ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/14/10

ခန့်စည်သူကို သြစတျေးလျက ဗီဇာပိတ်ကြောင်း သေချာ..

ရဲဘော်ကြီးများသို့-

ဒီနေ့ မနက်ပိုင်းမှာ သြစတျေးလျနိုင်ငံ Perth မြို့ သို့ ရန်ကုန်ကနေ Thai Airway ဆိုက်ရောက်ခဲ့ပါတယ်။ လေယျာဉ်ပေါ်ကနေ မင်းသားချော တင်မောင်ဆန်းဝင်း၊ သဇင်၊ မိုးပြည့်ပြည့်မောင်အပါအ၀င် အနုပညာရှင်များ ခန့်ခန့်ငြားငြား ပျော်ပျော်ရွှင်ရွှင် ဆင်းလာပါတယ်။

ကျနော်သိချင်ဇောနဲ့ နိုင်ငံကျော်ရုပ်ရှင်းမင်းသား ခန့်စည်သူ (အာရုံဦးမှာဖူးသည့်ကြာ ရဲ့ အဓိက သရုပ်ဆောင်) ရှာကြည့်ပါတယ်။ သူက ကျနော်တို့ Perth မြို့ မှာ ဦးဆောင်ကပြသူဖြစ်တယ်ဆိုတော့ ပရိသတ်တစ်ယောက်အနေနဲ့ရှာကြည့်ပါတယ်။ သို့သော် သူ့ကိုမတွေ့။ ဘာဖြစ်လို့များ သူ့ကိုမတွေ့တာလဲဆိုပြီး လေယျာဉ်ပေါ်က အိမ်သာထဲအထိ ချောင်းကြည့်ပါတယ်။ ပုန်းနေမလားလို့။ ဘယ်မှာရှာရှာ ခန့်စည်သူကို Perth မြို့ ရဲ လေဆိပ်မှာ မတွေ့ပါကြောင်း...။

ဆိုတော့...ကျနော်တို့ Perth မြို့ ရောက်တော်လှန်ရေးသမားများအနေနဲ့ စီစဉ်ထားပြီသားဖြစ်တဲ့ ကိစ္စ (၁၆-၁၀-၂၀၁၀ ညနေ ငါးနာရီမှာ ပြုလုပ်မဲ့ ခန့်စည်သူရှုတ်ချပွဲ) ကို လုပ်ဖြစ်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

မှတ်ချက်။ ။ သြစတျေးလျအစိုးရမှ အရာရှိများ၊ နိုင်ငံတကာရောက်ရဲဘော်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါသည်။ ခန့်စည်သူကိစ္စကို အီးမေးပို့ခြင်းကို ဆိုလိုပါသည်။ အထူးသဖြင့် သြစတျေးလျရောက် ရဲဘော်များရဲ့ စုစည်းညီညွတ်မှုအားကို အထူးယုံကြည်ပါကြောင်း...။


လေးစားစွာဖြင့်
ရဲဘော် ဘုန်းကျော် (လူ့ဘောင်ချစ်)
www.phonekyaw.blogspot.com
Ph +61430429667

ဒုက္ခသည်အတုကိစ္စ...

ကျနော်တို့ Perth မြို့ က တော်လှန်ရေးအင်အားစုအနေနဲ့ ၁၉-၁၀-၂၀၁၀ ရက်နေ့မှာ Western Australia Immigration နဲ့တွေ့မယ်။ ဆွေးနွေးမယ့်ခေါင်းစဉ်က General Issues in Burmese Community, Perth ဖြစ်တယ်။ Immigration က Senior Officers နဲ့ Burmese Community Laison Officer တို့တက်ပြီး ကျနော်တို့ဆွေးနွေးတာကို နားထောင်မယ်။ ကျနော်တို့အင်အားစုဘက်က တက်မဲ့လူတွေကတော့- ကျနော်၊ ကိုရစ်ချက်၊ ကိုသီဟရွှေ တို့ဖြစ်တယ်။

ကိုရစ်ချက်က Perth မှာနေတာ နှစ်ပေါင်း ၃၀-ကျော်ပြီ။ သူ့အဖေနာမည်က ဦးခင်ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့နေ့မှာ ဗမာပြည်ရဲ့ အလံကို တရားဝင်လွှင့်ထူပြီး၊ အင်္ဂလိပ်အလံကို တရားဝင်ဖြုတ်ချခဲ့တဲ့သူပဲ။ ကိုချစ်ချက်ကို KNU ကနေ Hon Captain အဖြစ် လောလောဆယ်အသိအမှတ်ပြုတယ်။ သူက Perth မှာ ဒသနိကဗေဒနဲ့ ဘွဲ့ရခဲ့တယ်။ အခုလောလောဆယ် Children Founddation ကို Perth မှာ ဦးဆောင်ပြီးတည်ထောင်ထားတဲ့သူ။ နယ်စပ်မှာကျောင်းတွေဖွင့်ပြီး အကူအညီပေးသူဖြစ်တယ်။ သူ့မိန်းမ အင်္ဂလိပ်မတစ်ယောက်ဖြစ်တယ်။

ုကိုသီဟရွှေ ဆိုတဲ့လူက ၁၉၈၈-ခုနှစ်မှာ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်တယ်။ ၈၈-မှာ တောခိုလာတယ်။ ABSDF ရဲဘော်ဟောင်းတစ်ယောက်ဖြစ်တယ်။ သြစတျေးလျမှာ အခုလောလောဆယ် နိုင်ငံရေးခိုလှုံနေတယ်။ တော်လှန်ရေးကိုအားတက်သရောလုပ်တဲ့သူပဲ။

ကျနော့်အကြောင်းတော့ ခင်ဗျားတို့သိတဲ့အတွက် ဘာမှပြောစရာမရှိတော့ဘူး။

၁၉-ရက်နေ့ လုပ်မဲ့အစည်းအဝေးမှာ ကျနော်တို့ အဓိကဆွေးနွေးမဲ့ကိစ္စက ဒုက္ခသည်အတုတွေ၊ လုပ်စားဒုက္ခသည်တွေကို သြစတျေးလျနိုင်ငံက လုံးဝလက်မခံဖို့ကို အဓိကဆွေးနွေးမယ်။ လက်ရှိ PERTH မှာရှိနေတဲ့ စစ်အစိုးရနဲ့ပက်သက်တဲ့ ဗမာတွေ၊ စီးပွားရေးသမားတွေကို ဖော်ထုတ်အရေးယူပြီး မြန်မာပြည်ပြန်ပို့အောင်လုပ်မယ်။

နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံခြားထွက်ဖို့လုပ်နေတဲ့ ငွေရှင်ကြေးရှင်ဓနရှင်တွေရှိတယ်။ သူတို့က ဒုက္ခသည်အတုတွေဖြစ်တယ်။ သူတို့က စမှုစာလို သုံးဖက်ချွန်အခြေအနေရှိတယ်။ မြန်မာပြည်လည်းပြန်လို့ရတယ်။ တော်လှန်ရေးအင်အားစုနဲ့လည်းပေါင်းတယ်။ သြစတျေးလျလာဖို့အတွက်လည်းကြိုးစားနေကြတယ်။ သူတို့ကြောင့် တကယ့်နိုင်ငံရေးသမားကြီးတွေ၊ တော်လှန်ရေးသမားတွေ နစ်နာရတယ်။ ဒါ့ကြောင့်သူတို့ကို သြစတျေးလျကလက်မခံဖို့ ကျနော်တို့ အချက်အလက်နဲ့ပြောမယ်။

နောက်တမျိုးရှိသေးတယ်။ ဘာတော်လှန်ရေးမှမလုပ်၊ နိုင်ငံရေးမလုပ်၊ ငတ်လို့၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းထဲဝင်ပြီး နိုင်ငံခြားထွက်ဖို့လုပ်တဲ့သူတွေရှိသေးတယ်။ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ နဲ့ အခြား နိုင်ငံတွေမှာရှိတယ်။ သူတို့ကိုလည်းလက်မခံဖို့ပြောမယ်။

ဆိုလိုချက်ကတော့ ဒုက္ခသည်အတုတွေကို လက်မခံဖို့ဖြစ်တယ်။ သူတို့သြစတျေးလျရောက်ရင် ဗမာပြည်ပြန်ပြီး -င်-ိုး-ခံပြန်လုပ်ကြတယ်။ သူ့တို့ကြောင့် ကျနော်တို့ BURMESE COMMUNITY အတွက် အကျိုးမရှိရုံ မကဘူး၊ ညီညွတ်ရေးပါပျက်ပြားစေတယ်။ ဒါ့ကြောင့် ဒုက္ခသည်လုပ်စားတွေ၊ အတုတွေနဲ့ပက်သက်ပြီး IMMIGRATION တင်ပြမယ်။

ကျနော်တို့အင်အားစုက BURMESE COMMUNITY ကို ကိုယ်စားမပြုဘူး။ တာဝန်သိတဲ့လူတွေအနေနဲ့တင်ပြမှာဖြစ်တယ်။ ကျနော်တို့ဘက်က ခင်ဗျားတို့ရဲ့ အိုင်ဒီယာ၊ ဆန္ဒ၊ နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလိုချင်ပါတယ်။ ဆွေးနွေးပွဲလိုက်ချင်တဲ့လူပြောကြပါ။

ဒုက္ခသည်တွေကို သြစတျေးလျအစိုးရက PROCESSING လုပ်တဲ့အခါမှာ ကျနော်တို့ စေတနာ့လုပ်အားပေးအနေနဲ့လုပ်ချင်တယ်လို့ ပြောမယ်။ ကူညီမယ်။ ရည်ရွယ်ချက်ကတော့ တကယ်ခံရတဲ့လူတွေ အကျိုးခံစားခွင့်ရှိရေးပဲ။ အခု PERTH မှာ သုံးဖက်ချွန်စမှုစာတွေတအားများနေလို့ ဒီကိစ္စကို ကျိုးစားနေတာဖြစ်တယ်။

တော်လှန်ရေးဘက်က သူပုန်တွေ၊ ပြည်တွင်းက ထွက်ပြေးလာတဲ့သူပုန်တွေ၊ တကယ့် စစ်ပြေးဒုက္ခသည်တွေက အကျိုးမခံစားရဘူး။ လုပ်စားတွေ၊ လူလိမ်တွေပဲ တတိယနိုင်မှာတပုံကြီးဖြစ်ကုန်ကြပီ။ ခင်ဗျားတို့ ဒီလိုအခြေအနေကို ကြည့်ရက်လား။ ခင်ဗျားတို့လည်း ခင်ဗျားတို့ဒေသကနေ အစိုးရတွေကို တင်ပြကြပါ။

အောက်ကစာက Immigration ကပြန်စာဖြစ်ပါတယ်။ ဒီလိုတွေ့ခွင့်ရအောင် အကြံပေးတဲ့ ဒေါ်ကော်နီ (TRW) ကိုအထူးကျေးဇူးတင်ပါတယ်။ ဒေါ်ကော်နီက Perthမှာနေတာ နှစ်ပေါင်း ၄၀ ကျော်နေပါပြီ။ အခုကိစ္စကို သူကောင်းကောင်းနားလည်ပုံရပါတယ်။

--------------------------------------------------------------

Good afternoon Phone,

Thank you for your interest and email.

Both my supervisor Veronica Bannon and I are more than happy to meet you
and other distinguished persons.

Unfortunately, the 15.10.2010 is not a suitable time or date. Will you be
available for for the 19.10.2010, Tuesday at 10am?

Please let me know, so I can confirm this date and schedule it in our
diaries.

I look forward to your response, and meeting you.

Kind regards,

Jolene Chua
Settlement & Multicultural Affairs
Settlement Grants Manager & Community Liaison Officer
Department of Immigration and Citizenship

10/12/10

တွေးမိတွေးရာ


ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် ထိုင်းဝန်ကြီးချုပ်တို့ရဲ့ မျက်နှာကိုကြည့်ကြည့်ပါ။ လက်ဆွဲနှုတ်ဆက်နေတဲ့အနေအထားကိုလည်း လေ့လာကြည့်ပါ။ အတွေးပေါင်းများစွာ ကိုယ်စီရှိကြမှာပါလေ။

ချစ်ကြည်ရေးခရီးတော့မဟုတ်ပါ။ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက် သွားပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက သူ့အကျိုးစီးပွားအတွက် လက်ခံတွေ့ဆုံပါတယ်။ ဘာဘဲဖြစ်ဖြစ် ထိုင်းက အပေါ်စီးကနေ နေရတဲ့ဘ၀ဆိုတော့ ဗိုလ်ချုပ်သန်းရွှေ မခံချိမခံသာ ဖြစ်နေပါရောလား။ သြော်...။

ဧရာဝတီဘလော့ဂ်က ရန်ကုန်သားတာတေရေ...။

ဒိန်းမတ်သံရုံးက ပိုက်ဆံမပေးဘူးလို့ပြောတော့မှ ဒိန်းမတ်သံရုံးက ရိုင်းတယ်၊ ဒီပလိုမတ်မပီသဘူး၊ Communication မှာ professional မဖြစ်ဘူးဘာညာကြားရတော့..ဒီလိုမျိုးတွေးမိလို့ပါ။ ဒိန်းမတ်အစိုးရကပေးနေတဲ့အချိန်မှာ ဘာအသံမှမကြားရ။ ဘာဖြစ်လို့အခုကြမှ အသံကြားရပါလဲဟင်..။ မပေးတော့ စိတ်ဆိုးမှာပေါ့နော်။

Danish embassy's letter to Irrawaddy is rude and undiplomatic. So editors and senior management here want the embassy to say sorry and apology.

ရွေးကောက်ပွဲနဲ့ပက်သက်တဲ့သတင်းအချက်အလက်ကို အနောက်နိုင်ငံတွေက မကြိုက်လို့ပိုက်ဆံမပေးတာလားဟင်။ ဧရာဝတီအယ်ဒီတာရဲ့ ပေါ်လစီကို သဘောမကြလို့လားဟင်။ ရွေးကောက်ပွဲနီးလာမှ ဒီကိစ္စဖြစ်ရတယ်လို့ ဆင်ခြေပေးတာလားဟင်။ ကိုယ့်အမှားလည်း ကိုယ်ပြန်ကြည့်ပါအုံး...ဆရာတို့ရေ..။ မြန်မာလူမျိုးဖြစ်ပြီး ဗြောင်တော့....မလိမ့်ကြပါနဲ့။ ဒီမိုကရက်တစ်လှုပ်ရှားမှုမှာ ဧရာဝတီရဲ့ အခန်းက သေးသေးလေးလေးပါဗျာ။ ဒါကိုတော့ လူတိုင်းသိပါတယ်။ ကိုယ်ကိုယ့်လည်း စွတ်ပြီး အထင်တွေမကြီးကြပါနဲ့..။ ခင်ဗျားတို့ မီဒီယာမရှိလည်း ဘာမှမဖြစ်ပါဘူး။ ရှိတော့ သတင်းပိုစည်ကားတာပေါ့။ ဒီလောက်ပါပဲ။

ဗမာပြည်၊ ဇင်ဘာဘွေ၊ မြောက်ကိုရီးယား အစရှိတဲ့ပြည်ပအခြေစိုက်မီဒီယာတွေက စီးပွားရေးလုပ်တာတော့မဟုတ်ပါဘူး။ အလှူရှင်တွေရဲ့ ထောက်ပံ့ကြေးကိုပဲ တချိန်လုံးမျှော်လင့်နေရတယ်ပေါ့နော်..။ ဇင်ဘာဘွေပြည်သူတွေ၊ မြောက်ကိုရီးယားပြည်သူတွေ၊ ထိုင်းနိုင်ငံမှာ လက်ချိုးရေလို့ရပါတယ်ဗျာ။ ကျနော်တို့လူမျိုးတွေ သုံးလေးသန်းလောက် ထိုင်းမှာရှိနိုင်ပါတယ်။ သူတို့အခြေအနေနဲ့ ကျနော်တို့အခြေအနေမတူကြပါဘူးဗျာ..။ တကယ်လုပ်ချင်ရင် တကယ်ဖြစ်ပါတယ်။

ဒိုနာဆီကငွေက ပါးစပ်နဲ့လက်ပဲရင်းရတာဆိုတော့ မပင်ပန်းဘူးပေါ့။ ခေါင်းမစားဘူးပေါ့ဗျာ။

ဖြစ်နိုင်ရင် ဘိုလိုမရေးပဲနဲ့ ဗမာလိုရေးပြီး ဧရာဝတီမှာ တင်ကြည့်ပေါ့ဗျာ။ ကွန်းမက်တွေကိုလည်း လွတ်လွတ်လပ်လပ် ဖွင့်ထားကြည့်ပေါ့။ ဒါမှ ဗမာပြည်သူတွေရဲ့ တုန့်ပြန်မှုကို အထင်သားတွေ့ရပါလိ့မ်မယ်။ မီဒီယာပဲဗျာ။ ပွင့်လင်းရမှာပေါ့။ အခုကြတော့ ဧရာဝတီရဲ့ လုပ်ပုံက ဘိုလိုပဲ ရေးတက်ဖတ်တက်တဲ့လူတွေကိုပဲ လူထင်နေလားမသိတော့ပါဘူး။

၆၂-ယောက်တောင်ရှိတဲ့အင်အားက တစ်ရက်ကို သတင်းခြောက်ပုဒ်လောက်နဲ့ပဲ ရပ်နေတော့ ဒိန်းမတ်လည်းတင်းပြီပေါ့ဗျာ။ သြော်..ဒို့ဗမာတွေ လက်ကြောမတင်းလိုက်ပုံများ..။

Ecological Footprints

Perth, Australia

Yangon
Type your summary here. Type the rest of your post here.

10/11/10

ပြည်ပကို ဖျော်ဖြေရေးသွားမယ့် ခန့်စည်သူ

ပြည်ပကို ဖျော်ဖြေရေးသွားမယ့် ခန့်စည်သူ
Sunday, 29 August 2010 01:28 | Print E-mail

ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ ဆက်တိုက် ရိုက်ကူးနေရပေမယ့် ပြည်ပကို အလည်အပတ် သွားရောက်ချင်တာရယ်၊ ပြီးတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာများအတွက် ဖျော်ဖြေပေးဖို့နဲ့ အဲသည်နိုင်ငံက နိုင်ငံခြားသားများပါ မြန်မာ့အနုပညာကို လေ့လာခွင့်ရအောင် ခန့်စည်သူနဲ့ အဖွဲ့က ဩစတြေးလျနိုင်ငံကို သွားရောက်ပြီး ဖျော်ဖြေ ပေးကြမယ်လို့ သိရပါတယ်။

ခန့်စည်သူနဲ့ အဖွဲ့ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဩစတြေးလျကို သွားပြီး ဖျော်ဖြေပေးဖို့ စီစဉ်ထားပြီး ဆစ်ဒနီ၊ ပါ့သ်၊ မဲလ်ဘုန်းစတဲ့ မြို့ကြီးသုံးမြို့မှာ စက်တင်ဘာလကုန်အထိ အငြိမ့်နဲ့ နှစ်ပါးသွား ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း၊ လူရွှင်တော်များအဖြစ် ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ အရိုင်းစတဲ့သူများ ပါဝင်ကြမှာ ဖြစ်သလို မင်းသမီးများအဖြစ်တော့ မိုးပြည့်ပြည့်မောင်နဲ့ သဇင်တို့က သီဆို ဖျော်ဖြေ ကပြပေးသွားကြမယ်လို့ သိရပါတယ်။

ဒီလို ပြည်ပဖျော်ဖြေရေးခရီးထွက်တာ ခန့်စည်သူအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းလောက်က အင်္ဂလန်က ဖျော်ဖြေရေးအတွက်ခေါ်ပေမယ့် ဥ ကား ရိုက်နေတာနဲ့ တိုက်လို့ မလိုက်နိုင်ကြောင်း၊ ပြည်ပကို ထွက်တယ်ဆိုတာ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေ အလွမ်းပြေ ကြည့်ရဖို့ သွားရောက်ဖျော်ဖြေတာသာ ဖြစ်ကြောင်း၊ အနုပညာကြေးအတွက် သွားကြတာမျိုးမဟုတ်ဘဲ ခေါ်ယူတဲ့သူများက နေဖို့၊ စားဖို့၊ စရိတ်နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေးတာသာဖြစ်ပြီး အနုပညာကြေးမပြောကြတာ များကြောင်း ပြည်ပခရီးထွက်ရခြင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ပြည်ပထွက်တာနဲ့ စာရင် မြန်မာပြည်မှာ ကားရိုက်တာက ကိုယ့်အတွက် ပိုအဆင်ပြေ နိုင်တယ်လို့ ပြောရမှာဖြစ်ပြီး အဲဒီသွားတဲ့ ရက်နှစ်ဆယ်လောက်မှာ ဗီဒီယိုကားရိုက်မယ် ဆိုရင်တောင် နှစ်ကားလောက် ရိုက်လို့ရကြောင်း၊ ရုပ်ရှင်ကားဆိုလည်း တစ်ကား ရိုက်နိုင်ကြောင်း၊ ဟိုမှာ ရောက်နေတဲ့ ရက်နှစ်ဆယ်မှာ လေ့လာ၊ ဈေးဝယ်တာကလွဲရင် ဘာမှလုပ်လို့ မရနိုင်ကြောင်း ပြောပြပါတယ်။

Ref: The Ray of Light

http://myanmarnewszone.com/entertainment/4017-khat-sithu-travelling-abroad-to-perform.html

ကိုအောင်ဇော်နဲ့အတိုက်အခံအင်အားစုသို့...

မလေးရှားနဲ့ စင်္ကာပူမှာ အောင်မြင်နေတဲ့ ဂျာနယ် မဂ္ဂဇင်းတွေရှိတယ်။ သူတို့တွေလည်း မီဒီယာပဲ။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ရပ်တည်တယ်။

ထိုင်းနိုင်ငံမှာလည်း ဗမာတွေတပုံကြီးရှိတယ်။ ဧရာဝတီမဂ္ဂဇင်းဟာ ဒီလိုမဟုတ်။ တချိန်လုံး သူများခြေထောက်နဲ့ ရပ်တည်။ ဒါက ဘာကိုပြလဲဆိုတော့ အလှူရှင်တွေကိုအားကိုးပါများတော့ အကျင့်ပျက်တယ်ဆိုတာကိုပြတယ်။ ဧရာဝတီဟာ ဘယ်တုန်းကများ ဗမာပြည်သူတွေနဲ့ ပြည်ပနိုင်ငံသားတွေကို ကိုအောင်ဇော်ရဲ့ စာထဲမှာ ပါတဲ့အတိုင်း Transpency ရှိခဲ့ပါသလဲ။ ရသုံးငွေစာရင်း ရှင်းပြပါသလား။ တခါမှ မတွေ့မိဘူး။ ဒါလား Transpency။ ဧရာဝတီရဲ့ ဝန်ထမ်းတွေအားလုံး ကိုအောင်ဇော်လစာဘယ်လောက်ရလဲသိလား။

တခါက မလေးရှားကိုသွားတယ်။ မီဒီယာသမားတွေနဲ့တွေ့တယ်။ အလုပ်သမားတွေနဲ့တွေ့တယ်။ သူတို့ကပြောတယ်..ထိုင်းအခြေစိုက်အတိုက်အခံတွေက လုပ်စားတွေကြီးပဲတဲ့။ အထင်ကိုမကြီးကြဘူး။ ကျနော်လည်း ထိုင်းအခြေစိုက်အတိုက်အခံတစ်ယောက်ဆိုတော့ တော်တော်အောက်သွားတယ်။

ကျနော်တို့ ပြည်ပအခြေစိုက်အတိုက်အခံအင်အားစုတွေကိုပြောချင်တယ်။ ဖြစ်နိုင်ရင် ပွင့်လင်းကြပါ။ ရသုံးငွေစာရင်းတော့ ပြည်သူကို တင်ပြကြပါ။ ဘယ်အဖွဲ့က ဘယ်နိုင်ငံက ဘယ်လောက်ရလဲ၊ ဘယ်လောက်သုံးလဲဆိုတာကိုတော့ မြန်မာပြည်သူတွေသိသင့်ပါတယ်။

အားလုံးကို ခိုးတယ်လို့လည်း မပြောချင်ပါဘူး။ အခုပုံတွေ့ရတာက ခိုးနေတဲ့ပုံဖြစ်လို့ပါ။

ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ရပ်တည်တိုက်ပွဲဝင်နေတဲ့လူတွေရဲ့ မျက်နှာကိုကြည့်ကြပါအုံး။

..........................................................

ပြီးခဲ့တဲ့အပတ်က စစ်အစိုးရရဲ့ ဘလော့တခုကနေ (တခြား သွားပုတ်လေလွင့်ပြောနေတဲ့ ဘလော့တွေလည်း ပါတာပေါ့) ဧရာဝတီ သေပြီ ဆိုပြီး ဘန်ကောက် ဒိန်းမတ် သံရုံးရဲ့ စာကို လိုက်ဖြန့်ခဲ့ပါတယ်။ တကယ်တော့ သံရုံးနဲ့ ဧရာဝတီ ကြား အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ဘယ်လိုပေါက်ကြားသွားတယ် ဆိုတာ သံရုံး အမှုထမ်းတွေပဲ သိမှာပါ။

စာထဲမှာ ပါတဲ့ အချက်အလက် တော်တော်များများ မှားယွင်းနေတာကြောင့် တကြောင်း၊ ဧရာဝတီ စာဖတ်ပရိသတ်နဲ့ မိတ်ဆွေတွေက စိုးရိမ်တာကြောင့် တကြောင်း ဧရာဝတီအနေနဲ့ အခုစာကို ပရိသတ်သိရအောင် ထုတ်ပြန်လိုက်ရပါတယ်။



It has come to our attention that an email was sent by the Danish embassy to participants prior to The Irrawaddy donors' meeting held almost two weeks ago in Bangkok.
The letter was leaked to the Burmese regime's blog post (See link: http://padaukmyay.blogspot.com/2010/10/blog-post_1952.html) and some groups inside Burma.
The letter contained several factual errors.
Since then, we have received letters and enquiries from our readers and colleagues expressing concern, sympathy and solidarity with our predicament.
We have decided to respond publicly to the Danish embassy's letter. We sent a copy of this letter to our donors last week. This week, we decided to publish it on our website and our online blog.
We also will inform the highest ranking Danish officials in Copenhagen on this matter.
Our response in full:
It has come to our attention that an email was sent by the Danish Embassy to participants prior to The Irrawaddy donors' meeting held last week in Bangkok.
We wish to express our disappointment with this email communication—which we feel is entirely unprofessional, and the content and timing is both erroneous and inflammatory.
We are aware of the Danish Embassy's disappointment with Irrawaddy’s income generation efforts but are bemused that you are withdrawing support now that we have developed a Business Plan which aims for some success in this area. Whilst we may not have met your expectations for self-generated income within three years, we believe we have made significant progress in this area and aim to work on this in the future.
We do however consider that the main measure of success for Burmese exiled media is in fact the reach, quality and impact of our information—not the degree of our self-sufficiency. Indeed we do rely on donor support as we are not a self-funding business entity.
The reality of exiled media is that we aim to use scarce donor funds in an efficient way to produce professional, timely information and promote democratic change in Burma. We welcome the chance to be a self-funded independent media agency when we can return to Burma and we continue to work towards this goal.
We would like to clarify some misconceptions in the email from the Embassy:
  1. We have employed 62 staff in 2010 due to the increased workload and funding support to cover the elections in this vital year for Burma. In total, 20 people work in Burma, 7 people work as regional correspondents, and 35 work in our office in Chiang Mai.
  2. Travel by all Irrawaddy staff, including senior staff, is undertaken according to specific written travel policies and procedures.
  3. Please note that the print magazine is just one of 10 media products that we publish, including online, radio and multi-media aimed at reaching millions of people worldwide and in Burma.
  4. The insinuation that Irrawaddy mismanages donor funds is offensive and incorrect – we consistently provide comprehensive, transparent, financial reporting on staff travel and all of our organizational activities and expenses.
We would like to acknowledge the support from the Danish Government for The Irrawaddy over many years and note our extreme disappointment at the poor level of communication from the Embassy.
We have been very fortunate to work with many donors who value and understand the nature of exiled media and its important role.
Whenever news matters on Burma, we know that our readers, including donors, come to The Irrawaddy to look for independent analysis and critical reporting on Burma.
Regards,
Aung Zaw
Editor
The Irrawaddy

ခန့်စည်သူကို သြစတျေးလျမှ ဗီဇာပိတ်ပြီ

သြစတျေးလျအစိုးရမှ ခန့်စည်သူကို ဗီဇာပိတ်လိုက်ကြောင်း သိရသည်။

10/10/10

ခန့်စည်သူ..သို့ အိပ်ဖွင့်ပေးစာ

ကိုသိန်းလွင်

Khant Si Thu

ခန့်စည်သူအကြောင်း

လေးစားပါတယ် အမေရိကန်ရောက် ရဲဘော်ကြီးများ..။

ကျနော်တို့ Perth ရဲ့ အခြေအနေကို ကြည့်ကြပါအုံး။

မင်းသား၊ မင်းသမီးတွေကို အစိုးရက ပေါ်တာဆွဲလို့ဝါဒဖြန့်ချီရေးကား ရိုက်ရပါတယ်။ ကြောက်လို့ရိုက်ရပါတယ်။ နားလည်ပေးကြပါ။ စည်းရုံးကြပါ။ သူတို့လည်း မလုပ်ချင်ပါဘူး။ ဘာညာသာရကာ နေကြာကွာစိစုံလို့ပဲ။

သေသေချာချာမလေ့လာ၊ ထင်ကြေးနဲ့ ရွှီးကြ။ တော်တော် တော်တဲ့လူတွေပါလား။ အခုကြည့် ခန့်စည်သူ Perth ကိုလာတော့မယ်။ မိဘမဲ့ခလေးရံပုံငွေပွဲဆိုတဲ့ ခေါင်းစဉ်နဲ့လာမယ်။ Perth မြို့ မှာ အခုကတည်းက သဘောထားတွေကွဲနေပြီ။ ဆန့်ကျင်မယ်လူ၊ ကြည့်မဲ့လူ။

တော်လှန်ရေးဘ၀ထဲကလာတဲ့လူတွေ၊ အရင်တုန်းက လူ့ဘောင်သစ်၊ ABSDF NLD(LA) စတဲ့အဖွဲ့တွေက လူတစ်ချို့ က ရပ်တည်ချက်မရှိပဲ ပွဲမှာ ဈေးရောင်းသူရောင်း၊ လုံခြုံရေးလုပ်တဲ့သူကလုပ် ဘာတွေလဲမသိဘူး ရှုပ်ရှက်ကိုခက်နေတာပဲ။

မင်းသားမင်းသမီးတွေနဲ့သိမှ၊ ခင်မှ ဂုဏ်ရှိလေတယ်လို့ ထင်နေလားမသိဘူး။ အရင်တုန်းက တောထဲမှာနေတုန်းက ဒီလိုအခွင့်အလမ်းမရဘူးဆိုတော့ သိတဲ့အတိုင်း။ ကိုယ့်ကိုယ်ဟုတ်လှပြီထင်နေကြတယ်။ တော်လှန်ရေးအတွက် ရပ်တည်ချက်တခုတော့ အနည်းဆုံးရှိသင့်တာပေါ့။ အခုတော့ အဲလိုမဟုတ်ကြဘူး။

ကဲ...ဒီနေရာမှပြောမယ်။ မင်းသားမင်းသမီးတွေကို နားလည်ပေးသင့်၊ မသင့်ကိစ္စကို ကိုယ့်အုံးနှောက်နဲ့ကိုယ်စဉ်စားကြပေါ့။

ခန့်စည်သူအကြောင်းပြောမယ်။ ခန့်စည်သူဟာ ခလေးမဟုတ်ဘူး။ အသက်လေးဆယ်အရွယ်လူကြီးဖြစ်တယ်။ ခလေးမွေးရင်တောင် မြေးရနိုင်တဲ့အခြေအနေ။ သူက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ CEC ဖြစ်တယ်။ လျှပ်တပြတ်ဂျာနယ်မှာ သူပြောတာကို ကြည့်ပါအုံး။

" အခုရိုက်ကူးနေတဲ့ ကြံ့ခိုင်ရေးကားမှာကော အစ်ကို ဘယ်နေရာကနေ သရုပ်ဆောင်ထားလဲ၊

ကြံ့ခိုင်ရေးကားမှာတော့ ဒီဘက်ခေတ်ပေါ့၊ ကိုမျိုးချစ်ဆိုတဲ့ နေရာမှာပါ။ ခိုင်သင်းကြည်နဲ့ လင်မယားပေါ့၊ ဒီဘက်ခေတ် လက်ရှိတိုးတက်လာတဲ့ အနေအထားတွေ နောင်လာ နောင်သားတွေ ကိုယ့်သားသမီးတွေကို ပြန်ပြောရတဲ့ အနေအထားမျိုးလေးတွေပါ။

အဲဒီကားလေးအတွက် အစ်ကိုဘာတွေ ပြင်ဆင်ထားလဲ။

အဓိက ကတော့ ဒီလိုဇာတ်ကားတွေ ရိုက်တယ် ဆိုတာကတော့ အမှားအယွင်း၊ အတိမ်းအစောင်းခံလို့ မရဘူး၊ သူတို့ရဲ့ ရည်ရွယ်ချက်ကိုက ဘာအရောင်အသွေးမှလည်း မပါဘူး။ နှစ်ပေါင်းများစွာ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းမှာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ဖြစ်တဲ့ နိုင်ငံတော်တိုးတက်မှုတွေကို မလုပ်နိုင်ဘဲနဲ့ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေ တက်တယ်၊ ပြဿနာတွေ ဖြေရှင်းတယ်၊ အဲဒီတော့ နိုင်ငံတော်တိုးတက်မှုက နှောင့်နှေးကြန့် ကြာသွားတယ်၊ နောင်အဲဒီလို မဖြစ်အောင် ဘယ်လိုဆင်ခြင်ပြီးတော့ နေထိုင်ကြမလဲ၊ အဲဒီတော့ ဘယ်လိုတစ်ယောက်နဲ့ တစ်ယောက်က ဘယ်လို ခွင့်လွှတ် နားလည်ပြီးတော့ နေပေးကြမလဲဆိုတဲ့ message လေးပေါ့ ကောင်းပါတယ်။ "

ဒါလား သူ့ကို စစ်အစိုးရ ပေါ်တာဆွဲတယ်ဆိုတဲ့ အကြောင်းပြချက်။ ကိုယ်ကိုယ်တိုင် ယုံကြည်လို့လုပ်တဲ့ကိစ္စ။ သူက သမိုင်းကို တကယ်မသိဘူးထင်လို့လား။

"ကိုခန့်ဒုတိယနှစ်တက္ကသိုလ် ကျောင်းတက်စဉ်မှာ ၁၉၈၈ ခုနှစ်နဲ့ ကြုံခဲ့ပါတယ်။ ကျောင်းတွေပိတ်သွားခဲ့တာမို့ အဲဒီကာလကျော်လွန် ပြီးချိန်မှာပဲ ဂျပန်နိုင်ငံကို မမျော်လင့်ဘဲရောက်ရှိခဲ့ပါတယ်။ ကိုခန့်စည်သူက ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်ဝန်းကျင် ကျင်လည်ခဲ့သူပါ။ ကိုခန့်ငယ်ဘ၀ဖြတ်သန်းမှုတွေနဲ့ အနုပညာနဲ့ ဆက်နွယ်မှုတွေမေးတော့.."

ဒီလိုအခြေအနေတွေရှိတယ်။ ဒါကိုမှ နားမလည်ရင် အသက်လေးဆယ်အရွယ်လူကြီးတစ်ယောက်မဟုတ်တော့ဘူး။ နောက်ဆုံးပြောချင်တာက ခန့်စည်သူဟာ နအဖရဲ့ ဒေါက်တိုင်တစ်ချောင်းဖြစ်တယ်။

၁၆၊ ၁၀၊ ၂၀၁၀ ရက်နေ့မှာ Morley Recreation Center မှာ တွေ့မယ်။ ညနေ ငါးနာရီမှာ နအဖလူဖြစ်တဲ့ ခန့်စည်သူကို ဆန္ဒပြမယ်။ ဖြစ်နိုင်ရင် ခေါင်းပါရိုက်ခွဲချင်တယ်။



ကိုးကား...

၁) http://first-11.com/index.php?option=com_content&view=article&id=2569%3A2010-04-01-07-32-25&Itemid=113

၂) http://snapshot-news.com/index.php?option=com_content&view=article&id=1488:2009-09-06-16-28-29&catid=137:vol2-no49&Itemid=118

10/8/10

အရာရှိ အရာခံ အကြပ်တပ်သားများ ဆက်သွယ်ပါ

ကိုထူးချစ် (ညွှန်ကြားရေးမှုး-GHRE)
စစ်ဗိုလ်ချုပ်များအား နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုနိုင်ရန် ကျနော်တို့ပြင်ဆင်နေပါသည်။ ၁၆-နှစ်အောက်ခလေးစစ်သား အဖြစ်လုပ်ခဲ့ဘူးသူများ၊ အနိုင်ကျင့်ခံရသူများ၊ စစ်ဗိုလ်ချုပ်များရဲ့ မတရားအနိုင်ကျင့်ခံရသူများ ကျနော်တို့ကို ဆက်သွယ်ကြပါ။ ကိုထူးချစ် (GHRE) ကိုလည်း ဆက်သွယ်နိုင်ပါသည်။ ကျနော်တို့ အချက်အလက်များ စုဆောင်းနေပါသည်။

10/6/10

ရခိုင်တော်လှန်ရေးသီချင်း





ယခုတေးသီချင်းသည် နို့ဖိုးဒုက္ခသည်စခန်း (မဲ့ဆောက်အနီး) တွင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရခိုင်သီချင်းဖြစ်ပါသည်။ ပေးပို့သူ လိစ် ဂတ်တာတီးခတ်သူ ကိုထွေးအားအထူးကျေးဇူးတင်ရှိကြောင်းပြောချင်ပါသည်။ အောင်မြင်ပါစေဗျာ..။ တီးခတ်သူ၊ သီဆိုသူ၊ ရိုက်ကူးသူအားလုံးသည် စစ်အစိုးရ၏ ဖိနှိပ်ညှင်းပန်းမှု့ ကြောင့် နို့ဘိုးဒုက္ခသည်စခန်းတွင် ခိုလှုံနေရခြင်းဖြစ်သည်။

အနုပညာကိစ္စ ဆက်သွယ်ရန်... ကိုထွေး (shwehtwe50@gmail.com)

မြန်မာပိုင်ကားတစ်စီး ဓာတ်ဆီလောင်းပြီး မီးရှို့ ခံရ...





ဓာတ်ဆီထည့်လာသည့် ပုံး





Australia နိုင်ငံ Perth မြို့ ရှိ Mirrabooka ရပ်ကွက်နေ မြန်မာပိုင်ကားတစ်စီးအား ဓာတ်ဆီလောင်းပြီး မီးရှို့ ခံရပုံဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူ ကိုတိုးးကြည်သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ရဲဘော်ဟောင်းတစ်ဦးဖြစ်သည်။ ၄င်းကားအား မိုးလင်းခါနီး မနက်ငါးနာရီလောက်တွင်မီးရှို့ ခံခြင်းဖြစ်သည်။ ကာလပေါက်ဈေး ဒေါ်လာ နှစ်သောင်းခွဲတန်ကြောင်းသိရသည်။ မြန်မာအများစုမှ မြန်မာအချင်းချင်းမကျေနပ်၍မီးရှို့ ခံရကြောင်း ထင်ကြေးပေးသည်။ မီးရှို့ ခံရသည့်ကားအား Insurance ထားရှိသောကြောင့် အာမခံကြေးအပြည့်အ၀ ပြန်လည်ရရှိနိုင်ကြောင်းသိရသည်။ ယခုအချိန်ထိ မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း စုံစမ်းမရသေးပါ။

10/3/10

မပြီးသေးတဲ့ ၀ိုင်းစုကိစ္စ....

အမေရိကမှာရှိတဲ့ ရဲဘော်ကြီးတွေ၊ ရဲဘော်အိုတွေ၊ ရဲဘော်လေးတွေ ၀ိုင်းစုခိုင်သိန်းကိစ္စ မပြီးတော့ဘူးလား။ ဘယ်လောက်ကြာပြီလဲ...။ ရဲဘော်လူပျိုကြီးတွေ ၀ိုင်းခိုင်သိန်းကို အပိုင်ဖန်လိုက်တော့။ ကိုယ့်ဂွင်ထဲမှာရောက်နေတာတောင် မဖန်နိုင်ဘူးဆိုရင် ညံ့တယ်။

Perth မှာ ရှိတဲ့ ခန့်စည်သူကိုတော့ စင်ပေါ်ထိတက်ပြီးရိုက်မယ်လို့ ကြိမ်းနေပြီ..။ ခန့်စည်သူက ယောက်ျားဆိုတော့ ရိုက်ရတာကောင်းတယ်။ ၀ိုင်းစုခိုင်သိန်းက စော်လေးဖြစ်တော့ မိန်းမအချင်း ပါး..ရိုက်ပြီးပညာပေးရမယ်။ အမေရိကမှာရှိတဲ့ ရဲမေတွေ ဒါကြတော့ သတ္တိမရှိဘူးလားဟေ့..။

10/2/10

သုံးဖက်ချွန်စမှုစာတွေကို သတိထား?

ကျနော်တို့ ဘယ်လိုနားလည်ပေးရမှာလဲဗျာ။

ခင်ဗျားတို့ အနုပညာသည်တွေက စစ်အစိုးရကိုကြောက်လို့ အတင်းအဓမ္မပေါ်တာဆွဲလို့ ရုပ်ရှင်ရိုက်ရပါတယ်လို့အကြောင်းပြတယ်။ ကာယကံရှင်တွေက ဘာမှမပြောသေးဘူး။ ဘေးကနေဘာမဆိုင်ညာမဆိုင်၊ ဆင်-ီးခွေးမျှော်ချင်နေတဲ့လူတွေပဲက ရှေ့ နေလုပ်ပြီး ပြောနေတယ်။ ခင်ဗျားတို့က သူတို့အကြောင်းဘယ်လောက်သိလို့လဲ။

ခင်ဗျားတို့ကသာ ကျနော်တို့ကို နားလည်ပေးပါလို့ပြောတယ်။ စစ်အစိုးရက ကျနော်တို့ အတိုက်အခံအင်အားစုတွေကို ဘယ်တုန်းကများ နားလည်မှုပေးခဲ့လို့လဲ။ ဦးကျော်သူကို အားပေးလို့ဆိုပြီး အနုပညာသည်တွေကို အနုပညာသက်တမ်း (တနှစ်) ပိတ်တယ်။ ဒါလား စစ်အစိုးရက နားလည်ပေးတာလား။ ကိုဇာဂနာ နဲ့ အခြားအနုပညာသည်တွေကို နားလည်မှုရှိရှိနဲ့ ထောင်ထဲထည့်တာလား။

စစ်အစိုးရက သူ့ကို ထိခိုက်နိုင်တဲ့လူတွေမှန်သမျှထောင်ထဲထည့်တယ်။ ဒုက္ခပေးတယ်။ ဒါကဘာကို ပြလဲဆိုတော့ ကျနော်တို့အတိုက်အခံအင်အားစုကို အသေရရအရှင်ရရ ပြုတ်စားချင်နေတယ်ဆိုတဲ့ စိတ်ကိုပြတယ်။

ကျနော်တော့ စစ်အစိုးရကို အားပေးအားမြှောက်လုပ်တဲ့လူတွေမှန်သမျှကို လုံးဝနားလည်မှုမပေးနိုင်ဘူး။ ဒါမှ လူတိုင်းက ဘက်တဖက်ထဲကို ရပ်လိမ့်မယ်။ သုံးဖက်ချွန်စမှုစာလို အတိုက်အခံနဲ့တွေ့ အတိုက်အခံနဲ့ပေါင်း၊ စစ်အစိုးရနဲ့တွေ့ စစ်အစိုးရနဲ့ပေါင်း၊ ပြည်သူနဲ့တွေ့ပြည်သူကို ချစ်ပါတယ်လို့ပြောတဲ့လူတွေကတော့ဗျာ...ချီးစားပြီး ဟောင်းတက်တဲ့ခွေးလောက်တောင် အထင်မကြီးဘူး။

ကျနော်တို့နားလည်မှုပေးလိုက်ရင် ဘာဖြစ်မလဲ...ကျနော်တို့အတိုက်အခံအင်အားစုတွေကို ဒီလူတွေ မလေးမခန့်လုပ်တော့မှာဖြစ်တယ်။ ကျနော်တို့လုပ်နေတာက အားယားယားအပျင်းပြေလုပ်နေတဲ့လူတစ်ယောက်မှမရှိဘူး။

သြစတျေးလျနိုင်ငံမှာ လူအများစုက သုံးဖက်ချွန်လုပ်ချင်တယ်။

မြန်မာပြည်မပြန်ရမှာစိုးလို့၊ စီးပွားရေးထိခိုက်မှာစိုးလို့၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ သုံးဘက်ချွန်လုပ်ချင်ကြတယ်။ သြစတျေးလျနိုင်ငံကို ရောက်လာတဲ့မြန်မာတွေမှန်သမျှ ဒုက္ခသည်တွေပဲ။ ဒုက္ခသည်တွေအချင်းချင်း တမှုးပိုမရှုချင်ပါနဲ့။ စီးပွားရေးသမား၊ ကျောင်းသား၊ ပညာရှင်၊ နိုင်ငံရေးသမား၊ အားလုံးအားလုံး ဒုက္ခသည်တွေပဲ။ မြန်မာပြည်မှာ ဒုက္ခမရောက်ရင် ဒီကိုတောင်လာမှာမဟုတ်ဘူး။ ဒါကို စောက်ကြီးစောက်ကျယ်နဲ့ ကိုယ့်ပါးစပ်မှအားမနာပြောကြသေးတယ်။ ခင်ဗျားတို့ ဗမာပြည် ပြန်ချင်သလို ကျနော်တို့လည်းပြန်ချင်တယ်။ ခင်ဗျားတို့ ချစ်သလို ကျနော်တို့လည်းချစ်ပါတယ်။

စစ်အစိုးရ သူ့ကိုထိလာတဲ့လူမှန်သမျှ သနားတယ်ပဲပြောတယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ လူတွေ၊ လှုပ်ရှားမှုတွေကို ထိလာတဲ့လူမှန်သမျှ သနားတယ်ပဲပြောမယ်။ လာမထိနဲ့...ကိုယ့်အချင်းချင်းလည်းလုံးဝခွင့်မလွှတ်ဘူး။ ဟိုလိုလိုဒီလိုလိုလုပ်တဲ့ကောင်တွေ သေဖို့သာပြင်တော့။

ကျနော်တို့ ဘယ်တော့မှ နားလည်မှုမပေးဘူး။ နားလည်မှုပေးချင်တယ်ဆိုရင် သင်္ကန်းဝတ်ပြီး ဘုန်းကြီးပဲလုပ်တော့မယ်။ လူတိုင်းကို မေတ္တာထားပေးမယ်။

10/1/10

ခန့်စည်သူပွဲ အခြေအနေ (၁၊ ၁၀၊ ၂၀၁၀)

ရဲဘော်ကြီးများသို့-

Morely ရဲစခန်းကို မနက်ကိုးနာရီမှာရောက်ပါတယ်။ ရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက်ထွက်လာပြီး ဆန္ဒပြဖို့အတွက်ရေးထားတဲ့စာကို လက်ခံပါတယ်။ သူတို့ဘက်က ဆန္ဒပြဖို့ကိစ္စကို သဘောတူကြောင်းပြောပါတယ်။ Public Area မှာလုပ်ဖို့ တိုက်တွန်းပါတယ်။ Private Area မှာလုပ်ရင် အဖမ်းခံရနိုင်တယ်လို့ပြောပါတယ်။ ရဲတွေဘက်က လုံခြုံရေးယူပေးမယ်လို့ အကြောင်းပြန်တယ်။

ပြီးတော့ Morely Rrecreation Center ရဲ့ မန်နေဂျာနဲ့တွေ့ပြီးအကျိုးအကြောင်း ပြောပြသင့်တယ်လို့ ရဲက အကြံပေးတယ်။ ရဲစခန်းက အပြန်မှာ ကျနော်သွားတွေ့တယ်။ မန်နေဂျာကပြောတယ်..သဘောမတူဘူး။ သူ့စီးပွားရေးထိခိုက်မှာကို အကြောင်းပြုပြီးအကြောက်ကန်ငြင်းတယ်။ ကျနော်တို့ ဆန္ဒပြပွဲ လုပ်မဲ့နေရာကို မန်နေဂျာနဲ့အတူ ကျနော်လိုက်ပြတယ်။ ခန်းမအရှေ့ က မြတ်ခင်းမှာလုပ်ချင်တယ်။ ဒါဆိုရင် ခင်ဗျားရဲ့ ပိုင်နက်ကို မကျော်ဘူးပေါ့။ ဒါလည်းသဘောမတူ။ မတက်နိုင်ဘူး။ ရဲက ခွင့်ပြုချက်ရပြီဆိုတာ့ မန်နေဂျာကိုတော့ သနားတယ်။

ညနေပိုင်း ခန်းမမန်နေဂျာက ဖုန်းဆက်လာတယ်။ ကျနော်တို့အဖွဲ့ရယ်၊ မန်နေဂျာရယ်၊ ခန့်စည်သူပွဲစီစဉ်သူနဲ့စကားပြောချင်တယ်။ ညှိနှိုင်းချင်တယ်လို့ပြောတယ်။ အိုကေ..လက်ခံတယ်။ တနင်္ဂလာနေ့ ညနေ သုံးနာရီခွဲမှာ မန်နေဂျာရုံးခန်းမှာတွေ့မယ်။ ဆွေးနွေးမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့တော့မဖြစ်နိုင်ဘူး။ သူ့စီးပွားရေးထိခိုက်မှာကိုကြောက်လို့ အပေးအယူလုပ်ချင်တဲ့ပုံပဲ။ ဘာဘဲဖြစ်ဖြစ်သွားပြီး နားထောင်လိုက်မယ်။

ကိုရစ်ချက်၊ ကိုသီဟရွှေ၊ မွတ်စလင်ကုလားသူပုန်နဲ့ ကျနော်တို့သွားမယ်။ ဆန္ဒပြပွဲကိစ္စကို ဘယ်လိုနည်းနဲ့အပေးအယူလုပ်လုပ် သဘောတူမှာမဟုတ်ဘူး။ တခုတော့ရှိတယ်...ခန့်စည်သူ မလာတော့ဘူးဆိုရင် ရပ်မယ်။ အငြိမ့်ပွဲမှာ မှုးပြီးကွေးနေအောင်ကမယ်။ မကြိုက်ရင်အခုကတည်းပြောပါ။

ဆွေးနွေးပွဲပြီးရင် နောက်ဆုံးအခြေအနေကိုတင်ပြမယ်။ ဘာ့ကြောင့်အခုလို လူသိရှင်ကြားလုပ်လဲဆိုတော့....ခန့်စည်သူကို ဆန္ဒပြတာမဟုတ်တော့ဘူး။ ကျနော်တို့တိုက်ပွဲတခုကို တိုက်နေတယ်လို့ပဲမြင်တယ်။ ဒီတိုက်ပွဲကတော့ စစ်အာဏာရှင်တွေကို Perth မြေပေါ်ကနေတောင် တိုက်နေတယ်။

လေးစားစွာဖြင့်
ဘုန်းကျော်
၀၄၃၀၄၂၉၆၆၇

9/30/10

ခန့်စည်သူကို ဆန္ဒပြဖို့အတွက် ရဲ..ကိုအကြောင်းကြားပြီ

Date 30/09/2010

To: Morley Police Station

This is to notify the local police of our intention to protest at the Morley Recreation Centre on the 16th October, 2010.

This protest is in regard to the arrival in Australia of a Burmese actor with ties to the Burmese military regime. He has starred in many military propaganda movies that hide and deny the well documented oppression and brutality of the regime.

As Australian citizens and former refugees who have fled the oppression in Burma, we wish to exercise our democratic right (a right which is brutally suppressed in Burma) to peacefully protest - we are protesting the role this man has played in propagating mistruths about what is happening in Burma.

If you require any further information or documentation please contact me.

Yours respectfully,


Phone Kyaw

Mobile: 043042967
Email: wgdperth@gmail.com

မှတ်ချက်။ ။ ရေးသူ ကိုရစ်ချက်အားအထူးကျေးဇူးတင်ပါသည်။

9/28/10

လေးစားပါတယ်..ညီမငယ်



လေးစားပါတယ်..ညီမငယ်။ ထပ်ပြောမယ်..ဂုဏ်ယူပါတယ် ညီမငယ်။ ဒါမျိုးကို မြန်မာမိန်းခလေးတွေ အတုယူကြပါ။ စိတ်ဓာတ်၊ ခွန်အား၊ မာန်ပါပါ၊ ခံစားချက်အပြည့်နဲ့ ဒီလိုပြောတယ်။ အရမ်းကောင်းတယ်။ သဘောတူတယ်။ ဘာလဲကွ UN ။ Statement နဲ့ အလုပ်မဖြစ်ဘူး။ ဒါကို အတိုက်အခံအင်အားစုတွေလည်းသတိထားကြပါအုံး။ မြန်မာပြည်ကို အမေရိကန်တပ်ဝင်တိုက်စေချင်ပြီ။

9/27/10

မိုးသီးဇွန်ရဲ့ မေးခွန်းများ

နိုဝင်ဘာ ၇ -ရက်နေ့ မှာ တိုက်ပွဲစမယ်ရဲဘော်တို့ ...။

၁-လူထုကို ဘာကြောင့် ရွေးကောက်ပွဲကို ကန့် ကန်ဆန္ဒပြရတာလဲ ဆိုတာကို ဘယ်လိုပြောမလဲ?

၂-သင်တို့ ရဲ့ မိန့် ခွန်းတွေထဲမှာ ဘာတွေထည့်ပြောမလဲ?

၃-သူတို့ ပါဝင်လာအောင်သင်ဘာတွေပြင်ဆင်မလဲ?

၎-သူတို့ ပါဝင်လာရင် လူထုကို ဘာတာဝန်တွေပေးမလဲ?

၅-လူထုကို ဘယ်လိုကြွေးကြော်သံတွေချပေးမလဲ?

၆-အလံတွေကို ဘယ်သူလုပ်မလဲ?

၇-စပီကာကို ဘယ်သူတာဝန်ယူမလဲ?

၈- ပိုစတာတွေ၊ ဘန်ဒါတွေကိုဘယ်သူလုပ်လဲ ၊ ဘာတွေရေးမလဲ?

၉- အလုပ်သမားတွေကို ဘယ်သူသွားစည်းရုံးမလဲ?

၁၀- သံဃာတွေကိုဘယ်သူသွားလျောက်မလဲ?

၁၁- ချီတက်ပွဲဖြစ်လာရင် ဘယ်နစ်ယောက်တန်းချီတက်မလဲ?

၁၃- လမ်းဘေးက အားပေးနေတဲ့သူတွေကို အတူတူချီတက်လာအောင် ဘယ်သူက ခေါ်မလဲ?

၁၄- တိုက်ပေါ်ကနေကြည့်ပြီး အားပေးနေတဲ့သူတွေကိုပါလာအောင် ဘယ်သူက စည်းရုံးမလဲ?

၁၅- မြို့ သစ်တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်လာအောင်ဘယ်သူက စည်းရုံးမလဲ ၊ ဘယ်လိုစည်းရုံးမလဲ?

၁၆- ကြံဖွတ်နဲ့ စွမ်းအားရှင်တွေက နှောက်ယှက်လာရင် ဘယ်လို တုန့် ပြန်မလဲ၊( ပြန်ချမလား၊ သူတို့ ရိုက်တာခံမလား )?

၁၇- ရဲနဲ့  စစ်သားတွေက ပြစ်ခတ်ဖို့  လာရင် ချီတက်နေတာကိုရပ်ပြစ်မလား။ လူစုခွဲမလား။ ဆက်ပြီးအသေခံချီတက်မလား?

၁၈- ပြစ်ခတ်နိမ်နင်းလာရင် ကားလမ်းတွေကို ဘယ်သူပိတ်မလဲ?

၁၉- အစိုးရကားတွေကို ဘယ်သူက မီးရှို့ မလဲ?

၂၀ - ဆက်သွယ်ရေး၊ စနစ်တွေ ဘယ်လို ထူထောင်ထားမလဲ ( တယ်လီဖုန်း၊ စက်ဘီး၊ ကား၊ ဆက်သား၊ )?

၂၁- ရန်ကုန်က လှုပ်ရှားမှုကိုနယ်တွေသိအောင်ဘယ်လိုလုပ်မလဲ?

၂၂- နယ်တွေဖက်မှာ ပြန့် နှံသွားအောင် ဘယ်သူ တာဝန်ယူမလဲ?

၂၃- စက်ရုံတွေကို ဘယ်သူတွေက သိမ်းပိုက်ထားမလဲ?

၂၄- သပိတ်ကို ရေရည် ဆွဲနိင်အောင် ဘယ်လိုလုပ်မလဲ?

၂၅- လူထုအစိုးရကို ဘယ်လို ဖွဲ့ မလဲ?

၂၆- မီဒီယာတွေကို ဘယ်သူက တာဝန်ခံဖြေမှာလဲ ။ တတိုင်းပြည်လုံးကိုဘယ်ြလိုမက်ဆေ့ခ်ျပေးမှာလဲ?

၂၇- ကိုယ်ရပ်ကွက်အလိုက်ကျေးရွာအလိုက် အုပ်ချုပ်ရေးတွေ ကိုဘယ်လိုချမလဲ (လုံခြုံရေး၊ အပြန်အလှန်ကူညီရေး၊ လူထု စားဝတ်နေရးကျမာရေး )?

၂၈- ရံပုံငွေတွေကိုစနစ်တကျ ဘယ်လိုကောက်ခံမလဲ?

၂၉- သံရုံးတွေကို ဘယ်လို အသုံးချမလဲ?

၃၀- ကားလမ်း၊ရထားလမ်း၊ သင်္ဘေဆိပ်တွေကို ဘယ်လို ထိမ်းသိမ်းမလဲ ၊ဖြတ်တောက်မလဲ?

၃၁- သံရုံးတွေရဲ့ အကူညီကိုဘယ်လိုယူမလဲ?

၃၂- စစ်အစိုးရဒေါက်တိုင်တွေကို ဘယ်လိုဖြိုမလဲ၊ ဘယ်သူတွေဖြိုမလဲ ၊ ပြစ်မှတ်တွေကိုဘယ်လိုပြုစုထားမလဲ?

မှတ်ချက်။ ။ လိုအပ်တာတွေကိုဖြည့်စွတ်ပြီး ကိုမိုးသီးအီးမေး wefightwewin@gmail.com ကိုပို့ပေးကြပါ။ ကျနော်တို့တော်လှန်ရေးရဲ့ အောင်ပွဲကို လိုချင်သူများ မိမိနီးစပ်ရာ သူငယ်ချင်းမိတ်ဆွေများ၊ ညီအစ်အကိုမောင်နှများအား ယခုမေးခွန်းများအားပို့ပေးကြပါ။ အားလုံးအခုကတည်းက တိုက်ပွဲကိုစတင်အကောင်အထည်ဖော်လို့ရပါပြီ။ နိုဝင်ဘာလ-ရက်နေ့မှာ သမိုင်းမှာ မကြုံစဖူးတဲ့လူထုအုံကြွမှုဖြစ်လာရစေမယ်။

စစ်အာဏာရှင်တွေကို နိုဝင်ဘာ (ရ) ရက်နေ့မှာ မြန်မာ့မြေက အပြီးအပိုင်မောင်းထုတ်ပြစ်ကြပါစို့။

စစ်တပ်၊ ရဲ၊ စွမ်းအားရှင်စတဲ့ အာဏာရှင်လက်ကိုင်ဒုတ်တွေ လူထုတွေကို ပြန်လည်တိုက်ခိုက်လာနိုင်ပါတယ်။

တိုက်ခိုက်မယ်လို့လည်း ယုံကြည်တယ်။ ဒီတော့ လူတိုင်းမိမိအိမ်မှာရှိတဲ့ သေနတ်၊ တုတ်၊ ဓား၊ ဒူးလေး စတဲ့အရာတွေကို အသင့်ပြင်ထားကြပါ။ ဆန္ဒပြပွဲဖြစ်တာနဲ့တခါတည်းယူသွားပါ။

မျိုးချစ်စစ်သားများ၊ အမှန်တရားကို သိတဲ့စစ်တပ်၊ ရဲ ဘက်ကအရာရှိများ လူထုဘက်က ရပ်တည်ကာကွယ်ပေးကြပါ။ နိုဝင်ဘာ (၇) ရက်နေ့မှာ ပြည်သူနဲ့အာဏာရှင်တို့ အဆုံးသတ်တိုက်မဲ့ပွဲဖြစ်တယ်။ ဒီအချိန်မှာ လူတိုင်းလူတိုင်းခေါင်းဆောင်တွေပဲ။ ကိုယ့်အသက်ကို ကိုယ်ပဲကာကွယ်ပါ။ မိမိရန်သူကို ရရာလက်နက်နဲ့ခုခံတိုက်ပွဲဝင်ကြပါ။

9/26/10

ဒေါက်တာလွဏ်းဆွေ=အက်ဆစ်

အက်ဆစ်ဆိုတဲ့လူ အတွေးအမြင်ကို အရင်တုန်းကသဘောကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိအတိုက်အခံအင်အားစုတွေကို အားမလိုအားမရဖြစ်နေတာကိုထောက်ပြတဲ့အနေလို့ မြင်မိတယ်။ လှုပ်ရှားမှု ပြင်းထန်လာအောင် လှုံ့ ဆော်ပေးတယ်ထင်လို့ အားပေးမိတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာဆိုတော့။ အက်ဆစ်ဆိုတဲ့ ဆောင်းပါကို ဘုန်းကျော်ဘလော့ဂ်မှာတင်ကြည့်ပါလား။ ဘယ်သူမှ ဂရုတစိုက်နဲ့ဝေဖန်လေကန်မှာမဟုတ်ဘူး။

NLD ကို အားမရဘူး။ ဒေါ်စုဦးဆောင်မှု မပြတ်သားဘူး။ ပြည်ပအတိုက်အခံဘာညာဖြစ်တယ်။ ပြောရင်တော မဆုံးတော့ပါဘူး။ ကျနော်လည်း ဝေဖန်ရေးဆရာတော့မဟုတ်ဘူး။ ပြည်တွင်းက ကလူဟာ ပြည်တွင်းအကြောင်းကိုသိနိုင်မယ်။ ပြည်ပက လူလည်းပြည်ပအတိုက်အခံကြောင်းကို သိမယ်။ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ။ အက်ဆစ်ကလည်း အက်ဆစ်အကြောင်းပဲသိမယ်။

နောက်ဆုံးအနေနဲ့ အက်ဆစ်ကတော့ ဒေါက်တာလွဏ်းဆွေဖြစ်ပါတယ်။ သူ့ဘလော့ဂ်မှာ သူကြိုက်သလိုတွေး၊ ရေး၊ လုပ်တာကို ကျနော်က အားအားယားယားဒီလိုပြန်ရေးမိတော့ ကျနော့်အပြစ်ပဲဖြစ်တာပေါ့။ ဒါနောက်ဆုံးပါပဲ အက်ဆစ်ကို စကားယှဉ်ပြောရတာမောပါပြီ။ အက်ဆစ်က ရန်သူ့လူပဲဖြစ်ပါတော့တယ်။ ကိုယ့်အမြင်ကို နာမည်ဝှက်နဲ့ ရေးတာကြောက်စရာလားဗျာ။

ကျနော်တော့ နောက်တစ်ခါ အက်ဆစ်ဆိုတဲ့လူရေးတဲ့ဆောင်းပါကို အချိန်ကုန်ခံပြီး ဖတ်မည်မဟုတ်ကြောင်း။

View My Stats