ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/22/10

စုံစီနဖာ

နိုင်ငံရေးပါတီများမှ ဒုတိယအင်အားအကြီးဆုံးပါတီ လူ့ဘောင်သစ်မှ လက်ရှိနိုင်ငံရေးကို ဒီလိုမြင်နေတယ်
ပါတီမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားမလိုအားမရဖြစ်နေပါတယ်။

ပြည်ထဲရေးဝန်ကြီးစကား လူ့အခွင့်အရေးသမားများ လက်မခံ Click Here

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ အပိုင်း - Click Here

သမဝါယမပိုင်အခန်းများ ပြန်အပ်ရန် ညွှန်ကြား Click Here

လက်မှတ်ဝယ်မှ ၀င်ခွင့်ရမဲ့ မေသန်းနုရဲ့ မွေးနေ့ အငြိမ့်ပွဲ

မေသန်းနုရဲ့ (၄၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်၊ အနုပညာသက်တမ်း (၂၅) နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲကို ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပမယ်လို့ သိရပါတယ်။ အလကားပွဲ (Free Show) လုပ်ရင် လူများပြီး အမှားအယွင်းဖြစ်တာကြောင့် အလကားပွဲမလုပ်ဘဲ လက်မှတ်ဝယ်မှ ပွဲကြည့်ခွင့်ရမယ်လို့ မေသန်းနုက ဆိုပါတယ်။ အငြိမ့်ပွဲ၊ တစ်ခန်းရပ် ပြဇာတ်၊ သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မှာဖြစ်ပြီး နာမည်ကျော် အနုပညာရှင်များစွာကလည်း ပါဝင်ဖျော်ဖြေ ပေးကြမှာပါ။

ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်များ ဂိုဒေါင်ချခွင့်မပေးဘဲ ဖမ်းဆီး Click Here

နာဂစ်လွန်သစ်ပင်များဖြင့် ထုလုပ်သည့် ပန်းပုအရောင်းပွဲတော်ဒုတိယအကြိမ် ကျင်းပမည် Click Here

ထိုင်းဆိုင်ကယ်များ မြန်မာဘက်မှ အ၀ယ်လိုက်၊ မြ၀တီမှတဆင့် နေ့စဉ်တင်သွင်း Click Here

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးခဲ့ Click Here

ကချင်အထူးဒေသ (၁) အဖွဲ့ပိုင်စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခံရ Click Here

လူထုဦးလှရာပြည့်အခမ်းအနားကျင်းပ Click Here

စစ်အာဏာရှင်ကြီးတွေရဲ့ အနာဂတ် (ဆောင်းပါး) Click Here

ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ Click Here

ဗေဒင်

သောကြာ သားသမီးများ

သောကြာ သားသမီးများအတွက် ဒီလဟာ အကောင်း/အဆိုး သိပ်ပြီး ပြင်းပြင်းထန်ထန် မဖြစ်နိုင်ပါ။ သင့်တင့်လျှောက်ပတ် တဲ့ လ, ဖြစ်ပါလိမ့်မယ်။ စစ်ဘက်၊ စက်မှုလက်မှု၊ ဆေးဝါးဘက် ဆိုင်ရာမှာ လုပ်ကိုင်နေသူများတော့ ရာထူး၊ဂုဏ်ထူး တက်ပြီး အကောင်းအား များနိုင်ပါတယ်။ အချို့ သက္ခတ်ညံ့သူများ နာမည် ဂုဏ်သတင်း ထိခိုက်စရာ ကြုံနိုင်ပေမယ့် သိပ် အဆိုးကြီးလည်း မဟုတ်ပါ။ ခရီးတို သွားလာရမှု များတတ်ပါတယ်။ ငွေကြေးကိစ္စနဲ့ ပက်သက်ပြီး အရှုပ်အရှင်း ပြဿနာတွေ ၀င်နိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သိပ်ပြီး အကောင်း/အဆိုး ထူးခြားမယ့် လ, မဟုတ်ပါဘူး။ သောကြာ သားသမီးများအတွက် ဒီလမှာ ဟောစရာ သိပ်မရှိပါ။

ယတြာပြုလုပ်လိုသူများအတွက် အိမ်ကဘုရားမှာဘဲ “သစ္စာပန်း” လှလှများကို ဝေဆာနေအောင် မပြတ်တန်း ကပ်လှူပေးပါ။ ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် ဒီလိုဘဲ နေအိမ်ဧည့်ခန်းမှာ သစ္စာပန်းများ အလှထိုးထားပါ။

ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ Click Here

ကဗျာမရေးဖြစ်တဲ့အကြောင်း (ကဗျာ) Click Here

Click Here မင်းဒင် (ဆောင်ပါး) ရွှေအိမ်စည်

ဘောလုံးပွဲရန်ဖြစ်ရဲအင်အားတစ်ရာကျော်အသုံးပြု Click Here



1/21/10

ဈေးကွက်စီးပွားရေးကို စစ်အစိုးရ စတင်ကျင့်သုံးပီ

ကားတင်သွင်းခွင့် နှင့် စက်သုံးဆီဆိုင်များ ပုဂ္ဂလိက လုပ်ခွင့်ပေးမည်

E-mail Print
အစိုးရပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးရန်နှင့် ပြည်တွင်းသို့ ခေတ်မီဇိမ်ခံ ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုရန် ရှိသည်ဟု ရန်ကုန်စီးပွားရေးလောကတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဦးတေဇ ၏ ထူးကုမ္ပဏီက အထက်မြန်မာပြည်ရှိ အစိုးရစက်သုံးဆီဆိုင်များကို တရားဝင် လွှဲပြောင်းရယူရန်ရှိပြီး မြန်မာ တပြည် လုံးရှိ အစိုးရ စက်သုံးဆီဆိုင်အများစုကိုလည်း ပုဂ္ဂလိကလုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေး၍ လွှဲပြောင်းရောင်းချရန်ရှိကြောင်း သိရသည်။

gas-station

ရန်ကုန်ရှိ အစိုးရ ဓာတ်ဆီဆိုင်တစ်ဆိုင် (ဓာတ်ပုံ - Reuters)

ယမန်နေ့က စတင်၍ ထိုသို့ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် ဖွင့်ခွင့်လိုင်စင်များ တရားဝင်ချထားပေးမည်ဆိုသော သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာသောကြောင့် ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ရွှေ၊ဒေါ်လာ၊အက်ဖ်အီးစီ(FEC)နှင့် ပို့ကုန်ဝင်ငွေ(Export Earning)ဈေးနှုန်းများလည်း တက်သွားသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI)မှ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

“ပုဂ္ဂလိက ဆီဆိုင်တွေဖွင့်ခွင့်ပေးမယ့်သတင်းကြောင့် စီးပွားရေး လောကမှာတော့ တော်တော်လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ ကမ္ဘာ့လောင်စာဆီဈေးကွက်နဲ့ တပြေးညီသွားမယ့် ပုံရှိတော့ ဒေါ်လာဈေး၊ရွှေဈေး ချက်ချင်းတက်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က အမေရိကန် တဒေါ်လာ ၁၀၁၅ ကျပ် မှ ၁၀၂၅ ကျပ်သို့ လည်းကောင်း၊ FEC တယူနစ် ၁၀၅၀ ကျပ်မှ ၁၀၆၂ ကျပ်အထိ လည်းကောင်း ထိုးတက်သွားကြောင်း သိရသည်။

“ကုမ္ပဏီ ဆီဆိုင်တွေကြောင့် ဒေါ်လာ၊ FEC ၀ယ်သူ များလာမှာမို့လို့ ဈေးတက်တာ၊ ကြိုပြင်ကြတဲ့ သဘောပဲ”ဟု ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။

စစ်အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များ ဒီဇယ်ဆီတရားဝင်လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၀၉ ခု နိုဝင်ဘာလ တွင် စတင်ခွင့်ပြုခဲ့ သည်။ ယခုတဖန် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ခွင့်နှင့် တရားဝင် ရောင်းဝယ် ဖောက်ကားခွင့်ပြုခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်း စက်သုံးဆီတင်သွင်းရာ၌ အရေးပါသည့် ပို့ကုန်ဝင်ငွေဈေးသည် ယမန်နေ့က အမေရိကန် တဒေါ်လာလျှင် ၁၁၃၅ ကျပ်ဝန်း ကျင်ရှိရာမှ ယနေ့ နံနက်တွင် တဒေါ်လာ ၁၁၄၅ ကျပ်သို့ ရောက်ရှိသွားကြောင်း ရန်ကုန် ပို့ကုန်ဝင်ငွေပွဲစားတဦးက ပြောသည်။

ထိုသို့ ဒေါ်လာ ဈေးတက်သောကြောင့် ယမန်နေ့က ပြည်တွင်းရွှေဈေးသည်လည်း အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ၆၁၀၀၀၀ ကျပ် မှ ၆၁၂၅၀၀ ကျပ်သို့ ရောက်သွားပြီး ယခင်ကထက် ရွှေ ၀ယ်သူများလာကြောင်း သိရှိရသည်။

“ဈေးလည်းတက်တယ်။ ၀ယ်သူလည်းများတယ်။ ဒေါ်လာဈေးကဆက်တက်ဦးမယ့်ပုံ ရှိတော့ ရွှေဈေး ဆက်တက် ဦးမယ်”ဟု ရန်ကုန် ရွှေကုန်သည် တဦးကပြောသည်။

အဆိုပါ ပုဂ္ဂလိကဆီဆိုင်များဖွင့်ခွင့်ပြုမည့်သတင်းနှင့်အတူ ပြည်တွင်းသို့ ခေတ်မီဇိမ်ခံ ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုရန် ရှိသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

ပြည်တွင်း ပုဂ္ဂလိက အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် တဦးက“အခု ခရီးသည်တင်ကားနဲ့ စက်ယန္တရားတွေ တင်သွင်း ခွင့်ပြုထားတယ်၊ အိမ်စီးဇိမ်ခံကားတွေလည်း တင်သွင်းခွင့်ပြုတော့မယ်လို့ ကြားတယ်”ဟု ပြောသည်။

စီးပွားရေးပညာရှင်တဦးက ထိုသို့ အစိုးရထိန်းချုပ်သည့် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးမှုကို ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်းရှိ ပုဂ္ဂလိက စီးပွားရေးပြိုင်ဆိုင်မှုသည် နိုင်ငံစီးပွားရေးကို မောင်းနှင်မည့်အားများဖြစ်ပြီး တိုင်းပြည်စီးပွားရေးကို တိုးတက်စေမည်ဖြစ်ကြောင်း သုံးသပ်ပြောသည်။

“ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံတွေကို အခုမှတကယ်အကောင်အထည်ဖော်တာ။ သီအိုရီ အရပြောမယ်ဆိုရင် ဒါတွေက ပုဂ္ဂလိကကဏ္ဍကို ဟိုးအရင်ကတည်းက လွှဲသင့်တာ။ ဈေးကွက်မှာ ပြိုင်ဆိုင်မှုများရင် လူတွေမှာ ရွေးချယ်မှုများလာမယ်။သူ့ထက်ငါ ပြိုင်ဆိုင်မှုများရင် တိုးတက်မှုရှိမယ်။ အဓိကအရေးကြီးတာက အစိုးရတရပ်ဟာ ပုဂ္ဂလိက စီးပွားရေးသမားတွေအားလုံးကို အခွင့် အရေး တန်းတူပေးရမယ်”ဟု သူက ပြောသည်။

မကြာသေးခင်ကလည်း စစ်အစိုးရက ပုဂ္ဂလိက ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာရန် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းကို တရားဝင် ဖွဲ့စည်းခွင့်ပြုထားသည်။

သြစတျေးလျမှာ အသက်ရှင်ဖို့ကုန်ကျစရိတ်

တောထဲမှာ နေတာမဟုတ်တော့ အကုန်အကျများတယ်။ လစာက တစ်ပတ်ကို ဒေါ်လာ ၆၀၀ ရတယ်။ အောက်က ကုန်ကျစရိတ်ကတော့ ကျနော်အိမ်ရဲ့ ကုန်ကျစရိတ်တွေပဲဖြစ်ပါတယ်။

သြစတျေးလျမှာ နေတိုင်း ချမ်းသာတဲ့လူမဟုတ်ပါဘူး။ အထင်မကြီးကြဖို့ပါ။ မရောက်ဘူး၊ မမြင်ဘူး၊ မနေဘူးတဲ့လူတွေကတော့ မသိပါဘူး။ နိုင်ငံခြားသွားတိုင်း တခါတည်း ချမ်းသာတယ်ဆိုရင်တော့ ကောင်းပါတယ်။ မြန်မာလူမျိုးတွေအယုံလွယ်ပါတယ်။ အထင်ကြီးလွယ်တယ်။ ကဲ့ရဲ့ လွယ်တယ်။ ဒါမျိုးတွေမဖြစ်အောင် အခုလိုရေးပါတယ်။

သြစတျေးလျမှာ ငွေအနည်းငယ်စုပြီး မြန်မာပြည်ကိုအလည်သွားတဲ့လူ၊ ထိုင်းကိုသွားလည်တဲ့ သူတွေ ခင်ဗျာ..စွတ်ပီးအထင်ကြီးခံရတယ်။ သြစတျေးနိုင်ငံကနေ လာတာပဲ...။ သူဌေးဆိုတဲ့ အထင်ကြီးမှုကို ရှောင်ကြပါ။ မြန်မာပြည်က အမျိုးတွေကလည်း မရောက်ဘူးတော့ မသိဘူး။ တွေ့ရင် အသေတောင်းဖို့လောက် ရှိတယ်။ ဖုန်းတောင်မဆက်ရဲတော့ဘူး။ သတိရလို့ဖုန်းဆက်တာ၊ ပိုက်ဆံပဲတောင်းနေတော့ မဆက်တာပဲ ကောင်းပါတယ်။

သြစတျေးနိုင်ငံမှာ အကြွေးတွေဗလပွ၊ တောင်းစားနေတဲ့သူတွေ၊ ခိုးစားနေတဲ့သူတွေ၊ အရက်သမားတွေ၊ လူသတ်သမားတွေ၊ အိမ်မရှိရာမရှိသူတွေ တပုံကြီး ရှိပါတယ်။

ပြည်တွင်းကအိမ်တစ်အိမ်ဟာ သြစတျေးလျက အိမ်တစ်အိမ်လောက် အလုပ်မရှုပ်ဘူး။ ခေါင်းမစားဘူး။ မလေးရှား၊ စကာင်္ပူတွေအလုပ်သွားလုပ်တဲ့အလုပ်သမားတွေ ကျောချစရာနေရာရှိရင် သူတို့အတွက်အဆင်ပြေ တယ်။ သြစတျေးလျနိုင်ငံမှာ အမြဲနေထိုင်တဲ့လူတွေကတော့ အောက်ကအတိုင်း ငွေပေးနိုင်မှ လူပီသတယ်။

Life Insurance (အသက်အာမခံ)

လုပ်ချင်လည်းရတယ်။ မလုပ်ချင်လည်းရတယ်။ ကိုယ်သေရင် နောက်က မိသားစုတွေကောင်းစားတယ်။ ဒီ အာမခံရှိရင်။ ကုန်ကျစရိတ်က တလကို ဒေါ်လာနှစ်ဆယ်လောက်ပဲ။ လျှော်ကြေးပြန်ရရင် ဒေါ်လာသန်းနဲ့ချီပြီး ရတဲ့လူတွေလည်းရှိတယ်။


Car Insurance
တနှစ်ကို ကားပေါ်မှုတည်ပြီး အကုန်အကျများတယ်။ ဥပမာ တစ်သောင်းတန်ကား ဆိုရင် Full Insurance အတွက် ဒေါ်လာ ၇၀၀ နီးပါးရှိတယ်။ မဖြစ်မနေလုပ်ရှိရမယ့်အရာဖြစ်တယ်။

Dental Insurance
မိသားစုတခုလုံးအတွက် အရမ်းအရေးကြီးတယ်။ တနှစ်ကို ဒေါ်လာ ၄၀၀ လောက်ကုန်တယ်။ သွားအတွက် ကုန်ကျစရိတ်က သြစီမှာ အရမ်းရေးကြီးတယ်။

Car Rego
ကားနံပါတ်ပြားအတွက်ပေးရတဲ့စရိတ်ဖြစ်တယ်။ တနှစ်ကို ဒေါ်လာ ၅၀၀ နီးပါးပဲ။ မပေးရင် ကားမောင်းလို့မရဘူး။ ကားမရှိရင် အလုပ်မရှိဘူး။

Petrol
ကားဓာတ်ဆီက တစ်ပတ်ကို မောင်းရင်မောင်းသလို ကုန်တယ်။ အများအားဖြင့်တစ်ပတ်ကို ၄၀ တော့ကုန်တယ်။

Ambulance Insurance(လူနာတင်ကား အာမခံ)
မလုပ်ထားရင် ရုတ်တရက် အရေးပေါ်ဖြစ်ရင် သေပြီသာမှတ်။ တခါခေါ်ရင် ၄၀၀ ကျော်ကုန်တယ်။


Phone Bill
တလကိုအနည်းဆုံး ဒေါ်လာ ၇၀ ကုန်တယ်။

Mobile Phone
တလကို အနည်းဆုံး သုံးဆယ်ကုန်တယ်။

Water Bill
တနှစ်ကို ဒေါ်လာ ၂၀၀ နီးပါးရှိတယ်။

Electricity Bill
တနှစ်ကိုဒေါ်လာ ၃၀၀ နီးပါးကုန်တယ်။

Gas Bill
တနှစ်ကို ၃၀၀ နီးပါးကုန်တယ်။

Foods
တစ်ပတ်ကို ကျနော့်အိမ်ဆိုရင် ၁၀၀ မရှိရင် ငတ်ပြီသာမှတ်။

Clothes
အကောင်းစားတခါမှ မ၀ယ်ဘူးတော့မသိဘူး။ ဈေးပေါတာကို ဆွဲတယ်။ အများဆုံးတစ်ထည်ကို ၁၀ တန်ပဲဝတ်တာများတယ်။

Family Assistance
အမေ၊အဖေ၊ မောင်နှမတွေကို တလကို ၁၅၀ လောက်တော့ကုန်တယ်။ ပြည်တွင်းကိုပေးရတာနော်။

Donation

ဘုန်းကြီးကျောင်းတွေကို လှူရတယ်။ တခါတလေ အနည်းဆုံး ၅၀ ပဲ။

Beers
ချတယ်။ ကုန်တယ်။ တလကို ၁၀၀ အနည်းဆုံး။

ဆေးလိပ်
တစ်ပတ်ကို နှစ်ဘူးတော့ကုန်တယ်။ တစ်ဘူးကို ၁၂ ဒေါ်လာ။

နွားနို့
မရှိရင် ခလေးတွေ မကြီးတော့ဘူး။ တစ်ပတ်ကို ၂၀ အနည်းဆုံးပဲ။

Nappie
ခလေးသေးသေးလေးတွေအတွက် မရှိမဖြစ်။ တလကို ၄၀ လောက်ဒိုးတယ်။

ကျောင်းစရိတ်
အစိုးရကျောင်းမှာထားတော့ ၂၀ ပဲကုန်တယ်။ တနှစ်ကို။ ဖင်ယားတဲ့ မိသားစုတွေကတော့ Private ကျောင်းမှာထားတယ်။ တနှစ်ကို ၄၀၀၀ လောက်ကုန်တယ်။

စာအုပ်ဖိုး
ပါးပါးလေးပါ။

သန့်ရှင်းရေးပစ္စည်းများ
မရှိရင် အိမ်ကိုဘာနဲ့သန့်ရှင်းရေးလုပ်မလဲ။ ပါးပါးလေးပါ။

အင်တာနက်ဖိုး
တလကို ၇၀ ကုန်တယ်။ မရှိရင် ဘလော့ဂ်ပေါ်ကနေ သူများတွေကို ဆဲလို့မရဘူး။ အင်တာနက်က မိန်းမထက် ပိုကောင်းတယ်။ အဖော်ရတယ်။

Funeral Insurance (အသုဘ အာမခံ)
အသက်ကြီးလို့သေသည်ဖြစ်စေ၊ ငယ်လို့သေသည်ဖြစ်စေ အသုဘ အာမခံမရှိရင် ကျန်ရစ်သူမိသားစု အကြွေးလည်ပင်းခိုက်ပီ။ အသုဘတခါချရင် ၁၅၀၀၀ အနည်းဆုံး။သြစီမှာ ဦးကျော်သူမရှိတော့ လုပ်ထားရတယ်။

Car Servicing
တနှစ်ကို နှစ်ခါတော့ လုပ်ရတယ်။ တခါလုပ်ရင် ၁၂၀ ကုန်တယ်။ မလုပ်ရင် ကားက မပြေးတော့ဘူး။

Rent (အိမ်လခ)

တစ်ပတ်ကို ၃၀၀ ပေးရတယ်။ လမ်းဘေးမှာ ပုခတ်ဆွဲပီး အိပ်လို့ရတဲ့ ရာသီဥတုမဟုတ်တော့ စုထားရတယ်။

ရတဲ့လစာက တပတ်က ၆၀၀ နဲ့ ၇၀၀ ကြားမှာရှိတယ်။ အိမ်နောက်ဖေးမှာ ချဉ်ပေါင်ပင်စိုက်ထားရတယ်။ ဘူးပင်ရှိရတယ်။ တခါတလေ ငပိရည်နဲ့စားရတယ်။ ဟိုပေးဒီပေး နောက်ဆုံးအရက်သမားဖြစ်တဲ့လူတွေ၊ အိမ်ထောင်ကွဲတွေတပုံကြီးဖြစ်လာတယ်။ ရှာလေကုန်လေ။ ကျားကြီးခြေရာကြီးလေ။ ဒါ့ကြောင့် ၾသစေတ်းလ်၊ အေမရိက၊ ဂျပန် အထင်မကြီးကြပါနဲ့...။ စိတ်ချမ်းသာတဲ့နေရာ၊ ပျော်စရာရှိတဲ့နေရာဆိုရင် ဘ၀အတွက် လုံလောက်ပါပြီ။

စုံစီနဖာ


အမောပြေမော်ဒယ်
From Myanmar Celebrity

- အပစ်ရပ်ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန်ခက်ခဲနေ Click Here
- သံကွင်းဆက်မောင်နှမ Click Here XXX Video
- ကပစ ၉ မှာဆန္ဒပြပွဲဖြစ်ပွား Click Here
- (ရဲဘော် ဖိုးသံချောင်း) နအဖရဲ့ ရွေးကောက်ပွဲလွန်တဲ့အခါ Click Here ဆောင်းပါး


အသက် ၂၈-နှစ်အရွယ် Supermodel Adriana Lima ကို ဘရာဇီးမှာ မှာမွေးပါတယ်။

- ဂီနီမှ သြစတျေးလျနိုင်ငံသို့ ခိုးဝင်ဖို့ပြင်နေတဲ့ မြန်မာဒုက္ခသည်များ Click Here
- လူထုဦးလှ နှစ်တရာပြည့်အထိမ်းအမှတ် (လူထုဦးစိန်ဝင်း) Click Here
- Barcamp ဖိတ်စာ (ညီလင်းဆက်) Click Here
- နှစ်ဘက်မြင်ကြည့်ခြင်း (ဦးဂင်ကြီး) Click Here
- ဦးဝင်းတင်၏ ပထမဆုံးခရီးစဉ် NLD ပါတီဝင်များနှင့် တွေ့ Click Here

ပေါ့ပေါ့ပါးပါး



ရန်ကုန်တိုင်းရှိ ၁၉၇၈ ခုနှစ် အစောပိုင်းမီတာ Box များလဲလှယ်ပေးမည့် စီမံကိန်း ချမှတ်


အရေးပေါ် သွေးလိုအပ်ပါက ၂၄ နာရီ အခမဲ့ လှူဒါန်းပေးမည်


Miss Tourism 2010 ဆုရရှိသူ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နိုင်


မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းမှ “ MFTRS for SMEs ( Part -II)” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည်


မြန်မာနှင့် ပြင်သစ် ပူးပေါင်း၍ အရုပ်ပြဇာတ်နှင့် ရုပ်သေးပွဲ ကျင်းပမည်


Dr.Khin Maung Lwin မှ ပန်းသေပန်းညှိုး ရောဂါ နှင့် သဘာဝ ဆေးပညာ အကြောင်း သိကောင်းစရာ ရှင်းလင်း ပြောကြားမည်


ကိုရီးယားသမ္မတနိုင်ငံထုတ် ခရီးသည်တင်ကား အစီးရေ ၁၀၀ ကျော်ကို ၂၀၁၀ ပြည့်နှစ် အတွင်း တင်သွင်း သွားမည်


စည်ပင်သာယာ နယ်နိမိတ်အတွင်း အိမ်မွေး တိရစ္ဆာန် မွေးမြူရာတွင် မှတ်ပုံတင်ရန်နှင့် သားဖောက် ရောင်းဝယ်ခြင်း အတွက်လည်း လိုင်စင်လုပ်ရန် လိုအပ်


မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၏ ဒသမ အကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အိမ်မွေး တိရစ္ဆာန် ပြပွဲ ပြိုင်ပွဲ ကျင်းပမည်


ပထမဆုံးသော ပုဂ္ဂလိကပိုင် ငါး သုတေသန စင်တာ ဖွင့်မည်

ဗေဒင်

ကြာသပတေး

ကြာသပတေး သားသမီးတွေ အတွက်လည်း ဒီလဟာ အထူးညံ့လှပါတယ်။ ရှောင်တခင် ရုတ်တရက် ကျန်းမာရေး၊ Accident ၊ အမှုအခင်း၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်တတ်ပါတယ်။ နာမည်ပျက်ကိန်း ရှိပါတယ်။ ဂုဏ်သိက္ခာကျစရာ အဖြစ်တွေ ဖြစ်တတ်ပါတယ်။ လူပန်ပန်း စိတ်ပင်ပန်း ဖြစ်မယ်။ ဒါပေမယ့် ငယ်ရွယ်သူများအတွက် “စန်း” ပွင့်တဲ့ လ,တစ်ခု ဖြစ်နိုင်ပါတယ်။ အချစ်သစ်တွေ့ကြုံနိုင်စရာတွေ ရှိပါတယ်။ အလုပ်အကိုင်၊ စီးပွားရေး ပိုင်းမှာတော့ ပြဿနာ သိပ် မတွေ့ရပါဘူး။ ဒါပေမယ့် ဥပဒေနဲ့ သိပ်မလွတ်တဲ့ အလုပ်တွေ လုပ်နေသူတွေတော့ အထူးသတိထားပါ။ ထောင်အချုပ် ကျကိန်း ရှိပါတယ်။ နာမည်မှာ ကြာသပတေး၊ စနေ၊ အင်္ဂါ နံတွေနဲ့ အစ, အဆုံးပြုထားသူတွေ အထူးသတိထားပါ။ ဥပမာ- မင်းနောင်/မင်းနိုင် လို နာမည်မျိုး၊ မျိုးဇော်၊ မင်းဇော် လို နာမည်မျိုး တွေ အထူးသတိထားပါ။

ယတြာပြုဖို့ကတော့ ရေသပ္ပါယ်ယတြာကို မဖြစ်မနေကို လုပ်ဖို့ လိုပါတယ်။ နောက်ပြီး ငါးအရှင် သက်စေ့လွှတ်ပေးရပါမယ်။ နောက်တစ်ခုက အိမ်ကဘုရား မှာဘဲ “ဇီးယို နဲ့ နာနတ်ယို” နှစ်မျိုးတွဲပြီး အင်္ဂါနေ့ နဲ့ စနေနေ့တိုင်း ကပ်လှူပေးပါ။ ပြီးရင် စွန့်ပစ်လိုက်ပါ။ ကိုယ်တိုင် မစားသုံးရပါ။ ဗုဒ္ဓဘာသာ မဟုတ်သူများ အတွက် အင်္ဂါနေ့ နဲ့ စနေနေ့ တစ်ခုခုမှာ ဇီးယို နဲ့ နာနတ်ယို ၀ယ်ကျွေးလိုက်ပါ။ အိမ်မှာ ရှိတဲ့ ထီးစုတ်၊ ဘိနပ်စုတ်တွေကို အမြန်လွှင့်ပစ်လိုက်ပါ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

1/20/10

ရင်ရှုပ် ရုပ်ရှင်



ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ တူမချောလေး မော်ဖူးမောင်က အောင်မြင်တဲ့ Still Model တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကြုံးဝါးပြီး မြန်မာ့မော်ဒယ်လောကထဲသို့ ၀င်ရောက်လာပါပြီ။ အခုလောလောဆယ် သရုပ်ဆောင်လုပ်ငန်းတွေကိုတော့ လုပ်ဖို့ အစီအစဉ်မရှိသေးဘဲ သီချင်းဆိုရတာ ၀ါသနာပါတဲ့ မော်ဖူးမောင်က သီချင်းဆိုဖို့ အစီအစဉ်တော့ရှိတယ်လို့ သိရပါတယ်။ "အနုပညာလုပ်ငန်းကို ဘယ်လိုအခက်အခဲမျိုးတွေရှိရှိ ကြိုးစားပြီး လုပ်ဆောင်သွားမယ်။ မော်ဒယ်ဘိုင်း ဂျွန်လွင်ရဲ့ မော်ဒယ် သင်တန်းမှာ တက်ရောက်နေပါတယ်" လို့ မော်ဖူးမောင်က ဆိုပါတယ်။

From celebrity.com

ယနေ့စုံစီနဖာ

တပ်မတော်သားများ ပြည်သူဘက်ရပ်တည်ရန် (မဒတ) ပန်ကြား

တရားဝင် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ် သက်တမ်းတိုးပေး

ကချင်အထူးဒေသ (၁) အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး
ပြည်ပရောက် မျိုးဖျက်သူတွေရဲ့ လှုပ်ရှားမှု အရှိန်မြှင့်နေ

အမြတ်များသည့်မြန်မာဆန်များ ထိုင်းဘက် နေ့စဉ်တင်သွင်း




အအေးခန်းထားသိုခနှင့် မီးသင်္ဂြိုဟ်စရိတ်များ တိုးမြှင့်မည့်သတင်း မမှန်ကန်ဟု တာဝန်ရှိသူ ငြင်းဆို
လူထုဦးလှ ရာပြည့်အခမ်းအနား ကျင်းပ
အအေးခန်းထားသိုခနှင့် မီးသင်္ဂြိုဟ်စရိတ်များ တိုးမြှင့်မည့်သတင်း မမှန်ကန်ဟု တာဝန်ရှိသူ ငြင်းဆို
အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည် (ဆောင်းပါး)
တိဗက်-မြန်မာ လူဦးရေပြဿနာ (အယ်ဒီတာအာဘော်)
ရိုးမ (ကဗျာ)
တရားမ၀င်အဖွဲ့တွေသတိပေးခံရ (ထိုင်းအခြေစိုက်)
မဝေခင်မှာ မကြွေစေချင်ပါ (ဆောင်းပါး)
နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - နိဂုံးပိုင်း
ဗုဒ္ဓဂေါတမ ၏ အဟောအပြော (၃)

မြန်မာနိုင်ငံမှ ၃၅ တန် ကျောက်စိမ်းရိုင်းတုံးကြီး သတင်း
ယနေ့ဗေဒင်

ဗုဒ္ဓဟူး။

ဗုဒ္ဓဟူး အဟုတ်ရူးပြီဟု ပြောရမည်။ ဗုဒ္ဓဟူးနံ ယ၊ရ၊လ၊ဝ နှင့်စသော အရာရှိကြီးများ သားသမီးအများအတွက်

ရတက်များကိန်းရှိသည်။ ရန်သူများကို ရဲဘက်စခန်းပို့ထားသည့်တိုင်အောင် ရပ်ကွက်ထဲတွင် ရုတ်ရုတ်သဲသဲ

ဖြစ်တတ်သဖြင့် ရယက တို့ သတိပြုနေသင့်သည်။ ယင်ကောင်လေးများကိုပင် ရင်ခုန်တတ်သော ကောင်မလေးများ

ရွဲသွားနိုင်သည်။ ရိသဲ့သဲ့ လာပြောသူများကို ရဲရဲရင့်ရင့် ရက်ရက်စက်စက်တုံ့ပြန်ရန် ရိုးရာသိုင်းများ သင်ထားသင့်သည်။

စီးပွားရေးအနေနှင့် ဝါးကျည်တောက်ရောင်းခြင်း၊ ရေထမ်းခြင်း၊ ယိမ်းကခြင်းများ အကျိုးပေးမည်။ ကျန်းမာရေးအနေဖြင့်

ရင်ခွဲရုံရောက်ကိန်းမှလွဲလျင် အားလုံးကောင်းနေသေးသည်။ ကံတက်စေရန် တခုသော တနင်္လာနေ့တွင်

တရားရုံးတစ်ခုသို့သွားပြီး တရားခအား “တရားနဲသာဖြေပါ။ တရားသူကြီးကနင့်ကို တင်းနေတယ်။ တောင်းပန်လိုက်” ဟု

တီးတိုးသွားပြောပါ။

ခရမ်းချဉ်သီးသကြားလုံးတီထွင်ထုတ်လုပ် ကင်ဆာရောဂါကာကွယ်တားဆီးနိုင်

မတူညီသော သဘာဝသုံးခုကို ဟန်ချက်ညီဖွဲ့စည်းထားသည့် ခြေတံရှည် ပန်းအိုးလေး

ထန်းတက်ဆာဗေးပညာရှင်များနဲ့ မြန်မာအီလစ်များ (လူထုဦးစိန်ဝင်း)

ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေသော NLD ပါတီ သာကီနွယ်

မွတ်ဆလင် ဘ၀နှင့် စရိုက်




1/19/10

ဘာသာရေးစော်ကားမှုရှောင်ကြစေ...

အခုတလော မျက်စိနောက်စရာ ဘလော့ဂ်တွေကို တွေ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရဘူး။

မွတ်ဆလင်ဘာသာကိုစော်ကားထားတဲ့ဘလော့ဂ်၊ ဗုဒဘာသာကို စော်ကားထားတဲ့ဘလော့ဂ် တွေအရမ်းပေါ်လာတယ်။

ဘာသာတရားဆိုတာ မကြိုက်ရင် မကိုးကွယ်ပါနဲ့...။ မည်သည့် ဘာသာကမှ သူ့ထက်သာသည် ဆိုတာမရှိပါဘူး။ ကြိုက်တဲ့ဘာသာကိုကိုးကွယ်ပါ။ တခါတည်း လေးငါးမျိုး ကိုကွယ်လည်း ရတယ်။

အခုလိုဘာသာတရားနဲ့ပက်သက်ပီးတိုက်ခိုက်တော့ ရန်ဖြစ်တာက လွဲလို့ကျန်တာအကျိုးမရှိဘူး။ မြန်မာပြည်က မွတ်ဆလင်၊ ခရာစ်ယာန်၊ ဗုဒဘာသာ၊ နတ်ကိုးကွယ်သူ၊ ဘာသာမရှိသူတွေကို သတ်လို့လည်း အကျိုးမထူးဘူး။

ဒီလိုမျိုး ဘလော့ဂ်တွေ ပေါ်လာတာ၊ ရေးတဲ့သူတွေကို ကြည့်ရင် နိုင်ငံတော်အကြီးအကဲဆိုသူတွေကို ထာက်ခံနေတဲ့ လူတွေဆီက လာကြတယ်။ ဘာရည်ရွယ်ချက်လဲမသိဘူး။

ကြိုက်မှကိုးကွယ်ပါ။ ကိုးကွယ်တယ်ဆိုတာ အားကိုရှာတဲ့သဘောပဲ။

တချို့ လူတွေက မိမိကိုယ်ကိုယ်သာ ကိုးကွယ်ရ“၏”။

အကျိုးမရှိတဲ့ ဘာသာရေးတိုက်ခိုက်မှုတွေကို ရှောင်ကြပါ။

စံစီနဖာ

ဆုမြတ်
May be Thai Girl
မိသားစု ပျော်ပျော်ပါးပါး
ယနေ့သတင်းစုံ
နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်) - ၁
မေးခွန်းလေးသုံး
ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ
မျက်ရည်ဥရေးသူ- မောင်ပန်းမွှေး
ကရင်အမျိုးသားအစည်းအရုံးပြည်သူလူထုထံသို့ပန်ကြားချက်
ဒေါ်စုအယူခံကို တရားရုံကြားနားအန်အယ်လ်ဒီူပည်နယ်၊တိုင်း ဗဟိုအလုပ်အမဆြောင်သစ်ူပင်ဆင်ဖြဲႛစည်းမည်

ရက်ကွက်ထဲမှာ ဒီလိုရှိနေတယ်

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေငြာချက် (၂၀၁၀ )

ဘလော့ဂ်တွေမှာ ထုံးစံလိုဖြစ်နေတာက ကိုယ်နှစ်သက်တဲ့ လင့်တွေပဲ ထားကြတယ်။ စစ်အစိုးရကို ဆန့်ကျင်သူက သူကြိုက်တဲ့ စစ်အစိုးရဆန့်ကျင်သူတွေရဲ့ ဘလော့ဂ်လင့်တွေချိတ်ပေးတယ်။ စစ်အစိုးရထောက်ခံသူကလည်းထိုနည်းလည်းကောင်း။ မြန်မာလူငယ်တွေရဲ့ အပြာဆိုက်လည်း တူရာတူရာစုတယ်။ စာရေးဆရာတွေလည်း တူရာတူရာစုတယ်။ သတင်းသမားတွေလည်း သူအုပ်စုနဲ့သူ။

ကျနော် ဘလော့ဂ်ထုံးစံကို ချိုးဖောက်ပြီ။

အားလုံးကို ကျနော့်ဘလောဂ့်မှာ လင့်ချိတ်ပြီ။ အပြာဘလော့ဂ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အတိုက်အခံ၊ သူပုန်၊ စုံစေရမယ်။ ကာယကံရှင်များကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျနော်တော့ လုံးဝဂရုမစိုက်ပါ။

1/18/10

ကျနော်အဖေစစ်သား၊ ချစ်သလားတော့မမေးနဲ့-၃

အရာရှိမှာတောင် နှစ်မျိုးဖြစ်နေတယ်။ ၁၀-တန်းအောင်ပြီး DSA သွားတာနဲ့ တစ်ကြပ်ကြီးစာရေးကနေ ဗိုလ်သင်တန်းပါတယ်ဆိုတဲ့ OTS ဖြစ်ပါတယ်။ အိုတီအက်စ်က ပိုပြီး ရဲဘော်တွေရဲ့ ဘ၀ ပိုနားလည်တယ်။ သူက ရဲဘော်ဘ၀ကနေအရာရှိဖြစ်တာဆိုတော့ တပ်ထဲမှာ ဆက်ဆံရတာပိုအဆင်ပြေတယ်။ DSA ကဆင်းတဲ့ကောင်တွေက စောင့်ကြွားကြွားနိုင်တယ်။ တပ်ထဲမှာ သူတို့ကိုသူတို့ဘုရင်များလားလို့တောင် ထင်ရတယ်။

လိုင်းခန်းထဲကို အရာရှိတွေလာခဲတယ်။ ရဲဘော်တွေနဲ့အတူလက်ရေတပြင်တည်း ထမင်းစားတဲ့အရာရှိမရှိဘူး။ အနိုင်ကျင့်တဲ့ အရာရှိတွေအများကြီးပဲ။ ရဲဘော်တွေအပြင် သူ့တို့ရဲ့ သားသမီးတွေကိုတောင် သူတို့ရဲ့ ရဲဘော်၊ ခိုင်းဘက်လို့ထင်နေကြတာ။

တနေ့မှာ တပ်ရဲ့ အုပ်ချုပ်ရေးမှုးတဦးဖြစ်တဲ့လူက အဖေကို ငါးကန်ဆယ်ဖို့အမိန့်ပေးတယ်။ သူက ဗိုလ်မှုးအဆင့်နဲ့။ အသက်က အဖေ့ထက်ငယ်တယ်။ ငါးကန်က အကျယ်အ၀င်းမီတာ ၁၀၀ ပတ်လည်လောက်ရှိတယ်။ ငါးကန်ထဲမှာ ဒိုက်တွေ၊ ဗေဒါတွေအပြည့်ပဲ။ ငါးကန်ရဲ့ ဘေးမှာ ကျက်ခြံရှိတယ်။

ကျက်တွေနာလို့သေရင် ငါးကန်ထဲကိုပစ်ချတယ်။ ငါးကန်ထဲက ငါးရှဉ်တွေကတော့အကြိုက်ပဲ။ အဖေနဲ့ကျနော်လည်း ဒီဂွင်ကိုမြင်လို့အုပ်ချုပ်ရေးမှုးပေး ၈၀၀-ကျပ်နဲ့ ငါးကန်ဆယ်မဲ့အလုပ်ကို လက်ခံလိုက်တယ်။ သူငယ်ချင်းအပါအ၀င် ငါးကန်ကို လူသုံးယောက်ရှင်းလိုက်တာ ၂-ရက်အတွင်း ပီးတယ်။ ငါးတွေ၊ ငါးရှဉ့်တွေထင်သလောက်မရဘူး။

တပ်ထဲက ကိုယ့်ထက်သွက်တဲ့ကောင်တွေက ငါးရှဥ့်ထောင်တာဆိုတော့။

ငါးကန်ပီးလို့ အုပ်ချုပ်ရေးမှုးက ချက်ခြင်း ငွေမရှင်းပေးဘူး။ အဖေက သူ့အထက်အရာရှိဆိုတော့ မတောင်းရဲဘူးကြောက်တယ်။ ကျနော်ကလည်း ငွေရရင် ကိုယ်သုံးချင်တာသုံးလို့ရမယ်ဆိုပီး အဖေ့ကို ပူဆာတယ်။

အဖေမတောင်းရဲရင် ကျနော်တောင်းမယ် ဆိုပီး…အုပ်ချုပ်ရေးမှုး ရုံးခန်းထဲကို မြတ်ရှင်းတဲ့ဓားရှည်နဲ့ ရွံဗွက်တွေပေကျံပီး ၀င်သွားတယ်။ အုပ်ချုပ်ရေးမှုးရုံးခန်းက တပ်ရင်းဌာနချုပ်မှာရှိတယ်။ ဘေးမှာက တပ်မှုးရုံးခန်းရှိတယ်။ အစောင့်ရဲဘော်ကြီးတစ်ဦးက ရွံဗွက်တွေနဲ့ပေနေတဲ့ ကျနော့်ကိုအံ့သြပြီး မင်းဘာလာလုပ်တာလဲမေးတယ်။ ကျနော်ကို အုပ်ချုပ်ရေးမှုးခေါ်လို့လာတာဆိုပီး လိမ်ပြီး ဗိုလ်မှုးအခန်းထဲကို ၀င်သွားတယ်။ အုပ်ချုပ်ရေးမှုးလည်း အံ့သြပြီး ဘာလာလုပ်တာလဲမေးတယ်။ ကျနော်က ငါးကန်ရှင်းပြီးဖြစ်တယ်။ ငွေလာတောင်းတာ။ အခုလိုချင်တယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှုးက မင်းအဖေကိုလွှတ်လိုက်လို့ပြောပီး ကျနော့်ကိုပြန်ခိုင်းတယ်။

နောက်နေ့မနက်ပိုင်းတန်းစီတော့ လူတွေအရှေ့ မှာ ကျနော့်အဖေကို မိုက်မိုက်ရိုင်းရိုင်းပြောတယ်။ ခင်ဗျားသားက ကျုပ်လိုအရာရှိကို မခန့်လေးစားလုပ်တယ်။ နောက်တခါဆိုရင် နာပီသာမှတ်လို့ကြိမ်းတော့ အဖေလည်းရှက်ပီး ကျနော်ကို တီးပါလေရော။ လုပ်အားခ ၈၀၀ ကိုသုံးလလောက်စောင့်ပီးတော့မှ ရတယ်။ ခိုင်းလည်းခိုင်းသေးတယ်၊ ပေးတော့ သူ့အိပ်ထဲက စိုက်ပေးရတဲ့ပုံစံမျိုး၊ ကျွန်တစ်ယောက်လိုဆက်ဆံတယ်။ သြော်…ကိုယ့်ချွေနည်းစာတောင်းတာ တောင် ကြောက်နေရတဲ့ဘ၀ပါလားလို့ အခုမှ စဉ်စားမိတယ်။


စစ်သားသမီးဘယ်တော့မှ စစ်ထဲမ၀င်ဘူး


ရှိတော့၊ ရှိတယ်။ ရှားတယ်။ DSA တို့၊ OTS တို့ဝင်ခွင့်ရှိတဲ့သူတွေဆိုရင်တော့ စစ်ထဲဝင်ပါတယ်။ သာမန်ကျနော်တို့လို့ စစ်သားသမီးကတော့ ရဲဘော်ဘ၀နဲ့ ဘယ်တော့မှ ၀င်လေ့မရှိဘူး။ ကိုယ့်မျက်စိရှေ့ မှာ၊ ဖြစ်နေတဲ့အရာတွေအားလုံးကို သိနေတယ်။ ကိုယ့်အဖေတောင်ထွက်ပြေးရင် ထောင်ကျမှာစိုးရိမ်တဲ့အတွက်၊ အပြင်မှာထွက်နေဖို့ အိမ်မရှိတဲ့အတွက်၊ စတဲ့ ပူပန်မှုတွေနဲ့ တပ်ကမထွက်ကြတာ။ နောက်ပီး စစ်သားလူထွက် တွေအပြင်မှာ ဘယ်လိုမှ အလုပ်မလုပ်တက်ဘူး။ ဘာမှတက်ကျွမ်းတဲ့အသက်မွေးဝမ်းကျောင်းပညာကို တက်ထားတာမရှိဘူး။

အရာရှိသား၊ သမီးတွေ၊ တချို့ ပိုင်ရာဆိုင်ရာသားသမီးတွေကျတော့ သူတို့ဆရာကြီးတွေကနေတဆင့် ဗိုလ်သင်တန်းတက်ခွင့်ရရင်တော့ ၀င်ကြတယ်။ ဥပမာ…၀န်ကြီး ဦးအောင်သောင်းရဲ့ တူ ဗိုလ်မှုးချုပ် တစ်ယောက်က စစ်လက်နက်ပစ္စည်းတပ်ရင်းတခုမှာ ရှိနေတယ်။ သူ့ရဲ့ တူဖြစ်သူဟာ လွန်ခဲ့တဲ့နှစ် ၅-နှစ်လောက်က DSA ဆင်းတယ်။ DSA သင်တန်းဆင်းပွဲမှာ ဒုတိယ ရတော့၊ TV ကနေကြည့်နေတဲ့ ဦးလေးဗိုလ်မှုးချုပ်ကပြောတယ် “ဒီကောင်များများဖားပါလို့ဆိုနေတာ၊ အခုတော့ဒုတိယပဲရတယ်” လို့ဘေးက တစ်ကြပ်ကြီးတစ်ယောက်ကိုပြောတယ်။ တစ်ကြပ်ကြီးကကျနော်ကိုပြန်ပြောပြတယ်။


သူ့တူဗိုလ်သင်တန်းဖြေတာက ဗိုလ်ရွေးကိုသွားစရာမလိုဘူး၊ တခါတည်းအောင်ပြီးသား၊ ဗိုလ်သင်တန်းတက်တော့လည်း သင်တန်းဆရာနဲ့ပေါင်းပြီး သက်တောင့်သက်သာအလုပ်ရတယ်။ ရှေ့ တန်းလည်းထွက်စရာမလိုဘူး။ ဒီလိုမျိုးတွေရှိနေတယ်။ ဒါတွေကို တပ်က အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေသိနေတယ်။ ဒါပေမဲ့ ဘယ်သူမှ မတရားဘူးလို့မပြောရဲဘူး။

ထူးခြားတာတခုက စစ်သားသမီးတွေ ၁၀တန်းအောင်လို့၊ အသက်မှီရင် ဗိုလ်သင်တန်းတက်ခွင့်ကို တပ်က တပ်မှုးကလုပ်ပေးတယ်။ ပထမတော့ ကျနော်လည်း ဗိုလ်ရှုးပါပဲ။ ၁၀-တန်းမအောင်၊ အသက်ကလည်းမမှီဆိုတော့ ခြေထောက်မပြတ်တာပဲကံကောင်းတယ်လို့ပြောရတော့မယ်။

ဆက်ရန်-

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးရဲ့ ဟာသ...

ကိုရုပ်ကြီးဆိုတဲ့လူဟာ လူကောင်ကြီး၊ တကိုယ်လုံးမှာ အရုပ်တွေနဲ့မို့သူ့ကို ချစ်တဲ့သူတွေက အရုပ်ကြီးလို့နာမည်ပေးတယ်။ အရက်၊ ဘီယာ ချသလားတော့မမေးနဲ့...။ အလုပ်ကအပြန် အပန်းဖြေသဘောနဲ့။ အယ်ကိုဟောသမားတော့မဟုတ်ဘူး။

သြစီက စက်ရုံတခုမှာအလုပ်လုပ်တယ်။ သူ့ရဲ့ သူငယ်ချင်းတွေ နယူးဇီလန်၊ ထိုင်း၊ မလေးရှားကို နှစ်စဉ် ဒီဇင်ဘာလဆိုရင် ဟောလီးဒေးထွက်ကြတယ်။ အပြန်ကြရင်သူ့အတွက် လက်ဆောင်ဝယ်လာလေ့ရှိတယ်။

တနေ့မှာ သူငယ်ချင်းအဖြူတစ်ယောက်ကသူ့ကိုမေးတယ်။ ငါတို့ နယူးဇီလန်သွားရင် သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်တဲ့အကောင်ပါတဲ့ ရုပ်ပုံတခုခုတော့ ၀ယ်ပြီး သူငယ်ချင်းတွေကိုလက်ဆောင်ပေးတယ်။ ဥပမာ နယူးဇီလန်ဆိုရင် ကီဝီငှက်ပုံပါတဲ့ Aminal ပုံ တခုဝယ်လာပြီး သူငယ်ချင်းတွေလက်ဆောင်ပေးတယ်။ သူ့နိုင်ငံရဲ့ အထိမ်းအမှတ်ပေါ့။

ထိုင်းနိုင်ငံသားဖြစ်တဲ့ ကိုရုပ်ကြီးရဲ့ သူငယ်ချင်းကလည်းထိုင်းကိုသွားရင် ကိုရုပ်ကြီးအတွက် သူ့နိုင်ငံအထိမ်းအမှတ်ဖြစ်တဲ့ ဆင်ပုံပါတဲ့အရုတ်တခုပေးတယ်။

သူတို့က ကိုရုပ်ကြီးကိုမေးတယ်။ မင်းတို့မြန်မာနိုင်ငံမှာကော ငါတို့လို နိုင်ငံတွေလိုအထိမ်းအမှတ်ဖြစ်တဲ့ တိရိစာန်ပုံတွေရှိလားလို့မေးတယ်။ ကိုရုပ်ကြီးပြောတာကတော့-

" ငါတို့နိုင်ငံရဲ့ တိရိစာန်ဆိုလို့ သန်းရွှေပဲရှိတယ်" လို့ပြောတယ်။

ဒီမှာ အခြားနိုင်ငံသားတွေဖြစ်တဲ့ နယူးဇီလန်၊ ထိုင်း၊ အာဖရိကနိုင်ငံသားတွေထင်သွားတာက မြန်မာနိုင်ငံရဲ့ တိရိစာန်ဟာ သန်းရွှေဖြစ်တယ်ပေါ့...။

မှတ်ချက်။ မရေးတက်လို့ ရေးတက်သလိုရေးပါတယ်။ သူငယ်ချင်းတွေဟားဟားဖြစ်အောင်ရည်ရတဲ့ ဟာသကို အပြင်မှာမြင်စေချင်ပါတယ်။

1/17/10

ကျနော့်ညီတောင်ကျနော့်ကို မထောက်ခံဘူး

ကျနော့်စိတ်ထင် ဒီကောင် သူ့အဖေစစ်သား၊ ကုန်းကောက်စရာမရှိအောင်ဆင်းရဲခဲ့တယ်ဆိုတာကို ရှက်နေတဲ့ပုံပဲ။ သူ့စိတ်ထင် အခု သြစီမှာနေရတာ တော်တော်ချမ်းသာသွားပီလို့ထင်နေလားမသိဘူး။ နောက်ပီး အရင်ဘ၀ဟောင်းကို အင်တာနက်မှာ ရေးတာရှက်စရာထင်နေလားမသိဘူး။ အောက်ခြေမလွတ်အောင်၊ လူရှေ့ မှာ စောင့်ကြွားကြွားမဖြစ်အောင်၊ ဘ၀သိအောင်၊ ဘ၀နာအောင်၊ ကျိုးစားချင်စိတ်ရှိအောင်ဆိုပီး သူရေးတဲ့ မှုရင်အတိုင်းတင်ပေးလိုက်တယ်။ ကျနော်တို့ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ကြပီ။

ကိုကြီး

ကိုကြီးက ဘယ်လမ်းကြောင်းကို လျှောက်နေတာလဲ။ ကိုကြီးလုပ်နေတဲ့အလုပ်တွေကို သေသေချာချာ ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးကြည့်ဖူးလား။ အခုကိုယ်ကြီးဘလော့ဂ်မှာရေးနေတဲ့အရေးအသားတွေက အဖွဲ့အစည်းတစ်ခုက ဘာမှသုံးမရလို့ အပြင်ကိုမောင်းထုတ်ခံလိုက်ရတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်က သွေးရူးသွေးတန်းနဲ့ ရှက်ရမ်း ရမ်းပြီး တွေ့ရာမြင်ရာ အော်ဆဲနေသလိုပဲ။ ကိုယ်ကြီးဘလော့ဆိုတာလည်း တကယ့်အမှိုက်ပုံတစ်ခုလိုပဲ။

ကိုကြီးမှာရှိနေတဲ့အရာတွေနဲ့ ကိုယ်ကြီးလုပ်နေတဲ့တာတွေက တခြားစီပဲ။ ကိုယ်ကြီးကျောင်းတက်ပြီး စာတွေဖတ်နေပေမယ့် တကယ်းတမ်းအပြင်မှာ လုပ်နေတာတွေက စာမတက်တဲ့ သူတစ်ယောက်ရဲ့ အပြုအမူမျိုးတွေလုပ်နေတယ်။ ကိုယ့်ဟာကို လုပ်ချင်တာလုပ်ပေမဲ့ ကိုယ်လုပ်တဲ့အရာက ကိုယ့်သမိုင်းကို ကိုယ်ဖော်ပြနေတာပဲ။ တကယ်တမ်းကိုယ်ကို့ကိုယ် ပြည့်ဝတဲ့ သူလို့ သတ်မှတ်ထားရင် ကိုယ်ကြီးလုပ်နေတဲ့အလုပ်တွေကို သေသေချာချာ ပြန်လေ့လာစေချင်တယ်။

သူများကိုဝေဖန်မယ်ဆိုရင်လည်း အချက်အလက်ကျကျနဲ့ ပြန်ဝေဖန်ပေါ့။ အခုတော့ ကိုယ်ကြီးဟာက ထိုင်ဆဲနေတယ်။

နောက်တစ်ခုက ကိုယ်ဘယ်လို ဘ၀မျိုးကလာသလဲဆိုတာ အဓိကမကျဘူး။ ကိုယ်ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာ အဓိကကျတယ်။ အထူးသဖြင့် ကိုယ့်ဘ၀မှာ အားနည်းခဲ့တာတွေ စိတ်မကောင်းစရာတွေကို မေ့ပစ်သင့်ရင် မေ့ပစ်ရတယ်။ ဒါကို ဘ၀မေ့တယ်လို့မခေါ်ဘူး။ ကိုယ့်အတွက် ဘာမှ အကျိုးမရှိတဲ့အရာတွေ လူတွေကို မေ့ပစ်သင့်ရင် မေ့ပစ်တာအကောင်းဆုံးပဲ။ အထူးသဖြင့် ကိုယ့်မိသားစုကို တချိန်ကျရင် ထိခိုက်လာနိုင်တဲ့ လုပ်ရပ်တွေကို ကိုကြီး စဉ်းစားပြီးလုပ်စေချင်တယ်။ မျက်စိတစ်စုံးမကြည့်ပဲ လူကြီးဆန်ဆန် ကိုယ်ကြီးလုပ်စေချင်တယ်။

ကိုယ်ကြီးလုပ်နေတဲ့အရာတွေက တခဏလေးနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ရေရှည်သွားရမှာ။ ကိုယ်ကြီးအခုလုပ်နေတာတွေက ကိုကြီးကို သူများက ထောက်ပြနိုင်အောင် ကိုယ့်အားနည်းချက်တွေ ဖော်ပြနေသလိုပဲ။

ကိုယ်ကြီးကိုကြည့်ရတာ အပြင်ပိုင်းမှာ တည်ငြိမ်တယ်ထင်ရပေမယ့် တကယ်တန်း အတွင်းစိတ်က မတည်ငြိမ်ဘူး။ အခုကိုယ်ကြီးလုပ်နေတာတွေကို သေသေချာချာလေး ကိုယ့်ကိုကိုယ်ပြန်ဝေဖန်စေချင်တယ်။
မဟုတ်ရင် ကိုကြီးမိသားစု ရဲ့ သမိုင်းကို ကွေးအောင်လုပ်နေတာနဲ့ တူနေပြီ။

ရိုင်းပြသွားရင် ခွင့်လွှတ်ပါ။


လင်းလင်း

ကျနော့်အဖေစစ်သား ချစ်သလားတော့မမေးနဲ့ - ၂

အရပ်သားတွေဆင်းရဲတာ စစ်သားတွေကို မမှီပါဘူး

တပ်ထဲမှာ ကြားပေါက်မရတဲ့ တချို့ ရဲဘော်တွေဆိုရင် ဆင်းရဲတာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတယ်။ ဘယ်လိုမျိုးဆင်းရဲလဲဆိုရင် စားခါနီးမှ သူများအိမ်မှာ သွားပီး ဆန်ချေးရတာမျိုးတောင် ရှိတယ်။ တပ်မှုးအိမ်မှာ ထမင်းချက်ရတဲ့ ရဲဘော်ရဲ့ မယားရှိတယ်။ ပြန်လာမှ သူတို့အိမ်က ကျန်တဲ့ထမင်း၊ဟင်းကို ယူလာပြီး အိမ်က မိသားစုကိုကျွေးရတဲ့ အိမ်ထောင်စုတွေရှိတယ်။

အရာရှိတိုင်းမှာ ဘက်စ်မန်းလို့ခေါ်တဲ့ အရာရှိရဲ့ ကျွန်လိုမျိုးရဲဘော်တစ်ယောက်စီခံစားခွင့်ရှိတယ်။ အရာရှိဆိုးရင်ဆိုးသလို အဲဒိဘက်စ်မန်းလည်း နာပါတယ်။ အရာရှိရဲ့ မိန်းမကပါ ထမိန်းလျှော်ခိုင်းတာတို့၊ သူမရဲ့ အတွင်းခံလျှော်ခိုင်းတာတောင်ရှိတယ်။ ပြီးရင်တော့ အရာရှိကတော်က သနားစာအဖြစ် ငွေကြေးနည်းနည်းနဲ့ ဆန်လေးဆီလေး ပေးပါတယ်။ ဒီလိုမျိုးပဲ တပ်ထဲမှာ ကြားပေါက်မရှိတဲ့လူက ရှာစားရတယ်။

တပ်ပြင်ထွက်ပြီး ကူလီထမ်းဖို့၊ အလုပ်လုပ်ဖို့၊ ဆိုတာ ရဲဘော်တွေအတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတော့ ခလေးငယ်ငယ်တွေမွေးထားတဲ့ ရဲဘော်တွေဆိုရင် တပ်ထဲမှာ အရာရှိကျွန်ပုံစံလိုမျိုး၊ သူတို့အိမ်တွေမှာ အလုပ်လုပ်ရတယ်။

တွေ့ဘူးတဲ့အကြောင်းပြောပြမယ်။ ကျနော့်တို့အိမ်ရဲ့ နောက်ဖေးအိမ်က တစ်ကြပ်ကြီးတစ်ယောက်ရဲ့ မိန်းမဆိုရင် ညနေစောင်းတာနဲ့ လက်မှာ ဆပ်ပြာတုံးလေးကိုင်ပြီး ဗဟိုနိုင်ငံရေးတက္ကသိုလ်နားက အရိုးကုဆေးရုံဘက်ကို နေ့တိုင်းသွားပါတယ်။ မနက်မှပြန်လာလေ့ရှိတယ်။ အရိုးကုဆေးရုံမှာက ဆေးရုံတက်တဲ့ခြေပြတ်လက်ပြတ် စစ်သားတွေရှိတယ်။ သူတို့ကလည်း မိန်းမနဲ့ဝေးပြီးနယ်က ဆေးရုံတက်တဲ့လူတွေများတော့ အပျော်မတွေရှာတယ်မဟုတ်လား။

ဒီတပ်ကြပ်ကြီးက သူ့မိန်းမ ဒီလိုလုပ်တာကို သူသိပါတယ်။ တပ်ထဲက မိသားစုဝင်တွေအားလုံးလည်း သိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ သူတို့မိသားစုကို နစ်နစ်နာနာ မပြောကြဘူး။ တစ်ယောက်နဲ့တစ်ယောက်နားလည်တဲ့ပုံပါပဲ။ သူ့အလုပ်သူလုပ်...ကိုယ့်အလုပ်ကိုယ်လုပ်။

သူမမှာ ကလေးနှစ်ယောက်ရှိတယ်။ မိန်းခလေးနဲ့ယောက်ျားလေးပါ။ ခလေးတွေက အဲဒိတုံးက အသက် ၁၂ နှစ်အရွယ်လေးတွေ။ ဒီလိုပဲ တပ်ကြပ်ကြီးမိန်းမက သူ့မိသားစုကို သူမှာရှိတဲ့ပညာနဲ့ တဘက်က ထောက်ပံ့ပေးရတယ်။ အရပ်သားတွေဆင်းရဲတာဟာ လွတ်လွတ်လပ်လပ် အပြင်မှာ အလုပ်ထွက်လုပ်ခွင့်ရှိတယ်။ စစ်သားတွေမှာ တပ်ပြင်ထွက်ပြီးအလုပ်ထွက်လုပ်ဖို့တာ လွယ်တဲ့အလုပ်မဟုတ်တော့ နောက်ဆုံးတော့ တပ်ထဲက ရဲဘော် ၇၅% လောက်က အရက်သမားဖြစ်ကုန်ကြတယ်။ ကျနော်တပ်ထဲမှာပြောနေကြစကားရှိပါတယ်။ အရပ်သားတွေဆင်းရဲတာသနားတယ်ဆိုတဲ့စကားပါ။

ဆေးရုံတက်ရခြင်း

၁၉၉၂ ပတ်ဝန်းကျင်လောက်က မင်္ဂလာဒုံစစ်ဆေးရုံမှာဆေးရုံတက်ရတယ်။ ငှက်ဖျားရောဂါနဲ့ အထူးဆောင်မှာတက်ရတယ်။ အဲဒိမှာ အနယ်နယ်အရပ်ရပ်က လာတဲ့ ရဲဘော်တွေအများကြီး။ ကျနော်တို့တက်တဲ့အထူးဆောင်ရဲ့ အနောက်မှာ အရူးထောင်ရှိတယ်။ စိတ်ဝေဒနာသည် ရဲဘော်တွေအတွက် အချုပ်ထောင်သေးသေးလေးပါ။ မရှုးပဲနဲ့ရူးချင်ယောင်ဆောင်တဲ့ ရဲဘော်တွေများတယ်။ အရူးလက်မှတ်ရမှ သူတို့တပ်ကထွက်လို့လွယ်တယ်လို့ဘေးက ဦးလေးကြီးတွေကပြောပြတယ်။

တနေ့မှာ ဗိုလ်ချုပ်မြင့်အောင်နဲ့အဖွဲ့ ရဲဘော်တွေကို လက်ဆောင်လိုက်ပေးတယ်။ အဲဒိတုံးက ဘာ့ကြောင့်ပေးလဲဆိုတာမသိရဘူး။ နောက်ပိုင်းမှ သိရတာက မဲသဝေါတို့၊ မာနယ်ပလောတို့ကိုတိုက်နေတဲ့အချိန်ဆိုတော့ လူနာတွေ ဆံ့တောင်မဆံ့တော့ဘူး။ သူတို့ရှိတဲ့ ခြေပြတ်လက်ပြတ်အဆောင်ကို မသွားရဲဘူး။ အရမ်းနံတယ်။ မသေခင်ခြေထောက်တွေလက်တွေပုပ်နေကြပီ။ ဒါတွေကို လိုက်အားပေးတာပါ့။

ကျနော်ကဒီအချိန်မှာ ကလေးအရွယ်ပဲ ဘာမှမသိဘူး။ သူလာပေးတော့ အရမ်းပျော်တယ်။ မုန့်တွေအများကြီး၊ လက်ဆောင်တွေအများကြီးရတယ်လေ။ လူနာတစ်ယောက်ခြင်းဆီကို စစ်ပုံစံကုတင်ပေါ်မှာထိုင်ခိုင်းပြီး စနစ်တကျလက်ခံယူရတယ်။မှတ်မှတ်ရရ သူကမေးတယ်။ သား..ဆေးရုံမှာတက်ရတာအဆင်ပြေလားပေါ့..။ ကျနော်က..ဟုတ်ကဲ့လို့ပြောပါတယ်...ဒါပေမဲ့ ကျနော်ပေါင်မုန့်မစားရဘူးလို့ပြောမိတယ်..။ နောက်နေ့ကြတော့ စစ်ဆေးရုံဖိုကြီးက ရဲဘော်တွေလာပြီး ကျနော့်ကိုဆဲပါလေရော...မင်း..စောက်ပါးစပ်တိတ်တိတ်နေတဲ့...။ နောက်မှ သိရတယ်။ မင်းကြောင့်...ဖိုကြီးက စားဖိုမှုးပြုတ်သွားတယ်။

ဗိုလ်ချုပ်တင်ဦးကို ခိုးကြည့်ခြင်း

လှသောင်းကျောင်းကို အတွင်းရေးမှုး ၂ ဗိုလ်ချုပ်တင်ဦးအလည်လာတယ်။ အောင်ချက်ကောင်းတယ်၊ စည်းကမ်းကြီးတဲ့ကျောင်းဆိုပီးအားပေးတယ့်သဘောနဲ့ပါ။ သူလာတော့ ထုံးစံအတိုင်း ဟိုအက၊ ဒီအကနဲ့ကြိုဆိုရတယ်။ ကျနော်က အမျိုးသားအားကစားပွဲတော်မှာ သိုင်းအလှပြလုပ်တာဆိုတော့၊ ကျနော်တို့အဖွဲ့လည်းပါတယ်။ ကျောင်းအုပ်ဆရာကြီး ဗိုလ်မှုး စိန်ဝင်းက ဗိုလ်ချုပ်တင်ဦးကို ဖားလိုက်တာအရမ်းပဲ။ သူ့ကိုကျောင်းသားတွေက ကျောက်ရှုးစိန်ဝင်းလို့ခေါ်တယ်။ သူ့မျက်နှာမှာ ကျောက်ပေါက်မာတွေအများကြီးနဲ့ အမြဲတမ်း အရက်မှုးနေလို့။

ကျောင်းရဲ့ ခန်းမမှာ ဗိုလ်ချုပ်တင်ဦးနဲ့အဖွဲ့အခမ်းအနားကို ရှု့ ရှားတော်မှုတယ်။ ဘေးနားမှာက အူဇီကိုင်ထားတဲ့ ကိုယ်ယံတော်တွေအများကြီး။ အဘိုးကြီးအနားကိုဘယ်သူမှ ကတ်မရအောင်။ ကျနော်အရမ်းစပ်စုချင်တယ်။ ဗိုလ်ချုပ်တင်ဦးထိုင်တဲ့ ခုံရဲ့ အနားမှာ ပြတင်းပေါက်ရှိတယ်။ အဲဒိနားမှာ သက်တော်စောင့်ကြီးက အူဇီကြီးနဲ့၊ ဆရာမတွေကို ငန်းနေတဲ့အချိန်။ လစ်တာနဲ့ ကျနော်သွားပီးကြည့်တယ်။ ဗိုလ်ချုပ်တင်ဦးဆိုတာသူလားပေါ့။ တခါမှ အပြင်မှာမမြင်ဘူးလို့။ တီဗွီထဲမှာအမြဲတမ်းမြင်ဘူးတာဆိုတော့ ဘာများကွာလဲ.။။ ချောလား၊ ရုပ်ရှင်မင်းသမီးမင်းသားတွေကို သူ့ပရိတ်သတ်က လိုက်ပြီးချောင်းတဲ့ပုံစံမျိုးကြည့်တာပါ။

ကျနော်ပြတင်းပေါက်ကို ကတ်သွားတဲ့အချိန်၊ အူဇီကိုင်ထားတဲ့ငနဲက မမြင်ဘူး။ မြင်တာက ဗိုလ်ချုပ်တင်ဦးဘေးမှာ ဖားနေတဲ့ ကျောင်းအုပ်ဆရာကြီးကျောက်ရှုးက မြင်သွားတယ်။ အဲဒိမှာဆဲပါလေရော...။ မင်း...မလားရဘူးဆိုတာမသိဘူးလား...။ ထွက်သွား...မင်းအတန်းပိုင်ဘယ်သူလဲ။။။ မေးလိုက်တာမှအများကြီး...။ ဒီအချိန်မှာ အူဇီကိုင်တဲ့ ရဲဘော်ကြီး ပြောတယ်...ညီလေးသွားတော့တဲ့...အဘိုးကြီးနားကို ဘယ်သူမှမကတ်ရဘူး။ ကျနော်လည်း ရှက်ရှက်နဲ့ထွက်ခဲ့တယ်။ ဒါက မှတ်မှတ်ရရလေးဆိုတော့...။ အဲဒိအချိန်မှာ ကျနော်ခံစားချက်က ငါ ကြီးလာရင် ဗိုလ်ချုပ်တင်ဦးလို ဖြစ်ချင်လိုက်တာလို့...။

ဗိုလ်မှုးစိန်ဝင်းက ၉-တန်းကို အခမဲ့အအောင်ပေးခြင်း

၉၆-၉၇ ပညာသင်နှစ်မှာ ကျနော် ၉-တန်းကျောင်းသားဖြစ်ပါတယ်။ အမျိုးသားအားကစားပွဲတော်ရှိတယ်။ မြန်မာ့ခရီးသွားနှစ်ပွဲတော်လည်းရှိတယ်။ ကျောင်းတိုင်းက တစ်ကျောင်းကိုအယောက် ငါးဆယ်လောက်လိုက်ရတယ်။ အဲဒိပွဲတွေမှာသိုင်းအလှက၊ ဗ၀ါးကဖို့။ ကျနော်လည်း ပါတယ်။ ကာယဆရာမက က ဖို့အတွက် ခေါ်တယ်။ ကျနော်တို့မလိုက်ချင်ဘူး။ သင်တန်းက အရမ်းပင်ပန်းတယ်။ သုံးလတောင်ကျောင်းစာကိုပစ်ပြီးသွားရမှာဆိုတော့။ ဒီအချိန်မှာ ဗိုလ်မှုးစိန်ဝင်းက မတ်လုံးပေးတယ်။ လိုက်ရင် ကိုးတန်းကို အအောင်ပေးမယ်။ ဆိုတော့ ကျနော်တို့ပျော်တာပေါ့။ ကျနော်တို့ဝါသနာပါတဲ့ သူငယ်ချင်းတွေအများကြီးလိုက်တယ်။ အဲဒိအထဲမှာ မြတ်ထွတ်ခေါင်တောင်ပါသေးလားမသိဘူး။ FTUB က ဥက္ကဌ ဦးလှဦးသားပါ။ မြတ်ထွတ်ခေါင်နဲ့ မဲ့ဆောက်မှာ ပြန်ဆုံကြတယ်။ (စကားချပ်)

အမျိုးသားအားကစားပွဲတော်ကို သုံးလနီးပါးသွားတယ်။ ပြန်လာတော့ စာမေးပွဲနီးပီ..။ စာတွေလည်းမလိုက်နိုင်တော့ဘူး။ စာမေးပွဲကို အင်္ဂလိပ်စာ၊ သင်္ချာနဲ့ကြတယ်။ အောင်စာရင်းထွက်တော့ ငိုတယ်။ အောင်ပေးမယ်ဆိုပြီး ကျတယ်ပေါ့..။ အမေကလည်းဆဲပါလေရော...။ စုံစမ်းကြည့်တော့ အမျိုးသားအားကစားပွဲတော်သွားတဲ့ လူသုံးပုံလောက်ကြတယ်။ ကာယဆရာမနဲ့တိုင်ပင်ပြီး ဗိုလ်ချုပ်ခင်ညွှန့်ဆီ ကျောင်းသားအားလုံးစာရေးတယ်။ အားကစားပွဲတော်သွားတဲ့လူတွေထဲမှာ ဗိုလ်ချုပ်ခင်ညွန့်နားမှာ အလုပ်လုပ်တဲ့ အရာရှိတစ်ယောက်ရဲ့ သားပါတယ်။ သူ့အဖေကနေတဆင့်စာပေးလိုက်တယ်လို့ကြားရတယ်။

၉၇-၉၈ ခုနှစ် ကျောင်းတက်တော့ ပထမဆုံးကိုးတန်းအခန်းမှာထိုင်ရတယ်။ နှစ်ရက်လောက်ကြာတော့ ၁၀-တန်းအခန်းကို ခုန်ပြီးရောက်သွားတယ်။ သူငယ်ချင်းတွေပျော်လိုက်တာအရမ်းပဲ။ ၁၀-တန်းလည်းဖြေတော့ ကျပါလေရော။ ကိုးတန်းစာမှ မပိုင်တာလို့ဆရာမတွေက ပြောတယ်။ ဘာဘဲဖြစ်ဖြစ် ဗိုလ်မှုးစိန်ဝင်းကြောင့် ကိုးတန်းကိုအခမဲ့အောင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ကျောင်းက ပညာရေးစနစ်တခုပါ

ဆက်ရန်

1/16/10

အယူအဆ-၁

နိုင်ငံရေးလုပ်ချင်ရင်၊ လူလေးစားခံချင်ရင်

၁) စီးပွားရေးလုပ်၊ ငွေကြေးချမ်းသာရမယ်။

၂) ပညာတက်ရမယ်။ အနည်းဆုံး နိုင်ငံခြားက ဘွဲ့တခုခုတော့တက်ရမယ်..။

၃) အများလေးစားတဲ့ အထက်တန်းလွှာ အလုပ်တခုရှိရမယ်။

၎) အကျင့်စာရိတ္တကောင်းမွန်ရမယ်..ဆိုလိုတာက သူများမိန်းမကို ကြာမခိုရဘူး။

ဒါတွေမရှိဘဲ...

ငါက နှစ်ပေါင်း လေးဆယ် တော်လှန်ရေး၊ နိုင်ငံရေးလုပ်ပါတယ်ပြောပြော ဘယ်သူမှအထင်မကြီးဘူး..။

အထင်ကြီးလေးစားတာက လက်တလေမြင်ရတွေ့ရတဲ့ ဘ၀ ဖြစ်တယ်။ ဒါက အထက်ကပြောသလို..ခင်ဗျား ဘယ်လောက်လူအထင်ကြီးခံရလဲနဲ့ဆိုင်တယ်။

သခင်တင်မြလို့ ကျောင်းကောင်းကောင်းမနေဘူးတဲ့လူက မဆလမှာ စီစီ(ဗဟိုကော်မတီ)၀င်လုပ်တာ သူ့အပြစ်မဟုတ်ဘူး..။ ခန့်တဲ့သူရဲ့ အပြစ်ဖြစ်တယ်။ ဘုံဘ၀မှာရေးတက်ရုံနဲ့ တိုင်းပြည်ကို အုပ်ချုပ်၊ စီမံခန်ခွဲဖို့(တိုးတက်အောင်) မလုပ်နိုင်ဘူး။ ဒါကိုယနေ့လူငယ်တွေသတိထားရမယ်..။

အခုပြည်တွင်းမှာဖြစ်နေတဲ့၊ ပြည်ပမှာဖြစ်နေတဲ့ နိုင်ငံရေးသမားတွေ၊ အာဏာရှင်တွေ အများသောအားဖြင့် ဒီလိုအပေါက်မျိုး ချိုးလိမ့်မယ်။ မယုံရင်စောင့်ကြည့်နေ။ အတူလက်တွဲလုပ်တဲ့လုပ်ဖော်ကိုင်ဖက်၊ ငါ...ပြောရင် နားထောင်တယ်ဆိုတဲ့ လူတွေကို အာဏာရှိတဲ့သူတွေခိုင်းလိမ့်မယ်..။ ရှေးက သင်ခန်းစာကို မယူတက်တဲ့သူဆိုရင် ဒီမိုကရေစီ ၁၀ ခါပြန်ရရ ပြည်သူငတ်နေမှာပဲ..။

ငါ..စောင့်ကြည့်မယ်...ငါ...အခု...တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်ရလဲ၊ ပြည်သူကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ..ငါ..မသိသေးဘူး..။ ငါ..လေ့လာအုံးမယ်...လေ့လာပြီးရင် ငါ...လုံးဝ အာဏာရအောင်ယူမယ်...။

ကျနော့်အဖေစစ်သား၊ ချစ်သလားတော့မမေးနဲ့

ဖြစ်ရပ်မှန်တွေဖြစ်ပါတယ်။

ကျနော့်ကိုမွေးတုံးက မင်္ဂလာဒုံက စစ်ဆေးရုံမှာပါ။ အဖေက စစ်လက်နက်ပစ္စည်း လက်အောက်ခံ တပ်ရင်းတခုက ရဲဘော်ပါ။ အခုတော့ တပ်ကြပ်ကြီးတာဝန်နဲ့ ထောင်ကျခံပြီးတပ်ကထွက်လိုက်ပါတယ်။ ထောင်တစ်နှစ်ကျပါတယ်။ စစ်တပ်ထဲမှာ အဖေဟာ နှစ်ပေါင်းသုံးဆယ်နီးပါ အလုပ်လုပ်ခဲ့ပါတယ်။ ကျနော်လည်း အသက် ၁၉-နှစ်ထိ တပ်ထဲမှာကြီးပြင်းခဲ့ရတယ်။ တပ်ကကျွေးတဲ့ထမင်းကိုစားခဲ့တာပေါ့။ တပ်ထဲက ကျောင်းမှာ ၁၀-တန်းအထိကျောင်းတက်ခဲ့ပါတယ်။ အောင်ဆန်းသူရိယလှသောင်းကျောင်းလို့ခေါ်ပါတယ်။ မင်္ဂလာဒုံကပါ။ ဒီကျောင်းက တပ်မိသားစုတွေအတွက်ပါ။ ကျနော်တို့မိသားစုမှာ အဖွားအပါအ၀င်၊ အိမ်ထောင်စုဝင် ခုနှစ်ယောက်ရှိပါတယ်။

ကျနော်တို့စစ်သားသမီးတွေဘယ်လိုနေရလဲ၊ ဘယ်လိုခံစားရလဲ၊ သူတို့ရဲ့ နိုင်ငံရေးအမြင်၊ စိတ်ဝင်စားမှုတွေကို ကျနော်ရင်ဖွင့်ချင်ပါတယ်။ တချို့ အချက်အလက်တွေကို ကာယကံရှင်တွေထောင်ကျမှာစိုးရိမ်တွေအတွက် ချန်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၁-နှစ်က ဘ၀အခြေအနေပါ။ အခုထိ ဒီအခြေအနေနဲ့မကွာလှဘူးလို့တပ်ထဲက အမျိုးတွေက ပြောနေတုံးပါ။ အခုကျနော်ပြောမဲ့အခြေအနေက ရန်ကုန်က အထိုင်တပ်ရင်းတခုပါ။ မြန်မာပြည်မှာအကြီးဆုံးပင်မတပ်ရင်းတခုမှာပါ။ သူတို့ပညာသည်တပ်ရင်းတွေတောင် ဒီလိုခံစားရရင်၊ တိုက်ခိုက်ရေးတပ်ရင်းတွေဘယ်လောက်ခံစားရလဲဆိုတာ ကိုယ်ချင်းစာကြအောင်ရေးပါတယ်။ ကျနော့်မိသားစုကတော့ ဒီလိုရေးလို့တော်တော်စိတ်ဆိုးမှာပါ။ ကျနော်ဂရုမစိုက်ပါ။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါ။

ကဲ..ကျနော်တို့ဘ၀ကိုကြည့်ရအောင်။

လိုင်းခန်း

တပ်ထဲမှာ ရဲဘော်တွေအတွက် လိုင်းခန်းရှိတယ်။ အရာရှိတွေအတွက် သီးသန့်လိုင်းခန်းရှိတယ်။ အရာရှိတွေဆိုတာက ဒု-ဗိုလ်ကစလို့၊ တပ်မှုးအထိ ကိုင်ပိုင်ခြံနဲ့ဝင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိမ်လိုနေရာမျိုးကိုရတယ်။ သက်တောင့်သက်သာရှိတယ်။ ပြဉ်ထောင်အိမ်ပါပဲ။ ကျနော်တို့နေတဲ့လိုင်ခန်းကတော့ ခြောက်ခန်းတွဲလို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ပါပဲ။ တစ်ခန်းက စကားပြောရင် တခြားခန်းက ကြားရတယ်။ ကြားမှာ ၆-၁ လို့ခေါ်တဲ့ သစ်သားပြားပဲခြားတယ်။ ရေချိုး၊ ရေခပ်တဲ့နေရာကတော့ ခြောက်ခန်းတွဲလေးတွဲကို ရေအုတ်ခုံတစ်ခုမှာ စုပေါင်းရေချိုးရေခပ်ပေါ့။ တပ်ထဲမှာရေပြတ်တယ်ဆိုတာမရှိသလို၊ မီးလည်းမပြတ်ပါဘူး။ မီးပြတ်ရေပြတ်တာခဏပါ။ ချိုးဖြူရေပိုက်ကရတယ်။ ရေကောင်းရေသန့်လို့ပြောရပါတယ်။ ရေအလျှံအပယ်၊ မီးအလျှံအပယ်ပါပဲ။ ရေခမီးခပေးစရာမလိုဘူး။ ထမင်းဟင်းချက်စားရင် လျှပ်စစ်မီးဖိုနဲ့ချက်လို့ရတယ်။ တခါတလေ တပ်ဘေးက တောထဲမှာ ထင်ခြောက်တွေလိုက်ကောက်၊ အပင်လေးတွေခုတ်ပြီး ထင်းအဖြစ်သုံးကြတယ်။ တပ်ရဲ့  ပတ်ပတ်လည်မှာ တောလေးရှိတယ်။ ချောင်းမြောင်းသေးသေးလေးတွေရှိတယ်။

စားဝတ်နေရေး

တပ်ကပေးတဲ့လစာက အဖေဆိုရင် လစာထုတ်တာနဲ့ ဟိုဖြတ်ဒီဖြတ်၊ တစ်ရက်နှစ်ရက်ဆိုတာနဲ့ကုန်ပီ။ လစာပေးရက်ဆိုရင် တပ်ထိပ်က စားသောက်ဆိုင်မှာ လစာပေးကြရင်း သောက်ကြ၊ စားကြ တပ်မိသားစုတွေ ပျော်ကြတယ်။ ငိုကြတဲ့လူတွေလည်းရှိတယ်။ လစာကို ကြိုတင်ယောကျာ်းရောင်းထားတာ၊ မှီခိုဖြစ်တဲ့ မိန်းမကမသိတော့သူတို့ခလေးတွေကိုကျွေးဖို့မရှိတော့ဘူးဆိုတော့။

တပ်ကစစ်လက်နက်ပစ္စည်းတပ်ထဲက တခုဆိုတော့ သူများတပ်တွေလို အောက်ဆိုက်မရဘူး။ ဥပမာ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ဆေးတပ် တို့လိုရဲဘော်တွေဝင်ငွေမကောင်းဘူး။ ဒီတော့ ရဲဘော်တွေလစာနဲ့ဖြစ်သလိုရုန်းကန်ကြတယ်။ မိသားစုများလေပိုဆင်းရဲလေပဲ။ တပ်ထဲက ဆရာကြီးအချို့ နဲ့ အရာရှိတွေလောက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့တချို့ အရာရှိတွေဖြစ်တဲ့ လုံခြုံရေးမှုး၊ သင်တန်းမှုးတို့ဆိုရင် တပ်ထောက်ကိုင်တဲ့အရာရှိလောက်အဆင်မပြေတော့ သူတိုမိန်းမတွေလည်း ဟိုပေါင်ရ၊ ဒီပေါင်ရဗျာများကြတယ်။

ရိက္ခာကို အပတ်စဉ်သောကြာနေ့တိုင်းပေးတယ်။ ရိက္ခာမရတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိက္ခာကို ကျနော်တို့အမေတွေက ကြိုတင်ရောင်းရတယ်။ လေးပတ်စာငါးပတ်စာပေါ့။ ရိက္ခာမှာပါတဲ့ပစ္စည်းတွေက ဆန်နှစ်ပြည်၊ ဆီး ၂၅ကျပ်သား၊ သကြားတစ်ပူး၊ နို့ဆီတစ်ပူးလောက်ရတယ်။ တပ်မိသားစုတွေအတွက် (မှီခိုတွေကို) လစဉ်တပ်ကသမ၀ါယမဆိုင်မှာ ဆန်ထုတ်ပေးတယ်။ ဆန်ကအကောင်းဆုံး ငစိန်ဆန်ရတယ်။ တခါတလေအရမ်းဆိုးဝါးတဲ့ဆန်ကိုရတယ်။ မိသားစု ခြောက်ယောက်ဆိုရင် တစ်အိပ်လောက်ရတယ်။

တပ်က ဆန်ကို ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်မှာ သွားထုတ်တဲ့ တစ်ကြပ်ကြီးနဲ့တပ်ရေးဗိုလ်ကြီးတို့စားတာများရင် ဆန်တွေအရမ်းဆိုးဆိုးဝါးဝါးရတယ်။ ထောက်ပို့ဆန်ကောင်းရင်၊ တပ်ထဲကိုအရင်ပြန်မလာဘူး။ မင်္ဂလာဒုံဈေးမှာ ဆန်အကောင်းစားနဲ့အညံ့စားလဲယူတယ်။ လဲခကို ဆိုင်ရှင်ကနေ ရတယ်။ လစဉ်သူတို့အတွက် ကိုက်တော့ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်၊ သမဆိုင်ကိုင်တဲ့လူ၊ ရိက္ခာကိုင်တဲ့လူ၊ လစာကိုင်တဲ့လူတွေက ထောတယ်။ အရာရှိတွေအချင်းချင်းမျှစားတာပေါ့။ တပ်မှုးကို တလကို ပေါ်ဆန်မွေးနှစ်အိတ်လောက်ပို့လိုက်ရင် သူတို့အတွက်ကျန်တာပေါ့။

ကျနော်တို့ဘဝ

အဖေ၀င်ငွေက လစာပဲရှိတယ်။ အလုပ်ကတော့ ကင်းစောင့်(ဂျူတီ) ပဲကြတယ်။ တခါတလေ စတန်းဘိုင်(ဗိုလ်ချုပ်တွေလာရင် လမ်းဘေးကင်းပုန်းဝတ်)လိုက်ရတယ်။ သူတို့အတွက်အဖေက လုံခြုံရေးယူပေးရတာပါ။

ရိက္ခာကလည်းကြိုရောင်း၊ သမဆိုင်ကပေးတဲ့ဆန်ကလည်း တစ်ဝက်လောက်ကြိုရောင်း၊ လစာကလည်းမလောက် ဒီလိုနဲ့ပဲ ကျနော်တို့ရှာစားရတယ်။ မိသားစုလည်းများတော့ ဘယ်လိုမှ စားဝတ်နေရေးမပြေလည်ဘူး။ ဟင်းစားအတွက်ကို တစ်မိသားစုလုံးတပ်ဘေးက ချောင်းတွေ၊ မြောင်တွေမှာရှာစားရတယ်။ ရာသီအလိုက်ပေါ့။ မိုးရာသီဆိုရင် ဘယ်နေရာမျှစ်ရှိတယ်၊ ငါးထွက်တယ်၊ နွေရာသီဆိုရင် ဘယ်နေရာမှာ ပဒက်စာရှိတယ်၊ ဇရစ်ရိုးရှိတယ်၊ ဒါတွေကို ကျနော်တို့စစ်သားသမီးတွေ သိရတယ်။ မသိရင် ငတ်ပြီသာမှတ်။

တပ်ထဲက စစ်သားသမီးကလည်းများတော့ တပ်ဘေးက စားပင်သီးပင်က နလံထူတယ်လို့မရှိဘူး။ ချောင်းထဲမြောင်းထဲကငါးလည်း လုံးဝမခံနိုင်ဘူး။တုန်းတာမြန်တယ်။ ဒီလိုပုံစံနဲ့ပဲ မသေရုံတမယ် မိသားစုတွေကိုကူညီပေးရတယ်။ ကျောင်းပိတ်လို့ စနေတနင်္ဂနွေဆိုရင် တပ်ထဲမှာ တစ်ရက်ကို ၂၀ ရတဲ့နေ့ဝက်အလုပ်ကိုဝင်လုပ်ရတယ်။ တပ်ထဲမှာ မျှက်ရှင်း၊ မြောင်းတူး၊ တပ်မှုးအိမ်ဘေးပေါက်တူးပေါက်ပြီး ၀င်ငွေရှာရတယ်။ အဲတုံးက ဘာမှခံစားချက်မရှိဘူး။ သူတို့ချမ်းသာတာ၊ ထောတာ တရားတယ်လို့ထင်နေတာပေါ့ဗျာ။

ကျောင်းကား

တပ်ထဲမှာ ကျောင်းကားတစ်စီးရှိတယ်။ ကျောင်းသားပေါင်း ၁၀၀ လောက်ကို လှသောင်းကျောင်းကိုပို့ရတယ်။ ရဲဘော်တွေအတွက်ပေါ့။ အရာရှိသားသမီးတွေကြတော့ သူတို့အတွက် သပ်သပ်စီစဉ်ပေးတယ်။ ကိုယ်ပိုင်ကားလိုမျိုး တပ်ကလုပ်ပေးတယ်။ တပ်မှုးကတော့ အရမ်းကောင်းတဲ့ကားနဲ့သူ့သမီးတွေကိုပို့ပေါ့ဗျာ..။ သူ့သမီးတွေကလည်း ရုပ်ဆိုးတဲ့သူများတယ်။ ဒါပေမယ့်လည်း ကျနော်တို့လို စုတ်ပြတ်နေတဲ့ လူတွေကတော့ မင်းသမီးလေးလားပေါ့။ အဲလိုမျိုးဝိုင်းပြီးငန်းရတယ်။ (ဒါက စကားချပ်)

ကျောင်းကားကလူများတော့ ထိုင်စရာနေရာမရှိဘူး။အမြဲတမ်းမတ်တပ်ရပ်လိုက်။ ကျောင်းသားတွေကို ထိန်းတဲ့ MP ဆိုတာရှိတယ်။ ကျနော်တို့ကတော့ သူ့ကို အာဒပီလို့ခေါတယ်။ အဲတုံးက MP ဆိုတာဘာလည်းမသိဘူး။ သူကရဲဘော်အဆင့်။ ကျောင်းကားမောင်းတဲ့သူက ကုန်းဆင်းဆိုရင် ဂီယာထိုးပြီးမဆင်းတော့ဘူး။ တခါတည်းတပ်ထိပ်အရောက် ဖရီးရိုက်ချတယ်။ ဒါမှ သူလည်းမိသားစုအတွက် ကြားပေါက်ရမယ်လေ။

ဆက်ရန်-

တပ်တွင်းပုန်ကန်မှုအတွက်ကျေးဇူးတင်ရှိပါကြောင်း

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်မှန်ပါသည်။ အားပေးပါသည်။

တပ်တွင်းပုန်ကန်မှုနဲ့ပက်သက်ပြီး သတင်းလိုက်တဲ့သတင်းထောက်ကြီး ဦးသန့်(စံခလပူရီ) ကိုကျေးဇူးအထူးတင်ရှိပါသည်။

Mizzima သတင်းတော့ လွဲနေပါတယ်။
ဘာဘဲဖြစ်ဖြစ် သူ့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ကိုနစ်နေမန်းလည်း ကျေးဇူးတင်ရှိပါကြောင်း။

We Fight We Win ရဲ့ လုပ်ရပ်ကို အထူးအားပေးချီးကျူးပါကြောင်း...။
ဘုန်းကျော်(လူ့ဘောင်ချစ်)

1/15/10

ကျောင်းတော်ကြီးမှ သူငယ်ချင်းများသို့


မော်စကိုက ကမ္ဘာ့အဆင့်မီနည်းပညာတက္ကသိုလ်မှာ မြန်မာကျောင်းသားတွေရှိနေပါတယ်

ဒီကျောင်းကဘွဲ့ရတဲ့ ပညာတက်လူငယ်တွေ သြစတျေးနိုင်ငံမှာ တပုံကြီးရှိတယ်။ Skilled Person အဖြစ်အလုပ်လုပ်နေကြတယ်။ ဒီတက္ကသိုလ်ကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အထင်ကရတက္ကသိုလ်ကြီးတခုဖြစ်သလို၊ သမိုင်းဝင်လည်းဖြစ်တယ်။

အဲဒိက ဘွဲ့ရတာနဲ့ သြစတျေးလျနိုင်ငံမှာရှိတဲ့ Company တွေမှာ၊ အစိုးရဌာနတွေမှာ အလုပ်ရဖို့အရမ်းလွယ်တယ်။ လစာအနည်းဆုံး တစ်ရက် ဒေါ်လာ ၂၅၀ အခွန်မပါ ရတယ်။ ဒီလိုအခွင့်အလမ်းမျိုးကို ခင်ဗျားတို့ယူသင့်တယ်။ မြန်မာအစိုးရကပေးတဲ့လစာကတော့ မြန်မာငွေ နှစ်သိန်းတော့ ရနိုင်တယ်။ ရာထူးကတော့ အရာရှိလို့တော့ ခေါ်မှာပေါ့။ မိသားစုအတွက်တောင် မလောက်ငှတဲ့ နှစ်သိန်းကို ယူမလား။ တနှစ်ကို မြန်မာငွေ သိန်း ၇၀၀ ယူမလား။ ကြိုက်တဲ့လမ်းရွေးပါ။

ကျနော်လည်း တိုင်းပြည်ကိုချစ်ပါတယ်။ တိုင်းပြည်မှာ လူငယ်ပညာတက်တွေအတွက် အခွင့်အလမ်းမရှိတော့ ပြည်ပမှာ အလုပ်လုပ်တာပိုကိုက်တယ်။ Skilled Person လျှောက်တာကိုအသေးစိတ်သိချင်ရင် ဒီကိုသွားပါ။

Department of Immigration & Citizenship


www.immi.gov.au

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

CEC အဖွဲ့ဝင်သစ်များမှာ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဝင်းနိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းညွန့်၊ ဒေါက်တာမေ၀င်းမြင့် တို့ဖြစ်ကြောင်း သိရသည်။ ၁၉၉၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံ အမတ်များ ဖြစ်ကြသည်။

တိုးချဲ့ CEC များသည် Aged Care Workers တွေများလား?????

နယ်စပ်အခြေစိုက်လူ့ဘောင်သစ်ပါတီလို NLD လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ဗဟိုကနေရွေးချယ် ရပါသည်။ What is လက်ရှိနိုင်ငံရေးအခြေအနေ???? လက်ရှိနိုင်ငံရေး အခြေအနေကြောင့်...။ သိတ်လှတဲ့စကားလုံးပါလားနော်။ အောက်ခြေအဖွဲ့ဝင်တွေမှာ လုံးဝအာဏာမရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါလားနော်..။ အာဏာရတာတောင် အောက်ခြေက တင်တဲ့ စီအီးစီ ဖြစ်ပါ့မလား။ ကျနော်တော့ ဒီလိုတွေးမိပါတယ်...။

တိုးချဲ့ အဖွဲ့ဝင်များကိုကြည့်ပါ...ဆရာဝန်နဲ့ရှေ့ နေတွေဆိုတော့ Aged Care Wrokers လုပ်ဖို့လားမသိဘူး။ လူအိုတွေကို ဆေးပေး၊ မီးယူ၊ အီး..ကုန်ပေးဖို့ ဘဘတို့များ လူငှားလေသလား..။

မြန်မာ့နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများဟာ ဒီမိုကရက်တစ်အာဏာရှင်လို့ နာမည်တပ်ရမည်ဖြစ်ပါကြောင်း....။ မြန်မာတွေ အာဏာရှင်လုပ်တာဝါသနာပါတယ်။ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ကိုးကွယ်ရာဘုန်းကြီး၊ ကျောင်းဆရာ၊ ဆရာမ၊ အားလုံးဟာအာဏာရှင်တွေပါ။ မြန်မာ့ယဉ်ကျေးမှုလည်းအာဏာရှင်တခုဖြစ်ပါတယ်..။ ဥပမာ...လူကြီးပြောတာ နားထောင်၊ ပြန်ပြောရင် ငရဲကြီးတယ်၊ မိုက်ရိုင်းတယ်...စသဖြင့်...။

ဒီလိုဖြစ်နေတဲ့အာဏာရှင်မြန်မာ့ယဉ်ကျေးမှုဟာ ရေရှည်မခံပါဘူး။

1/14/10

အခြားတဘက်မှာ....

စစ်အာဏာရှင်ကြောင့် လူပေါင်း ၅၇၀၀၀ သူဌေးဖြစ်သွားပီ...။ ချမ်းသာသွာပီ...။

စစ်အာဏာရှင်ကြောင့် တိုင်းပြည်ပျက်တယ်။ လူတွေစားဝတ်နေရေးခက်ခဲနေရတယ်။ တနည်း ငတ်နေရတယ်။ ထောင်တွေထဲမှာ ဘ၀တွေပျက်စီး၊ ချိ..နဲ့ အီး, ထွက်တာတွေအများကြီးပါ..။ ပြည်ပ နိုင်ငံတွေမှာ Brain drain အုံးနှောက်တွေဟိုရောက် ဒီရောက်လေလွှင့်မှု၊ ဒါ့အပြင် Mussel Drain ကြွတ်သားတွေရွှေလျှားမှု၊ ဟာ...အများကြီးပဲ...မရေးတက်တော့ဘူး..။ ဒါတွေဟာ အုပ်ချုပ်သူတွေကြောင့်ဖြစ်လာတာ။

ဥပမာ...ရုရှက ဗိုလ်ကြီးတွေ(ဗိုလ်မှုးမရှိဘူးလို့တစ်ယောက်ကပြောလို့ပါ)လစာနည်းနည်း၊ မသေရုံတမယ် ရုရှမှာ ပညာသင်ကြားရတာတွေဟာ အုပ်ချုပ်သူတွေကြောင့်ဖြစ်ရတာ..။ တကယ်တမ်းက သူတိုက တိုင်းပြည်ကို ကာကွယ်ရတဲ့ စစ်အရာရှိတွေမှတ်လား ပိုလို့တောင်ခံစားခွင့်ရှိရအုံးမယ်။ အသက်ပါစွန့်လွှတ်ထား ခဲ့ရတာမဟုတ်ပါလား...။ ပြီးတော့လည်း သူတို့ပညာတက်တွေလေ...။ ဗိုလ်ချုပ်ကြီးသမီးတစ်ယောက် ရေမွေးဝယ်တဲ့ဈေးက ရုရှကစစ်ဗိုလ်တွေလစာဒေါ်လာ နှစ်ရာထက်များနေတာကို မသိကြတာ မဟုတ်ပါ ဘူး...သူတို့သိပါတယ် (ကိုမိုးသီးအတင်းအဖျင်းဆိုက်မှ)။ နောင်နှစ်ပေါင်း ၂၀ လောက်မှာ သူတို့တတွေဟာ တိုင်းပြည်ကိုဖျက်စီးမဲ့လူတွေမဟုတ်ပါဘူး...။ ကယ်မဲ့သူတွေပါ..။

စစ်အာဏာရှင်လက်အောင်မှာ အကျိုးအမြတ်ရတဲ့သူတွေထဲမှာပါ ပြည်သူတွေလည်းပါတယ်။ ဘယ်သူတွေလဲ... အရင်ကြည့်ရအောင်..။ ဥပမာ..သတင်းတခုအရ အမေရိကန်အပါအ၀င် တတိယနိုင်ငံတွေကိုမြန်မာ လူမျိုးဒုက္ခသည်ပေါင်း ၅၇၀၀၀ ကိုအခမဲ့ပို့ပေးခဲ့တယ် (ကုလားပြည်အခြေစိုက်သတင်းဌာနမှ) ။ဒါဟာ စစ်အာဏာရှင်ကြောင့်ရလာတဲ့အကျိုးအမြတ်တခုပါ...။ စစ်အာဏာရှင်မရှိရင် မြန်မာတွေလည်း ထိုင်းတွေလို အဖြူကိုယူပြီး လာကြရမှာ..။ အခုတော့ အခွင့်ထူးရသလိုမျိုး...မြန်မာဒုက္ခသည်တွေ လေယျာဉ်ခမကုန်၊ စားဖို့နေဖို့အဆင်သင့်။ကံကောင်းတယ်။ ဒါတွေကိုစစ်အာဏာရှင်ကြောင့် ပေါ်လာတဲ့အခွင့်အရေးတခုပါ။ ကျေးဇူး တင်ပါတယ်...ဘဘရွှေတို့ရယ်...။

တခါက မလေးရှားကိုရောက်တော့ မလေးရှားမှာယူအန်လျှောက်ကြတယ်။ မြန်မာပြည်က တိုင်းရင်းသား လူမျိုေးတွ...။ သူတို့လျှောက်လွှာမှာရေးတဲ့အကြောင်းအရာကိုလေ့လာကြည့်တော့ ဒီလိုတွေ့တယ်။ သူတို့အများ စု(အားလုံးနီးပါ)ဟာ တိုင်းပြည်မှာငတ်နေလို့မလေးရှားက အောက်လမ်း၊ အထက်လမ်း(ဆေးကုတာမဟုတ်) ကနေလာကြတာပါ။

မလေးကိုရောက်တာဟာ စစ်အာဏာရှင်ကြောင့်မဟုတ်ပါဘူး...
လျှောက်လွှာမှာရေးတာက ၊ရခိုင်၊ မွန်၊ ချင်း၊ ရှမ်း တိုင်းရင်းသားတွေဆိုရင် မုဒိမ်းကျင့်လို့၊ ရွာမီးရှို့ လို့၊ ဘုရားကျောင်းအပါအ၀င်၊ မြန်မာလူမျိုးဆိုရင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်...စသဖြင့် ရေးကြတယ်..။ မလေးမှာ ပြောနေကြ..စကားရှိတယ်။

ချင်းလူမျိုးတွေဆိုရင် အပျိုမရှိတော့ဘူး။ အားလုံးမုဒိမ်းကျင့်ခံလို့...မြန်မာစစ်သားကကျင့်တာပါ။ (ဟီး ....ဒို့စစ်သား အလကားနေကံကောင်းတယ်)။ ဟုတ်လား မဟုတ်လားတော့မသိဘူး...တခါက ချင်းယောက်ျားလေးကပါ စစ်တပ်က မုဒိမ်းကျင့်ပါတယ်ဆိုပီးယူအန်လျှောက်တော့ ယူအန်ကလည်း အအောင်ပေးပါတယ်.။။။ ထိုင်းမှာ လည်းဒီလိုမျိုးပါ။ UNHCR နဲ့ သံရုံးတွေလည်းအလိမ်ခံရတာကို သိပါတယ်။ ဟားဟား...ဒါမှဒို့မြန်မာ ကွ...မြန်မာ နိုင်ပီ...။

တကယ်တမ်း တိုင်းပြည်မှာနိုင်ငံရေးလှုပ်ရှားမှု့ကြောင့် ပြန်လို့မရတဲ့လူတွေဟာ နည်းပါတယ်။ ဒီလောက်မများပါဘူး...။ နိုင်ငံခြားထွက်ဖို့ ယူအန်နဲ့သံရုံးကို လိမ်၊ စစ်အစိုးရကိုအပြစ်ပုံချ...ဒါတွေအများကြီးပါ...။ နိုင်ငံခြားရောက်ပီး သုံးလေးနှစ်နေ၊ ငွေစု ပြီးရင် ပြည်တွင်ပြန်သွား...စစ်အစိုးရကောင်းကြောင်းပြန်လိမ်.. .အတိုက်အခံမကောင်းကြောင်းပြန်ပြော...ဒါတွေလည်းရှိနေပါတယ်။

ဟဲ..ဟဲ..(မင်းအပါအ၀င်မှတ်လားလို့မပြောနဲ့)။ ခြုံပြီး ပြောရရင် ဂုန်နီအိတ်ဟာအနွေးဆုံး ပါ(အဲလေယောင်လို့). ..စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေတချို့ အကျိုးအမြတ်ရတဲ့ဥပမာတခုပါ...။

ဥပမာ...သြစီကို အထက်ကပြောသလိုလိမ်တဲ့လူတစ်ယောက်ရောက်ပီဆိုရင်...မြန်မာပြည်မှာ မတွေ့ဘူး၊ မမြင်ဘူးတဲ့အစားအစာကို တဖြဲနှစ်ဖြဲစား...၀ါး...။ ရေခဲသေတ္တာဟာချိုနဲ့လားဆိုတဲ့လူမျိုးက အလကားရတဲ့ ရေခဲသေတ္တာတွေ့ပြီးငါတော်တော်ချမ်းသာသွားပြီလားဟ..လမ်းဘေးစွန့်ပစ်ကားမစီးချင်တော့ဘူး...ကားအသစ်မှ...။ ဟာ..မျက်စိတော်တော်နောက်တယ်။။ ဒါတွေဟာ သူတို့ကြောင့်၊ သူတို့အရည်အချင်းရှိလို့ရတာ မဟုတ်တော့ ဘူး...စစ်အာဏာရှင်ကြောင့်။ ကျေးဇူးသိတက်ရမယ်နော်...။

စစ်ဗိုလ်ချုပ်တွေဟာ...ဒီလို...တခါတလေတွေးမိတယ်။ သူတို့အီးပေါက်တာတောင် အတိုက်အခံ ကြားရင်. .ပြည်သူကို နံစေချင်လို့ ပေါက်တာလို့ဆိုပီး အလကားနေအပြစ်တင်ခံရတဲ့လူစားမျိုးဖြစ်နေပီ...။ ဘာဘဲလုပ်လုပ် အကောင်းမမြင်တော့ဘူး...သနားပါတယ်...။ (မဆဲနဲ့နော်..သနားရင် မင့်နှမနဲ့ပေးစားလို့ပြောအုံးမယ်)


ကဲ..ဘာပဲဖြစ်ဖြစ်ဗျာ....တဘက်က စစ်အာဏာရှင်ကြောင့်တိုင်းပြည်ပျက်တယ်၊ တဘက်က စစ်အာဏာရှင် ကြောင့် ပြည်သူတွေမရောက်ဘူးတဲ့နေရာ...မစားဘူးတဲ့အရာ...မတွေ့ဘူးတဲ့အရာတွေကို အလကားမြင်ရ တွေ့ရစားရနေရကြောင်းပါ...။

သြော်...ငါတို့ဗမာတွေ အလိမ်တော်ပါလားနော်...။ ဗိုက်ခေါက်ကိုပြောတာပါ။

အကိုးအကား။
၁) ရွာသူကြီးမှ ချီးမြှင့်သောရွှေတံဆိပ်ဆုရ ကုလားပြည်အခြေစိုက်ပြည်ပသတင်းဌာန။
၂) အလိမ်ခံရသော မလေးရှားအခြေစိုက် UNHCR လျှောက်လွှာဌာန။
၃) မလေးရှားကို စော်ငန်းထွက်သောခရီးစဉ်မှ မှတ်တမ်းဒိုင်ယာရီ။
၎) အတင်းအဖျင်းများစုံသော လူဆိုးဗိုလ်ကိုမိုးသီး ဘလော့ဂ်။
၅) ပြည်ထောင်စုမြန်မာနိုင်ငံညွှန့်ပေါင်းခိုးကြ..(အဲ..မှားပြန်ပီ)..အစိုးရ၏ Update မလုပ်သော ၀က်ဆိုက်။
၆) ပြည်ထောင်စုမြန်မာနိုင်ငံ လိမ်၊ ကြွားရေး ၀န်ချီးဌာန(ပြန်ကြားရေးမဟုတ်) ၂၀၁၀ မှတ်တမ်း။

စာရေးသူ...
ဆရာကြီး ငပေါ ဘုန်းကျော်(မျှောက်ပေး..ဂွေးတက်အောင်က)

View My Stats