ဘုန္းေက်ာ္ Group ဖြင့္ၿပီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

3/4/11

ျပည္ပမီဒီယာေတြဘတ္လုိက္တယ္ဗ်ဳိ ့...

မီဒီယာေတြ၊ မီဒီယာေတြ ေတာ္ေတာ္လည္းတရားက်ဖုိ႔ေကာင္းပါလားေနာ္...။ နအဖရဲ  ့သတင္းေတြၾကေတာ့ ရရင္ရသလုိတင္ၾကျပဳၾက ေဆြးေႏြးၾကနဲ႔။ ကိုယ့္အတြင္းထဲက ကိစၥၾကေတာ့ ေရငုံႏႈတ္ပိတ္နဲ႔ပါလား။ ဒါလား ဘက္မလုိက္တဲ့မီဒီယာ။

DVB က ကုိထက္ေအာင္ေက်ာ္တုိ႔ကုိ ထုတ္လိုက္တဲ့ကိစၥကုိ မီဒီယာမွာမေတြ႔...။ DVB ရဲ  ့အတြင္းေရးၾကေတာ့ မတင္။ ကာယကံရွင္က ေရးမွဖတ္ရ၏။

FTUB က ဦးေမာင္ေမာင္အာဏာရွင္ဆန္ဆန္ ဖင္ခံခ်င္ေနတဲ့အေပါက္ကုိလည္း မီဒီယာေတြမတင္ျပန္။ ဘယ္အလုပ္သမားကုိမွ ကုိယ္စားမျပဳတဲ့ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ဆုိၿပီး ေငြေတြလိမ္ေတာင္း၊ မိမိအာဏာရေအာင္ေငြေတြနဲ႔၀ယ္၊ အလုပ္ရွင္လို မိမိ၀န္ထမ္းေတြကို ျဖဳခ်င္သလုိျဖဳတ္၊ တယ္လည္းဟုတ္ၾကပါလား။ ဒီေလာက္ျဖစ္ေနတာကိုၾကေတာ့ BBC VOA RFA DVB Irrawaddy Mizzima သတင္းဌာနေတြမွာမေတြ႔။ အင္း..သတင္းမျဖစ္လုိ႔ေနမွာေပါ့..။

Irrawaddy ရဲ  ့ဒိန္းမတ္သံရုံးကိစၥတုန္းကလည္း ဒီလုိပဲ။ သူမ်ားဆီကထြက္လာမွၾကားရ..။ ကုိယ့္အခ်င္းခ်င္းဆုိၿပီး မတင္တာလားမသိ။ ဒါဆုိရင္ေတာ့ ဘယ္တရားပါ့မလဲဗ်ာ..။

မီဒီယာသူရဲေကာင္းေတြေပၚထြက္ပါေစ...။

3/2/11

“ဇြဲ, ၏ အားမာန္” (အေမ့သား-ဒိန္းမတ္) ကဗ်ာ

ဘဝၿပဲၿပဲထဲ

ေခၽြးရႊဲကာ ရုန္းကန္..

ဒူးမေထာက္ ဦးမၫႊတ္

ေလာကဓံၾကံ့ၾက့့ံခံ ဇြဲနဲ႔

အားခဲ ထားၿမဲ...။

ၾကမၼာဆိုး

ရန္ၿငိဳးဖြဲ႕ထိုးႏွက္

ကႏၱာရပန္းတိုင္ဆီ

ရဲရဲေတာက္ေျခကိုလွမ္း

ယံုၾကည္ခ်က္ ေခါင္းေပၚရြက္

ခံယူခ်က္ အားမာန္ဟုန္ဝင့္ကာျဖင့္

ေရွ႕ဆက္မယ့္ခရီးကို

ေနာက္မတြန္႔ ေၾကာက္ရြံ႕သူမဟုတ္လို႔...

ေရွ႕ဆက္ကာၿမဲ...။

ရိခဲ့တဲ့ ေလာကဓံ

ဆင္ရိုင္းႏွယ္ၾကမၼာဆိုးကို

ျပံဳးခ်ဳိေသာမ်က္ႏွာထားနဲ႔

ရဲရဲေတာက္ ေက်ာ္ကာျဖတ္ခဲ့ၿပီမို႔...

“ဇြဲ” ဆုကိုရခဲ့ေပါ့...။

ဇြဲ၏ အားမာန္ဟုန္ျဖင့္

လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရး

ေတာင့္တခဲ့ လူ႔အခြင့္ေရး

ဖန္ဆင္းကာေပးမယ့္သူ

ဇြဲရွိသူမွတပါး အျခားမရွိပါတကား...။

အေမ့သား(ဒိန္းမတ္)

အုိ ..လူႀကီးတုိ႔ ထ,ခ်ေလာ့....

က်ေနာ္တုိ႔ ႏုိင္ငံျခားေရာက္တဲ့ လူေတြဒီအလုပ္ပဲ လုပ္ႏုိင္လုိ႔ ဒီလုိပဲလုပ္ပါရေစ..။

လစ္ဗ်ားၿပီးေတာ့၊ ယီမင္လာပါၿပီ။ ဗမာျပည္ရဲ  ့လူထုေတြကေကာ...။ ဘာလုပ္ၾကမွာလဲတဲ့။ ဒီေနရာမွာ က်ေနာ္တုိ႔ ဗမာျပည္သူေတြ အထူးသျဖင့္လူငယ္ေတြ၊ ႏုိင္ငံျခားမွာ အလုပ္လုပ္ေနၾကလုိ႔ လစ္ဗ်ားလုိ႔မျဖစ္ႏုိင္ေတာ့ပါဘူး။

ဒါဆုိရင္ ဘယ္သူေတြလုပ္ၾကမွာလဲ။ က်န္တဲ့လူႀကီးေတြ ခ်,ရမဲ့တာ၀န္ေပါ့ဗ်ာ။ လူငယ္ေတြက ျပည္ပမွာေငြရွာၿပီးပို႔ေပးေနရတာက တကယ့္မဟာတာ၀န္ႀကီးပဲ။ ဒါကိုလူႀကီးေတြက ေအးေအးေဆးေဆးနဲ႔ ႏွလုံးနဲ႔ခ်ဲထုိးဖုိ႔ေလာက္ပဲ လုပ္မယ္ဆုိရင္ လူႀကီးေတြ တရားပါ့မလားဗ်ာ။

၂၀၁၁-ေရာက္လူႀကီးေတြဟာ လူငယ္ေတြေလာက္ ဒုကၡမျဖစ္ပါဘူး။

2/23/11

"အေတာ္ရီရတဲ့ ၾသစေတ်းလ်ရွိ ဗမာသံရုံးနဲ႔ အေတာ္ဒုကၡေရာက္ခဲ့တဲ့ ဗမာေမာင္ဘုန္း"

လြန္ခဲ့တဲ့ ၂၀၀၇-ေလာက္က ျမန္မာျပည္ကိုအလည္သြားဖုိ႔အတြက္ ၾသစေတ်းလ်ႏုိင္ငံ ကင္ဘာရာမွာရွိတဲ့ ျမန္မာသံရုံးမွာ ဗီဇာေလွ်ာက္ခဲ့တယ္။ ခေလးႏွစ္ေယာက္၊ မိန္းမနဲ႔ဆုိေတာ့ Passport စာအုပ္ေလးအုပ္ကုိ သံရုံးကုိပုိ႔ေပးခဲ့တယ္။ ေလွ်ာက္လႊာ၊ အသနားခံစာ(ဘာ့ေၾကာင့္ ျပည္ျမန္မာကုိ ဒုိးရပါသည္..ႏုိင္ငံေရးမပါ) ႏွင့္ ေငြအပါအ၀င္ပို ့ေပးခဲ့တယ္။ သြားမယ့္ရည္ရြယ္ခ်က္က အလည္အပတ္ေပါ့။ မေရာက္တာၾကာၿပီျဖစ္တဲ့ အမိေျမကုိ သတိတရနဲ႔ပါ။ အျခားအေထြအထူးဘာမွမရွိ။

ႏွစ္ရက္ေလာက္ၾကာေတာ့ သံရုံးက၀န္ထမ္းက ဖုန္းဆက္လာပါတယ္။ ဗမာျပည္က Passport ရွိလားေပါ့။ ဒုကၡသည္အျဖစ္နဲ႔ က်ေနာ္လာခဲ့တာပါလုိ႔ေျပာခဲ့တယ္။ ဒါ့ေၾကာင့္ က်ေနာ့္မွာ ဗမာျပည္က Passport မရွိ။ ဒါနဲ႔ သံရုံး၀န္ထမ္းက "ခင္ဗ်ားရဲ  ့ Passport ကုိ ရန္ကုန္ကႏုိင္ငံျခားေရး၀န္ႀကီးဌာနကို ပုိ႔ေပးမယ္။ သူတုိ႔ခြင့္ျပဳမွ ခင္ဗ်ားျမန္မာျပည္ကုိ ၀င္လုိ႔ရမယ္" လုိ႔ ဖုန္းဆက္ၿပီးအေၾကာင္းျပန္ခဲ့တယ္။

က်ေနာ္စဥ္းစားၿပီ။ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနကုိပုိ႔မယ္ဆုိရင္ က်ေနာ္ဒုကၡျဖစ္ႏုိင္တယ္။ အနည္းဆုံး ႏွမေစာင္းေတြ တီးတာကိုခံရႏုိင္တယ္။ ဒါ့ေၾကာင့္ မသြားသင့္ေတာ့ဘူးလို႔ စဥ္းစားတယ္။ ဒါနဲ႔ သံရုံး၀န္ထမ္းကို က်ေနာ့္ စာအုပ္ကုိ ျပန္ပုိ႔ေပးပါလုိ႔ ေျပာခဲ့တယ္။

သူတုိ႔စာအုပ္ေတြကိုျပန္ပို႔ေပးခဲ့တယ္။ က်ေနာ္စာအုပ္ပို႔တုန္းက ေလးအုပ္။ ခေလးအပါအ၀င္။ မိန္းမနဲ႔ခေလးေတြရဲ  ့စာအုပ္ၾကေတာ့ ဘာမွမျဖစ္။ က်ေနာ္စာအုပ္မွာၾကေတာ့ "တုံး"တစ္၀က္ထုထားတယ္။ ၿပီးေတာ့ White Pan နဲ ့ျဖတ္ထားတယ္။ က်ေနာ္လည္း ဒီကိစၥကုိ ဖာသိဖာသာေနခဲ့တယ္။ ကုိယ္မွနားမလည္တာ။

၂၀၀၈-ခုႏွစ္မွာ စကၤာပူကုိ ခရီးသြားတယ္။ စကၤာကေနတဆင့္ ထုိင္းကိုကူးဖုိ႔အတြက္။ စကၤာပူေလဆိပ္မွာ Immigration က စစ္ပါေလေရာ။ ေလယ်ာဥ္ေပၚက ခရီးသည္ေတြအကုန္ကုန္ၿပီ။ အေပါက္၀မွာ က်ေနာ္တစ္ေယာက္တည္းက်န္ခဲ့တယ္။ ဘာျဖစ္လဲမသိ။ ငါ့စာအုပ္က အစစ္ျဖစ္ၿပီးငါ့ကို ဘာလုိ႔ရစ္လဲမသိ။ က်ေနာ္က ဒီလုိစဥ္းစားတယ္။ ေနာက္မွ Immigration က အရာရွိေတြက ျမန္မာသံရုံးရဲ  ့"တုံး"တ၀က္ထုထားတာကိုျပၿပီး ဒါဘာျဖစ္တာလဲလုိ႔ေမးတယ္။ က်ေနာ္လည္း မသိ။ ဘယ္က ဟာလည္းမသိ။ မသိဘူးလုိ႔ျပန္ေျဖလိုက္တယ္။ ကံေကာင္းခ်င္ေတာ့ သူတုိ႔ၾကာၾကာမရစ္ဘူး။ ဒါနဲ႔ပက္သက္ၿပီး က်ေနာ္လည္း ဘာခံစားခ်က္မွမရွိ။

ၿပီးခဲ့တဲ့လက ကြာလာလမ္ပူက ၾသစေတ်းလ်သံရုံးကို အလုပ္ကိစၥနဲ႔ေရာက္တယ္။ သံရုံးေရာက္ေတာ့ သံရုံးအရာရွိက ရစ္ျပန္ေရာ။ ၾသစီႏုိင္ငံသားအခ်င္းခ်င္း။ အရာရွိက ထုိင္း။ က်ေနာ္က ဗမာ။ ဘာရမလဲ။ ဒါမ်ဳိးကေတာ့။ သူကေမးတယ္။ ေဟ့..မင္းစာအုပ္က ဘယ္လုိျဖစ္လဲေပါ့။ ဒီမွာ "တုံး"ရာႀကီးနဲ႔။ ၿပီးေတာ့ ဖ်က္ထားေသးတယ္။ ၿဖဲထားေသးတယ္။ မင္းဟာက အတုႀကီးလားမသိဆုိၿပီး စစ္ျပန္ေရာ။ ဒီမွာတင္ က်ေနာ္ေဒါသထြက္ၿပီ။ ေဟ့..ငါ့ၾသစီႏုိင္ငံသား။ မင္းမယုံရင္ ငါ့ရဲ  ့ Sir Name ကုိ မင္းတုိ႔ System မွာ ျပန္ၾကည့္လုိ႔ေျပာလုိက္တယ္။ ၿပီးမွ သူက မင္းကိုမယုံလုိ႔မဟုတ္ဘူး။ မင္းစာအုပ္က ဘာျဖစ္လုိ႔ဒီလုိျဖစ္ေနတာလဲေမးျပန္ေရာ။ အရင္တုန္းက က်ေနာ္သတိမထားမိဘူး။ ေသခ်ာဖတ္ၾကည့္မွာ ဟာ...ဒါျမန္မာသံရုံးက "တုံး"ထုတဲ့အရာပဲ။

ျပန္စဥ္းစားမွ ေၾသာ္...ဒီဘဲေတြ ငါ့ကိုလုပ္ၿပီလုိ႔..။

ၿပီးေတာ့ ကြာလာလမ္ပူကေန ပီနန္ကုိ ကားနဲ႔ျပန္ထြက္တယ္။ ပီနန္ကေန ဘန္ေကာက္ျပန္တယ္။ စံခသြားတယ္။ စံခကေန Cambodia နယ္စပ္ကုိ ထြက္တယ္။ ဗီဇာသက္တမ္းတုိးဖုိ႔။ Cambodia အ၀င္ေတာ့ ေအးေဆးပဲ။ ထုိင္းကုိျပန္၀င္တဲ့အခ်ိန္မွာ ကြိဳင္စားၿပီ။ အ၀မွာ တန္းစီးေနတဲ့လူေတြက နည္းတာမဟုတ္။ လူေပါင္းစုံ။ က်ေနာ့္အလွည့္ေရာက္ေတာ့ ကြိဳင္တက္ၿပီ။ မိန္းမနဲ႔ခေလးေတြရဲ ့စာအုပ္ၾကေတာ့ အားလုံးေအးေဆး။ အ၀င္"တုံး"ထုေပးရုံပဲ။ က်ေနာ့္အလွည့္မွာ စာအုပ္မွာ ပါတဲ့ ျမန္မာသံရုံးရဲ  ့တုံးတ၀က္ကိုၾကည့္ၿပီး ေမးၿပီ။ ဒါဘာျဖစ္လဲေပါ့။

အရင္တုန္းက အေတြ႔အႀကဳံ က်ေနာ့္မွာရွိၿပီဆုိေတာ့ အသံစာစာနဲ႔ ထုိင္းလ၀က အရာရွိေတြကုိ ဘုိလုိလႊတ္ၿပီ။ကုိယ့္မွာ ၾသစီ စာအုပ္နဲ႔ အခ်ဥ္ေတာ့မဟုတ္။ "ေဟ့..ငါက ျမန္မာျပည္ဒီမုိကေရစီေရးတုိက္ပြဲမွာပါတဲ့ ေက်ာင္းသားတစ္ေယာက္။ ငါကသူပုန္။ ၾသစီမွာ ႏုိင္ငံေရးခုိလႈံခြင့္နဲ႔အခုေနေနတယ္။ ငါဗမာျပည္ကိုျပန္ဖုိ႔ ကင္ဘာရာျမန္မာသံရုံးမွာ ဗီဇာေလွ်ာက္တယ္။ သူတုိ႔ငါ့ကိုမေပး။ ဒါ့ေၾကာင့္ဒီအတုိင္းျဖစ္လာတာ" ေဒါသနဲ႔ Fucking Burmese Embassy in Australia ဆုိၿပီးသုံးတယ္။ ရွက္လည္းရွက္ ေဒါသလည္းထြက္နဲ႔ဆုိေတာ့။ ေနာက္ဆုံး ထုိင္းလ၀ကအရာရွိေတြက သူတုိ႔ရဲ  ့ဆရာႀကီးေတြဆီထပ္လႊဲတယ္။ ထမင္းကလည္းဆာ၊ ေဒါသကလည္းထြက္နဲ႔ ဒီဘဲႀကီးေတြကုိ လွည့္ေတာင္မၾကည့္ဘူး။

ေနာက္ဆုံး သူတုိ႔ရဲ  ့ဆရာႀကီးလည္း ဘာမွမေျပာဘူး။ တခါတည္း You can go လုိ႔ေျပာတယ္။ ဒါက ဗမာသံရုံးက ဒုကၡေပးတဲ့ကိစၥ။ ဒါကိုေျပာခ်င္လုိ႔။

ေနာက္တစ္ေခါက္ ဘန္ေကာက္ကိုျပန္တယ္။ ဘန္ေကာက္က ကိုေအာင္သူၿငိမ္းအိမ္မွာတည္းတယ္။ စာအုပ္ကုိျပတယ္။ သူကေျပာတယ္။ ဗီဇာမေပးဘူး၊ ျငင္းတယ္ဆုိရင္ Refuse ဆုိတဲ့တုံးကို ထုေပးယုံပဲတဲ့။ သူေျပာတာကုိ က်ေနာ္္မယုံ။ ဘာ့ေၾကာင့္လဲဆုိေတာ့ ဘယ္သူ ့ကုိမွ က်ေနာ္မယုံလို႔ပဲ။ ဘန္ေကာက္ကေန ပီနန္ကုိ ထြက္တယ္။ ပီနန္ျပန္ေရာက္ေတာ့ စကာၤပူကလာတဲ့မိတ္ေဆြကလည္း ကုိေအာင္သူၿငိမ္းေျပာတဲ့အတုိင္းပဲ။ ဒါနဲ႔ယုံသြားေတာ့တယ္။

ဒါဆုိဘာ့ေၾကာင့္ က်ေနာ့္စာအုပ္ကို ဒီလုိလုပ္ရတာလဲ။ က်ေနာ္က ရိုင္းလုိ႔လား။ က်ေနာ္က နာမည္ႀကီးတဲ့ ႏုိင္ငံေရးေခါင္းေရွာင္လား။ ငါက အုိစမာဘင္လာဒင္လုိ မာစတာမုိင္းလား။ ဒီလုိလည္းမဟုတ္။ က်ေနာ္က ဒီေလာက္ မႈးၿပီးေပါက္ကရလုပ္တဲ့သူပဲ။ ဘာ့ေၾကာင့္က်ေနာ့္စာအုပ္နဲ႔ က်ေနာ့္ကုိ ဒုကၡေရာက္ေအာင္လုပ္ရတာလဲ။ ဗမာအခ်င္းခ်င္းဆုိေတာ့ ဗမာသံရုံးက ဆုံးမတာလားမသိ။ ဘာဘဲျဖစ္ျဖစ္..သူတုိ႔ေၾကာင့္ က်ေနာ္ဒုကၡအေတာ္ေရာက္ခဲ့ရပါတယ္။

မေပးခ်င္လည္းမေပးနဲ႔ေပါ့ဗ်ာ။ ဘာျဖစ္လုိ႔ဒီလုိလုပ္လည္းမသိ။ ေမာင္မင္းႀကီးသား၊ လူႀကီးလူေကာင္းမ်ား က်န္းမာၾကပါေစ...။

ဦးေတဇလုပ္ႀကံခံရၿပီလား???

ဦးေတဇရဲ  ့ရဟတ္ယာဥ္ႏွင္းေတာင္ေပၚမွာ ပ်က္ၾကတယ္။ ဘယ္လုိျဖစ္လုိ႔ပ်က္ၾကတယ္...ဘာညာ။ ဒါက မီဒီယာမွာပါတဲ့သေဘာ။

ဦးေတဇလုိလူမ်ဳိးရဲ  ့ရဟတ္ယာဥ္ပ်က္ၾကတဲ့ကိစၥကုိ မီဒီယာမွာေတြ႔ရတာ အေတာ္ထူးဆန္းတယ္။ ဒီလုိအခ်ိန္၊ ဒီလုိကာလမွာ ဒီလုိသတင္းေတြထြက္လာတာက သာမန္ေသြးရုိးသားရုိးမျဖစ္ႏုိင္ပါ။

ဦးေတဇကုိ မနာလုိတဲ့ စီးပြားၿပိဳင္ဖတ္ေတြက လုပ္ႀကံတာလား?? ေသြးရုိးသားရုိး ျဖစ္တာလား။ ဒီႏွစ္ခုမွာ က်ေနာ္ေတြးမိတာကေတာ့ လုပ္ႀကံခံရၿပီလုိ႔။ ဘယ္လုိအခ်က္အလက္ကိုအေျခခံလဲဆုိေတာ့ လက္ရွိႏုိင္ငံေရးအေျခအေန နဲ႔ ထိပ္သီးေခါင္းေဆာင္ေတြရဲ  ့ဂယက္ေၾကာင့္လုိ႔ေျပာႏုိင္တယ္။

ဦးေတဇဟာ ဗုိလ္ခ်ဳပ္ႀကီးသန္းေရႊနဲ႔နီးစပ္သူ။ ဗုိလ္ေရႊနိဂုံးမခ်ဳပ္ခင္ ေတဇလည္း တခုခုေတာ့ ျဖစ္ရမွာပဲေလ။

ဘာပဲျဖစ္ျဖစ္ သတၱာ၀ါတခု၊ ကံတစ္ခုေပါ့လုိ႔ ဆုိရမွာေပါ့ေနာ္...။ အသက္ရွင္ခ်င္လည္း ရွင္။ ေသခ်င္လည္းေသ။ ကုိယ့္အကုသုိလ္နဲ႔ကိုယ္ေပါ့ဗ်ာ..။

တကယ္လုိ႔...သူသာ မေသဘဲ ေနာင္တရခဲ့မယ္ဆုိရင္၊ တုိင္းျပည္နဲ႔ျပည္သူကို ဒီလုိအလုပ္အေကၽြးျပဳေပးပါ။ အနည္းဆုံး အမွန္တရားျဖစ္တဲ့ စစ္မွန္တဲ့ ျပည့္သူ႔အစုိးရျဖစ္ေအာင္ မိမိပိုင္ဆုိင္္တဲ့ေငြေတြကုိ ပုံေအာသုံးၿပီးလုပ္ေပးပါလုိ႔..။ ဦးေတဇေျပာသလုိ က်ေနာ္တုိ႔ေသသြားရင္ က်ေနာ္တုိ႔ပုိင္ဆုိင္မႈေတြကုိ တုိင္းသူျပည္သားေတြ စားလုိ႔ရေအာင္ေလ။ ေသသြားရင္ ဘာမွယူသြားလုိ႔မရဘူးလုိ႔ ေနာက္ဆုံးသူေျပာခဲ့သည္ မဟုတ္ပါလား။ ကံေကာင္းပါေစ ဦးေတဇေရ...။

2/22/11

နယူးဇီလန္ငလွ်င္

နယူးဇီလန္ Cristchruch ၿမိဳ ့မွာ ေျမငလွ်င္လႈပ္တာ လူေပါင္းႏွစ္ရာေက်ာ္ေရွာကုန္ၿပီ။ ထိခုိက္ဒဏ္နဲ႔အပ်က္အစီးကေတာ့ တပုံႀကီး။ အီးပါဖုိ႔အိမ္သာေတာင္မေလာက္ေတာ့ဘူး။ လူနာတင္ကားေတြလည္း မရွိေတာ့ဘူး။ State of Emergency အျဖစ္အစုိးရေက်ျငာထား။ ၾသစေတ်းလ် ကယ္ဆယ္ေရးအဖြဲ႔ေတြသြားကူညီေန။ ေျမငလွ်င္ ၆.၃ ေတာင္ရွိသတဲ့။ စက္တင္ဘာလကလႈပ္တဲ့ငလွ်င္ထက္ႀကီးမားေၾကာင္းသိရ။ ဒီၿမိဳ ့မွာ ျမန္မာျပည္က ဒုကၡသည္ေတြ ဒုကၡိျဖစ္ကုန္ၿပီလုိ႔ၾကားရ။ အိပ္စရာ၊ ေနစရာမရွိေၾကာင္း သိရ။ ျမန္မာသံရုံးကေနလုိအပ္တဲ့အကူအညီေပးေၾကာင္း မၾကားရ။ သတင္းဌာနမ်ား စုံစမ္းၾကပါအုံး။

2/19/11

ဗခမက သန္းေရႊအိမ္

ၿပီးခဲ့လမွာ မေလးကုိ ႏွစ္ေခါက္ေရာက္တယ္။ ပီနန္နဲ႔ ကြာလာလမ္ပူကုိ။


ေရာက္ေတာ့ တခ်ဳိ  ့ စစ္ေထာက္လွမ္းေရးနဲ႔ပက္သက္သူေကာ၊ နီးစပ္သူေကာ၊ စသျဖင့္နဲ႔ ႀကဳံခဲ့ရတယ္။ သူတုိ႔ေျပာတာကုိ မွတ္ထားခဲ့တယ္။ အခုမွ သတိထားမိတာကုိ တင္ျပခ်င္လုိ႔ပါ။ ဘာ့ေၾကာင့္လဲဆုိေတာ့..တုိက္ဆုိင္လုိ႔ပဲလုိ႔ေျပာပါရေစ။ တေန႔က Mizzima မွာ ပါတဲ့သတင္းနဲ႔ တုိုက္ဆုိင္လုိ႔အခုလုိေရးမိတယ္။ ျဖစ္ပုံက ဒီလုိပါ။

"ဗုိလ္သန္းေရႊရဲ ့အိမ္က ေက်ာက္စိမ္းေတာင္ကုိ အမွီျပဳၿပီးေနတယ္တဲ့၊ သက္တမ္းႏုေက်ာက္စိမ္း" ဟု...စစ္ေထာက္လွမ္းေရးနဲ႔ နီးစပ္သူက ပီနန္မွာေျပာတယ္။

အုိေက။ ရတယ္။ မွတ္ထားမယ္။ ဒါက က်ေနာ္သေဘာ။ မႈးလည္းမႈးေနၿပီ။ ဘုန္းႀကီးေက်ာင္းမွာဆုိေတာ့ ရန္ျဖစ္လုိ႔မေကာင္း။

ၿပီးေတာ့..ၾသစီကုိျပန္ေရာက္တယ္။

တေန႔က Mizzima သတင္းမွာ ေတြ႔တယ္။ ေနျပည္ေတာ္ရဲ ့ဘာဘုရားလဲမသိဘူး။ ထိပ္သီးေလးဦး ေတာင္ေၾကာကိုေနာက္ေပးၿပီး အိမ္ေတြေဆာက္ထားတယ္။ ဒီေတာင္ေၾကာက သက္တမ္းႏု ေက်ာက္စိမ္းသုိက္လား။ စဥ္စားၾကည့္ေပါ့ေနာ္။

ၿပီးခဲ့တဲ့ ေလးငါးလပတ္၀န္းက်င္မွာ အင္တာနက္ကေန သန္းေရႊအိမ္လုိ႔ဆုိၿပီးသတင္းထြက္တယ္။ သိတယ္မွတ္လား။ ေရခ်ဳိးခန္းကအစ ေက်ာက္စိမ္းေတြေလ။

ဒီအိမ္က သက္တမ္းႏု ေက်ာက္စိမ္းေတာင္ကုိ ေက်ာေပးၿပီး ေဆာက္ထားတဲ့အိမ္လားမသိ။



အထူးလွ်ိဳ ့၀ွက္ေၾကးနန္း

အထူးေၾကးနန္း

ပ-ဘက
လ-မုိးသီးဇြန္

လက္ရွိ တပ္မေတာ္အတြင္း ခြက္ေစာင္းခုတ္ေနတဲ့အခ်ိန္မွာ ငါတုိ႔အျပင္အဆင္ေကာင္း ေကာင္းေကာင္းလုပ္ရမယ္။ ဒါ့ေၾကာင့္ အေမရိကမွာ ဆူရွီမ်ားမ်ားစားထားပါ။ အားရွိမွ အီးရွိမယ္။

အေမရိကမွာရွိတဲ့ ေအဘီေရာ္ဘဲေဟာင္း ေတြကိုအရက္အရမ္းမေသာက္ခုိင္းပါနဲ႔။ မႈးၿပီး ေစာေစာေသသြားရင္ ရန္ကုန္မွာ ျပန္မေသာက္ႏုိင္ပဲျဖစ္လိမ့္မည္။ ေမာင္ရင္ အေနနဲ႔ အင္တာနက္က မ်ားမ်ားအာတာ ေလွ်ာ့ပါ။ ျပည္တြင္း NLD ကုိ လိုအပ္တဲ့အကူအညီေပးပါ။

သန္းေရႊအုပ္စုကြဲသြားရင္ ေမာင္ရင္အာဏာယူဖုိ႔ ျပင္ဆင္ပါ။ အနည္းဆုံး ရပ္ကြက္ ဥကၠဌေလာက္ေတာ့ ရေအာင္ယူပါ။

ပ-ဘက
လ- လြဏ္းေဆြ

ေလွ်ာ့ေသာက္၊ ေရွရွည္အက်ဳိးျဖစ္ထြန္းမဲ့ ေသာက္နည္းေသာက္ဟန္၊ ဆြနည္းဆြဟန္ျပဳ လုပ္ပါ။ သန္းေရႊအုပ္စုကို ဘေလာ့ဂ္အခၽြန္နဲ႔မ်ားမ်ားထုိးေပး။ လက္ရွိဖြဲ႔စည္းပုံအရ ျပန္စားေရး ၀န္ႀကီးေနရာအမ်ားအျပားရွိတယ္။ ဘေလာ့ဂ္ဂါအျဖစ္ကေန ျပန္စားေရး ၀န္ႀကီးအျဖစ္ ခန္႔မယ္။

ရူးတူးတူးေပါေၾကာင္ေၾကာင္ မျဖစ္ေအာင္ဂရုစုိက္။ ဒါ့ေၾကာင့္တေန႔ ဒုိက္သုံးခါထုိးပါ။ မိန္းမအသစ္ယူ လွ်င္ပုိၿပီးေကာင္းမည္။ ညတုိင္းဒုိက္ထုိးႏုိင္ေအာင္ မိန္းမအသစ္ယူပါ။ က်န္းမာသန္းစြမ္းေစရန္ေလာက္ေခါင္မ်ားမ်ားခ်ပါ။

ေလာက္ေခါင္=ထုိင္းႏုိင္ငံမွ ေတာအရက္
ဘက=ဘုန္းေက်ာ္
၁၉-၂-၂၀၁၁ နံနက္ ၁၀-နာရီ
www.phonekyaw.blogspot.com

2/17/11

ဘာေတြေရးရမွာလဲ???

ဘာမွ မေရးခ်င္ေသးဘူး။ ဘာဖီလင္မွမရွိလုိ႔ပါ။ အစုိးရသစ္အေျပာင္းအလဲနဲ႔ ျဖဳတ္ထုတ္သတ္ပြဲႀကီးကို ေစာင့္ၾကည့္ေနပါတယ္။ ေရြးၿပီးေကာက္တဲ့ပြဲမွာ အခ်င္းခ်င္းထုိးၾကလိမ့္မယ္လုိ႔ေျပာၿပီးသြားပါၿပီ။ သိခ်င္ရင္ ရွာေဖြဖတ္ရႈ ့ၾကည့္ပါ။ မယုံမရွိနဲ႔ဆရာ တည္းတည္းေလးပဲ က်န္ပါေတာ့သည္။

အတုိက္အခံနဲ႔ျပည္သူကေတာ့ ဆုံးရႈံးစရာတခုမွမရွိေတာ့ေၾကာင္း ဆရာတုိ႔သိပါသည္။ အဓိကဆုံးရႈံးမည့္သူမ်ားကေတာ့ အားလုံးသိတဲ့အတုိင္း နာမည္ေက်ာ္ၾကားၿပီး လူႀကိဳက္နည္းေနတဲ့ ဘဘေရႊ ႏွင့္ လူမိုက္တစုပဲျဖစ္ပါေတာ့သည္။ သူတုိ႔ ဘာျဖစ္မလဲဆုိတာကုိ ေစာင့္ၾကည့္ပါ။ ဒီလုိေစာင့္ၾကည့္ရတဲ့အရသာက သရဲကားၾကည့္ရသလုိ ရင္ထဲမွာ တလွပ္လွပ္နဲ႔။

ေၾသာ္...အာဏာႏွင့္စည္းစိမ္သည္ ကာလတခုအထိပဲ ၾကာရွည္ခံပါ၏။

1/2/11

ျပည္သူေတြရဲ ႔အျမင္

အင္တာနက္မၾကည့္ျဖစ္၊ သတင္းမဖတ္ျဖစ္၊ အီေမးမဖြင့္ျဖစ္ေတာ့ စိတ္နဲနဲခ်မ္းသာတယ္။ ေဒါသကင္းတယ္။ စိတ္မတုိရဘူး။ ဘာ့ေၾကာင့္လဲဆုိေတာ့ အင္တာနက္မွာေရးေနတဲ့လူေတြကုိၾကည့္ရတာ ေလ,ကလြဲရင္ လက္ေတြ႔မပါသလုိျဖစ္ေနလို႔ပဲ။

အင္တာနက္မွာေရးတဲ့ စာေရးသူ၊ ဘေလာ့ဂ္ဂါ၊ အႀကံေပးသူ၊ ခ်ီးမြမ္းသူ၊ စသူစသူေတြဟာ အသက္ႀကီးရင့္သူေတြလုိ စိတ္သြားတုိင္းကုိယ္မပါၾကဘူး။ သူတုိ႔ေတြအမ်ားစုဟာ ႏုိင္ငံႀကီးေတြမွာ ေနထုိင္ၾကသူေတြ၊ ပညာအသင့္အတင့္တက္သူေတြျဖစ္တယ္။ ႏုိင္ငံေရးကို အရက္နဲ႔အျမည္းလုပ္၊ တယ္လီဖုန္းဆက္၊ ကုိယ့္အခ်င္းအခ်င္းေစာက္စကားမ်ားနဲ႔ပဲ အခ်ိန္ေတြကုန္ခဲ့ၿပီ။ အေျပာင္းအလဲႀကီးတစုံတရာမွ်ဒီလူေတြမဖန္တီးႏုိင္ခဲ့ဘူး။ အဲဒိလုိလူေတြထဲမွာလည္း က်ေနာ္ပါတယ္။

ထုိင္း နဲ႔ မေလးရွားမွာေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြဟာ ျပတ္သားတယ္။ သူတုိ႔ရဲ ႔ႏုိင္ငံေရးအျမင္၊ အယူအဆဟာ တစ္ခုထဲပဲရွိတယ္။ ေဆြးေႏြးပြဲေခၚၿပီး သေဘာထားေတာင္းခံစရာေတာင္မလုိဘူး။ သူတုိ႔ရဲ ႔ႏုိင္ငံေရးအျမင္ကေတာ့ လက္ရွိအုပ္ခ်ဳပ္ေနတဲ့အစုိးရဖယ္ရွားမယ္။ အေျပာင္းအလဲလုိခ်င္တယ္။ ထမင္း၀၀စားရတဲ့ အေျခအေနလုိခ်င္တယ္။ ဒါပဲ။

ႏုိင္ငံေရးသမားေတြလုိ၊ ပညာမရွင္တရွင္ေတြလုိ ဟုိလုိလုိဒီလုိလုိ စိတ္မ်ဳိးသူတုိ႔မွာမရွိ။ ရွိတာက လက္ရွိအစုိးရေၾကာင့္ ျပည္သူေတြဒုကၡေရာက္တယ္။ ဒီေကာင္ေတြမတရားဘူး။ ရွင္းတယ္။ ႏုိင္ငံေရးသမားေတြ၊ ေတာ္လွန္ေရးသမားေတြ၊ ပညာမရွင္တရွင္ေတြေျပာတာကုိ သူတုိ႔က အရႈးေတြ၊ ေဂါက္ေနတယ္လုိ႔ထင္တယ္။ Critical Thinking တုိ႔ အုံးေႏွာက္ကုိ ႏွားဂစ္၀င္ေမႊတာတုိ႔၊ ဘာတုိ႔ လာမေျပာနဲ႔။ စိတ္မ၀င္စားဘူး။ ဒါ့ေၾကာင့္ျပည္သူေတြရဲ ့ႏုိင္ငံေရးအျမင္ကေတာ့ ျပတ္တယ္။

ေရြးေကာက္ပြဲကုိ ၀င္ၿပီးကစားရပါတယ္လို႔ေျပာေတာ့ သူတုိ႔က ေရြးေကာက္ပြဲဆုိတာ ေဘာလုံးကြင္းမွ မဟုတ္တာတဲ့။ ျခင္းခတ္လုိ႔လည္းရတာမဟုတ္။ ဒီလိုမ်ဳိး။

ေရးေတာ့ ေရးခ်င္ပါရဲ ့ အခ်ိန္မရွိေတာ့လုိ႔ ဒီေလာက္ပါပဲ။

12/12/10

တုိင္းရင္းသားလက္နက္ကုိင္တပ္မ်ားသုိ႔.....။

တၿပိဳင္တည္း ေနရာေဒသအစုံက တုိက္ခုိက္ၾကဖုိ႔လုိအပ္ေနၿပီ။

နအဖဟာ ယေန႔ကာလမွာ ႏုိင္ငံေရး၊ စစ္ေရး၊ အုပ္ခ်ဳပ္ေရးျပသနာေတြကုိ ထိန္းမႏုိင္သိမ္းမရျဖစ္ေနတာကုိ ခင္ဗ်ားတို႔အားလုံးသိတယ္။

အခုေလာေလာဆယ္ေတြ႔ေနရတဲ့ ျပည္တြင္းစစ္ဟာ DKBA ကလြဲရင္ က်န္တဲ့အပစ္ရပ္အဖြဲ႔ေတြ လုံး၀ၿငိမ္ေနတာေတာ့မေကာင္းဘူး။

နအဖတိုက္တုိက္မတုိက္တုိက္ ကိုယ္ကစတုိက္သင့္ေနၿပီ။ ေစာင့္မေနသင့္ေတာ့ဘူး။ သူတိုက္မွ ကုိယ္ျပန္တုိက္မယ္ဆုိတဲ့ အေျခအေနက တကယ္တန္းေတာ့ ကုိယ့္အဖြဲ႔ရဲ ႔အက်ဳိးစီးပြားတခုတည္းကို ၾကည့္ေနသလုိျဖစ္ေနတယ္။ ဘုံရန္သူ၊ ဘုံရည္မွန္းခ်က္ကုိ အားလုံးသိတယ္ဆုိရင္ေတာ့ ျပန္ခ်သင့္ပါၿပီ။

မြန္ျပည္သစ္ပါတီ၊ ကခ်င္၊ နဲ႔အျခားတုိင္းရင္းလက္နက္ကုိင္တပ္ေတြ နအဖကိုထုိးစစ္ဆင္သင့္ေနၿပီ။

ABSDF က DKBA ကုိကူညီတဲ့လုပ္ရပ္က တကယ္အားရစရာေကာင္းတယ္။ KNU ရဲ ႔DKBA အေပၚထားတဲ့သေဘာထားလည္းမွန္တယ္။

ဒါေပမဲ့ လက္ရွိျပန္တိုက္ဖုိ႔မလုပ္တဲ့အဖြဲ႔အစည္းေတြကုိေတာ့ အားမရဘူး။ တကယ္လုိ႔သာ KNU DKBA နဲ႔ ABSDF လုိစုစည္းမႈမရွိရင္ေတာ့ က်ေနာ္တုိ႔တုိက္ပြဲဘယ္ေတာ့မွ ေအာင္ျမင္မွာမဟုတ္ပါဘူး။

အားလုံးေသနတ္ေဖာက္ၾကပါစုိ႔လုိ႔ ေျပာခ်င္ပါတယ္။

12/7/10

ထုိင္းခရီးစဥ္မွတ္တမ္းဓာတ္ပုံမ်ား

ABSDF တပ္ရင္းတစ္(သုံးဆူ) မွ ရဲေဘာ္တစ္ဦး တီထြင္သည့္ အိမ္လုပ္ေသနတ္။ တစ္လက္ကုိ ဘတ္ငါးရာတန္သည္။ လုိခ်င္ရင္ေျပာပါ။

က်ေနာ္လည္း အားက်မခံ ဒီေသနတ္နဲ႔ ဒီလုိ...၀င့္ၾကြားေပါ့။

ရာဘာၿခံထဲက ေရာ္ဘဲႀကီးေတြႏွင့္

ဘုရားသုံးဆူမွာ တိုက္ဖို႔သြားတာေတာ့မဟုတ္ပါ။ အိမ္မွာပဲ အုိး,တုိက္ပါတယ္။
Type your summary here. Type the rest of your post here.

11/28/10

ဗုိလ္ခ်ဳပ္ႀကီးေတြအခ်င္းခ်င္းဖင္,ခ်တာ ေတာ္ေတာ္ၾကမ္းတယ္.....

The current very hot issue is ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ညႊန္႔ေပါ့လုိ ေျပာရမလိုျဖစ္ေနၿပီ..။

ေရြးေကာက္ပြဲႏုိင္တဲ့ ႀကံ့ဖြတ္ႀကီးလည္းအစုိးရမျဖစ္ေသးတဲ့အခ်ိန္၊ ေဒၚေအာင္ဆန္းစုၾကည္လည္း အိမ္ကထြက္ထြက္ျခင္း မနားရေသးတဲ့အခ်ိန္၊ ျပည္တြင္းစစ္ကလည္း မရပ္ေသးတဲ့အျပင္ ျပန္ခ်ေနတဲ့အခ်ိန္မွာ ဦးခင္ညႊန္႔တစ္ေယာက္သနားစရာ လြယ္အိတ္ကေလးလြယ္ၿပီး အိမ္ေပၚက ဆင္းရတာကုိၾကည့္ရတာ သံေ၀ဂ,ရစရာ။

ေၾသာ္...အာဏာနဲ႔စည္းစိမ္ဆုိတာ အခ်ိန္ကာလတစ္ခုထိပဲ ၾကာရွည္ခံပါလားဆုိတာကုိ ေကာင္းေကာင္းႀကီး သိသြားရွာၿပီေပါ့ ဦးခင္ညႊန္႔ရယ္...။ ျမန္ျမန္ျပန္လြတ္ပါေစလုိ႔ပဲ ဆုေတာင္းေပးပါတယ္။ ၾသစေတ်းလ်ကုိ ျပန္ေရာက္မွ ၀န္ႀကီးခ်ဳပ္ ဂ်ဳလီယာကုိ ေျပာေပးမယ္ေနာ္...။

ဘာ့ေၾကာင့္အင္တာနက္မွာ တင္ရပါသလဲ


အဓိက ထင္ျမင္ခ်က္ေပးတဲ့လူေတြကေတာ့ ဦးေအာင္လင္းထြတ္ နဲ႔ ဦးတင္ဦးတုိ႔ေပါ့ေနာ္။ ထင္ျမင္ခ်က္ကေတာ့ ေဆြးေႏြးရာကိစၥရွိလို႔၊ စပုိင္ျပန္လုပ္ၿပီး အာဏာသိမ္းခ်င္လုိ႔...ဘလာ..ဘလာေပါ့။

က်ေနာ့္ထင္ျမင္ခ်က္ကေတာ့ ရွင္းတယ္။ ဦးခင္ညႊန္႔တုိ႔လင္မယား အပ်င္းေျပအိမ္အလည္သြားတာလုိ႔ထင္တယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ဗ်ာ....အိမ္မွာေနရတာပ်င္းလို႔ေပါ့..။ ရွင္းတယ္ဟုတ္။

အမွန္မွန္က ဘယ္သူမွ အတိအက်မသိၾကပါဘူး။ အားလုံး ခန္႔မွန္းေျခနဲ႔သုံးသပ္ေနၾကတယ္ဆုိတာကုိ ေျပာခ်င္လို႔ပါ။

အဓိကေျပာခ်င္တဲ့ Point ကေတာ့ အာဏာရွင္ေတြရဲ ့ဘ၀ကုိ သံေ၀ဂရလို႔။ ဒါ့ေၾကာင့္ ဒီစာကုိေရးပါ၏။

လြယ္အိတ္ကုိလြယ္၊ မယားလက္ကိုဆြဲ ရြာျပန္ေတာ့မွာလားဟင္..


"မမႏြယ္တစ္ေယာက္ ခေလးတစ္ေယာက္ကုိ လက္မွာဆြဲလုိ႔ ညိဳးလ်လ်မ်က္ႏွာ နဲ႔ သူ႔ရြာကုိျပန္လာခဲ့ရၿပီေလ" တြံ ့ေတးစုိးေအာင္သီခ်င္ထဲကလုိမ်ားျဖစ္ေနၿပီ...။ အခုလည္း ဒီသီခ်င္းထဲကလို ဗုိလ္ခ်ဳပ္ႀကီးျဖစ္ခ်င္တဲ့ ဦးခင္ညႊန္႔တစ္ေယာက္ ဗုိလ္ခ်ဳပ္ႀကီးေတြဖင္ခ်တာကုိ ခံလုိက္ရၿပီ။

ဆံပင္ကျဖဴဆြတ္၊ သြားကက်ဳိး အဘုိးအုိႀကီးဘ၀ နဲ႔ ေျခာက္ကပ္ကပ္ဘ၀ေတြကို ျဖတ္သန္းေနရၿပီ။

အရင္တုန္းကလုိ ေဒၚခင္၀င္းေရႊတစ္ေယာက္ ခပ္၀၀၊ ခပ္တင္းတင္းမ်က္ႏွာနဲ႔ ေလာကႀကီး -ီးကေၾကာသလို ဆက္ဆံလုိ႔မရေတာ့။

ၾသစေတ်းလ်မွာ သူငယ္ခ်င္းအမ်ိဳးသမီးတစ္ေယာက္ရွိတယ္။ သူမက ဆီဒုိးနားမွာ မန္ေနဂ်ာလုပ္ခဲ့ဘူးတယ္။ တေန႔ေတာ့ ေဒၚခင္၀င္းေရႊနဲ႔အဖြဲ႔က အစည္းအေ၀းဆုိလား၊ ကားျပင္ (Workshop) ဆုိလားမသိ လုပ္ၾကတဲ့အခ်ိန္။ သူ႔ဖိနပ္ကုိ ကိုင္ဖုိ႔အတြက္ မန္ေနဂ်ာလုပ္သူ က်ေနာ္ေဘာ္ဒါမမႀကီးကုိ ေျပာတယ္။ အျခား၀န္ထမ္းေတြကုိင္တာမႀကိဳက္ဘူးတဲ့။

မန္ေနဂ်ာပဲ ကိုင္ရမယ္ဆုိလုိ႔ မမႀကီးလည္း ႏွာေကာက္ဟန္ေဆာင္ၿပီး ကုိင္ခဲ့ေပးရတယ္လုိ႔ ေျပာဘူးတယ္။ အခုေတာ့ သူက Perth မွာရွိတဲ့စက္ရုံတခုမွာ အလုပ္လုပ္ေနတယ္။ သူမသာ ေဒၚခင္၀င္းေရႊႀကီးကုိ ေတြ႔လုိက္ရင္ ဘာေျပာမလဲမသိ။ အျပန္ၾကမွ ေမးၾကည့္အုံးမယ္။

အနည္ဆုံးေတာ့ သူက ဒီလုိေျပာႏုိင္တယ္။ သနားတယ္လို႔...။

အျခားဗိုလ္ခ်ဳပ္ႀကီးေတြလည္း အခ်င္းခ်င္းဖင္ခ်တာမခံရပါေစနဲ႔...

ေယာက်္ားခ်င္းဆုိေတာ့ မဆုိးဘူးလုိ႔ ေျပာႏုိင္တယ္။ နည္းနည္းေတာ့နာမွာေပါ့။ အခုလုိေရးတာ ရုိင္းလုိ႔မဟုတ္ပါဘူး။ ကြက္ကြက္ကြင္းကြင္း ျမင္ေအာင္လုိ႔ ဥပမာေပးတာပါ။ ႏုိ႔မုိ႔ဆုိ အရိပ္ျပလည္းအေကာင္မထင္၊ -ီးထင္ေနမွာစုိးလုိ႔။

အခ်ိန္ရွိေသးတယ္။ ဒါ့ေၾကာင့္...ျပင္စရာရွိတာျမန္ျမန္ျပင္ေတာ့။ ေနာင္ဆုိရင္ ဒီလုိမျဖစ္ႏုိင္ဘူးလို႔ ေျပာႏုိင္လား..။ ဘယ္သူမွ မေျပာႏုိင္။ ဒီလုိျမင္ေရာင္ၾကည့္ပါ။ ဦးသန္းေရႊ ႏွင့္ အဘြားႀကိဳင္..က်ဳိက္ေကာ္က ပဲခူးစုရြာေလးကုိ အထုတ္ဆြဲၿပီး ျပန္ေနရအုံးမယ္။ ရြာကလူေတြကလည္း လက္ခံရင္အေကာင္းသားေပါ့။

ႏုိ႔မုိ႔ဆုိရင္ ရြာျပင္ထုတ္ ဒူးရင္းသီးၿခံထဲမွာ တဲထုိးေနရၿပီး...ဒူးရင္းသီးေကာက္ေရာင္းေနရအုံးမယ္။

ေနာက္ဆုံးအေနနဲ႔ အလံတစ္ရာဘုရားကို ေအးေအးခ်မ္းခ်မ္းဖူးခ်င္ရင္ေတာ့ မွားတာကို ျပင္လုိက္ၾကပါေတာ့လုိ႔ ေမာင္ဘုန္းက ဒီလုိေျပာပါရေစ...အဘုိးေရႊႏွင့္အဘြားႀကိဳင္တုိ႔ရယ္။

11/26/10

ငါးမင္းေဆြ(မေအ-ုိးႀကီး)

ငါး..လုိ႔ဆုိရင္ အဓိပၸာယ္ႏွစ္မ်ဳိးသုံးမ်ဳိး အနည္းဆုံးထြက္တယ္။ ေရထဲမွာ ေနတဲငါး၊ နံပါတ္ငါး၊ ေနာက္ဆုံးငါးကေတာ့ ေခ်ာင္းဆုိးေပ်ာက္ေဆးကုိ မႈးယစ္ေဆးအျဖစ္ေသာက္တဲ့ငါး,လုိ႔ေခၚတဲ့ ငါးမင္းေဆြ...မအေ-ုိးႀကီး

အမွန္မွန္က ဒီလုိလူမ်ဳိးေတြကုိ စကားထဲထည့္ေျပာဖုိ႔ေတာင္ မသင့္ဘူး။

မီဒီယာမွာ သူ႔ကိုေတြ႔လို႔ပါ။ ဘာ့ေၾကာင့္ ဒီလုိလူ ခ်ီးေပႀကီးကုိ မီဒီယာမွာ ေဖာ္ျပၾကရတာလဲဗ်ာ...။

အခုလိုေရးမိတဲ့ က်ေနာ္လည္းအျပစ္ရွိတယ္။ ျဖစ္ႏုိင္ရင္ မေရးခ်င္ပါဘူး။ သုိ႔ေသာ္ ေရးလိုက္မွ ေပါ့သြားမယ္ထင္လုိ႔ပါ။

ေဒၚစုကုိအႀကံေပးခ်င္ရင္ ဒဲ့,ဒုိးေျပာေပါ့ဗ်ာ။ ဘာျဖစ္လဲ။ ဒီလုိေျပာလည္းျဖစ္တာပဲ။ ဥပမာ... ေဒၚေအာင္ဆန္းစုၾကည္ ခင္ဗ်ား..အေနနဲ႔စီးပြားေရးပိတ္ဆုိမႈ ့ကုိ ျပန္ရုပ္ေပးပါလုိ႔ ႏုိင္ငံတကာကိုေျပာေပးဗ်ာ...ဒါမေကာင္းဘူး...ဘာညာေပါ့ဗ်ာ..။ အခုၾကေတာ့ ဘာစာေတြလည္းမသိဘူး ငါးမ်က္ႏွာေလာက္ေရးတယ္။

ဒီေလာက္မ်ားတဲ့စာေတြ၊ အရည္မရအဖတ္မရ အခ်ိန္ကုန္ခံၿပီး ေဒၚေအာင္ဆန္းစုၾကည္က ဖတ္ေနအုံးမယ္။ အဲဒိအခ်ိန္ကုိ အက်ဳိးရွိရွိသုံးမွာေပါ့။ အနည္းဆုံး သူ႔သားနဲ႔ပဲ ေရွးေဟာင္းေႏွာင္းျဖစ္ ပြား,ေနမွာေပါ့ဗ်ာ...။ ဒါကမွ အက်ဳိးရွိအုံးမယ္။ Shit ငါးမင္းေဆြ(မေအ-ုိး) တန္ရာတန္ရာလုပ္စမ္းပါ။

NLD က ဘာလုိ႔ အဖတ္လုပ္ရတာလဲ????

လက္ခံေတြ႔ဆုံခြင့္ေပးတယ္ဆုိတာ လူ႔အဆင့္အတန္းရွိတဲ့ လူေတြကုိ ေပးရတယ္။ အဆင့္အတန္းမတူ၊ ေစာက္က်င့္မေကာင္းတဲ့ ေကာင္ေတြကုိ ဘုရားခန္းမွာ လက္ခံၿပီးစကားေျပာတာ ေကာင္းသလား။ မေကာင္းဘူး။ ရုပ္ကလည္း ဘီလူးသံပရာသီးစားတာမွ ၾကည့္ေကာင္းအုံးမယ္။ ညွင္းသုိးသိုးနဲ႔။ ဒီလုိလူကို လက္ခံစကားေျပာတယ္... မီဒီယာကလည္း တင္,ေပး။

ေကာင္းၾကေသးရဲ ့လား၊ အရပ္ကတုိ႔ေရ...။

အုိ...ဘန္ေကာက္

ထုိင္းမွာေရာက္ေနပါသည္။

ယုိးဒယားမေလးေတြတအားလွတယ္။ ၾသစေတ်းလ်မွာ ေနတုန္းက ရွိတဲ့ Stress ေတြဘယ္ေရာက္သြားလဲမသိ...။ ဘန္ေကာက္ေရာက္ထဲက လန္း,လန္,သလားေတာ့မေမးနဲ႔။

ဘန္ေကာက္ အရမ္းပူတယ္။ ေရေႏြးပူထဲကုိ ခုန္ဆင္းရသလုိပဲ။ ဘယ္လုိေနရမွန္းေတာင္မသိဘူး။

11/20/10

အရမ္းငတ္ေတာ့လည္း ဒီလုိပဲရွာစားရပါတယ္

8

ျပည္ပက အလုပ္သမားတစ္ေယာက္ရဲ ႔ခံစားခ်က္

ျပည္ပက အလုပ္သမားတစ္ေယာက္ရဲ ႔ဘ၀ကုိ ရင္ဖြင့္ခ်င္လို႔ ဒီလုိေရးတယ္။ ရန္ကုန္မွာ အလုပ္မ်ဳိးစုံလုပ္ဖူးပါတယ္။

ပန္းရံလူၾကမ္း အလုပ္သမားဘ၀ကစလို႔၊ လက္သမားအကူအဆုံး လုပ္ဘူးပါတယ္။

ထုိင္းကုိေရာက္ေတာ့လည္း အထည္ခ်ဳပ္စက္ရုံမွာ လုပ္ဘူးတယ္။

ၾသစေတ်းလ်မွာလည္း စက္ရုံအလုပ္သမားဘ၀၊ သန္႔ရွင္းေရးသမား၊ ကားေမာင္းသင္ေပးတဲ့သူ၊ Geological Field Assistant လည္းလုပ္ဘူးတယ္။

ဒီလုိ အလုပ္မ်ဳိးစုံ ေနရာမ်ဳိးစုံမွာ လူမ်ဳိးစုံနဲ႔ေတြ႔ဆုံ ဆက္ဆံဘူးတာေတာ့ ေျပာေနစရာမလုိပါဘူး။ ေတြးၾကည့္ရင္ သိႏုိင္ပါတယ္။ ဒီေနရာမွာ အခေၾကးေငြကေတာ့ ႏုိင္ငံအေျခအေနအေပၚမူတည္ၿပီးကြဲျပားျခားနားမႈေတာ့ သိတဲ့အတုိင္း အရမ္းကြာပါတယ္။

အခေၾကးေငြထက္စာရင္ စိတ္ခ်မ္းသာမႈ၊ ေပ်ာ္ရႊင္မႈ၊ တန္ဖိုးထားမႈေတြကုိ ေျပာခ်င္လို႔ အခုလုိေရးရတာပါ။ ျပည္ပက အလုပ္သမားတစ္ေယာက္ရဲ ့ခံစားခ်က္ေပါ့ဗ်ာ။

ရန္ကုန္က အလုပ္သမားဘ၀


ရန္ကုန္မွာေနတုန္းက အလုပ္မ်ဳိးစုံလုပ္ဘူးတယ္။ အလုပ္လုပ္ၿပီး ေငြ,ရတာကနည္းေတာ့ အဆင္ေတာ့မေျပဘူးေပါ့။

သုိ႔ေသာ္ ကိုယ့္ႏုိင္ငံမွာ ကုိယ့္လူမ်ိဳးနဲ႔ကုိယ့္တုိင္းျပည္အတြက္ အလုပ္လုပ္ရတာဆုိေတာ့ ပုိက္ဆံနည္းလည္း ေပ်ာ္ရႊင္မႈရွိခဲ့တယ္။ အလုပ္သမားေတြအခ်င္းအခ်င္း ေပ်ာ္စရာရွိရင္ အတူတူေပ်ာ္၊ ေနာက္စရာရွိရင္ အတူတူေနာက္ၿပီး အလုပ္ခ်ိန္ကုန္မွန္းမသိ ေပ်ာ္ရႊင္ခဲ့ရတဲ့ကာလေတြရွိခဲ့တယ္။ ဘာသာစကား၊ ယဥ္ေက်းမႈက တူတာကုိး။

အလုပ္ပိတ္လုိ႔ မိသားစုနဲ႔အလည္အပတ္သြား၊ သူငယ္ခ်င္းေတြနဲ႔ေလွ်ာက္လည္ရတဲ့ ဘ၀ေတြလည္း ေပ်ာ္စရာေကာင္းခဲ့တယ္။

ဘာသာစကားအရ ခြဲျခားဆက္ဆံခံရမႈ၊ လူမ်ဳိးေရးအရ အႏွိမ္က်င့္ခံရမႈမရွိေတာ့ ပင္ပန္းရက်ဳိးနပ္တယ္လို႔ေတာ့ ေျပာခ်င္တယ္။ ေငြရတာေတာ့ နည္းတာေပါ့ဗ်ာ။ ဒါေပမဲ့ ကုိယ့္အရည္အခ်င္းရွိသေလာက္၊ ဖားႏုိင္သေလာက္ မိမိက်ဳိးစားအားထုတ္မႈအတြက္ ရာထူးေနရာေလးလည္း အက်ဳိးခံစားခြင့္ရွိတယ္။

သႀကၤန္လိုကာလ၊ သတင္းကၽြတ္လုိကာလာေတြမွာလည္း ၾကည္ႏႈးစရာ၊ ေပ်ာ္ရႊင္စရာေတြနဲ႔ ဘ၀အေမာေတြကို မိမိေျမေပၚမွာ ေျဖသိမ့္လုိ႔ရတယ္။

သို႔ေသာ္ ျပည္ပက အလုပ္သမားတစ္ေယာက္ရဲ ့ဘ၀ ဒီလုိမဟုတ္။

တရား၀င္,တရားမ၀င္ အလုပ္သမားဘ၀


ထုိင္းကိုေရာက္ေတာ့ တရားမ၀င္အလုပ္သမားဘ၀၊ ေနထုိင္ခြင့္၊ လုပ္ပုိင္ခြင့္ လက္မွတ္မရွိ။ လုံၿခဳံမႈမရွိ။

ဘာသာစကားအခက္အခဲ။ အႏွိမ္က်င့္ေစာ္ကားခံရမႈ၊ စတာေတြကို ေန႔စဥ္၊ ရင္နဲ႔မမွ် ခံစားခဲ့ရဘူးတယ္။ အခပ္မသင့္ရင္ အသက္ပါ ဘယ္ကထြက္ရမွန္းမသိ ျဖစ္သြားႏုိင္တယ္။ ေနရထုိင္ရ၊ သြားရလာရတဲ့ကိစၥမွာလည္း ခုိးေၾကာင္ခုိး၀ွက္နဲ႔ တန္ဖုိးမဲ့တဲ့ လူတစ္ေယာက္လုိပဲ။

အလုပ္ထဲမွာ အလုပ္ရွင္ကအႏုိင္ကက်င့္၊ မိမိအခ်င္းခ်င္းလည္းအႏုိင္က်င့္၊ ရတဲ့ပိုက္ဆံကလည္း မျဖစ္စေလာက္ေလးနဲ႔ ဘ၀ပ်က္သြားတဲ့လူေတြလည္း အမ်ားႀကီး။ ဘ၀ပ်က္တဲ့လူေတြအမ်ားထဲမွာ အသက္ ၂၅-ႏွစ္ေအာက္ တန္ဖိုးမျဖတ္ႏုိင္တဲ့ လူငယ္ေတြရဲ ့ဘ၀ေတြ ပ်က္စီး၊ ေသေၾကတာေတြအမ်ားႀကီး။

ဖာ,ျဖစ္တဲ့လူက ဖာ,ျဖစ္။ ေဆးစြဲတဲ့လူက ေဆးစြဲ အဆင့္အတန္းနဲ႔တန္ဖုိးမရွိတဲ့ လူငယ္ေတြရဲ ့ဘ၀ကို ထုိင္းႏုိင္ငံမွာ ေနဖူး၊ လုပ္ခဲ့ဖူးတဲ့လူတုိင္းသိမွာပါ။

အေပ်ာ္အပါးဆုိတာကလည္း သိတဲ့အတုိင္း၊ မႈးလို႔ရႈစရာေတာင္မရွိတဲ့ ဘ၀။ ျမန္မာေတြယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းေတြနဲ႔လည္း မနီးစပ္ခဲ့တာေတြအမ်ားႀကီးပါ။

ဒီအေျခအေနေတြက ထုိင္းမွာတင္ပဲလားဆုိေတာ့မဟုတ္။ ႏုိင္ငံႀကီးေတြမွာလည္း အလားတူကိစၥေတြနဲ႔ ႀကဳံခဲ့ရေသးတယ္။

ၾသစေတ်းလ်ေရာက္ ျမန္မာအလုပ္သမားေတြရဲ ႔ဘ၀

ေငြ,ေတာ့ရတယ္။ တလကို ေဒၚလာ ၁၅၀၀ ေတာ့ အလုပ္သမားတုိင္း စားၿပီးေသာက္ၿပီးရပါတယ္။ အဆင္ေတာ့ေျပၾကတာေပါ့။ မုိးလင္းက မုိးခ်ဳပ္အလုပ္,လုပ္။ ညေနျပန္လာ။ ပိတ္ရက္ေတြမွာ ဟုိလည္ဒီလည္။ ထမင္းစား။ အိပ္။ ၿပီးရင္ေတာ့ အလုပ္ျပန္ဆင္း။ ဒါနဲ႔ပဲလည္ပတ္။

ခြဲျခားဆက္ဆံခံမႈကေတာ့ အေထြအထူးမရွိဘူး။ သို႔ေသာ္ ကိုယ္က ငပိစားတဲ့အသံနဲ႔ အဂၤလိပ္လုိေျပာရေတာ့ ဘယ္ေလာက္ေတာ္ေတာ္၊ ဘယ္ေလာက္ပဲႀကိဳစား သူ႔ႏုိင္ငံသားေတြကုိပဲ ဦးစားေပးခန္႔အပ္ၿပီး ရာထူးႀကီး၊ ေနရာေကာင္းေတြေပးပါတယ္။

ၿပီးေတာ့ လူမႈပတ္၀န္းက်င္မွာလည္း ေပ်ာ္စရာေကာင္းတဲ့ဘ၀မဟုတ္။ ျမန္မာ့ဓေလ့ထုံတမ္းအစဥ္အလာမေတြ႔။ အလုပ္ထဲမွာလည္း လူမ်ဳိးေပါင္းစုံ နဲ႔ ဆိုေတာ့ ရန္ကုန္မွာလုပ္တုန္းကလုိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ခင္ခင္မင္မင္ ဘ၀မရွိ။ တခါလာလည္း စက္ရုပ္ေတြလုိ ပါးစပ္ပိတ္၊ တေနကုန္မတ္တပ္ရပ္ၿပီး ေငြ,ရဖို႔အတြက္ အေသြးအသား၊ ဘ၀ေတြကို ရင္းႏွီးျမဳပ္ႏွံေနရတယ္။

ဒီလုိဘ၀မ်ဳိးကို ဘယ္သူမွ မေပ်ာ္ၾကပါဘူး။ ဆုိေတာ့ ျမန္မာေတြဟာ မိမိတိုင္းျပည္မွာပဲ လုပ္,ခ်င္ၾကပါတယ္။ မတက္သာလုိ႔သာ ေနရေပမဲ့ ျမန္မာေတြဟာ ငပိ,ေတာ့ ထမင္းခ်ိဳင့္တုိင္းမွာရွိတက္ၾကတယ္။ ဒါက တကယ္လက္ေတြ ့ျမန္မာဟာ ျမန္မာ့ဓေလ့ကို ခ်စ္တက္တယ္ဆုိတာကို ျပပါတယ္။

ဘယ္ေတာ့မ်ားမွ ရန္ကုန္မွာ လုပ္,ရမလဲ

အထက္က ႏုိင္ငံႏွစ္ခုမွာ ေနဘူး၊ လုပ္ဘူး၊ ခံစားရတာကိုေျပာခ်င္လို႔ပါ။ ျဖစ္ႏုိင္ရင္ ျပည္ပက ျမန္မာေတြအကုန္လုံး မိမိတုိင္းျပည္မွာပဲ ေအးေအးခ်မ္းခ်မ္းလုပ္ကိုင္စားေသာက္ခ်င္ ၾကမွာပါ။

ျပည္ပမွာ ဘာသာစကား၊ လူမ်ဳိးေရး၊ စတဲ့ ခြဲျခားဆက္ဆံခံရမႈေတြက တကယ္တန္းေတာ့ ေငြ,ရတာနဲ႔မကာမိဘူး။ မိမိတုိင္းျပည္မွာ မိမိလူမ်ဳိးနဲ႔ အတူတူလုပ္ၿပီး ေပ်ာ္ရႊင္ခဲ့ရတဲ့ဘ၀ကို လြမ္းဆြတ္မိတယ္။ တခါတေလ ဒီလုိစဥ္စားမိတယ္။ က်ေနာ္တုိ႔ဘ၀ေတြဟာ ေငြ,နဲ႔ အေရာင္း၀ယ္လုပ္ခံရတဲ့ စကားေျပာတဲ့ကုန္ပစၥည္းေတြပဲလုိ႔။

ဒီအေျခအေနေတြကုိ ေက်ာ္လႊားႏုိင္ဖုိ႔အတြက္ က်ေနာ္တုိ႔ေတြအတူတူညီညီညာညာ ဆက္လက္က်ဳိးစားၾကရအုံးမွာပါ။

က်ေနာ္ ၾသစေတ်းလ်မွာ ေရာက္ေနတဲ့ အလုပ္သမားတစ္ေယာက္ပါ။

11/19/10

အမ်ဳိးသားသင့္ျမတ္ေရးဓာတ္ပုံဆု (အေကာင္းဆုံး)

ေသြးက စကားေျပာပါတယ္..

၂၀၁၀-ခုႏွစ္ရဲ ့အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး ဓာတ္ပုံဆုအား ဓာတ္ပုံသတင္းေထာက္ မန္းမ်ဳိးျမင့္ (ေခတ္ၿပိဳင္) အား ခ်ီးျမွင့္သည္။

The photo of year 2010

ေဒၚစုကုိ လူနာသည္က အားကိုးတႀကီးနဲ႔ ဒီလုိကန္ေတာ့ခံရတာ ျမင္ေတာ့ က်ေနာ္က ဒီလုိျမင္တယ္...ေၾသာ္..အေမ့ကုိ အားလုံးက အားကုိးေနပါလားလုိ႔

ကမၻာေပၚက နာမည္ႀကီး ဓာတ္ပုံသတင္းေထာက္ေတြ ရုိက္တဲ့ဓာတ္ပုံေတြကုိ ေပးတဲ့ဆုရွိတယ္။ The photo of year 2010 (၂၀၁၀-ခုႏွစ္ရဲ ့ အေကာင္းတကာ့အေကာင္းဆုံးဓာတ္ပုံဆု) လုိ႔ေခၚတယ္။ က်ေနာ္က Mizzima က သတင္းေထာက္ရုိက္တဲ့ ဓာတ္ပုံကုိ ယခု ဆု အားေပးအပ္ခ်ီးျမွင့္ပါသည္။

ဓာတ္ပုံ Mizzima

View My Stats