ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
12/3/11
ရိုးသားတဲ့အစိုးရလား
ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ်မှုကနေ ငွေကြေးပေါ်ပေါက်လာတယ်။
၂၀၁၁-ကြံ့ဖွတ်အာဏာရှင်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လဲလှယ်ရင်း စစ်ပွားရေးပိတ်ဆို့ မှု့ ကို ရုပ်သိမ်းခြင်းဆိုတဲ့အရာ ပ်ါပေါက်လာတယ်လို့ ပြောလို့ ရပြီ။ ရတော့ မရသေးဘူး။ ရခါနီးနေပြီ။
ဦးသိန်းစိန်အစိုးရပြောတဲ့ ပြစ်မှုတစ်စုံတစ်ခုကျူးလွန်ခဲ့လို့ ဖမ်းထားပါတယ် ဆီးထားပါတယ်ဆိုရင် ဆက်ပြီးဖမ်းထားပေါ့။ ဘာ့ကြောင့် ဆန်ရှင်နဲ့ ကိုမင်းကိုနိုင်တို့ အုပ်စုကို လဲရမှာလဲ။ ဒါဆိုရင် ဥပဒေကို ချိုးဖောက်တာ ဘယ်သူတွေလဲလို့ မေးရမလိုဖြစ်နေပြီ။
ဦးရွှေမန်းတို့ များ သိသိကြီးနဲ့ မြောက်ကိုရီးယားနဲ့ ပေါင်းတယ်။ အခုကြတော့ မပေါင်းတော့ပါဘူးဆိုပြီး ပြောပြန်ပြီ။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရတစ်ခုလုံးမှာ လူကောင်းကောရှိသေးရဲ့ လား ၊ ရိုးသားတဲ့လူကောရှိရဲ့ လားဆိုတာကို ကျနော်သံသယဖြစ်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးက ဖာ, ပါးစပ်တွေနဲ့ ဆိုတော့ဗျာ။
ဘာကို ယုံရမှန်းတောင်မသိတော့ဘူး။
နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီးလွှတ်မယ်။ အပစ်ရပ်တွေ ခဏလုပ်မယ်။ မြောက်ကိုရီးယားနဲ့ ပေါင်းတာ ခဏနားမယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ခဏပေးမယ်။ နိုင်ငံရေးစကားပြောချင်ရင် လွှတ်တော်ထဲဝင်ပါ။ ရွေးကောက်ပွဲဝင်ပါ။ အခြေခံဥပဒေတော့ လာမထိနဲ့ ။
၂၀၁၀ ရွေးကောက်ပွဲနိုင်ထားတဲ့လူတွေဖြစ်တဲ့အတွက် တရားဝင်တယ်။ဘာညာဆိုပြီး ဘုရင်ရှုး ရှုးနေတဲ့ ထိပ်ပြောင်အစိုးရရဲ့ လုပ်ရပ်တွေက ခလေးတောင်သိတယ်။
သူတို့ လိုချင်တာလဲရရော ငါတို့ ကြောင့် ဒီလိုဖြစ်လာတာ ဘာညာဆိုပြီး စောက်ခွက်တွေ တမျိုးပြောင်း။ စောက်ချိုးတွေက အရင်အတိုင်းပြန်လုပ်။ ဂျပုကျော်ဆန်းသတင်းစာကနေ ကြံ့ဖွတ်အစိုးရလက်ထက်မှာ စီးပွားရေးပိတ်ဆို့ မှုတွေပွင့်လာအောင်လုပ်နိုင်ခဲ့တယ်။
ဘယ်နှစ်ဖွဲ့ နဲ့ အပစ်ရပ်ခဲ့ပြီ။ ငြိမ်းချမ်းရေးကို ဘယ်လောက်ရောက်ခဲ့ပြီ။ ပြည်ပက လူတွေကိုပြန်ခေါ်နိုင်ခဲ့တယ်။ ဒုက္ခသည်တွေကို ဘယ်လောက်လက်ခံနိုင်ခဲ့တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုပြီး သတင်းစာကနေ ပြည်သူတွေကို သူတို့ ဘယ်လောက်တော်ကြောင်း ကောင်းကြောင်း အတင်းစွတ်ရွီး။ နိုင်ငံရေးနားမလည်၊ ဗဟုသုတကင်းတဲ့ ပြည်သူတွေက စွတ်ယုံ။ ဒီမှာ ကြံ့ဖွတ်အစိုးရက ဘ၀င်တွေစွတ်မြင့်။သူတောင်းစား ထမင်းဝပြီး တောင်ချင်တိုင်းတောင်အုံးမှာပါ။
ပြည်သူတွေကတော့ ဒုံရင်းကဒုံရင်း ငပိရည်နဲ့ ကန်ဇွန်းရွက်က သူတို့ အတွက် အဓိက အဟာရပဲဖြစ်နေမှာပါ။
ဒီလိုနဲ့ ပဲ ဒေါ်စုက အသက်တွေကြီးလာပြီး ငယ်မှုပြန်၊ နောက်ဆုံး အိပ်ရာထဲလဲ ။ အသက်(၇၀)လည်း ကျော်ရော၊ ဒေါ်စုလည်း ရေဝေးမှာ ဦးကျော်သူတို့ အကူအညီနဲ့ အနားယူ။ဒီမှာတင် အန်အယ်ဒီ တစ်ခန်းရပ်ပေါ့။ ဦးတင်ဦးလည်းသေ။ ဦးဝင်းတင်လည်း ခလေးမရ ဘာမရနဲ့ ရှော။ သူတို့ အကြောင်းတွေစာအုပ်ထဲမှာပဲ ကျန်ခဲ့အုံးမှာပါ။
၂၀၁၁-လည်း ဦးသိန်းစိန်ရဲ့ လူတွေပဲ။ ၂၀၂၁-လည်း ဦးသိန်းစိန်ရဲ့ တပည့်တွေပဲ အာဏာရ။ ကိုမင်းကိုနိုင်တို့ အဖွဲ့ တွေလည်း ယဉ်ယဉ်လေးနဲ့ ရှုး။ ပွဲကတော့ ကြည့်ရတာ ပျင်းစရာကောင်းတယ်။
မရိုးသားတာကိုပြောချင်လို့ ပါ။ ဒါ့ကြောင့် ဒီလိုရေးဖြစ်တာပေါ့။ စစ်အစိုးရကလူတွေဟာ ဘယ်တုန်းကမှရိုးသားခဲ့တာမဟုတ်ပါ။ အမျိုးသားညီလာခံကနေ ၂၀၁၀-အဆုံး မရိုးမသားလုပ်ခဲ့ပြီး အာဏာတွေရခဲ့ပြီ။ ယနေ့ အထိမရိုးသားတဲ့အကြံအစည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆန်ရှင်ကိုလဲမယ်။ သူတို့ လွှတ်ချင်ရင် ကြိုက်တဲ့အချိန်လုပ်လို့ ရတာပဲ။ သူတို့ ပါးစပ်မှာ ဥပဒေရှိတယ်။ဒါကိုက မရိုးသားတာ။
နောက်ဆုံးတစ်နေ့ ကြရင် သူတို့ တွေပဲ အာဏာယူအုံးမှာပါ။ မည်သည့်အာဏာရ ပုဂ္ဂိုလ်မဆို လွယ်လွယ်နဲ့ မဆင်းဘူးဆိုတာ အားလုံးသဘောပေါက်စေချင်တယ်။
ဟယ်လာရီက နိုင်ငံတကာပတ်ပြီး အာဏာရှင်မျိုးစုံနဲ့ ဆက်ဆံဘူးတယ်။ ချော့တစ်ခါခြောက်တစ်လှည့်နဲ့  အမေရိကန်အကျိုးစီးပွားရအောင် ဆက်ဆံတယ်။ ပါးစပ်ကတော့ သံခင်းတမံခင်းအရ ခင်ဗျားတို့ ပြည်သူတွေအတွက် စေတနာတွေ မေတ္တာတွေ ကွမ်းသီးတွေ ရှိပါတယ်လို့ တော့ပြောတာပဲ။
အမေရိကန် ၁၀၀-ပေးရင် အနဲဆုံး တစ်သိန်းတော့ သူတို့ ပြန်ရအောင်ကြံတယ်။ မယုံရင် လစ်ဗျားကိစ္စကိုလေ့လာကြည့်ပါ။ အာဖဂန်အခင်းအကျင်းကို ဖတ်ကြည့်ပါ။ အီရတ်ကရေနံတွေကို ဘယ်သူတွေက အများစုရလဲဆိုတာကို မေးကြည့်ပါ။ အမေရိကန်ပဲဖြစ်ဖြစ်၊ အင်္ဂလန်ပဲဖြစ်ဖြစ် သူတို့ ကူညီပြီးရင် သူတို့ ကိုတော့ ပြန်ပေးရတယ်။ အမြတ်မရရင် ဘယ်သူမှ မလုပ်ဘူး။ မကူညီဘူး။ အနဲဆုံး နိုင်ငံရေးအရတော့ အမြတ်ရအောင် ကြံဖန်ပြီး လုပ်တယ်။ တရုတ်လည်း ဒီအတိုင်းပဲ။
ဒီတစ်ချီမှ ဦးသိန်းစိန်တို့ ပြောတဲ့အတိုင်းမလုပ်ရင် အမေရိကန်က လေးဂွနဲ့ တော့ပစ်မှာမဟုတ်ဘူး။ သိတဲ့အတိုင်း ဘာဖြစ်နိုင်လဲဆိုတာ နိုင်ငံရေးအကြံပေးတွေဖြစ်တဲ့ အခြောက်ကြီး နေဇင်လတ်တို့ ၊ အခြောက်ကြီး ကိုကိုလှိုင်တို့ သိမယ်ထင်တယ်။
အခုလိုအချိန်မှာ ထိုင်းမှာနေတဲ့ အတိုက်အခံအဖွဲ့ အစည်းတွေလည်း တောင်ပြေးရမလို မြောက်ပြေးရမလိုဖြစ်နေပြီဆိုတော့ သနားစရာ။ အခြေအနေမဲ့ အိမ်မရှိ ယာမရှိ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိတဲ့ နယ်စပ်ကခေါင်းဆောင်တွေကိုအကြံပေးချင်တာက ကိုယ့်ထမင်းကို ကိုယ်ရှာစားပြီး ဦးသိန်းစိန်ပဲဖြစ်ဖြစ် ဒေါ်စုကိုပဲဖြစ်ဖြစ် ကိုယ်မြင်တာ ထင်တာကို လုပ်သင့်နေပြီဖြစ်ကြောင်းပါ။
ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်မပြတ်မသားဖြစ်လဲဆိုတော့ သူက စစ်အစိုးရနဲ့ လည်းမပြတ်နိုင်ဘူး၊ အတိုက်အခံနဲ့ လည်းမပြတ်နိုင်ဘူး၊ နိုင်ငံတကာပေးတဲ့ဆုတွေကလည်း များတယ်ဆိုတော့ နိုင်ငံတကာနဲ့ လည်းမပြတ်နိုင်ဘူး။
မျက်နှာထောက်စရာတွေများသားပဲဗျ။ ဒေါ်စုအိမ်ကိုလုံခြုံရေးယူပေးနေတာက စစ်သားတွေဖြစ်ပါတယ်။ ၈၈-တွေ အန်အယ်ဒီအဖွဲ့ ဝင်တွေ ယူပေးနေတာမဟုတ်ပါ။
ကဲ...ဒီတော့ ဦးသိန်းစိန်ဟုခေါ်သော ဦးသန်းရွှေရဲ့ အမွေကိုဆက်ခံသူကြီးရေ....ဦးခင်ညွန့် ကိုလည်း လွှတ်ပေးပါအုံး။
တကယ်တမ်းရိုးသားတယ်ဆိုရင် စစ်အစိုးရဘက်ကနေ တစ်တိုင်းပြည်လုံးကို ရာသက်ပန်အပစ်ရပ်ကြောင်းကြေငြာသင့်တယ်။ တစ်ဘက်ကတိုင်းရင်းသားတွေတိုက်လာရင်တော့ သူတို့ သေတွင်း သူတို့ တူးတာပေါ့။
ပြီးရင် ဘက်ပေါင်းစုံက အဖွဲ့ တွေနဲ့ နိုင်ငံရေးနည်းအရပြေလည်ရာ ပြေလည်ကြောင်းဆွေးနွေးပြီး အဖြေရှာသင့်တယ်။အခုလို ဦးအောင်သောင်းနဲ့ အဖွဲ့ လုပ်နေတဲ့ပုံစံကိုပြောနေတာမဟုတ်ပါ။ ဦးအောင်သောင်းတော့ မသိဘူး၊ သူ့ သားကတော့ ငွေကိုထားစရာနေရာမရှိအောင် ချမ်းသာနေတာကိုတော့သိတယ်။ ဘာတဲ့...အစိုးရကတောင် သူ့ ဆီက ချေးရတယ်ဆိုလားပဲ။
၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ပြန်ပြင်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုရအောင်လုပ်သင့်တယ်။
ပြီးရင် ရွေးကောက်ပွဲအသစ်ကိုနိုင်ငံတကာစောင့်ကြည့်မှုနဲ့ ကျင်းပပြီး အစိုးရအသစ်ကိုတစ်ခုကို တင်သင့်တယ်။
အခုကြတော့ သူတို့ အစိုးရဖြစ်ချင်တိုင်းကို အတိုက်အခံကော၊ ပြည်သူကကော၊ အားလုံးသော တိုင်းရင်းသားအဖွဲ့ တွေက လိုက်ပြီးလုပ်ပေးရသလိုပဲ။
ဒါ့ကြောင့် ဒီအခြေအနေက ခဏပဲ ငြိမ်းချမ်းရေးရနိုင်လိမ့်မယ်။
12/1/11
အဖြေထွက်လာပြီ
ဟယ်လာရီကလင်တန်က လက်ရှိစစ်အစိုးရအတွင်းမှာ အုပ်စုသုံးစု ရှိနေတယ်လို့ ပြောတယ်။ ပြောင်းလဲရေးလုပ်ချင်တဲ့အုပ်စု၊ ကြားနေအုပ်စု နဲ့  မပြောင်းလဲချင်တဲ့အုပ်စု။
ဟယ်လာရီပြောတာအပြင် ဒေါ်စုကလည်း အချိန်တန်မှ ပြောမယ်လို့ ပြောပြန်တော့ စစ်အစိုးရအတွင်းမှာ အုပ်စုတွေရှိနေတယ်လို့ သုံးသပ်နိုင်တယ်။ စစ်အစိုးရဘက်က ၀န်ကြီးတွေကတော့ အုပ်စုတွေမကွဲဘူးလို့ ပြောတယ်။ ဘယ်သူက ကွဲနေပါတယ်လို့ ပြောရဲမလဲ။ ပြောတဲ့လူ ထောင်ထဲသွားပေါ့။
ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် အုပ်စုစွဲ ဂိုဏ်းဂနစွဲတော့ရှိတယ်။
ဆိုလိုချက်ကတော့ ဦးသိန်းစိန်ကတော့ ပြောင်းချင်တဲ့အုပ်စုပေါ့။ ဟုတ်ကောဟုတ်လို့ လား။ ဟုတ်နိုင်ပါတယ်။
တကယ်လို့ ပြောင်းချင်ရင် ဦးသိန်းစိန်ပါးစပ်က နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကိုပြောသင့်တာပေါ့။ မဟုတ်ဘူးလား။ ဒါက တစ်ခု။ သူတို့ ဘယ်တုန်းကမှ ဒီစကားကိုမပြောခဲ့ဘူးနော်...သေချာစဉ်းစားကြည့်ပါ။ တတိယ အင်အားစုအတွက် စဉ်းစားဖို့ ပါ။
ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရိုက်တာသတင်းဌာနကိုပြောတာက ဒီလိုပါ။ ကျမတို့ စွန့် စားတာပါ။ တကယ်လို့ သူတို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်ပြီးဖမ်းတယ်ဆိုရင် ရှင်တို့ ဝိုင်းပြီးအော်ကြလို့ ပြောတယ်။ မယုံရင် ရှာပြီးဖတ်ကြည့်။ ဆိုလိုချက်က ဘာကိုမှ အာမခံချက်မရှိတဲ့ဘ၀အခြေအနေကို ဒေါ်စုလည်းသိတယ်။
ဒီအခြေအနေအောက်မှာ ဦးသိန်းစိန်ရဲ့ အစိုးရတစ်ဖွဲ့ လုံးဟာ သူတို့ အချင်းအချင်းတွေထဲက တစ်ဦးဦး မဟုတ်တောင် အုပ်စုတစ်စုကိုထိုးကျွေးပြီး သူတို့ နာမည်ကို သမိုင်းမှာမှတ်တမ်းတင်ကျန်စေချင်တဲ့ပုံဖြစ်နေပြီ။ သူတို့ လုပ်မှာ သေချာနေပြီ။ ကျနော်တို့ မျှော်လင့်နေတဲ့ ပုံစံကိုနဲနဲလောက် လှည့်ပြီး မျှော်လင့်ကြည့်ပါ။ ဥပမာ ၉၀ ဒီဂရီမဟုတ်ပဲ ၄၅-လောက်ကိုပေါ့။
ဘယ်သူမှ အတိမကျမသိသေးတဲ့အခြေအနေမျိုးဖြစ်နေတယ်။
11/30/11
Aussie Senator
11/28/11
ဘာ့ကြောင့် ဘလော့ဂ်ရေးတာလဲ
ကျနော်ရေးထားတဲ့စာတွေ၊ အချက်အလက်တွေအားလုံး တစ်စုံတစ်ရာမှားယွင်းမှုရှိပါက ကျနော့်တာဝန်ဖြစ်ပါတယ်။ အားလုံးမှန်ပါတယ်လို့ လည်း ကျနော်မပြောချင်ပါဘူး။ ယခုဘလော့ဂ်ကိုရေးရခြင်းအတွက်ကြောင့် အဓိက အကျိုးအမြတ်အနေနဲ့ .....
၁။ ဗမာစာကို မမေ့ခြင်း။
၂။ မိမိသားသမီးများ သူ့ အဖေရေးထားသောစာများအားဖတ်ပြီး ဗမာစာတက်စေရန်။ ကျနော်သေသွားရင် သူတို့ ဖတ်နိုင်စေရန်။ သူ့ အဖေအကြောင်းသိစေရန်။
၃။ ဘဝတစ်လျှောက်တွေ့ ကြုံလာသော အတွေ့ အကြုံများအား မှတ်တမ်းအဖြစ်ထားခြင်း။
၎။ ရင်ဖွင့်ခြင်း။
၅။ အပျင်းပြေခြင်း။
၆။ ဆဲတက်လာခြင်း....စသဖြင့်ရရှိပါလိမ့်မည်ဟု ထင်မိပါကြောင်း။ လာလည်သူအပေါင်း စိတ်ထောင်းကိုယ်ကြေမဖြစ်ပဲ ပျော်ရွှင်တဲ့ဘဝကို အမြဲတစေပိုင်ဆိုင်နိုင်ပါစေ။ ကျနော်တို့ လို မိတစ်ကွဲဖတစ်ကွဲ မောင်နှစ်မတစ်ကွဲမဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါသည်။
ကျနော်စာမဖတ်ပါ။ စာပဲရေးပါသည်။
11/27/11
သြစီဖွတ်နှင့်ကျနော်
Type your summary here. Type the rest of your post here.
အပြစ်ရှိသူတွေကို ဘာလို့ အရေးမယူသေးတာလဲ
စစ်အစိုးရလက်ထက်မှာ ကျူးလွန်ခဲ့တဲ့ပြစ်မှု့ တွေအများကြီးရှိတယ်။ အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာရဲ့ အသက်တွေ သေခဲ့ရတယ်။ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါတွေကိုလုပ်ခဲ့တဲ့ စစ်ဗိုလ်တွေဟာ ယနေ့ ကာလမှာ လွှတ်တော်ထဲဝင်ပြီး သူတော်ကောင်းလုပ်နေတာကိုလည်း အားလုံးသိမယ်ထင်တယ်။ သူတို့ အပြင် ငွေကိုထားစရာနေရာမရှိအောင်ချမ်းသာတဲ့လူတွေလည်းရှိတယ်။ ဒီလူတွေဟာ သူများတွေငတ်နေတဲ့အချိန်မှာ စည်းစိမ်အပြည့်နဲ့ နေနေကြတာကိုလည်း အားလုံးသဘောပေါက်မယ်ထင်တယ်။ ပြစ်မှုးကျူးလွန်ခဲ့တဲ့စစ်ဗိုလ်တွေ၊ မတရားသဖြင့် ချမ်းသာနေတဲ့လူတွေကို အရေးယူဖို့ အသံတွေ လွှတ်တော်ထဲမှာ မကြားရသေးဘူး။ နိုင်ငံရေးအင်အားစုအသီးသီးကလည်း ဦးသိန်းစိန်ရဲ့ အသံ နဲ့ ဒေါ်စုအသံအနောက်ကို လိုက်နေရင်း အရေးကြီးတာကို မေ့နေကြတယ်။ မြန်မာပြည်မှာ ဒီကိစ္စကို မဖြေရှင်းနိုင်သ၍ ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ ကျေအေးမှာမဟုတ်ဘူး။ ဒီလိုမကျေအေးရင် အမျိုးသားသင့်မြတ်ရေးလည်း ရလိမ့်မှာမဟုတ်ဘူး။
ကျနော်တို့ ပြည်သူတွေဟာ ခံခဲ့ရတဲ့သူတွေပါ။ ယနေ့ နိုင်ငံရေးဖြစ်စဉ်မှာလည်း ဘာမသိညာမသိနဲ့ ရောရောင်ပြီး အပြစ်ရှိတဲ့သူတွေကို လွှတ်တော်အမတ်ဖြစ်လာအောင်ပါ လုပ်ပေးခဲ့ရသေးတယ်။ တိုင်းရင်းသားအရေးဟာလည်း တိုင်းပြည်အရေး ပြည်သူလူထုအရေးဖြစ်တဲ့အတွက် အမျိုးသားသင့်မြတ်ရေး နဲ့ ညီညွတ်ရေးကို လိုချင်ရင် အရင်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်ရှိသူတွေကိုဖော်ထုတ်ပြီး နိုင်ငံတကာဥပဒေအရ အရေးယူသင့်နေပြီ။ တောင်းဆိုသင့်ပြီ။ လက်ရှိကာလမှာ အရမ်းချမ်းသာနေတဲ့လူတွေကိုလည်း တရားရုံတင်ပြီး စစ်ဆေးသင့်ပြီ။ သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြန်လည်စမ်းစစ်သင့်ပြီ။ ဒါပေမဲ့ ဒါတွေကို ယနေ့ အချိန်ထိ လွှတ်တော်ထဲမှာရော၊ အတိုက်အခံလောကထဲမှာကော အသံတိတ်နေတာက အတော်ထူးခြားနေတယ်။ ဒါနဲ့ ပက်သက်ပြီး ဥပဒေမပြုသေးဘူး။
လွှတ်တော်ထဲဝင်ပြီး တိုက်မယ်ဆိုတဲ့လူတွေအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းသင့်ပြီ။
ဒီလိုအသံတွေ ဆူညံလာအောင် တောင်းဆိုချက်တွေထွက်လာအောင် လုပ်ကြပါလို့ ပဲ ပြောချင်တယ်။
လွှတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ကျနော်တို့ အတွက်မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေအတွက်ပဲဖြစ်တယ်။ မသမာမှုတွေနဲ့ စီးပွားဖြစ်နေတဲ့ သူဌေးကြီးတွေအတွက်ဖြစ်တယ်။
11/23/11
မိုးသီးနှင့်အောင်မိုးဇော်
၂၀၀၀-ခုနှစ်လောက်မှာ လူ့ ဘောင်သစ်က ကိုအောင်မိုးဇော်တို့ အဖွဲ့ နဲ့  ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်းတို့ အဖွဲ့ ဟာ ပူးပေါင်းရေးလုပ်တယ်။ ညီလာခံမှာ ခေါင်းဆောင်တိုင်းဝင်ပြီးအရွေးခံကြတယ်။ အရင်တုန်းက လူ့ ဘောင်သစ်မှာ ဗဟိုကော်မတီဝင် (၁၇) ယောက်လောက်ရှိမယ်ထင်တယ်။ ပေါင်းစည်းရေးလည်းလုပ်ရော ဗဟိုကော်မတီဝင် (၃၀) နီးပါးလောက်ဖြစ်လာတယ်။ နယ်စပ်က လူ့ ဘောင်သစ်ရဲ့ အင်အားက (၄၀) လောက်ပဲရှိတယ်။ ဗဟိုကော်မတီဝင်ဦးရေက များတယ်။ ရဲဘော်ကနဲတယ်။
ကိုမိုးသီးဆိုတာကလည်း နဲနဲရ လူမဟုတ်ဘူး။ လူ့ ဘောင်သစ်ရဲ့ ဖောင်ဒါတစ်ယောက်။ ညီလာခံမှာ သူတို့ ဘက်က ပူးပေါင်းတဲ့အင်အားက နဲတော့ ကိုမိုးသီးက ဗဟိုကော်မတီဝင် ရာထူးပဲရတယ်။ ကျန်တဲ့လူတွေက ကိုမိုးသီးထက် အဆင့်မြင့်တဲ့ရာထူးတွေရကြတယ်။ ကိုအောင်မိုးဇော်ကလည်း ဥက္ကဌရာထူးကနေ သဘောကောင်းပြီး ကိုမိုးသီးကို မပေးဘူး။ ကိုအောင်သူငြိမ်းတောင်မှ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့ ဒု-ဥက္ကဌဆိုတဲ့နေရာ၊ ကိုဝင်းနိုင်ဦးက တွဲဘက်အတွင်းရေးမှုးနေရာတွေ အသီးသီးရကြတယ်။ ဒီနေရာတွေက သူများမလိုချင်တဲ့နေရာတွေ။ ပါတီမှာ လစ်လပ်နေတဲ့နေရာတွေကို သူတို့ ရကြတယ်။
နောက်ဆုံး ကိုမိုးသီးတို့ လာပြီးပူးပေါင်းတဲ့အဖွဲ့  ပါတီက ဘာမပြောညာမပြောနဲ့ ထွက်သွားကြတယ်။ လာပြီးပေါင်းတာ နာမည်ပဲကျန်ခဲ့တော့တယ်။
ဒီဖြစ်စဉ် နဲ့ ဒေါ်စု ရွေးကောက်ပွဲဝင်ဖြစ်စဉ်ကို နှိုင်းယှဉ်ပြီး ကျနော်တွေးမိတယ်။
ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ပြီး လွှတ်တော်အမတ်ဖြစ်မယ်။ ပါလီမန်ထဲမှာ အတိုက်အခံက နေရာအနဲဆုံးဆိုတော့ အစိုးရအဖွဲ့ ထဲမှာ ၀န်ကြီးရာထူးရနိုင်ပါ့မလား။ ၀န်ကြီးနေရာရတာတောင် ဘယ်လောက်လုပ်ပိုင်ခွင့်ရှိမှာလဲ။
ကိုမိုးသီးနဲ့ ကိုအောင်မိုးဇော်တို့ လို ပေါင်းစည်းမျိုးဆိုရင်တော့ ဒေါ်စုတို့ ပါတီလည်း စိတ်ပျက်ပြီး ထွက်သွားကြအုံးမလားမသိဘူး။ ကိုမိုးသီးတို့ လူ့ ဘောင်သစ်ကို လာပြီးပေါင်းတုန်းက ကိုအောင်မိုးဇော်က သဘောထားကြီးစွာနဲ့  ဥက္ကဌရာထူးကနေ ဆင်းပေးပြီး ကိုမိုးသီးကိုပေးခဲ့တာမဟုတ်ပါ။ အခုလည်း ဦးသိန်းစိန်က ဒေါ်စုကို သဘောထားကြီးစွာနဲ့ သမ္မတရာထူးကနေ ဆင်းပေးရင်ကောင်းတာပေါ့။
ဒေါ်စုအနေနဲ့ လွှတ်တော်အမတ်ကလွဲပြီး မတ်လောက်စရာမရှိတဲ့ဘ၀ဖြစ်ပြီး ဦးသိန်းစိန်အစိုးရကတော့ မာန်တက်အုံးမှာပါ။
ဒါ့ကြောင့် ဒေါ်စုနဲ့ ဒီမိုကရေစီမဟာမိတ်တွေအားလုံးပေါင်းပြီး လူထုအုံကြွပွဲကြီးလုပ်ပြီး လက်ရှိအစိုးရကို ဖြုတ်ချလိုက်ရင် ပြည်သူလည်းပျော် အတိုက်အခံလည်းပျော် တိုင်းရင်းသားတွေလည်းပျော်ကြမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ရင် ပြီးပီ။
11/22/11
တချို့ ကိစ္စတွေက ပါးပါးလေးကွ...အေ့...
အနော်ရထာမင်းတရားကြီးက အရည်ကြီးတွေကို ဖမ်းချုပ်ပြီး Buddha နဲ့ အစားထိုးခဲ့တယ်။ ယိုးဒယားအထိ ၀င်တိုက်ပြီး ကိုလိုနီလုပ်နိုင်ခဲ့တယ်။ သူယိုးဒယားကိုသွားတိုက်တာက အခုခေတ်လို ကော်စန်းသွားလုပ်တာမဟုတ်ဘူး။ ကွတ်တီရိုစားဖို့ သွားတာမဟုတ်ဘူး။ သူသွားတာက ယိုးဒယား(ထိုင်း)တွေကို ခိုင်းစားဖို့ ။ ဒီလောက်အထိသူအောင်မြင်ခဲ့တယ်။ သူ့ ကြောင့် ဖင်ယားပြီးမာနကြီးတဲ့ မွန်တွေလည်း ဗမာလက်အောက်ရောက်ခဲ့တယ်။ ချုပ်ပြောရရင် အနော်ရထာသည် မြန်မာတွေအတွက် သူရဲကောင်းဖြစ်သလို အခြားသူတွေကလည်း လေးစားလောက်ခဲ့တဲ့ ဘုရင်ကြီးတစ်ပါးဖြစ်ခဲ့တယ်။
ရန်သူ့ လက်နက်ကြီးထိပြီးရှောသွားတဲ့မဟာဗန္တုလ နဲ့  ဦးအောင်ဇေယျတို့ လည်း မြန်မာ့သမိုင်းမှာ ဘယ်လောက်ထိမြန်မာတွေကို အကျိုးပြုခဲ့လဲဆိုတာကို အားလုံးသိမယ်ထင်တယ်။ အခုခေတ်စကားနဲ့ ပြောရင် သူတို့ တွေဟာ လုံးဝကို လန်းခဲ့တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်ခဲ့တယ်။
သူတို့ အပြင် ရုပ်စုပ်ချွန်းချွန်းနဲ့ လူဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းကြည့်အုံး။ စောက်ရမ်းတော်တယ်။ စောက်ရမ်းလုပ်တယ်။ သတ္တိလည်းရှိတယ်။ ဘယ်လောက်ထိ စောက်ရမ်းလုပ်လဲဆိုရင် မွန်ပြည်နယ် အပေါင်မြို့ မှာ ဂျပန်ခေတ်တုန်းက ဂျပန်ဓားလျှိုကို ဂျပန်ဓားနဲ့ ခေါင်းကို ပိုင်းပစ်လိုက်တာများ ဘယ်လောက် လက်ယာမြောက်လဲ။ ဒီခေတ်ခေါင်းဆောင်တွေ ဗိုလ်ချုပ်အောင်ဆန်းလောက်တောင် သတ္တိမရှိဘူး။ သူလည်း တိုင်းပြည်အတွက် လွတ်လပ်ရေးကို အရယူပေးခဲ့တယ်။ သူတစ်ယောက်တည်းကြောင့်တော့မဟုတ်ပါဘူး။ ဒါမေပဲ့ဘာပဲဖြစ်ဖြစ် သူ့ ခေါင်းဆောင်မှုကောင်းလို့ ပါ။
အထက်က မြန်မာကြီးတွေဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ တာဝန်ကျေခဲ့တယ်။ အောင်မြင်ခဲ့တယ်။ အခုခေတ်နောက်ပိုင်း နိုင်ငံခေါင်းဆောင် လဒတွေ၊ အရက်သမားငကြောင်တွေ၊ လူအိုကြီးတွေဟာ ဘာ့ကြောင့်များ သူတို့ လောက် ကပ်ပစတီမရှိတာလဲ။ ဘာ့ကြောင့်များ သုံးစားမရခဲ့တာလဲဆိုတာကို ယနေ့ အထိ တွးလို့ ကို မရဘူး။
ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ ကို အနော်ရထာ၊ မဟာဗန္တုလ၊ ဦးအောင်ဇေယျတို့ များရှိလို့ ကတော့ ဘာပြောမလဲတော့ မသိဘူး။ အနဲဆုံး ဒီလိုတော့ပြောလိမ့်ထင်တယ်။
မင်းတို့ ကောင်တွေကွာ ငါ့တို့ ချီးကို သုံးခါလောက် ကလော်ပြီးစားကြလို့ ပြောမယ်ထင်တယ်။ အတော်သုံးစားလို့ မရလို့ ။
သူများတွေကိုသာပြောရတယ်။ ကိုယ်လည်း အသုံးမကျခဲ့ဘူး။
ဘာပဲဖြစ်ဖြစ် ရှေးကဖြစ်ရပ်တွေကိုကြည့်ပြီး ကိုယ့်အလှည့်မှာလည်း မဖြစ်အောင် မမှားအောင်ကျိုးစားရအုံးမှာပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ရအုံးမှာပေါ့။ ဒီလိုလုပ်တဲ့နေရာမှာ အရည်အချင်းမရှိပဲနဲ့ သူများတွေလို ၀င်ပြီးနေရာမလိုချင်ဘူး။ ကိုယ့်ရဲ့ အရည်အချင်း၊ ပညာ၊ ငွေ ရှိတဲ့တနေ့ မှာ ပြန်ပြီးလုပ်တာက ပိုလို့ ထိရောက်မယ်ထင်တယ်။
ကိုယ်က (၁၀) တန်းတောင်မအောင်၊ ရန်ကုန်တက္ကသိုလ်က ဘာမှသုံးစားလို့ မရတဲ့ ပညာ နဲ့ တော့ နိုင်ငံတော်တခုကို ဘယ်လိုအုပ်ချုပ်မလဲ။ ဒီလိုလူတွေဟာ လက်ရှိနိုင်ငံရေးလောကမှာ တစ်ပုံကြီးပါ။ သူတို့ သိတာက လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးနှစ်ခုပဲသိတယ်။ ဒါတွေရဲ့ အနှစ်သာရနဲ့ လက်တွေ့ ကျင့်ထုံးတွေကို မသိကြတာများတယ်။ သူတို့ အပြင် အစိုးရအဖွဲ့ က အသက်ကြီးဟိုဟာမကြီးတဲ့ ဦးသိန်းစိန်တောင်မသိဘူး။ ဘာတဲ့...အနောက်တိုင်း ဒီမိုကရေစီဟာ မြန်မာတွေနဲ့ တော့ အံဝင်ဂွင်ကျ ဖြစ်အုံးမှာမဟုတ်ဘူး။ ဒါ့ကြောင့်အာဏာရှင်စနစ်က ရှိသင့်တယ်ပေါ့။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကများ အနောက်တိုင်းဒီမိုကရေစီစနစ်အစစ်အမှန်ကို ကျင့်သုံးခဲ့လို့ လဲ။ ဦးနုတို့ ခေတ်တုန်းကတောင် တကယ်စစ်မှန်ခဲ့လို့ လား။ ကိုယ်ကတခါမှ မလုပ်ဘူးပဲ ဒီစကားပြောတာကတော့ စောက်ရှုးမို့ လို့  အာဏာမဲ့မှာစိုးလို့ ပြောတာလို့ ပဲထင်တယ်။ တခါလောက် ဒီလိုစကားမျိုးပြောတဲ့လူတွေနဲ့ တွေ့ ပြီး မေးလိုက်ချင်တယ်။ သူတို့ ကပဲ တကယ်သိ၊ တကယ်တက်၊ တကယ်စေတနာရှိတဲ့ပုံစံဖြစ်နေတယ်။
ခင်ဗျားတို့ အခုလုပ်နေတဲ့ အရွေ့ တွေဟာ လိပ်လိုသွားတဲ့ အရွေ့ တွေပါ။ ပြည်သူတွေလိုချင်တာက ဒီလို အရွေ့ မဟုတ်ဘူး။ ဒါကိုမပြင်နိုင်သရွေ့ ဒေါ်စုကမလို့ မြတ်စွာဘုရားရွေးကောက်ပွဲဝင်လည်း ပြည်သူတွေက ဘယ်တော့မှမယုံဘူး။
ကျနော်တို့ လိုချင်တဲ့အရာက ကျနော်တို့ ဘ၀တွေကို ခင်ဗျားတို့ အစိုးရတွေအနေနဲ့ ဘယ်လောက် တိုးတက်အောင်လုပ်ပေးခဲ့လဲ၊ လုပ်ပေးနိုင်လဲဆိုတာကို အဓိကလိုချင်တယ်။ ပါလီမန်တွေမှာ ဟိုဖြုတ် ဒီပြင် ကိစ္စကို မျှော်နေတာမဟုတ်ဘူး။
စိတ်ပြောင်းပြီး အိမ်ချင်မှုးတူးနဲ့ ရွေ့ တဲ့အရွေ့ လောက်တော့ အလုပ်မဖြစ်ဘူး။
အချိန်ကာလမရှိ၊ မျှော်လင့်ချက်မရှိ၊ မပြတ်သားတဲ့ အတိုက်အခံရဲ့ ရင်ခုန်သံတွေကိုလည်း မကြားချင်တော့ဘူး။
လူတွေမှမပြောင်းတဲ့ အစိုးရတစ်ခုဟာ ဘယ်တော့မှ မှုလည်းမပြောင်းဘူး။ အရင်လူတွေကို ဖြုတ်ချပြီး လူသစ်တွေနဲ့ အစားထိုးတဲ့ တနေ့ ဆိုရင်တော့ ရင်ခုန်စရာဖြစ်မှာပါ။ ဒါပေမဲ့ ယနေ့ အပြောင်းအလဲကတော့ ကြိုဆိုပါတယ်ဆိုတဲ့စကားလုံးကလွဲရင် ဘုရင်နောင့်၊ အနော်ရထာ နဲ့  ရုပ်စုပ်ချွန်းချွန်းနဲ့ လူဖြစ်တဲ့ ကိုအောင်ဆန်းလိုမျိုး သူရဲကောင်းဆိုပြီး ချီးကျူးမှာတော့မဟုတ်ဘူး။ သူတို့ လိုဖြစ်ချင်ရင် သူတို့ လိုပဲ လုပ်ပါ။
နောင်နှစ်ပေါင်း ( ၃၀) (၄၀) မှာ ဦးသိန်းစိန်လည်း သေမှာပဲ။ ဒေါ်စုလည်းသေမှာပဲ။ မသေရင်တောင် ငယ်မှုတော့ပြန်ပြီ။ ဒီလို အချိန်ကြမှ ကျနော်မှားပါတယ် ကျမတောင်းပန်ပါတယ်ပြောရင် ဘယ်သူကမှ အလေးထားမှာမဟုတ်ဘူး။
ကျနော်တို့ ဟာ ကျနော်တို့ ဘ၀တွေကို ကျနော်တို့ ကိုယ်တိုင်ဖန်တီးမယ်။ သူများက လာပြီး ချုပ်ချုပ် ကန့် သတ်တားဆီးတာကို အချိန်ကာလတစ်ခုထိတော့ခံမယ်။ သည်းခံစိတ်၊ ခွင့်လွှတ်စိတ်ကုန်ရင်တော့ ကျနော်တို့ လူငယ်တွေဟာ ဘယ်လူကြီးမှ လူမထင်တော့ကြောင်းပြောချင်တယ်။ သမိုင်းမှာဘာပဲဖြစ်ဖြစ် သမိုင်းဟာသမိုင်းပဲ။ ပထ၀ီမဟုတ်ဘူးဆိုတာကိုတော့ သဘောပေါက်ပါ။
အခုလက်ရှိ နိုင်ငံရေးအခြေအနေဟာ ဒီပုံစံအတိုင်းသာဆိုရင် နောင်နှစ်ပေါင်း ငါးဆယ်တောင် အကောင်းဖက်ကို ဦးတည်လိမ့်မှာမဟုတ်ဘူး။ ပြည်တွင်းစစ်လည်းရပ်မှာမဟုတ်ဘူး။ တိုင်းပြည်စီးပွားရေးလည်း တိုးတက်မှာမဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ လူ့ အဖွဲ့ အစည်းရဲ့ စိတ်ဓာတ်ကိုမှမပြောင်းတာ...။ဘယ်လိုမျိုးတိုးတက်အုံးမှာလဲ။ လူတွေမှာ အတွေးအခေါ်နဲ့ စိတ်ဓာတ်မပြောင်းရင် အဲဒိလူဟာ ဘယ်တော့မှ မပြောင်းဘူး။ ဒီလိုမပြောင်းတဲ့စိတ်ဓာတ်တွေဟာ ဦးသိန်းရဲ့ အစိုးရတဖွဲ့ လုံးမှာ လုံးဝရှိနေတယ်။
အထက်က မြန်မာ့သမိုင်းမှာ ရှိခဲ့တဲ့ခေါင်းဆောင်ကြီးတွေဟာ ပြတ်ပြတ်သားသား အသက်အသေခံပြီး တိုင်းပြည်နဲ့ လူမျိုးအတွက်လုပ်ခဲ့တာပါ။ ဒိုင်ယာလော့နဲ့ သွားခဲ့တာမဟုတ်ပါ။ သူတို့  Commitment ကဒေါ်စုလိုမဟုတ်သလို ဦးသိန်းစိန်လိုခေါင်းဆောင်မျိုးမှာရှိတဲ့ စိတ်ပိုင်းဖြတ်မှုလည်း မဟုတ်ပါ။
သူတို့ လုပ်ခဲ့တာက ရက်စ် နဲ့  နိုး ပဲ။ သူတို့ မေးခွန်းကို သူတို သိခဲ့တယ်။ ပြီးရင် သူတို့ မှာ ပြတ်သားတဲ့အဖြေရှိတယ်။ ဒါကတော့ တစ်ခုတည်းသော အဖြေပဲဖြစ်တယ်ဆိုတာကို ပြောချင်တယ်။
အခုလက်ရှိသွားနေတဲ့ ရွေးကောက်ပွဲကိစ္စ နဲ့  အခြေခံဥပဒေကိစ္စကို ပြင်ရင်ပြင် မပြင်ရင် တိုင်းပြည်ဟာ ဖာနိုင်ငံတင်မကဘူး၊ သူများမယားကြာခိုတဲ့တိုင်းပြည်ဖြစ်မှာပဲ။
အစိုးဘေးနားမှာရှိနေတဲ့ နိုင်ငံရေးအကြံပေးတွေ၊ စီးပွားရေးအကြံပေးတွေ၊ အားလုံးသော လူတွေဟာ အစိုးရကို ဖားနေတဲ့လူတွေပဲ။ ကိုယ့်ပညာကို မှန်မှန်ကန်ကန်မသုံးတက်ရင် ဘာဖြစ်တက်လဲဆိုတာကို မြန်မာ့သမိုင်းလေ့လာတဲ့လူတွေတိုင်းသိတယ်။ ကျနော်တို့ ရွေးကောက်ပွဲကိုလက်ခံတယ်။ အခြေခံဥပဒေကိုသဘောကျတယ်။ ဒါပေမဲ့ လက်ရှိအစိုးရလက်ထက်မှာရှိတဲ့ အခြေခံဥပဒေ၊ ၂၀၁၀-ရွေးကောက်ပွဲရလာဒ်နဲ့ လက်ရှိအစိုးမှာပါတဲ့လူတွေကိုတော့ လုံးဝလက်မခံနိုင်ဘူး။
ကျနော်လိုချင်တာက လက်ရှိအစိုးရပြုတ်ကျရေးပဲ။ ပြီးရင် အစိုးရအသစ်တက်ဖို့ ပါ။
ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရပါ။ ဘုန်းကြီးတွေ အုပ်ချုပ်နေတဲ့ အစိုးရတရပ်မဟုတ်ဘူးဆိုတာကိုတော့ အားလုံးသဘောပေါက်ဖို့ ကောင်းပြီ။
တောသားဟာသ
ကျနော့်မှာ ချင်းလူမျိုး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက မလေးရှားကနေ သြစတျေးလျနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ခဲ့တဲ့လူပါ။ ဗမာစကားကောင်းကောင်းမတက်ဘူး။ တနေ့ တော့ သူ့ ကို ကားမောင်းသင်ပေးတယ်။ ကားမောင်းသင်တဲ့အခါမှာ ဗမာစကားမတက်တဲ့လူ၊ အင်္ဂလိပ်စကားမတက်တဲ့လူကို သင်ရတာ အတော်ခက်တယ်။ ဘာပြောပြောနားမလည်တော့ အတော်စိတ်ညစ်ရတယ်။ တခါတလေ မောင်းချင်သလိုမောင်းတယ်။ ပြီးတော့ သူက သိပ်ပြီးကျပ်မပြည့်ဘူး။
တနေ့ တော့ ကောင်းမောင်းရင်းနဲ့  မီးပွိုင့်မှာ မီးနီနေတာကို ဘာမပြောညာမပြောနဲ့ အတင်းမောင်းထွက်သွားတယ်။ ဘေးက သင်ပေးတဲ့ကျနော်လည်း အတော်လန့် သွားတယ်။ ဒါနဲ့ ဒေါသထွက်ပြီး သူ့ ကို မေးတယ်။
ဟေ့လူ ခင်ဗျား ဘာလို့ မီးနီနေတာကို ဖြတ်တာလဲ။ မီးနီနေရင် ကားကိုရပ်ထားရမယ်ဆိုတာ ခင်ဗျားမသိဘူးလားလို့ မေးတော့....သူ့ ခဗျာ မျက်နှာငယ်ငယ်နဲ့ ဒီလိုဖြေတော့ သင်တဲ့သူက စိတ်လည်းမတိုနိုင်တော့ဘူး။
သူပြောတာက....
"အနောက်ကကားတွေကို အားနာလို့ ..."
ဒါ့ကြောင့် မီးနီနေတာကို ဖြတ်တာပါတဲ့ဗျာ။ ကဲ...မြန်မာပြည်က တိုင်းရင်းသားတွေဘယ်လောက် တဘတ်သားအပေါ်မှာ အားနာတက်လဲဆိုတာကြည့်။
နောက်တစ်ယောက်က ကရင်လူမျိုး။ သူလည်း ဒုက္ခသည်အဖြစ်နဲ့ နယ်စပ်ကနေ သြစတျေးလျကိုရောက်လာတဲ့လူ။ အသက် (၆၀) အရွယ်အဘွားကြီး။ မြို့ ကြီးပြကြီးမှာ မနေဘူးတော့ ဗမာစကားလည်း ကောင်းကောင်းမတက်ဘူး။ ကရင်ပြည်နယ်က တောင်ယာတဲမှာ ကြီးပြင်းလာပြီး နအဖထိုးစစ်မှာ မခံနိုင်လို့ ဒုက္ခသည်စခန်းထဲရောက်ပြီး ကံကောင်းစွာနဲ့  မိသားစုတစ်စုလုံး သြစီကို ရောက်လာကြတယ်။ သြစတျေးလျရောက်ရင် ထုံးစံအတိုင်း သူများတွေကားရှိရင် သူလည်းလိုချင်ကြတယ်။ ဒါနဲ့ အဘွားကြီးက အစိုးရပေးတဲ့ထောက်ပံ့ကြေးကို စုပြီး ကားတစ်စီးဝယ်လိုက်တယ်။ သူက ကားမောင်းသင်ထားတဲ့အခါကြတော့ ကားလည်းနဲနဲမောင်းတယ်တယ်။ သူများတွေကားရေဆေးတာ သန့် ရှင်းရေးလုပ်တာကိုလည် သူတွေ့ ဘူးတော့ သူဝယ်ထားတဲ့ကားအစုတ်ကို ရေဆေးတယ်။
သူများတွေကားရေဆေးရင် တံခါးပိတ်ပြီးအထဲက ဆိုဖာခုံတွေကို ရေမစိုအောင် ရေးဆေးကြတယ်။ ဒါပေမဲ့ကရင်အဘွားကြီးက သူ့ ကားကို အတွင်းကော အပြင်ကော ရေဆေးတယ်။ ဆိုဖာခုံတွေကို ဆပ်ပြာမှုန့်  လျှော်တယ်။ ရေတွေအားရပါးရလောင်းတော့ ကားထဲမှာ ဆပ်ပြာတွေကော ရေတွေကော စိုပြီး ဘယ်လို မှ ကားကိုမောင်းလို့ မရတော့ဘူး။ ခုံတွေလည်းစိုပြီး ဘယ်သူမှ ကားထဲမှာ ထိုင်လိုမရတော့ဘူး။ ဒါနဲ့ သူ့ သမီးက အဘွားကြီးကို ဒီလိုမေးတယ်။
အမိုး...ကားဆေးရင် ခုံတွေကို မဆေးရပြီး။ စိုကုန်ရင် ဘယ်လိုမျိုး ကားကိုစီးမလဲ။ မောင်းမလဲပေါ့။
ဒါနဲ့ ကရင် အဘွားကြီးကပြန်ပြောတာက....။
နင်တို့ မစီးနဲ့ ။ ငါပဲစီးမယ်...။
11/19/11
ဒေါ်စု ဘာတွေပြောခဲ့လဲ
ရွေးကောက်ပွဲကိစ္စနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြောခဲ့လဲဆိုတာ သူ့ ကို သတိရစေချင်လို့ ပါ။ ဒါကိုနှိပ်လိုက်ပါ။
11/13/11
To Daw Aung San Suu Kyi
ဒါမှ အန်အယ်ဒီမလုပ်ရင် ဘာကိုသွားလုပ်တော့မလဲ။ လမ်းဆုံးနေပြီ။ မဝင်ပါဘူး မပါပါဘူးဆိုတဲ့ လူတွေ အခုတော့ ဝင်ပြီ။ ဒါ နိုင်ငံရေးပဲ။ အစောကြီးကတည်းက အမျိုးသားညီလာခံမှာကတည်းက မထွက်ပဲ ဆက်နေရင် ဒီလောက်တောင် မကြာဘူးထင်တာပဲ။ တကယ်လို့ အရမ်းကိုပူးပေါင်းနေချင်ရင်ပြောတာပါ။
ကိုဦးပြောသလို အတိုက်အခံဟာ အတိုက်အခံအလုပ်ကို မလုပ်တက်ရင် မဟာဗျူဟာပျောက်ပြီး ကိုယ်စီးတဲ့ မြင်းက အခြောက်လား မိန်းမလျှာလား မသိဖြစ်သွားတာပေါ့။
ဒေါ်စုနဲ့ အန်အယ်ဒီကို ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရွေးခံဖို့ ကျနော် အကြံပေးနေတာမဟုတ်ပါ။ ကျနော်လိုချင်တဲ့ ရွေးကောက်ပွဲဆိုတာ အခုလိုနေရာလေး လေးငါးခြောက်ဆယ်လောက် ရွေးကောက်ပွဲ အခြေအနေမျိုးမဟုတ်ဘူး။
တကယ်လို့ ဦးသိန်းစိန်အစိုးရအနေနဲ့  ရိုးသားတယ်၊ ရွေ့ နေပါတယ်လို့ ဆိုရင် အထွေအထွေရွေးကောက်ပွဲအသစ်ကို လုပ်သင့်တယ်။ တကယ်လို့ သာ ဒီလိုလုပ်မယ်ဆိုရင် အန်အယ်ဒီတောင်မကဘူး ဆလိုင်းကိုကိုဦးတို့  ကိုအောင်ကျော်စိုးတို့ တောင် ဒေါ်စုပါတီကနေဝင်ပြိုင်ကြအုံးမယ်။ ရွေးကောက်ပွဲအသစ်ကို ကျင်းပပေးလိုက်ပါ။ ၂ဝ၁ဝ-ရွေးကောက်ပွဲဆိုတာ မတရားဘူး။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမဝင်နဲ့ ။ နေရာအရမ်းနဲတယ်။ ကိုယ့်ဘက်က လွှတ်တော်ထဲမှာ အမတ်နဲမယ်။ ပါတီကိုတော့ မှတ်ပုံတင်ပါ။
ဘုန်းကျော်
11/9/11
ကွန်ပြူတာနဲ့ ပရင်တာ လာဘ်ထိုးနိုင်တဲ့ နိုင်ငံရေးဒုက္ခသည်
ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ အနီးနားမှာရှိတဲ့ နို့ ဘိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ နှစ်သောင်းကျော်လောက်ရှိတယ်လို့ သိရတယ်။ ဒီစခန်းမှာ မြန်မာဘုန်းကြီးကျောင်းတွေလည်း အတော်များပါတယ်။ ကျောင်းထိုင် ဆရာတော်လုပွဲတွေလည်း မကြာမကြာ ကြားရတက်ပါတယ်။ အခုလက်တလောဖြစ်တဲ့ ပြသာနာကို အများသိစေချင်လို့ ပါ။
စခန်းထဲနေ ကိုမိုးကျော် ( နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ) က ဘုန်းကြီးတစ်ပါးကို ကွန်ပြူတာနဲ့ ပရင်တာပေးပြီး လာဘ်ထိုးကြောင်းကြားသိရတော့ အတော်ချမ်းသာတဲ့ ဒုက္ခသည်ပါလာဆိုပြီး တွေးမိပြန်တယ်။ ဖြစ်ပုံက ဒီလိုပါ။
နို့ ဘိုးစခန်းမှာ ဘုန်းကြီးနှစ်ပါးပြသာနာဖြစ်ကြတယ်။ အဲဒါ သူ့ဒကာ ငါ့ဒကာဖြစ်ကြတယ်။ ဖြစ်တော့ ဆုံးဖြတ်တဲ့
အဖွဲ့အစည်းရှိတယ်။ ဒီအဖွဲ့အစည်းထဲက ကိုယ်တော်တစ်ပါးကို ကိုမိုးကျော်က
လာဒ်ထိုးတာပါ။
သူတို့နှိင်ငံရေးအကျဉ်းသား ကိုယ်တော်ရှုံးမှာစိုးလို့တဲ့။
အကျဉ်းသား ၀ိနစ္ဆယ ဆရာတော်ကို နှိင်ငံရေးအကျဉ်းသားအဖွဲ့က ခေါင်းဆောင်သူ မိုးကျော်လာတ်ထိုးတာပါ။
ဘာနဲ့ လာဘ်ထိုးလဲဆိုတော့ ကျွန်ပြူတာရယ် ပရင်တာရယ်ဖြစ်ပါတယ်။ ဆရာတော်ကလက်မခံပါဘူး။
မိုးကျော်ကိုငေါက်လိုက်တယ်။ တကယ်လို့ နိုင်ရင် ကျောင်းထိုင်းဘုန်ကြီး ဖြစ်မယ်လို့ သိရတယ်။
ကျောင်းနာမည်က ဗုဒ္ဒသာသနာ့ရိပ်သာကျောင်း ဖြစ်ပါတယ်။
မိုးကျော်ဆိုတဲ့သူကို ကိုရီးယားနိုင်ငံမှ မစ္စတာရှောင်ဖုန်းက ဘတ်ငွေတစ်သိန်းခုနှစ်သောင်းလှူသွားတယ်။
စာသင်ကျောင်းဆောက်ဖို့လှူသွားတယ်။် အဲဒါကျောင်း မဆောက်ပဲမြန်မာပြည်မှာကျန်ခဲ့တဲ့မိန်းမ နဲ့ သားသ္မီးကိုထောက်လို့ပြသနာဖြစ်ထားဘူးတယ်။ ဒါကို ကန့်ထဲကလူကြီးတွေရယ် ကျောင်းနေသံဃာတွေရယ်က လက်မခံကြဘူး။မိုးကျော်က မျက်မှန်ဝတ်တယ်။ အသက် (၄၇)။ ရပ်ကွက်လေးကဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့ ကလို့ တော့သိရတယ်။ ကန့် ထဲရောက်တာ လေးနှစ်ရှိပါပြီ။
11/7/11
ဟိုရောက်ဒီရောက် အတွေးလေးတွေပေါ့
ဦးသိန်းစိန်က အရမ်းရိုးတယ်လို့ နာမည်ထွက်တယ်။ ဒီခေတ်မှာ လူရိုးဆိုတာ သချိုင်းမှာတောင် ရှာလို့ မရဘူး။ အကုန်လုံး ပြာဖြစ်ကုန်လို့ ။ ဒါ့ကြောင့် ဦးသိန်းစိန်းရိုးတာက ဦးသန်းရွှေထက်နဲနဲပဲ ပိုလျှော့ မယ်ထင်တယ်။ ရိုးတဲ့လူက ဘယ်တော့မှ သမ္မတမဖြစ်ပါဘူးဗျာ။ ရိုးချင်ယောင်ဆောင်တာပဲဖြစ်မှာပေါ့။
ရွေးကောက်ပွဲတွေဝင်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းပြီးတိုက်တွန်းကြနေပြီ။ အများစုကတော့ ၀င်စေချင်ပြီ။ ၀င်တာမ၀င်တာ သူတို့ အလုပ်ပါ။ ၀င်ပြီး အစိုးရအဖွဲ့ ထဲမှာပါတော့လည်း ဘယ်အချိန်ကြမှ ကျနော်တို့ လိုချင်တဲ့တိုင်းပြည်ဖြစ်မှာလဲ။
လွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်ကပြောတယ်။ Regime Change ကိုလုပ်ရမှာ မဟုတ်ဘူး။ Society Change ကိုလုပ်ရမှာဖြစ်တယ်လို့  အင်တာဗျူးတစ်ခုမှာ တွေ့ တယ်။ နှစ်ခုလုံးကိုချိန်းပစ်လိုက်ရင် မကောင်းဘူးလား။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ခုစလုံးက ပြောင်းဖို့ လိုအပ်နေပြီပဲ။
မျက်ရည်လွယ်တဲ့မင်းသားကြီး ဦးကျော်ဆန်းနဲ့ ဗွီအိုအေ အင်တာဗျူးမှာ ထူးခြားတာက ဒီလိုပါ။ မေးတဲ့သူက ပြုံးစိစိ နဲ့ ကြပ်တယ်။ ဖြေတဲ့မင်းသားကြီးက ရိတိတိနဲ့ ပြုံးပြီး ဖြေချင်တာလျှောက်ဖြေတော့ ဦးကျော်ဆန်းက သရုပ်ဆောင်အတော်ကောင်းတာပဲလို့ ထင်တယ်။ ဒါ့ကြောင့် ပြန်ကြားဝန်ကြီးဖြစ်တာထင်တယ်။ ဦးကျော်ဆန်းရေ ၀န်ကြီးသက်တမ်းက အများဆုံး ငါးနှစ်ပါဗျာ။ ပြုတ်သွားရင်တော့ သိတဲ့အတိုင်းပဲ။ ဒါ့ကြောင့်အရမ်းမလိမ်ပါနဲ့ တော့။
သုံးပွင့်ဆိုင်၊ ဖက်ဒရယ်၊ အိုင်စီစီ၊ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတွေ ဘယ်ရောက်ကုန်ပြီလဲတောင် မသိဘူး။ ပူးပေါင်းဆောင်ရွက်ရေးဆိုတာ ကျနော်တို့ ပါးစပ်ကပြောတာပါ။ နအဖက ဘယ်တုန်းကမှ လာပြီးပူးပေါင်းရင် ၀န်ကြီးရာထူးနဲ့ လုပ်ပိုင်ခွင့်ပေးမယ်လို့ မပြောပါ။
ပြည်တွင်းစစ်၊ ပြည်ပ အလုပ်သမားခြောက်သန်း၊ ဒုက္ခသည်ကိစ္စ၊ စီးပွားရေးဖွံ့ ဖြိုးမှု၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ နိုင်ငံတကာငွေကြေးနဲ့ ချိန်ဆက်နိုင်ရေး စတဲ့ အဓိကလိုအပ်ချက်တွေအရေးမရောက်ပဲ ဒေါ်စုရွေးကောက်ပွဲဝင်ရေးနဲ့ ပါလီမန်မှာ ဥပဒေပြု၊ ပြင်၊ ဖြုတ်စတဲ့ (မယောင်ရာဆီလူးနေတာလို့ လည်းမပြောချင်ပါဘူး) အသံတွေကိုပဲ ပြည်ပ မီဒီယာမှာ နေ့ တိုင်းတွေ့ နေရတော့ စိတ်ထဲမှာ နိုင်ငံရေးတောင်စိတ်ကုန်ချင်လာပြီ။
လူသစ်တန်းတွေနဲ့ မြန်မာ့နိုင်ငံရေးကို အစားထိုးသင့်ပြီ။ အတွေးအခေါ်သစ်၊ နိုင်ငံတကာ အမြင်ရှိပြီး အတွေ့ အကြုံရှိတဲ့လူသစ်တန်း၊ ဘယ်ဘက်ကိုမှ မလိုက်တဲ့လူသစ်တန်းစတဲ့ လူငယ် လူလတ်တွေနဲ့  အစားထိုးမဲ့အချိန်ရောက်ရင်တော့ ပေါ်ရင်တော့ လက်ရှိအခြေအနေတွေကနေ မြန်မြန်ကျော်နိုင်မယ်ထင်တယ်။
နှစ်ဘက်စလုံးက လူဟောင်းတွေဟာ တကယ်တမ်းကြတော့ ဘာမှသုံးစားလို့ မရဘူး။ ဒါ့ကြောင့်လည်း တိုင်းပြည်က ဒီအတိုင်းဖြစ်နေတာပေါ့။ သူတို့ သာသုံးစားလို့ ရတဲ့ လူတွေဆိုရင် ပြီးတာကြာပြီ။
တိုင်းပြည်ထဲမှာ ဘွဲ့ ရပြီး အသက်ကြီးလာတဲ့လူတွေအနေနဲ့ လုံးဝကို နိုင်ငံရေးမလုပ်သင့်ဘူး။ အစိုးရခေါင်းဆောင်လည်းမဖြစ်သင့်တော့ဘူး။ ဒီပတ်ဝန်းကျင်ကနေ ထွက်လာတဲ့လူတိုင်းက
တကယ်တန်းပြောရရင် ပြည်ပကလူတွေဟာ ပြည်တွင်းကလူတွေထက်ပိုပြီး သိတယ်။ ပိုပြီးတက်တယ်။ ပိုပြီး ခံစားတက်တဲ့ နှလုံးသားရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါက တကယ်လက်တွေ့ ပဲ။ မျက်စိမှိတ်ပြီး ငြင်းလို့ မရပါဘူး။
ပါလီမန်အမျိုးအမျိုး
ပါလီမန်ထဲမှာ အတိုက်အခံခေါင်းဆောင် နဲ့ အစိုးရအဖွဲ့ ကခေါင်းဆောင်တွေ အငြင်ပွားမှုရှိရင် ဒါဟာ ပါလီမန်အစစ်အမှန်လို့ ပြောလို့ ရနိုင်တယ်။ တချို့ သော အာရှနိုင်ငံက ပါလီမန်တွေရဲ့ ဖွဲ့ စည်းပုံအနေအထားက ဒီမိုကရေစီအစစ်အမှန်ကို သွားနေတဲ့ပါလီမန်မဟုတ်ပါဘူး။ ဥပမာ တရုတ်၊ မြောက်ကိုရီးယားနဲ့  မြန်မာနိုင်ငံက ပါလီမန်အဆောက်အဦး နဲ့ ထိုင်ခုံနေရာတွေကိုကြည့်ရင် သိသာနိုင်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ အာဏာရှင်စနစ်ရှိနေသေးတယ်ဆိုတာကိုပြပါတယ်။
တကယ်တမ်းမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို စေတနာရှိတယ်ဆိုရင် နေပြည်တော်ပါလီမန်အဆောက်အဦးရဲ့ ဖွဲ့ စည်းပုံကို ပြင်သင့်ပါတယ်။ အခုပုံစံက အတိုက်အခံမရှိတဲ့ ပါလီမန်ဖြစ်နေတော့ အရင်အစိုးရပုံစံနဲ့ ဘာမှမကွာဘူး။ အောက်က သူများနိုင်ငံတွေရဲ့ ပါလီမန်တွေကိုလေ့လာကြည့်ပါ။ဒါတွေနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ဟာ ၂၀၀၈-ဖွဲ့ စည်းပုံအခြေခံဥပဒေတင်မကဘူး၊ ပါလီမန်ဖွဲ့ စည်းပုံ၊ ထိုင်ခုံနေရာကအစ ပြန်လည်ပြုပြင်သင့်ပါကြောင်း။
ကျနော်မြင်ချင်တာက မြန်မာနိုင်ငံရဲ့ ပါလီမန်ထဲမှာ အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရအဖွဲက့ ခေါင်းဆောင်တွေ ရင်ခုန်နှုံးမြန်၊ မျက်နှာရှုံမဲ့ပြီး မေးခွန်းတွေထုတ်၊ ပြန်ဖြေ၊ ပြီးရင် ငြင်းကြတာကို အရမ်းမြင်ချင်တယ်။ ဥပမာ ၾသစေတ်းလ် ပါလီမန္နဲ ့အဂၤလန္က ပါလီမန္ထဲမွာ သူတုိ ့အစုိးရေတြနဲ့ အတိုက်အခံတွေ ဒီဘိတ်လုပ်တဲ့ပုံစံကို လိုချင်တယ်။
စည်းကမ်းညီညွတ်ပြီး ခေါင်းဆောင်ကြီးရဲ့ လမ်းညွန်ချက်အတိုင်းလိုက်တိုင်း မြောက်ကိုရီးယားငမွဲနိုင်ငံရဲ့ ပါလီမန်
ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ဆရာဟာ ပါလီမန်ရဲ့ ဥက္ကဌပါ
တရုတ်ပြည်ရဲ့ ပါလီမန်ဖွဲ့ စည်းပုံကလည်း မြန်မာနဲ့ သိတ်မကွာဘူး
ထိုင်းနိုင်ငံက ပါလီမန်
အရှေ့ ဥရောပနိုင်ငံတစ်ခုက ပါလီမန်
ဗြိတိသျှပါလီမန်မှာ အတိုက်အခံနဲ့ အစိုးရဟာ ဒီလိုမျက်နှာချင်းဆိုင်ပြီး နိုင်ငံရေးလုပ်တယ်
အရှေ့ တောင်အာရှက ပါလီမန်တစ်ခု
ဂျပန်ပါလီမန်
ထိုင်ဝမ်ပါလီမန်
သြစတျေးလျက ပါလီမန်မှာ အတိုက်အခံခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်
စည်းကမ်းရှိတဲ့ဒီမိုကရေစီလား ၊ အတိုက်အခံမရှိတဲ့ဒီမိုကရေစီလား
ပါးစပ်မပါတဲ့ မြန်မာပါလီမန် (မေးခွန်းပဲမေးရတယ်)
ပါလီမန်တွေမှာထိုင်ခုံနေရာက မျက်နှာချင်းဆိုင်ရှိသင့်တယ်။ အခုဟာက မြန်မာပါလီမန်က ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ဖို့ ခင်းထားတဲ့ ထိုင်ခုံလိုမျိုးဆိုတော့ ရုပ်ရှင်ထဲက မင်းသားပြောတဲ့အတိုင်း ထိုင်ကြည့်ပြီး ပြန်ပြောလို့ မရတဲ့ မြင်ကွင်းလိုမျိုးဖြစ်နေလားလို့ ပါ။
11/5/11
မြင်တွေ့ သမျှ
ရန်ကုန်နိုင်ငံရေး
ပြည်တွင်းကလူတစ်ယောက်မဟုတ်တော့ အပြင်ကနေတွေ့ သမျှကို တင်ပြမယ်။ အပြင်ကဆိုတော့ မီဒီယာကိုပဲ အားကိုပြီးလေ့လာရတယ်ဆိုပါစို့ ။ ဒီတော့ မီဒီယာပေါ်မှာတွေ့ နေရတဲ့ နိုင်ငံရေးဖြစ်ရပ်တွေမှန်သမျှဟာ ရန်ကုန်တစ်ဝိုက်မှာပဲ ဖြစ်နေတယ်။
သံတမန်တွေကလည်း ရန်ကုန်ကလူတွေကိုပဲတွေ့ တယ်။ ရန်ကုန်ကအတိုက်အခံတွေကလည်း ဂေါ်လီလုံးလောက်ရှိတဲ့ရန်ကုန်တစ်ဝိုက်ကိုမှ တကယ့်နိုင်ငံရေးလို့ ယူဆနေတယ်။ လူမှုရေးလုပ်ငန်းတွေမှန်သမျှကိုလည်း ရန်ကုန်တစ်ဝိုက်မှာလုပ်တယ်။ ပြီးရင် မီဒီယာကလည်း ဒီလူ ဒီလူ ဒီအဖွဲ့ တွေချည်းပဲ ဖေါ်ပြတယ်။ ကြာလာတော့ မြန်မာတစ်ပြည်လုံးရဲ့ နိုင်ငံရေးက ရန်ကုန်လားလို့ တောင် မေးရမလိုဖြစ်နေပြီ။
အခြားမြို့ တွေ ပြည်နယ်တွေ တိုင်းတွေမှာ ဘာ့ကြောင့် ရန်ကုန်လိုမထင်ပေါ်တာလဲ။ မလုပ်လို့ လား။ အဖြေကတော့မဟုတ်ပါဘူး။ ရန်ကုန်က နိုင်ငံရေးသမားတွေဟာ မသွားမလာနိုင်လို့  အခြားနယ်တွေအထိမရောက်တာလို့ သုံးသပ်နိုင်တယ်။ အတိုက်အခံက ရန်ကုန်မှာနေတယ်။ အစိုးရက နေပြည်တော်မှာနေတယ်။ ဒီနယ်လေးနှစ်ခုက ဗမာပြည်တစ်ပြည်လုံးကို ကိုယ်စားလုံးဝမပြုသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ အပြင်ကလူတွေထင်တာက ရန်ကုန်က အတိုက်အခံ၊ နေပြည်တော်ကအစိုးရဟာ မြန်မာတပြည်လုံးနဲ့ ပြည်ပကလူတွေကို လုံးဝကိုယ်စားမပြုသေးပါဘူး။ ကိုယ်စားပြုလာအောင် ဒီနှစ်ခုကလူတွေအနေနဲ့  ရန်ကုန်နဲ့ နေပြည်တော်မှာပဲ မနေပဲ သွားလာစည်းရုံးဆက်ဆံကြစေချင်တယ်။
မီဒီယာတွေကလည်း စွတ်ပြီးအားအားယားယား မမြှောက်ကြပါနဲ့ ။
အိုင်ဖုန်း၊ အိုင်ပတ်ထ် နဲ့  ပြည်ပက အတိုက်အခံ
လွန်ခဲ့တဲ့အချိန်က လက်တော့ ခေတ်စားတယ်။ အစည်းအဝေးတိုင်း၊ ၀က်ရှော့တိုင်းမှာ လက်တော့လေးပါလိုက်ရမှ ခေတ်မှီသလိုမျိုး။ ခေါင်းဆောင်ဟုခေါ်သော ခေါင်းဆောင်တိုင်း လက်တော့ကိုင်မှ ခေါင်းဆောင်ဖြစ်လေသလို။ အစည်းအဝေးတွေမှာ လက်တော့ကိုဖွင့်။ ပြီးရင် ဘာတွေရေးမှန်းမသိ။ ဒီလိုမျိုးဖက်ရှင်က လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က မရှိမဖြစ် မတင့်တယ်သော ဖက်ရှင်။ ဒီလိုခေတ်မှီမှ ကျနော်မျိုးတို့ ပြည်ပအတိုက်အခံတွေအနေနဲ့  ဂလိုဘယ်လ်လိုက်ဇေးရှင်းနဲ့ အပြိုင် ခေတ်မှီတယ်လို့ ယူဆတယ်။ ဘိုလိုလေးလည်း ပွားတက်ရင် ပို့ လို့ တောင် စော်ကြည်သေး။
လက်တော့ဆိုရင် မဲမဲသဲသဲနဲ့ ဗလကြီးတဲ့ လက်တော့ခေတ်ပြီးတော့ မော်ဒယ်လက်တော့ဖြစ်ရမယ်။ လက်တော့သည်သေးရမယ်။ ပါးရမယ်။ လှရမယ်။ အခုခေတ်လက်တော့တွေထဲမှာ ပန်းသီးလက်တော့က ခေတ်အမှီဆုံး။ ဆိုနီ၊ ဖူဂျစ်စုလောက်တော့ အလုပ်မဖြစ်တော့ဘူး။ ဒါလေးရှိရင်တောင် နိုင်ငံရေးစကားပြောရင် တယ်ပြီးဂုဏ်သိက္ခာရှိတာပေါ့။
ကွန်ပြူတာထဲမှာ ဘာတွေရေးလဲတော့မသိဘူး။ ဘာမှမရေးလဲ ဒီပစ္စည်းတွေရှိဖို့ ကအဓိကပေါ့ဗျာ။
၂၀၁၁-ခေတ်မှာတော့ လက်တော့ခေတ်မဟုတ်။ အိုင်ဖုန်း နဲ့ အိုင်ပတ်ထ် ရှိရမယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဒါတွေရှိတဲ့လူကသာလျှုင် နိုင်ငံရေးကို ပိုသိပိုတက် ပိုပြီးဆရာကြီးဖြစ်တယ်။ အိုင်ပတ်ထ်နဲ့ အိုင်ဖုန်းဆိုတာကလည်း ဈေးကြီးတော့ အတော်များများ ငမွဲခေါင်းဆောင်တွေမကိုင်နိုင်။ ဒီတော့ ကိုင်နိုင်တဲ့ ခေါင်းဆောင်ကြီးတွေက ပိုပြီးမျက်နှာပွင့် ပိုပြီးလူအထင်ကြီးတယ်ပေါ့ဗျာ။ ဒီပစ္စည်းတွေကလည်း သုံးတက်အုံးမှ။ သူတို့ ခလုတ်တွေက မထိတထိပွတ်နိုင်မှ အလုပ်ဖြစ်တာကိုး။
အဲလိုပွတ်တာကို လူတွေကလည်း အထင်ကြီးတဲ့ ခေတ်မှာ ပွတ်နည်းကျွမ်းတဲ့ လူက ပိုပြီး စော်ကြည်တယ်။ ဒီလိုပွတ်တာကျွမ်းဖို့ အတွက် ခေါင်းဆောင်တိုင်း ကိုယ့်အိမ်မှာ ကြိတ်ပြီး အပွတ်လေ့ကျင့်ရတယ်။ လူကြားထဲရောက်ရင် အိုင်ပေါ့နဲ့ အိုင်ပတ်ထ်ကိုဖွင့် လူရှေ့ မှာ ဟိုပွတ်ဒီပွတ်လုပ်၊ လက်ရှိအစိုးရက စေတနာတွေ မေတ္တာတွေမရှိ၊ ငါတို့ ကသာလျှင် ပြည်ပကနေ အိုင်ပတ်ကိုပွတ်ပြီး တိုင်းပြည်ကိုအချစ်ဆုံး၊ ပညာအတက်အဆုံး၊ ငါတို့ လောက်သိတဲ့သူမရှိ။ သူတို့ ဒီလိုပြောနေရင်းနဲ့ အိုင်ပတ်နဲ့ အိုင်ဖုန်းကို တီထွင်သူ ဟိုလူကြီး ရှောသွားတာကိုတောင် မသိတဲ့လူများဖြစ်ကုန်ကြပါကောလား။
ကျနော်တို့ သြစတျေးလျက တောသားတွေ အိုင်ပတ်လည်း မကိုင်ဘူး။ မသုံးဘူးကြဘူး။ ကွန်ပြူတာတောင်ကောင်းကောင်းမသုံးတက်ဘူး။ ဒုက္ခသည်အဖြစ်နဲ့ လာကြတဲ့ မြန်မာတွေကိုပြောတာပါ။ တချို့ များဆိုရင် ဂျီတော့ကိုင်ရတာကို မျှောက်အုန်းသီးရသလိုမျိုး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်လို့ ဖြစ်။ အိမ်မှာကွန်ပြူတာရှိတာပဲအဖတ်တင်တယ်။
သူများတွေလို အိုင်ဖုန်း၊ အိုင်ပတ်ကိုတော့ ၀ယ်နိုင်တယ်။ ဒါပေမဲ့ ဒါတွေဝယ်ပြီး ဘာလုပ်ဖို့ လဲ။ လုပ်တဲ့အလုပ်က စက်ရုံမှာ ချွေးတွေနဲ့ ညစ်ပတ်ပေရေပြီး လုပ်နေတာ အိုင်ဖုန်းလို ပွတ်လို့ ရတဲ့ဟာကြီးနဲ့ တော့မတန်ပါဘူး။ အိမ်ရောက်မှာ မိန်းမရဲ့ ဗိုက်ကို ပြန်ပြီးပွတ်တာကမှ ဖီးလာသေးတယ်။ ဒါ့ကြောင့် သြစတျေးလျက မြန်မာတွေ အများစုဟာ ပိုက်ဆံရှိလည်း အိုင်ဖုန်းကို စိတ်မ၀င်စားနိုင်ပါဘူး။ အိုင်ပတ်လည်း မသိ။ အိုင်ပတ်တာဆိုလို့  ငါးပတ်တာလားလို့ တောင် မေးအုံးမယ်ထင်တယ်။
ကျနော့် တယ်လီဖုန်းဆိုရင် ဈေးအနဲဆုံး။ တယ်လီဖုန်းပါဆိုမှ ဆက်လို့ ရရင်တော်ပြီပေါ့ဗျာ။ အခုခေတ်တယ်လီဖုန်းတွေကလည်း ရှုပ်ရှက်ကိုခက်နေတာပဲ။ ဘာတွေထည့်ထားမှန်းကိုမသိဘူး။ ဒီလောက် အလုပ်ရှုပ်တဲ့ သြစတျေးလျနိုင်ငံမှာ ဒီလိုတယ်လီဖုန်းကိုသုံးဖို့ မပြောနဲ့  လှည့်တောင်မကြည့်အားဘူး။ ကွန်ပြူတာဆိုရင်လည်း ပန်းသီးလား လိမ္မောသီးလား၊ တခါမှ မကိုင်ဘူးဘူး။ မ၀ယ်နိုင်လို့ မဟုတ်။ အစကနေ ပြန်သင်နေရလို့ ။ ဈေးကလည်းကြီးသေး။ ဒါ့ကြောင့်ဈေးအပေါဆုံး ကွန်ပတ် လက်တော့လေးပဲ ၀ယ်ကိုင်တာ ကိုယ်နဲ့ အသင့်တော်ဆုံး။
ဈေးကြီးပစ္စည်း နောက်ဆုံးပေါ်ပစ္စည်းတွေကိုင်ပြီး လူကြားထဲမှာ ကြွားဖို့ လည်း မရှိဘူး။ ဘယ်သူမှလည်း အထင်မကြီးပါဘူးဗျာ။
အဲ....ဒါပေမဲ့ တချို့ သော လူတွေကတော့ ဒါလေးရှိမှ ခေတ်မှီတယ်။ အထင်ကြီးတယ်။ များများပွတ်နိုင်မှ စော်ကြည်တယ်ဆိုတော့ ပွတ်တဲ့ပစ္စည်းတွေပဲ ၀ယ်ပြီး လူကြားထဲမှ ပွတ်ကြလေတော့သတည်း။
အပွတ်ခေတ်လွန်
ပန်းသီးပြီး ဂွေးသီးခေတ်ရောက်တော့မယ်လို့ ပညာရှင်တွေဟောနေပြီ။ ပညာရှင်လို့ ပြောရင် နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကိုပြောတာမဟုတ်ပါ။ ဝေဒဗေဒဗေဒင်ပညာရှင်ကိုပြောတာပါ။ သူက တက္ကသိုလ်ကြီးမှာ အလုပ်လုပ်နေတာမဟုတ်ဘူး။ သူ့ ရုံးခန်းက ရွှေတိဂုံဘုရားဆောင်းတန်းနားမှာဖြစ်တော့ လူလည်းအတော်စည်တယ်။
တခါဟောရင် မြန်မာငွေနှစ်ထောင်ရတယ်။ နိုင်ငံခြားက ဒေါက်တာဘွဲ့ ရတဲ့ပညာရှင်ကြီးရဲ့ နိုင်ငံရေးဟောစာတမ်းကို အောက်ခြေကလူတွေစိတ်မ၀င်စားဘူး။ ဘုရားဆောင်တန်းက ဗေဒင်ပညာရှင်ကြီးပြောတာကို အောက်ခြေက လက်လုပ်လက်စားတွေအရမ်းစိတ်ဝင်စားတယ်။ အားကိုးတယ်။ သူပြောတဲ့အတိုင်းလုပ်တယ်။ ဒီပညာရှင်နှစ်ဦးရဲ့ ကွာခြားချက်က ဒီလောက်ထိဖြစ်တော့ ဘယ်ပညာရှင်က ပြည်သူ့ အတွက်အသုံးဝင်လဲဆိုတာ သိလောက်ပြီ။
ဒီနှစ်ဦးမှာ ဘယ်သူက ပြည်သူ့ အကျိုးပြုလုပ်ငန်းကို လက်တွေ့ ကျကျ အကျိုးဆောင်ပေးလဲ။ လန်ဒန်တက္ကသိုလ်က ဒေါက်တာဇာနည်လား၊ ဘုရားဆောင်းတန်းက ဝေဒပညာရှင်လား။ ကျနော့်အထင်တော့ ဆောင်းတန်းက ပညာရှင်ကြီးက ပိုလိုတောင် လက်တွေ့ ကြတယ်လို့ ထင်တယ်။ အဲဒိပညာရှင်ကြီးကပြောတယ်။ ပန်းသီးခေတ်ကုန်ရင် ဂွေးသီးခေတ်ရောက်မယ်တဲ့ဗျာ။ ဒို့ မြန်မာပြည်ကြီးက ပန်းသီးနဲ့ တော့မတန်ဘူး။ ဂွေးသီးနဲ့ ပဲတန်တယ်။ ဂွေးသီးကို ငါးပိထောင်းလဲရတယ်။ ဟင်းချက်စားလည်းရတယ်။ ပန်းသီးက တမျိုးပဲ သုံးလို့ ရတယ်ဆိုတော့ ဂွေးသီးလောက် အသုံးမ၀င်ဘူးတဲ့ဗျာ။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းက ဂွေးသီးခေတ်ကိုသွားနေတာကွလို့  ဘုရားဆောင်တန်းက ပညာရှင်ကြီးကဟောလေပါတော့တယ်။
ရန်ကုန်ကနိုင်ငံရေးသမား၊ နေပြည်တော်က အစိုးရ၊ ပြည်ပက အပွတ်သည်များနှင့်သြစတျေလျရောက်တောသားများအတွက် အားနေလို့ ရေးခြင်း ဖြစ်ပါကြောင်း။
--
Thanks for sending!!!
Phone Kyaw
11/4/11
ပါမောက္ခ မျိုးညွန့် 
ဗန်းမော်တင်အောင်က ဒီစာအုပ်ကို ဘာရည်ရွယ်ချက်နဲ့ ရေးလဲတော့မသိဘူး။ ကျနော်တော့ သူ့ စာအုပ်ကိုဖတ်ပြီး အတွေးတစ်ခုရတယ်။ ဒါကတော့ ဦးအုန်းကျော်လို ပညာရှင်မျိုး လက်ရှိနိုင်ငံရေးကာလမှာ ထွက်လာရင်တော့ ဒုက္ခပဲ။ ဒီလိုမျိုး ပညာတက် ပညာရှင်အရက်သမားတွေ လူ့ ဂွစာတွေများ လာရင်တော့ တိုင်းပြည်ဒုက္ခရောက်တော့မှာပဲလို့ ။
စာအုပ်ဖတ်ခဲ့ရတဲ့ အချိန်က ၂၀၁၁-ခုနှစ် ဇန်န၀ါရီလထဲမှာဖြစ်တော့ အခုဆိုရင် ၁၀-လလောက်ရှိပြီ။ ဒီနေ့ မှပဲ စိတ်ကူးပေါက်ပြီး ဦးအုန်းကျော်အကြောင်းကို ဖီလင်လာလို့ ရေးဖြစ်တော့တယ်။ စာရေးတယ်ဆိုတာက ကိုယ့်စိတ်ထဲမှာရှိတာကို ရှိတဲ့အတိုင်း ရိုးရိုးသားသားသာရေးချလိုက်။ ဒါဆိုရင် စာရေးလို့ ရပြီလို့  ဗန်းမော်တင်အောင်လား ပီမိုးနင်းလားမသိဘူး...ပြောဘူးတယ်။ ဒီစကားကိုအတော်ကြိုက်တယ်။ လက်ခံတယ်။
ဒါ့ကြောင့် သူတို့ ပြောတဲ့စကားကို ကိုးကားပြီး ဦးအုန်းကျော်အကြောင်းတော့ မဟုတ်ဘူး၊ ဦးမျိုးညွန့် အကြောင်းကို ရေးဖို့ ကျနော် စဉ်းစားနေတာကြာပီ။
ဘန်ကောက်ရောက်တော့ အန်စီဂျီယူဘီမှာလုပ်နေတဲ့ လူ့ ဘောင်သစ်က ကိုအသေးလေးမှာ ကွန်ပြူတာမရှိလို့  ကျနော့် ကွန်ပြူတာ ကိုပေးလိုက်တော့ ဆရာနဲ့ အင်တာဗျူးထားတဲ့ဖိုင်ပါပျောက်သွားတယ်။
ဘာ့ကြောင့် ဆရာဒေါက်တာ မျိုးညွန့် အကြောင်းကို ရေးချင်လဲဆိုတော့ ရေးမယ့်သူမရှိလို့ ရေးချင်တာပါလို့ ဖြေပါရစေ။ ဆရာနဲ့ တပည့် အတိုင်အပေါက်ညီညီမြှောက်တာတော့မဟုတ်ဘူး။ ပညာရှင်တွေ ပညာတက်တွေကို အရမ်းတန်းဖိုးထား အထင်ကြီးလို့ ပါ။
ဆက်ရန်-
11/1/11
ခြောက်နှစ်ပြည့်အလွမ်း
စစ်အာဏာရှင်တစု၏မတရားမှု့ များကိုသာမန်အမျိုးသမီးတဦးမှကိုယ်စွမ်းရှိသမျှ ဖော်ထုတ်ပြောကြားသဖြင့်၊
ရရှိခဲ့သောဆုလာဒ်က မတရားထောင်ဒဏ်များကျခံရခြင်းဘဲဖြစ်ပါသည်။
စစ်အုပ်စုသည်မိမိတို့ အမှားများကိုမပြင်၊ထောက်ပြပြောဆိုသူများကိုမတရားပုဒ်မများဖြင့်ထောင်ချ၊ထောင်တွင်း
သတ်ဖြတ်၊မိသားစုကိုပါစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်၊ထောင်ဝင်စာလာမတွေ့ နိုင်အောင်ဝေးလံသောဒေသ
ရှိထောင်များသို့ ပြောင်း၊နည်းအမျိုးမျိုးသုံးပြီးအာဏာရှင်တို့ ထုံးစံအတိုင်းဆန့် ကျင်သူမှန်သမျှကိုနှိပ်ကွပ်ခဲ့ပါသည်။
စစ်အာဏာရှင်တို့သည်သူတို့ အလုပ်သူတို့လုပ်ပါမည်။နောက်ဆုံးအာဏာရှင်တို့သွားရာလမ်းကိုသွားပါလိမ့်မည်။
ဂျပန်ရောက်ကျနော်တို့ သည်ပြည်တွင်းမှသာမန်ပြည်သူအမျိုးသမီးလေး၏ရဲစွမ်းသတ္တိကိုလေးစားသည်။ဂုဏ်ပြုလိုပါ
သဖြင့်၊စုစုနွေးအားဂုဏ်ပြုငွေရရှိရေးကော်မီတီတခုဖွဲ့ စည်းပြီး၊ရံပုံငွေရှာခရီးစဉ်တစ်ခုကော်မီတီဝင်များကဦးဆောင်ပြီး၊
၂၀၀၅ခုနှစ်နောက်ဆုံးရက၊်ဒီဇင်ဘာလ(၃၁)၇က်ည၊နာဂါနိုခရိုင်ရှိကုရူမာယာမ စကီးချောသို့ထွက်ခွာခဲ့သည်။
ထိုခရီးစဉ်ကိုလိုက်ပါခဲ့သောသူငယ်ချင်း၊မိတ်ဆွေအပေါင်းတို့၏ပူးပေါင်းပါဝင်မှု၊လူုဒါန်းမှုများ၊ခရီးစဉ်အပြီးနောက်ဂျပန်
နိုင်ငံရှိအဖွဲ့ အစည်းအချို့ ၊ဂျပန်ရောက်မြန်မာနိုင်ငံသားအချို့ မှလှုဒါန်းငွေများကြောင့်မစုစုနွေးအားဂုဏ်ပြုရန်ဂျပန်ယန်း
ငွေလေးသိန်းခြောက်သောင်းကျော်(မြန်မာငွေသိန်းငါးဆယ်နီးပါး)ကို၂၀၀၆ခုနှစ်ဇန်န၀ါရီလအတွင်းရရှိခဲ့ပါသည်။
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားအများစုသည်မြန်မာပြည်ရှိမိမိတို့ ၏ မိဘ၊ဇနီး၊ခင်ပွန်း၊သားသမီး၊ညီအစ်ကိုမောင်
နှမ၊များအားတရားမ၀င်နည်းလမ်းများဖြင့်လစဉ်လိုလိုငွေပို့ပေးနိုင်ကြသော်လည်း၊ကျနော်တို့ မစုစုနွေးဂုဏ်ပြုငွေပေးအပ်
ရေးကော်မီတီသည်ငွေပေးအပ်ရန်ဂျပန်နိုင်ငံ၊တာကာဒါနိုဘာဘာမြို့ရှိ၊ဆဲယုကုန်တိုက်ဘေးရှိရိုင်ယယ်ကော်ဖီဆိုင်အတွင်း
ဦးဆောင်သူကော်မီတီဝင်အများပါသောဆွေးနွေးပွဲတကြိမ်သာဆွေးနွေးပြီး၊အဖွဲ့ သည်မစုစုနွေးထံသို့ ယနေ့ တိုင်ငွေ
မပို့ နိုင်သေးဘဲပျက်သလိုလိုဖြစ်သွားပါသည်။
ဘာကြောင့်ပျက်သလိုလိုဖြစ်ရပါလည်းလို့မေးမြန်းလာသူများရှိက ကျနော်ကတော့ညောင်ကန်အေးဆရာတော်ဟော
ကြားခဲ့သောအသင်းအဖွဲ့ ပျက်ဆီးရခြင်းသုံးချက်ကိုတဆင့်ပြောပြပါမည်။
ဖိတ်ခေါ်မလာ၊ ဘေးမှာအပြစ်ပြော၊ ငွေသဘောတွင်ပြေချောမလွယ်ထိုသုံးသွယ်မှတ်ဘွယ်သင်းပျက်ကြောင်းတဲ့။
မစုစုနွေးကတော့ ယုံကြည်ရာကိုလုပ်ဆောင်ရင်း၊စစ်အုပ်စုထောင်မှသုံးထပ်ကွမ်းထွက်လာပြန်ပါပြီ။သူမအား
ဂုဏ်ပြုမည်ဟုဆိုသောကျနော်သည်မိမိလုပ်ဆောင်ခဲ့သည်များကိုပြန်လည်ဆန်းစစ်ရင်း၊လွန်ခဲ့သောခြောက်နှစ်ကို
လွမ်းမိပါသည်။မစုစုနွေးအတွက်ဂုဏ်ပြုငွေများကိုထိုစဉ်ကဦးဆောင်သူတစ်ဦးဖြစ်သည့်ဂျပန်နိုင်ငံရှိနိုင်ငံရေးအဖွဲ့ 
ကြီးတခုဖြစ်သည့်B.D.A အဖွဲ့ ဥက္ကဌကြီး ကိုသန်းဆွေမှတာဝန်ယူမည်ဟုဆိုပြီး၊ယူဆောင်ထားလိုက်ပါသည်။ငွေများ
ကိုဘဏ်ထဲသို့ တော့ထည့်မထားဟုဆိုပါသည်။မကြာမီတော့ မစုစုနွေးကိုဂျပန်ရောက်ကျနော်တို့၏ကော်မီတီကရရှိ
ထားသောငွေဖြင့်အမှန်တကယ်ဂုဏ်ပြုနိုင်တော့မည်ဟုကြားသိရပါသည်။
မစုစုနွေးမတရားမှုများမှအမှန်တကယ်လွတ်မြောက်ပါစေ။
10/31/11
To Ko Naing Oo
ကိုဘုန်းကျော်
သြစတျေးလျကနိုင်ငံ ပတ်မြို့ က ကိုနိုင်ဦး (ABSDF) လူတစ်ဦးက ကျနော်ညီမကို ကျူနေတယ်။ သူ့ မှာ ဗီယမ်နမ်မနဲ့ ခလေးနှစ်ယောက်ရှိတယ်လို့ သိရတယ်။ ကျနော်ညီမက မြန်မာပြည်မှာနေတာ။ သူ့ ကိုယ်သူ ၁၉၈၀-ခုနှစ်မှာ မွေးတယ်လို့ ပြောပြီး ၁၉၉၉-ခုနှစ်မှာ သြစီကိုရောက်တယ်လို့ လည်း ပြောတယ်။ ကျနော့် ညီမရဲ့ အကောင့်ကို အွန်လိုင်းကနေ ဘယ်လို ရသွားလဲမသိဘူး။ အခု အွန်းလိုင်းကနေ လှမ်းပြီးကြောင်နေတာ။ ကျနော့်ညီမနာမည်က လုအောင်ပါ။ နိုင်ဦးဆိုတဲ့လူက ကရင်ဗမာ ကပြားလို့ ပြောထားပါတယ်။ ပြီးတော့ သူက ခရစ်ယာန်ဘာသာဝင်တစ်ယောက်လို့ လဲပြောသေးတယ်။ ကျနော့်ညီမအိမ်ကို သူ့ မိဘတွေလွှတ်ပြီး တောင်းခိုင်းမယ်တဲ့။ သူကလည်း အော်စီကနေပြန်လာတော့မယ်တဲ့ဗျာ။ ညတိုင်းလည်း ကျနော့်ညီမကို ဖုန်းဆက်တယ်။ သူက ကမ္ဘောဒီယားနိုင်ငံမှာ လူမှုရေးလုပ်ငန်းတွေလုပ်နေပါတယ်ဆိုပြီး ဒီလိုလည်းပြောသေးတယ်။
"Sorry ကျနော် Lu Aung နဲ့ စကားပြောနေလို့ပါ.. နောက်ပြီးတော့ အခုက Oversee မှာရောက်နေပါတယ် ခင်ဗျားအေးအေးဆေးဆေးလည်း စကားတွေကိုပြောချင်ပါတယ် နောက်နှစ်ပတိလောက်မှာ Aus ကို ကျနော် ပြန်ရောက်ပါမယ် အဲဒီအခါမှာ ဒီထက်မကသေးတဲ့ စကားတွေကိုလည်း ဆွေးနွေးချင်ပါတယ် မိတ်ဆေ"
ကျနော်သိသလောက် ကိုနိုင်ဦးက အသက် (၅၀) အရွယ်ရှိတယ်။ မသန်မစွမ်းရာထူးနဲ့ အစိုးရစရိတ်စားနေတဲ့လူ၊ ပြီးတော့ အင်္ဂလိပ်လိုလည်း တောင်တစ်လုံးမြောက်တစ်လုံးပြောတဲ့လူက ကမ္ဘောဒီးယားနိုင်ငံမှာ သွားပြီး လူ့ အခွင့်အရေးလုပ်ငန်းတွေလုပ်တယ်ဆိုတာ ရယ်စရာများဖြစ်နေမလားပဲ။ အခုသူ ကမ္ဘောဒီးယားမှာတဲ့။ Human Rights ကိစ္စနဲ့ ရောက်နေတာ နှစ်လကျော်သွားပြီတဲ့။ သူပြောတာက....
"မဟုတ်ပါဘူး အရင် Vietnam စစ်ပွဲအပြီးမှာ Cambodia Cuontry and Thailand ရေပိုင်နက် မဲခေါင်မြစ်ဝ ပြင်လယ်ပြင်မှာရှိနေတဲ့ လူမျိုးစု တစုရှိပါတယ် အခုအချိန်မှာ သူတို့တတွေက နိုင်ငံမဲ့ဘ၀နဲ့ ရေပေါ်မှာနေထိုင်လာခဲ့ကြတာက နှစ်အတော်လေကြာပါပြီ သူတို့ လို့မှုတချို့ ကို လူသားတာဝန်တခုအနေနဲ့ နိုင်သလောက်ကူညီနေတာပါဗျာ"
သူပို့ တဲ့ဓာတ်ပုံကို ကျနော်ပို့ လိုက်ပါတယ်။ ဒီလူက ကြပ်မပြည့်ဘူးထင်တယ်။
(မှတ်ချက်- အွန်လိုင်းသူငယ်ချင်းတစ်ယောက်မှ ဂျီတော့နဲ့ ပြောလာတဲ့အတိုင်း ပို့ ပေးခြင်းဖြစ်ပါတယ်)
ဘုန်းကျော်
သတိပေးချက်။ ။ (မိန်းခလေးတွေ သတိထားကြဖို့ ၊ နိုင်ငံခြားရောက်တိုင်းအထင်မကြီးဖို့ အတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်) မိတ္တူအား အွန်းလိုင်းပေါ်တွင် မြန်မာနိုင်ငံသားအားလုံးသိနိုင်ရန် တင်ပြပါသည်။
------------------------------------------------------------------
---------- Forwarded message ----------
From: Naing Oo
Date: 2011/10/30
Subject: Fw:
To: "wgdperth@gmail.com"
Cc: "karea4fame@yahoo.com"
----- Forwarded Message -----
From: Naing Oo
To: Phone Kyaw
Cc: Paul Kyaw ; Thein Lwin ; Thi Ha Shwe ; Myo Nyunt ; "myintcho@yahoo.com.au"
Sent: Thursday, 27 October 2011 5:45 AM
Subject:
ဘုန်းကျော်
မင်းနဲ့ငါ သိခဲ့ကြတဲ့အချိန်တွေကစပြီးတော့ မင်းရဲ့ လုပ်ရပ်တွေအားလုံးကို အထူးသတိထားမိပါတယ်ကွာ .. မင်းဟာ ငါတို့အားလုံးရဲ့ စစ်မှန်တဲ့မိတ်ဆွေတယောက်မဟုတ်ဘူး တော်လှန်ရေးအဖွဲ့အစည်းတွေကို နည်းမျိုးစုံသုံးပြီး ဖြိုခွဲဖို့ စစ်တပ်ထောက်လှမ်းရေးဖက်ကနေ လျှို့ ဝှတ်လွှတ်ထားတဲ့ ထောက်လှမ်းရေး သတင်းပေး informer, တယောက်ဆိုတာကို လူတိုင်းက နားလည်သတ်မှတ်ထားကြပါပြီ သူငယ်ချင်း...မင်းရဲ့ လုပ်ရပ်တွေကြောင့် မင်းကိုမှီခိုနေတဲ့ မင်းရဲ့ မိသားတွေအတွက်တော့ အထူးစိတ်မကောင်းပါဘူးကွာ...မကြာတော့တဲ့အချိန်ကာလတွေမှာ မင်းကို တုန့်ပြန်ပေးမဲ့ အချိန်ကို မင်းစောင့်မျှော်ပါ သူငယ်ချင်း..
နိုင်ဦး
10/30/11
ခင်ဗျားတို့ ကော ဘယ်လောက်ကောင်းလို့ လဲ
ယနေ့ ကာလမှာ ပြည်ပက နိုင်ငံရေးသမားတွေထဲမှာ အဝေဖန်ခံရဆုံး အဆဲခံရဆုံး ပုဂ္ဂိုလ်ကိုပြောပါဆိုရင် ဦးဟန်ညောင်ဝေ နှင့် စီးပွားရေးပညာရှင် ဦးဇော်ဦးတို့ ကို ပြောရမယ်ထင်တယ်။ ဦးမောင်မောင်လည်းပါတယ်ဆို ပါစို့ ။ ဝေဖန်တဲ့သူတွေအားလုံးက သူတို့ ဟာ ဘယ်လောက်တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုလဲဆိုတဲ့ အရာကို မဝေဖန်ပဲ ဘယ်လောက် စောက်သုံးမကျကြကြောင်း၊ မျောက်ပြဆန်တောင်းပြီး နိုင်ငံရေးကို လုပ်စားနေကြောင်း ရစရာမရှိအောင် ဝေဖန်နေတာကိုတွေ့ ရတယ်။ ဒီအထဲမှာ ကိုမှူးသာ ရေးတဲ့စာ နဲ့  ဦးထွန်းအောင်ကျော်တို့ ရေးတဲ့ ဝေဖန်ရေးက အချက်အလက်တွေနဲ့ တိတိကျကျ ဝေဖန်ထားတော့ ဖတ်ရတာ အရသာ အရမ်းရှိတယ်။ စာရေးသူတွေကလည်း ပြည်ပနိုင်ငံရေးလောကမှာ နာမည်ကြီးတွေလည်းဖြစ် ပညာတက်တွေလည်းဖြစ်နေပြန်တော့ လူအများက လေးလေးစားစားဖတ်ကြတာကို တွေ့ ရတယ်။ ကျနော်အပါအဝင်ပေါ့။ စာထဲမှာ ပါတဲ့အချက်အလက်တွေက ဘယ်လောက် မှန်တယ်မှားတယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ ဦးဟန်နဲ့ ဦးဇော်ဦးတို့ ပဲ သိမယ်ထင်တယ်။ သူတို့ က ကာယကံရှင်တွေဆိုတော့ဗျာ မသိပဲ ဘယ်နေပါ့မလဲ။ ဝေဖန်ရေးဆရာတွေ မပြောတဲ့ထူးခြားမှုကတော့ သူတို့ နှစ်ဦးဘယ်လောက် လုပ်နိုင်ခဲ့လဲ၊ အောင်မြင်ခဲ့လဲဆိုတဲ့ ချီးကျူးသံကို မဖတ်ခဲ့ရတော့ သူတို့ စာက မနာလိုလို့ ရေးတဲ့စာလား ပုဂ္ဂိုလ်ရေးတိုက်ခံထားတဲ့စာလို့ ကျနော်တော့ ဒီလိုကောက်ချက်ဆွဲမိတယ်။
နိုင်ငံရေးလောကမှာ ဒီလိုစာတွေကတော့ မထူးဆန်းတော့ပါဘူး။ စိတ်နာစရာလည်းမလိုဘူး။ ဒီလိုမျိုးဝေဖန်တဲ့စာတွေကို နှစ်ဖက်စလုံးက ပြန်လှန်ဆွေးနွေးကြရင် ပိုလို့ ပွင့်လင်းပြီး နားလည်မှု ရနိုင်တယ်လို့ တော့ ယူဆတယ်။ ဒါ့ကြောင့် များများပြော များများရေးစေချင်တယ်။ မသိတဲ့သူတွေပို ပြီးသိရ ဗဟုသုတရစေတယ်။
ကျနော်သုံးသပ်မိတာကိုလည်း ဝေမျှချင်တယ်။ ပထမဆုံး ဦးဟန်အကြောင်းနဲ့ ပဲ စချင်တယ်။ သူက နိုင်ငံတကာက ငွေတွေအများကြီးရအောင် ဖန်တီးတယ်။ ပြီးရင် စောရဂိုဏ်းချုပ်လိုလုပ်ပြီး စောရအသေးလေးတွေကို တဆင့်ခံဝေမျှတယ်လို့  ဝါရင့်ပဲ ခေါ်ခေါ် နှစ်ချို့ ပဲခေါ်ခေါ် နိုင်ငံရေးသမားကြီး ရဲဘော်ကျော်သန်းက ဝေဖန်တယ်။ လုပ်စားတယ်ပေါ့။ ဦးထွန်းအောင်ကျော်ကလည်း အလားတူစကားမျိုးကိုပြောတယ်။ ကဲ..ဘာပဲဖြစ်ဖြစ် စားချင်လည်းစားပေါ့ဗျာ။ တနေ့ ကြရင် ဘယ်သူက ဘာလဲဆိုတာ သမိုင်းကအဖြေပေးလိမ့်မယ်။
ကျနော်က ဦးဟန်နဲ့ ပက်သက်ပြီး တချို့ ဟာတွေကို အကောင်းမြင်တယ်။ ဥပမာ သူ့ ကြောင့် ချင်းမိုင်မှာ တိုင်းရင်းသားအဖွဲ့ တွေမှိုလိုပေါက်ခဲ့တယ်။ အမျိုးသမီးအဖွဲ့ တွေ၊ လူငယ်အဖွဲ့ တွေ တအားများခဲ့တယ်။ သူကငွေပေးတယ်။ ဟိုကလူတွေကဖွဲ့ တယ်။ ဗမာပြည်မှာနေတုန်းက ရေခဲသေတ္တာတောင်မပြောနဲ့  သံသေတ္တာတောင်မတွေ့ ဘူးတဲ့ ရှမ်း၊ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသားအဖွဲ့ လေးတွေ ကွန်ပြူတာနဲ့ ဘာနဲ့ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဆိုတော်လို့ ပြောတဲ့ ပအိုဝ်တွေကလည်း စီမီနာမှာ ပအိုဝ်လွတ်မြောက်ရေးကသာလျှင် အရေးကြီးဆုံးလို့ ပြောလာတယ်။ နယ်စပ်က ချင်ပေါင်ရွက်နဲ့ ငါးခြောက်ပဲ စားနိုင်တဲ့မွန်မလေးတွေ မွန်လေးတွေကလည်း ချင်းမိုင်မှာ အမေရိကန် ဘရိတ်ဖတ်စ် စားလာနိုင်တာကိုကြည့်ရင် ဦးဟန်ရဲ့ ကျေးဇူးဘယ်လောက် များလဲဆိုတာ သိလောက်ပြီ။ အဆိုးဆုံးက သူတို့ လူမျိုး ရှမ်းတွေဟာ ချင်းမိုင်မြို့ ကို သူတို့ ဖထွေးပေးထားတဲ့မြို့ လိုမျိုး ချင်းမိုင်သူကြီးလိုလို လုပ်လာကြတယ်။ အဲဒိရှမ်းတွေက သူတို့ ရွာမှာ ဆိုင်ကယ်မပြောနဲ့ နွားလှည်းတောင်မမြင်ဘူးတဲ့လူတွေက ဆိုင်ကယ်တဝီဝီ၊ ဟန်းဖုန်းတဂွီဂွီနဲ့ လမ်းသလားနေတာ မမြင်ချင်အဆုံး။ သူတို့ ရဲ့ သူဌေး ဦးဟန်ကငွေထုတ်ကြီးပိုက်ထားတော့ ဘယ်သူမှ လူမထင်တော့ဘူး။ ဗမာတွေက မကောင်းဘူး၊ ရှမ်းတွေပဲကောင်းတယ်ဆိုပြီး စောက်ရှက်မရှိ စီမီနာတွေနဲ့ အစည်းအဝေးတွေမှာ ပြောလာတာကို အားလုံးသိတယ်။ တောသားတိုင်းရင်းသားတွေ ကနေဒါ၊ အင်္ဂလန်၊ အမေရိကန်၊ သြစတျေးလျမှာ သွားလာနိုင်အောင် ဘယ်သူက ငွေထုတ်ပေးခဲ့လဲ။ ဘယ်သူက အဆက်အသွယ်လုပ်ပေးခဲ့လဲ။ စကောလားရှစ်တွေနဲ့ ပညာသင်တဲ့ စော်လေးတွေလည်း အများကြီး။ သူတို့ အားလုံးက ချမ်းသာတဲ့မိသားစုပေါက်ဖွားလာတာမဟုတ်။ မယုံရင် သူတို့ ဖင်ကိုလှန်ကြည့်ပါ။ အမာရွတ်တွေ တွေ့ လိမ်မယ်။ ဒီတိုင်းရင်းသား အူကြောင်ကြားတွေကို ဘယ်သူက ထမင်းကျွေးခဲ့လဲဆိုတော့ ကျေးဇူးရှင်ကြီး ဦးဟန်ပဲ။ သူတို့ အပြင် ထိုင်းအခြေစိုက်အဖွဲ့ အစည်းမှန်သမျှ ဦးဟန်နဲ့ ကင်းတဲ့သူဘယ်သူရှိလဲ။ ကုန်ကုန်ပြောရရင် ကျနော်တောင်မကင်းဘူး။ လူ့ ဘောင်သစ်လူငယ်ညီလာခံလုပ်ဖို့  ဦးဟန်ကငွေ ပေးတာလို့ ဆိုတယ်။ ညီလာခံလုပ်တဲ့ လူ့ ဘောင်သစ်က ပွဲစားဆိုတဲ့လူတော့ အတော်ကိုက်ပါတယ်။
ဆိုတော့ သူတို့ မျက်စိပွင့်နားပွင့်ဖြစ်အောင် လုပ်ပေးတဲ့သူက ကျေဇူးရှင်ကြီး ဦးဟန်ညောင်ရွှေဟုခေါ်သော ငါးခူနှုပ်ခမ်းမွှေးနဲ့ လူပဲ။ သူ့ ကြောင့်ပဲ နိုင်ငံတကာပေးတဲ့ဆုတွေဘာတွေရတဲ့ ရှမ်းမတွေဖြစ်လာတယ်။ အဲဒိရှမ်းမတွေနဲ့ တိုင်းရင်းသားတွေကို မျက်စိဖွင့်လာအောင် လုပ်ပေးတဲ့သူတွေထဲမှာ အခုလိုမျိုးအွန်လိုင်းကနေ ဝေဖန်နေတဲ့လူ ဆဲနေတဲ့ လူတွေ မပါဘူး။ ကျနော်အပါအဝင်ပေါ့။ ဦးထွန်းအောင်ကျော်တို့ လိုလူမျိုးသာ ဦးဟန်လိုနေရာမျိုးမှာ လုပ်ခွင့်ရရင် ဘယ်လို ဖြစ်မလဲမသိဘူး။ အခုလည်း အဘိုးကြီးဟန်က သမီးလေးကိုဆွဲပြီးပြည်တော်ပြန်တယ်။ ပြည်တွင်းမှာ ဝင်ပြီး နိုင်သလောက်လုပ်ပေးမယ်လို့ ဆိုတယ်။ သိတ်ကောင်တဲ့ အိုင်ဒီယာပေါ့။ လက်တွေ့ ကြတယ်။ ကျနော်တောင် သူ့ လိုမျိုးမလုပ်နိုင်ဘူး။ ဥပမာဗျာ...ဦးသိန်းစိန်က ဟေ့ကောင် ဘုန်းကျော် မင်းကို ငါ ဝန်ကြီးတနေရာပေးမယ်။ မင်းပြန်လာပြီး လုပ်ကွာလို့ ပြောရင်တောင်...ဆောရီး ဦးလေး...ကျနော် သြစတျေးလျမှာ အိမ်ဖိုး အကျွေးရှိသေးလို့ မပြန်နိုင်ဘူး။ ခလေးတွေလည်း မကြီးသေးဘူး။ ငွေလည်းမရှိသေးလို့  မပြန်နိုင်ဘူးလို့ ပြောချင်တယ်။ ဒါက တကယ်အမှန်ကိုပြောတာ။
ဦးဇော်ဦးဟာ မိန်းခလေးတွေကိုဖျက်ဆီးတယ်။ ယောက်ျားချင်းလည်းချတယ်။ ငွေတွေဘုံးတယ်။ လူလည်ကြတယ်။ သစ္စာတွေ မေတ္တာတွေ ရွှေမန်းတွေမရှိဘူး၊ ဖျံကြတယ်၊ ချီးထုတ်ဖြစ်တယ်လို့ ဆိုပြီး ကိုမှုးသာကပြောတယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောတယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။ ပထမဆုံး ဦးဇော်ဦးရဲ့ ရှုပါက ကိုမှုးသာထက်သာတယ်ဆိုတော့ စော်တော့ကြည်မယ်။ အခုတောင် ကိုဇော်ဦးက ဗိုက်ကလေးကိုလုံးပြီး ချစ်စရာကြီး။ ထိပ်ကလည်း ပြောင်တော့ ကြည်ညိုချင်စရာ။ ဒေါက်တာဆိုတဲ့ အမှီးကလည်းအရှည်ကြီး။ ပြောရရင်တော့အများကြီးပါ။ နေပြည်တော်က စင်တော်မှာတောင် တက်ပြီး အာ ခဲ့တဲ့လူ။ ပြည်ပက လူတွေထဲမှာ ဘယ်သူက သူ့ လို လုပ်နိုင်ခဲ့လဲ။ အခုလည်း ပြည်တွင်းနဲ့ ပြည်ပမှာ ဗဟုခေါ်သော ဗဟုမကျတဲ့အဖွဲ့ က သင်တန်းတွေပေး စွပ်ပြီးအာနေတာက တကယ်ကောင်းတဲ့အလုပ် မွန်မြတ်တဲ့အလုပ်။ ဒီလိုလုပ်ဖို့ ငွေရှာနိုင်တဲ့ ဦးဇော်ဦး။ သူတော်တာပေါ့ဗျာ။ ဒီလိုဖြစ်နေတဲ့လူကို မနာလိုတဲ့လူ ချောင်းပြီးရိုက်ချင်တဲ့လူတော့ ရှိမှာပဲ။
ပထမဆုံး ဦးဇာ်ဦးက ကောင်မလေးတွေကို မက်လုံးပေးပြီး ဗြင်းတယ်လို့ ဆိုတယ်။ ထားတော့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပါတယ်။ ဦးဇော်ဦး တောထဲမှာ နေတုန်းက လုပ်ဖော်ကိုင်ဖက်မိန်းခလေးတွေအပြင် ယောက်ျားအချင်းချင်းလည်း ဖင်ချတယ်ပေါ့။ ဒါက တဖက်လူရဲ့ စွပ်စွဲချက်။ ကျနော်အမြင်ကတော့ဗျာ ကာယကံရှင်က ငြိမ်နေတော့လည်း ဇော်ဦးလည်း လူပဲမို့ ချတာ ဆန်းသလား။ မုဒိမ်းကျင့်တာမှ မဟုတ်တာဗျာ။ သူ တောခိုလာတာက သူပုန်လုပ်ဖို့ ပါ။ တောထွက်ပြီး ရဟန်းဝတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အဖြစ် လာလုပ်တာမဟုတ်ဘူးလို့ တော့ထင်တယ်။ သူလည်တော့ သူစားမှာပေါ့။
အညွန့် ခူးစားတယ်ဆိုတဲ့စကားကိုလည်း ဒီလိုပြောလို့ ရနိုင်တယ်။ ကိုယ်မှ စောက်သုံးမကျတာ ဇော်ဦး အညွန့် ခူးစားတာနဲတောင်နဲသေးတယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲဗျာ။ ဦးဇော်ဦးက ဘယ်တုန်းက စာချူပ်နဲ့ လက်မှတ်ထိုးပြီး ကျနော်မောင်ဇော်ဦးသည် တော်လှန်ရေးနဲ့ ရဲဘော်တွေအပေါ်မှာ အညွန့် မခူးစားပါဘူး လို့ ဆိုပြီး လုပ်ခဲ့လား။ မလုပ်ခဲ့ဘူး။
ကျနော်တို့ အပြင်က နိုင်ငံရေးသမားလို့ ပဲခေါ်ခေါ် သူပုန်လို့ ပဲသုံးသုံး အများစုက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဝေဖန်သင့်တယ်။ ငါကကော ဘယ်လောက်ကောင်းလို့ လဲလို့ ။ အခု ဝေဖန်ရေးမှာနာမည်ကြီးနေတဲ့သူတွေဖြစ်တဲ့ ဘုန်းကျော်၊ ဦးထွန်းအောင်ကျော်၊ ကိုမှူးသာ၊ ကိုရွှေထီး၊ ဆလိုင်းကိုကိုဦး ၊ ဦးကျော်သန်း စတဲ့လူတွေကော ဘယ်လောက်ကောင်းလို့ လဲ။ လစ်ရင်လစ်သလို အခွင့်အရေးရရင်တီးတာပဲ။ အားလုံးသော သူပုန်တိုင်းက တောထဲမှာ သူပုန်လုပ်ခဲ့တာပါ။ တောထဲမှာ ရသေ့လုပ်ခဲ့တဲ့လူ ဘယ်သူမှ မရှိခဲ့ဘူး။ နိုင်ငံတကာ ပတ်ပြီး ဘာညာလုပ်ခဲ့တဲ့လူတွေချည်းပဲ။ ဆိုတော့ ကျနော်တို့ လည်းစောက်သုံးမကျခဲ့ဘူး။ အကျင့်ကောင်းခဲ့ဘူး။ ဒါ့ကြောင့် ဘယ်သူ့ ကိုပဲ ဝေဖန်ဝေဖန် သူတို့ ရဲ့ ကောင်းကွက်လေးကိုတော့ ချီးကျူးပေးကြပါအုံး။
ဆက်ရန်-
10/29/11
ဒေါ်စုနောက်အပတ်မှာ ပါတီထောင်မည
အန်အယ်ဒီပါတီ လာမဲ့ရွေးကောက်ပွဲမှာ လုံးဝ ဝင်ရွေးခံပါလိမ့်မည်။ ပါတီထောင်ပါလိ့မ်မယ်။ ဘာ့ကြောင့် ဒီလိုပြောလဲဆိုတော့ ရှေးက ဖြစ်ရပ်တွေကြောင့်ပါ။နောက်ဆုံးတစ်ခုကတော့ အခုထွက်လာတဲ့ နိုင်ငံရေးပါတီများ အီစီကလီလုပ်ပါသည် ဥပဒေသစ်ကြောင့်ပါ။ ဒါက အားအားယားယားပေါ်လာတာမဟုတ်ပါ။ အန်အယ်ဒီမှာ အခြားရွေးချယ်စရာ ပလန်မရှိတော့ဘူး။ ဒေါ်စုလည်း သူ့ စကားနဲ့ သူပိနေပြီ။ အသက်လည်းကြီးလာပြီ။ ရွေးကောက်ပွဲ ဝင်ပြီးအရွေးခံရင်တောင် ဦးဝင်းတင်တို့ ဦးတင်ဦးတို့ လို သက်တမ်းတွေ ပါမှာမဟုတ်တော့ဘူး။ အခုကတည်းက ဒေါ်စုအနေနဲ့ ပါတီထောင် ရွေးကောက်ပွဲမှာ ဝင်ပြီးအရွေးခံဖို့ နိုင်ဖို့ အတွက်ဆိုရင် ပြည်ပက ဆန့် ကျင်နေတဲ့လူတွေ ဆုံးဖြတ်ချက်ပြင်ကြပါ။ မပြင်လည်းနေပါ။ သို့ သော် အားပေးစေချင်ပါတယ်။ ကိုမင်းကိုနိုင်တို အုပ်စုလည်း ဒေါ်စုပါတီမှာ ဝင်ပြီးအရွေးခံပါလိမ့်မယ်။ သူတို့ နိုင်မှာ သေချာပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ကိုမင်းကိုနိုင်တို့ အနေနဲ့ ဝန်ကြီးတနေနေရာတော့ အနဲဆုံးရနိုင်မယ်။ ပြည်ပက ဆန့် ကျင်နေတဲ့ အဖွဲ့ တွေ လူတွေအနေနဲ့ ကတော့ လုပ်လက်စအလုပ်ဖြစ်တဲ့ ၂ဝဝ၈-ဖွဲ့ စည်းပုံဆန့် ကျင်ရေး၊ အာရပ်လားကိုစီးရေး၊ လူထုအုံကြွမှုအတွက် အရက်ဝိုင်းကနေ အာရေး၊ လက်နက်ကိုင်ပြီး တောထဲမှာ ငတ်ရေး စတဲ့ မယောင်ရာဆီလူးတဲ့ အလုပ်ကို ဆက်ပြီးလုပ်ကြပေါ့။ ဒါကတော့ နိုင်ငံရေးလေ့လာသူ သုတေသူ အရက်သမား လူ့ ဘောင်ချစ်ဘုန်းကျော်ရဲ့  မှူးပြီး ပြောသော အမှူးစကားဖြစ်ပါကြောင်း။
View My Stats