ငါ-ိုးမသား ခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ သိန်းညွန့်။ မိုက်မိုက်ရိုင်းရိုင်းကိုဆဲတယ်။ ဘာ့ကြောင့်ဆဲတာလဲသိလား။ အားအားယားယားဆဲတာတော့မဟုတ်ဘူး။ ဒီလူတွေကိုယ်ရေးထားတဲ့စာကို ခြေထောက်နဲ့ဖျက်တယ်။ သူတို့ပဲ ရွှေဂုံတိုင်ကျေငြာစာတမ်း ကိုရေးတယ်။ သူတို့ပဲ ဒေါ်စုကိုသစ္စာခံမယ်လို့ပြောတယ်။ ခိုးကြောင်ခိုးဝှက်ပြောတာမဟုတ်ဘူး။ တနိုင်ငံလုံး၊ တကမ္ဘာလုံးသိအောင် ပြောတယ်။
သူတို့က သာမန်ပါတီဝင်တွေဆိုရင် ဒီလိုမျိုးဆဲစရာတောင်မလိုဘူး။ သူတို့က NLD ရဲ့  စီအီးစီ တွေ။ ခေါင်းဆောင်တွေ။ ဒါ့ကြောင့်ဒီလိုမျိုးပြောတယ်။ ထပ်ပြီးဆဲတယ်။ -ီးပဲ။ ဒီလိုလူမျိုးတွေရွေးကောက်ပွဲမှာ သူတို့ပဲနိုင်ဦး...-ီးတောင်မယုံဘူး။ ငါချီး...စောက်ရေးမပါတဲ့ အတွေးအခေါ်၊ အစောကတည်းက စစ်အစိုးရနဲ့ပေါင်းချင်ရင် -ီးမို့လို့ NLD မှာ စီအီးစီဝင်လုပ်တာလား။ -ီးမို့လို ရွှေဂုံတိုင်ကျေငြာချက်ကို ကိုယ်ကိုယ်တိုင်ရေးရတာလဲ။ ဒီလိုလုပ်ချင်ရင် အစောကတည်းက ကျနော်တို့ရွှေးကောက်ပွဲဝင်မယ်ဆိုတာကို ရွှေဂုံတိုင်ကြေငြာချက်မှာထည့်ရေးပေါ့။
အခုဟာက ဒီသုံးကောင်နဲ့အပေါင်းအပါတွေကို NLD ရဲ့ ခေါင်းဆောင်စာရင်းမှာထည့်တာ အလကားပဲ။ သူတို့ကိုအနောက်ကနေတွန်းပေးတဲ့လူတွေအထဲမှာ ဘယ်သူတွေပါလဲဆိုတာခန့်မှန်းကြည့်လို့ရတယ်။ ခန့်မှန်းနဲ့တော့မရေးချင်ဘူး။ သူတို့သုံးကောင်က အခု NLD ရဲ့ ဦးဆောင်မှုက လမ်းမလျှောက်နိုင်လို့၊ အလုပ်မလုပ်နိုင်လို့ဆိုပြီး ဘောပဲလို့ပြောသလိုပဲ။ သူတို့က ငယ်သေးတာကိုး။ အခုအချိန်က ကျနော်တို့တိုက်ပွဲအတွင်းမှာ အချောင်သမား၊ အတွေးအခေါ်ချာသူတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ သစ္စာဖောက်တွေကို ခွဲထုတ်လိုက်ပြီ။ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ကျောက်တခုလို့ပြောလို့သလို၊ စောက်သုံးမကျတဲ့ကောင်တွေစစ်ထုတ်လိုက်တဲ့ ဇကာတခုပဲ။ ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်ကို အကာအကွယ်ပေးမဲ့ ရွေးကောက်ပွဲ၊ ဗိုလ်ချုပ်တွေရဲ့ ရာဇ၀တ်မှုတွေကို ဖုံးဖို့ကျိုးစားတဲ့ရွေးကောက်ပွဲ၊ သူတို့တစ်သက်လုံးအာဏာလိုချင်လို့လုပ်တဲ့ရွေးကောက်ပွဲ၊ တိုင်းပြည်နဲ့ပြည်သူကို ဘာမှနားမလည်တဲ့ကောင်တွေအုပ်ချုပ်မဲ့အခြေအနေ ဖြစ်အောင်ဖန်တီးနေတာ မသိဘူးလားကွ။ အဝေးမှာနေတဲ့ကောင်တွေတောင်သိတယ်။ ခင်ဗျားတို့သုံးကောင်အနီးကပ်နေပြီး -င်ချခံနေတာကို မသိတာရင်နာတယ်။
သစ္စာရှိသူတွေ၊ ဒီမိုကရေစီစစ်ကို လိုချင်သူတွေဟာ ဒီလိုမျိုးအလုပ်ကိုမလုပ်ကြဘူး။ ရတဲ့အပေါက်ကနေ၀င်ရလောက်အောင်လည်းအောက်တမ်းမကျသင့်ဘူး။ ဒါ့ကြောင့်ပြောတာ...လူကြီးတွေလုပ်တဲ့နိုင်ငံရေးကို လိုက်ရတာ အရှုးကိုလင်လုပ်သလိုပဲ။ ငါ-ိုးမသားတွေ၊ အသက်ကြီးပြီးအချိန်မစီးဘူး။ ဒီလိုကောင်တွေအာဏာရရင် ငါတို့ဘ၀တွေကို ဘယ်လိုလုပ်ပြီး တိုးတက်အောင်လုပ်ပေးနိုင်မလဲ။ အာဏာတောင်မရသေးဘူး၊ တိုက်ပွဲအတွင်းမှာတောင် ဖောက်ပြန်နေပြီ။ မိန်းမရှိရက်နဲ့ အငယ်အနှောင်းယူတာ၊ သူများမယားကြာခိုတာဆိုရင် ခွင့်လွှတ်နိုင်သေးတယ်။ အခုဟာက တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတန်းစားက ချီးကျတာတော့မကောင်းဘူး။
ပြည်သူလူထုကြီးခင်ဗျား---
ဒီလိုခွေးဝဲစားတွေလုပ်မဲ့ရွေးကောက်ပွဲကို ငါ-ိုးမသားတွေဝင်ကြလိမ့်မယ်။ -ီးတောင်မဲမထည့်ကြနဲ့။ ဒီကောင်တွေနဲ့ဝေးဝေးနေကြပါဗျာ။ အခုကတည်းကမရိုးသားကြဘူး။ မည်သည့်ပါတီကိုမှ မဲမပေးကြနဲ့။ အလကားကောင်တွေ။ စစ်အစိုးရဘယ်လောက်ကြာကြာခံနိုင်မလဲ။ ကျနော်တို့လူထုမှာက ဘာမှမက်မောစရာမရှိတော့ဘူး။ စွန့်လွှတ်စရာလည်းမရှိတော့ဘူး။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဆိုလို့ -ီးနဲ့သွားပဲရှိတယ်။ ဒီကောင်တွေ အမှန်တရားပေါ်ထွန်းတဲ့နေ့ကြရင် သနားစရာစောက်ခွက်တွေနဲ့ ကျနော်တို့မှားပါတယ်ခင်ဗျား၊ ကြောက်လို့ပါခင်ဗျား...စတဲ့ မရင်ငယ်တုံးညှပ်သံနဲ့ပြောလာလိုက်မယ်။ မယုံရင်စောင့်သာကြည့်။
5/7/10
5/6/10
ချင်းမိုင်
ချင်းမိုင် ချက်ကြီး
လက်သီးမိတာ ဆန်းသလား….။
ချင်းမိုင် လက်ကီး
အသက်ကြီးပြီး မိုက်တာဆန်းသလား..။
ချင်းမိုင် လုပ်စား
စောက်ကြွားကြွား..သောက်စားစား
ယောက်ျားမဟုတ်တာ ဆန်းသလား..။
ချင်းမိုင် စောက်ရှုး
မင်းမို့…ရွေးကောက်ပွဲကို
အဝေးကတောင်
ထောက်ခံရတာ ဆန်းသလားကွ…။
ဘုန်းကျော်(လူ့ဘောင်ချစ်)
ည ၈ နာရီ- နှစ်မိနစ်
မှတ်ချက်...ဒီကဗျာသည် ချင်းမိုင်အခြေစိုက်၊ ကိုအောင်နိုင်ဦး..ကိုအောင်မျိုးမင်း..ဒေါက်တာနိုင်အောင်..ကိုအောင်ဇော် နှင့် ချင်းမိုင်အခြေစိုက် လက်ကီးများကိုဆိုလိုပါသည်။

NLD သည်အစိုးရဖြစ်သည်..
ဖိတ်ကြားစာ
“၂၀၁၀-ရွေးကောက်ပွဲအား ရတဲ့နည်းနဲ့တိုက်ဖျက်ကြ”
“NLD သည်ပြည်သူ့အစိုးရဖြစ်သည်”
Burma Campaign Australia က ဦးဆောင်ပြီး ဆန္ဒပြပွဲတခုအား လာမည့် မေလအတွင်းမှာ ဆစ်ဒနီ၊ မဲဘုန်း၊ ကန်ဘာရာ နှင့် Perth မြို့ တို့တွင်တပြိုင်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁) စစ်အစိုးရမှပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံပါ။
ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သည်။
၂) ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိထောက်ခံသည်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရသည့် NLD သာလျှင်တရားဝင်ပြည်သူ့အစိုးရဖြစ်သည်။
ယင်းနိုင်ငံရေးဦးတည်ချက်သည် ကျနော်တို့ Perth မြို့ ရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာပြည်သူများရဲ့  သဘောထားအစစ်အမှန်ဖြစ်သည်။ ထုိသေဘာထားမ်ားအား ၾသစေတ်းလ်ျပည္သူမ်ား၊ ၾသစေတ်းလ်ရွိ သတင်းဌာနများ နှင့် တကမ္ဘာလုံးရှိမြန်မာပြည်သူများ သိရှိစေရန်ရည်ရွယ်၍ယခုကဲ့သို ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။
ထို့ကြောင့် Perth မြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အုပ်တချပ်သဲတပွင့်၊ ကျရာအခန်းကနေ စစ်အာဏာရှင်စနစ် အကုန်အစင်ပျက်သုဉ်းရေး တိုက်ပွဲမှာပါဝင်ကျဖို့တိုက်တွန်းပါသည်။ ကျနော်တို့ရဲ့ ဆန္ဒ ပြပွဲကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်သည်။
Place: In front of Wesley Church at the corner of Hay St and William St
Time: Saturday 22nd of May.
Time: 12.00PM to 3.00 PM
ဆက်သွယ်ရန်-
ဒေါက်တာမျိုးညွန့်
ဖုန်း- 9310 1777
ဘုန်းကျော်
ဖုန်း- 0430429667
ပိတောက်
ဖုန်း- 0403893248
ဒီပွဲမှာ Green ပါတီက အထက်လွတ်တော်အမတ် Senator Scott Ludlum လာပြီးပွားပေးမယ်။ သူက လွှတ်တော်အမတ်မဖြစ်ခင်ကတည်းက ဒေါက်တာမျိုးညွန့်တို့နဲ့အတူတွဲပြီး မြန်မာ့အရေးကို အာပေးခဲ့တာ။ တော်တော်အားတက်သရောလုပ်တဲ့လူပါ။ သူ့ရည်စားက မဲ့ဆောက်ကလူ့ဘောင်သစ်ရုံးမှာ သုံးလတောင် အင်္ဂလိပ်စာသင်ပေးခဲ့တယ်။ အမျိုးသမီးတာဝန်ခံမသန္တာကိုကောင်းကောင်းသိတယ်။ နာမည်တော့မေ့နေတယ်။ သူမကလည်း မြန်မာ့အရေးကို ၀င်ပြီးအာတဲ့သူတွေထဲမှာပါတယ်။ သူ့တို့ကြောင့် အော်စီပါလီမန်မှာ မြန်မာ့အရေးကို ကျယ်ကျယ်လောင်လောင် အာကြတာပေါ့။ Green ပါတီကိုမဲ့ထည့်ကြပါ...။
စကော့..က ပါလီမန်မှာ အင်တာနက်ဝန်ကြီးမေးခွန်းမေးနေတဲ့ပုံ...
20100522 Rally Flyer - A5 Single - Copy

5/3/10
အလွမ်းစာ
အလွမ်းစာ
ပြောလို့ မှမဆုံးသေး -----
မာနယ်ပလောကိုလွမ်းတယ်
ထားဝယ်ခရိုင်ကလေးကိုလွမ်းတယ်
စခန်းသစ်ရွာကလေးကိုလွမ်းတယ်
မယ်တုကွီချောင်းကလေးကိုလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(၀ုန်း) ကနဲ ကွဲသွားပြန်ပါပကော ----
ခင်ဗျားက --
ရဲဘော်တွေကိုချစ်တယ်
တော်လှန်ရေးကိုချစ်တယ်
ဗိုလ်မှူးကြီး စိန်မြကိုချစ်တယ်
ရေးဘော် ရေးဘက် တွေကိုချစ်တယ်
မိချမ်းလွန်ကိုလဲ ချစ်ခဲ့တယ်
ကျနော်လိုချင်ခဲ့တာနဲနဲလေးပါဗျာ
ဒါပေမဲ့ -
ဘယ်တုန်းကမှ မရခဲ့ပါဘူးတဲ့
ဒဏ်ရာဗလပွနဲ့ 
ခင်ဗျားဘ၀ တစွန်းတစ
ကြားခဲ့ရဘူးပါရဲ့ 
တခါတုန်းက စခန်းသစ်ညများမှာ ---
သွားကြ သွားကြ
ခင်းဗျားတို့  အကုန်လုံးသွားကြ
လ ကမ္ဘာရောက်အောင်သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်တဲ့
သစ္စာ မြဲသူကြီးရဲ့ စကား
နမိတ်များဖတ်ခဲ့လေသလား ဗျာ ---
လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမဲ့ မောင်ငြိမ်း
မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ ကို သောက်တာတဲ့
ဘယ်သူ့ ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ ---
မြို့ မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
န- ၀ - တ ပြီးရင်
ထိုင်းပုလိပ်ကိုအမုန်းဆုံးဆိုတဲ့လူ
မြို့ ပြရဲ့ အပူရောင်တွေကြားမှာ
ခုတော့လဲ -
ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော ---
လွမ်းလို့ ကောင်းနေတုန်းပါဘဲ ကိုငြိမ်းရေ ---
ကျုပ်ကလဲ
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလဲ တောင်လိုပေါက်
ဟိုအရင်တုန်းကလိုဘဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျားထ လို့ သောက်ကြည့်ပါဦးလားဗျာ -------
အုပ်စိုးနိုင်

5/1/10
ကျနော်တို့ဘယ်လောက်ပဲပြောပြောဆိုဆို..တဦးနဲ့တဦး စိတ်မနာပဲ ကျနော်တို့ဖြတ်သန်းခဲ့ကြပီ။ ဖြတ်သန်းနေကြဆဲ။ ကျနော်ချစ်တယ်။ အားလုံးကို။ လူတွေသေရင် နောက်ဆုံး ချစ်ခြင်းနဲ့ပဲသေချင်တယ်ဗျာ။ ကိုငြိမ်း အသုဘကို ပို့ဆောင်တဲ့လူတွေအားလုံး ကိုငြိမ်းလိုစိတ်ဓာတ်ထားနိုင်မယ်လို့ယုံကြည့်ပါတယ်။ ဘ၀ဆိုတာဒါဘဲ။ ဘာမှမဟုတ်ဘူး။ မသေခင်မှာ ကျနော် စိတ်ချမ်းသာချင်တယ်ဗျာ။ ကျနော်လည်း ဘယ်တော့ သေမလဲမသိဘူး။ ကျနော်မသေခင် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်ပြီ။ ဒါကိုတွေ့ချင်တယ်။
4/30/10
သူတို့ပြောတဲ့စကား
ကိုဇော်မိုးကျော် (RFA)
ကိုငြိမ်းနဲပတ်သက်လိုပြောရရင်တော့ကွာ...တော်လှန်ရေးသမားကောင်းတစ်ယောက်..စစ်သားကောင်းတစ်ယောက်ပါ..
သူတတ်စွမ်းသမျှ မြန်မာပြည်သူတွေလွတ်မြောက်ရေးအတွက် အစွမ်းကုန်လုပ်ခဲ့တဲ့ သူပါ..လူအေး..လူကောင်းတစ်ယောက်ပါ..သူ့ ကိုယ်ကျိုးအတွက်ဘာမှ မမက်မောတဲ့သူပါ..သူသေဆုံးသေဆုံးသွားရတာ အတော်ဝမ်းနည်းတယ်...သူကကဗျာတွေစာတွေလည်း မြတ်နိုးတဲ့သူပါ..သူကလက်နှက်ကိုင်တော်လှန်ရေးကိုဘဲ စိတ်အားသန်တဲ့သူ..ဒါပေမယ့် တော့လှန်ရေးက ခွင့်ပြုတဲ့အခြေအနေအောက်မှာ..တတ်စွမ်းသမျှလိုက်ပါလုပ် ဆောင်ခဲ့တဲ့သူပါ..ညီအကိုတွေလိုတောထဲမှာ အကြာကြီးအတူနေခဲ့ရတာဆိုတော့ သံယောဇဉ်ရှိတယ်..
ဒါလောက်ပါဘဲကွာ..
ဦးကျော်ထက်( ဥက္ကဌ) PDF
ငါ့ညာဘက်လက်တစ်ဘက်ပြုတ်သွားပြီ..
ကိုအောင်ထူး..(ဗဟိုကော်မတီ) PDF
ကိုငြိမ်းဘယ်တော့မှ နိုင်ငံခြားကိုရောက်နေတဲ့လူတွေဆီက ပိုက်ဆံမတောင်ဘူးကွ...
ကိုထွတ်ဦးလှိုင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) DPNS
ကိုငြိမ်းက...ငါတို့ရဲဘော်ကွ..

တတိယနိုင်ငံရောက်ရဲဘော်သည် ပင်ပန်း၏...
ရဲဘော်ဟောင်းသို့...
ခင်ဗျားစဉ်းစားကြည့်ပါဗျာ။
ကျနော်တို့ပြောနေတာက ဘက်လိုက်မရှိပဲပြောရင်ကောင်းတယ်။ အခု နယ်စပ်မှာကျန်ခဲ့တဲ့လူတွေကို စွပ်ပြီး အပြစ်တင်တာတော့ မကောင်းဘူး။ သူတို့လည်းလုပ်တယ်။ ရိုးသားပါတယ်။ မရိုးသားတဲ့လူက လက်ချိုးရေလို့ရတယ်။ ဒါကိုလည်းသိတယ်။ တချိန်ချိန်ကြရင် သူတို့ကိစ္စသာလျှင်ဖြစ်ပါတယ်။ ဒါကို ကောင်းအောင်ပြောဖို့ ကျနော်တို့မှာတာဝန်ရှိတယ်။ တတိယနိုင်ငံမှာ ကျနော်တို့သူတို့လို မလုပ်နိုင်ဘူး။ လေပန်း၊ ဆန္ဒပြ၊ ငွေပေး စတဲ့ ဟိုမရောက်ဒီမရောက် အဆင့်ပဲရှိတယ်။
တတိယနိုင်ငံမှာနေတဲ့ ရဲဘော်ဟောင်းတွေရဲ့ ဘ၀ကလည်းမလွယ်ဘူးဗျ။ မနက် မိုးမလင်းသေးဘူး၊ စက်ရုံကို သွားရပြီ။ ဖင်က သွေးထွက်ထိအောင်အလုပ်လုပ်ရတယ်။ တစ်ပက်မှာ စနေဆိုတာ မရှိဘူး။ တစ်ရက်လောက်ပဲနားရတယ်။ တစ်ရက်မှာတောင် အိမ်က မိသာစုအရေးကိုလုပ်ရသေးတယ်။ ပြီးတော့နိုင်ငံရေးလည်းဝင်ပါသေးတယ်။ ၀ါသနာဖြစ်နေတာကိုးဗျ။
ခင်ဗျားစဉ်စားကြည့်...
အရင်တုန်းက...အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ သြစီမှာ အိမ်သာဆေးရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ မယုံရင် ကိုသိုက်ကိုမေးကြည့်...သူက အေဘီ တပ်ရင်းကိုးရဲ့ ရင်းမှုးပဲ။ သူလည်း အသားကုန်ချရတယ်။ သြစီမှာရောက်ပြီး၊ အမေရိကန်မှာရောက်ပြီး နယ်စပ်မှာကျန်ခဲ့တဲ့ လူ ၁၀၀ ကိုဆေးလိပ်ဖိုးတော့ပြန်ပေးတယ်။ ဒိထက်တောင်များသေးတယ်။ ကိုမောင်မောင်ဦး(လူ့ဘောင်သစ်)က ဒီလိုပြောတယ်ဗျ...။ ငါတို့ဒီမှာ -ီးပြဲအောင်ရှာရတာ သူတို့မသိဘူးတဲ့။
ကိုယ်ဘ၀နဲ့ကိုယ်ဆိုတော့ သူများတော့အားမကိုးနဲ့ဗျာ..။ ခင်ဗျားငတ်ရင် ဘယ်ကောင်မှလာမကြွေးဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီး တော်လှန်နိုင်တဲ့တနေ့ အောင်ပွဲရတယ်။ ခင်ဗျားမယုံရင် ကျုးဘားသမ္မတ နဲ့ ချေ ကိုမေးကြည့်တော့။
ကျနော်ဒီလိုစာရေးတာတောင် ၁-နာရီကို ဒေါ်လာ ၃၀ တန်တယ်။ အခုရေးတာ တပြားမှမရဘူး။ စိတ်ရှိလို့ဒါတွေကိုလုပ်နေတာ။

ကိုထူးချစ်ပြောတဲ့ ကိုငြိမ်း...
ကိုထူးချစ် (GHRE) က ကိုငြိမ်းနဲ့ပက်သက်ပြီးပြောတယ်။ ကိုငြိမ်းက ငါတို့လို...ကျွတ်ကျွတ်အိတ်ဆွဲပြီး တောခိုတာမဟုတ်ဘူးကွ။ မင်း...အခုတော်လှန်ရေးမှာရှိနေတဲ့လူတွေကို မေးကြည့်။ ကိုငြိမ်းက ချီးပုံး(အတာချီကေ့စ်) နဲ့ ကြောင်လျှာသီးဆွဲပြီး တောခိုလာတာကွ။
4/29/10
သူချစ်သောကဗျာများ...
ကိုလွမ်းဏီက ရိုးမပေါ်မှာ အိပ်ပါစေ ဆိုတဲ့နာမည်နဲ့ကိုငြိမ်း နိုးခဲ့တယ်။
ကောဇာသက္ကရာဇ် ခွန်နှစ်ဆယ့်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။
လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။
ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ်၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။
ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ်နေဆဲလား။
ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။
ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ၊ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊
သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တဝက်ထူလွှင့်နေပြီကော။ ။
× × × × ×
(ရဲဘော်ရေးဖော် ငြိမ်းလူသို့  …)
မောင်လွမ်းဏီ
၂၉ - ၄- ၂၀၁၀
ကဗျာဆရာ ဆောင်းလူက အကွေ့နေ့ဆိုပြီး ကိုငြိမ်းကိုဂုဏ်ပြုပါတယ်။
ကဗျာဆရာရေ …
ဟော့ဒီ
လောကဓံ စာမျက်နှာထက်မှာ
နေ့မအား ညမအား
ရိုးမနဲ့ စီးချင်းထိုး
ကဗျာပန်းခင်းကို ပျိုးရင်းမှ …
မီးခိုးတလူလူ ရွက်တလူလူနဲ့ …
ပူပူလောင်လောင် နွေခေါင်ခေါင်မှာ
ဘာမပြော ညာမပြောနဲ့
ခင်ဗျားပြောတဲ့ အကွေ့နေ့နဲ့
လွှင့်ထွက်ခဲ့ပေါ့ …။
ဆောင်းလူ
(ဧပြီ ၂၉၊ ၂၀၁၀)
(ဧပြီလ ၂၉ ရက်၊ ၂၀၁၀ နေ့မှာ ဘဝတပါးသို့ ကူးပြောင်းသွားတဲ့
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) သို့ …)

ကိုငြိမ်းသို့....
29/12/08 ရက်နေ့မှာ ကိုငြိမ်းနဲ့ပက်သက်တာကိုရေးခဲ့ပါတယ်။ အခုဆိုရင် နှစ်နှစ်နီးပါးရှိခဲ့ပြီ။ ရေးပြီးခြောက်လလောက်ကြာတော့ ကိုငြိမ်းနဲ့ မဲ့ဆောက်မှာတွေ့တယ်။ မဲ့ဆောက်က ညဈေးမှာတွေ့တယ်။ သောက်ကြစားကြပွားကြ။ ဒီပွဲမှာ ကျော်စွာဝင်း(အမေရိက)၊ ထွန်းထွန်းဝင်း (ပီဒီအက်ဖ်)၊ ပီဒီအက်ဖ်က ရဲဘော်တစ်ယောက်
လည်းပါတယ်။ သောက်ရင်းနဲ့ကိုငြိမ်းက ကျနော့်ကိုမေးတယ်။ မင်းငါ့အကြောင်းအင်တာနက်မှာရေးထားတာ ရဲဘော်တစ်ယောက်ပြောလို့ငါဖတ်ရတယ်တဲ့။ မင်းဟာတွေကမှားနေတယ်ကွ...လို့ပြောတယ်။ ကျနော်လည်းသူများပြောပြလို့ရေးရတာပါလို့...ပြောဖြစ်တယ်။ ကိုငြိမ်းမသေခင်မှာ ကိုငြိမ်းသိအောင် ကိုငြိမ်းကိုချီးကျူးပေးတာပါလို့။ သေမှ ချီးကျူးရင်အလကားပဲဗျ..လို့ပြောမိတယ်။ အရက်ဝိုင်းပြီးတော့ ဟိုလည်ဒီလည်နဲ့ ည ၂-နာရီမှာ ကျနော့်ကိုလိုက်ပို့တယ်။ မင်းမှုးနေပြီတဲ့။ အရမ်းရစ်တယ်ဆိုပြီး ဆိုင်ကယ်နဲ့တည်းတဲ့တည်းခိုခန်းကိုလိုက်ပို့တယ်။
ကိုငြိမ်းကိုစတွေ့တုံးက နို့ဘိုးဒုက္ခသည်စခန်းမှာ ၉၉-ခုနှစ်က။ ပြီးတော့ တပ်မဟာ (၆) ကိုရှေ့ တန်းဆင်းတယ်။ သူက ဒု-စစ်ကြောင်းမှုးပါ။ စစ်ကြောင်းမှာပါတဲ့ရဲဘော်တွေအားလုံးရဲ့ ချစ်ခင်လေးစားမှုကိုခံရတဲ့သူပါ။ လက်ရေတပြင်တည်းစားတဲ့သူပါ။ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိပါဘူး။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ သူများတွေတတိယနိုင်ငံသွားဖို့လည်း အစီအစဉ်မရှိပါဘူး။
စစ်သင်တန်းတက်တုံးကလည်း သူက သင်တန်းနည်းပြပါ။ သင်တန်းဆရာက သင်တန်းသားတွေကိုတောကြောင်လည်းပစ်ကြွေးပါတယ်။ ကာဘိုင်ပစ်တာအရမ်းလက်ဖြောင့်တယ်။ စစ်တိုက်လည်းတော်တယ်။ လူထုစည်းရုံးရေးကို အောက်ခြေအထိ ဆင်းပြီးလုပ်နိုင်တယ်။ ကဗျာရေး၊ စာရေး ရတယ်။ တော်တော်များများဘက်စုံတော်တဲ့လူတစ်ယောက်ပါ။ မကောင်းတာက အရက်အရမ်းသောက်တယ်။ မှုးရင်ချီးကျတယ်။ ပိုက်ဆံချေးပြီးပြန်မဆက်ဘူး။ အခုကျနော်ရေးတဲ့စာကို ကိုငြိမ်းတစ်ယောက်ဖတ်နိုင်ဦးမှာမဟုတ်ပါ။ ကျနော့်တာဝန်ကျေပါတယ်။ သူမသေခင်မှာ ကျနော်သူ့ကို ချီးကျူးကြောင်းရေးထားတဲ့စာကို သူဖတ်ခဲ့ရတယ်။ လူတွေကို မသေခင်ချီးကျူးအားပေးကြပါ။
အရက်ကြောင့်သေခဲ့လူတွေကိုကြည့်ပါ။ အားလုံး ၄၅ ပတ်ဝန်းကျင်မှာ သေကြတယ်။ နီးစပ်တဲ့သူတွေကိုကြည့်ပါ။
၁) ကိုတင်စိုးနောင်
၂) ကိုဂုရု
၃) ကိုနိုင်ထွန်း
၃) ကိုမြင့်ဇော်
၎) ကိုငြိမ်း
၅) ကို...
၆) ကို....
အားလုံးဟာ တိုက်ပွဲမှာ မသေခဲ့ရဘူး။ အရက်ကြောင့်ပဲသေခဲ့ရတယ်။ အခုလက်ရှိနယ်စပ်မှာကျန်ခဲ့တဲ့လူတွေ၊ ပြည်ပရောက်တွေအားလုံး ကျနော်အပါအ၀င် စောစောမသေသင့်ဘဲမသေကြပါနဲ့ဗျာ...။ ရင်နာလွန်းလို့ပါ။ ဒီစာရေးရင်းနဲ့ ကျနော်တော့ ကိုငြိမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ အသားကုန်သောက်ပြီ...။ http://yoma3.org/ ကိုငြိမ်းအကြောင်းသိချင်ရင် ဒီမှာနှိပ်ပါ။
29/12/08 မှာ ကိုငြိမ်းဖတ်ခဲ့တဲ့ကျနော့်စာ။
အဖေက သားကို တိုးတက်တက်စေချင်လို့ နိုင်ငံခြားကိုလွှတ်တယ်။ သားကတိုးတက်ချင်လို့ အတာချီကေ့စ် ဆွဲပြီး နိုင်ငံခြားကိုလာတယ်။ လာတဲ့နေရာက ထိုင်းမြန်မာနယ်စပ်တနေရာ။ တော်လှန်သော လူငယ်တွေဆုံစည်းပြီး ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တဲ့နေရာ။ ခံစားခွင့်၊ ဘ၀အာမခံချက် စတဲ့ လူပြောများနေတဲ့ ယဉ်ကျေးမှု ကိုကျောခိုင်း၊ သူတကယ်ယုံကြည်တဲ့အမှန်တရားနောက်ကို လိုက်ခဲ့သူ။ အဖေက စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်။ အဖေယုံကြည်တာကို လက်မခံ။ အမှန်တရားကို တူးဆွ ထူးလှတဲ့သူ့ဘ၀။
တခါတုန်းက ဘုရားသုံးဆူနားက လွတ်မြောက်နယ်မြေစခန်းတခုမှာ သူက သင်တန်းမှုး။ ညဘက် ရဲဘော်တွေ အိပ်မောကြ နေချိန် သူ မအိပ်။ ကာဘိုင်ကိုဆွဲပြီး မိုးလင်းချိန် ရဲဘော်တွေစားဖို့ တောကြောင်ပစ်ထွက်။ တောကြောင် ရပြီး သူ ကိုယ်တိုင်ကိုင်၊ သူကိုယ်တိုင်ချက်၊ သူကိုယ်တိုင် မင်းတစ်တုံးငါတစ်တုံး။ ငါလုပ်လို့ ငါပိုစားမယ် သူ့မှာမရှိ။ သူ့ရင်ထဲမှာ ရှိတာက အမှန်တရား၊ တရားမျှတမှု။ အခုလည်း အမှန်တရားကို ဆက်လက် ရှာဖွေနေဆဲ။
ကျနော်တော့ သူပြောသလို " ၀ီဝီမျည်တယ်...ဘာလဲ..အဲဒီကောင်နာမည်....မေ့နေလို့။ သူက Bite တယ်လေ..သြော်သိပြီ။ ....Mosquito"

4/28/10
အကြမ်းဖက်နည်းနဲ့အောင်ပွဲခံမယ်။
ပြည်တွင်းစစ်ဖြစ်မယ်ဆိုရင်လည်း မြန်မြန်ချကြဗျာ...စောင့်ရတာကြာတယ်။ စိတ်မရှည်တော့ဘူး။ မွန်၊ ကရင်၊ ရှမ်း၊ ၀၊ ကချင် တိုက်ကြတော့။ မြန်မြန်သေ မြန်မြန်နားအေးတယ်။ ဒါဆိုရင် ကျနော်တို့လည်းမြန်မြန်ပြန်လို့ရတယ်။ ဒီတစ်ခါတိုက်ရင် ရဲဘော်တွေအချင်းချင်းမသက်နဲ့ ထိပ်ပိုင်းကကောင်တွေကိုသာ စနှိတ်ပါနဲ့ချောင်းပစ်၊ ဗုံးခွဲကြ။
အခုပြည်တွင်းမှာ အဆက်မပြတ်ကွဲနေတဲ့ဗုံးတွေဟာ အရပ်သားတွေတိုက်ကတ်ထားတာမဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွားရေး၊ သူတို့အသိုင်းအ၀ိုင်းကို အဓိကပစ်မှတ်ထားတာဆိုတော့ ကောင်းတယ်။ များများသာခွဲကြဟေ့။ ထူး Company ကိုခွဲကြဗျို့ ..။ စစ်အစိုးရကို ဘာနဲ့တိုက်တိုက် တရားတယ်။ ဖြစ်နိုင်ရင်...သူတို့သားသမီးတွေကိုပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ကြ။ ဒီကောင်တွေပြည်သူတွေကို သတ်ထားတာ ရေတွက်လို့တောင်မရတော့ဘူး။
အကြမ်းဖက်နည်းနဲ့အောင်ပွဲခံမယ်။ မတရားဘူးလို့ပြောတဲ့ကောင်တွေ ပေါ်တင်ထွက်ခဲ့ကြကွာ...။

ပါလီမန်ထိုးပွဲ..
ထိုင်ဝမ်ပါလီမန်မှာ ဒီလိုဆွဲရတယ်။
ယူကရိန်းပါလီမန်မှာ ဒီလိုပစ်တယ်။
ယူကရိန်းပါလီမန်မှာ ဒီလိုအလဲထိုးတယ်။
မြန်မာပါလီမန်မှာကောဘာဖြစ်မလဲ???????
ယူကရိန်းပါလီမန်မှာ ဒီလိုပစ်တယ်။
ယူကရိန်းပါလီမန်မှာ ဒီလိုအလဲထိုးတယ်။
မြန်မာပါလီမန်မှာကောဘာဖြစ်မလဲ???????
4/23/10
ယောက်ျားအဖြစ်မှ တရားဝင်စွန့်လွှတ်ပါကြောင်း....
ယနေ့ထုတ်ကြးမုံသတင်းမှာပါတဲကြော်ငြာလေး Add ရန်ရှိ
ဒီကြော်ငြာလေးကြည့်ပါ။ ယောက်ျားကရှာဖွေမကြွေးနိုင်၊ အမြဲတမ်းမှုးနေလို့၊ သူမကိုဟိုစွပ်စွဲဒီစွပ်စွဲလို့ဆိုပြီး ယောက်ျားအဖြစ်ကနေစွန့်လွှတ်တယ်ဆိုတဲ့အကြောင်းသတင်းစားထဲမှာထည့်တယ်။ ဥပမာ ဒီယောကျာ်းက ကောင်းကောင်းမွန်မွန်၊ မသောက်မစားပဲ သူဌေးဖြစ်အောင်ရှာဖွေကြွေးနိုင်တယ်ဆိုရင် သူမက အဲလိုသတင်းစာထဲမှာ...ငါ့ယောကျာ်းက၊ လူတော်၊ လူကောင်းကြီး ရာသက်ပန်ပေါင်းပါမယ်ဆိုတာကို ထည့်ပါ့မလား။ အဲလိုထည့်တာကိုကောတွေ့ဘူးလား။
လက်ထပ်ပြီးစီးကြောင်းကြော်ငြာကိုကြည့်ပါ။ ရာထူး၊ ဂုဏ်ထူးတွေ၊ တသီကြီး၊ ဘွဲ့ တွေအများကြီးနဲ့ကြွားဝါထားတယ်။ လမ်းဘေးမှာ ဆိုက်ကားနင်းတဲ့သူ၊ အရက်ပုန်းရောင်းတဲ့သူ၊ သူတောင်းစား စတဲ့ဘွဲ့ထူးဂုဏ်ထူးကြီးတွေရဲ့ မင်္ဂဆောင်ကြော်ငြာတွေ့ဘူးလား။ ဥပမာ မောင်လှ(လမ်းဘေးအရက်ရောင်း) နှင့် မဖြူဖြူ (အသုတ်စုံ) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ကြွရောက်ချီးမြှင့်ပါသော ဆယ်အိမ်ခေါင်း ဦးလှ၊ မင်္ဂလာလက်စွပ်ဆင်မြန်းပေးပါသော ဒု-တစ်ကြပ်ဦးမောင်(အငြိမ်းစား)နှင့် ဒေါ်စော (၀ါရင့်ပဲပြုတ်သည်) တို့အားကျေးဇူးအထူးတင်ရှိကြောင်း....ဒါမျိုးတွေ့ဘူးလား။ သတင်းစာထဲမှာပြောတာပါ။
ဆီဒိုးနားမှာမင်္ဂလာကြီးကြီးကျယ်ကျယ်ဆောင်ပြီး တနှစ်လောက်ကြာမှာ ကွဲသွားတဲ့ လင်မယား၊ ဘွဲတွေတသီကြီးနဲ့ ငွေကြေးချမ်းသာလို့ ရာသက်ပန်မပေါင်းလိုက်ရတဲ့လင်မယား၊ ပေါင်းရတဲ့လင်မယားလောကမှာအများကြီးပါ။ ဆီဒိုးနားမှမင်္ဂလာမဆောင်၊ သတင်းစာထဲမှာမထည့်တဲ့ ပဲပြုတ်သည်နဲ့ဆိုက်ကားသမား၊ ကူလီသမားနဲ့ပန်းရံသည်...သူတို့တစ်သက်လုံးအိုအောင်မင်းအောင်ပေါင်းကြတာကကော တွေ့ဘူးလား။ ကွဲတာကောတွေ့ဘူးလား။ ဒီဘ၀နှစ်ခုမှာ ဘာကအရေးအကြီးဆုံးလဲ။ အချစ်လား၊ ငွေလား၊ ဂုဏ်လား။ ဒီဘ၀နှစ်ခုမှာ ဘယ်အရာကပိုပြီး အိမ်ထောင်ရေးတည်မြဲအောင်လုပ်ပေးပါသလဲ။ ကျနော့်အမြင်ကတော့ စောက်ကြီးစောက်ကျယ်လုပ်ခဲ့တဲ့လူတွေပဲ ကွဲကြပြဲကြများပြီး၊ ပဲပြုတ်ကိုဆီစမ်းပြီး စားရတဲ့လင်မယားတွေက ပိုပြီးမြဲတယ်လို့ထင်တယ်ဗျာ။
ဒါကဘာကိုပြလဲဆိုတော့ မြန်မာတွေတလွဲဆံပင်ကောင်း ဂုဏ်ယူသင့်တာမယူ၊ တန်ဖိုးမထားသင့်တာကို တန်ဖိုးထား၊ စောက်တလွဲတွေဖြစ်နေတာကို ယနေ့ နအဖလက်အောက်မှာ မမြင်ချင်အဆုံး။ နောက်တခုရာထူးတွေပြိုင်ကြပြီး၊ အတွင်းစိတ်ဓာတ်ကို မပြိုင်၊ ညာဏ်ထိုင်းနေကြတဲ့ ဒီလောကမှာ တရားတယ်ဆိုတာ ဘုန်းကြီးခေါင်းက ..သန်းလိုပဲ....အရမ်းရှာရခက်တယ်။
နောက်တခုက ကြေးမုံ၊ မြန်မာ့အလင်းသတင်စာရဲ့ တန်ဖိုးကိုဘယ်လိုသတ်မှတ်ရမလဲဗျာ။ ရာထူးပြိုင်ဖို့လား၊ သန်းရွှေလဥသန်းရှာတာကိုရေးဖို့လား၊ ၀န်ကြီးတွေ အပြင်းပြေဟိုကြည့်ဒီကြည့်တာကိုရေးဖို့လား။ နောက်ဆုံးတော့ ယနေ့ကာလမြန်မာ့အလင်းသတင်စာ၊ ကြေးမုံသတင်းစာရဲ့ တန်ဖိုးက ငရုတ်သီးမှုန့်ထုတ်တဲ့စက္ကူဘ၀၊ အိမ်သာမှာ တစ်ရှုးမရှိလို့ ယာယီအသုံးပြုရတဲ့ပစ္စည်းအဖြစ် တဖြည်းဖြည်းကျရောက်ကုန်ပါလား။ ဒီသတင်းစာမှာပါတဲ့၊ လုပ်တဲ့၊ တာဝန်ယူတဲ့လူတွေရဲ့ အရည်အချင်းတော့ဘာမှမပြောပါရစေနဲ့တော့။ ဒီလူတွေကို အထက်ကကြောငြာရှင်အမျိုးသမီးလို သူ့ယောက်ျားကိုအသုံးမကျလို့ ယောက်ျားအဖြစ်မှ တရားဝင်စွန့်လွှတ်ကြောင်းသတင်းစာထဲမှာထည့်သင့်ပါသလား။

4/21/10
ကျနော့်...ရဲ့  ဘ၀...ကျနော့်ရဲ့ ယဉ်ကျေးမှု
မိုးလင်းရင် အိပ်ရာနိုးပြီ...။ မနက် ၇-နာရီခွဲလောက်မှာထတယ်။ ထထခြင်း...သတင်းတွေဖက်တယ်။ နာရီဝက်အချိန်ပေးတယ်။ ဘီဘီစီဖွင့်ရင်းနဲ့မျက်နှာသစ်။သွားတိုက်။ တခါတလေရေချိုးတယ်။ တခါတလေ မချိုးဘူး။
လွန်ခဲ့တဲ့ငါးရက်လောက်က ကြိုတင်ပြီးချက်ထားတဲ့ ကရင်မုန့်ဟင်းခါးကိုစားတယ်။ မုန့်တီကို Freeze လုပ်ထားတယ်။ ကရင်မုန့်တီဆိုတာက ဆီမပါ။ ဆန်မှုန့်၊ ပဲမှုန့်၊ ငှက်ပျောအူ၊ ကြက်သွန်နီပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ ဇပင်လင်ကိုထောင်းပြီး၊ ငါးခူနဲ့ရောလိုက်ရင် ကရင်မုန့်ဟင်းခါးဖြစ်တယ်။ ငါးခူ၊ ပဲမှုန့်၊ စတဲ့အရာတွေအားလုံးကို၊ ဗီယမ်နမ်ဆိုင်က၀ယ်တယ်။ တရုတ်ဆိုင်က၀ယ်တယ်။ ငှက်ပျောပင်ကို မြန်မာပြည်က ရှမ်းမအိမ်မှာဝယ်တယ်။ တပင်ကို ဆယ်ဒေါ်လာပေးရတယ်။ မုန့်ဖတ်ကိုဗီယမ်နမ်က လာတဲ့မုန့်ဖတ်အခြောကိုပြုတ်လိုက်ရင် စားလို့ရတယ်။ မြန်မာတွေအကြိုက်ချည်စုတ်စုတ်အနံ့တော့မရတော့ စားမကောင်းဘူး။ မရှိတော့လည်းဖြစ်သလိုစားရတာပေါ့။ ဒါက ကျနော်ချက်တဲ့ကရင်မုန့်တီ။ ခလေးလည်းစားလို့ရတယ်။ လူကြီးလည်းစားရတယ်။ ဆီမပါတော့ရောဂါကင်းတယ်။
မနက် ၈-နာရီမခွဲခင် စားတယ်။ ၈-နာရီခွဲတာနဲ့ကျောင်းသွားဖို့အဆင်သင့်လုပ်ရတယ်။ ထမင်းဘူးထုတ်တယ်။ ကျောင်းမှာစားရင် ဘိုစားတဲ့အစားအစာကို ဘယ်လိုမှစားမရတော့ အိမ်က ငပိရည်နဲ့ မျှစ်ပြုတ်ထည့်သွားတယ်။ ကျောင်းနဲ့အိမ်နဲ့က နာရီလောက်ကားမောင်းရတယ်။ တခါတလေခလေးကိုကျောင်းပို့တယ်။ မနက်ကိုးနာရီမှာ။ သူ့ကိုပို့ပြီးတာနဲ့ကျောင်းသွားတယ်။ ညနေသုံးလောက်မှာခလေးကျောင်းဆင်းတယ်။
ကျောင်းဆင်းရင်အိမ်ပြန်တယ်။ ရောက်ရောက်ခြင်း ဆေးလိပ်သောက်တယ်။ ပြီးရင် အင်တာနက်ဖွင့်တယ်။ သတင်းဖတ်တယ်။ ထမင်းချက်တယ်။ တခါတလေ။ အိမ်ကိုသန့်ရှင်းရေးလုပ်တယ်။ တံမျက်စီးမရှိဘူး။ Vaccum Cleaner နဲ့ဖုန်စုပ်တယ်။ ရေချိုးတယ်။ ထမင်းစားတယ်။ ည ၁၀ နာရီလောက်အိပ်တယ်။ မအိပ်ခင် ကျောင်းကစာတွေနည်းနည်းဖတ်တယ်။ စိတ်မ၀င်စားလည်းဖတ်ရတယ်။ တာဝန်ပဲလေ။
ကျောင်းအားရက်မှာ ကားမောင်းသင်တယ်။ တစ်ပက်ကို ဒေါ်လာ ၃၀၀ လောက်ရတယ်။ အစိုးရကပေးတဲ့ထောက်ပံ့ကြေးက အများကြီး။ လုံလောက်တယ်။ သို့သော် ကြားပေါက်ရှာတယ်။ ဆေးရှု၊ အရက်သောက်ဖို့။ ဆေးရှုဆိုတာ ဆေးလိပ်သောက်တာကိုပြောတာ။ ဒါတွေကဈေးကြီးတယ်။ ကြားပေါက်မရှိရင် ဒါတွေမလုပ်နိုင်ဘူး။
သောကြာ၊ စနေဆိုရင် အမေရိက၊ မဲ့ဆာက်၊ ချင်းမိုင်၊ ဘန်ကောက်၊ အော်စီ၊ နော်ဝေ မှာရှိတဲ့ ရဲဘော်မကြီးတကြီးတွေဖုန်းဆက်တယ်။ နိုင်ငံရေးပွားတယ်။ ဘယ်လိုလှုပ်ရှားမှုရှိလဲ၊ ဘယ်သူ့အတင်းရှိလဲဆိုတာစုံစမ်းတယ်။ အရက်သောက်ရင်း အမြည်းလုပ်တဲ့သဘောပါ။ တခါတလေ ဘယ်သူမှဖုန်းမကိုင်ဘူး။ ဘုန်းကျော်မှုးလို့ဆိုပြီး။ ဘယ်သူမှတော့မကောင်းကြောင်းမပြောဘူး။ ဒါကထူးခြားတယ်။
တခါတလေ သူငယ်ချင်းအိမ်မှာ သွားကောင်းတယ်။ ပွားတယ်။ ၀ါးတယ်။ ည ၁၀ နာရီလောက်အိမ်ကိုမှုးပြီးကားမောင်းတာ ခဏခဏပဲ။ တခါမှတော့ ဘာမှမဖြစ်သေးဘူး။ အခုတော့နည်းနည်းဆင်ချင်တယ်။ ရဲဖမ်းမှာစိုးလို့။ တခါတလေ သူများဘလော့ဂ်တွေမှာတက်ပြီး အာတယ်။ ပွားတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဆရာကြီးဝင်လုပ်တယ်။ လူ့ဘောင်သစ်က ခေါင်းဆောင်တွေကို မှုးပြီးအကြံပေးတယ်။ ဟိုကလူတွေကတော့ပြောတယ်။ မင်းနဲ့ငါဘာမှပြောစရာအကြောင်းမရှိဘူးလို့။ ဘာလို့မရှိမှာလဲလို့...မှုးပြီးစောတကတက်တယ်။ ဒါက တာဝန်တခု။ အိမ်မှာက မိန်းမနဲ့ခလေးကလွဲရင် အင်တာနက်က ဘော်ဒါပဲ။ ဆိုတော့ ပြောစရာမရှိဘူး။ စကားကြီးစကားကျယ်ကိုဆိုလိုတာပါ။
နောက်နေ့မနက်လင်းတော့...ကရင်မုန့်တီးစားတယ်။ ကျောင်းသွားဖို့ပြင်တယ်။ တနေ့၊ တပတ်၊ တလ ဒါနဲ့ရွာလည်နေတယ်။ ဘာလဲဟ...ငါ့ဘ၀..ဆိုပြီး စဉ်စားနေရတာအမော။ ကျောင်းတက်တာဘာလဲ။ ဘယ်သူ့အတွက်လဲ။ အော်စီမှာနေတာ ဘာလုပ်ဖို့လဲ။ ဘယ်သူ့အတွက်လဲ။ ငါဘာလုပ်မှာလဲ။ ဒီလိုနဲ့ပဲအသက်ကြီးပြီးသေမှာလား။ ကုလားကြီးလို ပြည်မြန်မာကို မဲ့ဆောက်ကနေခိုးဝင်ပြီး ပြန်ရင်ကောင်းမလား။ အင်း....မောတယ်ဗျာ...။ ဒီလိုနဲ့ ဘ၀ကို အဆုံးမသက်ချင်တော့ ကိုယ့်ကိုကိုယ်စောက်သုံးမကျဘူးလို့အမြဲတမ်းပြောဖြစ်တယ်။
ခလေးတွေကြီးလာရင် ဘာမှပူစရာမလိုဘူး။ အော်စီအစိုးရအစစအရာရာတာဝန်ယူတယ်။ ငတ်ရင်ကြွေးတယ်။ ကျောင်းတက်ဖို့ငွေမရှိရင်ပေးတယ်။ ဆေးကုတာအခမဲ့။ စုဆောင်းမှုငွေ၊ အိမ်မရှိလည်းဘာမှမဖြစ်ဘူး။ သူတို့အသက်ကြီးလာရင်၊ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်တော့ အိမ်ဝယ်၊ စီးပွားရှာ ဘာမှပူပင်စရာမရှိ။ တခုတော့ရှိတယ်။ သူတို့ရဲ့ အုံးနှောက်ထဲကိုယ် ပညာထည့်ပေးရုံပဲ။ ဘေးကထိန်းပေးရုံပဲ။ ဆိုတော့ ကျနော်ကဒီလိုစဉ်းစားတယ်။ ငါ..ဘာလုပ်မှာလဲလို့...။
ငါ..ဒီမှာအမြဲနေမှာလား။ ဒီလိုတော့မနေချင်ဘူး။ ချောင်းဘေးမှာ ငါးမျှားချင်တယ်။ မိုးလေးဖွဲဖွဲရွာနေတဲ့အချိန်မှာ အရက်ကလေးနဲ့ညိမ့်ချင်တယ်။ ငါးဇင်းရိုင်း၊ ဇရစ်ရိုး၊ ဖလောင်တောင်မွေး၊ စတဲ့ရာသီပေါ်သီးနှံတွေကိုစားချင်တယ်။ ပကာသန၊ ဟန်ဆောင်မှုကင်းတဲ့ဘ၀ကို လိုချင်တယ်။ တက္ကသိုလ်က PhD ဘွဲ့ ရပြီး စောက်ကြီးစောက်ကျယ်ပြောတာကိုမုန်းတယ်။ ပိုက်ဆံချမ်းသာပြီး...နာမည်ကြီးပြီး စောက်ကြီးစောက်ကျယ်၊ အောက်ခြေလွတ်တာကိုမုန်းတယ်။ ဆိုတော့ငါဘာလုပ်မှာလဲ။ တခုပဲရှိတယ်....မြန်မာပြည်ပြန်မယ်။ ပြန်လို့မရရင် စံခလပူရီ-ဘုရားသုံးဆူနယ်စပ်၊ မဲ့ဆောက်မှာနေချင်တယ်။ စစ်အစိုးရကို ဒူးထောက်ဖို့မြန်မာပြည်ပြန်တာမဟုတ်ဘူးနော်။ ဒါက ကျနော့်ရဲ့ ယဉ်ကျေးမှုပဲ။

4/18/10
လုပ်ကြံသက်ဖြတ်ရေးသည်သာအောင်ပွဲဖြစ်သည်
မြန်မာပြည်ကို ဖျက်ဆီးတာ ဗမာတွေဖြစ်တယ်။ တိုင်းရင်းသားတွေ ဘယ်တော့မှ ဖျက်ဆီးခဲ့တာမဟုတ်ပါ။ ဒီလိုပြောလို့ မင်းက ဘာသိလို့လဲမမေးနဲ့။ သမိုင်းပညာရှင်တွေလို အချက်အလက်နဲ့မပြောတက်တာကိုတော့ခွင့်လွှတ်။ ဖျက်ဆီးတဲ့ဗမာတွေထဲမှာ လူကြီးတွေဖြစ်တယ်။ လူငယ်တွေမပါဘူး။ ကဲ...ဖျက်ဆီးတဲ့ဗမာတွေဆိုတာ ဘယ်သူတွေလဲ။ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးတာတော့မဟုတ်ပါဘူး။ အာဏာမက်ခြင်း၊ ငါ့မိသားစုကောင်းစားရေး၊ ငါ...စားပေါက်ချောင်ရေး၊ ငါ့..အဖွဲ့ကောင်းစားရေး၊ ငါ့..ဆရာကိုဖားရေး၊ ငါ...ဆိုတဲ့အတ္တတွေကြောင့်လို့ ကောက်ချက်ဆွဲတယ်။
၁။ ဗိုလ်ချုပ်နေ၀င်း
၂။ ဂဌုန်ဦးစော
၃။ ဗိုလ်ချုပ်သန်းရွှေ
၎။ ဗိုလ်ချုပ်စောမောင်
၅။ ဦးနု
၆။ ဦးကျော်ငြိမ်း
၇။ သခင်သန်းထွန်း
၈။ သခင်စိုး
၉။ ဦး....သဖြင့်။။။ သခင်...စသဖြင့်။ သူတို့ဟာ ဗမာတွေဖြစ်တယ်။ အခုလက်ရှိ NLD ကိုကြည့်။ ဗမာတွေဖြစ်တဲ့ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်နေတယ်။ ဘာတွေဖြစ်လာအုံးမလဲမသိဘူး။
ဒါ့ကြောင့် ဗမာတွေဖျက်ဆီးခဲ့တာလို့ပြောတာ။ သူတို့အားလုံးဟာ အသက် ၃၅ နှစ်အောက်လူငယ်မရှိဘူး။ သူတို့အာဏာရတဲ့အချိန်မှာ။ ကောင်းစားနေချိန်မှာ။ ဗမာတွေဟာ လူများစုဖြစ်တယ်။ နိုင်ငံရေးကိုဦးဆောင်ပြီးလုပ်ခဲ့တဲ့သူတွေလည်းဖြစ်တယ်။ ဖျက်ဆီးတဲ့လူတွေလည်းဖြစ်တယ်။ ကြားထဲကခံရတဲ့ သူတွေက လူအေးတွေဖြစ်တဲ့ တိုင်းရင်းသားနဲ့ ပြည်သူတွေပဲ။
လက်ချိုးရေလို့ရတဲ့ လူတစ်စုဗမာကြောင့် သန်းပေါင်းများစွာအသက်အိုးအိမ်စည်းစိမ်ပျက်ဆီးရတယ်။ ဒုက္ခရောက်ရတယ်။ ဗိုလ်ချုပ်နေ၀င်းအာဏာရှင်လုပ်တာဟာ သူ့အပြစ်ပဲပုံချလို့မရဘူး။ သူ့ဘေးမှာ သူ့ကိုကပ်ဖားရပ်ဖားလုပ်နေတဲ့ လူတွေမှာလည်းအပြစ်ရှိတယ်။ သူနဲ့တည့်တုံးက အသံမကြားရဘူး။ သူက ကန်ထုတ်တော့မှ အသံကြားတယ်။ သိတ်ရက်စက်တဲ့ဗိုလ်ချုပ်ကြီးနေ၀င်းပေါ့။ ကိုယ့်စောက်သုံးမကျတာတော့ထည့်မပြောဘူး။ ဒီနေ့လည်း ဒု-ဗိုလ်မှုကြီးဟောင်း ကြည်ဆွေရေးတဲ့ ဦးနေ၀င်းအကြောင်းဖတ်တော့မှ ဒီလိုသုံးသပ်မိတယ်။ ကိုယ်အာဏာရှိတုံး၊ ၀ါးတီးမှန်တုံးကတော့ ဘာစောက်သံမှမကြားရဘူး။ ပီးမှ ရက်စက်တယ်ပြောတယ်။ အခုလက်ရှိ နအဖ ဗိုလ်ချုပ်တွေနဲ့ တည့်တဲ့လူတွေလည်း အရင်တုန်းကဖြစ်ရပ်တွေနဲ့သိတ်မကွာဘူး။ အာဏာနဲ့ စည်းစိမ်အတွက်ပဲ မက်တယ်။ သန်းရွှေ၊ မောင်အေး အာဏာရှင် လုပ်နေတာကို တခြားဗိုလ်ချုပ်တွေလည်းသိတယ်။ ပြည်သူလည်းသိတယ်။ ဒါလည်း ငါ့..ကိုမထိရင်ပီးရောဆိုပီး ငြိမ်ခံနေလို့ ဟိုသူတောင်စားကရောက်တက်လာတယ်။
အခုတပ်တွင်းပုန်ကန်မှုတွေဖြစ်နေတာဆက်တိုက်ပဲ။ အရာရှိတွေလည်း ဒိုးကုန်ပြီ။ ထောက်လှမ်းရေးတွေလည်း နိုင်ငံတကာမှ ပြန့်ကုန်ပြီ။ သူတို့ကောင်းစားတုံးကတော့ အရင်အတိုင်းပဲ ဘာစောက်သံမှမကြားဘူး။ သန်းရွှေက ကန်ထုတ်လိုက်တော့မှ သန်းရွှေမကောင်းကြောင်းထုတ်ပြောတော့တယ်။ အရင်တုန်းက သန်းရွှေမကောင်းကြောင်းမသိဘူးလား။
အခုနောက်ဆုံးတပ်တွင်းပုန်ကန်မှုဟာ သွေးရိုးသားရိုးမဟုတ်ဘူး။ အောက်ခြေမှာငတ်နေလို့ ဆန္ဒပြတာထက် တခြားပုန်ကန်မှုရှိတယ်။ စောက်သုံးမကျတဲ့ဗိုလ်ချုပ်တွေနဖူးထိပ်ဖူးမှန်ဖို့နီးပီ။ ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်ရမဲ့တာဝန်က ပုန်ကန်မှုကို ဦးဆောင်တဲ့အရာရှိတွေလက်ထဲမှာရှိတယ်။ ဘယ်တော့သေမလဲဆိုတာစောင့်ကြည့်ရမဲ့အချိန်ပဲ။
အရပ်သားတွေလို စစ်သားတွေက လမ်းမပေါ်ထွက်ပြီး ကုန်ဈေးနှုံးကျဆင်းရေးအော်မဲ့လူတန်းစားမဟုတ်ဘူး။ အခွင့်အရေးရတာနဲ့ လက်ညိုးလေး တချက်ကွေးလိုက်ရုံပဲ။ သူတို့တွေ သန်းရွှေ၊ မောင်အေးကို သတ်ပြီး အာဏာသိမ်းလိမ့်မယ်ဆိုတာ ဘယ်သူသိလဲ။ သန်းရွှေဘေးနားမှာရပ်နေတဲ့ အူဇီကိုင်တဲ့ လူကပစ်သက်မယ်ဆိုတာကိုလည်း ဘယ်သူသိလည်း။
တပ်တွင်းပုန်ကန်မှုကို အောင်ပွဲခံမယ်နည်းနာကတော့ လုပ်ကြံရေးဖြစ်တယ်။ သတ်ပစ်ရေးဖြစ်တယ်။ ဘယ်သူကို သတ်ရမလဲ နအဖ ထိပ်ပိုင်းခေါင်းဆောင် သုံးလေးဦးလောက်ကို သက်ပစ်ရမယ်။ သူတို့ကိုသက်လို့ ဘယ်တော့မှ ငရဲမကြီးဘူး။ တရားဥပဒေနဲ့မညှိစွန်းဘူး။ ဒီလိုလုပ်ကြံလိုက်လို့ ပြည်သူနဲ့နိုင်ငံရေးသမားတွေက တိုင်းပြည်ရဲ့ ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုအုံးမယ်။
အခုနောက်ဆုံး တပ်တွင်းပုန်ကုန်မှုဆိုတာ ဗိုလ်ချုပ်ကြီးတစုကို သတ်ဖြတ်လုပ်ကြံရေးနဲ့ နိဂုံးချုပ်ရမယ်။ ဆူပူဆန္ဒပြတာဟာ ထိရောက်တဲ့လုပ်ငန်းစဉ်မဟုတ်ဘူး။ စစ်သားတစ်သောင်းဆူပူရင် စစ်သားတစ်သိန်းနဲ့ရင်းဖို့ အာဏာရှင်ကလုပ်လိုက်မယ်။
ဒီတစ်ခါ ဗမာတွေကို ဗမာတွေက သက်ပြီးပြောင်းမှရမယ်။ ဘယ်တိုင်းပြည်မှာမဆိုရင် လူပေါင်းသိန်းချီသေပြီမှ အကောင်းဘက်ကိုပြောင်းတယ်။ အနည်းဆုံးတော့ သွေးထွက်သံယိုမှုမဖြစ်ပဲနဲ့ မည်သည့်တိုင်းပြည်မှ အပြောင်းလဲကြီးမပြောင်းဘူး။ သွေးနဲ့ရင်းမှ အောင်ပွဲဆိုတာရတယ်။
ငါတို့တပ်မတော်သားတွေဟာ ပြည်သူပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဖောက်တဲ့ကောင်တွေက ငါ့မိသားစုကောင်းစားရေး၊ ငါအာဏာရှိရေးကိုလုပ်နေတဲ့ လက်တစ်ဆုတ်စာလူတစ်စုဖြစ်တယ်။ သူတို့ကတော့ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ အောင်သောင်း၊ နဲ့ တင်အောင်မြင့်ဦးဆိုတာ လူတိုင်းသိတယ်။
တပ်တွင်းပုန်ကန်မှုရဲ့ အောင်မြင်မှုဟာ ဒီလူတစုကို သက်ပစ်တာနဲ့ဆိုင်တယ်။

4/16/10
Burma's Got Talent
စိုင်းစိုင်းလောက်တော့သနားတယ်။ တော်တော်...တော်တဲ့ခလေးလေးတွေပါလား...။ ပိုက်ဆံရှိရင်တော့ ဒီခလေးတွေကို စီရီးတစ်ခွေလောက်ထုတ်ပေးအုံးမယ်။
Subscribe to:
Posts (Atom)