
Type your summary here.Type the rest of your post here.

ကျနော့်စာတွေကို ဖတ်ဖူးတဲ့သူတွေရှိမှာပါ။ ကျနော်တွေးမိတာကိုရေးခဲ့တယ်။ ဆဲချင်လည်းဆဲတယ်။ ဘာ့ကြောင့် ဒီလိုရေးလဲဆိုတော့ ကျနော်က အစိုးရတစ်ခု၊ အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ ဝင် (သို့) ပြောခွင့်ရပုဂ္ဂိုလ်မဟုတ်ဘူး။ လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်တော့ ရေးချင်တာရေးတယ်။
နာမည်ကြီးစာရေးဆရာလည်းမဟုတ်တော့ ဘယ်သူ့ မျက်နှာမှ ထောက်စရာမလိုဘူး။
အခုလည်း တွေးမိတာကိုရေးပါတယ်။ ကြိုက်တဲ့သူဖတ်ပါ။ မကြိုက်ရင်မဖတ်ပါနဲ့ ။ တခုတော့ရှိတယ်၊ ဖတ်လည်းဖတ်သေးတယ်၊ ပြီးရင် စာရေးတဲ့သူကိုကျေးဇူးမတင်တဲ့အြ
တွေးမိတာက ဒီလိုပါ။
မဖြစ်နိုင်တာကိုစိတ်ကူးယဉ်ပြီး လုပ်နေတာကို လက်တွေ့ မကျဘူးလို့ ခေါ်တယ်။ ဒီလိုမျိုးလုပ်နေတာကို နိုင်ငံရေးမှာ တွေ့ နေရတယ်။ ဟိုးတုန်းကကာ၊ အခုကော ဒီလိုအလုပ်တွေကို စိတ်ကူးယဉ်ဆန်ဆန် နိုင်ငံရေးသမား (တနည်း) တော်လှန်ရေးသမားတွေ အကောင်အထည်ဖော်ကြတယ်။
ကျနော်တို့ အဓိက စဉ်းစားခဲ့တဲ့အရာကတော့ အစိုးကဖြုတ်ချရေးဆိုတဲ့ ခေါင်းစဉ်ပဲ။ ဒီခေါင်းစဉ်အောက်ကနေ အစိုးရဖြုတ်ချရေးလုပ်ငန်းတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး အပြောင်းအလဲကိုလုပ်မဲ့နည်းလမ်း
ကျနော်တို့ ဘယ်တွေလုပ်ခဲ့လဲဆိုတာကိုလေ့လြာ
၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း
၂) လက်နက်ကိုင်တော်လှန်ရေးနဲ့ အောင်ပွဲခံမည်
၃) တွေ့ ဆုံဆွေးနွေးနွေးသာလျှင် တခုတည်းသောနည်းလမ်း
၎) ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး
၅) ရွေးကောက်ပွဲဝင်ရေး
ဒီနည်းလမ်းတွေထဲမှာ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ နည်းလမ်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအလဲကို လက်တွေ့ ကျကျ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ရတယ်။ ကျန်တဲ့နည်းလမ်းတွေက လုံးဝကို အလုပ်မဖြစ်နိုင်ဘူး။ ဟိုတုန်းကတည်းက ဒါတွေကို အစဉ်တစိုက်လုပ်ခဲ့ကြတာ လူကြီးမင်းတို့ အားလုံးအသိပဲ။
ကျနော်တို့ ပြည်သူတွေလိုချင်တာက အေးချမ်းတည်ငြိမ်းပြီး ထမင်းဝဝလင်လင်စားနိုင်တဲ့ ဘဝကိုလိုချင်တယ်။ ချမ်းသာချင်ကြတယ်။ လွတ်လပ်ချင်ကြတယ်။ သူများနိုင်ငံနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်တဲ့ မြန်မာပြည်အဖြစ် ကမ္ဘာ့အလည်မှာမြင်ချင်ကြတယ်။ ဒါက လူတိုင်းလိုချင်တဲ့အရာလို့ ထင်တယ်။ ဒါတွေကို ရနိုင်ဖို့ မြန်မာပြည်သူတိုင်း ကျတဲ့အခန်းကနေ ကျိုးစားလုပ်ဆောင်ကြတယ်။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကိုယ်နေရာကနေ ကိုယ်တက်နိုင်သလောက်ပေးဆပ်ကြတယ်
စစ်အစိုးရလည်း သူကောင်းမယ်ထင်တာကို သူဖန်တီးတယ်။ အတိုက်အခံ နဲ့  သူပုန်ကလည်း သူတို့ ကောင်းမယ်ထင်တဲ့ လမ်းကိုရွေးတယ်။ အားလုံးသော မြန်မာပြည်သူတိုင်းဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကောင်းစားချင်တဲ့စိတ်ရှိတယ်။ ဘယ်မြန်မာနိုင်ငံသားမှ မြန်မာပြည်ကြီး ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ရှိမှာမဟုတ်ဘူး။
ဒီလို မြန်မာတွေကောင်းစားဖို့ အတွက် အတိုက်အခံတွေရွေးတဲ့လမ်းကို ကျနော်နားလည်သလောက်တင်ပြချင်တယ်
ကျနော်က အတိုက်အခံထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် အတိုက်အခံတွေအနေနဲ့ ရွေးချယ်သင့်တဲ့ လမ်းကြောင်းကို ဉာဏ်မှီသလောက်တင်ပြချင်တယ်။
၁) လူထုအုံကြွမှု (သို့ ) ဆူပူမှု (သို့ ) လမ်းမပေါ်ထွက် ဆန္ဒပြခြင်း
ပြည်တွင်း၊ ပြည်ပက အတိုက်အခံတွေထဲက လိုချင်တဲ့အရာဖြစ်တယ်။ ဒီနည်းလမ်းကသာလျှင် အစိုးရကိုအပြောင်းအလဲဖြစ်စေနို
ဒီနေရာမှာ အဓိကမေးရမှာက...တကယ်လို့ ကျနော်တို့ လူထုတွေ လမ်းပေါ်တက်ပြီး ဆန္ဒပြပြီပဲထား။ အစိုးရပြုတ်ပြီပဲထား။ ဘယ်သူက အာဏာယူမှာလဲ။ နောက်ပြီး ဘယ်တော့မှ လူထုတွေအာဏာရမှာလဲ။ ၈၈-ခုနှစ်မှာ ဖြစ်တဲ့ဖြစ်ရပ်၊ ရွှေဝါရောင်တော်လှန်ရေးလို့ ခေါ်တဲ့ ဘုန်းကြီးတွေလမ်းပေါ်ထွက်တဲ့ဖြစ်
၂) လက်နက်ကိုင်တော်လှန်းရေးနဲ့ အောင်ပွဲခံမည်
သူပုန်တွေက ပြောတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ အောင်ပွဲခံမယ်တဲ့။ ဗကပဆိုရင် ပိုဆိုးသေးတယ်။ လက်နက်တောင်မရှိတော့တဲ့အချိန်မှ
၃) တွေ့ ဆုံဆွေးနွေးရေးသာလျှင် တခုတည်းသောနည်းလမ်း
ဒေါ်အောင်ဆန်းစုကြည်အမြဲပြောနေတဲ
၎)၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂ဝဝ၈-ခုနှစ် အခြေခံဥပဒေဆန့် ကျင်ရေး
၂၀၀၈-ခုနှစ်အခြေခံဥပဒေနဲ့  ၂၀၁၀-ရွေးကောက်ပွဲကို ဆန့် ကျင်ရင်းနဲ့ ပဲ ကြံ့ဖွံ့ ပါတီက အစိုးရဖြစ်သွားခဲ့တယ်။ ပြည်ပက အဖွဲ့ အစည်းတချို့ ဒီခေါင်းစဉ်အောက်ကနေ ပရိုပိုဆယ်တောင်းတာပဲ အဖတ်တင်တယ်။ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ဘူး။ တကယ်လို့ များ ၂၀၁၀-ရွေးကောက်ပွဲနဲ့ ၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ဆန့် ကျင်လို့ နိုင်တယ်ထားအုံး....ပြီးရင်ဆန့် ကျင်တဲ့လူတွေအနေနဲ့  ဘာများလုပ်ကြမလဲမသိဘူး။ ဆန့် ကျင်ဖို့ လောက်ပဲ ခေါင်းထဲမှာရှိကြတယ်ထင်တယ်။
၅) ရွေးကောက်ပွဲဝင်ရေး
ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိစ္စကတော့ လက်ရှိနိုင်ငံရေးကာလမှာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ အရင်တုန်းက နည်းလမ်းတွေက လက်တွေ့ မှာ အောင်ပွဲမရခဲ့တော့ ဒီနည်းလမ်းကသာလျှင် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေပြီ။ ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီလမ်းပဲရှိတော့တယ်။ နည်းလမ်းဟောင်းတွေကို ဆက်သုံးချင်ရင်လည်းသုံးလို့ ရပါတယ်။ အမှောင်ထဲမှာလမ်းလျှောက်သလို စမ်းတ၀ါးဝါးနဲ့  ဖြစ်နေတာကိုတော့ သတိထားဖို့ လိုတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုး၊ မသာမာမှုတွေတော့ရှိမှာပဲ။ မြန်မာပြည်က ခိုးတဲ့လိမ်တဲ့နေရာမှာ သူများနိုင်ငံနဲ့ မတူ အရမ်းတော်တော့ ဖြစ်မှာပဲ။ တဖြည်းဖြည်း နဲနိုင်သမျှနဲအောင် လုပ်ဖို့ ကလွဲရင် ကျန်တဲ့လမ်းမရှိဘူး။
အထက်ကနည်းလမ်းတွေကို ဘယ်သူတွေက ဖန်တီးတာလဲဆိုတော့ ခေါင်းဆောင်တွေပဲ ဖန်တီးပါတယ်။ ပြည်သူတွေ နဲ့ အောက်ခြေက အဖွဲ့ ဝင်တွေရဲ့ သဘောတူညီချက်တွေ၊ အိုင်ဒီယာတွေလုံးဝမပါဘူး။ ခေါင်းဆောင်ပိုင်းကလည်း အောက်ခြေကို မတိုင်ပင်ဘူး။ အတိုက်အခံတွေ ပေါ်လစီချတိုင်း အောက်ခြေထုကို ဘယ်နှစ်ခါတိုင်ပင်ခဲ့ဘူးလဲ။ ပြည်သူဆိုရင်ပိုဆိုးပေါ့။
ဒါ့ကြောင့်မြန်မာ့နိုင်ငံရေးလော
ကန်ပိန်းနိုင်ငံရေး
ကန်ပိန်းအမျိုးမျိုးကို လူကြီးမင်းတို့ သတိထားမိမှာပါ။ ဒီထဲကနေ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေက ၂၀၀၀-ကျော်ပဲ ရှိတယ်ဆိုပါစို့ ။ ဒီလူဦးရေက တတိုင်းပြည်လုံး အရေးနဲ့ ယှဉ်ရင်သေးသေးလေးပဲ။ ဒါတွေကို စစ်ပွဲတစ်ပွဲမှာ နိုင်ဖို့ အတွက် ရင်းရတဲ့ စစ်သားတွေအနေနဲ့ ရင်းလိုက်ပါ။ ဥပမာ-အစိုးရက သူတို့ ကိုလွှတ်ပေးမယ်။ ဒေါ်စုက သူတို့ နဲ့ပက်သက်ပြီး အာမခံပေးလိုက်ပါလို့ ပြောတယ်။ အာမခံပေးလိုက်ပါ။ အဓိက သူတို့ လွှတ်ဖို့ အရေးကြီးတယ်။ လွတ်ရင် အနဲဆုံးခိုးကြောင်ခိုးဝှက်နဲ့ နိုင်ငံရေးလုပ်လို့ ရတယ်။ လူတွေနဲ့ ပြန်တွေ့ နိုင်တယ်။ အပြင်လောက ဗဟုသုတကိုဆည်းပူးနိုင်မယ်။ နိုင်ငံရေးနဲ့ အဆက်မပြတ်တော့တဲ့အတွက်ကြောင့်
နောက်တစ်ခုပြောချင်တာက အေအေပီပီပြောတိုင်းမယုံနဲ့ ။ ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုက သူတို့ ကိုလွှတ်ပေးရေး ၀ိုင်းပြီးတောင်းဆိုကြလို့  ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သူတို့ ဘာ့ကြောင့်ထောင်ထဲ ၀င်ရလဲဆိုတာကို သူတို့ သိတယ်။ ထောင်က သူတို့ အိမ်ဖြစ်နေပြီ။
ဒါ့ကြောင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ေ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ထောင်ထဲက ကိုမင်းကိုနိုင်တို့ အုပ်စုကို ထောင်ဝင်စာတွေ့ သင့်တယ်။ စကားပြောသင့်တယ်။ ဒီလိုမျိုးတခါမှ ဒေါ်စုမလုပ်သေးဘူး။ နောက်ပြီး ပြည်ပမှာရှိနေတဲ့ ၈၈-အဖွဲ့ တွေနဲ့ လည်း တိုင်းပင်ညှိနှိုင်းသင့်တယ်။ ဒါမှ အသံတူပြီး ကိုယ်ဖြစ်ချင်တာကို ဖြစ်လိမ့်မယ်။ ညှိနှိုင်းမှုမရှိပဲ သွားနေရင် အသံတွေ တစ်ယောက်တစ်မျိုးနဲ့  အခုသွားနေတဲ့လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နိုင်တယ်။ ဒါတွေကို အခုလည်းမြင်နေရပြီ။
နိုင်ငံရေးမှာဆန့် ကျင်ရတာက လွယ်တယ်။ ခက်တာက ဖြစ်နိုင်ခြေရှိတဲ့အဖြေကို ရှာရခြင်းပဲ။
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေအားလုံးပေါင်းရင် ဘယ်လောက်တောင်ရှိမလဲမသိဘူး။ ကရင်မှာလည်း တဖွဲ့ နဲ့ တစ်ဖွဲ့ က မတူ။ ကချင်းမှာလည်းကွဲလို့ ကွဲ။ ပြောရရင် သူတို့ အချင်းချင်းတောင်မတည့်ဘူး။ ဒီလိုအဖွဲ့ တွေပေါင်းစုံ လိုချင်နေတာကတော့ နိုင်ငံရေးအရတန်းတူဆွေးနွေးရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်တမ်း မညာစတမ်းပြောရရင် သူတို့ ဘာလိုချင်တာလဲဆိုတာကို ယနေ့ အထိ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဥပမာ နိုင်ငံရေးအရတန်းတူဆွေးနွေးချင်
ကိုယ်ပိုင်ပြဌာန်းခွင့်ပဲခေါ်ခေါ် ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ပဲပြေြာေ
ဒါ့ကြောင်လက်ရှိတိုင်းရင်းလက်
အခုလက်ရှိကာလမှာ လုပ်သင့်တဲ့အလုပ်က တဖွဲ့ တည်းဖြစ်ဖို့ လိုတယ်။ ဥပမာ ကရင်ပြည်မှာဆိုရင် လက်နက်ကိုင်တပ်တွေက အများကြီး။ ဒီကေဘီအေ၊ ကေအန်ယူ နဲ့  ဗိုလ်ချုပ်ထိန်မောင်တို့ လို အဖွဲ့ တွေလည်းရှိနေသေးတယ်။ ဒီအဖွဲ့ တွေကို တစ်ဖွဲ့ တည်းတစ်သံတည်း ဖြစ်အောင် မလုပ်နိုင်သမျှကာလပတ်လိုး ဘယ်တော့မှ နအဖအစိုးရကို သွားပြီးမဆွေးနွေးနဲ့ ။ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေလည်း အတူတူပဲ။ အရင်ဦးဆုံးလုပ်သင့်တာက တဖွဲ့ တည်း တစ်သံတည်းကို အတိအကျဖြစ်ဖို့ လိုနေပြီ။ အခုလက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုး
ဒ့ါအပြင် ပြည်ပက ပြည်ပြေး ၈၈-မျိုးဆက်လို့ ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အတိုက်အခံတွေလည်း ကိုယ်လိုချင်တာကို အတိအကျရှိဖို့ ကောင်းနေပြီ။ အဖွဲ့ အစည်းတစ်ခု ခေါင်းဆောင်တစ်ခုအောက်မှာ ရှိသ့င်နေပြီ။ ပြန့် ကျဲနေတဲ့ အသံပလံတွေကတော့ ထုံးစံအတိုင်းရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ က ဘာကို အသေအချာရတော့မှ အစိုးရကို အတိုက်အခံလုပ် ဆန့် ကျင်နေတာကို ရပ်မှာလဲ။ အခုတော့ တောင်းဆိုချက်တွေက အရမ်းကြီးပြီးနေလားလို့ ပါ။ ဥပမာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကပြောတဲ့ စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိ
တိုင်းရင်းသားတွေကော ပြည်ပက ၈၈-ပြည်ပြေးတွေကော ဟိုပုန်းဒီကြပ်လုပ်နေတဲ့ ဗကပတွေကော အာလုံးသော နိုင်ငံရေးစိတ်ဝင်စားသူတွေ စဉ်းစားသင့်တာက ပန်းတိုင် အတိအကျ ရှိသင့်နေပြီ။ အခုရှိတဲ့ပန်းတိုင်တွေက ဆင်ရဲ့ ဟိုဟာ ခွေးမျှော်နေရတဲ့ ပန်းတိုင်လိုမျိုးဖြစ်နေမလားပဲ။ ရည်ရွယ်ချက်တွေက အရမ်းကြီးတယ်။
နောက်တစ်ချက်က အခုလက်ရှိ ပြည်ပလူတွေက ဘယ်သူ့ ကို ခေါင်းဆောင်တင်ရမှာလဲ။ ဘယ်အဖွဲ့ အစည်းကို အားကိုးရမှာလဲ။ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီတော့ရှိတာပေါ့။ အခုတော့ ကျနော်တို့ ပြည်ပရောက်အတိုက်အခံတွေမှာ ခေါင်းဆောင်မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်လို့ ခေါ်တဲ့ လူတွေကလည်း ချီးပေတွေချည်းပဲ။
လက်ရှိအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ဆက်ဆံတဲ့ပုံစံက သူဖြစ်ချင်တာတွေ မြန်မြန်ကောင်အထည်ဖော်အောင် မြန်မြန်ပြီးအောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီး ကူခိုင်းတဲ့အဆင့်ဖြစ်နေပြီ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကို
အခုပုံစံက နိုင်ငံရေး ဦးတည်ချက်တွေကို အတိအကျ ရှိဖို့ လိုနေပြီ။ တိုင်းလို့ ရတဲ့ပေတံကိုလည်း ရှိသင့်တယ်။ အချိန်ကာလရှိသင့်တယ်။ အခုတွေ့ ရသလောက် တောင်းဆိုနေတဲ့ အရာတွေက ဘာမှ မတိကြဘူးလို့ ထင်တယ်။ ဥပမာ နိုင်ငံရေးအဖွဲ့ အစည်းတွေတောင်းဆိုနေတာကို ကြည့်ကြည့်ပါ။
၁) စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး။
၂) တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး။
၃) ဒီမိုကရေစီးရေး
၎) ပြည်တွင်းငြိမ်းရေး။
ဒါတွေက ဘာတွေလဲ။ ဒါတွေကို ကျနော်နားလည်တာက တမျိုးဖြစ်နေတယ်။ ဒီလိုရည်မှန်းချက်တွေဟာ အရမ်းကို ကြီးနေလားမသိဘူး။ တိုင်းပြည်မှာ ရှိသင့်တဲ့အရာတွေတော့မှန်တယ်။ ဒါပေမဲ့ အခုတော့ ဝေလေလေပဲ။
ကျနော် သူပုန်လုပ်တုန်းက ခံစားချက်တမျိုးပဲရှိတယ်။ ဒါကတော့ ငါတို့ အခုလို ဆင်းရဲတာဟာ အစိုးရမကောင်းလို့ ဆိုတဲ့ခံစားချက်တစ်ချက်ပဲရှိ
္ဏ္ဒ္ဒကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေး အစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တာဆူနေပြီဆိုတာကို လူတိုင်းသိတယ်။ အခုထိတော့ စကားပဲပြောပါသေးတယ်။ လက်တွေ့ တွေတော့ ဘာတစ်ခုမှ မပါသေးဘူး။ လက်တွေ့ ဆိုတာက ကျနော်တို့ လိုချင်တဲ့..
၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို တတိုင်းပြည်လုံးလုပ်ပါ။
၂။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့ နိုင်ငံရေးအရ တန်းတူဆွေးနွေးပြီး ရာသက်ပန် အပစ်ရပ်ကြပါ။
၃။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီး လူတိုင်းနိုင်ငံရေးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆန္ဒပြခွင့် ပေးပါ။
၎။ သတင်းလွတ်လပ်ခွင့်ပေးပါ။
၅။ ဘာပြဿနာပဲဖြစ်ဖြစ် ပါးစပ်နဲ့ ဖြေရှင်းပါ၊ လက်မပါကြပါနဲ့ ။
ဒါတွေက ကျနော်လိုချင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လက်ရှိစာရေးနေတဲ့အချိန်ထိ ရပြီလားဆိုတော့ လုံးဝမရသေးဘူးလို့ ပြောနိုင်တယ်။ နဲနဲလေးရတာကလွဲရင်ပေါ့။
အခုအချိန်မှာ သူတို့ အစိုးရကော အတိုက်အခံခေါင်းဆောင်လို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော နှစ်ဘက်စလုံးက အပြောင်းအလဲတွေ စတင်အကောင်အထည်ဖော်နေပြီလို့ ပြောနေတာကို လူတိုင်းသိပါတယ်။ ဒီနေရာမှာ ပြည်ပက လူတွေပြန်လာခဲ့ပါဆိုတဲ့ အပြောင်းအလဲက သေးသေးလေးပါ။ စကားထဲတောင်ထည့်ပြောစရာမလိုပါဘူ
သူတို့ ဒီလိုမျိုးလုပ်နေတာကို ကျနော်က အရင်အတိုင်း မယုံဘူး။ လိမ်နေတာဖြစ်တယ်။ ဟိုဟာ အရင်လုပ်ပါ။ ဒါတွေအရင်လုပ်ပါဆိုပြီး ခွကျကျ စကားကို အချိန်မရွေးပြောလို့ ရ တယ်။ အခုထိလည်း စစ်အစိုးရက ယုံချင်စရာမှ မကောင်းတာ။ ကျနော်တို့ ဗမာအချင်းချင်းတောင် မဟုတ်ဘူး နိုင်ငံခြားသားတွေတောင် သိတယ်။ ဒါပေမဲ့ သူတို့ ကောင်းတဲ့ ခြေလှမ်းနဲ့ လှုပ်ရှားမှုတွေလုပ်နေတာကို ကောင်းတယ်လို့ ပြောသင့်တယ်။ ကြိုဆိုသင့်တယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ ဒီလူကတော့ လိမ်နေတာကွာဆိုပြီး ဘေးထိုင်ဘိုင်ကြ ဘုစကားပြောနေမဲ့အစား လက်တွေ့သူတို့ နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်။ အချိန်ကာလတစ်ခုအထိ ဒီလူတွေ လိမ်တယ်ဆိုတာ မှန်နေရင်တော့ ဆက်ပြီးမပေါင်းနဲ့ ပေါ့။ ကိုယ့်လမ်းကိုယ်ဆက်ပြီးလျှောက်ေ
အခုကာလမှာ လူတစ်ချို့  အဖွဲ့ အစည်းတစ်ချို့ ပူးပေါင်းဆောင်ရွက်နေတာဟာ တကယ်မှန်တယ်လို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမှ မသွားရင် အရင်တုန်းကလမ်းစဉ်ကကော အလုပ်ဖြစ်လို့ လား။ ကျနော်က ဒီလိုမျိုး အစိုးရလုပ်နေတာတွေကို ချီးကျူးအားပေးပြီး အကောင်းစကားပြောနေတာက ရည်ရွယ်ချက်ရှိတယ်။ ဒါကတော့ အစိုးရကို အိမ်ပြန်ချင်လို့ ဖားနေတာမဟုတ်ဘူး။ သူ့ ကိုဖားမှ အိမ်ပြန်လို့ ရတာမဟုတ်ဘူး။ ရွယ်ရွယ်ချက်ကတော့ အခုလုပ်နေတဲ့အရာတွေကို မြန်မြန်ဖြစ်စေချင်တယ်။ ဒိထက်ပိုကောင်းလာစေချင်တယ်။ မျှော်လင့်ချက်ဆိုတဲ့ အလင်းရောင်လေး မြင်နေရတာကြောင့် အခုလို အကောင်းစကားပြောခြင်းဖြစ်တယ်။ အရင်တုန်းကအတိုင်း ငါးလိုးမသား သိန်းစိန်နှင့် ဝန်ကြီးများ ဗိုလ်ချုပ်ကြီးများ နှင့် ကပ်ဖားရပ်ဖားကောင်တွေကြောင့် တိုင်းပြည်ပျက်ရတာ ဘာညာဆိုပြီး အာလို့ ရတယ်။ ရွှီးလို့ ရတယ်။ ဒါပေမဲ့ ယနေ့ မှာ ဒါတွေမလုပ်ချင်ဘူး။
ဒါ့ကြောင့် အပျက်စကားပြောတာက လွယ်တယ်။ ဒါတွေကို ပြည်ပအတိုက်အခံတွေအားလုံးနီးပါး ပြောလာခဲ့တာကြာပီ။ အစိုးရက ကြက်ဆူပင်စိုက်လည်း စိုက်ပြန်ပြီ။ အစိုးရက တိုက်လေယာဉ်တွေ ဝယ်ပြန်ရင်လည်း ငွေကိုဖြုန်းတယ်လို့ ပြောတယ်။ ဆိုတော့ အစိုးရဘာပဲလုပ်လုပ် အစိုးရကို အတိုက်အခံလုပ်ပြီး ကန့် လန့် လုပ်လာခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တခါတလေ သူတို့ လုပ်ရပ်တွေဟာ အကုန်လုံးမှားတယ်လို့  ဘယ်ဘိုးအေက ပြောလဲ။ ကောင်းတာလည်း ရှိပါတယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်နေတာကို မလုပ်နဲ့ လို့ ပြောလို့ မရဘူး။ ပြည်သူတစ်ဦးအနေနဲ့ ကောင်းတယ်ဗျာ...လန်းတယ်ဗျာ...
ဒါ့ကြောင့်အားလုံး ဝိုင်းပြီး အားပေးကြ။ ကူညီကြ။ ဖြစ်နိုင်ရင် ဦးသိန်းစိန်ရဲ့ တစ်ခုတည်းသော လဥတစ်လုံးတည်းကို ဝိုင်းပြီးမကြ။
ဘုန်းကျော်
" ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွှဲWeekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီ ကားအိုကြီးတွေကို မမောင်းရတော့ဘူး။ ဒီကားတွေဟာ မြို့ အင်္ဂါရပ်နဲ့ မညီမညွတ်ဘူး။ အန္တရာယ်ရှိတယ်။ အိတ်ဇောပိုက်က ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ေ ဒါဆိုရင် ဒီနေရာမှာ ဘယ်လိုမျိုး ဒိထက်ကောင်းတဲ့အိုင်ဒီယာကို မင်းအနေနဲ့ ပေးမလဲလို့ မေးရင် ကျနော်က ဒီလိုပြောချင်ပါတယ်။ ကားတွေ အလွန်အမင်းအိုနေတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကိုပဲ အဓိက စဉ်းစားရမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ကားအသစ်တွေကိုလည်း ဆက်ပြီးတင်သွင်းပါ။ ဒါက လုပ်သင့်တဲ့ကိစ္စ။ မသွင်းပဲထားရင် ကားဈေးတွေက ကြီးသထက်ကြီးလာတယ်။ နိုင်ငံခြားမှာ ဒေါ်လာ တစ်ထောင်တန်ကားက မြန်မာပြည်မှာ သိန်းလေးငါးရာ ပေးရတာက သဘာဝမကြဘူး။ သိန်းလေးရာဆိုတာက ဒေါ်လာ လေးသောင်းကျော်ရှိတယ်။ ဒီငွေနဲ့ သာဆိုရင် သြစတျေးလျမှာ ပရာဒိုနောက်ဆုံးပေါ်တောင် ဝယ်လို့ ရတယ်။ ဒီလို ပေါ်လစီတွေဟာ အဓိက ပြည်သူတွေကိုပဲ ထိခိုက်စေတယ်။ အာဏာပိုင်တွေကတော့ ထောတာပေါ့။ ဒါက အရမ်းကို လူလည်ကြတဲ့ ကိစ္စ။ ကားဟောင်းတွေက ပြဿနာမဟုတ်ဘူး။ ပြဿနာက လူတွေနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို့ ဆိုပြီး အထက်မှာပြောခဲ့တယ်။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Safety လို့ ခေါ်တယ်။ ဒါတွေကောင်းနေသမျှကာလပတ်လုံး ကားဟောင်းလည်း အသုံးဝင်တယ်။ လူတွေကို အန္တရာယ်မပေးဘူး။ Safety က ဘာလဲဆိုတာကို သိသလောက်ရှင်းပြမယ်။ ကားမှာ ရှေ့ မီးနောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီး၊ ခါးပတ်၊ ကားတာယာ၊ ဆီယိုမှု၊ ဘရိတ်၊ ကားဘော်ဒီ၊ စတဲ့ အရာတွေဟာ သတ်မှတ်ထားတဲ့ စံနှုံးအတိုင်းရှိနေရင် ဒီကားဟာ အန္တရာယ်ကင်းတယ်။ ဒါကို တနှစ်တခါ ကားကျွမ်းကျင်သူအာဏာပိုင် ( Inspector) က ပုံမှန်စစ်ဆေးရမယ်။ သတ်မှတ်ထားတဲ့ Standard မှီရင် ကားလမ်းပေါ်မှာ မောင်းနိုင်မယ်။ မမှီရင် မှီတဲ့အထိပြင်ပါ။ သြစတျေးလျနိုင်ငံမှာ ကျနော့်ရဲ့ ကားကို ပုံမှန် တနှစ်တခါ စစ်ဆေးရတယ်။ စစ်ဆေးခကို ပေးရတယ်။ ဒီဌာနက ဒီငွေတွေနဲ့ လည်ပတ်တယ်။ အစိုးရတောင်အခွန်ရတယ်။ ကားပိုင်ရှင်ကော ကားမရှိတဲ့လူတွေကောဟာ အကျိုးရှိတယ်။ တချို့ ကားတွေဆိုရင် နှစ်ပေါင်း ၇ဝ-လောက်ရှိပြီ။ ဒီကားတွေကိုလည်း သြစတျေးလျအစိုးရက အိုနေပြီ...ဒါ့ကြောင့် သံရည်ကျိုစက်ပို့ ပါ။ မမောင်းပါနဲ့ လို့ မပြောဘူး။ ဥပဒေလည်း မထုတ်ဘူး။ ဒါပေမဲ့ ကားတိုင်းက Safety Standard ကိုလိုက်နာရတယ်။ မလိုက်နာရင် မှတ်ပုံတင် ( Registration ) မထုတ်ပေးဘူး။ မထုတ်ပေးတော့ ကားပိုင်ရှင်က သူ့ ကားကို စေ့ဖ်တီးစည်းကမ်းနဲ့  ကိုက်ညီအောင်ပြင်တယ်။ ပြင်ပြီးရင် အင်စပတ်ရှင်ဝင်တယ်။ အင်စပတ်တာက အောင်တယ်ဆိုမှ ဒီကားဟာ လမ်းပေါ်တက်ရတော့တယ်။ ဒါက ကျနော်နားလည်တဲ့ အကြမ်းဖျင်း။ ဒီဥပမာတွေကိုကြည့်ရင် ကားဟောင်းတွေ ကားအိုကြီးတွေကို ဘာ့ကြောင့်များ လွှင့်ပြစ်ရမှာလဲ။ ကားအိုကြီးတွေချစ်တဲ့ လူတစ်ချို့ ဆိုရင် ၁၉၄ဝ-လောက်ကတည်းက ကားတွေကို သေသေချာချာလှလှပပပြင်ပြီး အမြတ်တနိုးစီးကြတယ်။ အလှပြကြတယ်။ ဒီကားတွေကလည်း နောက်ဆုံးပေါ်ကားတွေထက်ဈေးအရမ် နေက်တစ်ခုရှိသေးတယ်။ ကားအိုတွေရဲ့ အင်ဂျင်တွေက အရမ်းဟောင်းနေပြီ။ အိုနေပြီဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့် ဒါ့အပြင် မြန်မာပြည်မှာ ယဉ်မောင်းလိုင်စင်ထုတ်ပေးတဲ့စည် သြစတျေးလျနိုင်ငံရဲ့ ကားလိုင်စင်က မြန်မာပြည်မှာဆိုရင် မှတ်ပုံတင်ပဲ။ အရမ်းအရေးကြီးတယ်။ ဒီနိုင်ငံကရတဲ့ ယဉ်မောင်းလိုင်စင်နဲ့  ကြိုက်တဲ့နိုင်ငံကိုသွား....နို သူများနိုင်ငံတွေက စည်းကမ်း နဲ့ စနစ်ကောင်းတော့ သက်ဆိုင်ရာ နိုင်ငံကလူတွေက အကျိုးခံစားခွင့်ရှိစေတယ်။ မျက်နှာမငယ်ရဘူး။ အခုတော့ မြန်မာပြည်ရဲ့ ယဉ်မောင်းလိုင်စင်ထုတ်ပေးမှု စနစ်ကြောင့် အကုန်လုံးနစ်နာကြရတယ်။ ဒါကို ပြင်လိုက်ရင် ဘယ်လောက်ကောင်းမလဲဗျာ။ လိုင်စင်ထုတ်ပေးတဲ့ရုံးက ညွှန်ကြားရေးမှုးများ၊ မန်နေဂျာများအနေနဲ့ ပြည်ပထွက်ပြီး သူများနိုင်ငံကကောင်းတဲ့အတုကို ခိုးကြပါအုံးလို့ ပဲ ပြောချင်ပါတယ်။ နောက်ပြီး ယဉ်းမောင်းသူတိုင်းအနေနဲ့ အထူးသတိထားရတာက ကိုယ့်အတွက်လည်း အန္တရာယ်ရှိတယ်။ သူများတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ ကားမောင်းသင်တိုင်း Defensive Driving လို့ ခေါ်တဲ့ နည်းကိုသုံးတယ်။ ဗမာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ ဒါ့ကြောင့် ကျနော့်အနေနဲ့  အခု မြန်မာပြည်မှာတွေ့ နေမြင်နေကြားနေရတဲ့ ကားအိုကြီးတွေကို သံရည်ကျိုစက်ပို့ မဲ့ကိစ္စ၊ ကားလိုင်စင်ထုတ်ပေးတဲ့ကိစ္စတွေကု |