေက နိုင်ငံမဲ့ဘ၀နဲ့ ရေပေါ်မှာနေထိုင်လာခဲ့ကြတာက နှစ်အတော်လေကြာပါပြီ သူတို့ လို့မှုတချို့ ကို လူသားတာဝန်တခုအနေနဲ့ နိုင်သလောက်ကူညီနေတာပါဗျာ"
သူပို့ တဲ့ဓာတ်ပုံကို ကျနော်ပို့ လိုက်ပါတယ်။ ဒီလူက ကြပ်မပြည့်ဘူးထင်တယ်။
(မှတ်ချက်- အွန်လိုင်းသူငယ်ချင်းတစ်ယောက်မှ ဂျီတော့နဲ့ ပြောလာတဲ့အတိုင်း ပို့ ပေးခြင်းဖြစ်ပါတယ်)
ဘုန်းကျော်
သတိပေးချက်။ ။ (မိန်းခလေးတွေ သတိထားကြဖို့ ၊ နိုင်ငံခြားရောက်တိုင်းအထင်မကြီးဖို့ အတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်) မိတ္တူအား အွန်းလိုင်းပေါ်တွင် မြန်မာနိုင်ငံသားအားလုံးသိနိုင်ရန် တင်ပြပါသည်။
------------------------------------------------------------------
---------- Forwarded message ----------
From: Naing Oo
Date: 2011/10/30
Subject: Fw:
To: "wgdperth@gmail.com"
Cc: "karea4fame@yahoo.com"
----- Forwarded Message -----
From: Naing Oo
To: Phone Kyaw
Cc: Paul Kyaw ; Thein Lwin ; Thi Ha Shwe ; Myo Nyunt ; "myintcho@yahoo.com.au"
Sent: Thursday, 27 October 2011 5:45 AM
Subject:
ဘုန်းကျော်
မင်းနဲ့ငါ သိခဲ့ကြတဲ့အချိန်တွေကစပြီးတော့ မင်းရဲ့ လုပ်ရပ်တွေအားလုံးကို အထူးသတိထားမိပါတယ်ကွာ .. မင်းဟာ ငါတို့အားလုံးရဲ့ စစ်မှန်တဲ့မိတ်ဆွေတယောက်မဟုတ်ဘူး တော်လှန်ရေးအဖွဲ့အစည်းတွေကို နည်းမျိုးစုံသုံးပြီး ဖြိုခွဲဖို့ စစ်တပ်ထောက်လှမ်းရေးဖက်ကနေ လျှို့ ဝှတ်လွှတ်ထားတဲ့ ထောက်လှမ်းရေး သတင်းပေး informer, တယောက်ဆိုတာကို လူတိုင်းက နားလည်သတ်မှတ်ထားကြပါပြီ သူငယ်ချင်း...မင်းရဲ့ လုပ်ရပ်တွေကြောင့် မင်းကိုမှီခိုနေတဲ့ မင်းရဲ့ မိသားတွေအတွက်တော့ အထူးစိတ်မကောင်းပါဘူးကွာ...မကြာတော့တဲ့အချိန်ကာလတွေမှာ မင်းကို တုန့်ပြန်ပေးမဲ့ အချိန်ကို မင်းစောင့်မျှော်ပါ သူငယ်ချင်း..
နိုင်ဦး
10/30/11
ခင်ဗျားတို့ ကော ဘယ်လောက်ကောင်းလို့ လဲ
ယနေ့ ကာလမှာ ပြည်ပက နိုင်ငံရေးသမားတွေထဲမှာ အဝေဖန်ခံရဆုံး အဆဲခံရဆုံး ပုဂ္ဂိုလ်ကိုပြောပါဆိုရင် ဦးဟန်ညောင်ဝေ နှင့် စီးပွားရေးပညာရှင် ဦးဇော်ဦးတို့ ကို ပြောရမယ်ထင်တယ်။ ဦးမောင်မောင်လည်းပါတယ်ဆို ပါစို့ ။ ဝေဖန်တဲ့သူတွေအားလုံးက သူတို့ ဟာ ဘယ်လောက်တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုလဲဆိုတဲ့ အရာကို မဝေဖန်ပဲ ဘယ်လောက် စောက်သုံးမကျကြကြောင်း၊ မျောက်ပြဆန်တောင်းပြီး နိုင်ငံရေးကို လုပ်စားနေကြောင်း ရစရာမရှိအောင် ဝေဖန်နေတာကိုတွေ့ ရတယ်။ ဒီအထဲမှာ ကိုမှူးသာ ရေးတဲ့စာ နဲ့  ဦးထွန်းအောင်ကျော်တို့ ရေးတဲ့ ဝေဖန်ရေးက အချက်အလက်တွေနဲ့ တိတိကျကျ ဝေဖန်ထားတော့ ဖတ်ရတာ အရသာ အရမ်းရှိတယ်။ စာရေးသူတွေကလည်း ပြည်ပနိုင်ငံရေးလောကမှာ နာမည်ကြီးတွေလည်းဖြစ် ပညာတက်တွေလည်းဖြစ်နေပြန်တော့ လူအများက လေးလေးစားစားဖတ်ကြတာကို တွေ့ ရတယ်။ ကျနော်အပါအဝင်ပေါ့။ စာထဲမှာ ပါတဲ့အချက်အလက်တွေက ဘယ်လောက် မှန်တယ်မှားတယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ ဦးဟန်နဲ့ ဦးဇော်ဦးတို့ ပဲ သိမယ်ထင်တယ်။ သူတို့ က ကာယကံရှင်တွေဆိုတော့ဗျာ မသိပဲ ဘယ်နေပါ့မလဲ။ ဝေဖန်ရေးဆရာတွေ မပြောတဲ့ထူးခြားမှုကတော့ သူတို့ နှစ်ဦးဘယ်လောက် လုပ်နိုင်ခဲ့လဲ၊ အောင်မြင်ခဲ့လဲဆိုတဲ့ ချီးကျူးသံကို မဖတ်ခဲ့ရတော့ သူတို့ စာက မနာလိုလို့ ရေးတဲ့စာလား ပုဂ္ဂိုလ်ရေးတိုက်ခံထားတဲ့စာလို့ ကျနော်တော့ ဒီလိုကောက်ချက်ဆွဲမိတယ်။
နိုင်ငံရေးလောကမှာ ဒီလိုစာတွေကတော့ မထူးဆန်းတော့ပါဘူး။ စိတ်နာစရာလည်းမလိုဘူး။ ဒီလိုမျိုးဝေဖန်တဲ့စာတွေကို နှစ်ဖက်စလုံးက ပြန်လှန်ဆွေးနွေးကြရင် ပိုလို့ ပွင့်လင်းပြီး နားလည်မှု ရနိုင်တယ်လို့ တော့ ယူဆတယ်။ ဒါ့ကြောင့် များများပြော များများရေးစေချင်တယ်။ မသိတဲ့သူတွေပို ပြီးသိရ ဗဟုသုတရစေတယ်။
ကျနော်သုံးသပ်မိတာကိုလည်း ဝေမျှချင်တယ်။ ပထမဆုံး ဦးဟန်အကြောင်းနဲ့ ပဲ စချင်တယ်။ သူက နိုင်ငံတကာက ငွေတွေအများကြီးရအောင် ဖန်တီးတယ်။ ပြီးရင် စောရဂိုဏ်းချုပ်လိုလုပ်ပြီး စောရအသေးလေးတွေကို တဆင့်ခံဝေမျှတယ်လို့  ဝါရင့်ပဲ ခေါ်ခေါ် နှစ်ချို့ ပဲခေါ်ခေါ် နိုင်ငံရေးသမားကြီး ရဲဘော်ကျော်သန်းက ဝေဖန်တယ်။ လုပ်စားတယ်ပေါ့။ ဦးထွန်းအောင်ကျော်ကလည်း အလားတူစကားမျိုးကိုပြောတယ်။ ကဲ..ဘာပဲဖြစ်ဖြစ် စားချင်လည်းစားပေါ့ဗျာ။ တနေ့ ကြရင် ဘယ်သူက ဘာလဲဆိုတာ သမိုင်းကအဖြေပေးလိမ့်မယ်။
ကျနော်က ဦးဟန်နဲ့ ပက်သက်ပြီး တချို့ ဟာတွေကို အကောင်းမြင်တယ်။ ဥပမာ သူ့ ကြောင့် ချင်းမိုင်မှာ တိုင်းရင်းသားအဖွဲ့ တွေမှိုလိုပေါက်ခဲ့တယ်။ အမျိုးသမီးအဖွဲ့ တွေ၊ လူငယ်အဖွဲ့ တွေ တအားများခဲ့တယ်။ သူကငွေပေးတယ်။ ဟိုကလူတွေကဖွဲ့ တယ်။ ဗမာပြည်မှာနေတုန်းက ရေခဲသေတ္တာတောင်မပြောနဲ့  သံသေတ္တာတောင်မတွေ့ ဘူးတဲ့ ရှမ်း၊ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသားအဖွဲ့ လေးတွေ ကွန်ပြူတာနဲ့ ဘာနဲ့ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုတော်လို့ ပြောတဲ့ ပအိုဝ်တွေကလည်း စီမီနာမှာ ပအိုဝ်လွတ်မြောက်ရေးကသာလျှင် အရေးကြီးဆုံးလို့ ပြောလာတယ်။ နယ်စပ်က ချင်ပေါင်ရွက်နဲ့ ငါးခြောက်ပဲ စားနိုင်တဲ့မွန်မလေးတွေ မွန်လေးတွေကလည်း ချင်းမိုင်မှာ အမေရိကန် ဘရိတ်ဖတ်စ် စားလာနိုင်တာကိုကြည့်ရင် ဦးဟန်ရဲ့ ကျေးဇူးဘယ်လောက် များလဲဆိုတာ သိလောက်ပြီ။ အဆိုးဆုံးက သူတို့ လူမျိုး ရှမ်းတွေဟာ ချင်းမိုင်မြို့ ကို သူတို့ ဖထွေးပေးထားတဲ့မြို့ လိုမျိုး ချင်းမိုင်သူကြီးလိုလို လုပ်လာကြတယ်။ အဲဒိရှမ်းတွေက သူတို့ ရွာမှာ ဆိုင်ကယ်မပြောနဲ့ နွားလှည်းတောင်မမြင်ဘူးတဲ့လူတွေက ဆိုင်ကယ်တဝီဝီ၊ ဟန်းဖုန်းတဂွီဂွီနဲ့ လမ်းသလားနေတာ မမြင်ချင်အဆုံး။ သူတို့ ရဲ့ သူဌေး ဦးဟန်ကငွေထုတ်ကြီးပိုက်ထားတော့ ဘယ်သူမှ လူမထင်တော့ဘူး။ ဗမာတွေက မကောင်းဘူး၊ ရှမ်းတွေပဲကောင်းတယ်ဆိုပြီး စောက်ရှက်မရှိ စီမီနာတွေနဲ့ အစည်းအဝေးတွေမှာ ပြောလာတာကို အားလုံးသိတယ်။ တောသားတိုင်းရင်းသားတွေ ကနေဒါ၊ အင်္ဂလန်၊ အမေရိကန်၊ သြစတျေးလျမှာ သွားလာနိုင်အောင် ဘယ်သူက ငွေထုတ်ပေးခဲ့လဲ။ ဘယ်သူက အဆက်အသွယ်လုပ်ပေးခဲ့လဲ။ စကောလားရှစ်တွေနဲ့ ပညာသင်တဲ့ စော်လေးတွေလည်း အများကြီး။ သူတို့ အားလုံးက ချမ်းသာတဲ့မိသားစုပေါက်ဖွားလာတာမဟုတ်။ မယုံရင် သူတို့ ဖင်ကိုလှန်ကြည့်ပါ။ အမာရွတ်တွေ တွေ့ လိမ်မယ်။ ဒီတိုင်းရင်းသား အူကြောင်ကြားတွေကို ဘယ်သူက ထမင်းကျွေးခဲ့လဲဆိုတော့ ကျေးဇူးရှင်ကြီး ဦးဟန်ပဲ။ သူတို့ အပြင် ထိုင်းအခြေစိုက်အဖွဲ့ အစည်းမှန်သမျှ ဦးဟန်နဲ့ ကင်းတဲ့သူဘယ်သူရှိလဲ။ ကုန်ကုန်ပြောရရင် ကျနော်တောင်မကင်းဘူး။ လူ့ ဘောင်သစ်လူငယ်ညီလာခံလုပ်ဖို့  ဦးဟန်ကငွေ ပေးတာလို့ ဆိုတယ်။ ညီလာခံလုပ်တဲ့ လူ့ ဘောင်သစ်က ပွဲစားဆိုတဲ့လူတော့ အတော်ကိုက်ပါတယ်။
ဆိုတော့ သူတို့ မျက်စိပွင့်နားပွင့်ဖြစ်အောင် လုပ်ပေးတဲ့သူက ကျေဇူးရှင်ကြီး ဦးဟန်ညောင်ရွှေဟုခေါ်သော ငါးခူနှုပ်ခမ်းမွှေးနဲ့ လူပဲ။ သူ့ ကြောင့်ပဲ နိုင်ငံတကာပေးတဲ့ဆုတွေဘာတွေရတဲ့ ရှမ်းမတွေဖြစ်လာတယ်။ အဲဒိရှမ်းမတွေနဲ့ တိုင်းရင်းသားတွေကို မျက်စိဖွင့်လာအောင် လုပ်ပေးတဲ့သူတွေထဲမှာ အခုလိုမျိုးအွန်လိုင်းကနေ ဝေဖန်နေတဲ့လူ ဆဲနေတဲ့ လူတွေ မပါဘူး။ ကျနော်အပါအဝင်ပေါ့။ ဦးထွန်းအောင်ကျော်တို့ လိုလူမျိုးသာ ဦးဟန်လိုနေရာမျိုးမှာ လုပ်ခွင့်ရရင် ဘယ်လို ဖြစ်မလဲမသိဘူး။ အခုလည်း အဘိုးကြီးဟန်က သမီးလေးကိုဆွဲပြီးပြည်တော်ပြန်တယ်။ ပြည်တွင်းမှာ ဝင်ပြီး နိုင်သလောက်လုပ်ပေးမယ်လို့ ဆိုတယ်။ သိတ်ကောင်တဲ့ အိုင်ဒီယာပေါ့။ လက်တွေ့ ကြတယ်။ ကျနော်တောင် သူ့ လိုမျိုးမလုပ်နိုင်ဘူး။ ဥပမာဗျာ...ဦးသိန်းစိန်က ဟေ့ကောင် ဘုန်းကျော် မင်းကို ငါ ဝန်ကြီးတနေရာပေးမယ်။ မင်းပြန်လာပြီး လုပ်ကွာလို့ ပြောရင်တောင်...ဆောရီး ဦးလေး...ကျနော် သြစတျေးလျမှာ အိမ်ဖိုး အကျွေးရှိသေးလို့ မပြန်နိုင်ဘူး။ ခလေးတွေလည်း မကြီးသေးဘူး။ ငွေလည်းမရှိသေးလို့  မပြန်နိုင်ဘူးလို့ ပြောချင်တယ်။ ဒါက တကယ်အမှန်ကိုပြောတာ။
ဦးဇော်ဦးဟာ မိန်းခလေးတွေကိုဖျက်ဆီးတယ်။ ယောက်ျားချင်းလည်းချတယ်။ ငွေတွေဘုံးတယ်။ လူလည်ကြတယ်။ သစ္စာတွေ မေတ္တာတွေ ရွှေမန်းတွေမရှိဘူး၊ ဖျံကြတယ်၊ ချီးထုတ်ဖြစ်တယ်လို့ ဆိုပြီး ကိုမှုးသာကပြောတယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောတယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။ ပထမဆုံး ဦးဇော်ဦးရဲ့ ရှုပါက ကိုမှုးသာထက်သာတယ်ဆိုတော့ စော်တော့ကြည်မယ်။ အခုတောင် ကိုဇော်ဦးက ဗိုက်ကလေးကိုလုံးပြီး ချစ်စရာကြီး။ ထိပ်ကလည်း ပြောင်တော့ ကြည်ညိုချင်စရာ။ ဒေါက်တာဆိုတဲ့ အမှီးကလည်းအရှည်ကြီး။ ပြောရရင်တော့အများကြီးပါ။ နေပြည်တော်က စင်တော်မှာတောင် တက်ပြီး အာ ခဲ့တဲ့လူ။ ပြည်ပက လူတွေထဲမှာ ဘယ်သူက သူ့ လို လုပ်နိုင်ခဲ့လဲ။ အခုလည်း ပြည်တွင်းနဲ့ ပြည်ပမှာ ဗဟုခေါ်သော ဗဟုမကျတဲ့အဖွဲ့ က သင်တန်းတွေပေး စွပ်ပြီးအာနေတာက တကယ်ကောင်းတဲ့အလုပ် မွန်မြတ်တဲ့အလုပ်။ ဒီလိုလုပ်ဖို့ ငွေရှာနိုင်တဲ့ ဦးဇော်ဦး။ သူတော်တာပေါ့ဗျာ။ ဒီလိုဖြစ်နေတဲ့လူကို မနာလိုတဲ့လူ ချောင်းပြီးရိုက်ချင်တဲ့လူတော့ ရှိမှာပဲ။
ပထမဆုံး ဦးဇာ်ဦးက ကောင်မလေးတွေကို မက်လုံးပေးပြီး ဗြင်းတယ်လို့ ဆိုတယ်။ ထားတော့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပါတယ်။ ဦးဇော်ဦး တောထဲမှာ နေတုန်းက လုပ်ဖော်ကိုင်ဖက်မိန်းခလေးတွေအပြင် ယောက်ျားအချင်းချင်းလည်း ဖင်ချတယ်ပေါ့။ ဒါက တဖက်လူရဲ့ စွပ်စွဲချက်။ ကျနော်အမြင်ကတော့ဗျာ ကာယကံရှင်က ငြိမ်နေတော့လည်း ဇော်ဦးလည်း လူပဲမို့ ချတာ ဆန်းသလား။ မုဒိမ်းကျင့်တာမှ မဟုတ်တာဗျာ။ သူ တောခိုလာတာက သူပုန်လုပ်ဖို့ ပါ။ တောထွက်ပြီး ရဟန်းဝတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အဖြစ် လာလုပ်တာမဟုတ်ဘူးလို့ တော့ထင်တယ်။ သူလည်တော့ သူစားမှာပေါ့။
အညွန့် ခူးစားတယ်ဆိုတဲ့စကားကိုလည်း ဒီလိုပြောလို့ ရနိုင်တယ်။ ကိုယ်မှ စောက်သုံးမကျတာ ဇော်ဦး အညွန့် ခူးစားတာနဲတောင်နဲသေးတယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲဗျာ။ ဦးဇော်ဦးက ဘယ်တုန်းက စာချူပ်နဲ့ လက်မှတ်ထိုးပြီး ကျနော်မောင်ဇော်ဦးသည် တော်လှန်ရေးနဲ့ ရဲဘော်တွေအပေါ်မှာ အညွန့် မခူးစားပါဘူး လို့ ဆိုပြီး လုပ်ခဲ့လား။ မလုပ်ခဲ့ဘူး။
ကျနော်တို့ အပြင်က နိုင်ငံရေးသမားလို့ ပဲခေါ်ခေါ် သူပုန်လို့ ပဲသုံးသုံး အများစုက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဝေဖန်သင့်တယ်။ ငါကကော ဘယ်လောက်ကောင်းလို့ လဲလို့ ။ အခု ဝေဖန်ရေးမှာနာမည်ကြီးနေတဲ့သူတွေဖြစ်တဲ့ ဘုန်းကျော်၊ ဦးထွန်းအောင်ကျော်၊ ကိုမှူးသာ၊ ကိုရွှေထီး၊ ဆလိုင်းကိုကိုဦး ၊ ဦးကျော်သန်း စတဲ့လူတွေကော ဘယ်လောက်ကောင်းလို့ လဲ။ လစ်ရင်လစ်သလို အခွင့်အရေးရရင်တီးတာပဲ။ အားလုံးသော သူပုန်တိုင်းက တောထဲမှာ သူပုန်လုပ်ခဲ့တာပါ။ တောထဲမှာ ရသေ့လုပ်ခဲ့တဲ့လူ ဘယ်သူမှ မရှိခဲ့ဘူး။ နိုင်ငံတကာ ပတ်ပြီး ဘာညာလုပ်ခဲ့တဲ့လူတွေချည်းပဲ။ ဆိုတော့ ကျနော်တို့ လည်းစောက်သုံးမကျခဲ့ဘူး။ အကျင့်ကောင်းခဲ့ဘူး။ ဒါ့ကြောင့် ဘယ်သူ့ ကိုပဲ ဝေဖန်ဝေဖန် သူတို့ ရဲ့ ကောင်းကွက်လေးကိုတော့ ချီးကျူးပေးကြပါအုံး။
ဆက်ရန်-
10/29/11
ဒေါ်စုနောက်အပတ်မှာ ပါတီထောင်မည
အန်အယ်ဒီပါတီ လာမဲ့ရွေးကောက်ပွဲမှာ လုံးဝ ဝင်ရွေးခံပါလိမ့်မည်။ ပါတီထောင်ပါလိ့မ်မယ်။ ဘာ့ကြောင့် ဒီလိုပြောလဲဆိုတော့ ရှေးက ဖြစ်ရပ်တွေကြောင့်ပါ။နောက်ဆုံးတစ်ခုကတော့ အခုထွက်လာတဲ့ နိုင်ငံရေးပါတီများ အီစီကလီလုပ်ပါသည် ဥပဒေသစ်ကြောင့်ပါ။ ဒါက အားအားယားယားပေါ်လာတာမဟုတ်ပါ။ အန်အယ်ဒီမှာ အခြားရွေးချယ်စရာ ပလန်မရှိတော့ဘူး။ ဒေါ်စုလည်း သူ့ စကားနဲ့ သူပိနေပြီ။ အသက်လည်းကြီးလာပြီ။ ရွေးကောက်ပွဲ ဝင်ပြီးအရွေးခံရင်တောင် ဦးဝင်းတင်တို့ ဦးတင်ဦးတို့ လို သက်တမ်းတွေ ပါမှာမဟုတ်တော့ဘူး။ အခုကတည်းက ဒေါ်စုအနေနဲ့ ပါတီထောင် ရွေးကောက်ပွဲမှာ ဝင်ပြီးအရွေးခံဖို့ နိုင်ဖို့ အတွက်ဆိုရင် ပြည်ပက ဆန့် ကျင်နေတဲ့လူတွေ ဆုံးဖြတ်ချက်ပြင်ကြပါ။ မပြင်လည်းနေပါ။ သို့ သော် အားပေးစေချင်ပါတယ်။ ကိုမင်းကိုနိုင်တို အုပ်စုလည်း ဒေါ်စုပါတီမှာ ဝင်ပြီးအရွေးခံပါလိမ့်မယ်။ သူတို့ နိုင်မှာ သေချာပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ကိုမင်းကိုနိုင်တို့ အနေနဲ့ ဝန်ကြီးတနေနေရာတော့ အနဲဆုံးရနိုင်မယ်။ ပြည်ပက ဆန့် ကျင်နေတဲ့ အဖွဲ့ တွေ လူတွေအနေနဲ့ ကတော့ လုပ်လက်စအလုပ်ဖြစ်တဲ့ ၂ဝဝ၈-ဖွဲ့ စည်းပုံဆန့် ကျင်ရေး၊ အာရပ်လားကိုစီးရေး၊ လူထုအုံကြွမှုအတွက် အရက်ဝိုင်းကနေ အာရေး၊ လက်နက်ကိုင်ပြီး တောထဲမှာ ငတ်ရေး စတဲ့ မယောင်ရာဆီလူးတဲ့ အလုပ်ကို ဆက်ပြီးလုပ်ကြပေါ့။ ဒါကတော့ နိုင်ငံရေးလေ့လာသူ သုတေသူ အရက်သမား လူ့ ဘောင်ချစ်ဘုန်းကျော်ရဲ့  မှူးပြီး ပြောသော အမှူးစကားဖြစ်ပါကြောင်း။
10/26/11
လူ့ ကပ်ပါးသံကောင်ဇော်ဦးနှင့် နောင်အနာဂါတ်မြန်မာနိုင်ငံတော် ၏ အန္တရာယ်
ယခုအချိန်ကာလသည် တိုင်းပြည်တွင်း၌ အပြောင်းအလဲများဆက်တိုက်ဆိုသလို ပေါ်ပေါက်နေချိန် တွင် တော်လှန်ရေးသန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန်လိုအပ်သည် နှင့်အညီ မိမိ၏အတွေ့အကြုံ နှင့် ရရှိထားသည် အချက်အလက်များအား တော်လှန်ရေး အသိုင်းအ၀ိုင်း နှင့် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိပေးခြင်း ပြုလိုက်ပါသည်။
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလားသည့်အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူ စီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကိုတွေ့ ရသည်။
ဥပမာပြရရလျှင် - စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့်အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများအားပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာအတူတကွ စားသုံးကြသဖြင့် ယနေ့ထက်ထိ အင်အားတောင့်တင်းခိုင်မာလျှက် ၎င်းတို့ ၏ ရှေ့ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်နေသည်။
တခြားတဖက်တွင်ရှိသော အတိုက်အခံအုပ်စုများတွင်မူကား - ၎င်းတို့နှင့် ဆန့်ကျင်လျှက် ရှိနေသည်။ ဒီမိုကရေစီအတိုက်အခံ အခြေခံအင်အားစုများကြောင့် အနှစ်(၂၀)အတွင်းတွင် ရရှိလာခဲ့သည့် ဒီမိုကရေစီရရှိရေးအတွက်ပံ့ပိုးမှုများဖြစ်သည့် အမေရိကန်ဒေါ်လာငွေ သန်းနှင့်ချီသည့်ငွေကြေးများ၊ ပညာတော် သင်အခွင့်အရေးများကို လူလည်ကျသော ခေါင်းဆောင်တန်းတွင်နေရာယူထားသည့် နိုင်ငံရေးအဖွဲ့  အစည်း ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များသာလျှင်ရယူခဲ့ကြသည်၊ ခံစားလျှက် ရှိကြသည်။ ဤကဲ့သို အခြေခံအခွင့်အရေးများ ညီညွတ်မျှတမှု မရှိသော ကြောင့် အတိုက်အခံအုပ်စုများတွင် အုပ်စုများအမျိုးမျိုးကွဲကာ မည်သို့မျှစည်းရုံးညီညွတ်မှုမရဘဲ ပြိုကွဲလျှက် ညီညွတ်မှုမရှိဘဲဖြတ်သန်း နေကြ သည်။ ယခုအခါ ထိုအချောင်သမားတို့သည် ဒီမိုကရေစီ အရေးတော်ပုံအတွင်းမှ အခွင့်အရေးများကို အစွမ်းကုန် သုံးစားပြီးနောက် စစ်အုပ်စုနှင့် ပေါင်းကာ တိုင်းပြည်နှင့် လူမျိုးအပေါ် နိုင်ငံရေး ဗန်းပြပြီး ဆက်လက်ကိုယ်ကျိုးရှာဖို့ အားထုတ်နေကြသည်။
ထို့ ကြောင့် စာရေးသူအနေဖြင့် ပြည်တွင်းပြည်ပမှ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်ကောင်း စေတနာ ကောင်းများဖြင့် ဆောင်ရွက်နေသူများ သကဲ့သို့ နိုင်ငံရေးအကျင့်ပျက်ချစားနေသူများထဲ မှအလွန်အန္တရယ် ကြီးသည်လောက်ကောင်တကောင်အား ဥပမာ ပေး၍ တင်ပြလိုပါသည်။ ထိုသို့ တင်ပြရခြင်း မှာလည်း တိုင်းပြည်၏နောင်အနာဂါတ်အရေးအတွက် ကျရောက် လာမည့်အန္တရာယ်ဆိုးများကို ကြို တင်ကာကွယ် နိုင်ရန်အတွက် တင်ပြရခြင်းဖြစ် ပါသည်။
တကယ်တော့ ဇော်ဦးဟာ ဥပမာနဲ့ပြောရလျှင် - တော်လှန်ရေးအစကနဦးကတည်းက ယနေ့ထက် တိုင် အောင် အခွင့်အရေးများကို အဆင့်ဆင့်စားသုံး အသက်ရှင်သန်ကြီးထွားလျှက်ရှိနေသည့် လူ၏မစင်နှင့် တိရိစ္ဆာန် မစင်များကြားတွင် သံသရာ လည်ကျက်စားသော ကပ်ပါးသံကောင်များကဲ့သို့ နိုင်ငံရေး အကျင့်ပျက်သံကောင် များ ထဲမှ သံကောင်တစ် ကောင်ဖြစ်သည့် ဇော်ဦးအကြောင်းနှင့် ထိုသူ၏ ကိုယ်ကျိုး ရှာလုပ်ရပ် သည်မြန်မာ နိုင်ငံ၏ အနာဂတ်အန္တရာယ် ဖြစ်လာနိုင်သည့် အကြောင်းကို ဦးစွာပထမ ဖော်ပြ လိုက်ပါသည်။
ကျောင်းသားတပ်မတော် (ABSDF) ဘုရားသုံးဆူစခန်း ပြိုကွဲရခြင်း။
၁၉၈၈ ခုနှစ် ကာလ ဇော်ဦးသည် ဘုရားသုံးဆူစခန်းဥက္ကဌအနေဖြင့် ခံယူကာ အပြည်ပြည်ဆိုင်ရာမှ အထောက် အပံ့အားလုံးကို တစ်ဦးတည်းချုပ်ကိုင်ကာ ငွေစာရှင်းလင်းခြင်း၊ ရရှိသည့် ငွေကြေးပမာဏ များအား ရှင်းလင်းစွာ အသိပေး ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ တာဝန်ခံတစ်ဦးအနေဖြင့် ချုပ်ကိုင် ထားကာ စခန်းမှ ရဲဘော်များအား တပည့်မွေးဆရာမွေးစနစ်ကိုကျင့်သုံးခဲ့ပါသည်။ စခန်းရှိရဲဘော်များ ငှက်ဖျားရောဂါ ခံစားနေ ရမှုများ၊ ငတ်မှုခေါင်းပါးမှုများ ရာသီဥတုဒဏ်များကြောင့် အသေအပျောက်များ ခြင်း စသည့် ဆင်းရဲဒုက္ခများခံစား နေရချိန်တွင် စခန်းတွင် တစ်ပတ်ထက်မကျော်သောရက်များဖြင့် နေ့ လာညပျောက် စခန်းဥက္ကဌ လုပ်ခဲ့ပါ သည်။ စခန်းသို့ လာရောက်စဉ်တွင်လည်း သူ၏အကောင်း စားအ၀တ်အစား အသုံးအဆောင်များအား အ၀တ်အစားအဟောင်းများနှင့်လဲလှယ်ဝတ်ဆင် ပြီးတကယ်ပင် ပင်ပန်းပန်းပေပေရေရေဖြင့် အများအကျိုး လုပ်နေဟန်ဆောင်ထားသောရုပ်ဖြင့် စခန်းသို့ဝင်လာခဲ့ ပါသည်။ ဤကာလတွင် ညီညွတ်မျှတမှုမရှိသည့် ဖြစ်ရပ်များမှာ စခန်းရှိ ရဲဘော်များ စားရမဲ့သောက်ရမဲ့ဘဝ ဖြစ်နေချိန်တွင် ၎င်းမှ စခန်းတွင်နေထိုင်မှုမရှိဘဲ စံခရဘူရီမြို့ တွင် သူ၏နောက် လိုက်နောက်ပါများဖြင့် ၀ါးဖောင်တည်း ခိုခန်းတွင်ပြည်တန်ဆာများနှင့် ပျော်ပါး ခြင်း၊ ဘန်ကောက် မြို့ တည်းခိုခန်းများတွင်လည်း အတိုင်းအဆမရှိ သုံးဖြုန်းစားသောက်နေထိုင်ခဲ့သည်။ မိမိလုပ်ငန်းစစ်ဆေးရေး တာဝန်ယူစဉ်အခါက ABSDF ရုံးခန်းရှိသော်လည်း ဗဟိုနှင့်အဆက်အသွယ်မလုပ်ဘဲ ဘန်ကောက်မြို့ ပါ တနာကန်ရပ်ကွက်တွင် အခန်းတစ်ခန်းငှားထားကြောင်းကို သိရှိခဲ့ရသည်။ ထိုစဉ်အခါက ဘတ်ငွေ တ သောင်းတစ်ထောင် အိမ်လခပေးရန်လိုကြောင်း မိမိအားတင်ပြလာသည်။ ထိုအခန်းသည် ရဲဘော်များ ဘန်ကောက်ရောက်လျှင် တည်းခိုရန်အတွက် ဖွင့်ထားသည့်အခန်းဟုသိရှိရသည်။ ထို့ကြောင့် ၎င်းအခန်း ခပေးရန်လိုသည့်အတွက် မိမိအားစိုက်ထုတ်ပေးရန် ပြောခဲ့သဖြင့် မိမိမှပေးခဲ့ပါသည်။ မယုံကြည်သော်လည်း အုပ်စုကွဲပြီး စခန်းမတည်ငြိမ်မှုများ ဖြစ်မည်ကိုစိုးရိမ်သဖြင့် ထိုငွေအား ပေးခဲ့ခြင်းဖြစ်သည်။ နောင်မှ ထိုအခန်းကိုအခြား တနေရာမှ ထောက်ပံ့မှုဖြင့် ငှားထားကြောင်း သိရှိခဲ့ရ ပြန်ပါသည်။ ၎င်းသည် ထိုအခန်း တွင်နေထိုင်ရုံမျှမက ဦးတင်မောင်ဝင်း၏နေအိမ်တွင်လည်း တခါတရံသွားရောက် နေထိုင်ခဲ့ပြီး တယ်လီဖုန်း များကို မြန်မာပြည် သို့ ခိုးဆက်ခဲ့ရာ ဖုန်းဘေလ်ဆောင်သည့် အခါမှ ဘတ်ထောင်သောင်းချီကျနေပြီး ဇော်ဦး ခိုးဆက်ထားမှန်းဦးတင်မောင်ဝင်းကသိရှိခဲ့ရသည်ဟုပြောပြသဖြင့် ABSDF ရဲဘော်တဦးအနေဖြင့်သူ့ အစား ရှက်ခဲ့မိပါသည်။ ၎င်းမှစခန်းရှိရဲမေများအား ဘန်ကောက်သို့ ဆေးကုပေးရန်အတွက် အကြောင်း ပြ၍ လည်း ကောင်း၊ ဒုက္ခသည် အဖြစ်လည်းကောင်းလျှောက်ထားပေးရန် ခေါ်ဆောင်သွားပြီး စခန်းသို့ ပြန်ရောက် လာသည့် အခါ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေခဲ့သည်ကိုမျက်မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချို့မစို့တစို ယောင်္ကျားလေးများပင် အခြောက်ဘ၀သို့ သက်ဆင်းခဲ့ရသည်။ နဂါချိဆန်(ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားသောဂျပန်သတင်းထောက်)နှင့်အဖွဲ့ ဘုရားသုံးဆူစခန်းသို့ လာစဉ်အမဲသားဝယ်ကျွေး သဖြင့်ရဲ ဘော်များ တယောက်တတုံး ရကြသည်၊ ထွန်းနိုင်တို့ညီအကိုကတတုံးဘဲမျှစားကြပြီး ကျန်တတုံးကိုသိမ်း ထားရာတွင်၊ ဘောကြီးဆိုသူကခိုးစားသည်ကိုသိပြီးထိုးမည်လိုက်သည့်အခါကြောက်လန့်စွာထွက်ပြေးသ ဖြင့် ရန်သူမှဖမ်းမိပြီး အသတ်ခံလိုက်ရသည့်အဖြစ်မှာရင်နာစရာကောင်းလှသည်။ စိတ်မကောင်းစရာ ဒီအကြောင်း ကို ပြန်ပြောရတာက အဲဒီအချိန်က စခန်းရှိကျောင်းသားတွေရဲ့ ဆင်းရဲခေါင်းပါးလှတဲ့အချိန်မှာ လူလည် လူလိမ် ဇော်ဦးတယောက်ကတော့ ဘယ်သူတွေ ဘာဖြစ်နေနေ ကိုယ်သက်သာရာ ရကြောင်း ကောင်းကောင်းနေ ကောင်းကောင်းစားရဖို့ အရှက်မရှိ အဲဒီလိုလုပ်ခဲ့တယ်ဆိုတာကို သိစေချင်လို့ တင်ပြရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရဲဘော်များ ငတ်လွန်းမကငတ်နေသည့်ဘဝ၊ဆားများလွန်းသဖြင့် ယင်ကောင် ပင်မနားသည့် “ယင်မနားငပိ” ကိုစားရသည့်ဘဝ၊ ဘုရားသုံးဆူတဝိုက်ပေါက်နေသော စိမ်းစိမ်းအပင်မှန် သမျှကို စားနေရသောဘဝ၊ ဝတ်စရာမရှိသဖြင့် မဲနှိုက်၍ထမီပေါက်လျှင် ရသောထမီကို သာဝတ်ရသောဘဝ နှင့် ဖြစ်သလိုနေခဲ့ကြသော ရဲဘော်များဘဝကို ဇော်ဦးတို့က ဂရုမစိုက် အရေးပင်မလုပ်ခဲ့ချေ။ (ထိုကဲ့သို့ ABSDF ရဲဘော်များအပေါ် ခုတုံးလုပ်ကိုယ်ကျိုးရှာအမြတ်ထုတ်သွားသည့် ဇော်ဦးသည်မြန်မာနိုင်ငံသိုပြန်ပြီး သတင်း မီဒီယာကို အသုံးချ၍ သူသည် ABSDF ခေါင်းဆောင် ဟုပြောသည်ကိုကြားရသည့်အခါ ကျွန်တော်အပါ အဝင် ရဲဘော်များအ လွန်ခံပြင်းဒေါသ ထွက်ခဲ့ကြ ရပါသည်။) ထိုကဲ့သို့ရဲဘော်ရဲမေများ အား နည်းချက်၊ ငွေကြေး ချို့တဲ့မှုများကိုအခွင့်ကောင်းယူခဲ့သည့် တကိုယ်ကောင်းသမား၊ တော်လှန်ရေးရဲဘော်၊ ရဲမေများများအပေါ် စည်းမထားဘဲ လူမှုရေးအရ အကျင့်ပျက်ဖေါက်ပြန်နေသောဇော်ဦးအကြောင်းကို၊ ကိုအောင်သူငြိမ်းတို့ (ယခု ဗဟုအဖွဲ့ဝင်များ) မှ သိရှိပြီးစခန်းတွင် စတင်ဆန့်ကျင်လာပြီး ပြဿနာများ တက်လာခဲ့သည်။ ဇော်ဦးနှင့် သူပေးကျွေးထားသောအခွင့်ထူးခံအဖွဲ့တို့နှင့် အခြေအတင်ဖြစ်ပြီးနောက် စခန်းမတည် မငြိမ်စဖြစ်လာခဲ့သည်။ ထို့နောက် ဇော်ဦးအား စခန်းဥက္ကဌအဖြစ်မှ ဖြုတ်ချကာ အောင်သူငြိမ်းအား ဥက္ကဌအဖြစ်တင်ခဲ့သည်။ ဤအချိန်တွင် အလှူရှင်တချို့မှ စစ်သင်တန်း ဆင်းပွဲအတွက် အချိန်မှီလှူထားသည့်ယူနီဖောင်းများကို ဇော်ဦးမှလက်ခံထားရှိပြီးဖြစ်သော်လည်း ၎င်းဥက္ကဌမဟုတ် တော့သည့်အတွက် စခန်းသို့ နောက်ကျမှပေးပို့  ခဲ့သည်။ ထို့ ကြောင့် ရဲဘော်များမှာ ပုဆိုးခါးထောင်းကျိုက်၍ သင်တန်းဆင်းခဲ့ကြရသည်။
သင်တန်းဆင်းပွဲဓါတ်ပုံဖလင်များကိုလည်း မတော်တဆဟုဆိုကာ သမိုင်းဝင်ဖလင်များကို ယုတ်မာစွာဖျက်စီး ပစ်ခဲ့သည်။ ထိုမှစ၍ အောင်သူငြိမ်းတို့သည်ဇော်ဦး၏ဆန့်ကျင်ဘက် အုပ်စုတစ် စုအနေဖြင့် ရပ်တည် သွား တော့သည်။ ဤပြသနာများကြောင့် စခန်းတွင်းရှိရဲဘော်အချင်းချင်း အာပီဂျေနှင့်ပစ်ခတ်သည့်အ ဆင့်သို့ရောက်ရှိပြီး ဗုံးသီးမပေါက်ကွဲခဲ့သဖြင့်သာ ရဲဘော်များအသေ အပျောက်မဖြစ်ခဲ့သော်လည်း ကြီးမား သည့် စိတ်ဝမ်းကွဲသည့်ပြဿနာဖြစ်ပေါ်ခဲ့ပါသည်။ ထိုကြောင့် ဗဟိုမှ တာဝန်ရှိသည့် ဒေါက်တာ သောင်းထွန်း မှ လာရောက်စစ်ဆေးရာ ဒညတမှ ပိုက်ဆံများယူပြီး လူတွင်ကျယ် လာလုပ်သည့် ဇော်ဦးကြောင့် ထိုပြဿနာများဖြစ်သည်ကို သိရှိသွားသည်။ ထို့အတူ စခန်းမှ လူများသည်လည်း ဖရိုဖရဲဖြစ်ကာ ဒုက္ခသည် လျှောက်သူများ၊ ပြည်တွင်းပြန်ဝင်သူများ၊ အခြားစခန်းသို့ပြောင်းရွှေ့ သူများ၊ စခန်းမှ ထွက်၍ ထိုင်းနိုင်ငံ တွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင်သူများ အများအပြားဖြစ်လာပြီး စခန်းတွင် မိုးဗြဲဒယ်အိုး (၆) အိုး ချက်နေ ရာမှ (၂) အိုးသာ ချက်ရတော့သည့် အဖြစ်သို့ ရောက်ရှိခဲ့ရတော့သည်။
ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) ပြိုကွဲသွားခြင်း
၎င်းနောက် ပိုင်းတွင် ငွေကြေးတောင့်တင်းသည့် ဒညတအဖွဲ့တွင် လျှိုဝှက်အဖွဲ့ဝင်ဘဝမှ အတွင်းရေး မှူးအဖွဲ့ဝင်အဖြစ်ဗြောင်လုပ်ကိုင်လာသည်ကိုတွေ့ခဲ့ရသည်။ ဇော်ဦး ဒညတတွင် နေထိုင်စဉ် ကာလတွင် လည်း အောက်ခြေရဲဘော်များအားထိုင်းရဲမှ မကြာခဏဖမ်းခံရချိန်တွင် ဇော်ဦးမှ မြန်မာနိုင်ငံကူး လက်မှတ် အတု (Passport) ကို သူကိုယ်တိုင်အတုလုပ်ကိုင်ပြီး (Passport) အတုများကို ထည်လဲကိုင်ဆောင်နေသဖြင့် ရဲဖမ်းခြင်းမှ လွတ်အောင်နေခဲ့သည်။ ထိုသို့  ဇော်ဦး ဒညတ ၀င်ရောက်သွား သည်နှင့် ဒညတတွင် လည်း ငွေကြေးချစားမှုများ၊ မညီညွတ်မမျှတမှုများ ဖြစ်ပေါ်တိုးတက်လာကာ အောက်ခြေရဲဘော်များဖြင့် ညီညွတ် ရေးပြိုကွဲခဲ့ကြရသည်။
နိုင်ငံရေးကျောင်းသားများ၏အညွန့် ကိုခူးစားခြင်း
၁၉၉၃ ခုနှစ်ကာလများအတွင်း - ကျောင်းသားများသည် တောတွင်းတိုက်ပွဲအပြင် ဘန်ကောက်၌ နိုင်ငံ ရေးတိုက်ပွဲများကို စတင်ဖေါ်ဆောင်လာခဲ့ပေသည်။ ၎င်းကာလများ၌ ထိုင်းနိုင်ငံတွင် နိုင်ငံရေး တိုက်ပွဲများ ဖြစ်သည့် သံရုံးရှေ့ဆန္ဒပြခြင်းများ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများ၊ ထောင်တွင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲများ ကို ဖေါ်ဆောင်ခဲ့ကြသည်။ ထိုအချိန်ကာလတွင် ၎င်းမှ တော်လှန်ရေးနိုင်ငံရေး အသိုင်းအ၀ိုင်းမှ မဟုတ်သော သူများအား ဒုက္ခသည်အဖြစ်လိမ်လည်၍ ကူညီလျှောက်ထားပေးခြင်းများဖြင့် အဂတိ လိုက်စားခဲ့သည်။ ထိုသို့လျှောက်ထားပေးရာတွင်အမျိုးသမီးငယ်များသည်လည်းပန်းကောင်း အညွန့်ကျိုး ဘ၀ သို့ရောက် ခဲ့ရသည်။
မြန်မာကျောင်းသားများ၏ ထိုင်းနိုင်ငံတွင်းနိုင်ငံရေးလှုပ်ရှားမှုများကြောင့် Open Society အဖွဲ့ မှ သိရှိ လာကာ မြန်မာကျောင်းသားများအတွက် ပညာတော်သင် (Scholarship) စကောလားရှစ် အစီအစဉ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုအစီစဉ်ပေါ်လာခဲ့ရာတွင်လည်း ဇော်ဦးမှ အညွန့် ခူးသွားခဲ့ပြန်သည်။ ထိုတွင်လည်း သူတဦးတည်းမဟုတ် တော်လှန်ရေးကျောင်းသားများအတွက် ပေးသည့်ပညာသင်ဆု ကိုဖြတ်ယူ၍ ပြင်ပအသိုင်းအ၀ိုင်းမှ သူချေတော်တင်ထားသည့် မိန်းခလေးငယ်များအပါအ၀င် သူနှင့်လက်သင့်ရာများကို ထည့်သွင်းလျှောက်ထားရယူစေခြင်းဖြင့် အညွန့်  ခူးစေသည်။
ကပ်ပါးသံသရာလည်ခြင်း
ထို့ နောက်ဇော်ဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီးနောက် အလုပ်အကိုင်မရ ဖြစ်နေချိန်တွင် အင်န်စီဂျီယူဘ်ီထံတွင် အလုပ်သွားလျှောက်ရာ ဒေါက်တာသောင်းထွန်း (ဒညတအား အလွန်မုန်းတီးခဲ့ သည့် သူ) ဦးစီးသည့် ၎င်းအဖွဲ့ မှ ဒညတ ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့သည့် ဇော်ဦးအား အလုပ်ခန့် လိုက် သည်။ ထိုမှ တဆင့် မြန်မာ့ငွေကြေးရံပုံငွေအဖွဲ့  (Burma Fund) ဘာမားဖန်တွင် ဒါရိုက်တာအဖြစ် ရာထူးတိုး မြှင့်ခန့် အပ် လိုက်ပြန်သည်။ ဤအချိန်တွင် အိမ်ယာမြေဈေးအကြီးဆုံးဖြစ်သည့် ၀ါရှင်တန်ဒီစီ နေရာတွင်မည်သို့လုပ် သည် မသိ ဇော်ဦး အိမ်တစ်လုံးပိုင်ဆိုင်သွားတော့သည်။ (ထိုအချိန်က ဒေါက်တာစိန်ဝင်း အိမ်ဌား၍ နေထိုင် ဆဲဖြစ်သည်)။ ထိုအချိန်၌တွင်ပင် ကျွန်တော်၏ မိတ်ဆွေတစ်ဦးဖြစ်သူ အမေရိကန်လူမျိုး မစ္စတာစကော်ဒီ (မြန်မာဗုဒ္ဓဘာသာလေ့လာနေသူ- University of Pennsylvania) သည် ဇော်ဦး၏အိမ်၌ ဇော်ဦးမရှိခိုက်တွင် ဇော်ဦး၏အဒေါ်ဆိုသူနှင့် အမှတ်မထင်တွေ့ခဲ့ပြီး ထိုအဒေါ်ဆိုသူမှ သူသည် နအဖအစိုးရမှ ပညာရေး အစီအစဉ်ဖြင့်လွတ်လိုက်သည့်ကိုယ်စားလှယ်ဖြစ်ကြောင်းနှင့် US State Department နှင့်တွေ့ရန် လာသည် ဖြစ်ကြောင်းကိုပြောပြခဲ့သဖြင့် ဇော်ဦးသည် ထိုစဉ်ကပင် နအဖအသိုင်း အ၀ိုင်းနှင့် အဆက်အသွယ် ရှိကြောင်းသိရှိခဲ့ရသည်။ ထိုကိစ္စကိုကျွန်တော်မှအင်စီဂျီယူဘီ နှင့်ကိုမောင်မောင်တို့ကို သတင်းပေးပို့ ခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်ကိုမျှမပြုလုပ်ခဲ့ကြပါ။ ၎င်းနောက်ပိုင်းတွင် ဘာမားဖန် ဒါရိုက်တာ မြန်မာ့ရံပုံငွေအဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူးရာထူး နှင့်အတူ ဇော်ဦးသည် မည်သို့ လုပ်လိုက် သည်မသိ တိုတောင်း သော အချိန်ကာအတွင်း နောက်ထပ် အိမ် (၁) လုံး နှင့် ကား (၁) စီးကို ပိုင်ဆိုင်ခဲ့ တော့သည်။
BurmaFundဒါရိုက်တာအဖြစ်လုပ်ကိုင်နေစဉ် နှစ်၂၀တိုင်တိုင်ငွေစာရင်းရှင်းတမ်းကိုပြည်သူသို့မချပြသည့် ကမ္ဘာ့အသက်တမ်းအရှည်ဆုံး ညွန့်ပေါင်းအစိုးရ ဝန်ကြီးများအဖွဲ့ အရှိန် ဖြင့်ပေးလာသောထောက်ပံ့ငွေများ၊ အဆက်အသွယ်များ၊ ဒိုနာများ၊ နှင့်ချိတ်ဆက်မိပြီးသည့်နောက် ဟန်ညောင်ရွှေက အင်န်စီဂျီယူဘီမှ ခွဲထွက်ပြီး Euro-Burma Office ဆိုကာတစင်ထောင်သလို ဇော်ဦးကလည်းအင်န်စီဂျီယူဘီကို ခြေစုံကန်ပြီး ဘားမားဖန်မှ နှုတ်ထွက်သွားကာဟားဗတ်အုပ်စုအားငွေပေးဝယ်ယူခါ ဗဟုအဖွဲ့ကို ဖွဲ့စည်းပြီး တစင် ထောင်လိုက် ပြန် သည်။ ယ္ခင်ကဇော်ဦးအားသူ၏အကျင့်ပျက်မှုကြောင့် ဆန့်ကျင်ခဲ့ကြ သောကိုအောင် သူငြိမ်း၊ ကိုဝင်းမင်း၊ ကိုအောင်နိုင်ဦးတို့သည်ယနေ့တွင်ဇော်ဦးကို အလုပ်အကျွေး ပြုနေကြသည့်လခ စားများဖြစ်နေကြသည်မှာ နားမလည်နိုင်စရာ သံဝေဂတရားလို့ပဲ မှတ်ရပါတော့သည်။ ဤနောက်ပိုင်းတွင် ဘားမားဖန်မှ ဇော်ဦး နှင့် ဥရောပ ဟန်ညောင်ဝေတို့ ချိတ်ဆက်ကာ ဘဏ္ဍာရေးသော့ တစ်ချောင်းစီ ဖလှယ်လိုက်ကြသည်။ ယခုအချိန် တွင် ဘာမားဖန် ဒါရိုက်တာနေရာ တွင် ဇော်ဦးအစား ဒေါက်တာသောင်းထွန်းမှ လုပ်ကိုင်စားနေသည်။ ဤအချက်များကိုကြည့် လျှင် လူ့ဝမ်းထဲမှ မစင် နှင့်ရော၍ကျလာသောကပ်ပါးကောင် တုတ်ကောင် သန်ကောင် (Parasites) များကို ကြက်၊ ၀က် ဘဲ ငါး သတ္တ၀ါများမှ စား၍ ထိုသတ္တ၀ါများအား လူများမှပြန်စားကြကာ မစင်နှင့် အတူ သံသရာလည်နေသော သံကောင်တုတ်ကောင်ကပ်ပါးကောင်များ သကဲ့သို့  ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။
၎င်း မစင်သံသရာလည် ကပ်ပါးကောင်များဖြစ်ကြသည့် ဇော်ဦး နှင့် ဗဟုအဖွဲ့ဝင်တို့သည် ဟန်ညောင်ဝေတို့ နှင့် ပေါင်းစည်းမိကာ မြန်မာ့နိုင်ငံရေးတွင် အရေးကြီးလှသော Vote No, No Vote ကိစ္စတွင် ပညာရှင် များအဖြစ်တစ်စခန်းထ ၀င်ရောက်စွက်ဖက်ကာ ဂန်ဘာရီထံဝင်ရောက်ဆက်နွယ်၍ ဂန်ဘာရီမစင်ပါချရာမှ တဆင့် ကြပ်ပြေးအိမ်သာထဲသို့၎င်း ကပ်ပါးကောင်များရောက်သွားတော့သည်။ ထိုမှတဆင့် အီလစ်အဖွဲ့ ကို ၀င်ရောက်ကာ အသက်သွင်း၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအားထောက်ခံရန် ကမ္ဘာပတ်၍စည်းရုံးခဲ့သည်။ ထိုအချိန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာနေသည့်အတွက်ကြောင့် တွေ့ ဆုံဆွေးနွေးရေးက ခက်နေတာဟု ဇော်ဦးမှ ကျွန်တော့်အား လော့စ်အိမ်ဂျယ်လီမြို့တွင် ပြောခဲ့ပါသည်။ ဗဟုအဖွဲ့ဝင်အောင်နိုင်ဦး မှလည်းဆရာ့လေသံနင်းပြီး ဒေါ်စုခေါင်းမာနေတာကြောင့်ဟု ဆောင်းပါးများရေးခါ ဒေါ်စုကိုဆရာဇော်ဦးအလို ကျ ပုတ်ခတ်တိုက်ခိုက်ခဲ့သည်။
မစင်ကပ်ပါးသံကောင် ဇော်ဦးသည် သူ၏ မိဘ (၂) နှစ်ပါးစစ်တပ်အရာရှိကြီးများ၊ ဦးလေးတော်သူ ဦးလင်းမြိုင် (နအဖ၊ န၀တ သံအမတ်ဟောင်းUSA) တို့၏ အရှိန်အ၀ါ အဆက်အသွယ်များနှင့် ဆွေမျိုးမိ သင်္ဂဟများမှတဆင့် နိုင်ငံတော်အကြံပေးအဖွဲ့၊ အခြားနိုင်ငံရေး ပါတီအဖွဲ့ အစည်း များ၏ အတွင်းသို့ ၀င်ရောက်ကာ တိုင်းပြည်တွင်း၌ ဒုက္ခပေးရန်အတွက် စတင်နေသည်။ ပထမဆုံးခြေလှမ်းအဖြစ် ကြပ်ပြေး နေပြည်တော်၌လုပ်သည့် အမျိုးသားစီးပွားရေး အလုပ်ရုံအစည်းဝေးတွင် အာဆီယံစီးပွားရေး ကွန်မြူ နတီ ( Asian Economic Community) မှရေးထားသည့် "အခွင့်အလမ်းနှင့်စိန်ခေါ်မှု" (Opportunity and Challenging ) ဆိုသည့်စာတမ်းကို သူရေးထားသယောင်နှင့် ခတ်တည်တည် တက်၍ဖတ်ခဲ့ပါသည်။ ထိုကဲ့သို့ ပညာ ခိုးမှု ( Plagiarism ) လုပ်ဆောင်ခြင်းကို ဘာမှမသိ သောနိုင်ငံ ရေးအကြံပေးအဖွဲ့ ဆိုသူများမှ အထင်တကြီး နှင့်ခွင့်ပေးခဲ့သည်ကိုလည်း သတိထားသင့် ပါသည်။ (ပူးတွဲဖေါ်ပြပါ ဖိုင် ၂ ခုကိုဖွင့်၍နှိုင်းယှဉ် ကြည့်နိုင်ပါသည်)
ထို့ အတူ သတင်းမီဒီယာများ နှင့်ပူးပေါင်းလုပ်ကြံ၍ ဇော်ဦးသည် ABSDF ကျောင်း သား ခေါင်းဆောင် ဟုသုံးစွဲ ထုတ်လွှင့်အင်တာဗြူးနေခြင်းများသည်လည်း လွန်စွာမှ စက်ဆုတ်ရွံ့ရှာဖွယ် ကောင်းသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးကာလ အတွင်း၌ ယခုကဲ့သို့ ပညာရှင်များဟု အရေခြုံကာ မစင်ကပ်ပါးသံကောင်များမှ ၀င်ရောက်လာခြင်းကို ကြီးစွာသတိထားရှိရန် အသိပေးလိုသည်မှာ ၎င်းတို့သည် မည်သည့်လုပ်ငန်းသက်တမ်း အတွေ့ အကြုံများ စိုးစဉ်းမျှမရှိခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား နေခြင်း၊ ရဲဘော်ရဲဘက် မောင်နှမသားချင်းစာနာစိတ်မရှိခြင်း၊ ငွေကြေးချစားခြင်း စသည့်အချက်များ နှင့် ပြည့်စုံနေသူများဖြစ်ကြောင်းကို သတိပေးအပ်ပါသည်။
ထို့ အတူ ပညာရှင်ဟုဆိုရာတွင်လည်း ဘွဲ့ရကျောင်းပြီးသူများအားလုံးကို ပညာရှင်ဟုမသတ်မှတ်နိုင်သလို ဘွဲ့ မရဘဲ ပညာရှင်ဖြစ်သူများလည်းရှိကြပေသည်။ ဥပမာ - အမေရိကန် နိုင်ငံ ကွန်ပြူတာပညာရှင် Steve Job စတီ့ဗ်ဂျော့ ဆိုလျှင် တက္ကသိုလ်ဘွဲ့ ကောင်း ကောင်းမရရှိခဲ့ဘဲ ကမ္ဘာကျော် ကွန်ပြူတာ ပညာရှင် တဦး ဖြစ်ခဲ့သည်မှာ သူ၏ကျိုးစားစိတ်၊ ရိုးသားစိတ် နှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ပေသည်။ ထို့ အတူ ကွန်ပြူတာပညာရှင် Microsoft တီထွင်သူ Bill Gate ဘေးလ်ဂိတ် သည်လည်း အပါအ၀င်ဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံသား ကိုဖိလစ်မောင် (Phil Maung) (အမေရိကန်နိုင်ငံတွင် ဘွဲ့ မရသူ) ကို အမေရိကန်နိုင်ငံစီးပွားရေးကျနေချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများတိုးတက်၍ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည့်အတွက်ကြောင့် အမေရိ ကန်သမတ အိုဘားမား နှင့် လွတ်တော်အဖွဲ့ တို့ မှ ခေါ်ယူတွေ့ ဆုံမေးမြန်း စုံစမ်းဂုဏ်ပြု၍ စီးပွားရေးပညာရှင်ဟုသတ်မှတ် လိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တိုင်းပြည်တွင် ခေတ်နောက်ကျနေသည့် အတွေး အခေါ် တချို့ ကို ယနေ့  အချိန်ကာလမှာ ပြင်သင့်သည်ကို ပြင်ရမည်ဖြစ်ပါသည်။
နိဂုံးအားဖြင့် ဇော်ဦးတို့လို မစင်စား သံကောင်များရှိသည့်အစာကို စားမိလျှင် စားမိသည့် သူများအား လုံး ဒုက္ခဘေးနဲ့ သာကြုံတွေ့ရမည်ကို အထက်ဖေါ်ပြပါ အချက်များအရ ဆင်ချင်သုံးသတ် သတိထားပြီး ဤ အန္တရာယ်ကို ကာကွယ်ရန်မှာ တာဝန်သိသူများတွင်တာဝန်ရှိကြောင်း နှင့် နောင်အနာဂါတ် တိုင်း ပြည် အန္တရယ်များ အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
မူးသာ
၁၀၁ ဘုရားသုံးဆူစခန်း
အောက်တိုဘာလ ၂၅ ရက် ၂၀၁၁ ခုနှစ်။
မှတ်ချက်။
နောင်အနာဂတ်တိုင်းပြည်ဒီမိုကရေစီပြန်လည်ထွန်းကားချိန်တွင်သန့်ရှင်းစင်ကြယ်စွာဖြင့် လုပ်ဆောင် နိုင်ရန် ဖေါ်ပြပါ မစင်စားသံကောင်များကဲ့သို့ နိုင်ငံရေးအကြောင်းပြု အကျင့်ပျက်ချစားနေသူများအား မိမိ အနေ ဖြင့် ဆက်လက်ဖေါ်ထုတ် တင်ပြသွားမည်ဖြစ်ပါသည်။
ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ
ချိုကျိုးနွားလား ဒွန်းစဏ္ဍား နဲ့ ခေတ်သစ်လောက်ဖျားများ လောက်ဖျားဆိုလို့ မွန်ရာဇဝင်လာ မြောင်းမြစား လောက်ဖျားအကြောင်း ပြောမလို့မဟုတ်ပါ။ သစ္စာဖောက်လောက်ကောင်လို့ တင်စားခဲ့ရတဲ့ လောက်တွေတောင် ကြားရင် ဖြုံသွား၊ ဖျားသွား လောက်တဲ့ ကျုပ်တို့ တော်လှန်ရေးထဲက ဖောက်ပြန်နိုင်လွန်း၊ စားဝါးနိုင်လွန်း၊ ကိုယ်မှီခိုရာကို ကိုယ်ဖျက်ဆီးနိုင်လွန်း တဲ့ လောက်ဖျားတွေအကြောင်း ပြောမလို့ပါ။ ဗမာစကားမှာ “ငါးပိနဲ့ လောက် စိန်နဲ့ ကျောက်”လို့ ဆိုရိုးစကားတခုရှိတယ်။ အကောင်းထဲမှာ အဆိုး၊ အဆိုးထဲမှာ အကောင်းရှိတတ်တာကို ရည်ညွန်းပြီး ဆိုတာပါ။
အဆိုးနဲ့အကောင်း ဒွန်တွဲ ရှိတတ်တဲ့ လောကဓမ္မ သဘာဝကို ဖော်ပြတာလို့လည်း ပြောနိုင်ပါတယ်။ ငါးပိဆိုတာကတော့ မြေပြန့်နေ ဗမာတိုင်းရင်းသား အားလုံးအတွက် အကောင်းဆုံး ခံတွင်းမိန် စားဖွယ် အာဟာရပါပဲ။ အဲဒီလောက်ကောင်းတဲ့ ငါးပိထဲမှာ စက်ဆုတ်ရွံရှာ မသတီဖွယ်ရာလောက်တွေ ပေါက်ဖွား ကိန်းအောင်းနေလေ့ရှိတယ်။ ဇီဝဗေဒ သဘောအရတော့ လောက်လန်းဆိုတာ အတောင်ပါ ပျံသန်းနိုင်တဲ့ ယင်လို ပျားလို အင်းဆက်ပိုးမွှားတွေရဲ့ သန္ဓေသားလောင်းတွေ။ ဒီလောက်လန်း တွေဟာ ငါးပိအပြင် သစ်သီးသစ်ဥတို့၊ မစင်အညစ်အကြေး၊ အပုပ်အစပ်များ၊ သတ္တဝါ အသေကောင်တွေ၊ ထိခိုက်ဒဏ်ရာတွေကတဆင့် ဝင်ရောက်ပြီး သက်ရှင်နေတဲ့ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေမှာ မှီခိုကြီးပွားကြတယ်။ ဒီလောက်တွေရဲ့ သဘာဝကိုက သူတို့မှီခိုကျယ်လည်ရာကို စားသောက်ဖျက်ဆီးပြီး ရှင်သန်ကြရတယ်။ လောက်တွေဟာ ခိုလှုံရာ အဆောက်အဦးရဲ့ အတွင်းကျကျ အချက်အချာတွေမှာ စွဲမှီတတ်တော့ တော်ရုံနဲ့တော့ မထင်သာ မမြင်သာပေဘူး။ ထင်သာမြင်သာဖြစ်ပြီဆိုရင်တော့ အဲဒီခန္ဓာ၊ အဲဒီသတ္တဝါ အတော်အခြေအနေဆိုးသွားပြီ။ ဒီတော့ လောက်တွယ်ရင်ဘဲ အဲဒီသတ္တဝါ သေမယ်သာ ပြင်ပေတော့။ ကျုပ်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ထူထောင်ရေး၊ တော်လှန်ရေးဆိုတဲ့ အပုပ်နံ့တထောင်းထောင်းနဲ့ ငါးပိအိုးကြီးလဲ အနှစ် (၂၀)ကြာ အတွင်းကြိတ် လှိုက်စားလာခဲ့တာ အခုတော့ ကိုယ်မှီခိုရာကိုဖျက်တဲ့ မသတီစရာ လောက်ကောင်တွေ ဖုံးဖိမရ ပေါ်လာကြပြီ။ တချို့လောက်ကောင်တွေဆို ကြောက်ခမန်းလိလိ အစွယ်ပြူးပြူးနဲ့ အမွှေးတွေတောင် ထောင်ထလို့။ တော်လှန်ရေးရဲ့ ထိပ်တန်းနေရာတွေမှာ အနှစ် (၂၀) ကျော် မှိန်းနေပြီး ရသမျှ အခွင့်အရေးတွေကို သုံးစားကြီးထွားလာကြတာပေါ့။ ဒီတော့ တော်လှန်ရေး ဒီရေ ရှေ့မရောက် နောက်ပြန်လျှောကျတာ အဆန်းတကြယ်မဟုတ်ပါဘူး။ ကျုပ်တို့ကိုယ်ကလည်း ညံ့ပါတယ်။ တံဆိပ်ကောင်းတာနဲ့ ခေါင်းဆောင် တင်မိတာကိုး။ ကုလားဖြူစကားလည်းတတ်၊ နာမည်လည်းကျော် တယ်ဆို တကယ်တော်တယ် ထင်မိတာပဲ။ ပစ္စည်းကောင်းဖို့မလို ကြော်ငြာကောင်းရင် နာမည်ကျော် လူကြိုက်များနိုင်တာ အနှစ် (၂၀) ကြာမှပဲ သိတော့တယ်။ ဒီတော့ ကျုပ်တို့အဖြစ်က အရပ်ပျက်တွေနဲ့ ဇာတ်ထွက်ခဲ့သလို၊ အခုတော့ ပြည်တည်မရ ဇာတ်ပျက်ခဲ့ပြီ။ အနှီပုဂ္ဂိုလ်အားလုံးဟာ တော်လှန်ရေး ဒီရေမြင့်စဉ်ကတော့ မိုးအောက်မြေပြင်မှာ သူတို့အပြင် မရှိသလောက် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေပေါ့။ အခုတော့ အချိန်ကလည်းကြာ တဖက်မှာ ကလည်း စစ်ကျွန်ခလောက်နဲ့ အမတ်လောက်တော့ ဖြစ်နိုင်တဲ့ အခွင့်အရေးလေးတွေလည်း မြင်လာ၊ တခြားတဖက်မှာလည်း ဗမာပြည်ထဲ ဝင်ချင်လွန်းလှဖြစ်နေတဲ့ အင်ဂျီအိုတွေရဲ့ ငွေထုတ်တွေကိုလည်း မြင်လာတော့ တချို့က ပြောင်ပြောင်တင်းတင်း၊ တချို့က မသိမသာ၊ တချို့က ခိုးကြောင်ခိုးဝှက်နဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံလာကြပြီ။ စစ်မိစ္ဆာတွေကို မျက်နှာချိုသွေးနေကြပြီ။ “ချိုကျိုးနွားလား ဒွန်းစဏ္ဍား”လို စစ်ဖိနပ်ကို လျှာနဲ့ လျှက်ကုန်ကြပြီ။ အဲဒီအထဲက ပြည်တွင်းမှာ လုပ်နေရတဲ့လူတွေကတော့ ထားပါတော့။ သူ့အခြေအနေနဲ့သူ ကိုယ်လည်းမသိနိုင်တဲ့အခြေအနေ။ ဒါပေမဲ့ အော့နှလုံးနာစရာ ကောင်းတာကတော့ ပြည်ပက ဆရာကြီးတွေ၊ လူတတ်တွေနဲ့ သတင်းသမားတချို့ပါပဲ။ သူတို့ခင်ဗျာ တလျှောက်လုံး ခံစားလာတဲ့ လေယာဉ်ပျံလေးစီးလိုက်၊ အစည်းအဝေးလေးတက်လိုက်၊ ဝီစကီလေးစုပ်လိုက်၊ ချီးလေးကိုက်လိုက်၊ အလံရှုးသတင်းသမားတွေနဲ့ ပင်းပြီး နိုင်ငံရေးဟောကိန်းတွေ ထင်မြင်ချက်တွေပေးလိုက်နဲ့ ယစ်နေတဲ့ စည်းစိမ်လေးတွေ လက်လွတ်မခံနိုင်တာနဲ့ပဲ အထက် ဆရာ့ဆရာကြီးတွေရဲ့ လေသံအတိုင်း ဒီမိုကရေစီ သင်းကွပ်မဲ့ စစ်ကျွန်ရွေးကောက်ပွဲကို ထောက်ခံအားပေးလာကြတာပဲ။ ရွေးကောက်ပွဲ ဝင်မှပဲ လက်တွေ့ကျတဲ့နိုင်ငံရေးလိုလို အထဲက စစ်ကျွန် ကူလီခေါင်း မောင်စူးစမ်းတို့ သခင်တင်မြ တို့ရဲ့လေကို အပြင်မှာ တာဝန်ခံ ဖြန့်ကြတယ်။ အကောင်ကြီးမို့ အထင်အရှားဆုံးက ဟန်ညောင်ရွှေပါ။ ပြည်တွင်းတိုင်းရင်းသား စောင့်ကြည့်ရေးအဖွဲ့က စားဖား အချောင်သမားလို့ ထိပ်ဆုံးမှာ စာရင်းတင်ထားပါတယ်။ သွားလေသူ သမတကြီးကို အားတုံ့အားနာ ၀န္ဒနာလို့ ညောင်ရွှေဆိုတာ ဖြတ်ပြီး “ဟန်” လို့ပဲ သုံးချင်ပါတယ်။ ဟန်ဆိုတာ ရှစ်လေးလုံးမတိုင်ခင်ထဲက ပြည်ပရောက်ပြီး မိဘဂုဏ်သရေကို အသုံးချပြီး အဖွဲ့အစည်းပေါင်းစုံမှာ လှုပ်ရှား လုပ်စားခဲ့သူပါ။ လူဖြူတွေနဲ့ ဆက်ဆံရေး ကျွမ်းကျင်ပြီး အရည်အသွေးလည်းရှိလို့ အများက မျှော်လင့်အားကိုးခဲ့ရသူပါ။ သို့သော် စေတနာကောင်းမကောင်းကတော့ မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာ သက်သေအများကြီးပါ။ တဖွဲ့မချောင် တဖွဲ့ထောင်နဲ့ အခုနောက်ဆုံး ဥရောပ EBO အဖွဲ့ပါ။ ဟိုတုန်းကတော့ ဗမာပြည် ပြဿနာ အဖြေရှာဖို့ဆိုတာ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ သုံးပွင့် မဆိုင်ရင် လူနည်းစုတိုင်းရင်းသားတွေမှာ ဘဝနစ်နာ ဆုံးရှုံးရချေရဲ့လို့ ပြင်းထန်တဲ့ သဘောထားတွေနဲ့ လက်ရှိဗမာပြည် ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာလို့ ပြောခဲ့ပြီးကာမှ အခုတော့ စစ်ကျွန် ဖွဲ့စည်းပုံအတိုင်းလုပ်မည့် ရွေးကောက်ပွဲ၊ စစ်ကျွန်ဖွဲ့စည်းပုံကို အတည်ပြုမည့် ရွေးကောက်ပွဲကို ပကတိအခြေအနေမှန်လို့ မြင်ပြီးသကာလ ရွေးကောက်ပွဲဟာ အခွင့်အရေးဖြစ်လို့ ဝင်ရမည်လို့ ဆိုလာပြန်ပြီ။ ဒီလောက် ရှေ့စကား၊ နောက်စကား ဖီလာတရားတွေ ဘယ်လိုကြောင့် ပေါ်လာသလဲ။ အခွင့်အရေးကြောင့်လား၊ နေရာကြောင့်လား၊ အထက်ဆရာ့ဆရာကြီးတွေ အမိန့်ကြောင့်လား၊ ဘာကြောင့် ပြောင်းသွားသလဲ စဉ်းစားရ အတော်ခက်လှတယ်။ အခုကိုပဲ နိုင်ငံတကာကူငွေတွေနဲ့ ဟန်တို့ အစီအစဉ်အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲတွေ၊ သင်တန်းတွေ စလုပ်နေပြီ ကြားရတယ်။ အတွင်းအပြင်က ချိုကျိုးနွားလား ဒွန်းစဏ္ဍားတွေ ချိတ်ဆက်မိနေကြပြီ ဆိုတဲ့သဘောပေါ့။ နအဖ စစ်ထောက်လှမ်းရေးတွေနဲ့ကော ဘယ်လောက်ထိ နားလည်မူယူထားတယ် ဆိုတာဟာလည်း ဆက်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ဟန်ဟာ EBO နာမည်နဲ့ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အလှူရှင်တွေ့ရဲ့ သန်းပေါင်းများစွာသော ယူရိုငွေတွေကို ဆယ်နှစ်ကျော် တကိုယ်တော် ထင်ရာကြဲခဲ့သူပါ။ အခုတော့ အပုပ်နံ့ တထောင်းထောင်းနဲ့ လူပြောသူပြောများလာလို့ ဆယ်နှစ်စာ အစီရင်ခံစာတခု ထွက်လာပါတယ်။ မဟုတ်မဟတ် လုပ်ဇာတ်တွေနဲ့ စီရင်ထားတဲ့ အစီရင်ခံစာ ထဲမှာတောင် မတော်မတရား အလွဲသုံးစားမှုတွေ၊ မရိုးသားမှုတွေက ဗူးပေါ်သလို ပေါ်နေတုံးပဲ။ သူ့အစီရင်ခံစာအတိုင်းဆိုရင် ဒီအဖွဲ့ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေက ခိုးကြောင်ခိုးဝှက် နိုင်လှတယ်။ ၁၉၉၇မှာ ဒီအဖွဲ့ကို ကနေဒါက အဖွဲ့လေးတခုကို အခြေခံဖွဲ့တယ် လို့ဆိုတယ်။ အဲဒီအချိန်က ဟန်ဟာ NCGUB လို့ခေါ်တဲ့ နဂုတ်မှာ အကြံပေးလုပ်နေပြီး NCUB နကပ်မှာလည်း လုပ်နေချိန်ပေါ့။ ဒီလိုအဖွဲ့အစည်းကြီးတွေ ရှိနေပြီးသား၊ သူကိုယ်တိုင်လည်း ပါနေပြီးသား အခြေအနေမှာ နိုင်ငံတကာ အလှူငွေတွေကို ဗမာပြည်ကိုယ်စားပြု လက်ခံအသုံးပြုမည့် ဒီ EBO အဖွဲ့က မထင်မရှား ကနေဒါက အဖွဲ့လေးကို အခြေခံဖွဲ့ထားတယ်ဆိုတာ တော်တော်စဉ်းစားရကြပ်ပါတယ်။ ဘာကြောင့်ဘယ်လိုဆိုတာ သက်ဆိုင်သူ ကာယကံရှင်တွေသာ သိနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီအဖွဲ့ကို ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့တယ်ဆိုတာ သိသာရှင်းလင်းခြင်း မရှိတာပဲ။ ဗမာပြည်သူတွေ လွတ်မြောက်ရေးအတွက် ရည်စူးတဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ငွေကို လက်ခံသုံးစွဲမည့် အဖွဲ့အစည်းရဲ့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံက ခါးပိုက်နှိုက် ဂိုဏ်းလိုလို စောရ ဖောက်ထွင်းဂိုဏ်းလိုလိုပါပဲ။ အလှူငွေ ယူရိုသန်းပေါင်းများစွာ ပြုန်းတီးသွားခဲ့ရပေမယ့် ဗမာပြည် လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့တာ၊ လုပ်နိုင်ခဲ့တာ ဘာတခုမှ လောက်လောက်လားလား ပြစရာမရှိပါဘူး။ အရေးတော်ပုံနဲ့ မပတ်သက်တဲ့ နှုတ်ပိတ်ခေါင်းညိတ်တွေကို ဝန်ထမ်းခန့်၊ ကိုယ့်ကိုကိုယ် မတန်တဆ လုပ်ခလစာတွေပေးနဲ့ ခိုးခြင်း (၂၅) ပါးနဲ့အညီ စောရဇာတ်ထုတ်ခင်းလာလိုက်တာ (၁၀) နှစ်ကျော်ကြာလာတော့ မျိုးဖျက်မိစ္ဆာ နအဖ သန်းရွှေတို့ရဲ့ ရာသက်ပန် စစ်အာဏာရှင် တည်မြဲရေး လုပ်ငန်းတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာတဲ့အထိ အတင့်ရဲလာတယ်။ သူ့အစီရင်ခံစာထဲက ကိုယ့်အနီးကဒေလီအီးယူရုံးဆိုတာ ၂၀၀၄ လောက်ကမှ စဖွင့်တယ်။ နုတ်ပိတ် ခေါင်းညိတ် အိန္ဒိယ နိုင်ငံသားတွေနဲ့ဖွဲ့တယ်။ ABSL စည်းရုံးတည်ဆောက်ထားတဲ့ နိုင်ငံရေးဂွင်ထဲက လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကြားမှာပဲ မရိုးမသား ထိုးဖောက်ချဉ်းကပ်ပြီး စားရင်တင် ဓာတ်ပုံရိုက် နှမ်းဖြူးပြီး ကိုယ်လုပ်သလိုလို ဟိတ်ထုတ်တယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ ဒေလီအီးယူရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဆိုတာ အဲဒါပါပဲ။ ငွေအမြောက်အများ ဖြုန်းတီးခဲ့ပေမဲ့ ABSL တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးထက် ထူးကဲသာလွန် ဆောင်ရွက်နိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒီနေ့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်းစုများရဲ့ လှုပ်ရှားမှုဆိုတာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်အထိ သန်သန်မာမာ လှုပ်ရှားခဲ့တဲ့ ABSL ရဲ့ ထိုးဖောက်တည်ဆောက်ခဲ့တဲ့ လှုပ်ရှားဂွင်ထဲမှာပဲ တဝဲလည်လည် လှုပ်ရှားမှုတွေပဲဖြစ်တယ်။ တခြားမြင်မိတဲ့ EBO ရဲ့ လှုပ်ရှားမှုကတော့ လွန်ခဲ့တဲ့ လေးငါးနှစ်ကစလို့ နအဖစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ရွေးကောက်ပွဲထောက်ခံရေး (မသိမသာ) ဆွေးနွေးပွဲတွေ၊ ညီလာခံတွေကို ဥရောပမှာ အသွင်တူ ပုလင်းတူဗူးဆို့ အမြီးပြတ်တွေ၊ ဒေါက်တာ ခင်ဇော်ဝင်းတို့၊ ဒေါက်တာဇာနည်တို့၊ နေဝင်းမောင်တို့လို့ နအဖ အလိုတော်ရိတွေနဲ့ တခြိမ်းခြိမ်းပွဲခံခဲ့တယ်။ ပြီးတော့ ဒူးထောက်ရေးလမ်းစဉ်ကို နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေကပဲ ထောက်ခံနေသယောင် မျက်လှည့်ပြဖို့ ခေါင်းဆောင်တချို့ကို ဖဲ့စည်းရုံးတယ်။ စစ်ကျွန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးတို့ တယောက်ကဆန့်ကျင်၊ တယောက်က ကန့်ကွက်နဲ့ ဖီလာဆန့်ကျင် ကြေငြာချက်တွေထုတ်ခဲ့ကြတာကို မှတ်မိကြအုံးမှာပါ။ ဒါဟာ ဟန်ရဲ့ လုပ်စားရိုက်ချက်ဆိုတာ လူတိုင်းသိပါတယ်။ တိုင်းပြည်ထဲမှာ ဒီမိုကရေစီ စာလုံးပါတဲ့ စာတစောင်မိရင်တောင် ထောင်အနှစ် (၂၀) ကြမ်းခင်း ဈေးပေါက်နေချိန်မှာ ခင်ဇော်ဝင်း၊ ဇာနည်တို့ နေဝင်းမောင်တို့လိုလူတွေ ပြည်ပကို ဝင်ချီထွက်ချီ လုပ်နေနိုင်တာ၊ ဟန်တို့လို ပြည်ပအတိုက်ခံ ခေါင်းဆောင်ဆိုသူတွေနဲ့ ဒူးတိုက်တွေ့ဆုံ ဆွေးနွေး ညီလာခံနိုင်နေတာဟာ စစ်အုပ်စုရဲ့ သဘောထားကြီးမှုလည်း မဟုတ်သလို၊ ညံ့ဖျင်းမှုလည်း မဟုတ်တာ သေချာပါတယ်။ နောက်ပိုသေချာတာကတော့ ဟန်တို့ နေဝင်းမောင်တို့ လုပ်သမျှကို စစ်မိစ္ဆာတွေက သဘောကျ အားရတယ် ဆိုတာပါပဲ။ ကောင်းခြင်းဆိုးခြင်း၊ လက်ခံလိုခြင်းလက်မခံလိုခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်းများနဲ့ ဒွန်တွဲနေတဲ့ အမှန်တရားဆိုတာ ကိုယ့်သီလကိုယ် စိတ်ချယုံကြည်သူတွေမှ ရဲရဲ ရှု့မြင်ခြင်း၊ လက်ခံခြင်း၊ တုံ့ပြန်ခြင်းအမှုတွေကို တတ်နိုင်ပါတယ်။ မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းဆိုတာ တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်။ ရဲရင့်မှုက မှန်ကန်မှုကိုဖြစ်ပေါ်စေသလို၊မှန်ကန်ခြင်းက ယုံကြည်မှုနဲ့ ရဲရင့်ခြင်း ကိုဖြစ်ပေါ်စေတယ်။မှန်ကန်မှရဲရင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ “ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့သူဟာ ဘယ်အခါမှ တခြားသူကို မယုံဘူး။ တိုင်းသူပြည်သားကိုလဲ မယုံဘူး။ ခေါင်းဆောင်တွေဟာ သူယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တယ်ထင်တဲ့ နေရာမယ် စွန့်ရမယ်၊ ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊ ဘယ်ကိစ္စမဆို လုပ်ရင် မှားတယ်၊ မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။ အခု ဟန်တို့ရဲ့ လုပ်ရပ်တွေကတော့ မမှန်လို့ မရဲလေသလား၊ မရဲလို့ မမှန်လေသလားမသိ။ ခိုးကြောင်ခိုးဝှက် နိုင်လွန်းလှတယ်။ ဒီလောက်ဖောက်ပြန်တဲ့ ဟန်ရဲ့ လုပ်ရပ်တွေကို အများတကာခေါင်းဆောင် အမည်ခံတို့ ရေငုံနှုတ်ပိတ်နေနိုင်ကြတာကို အစီရင်ခံပါ (၂၀၀) ကျော် စာရင်းပေါက်တဲ့ ဟန်ရဲ့ လက်ဝေခံ အဖွဲ့အစည်းစာရင်းကိုတွေ့မှ သဘောပေါက်မိတယ်။ အသံမထွက်နိုင်တဲ့ပိတ်ဆို့မှုတွေ ပါးစပ်ပေါက် မှာရှိနေပြီကိုး။ ဒီတော့ ကျုပ်တို့ရဲ့ ပြည်ပတော်လှန်ရေး၊ နယ်ခြားတော်လှန်ရေး နှစ်(၂၀) ခရီးဆိုတာလည်း အထက်မှာပြောခဲ့သလို လောက်ကျပျက်စ်ီး ဇာတ်ပျက်ခဲ့ပြီ။ ရေငုံနှုတ်ပိတ်နေတတ်တဲ့ တပ်ပေါင်းစုခေါင်းဆောင်တွေရဲ့ သူခိုး နွားကောင်းမသိ ဉာဉ်ဆိုးကြောင့် အသက်သွေးချွေးများနဲ့ ရင်းနှီးခဲ့ရတဲ့ ကျုပ်တို့တော်လှန်ရေးကြီး ဂုဏ်သရေ ညစ်နွမ်း ဆုံးခမ်းတိုင်ခဲ့ပြီ။ တောသား တောင်သူလယ်သမားတွေအတွက်တော့ နွားဆိုတာ အဖိုးတန်ရတနာတပါးပါပဲ။ တောသားမှန်ရင် နွားကောင်းနွားဆိုး ခွဲခြားတတ်တယ်၊ နွားကောင်းကို တန်ဘိုးထားတတ်တယ်။ သူခိုး ဆိုတာကတော့ နွားမြင်ရင် အသားပဲထင်တယ်။ အဆိုးအကောင်းမသိ စားဖို့ပဲသိ၊ တန်ဘိုးမထားဖြစ်တာ သဘာဝပေါ့။ ဒီတော့ ကျုပ်တို့ခေါင်းဆောင်တွေဆိုတာ နွားနဲ့သပိတ်ထဲက ညိုမြအပြောနဲ့ “ မျိုးချစ်စိတ်ရှိကြောင်း ဟစ်ကြ၏၊ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏၊ ဤသို့ ပြောဆို ကြွေးကြော်ဟစ်အော်သူတို့အား မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်၏။”လို့ ဆိုရမည့် ခေါင်းဆောင်တွေပေါ့။ ဟန်ရဲ့ လက်ဝေခံအဖွဲ့အစည်းစာရင်းအရ ကြားတောင်မကြားမိဘူးတဲ့ ထူးထူးဆန်းဆန်း အဖွဲ့အစည်းတွေကြားမှာ ထိပ်တန်းအဖွဲ့အစည်းကြီးတွေလဲ ပါနေတာတွေ့ရတယ်။ သစ္စာဖောက်ခံလိုက်ရတဲ့ ရောမအင်ပါယာရှင် ဂျုးလီးယက်ဆီဇာရဲ့ သေခါနီးစကားကိုပဲ သံယောင် ရေရွတ်နိုင်ပါတော့တယ်။ ဆီဇာက “ သြော် ဘရုတပ် မင်းလဲပါသကိုး (Et tu, Brute) တဲ့။ ”
ရဲဘော်ကျော်သန်း Kyaw_than2004@yahoo.com
---------------------------------
စာကြွင်း ။ ။ဘရုတပ်ဆိုတာဂျူးလီးယက်ဆီဇာကပုန်ကန်သူ မြို့စားတဦးကို တိုက်ခိုက်အနိုင်ယူ အသက်ကယ်ပြီး ဆီးနိတ်တာအထိ ချီးမြှောက်ခံခဲ့ရတဲ့ သူတယောက်ပါ။ ဂျူးလီးယက်ဆီဇာက အကြွင်းမဲ့ ယုံကြည်ခံထားရပြီး လုပ်ကြံမူမှာ ဘရုတပ်ကိုယ်တိုင် ပါနေတာကို သိတဲ့အချိန်မှာ ဆီဇာက တအံ့တသြနဲ့ အထက်ပါအတိုင်း ရေရွက်ပြီးတော့ သေဆုံးသွားခဲ့ရပါတယ်။ မှတ်ချက် ။ ။ EBO အစီရင်ခံစာအား ရယူလိုသူများအား မျှဝေနိုင်ပါသည်။ တိုက်ရိုက်ပို့ပေးပါမည်။
10/25/11
အသုဘ
အသုဘတွေကိုတွေ့ တော့
ငါလည်း အသုဘဘယ်တော့ဖြစ်မလဲလို့ ..
ကိုယ့်ကိုယ်မေးခဲ့တယ်။
ငယ်တဲ့အသုဘတွေ
ကြီးတဲ့အသုဘတွေ
မကြီးမငယ်အသုဘတွေ
ဒီလောကကြီးမှာ ပြည့်နေတယ်။
တချို့ အသုဘတွေက လှတယ်
တချို့ အသုဘတွေက ရုပ်ဆိုးတယ်
တချို့ အသုဘတွေ ပြုံးရွှင်နေတယ်
ဒါပေမဲ့ အသုဘတွေအာလုံးက ပုပ်ရင်နံတယ်။
ဒီလို အသုဘတွေကိုကြည့်ပြီး
မြန်မြန်နဲ့ လှလှပပ အသုဘဖြစ်ဖို့ အတွက်
ဘယ်သူမှ မကျိုးစားရင်းနဲ့ ပဲ
လူတွေအသုဘဖြစ်ကုန်ကြပါလား။
အသုဘတွေကို မျက်မြင်တွေ့ မှ
အသုဘလောင်းလျာတွေ ခဏတာတွေဝေကြပေမဲ့
အသုဘမဖြစ်ခင်ကာလမှာ
မပြင်ဆင် မကျိုးစား၊ မရိုးသားကြဘူး။
အသုဘဘွဲ့ ရတာအခါ
လှဖို့ ၊ မနံဖို့ ၊ လူစည်ဖို့ ဆိုရင်
အသုဘမဖြစ်ခင် ချင်ခင်ကြဖို့ ဆိုတဲ့
စကားလုံးသုံးလုံးကို
အပြုံးမပျက်ပဲ ကျင့်သုံးကြရင်
အသုဘတွေပုပ်ရင် ဘယ်နံကြမလဲ။ ။
အတိုက်အခံတွေထဲက သူခိုးတွေကို ရှင်းထုတ်မယ်
လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းများ-
ငါဒီကိစ္စကိုလုပ်ချင်နေတာ ၈၈-အရေးခင်းထဲကပါပဲ။ ဆေးရုံးကြီးရှေ့ မှာ သေနပ်ထိမှန်ပြီး ဒါဏ်ရာရထားသူတွေကို ဆေးကုသဖို့ ကောက်ခံထားတဲ့ငွေ သိန်းချီပြီးခိုးယူသွားတဲ့ ဝင်းမိုးနဲ့  အောင်နိုင် (ခေါ်) သန်းလွင်ထွန်း (VOA)တို့ အုပ်စုတွေလုပ်ခဲ့တဲ့ အဲဒိအချိန်ထဲက ငါလုပ်ချင်နေတာ။
ဒါပေမဲ့ ညီညွတ်ရေးနဲ့တော်လှန်းရေးမျက်နှာကိုကြည့်ပြီး ငါမလုပ်ပဲရှောင်ခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အဲဒိ့အချိန်က ၈၈-တော်လှန်ရေးက အစပဲရှိသေးတယ်။ ABSDF ရဲ့ အစမှာလဲ ဝမ်ခသစ်က ဗဟိုကော်မီတီဝင် နေရာလုပွဲမှာ ငါ့မှာငါ့ရဲ့ ကိုယ်ပိုင်အဖွဲ့  စည်းနဲ့  ထာက်ခံတဲ့သူတွေ ရှိရက်နဲ့ ငါတို့ ၈၈ ကျောင်းသား၊ လူငယ်တွေ၊ ရှင်လူတွရဲ့ တော်လှန်ရေးတပ် ပေါ်ပေါက်လာဖို့ ကို ဖြစ်လိုတဲ့အတွက် ငါသဘောထားကြီးစွာ နေရာမယူပဲ နောက်ဆုံးမှာတော့ ကိုထွန်းအောင်ဂျော်ရဲ့ တာဝန်ပေးအပ်ချက်နဲ့ ABSDFဗဟိုရဲ့ ပထမဦးဆုံး ဗဟိုရုံးအဖွဲ့မှုး ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ အဲဒိအချိန်မှာထဲက ဗဟိုမှာ သူခိုးတွေပါနေတော့ ငါဒီကောင်တွေနဲ့ အတူနေပြီ တော်လှန်ရေးဆက်လုပ်ရင် မှန်တာတွေပြောဆိုတတ်တဲ့ ငါရဲ့ ကောင်းမွန်တဲ့ ရိုးသားတဲ့ ငါအကျင့်ကြောင့် တော်လှန်ရေးနဲ့ပြည်သူကောင်းကျိုး အတွက် မလုပ်လိုက်ရပဲ ငါ့သူငယ်ချင်း ဌေးနိုင်လို့မဖြစ်အာင် ခတ်စောစောလေး ABSDF ဗဟိုကနေထွက်ပြီး ပြင်ပကနေ ငါလုပ်နိုင်တွေအားလုံး ငါလုပ်ခဲ့တယ်။
ငါ့သူငယ်ချင်း ဌေးနိုင်ကတော့ အသတ်ခံ လိုက်ရတယ်။
ငါဟာယ္ခုချိန်ထိ ရန်သူထံ ဒူးမထောက်ခဲ့ဘူးငါရဲ့လုပ်ဖေါ်ကိုင်တွေပေါ်မှာ မဖေါက်ပြန်ခဲ့ဘူး သေဆုံးသွားတဲ့ ၈၈-ဝိညာဉ်တွေအပေါ် ငါ့သစ္စာမဖေါက်ခဲ့ဘူး။ ဒေါ်မစုမပေါ်ခင်ထဲက ၈၈-ကိုစခဲ့တဲ့သူတွေထဲက တယောက်ဖြစ်နေတဲ့ သူအနေနဲ့ ၈၈-သူရဲကောင်းဗိမ္မာန် ပေါ်ပေါက်လာဖို့အတွက် ငါ့မှာတာဝန်ရှိတယ်လို ငါဒီလိုခံယူထားတယ်။
အချို့သော ခွေးသခိုးမျိုးတွေက ငါတို့ရဲ့တော်လှန်ရေး ငွေတွေကိုလဲ အလွဲသုံးစားလဲလုပ် ၊ ရန်သူရဲ့ လဥချောင်တံစုတ်၊ လသုတ်ရေသောက်နေတဲ့ ကောင်တွေကို ငါတို့ရှင်းမထုတ်နိုင်ရင် ၈၈မှာသေဆုံးသွားတဲ့ ဝိညာဉ်တွေအတွက် ငါတို့တာဝန်မကြေဘူး၊
၈၈ နဲ့ ပါတ်သတ်တဲ့သူတွေကို ကျုပ်ပြောချင်တာက--- ခင်ဗျားတို့ ဘယ်အရပ်မှာ ရောက်နေရောက်နေ ဘယ်လိုဘဝမျိုးမှာ ရှိနေရှိနေ ခင်ဗျာတို့ အကြောင်း အမျိုးမျိုးကြောင့် နိင်ငံအရေးကို ဆက်မလုပ်ဖြစ်တော့ တာဟာ ဒီခွေးသခိုးတွေ နှစ်၂၀-အတွင်းပုံစံ အမျိုးမျိုးနဲခိုးနေတာတွေကို သိရှိတဲ့သူကသိ ကြားတဲ့သူကကြား ဖမ်းမိတဲ့သူကဖမ်းမိ အဲဒါတွေကြောင့် ခင်ဗျားတို့ တော်လှန်ရေး စည်းဝိုင်းအတွင်းက ထွက်ခွာခဲ့ကြတဲ့ ခင်ဗျားတို့တွေရဲ့ ဆုံးဖြတ်ချက်တွေကို ကျုပ်နားလည်တယ်။ ခင်ဗျားတို့ မမှားပါဘူး။
တခုတော့ရှိတယ် တိုင်းပြည်ပြောင်းလဲရေးအတွက် ခေတ်အဆက်ဆက်က အသက်ပေးသွားတဲ့ သူတွေရဲ့ စွန့်လွတ်ခဲ့ရတဲ့ ၊ ထိုသူရဲကောင်းတွေရဲ့ မျက်နှာကိုထောက်တဲ့အနေနဲ့ရော ကျန်ရစ်တဲ့သူရဲကောင်း မိသားစုတွေ စိတ်သက်သာရစေဘို့ နောက်မှာကျန်ရှိနေတဲ့ အသက်ရှင်နေတဲ့ ကျုပ်တို့ တတွေက တော်လှန်ရေးထဲက ဒီခွေးသခိုးတွေကို ဖေါ်ထုတ်ရမယ်။ တိုက်ထုတ်ရမယ်။
ဒါလေးကိုမှ မလုပ်နိုင်ဘဲနဲ တိုင်းပြည်ပြောင်းလဲရေး ဆိုတာကို ကြီးကြီးပြောနေမယ်ဆိုရင် အဲဒိတိုင်းပြည်ပြောင်းလဲရေး ဆိုတာကို ပြောနေသူတွေဟာလဲ လူလိမ်တွေသာ ဖြစ်ပြီ ခိုးဖို့သာလုပ်ဆောင်မဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့စည်းတွေသာဖြစ်လိမ့်မယ်။
လာဘ်ပေးလာဘ်ယူမူ့ဆိုတာ တည်ငြိမ်းအေးချမ်းစွာ နေထိုင်လိုတဲ့ လူမူ့ပါတ်ဝန်းကျင်နဲ့ လူမူ့အသိုင်းဝိုင်းတွေကို စိုးရိမ်ပူပန်းမူ့တွေဖြစ်ပေါ်လာအောင် အမြဲတမ်းချိန်းချောက်နေတတ်တယ်။
လူမူ့အဖွဲ့စည်းတွေထဲက၊ နိင်ငံရေးအဖွဲ့စည်းထဲက၊ တော်လှန်ရေးအဖွဲ့စည်းထဲက၊ အစိုးရအဖွဲစည်းထဲက ငွေကြေး ပစ္စည်းတွေကို ခိုးယူတယ်ဆိုတာ အသုဘအလောင်း ပါးစပ်ထဲက ကတို့ခ ပိုက်ဆံကိုနိုက်ယူတာနဲ အတူတူပဲ။
မယုံမရှိနဲ့ သူတို့ ခိုးထားတဲ့ ပိုက်ဆံတွေမြဲမမြဲကို စောင့်ကြည့်ကြပါ။ တနေ့မှာဘယ်လို့ဖြစ်သွားမလဲဆိုတာပေါ့။ ကျုပ်ကတော့ ယ္ခုအချိန်ကနေ အဲဒိသူခိုးတွေကို တော်လှန်ရေးထဲကနေ တိုက်ထုတ်ကြဖို့ ထွန်းထွန်းဦးရဲ့ အဆိုကိုထောက်ခံတယ်။ ထွန်းထွန်းဦးပြောတဲ့ "(ဥပမာ-တော်လှန်ရေးငွေနဲံ မယားကြီးရှိလျက်၊ မယားငယ်ပြောင် ထားသူတွေ -တော်လှန်ရေးအတွက်ပေးတဲ့ငွေတွေကိုနည်းမျိုးစုံနဲ့ ကိုယ်အကောင့်ထဲထည့် ကားဝယ် အိမ်ဝယ်သူတွေ အစရှိတဲ့သူတွေပါမကျန်-ဒီပဲရင်းသူခိုး ရွေဝါရောင်သူခိုးများ)" နိုင်ငံရေး တော်လှန်ရေး သူခိုးများတောထုတ်ပွဲကို ဝင်ရောက်ပါဝင်မှာဖြစ်တယ်။
အကြံပြုချက်--- ပထမ အဆင့်အနေနဲ့ ကျုပ်တို့ အယ်ဒီသူခိုးကြီးများစာရင်းကိုပြုစုရမယ်။
ကဲကျုပ်ဒီကစမယ်--
(၁)ဦးဇော်ဦး(ဒေါက်တာ မုဒိန်း၊လူလိမ်နဲသခိုးကြီးစား)
(၂)ဦးဟန်ညောင်ဝေ(ဒေါက်တာ ဝါရင့်သူခိုးကြီးစား)
(၃)ဦးနိင်အောင်(ဒေါက်တာ ကျောင်းသား သတ်သမား၊ ဝါရင့် သူခိုးကြီးစား)
(၄)ဦီးမောင်မောင်(ဒေါက်တာ ဝါရင့်လူလိမ့် ဝါရင့်သူခိုးအကြီးစား)
ဒီနေရာမှာ ခင်ဗျားတို့ ဒေါက်တာ စိန်ဝင်း(NCGUB) ကိုတော့ သွား မစွပ်စွဲပါနဲ့ ။ ဘာကြောင့်လဲဆိုတော့ ကျုပ် သူနဲ့သူ့မိသားစု ဘယ်လိုရပ်တည်နေတယ် ဆိုတာကိုသိနေလို့ ။ သူနဲသူ့မိသားစုကို ကျုပ်ကတော့ ဘယ်သူပြောလာလာ ရိုးရိုးသားသား ကာကွယ်ပေးရမယ် ဆိုတာတော့ အားလုံးကိုကြိုပြောထားမယ်။ သူကိုသွားပြောရင် ပြောတဲ့ကာရကံရှင် မှားသွားလိမ်မယ်။
(၅) နံပါတ်(၅)ကနေ နောက်လူတွေ ရေးဖို့ထားပေးခဲ့မယ်။ သူခိုးစာရင်းစုပြီးရင် ဘာဆက်လုပ်သင့်တယ် ဆိုတာကိုကျုပ်ဆက်ပြောမယ်။
နိုင်ငံရေး၊ တော်လှန်ရေး၊ လူမူ့ရေး သူခိုးလေး၊ သူခိုးကြီးများ ပပြောက်ရေး.......တို့အရေး...တို့အရေး
ရွှေထီး(၈၈၈၈)
shwehtee@yahoo.com
10/24/11
ကျနော်တို့ မှုဝါဒ
အဓိကလုပ်သင့်တာက အန်ဂျီအိုငွေနဲ့ နိုင်ငံရေးလုပ်နေတဲ့သူတွေရဲ့ ပေါ်လစီအနောက်ကို မလိုက်ဖို့ အရေးကြီးတယ်။ ပူပေါင်းဆောင်ရွက်ရေး( Participation) မလုပ်ဖို့ ဆိုလိုတာပါ။ နို့ မို့ ဆိုရင် သူတို့ ကိုသူတို့ အထင်တွေစွတ်ကြီး၊ ပြီးရင် ထောက်ခံတဲ့သူ လုပ်တဲ့သူတွေရှိတယ်ဆိုပြီး ငွေတွေစွတ်ရ၊ စွတ်ပြီးခိုး၊ လိုး၊ ပြီးကိုမပြီးတော့ဘူး။ ဒါ့ကြောင့် အန်ဂျီအိုငွေနဲ့ နိုင်ငံရေးလုပ်တဲ့သူမှန်သမျှအဖွဲ့ အစည်းမှန်သမျှ ဘောပဲလို့ ပြောသင့်နေပြီ။ ဒါပေမဲ့ချွင်းချက်တော့ တစ်ခုရှိတယ်။ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေတော့မပါစေနဲ့ ။ အဓိက နိုင်ငံရေးခေါင်းစဉ်နဲ့  ပရိုပိုဆယ်တင်ပြီး လုပ်စားတဲ့အဖွဲ့ တွေ လူတွေကိုပဲ လစ်လျှူလျူ့ ထားလိုက်ပါ။ ဒီလူတွေ ဘယ်သူတွေလဲဆိုတာ လူကြီးမင်းတို့ အားလုံးသိပါတယ်။ ဒါက ကျနော်တို့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်တဲ့လူတွေရဲ့ တစ်ခုတည်းသော မပြောင်းလဲသာမှုဝါဒပဲဖြစ်တယ်လို့ ပြောချင်တယ်။
10/23/11
ကျနော့်အလုပ်အကြောင်း -၃
အလုပ်သမားချင်းတူတာတောင် အခွင့်အလမ်း နဲ့  ခံစားခွင့်မတူဘူး။ သြစတျေးလျက မိုင်းအလုပ်သမားတစ်ယောက်အနေနဲ့ ဘာတွေခံစားခွင့်ရလဲဆိုတာကို မသိတဲ့သူတွေအတွက်သိအောင် ဒီစာကိုရေးပါတယ်။ သူတို့ ရဲ့ အတုကို ယူနိုင်အောင်လို့ ပါ။ မြန်မာနိုင်ငံက အလုပ်သမားတိုင်း အလုပ်ရှင်တိုင်း စဉ်းစားဖို့ အတွက် အဓိက ရည်ရွယ်ပါတယ်။ အခွင့်အရေးကောင်းကောင်းလိုချင်ရင် တောင်းယူလို့ မရရင် တိုက်ပြီးယူရတယ်။ တိုက်ယူတယ်ဆိုတာ အကြမ်းဖတ်တဲ့နည်းကို သုံးပြီးတိုက်ယူတာကို ဆိုလိုခြင်းမဟုတ်ပါ။
သြစတျေးလျတွေရဲ့ ထုံးစံက သူတို့ လစာဘယ်လောက်ရလဲဆိုတာကို လျှို့ ဝှက်ထားလေ့ရှိတယ်။ သူတို့ တင်မကဘူး လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေ မီဒီယာတွေရဲ့ လူကြီးဟုခေါ်သော လူကြီးတွေရဲ့ လစာနှုံးထားကို ဘယ်သူမှ အတိအကျမသိပါဘူး။ ဥပမာ ဧရာဝတီမဂ္ဂဇင်းက အယ်ဒီတာရဲ့ လစာ၊ ဗဟုအဖွဲ့ က လူကြီးတွေရဲ့ လစာ၊ အေအေပီပီက အမြဲတမ်းအတွင်းရေးမှုးနဲ့  ဥက္ကဌလစာ စသဖြင့်တွေကို ပြည်သူတွေသိသလားဆိုတော့ လုံးဝမသိပါဘူး။ တကယ်တမ်းပြောရရင် ဒီလူတွေဟာ သူတို့ လစာ ဘယ်လောက်ရလဲဆိုတာကို အသိပေးသင့်တာပေါ့။ ရိုးသားမှုမရှိလို့ အသိမပေးတာပဲလို့ ကျနော် နိဂုံးချုပ်မိတယ်။
သူများတွေ ပြောပြောမပြောပြော ကျနော် လစာနဲ့ ခံစားခွင့် ဘယ်လောက်ရလဲဆိုတာကို စောက်သုံးမကျတဲ့မြန်မာတွေအတုယူနှိုင်အောင်ရေးလိုက်ပါတယ်။
ကျနော့်လစာက တနှစ်ကို ဒေါ်လာ ခုနှစ်သောင်းခွဲရတယ်။ အခွန်ဖြတ်ပြီး ဆိုရင် ခြောက်သောင်းလောက်ကျန်ပါတယ်။ ဒီလစာက မိုင်းမှာ လုပ်တဲ့သူတိုင်းရတယ်။ ကျနော့်လို ရာထူးကြီးကြီးမရှိ ပညာမတက်တဲ့ အလုပ်သမားတောင် ဒီလောက်ရတယ်ဆိုရင် အခြားသူတွေ ဘယ်လောက် ရမလဲဆိုတာ ခန့် မှန်းကြည့်ပါ။ ဒါက လစာသက်သက်ပဲရှိသေးတယ်။
လစာအပြင် အာမခံ အမျိုးမျိုးကို အလုပ်က လုပ်ထားပေးတယ်။ အဓိကရည်ရွယ်ချက်က အလုပ်သမားတစ်ယောက်အတွက် ဘ၀လုံခြုံမှု ရှိအောင်လို့ ပါ။ Private Heath Insurance လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင်ဆေးရုံမှာ တက်ရောက်ကုသနိုင်တဲ့ အာမခံကြေးကို အလုပ်က လုပ်ထားပေးတယ်။ ကုန်ကျစရိတ်က တနှစ်ကို ဒေါ်လာ ၃၅၀၀-ကုန်တယ်။ နောက်ပြီး Income Protection Insurance လည်း အလုပ်က လုပ်ပေးပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အလုပ်ထဲမှာ တစ်ခုခုထိခိုက်ရှနာဖြစ်လို့ အလုပ်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ရတဲ့လစာရဲ့  ၇၅-ရာခိုင်နှုံးကို အာမခံတဲ့ Company က ပေးပါတယ်။ ပြီးခဲ့နှစ်က ကျနော်တို့ Company မှာ အလုပ်သမား ၆-ယောက်လောက်သေပါတယ်။ ကုမဏီက ကမ္ဘာပေါ်မှာ နံပါတ်ငါးအဆင့်ရှိ အကြီးဆုံးရွှေရှာတဲ့ကုမဏီဆိုတော့ ကမ္ဘာပတ်ပြီး ရွှေရှာတဲ့အချိန်မှာ လူအသေအပျောက်လည်းရှိပါတယ်။ အသေများတဲ့ နေရာကတော့ တောင်အာဖရိကမိုင်းမှာဖြစ်ပါတယ်။ ဒ့ါကြောင့် ကိုယ်သေသွားရင်တောင် ကျန်ရစ်သူမိသားစုတွေ ကောင်းစားအောင်ဆိုပြီး Company က အာမခံအမျိုးမျိုးကို လုပ်ထားပေးပါတယ်။
တစ်နှစ်ကို လေးပတ် နားခွင့်ပေးတယ်။ ဒီလေးပတ်အတွက်လည်း လစာပေးပါတယ်။ နောက်ပြီး မိသားစုမှာ အရေးတကြီးကိစ္စဖြစ်ရင် ခွင့် နှစ်ပတ်လည်းပေးပါသေးတယ်။ အားလုံးပေါင်း ခြောက်ပတ်ကို တစ်နှစ်တစ်ခါရပါတယ်။ ဒီခြောက်ပတ်အတွက် အလုပ်မလုပ်ပဲ လစာရပါတယ်။
Dell ကွန်ပြူတာဝယ်ရင်လည်း Special Discount ပေးသေးတော့ သူများတွေနဲ့ မတူ ပိုပြီး ဈေးတော်တဲ့ကွန်ပြူတာတွေကို ဈေးပေါပေါနဲ့ ဝယ်နိုင်တဲ့ မိုင်းမလုပ်သမားတွေပါလို့ ပြောချင်ပါတယ်။ ပညာဆက်သင်ချင်ရင်လည်း Company က ငွေကြေးထောက်ပံ့ပေးပါတယ်။ နိုင်ငံခြားမှာ သွားပြီး သင်တန်းတက်ခွင့်တွေလည်း အခမဲ့စီစဉ်ပေးတော့ သူများနိုင်ငံနဲ့ မတူတဲ့ ကျွမ်းကျင်လုပ်သားတွေကို Company အတွက် ရပါသေးတယ်။ တစ်နှစ်ကိုတစ်ခါ ရွှေသားအစစ် တစ်အောင်စကို အခွန်မပါပဲ ၀ယ်ခွင့်ပေးတယ်။ ဈေးပေါပါတယ်။ ဆိုတော့ အလုပ်သမားတစ်ယောက်က သူ့ မှာ ဘာမှပူပင်စရာမရှိပဲ အလုပ်လုပ်နိုင်တယ်။ လစာကလည်း စားလောက်တဲ့အပြင် အများကြီးပိုလျှံပါတယ်။ ကျနော့်အလုပ်က ၈-ရက်လုပ် ၆-ရက်နားတာတောင် ပိုက်ဆံ ခုနှစ်သောင်းကျော်ရတယ်ဆိုရင် နေ့ တိုင်းသာအလုပ်လုပ်ရင် ဘယ်လောက်ရမလဲဆိုတာကို တွက်ကြည့်ရင် သိနိုင်တယ်။ အလုပ်သမားတိုင်း ကိုယ့်ရဲ့ လစာထဲက ၉-ရာခိုင်နှုံးကို အစိုးရက မစုမနေစုခိုင်းပါတယ်။ ဒါရဲ့ ရည်ရွယ်ချက်က အသက်ကြီးရင် စားဖို့ အတွက်ပါ။ အသက် ၆၅-နှစ်ပြည့်မှ ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်။ ပင်စင်သဘောမျိုးဖြစ်မယ်ထင်တယ်။ အလုပ်ထဲကို လာလည်ဖို့ အတွက် Company က တစ်နှစ်တခါ အခမဲ့လေယာဉ်နဲ့ မိသားစုအလိုက် အလည်ခေါ်ပေးပါတယ်။ ကျနော်လုပ်တဲ့အလုပ်ကို ကျနော့်မိသားစုတွေ သိအောင်လို့ ပါ။ အလုပ်ထဲမှာ သွားတဲ့လေယာဉ်ခကို Company ကပေးပါတယ်။ နေဖို့ စားဖို့ အတွက် Company က အခမဲ့စီစဉ်ပေးပါတယ်။ တပြားမှမကုန်ပါဘူး။ ဆိုတော့ မိုင်းမှာလုပ်တိုင်း ငွေကို အသားတင်စုမိပါတယ်။ ရွှေဈေးကောင်းရင် ကောင်းသလို Bonus ရပါတယ်။ ပြီးခဲ့နှစ်က အလုပ်သမားတိုင်း တစ်ယောက်ကို ၃.၅ ရာခိုင်နှုံးလောက် ဘိုးနပ်စ်ရပါတယ်။ ဥပမာ တစ်နှစ်ကို ပိုက်ဆံတစ်သိန်းလစာရတဲ့လူဟာ ဒေါ်လာ ၃၅၀၀ ဘိုးနစ်ပ်ရပါတယ်။
အလုပ်ထဲက လူတိုင်းဟာ တစ်နှစ်ကိုတစ်ခေါက်ပုံမှန် နိုင်ငံခြားမှာ အပန်းဖြေပါတယ်။ အများစုကတော့ ထိုင်း နဲ့ ဘာလီမှာ အပန်းဖြေတယ်။ ကုန်ကျတဲ့စရိတ်က ဒေါ်လာ ၂၀၀၀ လောက်တောင်မကုန်တော့ လူတိုင်းသွားနိုင်တယ်။ တချို့ ဆိုရင် တစ်နှစ်ကို သုံးခေါက်လောက် ခရီးထွက်တယ်။
ဒီစာကို ရေးတာ ကြွားဖို့ မဟုတ်ပါဘူး။ မသိတဲ့သူတွေ သိအောင်လို့ ပါ။ ကျနော်လည်း မြန်မာပြည်နဲ့ ထိုင်းမှာ အလုပ်ပေါင်းစုံလုပ်ဘူးပါတယ်။ မြန်မာတွေဟာ တကယ့်ကိုသနားစရာကောင်းတဲ့လူတွေပါလားလို့  အခုမှသိတယ်။ သြစတျေးလျတွေတောင် ဒီလိုစနစ်မျိုး ဖန်တီးနိုင်တယ်ဆိုရင် ကျနော်တို့ က ဘာ့ကြောင့် သူတို့ လို မလုပ်နိုင်ရမှာလဲ။
ကျနော်အဖေက တစ်ကြပ်ကြီးဘ၀နဲ့ တပ်ထဲမှာ နှစ်ပေါင်း ၂၀-ကျော်အလုပ်လုပ်ခဲ့တယ်။ သူကတပ်က ထွက်တော့ ထောင်ကျမှ ထွက်လို့ ရမယ်ဆိုလို့ ထောင်ထဲကို တနှစ်လောက် ၀င်ပြီးမှ အပြင်ကိုရောက်ခဲ့တယ်။ တပ်ကထွက်တော့ ပင်စင်လည်းမရပါဘူး။ နေစရာအိမ်လည်း မရှိဘူး။ စုထားတဲ့ငွေလည်းမရှိတော့ တကယ့်ကိုစုတ်ပြတ်သတ်ပြီး ဆင်းရဲလှတဲ့ ဘ၀တွေဖြစ်ကုန်တယ်။ သူတို့ အပြင် ကျနော့် ဦးလေးကလည်း ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်မှာ ယဉ်မောင်းတဲ့ရဲဘော်တစ်ဦးအနေနဲ့ လုပ်ရင်း တနေ့ မှာ ကားမှောက်ပြီးသေပါတယ်။ ဦးလေးသေတော့ ဦးလေးရဲ့ ပင်စင်က တစ်လကို မြန်မာငွေလေးရာပဲရပါတယ်။ အဘိုးက သူ့ သားရဲ့ ပင်စင်လေးရာကို ယူတောင်မယူပါဘူး။ လေးရာနဲ့ ဘာလုပ်စားလို့ ရမလဲ။ ဦးလေးကော အဖေကော တပ်ထဲမှာ လုပ်လို့ ခံစားခွင့် ဘာရလဲဆိုတော့ ဒီနေ့ အချိန်အထိ ကျနော့်အဖေနဲ့ အမေဟာ ဒုက္ခသည်စခန်းထဲကိုရောက်တာပဲ အဖတ်တင်တယ်။ ဒီလိုဘ၀တွေဟာ ဗမာပြည်မှာ အများကြီးပါ။ ဒီလိုပုံစံမျိုးသာ သြစီမှာဖြစ်ခဲ့ရင် ကျနော်တို့ တွေ ကောင်းစားနေပြီ။
ကျနော့်အလုပ်မှာ ၁၀-နှစ်လုပ်တဲ့လူတိုင်း Long Service လို့ ခေါ်တဲ့ ခွင့်ရက်ရှည်ကို အလုပ်ကပေးတယ်။ သုံးလတောင် မလုပ်မလုပ်ပဲ လစာရပါတယ်။ တစ်နှစ်ကိုတစ်ခါ လစာတိုးတယ်။ ငွေကြေးဖောင်းပွမှု့ အပေါ်မှုတည်ပြီး လစားတိုးရပါတယ်။ ဥပမာ ငွေကြေးဖောင်းပွမှု (Inflation) က ၂.၅ ရာခိုင်နှုံးရှိရင် ကျနော်တို့ အလုပ်သမားတွေရဲ့ လစာလည်း ၂.၅ ရာခိုင်နှုံးကိုမတိုးမနေရနှစ်စဉ်တိုးရပါတယ်။ ဒါမှ ကုန်ဈေးနှုံးနဲ့ လစာက ကာမိမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ်မျိုးရှိမှာမဟုတ်ဘူး။
အလုပ်ထဲမှာ ဘယ်သူမှ ဖားတာယားတာမရှိဘူး။ အနိုင်ကျင့်ခံရတာမရှိ၊ ခေါင်းပုံဖြတ်ခံရတာ မရှိပဲ လူတိုင်း ရိုးရိုးသားသားနဲ့ အလုပ်ကို ကျိုးကျိုးစားစားလုပ်ကြတယ်။ လိမ်တာလည်းမရှိဘူး။ ဘာ့ကြောင့်သူတို့ ဒီလိုဖြစ်လဲဆိုတော့ Company ကပေးတဲ့လစာနဲ့ ခံစားခွင့်က ဖူလုံတဲ့အပြင် ပိုလျှံနေတော့ အလုပ်ကို တန်ဖိုးထားကြတယ်။ ဘယ်သူမှ နာမည်ပျက်တာကို မလိုချင်ကြဘူး။ မလုပ်ကြဘူး။ အသက်အန္တရာယ်အရမ်းနီးတဲ့အလုပ်ကိုလည်း အနှိင်ကျင့်ပြီးမခိုင်းဘူး။ Company ရဲ့ အကြီးဆုံး စီအီအိုလည်း အလုပ်သမားတွေနဲ့ တန်းတူ ထမင်းစားတယ်။ တန်းတူအခန်းရတယ။ ယူနီဖောင်းတူတယ်။ သူ့ မှာပိုရတာက လစာတစ်ခုပဲရတယ်။
ဗမာတွေဟာ ရာထူးကြီးလာရင် သူများနဲ့ မတူ နဖူးမှာ ဟိုဟာတက်ပြီးပေါက်ကြတယ်။ လက်အောက်ငယ်သားကလည်း အရမ်းစွပ်ပြီးဖားတော့ အထက်လူကြီးက ဘုရင်လိုဖြစ်ဖြစ်လာတယ်။ မြန်မာ့ယဉ်ကျေးမှု့ မှာ ဒီလိုမျိုး အတွေးအခေါ်တွေကို လုံးဝပြောင်းသင့်နေပြီ။ အလုပ်သမားတွေဟာ လစာကလည်းနဲတဲ့အပြင် အခြားခံစားခွင့်ကလည်း မရှိသလောက်ပဲ။ ဒါ့ကြောင့် နေရာတကာမှာ ခိုးကြတာလို့ ထင်တယ်။ တကယ်တမ်းသာ လစာကောင်းကောင်းပေးရင် ဒီလိုပုံစံမျိုးကို တွေ့ ရမှာမဟုတ်ဘူး။
ဘယ်နိုင်ငံမှာမဆို အလုပ်သမားတွေရဲ့ အခွင့်အရေးကို အလုပ်ရှင်က သိတတ်နားလည်ပြီး စေတနာကောင်းလို့ ပေးတာမဟုတ်ပါ။ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်ကို အလုပ်သမားတွေက တိုက်ပွဲဝင်ပြီးတောင်းဆိုမှ ရတာပါ။ ဒါတောင် အလုပ်ရှင်က အသာတကြည်ပေးတာမဟုတ်ဘူး။ အခုသြစီက ကျနော်လုပ်တဲ့မိုင်းမှာ ဘာ့ကြောင့် ဒီလိုစနစ်ကောင်းလဲဆိုတော့ ဟိုးတုန်းက မိုင်းအလုပ်သမားတွေ တောင်းဆိုတိုက်ပွဲဝင်လာလို့ ကောင်းတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်က ဒီလို စနစ်ကောင်းကောင်းမရှိခဲ့ဘူး။ သူတို့ သား တောင်းဆိုတိုက်ပွဲမ၀င်ခဲ့ဘူးဆိုရင် ယနေ့ မှာ ကျနော်လည်း ဒီလိုခံစားခွင့်နဲ့ အခွင့်အရေးကိုရမှာမဟုတ်ဘူး။
အခုလည်း ဗမာအလုပ်သမားတိုင်း မိမိဘာလိုချင်လဲဆိုတာကို အဓိကသိဖို့ လိုတယ်။ မိမိရဲ့ ရသင့်ရထိုက်တဲ့ ဘ၀လုံခြုံမှု နဲ့ အလုပ်လုံခြုံမှုကို သူများက အားအားယားယားလားမပေးတော့ အလုပ်သမားတွေအနေနဲ့  ဘာလုပ်သင့်လဲဆိုတာကို သဘောပေါက်ပါစေလို့ ဆန္ဒပြုရင်း ဒီစာကို နိဂုံးချုပ်ချင်ပါတယ်။
10/22/11
ABSDF Killed Army Soilders
တိုက်ပွဲသတင်း (နောက်ဆက်တွဲ) ထုတ်ပြန်ခြင်း
ရက်စွဲ။ ။ ၂၂ အောက်တိုဘာ ၂၀၁၁။
ယမန်နေ့ည ၇ နာရီ ၃၀ တွင် ရန်သူ လူနာပို့ နှင့် လူနာကြိုအဖွဲ့များအား ကွိတာအူး နှင့် သေ့ဘောဘိုးအကြားတွင် မိမိကျောင်းသားတပ်မတော် နှင့် DKBA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာတွင် ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ ၁၂ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၇ ဦး ရရှိခဲ့သည်။
ည ၈ နာရီ ၃၀ မိနစ်တွင် ၎င်း လူနာပို့ ယာဉ်တန်းအား သေဘောဘိုးအဝင်တွင် မိုင်း၊ လက်နက်ငယ်များဖြင့် ထပ်မံ ဆီးကြိုတိုက်ခိုက်ရာ၊ ရန်သူ တပ်ရင်းအမှတ် စိစစ်ဆဲ၊ မှူး ဗက ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တကက ၂ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး ကျဆုံးပြီး၊ ဒဏ်ရာ ၄ ဦး ရရှိခဲ့သည်။
မိမိဖက်မှ ထိခိုက်ကျဆုံးမရှိကြောင်း သတင်းရရှိသည်။
10/15/11
DPNS
Type your summary here.Type the rest of your post here.
လူ့ ဘောင်သစ်ပါတီသက်တော်ရာကျော်ရှည်ပါစေ။ ဒါ့ကြောင့် အရက် အရမ်းမသောက်နဲ့ ။
လူ့ ဘောင်သစ်ပါတီသက်တော်ရာကျော်ရှည်ပါစေ။ ဒါ့ကြောင့် အရက် အရမ်းမသောက်နဲ့ ။
10/14/11
What is an opposition party?
အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ အဖွဲ့ အစည်းမှန်သမျှဟာ အာဏာလိုချင်လို့ အတိုက်အခံလုပ်တာပါ။ အန်အယ်ဒီပါတီက အတိုက်အခံပါတီကြီးတစ်ခုပါ။ သူ့ ရဲ့ အလုပ်က ကြံ့ဖွတ်ပါတီအစိုးရကို နိုင်ဖို့ အတွက် မိမိအာဏာရဖို့ အတွက် အစိုးရရဲ့ ပေါ်လစီအမှားနဲ့ လုပ်ရပ်အမှားတွေကို ထောက်ပြပြီး တိုက်ခိုက်ရပါတယ်။ အလားတူအခြားပါတီတွေကလည်း မိမိအာဏာရဖို့ အတွက် လုပ်ရပါတယ်။ ဒါပေမဲ့လက်ရှိမြင်ရတဲ့ အန်အယ်ဒီပါတီရဲ့ လုပ်ရပ်ဟာ အတိုက်အခံအနေနဲ့ မဟုတ်တော့ပဲ တရားရေအေးတိုက်ကျွေးတဲ့ဘုန်းကြီးတစ်ယောက်လို ဖြစ်နေတယ်။ Opposition Party မဟုတ်တော့ဘူး။ နိုင်ငံခြားမှာ opposition party တွေ အလုပ်နဲ့ မြန်မာပြည်က အတိုက်အခံတွေလုပ်ရပ်ဟာ ပြောင်းပြန်ဖြစ်နေတယ်။ တကယ့်အစစ်အမှန်အတိုက်အခံကိုပြောပါဆိုရင် ပြည်ပက အဖွဲ့ အစည်းတွေဖြစ်ပါတယ်။ သူတို့ အမြဲတမ်း အတိုက်အခံ အစိုးရကို လုပ်နေခဲ့တယ်။ ဒါမှ စစ်မှန်တဲ့အတိုက်အခံဖြစ်ပါတယ်။ အန်အယ်ဒီဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းလမ်းကြောင့် အတိုက်အခံလည်းမဟုတ်၊ ဟိုလည်းမရောက် ဒီလည်းမရောက်ဖြစ်နေတဲ့ အင်အားစုတစ်ရပ်ဖြစ်လာတယ်လို့ သုံးသပ်ချင်ပါတယ်။ တကယ်လို့  ဒေါ်စုမျှော်လင့်နေတဲ့ အပြောင်းအလဲကြီးမဖြစ်ရင် ဒေါ်စုနဲ့ အန်အယ်ဒီဘာလုပ်မလဲ။ ၉ဝ-ခုနှစ်က ပေးထားတဲ့ မဲတွေဟာ နှမျောဖို့ ကောင်းတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး အန်အယ်ဒီပါတီကို တရားဝင်တောင်းပန်ဖို့ ပန်ကြားပါတယ်။ အတိုက်အခံတွေဟာ အတိုက်အခံအလုပ်ကို မလုပ်ရင် ရလာမဲ့ရလာဒ်ဟာ ယနေ့ နိုင်ငံရေးကပေးတဲ့အဖြေလိုဖြစ်လိမ့်မယ်။ ဒါ့ကြောင့် အတိုက်အခံလုပ်မယ်ဆိုရင် အပြတ်လုပ်။ မလုပ်ဘူးပေါင်းမယ်ဆိုရင်လည်း အပြတ်ပေါင်း။ ဟိုလိုလိုဒီလိုလိုလုပ်ရင် ကြားထဲကနေ ဒိုင်စားတက်တယ်။ အဲဒိဒိုင်ကတော့ အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်ချင်တဲ့ လူတွေပဲ။
10/12/11
ကိုဇာဂနာကျန်းမာပါစေ
ကိုဇာဂနာကျန်းမာပါစေ
စီးချင်းထိုးမလား
ရှေးအခါက မလွှဲသာလို့ စစ်ထိုးရတဲ့ ဒုဌဂါမဏိမင်းနဲ့ ဧဌာရကျေးမင်းတို့ ဟာ တိုင်းသူပြည်သူ စစ်သားများကို ငဲ့ညာပြီးစီးချင်းထိုးကြပါတယ်။ မဆိုင်တဲ့သူမသေကြရဘူး။ ယခုခေတ်မှာတော့ နိုင်ငံသားအားလုံးစစ်ပွဲမှာပါဝင်ဆင်နွဲရတယ်။ တကယ်လို့ သာ ရှင်ဘုရင်အချင်းချင်း ခေါင်းဆောင်အချင်းအချင်းသာ စစ်ထိုးလျှင် စစ်ပွဲနည်းသွားပါလိမ့်မယ်။ ဧဌာရမင်း ကျဆုံးတဲ့အခါစစ်ပွဲပြီးသွားပါတယ်။ ကြာရှည်ဒုက္ခမခံရပုံကို သတိပြုသင့်တယ်။ လူနှစ်ယောက်သာကျဆုံးပြီး ကျန်လူများ ပျော်ရွှင်ချမ်းမြေ့စွာ နေကြရပါတယ်။
အထက်ပါစာပိုဒ်ကို အီတာလျံဘုန်းတော်ကြီး ဦးလောကနာထရဲ့ ကမ္ဘာလှည့်တရားစာအုပ် စာမျက်နှာ ၁၆၉-မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
သဘောကြစရာ အတုယူစရာကောင်းလို့ ပါ။ မြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတာကို ဒီပုံစံအတိုင်း ရပ်လို့ မရဘူးလား။ စဉ်းစားကြည့်ဖို့ ပါ။ တကယ်တမ်း စစ်တပ်က ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ကခေါင်းဆောင်တွေ သတ္တိရှိတယ်ဆိုရင် ဘုရင်တွေစီးချင်းစစ်ထိုးသလို ချသင့်တာပေါ့။ ဥပမာဗျာ- လက်ရှိသမ္မတဦးသိန်းစိန်က မြင်းစီးရင်စီး၊ မစီးရင် နွားစီးပြီး ပစ္စတိုတစ်လက်နဲ့ ကောင်းဘွိုင်ပုံစံလိုမျိုး ဂိုက်ဖမ်းပြီး SSA က ဗိုလ်ချုပ်ကြီးဟု ခေါ်သော ယွက်စစ်နဲ့  သေနတ်ချင်း ယှဉ်ပြီးပစ်ပေါ့။ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ စစ်တပ်နဲ့ နယ်မြေကို သိမ်းယူလိုက်ရင်မကောင်းဘူးလား။
နောက်ရှိသေးတယ်။ DKBA က ဗိုလ်ချုပ်နုတ်ခမ်းမွေးနဲ့ ဦးရွှေမန်းတို့  ဓားချင်းယှဉ်ခုတ်။ ဗိုလ်နုတ်ခမ်းမွေးက ကရင်ဆိုတော့ ဓားတော့ ပိုင်မယ်။ မဆိုင်တဲ့သူတွေ မသေစေရ။ ဒီလိုမျိုးကြတော့ နိုင်ငံတော်အကြီးအကဲတွေကော၊ သူပုန်အကြီးအကဲတွေကော သတ္တိရှိမှာမဟုတ်ဘူး။ လေပဲရတယ်ထင်တယ်။
နိုင်ငံရေးမှာလည်း ရှေးက ဘုရင်တွေလို အတုခိုးလို့ ရတယ်။ ဥပမာဗျာ- ဦးတင်ဦးနဲ့ ဦးသိန်းစိန် လက်ဝေ့ထိုးကြ။ နိုင်တဲ့သူ အုပ်ချုပ်။ ဦးတင်ဦးမအားရင် ဦးဝင်းတင် ၀င်ပြီးထိုး။ အခုတော့ သိတဲ့အတိုင်း လမ်းတောင်း မနဲလျှောက်နေရတာဆိုတော့ဗျာ။ ပျင်းလို့ ရေးတာပါ။ ဘယ်သူ့ ကိုမှ မစော်ကားပါဘူး။
10/11/11
ကျေးဇူးတင်သင့်၊ မတင်သင့်
သူ့ ဟာသူ ဖမ်း၊ သူ့ ဟာသူ ပြန်လွှတ်တာကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါပေမဲ့ နောက်နောင်မှာ နိုင်ငံရေးလုပ်တဲ့ လူတွေမှန်သမျှကို မဖမ်းဘူးလို့ ပြောရင်တော့ ကျေးဇူးတင်ရမယ်။
View My Stats