ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/18/08

နွားကိုပလာတာကျွေးခြင်း (ကာတွန်း)



ကျနော့်အနေဖြင့် လက်ရှိမြန်မာပြည်၏ နိုင်ငံရေးအခြေအနေကို ယခုကဲ့သို့မြင်မိပါသည်။ ကာတွန်းဆွဲပေးသော ပညာရှင်အားအထူးကျေးဇူးတင်ရှိကြောင်း.....အိုင်ဒီယာ ကိုဘုန်းကျော်(လူ့ဘောင်သစ်) နှင့် ကာတွန်းပညာရှင် in NuPoe ဒုက္ခသည်စခန်း။ ထိုင်းမြန်မာနယ်စပ်။

အသစ်ဝင်ရောက်လာသော ဒုက္ခသည်များအား နို့ ဖိုးစခန်းတွင်ဓါတ်ပုံ ရိုက်မည် (သတင်း)


နို့ ဖိုးစခန်းအတွင်း ၁၇.၁၁.၂၀၀၈နေ့ မှစပြီး ဒုက္ခသည် အသစ်များအား ဓါတ်ပုံစရိုက်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည် ။ ယခု ကဲ့သို့ ဒုက္ခသည် လူသစ်များအား ဓါတ်ပုံ ရိုက်ပေးခြင်း သည် ၁၇.၁၁.၂၀၀၆ နောက်ပိုင်း ပထမဦးဆုံး စတင်လုပ်ဆောင်သော ထိုင်းအစိုးရ (လ၀က)၏ ခြေလှမ်းတလှမ်းဖြစ်သည်။
သို့ ရာတွင် နောက်ဆုံးရရှိသော သတင်းများအရ ၂၀၀၇ ခုနှစ် အထိဝင်ရောက်လာသော ဒုက္ခသည် လူသစ်များကိုသာ ဓါတ်ပုံရှိုက်ပေးခြင်း ဖြစ်သဖြင့် ၂၀၀၈ -ခုနှစ် အတွင်း ၀င်ရောင်လာသော လူသစ်များအကြားဝယ် မကျေလည် မှုများဖြစ်ပေါ်နေသည် ဟုသိရှိရပါသည်။ ၄င်းကိစ္စကို ထိုင်းအစိုးရ မှမည်သို့  မည်ပုံဆောင်ရွက်မည်ကို မသိရှိရသေးသော်လည်း ဒုက္ခသည်စခန်းအတွင်း ရှိနေသောဒုက္ခသည် များအားလုံးကို ဓါတ်ပုံရိုက်ပေးခြင်းပြုလုပ်ပေးမည်ဟူသော ခန့် မှန်းသတင်းများလည်း ထွက်ပေါ်လျှက်ရှိပေသည်။
၎င်းကဲ့သို့  ၂၀၀၇ ခုနှစ် အထိ ၀င်ရောက်လာသော ဒုက္ခသည် လူသစ်များကိုသာ ဓါတ်ပုံရိုက်ပေးမည် ဟုကန့် သတ်လိုက်သောကြောင့်  ၄င်းနှစ်နောက်ပိုင်း ၀င်ရောက်လာသော ဒုက္ခသည် လူသစ် များအနေဖြင့်  အစားထိုး ၀င်ရောက် ဓါတ်ပုံရိုက်နေကြသော ပြသာနာ တရပ်ကိုလည်း ကြုံတွေ့  နေရပါသည်။နို့ ဖိုးဒုက္ခသည် စခန်းအတွင်း တွင် အသစ်ဝင်ရောက်လာသော ဒုက္ခသည်လူသစ် အင်အားများမှာ(၅၀၀၀)ကျော်ခန့်  ရှိသည်ဟုစခန်းတာ ၀န်ရှိသူ များမှ ပြောကြားပါသည်။ ထိုမျှများပြားသော လူသစ်အင်အားကို ထိုင်းအစိုးရ အနေဖြင့် မည်သို့ မည်ပုံ စိစစ် ခွဲခြားပြီး မည်သို့ အရေအတွက် ကန့် သတ်မည်ကို လူသစ်များအနေဖြင့်  စိတ်ဝင်တစား စောင့် ကြည့် လျက်ရှိသည်။
မှတ်ချက်။ နို့ဘိုးမှ ပို့လိုက်သော သတင်းဖြစ်ပါသည်။

11/17/08

ဂလိုဘယ်လိုက်ဇေးရှင်း နှင့် မြန်မာပြည်က မျှစ်

Globalization ၊ ဘာသာပြန်တဲ့သူတွေ နာမည်အမျိုးမျိုးနှင့် ဘာသာပြန်တယ်။ အမြင်အမျိုးအမျိုးနှင့်လည်း တင်ပြကြ တယ်။ ရေးကြတယ်။ နားလည်ကြတယ်။ ကျနော်နားလည်တာကဒီလိုမျိုးပါ……
ဒီလိုဗူးတွေနဲ့ မျှစ်တွေကို ၀ယ်စားပါတယ်

ဒီနေ့ မျှစ်စားချင်လို့ ဗီယန်နမ်ဆိုင်မှာ သွားဝယ်တယ်။ ထိုင်းကလာတဲ့မျှစ်ရှိသလို ဗီယမ်နမ် ကပို့တဲ့ မျှစ်လည်းရှိတယ်။ ထိုင်းမျှစ်က ပိုစားကောင်းတယ်။ နုတယ်။ မျှစ်ခြင်၊ ငပိ၊ ငရုတ်သီး အကုန်ဝယ်လို့ရတယ်။ ဗီယမ်နမ်ကကောင်မလေးလည်းလှတယ်။ ဒါနဲ့စိတ်ကူးတခုရတယ်။ ဒါလည်း ဂလိုဘယ်လိုက်ဇေးရှင်းပဲ။
ထိုင်း၊ ဗီယမ်နမ်၊ တရုတ် ကထုတ်တဲ့ ကုန်ပစ္စည်းအမျိုးမျိုး နိုင်ငံတကာကိုရောက်တယ်။ ကျနော်တို့ ဆီက အမေရိကန်၊ နော်ဝေ မှာနေတဲ့ ရဲဘော်ကြီးတွေ ထိုင်းမျှစ်၊ ဗီယမ်နမ်မျှစ်နဲ့တော့ ကင်းမှာ မဟုတ်ဘူး။ ငပိက တော့အဓိကပေါ့နော်။ မှားသွားရင်ခွင့်လွှတ်နော်။ မြန်မာပြည်က ဇရစ်ရိုးတို့၊ ဖလှောင်တောင်မွှေး၊ မလွှပွင့်၊ ငါးဇင်းရိုင်း၊ တို့လဲ ဂလိုလိုက်ဇေးရှင်း မဖြစ်တာ နှမပေး နအဖ ကြောင့်။
Australia နိုင်ငံ Perth မြို့ ဆင်ခြေဖုံးက ဗီယမ်နမ်ဆိုင်

ဗီယမ်နမ်ဆိုင်မှာ ဆိုရင် မြန်မာပြည်က ရွှေတွေ တန်းစီနေတာပဲ။ မြန်မာကုန်ပစ္စည်း လိုက်ရှာတယ်။ မတွေ့ဘူး။ အခုဆိုရင် မြန်မာတွေဟာ ထိုင်းတွေတင်မကဘူး၊ ဗီယမ်နမ်၊ တရုတ်၊ ကုလား၊ သူတို့ကိုတောင် နိုင်ငံတကာမှာတောင် လိုက်ပြီး လုပ်ကျွေးနေရပြီ။
မြန်မာပြည်က မျှစ်၊ ဇရစ်ရိုး၊ ဖလှောင်တောင်မွေး၊ စသဖြင့် နိုင်ငံခြားကို ပါကင်ကောင်းကောင်းထုတ်ပြီး တရားဝင်လုပ်ကြည့်ပါလား။ Globalization မဖြစ်ရင် ပါးလာရိုက်။ အခုတော့ ဘာမဟုတ်တဲ့ ထိုင်းငါးပိ၊ မျှစ်တောင် အခု ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ ပါနေပြီ။ အဲဒိပစ္စည်း တွေဟာ မြန်မာပြည်က၊ မြန်မာအလုပ်သမားတွေ ထိုင်းမှာ ထုတ်၊ မြန်မာမျှစ်ကို ထိုင်းမှာဗူးနဲ့ထည့်၊ ပြီးရင် နိုင်ငံခြားက မြန်မာတွေကို ပြန်ရောင်း ။ ကျနော်တို့က ပြန်ဝယ်စား။
မြန်မာတွေ မိအေး နှစ်ခါနာရကုန်ပြီ။

11/15/08

စဉ်းစားမှုများ…

စစ်အစိုးရလို့မပြောချင်ဘူး။ အစိုးရလို့ပြောရင် ဂုဏ်သိက္ခာရှိတယ်။ မြန်မာပြည်မှာ စိုးမိုးနေတာက အစိုးရ လို့ ခေါ်လို့မရဘူး။ လူတစ်စုက ဒမြတိုက်ထားတာ။ အဲဒါကို အစိုးရလို့ ခေါ်မယ်ဆိုရင် မိမိအမှားပဲဖြစ်လိမ့်မယ်။
နိုင်ငံတကာမှာ မြန်မာသံရုံးတွေရှိတယ်
သူတို့ကို အဲဒိနိုင်ငံရဲ့အစိုးရတွေကနေ အခုထိအသိအမှတ်ပြုထားတုံးပဲ။ ဘာ့ကြောင့်လဲ။ နအဖကိုသာ အသိအမှတ်မပြုဘူးဆိုရင် ဘာ့ကြောင့် သူတို့နယ်မြေမှာ မြန်မာသံအမတ်တွေ၊ သံရုံးတွေထားသေးလဲ။
လူကြီးတွေရှေ့ဆောင်မှု…
ဘယ်ရောက်သွားလဲ မသိ။ လူကြီးဆိုတာ ဘာကိုခေါ်လဲဗျာ။ ခေါင်းဆောင်ဆိုတာ ဘာလဲ။ အခုထိ မတွေ့သေးဘူး။
အဖွဲ့ဖွဲ့ခြင်းဝါသနာ……
သဘောတူ၊ ကြည်ဖြူတဲ့အချင်းအချင်းအဖွဲ့ ဖွဲ့တယ်။ မတူရင် ခွဲတယ်။ တူရင်တွဲတယ်။

ရိုးရာမပြတ်ဒုက္ခသည်တွေရဲ့ကထိန် (ဓာတ်ပုံ)




ယခုဓာတ်ပုံများကို မရှိမဲ့ရှိမဲ့၊ အင်တာနက်ခ၊ အချိန်၊ ပို့ခ တပြားမှ မရရှိဘဲ ပို့ပေးသောသူအား အထူးကျေးဇူးတင် ရှိကြောင်းပြောလိုပါသည်။
မြန်မာလူမျိုးတွေပီပီ ဘယ်နေရာရောက်ရောက် မိမိယဉ်ကျေးမှုအား အစဉ်ထိန်းသိမ်းချင်သော စိတ်ဖြင့်......

တရုတ်ကြီးနဲ့ကုလားကြီး (ကာတွန်း)


ယခု ပုံအား စေတနာနှင့်သော်လည်းကောင်း၊ တော်လှန်ရေးသစ္စာဖြင့်သော်လည်းကောင်း ရေးဆွဲပေးသော နို့ဘိုးဒုက္ခသည်စခန်းမှ ကာတွန်းပညာရှင်အား အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။

တပ်ချုပ်ကြီးနှင့်ငရဲပြည်

11/14/08

တောင်တွေးမြောက်တွေးပေါ်လစီ

ကျနော်သာသူပုန်ခေါင်းဆောင်ဖြစ်ခဲ့ရင် အောက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မည်။ ကျနော် တို့လက်နက်ကိုင်အင်အားစုတွေတဖြည်းဖြည်း အားနည်းလာပြီ။ တောထဲမှာ တော်လှန်ရေးလုပ်နေသူတွေ လက်ချိုးရေလို့ရကုန်ပြီ။ KNU, ABSDF, DPNS, NLD-LA စသဖြင့် လုံးပါးပါးနေပြီ။ စစ်အစိုးနဲ့ သူတို့ကို ထောက်ခံတဲ့သူတွေက စိုးမိုးနေပြီ။ ဒီတော့ ကျနော် တောင်တွေးမြောက်တွေး နဲ့ ကိုယ်လုပ်နိုင်မဲ့လုပ်ငန်းစဉ် ကိုသတ်မှတ်လိုက်သည်။
ကိုယ်ပိုင်နယ်မြေရှိဖို့မလိုဘူး။ လူများဖို့မလိုဘူး။ရှိရင်တော့ကောင်းတယ်။ အခုကုန် နေပြီ။ နိုင်ငံခြားက NGO လည်းစီးပွားရေးကျဆင်းနေလို့ များများပေးမည့်ပုံမပေါ်တော့ဘူး။ ဒီတော့ ရှိတဲ့အင်အားကို ဘာမှမလုပ်ဘဲ ထိုင်နေမည့်အစား အသုံးချကြည့်မည်။ ဘယ်သူကိုမှ အားမကိုးဘဲ ရှိတဲ့ အင်အားနဲ့ ရသလိုလုပ်မည်။ တွေ့ဆုံဆွေးနွေးရေး၊ သုံးပွင့်ဆိုင်၊ UN intervention စသဖြင့် ခဏဖယ်ထား။ ဒါတွေက သူတို့ပေးမှရမည်။ ဒါတွေက ကျနောနဲ့နည်းနည်းအလှမ်းဝေးတယ်။ ကျနော်လုပ်နိုင်တာကို လုပ်မည်။ ကျနော့် အလုပ်တွေကတော့………..
ဒီလုပ်ငန်းကတော့ နာမည်တော့ဆိုးတယ်။ လုပ်ငန်းအတွေးခေါ်ကတော့ စစ်အစိုးရအဖွဲ့ဝင်တွေကို မည်သည့်တော်လှန်ရေးလမ်းစဉ်နဲ့မဆို တော်လှန်တာဟာတရားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးခဲ့၊ ပျက်ဆီးဆဲ ပါ။

ပြန်ပေးဆွဲမယ်
စစ်ဗိုလ်ချုပ်တွေ ပိုင်ဆိုင်တာတွေအများကြီးဆိုတော့ သူတို့ Target အဓိကထားမယ်။ ပြီးရင် သူတို့နဲ့ စီးပွားရိုက်နေတဲ့လူတွေ ကိုဒုတိယထားမယ်။ သူတို့သားသမီး၊မိန်းမ တွေကိုပြန်ပေးဆွဲငွေတောင်းမယ်။ အဖွဲ့ရံပုံငွေတောင့်တင်းအောင်ပါ။ မြန်မာငွေနဲ့မတောင်းဘူး။ မြန်မာငွေကအာမခံချက်မရှိဘူးဆိုတော့။ အမေရိကန်ဒေါ်လာနဲ့တောင်းမယ်။ မပေးရင် ပြန်ပေးဆွဲခံရသူတွေကို ငရဲပြည်ပို့မယ်။ မိမိအဖွဲ့ဝင်တွေနဲ့ သားသမီးတွေကို လုံးလောက်တဲ့ လစာနဲ့ခံစားခွင့်ပေးမယ်။ မည်သည့်သူပုန်ခေါင်းဆောင်၊ အဖွဲ့ဝင်တွေကမှ လာဘ်စားတာမရှိစေရ။ မဖားရ။ တွေ့ရှိပါက ငရဲပြည်ရောက်စေ စသည့်စည်းကမ်းတွေနှင့်လုပ်မယ်။

ဒါးမြတိုက်မယ်
စစ်အစိုးရ ဗိုလ်ချုပ်နှင့် သူတို့ရဲ့လက်ဝေခံတွေ ဓားပြတိုက်မယ်။ ရတဲ့ငွေကို အဖွဲ့ရဲ့ရံငွေနှင့် ဆင်းရဲတဲ့ ပြည်သူတွေကိုဝေငှမယ်။ အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေအတွက်ငွေလိုတယ်။ နိုင်ငံခြားက ဒီငွေတွေ တောင်းလို့မရ ပါ။ ကိုယ်ပိုင်နယ်မြေမရှိတော့ အခွန်လည်းရစရာမရှိ။ နိုင်ငံခြားက ရဲဘော်တွေကလည်း အိမ်ဝယ်ဖို့တောင် မနည်းရုန်းနေရတယ်ဆိုတော့ ငွေရဖို့အတွက် ပြန်ပေးဆွဲမယ်၊ ဓားပြတိုက်မယ်။ အဓိလုပ်ငန်းတွေအတွက် သုတေသနနှင့် ထောက်လှမ်းရေး ဌာနကို ဖွဲ့မယ်။ ဥပမာ ဗိုလ်ချုပ်တွေနှင့်သူတို့ရဲ့သားသမီးတွေ နေရပ်၊ ဘယ်ကိုသွားတယ်၊ ဘယ်နေရာမှ ဖာချတယ် စသဖြင့်။

လုပ်ကြံမယ်
စစ်အစိုးရကောင်စီဝင်များနှင့် သူတို့ရဲ့ စီးပွားရေးလက်ဝေခံတွေကို ရရင်ရသလို အဓိက လုပ်ကြံမယ်။

ဗျောက်အိုးဖောက်ပေးမယ်
နအဖ ကောင်စီဝင်ရုံးတွေ၊ အိမ်တွေ ကိုဓိက ဗျောက်အိုးဖောက်မယ်။

ခြိမ်းခြောက်မယ်
စစ်အစိုးရလက်အောက်ခံ၊ ထောက်ခံသူ၊အားပေးသူ၊ ပေါင်းစားသူတွေအားလုံးကို ခြိမ်းခြောက်မယ်။

ဒုက္ခသည်တွေရဲ့ဘုံကထိန်

နို့ ဖိုးကထိန်က ကျွန်တော်တို့ ရပ်ကွက်(၃)က ၂-ရက်နေ့ ကနေ ၁၀-ရက်နေ့ အထိအလှူငွေ ကောက်ခံပြီး စုပေါင်းပဒေသာပင် သုံးခုပြုလုပ်ဖြစ်တယ်။ကျန်တဲ့ရပ်ကွက်တွေကလဲ သူတို့  ဘာသာစုပေါင်း ပဒေသာပင်တွေ လုပ်ဖြစ်တယ်။ PAB တရပ်ကွက်လုံးပေါင်း ကို ပဒေသာပင် ၁၅ခုလောက်ရှိ တယ်။ ရပ်ကွက်တွေက ရတဲ့အလှုငွေအားလုံးပေါင်း ၁၀၀၀၀(ထိုင်းဘတ်ငွေ) လောက်ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်(၃)က ပဒေသာပင် တွေကို ၁၂-ရက်နေ့ မှာ နို့ ဖိုး စခန်းတခု့ လုံးလှည့်လည်တယ်။ ဓမ္မ၀ိဟာရ ကျောင်းကို ၁၃-ရက်နေမှာ ဆပ်ကပ် လှူဒါန်း တယ်။ အဲဒိနေ့ မှာဘဲ နို့ ဖိုးဒုက္ခသည်စခန်းအားလုံးက လူတွေကို ဓမ္မ၀ိဟာရ ကျောင်းတိုက် မှာ ကျွေမွေး ဧည့်ခံတယ်။မနက်၈ နာရီ ခွဲကစပြီး စတင်ကျွေမွေး တယ်၊။


မှတ်ချက်။ ။ နို့ဘိုးဒုက္ခသည်စခန်းကနေ သူတို့ရဲ့သတင်းလေးကို အခုလိုရေးပြီးပို့ပါတယ်။ ဓာတ်ပုံတင်ရန် မေ့သွားပါတယ်။

11/13/08

သားလေးမွေးလာရင်

….ထူးထူးခြားခြား မိန်းမက ကောက်ညှင်းပေါင်း နဲ့  ကြက်ကြော် စားချင်တယ်တဲ့  ။ သြော်…်မိန်းမရယ် ချဉ်ခြင်း တပ်စရာရှားလို့  ကောက်ညှင်းပေါင်းနဲ့ ကြက်ကြော် ကို မှစားချင်ရသလားကွယ်……
ကြက်( ၁)ကီလို (၆၀)ဘတ် နဲ့ ကောက်ညှင်းဆန်က အနည်းဆုံး ၃ ဗူးလောက်ဝယ်မှရမှာ ငါကြားဖူးတာက ချဉ်ခြင်းတပ်တယ်
ဆိုတာ ဗိုက်ထဲက ကလေးက တောင်းတတာတဲ့  ။“““ဒိကောင် အတော်အ်ကောင်းကြိုက်တဲ့ ကောင် ၊ကြီးပွားးမယ့်ကောင်ဖြစ် မှာသေချာ
တယ်””” “ ငါ့အမေက ပြောဖူးတယ် င့ါ ကို့ကိုယ်ဝန်လွယ် ထားတုန်းက လျှက်ဆားကို ရေနဲ့ ဖျော်ပြီး တဝသောက်ချင်သတဲ့ လေ။ အဲ့ဒါ
ကြောင့်ဘဲ ငါ အခုထိ ယက်လိုက် စားလိုက်နဲ့ ဘဝကို ဖြတ်သန်းနေရလားမသိ။ ဒါပေမဲ့ ….ငါ့သားက အကောင်းကိုမှ တောင်းတ တယ်ဆိုတော့ ကြီးပွားမှာ၊ သားလေးဆန္ဒကို ဖြည့်ပေး ချင်လိုက်တာ။
ဒါပေမဲ့ သားရယ် ရိက္ခာထုတ်ရမယ့် ရက်ကလဲ လိုသေးတယ်ကွ။ အရင်လက ရိက္ခာဆန်လေး ရောင်းမိလို့ ဆန်အိုးထဲမှာ နို့ ဆီခွက်သံ တဂွမ်း
ဂွမ်း မြည်နေပြီ။နောက်ပြီး စခန်းထဲမှာက စားဖို့  ရိက္ခာဘဲ ပေးတာ၊ ပိုက်ဆံမပေးဘူး။ ပိုက်ဆံကလည်း ဒုတိယဘုရားသခင် ဆိုတဲ့အတိုင်း လိုတယ်ကွ။သြော် ….ငါ့နှယ် ““သားလေး သားလေး”” လို့ သာပြောနေရတယ် ဟုတ်မှ ဟုတ်ပါ့မလား၊ မွေးတောင် မမွေးရသေးဘူး။ ဒါပေမဲ့ရပ်ကွက်(၁၀)ကဗေဒင်ဆရာပြောတာမှန်မှာပါလေ၊“သားလေးမွေးမယ်တဲ့” ငါက လည်း သားလေးအရမ်းလိုချင်နေတာ၊သားလေး
ဘဲဖြစ်ပါစေ။ ဒါပေမဲ့ သားရယ် အဖေ့ခြေရာတော့မ နင်းစေချင်ဘူးကွာ။အဖေ ဖြတ်သန်းခဲ့တဲ့ ဘဝခြေရာတွေကအရမ်းကြမ်းတမ်းတယ်။အထူး
သဖြင့် ပြည်တွင်းက စစ်အစိုးရ ရဲ့ စနက်တွေကြောင့် ပေါ့။ အဖေက ပြည်တွင်းမှာ နေတုန်းက လယ်သမားကြီးကွ။“ကျေးဇူးရှင်တောင်သူလယ်
သမားဦးကြီးများ” လို့ ခေါ်တဲ့ မွန်မြတ်တဲ့ လယ်သမားကြီးကွ။ဒါပေမဲ့ အဖေ့လယ်တွေအသိမ်း ခံရတယ်။ဘာလို့  သိမ်းလဲ အဖေလဲ မသိပါ
ဘူးကွာ၊ သိမ်းပြီးတော့လည်း ဖေ့ရဲ့လယ်မှာ ဘဲစပါးပြန်စိုက်နေ ကြတာပါဘဲ။အဖေကတော့ အဖေလယ်မှာဘဲနေ့ စားနဲ့  စပါး ပြန်စိုက် ပေးနေခဲ့ရတယ်။ဒါ မတရားဘူးထင်တယ်နော် သား၊ဒါပေမဲ့ အဖေ တစ်ယောက်ထဲ ခံရတာ မဟုတ်ဘူးကွ။အများကြီး မှ အများကြီးဘဲ။ အဲ့ဒီတော့ အဖေတို့ လဲ ခံရရိုး ခံရစဉ် အတိုင်းဘဲ လို့  ထင်လာတယ် ကွ။ မတရားလုပ် ခံရတယ်လို့ တောင် မခံစားမိတော့ပါဘူး။ ဒါပေမဲ့ သားရယ် အဖေ တို့  စီးပွားရေး တွေ မကောင်းတော့ဘူး။သားရဲ့ ဖိုးဖိုး နဲ့  ဖွားဖွား ကလည်း အဖေ့ကို ဘဲ မှီခို နေရတာကိုး။ပြောရင် ယုံမှာမဟုတ်ဘူး သား၊ စပါး စိုက် တဲ့ အဖေတို့  ထမင်းငတ်ခဲ့ ရတယ်။ ငတ်ပေမဲ့လည်း ကိုယ့်မွေးရပ်ဇာတိလေးမှာ အဖေတို့ က ပျော်တာကိုး။ရ ရစားစား နဲ့ ဘဲ အဖေတို့ ရဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတယ်။ တစ်နေ့ ကျတော့ အဖေ့ရဲ့ မွေးရပ်ဇာတိလေးကို အဖေ မခွဲလို့ မရတော့တဲ့ အခြေအနေ ကိုကြုံခဲ့ရတယ်။ အဖေတို့ ရဲ့ ရွာလေးကို သူပုန်တွေနဲ့ အဆက်အသွယ် ရှိလို့ ဆိုပြီး စစ်သားတွေက တရွာလုံးကို မီးရှို့ ဖျက်စီး ပစ်လိုက်ကြတယ်။အဖေ၊မင်းအမေ နဲ့ မင်းအဖိုး၊အဖွား တွေတောင် အသက်လု ပြီးပြေးခဲ့ရတာ။ ဘာပစ္စည်းမှ ကို မသယ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့  အခု ဒီဒုက္ခသည်စခန်းထဲကို ရောက်လာရတာပါဘဲ။စခန်းထဲရောက်တော့ အဖေတို့ လိုမျိုး ဘဝတူ ဒုက္ခသည်တွေ အများကြီးတွေ့ တော့ အားတက်မိတယ် သား။ ဒီမှာက ဒုက္ခသည်တွေ အတွက် ရိက္ခာထောက်ပံ့ပေးတယ်လေ။အဖေတို့  အဲ့ဒီ ရိက္ခာတွေနဲ့ ဘဲ ဘဝကို ရပ်တည်နေကြရတာ။ဒါပေမဲ့ ဒုက္ခသည်စခန်းထဲအနေ ကြာလာတော့ လူသားတစ်ယောက် ရဲ့ အခွင့်အရေးတွေ ဆုံးရှူုံးနေသလိုမျိုး ခံစားလာရတယ်။အထူးသဖြင့် ပညာရေး ကျန်းမာရေး။ပြောရရင် နိုင်ငံမဲ့မှု ပြဿနာတွေပေါ့။ ဒါတွေကို အဖေတို့  မခံစားကြရဘူး သား။ အဖေတို့ ကို နိုင်ငံတကာက သနားစရာ သတ္တဝါတွေလို မြင်နေတဲ့ အမြင်တွေကို ဖျက်ပစ်ချင်တယ်။ဘာကြောင့် ဒီလို မြင်နေရလဲ။အဖေ တို့ ပိုင် တဲ့ မြန်မာပြည် ကို အုပ်ချုပ်နေတဲ့ သူတွေက အဖေတို့ ကို ကာကွယ်မပေး လို့ ဘဲ။ အမှန်အတိုင်း ပြောရရင် သားလေး လူ့ လောက ကို ဒီအခြေအနေတွေကြား ထဲ မရောက်လာစေချင် သေးဘူး သား။ အဖေရင် လေးနေတယ်။ ဒီမှာ သားအတွက် တိုးတက် မှူမရှိ ဘူး။ပညာရေး မရှိဘူး။အရေးရယ် အကြောင်းရယ် ကျန်းမာရေး ကိစ္စတွေ ဖြစ်လာရင် အသက်အန္တရယ် သိပ်နီးတယ် သား။ အခု တတိယ နိုင်ငံတွေကို ကူးပြောင်း သိပ်ခေတ်စားနေတယ်။ သားလေး အတွက် အဲ့ဒီ တတိယနိုင်ငံ တွေက သိပ်ကောင်းမှာ မှန်ပေမဲ့ အဖေရဲ့ အတ္တ လို့ ဘဲပြောရမလား သား။အဖေ မြန်မာပြည်ကြီး ကို လွမ်းနေတယ်။ဖြစ်နိုင်ရင် မြန်မာပြည်ကို ပြန်ချင်နေတယ်။
ဒါပေမဲ့ အဖေတို့ ပိုင်တဲ့ ချစ်စရာ အိမ်လေးကို ဘီလူး တစ်ကောင် ဝင်စီးသလိုမျိုး အိမ်လေးကို ပြန်ချင်ပေမဲ့ ဘီလူး ကြောက်နေရတယ်သား။နောက် နှစ် လ လောက်ဆိုရင် မင်းလဲ လူ့ လောက ကို ရောက်တော့မယ်၊အဆင်ပြေ ချောချောမွေ့ မွေ့  မွေးပါစေလို့ ဘဲ ဆုတောင်းနေရတယ်။တခုခု ချွတ်ချော်ခဲ့ ရင် ဆေးရုံကဝေးတယ် ကွ။အဲ့ဒါ အဖေ ပထမဆုံး ပူရတဲ့ အပူ။ဒုတိယကတော့ မင်း လူလောက ထဲရောက်လာရင် တခြားကလေး တွေနဲ့  တန်းတူ ထားနိုင်အောင် ကြိုးစားရမယ့် အဖေ့တာဝန်၊ နောက် သားလေး ကျောင်းနေတဲ့အရွယ်ရောက်လာရင် မှန်ကန်တဲ့ ပညာသင် မှု စနစ် ရှိ မရှိ ဆိုတဲ့ ပြဿနာ အိုး အများကြီးဘဲ သား။ အဖေ အလုပ် လုပ်နိုင် ပါတယ်၊ကြိုးစားချင် တဲ့ စိတ်လည်း ရှိ ပါတယ် ကွာ။ဒါပေမဲ့ ဒီဒုက္ခသည်စခန်း ထဲမှာ အကန့် အသတ်တွေ ရှိတယ်ကွ။အဖေ တို့ အလုပ် လုပ်လို့ မရဘူးလေ။နောက်ဆုံး ကြံရာ မရရင်တော့ သားလေးအတွက် တတိယနိုင်ငံ ကူးပြောင်းဖို့  စဉ်းစားကောင်းစဉ်းစား ရလိမ့်မယ် သား။ မြန်မာပြည် ရဲ့အဝေးဆုံး ကို ထွက်သွားရလိမ့်မယ်။အဲ့ဒီလို အဖေဆုံးဖြတ်ခဲ့ရင်တော့ သားဘက်က အဖေကို ကတိတခု ပေးရလိမ့်မယ်။ သိပ် မခက်ခဲ ပါဘူး သားရယ်၊ “သား ဟာ မြန်မာနိုင်ငံသား၊ မြန်မာပြည် ရဲ့ယဉ်ကျေးမှုတွေကို လေးစားတဲ့ ၊တို့  မြန်မာတွေရဲ့ တန်ဖိုးကို ထိမ်းသိမ်း တဲ့ လူတစ်ယောက် ဖြစ်ဖို့ ” ဒါပါဘဲ ။ သား လုပ်နိုင်တယ် မဟုတ်လား၊ သားလုပ်နိုင် မှာပါ။
ဟော…. မင်း အမေ က အဖေကို ပွစိ ပွစိ လုပ် နေပြီ…. သား တောင်းထား တဲ့ ကောက်ညှင်းပေါင်း နဲ့  ကြက်ကြော် ကိစ္စလေ။အဖေ ဝယ်ကျွေးပါ့မယ် သားရယ်၊ ပိုက်ဆံကတော့ မရှိဘူး ကွ။ဒါပေမဲ့ အဖေ နောက်ထုတ်မယ့် ရိက္ခာကို ကြိုရောင်းထား လိုက်မယ်။သားလေး စားချင်တာ စားရမှာပါ။ နောက်လ ကျရင်တော့ စားစရာမရှိတော့ဘူးကွ။ …ထားလိုက်ကွာ.. အဖေ ဒါတွေကြို မစဉ်းစားတော့ဘူး …နောက်တော့လည်း အဆင်ပြေသွားမှာပေါ့လေ… နော်….

ထိုင်းနိုင်ငံမြောက်ပိုင်ရှိ နို့ဘိုးဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ယောက်က သူ့ရဲ့ဘ၀ကို တင်ပြထားခြင်းဖြစ်ပါသည်။

11/11/08

အား မှ ကမ္ဘာ ပတ်ရတာ

ဒီနေ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့မှာ စကားပြောဖြစ်တယ်။ သူက ရန်ကုန်က Company တခုမှာ အလုပ်လုပ်နေတဲ့သူပါ။ ဟိုအကြောင်းဒီအကြောင်းရောက်သွားရင်းနဲ့သူက ပြောတယ်။
“ ဟရောင် …. ငါက အားမှ ကမ္ဘာပတ်လို့ရတာ….” ကျနော် ချက်ချင်းသဘောမပေါက်ဘူး။ ကျနော်က တိုးတိုးလေးပြောတယ်။ Shit မြင့်လှချည်လား….။ ဘယ်ဟုတ်မလဲ နောက်မှ သူက အားမှ အင်တာနက်ကို တက်လို့ရတာဆိုတာ သဘောပေါက်တယ်။ မသိရင်တော လေကြီးတယ်ပေါ့နော်….. စကားလုံးအသစ်ပါ…အထူးသဖြင့် ကျနော့်အတွက်ပါ။
ကျေးဇူးပါစံကွီးရေ……..။
သူ့ကို ကျနော်ရဲ့  ဘလော့ဂ်ကို ဖတ်ဖို့အတွက်ဖွင့်ခိုင်းတယ်။ သူကပြောတယ် ဖွင့်လို့မရဘူးတဲ့။ ကျနော်အခြား ဘလောဂ်တွေထပ်ပေးတယ်။ ကိုမိုးသီး၊ ကိုယောဟန်အောင်၊ ကိုဟန်လင်းထွန်း၊ ကိုဦးမသန္တာ စသဖြင့် ။ သူကပြောတယ်ဖွင့်မရဘူးတဲ့။ ဒါဆိုသေချာပြီ ပြည်ပမှာ လုပ်တဲ့ ဘလော့ဂ်တွေကို စောင့်ကြည့်ပိတ်နေပြီ။
ကြောက်လှချည်လားစောက်ရူးတွေရေ…………။

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်


ကိုစိုး | နိုဝင်ဘာ ၁၀၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ကဗျာဆရာ စောဝေ ဘလော့ဂါ နေဘုန်းလတ်

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။ [Top]

11/9/08

အကယ်၍များတော်လှန်ရေးအဖွဲ့အစည်းများအင်အားတောင့်တင်းအောင်လုပ်ချင်ရင်……

မြန်မာတနိုင်ငံလုံးရှိတော်လှန်ရေးအဖွဲ့အစည်းများ
အထူးသဖြင့် ထိုင်မြန်မာနယ်စပ်ရှိအဖွဲ့အစည်များ
NCGUB, NCUB, FDB နှင့် DAB လို့ရေးရင် များသွားမယ် ထင်ပါတယ်။ အဖွဲ့လေးဖွဲ့မှာပါတဲ့ အင်အားစုတွေအားလုံးက အတူတူတွေပါဘဲ။ နာမည်ပဲလွဲသွားတယ်ထင်တယ်။ အကြံပေးတာ မဟုတ်ပါ။ စိတ်ကူးပေါက်လို့ရေးမိရေးရာရေးပါတယ်။ ရေးမဲ့အကြောင်းအရာက မိမိရဲဘော်တွေကို ပြန်လည်စုဆောင်း ခြင်း (သို့) ဖိတ်ခေါ်ခြင်းပါ။ အထူးသဖြင့်အင်အားတောင့်တင်းအောင် ပြန်စုတာပါ။ ဒီလုပ်ငန်းအတွက် ငွေမကုန်ပါဘူး။ စာရေးခြင်း(သို့) တယ်လီဖုန်းဆက်ရုံလောက်ပါဘဲ။
၈၈ နောက်ပိုင်းကစပြီး တတိယနိုင်ငံတွေကို တော်လှန်ရေးသမားတွေ အလုံးအရင်းနဲ့ ခိုလှုံခဲ့ကြတယ် ဆိုတာ အားလုံးအသိပါ။ သူတို့လဲရောက်ရာ အရပ်မှာ စိတ်ပါဝင်စားစွာ တော်လှန်ရေးလုပ်ကြပါတယ်။ ပညာသင်တဲ့သူတွေရှိသလို ငွေရှာတဲ့သူတွေလည်းပါပါတယ်။ နယ်စပ်မှာ ပြန်လည်အကျိုးပြုတဲ့သူရှိသလို တော်လှန်တဲ့သူတွေလည်းရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် သူတို့ရဲ့စိတ်တွေထဲမှာ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေးမှုန်းချင်တဲ့စိတ်ကို အသိအမှတ်ပြုရပါ့မယ်။ တခါတလေ အချင်းချင်း မသင့်မြတ်တာကိုလွဲ ရင်ပေါ့။ ဗကပ ကော အခြားတိုင်းရင်းသားတော်လှန်ခဲ့ဘူးတဲ့ တော်လှန်သမားတွေအားလုံး(တတိယ) နိုင်ငံတွေနေကြတဲ့သူတွေကို တော်လှန်ရေးလုပ်ချင်လားမေးရင် တပြိုင်တည်း ဖြေပါမယ်။ ဟုတ်ကဲ့လို့။
ကြေငြာချက်များထုတ်တဲ့အခါ မိမိရဲဘော်တွေအတွက်၊ အဖွဲ့ဝင်တွေအတွက် ဦးတည်ပြီး ထုတ်တဲ့ကြေငြာ ချက်များမတွေ့ရပါ။ စစ်အစိုးရကိုတောင်းဆိုတဲ့ ကြေငြာချက်အများစုကိုသာတွေ့ရသည်။ စစ်အစိုးရ လုံးဝ ဂရုမစိုက်ပါ။ အဖွဲ့အစည်းအားလုံးထုတ်လာတဲ့ကြေငြာချက်တွေကိုစုမဲ့ဆိုရင် စာကြည့်တိုက်တတိုက်စာ မကပါဘူး။
စီးပွားရေးလုပ်ငန်းတွေမှာ Offer နှင့် Discount ပေးတာရှိပါတယ်။ ဒါမှ ၀ယ်လိုအားများလာမှာပါ။ ဒီလိုပဲ အဖွဲ့အစည်းတွေကလည်း ကိုယ့်ရဲ့ စားသုံးသူများကို Offer နှင့် Discount ပေးရပါ့မယ်။ ဆိုလိုချင်တာက မိမိကိုစိတ်ဝင်စားတဲ့သူတွေကို Offer နှင့် Discount ပေးရပါ့မယ်။ မိမိအဖွဲ့အစည်းမှာ အရင်တုန်းက တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ရဲဘော်တွေအားလုံးကို ဌာနချုပ်တွေကနေ Offer ပေးတဲ့စာတွေ၊ Discount ပေးတဲ့ စာတွေ တယ်လီဖုန်းတွေဆက်သွယ်မှ မိမိရဲဘော်တွေကလည်း သူတို့ကို သတိရပါလားဆိုပြီး တက်ကြွလာမှာပါ၊
ပြန်လည်စိတ်ဝင်စားလာအောင်လုပ်ဖို့ပါ။ အဖွဲ့အစည်းဝင်တွေအာလုံး(မှတ်တမ်းရှိသလောက်)၊ ပို့ပါ။ မရှိရင် စုဆောင်းပါ။ သူတို့စိတ်ဝင်စားလာအောင် ကမ်းလှမ်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကကမ်းလှမ်းမှ သူကလာမှာပါ။ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကိုအဲဒိအချိန်မှာမခွဲခြားပါနဲ့။ အရင်တုန်းက သမိုင်းကိုမေ့ထားပါ။ အင်းအားရဖို့အတွက်သာရည်ဇူးပါ။ နောက်မှ စုပြီးတိုင်ပင်ရင် အလုပ်ဖြစ်ပါတယ်။
အကြံရှိသလောက်ဆက်ရေးပါ့မယ်။ အထူးသဖြင့် မဆဲဖို့မေတ္တရပ်ခံပါတယ်။

11/8/08

မြန်မာပြည်က ဒေါ်လာ ၄ သန်းကျော် တန်သည့်ပတ္တမြားကြီး ပြန်မိပြီ


မြန်မာနိုင်ငံကအဖိုးတန်ပတ္တမြားကြီး ကိုသြစတြီးယားနိုင်ငံ Vinenna မြို့ မှာ သြစတြီးယားရဲတွေနဲ့ ဂျာမနီထောက် လှန်းရေးတွေပူးပေါင်းပြီး သူခိုးအကြီးစားတွေလက်ထဲကနေ ပြန်လည်ရရှိခဲ့ပါတယ်။ ဂျာမနီက ရတနာကုန်သည်တွေက မြန်မာစစ်ဗိုလ်ချုပ်တွေဆီကနေ ၀ယ်ယူသွားပြီး မကြာခင်မှာပဲ ခိုးယူခံရတာပါ။ သူခိုးတွေဟာ သြစတြီးယားနိုင်ငံကို ခိုးထုတ်သွားတာကို ထောက်လှမ်းရေးတွေသိသွားလို့ စုံးစမ်းထောက် လှမ်းခဲ့ရင်းနောက်ဆုံးပြန်ရသွားပါတယ်။
ဒီပတ္တမြားကြီးဟာ မြန်မာနိုင်ငံက လူငါးလောင်းပြိုင် သတ်မှုထဲကနေရရှိပြီး ဂျာမနီက ရတနာကုန်သည်တွေကို စစ်ဗိုလ်ချုပ်တွေ ရောင်းစား ခဲ့တာလို့သိရှိရပါတယ်။ ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာတွေကို ပြည်ပမှာ တရားမ၀င်ခိုးထုတ်ရောင်းစားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ် တွေဟာ အခုဆိုရင် ထားစရာငွေမရှိအောင် ချမ်းသားနေပါပြီ။ ဒီပတ္တမြားကြီးရဲ့ နာမည်ကို Pricess of Burma လို့အမည်ပေးထားပါတယ်။ မြန်မာပြည်သူတွေပိုင်တဲ့ ဒီပစ္စည်းကို တခြားလူမျိုးခြားတွေ လက်ထဲရောက်အောင် လုပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားကြပါစို့............

11/7/08

အိုဘယ့်ဒုက္ခသည်



ယခုထိုင်းနိုင်ငံတွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများအတွင်းသို့ မြန်မာဒုက္ခသည်များ တဖွဲဖွဲဝင်ရောက် လျှက်ရှိသည် ကိုမမြင်ချင်အဆုံးတွေ့မြင်နေရပေသည်။ နအဖစစ်တပ်တခါ ထိုးစစ်ဆင်လျှင် ဒုက္ခသည်များ အင်အားတခါတိုးသည်။ လူသစ်များဓာတ်ပုံရိုက်မည်ဟုကြားလျှင် ဓာတ်ပုံရိုက်ရန် ဒုက္ခသည်များ အင်အား တခါတိုးသည်။ ဤသို့ဖြင့်ဒုက္ခသည်များ ကမ္ဘာ့လူဦးရေတိုးနှုံးနှင့်အညီ တိုးလားသည့်အခါ NGO အဖွဲ့အစည်း တခုဖြစ်သည့် ရိက္ခာထောက်ပံ့သော TBBC အဖွဲ့သည်ပင်လျှင် လုံလောက်စွာထောက်ပံ့ခြင်း မစွမ်းသာတော့ သောကြောင့် ရိက္ခဖြတ်တောက်ခဲ့သည်မှာ သုံးလပင်ရှိခဲ့ပြီ။ ဤရိက္ခာမလုံလောက်သောပြဿနာသည် အလွန်ဂွကျလှသော ကိစ္စဖြစ်သည်။
‘ခင်ဗျားတို့ဒုက္ခသည်တွေကြောင့် ရိက္ခာမလောက်တာ’ ပြောပြန်လျှင်လည်း တကိုယ်ကောင်းစံရာကျမည်။ အဲလိုမဟုတ်ပြန်လျှင်လည်း ဘာအလုပ်အကိုင်မှမရှိဘဲ ထောက်ပံ့သော ရိက္ခာကိုသာ ထိုင်စားနေရသော ဒုက္ခသည်များအတွက်ဆိုရင်ကော ၎င်းပြဿနာကို အဘယ်သို့ဖြေရှင်းအံ့သနည်း။ အတော်ခေါင်းခြောက် စရာကောင်းသောကိစ္စဖြစ်သည်။
ရိက္ခာတင်ဘဲလားဆိုတော့ မဟုတ်ပြန်၊ နောက်ဆက်တွဲ ဂယက်များစွာကျန်သေးသည်။ UN မှချပေးသော အိမ်တွေ အကုန်လုံးအရောင်းအ၀ယ်ဖြစ်ကုန်သည်။တလောတုန်းက အိမ်ဈေးများ တလုံးကို ထိုင်းဘတ်ငွေ (၆၀၀၀) ကျော်သွားသည်။ ဒါတောင်လမ်းမတန်းကတဈေးဖြစ်သည်။ ဒုက္ခသည်ဆိုပါမှ အဘယ်မှာ အိမ်ဝယ် နိုင်မည်နည်း။ သို့ပေမဲ့ ၀ယ်နိုင်တဲ့သူတွေ ၀ယ်နေတော့ မ၀ယ်နိုင်တဲ့သူတွေက ကိုယ်တိုင်ဝါးခုတ်ပြီး အဖီလေးထိုးနေကြပေါ့။
ကျနော်တို့ဒုက္ခသည်စခန်းထဲစရောက်တော့ အလွန်ဂုဏ်ယူသည်။ မဲ့ဆောက်မှာ လက္ဘရည်တခွက် (၇) ဘတ်၊ နို့ဘိုးစခန်းမှာတော့ ဒုက္ခသည်များအနေနှင့် လက္ဘရည်တခွက် (၇) ဘတ် ဘယ်မှာ ၀ယ်သောက် နိုင်မည်နည်း။ ဒါ့ကြောင့် စခန်းထဲမှာ ရှိတဲ့လက္ဘရည်ဆိုင်တွေအားလုံး ဈေးနှုံးတပြေးညီသတ်မှတ်ပေးထား သည်။ လက္ဘရည်တခွက် သုံးဘတ်၊ အသုတ်တပွဲ ၅ ဘတ် ရှိသည်။ တလောက ဆိုင်တဆိုင်က လက္ဘရည်တခွက် (၄)ဘတ် လုပ်မိလို့ စခန်းတာဝန်ရှိသူတွေက သုံးဘတ်မရောင်းနိုင်လျှင် ဆိုင်မဖွင့်နဲ့ပြော လိုက်တာ တောင်းတောင်းပန်ပန်နဲ့ (၃) ဘတ်ပြန်ဖြစ်လိုက်ရတယ်။
မှန်တယ်လေ။ ဒုက္ခသည်တွေမှ အလုပ်လုပ်လို့မရတာ။ ဘယ်မှာဝင်ငွေရှိပါ့မလဲ။ မတန်တဆဈေးတင်ပြီး စီးပွားဖြင်ချင်လို့ဘယ်ရပါ့မလဲ။ ဒါပေမဲ့အခုတော့ လက္ဘရည်တခွက် (၅) ဘတ်၊ အသုတ်တပွဲ ၁၀-၂၀ ဘတ် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ လက္ဘရည်တခွက် (၅) ဘတ်လဲ ၀ယ်သောက်နိုင်၊ အသုတ်တပွဲ ၁၀ ဘတ် လည်းဝယ်စားနိုင်ကြပြီကိုး။ ၀ယ်မစားနိုင်တဲ့သူကတော့ ငတ်ပေါ့။ အမှန်က ကုန်ဈေးနှုံးက မတက်ပါဘူး။ ၀ယ်လိုအားများလာတော့ ရောင်းလိုအားနည်း၊ ရောင်းလိုအားနည်းတော့ ဈေးတွေတက်တာပါဘဲ။ အဲဒိအချိန်မှာ လက္ဘရည်တခွက် (၅)ဘတ် ၀ယ်မသောက်နိုင်တဲ့သူတွေများကြည့် ဘယ်မှသူတို့ဈေးတက်ရဲ ပါ့မလဲ။
အဲဒါတွေကတော့ ကြွယ်ဝသောလူသစ်ရောက်ရှိမှုများ၏ နောက်ဆက်တွဲဂယက်တွေပါဘဲ။ သို့ဆိုလျှင် ၎င်းကဲ့သို့ ဒုက္ခသည်အသစ်များရောက် တစတစတိုးပွားလားခြင်းသည် မည်သည့်အကြောင်းကြောင့်များ နည်း။
ကျနော်သိသလောက်ဒုက္ခသည်
ဆက်ရန်………..
စားရေးသူ(စာရေးသူ)သည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နို့ဘိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ယောက် ဖြစ်ပါသည်။ အလုပ်မရှိလို့စာရေးပါသည် သူကပြောပါသည်။

11/5/08

အိုဘာမား (ကမ္ဘာ့နိုင်ငံရေးကို အပြောင်းအလဲလုပ်မည့်သူ)


ဒီနေ့ ပျင်းပျင်းရှိတာနဲ့ Channel 9 TV ကိုဖွင့်ကြည့်တော့ elentv ကလာတဲ့အစီအစဉ်ကို တွေ့တယ်။ အစီအစဉ်လေးက တော်တော့်ကိုပျော်စရာကောင်းတယ်။ ဟာသတွေနဲ့ပျော်စရာတွေကို ဖန်တီးထားတာပါ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက်ကို သီးသန့်ထုတ်လုပ်တဲ့ အစ်ီအစဉ်လေးပါပဲ၊ တချို့ ဟာသ လုပ်တဲ့ သူတွေ က ဘာ့ကြောင့် အိုဘာမားကိုကြိုက်လဲ ထောက်ခံလဲ လို့မေးတော့ အိုဘာမားက ငယ်တယ် မ၀ဘူး စတဲ့ ဟာသတွေနဲ့ သမ္မတ ကိုနောက်တယ်။ ဘာမှ လေးလေးပင်ပင် ကိုမတင်ဆက်ဘူး။

ကျနော်တို့တိုင်းပြည်နဲ့ အဖွဲ့အစည်းတွေမှာလည်း အဲလိုဖြစ်ရင် သိတ်ကောင်းမှာပဲ၊

အိုဘာမားကိုတော့ ထောက်ခံပါတယ်။ သူ့အနေနဲ့သမ္မတဖြစ်လာဖို့ကို အခက်အခဲတွေကို ပွဲဝင်ခဲ့ရတဲ့သူပါ။ သူအနေနဲ့နိုင်ငံရေးထဲ စရောက်တော့ လူဖြူတွေရဲ့ အနိုင်ကျင့်ခံရ၊ ခွက်ခွက်လန်ရှုံး စတဲ့ အတားအဆီးတွေနဲ့ပါ။ ဒါပေမဲ့ သူကဆက်လက်တိုက်ပွဲဝင်တယ်၊ နောက်ဆုံး ၂၀၀၄-ခုနှစ်မှာ အထက်လွတ်တော်အမတ်နေရာကို မဲအများဆုံးနဲ့တက်လာနိုင်ခဲ့ပါတယ်။ ဒီမိုကရက်ပါတီမှာတုံးကလည်း ဟေလာရီနဲ့ နိုင်တော့ သမ္မတဖြစ်ဖို့အတွက် ချရပြန်ရော။ ကမ္ဘာပေါ်မှာ လူဖြူတွေကြိးစိုးတာကို အိုဘာမားက အနိုင်ယူပြလိုက်တာပါ။ သူဟာကျနော်တို့ အားလုံးရဲ့သူရဲကောင်းပါ။

11/3/08

ကောင်းနေရင်ထိန်းပါ လုံချည် မဟုတ်

မနေ့က အလုပ်ကအပြန်မှာ ဒေါသထွက်စရာ၊ စိတ်ဆိုးစရာ တွေ့တယ်။ အရမ်းကိုချစ်ခင်တဲ့ ရဲဘော်ကြီးနှစ်ယောက် နဲ့ ရန်ဖြစ်တယ်။ ကျနော့်လည်ပင်းကို ကိုင်ရင်းထိုးတော့မယ်။ ချစ်ဒေါသနဲ့ပါ။ သူ့ကြည့်တော့ မျက်နှာမှာ မျက်ရည်တွေနဲ့ ကျနော့်ကို ချစ်စနိုးလုပ်တယ်။ ကျနော် စိတ်မဆိုးပါဘူး။ သူက ၈၈ ထဲက ကိုယ်လက်အင်္ဂါ စွန့်လွတ်ပြီး တော်လှန်ရေး လုပ်လာတာ။ အခုလည်း တော်လှန်တာကို ဦဆောင်ပြီးလုပ်နေဆဲ၊ အော်စီမှာ နေတာက ဆယ်စုနှစ်ကျော်ပြီ။ ဒါပေမဲ့ သူက အခြေအနေအရ တော်လှန်တာကို ပြန်မလုပ်နိုင် ပေမဲ့ သူ့စိတ်က တောထဲက အမြဲရောက်နေတက်တယ်။ လူတွေကို တိုင်းရင်းတောင် သူ့ရဲ့ပေတံက တော်လှန်ရေး က ထုတ်လိုက်တဲ့ပေတံအကြီးကြီး။ အများစုနဲ့ သူ့ပေတံနဲ့က မကိုက်ဘူး။ လူတကာကိုကူညီတယ်။အထူးသဖြင့် တော်လှန်ရေးက ထွက်လာတဲ့သူတွေကို။
သူကျနော့်ကို အဲလိုမျိုးလုပ်မယ်လို့မမျှော်လင့်ဘူး။ ကျနော်မှားတာလား သူကောင်းနေတာလား။ အမှတ်တရ ရေးဖြစ်တာပါ။ စိတ်မကောင်းဖြစ်တာတခုပဲရှိပါတယ်။ အသက်အရွယ်ရလာရင် သည်းခံစိတ်နဲ့ မေတ္တာတရာက အခရာ ကြပါတယ်။ လူတိုင်းမှာ အဲလိုစိတ်မျိုးရှိရင် ဘယ်တော့မှ ရန်လိုတဲ့စိတ်နဲ့ ဒေါသကိုထိန်းချုပ်နိုင်တဲ့စိတ် ကင်းစင်မှာပါ။ သူ့မှာ တခုခုစိတ်ဆိုးရင် လက်က အမြဲပါတက်တော့ စိတ်ကြီးတယ်လို့ပြော ရမလား။ သူကစနေသားဆိုတော့ စိတ်ကြီး တာပေါ့။
ကျနော်ခွင့်လွတ်ပါတယ်။ အော်စီက အမြဲပူလောင်နေတဲ့ ဘ၀ပါ။ ကိုယ့်ယဉ်ကျေးမှုမှ မရှိတာ။ အထူးသဖြင့် တော်လှန် ရေးသမားတွေက အမိမြန်မာပြည်နဲ့ ဝေးတော့ လွတ်တယ်လို့ ထင်မိတယ်။ စွန့်လွတ်တယ်ဆိုတာ အဲဒါလည်း ပါတယ်။ ကျနော်တို့အားလုံး မြန်မာပြည်မှာ ပြန်ဆုံမိရင် ဘယ်လိုဖြစ်ကြမလဲ။ စိတ်ထဲရှိတာကိုရေးတာပါ။
အသက်အရွယ်ရလာရင် ဒေါသကိုထိန်းနိုင်ရပါမယ်။
စာရေးမကာင်းပါ။

10/31/08

တလ မြန်မာငွေကျပ် ၅၀၀၀၀ (ငါးသောင်း) ပေးမည်

ကိုဘုန်းကျော်(လူ့ဘောင်သစ်) ဘလော့ဂ်အတွက် Blogger သတင်းထောက် နှစ်ဦးအလိုရှိပါသည်။ လစာငွေ ဖြင့်တလကို မြန်မာငွေကျပ် ငါးသောင်းပေးမည်ဖြစ်ပါသည်။ မန္တလေးမှ တစ်ယောက် နှင့် ရန်ကုန် မှ တစ်ယောက် ခေါ်ယူခန့်ထားမည်။ စိတ်ဝင်စားသူများ ကျနော့်အီးမေးကို ဆက်သွယ်နိုင် ပါသည်။ ကျနော်မှ ဖုန်းပြန်ခေါ် မည်ဖြစ် သည်။ ခေါ်ဆိုရန် ဖုန်းနံပါတ်ထည့်သွင်းပေးပါ။ phone_kyaw@hotmail.com and wgdperth@gmail.com

10/30/08

ငြိမ်းအေးသောဘ၀ပိုင်ရှင်

ဘာစကားပဲဖြစ်ဖြစ်
လိုအပ်မှပြောတာပဲကောင်းပါတယ်။
လောလောဆယ်ပြောဖို့မလိုအပ်သေးရင်
တစက္ကန့်လေးပဲဖြစ်ဖြစ်၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ။
နောက်တနာရီမှပြောသင့်တဲ့စကား
နောက်တနာရီမှပြောပါ။သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့။
နောက်တရက်မှပြောသင့်တဲ့စကား
နောက်တရက်မှပြောပါ။မေ့သွားမှာ
စိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမှ အကျိုးမရှိ
သူ့အတွက်လည်းထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေရင်တောင်မှ လုံးဝမပြောပါနဲ့။
လုပ်ကြံပြီး ပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။
အရှင်ဆန္ဒာဓိက၏ ငြိမ်းအေးသောဘ၀ပိုင်ရှင်စာအုပ်မှ

10/29/08

နှစ် ၂၀ နှင့် ကျနော့်တော်လှန်ရေး

စစ်အာဏာရှင်တော်လှန်ရေးဟု ကင်မွန်းတက်သည်။ အာဏာရှင်ကို ပြုတ်ကျစေချင်သည်။ ဒီမိုကရေစီအစိုးရ တက်စေချင်သည်။ တော်လှန်ရေး ရဲဘော်တချို့သည် ဆက်လက်တိုက်ပွဲဝင်သည်။

တချို့သည် မိသားစုအရေး ကို ဦးတည်သွားသည်။ တချို့သည် ဖောက်ပြန်သွားသည်။ တချို့သည်....

တချို့ရဲဘော်များသည် နှစ်ပေါင်း ၂၀ လုံး သောက်ရင်း တော်လှန်သည်။
ပွားရင်းတော်လှန်သည်။
ရေးရင်း တော်လှန်သည်။
ဝါးရင်းတော်လှန်သည်။
တချို့သည် စွန့်စွန့်စားစားတော်လှန်သည်။
မည်သည့်တော်လှန်ရေး လမ်းစဉ်မှန်ပါသနည်း။
ရေဒီယိုတဖက် နှင့် တော်လှန်သည်။
တတိယနိုင်ငံတွေ မှာတော်လှန်သည်။
တချို့သည် တော်လှန်ရင်းကျော် ပြန်သည်။
တချို့ သည် ငါ ဘယ်တုန်းက ဘာဖြစ်သည်ဟု ကိုယ့်အချင်းချင်းတော်လှန်သည်။
စသဖြင့်.............

View My Stats