ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
4/6/12
စုကီနှင့် သူမ၏ အချစ်တော်များ
သူတို့ လည်း မြန်မာပြည်နဲ့ ပက်သက်ပြီးအတော်လေးကို စိုးရိမ်ပူပန်ကြတယ်။ နိုင်ငံတကာ သတင်းဌာနတွေဖြစ်တဲ့ SBS နဲ့  BBC တို့ ကနေ မြန်မာနိုင်ငံသတင်းတွေကို တစ်ပတ်မှာ တစ်ခါလောက် သူတို့ တွေ့ နေမြင်နေရတော့ သူတို့ လည်း မြန်မာနိုင်ငံအခြေအနေကို သိတဲ့ပုံပဲ။
သူတို့ ဆိုတာက နိုင်ငံတကာကနေ သြစတျေးလျနိုင်ငံမှာ သတ္ထုတူးဖော်ရေးလာလုပ်နေတဲ့ ပညာရှင်တွေဖြစ်ပါတယ်။ ချမ်းသာတဲ့ ဂျပန်နိုင်ငံကစလို့ ၊ ဆင်းရဲတဲ့ ကျနော်တို့ လို မြန်မာနိုင်ငံက လူတွေလည်း သြစတျေးလျနိုင်ငံက ရွှေတူးဖော်ရေး မိုင်းတွင်းမှာလုပ်ကြတယ်။ အဓိကတော့ လစာအရမ်းကောင်းလို့ ဖြစ်ပါတယ်။ ဂျက်လေယျာဉ်နဲ့ အလုပ်သွား အလုပ်ပြန်လုပ်ရတာအပြင်၊ အိမ် နဲ့  ထမင်းကအစ အားလုံးစရိတ်ငြိမ်းဆိုတဲ့ အခွင့်အရေးလည်း ရကြတော့ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်နဲ့ ဂျပန်တွေတောင် ကျနော်တို့ မိုင်းမှာ လုပ်ကြပါတယ်။ အနဲဆုံးပညာရည်အချင်း ကတော့ တက္ကသိုလ်ကပေးတဲ့ ဘွဲ့ တခုခုတော့ရှိပါတယ်။ သူတို့ နိုင်ငံက ဘွဲ့ ကို သြစီတွေကလည်း အသိအမှတ်ပြုတော့ အလုပ် ရ တာ လွယ်ပါတယ်။ ဗမာပြည်က ဘွဲ့ ကတော့ ပြောမနေနဲ့ တော့။ ဘယ်မှာမှ သုံးလို့ မရဘူး။
ပြီးခဲ့တဲ့ အပတ်က အန်အယ်ဒီနိုင်သွားတော့ အလုပ်နားချိန်မှာ တီဗွီကြည့်နေတဲ့ လူတွေအားလုံး ဟေးးးးးဆိုတဲ့အသံတောင်ကြားရတဲ့
အထိ အားပေးကြတယ်။
မနက် (၆) နာရီအလုပ်ဆင်းတော့ Environmental Superintendent လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဌာနရဲ့ ဌာနမှုးက ကျနော့်ကို တွေ့ တွေ့ ခြင်း ဒီလိုပြောတယ်။
Suu Kyi..Democracy....Suu Kyi....Democracy
လက်သီးဆုပ်ပြီး အားရပါးရ အော်ဟစ်နေတယ်။ သူပြောတဲ့ စုကြည် ဒီမိုကရေစီ ၊ စုကြည် ဒီမိုကရေစီ....ဆိုတဲ့စကားလုံးကလည်း အတော်ရီစရာကောင်းတယ်။ သူက စုကြည်ကို အသံမထွက်တက်တော့ စုကီ....စုကီ....ဆိုတော့ ကျနော်က ဒီလူ ဘာကိုပြောနေမှန်း မသိဘူးလို့ တွေးနေမိတယ်။ နောက်မှ သြော်...ဒီလူ အန်အယ်ဒီနိုင်တာကို ၀မ်းသာနေပုံရတယ်။ ဒါ့ကြောင့် သူငါတို့ ကိုအားပေးနေတာ ဖြစ်မယ်လို့ ။
သူက သြစီစစ်စစ်ပါ။ သြစီတွေဟာ ပါးစပ်ကလည်း Fuck ဆိုတဲ့ စကားကို ထည်လဲသုံးပါတယ်။ ဒါကို ကျနော်က ရိုင်းတယ်လို့ ထင်တယ်။ သူတို့ အချင်းအချင်းတော့ ရိုင်းတယ်လို့ မထင်ဘူး။
တစ်ခါတလေကြရင် လူစုံလာရင် သူတို့ ကမြန်မာအစိုးရ အကြောင်းလည်းးပြောတတ်တယ်။
Fucking Junta and Fucking Suu Kyi ဆိုတဲ့ စကားလုံးကြားတော့ အစိုးရအတွက်ဒေါသမထွက်မိပေမဲ့ ဒီကောင်တွေ ဒေါ်စုကို Fucking Suu Kyi လို့ ပြောတာကိုတော့ အတော်တင်းတယ်။ တစ်ခါတလေ ကျနော်လည်း တင်းလာပြီးဆိုရင် Fuck The Shut Up ဆိုတဲ့ စကားလုံးပြန်ပြီတုန့် ပြန်မှ ဒီကောင်တွေ Fuck Fuck မပြောတော့ဘူး။ အတော်ဆိုးတဲ့ကောင်တွေ။
မိုင်းမှာ အားလုံးလိုလိုက တစ်ယောက်အကြောင်းကို တစ်ယောက်သိပါတယ်။ ဘယ်လောက်ထိသိလဲဆိုရင် ပြီးခဲ့တဲ့ အပတ်က ထမင်းချက်တဲ့ လူတွေက ထမင်းချက်တာ မနပ်လို့ ဆိုပြီး အီးမေးနဲ့ စားဖို မန်နေဂျာကို ထမင်းကို နပ်အောင်ချက်ဖို့ အကြံပေးတဲ့စာကို ကျနော်ရေးပါတယ်။ ဒါကို မိုင်းတစ်ခုလုံးက သိသွားတယ်။ မိုင်းမှာ လူပေါင်း ၈၀၀-လောက်ရှိတော့ ဘယ်လိုလုပ်ပြီးသိသွားသလဲ မသိဘူး။ သူတို့ က နောက်ဆိုရင် ဗမာတစ်ယောက်ပဲရှိတဲ့ ကျနော့်ကို တွေ့ တိုင်း ထမင်းအကြောင်းပဲပြောတော့တယ်။ ဒီလောက်ထိ တစ်ယောက်အကြောင်း တစ်ယောက်သိပါတယ်။ အားလုံးလိုလိုက တောထဲမှာ မိသားစုနဲ့ ဝေးပြီး အလုပ်လုပ်တာဆိုတော့ တစ်ယောက်တစ်ယောက်ဖေးဖေးမမ ပါပဲ။ ကူညီတက်တယ်။
အရက်အတူတူသောက်တယ်။ ပြီးရင် ဘယ်မိန်းမက ဖင် ဘယ်လောက်ကြီးကြောင်း ပြောတယ်။ အင်္ဂလိပ်မတွေလည်း ယောက်ျားတွေထက်ဆိုးတယ်။ အရက်ဝိုင်းမှာ အဆင်ပြေရင် အတူတူ အိပ်ကြရောပဲ။
မိုင်းမှာ ဌာနပေါင်းစုံရှိတယ်။ HR ဌာနစပြီး သင်တန်း၊ လုံခြုံရေး၊ Geology၊ သဘာဝပတ်ဝန်းကျင် နဲ့ ဌာနပေါင်း ၁၀-ခုကျော်လောက်ရှိမယ်ထင်တယ်။ ကျောက်ခဲထဲက ရွှေထွက်အောင်ညှစ်တဲ့အထိဆိုတော့ Process ကာလက ကြာတယ်။ မိုင်းရဲ့ သက်တမ်းက အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ်လောက်တော့ တူးလို့ ရတယ်။
အခုလက်တစ်လော နစ်ကယ်ဈေးကြနေတော့ သြစီက နစ်ကယ်တူးတဲ့မိုင်းက အလုပ်သမားတွေကို အလုပ်လျှော့ နေပါတယ်။ ကျနော်တို့ လည်း ဘယ်တော့ လျှော့တဲ့အထဲမှာပါမလဲမသိပါဘူး။ ကံကောင်းတာက ရွှေ ဈေးနှုံးက ကျတယ်လို့ မှမရှိတာ။ ဒါ့ကြောင့် ကျနော်တို့ ရွှေမိုင်းကတော့ မထိခိုက်နိုင်ဘူးလို့ ပြောပါတယ်။
အလုပ်ထဲက လူတွေအားလုံး မြန်မာပြည်ကို စိတ်ဝင်စားပါတယ်။ မြန်မာပြည်နဲ့ ပက်သက်ပြီး ဦးသန့် ကိုသိသလို၊ စုကီလို့ ခေါ်တဲ့ ဒေါ်စုကိုလည်း သူတို့ သိပါတယ်။ အတိုက်အခံကို အရမ်းအားပေးပါတယ်။ ဒေါ်စုနိုင်တော့ နယူးဇီလန်က ဘူမိဗေဒပညာရှင်က မင်းတို့ နိုင်ငံမှာ မိန်းမ ၀န်ကြီးချုပ်ဖြစ်အုံးမှာပေါ့လို့  သူကမှတ်ချက်ပေးတယ်။။ ဒီကိစ္စကို အလုပ်ထဲမှာ မနည်းရှင်းပြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ အထင် ဒေါ်စုက အစိုးရဖြစ်တော့မယ်လို့ ထင်နေကြလို့ ပါ။ နိုင်ငံတကာမှာ ဒီကိစ္စကို ကျနော်တို့ အနေနဲ့ ရှင်းပြဖို့ လိုအပ်နေပြီ။ ဆိုတော့ ကျနော်က နယူးဇီလန်ကငနဲကို ဒေါ်စုအစိုးရဖြစ်ဖို့ နေနေသာသာ ပါလီမန်မှာ အစောင့်တောင်ရပါ့မလားမသိဘူးလို့ ပဲပြောမိပါတော့တယ်။
၈-ရက်ဆက်တိုက်၊ တစ်ရက်ကို ၁၂-နာရီတိတိ အလုပ်လုပ်ရတော့ အတော်ပင်ပန်းပါတယ်။ အိမ်ပြန်ခါနီးတော့ လူက အတော့်ကိုမောနေပြီ။ မိုင်းကနေ ဘတ်စ်ကားပေါ်တက်ပြီး လေယျာဉ်ဆီကိုတန်းပြေးရပါတယ်။ယူနီဖောင်းတွေကလည်း ညစ်ပတ်နံစော်နေကြပြီ။ ဘယ်သူမှ နပ်ကတိုင်နဲ့ လေယျာဉ်ပေါ်မှာမတွေ့ ပါဘူး။ အားလုံးက ညစ်ပတ်နံစော်နေတဲ့ ယူနီဖောင်းတွေနဲ့ ။
လေဆိပ်ရောက်တော့ ညနေဆောင်းနေပြီ။
လေယျာဉ်မထွက်ခင် ဆေးလိပ်သောက်ကြတယ်။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ။
စုကြည်ကို စုကီလို့ ပြောတဲ့ သဘာဝပတ်ဝန်းကျင်ဌာနက ဌာနမှုးနဲ့ ကျနော်စကားပြောဖြစ်ပါတယ်။ အဓိက ခင်ဗျားတို့ ဘယ်လိုမျိုး မိုင်းမတူးခင်နဲ့ တူးပြီးတဲ့အချိန်မှာ ပတ်ဝန်းကျင်ကိစ္စကို စီမံခန့် ခွဲလဲလို့ မေးပါတယ်။
သူကတော့ Environmental Impact Assessment ကိုညွန်းတယ်။ ဒါကိုတော့ လူတိုင်းနားလည်ပါတယ်။ အဓိက အစိုးရရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ကျနော်သိချင်လို့  ဒီကိစ္စကို အဓိကထားပြီး ထပ်မေးကြည့်တယ်။
သူက မိုင်းမတူးခင်မှာ အစိုးရဆီမှာ ကုမဏီတိုင်းက အပေါင်ထားတဲ့ငွေ (Bond) တင်ရပါတယ်။ ကျနော်တို့ မိုင်းက ဒေါ်လာ ၂၅-သန်း အပေါင်ထားရတယ်။ တကယ်လို့ အစိုးရရဲ့ မိုင်းနဲ့ ဆိုင်တဲ့ စည်းကမ်းကို မပြည့်မှီဘူးဆိုရင် အပေါင်ထားတဲ့ငွေ ရှုံးပါတယ်။ ဒါ့ကြောင့် ကုမဏီတွေက ဒီငွေမရှုံးအောင် ဒီကိစ္စအတွက် ဌာနသီးသန့် ရှိရတယ်လို့ ဆိုတယ်။
" ဒီအချိန်မှာ မင်းကို ပြောရင် ပြီးမှာမဟုတ်ဘူး။ လေယျာဉ်လည်း ထွက်ခါနီးပြီ။ နောက်အပတ် ငါ့ရုံးခန်းကို လာခဲ့။ မင်းသိချင်တဲ့စာရွက်စာတမ်းတွေကို ငါ Print ထုတ်ပေးမယ်"
"ဘာ့ကြောင့် မင်းသိချင်တာလဲ" ထပ်မေးပါတယ်။
ကျနော်က-
"မြန်မာပြည်မှာ မိုင်းတွေရှိတယ်။ သူတို့ ကို ရှယ်ပေးချင်လို့ ပါ"
"ဘာမိုင်းတွေရှိလဲ"
"အတော်စုံပါတယ်"
ဒါဆိုရင် မင်းကို ငါကူညီမယ်လို့ ကတိပေးပါတယ်။
ကျနော်ကကျေးဇူးတင်ပါတယ်လို့ ပြောတာ့ သူက မလိုပါဘူးကွာလို့ ပြောတဲ့အထိ မြန်မာပြည်နဲ့ ပက်သက်ပြီး အတော်ကူညီချင်တဲ့ပုံပေါ်ပါတယ်။ ဒီလိုလူမျိုးတွေအများကြီးပါ။ ဒါ့ကြောင့် မြန်မာအစိုးရရဲ့ ပါးစပ်ကသာ ကျနော်တို့ နိုင်ငံအတွက် အကူအညီတောင်းကြည့်ပါ။ ရိုးရိုးသားသားနဲ့ အခမဲ့အကူအညီပေးမဲ့လူတွေတစ်ပုံကြီးပါ။
စုကီ ဒီမိုကရေ၊ စုကီ ဒီမိုကရေစီ
4/5/12
တစ်လုံးနဲ့ တစ်ချောင်း
သူတို့ ထုံးစံက မြန်မာနဲ့မတူဘူး။ မိန်းမနဲ့ ယောက်ျား အရက်အတူသောက်တယ်။ ဥပမာ အရက်ဆိုင်ပဲဆိုပါစို့ ။ အရက်သောက်နေရင်းနဲ့ အဆင်ပြေရင် အတူတူအိပ်လို့ ရတယ်။
တနေ့ တော့ ကျနော်သူငယ်ချင်းဖြစ်တဲ့ အင်္ဂလိပ်တစ်ယောက်က အရက်ဆိုင်မှာ အသက် ၂၂-အရွယ်ကောင်မလေးတစ်ယောက်ကိုတွေ့ တယ်။ ဟိုပွားဒီပွားနဲ့ အဆင်ပြေသွားကြတယ်။ ဒါနဲ့ သူ့ အိမ်ကို ညဖက်ခေါ်လာတယ်။
အိမ်ရောက်တော့ လိင်ဆက်ဆံဖို့ အင်္ကျီချွတ်တယ်။ ဆိုတော့ ကောင်မလေးရဲ့ အပေါ်ပိုင်း အလှအပတွေကို မြင်သွားပြီ။
ဒါနဲ့ သူက အတော်လှတယ်ကွလို့ မှတ်ချက်ပေးတယ်။ တဖြည်းဖြည်းနဲ့ ဟိုကလိဒီကလိနဲ့  အရှိန်က တက်လာရော။ နောက်ဆုံး ကောင်မလေးဘောင်ဘီကို ချွတ်တဲ့အထိရောက်လာပြီ။ ဒီမှာတင် ပြသနာက စပြီ။
နှာကလည်းအသာကုန်မွှန်၊အရက်ကလည်း မှုးဆိုတော့ အားရပါးရ ဘောင်းဘီကို ဆွဲချွတ်တယ်လို့ သူကပြောတယ်။
"ဟာ...တစ်ချောင်းပဲရှိတယ်"
ငါ...ကံ...ဘယ်လောက်ဆိုးလဲဆိုရင် ကောင်မလေးမှာ ခြေထောက်တစ်ချောင်းပဲ ရှိတယ်ကွလို့ ကျနော့်ကိုပြောပြတယ်။
သူက တိုနေတဲ့ပေါင်တိုကို မြင်ပြီး တန့် သွားတော့ ကောင်မလေးက မေးတယ်။
"ခြေထောက်တစ်ချောင်းနဲ့ ဟိုဟာလုပ်တာ ပြသနာရှိလို့ လား"
အသားကုန်အရှိန်တက်နေတဲ့ အချိန်ဆိုတော့ သူပြန်ဖြေတာက-
"တစ်ချောင်းမကလို့ နှစ်ချောင်းပဲ ဖြစ်ဖြစ် ပြသနာမရှိပါဘူး...အချစ်ရယ်"
နောက်တစ်ယောက်ကလည်း လူနောက်။ သူလည်း အရက်ဆိုင်မှာ ကောင်မလေးချောချောလေးနဲ့ အဆင်ပြေလာတယ်။ အိမ်ကို မ လာတယ်ဆိုပါစို့ ။ နှစ်ယောက်လုံးကလည်းမှုးနေပြီ။ အဝတ်အစားတွေလည်း ချွတ်ရော သူလည်း ဟိုကောင်လို အရမ်းအံ့သြသွားတယ်။
" ဟေ့ကောင်ရေ...မင်းက ခြေထောက်တစ်ချောင်းမရှိတာ တော်သေးတယ်။ ငါ့းစော်မှာ နို့ တစ်လုံးပဲရှိတယ်ကွ"
နို့ ပြတ်ကြီးကို ကြည့်ပြီး အံ့သြနေတော့ ကောင်မလေးက မေးတယ်။
"တစ်လုံးပဲရှိတာပြသနာရှိလို့ လား"
အသားကုန်မွှန်နေတဲ့ကောင်ဆိုတော့...သူပြောတာက-
"တစ်လုံးပဲရှိရှိ၊ သုံးလုံးပဲရှိရှိ ဒီညကိစ္စအဆင်ပြေဖို့ အဓိကပါ အချစ်ရယ်"
သူတို့ အရက်ဆိုင်မှာတွေ့ တုန်းက နှစ်ချောင်းနဲ့ နှစ်လုံးရှိပြီး ဘယ်လိုဖြစ်လို့ အိမ်ရောက်မှ တစ်ချောင်းနဲ့ တစ်လုံးပျောက်သွားတာလဲ မသိဘူးဆိုပြီး ကျနော်တို့ က ဝိုင်းမေးကြတယ်။ ဒါနဲ့ -
နှစ်ယောက်လုံးက တစ်ပြိုင်တည်းဖြေတယ်။
"အတုကြီးတွေကွ"
ူသူငယ်ချင်းတွေ သတိထားဖို့ အတွေ့ အကြုံကို ဝေမျှတာပါ။ ကျနော့်အတွေ့ အကြုံမဟုတ်ပါ။
မှတ်ချက်။ ။ ကောင်မလေးက ရင်သာကင်ဆာကြောင့်ဖြတ်ထားရတာလို့ ပြီးတဲ့အခါမှပြောပါတယ်။ နောက်တစ်ယောက်က ကားတိုက်ခံရလို့ ခြေထောက်ဖြတ်ထားခံရတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ခြေထောက်အတု နဲ့ ရင်သားအတုတွေတပ်ထားကြပါတယ်။
4/4/12
ရင်နာလိုက်တာကွာ
မြန်မာတွေ -င်လည်းခံရသေး၊ ဆီလည်းစိုက်ရသေးဆိုတဲ့အဖြစ်မျိုးဖြစ်နေပြီ။ မြစ်ဆုံပြန်စဖို့ ရေးတဲ့စာမှာ အတော်မိုက်ရိုင်တဲ့ စကားလုံးတွေနဲ့ ပြည့်နေတယ်။
၁။ စက်တွေကို တရုတ်ကသွင်းတယ်
၂။ ကျွမ်းကျင်လုပ်သားငါးရာ တရုတ်တွေဖြစ်မယ်
၃။ ဘိလပ်မြေကအစ ကုန်ပစ္စည်းကအဆုံး တရုတ်က လာမယ်
၎။ အကုန်လုံးအခွန်ကင်းလွတ်ခွင့်ပေးရမယ်
ဆည်ကိစ္စ ခဏဘေးဖယ်ထားပါ။ တကယ်တမ်းဖြစ်သင့်တာက မြန်မာပြည်က အလုပ်သမားတွေကို ကျွမ်းကျင်လာအောင်သင်တန်းပေးမယ်။ စက်တွေကို မြန်မာနိုင်ငံက ဝယ်မယ်။ ဘိလပ်မြေကအစ စားသောက်ကုန်အဆုံး မြန်မာနိုင်ငံက ဝယ်မယ်။ တရုတ်တွေဆီက အခွန်ကောက်ရမယ်။ ဖြစ်သင့်တာက ဒါမျိုးဖြစ်ရမှာ။ ဒါမှ မြန်မာတွေတိုးတက်မှာပေါ့။ အလုပ်ရမှာပေါ့။ အခုကြတော့ဗျာ ဘယ်လောက် စော်ကားသလဲဆိုတာကိုကြည့်ပါ။ လျှပ်စစ်တင်မကဘူး၊ ကြာလာရင် မြန်မာတွေအကုန်လုံးကို နှမ-ိုးတရုတ်ပြည်ကပတ် -ိုးတာခံရတော့မယ်။
4/2/12
သတိ....ဘဝမမေ့ပါစေနဲ့ ။
ပြည်သူကတော့ ပေးပြီးပြီ။ ခင်ဗျားတို့ က ပြည်သူကို ဘာများပြန်ကျွေးမှာလဲလို့ မေးရမဲ့အချိန်ရောက်နေပြီ။ ၉ဝ-ခုနှစ်တုန်းက တာဝန်မကျေခဲ့ပေမဲ့ ယနေ့ မှာ တာဝန်ကျေမယ်လို့ တော့ ထင်မိပါတယ်။
အဘွားကြီးရဲ့ နိုင်ငံရေးသြဇာကြောင့် အရင်တုန်းက အဆင့်မရှိခဲ့တဲ့လူတွေ အခုတော့ အဆင့်အတန်းတွေရလာပါပြီ။ မဖြစ်ခင်တုန်းကတော့ မျက်နှာကတမျိုး၊ ဖြစ်ပြီးတော့ တမျိုးဆိုရင်တော့ တံတွေးနဲ့ ဝိုင်းထွေးတာကို ခံရနိုင်ပါတယ်။
ကျနော်တို့ ဘာ့ကြောင့် ခင်ဗျားတို့ ကို မဲပေးရလဲဆိုတာကို သဘောပေါက်ပါစေ။
4/1/12
တောင်းတဲ့ဆုနဲ့ ပြည့်ဝပါလို၏
အရှင်ဘုရားတပည့်တော် ဘုန်းကျော်သည် အရမ်းမိုက်ရိုင်းတာကို ခဏဘေးဖယ်ထားပြီး အန်အယ်ဒီနိုင်ပါစေဆိုတဲ့ ဆု တစ်ခုကိုတော့ ပေးတော်မှုပါဘုရား
အားပေးလှည့်ပါ
သင်္ကြန်ကို ဘူးသီးကျော်နဲ့ ပတ်ချင်သလား
နန်းကြီးသုတ်စားပြီး သင်္ကြန်မှာ ဥပုဒ်စောင့်ချင်သလား
အကြော်စုံထဲမှာ နိုင်ငံရေးကိုပါထည့်ကြော်ချင်သလား
ဟစ်ဟော့သီးချင်နဲ့ အပျိုမလေးတွေ က နေတာကို ငန်းချင်သလား
အကုန်ရစေရမယ်
ှဒါတင်မကသေးဘူး လန်းစေဖို့ အတွက်
သင်္ကြန်ရေနဲ့ လည်း ဖြန်းပေးအုံးမဲ့ လူ့ ဘောင်သစ်လူငယ်ရဲ့ ဈေးရောင်းပွဲကို အားပေးလှည့်ပါ။
3/31/12
My minister, Myint Hlaing
U Myint Hlaing in 2007 (အဝိုင်းပြထားတဲ့လူမဟုတ်ပါ)
 “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်၊ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီးလုပ်တာ”
“ဘဏ္ဍာငွေ မရှိရင် ကျနော်လည်း အလုပ်သက်တာတယ်၊ ၀န်ထမ်းတွေလည်းပဲ အလုပ်သက်သာတယ်။ နေရာတကာမှာ နဂ္ဂတစ် ဆိုက်က လုပ်နေလို့မရဘူး”
"ဖြတ်သင့်လို့ ဖြတ်တာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ် နာခံပါ့မယ်။ ကိုယ်စားလှယ်တော်ကြီးတွေကိုလည်း လေးစားပါတယ်။ ကျနော် လခလည်း မယူပါဘူး၊ လယ်ထဲ ထည့်သုံးမှာပါ။ ကျနော့်ရဲ့ဆွေစဉ်မျိုးဆက် လစာတွေလည်းပဲ လယ်ယာမြေထဲပဲ အသုံးပြုမှာပါ”
“ ရှေးခေတ်က ဘုရားကျွန်အဖြစ် ခံယူခဲ့တဲ့သူ ရှိသလိုပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း လယ်ကျွန်အဖြစ် ခံယူပါ့မယ်”
"လွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်တခုလုံးကိုလည်းပဲ ဘုန်းကြီးရူးနဲ့ လှေလူးလို့ ပြောဆိုသေးတယ်”
ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ တော်ကီတွေကို သဘောကြတယ်။ ဝန်ကြီးဆိုတာ ဒါမျိုးပြောရဲဆိုရဲ ဖြစ်ရမယ်။
မိုင်းနားက ဆိတ် တစ်အုပ်။
မိုင်းနားက ဆိတ် တစ်အုပ်။ Kangaroo၊ ဖွတ် ၊ သစ်ကုလားအုပ်၊ ငှက်ကြီးများ နှင့် နွားတွေလည်း ရှိတယ်။ ဘယ်သူမှ ပစ်ပြီးမစားကြပါဘူး။ အလှကြည့်တာပါ။ စားချင်ရင် အချိန်မရွေးပစ်စားလို့ ရပါတယ်။ ပုံပါဆိတ်သားတွေက စားလို့ မကောင်းပါ။
Type your summary here. Type the rest of your post here.
တပ်ထဲက အခြေအနေ
ကျနော့်အဖေရဲ့ တပ်ထဲမှာ စစ်သည်အင်အား ကိုးရာနီးပါးလောက် ရှိမယ်ထင်တယ်။ ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက တပ်မှုးလုပ်တယ်။ ဒု-ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက ဒု-ရင်းမှုးလုပ်တယ်။
ကျနော့်ဆရာမရဲ့ အဖေက ဒု-ရင်းမှုး။ နောက်ဆရာမတစ်ယောက်ရဲ့ ယောက်ျားက တပ်ခွဲမှုးအဆင့်ရှိဗိုလ်မှုး။ ရန်ကုန်တိုင်း အခြေစိုက်တပ်ရင်းတစ်ခုပါ။ သူတို့ ကို ခေါ်တာက အထိုင်တပ် သို့ မဟုတ် ပညာသည် တပ်ရင်းလို့ ခေါ်တယ်။
မြန်မာပြည်မှာ အကြီးဆုံး ပင်ခခဲယမ်းမီးကျောက်တပ်ဖြစ်တော့ တပ်ဖွဲ့ စည်းပုံကလည်း သူများတပ်တွေနဲ့ မတူပဲ အင်အားအတော်ပြည့်တဲ့ပုံပါပဲ။
ကျနော်တို့ တပ်ဘေးက ဆေးတပ်၊ ပင်ယာဉ်သိုလှောင်ရေးတပ်၊ ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်၊ ဂျီအီးတပ်တွေလို ကျနော်တို့ တပ်က မချမ်းသာပါဘူး။ ဒါနဲ့ ပက်သက်ပြီး ကျနော်တို့ ကို အမေ့က ပြောတယ်။ အမေက ဘာပြောလဲဆိုတော့ နင့်အဖေတပ်က ခဲယမ်းကို မီးဖုတ်ပြီး စားလို့ မှ မရတာလို့ ပြောတယ်။ သူများတွေက ချမ်းသာမှာပေါ့တဲ့။ ဟုတ်သားပဲ....ကျည်ဆံတွေကိုရောင်းစားလို့ မှ မရတာ။ မင်္ဂလာဒုံဈေးထဲမှာ တပ်ထဲက ဆန်ဆီဆားနဲ့ ယူနီဖောင်းအဟောင်းတွေကိုတော့ ရောင်းစားတာတွေ့ တယ်။ လက်ပစ်ဗုံးတွေ၊ ကျည်ဆံတွေကိုတော့ မတွေ့ မိပါဘူး။ ဒါ့ကြောင့် ကျနော်တို့ မွဲတာလို့ အမေက ခဏခဏပြောတယ်။ ပြီးတော့ နင့်အဖေ က ဟိုအရည်တွေပဲသောက်နေတာဆိုတော့ နင်တို့ ဒီလိုပဲနေပေါ့လို့ ဆိုပြီး ဆေးလိပ်တိုကို ဆောင့်ဆောင့်ထိုင်ဖွားပြီး ခဏခဏပြောတယ်။
တပ်ထဲမှာ ဘယ်သူမှ မထောပါဘူး။ သမဆိုင် နဲ့  ရိက္ခာဂိုထောင် ကိုင်တဲ့လူကတော့ နဲနဲပါးပါးထောတယ်။ သူတို့ လည်း ပါးစပ်စိုယုံပါပဲ။
ဆိုတော့ ကျနော်တို့ ရဲ့ အခြေအနေကို သိလောက်ပြီပေါ့။ ဆရာမရဲ့ အဖေ ဒု-ရင်းမှုးဖြစ်တဲ့ ဒု-ဗိုလ်မှုးကြီး အိမ်ကိုသွားကြည့်တော့လည်း အိမ်ထဲမှာ ထည်ထည်ဝါဝါမရှိပါဘူး။ သူ့ ရဲ့ ဂျစ်ကားအစုတ်ကလည်း မီးခိုးတွေအူနေပြီ။ ဒါကို တပ်ကပေးထားတာ။ တပ်မှုးဆိုတော့။ သူ့ ဆီမှာ ခလေးကလည်း များတယ်။ မြေးတွေလည်း တစ်ပုံကြီး။ သူ့ လစာနဲ့ ဘယ်လို စားမလဲဆိုတာ စဉ်းစားကြည့်။ သမီးတွေအကုန်လုံးက ဆရာမဆိုတော့ သူတို့ လစာလေးနဲ့ သူတို့ အဖေကို ထောက်ပံ့ပေးထားတယ်ထင်တယ်။ ဒု-ဗိုလ်မှုးကြီးရုပ်ကလည်း အရက်သမားရုပ်ပေါက်နေပြီ။ အသက်ကလည်း ကြီးနေပြီဆိုတော့ သူ့ ခဗျာ ရာထူးတိုးဖို့ မရှိတော့ဘူး။ ဒီရာထူးနဲ့ ပဲ သူ တပ်ကထွက်ပါတော့တယ်။ တပ်ကထွက်တော့ ရွှေပေါက်ကံမှာ ခြံတစ်ကွက်ရတယ်လို့ ကြားတယ်။ ဒီအဘိုးကြီးက အရမ်းသဘောကောင်းတယ်။ ရဲဘော်တွေအပေါ်အတ်ာညှာတယ်လို့ နာမည်ကြီးတယ်။
စစ်သားတွေရဲ့ သက်သာချောင်ချိရေးကို တပ်မှုးဖြစ်တဲ့လူက စီမံခန့် ခွဲပေးတယ်။ တပ်ဘေးမှာ လယ်ကွက်တွေကို စစ်သားတွေထွန်တယ်။ ရလာတဲ့ စပါးကို တပ်ထဲက ရဲဘော်တွေအတွက် ပြန်ဝေပေးတယ်။ ငါးကန်ရှိတယ်။ ကျက်ခြံရှိတယ်။ အသီးအရွက်စိုက်ခင်းတွေရှိတယ်။ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်။ ရလာတဲ့ အမြတ်တွေကို တပ်တွင်းမိသားစု ဖူလုံရေးအတွက် ဝေငှပေးတယ်။ ဒီလိုမှမလုပ်ရင် ငတ်ပြီပဲသာမှတ်။ ဒါတောင်မလောက်ချင်ဘူး။ ဒါ့ကြောင့် မိန်းမတွေ ခလေးတွေ အကုန်နီးပါး အလုပ်ထွက်လုပ်ရတယ်။
အရာရှိတိုင်း မချမ်းသာပါဘူး။ သူတို့ အမျိုးတွေ ချမ်သာလည်း သူတို့ က သိတဲ့အတိုင်းပဲ။ မွဲတာက မွဲတာပဲ။ ဆရာမရဲ့ ယောက်ျားတပ်ခွဲမှုးဖြစ်သူ ၊ ဗိုလ်မှုးလည်း လစာနဲ့ ရိက္ခာကိုပဲ မှီခိုအားထားနေရတော့ သူလည်း လုံးလည်ချာလည်ပဲ။ မိန်းမက ဆရာမဆိုတော့ ဝင်ငွေနဲနဲရှိသေးတယ်။ သူတို့ အိမ်မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပစ္စည်းမတွေ့ ရဘူး။ တပ်ကပေးတဲ့လိုင်းခန်းမှာ တီဗွီအစုတ်ကြီးတစ်လုံးနဲ့ ဇိမ်ယူရတဲ့ဘဝ။ ကိုယ်ပိုင်ကားမရှိ။ ဆိုင်ကယ်မရှိ။ အရာရှိတွေသုံးဖို့ ပေးထားတဲ့ တပ်ပိုင် စစ်ကားအစုတ်လေးတော့ သူ့ မှာ ရှိတယ်။
နောက်တစ်ယောက်က လုံခြုံရေးဖြစ်သူ ဗိုလ်ကြီး။ ခြေထောက်က မိုင်းထိထားလို့ ထော့နဲ့ ထော့နဲ့ ။ တပ်တွင်းလုံခြုံရေးကို သူက အဓိကတာဝန်ယူရတယ်။ ဆိုတော့ သူမှာ ဘာကြားပေါက်မှမရှိဘူး။ ခလေးနှစ်ယောက်နဲ့ မိန်းမဖြစ်သူကလည်း ဟိုပေါင်ရ ဒီချေးရနဲ့ ။ တပ်ကပေးတဲ့ ရိက္ခာတောင် ကြိုတင်ပြီးပေါင်ထားရတဲ့အထိ ဆင်းရဲလှပါတယ်။
အရာရှိတွေတောင် ဒီလိုဘဝဖြစ်နေရင် အောက်ခြေအဆင့် ရဲဘော်တွေရဲ့ ဘဝကတော့ တွေးကြည့်ယုံနဲ့ သိနိုင်တယ်။
သူတို့ က ဒီလိုဘဝဖြစ်နေပေမဲ့ အခြားတပ်က လူတွေက အတော်ထောတယ်။ ဆေးတပ် နဲ့  ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်က လူတွေဆိုရင် အတော်ချမ်းသာတယ်။ တပ်ကြပ်ကြီးအဆင့်ရှိတဲ့လူတောင် ကိုယ်ပိုင်ကားရှိတဲ့အထိမြင်ဘူးတယ်။ အားလုံးတော့မဟုတ်ပါဘူး။ ဆိုတော့ အရာရှိတွေကတော့ မပြောနဲ့ တော့။ အသားကုန်ချမ်းသာတယ်လို့ ပြောလို့ ရမယ်ထင်တယ်။
ဒီလို ကွာခြားနေတဲ့ အခြေအနေတွေကို တပ်ထဲက လူတိုင်းသတိထားမိတယ်။ သိတယ်။ ဒါပေမဲ့ ဒီလိုနေရာကောင်းကောင်းရဖို့ ဆိုတာ ငွေရှိရင်ရှိ မရှိဘူးဆိုရင် လူကြီးနဲ့ နီးစပ်ရမယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ကျနော်တို့ ပင်မခဲယမ်းမီးကျောက်တပ်က လူတွေမွဲတာဖြစ်မယ်။ ဘယ်သူမှ ဘာမှ မရှိတော့ ကျည်ဆံပုံပေါ်မှာထိုင်ပြီး ငတ်နေရရှာတယ်။ တစ်ခါတလေ ကံမကောင်းရင် ဗုံးတွေက ထပေါက်သေးတယ်။ သေတဲ့လူတွေ လက်ပြတ်တဲ့လူတွေလည်းမနဲတော့ဘူး။ ဒါလည်း အမိန့် ဆိုတော့ တပ်ထဲမှာ လုပ်ရတာပဲ။
ခြေလျှင်တပ်က စစ်သားတွေက ကျနော်တို့ ထက်ပိုဆိုးတယ်။ လူတွေရုပ်ကလည်း စုတ်ပြတ်သတ်နေတာပဲ။ ပညာကလည်းမဲ့။ ဂွင်ကလည်းမရှိတော့ အတော်လေးကို ဆင်းရဲလှပါတယ်။ သူတို့တွေ ကျနော်တို့ တပ်မှာ ခဲယမ်းမီးကျောက်လာထုတ်ပြီးဆိုရင် အမြန်လိုချင်ရင် ဂိုထောင်မှုးတွေကို လာဘ်ထိုးရတယ်။ မထိုးရင် တပ်ရှေ့ မှာ သုံးလေးရက် အိပ်ပေတော့ပဲ။ ဒီဂွင်ကလည်း တစ်လမှာတစ်ခါတောင်မရပါဘူး။ စစ်သားအားလုံးက ငမွဲဆိုတော့ ဘယ်မှာလဲ ငွေ။ ပေးစရာကို မရှိကြဘူး။
တစ်ခါတလေ ကျနော်တွေးမိတယ်။ ရှေ့ တန်းမှာ လူသတ်ဓားပြတိုက်နေတဲ့ ရဲဘော်တွေရှိတယ်။ ရွာတွေကို မီးရှို့ တဲ့ရဲဘောတွေရှိတယ်လို့ ကြားဘူးတယ်။ အပြင်မှာ ကျနော်တော့ တစ်ခါမှမတွေ့ မိပါဘူး။ ရှေ့ တန်းမှာ ရန်သူနဲ့ တိုက်ကြတော့ဆိုတော့ အနဲအများတော့ရှိမှာပဲ။ သူပုန်လည်း ဖြစ်တာပဲ။
တပ်နဲ့ ပက်သတ်ပြီး စိတ်မကောင်းဖြစ်မိတဲ့ စကားတစ်ခုရှိတယ်။ စစ်ခွေးသားက စစ်ခွေးစကားပြောတယ်ဆိုပြီး ကျနော့်ကို ကျပ်မပြည့်တဲ့နိုင်ငံရေးသမားတချို့ က မှတ်ချက်ပေးတာကိုတွေ့ ဘူးတယ်။
ကျနော့်အဖေဟာ ဘယ်သူ့ ကိုမှ မသတ်ခဲ့ဘူး။ မုဒိမ်းမကျင့်ခဲ့ဘူး။ မခိုးခဲ့ဘူး။ ဘာ့ကြောင့်များ ကျနော့်ကို ဒီလိုစကားပြောလဲမသိဘူး။
တစ်ခါမှ စစ်သားဆိုတဲ့လူနဲ့ စကားမပြောဘူးတဲ့လူတွေက စစ်တပ်မကောင်းကြောင်း ပြောတာကိုတော့ အတော်အံ့သြမိတယ်။ ကျနော်ဟာ စစ်တပ်ထဲမှာ မမွေးခင်ကတည်းက နေလာခဲ့တဲ့လူတစ်ဦးပါ။ သူများတွေဟာ တပ်ထဲရောက်မှ ပဲစားတာပါ။ ကျနော်က အမေ့ဗိုက်ထဲမှာ နေတုန်းကတည်းက ကုလားပဲစားလာတဲ့လူတစ်ယောက်ပါ။ တပ်ထဲကအကြောင်းကို ကျနော်ကောင်းကောင်းသိပါတယ်။
၈၈ နဲ့  ၂ဝဝ၇-တုန်းက ပြည်သူနဲ့ သံဃာကို သတ်ခဲ့လူတွေဟာ ခြေလျှင်တပ်က စစ်သားတွေပါ။ သူတို့ က အမိန့် ပေးရင် ဘယ်သူမဆိုသတ်ဖို့ ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။ စစ်သားတွေကိုခွဲခြားကြည့်ဖို့ တော့လိုပါတယ်။
နောက်ပြီး တပ်ထဲက တပ်မှုးတွေနဲ့ ရဲဘော်တွေ အရမ်းဆင်းရဲနေချိန်မှာ တစ်ချို့ သော ဗိုလ်ချူပ်တွေနဲ့ သူတို့ အပေါင်းအပါတွေ ချမ်းသာနေတာက အင်မတန်ရုပ်ဆိုးပါတယ်။ ဝန်ကြီးတွေဆိုရင် အရမ်းချမ်းသာပါတယ်။ ဒီလိုဖြစ်နေတာဟာ တပ်ထဲက ရဲဘော်တွေကို အတော်စော်ကားရာရောက်တယ်။ အထက်က ငတ်ပြတ်နေတဲ့ စစ်အရာရှိကြီးတွေဟာ ဒီကိစ္စကို မသိဘူး မထင်ကြပါနဲ့ ။ နိုင်ငံရေးသမားတွေထက်တောင် ပိုသိပါတယ်။ သူတို့ အချင်းအချင်းကြားထဲမှာ ကွာဟမှု ဘယ်လောက်ကြီးလဲဆိုတာကို သူတို့ ပဲ သိပါတယ်။
ဦးသိန်းစိန်မိန့် ခွန်းထဲမှာ ပြောတဲ့ တိုင်းရင်းသားလူငယ်လေးတွေကို လက်တော့ကိုင်လို့ ရအောင်လုပ်ပေးမယ်လို့ ပြောတော့ ကျနော်ရီနေမိတယ်။ သူတို့ တော့မသိဘူး ။ ကျနော့်သူငယ်ချင်းစစ်ဗိုလ်တစ်ယောက် ယနေ့ အထိ လက်တော့ကိုယ်ပိုင်မရှိသေးပါဘူး။ တိုင်းရင်းသားလူငယ်တွေအစား တပ်ထဲက ရဲဘော်တွေနဲ့ သားသမီးတွေကို လက်တော့မပေးပါနဲ့ ။ ဒက်စ်တော့သုံးလေးလုံးလောက် တပ်ထဲက လူတွေသုံးလို့ ရအောင် အရင်ပေးစေချင်ပါတယ်ဗျာ။ ဦးသိန်းစိန်လည်း စစ်သားပဲဆိုတော့ ကိုယ့်လူတွေကို အရင်ဦးစားပေးပေါ့။
ဆင်းရဲလှတဲ့ စစ်သားတွေဟာ အရမ်းကိုထွက်ချင်နေတယ်။ သူတို့ ကို ကြိုက်တဲ့အချိန်မှာ ထွက်ခွင့်ပေးဖို့ လိုအပ်နေပြီ။ ယနေ့ အပြောင်းအလဲကာလမှာ လစာတိုးပေးလည်း ခဏပါပဲ။ သူတို့မှ မလုပ်ချင်တဲ့ကိစ္စကို အတင်းလုပ်ခိုင်းလို့ မရပါဘူး။
တပ်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တွေ သဘောပေါက်ဖို့ လိုအပ်နေတယ်။ အပြန်အလှန်နားလည်မှု့ နဲ့ လေးစားမှု့ ကို ပြဖို့ လိုအပ်နေတယ်။
အထူးသဖြင့် ပြည်သူက စစ်တပ်ကို မုန်းတီးစိတ်ကြီးလာအောင် နိုင်ငံရေးသမားတွေအားလုံး မလုပ်မိဖို့ အတွက် ရည်ရွယ်ရင်း ဒီစာကိုအဆုံးသတ်ချင်ပါတယ်။
မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပါစေ။
3/29/12
THE LADY AND THE PRESIDENT – (သို့ မဟုတ်) MISSION IMPOSSIBLE
တောသားလေး မောင်လူအေး တင်ပြသည်။
မင်္ဂလာပါ ပုရိဿတ်တို့ 
ဒီအပါတ် ကျနော်တင်ပြတဲ့ အကြောင်းအရာနဲ့  ပါတ်သတ်တဲ့ ခေါင်းစဉ်ကို မြန်မာမှု မပြုတော့ပဲ အင်္ဂလိပ်ဘာသာဖြင့်သာ တင်ပြလိုက်ပါတယ်။ ကျနော် အမောင်တောသား အင်္ဂလိပ်စာ ဒီပလိုမာ ရထားလို့  တော့ မဟုတ်ပါဘူး။ တလောလေးအတွင်း ဘန်ကောက်မြို့မှာ “THE LADY” ဆိုတဲ့ ရုပ်ရှင်ဇတ်ကား ရုံတင်လာတော့ အဲ့ဒီဇာတ်ကားကို အကြောင်းပြုပြီး ခေါင်းစဉ်တပ်လိုက်ရတာပါ။ သို့ သော် -THE LADY- ဇာတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ ဇာတ်လမ်း ဆိုတာကိုလည်း လူတိုင်း သိနေပြီး ဖြစ်ကြမှာပါ။
THE LADY - ဇာတ်ကားကို မကြည့်လိုက်မိပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀ ဇာတ်လမ်း ဆိုရင်တော့ မဖြစ်မနေ ကြည့်မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ပြည့်သူခေါင်းဆောင် အစစ်အမှန်ဖြစ်လို့ ပါ။
ဗိုလ်ချုပ်သမီးဖြစ်လို့  ဗိုလ်ချုပ်လို သဘောထား မရှိနိုင်ဘူး ဆိုတာကို “အခါမနှောင်းသော်လည်း အလာမကောင်းသော မြန်မာ့ ဒီမိုကရေစီ” ဆိုတဲ့ ဆောင်းပါးမှာ “အဖေက လက်နဲ့ ရေး - သမီးက ခြေနဲ့  ဖျက် - မြန်မာ့ ဒီမိုကရေစီ ပျက်ရပြီ” ဆိုသည်ကို ကျနော် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
THE LADY - ဆိုတဲ့ ဇာတ်ကားကို မကြည့်ဖြစ်ပေမယ့် အဲ့ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ကောင် မင်းသမီး - MICHELLE YEHO - ကိုတော့ စိတ်ဝင်စားမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသမီး - YEHO - ဟာ မလေးရှားနိုင်ငံမှာ မွေးဖွားခဲ့သူ မလေးရှားနှင့် တရုပ်စပ် - တရုပ် ကပြားမလေး ဖြစ်ပါတယ်။ သို့ သော် သူမ အသက် -၁၅- နှစ် အရွယ်မှာ အမေမိဘတွေက အင်္ဂလန်ကို ပြောင်းသွားတော့ သူမဟာ အင်္ဂလန်မှာ ပညာသင်ခဲ့ရပါတယ်။ သို့ သော်လည်း ၁၉၈၃- ခုနှစ်မှာ မလေးရှားသို့  ပြန်လာခဲ့ပြီး မယ်ရွေးပွဲဝင်ခဲ့ရာမှာ မလေးရှားမယ်ဘွဲ့  ရခဲ့ပါတယ်။ သူမဟာ အာရှသူတွေထဲက ရှားရှားပါးပါး ဟောလီးဝုဒ် မင်းသမီး ဖြစ်လာခဲ့သူ တစ်ယောက်ပါ။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ အတော်များများ ရှိပေမယ့် -TOMORROW NEVER DIES- ဆိုတဲ့ ဂျိန်းစဘွန်း - JAMES BOND- ဇာတ်လမ်းထဲက သရုပ်ဆောင်ချက်ကိုတော့ သိပ်ကြိုက်ပါတယ်။ သူမဟာ -၁၉၄၈- ခုနှစ်က အစ -၂၀၁၁- ခုနှစ် အထိမှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ရိုက်ကူးတဲ့ -THE LADY- ဇာတ်လမ်းဟာ နောက်ဆုံးဖြစ်ပြီး ဇာတ်ကားပေါင်း -၃၅- ကားအထိ ရိုက်ကူး သရုပ်ဆောင်ခဲ့ပြီးဖြစ်တယ် လို့ လဲ သိရပါတယ်။ သူမဟာ -KUNG FU- ဇာတ်လမ်းတွေလည်း သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားရိုက်ရာမှာ လူစားမထိုးပဲ ဇာတ်ကြမ်း ဇာတ်ရမ်းတွေမှာ သူမရဲ့ ပင်ကိုယ်အရည်အချင်းကို ပြသတတ်ပါတယ်လို့ လဲ မှတ်တမ်းမှာ တွေ့ ရပါတယ်။ လူကိုယ်တိုင် သရုပ်ဆောင်မှု သာမက KUNG FU PANDA - ကာတွန်းဇာတ်ကား ဒုတိယပိုင်းမှာ သူမဟာ -အသံအားဖြင့် သရုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ THE LADY- ကို သရုပ်ဆောင်သူနဲ့  THE LADY အစစ်ဟာ အရည်အချင်း သိပ်မကွာလှဘူးလို့  ဆိုချင်ပါတယ်။
THE LADY- ကိစ္စနဲ့  ပါတ်သတ်လာလို့  ဇာတ်လမ်းကို သရုပ်ဆောင်ပေးခဲ့သူ -MICHELLE YEHO- အကြောင်း ထည့်ပြီး တင်ပြခြင်းဟာ နှိုင်းယှဉ်ခြင်းတော့ မဟုတ်ပါ။ သို့ သော် အမျိုးသမီး နှစ်ဦးရဲ့ ဘ၀ ဇာတ်လမ်း အစက ခပ်ဆင်ဆင်ပဲလို့  ယူဆပြီး အရည်အချင်းကလည်း မကွာလှဟု ယူဆမိလို့ ပါ။ နိုင်ငံခြားမှာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံခြားသားနဲ့ ပဲ အိမ်ထောင်ကျခဲ့ကြရ သူတွေပါ။
ယခု THE LADY - အစစ် ဒေါ်အောင်ဆန်းစုကြည်ဖက် လှည့်၍ သုံးသပ်ရသော် ယခုတလော ရုပ်မြင်သံကြား နိုင်ငံခြား သတင်းတွေမှာ နေ့ တိုင်း လိုလို ဖေါ်ပြနေကြတာတွေ့ ရပါတယ်။ မှတ်တမ်းတစ်ရပ်မှာ PHILOSOPHY, POLITICES, ECONOMICS. ဆိုတဲ့ ဘာသာရပ်တွေနဲ့  ဘွဲ့ ယူခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးသမား တစ်ဦး အတွက် အခြေခံအားဖြင့် မသင်မနေရ ဘာသာရပ်တွေပါပဲ။
သို့ သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေက အံ့သြောစရာတွေ ဖြစ်နေပါတယ်။
ပထမအချက်ကတော့ နအဖ - စစ်အုပ်စုက ရေးဆွဲထားတဲ့ ဒီမိုကရေစီ စနစ်နဲ့  မကိုက်ညီတဲ့ ဖွဲ့  စည်းပုံ အခြေခံဥပဒေကို လက်ခံခြင်း ဖြစ်ပါတယ်။
ဘယ်လို မကိုက်ညီဘူး ဆိုတာကတော့ ရှင်းလင်းလှပါတယ်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖတ်ဖူးသူတိုင်း သိပါတယ်။
ဒီမိုကရေစီ စနစ်ကို လိုချင်ကြသော ပြည်သူလူထု၏ ထောက်ခံမှုဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ထင်ရှား လာရသူ တစ်ဦးဟာ ပြည်သူ့ ဆန္ဒနှင့် မကိုက်ညီသော လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်းဟာ သဘာဝ မကျဘူး ဆိုတာပါပဲ။
ပြည်သူလူထုက စစ်မှန်သော ဒီမိုကရေစီကို ရလိုကြောင်း တစာစာအော်ရင်း ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနောက်က သေချင်သေ မရမနေ ရယူမယ် ဆိုတဲ့ဇွဲနဲ့  - ယုံကြည်ချက် အပြည့်နဲ့  တကောက်ကောက် လိုက်ခဲ့ကြပါတယ်။ ရလာဒ် အဖြစ်ကတော့ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးကပါ သိကြပြီး ဖြစ်တဲ့ ဒီပဲယင်း အရေးအခင်းဟာ သွေးခင်းသော သစ္စာလမ်း မဟုတ်ပါလား။
မည်သို့ ပင်ဖြစ်စေ ယနေ့ မြန်မာ့ အရေးအခင်းရဲ့ သဘာဝ မကျသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ကျနော် တင်ပြနေသော်လည်း ယခု လတ်တလော အခြေအနေမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ထောက်ခံနေကြတာကို တွေ့ နေရပါတယ်။
တစ်ချိန်က - မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီ နဲ့  မတန်သေးပါဘူး - ဟု ဝေဖန်သူတွေ ရှိခဲ့တာကို သတိရမိပါတယ် - ထိုစဉ်က ထိုကဲ့သို့  ဝေဖန်သူတွေကို ကျနော် မကျေနပ်ခဲ့ပါဘူး။ သို့ သော် ယခု လက်ရှိ တွေ့ နေရတာက သွေးထွက်အောင် မှန်နေပါပြီ။ ဘာ့ကြောင့်လဲ - ရွေးကောက်ပွဲ လုပ်ပေးတာ ကို ဒီမိုကရေစီလို့  မြန်မာနိုင်ငံသားတွေသာမက ၎င်းတို့ ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပါ ယုံကြည်ထားကြပုံ တွေ့ ရ၍ ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ -
- လွတ်လပ်စွာ ပြောဆိုခွင့်၊
- လွတ်လပ်စွာ စည်းရုံးခွင့်၊
- လွတ်လပ်စွာ ရေးသားခွင့်၊
- တူညီသော အခွင့်အရေးတွေ ရရှိရမှာ ဖြစ်ပါတယ်။
သို့ သော် အခု လက်ရှိ အခြေအနေက ဒီလို မဟုတ်ဘူး ဆိုတာ အားလုံး သိကြ မြင်ကြတဲ့ အတိုင်းပဲ၊ ကျနော် ပုံကြီးချဲ့ တင်ပြနေစရာ မလိုတော့ပါ။ စစ်အုပ်စုက ဒီမိုကရေစီပါလို့  ပြောတိုင်း NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်က ယောယောင်ပြီး လက်ခံနေတာကိုတော့ မယုံကြည်နိုင်စရာ အချက်တရပ်ဖြစ်ပါတယ်။
ထို့ ကြောင့်လည်း NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ဆန်းစစ်စရာ လိုလာပါတယ်။ ဒီမိုကရေစီ အတု အယောင်ဆိုတာကို သိရက်သားနဲ့  ပြည်သူလူထုကိုပါ ထင်ယောင်ထင်မှား ဖြစ်အောင် ဦးဆောင်နေခြင်းဟာ - ရာဇ၀တ်မှု ဆိုင်ရာ ဘာသာရပ် စကားနဲ့  ပြောရလျှင် - အလိုတူ အလိုပါတွေ - ဒါမှ မဟုတ် သူခိုး လက်ခံတွေလို့  ဆိုပါတယ်။
နိုင်ငံရေး ဘာသာရပ်စကားနဲ့  ပြောရရင်တော့ - အကျိုးတူ ပူးပေါင်းမှုလို့  - ဆိုကြပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ လက်ရှိ အဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ - ပြည်သူလူထု ပူးပေါင်းပါဝင်သော - ပြည်သူ့ ကိုယ်စားလှယ်များဖြင့် - ပြည်သူ့ အကျိုး အတွက် - ဟု ရေးဆွဲထားသော ဥပဒေ တစ်ရပ် မဟုတ်ဟု နိုင်ငံရေး အုပ်စုတိုင်းက သဘောပေါက် နားလည်ပြီး ကန့် ကွက်တဲ့ အသံတွေ နားထဲမှာ မငြိမ်းသေးမီ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် တို့ က လက်ခံ ပူးပေါင်း ဆောင်ရွက်လိုက်ကြ လို့  ပါပဲ။
အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်လိုက်ခြင်းဟာ ပြည်သူလူထု အကျိုးအတွက်လား NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက်လား ဆိုတာကတော့ သမ္မတကြီး ဦးသိန်းစိန် ပြောလိုက်တဲ့ စကားကို ကောက်ချက်ချခြင်းအားဖြင့် သိသာ ထင်ရှားလှပါတယ်။
“ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပါလီမန်က သဘောတူလျှင် ၀န်ကြီးရာထူး ပေးမည်တဲ့”
NLD - ဥက္ကဋ္ဌ တစ်ဦး အနေနဲ့ ရော လူထု ခေါင်းဆောင်ဆိုတဲ့ ၀ိသေသထူးအရရော ရပ်ကွက်ဒေသတွေ အတွင်း လူထုထောက်ခံမှုကိုရော ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အရွေးခံရဖို့  များပါတယ်။ NLD - က ဘယ်နှစ်ယောက်ပဲ အရွေးခံရ ခံရ အမတ်ဦးရေ အနည်းအများက အကြောင်း မဟုတ်ပါဘူး။ ဦးသိန်းစိန်က လက်မထောင်ပြလျှင် ၀န်ကြီး တစ်နေရာ ရလာတော့မှာ သေချာနေပါတယ်။ အဲ့ဒီတော့ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုဟာ ပြည်သူလူထု အတွက်လား ၎င်းတို့ ကိုယ်ကျိုး အတွက်လား ဆိုတာ ဗေဒင် မေးနေစရာ မလိုပဲ အထင်အရှား သိမြင်နိုင်ပါတယ်။ ဒီအချက်ဟာလည်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ဦးချင်း တံခါးပိတ်ဆွေးနွေးမှုရဲ့ ရလာဒ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုကြီးကို ကျနော် တင်ပြနေခြင်းဟာ ကျနော်တို့  မြန်မာနိုင်ငံသားတွေ အတုအယောင် ဒီမိုကရေစီ သံသရာဝဲထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့  NLD - ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည့်စားမှုတွေကို တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မမှားကြစေလို၍ ဖြစ်ပါတယ်။ နမူနာ အဖြစ် တင်ပြရလျှင် ဒီမိုကရေစီ စနစ်ရဲ့ တည်တန့်  ခိုင်မြဲမှုမှာ နိုင်ငံရေးသမား ဆိုသူတွေဟာ *TRANSPARENCY* ဆိုတဲ့ သံသယ ရှိစရာ မလိုသော - ထင်ရှား သိသာသော အမူအကျင့် ရှိဖို့ လိုပါတယ်။ ဆိုလိုတာက သမ္မတ ဦးသိန်းစိန်နဲ့  NLD - ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ကိုယ်တူ တံခါးပိတ် ဆွေးနွေးချက်တွေဟာ ပြည်သူလူထု သိရှိဖို့ လိုတယ် ဆိုတာပါ။
ဘာ့ကြောင့်လဲ သူတို့  နှစ်ဦးဟာ လူဦးရေ သန်း -၅၀ ကျော်ရဲ့ အနာဂါတ်တွေကို ပုလင်းထဲ ထည့်ပြီး ကိုင်ထားကြသူတွေမို့  ပြည်သူလူထုဟာ ဒီမိုကရေစီ စနစ်အရ သိပိုင်ခွင့် ရှိပါတယ်။ ဒီကိစ္စဟာ စစ်ရေး စစ်ရာလို လျှို့ ဝှက်ချက် မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန်ဟာ သမ္မတ ဖြစ်ပေမယ့် စစ်အုပ်စု ကိုယ်စားလှယ်မို့  မပြောချင်လည်း နေပါစေ - လူထုခေါင်းဆောင်လို့  နာမ၀ိသေသန တပ်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်သူလူထုကို ပွင့်ပွင့် လင်းလင်း တင်ပြဖို့ လိုပါတယ်။ - TRANSLUCENT- လို့  ပြောကြတဲ့ မှုံဝါးဝါးတော့ မဖြစ်သင့်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုရဲ့ ဦးစီး အဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့ စကား တစ်ရပ်မှာ --
ကျမတို့ ပါတီရဲ့ အနာဂါတ်အတွက် ကျမတို့  လုပ်နေတဲ့ ကိစ္စ မဟုတ်ပါဘူး - ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုထဲရဲ့ အနာဂါတ် အတွက် ကျမတို့  လုပ်နေတာ မဟုတ်ပါဘူး၊ ကျမတို့ နိုင်ငံရဲ့ အနာဂါတ် အတွက် ကျမတို့  လုပ်နေတယ် ဆိုတာကိုတော့ အဲ့ဒါကို တော့ စွဲစွဲ မြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။
ဒီစကားချပ်ဟာ မြန်မာဘာသာ စကားကို မြန်မာလို ပြန်ရဦးမယ့် စကား ဖြစ်နေပါတယ်။ အကြောင်းကတော့ - မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ စစ်မှန်သော ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်တဲ့ အစိုးရ ရှိဖို့  လိုအပ်ပြီး စစ်မှန်သော ဒီမိုကရေစီ စနစ် သည်သာလျှင် ကြီးပွားတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ သို့ မှသာ ပြည်သူလူထု လူနေမှု အဆင့် မြင့်တက်လာပြီး ကမ္ဘာ့  အသိုင်းအ၀ိုင်းမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းက လွတ်မြောက်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့  ဖြစ်မြောက် အောင်မြင်လာရေးအတွက် ကျစ်လစ် ခိုင်မာပြီး ပြည်သူလူထုဘက်မှာ အမြဲတန်းရပ်တည် သွားရမယ့် နိုင်ငံရေးပါတီ တစ်ရပ် ရှိဖို့ လိုပါတယ်။
ထို့ ကြောင့် နိုင်ငံရေး ပါတီတိုင်းဟာ ပါတီရဲ့ အနာဂါတ် အတွက် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အနာဂါတ် လုပ်ငန်းဆိုတာ စစ်မှန်သော ဒီမိုကရေစီ စနစ် ဆက်လက် တည်တန့် သွားဖို့  အတွက် ပြည်သူလူထုကို ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ပြည်သူလူထု အရေးသည် ပါတီရဲ့ နိုင်ငံရေး ဖြစ်သလို ပြည်သူလူထုသည် ပါတီဝင်များ ဖြစ်လာရမှာ ဖြစ်ပါတယ်။ ပါတီဝင် ပြည်သူလူထု များလေလေ နိုင်ငံရဲ့ အနာဂါတ် လုပ်ငန်းတွေ အောင်မြင်ဖို့  အင်အား ကောင်းလေ ဖြစ်ပါတယ်။ ထို့ ကြောင့် ပါတီရဲ့ အနာဂါတ်နဲ့  နိုင်ငံရဲ့ အနာဂါတ်ဟာ တစ်ထပ်တည်း ဖြစ်နေရမည် ဖြစ်ပြီး ပြည်သူနှင့် ပါတီလည်း တလုံးတစည်းထည်း ဖြစ်နေရပါမယ်။ သို့ သော် နိုင်ငံရေးပါတီဝင် တစ်ဦးသည် ပါတီနိုင်ငံရေး အကြောင်းပြပြီး မိမိကိုယ်ကျိုးအတွက်သာ မဆောင်ရွက်ဖို့  လိုပါတယ်။ ဒါကတော့ ကျနော့ အမြင်ပါ။
သို့ သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကတော့ တစ်မျိုးကြီး ဖြစ်နေပါတယ်။ ပညာရှိစကားကို တောသား နားမလည်ဘူးလို့  ဆိုရလေမလားပဲ။ ဒါမှ မဟုတ် နိုင်ငံရဲ့ အနာဂါတ်ကို - မိကျောင်းတစ်ပိုင်း၊ ငါးမန်းတစ်ပိုင်း - စစ်အုပ်စု ဒီမိုကရေစီနဲ့  ရှေ့ဆက်သွားဖို့  ဆိုလိုတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တနည်းအားဖြင့် ယခု လက်ရှိ အခြေအနေသည် “ဒီမိုကရေစီ” ဖြစ်နေပါပြီလို့  ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ချက် ချလိုက်ပုံရပါတယ်။ ဒါကလည်း သမ္မတ ဦးသိန်းစိန်တို့  အုပ်စုက NLD - ကို ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲ ၀င်ခွင့် ပြုလိုက်လို့ လဲ ဒီအချိုးမျိုး ပြောပုံရပါတယ်။
ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ပြုလုပ်ပေးတာကို ဒီိမိုကရေစီ ဖြစ်ပြီလို့  လက်ခံထားသူ ဖြစ်ဟန်တူကြောင်း ကျနော် တင်ပြခဲ့ပြီးပါပြီ။
NLD - ပါတီဝင်တွေနဲ့  ထောက်ခံသူတွေက ကျနော်ဒီလို တင်ပြတာကို ၀ိုင်းဆဲကြမှာ သေချာပါတယ်။ သည်းခံကြပါခင်ဗျား - ဒေါ်အောင်ဆန်းစုကြည်ရယ် - ဒီမိုကရေစီရယ် - ရွေးကောက်ပွဲရယ်ဟာ နိုင်ငံတော် အနာဂါတ် ကာလကြီးပွားတိုးတက်ရေး အတွက် ကြီးမားသော အထောက်အကူတစ်ရပ် ဖြစ်ပေမယ့်လည်း - လက်ရှိ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကြီးဟာ မဟာတံတိုင်းကြီးသဖွယ် ရာသက်ပန် အတားအဆီးကြီး ဖြစ်နေမှာ ဖြစ်ပါတယ်။
ယခုလက်ရှိ အခြေအနေမှာ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ခံလိုက်ကြပြီ ဆိုတော့ ပြည်သူလူထုဟာ မိမိတို့ ဘ၀ လွတ်မြောက်ရေးအတွက် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သလို “အတ္တာဟိ အတ္တနော နာထော ကောဟိနာထော ပရောသိယာ” ဆိုတဲ့ ဟောပြောချက်ကို ပြန်လည် သတိရကြဖို့ နဲ့ - တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား နိုင်ငံတွေက ပြည်သူလူထုတွေကို နမူနာ ယူကြစေလိုပါတယ်။ NLD - နဲ့  ဒေါ်အောင်ဆန်းစုကြည် ကတော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ တံတိုင်းကြီးမှာ အုတ်ချပ် အဖြစ် ပါဝင်သွားပြီ ဆိုတော့ အားကိုးအားထား ပြုဖို့  မျှော်လင့်ဖွယ် မရှိတော့ပါဘူး။
NLD - နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  အပြောင်းအလဲကို ထောက်ပြရလျှင် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ ဆုံကြတဲ့ အချိန်က စပြီး ဖြစ်လာပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နှင့် တစ်ကွ ဒေါ်အောင်ဆန်းစုကြည်တို့ ကပါ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့  ပြုပြင် ပြောင်းလဲနေပါပြီဟု ကမ္ဘာအသိ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ ကြေငြာချက်တွေ အပေါ် တုန့် ပြန်ချက် အနေနဲ့  ဥရောပ ယူနီယံ အုပ်စုက ငွေကြေး အကူအညီ ပေးမည်ဟူသော ကတိသာမက စစ်အုပ်စု ထိပ်တန်း ပုဂ္ဂိုလ်တွေကိုပါ ပြည်ဝင်ခွင့် ဗီဇာပေးမယ်လို့  ကြေငြာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကလည်း အထူးလျော့ပေါ့သော အားဖြင့် သံတမန် ဆက်ဆံရေး အဆင့် တိုးမြှင့်ခဲ့ပါတယ်။
မည်သို့ ပင်ဖြစ်စေ - ဇန်န၀ါရီလ -၃၀- ရက်နေ့  နိုင်ငံခြား သတင်းတွေမှာ မြန်မာနိုင်ငံ အစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို -၈- နှစ် အထိ အကောက်ခွန် ကင်းလွတ်ခွင့်ပေးမယ် လို့  စက်မှု လက်မှု ဌာန ၀န်ကြီးက - WORLD ECONOMIC FORUM - အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒီသတင်းကို ဖတ်ပြီး ကျနော် အတော် တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဒီလို အတွေး အခေါ်နဲ့  စက်မှု လက်မှု ဌာန၀န်ကြီး နေရာ ပေးတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဦးနှောက်ထဲမှာ စစ်အုပ်စု အဆက်ဆက် ဦးနေ၀င်း က အစ ဦးသန်းရွှေ အထိ သူ့ ဆရာကြီးတွေ ထက် မသာဘူးဆိုတာ ထင်ရှားစေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဦးနေ၀င်း အာဏာသိမ်းခဲ့သည်မှ အစ ယနေ့ အထိ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို စစ်အာဏာရှင်များ အပိုင်စီးထားစဉ် ကာလ တစ်လျောက် မြန်မာနိုင်ငံဟာ အာရှမှာ သာမက ကမ္ဘာ့  အဆင့်မှာပါ တိုးတက်ဖွံ့ ဖြိုးမှု အနည်းဆုံး နိုင်ငံ - တနည်းအားဖြင့် အဆင်းရဲဆုံး နိုင်ငံ စာရင်းထဲ ပါသွားပါတယ်။ ဒါဟာ အုပ်ချုပ်သူ လူတန်းစားရဲ့ အရည်အချင်းကို ထင်ရှားစေခြင်း ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ သဘာဝ ပစ္စည်း အပေါဆုံး နိုင်ငံ ဖြစ်လျက် အုပ်ချုပ်သူ လူတန်းစား အသိပညာ မရှိလို့  ဖြစ်ပါတယ်။
စောဒက တက်စရာ ရှိပါတယ် - အရင်းအနှီး မရှိရင် ဖွံ့ ဖြိုးမှု ဘယ်လို လုပ်မှာလဲ - လိုအပ်တဲ့ အရင်းအနှီးနဲ့  နည်းပညာတွေကို နိုင်ငံခြားသား အရင်းရှင်တွေဆီက လက်ခံရမှာပဲလို့  ဆိုကြပါလိမ့်မယ်။ ဒီလို စောဒက မျိုး တက်လာမယ်ဆိုရင် ကျနော် လက်မခံနိုင်ပါဘူး။ အကြောင်းရင်းကတော့ လူသားတွေရဲ့ တိုးတက်ကြီးပွားမှုမှာ - လွတ်လပ်မှု၊ တရားမျှတမှု၊ တူညီသော အခွင့်အရေး ရရှိမှု၊ ဘ၀လုံခြုံမှု - အစရှိသော အချက် -၄- ချက် အပေါ်မှာ မူတည်ပါတယ်။
လူတိုင်းမှာ ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေ ရှိကြပါတယ်။ လွတ်လပ်မှု မရှိရင် ကိုယ်ပိုင်အရည်အချင်းတွေ ထုတ်ဖေါ်ခွင့် မရတော့လို့  - အပွင့်ပွင့်ရမယ့် သစ်ပင်ဟာ ပွင့်ခွင့်မရ - ပွင့်ခွင့်မရလျှင် အသီး အဖြစ်လာနိုင်တော့ သလို ဘ၀ အညွှန့် တုံးသွားပါတယ်။ ထို့ ကြောင့် ပထမ အရေးကြီးဆုံး အချက်ဟာ လွတ်လပ်မှု လို့  ဆိုရခြင်းပါ။
လွတ်လပ်မှု ရှိသော်လည်း တရားမျှတမှု မရှိလျှင် အပင် က ပွင့်လာတဲ့ အပွင့်ကို ပိုးမွှား တိရစ္ဆာန်တွေ ဖျက်ဆီးသလို အဖျက်ခံရမယ် - ကြီးနိုင်ငယ်ညှင်း - ငါးငယ်ကို ငါးကြီး စားသလို ဖြစ်သွားပါမယ်။ ထို့ ကြောင့် တရားမျှတမှုဟာ ဒုတိယ အရေးအကြီးဆုံး အချက်လို့  တင်ပြရပါတယ်။
စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး - အရေးတိုင်းမှာ ယှဉ်ပြိုင်မှု ရှိကြပါတယ်။ ထိုယှဉ်ပြိုင်မှု တွေမှာ တူညီသော အခွင့်အရေးတွေ လိုအပ်ပါတယ်။ ဥပမာ နှိုင်းယှဉ်ပြရလျှင် အပြေးပြိုင်ပွဲ တစ်ခုမှာ အားလုံးဟာ သတ်မှတ်ထားသော မျဉ်းပေါ်မှာ အစနေရာယူပြီး တာထွက်ချိန်မှာလည်း တစ်ပြိုင်ထည်း ထွက်ရသလို ပန်းတိုင်ရောက်ရန်မှာ ယှဉ်ပြိုင်သူရဲ့ အရည်အချင်းမှာ မူတည်သလိုပါပဲ။ လောကကြီးမှာ လူအများစုဟာ တူညီသော အခွင့်အရေး မရလို့  တိုးတက် ဖွံ့ ဖြိုးခွင့် မရကြရတာ ဖြစ်ပါတယ်။ ထို့ ကြောင့် တူညီသော အခွင့် အရေးဟာ တတိယ အရေးကြီးသော အချက်လို့  ဖေါ်ပြရခြင်းပါ။
အထက်ဖေါ်ပြခဲ့ပါ အချက် -၃- ချက် ရှိသော်လည်း ဘ၀ လုံခြုံရေး မရှိသော ဒေသမှာ လူ့ ဘ၀ ဆိုတာ ချောက်ကမ်းပါးမှာ ရပ်နေရသူလိုပါပဲ။ ဘ၀ဆိုတာ အမြဲတမ်း သဲထိပ်ရင်ဖို ဖြစ်နေရပြီးထာဝရ ငရဲ ကျနေသလို ဖြစ်နေမှာပါ။
ထို့ ကြောင့် ဖေါ်ပြပါ အချက် -၄- ချက် လိုအပ်ကြောင်း တင်ပြရခြင်းပါ။ ယနေ့  မြန်မာနိုင်ငံ နေရာ အနှံ့  အပြား ထို အချက် -၄- ချက် ပြည့်စုံမှု ရှိ မရှိဆိုတာ ပြည်သူတွေ အသိဆုံးပါ။
မည်သို့ သော အခွင့်အရေးတွေကို ပေးပေး နိုင်ငံခြားသား အရင်းရှင်များ အနေဖြင့် ရင်းနှီးမြုပ်နှံဖို့  ဆိုသည်မှာ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက် ချရိုးထုံးစံ မရှိပါ။ အရင်းအနှီးဆိုသည်မှာ မြုပ်ချလိုက်ပြီးလျှင် အရင်းပြန်ပေါ်လာဖို့  အချိန်ယူလုပ်ဆောင်ရပါတယ်။ အမြတ်ရဖို့ ဆိုသည်မှာလည်း စောင့်ဆိုင်းရပါတယ်။ မတော်တဆ ဖြစ်ခဲ့လျှင် ဘ၀ပျက်သွားနိုင်တယ်။ ထို့ ကြောင့် ကမ္ဘာ့ ရင်းနှီး မြုပ်နှံသူတွေကို လမ်းညွှန်ပေးနေတဲ့ ဆရာကြီးတွေ - လေ့လာရေး ဌာနကြီးတွေ ရှိပါတယ်။ ထို့ ကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ ယုံကြည် ကိုးစား အားထားရတဲ့ ဆရာကြီးတွေရဲ့ လမ်းညွှန်မှုကို လေးစား လိုက်နာကြပါတယ်။ စက်မှုလက်မှု ၀န်ကြီးဌာနက မြန်မာအစိုးရရဲ့ သဘောထားကို အလွန်အရေးပါလှတဲ့ - WORLD ECONOMIC FORUM- မှာ ပြောခဲ့ယုံတင်မက သမ္မတ ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ထိုကိစ္စကို ထပ်မံ ထုတ်ဖော် ပြောဆိုခဲ့ကြပြီး နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ခြင်း - အာမခံချက်ပေးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ စင်္ကာပူ သွားရောက်တဲ့ ခရီးစဉ်မှာ နာမည်ကြီး သတင်းစာ တစ်စောင်နဲ့  တွေ့ ဆုံ မေးမြန်းခန်းမှာ မိန့် ကြားခဲ့ခြင်း ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ နိုင်ငံခြားငွေလဲလှယ်ရေး ကိစ္စနဲ့  အစုရှယ်ယာ ဈေးတည်ထောင်ရေး ကိစ္စတွေ ဖြစ်ပါတယ်။
အမှန်ကို အမှန်အတိုင်း - အရှိကို အရှိအတိုင်း ဝေဖန်ရရင်တော့ ဆင်ခေါင်းဟာ ဘယ်လောက် ကြီးနေသော်လည်း အထဲက ဦးနှောက်ဟာ လူသားထက် ငယ်တယ်လို့  ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဦးခေါင်းပုံသဏ္ဍာန်က ကြီးမားပုံရပေမယ့် ဦးနှောက်က ဆင်ဦးနှောက်လောက်ပဲ ရှိပုံရပါတယ်။
နိုင်ငံခေါင်းဆောင်ကြီး တစ်ယောက်ကို မသမာသော စိတ်ဖြင့် ဝေဖန်ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ ငွေကြေး ပြဿနာကို ကိုယ့်ဖာသာ မဖြေရှင်းပဲ သူခိုးကို ဘဏ္ဍာစိုး ခန့် အပ်ခြင်းကို လက်မခံနိုင်လွန်းလို့  ဝေဖန်မိတာပါ။
မြန်မာနိုင်ငံ စစ်ခေါင်းဆောင်တွေနဲ့  စင်္ကာပူ အစိုးရဟာ အထူးရင်းနှီးမှု ရှိခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြပါတယ်။ ထို့ ကြောင့် ငွေကြေး ကိစ္စစီမံ ဆောင်ရွက်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ စင်္ကာပူနိုင်ငံရဲ့ အကူအညီ ရလို၍ မြန်မာနိုင်ငံသမ္မတကြီး စင်္ကာပူကို သွားခဲ့တယ်ဆိုတာ သိသာလှပါတယ်။ ဒါ့ကြောင့်လည်း သူခိုးကို ဘဏ္ဍာစိုး ခန့် တယ်လို့  ပြောတာပါ။
စင်္ကာပူအစိုးရရဲ့ ငွေကြေးဆိုင်ရာပိုင်းကို ကိုင်တွယ်လှုပ်ရှားဖို့  -TEMASEK HOLDINGS- ဆိုတဲ့ ကုမ္ပဏီ ကြီးကို ဖွင့်လှစ်ထားပါတယ်။ ၎င်းအပြင် စင်္ကာပူ အစိုးရပိုင် -GOVERNMENT CORPORATION : GIC - ဆိုတာလည်း ရှိပါတယ်။ သို့ သော် နိုင်ငံတကာ ငွေကြေးလောကမှာ အထူးသဖြင့် အာရှတစ်ခွင်မှာ ရှိတဲ့ ငွေကြေး ရင်းနှီးမြုပ်နှံမှု အမြောက်အများ အသုံးချရတဲ့ လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်ဖို့  အသင့်ရှိနေပါတယ်။ - ဘာ့ကြောင့်လည်းဆိုတော့ -TEMASEK HOLDINGS- ရဲ့လက်ထဲမှာ စင်္ကာပူဒေါ်လာ သန်းပေါင်း -၁၉၃- ဘီလီယံ သို့ မဟုတ် အမေရိကန်ဒေါ်လာ သန်းပေါင်း -၁၅၇- ဘီလီယံ ရှိနေတဲ့ အပြင် အဆင့်မြင့် အလုပ်သမား -၄၀၀- ကျော်လည်း ရှိနေပါတယ်။
၎င်း -TEMASEK HOLDINGS- ရဲ့ အဓိက လုပ်ငန်းတွေကတော့ -FINANCIAL SERVICES, TELECOMMUNICATION နှင့် MEDIA တို့ ဖြစ်ပါတယ်။ ထို့ မျှမက BANK OF CHINA STANDARD CHARTERED- အစရှိသော ထိပ်တန်း ဘဏ်ကြီးတွေမှာလည်း အစုရှယ်ယာတွေ ပါဝင်ထားပါတယ်။ ထို့ ကြောင့်လည်း -၂၀၀၄- ခုနှစ် -TEMASEK HOLDINGS- ရဲ့ အမြတ်ငွေဟာ စင်္ကာပူဒေါ်လာ -၇.၄- ဘီလီယံ သို့ မဟုတ် အမေရိကန်ဒေါ်လာ -၄.၄- ဘီလီယံ အထိ ရှိခဲ့ပါတယ်။ ဘဏ်လုပ်ငန်း ဆိုတာ ရွှေဆိုင်လိုပါပဲ - ရွှေဆိုင်မှာ ကျနော်တို့ က ရောင်းရင်လည်း အမြတ်ယူထားတယ်၊ သူ့ ဆီမှာ ၀ယ်ရင်လဲ အမြတ်ယူထားတယ်။ ဒါ့ကြောင့် ရွှေဆိုင်လုပ်ငန်းဟာ အရှုံးမရှိသလို ဘဏ်လုပ်ငန်းဟာလည်း အရှုံးမရှိပါဘူး။
လွန်ခဲ့တဲ့ -၂၀၀၆- ခုနှစ်တုန်းက ၎င်း TEMASEK ကို CEO အဖြစ် အုပ်ချုပ်ထားသူကတော့ စင်္ကာပူ ၀န်ကြီးချုပ် LEE HSIEN LOONG ရဲ့ ဇနီး MADAME HO CHING ဖြစ်ပါတယ်။ သူမ လက်ထက်မှာ ထိုင်းဝန်ကြီးချုပ် -THAKSIN SHINAWATRA- နဲ့  မိသားစုပိုင် -SHIN CORPORATION- ကုမ္ပဏီ ရှယ်ယာတွေ ၀ယ်လိုက်ပြီး ယခုအချိန်အထိ ၎င်းကုမ္ပဏီကို အပိုင်စီးထားဆဲ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် -THAKSIN- ကတော့ ၎င်း အစုရှယ်ယာတွေ ရောင်းဝယ်မှုနဲ့  ပါတ်သတ်ပြီး ပြည်သူလူထုက ဆန္ဒပြကြရာမှ နောက်ဆုံး အာဏာသိမ်းခံရတဲ့ အထိ ဖြစ်ခဲ့ရုံမက အစုရှယ်ယာ ရောင်းရတဲ့ ငွေထဲက ဘတ်ငွေ သန်းပေါင်း -၄၀၀၀၀- ကျော် အသိမ်းခံလိုက်ရပါတယ်။ ထိုဆန္ဒပြပွဲတွေ ဖြစ်နေစဉ် ကာလမှာ စင်္ကာပူဝန်ကြီးချုပ် -LEE HSIEN LOONG နှင့် MADAME HO CHING တို့ ရဲ့ ရုပ်တုများကို ဘန်ကောက်မြို့လည် လမ်းမကြီးပေါ်မှာ မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။ မည်သို့ ပင်ဖြစ်စေ ၎င်း TEMASEK ကုမ္ပဏီ CEO အဖြစ်မှ -၂၀၀၉- ခုနှစ်မှာ MADAME HO CHING နှုတ်ထွက်ခဲ့ပြီး အမေရိကန်လူမျိုး CHARLES W.GOODYEAR- ကို နေရာပေးခဲ့ပါတယ်။ အတိုချုပ်ကို ပြောရရင်တော့ - စင်္ကာပူ- တရုပ်- အမေရိကန် - ၃- နိုင်ငံဟာ -TEMASEK- ကုမ္ပဏီမှာ ပူးတွဲဆောင်ရွက်နေကြတယ် ဆိုတာပါပဲ။
WORLD ECONOMIC FORUM- အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ - အကောက်ခွန် -၈- နှစ် ကင်းလွတ်ခွင့် ပေးမယ် ဆိုတဲ့ ထုတ်ဖေါ် ပြောကြားချက် ထွက်ပေါ်ပြီးနောက်ပိုင်းမှာ - သို့ မဟုတ် - ဒေါ်အောင်ဆန်းစုကြည်က -2012- WORLD ECONOMIC FORUM- သို့ ပြောကြားတဲ့ “MYANMAR HAD THE ‘RARE AND PRECIOUS OPPORTUNITY TO REACH A GREAT TRANSFORMATION’ - ဆိုတဲ့ သမိုင်းဝင် ၀ါဓက ကြီးထွက်လာပြီးနောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံက -MAPLECROFT- ဆိုတဲ့ သုတေသနဌာနကြီးက -၈-၂-၁၂- ရက်နေ့  ထုတ်ပြန်ချက် တစ်ရပ်တွင် ဖေါ်ပြထားသည်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ဖို့  မသင့်ဆုံး နိုင်ငံလို့  ဆိုထားပါတယ်။ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပစ္စည်း ပေါကြွယ်ဝပေမယ့်လည်း ဥပဒေ စိုးမိုးရေးပိုင်း တနည်းအားဖြင့် တရားမျှတမှု အပိုင်းမှာ အလွန်အားနည်းနေသေးသောကြောင့်လို့  ဆိုထားပါတယ်။
ကမ္ဘာ့  နိုင်ငံပေါင်း -၁၉၇- နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ တရားမျှတမှု အနည်းဆုံး နိုင်ငံစာရင်းမှာ ပါဝင်ကြောင်း လေ့လာတွေ့ ရှိရသည်ဟု ဖေါ်ပြထားပါတယ်။
စီးပွားရေးနှင့် တရားမျှတမှုဆိုသည်မှာ ဒွန်တွဲနေပြီး တရားမျှတမှု မရှိသော နိုင်ငံသည် အမိုးပျက်စီးနေသော အဆောက်အဦးနှင့် တူပါတယ်။
ထို့ ကြောင့် MAPLECROFT- သုတေသန ပြုလုပ်ထားတဲ့ စီးပွားရေး မလုပ်သင့်တဲ့ နိုင်ငံတွေကတော့ -ANGOLA, ARGENTINA, INDONESIA, MALAYSIA, MYANMAR, UKRAINE နိုင်ငံတို့  ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။ နောက်ပြီးတော့ FATF - ခေါ် FINANCIAL ACTION TASK FORCE- အဖွဲ့ ကြီးကလည်း မြန်မာနိုင်ငံဟာ ငွေမဲတွေ ငွေဖြူဖြစ်အေင် ခ၀ါချတဲ့နေရာမှာ အဓိက ဌာနချုပ်ကြီး ဖြစ်နေကြောင်း ထုတ်ဖေါ်ကြေငြာထားပါတယ်။ ငွေခ၀ါချရုံတင်မက ကမ္ဘာ့  အကြမ်းဖက် ဂိုဏ်းတွေရဲ့ ငွေတွေ ရွှေ့ပြောင်းတာရော - ငွေပွားအောင် လုပ်တာရော- အမှောင်လုပ်ငန်းတွေ ဆုံစည်းရာ နေရာလို့  သတ်မှတ်ထားပါတယ်။
FATF - အဖွဲ့ ကြီးက ယခုနောက်ဆုံး -၂၀၁၂- ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ - ANGOLA, ARGENTINA, INDONESIA, MALAYSIA, MYANMAR နဲ့  UKRAINE နိုင်ငံတို့  ဖြစ်ပါတယ်။
နိုင်ငံ တစ်နိုင်ငံမှာ ဒေါ်လာသန်းရာချီပြီး၊ ထောင်ချီပြီး ရင်းနှီးမြုပ်နှံကြမယ့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ သယ်ယူပို့ ဆောင်ရေး၊ သယံဇာတ - လူသားသယံဇာတရော၊ သဘာဝ သယံဇာတ တို့ အပြင် ကမ္ဘာ့  ဇုံ အနေအထားကိုပါ လေ့လာကြရပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဇုံအရ အလွန်ကောင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆိုလိုတာက ကမ္ဘာ့  လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံနဲ့  လက်ဝဲ လက်ယာမှာ နယ်မြေ ဆက်စပ်နေသဖြင့် ရောင်းအား ၀ယ်အား အလွန်ကောင်းလှပါတယ်။ ကျနော်တို့  အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် - အပ်က အစ၊ မော်တော်ကားအထိ ထုတ်နိုင်ပေမယ့် ကမ္ဘာ့  အနောက်ဖက်ခြမ်းကို ကုန်တင်ပို့ မယ်ဆိုရင် မလက္ကာ ရေလက်ကြားက တဆင့် စင်္ကာပူက ပါတ်ပြီး ပို့ နေရသောကြောင့် ဘန်ကောက် ဆိပ်ကမ်းနဲ့  ရန်ကုန်ဆိပ်ကမ်း ခရီးလမ်း အကွာအဝေးဟာ ကုန်တင်စရိတ်ကွာခြားချက် ကွာလွန်းသည်ကို တွေ့ ရပါမယ်။
မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး လက်အောက်မှာ နှစ်ပေါင်း ၅၀- လောက် ရောက်မနေဘူးဆိုရင် အခုအခါမှာ တောင်ကိုရီးယားထက် သာနေမယ် ဆိုတာ ကျနော် ပြောရဲပါတယ်။ ကျနော်တို့  မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များ အလွန်ထိတ်လန့်  ကြောက်ရွံ့တဲ့ မဟာ ပြဿနာကြီးကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စပါပဲ။
TRANSPARENCY INTERNATIONAL အဖွဲ့ ကြီးရဲ့ ထုတ်ဖေါ်ချက် အရ ကမ္ဘာ့  CORRUPTION ခေါ် အကျင့်ပျက် လာဘ်စားမှု အများဆုံးနိုင်ငံစာရင်း အဆင့်ကို သတ်မှတ်ထားသည်မှာ အံ့အောစရာ ကောင်းလှပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း -၁၈၂- နိုင်ငံမှာ နံပါတ် -၁၈၀- မှာ ပါရှိသောကြောင့်ပါ။ ဒီလိုဆိုတော့ တစ်နိုင်ငံလုံး အကျင့်ပျက်တယ်လို့  အဓိပ္ပါယ်ရှိပါတယ်။ ဆေးပညာ စကားနဲ့  ပြောရရင်တော့ -CORRUPTION VIRUS- ရောဂါပိုး အများဆုံး နိုင်ငံလို့  ဆိုလို ပါတယ်။
မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးမှာ နိုင်ငံရေး ခေါင်းဆောင်ပိုင်းဟာ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတွေကို မက်လုံးပေးပြီး ဖိတ်ခေါ်နေရုံနဲ့  မပြီးသေးပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အရင်လုပ်ဖို့  လိုပါတယ်။ အဲ့ဒီ ပြင်ဆင်မှုတွေထဲမှာ အရေးအကြီးဆုံးက - စေတနာမှန်၊ နေရာမှန်၊ လူမှန်တွေကို ၀န်ကြီးနေရာတွေ ပေးအပ်ဖို့  လိုပါတယ်။ နေရာရပြီး အလုပ်မလုပ်တတ်ပဲ စားတာတစ်ခုထည်းကိုသာ တတ်တဲ့ လူတွေကို ဖယ်ရှားပြစ်ဖို့  အရေးကြီးပါတယ်။ ဥပမာ မြန်မာ့ငွေကြေးပြဿနာကို ဘဏ္ဍာရေးဝန်ကြီးက စီစဉ်ဖြေရှင်းဖို့ ၊ စီမံအုပ်ချုပ်ဖို့  လိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နှလုံးသား ဖြစ်တဲ့ ဘဏ္ဍာရေးကိစ္စကို အခြားနိုင်ငံ တစ်ခုကို လွှဲအပ်ပြီး စီမံခန့် ခွဲမှု ပြုမယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ပြည်သူလူထုဆင်းရဲမွဲတေမှုက လွတ်မြောက်စေဖို့  - အလုပ်လက်မဲ့ ပြဿာ ဖြေရှင်းဖို့ ၊ နိုင်ငံခြားကုမ္ပဏီတွေကို မက်လုံးပေး ခေါ်ယူနေခြင်းဟာ စစ်မှန်သော စီးပွားရေး သမားတွေမလာပဲ စီးပွားရေး အချောင်သမားတွေသာ ၀င်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို “ဖာနိုင်ငံ ဖြစ်ဖို့ ” လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။
၂၂-၃-၁၂ ရက်နေ့ က ကော့မှူးမြို့နယ်မှာ ကမ္ဘာကျော် နိုင်ငံရေးသမားကြီး တစ်ဦး ပြောသွားတာက “ကော့မှူးမြို့နယ်မှာ အလုပ်လက်မဲ့များပြီးတော့ စီးပွားရေး အခြေအနေ အတော်ဆိုးနေတာ တွေ့ ရတယ်၊ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်အားလုံး အတွက်ကို ကျမမြို့နယ် ဖြစ်တဲ့ အတွက် မြန်မာပြည်မှာ ကျမ မြို့နယ်က နေ စပြီး အဲ့ဒါတွေကို ပြုပြင်ပေးချင်တယ်၊ ကျမ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။ ဒါ့ကြောင့် ကော့မှူးမြို့က လူထု မဲပေးမှသာလျှင် မြန်မာတစ်ပြည်လုံးအတွက် အဲ့ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်” အဲ့ဒီလို ပြောဟောသွားတယ်လို့  သတင်းမှာ ရေးသားထားပါတယ်။
ဒီစကားရပ်ဟာ -PROFESSIONALISM- ကြေးစားနိုင်ငံရေး သမားတွေ ပြောနေကြ စကား ဖြစ်ပါတယ်။ မစားရ ၀ခမန်း ၊ ဖြစ်နိုင် အဖြစ်နိုင် အပထား - မိမိ မဲရဖို့ အတွက် မက်လုံးပေး ပြောသော တနည်းအားဖြင့် ပြည်သူလူထုကို လာဘ်ထိုးခြင်းသာ ဖြစ်ပါတယ်။
မည်သည့် နိုင်ငံမှာမဆို အဲ့ဒီလို ကြေးစား နိုင်ငံရေးသမားတွေကြောင့် နိုင်ငံတိုးတက်မှုတွေ ဆုတ်ယုတ်ခဲ့ကြရတာ လေ့လာတွေ့ ရှိနေရပါတယ်။ နိုင်ငံရေး သမားဆိုတာ -VOLUNTEER- ခေါ် စေတနာဝန်ထမ်း များသာ ဖြစ်သင့်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန် ဆိုသူကလည်း မြန်မာနိုင်ငံမှာ အစုရှယ်ယာ ဈေးဖွင့်ပေးမယ်လို့ ပါ ပြောသွားသည် ဟုလည်း နိုင်ငံခြား သတင်းမှာ ဖေါ်ပြထားပါတယ်။ သမ္မတကြီး ဦးသိန်းစိန် - မိုးခါးရေ သောက်မိပြီထင်ပါတယ်။
အစုရှယ်ယာဈေး - ဆိုသည်မှာ တရားဝင် လောင်းကစားပွဲ တစ်ရပ်သာဖြစ်ပြီး ငွေအားနဲသူတွေရဲ့ သင်္ချိုင်းသာ ဖြစ်တယ် ဆိုတာ သမ္မတကြီး မသိလိုက်ဘူး ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အစုရှယ်ယာ ဈေးကွက်ဖွင့်ရန် အချိန်မတန်သေးဘူးလို့  တင်ပြပါရစေ။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကတော့ - ပြောမဆုံးပေါင် တောသုံးတောင် - ဆိုသလိုပါပဲ။
THE LADY နဲ့  THE PRESIDENT တို့ ရဲ့ လှုပ်ရှားပြောဆို ဆောင်ရွက်နေပုံတွေဟာ - နိုင်ငံတကာ အမြင်မှာ ပွင့်သစ်စပန်းလေး တစ်ပွင့်လို ဖြစ်နေပေမယ့် ကျနော့ အမြင်မှာကတော့ -MISSION IMPOSSIBLE- အဆင့်သာ ရှိသေးကြောင်းတင်ပြလိုက်ရပါတယ်။ ရေးစရာ အချက်တွေ အများကြီး ကျန်သေးပေမယ့် စာရှည်လွန်းသွားသဖြင့် ဤနေရာမှာ ရပ်နားပါရစေ။
မေတ္တာစေတနာဖြင့်
တောသားလေး မောင်လူအေး
3/28/12
ကြည့်ပဲ ကြည့်...မဝေဖန်နဲ့ ။
ပျူးနေတာပဲ
Type your summary here.Type the rest of your post here.
အူကြောင်ကြားကဗျာ
ဦးစီးချုပ်မိန့် ခွန်းကို ဟစ်ဟော့သီချင်းလို
မာမာအေးအသံနဲ့ ဆိုလိုက်ချင်ရဲ့ ။
အရောင်တွေမှေး မှိန်လာလေလေ
ထုံးဖြူဖြူနဲ့ ဆွမ်းအုပ်တစ်အုပ်ကို သတိရလို့ ။
ပွဲခင်းထဲက ဆူညံသံတွေနဲ့ အတူ
တရားထိုင်ချင်တယ်။
သီတဂူဆရာတော် သြ၀ါဒနဲ့ 
လေချွန်ချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းနဲ့ 
ညအိပ်ရာဝင်ချင်တယ်။
အမှောင်တွေထဲမှာ
Black ကာလာကို ၀တ်ချင်တယ်။
ကိုမိုးသီးဇွန်လက်ကိုဆွဲပြီး
ဖက်ရှင်ပွဲမှာ လမ်းလျှောက်ချင်တယ်။
ဒေါက်တာနိုင်အောင်လို
ABSDF မြောက်ပိုင်းက ရဲဘော်တွေကို
အာဝါးပေးချင်တယ်။
ဒါပေမဲ့ဗျာ-
ဒီခေတ်က....
ဒေါက်တာချက်ကြီးနဲ့ ဒေါက်တာလွမ်းဆွေတို့ ရဲ့ ဘလော့ဂ်နဲ့ 
ကျနော်အသက်ရှင်နေတဲ့ခေတ်က
ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ နဲ့ အတူပေါ့။
တစ်ခါတလေ ကဗျာတွေဟာ
မိုးကျရွှေကိုယ်လောက်တောင် အရသာမရှိသလို
မိန်းမ ထောင်းတဲ့ ငပိထောင်းလောက်တောင် မကောင်းဘူးဗျာ။
မျက်ရည်လွယ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တွေ့ တိုင်း
အသုဘမှာ အငှားငိုဖို့ အသုံးဝင်သလိုလို
ဘ၀တွေဟာ ကချင်တိုက်ပွဲမှာ ဖင် ချ ခံရတဲ့ ကချင်မလေးလိုပဲ။
မြန်မာတွေ မြန်မာတွေ
ဂဏန်းကောင်လို ဘေးသွားသွား
Kangaroo လိုလို ခုန်ဆွခုန်ဆွနဲ့ 
လက်နှစ်ဖက်ရှိပြီး အရမ်းတိုနေတော့ အသုံးမ၀င်
ဖင်ခံ ချင်နေသလားမသိ။
ကောင်မလေးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့ဘ၀အတွက် မဟုတ်ပါဘူးကွာ။
မင်းကိုနိုင်ရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ပါဘူးကွာ။
ကိုကိုကြီးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ဘူးကွာ။
သို့ သော်
မိုးဟေကိုအချစ်ဟာ
သူတို့ ထက် လက်တွေ့ ဆန်သလားလို့ ပါ။
မှတ်ချက်။ ။ ပျင်းနေလို့ ဟိုရောက်ဒီရောက် ရေးတာပါ။ ကဗျာမဟုတ်ပါ။
--
Thanks for sending!!!
Phone Kyaw
3/27/12
ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်နေ့ 
မတ်လ ၂၆-ရက်နေ့ ညတိုင်းဆိုရင် ကျနော်တို့ အရမ်းအလုပ်ရှုပ်တယ်။ စံပယ်ပန်းတွေသီရတယ်။ ကောက်ညင်းပေါင်းနဲ့ စားစရာတွေ ထုတ်ပိုးရတယ်။ ဒီလိုရှုပ်ပေမဲ့ပျော်စရာအရမ်းကောင်းတယ်။ တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး တပ်ရင်းမှုးက အမိန့် ထုတ်တယ်။ အထူးသဖြင့် မိန်းမတွေလိုက်ရတယ်။ အဖေက လုံခြုံရေး တာဝန်ယူရတယ်။ အမေက ပန်းသီးတယ်။ ကျနော်က ကောက်ညင်းပေါင်းအိုးကို ထမ်းတယ်။ ဒါက ကျနော်တို့ တာဝန်။
မနက်နှစ်နာရီဆိုရင် တပ်ရှေ့ မှာ စစ်ကားသုံးလေးစီးက အဆင့်သင့်နေရာယူထားတယ်။ အပျိုချောလေးတွေလည်း မနည်းဘူး။ သူတို့ က ကြိုဆိုရေးရဲ့ အဓိကလူတွေ။ မျက်နှာမှာ မိတ်ကပ်တွေနဲ့ သစ်လွင်တောက်ပသော အင်္ကျီတွေနဲ့ ဆိုတော့ ကြည့်ရတာ ဘုရားပွဲတော်ကိုသွားသလိုပဲ။
စစ်ကားကလည်း လူအယောက်ငါးဆယ်လောက်ဆန့် တယ်။ ကားပေါ်ကို အပျိုချောတွေကော လူပျိုချောတွေကော တက်ကြတယ်။ စကြနောက်ကြနဲ့ ။ မနက်နှစ်နာရီမှာ ဘာ့ကြောင့်သွားရလဲဆိုတော့ နေရာမရမှာစိုးလို့ ။ တပ်ပေါင်းစုံက စစ်သားသမီးတွေ၊ သူတို့ အဖေတွေနဲ့ ညီအစ်ကိုမောင်နှမတွေကို ကြိုဆိုရေးလုပ်ဖို့ အတွက်ဆိုတော့ လူတွေက တအားများတယ်။ နေရာကောင်းကောင်းရဖို့ ဦးထားရတယ်။ ရွှေတိဂုံဘုရားနားတစ်ဝိုက်မှာဆိုတော့ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးလို့ ရတယ်။ နေရာတကာ လုံခြုံရေး အထပ်ထပ်နဲ့ ။ မိုင်းရှာတဲ့ပစ္စည်းတွေကော၊ ထောက်လှမ်းရေးတွေကောစုံလို့ ။
ကျနော်တို့ က ဂရုစိုက်စရာမလိုဘူး။ စစ်ကားနဲ့ လာတာဆိုတော့ ကျနော်တို့ ဘယ်သူတွေလဲဆိုတာကို လုံခြုံရေးတွေက သိတယ်။ အဖေက အဲဒိလမ်းတစ်လျှောက်မှာ ကင်းပုန်းဝတ်ဖို့ တာဝန်ကြတယ်။ အမေက ထမင်းချက်ဖို့ တာဝန်ကြတယ်။ ကျနော်က ပန်းစည်းနဲ့ ကောက်ညင်းပေါင်းအိုးထမ်းဖို့ တာဝန်ကြတယ်။ တအိမ်လုံးနီးပါး ဘယ်သူမှ မအားဘူး။
တပ်မတော်နေ့ မှာဆိုရင် ကောင်မလေးချောချောလေးတွေ လင်ရှာကြတယ်။ ရုပ်ချောတဲ့အလံကိုင်စစ်ဗိုလ်ဆိုရင် ပန်းကုံးတွေက အများကြီးပဲ။ ရုပ်ဆိုးတဲ့လူတွေဆိုရင် ပန်းကုံးမရဘူး။ ရှေ့ ဆုံးက လူကတော့ ပန်းကုံးတွေအများစုရကြတယ်။
ပန်းကုံးစွပ်ရင် သတိထားရတယ်။ စွပ်နည်းကျွမ်းကျင်ရတယ်။ ထောင်နဲ့ သောင်းနဲ့ ရှိတဲ့စစ်သားတွေကြားထဲမှာ သေနတ်တွေကော၊ ဘတ်နပ်တွေကောဆိုတော့ အန္တရာယ်များတယ်။ အရမ်းထူးခြားတာတစ်ခုက ဘယ်သူမှ သေနတ်နဲ့ မတိုက်မိဘူး။ ဘတ်နပ်နဲ့ အထိုးခံရတာမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ တော်လှန်ပလိပ် (ခ) လမ်းလျှောက်တာကို ကျင့်ရတာ သုံးလေးလကြာတယ်ဆိုတော့ စစ်သားတွေအကုန်လုံး ကျင့်သားကျနေပြီ။ လမ်းလျှောက်တဲပုံပျက်လည်း ခဏပဲ။ ပြီးရင် အာလုံးပြန်တည့်သွားတာပဲ။
ဒီလိုလမ်းလျှောက်ဖို့ အတွက် မီးသတ်အစ၊ ကြက်ခြေနီအဆုံးလိုက်ရတယ်။ ကျောင်းတွေက ပန်းဝါကတွေလည်း ပါရတယ်။ တပ်တိုင်းလိုက်ရတယ်။ လိုက်ရင် ယူနီဖောင်းအသစ်ရတယ်။ ဒါပေမဲ့ မလိုက်ချင်တဲ့လူများတယ်။ အထူးသဖြင့် အရပ်ရှည်တဲ့စစ်သားနဲ့ တောင့်တဲ့ စစ်သားဦးစားပေးခေါ်တယ်။
တချို့ စစ်ဗိုလ်၊ စစ်သားချောချောတွေက အဲဒိမှာ ရည်းစားရကြတယ်။ စာပေးတဲ့ကောင်မတွေလည်း တစ်ပုံကြီး။ စစ်သားဆိုတာ အဓိအချိန်တစ်ခုပဲ ဈေးကောင်းတယ်ထင်တယ်။
အဆိုးဆုံးအချိန်က ကာကွယ်ရေးဦးစီးချုပ်တွေ မိန့် ခွန်းပြောတဲ့အချိန်ပဲ။ အကြာကြီးပွားတယ်။ အောက်ကရဲဘော်တွေကိုလည်း အားမနာဘူး။ နေကပူတာအပြင် သူကလည်း ပွားတာ အရမ်းကြာတော့ စစ်သားတွေတချို့ မှုးမေ့လဲကုန်တယ်။ ဒါကိုတော့ တီဗွီမှာ မပြဘူး။ သူပွားနေတဲ့အချိန်ဆိုရင် ကျနော်တို့ ကြိုဆိုရေးအဖွဲ့ တွေက အပန်းဖြေအနားယူရတယ်။ ထမင်းစားတယ်။ ဘုရားဖူးတယ်။ တစ်ခါတလေ ပန်းကုံးနဲ့ စစ်သားတွေကို ပစ်ပေါက်တယ်။ ဒါကို တိုက်ပုံဝတ်ထားတဲ့ ထောက်လှမ်းရေးတွေက လာပြီး မလုပ်ဖို့ တားတယ်။တားလည်း လုပ်တာပဲ။ ခလေးဆိုတော့ ကစားတာပါ။ ဒီကောင်တွေကိုလည်းကြောက်စရာမလိုပါဘူး။
စစ်လက်နက်ပစ္စည်းတပ်ရင်းတွေက သီးသန့် နေရာတစ်ခု၊ ဆေးတပ်က နေရာတစ်ခု၊ စစ်အဂျီင်္နီယာကတစ်ခု၊ အသီးသီးကိုယ့်နေရာနဲ့ ကိုယ့်အုပ်စုနဲ့ နေရတယ်။
တော်လှန်ရေးပလိပ်လို့ ခေါ်တဲ့ လမ်းလျှောက်ပြီးပြီဆိုရင် တပ်ထဲက စစ်သားတွေရုပ်က အမဲခြောက်ကို နေလှန်းထားသလိုပဲ။
သူတို့ တော့အတော်ပင်ပန်းတယ်။ ရှေ့ ဆုံးက အော်ရတဲ့ဗိုလ်မှုးချုပ်တစ်ယောက်လည်း ဒီအတိုင်းပဲ။ သူတို့ ကသာ အရမ်းပင်ပန်းတာ။ ကာကွယ်ရေးဦးစီးချုပ်ကတော့ ယူနီဖောင်းကိုကော့လန်အောင်နေ၀တ်၊ ပြီးရင် ဘိုးကေကိုပြောင်နေအောင်ဖီး၊ စင်ပေါ်မှာ ခန့် ခန့် ကြီး ပွားနေတာကတော့ အင်မတန်ရုပ်ဆိုးပါတယ်။ အောက်ကစစ်သားတွေကတော့နေပူထဲမှာ မှုးမေ့လဲလို့ လဲနဲ့ ဆိုတော့။
--
Thanks for sending!!!
Phone Kyaw
မျောက်တွေကို သေနတ်ပေးရင် ဒီလိုဖြစ်တယ်
3/25/12
စိုင်းစိုင်မော့ဝ်ဖုန်းနံပါများရှိရင် ရှယ်ပေးကြစေချင်ပါတယ်
အလှူပွဲရိုးရိုးလေး(ဓာတ်ပုံ)
DSC06668-600x398 by wgdperth
DSC06668-600x398, a photo by wgdperth on Flickr.
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ …
စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀၀ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အ၀စားပါပဲ …။
Weiwei from Madalay Gayzette
ဓာတ်ပုံကို Click လိုက်ပါ။ ပုံတွေအများကြီး ကျန်ပါသေးတယ်။
ကိုသိန်းရဲ့ အသံ
"စနစ်ပြောင်းအောင်တိုက်ရမယ်။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာကွ"
ကိုသိန်း ဒီလိုပြောတာကို ပရိတ်သတ်က တဖြောင်းဖြောင်းနဲ့ လက်ခုတ်တီးကြပါတယ်။ သူရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို သဘောအရမ်းကြလို့ ။
အဲဒိတုန်းက ရွေးကောက်ပွဲမတိုင်ခင် ကျောင်းသားခေါင်းဆောင် ကိုသိန်းရဲ့ အသံ။
ခေတ်တွေလည်းပြောင်းလာပြီဆိုတော့ ကိုသိန်းတစ်ယောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံပါတော့တယ်။
ဒီတစ်ခါတော့ ကျောင်းသားခေါင်းဆောင်ကနေ ပြည်သူ့ အမတ်လောင်းဖြစ်လာတဲ့ကိုသိန်းလို့ ပြောလို့ ရနေပြီ။
တနေ့ မှာ သူ့ ကို မီဒီယာတွေက အင်တာဗျူးတယ်။ နိုင်ငံရေးစနစ်ကို ဒိ့ထက်ကောင်းအောင် ဘယ်လိုပြောင်းရင် ကောင်းမလဲဆိုပြီး အင်တာဗျူးတဲ့စော်လေးက မေးတယ်။
"စနစ်ပြောင်းအောင် လုပ်ရမှာပေါ့နော်...။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာပေါ့နော်"
အမတ်မဖြစ်ခင်တုန်းက အသံနဲ့ အမတ်ပြီးတော့ ကိုသိန်းရဲ့ အသံက ဂငယ်ဂွေ့ လို တဆစ်ချိုးပြောင်းသွားတာနဲ့ ပက်သက်ပြီး၊ ဘေးမှာ ဆိုက်ကားနင်းနေတဲ့ ကိုသာအေးက ဒီလိုမှတ်ချက်ချပါသတဲ့ဗျာ။
" ငါ-ိုးမသားတွေ မရတုန်းက တမျိုး၊ ရတော့တမျိုး...-ီးလိုမှိုလိုနဲ့ "
3/24/12
မြန်မာတွေသေတော့မှာပဲ
ကျောက်စိမ်းမိုင်းတွင်း (ဖားကန့် )
ကျနော်သြစတျေးလျ မိုင်းမှာ လုပ်နေတာ ၂၀၀၈-ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မိုင်းလေးငါးခုမှာ လုပ်ဘူးတယ်။ ကျနော့်အတွေ့ အကြုံအရဆိုရင် ဖားကန့် က ကျောက်စိမ်းတူးနေတဲ့ ဓာတ်ပုံကို တွေ့ တော့ အတော်လေးကို ရှော့ဖြစ်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့-
၁) မိုင်းပတ်လည်မှာ လူနေအိမ်တွေရှိနေတယ်။ အိမ်ခေါင်မိုးတွေကို သတိထားပြီး ကြည့်ကြည့်ပါ။ ဖုန်တွေ နည်းတာမဟုတ်ဘူး။
၂) အင်မတန်ကြီးတဲ့မိုင်းတွင်းဖြစ်ပြီး Traffic Management  လို့ ခေါ်တဲ့ Stop Sign လုပ်ထားတာ၊ သတိပေးထားတာမရှိဘူး။
၎) Environmental Management လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ထားတဲ့ ဌာနမရှိဘူး။
၅) Dump Truck တွေနဲ့ လူတွေ အလုပ်လုပ်နေတာ အရမ်းနီးကပ်နေတယ်။
မိုင်းတစ်ခုလုံးခြုံကြည့်ရင် အတော်လေးကို ကြောက်စရာကောင်းတဲ့မိုင်းတစ်ခုပါ။ လူတွေ ဘယ်နှစ်ယောက်တောင်သေပြီးပြီလဲ မသိဘူး။ အဓိက ကြောက်စရာကောင်းတာက Pneumoconiosis (CWP) လို့ ခေါ်တဲ့ အဆုတ်ရောဂါ နဲ့ Silicosis လို့ ခေါ်တဲ့ ဖုန်ထဲမှာ စီလီကာတွေကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။ ဒီရောဂါတွေကို ကုဖို ဆေးမရှိသေးပါဘူး။ ဒါတွေ မဖြစ်အောင် မိုင်းတစ်ခုတူးတိုင်း ကြိုတင်ကာကွယ်ရပါတယ်။ အဓိက Dust Control လို့ ခေါ်တဲ့ ရေဖြန်းနည်းနဲ့ ထိန်းရင်ထိန်း၊ မထိန်းချင်ရင် မျက်နှာမှာ ကာဘာတစ်ခုတပ်ရတယ်။
သတ္တုတွင်းဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးတွေ ဒီကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖို့ လိုနေပြီ။
ဒါတောင် ဖားကန် မိုင်းတွင်းဓာတ်ပုံပဲ ကျနော်တွေ့ လို့ ။ မြန်မာပြည်မှာ အခြားမိုင်းတွင်းတွေရှိသေးတယ်။ ဖြစ်နိုင်ရင် မီဒီယာသမားတွေ ဓာတ်ပုံ (သို့ ) ဗွီဒီယို ရိုက်ပြီး လူထုကို ချပြစေချင်တယ်။
ဒါဆိုရင် လူတွေနဲ့ ပတ်ဝန်းကျင်အတွက် ကောင်တယ်။
နာက်ပြီး ဘယ်ရောက်သွားလဲ နေရာတကာပါတဲ့ပညာရှင်တွေ။ ဘယ်မှာလဲ မီဒီယာတွေ ဒီကိစ္စကို ထောက်ပြကြတာလဲရှိလဲ။
စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာကို စာရေးဆရာတွေအများအပြား အမျိုးမျိုးဖွဲ့ ဆိုညွှန်းပြကြတယ်။ အားလုံးက သူဘယ်လောက်တော်ကြောင်းကောင်းကြောင်းကိုပဲ ညွန်းတယ်။ သူဘယ်လောက် သုံးစားမရကြောင်း၊ စောက်ရမ်းလုပ်တက်ကြောင်း ဘယ်သူမှ မရေးကြပါဘူး။ ဒီလိုရေးတဲ့စာရေးဆရာတွေကို တွေ့ ချင်ပါတယ်။
View My Stats