| လူပုကလေး ကျော်ဆန်း |
3/20/12
အစိုးရရဲ့ အရပ်ပုဆုံးလူသား
3/19/12
ရွေးကောက်ပွဲအပြီး ဒေါ်စုရဲ့ တာဝန်
![]() |
| Daw Suu |
မီဒီယာလွတ်လပ်ခွင့်ရှိမှ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်လိမ့်မည်
ကျနော်ခံယူချက်က မီဒီယာလွတ်လပ်လေလေ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ အလားအလာကောင်းလေလို့  ခံယူထားပါတယ်။ ဒီနေရာမေးခွန်းတစ်ခုရှိပါတယ်။ မီဒီယာနဲ့ ဖွံ့ ဖြိုးတိုးတက်မှုက ဘာဆိုင်လို့ လဲဆိုတဲ့မေးခွန်းပါ။ သိချင်ရင်ဆက်ဖတ်ကြည့်ပါ။ သဘောမတူတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။
မီဒီယာလို့ ပြောရင် တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေအပြင် ကာတွန်းစာအုပ်အထိ ပါဝင်တယ်။ မီဒီယာဆိုတာက ကြားခံ လို့ ခေါ်မယ်ထင်တယ်။ ကြားခံပစ္စည်းတစ်ခု။ ဒီပစ္စည်းကို အသုံးပြုပြီး သတင်းတွေ၊ အချက်အလက်တွေ ဖလှယ်ကြတယ်။ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတာကို ပြည်သူတွေကော အစိုးရတွေကော သိအောင် တင်ပြပေးတယ်။ အဲဒိကြားခံပစ္စည်းက မလွတ်လပ်ရင်၊ အရည်အသွေးမကောင်းရင်၊ မပြည့်စုံရင် လူထုကြားထဲမှာ ဘယ်လိုလုပ်ပြီး သတင်းအချက်အလက်တွေ ဖလှယ်နိုင်တော့မှာလဲ။ ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန်ရောက်ရှိမှာလဲ။ ဆိုလိုချက်က မီဒီယာမှ အားမကောင်းရင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒါဆိုရင် ပြည်သူက ကြာလေ ငတုံးငအတွေဖြစ်လာလေ ၊ တိုင်းပြည်နစ်နာလေပဲ။
အစိုးရ၊ ပညာရှင်၊ ကျောင်းသားစတဲ့ ဘက်ပေါင်းစုံက ပြည်သူပြည်သားတွေဟာ ဗဟုသုတရဖို့ စာဖတ်ရတယ်။ တီဗွီကြည့်ရတယ်။ ရေဒီယိုနားထောင်ရတယ်။ ဗဟုသုတဆိုတာက လောကကြီးမှာ ဖြစ်ပျက်နေတဲ့အချက်အလက်တွေကို ပြောတာဖြစ်တယ်။ အဲဒိအချက်အလက်တွေကို စာအုပ်စာတမ်း၊ ဂျာနယ်တွေနဲ့ ရုပ်မြင်သံကြားတွေမှာ လွတ်လပ်စွာတင်ပြကြတယ်။ ဒါတွေကို ကြည့်ပြီး ပညာရှင်မဖြစ်သေးတဲ့ကျောင်းသားတွေက လေ့လာလိုက်စားပြီးမှ ပညာရှင်ဖြစ်လာတယ်။ ဘွဲ့ ဒီဂရီတွေကို မီဒီယာပေါ်ကနေလေ့လာပြီးမှ ရကြတယ်။ အစိုးရတိုင်းရဲ့ ဆုံးဖြတ်ချက်တစ်ခုချရင်လည်း မီဒီယာတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကြည့်ပြီး ၊ သုံးသပ်ပြီးမှ ဆုံးဖြစ်ချက်ချကြတယ်။ မီဒီယာလွတ်လပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဖြစ်တဲ့ အမေရိန်ကန်၊ အင်္ဂလန်၊ ၾသစေတ်းလ် စတဲ့နိုင်ငံတွေမှာ မီဒီယာလွတ်လပ်ခွင့်တင်မကဘူး မီဒီယာကို အရည်အချင်းနှင့် အရည်အသွေးမြှင့်အောင် အစိုးရကိုယ်တိုင် ပါဝင်ကူညီပေးတယ်။ ကျောင်းတွေဖွင့်ပေးတယ်။ ငွေကြေးအကူညီပေးတယ်။ သူတို့ ယူဆချက်က မီဒီယာအားကောင်းမှ အရည်အချင်းရှိမှ သူတို့ လိုချင်တဲ့ အရည်အသွေးမှီ အချက်အလက်တွေကို ရမယ်။ ဒါမှ သူတို့ ဆုံးဖြတ်ချက်တွေကို အကျိုးရှိရှိ ပြည်သူအတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချ နိုင်မယ်။ ဒါ့ကြောင့် သူတို့ မီဒီယာကို ကူညီပေးတယ်။
မီဒီယာမှ အရည်အချင်းမရှိရင် မလွတ်လပ်ရင် ချမ်းသာတဲ့နိုင်ငံတွေ ဒီလောက်ထိအောင် ချမ်းသာပြီးဖွံ့ ဖြိုးတိုးတက်မှာမဟုတ်ဘူးလို့  ဖွံ့ ဖြိုးပြီး နိုင်ငံတွေက ယူဆတယ်။
မီဒီယာကို တချို့ က ဘာ့ကြောင့်ချူပ်ချယ်ပြီး ၊ တချို့ က ဖွင့်ပေးတာလဲဆိုတာကို လေ့လာကြည့်ပါတယ်။ အဓိက အချက်က အစိုးရတိုင်းရဲ့ စဉ်းစားပုံခြင်းမတူလို့ ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအပေါ် အခြေခံပြီး လူတစ်ဦးချင်းစီရဲ့  စဉ်းစားပုံ ၊ စဉ်းစားနည်းတွေ ကွာခြားပါတယ်။ နောက်ပြီး ပညာအခြေခံ နဲ့  ဘဝအတွေ့ အကြုံတွေပေါ်မှုတည်ပြီးလည်း လူတစ်ဦးချင်းစီရဲ့ စဉ်းစားပုံတွေ ကွာခြားပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းပြည်က့ အစိုးရအဆက်အဆက်ရဲ့  စဉ်းစားပုံခြင်း နဲ့  အနောက်တိုင်းက ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ စဉ်းစားပုံကို တင်ပြချင်တယ်။ သူတို့ စဉ်းစားပုံက သူတို့ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဉ်ကျေးမှု့ ကြောင့် တမျိုးဖြစ်နေတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှု့ ကလည်း မြန်မာ့ယဉ်ကျေးမှု့ ကြောင့် တမျိုးဖြစ်နေတယ်။ ကွဲပြားခြားနားချက်ကို ပြောချင်လို့ ပါ။ မြန်မာအစိုးရတွေစဉ်းစားတာက မီဒီယာကိုလွတ်လပ်ခွင့်ပေးလိုက်ရင် ပြည်သူတွေဟာ မလိုအပ်တဲ့ အညစ်အကျေးတွေကို ရမယ်။ မြန်မာ့ယဉ်ကျေးမှု့ ကို ထိခိုက်စေမယ်။ ဆိုလိုတာက လူတွေပျက်စီးလိမ့်မယ်။ ဒါကိုမကြိုက်ဘူး။ နောက်ဆုံး မီဒီယာပေါ်မှာ အစိုးရကို ဆန့် ကျင်တဲ့စကားလုံးတွေပါလာမယ်။ ဒါဆိုရင် အစိုးရကို အကြည်အညို ပျက်စေတယ်ဆိုပြီး သူတို့ က ယူဆတယ်။ ဒါက သူတို့ စဉ်းစားပုံ။ ဒီနေရာမှာ အတိုက်အခံကော၊ အစိုးရကော စဉ်းစားပုံခြင်းဆင်တူပါတယ်။ အပြင်းနဲ့ အပျော့ပဲ ကွာပါတယ်။
အနောက်တိုင်းက အစိုးရတွေ စဉ်းစားတာက ဒီလိုဖြစ်ပါတယ်။ မီဒီယာကို လွတ်လပ်ခွင့်ပေးလိုက်ရင် ငါတို့ သိချင်တဲ့ အချက်အလက်ကို ရမယ်။ စာဖတ်တဲ့ပရိတ်သတ်က သူတို့ဖတ်ချင်တာကို သူတို့ ရွေးလိမ့်မယ်။ ဘယ်သူ့ ကိုမှ အတင်းဖတ်ခိုင်းလို့ မရဘူးဆိုတာ သူတို့ သိတယ်။ အညစ်အကျေးပါတဲ့စာပဲဖြစ်ဖြစ် ၊ အစိုးရကို ဆန့် ကျင်တဲ့စာပဲဖြစ်ဖြစ် သူတို့ စိတ်ဝင်စားတာကို သူတို့ ဖတ်လိမ့်မယ်။ အစိုးရကို ဆန့် ကျင်တဲ့စာတွေ များလာရင် သူတို့ ပိုပြီး သဘောကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီစာထဲမှာ ငါတို့ ဘာမှားနေလဲဆိုတာကို ပြည်သူနဲ့ စာရေးသူတွေက ထောက်ပြနေတာဖြစ်တယ်။ ဒါ့ကြောင့် သူတို့ ဆန့် ကျင်နေတာ။ ဘယ်သူမှတော့ အားအားယားယားမဆန့်  ကျင်ဘူးဆိုတာကို သူတို့ သဘောပေါက်တယ်။ ငါတို့ ပြင်လိုက်ရင် ငါတို့ အစိုးရဟာ နောက်တစ်ခါရွေးကောက်ပွဲမှာ ထပ်ပြီး အာဏာရနိုင်လိမ့်မယ်။ ဒီလိုမျိုး သူတို့ စဉ်းစားကြတယ်။ အစိုးရကို အကြည်အညိုပျက်စေတာတို့ ၊ စော်ကားတာတို့ သူတို့ စဉ်းစားတာမဟုတ်ဘူး။
ဆိုတော့ ယဉ်ကျေးမှုခြင်းမတူလို့  အစိုးရတွေရဲ့ စဉ်းစားပုံခြင်းလည်းမတူဘူး။ တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် မီဒီယာကို လွတ်လပ်ခွင့်ပေးဖို့ ၊ မီဒီယာတိုးတက်အောင်ကူညီပေးဖို့ အစိုးရတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်းက မီဒီယာကို အားကိုပြီး လေ့လာလိုက်စားလို့  ကျောင်းသားကနေ ပညာရှင် ဖြစ်လာတယ်။ စစ်သားကနေ စစ်ဗိုလ်ချူပ်တွေဖြစ်လာတယ်။ နိုင်ငံရေးသမားကနေ သမ္မတကြီးဖြစ်လာတယ်။ မီဒီယာမရှိရင် ကျနော်တို့ အားလုံး ကျောက်ခေတ်ကို ပြန်သွားရလိမ့်ထင်တယ်။ နောက်ဆုံးတစ်ခုရှိသေးတယ်။ အကန့် အသတ်နဲ့ မီဒီယာကိုလွတ်လပ်ခွင့်ပေးတာ၊ တဖြည်းဖြည်းချင်းလျှော့ပေးမယ်လို့ ပြောနေတဲ့လူတွေဟာ သူတို့ အာဏာကို လွှတ်ရမှာကြောက်တာအပြင်၊ သူတို့ ရဲ့ အပုတ်နံ့ တွေကို ပြည်သူတွေသိမှာစိုးရိမ်လို့ ဆိုပြီး မီဒီယာဘိုးအေကြီးတွေက မှတ်ချက်ပေးတာကို စာအုပ်တွေထဲမှာ ဖတ်ရပါတယ်။ သူတို့ အပြင် ကမ္ဘာကျော် နိုင်ငံရေးသမားကြီးတွေရဲ့  အတွေးအခေါ်ကိုလေ့လာကြည့်ရင်လည်း ဘယ်သူမှ မီဒီယာကို ပိတ်ထားပါလို့ မပြောပါဘူး။
ကျနော်တို့  တိုင်းပြည်ထဲက မီဒီယာတွေကို လေ့လာကြည့်တဲ့အခါမှာ နလံထခါစ လူနာသည်လို ဖြစ်နေရှာတယ်။ လွတ်လပ်ခွင့်မရှိတာအပြင်၊ နည်းပညာ၊ငွေကြေးနဲ့ အတက်ပညာလည်း အားနည်းပါတယ်။ ဂျာနယ်တွေ ပလူပျံနေတာကလွဲလို့  အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်တဲ့ တီဗွီလိုင်းမရှိတာကလည်း တိုင်းပြည်အတွက် အင်မတန်ကို နစ်နာလှတယ်။ သတင်းစာဆိုတဲ့ အရာကလည်း ဘယ်သူမှ အလေးမထားတဲ့သတင်းစာဖြစ်နေရှာတယ်။ ပြည်ပ မီဒီယာဆိုတာကလည်း တယ်လီဖုန်းဆက်ပြီးမေးလို့ ပဲရတယ်။ ဒီဘီဗွီကလည်း ခိုးကြောင်ခိုးဝှက်ရိုက်ပြီး အပျော်တမ်းကစားတဲ့သတင်းသမားလို ဖြစ်နေတယ်။ အားလုံးကို ခြုံကြည့်ပြီး ၊ နိုင်ငံတကာမီဒီယာနဲ့ ယှဉ်ပြီး ပြောရရင် အင်မတန်ကို အားနည်းသေးတယ်။ အဓိက ပြသနာက အစိုးရက လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်မပြုသေးလို့  ဒီလိုဖြစ်နေတာလို့  နိဂုံးချူပ်ချင်ပါတယ်။ ယနေ့ မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့  ဘတ်စုံတိုးတက်အောင်ကျိုးစားနေတဲ့ကာလမှာ မီဒီယာကလည်း တဘက်တစ်လမ်းက အစိုးရကို အားပေးကူညီသင့်တယ်။ ဒိ့ထက်ပိုပြီး အားကောင်းအောင်မြင်လာအောင် အားလုံးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးသင့်နေပြီ။ အကယ်၍သာ ထပ်ပြီးပိတ်ဆို့ ထားရင် လက်ရှိအပြောင်းအလဲကာလမှာတင်မကဘူး အနာဂတ်အတွက်လည်း ဖွံ့ ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်ပါလိမ့်မယ်။ မီဒီယာကို လွတ်လပ်ခွင့်မပေးပဲထားရင် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကြောင့် တိုင်းပြည်နဲ့ လူမျိုးဟာ တနေ့ မှာနစ်နာရလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရောဂါဘယထူပြောမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ဆိုးကျိုးတွေဟာ ဖွံ့ ဖြိုးရေးလုပ်ငန်းနဲ့ အတူ တပြိုင်တည်း ပြည်သူကို ဒုက္ခပေးလိမ့်မယ်။ ဒါတွေက ချက်ချင်းတော့ ပေါ်လာမှာမဟုတ်ပါဘူး။ ဒီလိုဒုက္ခတွေကို တားဆီးကာကွယ်ဖို့ ၊ ကြိုတင်ပြင်ဆင်ဖို့ ဆိုတာ လွတ်လပ်တဲ့မီဒီယာမရှိပဲ မရနိုင်ဘူး။ အရည်အချင်းမရှိတဲ့မီဒီယာသမားတွေနဲ့ လည်းမရနိုင်ဘူး။ ဥပမာ ထားဝယ်က ရေနက်စီမံကိန်းနဲ့ မြစ်ဆုံဆည်ရဲ့ ဆိုးကျိုးကို Documentry ရိုက်ပြီး မြန်မာ့အသံမှာ ဘယ်တုန်းက မှမလွှင်ခဲ့ဘူး။ စဉ်းတောင်စဉ်းစားပုံမပေါ်ဘူး။ ဆိုးကျိုးအပြင် ကောင်းကျိုးကိုလည်း တွဲဖက်ရိုက်သင့်တယ်။ ဒီလိုမျိုးအရည်အသွေးမှီမှီနဲ့ နိုင်ငံတကာအဆင့်မှီပြနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ မီဒီယာလွတ်လပ်ခွင့်မရှိတော့ နောက်ဆုံးတိုင်းပြည်ပဲ နစ်နာရတော့တယ်။ တကယ်လို့ သာ အားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ရင် တိုင်းပြည်ရဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေအားနည်းနေတယ်၊ ဘာတွေတိုးတက်တက်နေတယ်၊ ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကို ပြည်သူတွေအားလုံးကြည့်နိုင်မယ်။ ပြီးရင် လိုအပ်နေတာကို ပြည်သူကလည်း ဝိုင်းပြီး ပံ့ပိုးပေးတာအပြင် ၊ အစိုးရကလည်း ဝိုင်းပြီးကူညီပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးနေမိတယ်။ အားလုံးတက်ညီလက်ညီနဲ့ လုပ်ကြစေချင်လို့  ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက မီဒီယာလွတ်လပ်ခွင့်ကြောင့် ဘယ်တိုင်းပြည်မှ မပျက်စီးခဲ့ပါဘူးလို့ ပြောရင် နိဂုံးချုပ်ချင်ပါတယ်။
3/18/12
မြေပိုင်ရှင်မြန်မာတွေ သတိထားကြပါ
ဘာ့ကြောင့်ရင်လေးမိလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ပြည်သူတွေမှာ စုဆောင်းငွေမရှိ။ တနေ့ လုပ်မှ တနေ့ စားရတဲ့ပြည်သူက အများစု။ ဒါကို လူတိုင်းသိမယ်လို့ ထင်ပါတယ်။ လက်တစ်ဆုပ်စာ လူနည်းစုကသာလျှင် ဒေါ်လာတွေ ဘီလျှံလိုက် ချမ်းသာနေတာကို သတိထားမိကြမယ်ထင်ပါတယ်။
နိုင်ငံတကာက အရင်းအနှီးတွေဝင်လာတဲ့အခါမှာ ငွေထုတ်ကြီးပဲမဟုတ်ပါဘူး။ အတတ်ပညာ နဲ့ နည်းပညာတွေအပါအဝင် သူတို့ ဆီက ယဉ်ကျေးမှု့ တွေလည်း တပြိုင်တည်းပါလာပါတယ်။ ဝင်လာတာနဲ့ တပြိုင်တည်း ပထမဆုံး စီးပွားရေးလုပ်ဖို့ အတွက် မည်သူမဆိုသူတို့ ပါလာတဲ့ငွေနဲ့ မြန်မာပြည်က မြေတွေကိုငှားမယ်။ ဒါမှမဟုတ် အောက်လမ်းနည်းနဲ့ ဝယ်မယ်။ ဒီမှာတင် အရင်းဆင်းရဲတဲ့ပြည်သူတွေရဲ့ မြေတွေယာတွေကို အဆမတန်ဈေးပိုပေးတဲ့ အခါမှာ ဘယ်သူပဲ ဖြစ်ဖြစ်ရောင်းကြပါတယ်။ ငှားကြပါတယ်။ ဒီမှာတင်ပြည်သူတွေဟာ ဘိုးဘွာပိုင်မြေတွေကို နိုင်ငံခြားက လာတဲ့လုပ်ငန်းရှင်တွေအပြင်၊ ပြည်တွင်းက သူဌေးကြီးတွေရဲ့ လက်ထဲကို မရောင်းချင်လဲ ရောင်းခဲ့ရပါတယ်။ နောက်ဆုံးသူတို့ နှစ်ပေါင်းများစွာ အမြတ်တနိုးထိန်းသိမ်းခဲ့မြေတွေ ယာတွေကို ဘူဒိုဇာတွေထိုး မြေတူးစက်ကြီးတွေနဲ့ တူးပြီး စက်ရုံအလုပ်ရုံတွေဆောက်ကြပါတယ်။ စက်ရုံအလုပ်ရုံဆောက်တဲ့အကျိုးဆက်က ကောင်းတာရှိသလို ၊ ဆိုးတာလည်းရှိတာကို အားလုံးသိမယ်ထင်တယ်။
နောက်ဆုံး မြေပိုင်ရှင် ၊ ယာပိုင်ရှင်အစစ်တွေဟာ မဖြစ်စလောက်ငွေတွေကို ပိုက်ပြီး မြို့ နဲ့ ဝေးတဲ့နေရာကို ပြောင်းရပါတော့တယ်။ မြေဖိုးရတဲ့ မြန်မာငွေဟာ တကယ်တန်းတော့ သူတို့ အတွက် တန်ဖိုးရှိပေမဲ့ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက်တော့ ဘီယာတစ်ဝိုင်းစာတောင်မရှိပါဘူး။ မြန်မာတွေဟာ မြန်မာကျပ်ငွေနဲ့ သာ သူတို့ ရပါတယ်။ ဒေါ်လာနဲ့ မြန်မာကျပ်ငွေကိုယှဉ်ရင် ဘယ်ဟာက ပိုပြီးတန်ဖိုးရှိလဲဆိုတာကိုလည်း သိပါလိမ့်မယ်။
တောင်ကိုရီးယား၊ ဂျပန် နဲ့  စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်တဲ့အခါမှာ သူတို့ ဆီမှာ မြေယာမဲ့တွေအရမ်းပေါပါတယ်။ လူအများစုဟာ တိုက်အမြင့်ကြီးတွေနဲ့ နေရတဲ့အထိမြေရှားပါတယ်။ မြေဈေးကလည်း အင်မတန်ကိုကြီးပါတယ်။ တရုတ်နိုင်ငံလည်း ဒီအတိုင်းပါပဲ။ အခု မြန်မာပြည်မှာ မြေတွေအရမ်းပေါနေပါတယ်။ ကံကောင်းတာက ကျနော်တို့ တိုင်းပြည်မှာ မြေပိုင်ရှင်တွေအရမ်းပေါတယ်။ ရွာတွေမှာ လယ်စိုက်တဲ့လူတွေအရေအတွက်ကို တွက်ကြည့်ရင် မြန်မာတွေဟာ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးတွေထက် မြေပိုင်ရှင် ယာပိုင်ရှင်အရမ်းပေါပါတယ်။ တနည်းပြောရရင် မြန်မာလူမျိုးတွေဟာ သူတို့ ထက်မြေနေရာပိုပြီး ချမ်းသာပါတယ်လို့ ပြောနိုင်တယ်။
အခု ရင်းနှီးမြုပ်နှံမှု့ တွေဝင်လာတဲ့အခါမှာ ဒေါ်လာတစ်သိန်းလောက်ပေးရင်တောင် မြန်မာပြည်မှာ မြေနေရာကောင်းကောင်း ရနိုင်တယ်လို့ ဆိုပြီး မြန်မာဂျာနယ်တွေမှာ ဖတ်ခဲ့ရတယ်။ လယ်တွေအများကြီး ဝယ်နိုင်တယ်။ ဒေါ်လာတစ်သိန်းဆိုတာက မြန်မာငွေ သိန်းတစ်ထောင်နီးပါးလောက်ဈေးပေါက်ပါတယ်။ ဘီလျှံနာသူဌေးကြီး တစ်ယောက်အတွက်တော့ ဒီငွေဟာ ဝိုင်တစ်ပုလင်းစာလောက်ပဲ ရှိတဲ့အတွက် မြန်မာပြည်ကမြေတွေတော့ ကုန်တော့မှာပဲလို့ တွေးနေမိပါတယ်။
ရခိုင်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်ပြည်ကို သွယ်တန်းတဲ့လမ်းတစ်လျှောက်မှာ ယာတွေဖယ်ပေးရပါတယ်။ တရုတ် Company က တစ်အိမ်ထောင်ကို နစ်နာကြေးအနေနဲ့  တီဗွီတစ်လုံးအပြင်၊ မြန်မာငွေ တစ်သိန်းခွဲလောက်ပေးပါတယ်။ ဒီငွေနဲ့ တီဗွီတစ်လုံးဟာ တကယ်တန်းတော့ တရုတ်ယွမ်ငွေနဲ့ ဆိုရင် တရုတ်ပြည်မှာ ခေါက်ဆွဲလေးငါးပွဲစာလောက်ပဲ ရှိပါတယ်။ တစ်ခါမှ တီဗွီကောင်းကောင်းမမြင်ဘူးတဲ့ မြန်မာတွေအတွက်တော့ များတာပေါ့။ ဒီလိုအခြေအနေကို တိုင်းပြည်ရဲ့ နေရာအနှံ့ အပြားမှာ မြင်တွေ့ နေရပါပြီ။ တရုတ်စီးပွားရေးအပြင်နိုင်ငံတကာက လုပ်ငန်းရှင်တွေပါပေါင်းလိုက်ရင် မြန်မာတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မြေယာတွေ ဘယ်လောက်ဆုံးရှုံးနစ်နာမလဲဆိုတာကို တွက်ကြည့်ကြစေချင်ပါတယ်။ မြေယာမဲ့တွေပေါလာတော့မယ်။ ကြာရင် သူတို့ မြေပိုင်ပြီး ၊ ကျနော်တို့ က မြေမဲ့ယာမဲ့ဖြစ်တော့မယ်။
တရုတ်တွေဟာ မြန်မာပြည်လောက်ကိုတော့ သနားတယ်လို့ ပြောပါတယ်။ ချမ်းသာတဲ့ သြစတျေးလျမှာ တရုတ် Company တွေလာပြီး မိုင်းတူးပါတယ်။ သြစတျေးလျတွေပိုင်တဲ့မြေယာတွေကို တရုတ်တွေက ပေါက်ဈေးထက်သုံးဆလောက်ပေးပြီး ဝယ်ပါတယ်။ သြစီလယ်သမားတွေလည်း တစ်ခါမှ မမြင်ဘူးတဲ့ပေါက်ဈေးရတော့ရောင်းပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ လယ်သမားအများအပြား ငွေပိုက်ပြီး တခြားနေရာပြောင်းရတဲ့အပြင် ဘာလုပ်စားရမှန်းမသိဖြစ်ကုန်တယ်။
သူတို့ လယ်မြေတွေနေရာမှာ တရုတ်ကြီးတွေ ခန့် ခန့် ကြီးနဲ့ မိုင်းတူးပြီး အကျိုးအမြတ်ခံစားလာတာကို သြစီတွေအနေနဲ့ ရင်ထုမနာဖြစ်ပြီး သူတို့ ရောင်းခဲ့တာကို နောင်တအကြီးအကျယ်ရကြပါတယ်။ ဒါကို ကျနော်တီဗွီမှာတွေ့ တော့ ဒီလိုနိဂုံးချူပ်မိတယ်။ ငါတို့ တိုင်းပြည်ဟာ သြစီလို ဒေါ်လာသုံးတဲ့နိုင်ငံမဟုတ်တော့ ပိုပြီး ထိလိမ့်မယ်လို့ တွေးမိတယ်။ ပိုပြီးဆိုးလိမ့်မယ်လို့ ခန့် မှန်းမိတယ်။ အခုလည်းမြေယာကျူးကျော်မှု့ ၊ သိမ်းပိုက်မှုအသံတွေ ကြားနေရတယ်။ နောက်ဆုံးတော့ ငွေဟာ ခဏပဲခံပါတယ်။ မြေတွေ ယာတွေဟာ ကျနော်တို့ တစ်သက်တင်မကဘူး နောင်မျိုးဆက်တွေအတွက်ပါ အရမ်းကို အရေးကြီးတယ်။
ကိုယ့်မြေ ကိုယ့်ရေကို တန်ဖိုးကြပါ။ ဈေးဘယ်လောက်ပေးပေး မရောင်းဖို့ သတိထားကြပါ။ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ဟာ သူဌေးကြီးတွေ ဘီယာဖိုးလောက်ပဲ ရှိပါတယ်။ ဒီငွေကို မက်ပြီး ကျနော်တို့ ရဲ့ မြေတွေယာတွေ မဆုံးရှုံးရအောင် ဝိုင်းပြီးကာကွယ်ကြပါ။
3/15/12
ဘာ့ကြောင့် ကိုအောင်မိုးဇော် အမေရိကန်မှာရောက်နေလဲ
ခင်ဗျားတို့ မယုံရင် ချင်းမိုင်က သူ့ အိမ်ကို သွားကြည့်ပါ။ နန်းတော်လိုပဲ။
လူ့ ဘောင်သစ် (ပြည်တွင်း) နဲ့  လူ့ ဘောင်သစ် (ပြည်ပ)

ပြသနာတော့ ရှိနေပြီ။ ဒါကတော့ ပြည်ပမှာ လူ့ ဘောင်သစ်တစ်ခု။ ပြည်တွင်းမှာတစ်ခု။ ပြည်တွင်းက လူ့ ဘောင်သစ်ကို ပြည်ပလူ့ ဘောင်သစ်ရဲ့ လက်ရှိဥက္ကဌကိုအောင်မိုးဇော်က အသိအမှတ်မပြုပါဘူး။ တလောက သူ့ အင်တာဗျူးမှာ သူတို့ ဟာ တချိန်လုံးရန်သူ့ အကြိုက်လိုက်ပြီးလုပ်ခဲ့တဲ့လူတွေလို့ ဆိုပြီး သူ့ ခံစားချက်ကိုပြောရှာပါတယ်။ ဒီနေရာမှာ ဘယ်သူက မှန်တယ် မှားတယ်ဆိုတာကိုတော့ မပြောချင်ပါဘူး။ အထဲက လက်ရှိတရားဝင်မှတ်ပုံတင်ထားတဲ့ ဥက္ကဌ ဦးဇင်အောင်ပြောတာကတော့ ပြည်ပက လူ့ ဘောင်သစ်ကိုအသိအမှတ်ပြုသလို၊ ကိုမိုးသီးဇွန်ကိုလည်း အသိအမှတ်ပြုကြောင်း ပြောပါတယ်။ အဓိကပြသနာက အပြင်က လူ့ ဘောင်သစ်ဥက္ကဌက လုံးဝကို သဘောမတူဘူးဖြစ်နေတယ်။ အတော်ထူးခြားပါတယ်။
တကယ်တမ်းပြောရရင် လက်ရှိတရားဝင်မှတ်ပုံတင်ထားတာက ပြည်တွင်းကလူတွေပဲ ဖြစ်နေတယ်။ ပြည်ပကတော့ သိတဲ့အတိုင်းပဲ။ အကယ်၍ ပြည်ပလူ့ ဘောင်သစ်တွေ ပြည်တွင်းကို ပြန်ဝင်ပြီး ပါတီမှတ်ပုံတင်ရင်တောင် လူ့ ဘောင်သစ်ဆိုတဲ့နာမည်နဲ့ မှတ်ပုံတင်လို့ မရတော့ပါဘူး။ အခြားနာမည်ပြောင်းရပါတော့မယ်။
ဒီလိုအခြေအနေဖြစ်နေတော့ တစ်ခုပဲလုပ်စရာရှိပါတယ်။ ပြည်တွင်းက လူ့ ဘောင်သစ်က အသိအမှတ်ပြုတာကို လက်ခံပါ။ သူတို့ ကိုလည်း ပြန်လည်ပြီး အသိအမှတ်ပြုပေးပါ။ နှစ်ဦးနှစ်ဖက်ပေါင်းပြီး လုပ်ကြပါ။ ဒါမှ လူ့ ဘောင်သစ်ကို တကယ်တန်ဖိုးထားကြောင်း ပြရာရောက်ပါလိမ့်မယ်။
ကျနော်တော့ ပြည်တွင်းက လူ့ ဘောင်သစ်ရဲဘော်ဘ၀နဲ့ နိုင်ငံရေးလုပ်ချင်နေပါပြီ။
3/14/12
ဒေါက်တာနိုင်အောင်လို စိတ်ဓာတ်မျိုးအရမ်းလိုတယ်
ပွင့်လင်းတဲ့လူ့ ဘောင်ဖြစ်ရေး နဲ့  ကိုမင်းကိုနိုင်သို့ 
သတင်းထဲမှာလည်း ပွင့်လင်းတဲ့ လူ့ အဖွဲ့ အစည်းဆိုတာ ပိတ်ဆို့ ထားတဲ့လူ့ အဖွဲ့ အစည်းမဟုတ်ဘူးပေါ့ဗျာလို့ ဆိုပြီး...ထောင်ထဲမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါးနေခဲ့ရတဲ့ ကိုမင်းကိုနိုင် ပြောလိုက်တာကို ကြားရတော့ ဒီလိုမှတ်ချက်ချမိပါတယ်။
သူပြောမှပဲရှင်းတော့တယ်လို့ ဆိုပြီး ကျနော်မှတ်ချက်ပေးပါတယ်။
အခုလည်း ပြည်ပရောက်နေတဲ့ လူတွေဟာ အခမ်းအနားတွေလုပ်ပြီး နိုင်ငံရေးကို အားတက်သရောလုပ်လာတာနဲ့ ပက်သက်ပြီး ပြောလာပြန်တော့ တခုခုတော့ ရေးမှ ရမယ်ဆိုပြီး ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။
၁) ဘာ့ကြောင့်ကိုမင်းကိုနိုင်တို့  Society ကို ဂျော့ဆိုးရော့လာမှ အိုးပန်းချင်တာလဲ။
၂) ဘာ့ကြောင့်ပြည်ပအဖွဲ့ အစည်းတွေလုပ်နေတဲ့ အခန်းအနားတွေနဲ့ ပက်သက်ပြီး အခုမှဝေဖန်ရတာလဲ။
၃) အခု ကိုမင်းကိုနိုင်တို့ အုပ်စု ဟောလီးဒေးလို လုပ်နေတဲ့အလုပ်က တကယ်ပဲ တိုင်းပြည်ပြောင်းအောင် ဖန်တီးပေးနိုင်လား။
ဒီမေးခွန်းသုံးခုကို ကျနော်ဘာကြောင့်မေးရလဲဆိုတော့ သံသယ ရှိနေလို့ ပါ။ ကိုမင်းကိုနိုင်နဲ့ အဖွဲ့ ဟာ တိုင်းပြည်အပေါ်ထားတဲ့သဘောထားနဲ့ ပက်သက်ပြီး လုံးဝကို သံသယမရှိပါဘူး။ မြန်မာပြည်ဟာ အိုပန်း ဖြစ်ဖို့ အရမ်းကိုလိုအပ်ပါတယ်။ ဒါကိုလည်း သဘောတူပါတယ်။ ဒါပေမဲ့ ဂျော့ဆိုးရောစ့်ကြီးပေးတဲ့ပိုက်ဆံရမှ အိုးပန်းနိုင်တဲ့ အခြေအနေနဲ့ လှုပ်ရှားမှု့ ကိုတော့ လုံးဝကို ကန့် ကွက်တယ်။ လုံးဝကိုသဘောမတူပါ။ ဖြစ်နိုင်ရင် OSI က ပေးတဲ့ အကူအညီအစား ပြည်သူလူထုကပေးတဲ့ အကူအညီနဲ့  Open Society ကန်ပိန်းကို လုပ်စေချင်တယ်။ ဘာ့ကြောင့် ဒီစကားတွေပြောရလဲဆိုတော့ ပြည်ပက အဖွဲ့ အစည်းတွေပျက်စီးရတဲ့အကြောင်းအရင်းမှာ အန်ဂျီအိုက အလွယ်တကူရတဲ့ငွေကို ယူပြီး ဒီအပေါ်မှာ သာယာသွားလို့ ပါပဲ။ လွယ်လွယ်နဲ့ များများရတော့ ကြာတော့ လူတွေပျက်စီးလာတယ်။ အချင်းချင်းကွဲလာတယ်။ ပြည်သူက အထင်အမြင်လွဲလာတယ်။ ဒါနဲ့ ပက်သက်ပြီး တချိန်က တန်ဖိုးအရမ်းကြီးခဲ့တဲ့ ခေါင်းဆောင်တွေရဲ့  Reputation တွေ တဖြည်းဖြည်း မှေးမှိန်လာတယ်။ နောက်ဆုံး ပြည်သူလူထုက ဒီလူနဲ့ ဒီအဖွဲ့ အစည်းဆိုရင် လိမ်တဲ့လူတွေ လုပ်စားတဲ့လူတွေဆိုပြီး ကဲ့ရဲ့ လာကြပါတယ်။ ဖြစ်နိုင်ရင် Open Society ဆိုတဲ့ ကန်ပိန်းကို ပြည်သူလူထုရဲ့  လှူဒါန်းငွေနဲ့ လုပ်စေချင်ပါတယ်။ ဥပမာ နာရေးကူညီမှုအသင်းလို ပြည်သူလူထုက လှူးဒါန်းငွေနဲ့ ရပ်တည်တာဟာ အရမ်းကို ဂုဏ်သိက္ခာရှိပါတယ်။
ပြည်ပမှာ OSI ကြောင့် လူတွေပျက်စီးသွားတာကို တင်ပြနေတာပါ။ ကောင်းလာတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမဲ့နည်းပါတယ်။
နောက်တစ်ခုက မနေ့ တနေ့ ကမှ ထောင်ထဲက ထွက်လာတဲ့လူတွေက Open Society ဆိုတဲ့ နိုင်ငံရေးအယူလို့ ပဲပြောမလား၊ အိုင်ဒီယာပဲပြောမလား (ကျနော်နားမည်ပါ).....ဆိုတော့ ဒီလိုဘာသာရပ်ကို တကယ်ကော တက်ကျွမ်းလို့ လား။ မတက်ကျွမ်းပဲနဲ့ ပြည်သူလူထုက ကြည်ညိုလေးစားနေတာကို အခွင့်ကောင်းယူပြီး ပြောဆိုဆွေးနွေးနေတာကိုတော့ လုံးဝသဘောမကျပါဘူး။
နောက်ဆုံးအနေနဲ့ ဘာ့ကြောင့်များ ဟိုးတုန်းကတည်းက Open Society ကန်ပိန်းကို မလုပ်တာလဲ။ ဂျော့ဆိုးရောစ့်လာပြီးမှ လုပ်တာကတော့ မရိုးသားဘူးလို့ ထင်ပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ တောင်းဆိုချင်ပါတယ်။
ကျနော်တို့ နယ်စပ်အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေဟာ ရှင်းရှင်းပြောရရင် အန်ဂျီအိုပေါ်မှာ မှီပြီး စားလာရတာ အတော်ကိုကြာနေပြီ။ တချို့ တွေသူဌေးဖြစ်ကုန်ပြီ။ အများစုက အရက်သမားတွေဖြစ်ကုန်တယ်။ နယ်စပ်က နိုင်ငံရေးဆိုတာက မရှက်တမ်းပြောရရင် ညနေပိုင်းအရက်သောက်ရင်း ဘီဘီစီ၊ အာဖက်အေ၊ ဗွီအိုကေ ကိုနားထောင်ရပါတယ်။ ပြီးရင် ဟိုအဖွဲ့ အစည်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အတင်းပြောပါတယ်။ မနက်ပိုင်းဈေးဝယ်၊ ထမင်းချက်ပြီး၊ ညနေပိုင်း မိန်းမကို ချ ရပါတယ်။ ဒါကို အိပ်စား-ိုး၊ လို့ ခေါ်ပါတယ်။ အခန်းအနားရာသီမှာ အခန်းအနားလုပ်ပါတယ်။ စတိမတ်ထုတ်ချိန်ဆိုရင် စတိတ်မန့် ထုတ်ပါတယ်။ သင်တန်းတက်ရပါတယ်။ ခြုံကြည့်ရင် ကျနော့်တို့ နယ်စပ်က နိုင်ငံရေးကို အကြမ်းဖျဉ်းသိပါလိ့မ်မယ်။
အောက်ခြေရဲဘော်တွေအတွက်မှာ အလုပ်မရှိသလောက်ပါပဲ။ အရင်တုန်းက တောထဲမှာလှုပ်ရှားမှု အားကောင်းနေတုန်းက ရဲဘော်တွေအတွက် အလုပ်အရမ်းပေါပါတယ်။ ထမင်းချက်၊ ထင်းခွေ၊ ကင်းစောင့်က ကျနော်တို့ လို ရဲဘော်အတွက်ဖြစ်တယ်ဆိုတော့ အလုပ်က အရမ်းပေါတယ်။ မြို့ ပေါ်လည်းရောက်ရော ကျနော်တို့ အလုပ်ဆိုတာက ခေါင်းဆောင်တွေကို ဆိုင်ကယ်မောင်းပို့ ၊ ထမင်းချက်ကြွေး၊ ပြီးရင် သူတို့ ခိုင်းတာလုပ်ရပါတယ်။ ငွေရလားဆိုတော့ မရပါဘူး။ ခေါင်းဆောင်လို့ ခေါ်တဲ့ အသက်ကြီးပြီး ဟိုဟာမကြီးတဲ့သူတောင်းစားတွေကတော့ ပြည်တွင်းယူဂျီလုပ်ငန်းကို သူတို့ ကိုင်ထားတယ်။ ပြည်တွင်းက နိုင်ငံရေးအင်အားစုနဲ့ အထိအစပ်ရှိတော့ သူတို့ ပဲ အလုပ်ရှိပါတယ်။ ဒါက သူတို့ အလုပ်။ သူတို့ ဘာလုပ်လဲဆိုတာ ယနေ့ အထိ ကျနော်လုံးဝမသိပါဘူး။
နောက်ဆုံး ဂွင်မရှိတဲ့အောက်ခြေက ရဲဘော်တွေအားလုံးဟာ တတိယနိုင်ငံတွေကိုသွားဖို့ ပြင်ဆင်ရပါတယ်။ နယ်စပ်မှ ဆက်ပြီးနေရင် ကျနော်တို့ တင်မကဘူး၊ ကျနော်တို့ ခလေးတွေပါ လူညွန့် တုံးမယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားကို ရတဲ့အပေါက်ကနေ ထွက်ပါတယ်။ ရောက်တဲ့နိုင်ငံမှာ ကိုယ်နိုင်သလောက်၊ ကိုယ်မှီသလောက် လုပ်ကြတဲ့ ရဲဘော်တွေချည်းပါပဲ။ လူတိုင်း နိုင်ငံရေးနဲ့ မကင်းပါဘူး။ မပြတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို နိုင်ငံရေးမှာ ပါကြတယ်။
ဒီနေ့ ဒီအချိန်မှာ ကိုမင်းကိုနိုင်တို့ အုပ်စုအနေနဲ့ နယ်စပ်က နိုင်ငံရေးအင်အားစု၊ တတိယနိုင်ငံက နိုင်ငံရေးအင်အားစုတွေနဲ့  အစည်းအဝေးလိုမျိုးလုပ်ပြီး အကျင့်ပျက် ချစားနေတဲ့အမှုကို ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်။
နောက်ဆုံးတစ်ခုက....ကိုမင်းကိုနိုင်တို့ အုပ်စုက ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေကို အထင်မကြီးတာကိုတွေ့ တော့ အရမ်းကို အံ့သြမိပါတယ်။ စကားပြောရင် ခေါင်းဆောင်ပီပီ တည့်တည့်ပြောပါ။ ဘယ်အဖွဲ့ အစည်းတွေဘာလုပ်နေလဲ၊ ဘယ်လူပုဂ္ဂိုလ်တွေ ဘာဖြစ်လဲဆိုတာကို တည့်တည့်ပြောပါ။ ကိုမင်းကိုနိုင်တို့ မသိဘူးမဟုတ်ဘူး။ သိတယ်လို့ ကျနော်ယူဆပါတယ်။
ပြည်ပကလူတွေ တနေ့ နေ့ ကျရင် ပြန်လာမှာပါ။ ဒါကိုတော့ စိတ်ချစေချင်တယ်။ ကျနော်တို့ ဘ၀တွေဟာ ပြည်ပမှာ မပျော်လည်းနေရပါတယ်။ ကိုမင်းကိုနိုင်တို့ လို ခလေးမရှိခလောက်မရှိတဲ့လူတွေမဟုတ်တော့ သားကျွေးမှု မယားကျွေးမှု့ အပြင် ပြည်တွင်းမှာ ငတ်နေတဲ့ မိဘတွေကိုလည်း ကျွေးရပါသေးတယ်။ ဒီလို အမျှင်တန်းနေတဲ့အချိန်မှာ ပြည်တွင်းကို ပြန်လာပြီး ကျနော်တို့ ဘာလုပ်ရမှာလဲ။ အစိုးရဖမ်းတာကို အချိန်နဲ့ တပြေးညီထိုင်စောင့်ရမှာလား။ ဟိုအစည်းအဝေးတက်၊ ဒီအစည်းအဝေးတက်ပြီး နိုင်ငံရေးကို လုပ်ရမှာလား။ ဘယ်နေရာမှာလုပ်ရမှာလဲ....ဖြေပေးပါ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးခင်ဗျား....။
လေးစားလျှက်
ဘုန်းကျော်
3/13/12
3/11/12
အန်တီကြီးစုသို့ 
3/10/12
ဘူးပ်ါသလို ပေါ်လာပါပြီ
ပြည်တွင်းလူ့ ဘောင်သစ်တွေအနေနဲ့  လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ လုပ်နေပါပြီ။ သူတို့ လုပ်ရပ်ကို အားပေးထောက်ခံကြဖို့ လိုအပ်ပါတယ်။ တရားဝင်မှတ်ပုံတင်ကျလာရင် ပြည်ပက ကိုအောင်မိုးဇော်တို့ လို ရာသက်ပန် အာခဒုတ် ဥက္ကဌ လုပ်ဖို့ မဖြစ်နိုင်တော့ပါ။ ပြည်တွင်းကို အားပေးကြပါ။ ထောက်ခံကြပါ။ ကိုယ့်ရဲ့ ချွေးနည်းစာငွေကြေးအကူအညီလည်း ပေးနိုင်ပါတယ်။ ပရိုပိုဆယ်ပေးတဲ့အကူအညီကိုတော့ ပြည်တွင်းကလူတွေ လုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။
3/9/12
ABSDF ရှေ့ ပြေးအဖွဲ့ သို့ 
နှမလိုးတွေကြီးတွေ ဘာစောက်လုပ်မှ မလုပ်ပဲ ခန့် ခန့် ကြီးနဲ့ ။ ပြီးရင် စောက်ကြီးစောက်ကျယ် စကားတွေပြောပြီး ပဲ များအုံးမယ်။ သူများကျွေးတာစားပြီး စစ်လည်းမတိုက်ပဲ ငြိမ်းချမ်းရေးဆိုတဲ့ အရာကိုရအုံးမယ်။ ငါးလိုးမသားတွေ သူတို့ မှအချောင်သမားလို့ ပြောရမလိုပဲ။ ဒါ့ကြောင့် နအဖက ဒု-ဗိုလ်မှုးကြီး (ငြိမ်း) အဆင့်နဲ့ တွေ့ တယ်။ ဦးအောင်မင်းတောင် မလာဘူး။ ခင်ဗျားတို့ အချိုးတွေ ပြင်တော့။ သံယောဇဉ်ရှိလို့ ပြောနေဆိုနေတာ ကူညီပေးနေတာကို အခွင့်ကောင်းမယူနဲ့ ။
အခါမနှောင်းသော်လည်း အလာမကောင်းသော မြန်မာ့ဒီမိုကရေစီ်
မင်္ဂလာပါ ပုရိဿတ်တို့ ၊
ကျနော်၏ တင်ပြချက်သည် အတိုက်အခံပြုခြင်း၊ ကန့် ကွက်ခြင်း၊ အပြစ်တင်လိုခြင်း၊ ရှုံ့ချလိုခြင်း အစရှိသော အဆိုးမြင်ဝါဒဖြင့် တင်ပြခြင်း မဟုတ်ကြောင်း ကြိုတင်ပြောထားပါရစေ။
မြန်မာနိုင်ငံမှ သန်းပေါင်း -၅၀- ကျော်ရှိသော ပြည်သူလူထုအများနည်းတူ အမိနိုင်ငံ တိုးတက်ကြီးပွားမှု၊ ပြည်သူလူထု အားလုံး တိုးတက်ကြီးပွားမှု၊ ပျော်ရွှင်ချမ်းမြေ့ပြီး သောကကင်းဝေး နေထိုင်နိုင်ကြသည်ကိုသာ မြင်လိုသူတစ်ဦး ဖြစ်ပါသည်။ ထို့ ကြောင့်လည်း မြန်မာနိုင်ငံတော်နှင့်တစ်ကွ ပြည်သူအများစု လိုအပ်သော ကြီးပွား တိုးတက်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်နိုင်စေမည် မဟုတ်သော နိုင်ငံရေးပြဇတ်ကို မရှုစိမ့်သောကြောင့် တင်ပြရခြင်းသာ ဖြစ်ပါသည်။
ယနေ့  မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်တွင် အထင်ရှားဆုံးပုဂ္ဂိုလ် နှစ်ဦးကတော့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  ဖြစ်ပေသည်။
ဇန်န၀ါရီလ -၂၀ - ရက်နေ့  ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက - မြန်မာ့နိုင်ငံရေး အခြေအနေဟာ လမ်းမှန်ရောက်နေပါပြီ ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီ ဖြစ်သည့်အတွက် အတိတ်က အတိတ်က လမ်းဟောင်းသို့  ပြန်ဆုတ်မည်မဟုတ်ဟု သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံ မေးမြန်းခန်းတွင် ပြောကြားသည်ဟု ရေးသားဖေါ်ပြထားပါသည်။
၎င်းအပြင် အနောက်အုပ်စုတွေက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးပြီးပြီ၊ လာမည့် ဧပြီလတစ်ရက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့  သတ်မှတ်ထားပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲ ၀င်ခွင့်ပြုပြီးပါပြီ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် အရွေးခံရပြီး လွှတ်တော်က အဆိုတင်သွင်းလျှင် ၀န်ကြီးနေရာကိုပါ ပေးအပ်ရန် အသင့်ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ဖေါ်ပြထားသည်။
ထို့ အပြင် ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အနောက်အုပ်စု နိုင်ငံများ၏ တောင်းဆိုချက်များနှင့် ကိုက်ညီနေသဖြင့် အနောက်အုပ်စုက စီးပွားရေး သပိတ် မှောက်ထားမှုကို ဖျက်သိမ်းပေးရမည် ဟု လည်းတောင်းဆိုထားသည်။
တဖက်ကလည်း ၎င်းဇန်န၀ါရီလ -၂၀- ရက်နေ့  သတင်းမှာပင် မြန်မာနိုင်ငံအား စီးပွားရေး သပိတ်မှောက်ထားမှုကို လာမည့် ဖေဖေါ်ဝါရီလ အတွင်း ဖျက်သိမ်းဖွယ်ရှိသည်ဟု ဖေါ်ပြထားသည်။ ထိုကိစ္စ ဆုံးဖြတ်ချက်ချရန် ဇန်န၀ါရီလ -၂၃- ရက်နေ့ တွင် အီးယူနိုင်ငံခြားရေး ၀န်ကြီးများ အစည်းဝေး ပြုလုပ်ကြမည်ဟု နိုင်ငံခြား AFP - သတင်းက ဆိုထားပါသည်။ ယင်းကဲ့သို့  အီးယူအုပ်စုက စဉ်းစားလာခြင်းမှာ မြန်မာအစိုးရ၏ ဒီမိုကရေးစီ စနစ်သို့  အပြောင်းအလဲ ပြုလုပ်မှုကို အားပေးထောက်ခံသော သဘောကို ပြသခြင်း ဖြစ်သည်ဟု လည်း အကြောင်းပြထားသည်။
ထိုမျှမကသေးပါ၊ မြန်မာနိုင်ငံအား အကူအညီ အမျိုးမျိုးတွေ ပေးဖို့  အတွက် ရန်ကုန်မြို့တွင် အီးယူရုံးခန်းကြီးပါ ဖွင့်လှစ်မည်ဟုလည်း ဆိုထားပါသည်။ ထိုကိစ္စနှင့် ပါတ်သတ်၍ အီးယူအုပ်စုမှ နိုင်ငံခြားမူဝါဒရေးရာ ထိပ်တန်း ပုဂ္ဂိုလ်ကြီးကိုယ်တိုင် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့  သွားလိမ့်မည် ဖြစ်သည်။
ထိုသို့ သော အခြေအနေတွင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုများနှင့် ပါတ်သတ်သော သတင်းမှာ -NLD - ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဧပြီလ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မတီထံ ဇန်န၀ါရီလ -၁၈- ရက်နေ့ က လျှောက်လွှာတင်ကြောင်း ဇန်န၀ါရီလ -၁၉- ရက် သတင်းစာများတွင် သတင်းရော ဓါတ်ပုံပါ တွေ့ လိုက်ရပါသည်။
ဤသတင်းများကို အပေါ်ယံကြော ဖတ်လိုက်လျှင်တော့ တကယ့်ကို ၀မ်းမြောက်စရာ ကောင်းလှပါသည်။ နိုင်ငံရေး ဇတ်ခုံပေါ်က ဇတ်ကောင်တွေက မြူးကြွကြွ - ပွဲကြည့်ပရိတ်ဿတ်က လှုပ်လှုပ်ရွရွ - ဆိုင်းဆရာတွေကလည်း ဂီတသံပြိုင် မြူးကြွနေကြပါသည်။ မင်္ဂလာအပေါင်း ခညောင်းမည့် ပွဲတော်ကြီးလို့  ယူဆရပေမည်။
သို့ သော် ၎င်းပွဲတော်တွင် ပါဝင်ကြမည့် အဓိက ဇတ်ကောင်တွေရဲ့ နှလုံးသားကို ခွဲပြီး လေ့လာကြည့်မည် ဆိုသော် သွေးပုတ်တွေ ပြည့်လျှံနေသည်ကိုသာ တွေ့ ရပါမည်။
ပြည်တွင်းက ဇတ်ကောင်တွေကို အသာထား ပြည်ပက လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ ဇတ်ကောင်တွေရဲ့ အတွင်းသဘော စိတ်မနောကို လေ့လာ ဆန်းစစ်ရသော် --
ယခုတစ်လော သတင်းများတွင် မြန်မာနိုင်ငံသည် ထိပ်တန်း နိုင်ငံခြားဧည့်သည်တော်ကြီးများ အ၀င်အထွက် ခြေလှမ်း သွက်နေကြသည်၊ ထိုအထဲတွင် ကမ္ဘာကျော် ငွေကြေးမှော်ဆရာကြီးဟု အမည်ထူး တပ်ခံထားရသူ - GORGE SOROS - လည်း အပါအ၀င်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီး ဂျော့ဆိုရောစ့်သည် -၁၉၉၃- ခုနှစ်ကထည်းကပင် -OPEN SOCIETY FOUNDATION- ဆိုသော ဖေါင်ဒေးရှင်း ထောက်ပန့် ရေး ရံပုံငွေ ဌာနကြီး တစ်ခုဖွင့်ပြီး နိုင်ငံပေါင်း -၇၀- မှ လူ့ အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှု၊ အဖိနှိပ်ခံ လူတန်းစားများ လွတ်မြောက်ရေး၊ ဆင်းရဲသားများ၏ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ အထောက်အကူများ အတွက် အမေရိကန် ဒေါ်လာငွေသန်းပေါင်း -၈- ထောင်လှူတန်းသူဟု ဆိုပါသည်။ မြန်မာနိုင်ငံက အဝေးရောက် နိုင်ငံရေး အုပ်စုတွေလည်း - သူဌေးကြီး ဂျော့ဆိုရောစ့်၏ ထောက်ပန့် မှုကို ရခဲ့ကြသည်ဟု ကြားရဖူးပါသည်။ သို့ သော် သူဌေးကြီး စိုရောစ့်သည် တစ်ဖက်က ကြည့်လျှင် အလွန်သဒ္ဒါတရား ကြီးမားသူဟု မြင်ရမည် ဖြစ်သော်လည်း အခြားတစ်ဖက်က ကြည့်လျှင်တော့ မြန်မာရာဇ၀င်ထဲက “သူခိုးငတက်ပြား” နှင့် အတူတူပင် ဖြစ်ပေသည်။
အကြောင်းရင်းမှာ ငတက်ပြားသည် ငွေကြေးကြွယ်ဝချမ်းသာသူတွေရဲ့ အိမ်မှ ပစ္စည်းဥစ္စာတွေ ခိုးယူပြီး ဆင်းရဲသား မရှိရှားပါးသူများကို ဝေငှပေးကမ်းခဲ့သူဟု မှတ်တမ်းတင်ထားခဲ့ပါသည်။
ထိုနည်းတူစွာပင် တစ်ဖက်က ကြည့်လျှင်သူ့ အား ကမ္ဘာ့  ငွေကြေးမှော်ဆရာကြီးဟု ခေါ်ဆိုကြပြီး သူ၏ မှော်ပညာဖြင့် အာရှငွေကြေး ဈေးကွက်ကြီးကို ပြာကျစေခဲ့ပေသည်မှာ ယခုတိုင် ထိုရောဂါကို ကုသ၍မပျောက်ကင်းစေနိုင်သေးပါ။
-၁၉၉၇- ခုနှစ် ကာလတွင် ဖြစ်ပွားခဲ့သော - ASIAN FINANCIAL CRISIS - အာရှငွေကြေးဆိုင်ရာ အရေးတော်ပုံ ဆိုသည်မှာ သူဌေးကြီး ဂျော့ဆိုရောစ့် သို့ မဟုတ် ကမ္ဘာ့  ငွေကြေးမှော်ဆရာကြီး၏ လက်ရာ ဖြစ်ပါသည်။ ဂျော့ဆိုရောစ့်၏ မှော်ပညာကို ကျနော် တောသားလေး အနေဖြင့် သိနိုင်စွမ်း မရှိသဖြင့် မျက်လှည့်ပွဲ ကြည့်နေရသူ တစ်ဦးနှင့်သာ တူနေပါသည်။
ထိုင်းနိုင်ငံကဆိုလျှင် -THE MAN WHO BROKE THE BANK OF THAILAND - ဟု ခေါ်ဆို စွပ်စွဲကြပြီး ထိုင်းအမျိုးသားဘဏ်နှင့် ဂျော့ဆိုရောစ့်တို့  ငွေကြေး အရောင်းအ၀ယ် ကစားပွဲ ပြုလုပ်ခဲ့ရာ ထိုင်းအမျိုးသားဘဏ်မှ နိုင်ငံခြား အသုံးစရိတ် အရံထားငွေ ဒေါ်လာသန်းပေါင်း - ၃၂၀၀၀ - ပြုတ်သွားခဲ့ရသည်။ ထို့ ကြောင့် ထိုင်းအစိုးရက ဂျော့ဆိုရောစ့်ကို လျက်မြောက်ပြီး - ၁၉၉၇ - ခုနှစ် ဂျူလိုင်လ -၂ - ရက်နေ့ မှာ မူလ ငွေလဲနှုန်း - တစ်ဒေါ်လာ = ၂၅ ဘတ်မှ - ၃၆ - ဘတ် အထိ လျော့ချလိုက်ရသော်လည်း နောက်ဆုံးတွင် -၄၉.၅၀ - အထိ ကျသွားခဲ့ရသည်။ ထိုင်းအမျိုးသားဘဏ်တွင် နိုင်ငံခြား အသုံးစရိတ် အရံထားငွေ မရှိတော့ သဖြင့် - IMF - ခေါ် ကမ္ဘာ့  ငွေကြေးရံပုံငွေ အဖွဲ့  မှ ဒေါ်လာသန်း -၁၇၀၀၀- ချေးယူခဲ့ရသည်။ ၎င်းငွေကြေးတန်ဖိုး လျော့ချမှုကြောင့် နိုင်ငံခြား ချေးငွေဖြင့် စီးပွားရှာနေကြသော စီးပွားရေးသမားများ စီးပွားပျက်ကုန်ကြပြီး အသေးစားနှင့် အလတ်စား ငွေစုငွေချေး လုပ်ငန်းပေါင်း -၅၆- ခု ဒေ၀ါလီခံခဲ့ကြရသည်။ ထိုပြဿနာ အကျိုးဆက် အဖြစ် တစ်နိုင်ငံလုံးရှိ အလုပ်သမားပေါင်း -၁.၁၇- သန်း အလုပ်လက်မဲ့ ဖြစ်သွားကြရသည်။ လုပ်ငန်းပိုင်ရှင်ပေါင်း အမြောက်အများ လမ်းနံဘေး ဈေးသည်ဘ၀သို့  ရောက်သွားကြရသည်။ ထိုသမိုင်းကို ထိုင်းနိုင်ငံ ဟု စတင်တည်ထောင်ခဲ့သည့် အချိန်မှ စ၍ သမိုင်းတစ်လျောက်လုံး တစ်ခါမှ မကြုံခဲ့ရဖူးသော အဆိုးရွားဆုံး အဖြစ်အပျက်ပါဟု ထိုင်းသမိုင်းပညာရှင်များက မှတ်တမ်းတင်ခဲ့ကြရသည်။
နိုင်ငံတကာ သတင်းမီဒီယာများကမူ - TOM YUM KUNG DISEASE - ဟု ခေါ်ဆိုရေးသားခဲ့ကြသည်။ ၎င်းစာတန်းကို တုမ်းယမ်ကူန်းဟု ဖတ်ကြပါ။ အဓိပ္ပါယ်မှာ ပုဇွန်ချိုချဉ်ဟင်း ဟု ဆိုပါသည်။ ထိုင်းအစားအသောက်တွင် လူကြိုက်များသော ဟင်းတစ်ခွက် ဖြစ်ပါသည်။
တချို့ကလည်း - ECONOMIC WAR CRIMINAL- ဟုလည်း ခေါ်ဆိုကြပါသည်။ မလေးရှားဝန်ကြီးချုပ် -MAHATHIR BIN MOHAMAD- ကမူ အမျိုးသားငွေကြေး ဖျက်ဆီးသူဟု စွပ်စွဲခဲ့သည်။
မည်သို့ ပင်ဖြစ်စေ ၎င်း - TOM YUM KUNG DISEASE- ရောဂါမှာ -၁၉၉၇- ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့  -၂၀၁၂- ခုနှစ်အထိ -၁၅- နှစ် နီးပါး ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ၎င်းရောဂါ မပျောက်ကင်းခဲ့သေးပါ။ နိုင်ငံတော် အကြွေးအဖြစ် ပြည်သူလူထုက ဆပ်ပေးရန် ဘတ်ငွေ သန်းပေါင်း -၁.၁၄- သန်း ကျန်ရှိနေပေသေးသည်။ ၎င်းအကြွေးများ၏ တစ်နှစ်တာ အတိုးသည်ပင် ဘတ်ငွေ သန်းပေါင်း -၆- သောင်းကျော် နှစ်စဉ် ဆပ်ပေးနေရသည်။
ထို့ ကြောင့် သူဌေးကြီး ဂျော့ဆိုရောစ့် မြန်မာနိုင်ငံသို့  ၀င်ရောက်ခြင်းသည် မြန်မာပြည်သူလူထု၏ အနာဂါတ် ကောင်းကျိုးထက် ဆိုးကျိုးဖက်သို့  လမ်းညွှန်သည်ဟု မြင်မိပါသည်။ အကြောင်းအရင်းမှာ ဂျော့ဆိုရောစ့်သည် သာမန် သူဌေးကြီးတစ်ဦးမဟုတ်၊ ကမ္ဘာ့  ငွေကြေးလောကကို မှောက်လိုမှောက် လှန်လိုလှန် ကစားနေသူ ပညာရှင်တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့  -IMF- အပေါ် သြဇာလွှမ်းမိုးသူ လည်း ဖြစ်သည်။ ထိုမျှမက သူ၏ အတွေးအခေါ်များကို စာအုပ်စာတမ်း များအဖြစ်လည်း ထုတ်ဝေခဲ့သေးသည်။
ယနေ့ မြန်မာနိုင်ငံသည် -၁၉၆၂- ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့ပြီးသည်မှ စ၍ ယနေ့ အထိ မြန်မာ ပြည်သူလူထုနှင့် ဘဏ်လုပ်ငန်း အလှမ်းကွာခဲ့ကြသည်မှာ နှစ်ပေါင်း -၅၀- ရှိခဲ့ပေပြီ။ ထို့ ကြောင့် မြန်မာပြည်သူလူထုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ - ဘဏ်ကို ဗဟိုထားပြီး အရောင်းအ၀ယ် ပြုလုပ်သော ပညာ - အစစ အရာရာတွင် နှစ်ပေါင်း -၅၀- နောက်ကျနေပါပြီ။ ထိုအခြေအနေတွင် ဂျော့ဆိုရောစ့်က သူ့ မှော်ပညာဖြင့် မည်သို့  ကစားသွားမည်ကို တွေးရင်း ရင်လေးစရာ ဖြစ်လာပါသည်။ ဂျော့ဆိုရောစ့် မြန်မာပြည်သို့  မ၀င်ခင်ကပင် -IMF - ကလည်း ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဆိုရောစ့် + IMF + ကမ္ဘာ့  ဘဏ်တို့  ၀င်ရောက်ခဲ့ပြီးနောက် အရင်းရှင်စီးပွားရေးစနစ်က တစ်ပြိုင်ထည်း လိုက်ပါလာမည် ဖြစ်သည်။ အရင်းရှင်စီးပွားရေး အခြေချဖို့  အတွက် ရှေ့ပြေးအဖြစ် - အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနှင်တကွ - ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး - ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး - ဂျပန်နိုင်ငံခြားရေး ၀န်ကြီး အစရှိသည် အားဖြင့် - ဖွင့်ထားသော တံခါး ပြန်မပိတ်မီမှာပင် နောက်ထပ် ဧည့်သည်တွေက ၀င်ဖို့  တန်းစီနေကြပြီ ဖြစ်သည်။ ကျနော်က အရင်းရှင် စီးပွားရေး စနစ်ဟု ရေးလိုက်သဖြင့် ကျနော့အား ကွန်မြူနစ်ဟု မသတ်မှတ်ကြရန် တောင်းပန်ပါသည်။
၎င်းအရင်းရှင်နိုင်ငံတွေမှ နိုင်ငံခြားရေး ၀န်ကြီးများ ၀င်ရောက်လာခြင်းမှာ မြန်မာပြည်သူလူထု တောင်းဆိုနေသော စစ်မှန်သော ဒီမိုကရေစီ စနစ် သို့  ပြောင်းလဲရန် အထောက်အကူ ပေးခြင်း မဟုတ်ပဲ - စစ်ဗိုလ် - ၂၅% ရာခိုင်နှုန်း ရောထားသော အတုအယောင် ဒီမိုကရေစီ သက်ဆိုးရှည်စေရေးကို ဦးစားပေး ဆောင်ရွက်ရန်သာ ဖြစ်သည်။
အကြောင်းအရင်းမှာ မည်သည့်နိုင်ငံတွင် မဆို စစ်မှန်သော ဒီမိုကရေစီ အဆင့်သို့  ရောက်လျှင် အရင်းရှင်စီးပွားရေးစနစ် အကြပ်အတည်း ကြုံရစမြဲ ဖြစ်သောကြောင့်ပါ။
ယနေ့ မြန်မာနိုင်ငံ၏ စစ်ဗိုလ် -၂၅ % - ရာခိုင်နှုန်းပါ အစိမ်းရောင် ဒီမိုကရေစီ များတွင်သာ - ငွေပေးတိုင်း အလုပ်ဖြစ်ပြီး - အဆက်အသွယ်ကောင်းလျှင် လက်ညိုးညွှန်ရာ ရွှေဖြစ်သော - အရင်းရှင်အုပ်စုများ၏ စိတ်တိုင်းကျ ချယ်လှယ်ခွင့် ရှိကြခြင်း ဖြစ်ပါသည်။
အဆိုးရွားဆုံးမှာ ပြည်တွင်းရှိ သယံဇာတ ပစ္စည်းများ ကို ဈေးပေါပေါဖြင့် ရောင်းချကြပြီး မိမိကုန်ကြမ်းကို အရင်းရှင်များက ကုန်ချော ထုတ်၍ ဈေးကြီးပေးပြန်ဝယ်ယူရတော့မည့် ခေတ်သို့  ရောက်လာမည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုသည် ကုန်ကြမ်းပစ္စည်း ရှိသော်လည်း အဆင့်မီ ကုန်ချော ပစ္စည်း ထုတ်လုပ်ရန် - အရင်းအနှီးမရှိ - စက်ကိရိယာ မရှိ - KNOW HOW - ခေါ် နည်းပညာ မရှိပဲ ဆက်လက်မွဲတေ သွားကြရမည့် အခြေအနေတွင် သာ ရှိသည်။ ရာစုနှစ်အားဖြင့် -၂၁- သို့ ရောက်ခဲ့ပြီ ဖြစ်သော်လည်း နှစ် -၅၀- စစ်ဗိုလ်များ အုပ်ချုပ်ခဲ့သဖြင့် ကမ္ဘာ့  အဆင်းရဲဆုံး နိုင်ငံ စာရင်းတွင်း ပါဝင်ခဲ့ပြီး ဖြစ်ရာ ယခု ဆက်လက်၍လည်း ၎င်းတို့  လက်အောက်က မလွတ်နိုင်သေးသည်မှာ ကမ္ဘာ တွင် ရင်နာဖွယ် အကောင်းဆုံးနှင့် ရုပ်အဆိုးဆုံး နိုင်ငံ အဖြစ် မြန်မာနိုင်ငံကို ထင်ထင်ရှားရှား မြင်ရမည်သာ ဖြစ်ပါသည်။
အံ့သြစရာ ကောင်းလှသည်မှာ ဒီမိုကရေစီဟူသော မျိုးစေ့သည် - ပြည်သူလူထု၏ အသည်းနှလုံးအတွင်းမှာသာ စိုက်ပျိုးရမည်ဆိုသော - ၀ိသေသထူးကို ယနေ့  မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်နေကြသော နိုင်ငံခြားရေး ၀န်ကြီးများ မသိချင်ယောင် ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ မျိုးစေ့သည် စစ်တပ်၏ ဘွတ်ဖိနပ် ထဲတွင် စိုက်ထားသည်ကို သိလျက်ဖြင့် ၀ိုင်း၍ ချီးကျူးမြောက်စား သူကောင်းပြုနေကြသည်။
ပြည်သူလူထု၏ ကံကြမ္မာကို ပြည်သူလူထုကသာ ဆုံးဖြတ်ခွင့် ရှိရမည်။ ပြည်သူလူထု၏ ကံကြမ္မာကို စစ်ဗိုလ်တစ်စုက ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။
ယနေ့ မြန်မာနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်သူလူထုက ရေးဆွဲထားသော ဥပဒေ မဟုတ်ပဲ စစ်ဗိုလ် တစ်စု၏ ဆန္ဒအတိုင်း ရေးဆွဲထားသော ဥပဒေ ဖြစ်သည်ကို ကမ္ဘာက အသိဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ စနစ် အုပ်ချုပ်ရေး မှန်မမှန် ဆိုသည်ကို ၎င်းနိုင်ငံ၏ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။
ယနေ့ မြန်မာနိုင်ငံသို့  လာရောက်နေကြသော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အမေရိကန် နိုင်ငံဆိုလျှင် -၁၇၈၉- ခုနှစ် GEORGE WASHINGTON - သမ္မတ အဖြစ် တာဝန်ယူခဲ့သည်မှ ယနေ့  အထိ -၂၂၃- နှစ် ရှိခဲ့ပေပြီ။ အင်္ဂလိပ် - ပြင်သစ် နိုင်ငံကြီးများကလည်း ဒီမိုကရေစီ အကြောင်း ကောင်းကောင်းကြီး သိပြီး ကောင်းကောင်းကြီး ခံစားတတ်ကြသည်။ သို့ သော် ယနေ့ မြန်မာနိုင်ငံက အစိမ်းရောင် ဒီမိုကရေစီ အတုကို အားပေးနေကြခြင်းသည် သွေးရိုးသားရိုးမှ ဟုတ်ပါလေစဟု တွေးတောစရာ ဖြစ်လာသည်။
မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားကြသော ပညာရှင်များက ထောက်ပြကြသည်မှာ မြန်မာနိုင်ငံအတွင်းမှ သယံဇာတများနှင့် စတုရန်းကီလိုမီတာ -၆၇၆၀၀၀- ကျယ်ဝန်းသော မဟာ ပထ၀ီမြေလွှာ - အလျား ကီလိုမီတာ -၂၂၇၆- အထိ ရှည်လျားလှသော ပင်လယ်ကမ်းခြေ - COAST LINE- တို့ သည် အရင်းအနှီးရှိသူများအတွက် ရွှေတွင်းကြီး ဖြစ်တော့သည်။ ၎င်းအပြင် ဈေးပေါပေါနှင့် ခိုင်း၍ကောင်းသော အလုပ်သမားတွေက လိုသလောက် ရနေသည်။ ဤအချက်များသည် အခြေခံဖြစ်ပြီး စီးပွားရေး သမားများ အတွက် သူ့ ထက်ငါ ဦးအောင် အလုအယက် ၀င်ရောက်နေကြသော အချက်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း သယံဇာတ ပစ္စည်းများမှာ အမျိုးပေါင်းစုံအောင် ရှိနေသည်။ ယခုနောက်ဆုံး အမေရိကန်နိုင်ငံ၏ သဘာဝ သယံဇာတ ပစ္စည်း ရှာဖွေသည့် - LAND SET – 7 - ဂြိုဟ်တု၏ တွေ့ ရှိချက်အရ မြန်မာနိုင်ငံ၏ အရှေ့ဖက် အခြမ်း ကရင်ပြည်နယ်တွင် တန်ချိန် ထောင်ပေါင်းများစွာ ထွက်နိုင်သော ရွှေသိုက်ကြိး တွေ့ ရသည်ဟု သိရသည်။ ဤအချက်ကြောင့်ပင် KNU - အုပ်စုက ငြိမ်းချမ်းရေး အလွယ်တကူ လက်မှတ်ထိုး သဘောတူလိုက်ကြသည်ဟု ခန့် မှန်းရပါသည်။ ယခုလတ်တလော ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ -၁၆၅၀ - ဖြစ်နေသဖြင့် တစ်တန်လျှင် ဒေါ်လာ မည်မျှ ရှိသည်ကို တွက်ကြည့်ကြစေလိုသည်။ ဤသို့ သော အခွင့်အရေးကို နိုင်ငံခြားသား အရင်းရှင်များ လက်လွတ်မခံနိုင်ပါ။ ထို့ ကြောင့် ၎င်းတို့ ၏ ရှေ့တော်ပြေးများ အဖြစ် နိုင်ငံရေး သမားများ က ရွှေလမ်းငွေလမ်းခင်းရသည်။ ယခု ပဏာမ အနေဖြင့် ပြီးခဲ့သော ဇန်န၀ါရီလ -၂၃- ရက်နေ့ က ဘယ်လ်ဂျီယမ် နိုင်ငံ ဘရက်ဆဲလ်မြို့တွင် ကျင်းပသော အီးယူနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မြန်မာအစိုးရအား ယူရိုငွေ သန်း -၁၅၀- အကူအညီပေးရန်နှင့် မြန်မာ စစ်ဖက် ထိပ်တန်း အရာရှိကြီးများအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန်တို့  ဖြစ်သည်။
အမှန်တကယ်အားဖြင့် ဆိုသော် အမေရိကန်နိုင်ငံရော - ဥရောပ အုပ်စုဝင်နိုင်ငံများ - ဂျပန်နိုင်ငံ အပါအ၀င် - မြန်မာအစိုးရကို အားပေး ထောက်ခံကြသည့် နိုင်ငံများ အားလုံးသည် မြန်မာပြည်သူလူထု၏ မျက်နှာကို ထောက်ထားသော အားဖြင့် - လက်ရှိဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန်၊ ပြည်သူလူထုမှ ရွေးချယ် ပေးသော ဥပဒေပြုကိုယ်စားလှယ် အဖွဲ့ ဖြင့် - ဒီမိုကရေစီ စနစ်နှင့် လျော်ညီသော ဥပဒေသစ် တစ်ရပ် ရေးဆွဲပေးရန် - တို့ ကိုသာ တောင်းဆိုသင့်ပါသည်။
ရေခံမြေခံ မကောင်းသော နေရာတွင် မည်မျှ အဖိုးတန် ကောင်းမွန်သော မျိုးစေ့ကို မျှ စိုက်ပျိုး၍ မရနိုင်ပါ။
ထိုနည်းတူစွာပင် ဖွဲ့ စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစနစ်နှင့် မကိုက်ညီလျှင် မည်သည့် နည်းနှင့်မျှ ဒီမိုကရေစီ မဖြစ်လာနိုင်ပါ။
ဤသည်မှာ ဒီမိုကရေစီ၏ နိယာမ သဘောတရားဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာသည်လည်း ပြည်သူလူထု၏ သဒ္ဒါတရားအရ ပေးအပ်မှ ထိုက်တန်သည်ဟု ဆိုအပ်ပါသည်။ ခြိမ်းခြောက်မှု လိမ်လည်ကောက်ကျစ်မှု ဖြင့် မရယူသင့်ပါ။ ဒီမိုကရေစီ နိုင်ငံကြီးများက မြန်မာပြည်သူ လူထုကို လေးစားရန် လိုအပ်ပါသည်။
ပြည်ပအုပ်စုများ၏ အခြေအနေကို ဤမျှသာ အကြမ်းအားဖြင့် တင်ပြပြီး ယခုဆက်လက်၍ ပြည်တွင်းအုပ်စုများကို လေ့လာတင်ပြပါရစေ။
အကြမ်းအားဖြင့် အုပ်စု -၄- စုရှိသည်ကို တွေ့ ရပါသည်။ ပထမ အုပ်စုမှာ လက်ရှိအာဏာရ သမ္မတသိန်းစိန် အုပ်စု၊ ဒုတိယ အုပ်စုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အုပ်စု၊ တတိယ အုပ်စုမှာ လက်နက်ကိုင် လူမျိုးစုများ၊ စတုတ္ထအုပ်စုမှာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့  ဦးဆောင်သော ပြည်တွင်း -၈၈- ကျောင်းသားများ။
ဤနေရာတွင် ပြည်ပရောက် ဒီမိုကရေစီအုပ်စုများကို တန်ဖိုးထား၍ တင်ပြနေစရာ မလိုတော့ပါ။ ၎င်း တို့ ၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဖြစ်သည်ကို သိသာထင်ရှားပါသည်။
ယနေ့ မြန်မာနိုင်ငံရေး အုပ်စုများ ဖြစ်သော အထက်ဖေါ်ပြပါ အုပ်စု -၄- ခု စလုံးသည် - ဒီမိုကရေစီ စနစ်အပေါ် - “ရွေးကောက်ပွဲသည်သာ အဓိက” ဟု မြင်ကြသော အုပ်စုများ ဖြစ်ကြသည်မှာ ထင်ရှားလှသည်။
ထင်ရှားသော ဥပမာဖြင့် နှိုင်းယှဉ်ပြရသော် ပြည်တန် ပတ္တမြားကို ညစ်ပါတ်သော အုန်းမုတ်ခွက်တွင် ထည့်ထားလိုက်ကြသူများ ဖြစ်ကြသည်။
စစ်မှန်သော ဒီမိုကရေစီ ရပါစေကြောင်း အသက်စွန့် ကြသော သူရဲကောင်းများ၏ မျက်နှာကို မထောက်ထားပဲ မိမိတို့  ကိုယ်ကျိုးအတွက် ရွေးကောက်ပွဲဝင်ကြမည်။ မ၀င်နိုင်သေးသူများက အားပေးထောက်ခံကြသည်။
ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီဟု သဘောထားကြသူများသည် နိုင်ငံရေး သူငယ်နှပ်စား အဆင့်သာ ရှိပါသေးသည်ဟု သတ်မှတ်ရမည်။ တစ်ချိန်က လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသော - ထိုနိုင်ငံရေး အုပ်စုကြီးသည် ယခုအခါ - တစ်ချိန်က ၎င်းတို့  ကန့် ကွက်ခဲ့သော ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အသင့်ရှိနေကြပြီ ဖြစ်သည်။
အရပ်စကားဖြင့် ပြောရလျှင် ထွေးပြီးသော တံထွေးကို ပြန်၍လျက်သော သူများဟု ဆိုရမည် ဖြစ်ပါသည်။
နိုင်ငံရေးသမားသည် ဦးတည်ချက် ရည်ရွယ်ချက် ခိုင်မာရမည်။ အပြောင်းအလဲ လွယ်၍ မဖြစ်၊ ဆိုခဲစေ မြဲစေ ဟူသော စကားရှိသည်။ ၀န်ကြီးနေရာ ရလို၍ မိမိ၏ နိုင်ငံရေး ဦးတည်ချက် ရည်ရွယ်ချက် အပြောင်းအလဲ ပြုခြင်းသည် နိုင်ငံရေး “ဟိရိသြတပ္ပ” တရား မရှိသူများသာ ဖြစ်သည်။
စစ်အုပ်စု၏ -ROAD MAP- အတိုင်း လိုက်ပြီး ရွေးကောက်ပွဲ ၀င်မည်ဆိုလျှင် ဒီပဲယင်း ကိစ္စ၊ သံဃာတော်များ ဆန္ဒပြသော ကိစ္စများ ဖြစ်ပေါ်စရာ မလိုတော့ပါ။ ယုံကြည်ချက် အတွက် စတေးလိုက်ရသော သူရဲကောင်းများ အတွက် ၀မ်းနည်းစရာ ကောင်းလှသည်။
ထို့ ထက်ပင် ၀မ်းနည်းစရာ ကောင်းသော အချက်မှာ အတိတ်မှ မြန်မာ့ဒီမို ကရေစီ၏ နမူနာကို မယူပဲ စစ်အုပ်စုက သူလုပ်ချင်ရာ လုပ်သည်ကို ပြည်သူ့ ခေါင်းဆောင်ဆိုသူက ပူပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဒီမိုကရေစီ စနစ်သည် အသစ်အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါက -MONARCHY- ခေါ် သက်ဦးဆံပိုင် ဘုရင်မင်းများ အုပ်ချုပ်ခဲ့သည်။ သို့ သော် မြန်မာ့ -MONARCHY- စနစ်သည် - ဘာသာရေးအခြေခံသော စနစ်ဖြစ်သဖြင့် မင်းကျင့်တရား -၁၀- ပါးကို အခြေခံပြီး ရာဇသတ် ၊ ဓမ္မသတ်ကျမ်းများဖြင့် စနစ်တကျ အုပ်ချုပ်ခဲ့သည်။ သို့ သော် စစ်ရှုံးသဖြင့် ကိုလိုနီ ဘ၀ ရောက်ခဲ့သော အခါ ကိုလိုနီ အုပ်ချုပ်ရေး ကို လက်ခံခဲ့ရသည်။
မည်သို့ ပင် ဖြစ်စေ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး နိုင်ငံလွတ်လပ်သော အချိန်တွင် “ဒီမိုကရေစီ စနစ်” ဖြင့် အုပ်ချုပ်ရေး ပြောင်းယူခဲ့သည်။
ဤအချိန်ကာလတွင် အဓိက အရေးပါဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်သည်။ မြန်မာနိုင်ငံသားများသာမက ကမ္ဘာကပင် ဗိုလ်ချုပ်အောင်ဆန်းအား “လွတ်လပ်ရေး ဗိသုကာကြီး” သို့ မဟုတ် “လွတ်လပ်ရေး ဖခင်ကြီး” ဟု နာမ ၀ိသေသန ပြုခဲ့ကြသည်။
အမှန်ကယ်အားဖြင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဖခင်ကြီး အဖြစ်သာမက “ဒီမိုကရေစီ ဖခင်ကြီး” အဖြစ် ဆောက်ရွက်ခဲ့သည်။ အကြောင်းရင်းမှာ ဗိုလ်ချုပ်အောင်ဆန်း သည် ရရှိလာသော လွတ်လပ်ရေးကို စနစ်တကျ လက်ခံရန် ဒီမိုကရေစီ ပလ္လင်ကို တည်ဆောက်ခဲ့ရသည်၊ မြင့်မြတ်သော လွတ်လပ်ရေးကို ဒီမိုကရေစီ ပလ္လင်တွင် တင်ထားမှ သင့်လျော်မည်ကို ယုံကြည်ခဲ့သည်။ ၎င်းဒီမိုကရေစီ ပလ္လင် ဆိုသည်ကား ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်သည်။
ထို့ ကြောင့် ဒီမိုကရေစီ နည်းကျသော ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ပေါ်ရေး အတွက် - ၁၉၄၇- ခုနှစ် ဧပြီလတွင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီး ပြည်သူ့ ကိုယ်စားလှယ် လွတ်တော်အမတ်တွေ ရွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးခေါင်းဆောင်သော ဖွဲ့  စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့ စည်းခဲ့သည်။
၎င်းဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီမှ ရေးသားပြီးစီး ၊ အသေအချာ အချောကိုင် စီစစ်ပြီး ဥပဒေကို -၁၉၄၇- ခုနှစ် စက်တင်ဘာလ -၂၄- ရက်နေ့ မှာ လွှတ်တော်က အတည်ပြုပြီး ပြဌာန်း လိုက်သည်။ ၎င်းဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဟူသော ပလ္လင်တွင် -၁၉၄၈- ခုနှစ် ဇန်န၀ါရီလ -၄- ရက်နေ့  တွင် နိုင်ငံတော် လွတ်လပ်ရေးကို လက်ခံတင်ထားခဲ့ကြခြင်း ဖြစ်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီ၏ ဖခင်ကြီး ဖြစ်ကြောင်းကို ဤစာတန်းဖြင့် မှတ်တမ်းတင်လိုက်ပါသည်။
ယခုလက်ရှိ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ဥပဒေ စာသား၊ ဥပဒေ၏ အနှစ်သာရကို မဆိုထားဘိ - ဥပဒေရေးဆွဲရေး ကော်မတီကိုယ်တိုင်က စက်ရုပ်များ သာ ဖြစ်ပြီး ပြည်သူလူထု၏ ရွေးကောက်တင်မြောက်ခြင်း ခံရသော ကိုယ်စားလှယ်များ မဟုတ်ခဲ့ပါ။ ထို့ ကြောင့် တစ်စုံတစ်ဦးက ရေးဆွဲပြီး ၎င်းတို့  ကော်မတီက ရေးဆွဲသည်ဆိုသော လက်ရှိ ဥပဒေသည် -OLIGARCHY- ခေါ် စစ်အုပ်စု၏ ဥပဒေသာ ဖြစ်ပေသည်။
ထို့ ကြောင့် -၁၉၄၈- ခုနှစ် ဥပဒေ အခန်း -၁- အပိုဒ် -၃- တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားတို့  ၌တည်သည် - ဟုရေးသားဖေါ်ပြပြီး ၊ ၂၀၀၈ ခုနှစ် စစ်အုပ်စုမှ ရေးဆွဲသော အခြေခံ ဥပဒေ အပိုဒ် -၄- တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်ဟု ရေးသားထားသည်။
ကွာခြားပုံမှာ အချုပ်အခြာ အာဏာသည် နိုင်ငံသားတို့ ၌တည်သည် ဆိုခြင်းနှင့် နိုင်ငံသားများ ထံမှ ဆင်းသက်သည် ဆိုသည့် အချက်ဖြစ်သည်။ တည်သည်ဆိုခြင်းနှင့် ဆင်းသက်သည် ဆိုသော အဓိပ္ပါယ်ကို လေးနက်စွာ စဉ်းစားကြစေလိုသည်။ ပညတ်သွားရာ ဓါတ်သတ်ပါသည် - ဟု ဆိုရိုးရှိသည်။ စာသား အဓိပ္ပါယ်သည် အဖြစ်အပျက်ကို သက်သေပြခြင်း ဖြစ်သည်။ ၁၉၄၈ - ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ နိုင်ငံ့ခေါင်းဆောင်များသည် ဒီမိုကရေစီ နည်းစနစ်အတိုင်းလိုက်နာ ကျင့်သုံး ရေးဆွဲခဲ့ကြသည်။
၂၀၀၈ - ခုနှစ် ဥပဒေသည် ဒီမိုကရေစီ နည်းစနစ်အရ ရေးဆွဲခဲ့ခြင်း မဟုတ်ပဲ နိုင်ငံတော် အာဏာကို နိုင်ငံပိုင်လက်နက်ဖြင့် အာဏာသိမ်းခဲ့သူ တစ်စုက ၎င်းတို့ ၏ ဆန္ဒနှင့် အညီ ရေးဆွဲခဲ့သည်။
ယနေ့ ၎င်းဥပဒေအား ထောက်ခံအားပေးသော အားဖြင့် ၎င်းဥပဒေအား လက်ခံကျင့်သုံးသူမှာ - ၎င်းဥပဒေအရ အချုပ်အခြာ အာဏာ ရယူထားသူတို့ နှင့် ပူးပေါင်းဆောင်ရွက်နေသူမှာ “ဗိုလ်ချုပ်အောင်ဆန်း၏ ရင်နှစ်သည်းခြာ သမီးကလျာ” ဖြစ်နေပါတော့သည်။ ဤအချက်သည် မြန်မာပြည်သူ လူထုအတွက် ရင်နင့်ဖွယ် အကောင်းဆုံးသော “အဖေက လက်နှင့်ရေး - သမီးက ခြေနှင့်ဖျက် - မြန်မာ့ဒီမိုကရေစီပျက်” ဟူသော ကိန်းဆိုက်နေခြင်း ပင် ဖြစ်ပါတော့သည်။
လာမည့် ဧပြီလ -၁- ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အနိုင်ရပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမတ်များ ဖြစ်လာကြသော်လည်း မြန်မာနိုင်ငံအတွင်း စစ်မှန်သော ဒီမိုကရေစီ ရရှိရေးမှာ - တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မှား သကဲ့သိုပင် ရှေ့ခရီး မနီးမဝေးမှာ မြင်နေရသော တံလျှပ်နှင့် တူသည့် ဒီမိုကရေစီ အတုကို ရေအထင်ဖြင့် လိုက်နေကြရမည်သာ ဖြစ်ပါသည်။ လက်ရှိဥပဒေ အခန်း -၁၂- ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ဖတ်ရှုလေ့လာပါက လက်ရှိ ဥပဒေ ပြင်ဆင်ရန်လည်း မလွယ်ကူကြောင်း တွေ့ ရမည် ဖြစ်ပါကြောင်း။
တောသားလေး မောင်လူအေး။



