ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/14/10

ဝင်းယော်မှာ မိုးတွေသည်းနေပြီ …. ကိုငြိမ်း

ရွှေအိမ်စည် | ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၂ မိနစ်

(က)

တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော်အိမ်သို့ ရောက်လာ၏။ ကျနော်က အိမ်တွင်မရှိ …။ သူစတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင် ရောက်နေသည်။ အိမ်နှင့် စာကြည့်တိုက်က မဝေး ….။ သူ … စာကြည့်တိုက်သို့ လိုက်လာ၏။

“အိမ်ရောက်သွားသေးတယ် …. ခင်ဗျား စာကြည့်တိုက်မှာဆိုလို့ လိုက်လာတာ ….”

ကျနော့်အနားတွင် ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင် …. သူ၏ နှုတ်ခမ်းထူထူမဲမဲကြီးအား စူ၍ လေပူတချက်အား မှုတ်ထုတ်ရင်း … “ပူလိုက်တာ …” ဟု မဟတဟ ညည်း၏။

အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့် သီးနေ၏။ ကြိုးကျဲကျဲ … မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။

သူထံမှ ချဉ်စူးစူးအနံ့ ရ၏။

ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီနက်ပြာရောင်၏ အောက်တွင် သူ၏ ကိုယ်ခန္ဒာသည် သေးသွယ်ပိန်လှီလွန်း၍နေသည်။ ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီက ဆေးလိပ်မီးပေါက်ရာများနှင့် ….။

‘ခင်ဗျားကို ကဗျာလာပေးတာ …’ ဟု ပြောရင်း …. သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ရှာနေသည်။

ကျနော်က … ‘ဟေ့လူ … ခေါင်းစဉ်ရောပါရဲ့လား’ ဟု ပြောတော့ …၊

သူ … ဟက်ဟက်ပက်ပက်ရယ်၏။ ကျယ်ကျယ်လောင်လောင် …။ ရယ်ရင်း … ဒီတခါတော့ပါတယ် … ပါတယ်ဟု ပြော၏။ စကားသံနှင့် ရယ်မောသံက လုံးလုံးထွေးထွေး။ သူ … ထိုသို့ရယ်ပြီးဆိုလျှင် …၊ နေပူခံဝမ်းစာအား ပြည့်ပြည့်ဝဝ၊ သူ … ရထားပြီးဖြစ်သည်ကို ကျနော် သိ၏။

လွန်ခဲ့သည့် ၃ လ ခန့်က သူ … ကျနော်အား ကဗျာတပုဒ် လာပေး၏။ ကျနော် စီစဉ်လုပ်ကိုင်နေသည့် လစဉ်ထုတ်ဂျာနယ်အတွက် ဖြစ်သည်။

နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့ နှင်းဆီ ပန်မိတယ်။

ညတွေကိုမတွေ့ချင်တော့ဘူး
အရေးရယ် အကြောင်းရယ် ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။

အရှေ့လေတွေပေါက်နေတယ်
ဒါပေမဲ့
ရယ်စရာ စကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း …။

မင်းလာတာနောက်ကျတယ်
ပေါင်းမသင်ရတဲ့ မြက်တွေ
ခပ်ရှည်ရှည်ပဲ လွမ်းကြမယ်
ကောင်းကင်က ငှက်တွေ
ပျံသန်းကြဦးမှာ။ ။

ငြိမ်းလူ

ကဗျာက လှ၏။ သို့သော် … ခေါင်းစဉ်က မပါ။ ‘ဟေ့လူ … ခင်ဗျာ့ကဗျာက ခေါင်းစဉ်လည်း မပါဘူး။ ဘယ်လိုလုပ်မလဲ …။’

ကျနော့်စကားကြောင့် … သူ့ကဗျာအား သူပြန်ကြည့်၏။ ခေါင်းစဉ်က မပါ ….။ နောက်ပိုင်းတွင်မှ သူ့ကဗျာ၏ ခေါင်းစဉ်အား တယ်လီဖုန်းနှင့် ကျနော့်အား ပြော၏။

“သို့ ….. ဖန်သီကျူရင်”

ဤအတွက် … ခင်ဗျာ့ကဗျာက ခေါင်းစဉ်ပါရဲ့လားဟု ကျနော့်အပြောအား သူရယ်မောခြင်း ဖြစ်၏။
သူ့လွယ်အိတ်အတွင်းမှ ကွန်ပြူတာနှင့် ရိုက်ထားသည် ကဗျာစာရွက် ၃ ရွက်အား ထုတ်ပေး၏။

‘ပြောင်းခင်းထဲကနေ (သို့) ရင့်မည့်စေသော စာမျက်နှာ’

ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။

သူ၏ ကဗျာစာရွက်အား ကျနော့်ကို ပေးပြီး သူအပြင်သို့ ထွက်သွား၏။ ကဗျာအား ကျနော် ဖက်နေစဉ်မှာပင်၊ သူ … ပြန်ရောက်လာ၏။ လက်ထဲတွင်က နေပူခံပေါင်းခံအရည်နှင့် တုတ်ထိုးသီးထားသည့် မရမ်းကင်တထုပ် ….။

သူ … တန်ခူးနွေအား အံတု၍နေ၏။

(ခ)

ကျနော် သူနှင့် စတင်သိကျွမ်းပြီး တွဲခဲ့ကြရသည့် အချိန်ကာလများစွာက …. ကြောပိုးအိတ်တလုံး၊ သေနတ်တလက်စီနှင့် နေခဲ့ကြရသည့် အချိန်များက များသည်။ ၁၉၉၆ ခုနှစ်တွင် စခန်းသစ်၌ သူနှင့် ကျနော် စတင်၍ တွေ့ဆုံသိကျွမ်းခဲ့ကြ၏။

ထိုစဉ်က … သူသည် စစ်အုပ်စု၏ ရေး၊ ထားဝယ်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်နေသည့် စီမံကိန်းနှင့်ပတ်သက်၍ ‘လျှို့ဝှက်အော်ပရေးရှင်း’ တခုအား ဆောင်ရွက်နေသည်။ သူ၏ ‘အော်ပရေးရှင်း’ အား လျှို့ဝှက်ရေးမူအရ ကျနော် မမေး ….။ သူကလည်း မပြော …။ သူလိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင် …. တတ်နိုင်သ၍ ဆက်စပ်၍ ရှာဖွေစုဆောင်းပေးခဲ့၏။

အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူ အလုပ်များနေခဲ့၏။

ထိုစဉ်က … သူသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) မှ တပ်ဖွဲ့ဝင်တပ်မှူးတဦး ဖြစ်သော်လည်း …. မဟောသဓာဇာတ်တော်လာ ‘သားလုခန်း’ မှ မိခင်ရင်းဘဝနှင့် နေရသည့်ကာလ ….။ (P.D.F) မှန်နန်းဆောင်၏ အပြင်တွင် ရောက်နေသည့် အချိန် …။

(ဂ)

ကျနော်က … သူ့အား ကဗျာဆရာတဦးအဖြစ်နှင့် မကျွမ်းဝင် … မမြင်မိ။ စစ်သား … လက်နက်ကိုင် တော်လှန်ရေးသမား တဦးအဖြစ်နှင့်သာ မြင်မိ၏။ သူက … ‘ဒေါင်းအိုးဝေ’ တွင် ကဗျာများ ရေးနေပြီဖြစ်သည်။ ကျနော်က သူ့ကဗျာများအား ‘ဒေါင်းအိုးဝေ’ တွင် ရှာပြီး တခုတ်တရလည်း မဖတ်ဖြစ်ခဲ့ …။ သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့် ‘ဒေါင်းအိုးဝေ’ စာစောင်များအား မှတ်မှတ်ရရ သိမ်းဆည်းမထား …။

စစ်အေး၍ ရွာအနီးဆေးကိုင်းတဲလေးတတဲ … ထဲတွင် အေးအေးလူလူ နားနေနိုင်ပြီး၊ စကားကောင်းကြသည့် ဆည်းဆာများတွင် ကျနော်တို့ ကဗျာအား အမြည်းလုပ်မိကြသည့် အခါများတွင် သူသည် … ဆရာမောင်သာနိုး၏ ‘ထင်းရှုးပင်ရိပ်’ အား မကြာ၊ မကြာ ကောက်၊ ကောက်ကိုင်တတ်၏။ ပြီးလျှင် … ‘မာယာကော့စကီး’ ၏ ကဗျာများအား တပုဒ်ပြီး တပုဒ် သူရွတ်ပြတတ်၏။

ဤတွင် …. ကျနော်တို့အထဲမှ ကျောင်းသားတပ်မတော်မှ တပ်မှူးတဦးက …
‘ဟေ့လူ … ခင်ဗျား … ရုရှားကဗျာတွေကလွဲပြီး တခြားကဗျာတွေ အကြောင်းလည်း ပြောအုံးဗျာ’ ဟု နောက်လျှင် …. သူသည် မကျေမနပ်နှင့် …။

‘ခင်ဗျားတို့ ကျနော့်ကို ဝိုင်းမြည်းကြတာပေါ့လေ’ ဟု မကျေမနပ်နှင့် ပြောပြီး …. ကွမ်းသီးဖက်၊ ဖက်ဖြူလိပ်တိုအား မီးညှိ၍ တွင်တွင်ဖွာနေတတ်၏။

(ဃ)
၁၉၉၇ ခုနှစ် …။
ရန်သူ့ထိုးစစ်ကြောင့် KNU ဒူးပလာယာခရိုင်၏ အခြေခံဒေသကြီးတခုလုံး ကျဆုံးခဲ့ရ၏။ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်မှူးသမူဟဲနှင့် တပ်ခွဲမှူးအချို့ ရန်သူ့ထံ၌ လက်နက်ချ အညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှ တပ်ခွဲမှူး ဗိုလ်လေးဝါးသည်လည်း ရန်သူနှင့် ပေါင်းလိုက်၏။ KNLA တပ်ရင်း ၁၆ နှင့် ဗိုလ်လေးဝါး၏ တပ်ခွဲလှုပ်ရှားမှုဒေသက … KNU ဒူးပလာယာခရိုင်၏ ဝင်းယော်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်း၌ ဖြစ်သည်။ ပြီးလျှင် … ဝင်းယော်မြို့နယ် ဥက္ကဋ္ဌ မန်းတင်ငြိမ်းချမ်းနှင့် မန်းအောင်တင်မြင့်တို့ DKBA နှင့် ပူးပေါင်းလိုက်ကြပြန်၏။ မန်းအောင်တင်မြင့်က KNU ဒူးပလာယာခရိုင်၏ ခရိုင်အလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်ပြီး ဝင်းယော်နှင့် ကြာအင်းမြို့နယ်အတွင်း စည်းရုံးရေး၊ နိုင်ငံရေးအရ သြဇာရှိခဲ့သည့်သူ ဖြစ်သည်။

လက်နက်ချ အညံ့ခံမှုများကြောင့် ဝင်းယော်မြို့နယ်အတွင်း KNU ၏ အုပ်ချုပ်ရေး၊ စည်းရုံးရေးအခြေအနေသည် လူထုအတွင်း ယိမ်းယိုင်၍သွား၏။ လူထုက ဝေဝါး၍နေ၏။ စစ်ရေးတွင်လည်း KNLA တပ်ရင်း ၁၆ မှ စောသမူနှင့် မပါသွားသည့် ဗိုလ်တင်လှိုင်၏ တပ်ခွဲ ၅ နှင့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲ ၃ နှစ်ခွဲသာ ကျန်ရှိ၏။ တပ်ခွဲဟုသာ ဆိုရသည်။ အင်အားက ၂ဝ မျှပင် မပြည့်ချင် ….။

မဟာမိတ်ဟူ၍က … ကျနော်တို့အဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့သာ ရှိ၏။ ကျနော်တို့ အဖွဲ့များကလည်း စစ်ရေးအရ ပံ့ပိုးပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ မရှိ …။ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဝါဒဖြန့်ချိရေးအရသာ ဝင်းယော်မြို့နယ် KNU အုပ်ချုပ်ရေးအဖွဲ့အား ပံ့ပိုးနိုင်၏။

ထိုအခြေအနေတွင် … သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တဖွဲ့လုံး … လက်နက်အင်အား၊ ကျည်အင်အား အပြည့်အစုံနှင့် ဝင်းယော်ဒေသအတွင်းသို့ ဆင်းလာ၏။ ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီး စစ်ရေးအရ တိုက်ပွဲများ ဆင်နွှဲပြီး …. အခြေခံဒေသအား ပြန်တည်ဆောက်ကြ၏။ လူထု၏ ယုံကြည်မှုအား ပြန်တည်ဆောက်ကြ၏။

(င)

ချောင်းနှစ်ခွနှင့် မုဒုံ ကားလမ်းအပိုင်းတွင် စခန်းမှူးဒုရဲအုပ် ဦးစီးသည့် ကဒါရဲစခန်း ရှိသည်။ ရဲတပ်သားအင်အား ၁၅ ဦးခန့်ရှိသည့် စခန်းဖြစ်သည်။ ကဒါရဲစခန်းက နာမည်ဆိုးနှင့် ကျော်ကြား၏။ ခရီးသည်များအား အစစ်အဆေးကြမ်း၏။ အတောင်းအရမ်းဆိုး၏။ ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ပြန်ဆင်းလာသည့် ခရီးသည်များဟု ယူဆရသူဟု ထင်လျှင် …. ကားပေါ်မှ ဆွဲချထား၏။ ပြီးလျှင် … နင့်နင့်ပိုးပိုးရမှ ပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း … ရွှေငွေ၊ ပစ္စည်းများအား ချွတ်၍ယူ၏။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြပြီး နေရပ်သို့ ပြန်ကြသည့်သူများက … မိုးအခါတွင် စံခရဘူရီ၊ ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်း ချောင်းနှစ်ခွသို့ စုန်ဆင်းပြီး … ချောင်းနှစ်ခွမှ မုဒုံသို့ မော်တော်ယာဉ်နှင့် တဆင့်ခရီးဆက်ကြရ၏။ ဤတွင် …. ကဒါရဲစခန်းသည် ‘ကတွက်ပေါက်’ မှ စောင့်နေသည့် ဗျိုင်းပမာ …။

သို့နှင့် …. လူထုသည် မခံနိုင်တော့ …။ ကဒါရဲစခန်းအား တိုက်ခိုက်ပါရန် တောင်လှန်ရေး တပ်သားတို့အား တောင်းဆိုလာကြ၏။ ဤတွင် … ကဒါရဲစခန်းအား တိုက်ခိုက်ရန် သူ … စီမံတော့၏။

ပထမ … ကဒါရဲစခန်းနှင့်ပတ်သတ်သည့် သတင်းများအား စုံစမ်း၏။ အဝင်အထွက် လှုပ်ရှားမှုအား လေ့လာ၏။ စစ်ကူလာနိုင်မည့် တပ်အခြေအနေအား အကဲဖြတ်၏။ ပြီးလျှင် … စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့အား ဖွဲ့စည်း၏။ စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့၏ ဝင်လမ်း-ဆုတ်လမ်းအား ရွေးချယ်၏။ မိမိဘက်မှ စစ်ကူပေးနိုင်မည့် တပ်ဖွဲ့၏ အင်အားနှင့် လှုပ်ရှားနယ်မြေအား သတ်မှတ်၏။ အားလုံးပြီးပြည့်စုံသည်နှင့် … သူ၏ ကဒါရဲစခန်းသိမ်းပိုက်ရေး စစ်ဆင်ရေးအား စတင်သည်။

မိုးရေများအောက်၌ သူ၏စစ်ကြောင်း ခရီးထွက်သွား၏။ ဇမိမြစ်ရေနှင့် ဝင်ယော်ချောင်းရေတို့က လျှံ၍နေသည်။ လယ်ကွင်းများက ရေပင်လယ်ကြီးအလား …။ ရင်စို့မျှရှိသည့် ရေပြင်အား တရွေ့ရွေ့နှင့်ဖြတ်၍ ကဒါရဲစခန်းဆီသို့ ချီကြရ၏။ ကဒါရဲစခန်းအား သူ၏ ဦးဆောင်မှုနှင့် သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံအား သိမ်းပိုက်ပြီး သူတို့ ပြန်ဆုတ်လာခဲ့ကြသည်။ ကဒါရဲစခန်းမှ သိမ်းယူရရှိခဲ့သည့် လက်နက်ငယ်မျိုးစုံတွင် …. ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ‘ဘရင်းဂန်း’ ကြီး တလက်လည်း ပါ၏။

ကျနော်တို့က … ‘ဘရင်းဂန်း’ ကြီးအား ကြည့်ပြီး ….

“ခင်ဗျား…ဗျာ ရဲတွေကို အနိုင်ကျင့်ပြီး …. စစ်သမိုင်းပြတိုက်မှာ ထားရမယ့် …. ရှေ့ဟောင်းပစ္စည်းကြီးကို မိုးထဲ၊ ရေထဲ အလေးခံပြီး ယူလာတယ်” ဟု သူ့အား ဝိုင်းနောက်ကြ၏။ သူကား … ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အား ကျိုက်ရင်း …

“ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ပြောပေါ့ …။ အခုတော့ … မြည်းစရာက … ဘရင်းဂန်းရယ်၊ မောင်ငြိမ်းရယ် ရသွားပြီပေါ့…။” ဟု သူ့ … နှုတ်ခမ်းမဲမဲထူထူကြီးအား လှုပ်၍ ဗလုံးဗထွေးနှင့် ပြော၏။

ဝင်းယော်ချောင်းရေက … အတီးထော်ဒီ … ၏ တဲခြေရင်းအထိ လျှံ၍တက်နေသည်။ ဝင်းယော်ရေစီးအောက်၌ မိုးမခပင်တို့က ယိမ်း၍နေ၏။ ခဏငယ်အတွင်း ရေပြင်အောက်သို့ မြုပ်သွားလိုက် … ခဏငယ်အတွင်း ရေပြင်ပေါ်သို့ ပြန်၍ပေါ်လာလိုက်နှင့် ….။ သည်းနေသော မိုးက လျှပ်ပန်းလျှပ်နွယ်တို့နှင့် ဝင်းဝင်းပြက်ပြက် …။ လေအဝှေ့ကြောင့် အတီးထော်ဒီတဲအတွင်းသို့ မိုးရေစက်တို့ တိုးဝင်လာသည်။ တဲကြမ်းပြင်တခုလုံး စိုစိုရွဲသွား၏။

ဝင်းယော်မှာ မိုးတွေ သည်းနေပြီ … ကိုငြိမ်း ….။

5/13/10

အပမ်းဖြေဖို့ပါ...

People Election ဟားဟား...ရီရတယ်..

2 May 2010

The ten leading alliances of Burma’s democracy and ethnic rights movement are calling on Burmese communities and organizations in exile and Burma solidarity groups around the world to hold “People’s Elections” on 27 May to express the people’s desire for a genuine democratic change in Burma.

Twenty-seven May will mark the 20th anniversary of the 1990 elections in which the National League for Democracy (NLD) won 82% of seats. The NLD and other 1990 election winning parties have decided not to contest the elections this year due to the military junta’s unfair election laws and undemocratic preparations for the elections. Despite facing dissolution as legal political entities, these parties have pledged to continue their struggle for democracy through peaceful means.

“The Ten Alliances want to recognise and show our ongoing support to the efforts of the NLD and other democratic forces in Burma over the last 20 years. This Global Day of Action will be a united stand against this year’s elections, as part of our ongoing Campaign Against Burma’s 2010 Military Elections. The international community will join the people of Burma, the NLD, Daw Aung San Suu Kyi and the democracy and ethnic rights movement in rejecting these sham elections”, said U Moe Zaw Oo, Joint General Secretary of the National League for Democracy – Liberated Area (NLD–LA) and coordinator of the Foreign Affairs Coordinating Team (FACT) of the Ten Alliances.

The Ten Alliances have called on the groups to hold events in public places where people can vote for genuine democratic elections in Burma and ask ASEAN and national governments to denounce the 2010 elections and reject the results unless the regime changes course and meets the minimum benchmarks set out by the democracy movement:

1. The release of all political prisoners, including Daw Aung San Suu Kyi

2. Cessation of hostilities against ethnic and democracy groups

3. Inclusive dialogue with key stakeholders from democracy groups and ethnic nationalities, including a review of the 2008 Constitution

The Ten Alliances of Burma’s democracy and ethnic rights movement represent the most broad-based and multi-ethnic cooperation of political and civil society organizations from inside and in exile working for national reconciliation, peace, and freedom in Burma. The Campaign Against Burma’s 2010 Military Elections was launched on 19 March in Bangkok, with the support of over 150 groups from all over the world.

###

For more information, please contact:

Moe Zaw Oo, Joint General Secretary, NLD–LA: +66 (0)877735580

Thwin Linn Aung, Coordinator of FACT: +66 (0)878502354

ဒီမီဒီယာစတိက်မန့်ကိုဖတ်ကြည့်ပါ။ ပထမဆုံးစာပိုဒ်မှာ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို နယ်စပ်အခြေစိုက်တော်လှန်ရေးအဖွဲ့အစည်းကြီး ၁၀ ဖွဲ့ကဦးဆောင်ပြီး People Election လုပ်ဖို့တိုက်တွန်းထားတယ်။ ဒီပွဲကို မေလ ၂၇-ရက်နေ့မှာ လုပ်ကြပေါ့။ ၉၀-ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုတဲ့အထိမ်းအမှတ်လည်းပါတယ်။

ပထမဦးဆုံးပြောချင်တာက ကိုယ့်အချင်းချင်းကြားထဲမှာ ကွိုင်ရှာတယ်လို့မထင်ပါနဲ့။ တခုခုမှားနေသလားလို့ပါ။ People Election ကိုအခုမှကောက်ကာငင်ကာထလုပ်ရအောင် နောက်ခံအခြေအနေများ မျိုးမျိုးမြတ်မြတ်ရှိလေသလားပေါ့။ ကိုယ်ကိုင်တိုင်ကြတော့ ထဲထဲဝင်ဝင်မလုပ်နိုင်ကြပဲ...စတိတ်မန့်ပဲထုတ်နိုင်တာကိုကြည့်ရင် ငပျင်းလို့ပဲထင်မိတယ်။ ရွေးကောက်ပွဲဆိုတာ နအဖကသာပြောတာဖြစ်တယ်။ ရွေးကောက်ပွဲကိုလိုက်လုပ်ရအောင် ကျနော်တို့က နအဖ နောက်မြီးဆွဲတွေလား။ ပြည်ပ၊ ပြည်တွင်းမှာရှိတဲ့ လူထုက အတိုက်အခံကို ထောက်ခံပြီးသား။ နအဖကို ဆန့်ကျင်ပြီးသား။ People Election လုပ်ဖို့ပြောတာနဲ့ နအဖလုပ်တဲ့အနောက်ကို ဘာမှမစဉ်စားပဲလိုက်သလိုပဲ။ ဘယ်သူက ခင်ဗျားတို့ပြောတာကို ဖင်ကြားညှပ်လို့လဲ။ အခုလည်းအရင်တုံးကအတိုင်းပဲ။ ဘယ်လောက်ကြာပြီလဲ နအဖကတချက်ပြောတာနဲ့ ဟိုရောင်ဒီရောင်လုပ်ခဲ့တာ။ စဉ်းစားကြပါအုံး။

People Election လုပ်ဖို့ တိုက်တွန်းမဲ့အစား နိုင်ငံတကာတပ်တွေမြန်မာပြည်ကိုဝင်ပြီး စစ်အစိုးရကို ဖြုတ်ချပေးဖို့ တောင်းတာမှ အကြိုးရှိအုံးမယ်။ ကျနော်တို့အလုပ်က နအဖကို တိုက်ထုတ်ပြစ်ရေးပဲဆိုတာ သိရင် နအဖလုပ်သလိုလိုက်လုပ်မှာမဟုတ်ဘူး။ ကျနော်တော့ People Election လုပ်ဖို့ကိုစိတ်ကိုမ၀င်စားဘူး။ လုပ်ချင်တဲ့သူလုပ်ပေါ့ဗျာ။ ကန့်တော့မကွက်ဘူး။ တခြားနည်းလမ်းရှာဖို့ပဲ စိတ်ဝင်စားတယ်။ ဒီအီလက်ရှင်ကို လုပ်ချင်တဲ့စိတ်လည်းမရှိဘူး။ အော်စီမှာ ဘယ်လိုလုပ်ပြီး People Election ကိုလုပ်ရမလဲ။ လူ ၁၀ ယောက်လောက် စုဖို့တောင်ဒီလောက်ခက်နေတာ။ People Election လုပ်ပြီး ရလာတဲ့ရလာဒ်ကို နအဖက အသိအမှတ်ပြုရင်တော့ကောင်းသား။ ဒီကောင်စောက်ဂရုမစိုက်တာသိသိကြီးနဲ့ဗျာ။ နအဖ ဂရုမစိုက်လည်း နိုင်ငံတကာကဂရုစိုက်လာအောင်ပေါ့ကွ.. လို့ပြောရင်လည်း..ဒီလိုပြောချင်တယ်။ ကျနော်တို့ နအဖ ရဲ့ ရင်ဘတ်တည့်တည့်ကိုထိတဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး၊ စိန်ခေါ်မှုမျိုးကိုပဲလုပ်ချင်တယ်။ ခလေးကလား ဘေးကနေမကြားတကြား တိုးတိုးလေးပြောတာကိုတော့ မကြိုက်ဘူး။

နိုင်ငံရေးအဖွဲ့အစည်း၊ တပ်ပေါင်းစု၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံတကာစစ်တပ်(သို့) အမေရိကန်စစ်တပ်ကို ၀င်တိုက်ဖို့ ဘယ်တုံးကများကျယ်ကျယ်လောင်လောင်တောင်းဆိုခဲ့ဘူးသလဲ။ တခါလာလည်း အကြမ်းမဖတ်လှုပ်ရှားမှုနဲ့သက်ဆိုင်တဲ့တောင်းဆိုချက်တွေကို အရက်ဝိုင်းမလုပ်ခင်မှာဘဲထိုင်ထုတ်နေတာတော့မကောင်းဘူး။ ရှင်းရှင်းပြောရင် အယုံအကြည်ကိုမရှိတော့ဘူးဗျာ။ နယ်စပ်အခြေစိုက်အတိုက်အခံတွေကိုတွေပြောတာ။

ကျနော်အနေနဲ့တော့ အမေရိကန်စစ်တပ် မြန်မာပြည်ကို ၀င်တိုက်ပါ။
NLD အပါအ၀င်၊ အတိုက်အခံအဖွဲ့အစည်းတွေ နအဖကို အကြမ်းဖတ်ပါ။
ပါးစပ်နဲ့ပြောလို့မရရင်တော့လက်နဲ့ချသင့်ပြီ။ ပါးစပ်နဲ့ပြောခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ။

ကျနော်မှတ်မိသေးတယ်။ Vote No၊ No Vote National Reconsilation နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးလှုပ်ရှားမှု၊ Signature ကန်ပိမ်း၊ ၉၀-ရလဒ်အထိမ်းအမှတ်၊ ၈၈၈၈-လေးလုံးအထိမ်းအမှတ်၊ ၆၂-၇၄ အထိမ်းအမှတ်၊ စာအုပ်ထုတ်၊ ဂျာနယ်ထုတ်၊ စတိတ်မတ်ထုတ်၊ အစည်းအဝေးလုပ်၊ Workshop တက်၊ Seminor တက်၊ပွား၊ လေကုန်၊ နိုင်ငံတကာ လျှောက်ဒိုး၊ ဟိုပွားဒီပွား၊ အရက်သောက်၊ ဖာချ ပြီးရင် စောက်ကြီးစောက်ကျယ်ပြော၊ ဟိုသင်တန်းတက်၊ ဒီသင်တန်းတက် အားပါးပါး ပြောရင်တော့အများကြီးပဲ။ NED လည်းမောပြီ။ OSI လည်းထောပြီ။ နော်ဝေဘားမားလည်းလျှောပြီ။ Euro-Burma လည်းရောပြီ။ ဟဲဟဲ...ဟစ်ဟော့ တစ်ပုဒ်တောင်စပ်လိုက်ချင်သေး။

ဒီငွေတွေကို စုထားခဲ့ရင်တော့ အနုမြူဗုံးတခုလောက်တောင်ဝယ်လို့ရမယ်ထင်တယ်။ အခုကြည့် ငွေဟာရေဖြစ်၊ လေပစ်တဲ့အထဲမှာပဲကုန်ပြီ။ သဲထဲကို သေးပေါက်တာကမှ အရာထင်အုံးမယ်။ အခုကုန်ခဲ့တဲ့ငွေတွေ၊ ငွေတွေ၊ ဘယ်ကိုရောက်နေလဲ၊ လိမ်တာတွေလည်းများ၊ ညာတာတွေလည်းများ၊ တကမ္ဘာလုံးကိုလိမ်နေကြတဲ့လူလိမ်ကြီးများ...သီချင်းထဲကလိုများဖြစ်နေသလားလို့ပါ။

ငွေရှိရင်နယ်စပ်အတိုက်အခံအဖွဲ့အစည်းတွေမှာ ပေါ်လစီဝယ်လို့ရတယ်ဗျို့ ။ နိုင်ငံရေးလှုပ်ရှားမှုကို ဒေါ်လာနဲ့လုပ်မှရတယ်ဗျို့ ။ ကျနော်သာထီပေါက်ရင်တော့ NCUB မှာ အထွေထွေအတွင်းရေးမှုးဝင်လုပ်အုံးမယ်။

မှတ်ချက်။ ။ ကျနော်လည်း ဒီပုပ်ထဲက ဒီပဲဖြစ်ခဲ့ပါတယ်။ အခုတော့ ဒါတွေကို မတွေ့ချင်တော့လို့ပါ။ Sick of Proposal Politics and Non-Violence ဖြစ်နေလို့ပါဗျာ။ နားလည်ပေးကြပါ။

5/11/10


ဒေါ်စုတော်တော်အိုသွားပြီ...


ကျနော် ဆလိုင်းကိုကိုဦး(အမေရိက) ပြောတာကိုလက်ခံတယ်။ ဒေါ်စုက မကြာခင် House Arrest ကာလမှာတင် အသက်ထွက် နိုင်တယ်။ ဘယ်တော့လွှတ်မလဲမသိဘူး။ သူက အိမ်ထဲမှာအသက်ကြီးပြီးသေမဲ့ ကိန်းဖြစ်နေပြီ...။ ဦးဝင်းတင်က ဦးကန်ဘဲနဲ့တွေ့တော့ ဒီလိုပြောတယ်..နာနာဆက်ဆက်လေးထုပေးဖို့...ပြောတယ်..။ ဆိုလိုတာကတော့ အမေရိကန်စစ်တပ်က မြန်မာပြည်ကို ၀င်တိုက်ဖို့ပြောတာပဲဗျ..။ ကဲ..ဦးဝင်တင်က ဒီလိုပြောပြီ..ကျနော်တို့ဘာလို့မပြောရဲတာလဲ..။ ဒေါ်စုပုံကိုကြည့်ပါ...တော်တော်အိုသွားပြီ...တစ်ယောက်တည်းအဖော်မဲ့ ဘ၀ကိုဖြတ်သန်းပြီး တိုင်းပြည်အတွက်အလုပ်လုပ်နေတယ်။ သနားပါတယ်ဗျာ..။ လစာမရ၊ ပင်စင်မရ၊ အော်...။

ကျနော်တို့အပြင်ကလူတွေ....လူကိုယ်တိုင်ပူပေါင်းပါဝင်မလုပ်နိုင်ရင်တောင် နိုင်ငံတကာတပ်တွေ မြန်မာပြည်ကို ၀င်တိုက်သင့်ပြီဗျာ..၀င်တိုက်ကြပါ...လို့အော်ကြစေချင်တယ်။ အမေရိကန်စစ်တပ်က မြန်မာပြည်မှာဝင်တိုက်မဲ့ရက်ကို မျှော်လင့်ပါတယ်။

5/7/10

ခင်မောင်ဆွေ၊ သန်းငြိမ်း၊ သိန်းညွန့်---ငါ -ိုးမသားတွေ...

ငါ-ိုးမသား ခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ သိန်းညွန့်။ မိုက်မိုက်ရိုင်းရိုင်းကိုဆဲတယ်။ ဘာ့ကြောင့်ဆဲတာလဲသိလား။ အားအားယားယားဆဲတာတော့မဟုတ်ဘူး။ ဒီလူတွေကိုယ်ရေးထားတဲ့စာကို ခြေထောက်နဲ့ဖျက်တယ်။ သူတို့ပဲ ရွှေဂုံတိုင်ကျေငြာစာတမ်း ကိုရေးတယ်။ သူတို့ပဲ ဒေါ်စုကိုသစ္စာခံမယ်လို့ပြောတယ်။ ခိုးကြောင်ခိုးဝှက်ပြောတာမဟုတ်ဘူး။ တနိုင်ငံလုံး၊ တကမ္ဘာလုံးသိအောင် ပြောတယ်။

သူတို့က သာမန်ပါတီဝင်တွေဆိုရင် ဒီလိုမျိုးဆဲစရာတောင်မလိုဘူး။ သူတို့က NLD ရဲ့  စီအီးစီ တွေ။ ခေါင်းဆောင်တွေ။ ဒါ့ကြောင့်ဒီလိုမျိုးပြောတယ်။ ထပ်ပြီးဆဲတယ်။ -ီးပဲ။ ဒီလိုလူမျိုးတွေရွေးကောက်ပွဲမှာ သူတို့ပဲနိုင်ဦး...-ီးတောင်မယုံဘူး။ ငါချီး...စောက်ရေးမပါတဲ့ အတွေးအခေါ်၊ အစောကတည်းက စစ်အစိုးရနဲ့ပေါင်းချင်ရင် -ီးမို့လို့ NLD မှာ စီအီးစီဝင်လုပ်တာလား။ -ီးမို့လို ရွှေဂုံတိုင်ကျေငြာချက်ကို ကိုယ်ကိုယ်တိုင်ရေးရတာလဲ။ ဒီလိုလုပ်ချင်ရင် အစောကတည်းက ကျနော်တို့ရွှေးကောက်ပွဲဝင်မယ်ဆိုတာကို ရွှေဂုံတိုင်ကြေငြာချက်မှာထည့်ရေးပေါ့။

အခုဟာက ဒီသုံးကောင်နဲ့အပေါင်းအပါတွေကို NLD ရဲ့ ခေါင်းဆောင်စာရင်းမှာထည့်တာ အလကားပဲ။ သူတို့ကိုအနောက်ကနေတွန်းပေးတဲ့လူတွေအထဲမှာ ဘယ်သူတွေပါလဲဆိုတာခန့်မှန်းကြည့်လို့ရတယ်။ ခန့်မှန်းနဲ့တော့မရေးချင်ဘူး။ သူတို့သုံးကောင်က အခု NLD ရဲ့ ဦးဆောင်မှုက လမ်းမလျှောက်နိုင်လို့၊ အလုပ်မလုပ်နိုင်လို့ဆိုပြီး ဘောပဲလို့ပြောသလိုပဲ။ သူတို့က ငယ်သေးတာကိုး။ အခုအချိန်က ကျနော်တို့တိုက်ပွဲအတွင်းမှာ အချောင်သမား၊ အတွေးအခေါ်ချာသူတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ သစ္စာဖောက်တွေကို ခွဲထုတ်လိုက်ပြီ။ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ကျောက်တခုလို့ပြောလို့သလို၊ စောက်သုံးမကျတဲ့ကောင်တွေစစ်ထုတ်လိုက်တဲ့ ဇကာတခုပဲ။ ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်ကို အကာအကွယ်ပေးမဲ့ ရွေးကောက်ပွဲ၊ ဗိုလ်ချုပ်တွေရဲ့ ရာဇ၀တ်မှုတွေကို ဖုံးဖို့ကျိုးစားတဲ့ရွေးကောက်ပွဲ၊ သူတို့တစ်သက်လုံးအာဏာလိုချင်လို့လုပ်တဲ့ရွေးကောက်ပွဲ၊ တိုင်းပြည်နဲ့ပြည်သူကို ဘာမှနားမလည်တဲ့ကောင်တွေအုပ်ချုပ်မဲ့အခြေအနေ ဖြစ်အောင်ဖန်တီးနေတာ မသိဘူးလားကွ။ အဝေးမှာနေတဲ့ကောင်တွေတောင်သိတယ်။ ခင်ဗျားတို့သုံးကောင်အနီးကပ်နေပြီး -င်ချခံနေတာကို မသိတာရင်နာတယ်။

သစ္စာရှိသူတွေ၊ ဒီမိုကရေစီစစ်ကို လိုချင်သူတွေဟာ ဒီလိုမျိုးအလုပ်ကိုမလုပ်ကြဘူး။ ရတဲ့အပေါက်ကနေ၀င်ရလောက်အောင်လည်းအောက်တမ်းမကျသင့်ဘူး။ ဒါ့ကြောင့်ပြောတာ...လူကြီးတွေလုပ်တဲ့နိုင်ငံရေးကို လိုက်ရတာ အရှုးကိုလင်လုပ်သလိုပဲ။ ငါ-ိုးမသားတွေ၊ အသက်ကြီးပြီးအချိန်မစီးဘူး။ ဒီလိုကောင်တွေအာဏာရရင် ငါတို့ဘ၀တွေကို ဘယ်လိုလုပ်ပြီး တိုးတက်အောင်လုပ်ပေးနိုင်မလဲ။ အာဏာတောင်မရသေးဘူး၊ တိုက်ပွဲအတွင်းမှာတောင် ဖောက်ပြန်နေပြီ။ မိန်းမရှိရက်နဲ့ အငယ်အနှောင်းယူတာ၊ သူများမယားကြာခိုတာဆိုရင် ခွင့်လွှတ်နိုင်သေးတယ်။ အခုဟာက တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတန်းစားက ချီးကျတာတော့မကောင်းဘူး။

ပြည်သူလူထုကြီးခင်ဗျား---

ဒီလိုခွေးဝဲစားတွေလုပ်မဲ့ရွေးကောက်ပွဲကို ငါ-ိုးမသားတွေဝင်ကြလိမ့်မယ်။ -ီးတောင်မဲမထည့်ကြနဲ့။ ဒီကောင်တွေနဲ့ဝေးဝေးနေကြပါဗျာ။ အခုကတည်းကမရိုးသားကြဘူး။ မည်သည့်ပါတီကိုမှ မဲမပေးကြနဲ့။ အလကားကောင်တွေ။ စစ်အစိုးရဘယ်လောက်ကြာကြာခံနိုင်မလဲ။ ကျနော်တို့လူထုမှာက ဘာမှမက်မောစရာမရှိတော့ဘူး။ စွန့်လွှတ်စရာလည်းမရှိတော့ဘူး။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဆိုလို့ -ီးနဲ့သွားပဲရှိတယ်။ ဒီကောင်တွေ အမှန်တရားပေါ်ထွန်းတဲ့နေ့ကြရင် သနားစရာစောက်ခွက်တွေနဲ့ ကျနော်တို့မှားပါတယ်ခင်ဗျား၊ ကြောက်လို့ပါခင်ဗျား...စတဲ့ မရင်ငယ်တုံးညှပ်သံနဲ့ပြောလာလိုက်မယ်။ မယုံရင်စောင့်သာကြည့်။

5/6/10

ချင်းမိုင်

ချင်းမိုင် ချက်ကြီး
လက်သီးမိတာ ဆန်းသလား….။

ချင်းမိုင် လက်ကီး
အသက်ကြီးပြီး မိုက်တာဆန်းသလား..။

ချင်းမိုင် လုပ်စား
စောက်ကြွားကြွား..သောက်စားစား
ယောက်ျားမဟုတ်တာ ဆန်းသလား..။

ချင်းမိုင် စောက်ရှုး
မင်းမို့…ရွေးကောက်ပွဲကို
အဝေးကတောင်
ထောက်ခံရတာ ဆန်းသလားကွ…။

ဘုန်းကျော်(လူ့ဘောင်ချစ်)
ည ၈ နာရီ- နှစ်မိနစ်

မှတ်ချက်...ဒီကဗျာသည် ချင်းမိုင်အခြေစိုက်၊ ကိုအောင်နိုင်ဦး..ကိုအောင်မျိုးမင်း..ဒေါက်တာနိုင်အောင်..ကိုအောင်ဇော် နှင့် ချင်းမိုင်အခြေစိုက် လက်ကီးများကိုဆိုလိုပါသည်။

NLD သည်အစိုးရဖြစ်သည်..

ဖိတ်ကြားစာ


“၂၀၁၀-ရွေးကောက်ပွဲအား ရတဲ့နည်းနဲ့တိုက်ဖျက်ကြ”
“NLD သည်ပြည်သူ့အစိုးရဖြစ်သည်”


Burma Campaign Australia က ဦးဆောင်ပြီး ဆန္ဒပြပွဲတခုအား လာမည့် မေလအတွင်းမှာ ဆစ်ဒနီ၊ မဲဘုန်း၊ ကန်ဘာရာ နှင့် Perth မြို့ တို့တွင်တပြိုင်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) စစ်အစိုးရမှပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံပါ။
ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သည်။

၂) ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိထောက်ခံသည်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရသည့် NLD သာလျှင်တရားဝင်ပြည်သူ့အစိုးရဖြစ်သည်။

ယင်းနိုင်ငံရေးဦးတည်ချက်သည် ကျနော်တို့ Perth မြို့ ရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာပြည်သူများရဲ့  သဘောထားအစစ်အမှန်ဖြစ်သည်။ ထုိသေဘာထားမ်ားအား ၾသစေတ်းလ်ျပည္သူမ်ား၊ ၾသစေတ်းလ်ရွိ သတင်းဌာနများ နှင့် တကမ္ဘာလုံးရှိမြန်မာပြည်သူများ သိရှိစေရန်ရည်ရွယ်၍ယခုကဲ့သို ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ထို့ကြောင့် Perth မြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အုပ်တချပ်သဲတပွင့်၊ ကျရာအခန်းကနေ စစ်အာဏာရှင်စနစ် အကုန်အစင်ပျက်သုဉ်းရေး တိုက်ပွဲမှာပါဝင်ကျဖို့တိုက်တွန်းပါသည်။ ကျနော်တို့ရဲ့ ဆန္ဒ ပြပွဲကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်သည်။

Place: In front of Wesley Church at the corner of Hay St and William St
Time: Saturday 22nd of May.
Time: 12.00PM to 3.00 PM

ဆက်သွယ်ရန်-
ဒေါက်တာမျိုးညွန့်
ဖုန်း- 9310 1777

ဘုန်းကျော်
ဖုန်း- 0430429667

ပိတောက်
ဖုန်း- 0403893248


ဒီပွဲမှာ Green ပါတီက အထက်လွတ်တော်အမတ် Senator Scott Ludlum လာပြီးပွားပေးမယ်။ သူက လွှတ်တော်အမတ်မဖြစ်ခင်ကတည်းက ဒေါက်တာမျိုးညွန့်တို့နဲ့အတူတွဲပြီး မြန်မာ့အရေးကို အာပေးခဲ့တာ။ တော်တော်အားတက်သရောလုပ်တဲ့လူပါ။ သူ့ရည်စားက မဲ့ဆောက်ကလူ့ဘောင်သစ်ရုံးမှာ သုံးလတောင် အင်္ဂလိပ်စာသင်ပေးခဲ့တယ်။ အမျိုးသမီးတာဝန်ခံမသန္တာကိုကောင်းကောင်းသိတယ်။ နာမည်တော့မေ့နေတယ်။ သူမကလည်း မြန်မာ့အရေးကို ၀င်ပြီးအာတဲ့သူတွေထဲမှာပါတယ်။ သူ့တို့ကြောင့် အော်စီပါလီမန်မှာ မြန်မာ့အရေးကို ကျယ်ကျယ်လောင်လောင် အာကြတာပေါ့။ Green ပါတီကိုမဲ့ထည့်ကြပါ...။



စကော့..က ပါလီမန်မှာ အင်တာနက်ဝန်ကြီးမေးခွန်းမေးနေတဲ့ပုံ...

20100522 Rally Flyer - A5 Single - Copy

5/3/10

အလွမ်းစာ

အလွမ်းစာ

ပြောလို့ မှမဆုံးသေး -----
မာနယ်ပလောကိုလွမ်းတယ်
ထားဝယ်ခရိုင်ကလေးကိုလွမ်းတယ်
စခန်းသစ်ရွာကလေးကိုလွမ်းတယ်
မယ်တုကွီချောင်းကလေးကိုလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(၀ုန်း) ကနဲ ကွဲသွားပြန်ပါပကော ----

ခင်ဗျားက --
ရဲဘော်တွေကိုချစ်တယ်
တော်လှန်ရေးကိုချစ်တယ်
ဗိုလ်မှူးကြီး စိန်မြကိုချစ်တယ်
ရေးဘော် ရေးဘက် တွေကိုချစ်တယ်
မိချမ်းလွန်ကိုလဲ ချစ်ခဲ့တယ်

ကျနော်လိုချင်ခဲ့တာနဲနဲလေးပါဗျာ
ဒါပေမဲ့ -
ဘယ်တုန်းကမှ မရခဲ့ပါဘူးတဲ့
ဒဏ်ရာဗလပွနဲ့ 
ခင်ဗျားဘ၀ တစွန်းတစ
ကြားခဲ့ရဘူးပါရဲ့ 
တခါတုန်းက စခန်းသစ်ညများမှာ ---

သွားကြ သွားကြ
ခင်းဗျားတို့  အကုန်လုံးသွားကြ
လ ကမ္ဘာရောက်အောင်သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်တဲ့
သစ္စာ မြဲသူကြီးရဲ့ စကား
နမိတ်များဖတ်ခဲ့လေသလား ဗျာ ---

လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမဲ့ မောင်ငြိမ်း
မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ ကို သောက်တာတဲ့

ဘယ်သူ့ ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ ---
မြို့ မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
န- ၀ - တ ပြီးရင်
ထိုင်းပုလိပ်ကိုအမုန်းဆုံးဆိုတဲ့လူ
မြို့ ပြရဲ့ အပူရောင်တွေကြားမှာ
ခုတော့လဲ -
ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော ---

လွမ်းလို့ ကောင်းနေတုန်းပါဘဲ ကိုငြိမ်းရေ ---
ကျုပ်ကလဲ
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလဲ တောင်လိုပေါက်
ဟိုအရင်တုန်းကလိုဘဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျားထ လို့ သောက်ကြည့်ပါဦးလားဗျာ -------

အုပ်စိုးနိုင်

5/1/10


ကျနော်တို့ဘယ်လောက်ပဲပြောပြောဆိုဆို..တဦးနဲ့တဦး စိတ်မနာပဲ ကျနော်တို့ဖြတ်သန်းခဲ့ကြပီ။ ဖြတ်သန်းနေကြဆဲ။ ကျနော်ချစ်တယ်။ အားလုံးကို။ လူတွေသေရင် နောက်ဆုံး ချစ်ခြင်းနဲ့ပဲသေချင်တယ်ဗျာ။ ကိုငြိမ်း အသုဘကို ပို့ဆောင်တဲ့လူတွေအားလုံး ကိုငြိမ်းလိုစိတ်ဓာတ်ထားနိုင်မယ်လို့ယုံကြည့်ပါတယ်။ ဘ၀ဆိုတာဒါဘဲ။ ဘာမှမဟုတ်ဘူး။ မသေခင်မှာ ကျနော် စိတ်ချမ်းသာချင်တယ်ဗျာ။ ကျနော်လည်း ဘယ်တော့ သေမလဲမသိဘူး။ ကျနော်မသေခင် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်ပြီ။ ဒါကိုတွေ့ချင်တယ်။

ကိုငြိမ်းအမှတ်တရ


ဆရာငြိမ်းနဲ့လွန်ခဲ့တဲ့ ၂၀၀၁-ခုနှစ်လောက်က မွန်နယ်ထဲက သူတို့စခန်းတခုမှာဖြစ်ပါတယ်။

4/30/10

သူတို့ပြောတဲ့စကား

ကိုဇော်မိုးကျော် (RFA)

ကိုငြိမ်းနဲပတ်သက်လိုပြောရရင်တော့ကွာ...တော်လှန်ရေးသမားကောင်းတစ်ယောက်..စစ်သားကောင်းတစ်ယောက်ပါ..
သူတတ်စွမ်းသမျှ မြန်မာပြည်သူတွေလွတ်မြောက်ရေးအတွက် အစွမ်းကုန်လုပ်ခဲ့တဲ့ သူပါ..လူအေး..လူကောင်းတစ်ယောက်ပါ..သူ့ ကိုယ်ကျိုးအတွက်ဘာမှ မမက်မောတဲ့သူပါ..သူသေဆုံးသေဆုံးသွားရတာ အတော်ဝမ်းနည်းတယ်...သူကကဗျာတွေစာတွေလည်း မြတ်နိုးတဲ့သူပါ..သူကလက်နှက်ကိုင်တော်လှန်ရေးကိုဘဲ စိတ်အားသန်တဲ့သူ..ဒါပေမယ့် တော့လှန်ရေးက ခွင့်ပြုတဲ့အခြေအနေအောက်မှာ..တတ်စွမ်းသမျှလိုက်ပါလုပ် ဆောင်ခဲ့တဲ့သူပါ..ညီအကိုတွေလိုတောထဲမှာ အကြာကြီးအတူနေခဲ့ရတာဆိုတော့ သံယောဇဉ်ရှိတယ်..
ဒါလောက်ပါဘဲကွာ..


ဦးကျော်ထက်( ဥက္ကဌ) PDF

ငါ့ညာဘက်လက်တစ်ဘက်ပြုတ်သွားပြီ..

ကိုအောင်ထူး..(ဗဟိုကော်မတီ) PDF


ကိုငြိမ်းဘယ်တော့မှ နိုင်ငံခြားကိုရောက်နေတဲ့လူတွေဆီက ပိုက်ဆံမတောင်ဘူးကွ...

ကိုထွတ်ဦးလှိုင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) DPNS


ကိုငြိမ်းက...ငါတို့ရဲဘော်ကွ..

တတိယနိုင်ငံရောက်ရဲဘော်သည် ပင်ပန်း၏...

ရဲဘော်ဟောင်းသို့...

ခင်ဗျားစဉ်းစားကြည့်ပါဗျာ။

ကျနော်တို့ပြောနေတာက ဘက်လိုက်မရှိပဲပြောရင်ကောင်းတယ်။ အခု နယ်စပ်မှာကျန်ခဲ့တဲ့လူတွေကို စွပ်ပြီး အပြစ်တင်တာတော့ မကောင်းဘူး။ သူတို့လည်းလုပ်တယ်။ ရိုးသားပါတယ်။ မရိုးသားတဲ့လူက လက်ချိုးရေလို့ရတယ်။ ဒါကိုလည်းသိတယ်။ တချိန်ချိန်ကြရင် သူတို့ကိစ္စသာလျှင်ဖြစ်ပါတယ်။ ဒါကို ကောင်းအောင်ပြောဖို့ ကျနော်တို့မှာတာဝန်ရှိတယ်။ တတိယနိုင်ငံမှာ ကျနော်တို့သူတို့လို မလုပ်နိုင်ဘူး။ လေပန်း၊ ဆန္ဒပြ၊ ငွေပေး စတဲ့ ဟိုမရောက်ဒီမရောက် အဆင့်ပဲရှိတယ်။

တတိယနိုင်ငံမှာနေတဲ့ ရဲဘော်ဟောင်းတွေရဲ့ ဘ၀ကလည်းမလွယ်ဘူးဗျ။ မနက် မိုးမလင်းသေးဘူး၊ စက်ရုံကို သွားရပြီ။ ဖင်က သွေးထွက်ထိအောင်အလုပ်လုပ်ရတယ်။ တစ်ပက်မှာ စနေဆိုတာ မရှိဘူး။ တစ်ရက်လောက်ပဲနားရတယ်။ တစ်ရက်မှာတောင် အိမ်က မိသာစုအရေးကိုလုပ်ရသေးတယ်။ ပြီးတော့နိုင်ငံရေးလည်းဝင်ပါသေးတယ်။ ၀ါသနာဖြစ်နေတာကိုးဗျ။

ခင်ဗျားစဉ်စားကြည့်...

အရင်တုန်းက...အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ သြစီမှာ အိမ်သာဆေးရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ မယုံရင် ကိုသိုက်ကိုမေးကြည့်...သူက အေဘီ တပ်ရင်းကိုးရဲ့ ရင်းမှုးပဲ။ သူလည်း အသားကုန်ချရတယ်။ သြစီမှာရောက်ပြီး၊ အမေရိကန်မှာရောက်ပြီး နယ်စပ်မှာကျန်ခဲ့တဲ့ လူ ၁၀၀ ကိုဆေးလိပ်ဖိုးတော့ပြန်ပေးတယ်။ ဒိထက်တောင်များသေးတယ်။ ကိုမောင်မောင်ဦး(လူ့ဘောင်သစ်)က ဒီလိုပြောတယ်ဗျ...။ ငါတို့ဒီမှာ -ီးပြဲအောင်ရှာရတာ သူတို့မသိဘူးတဲ့။

ကိုယ်ဘ၀နဲ့ကိုယ်ဆိုတော့ သူများတော့အားမကိုးနဲ့ဗျာ..။ ခင်ဗျားငတ်ရင် ဘယ်ကောင်မှလာမကြွေးဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ပြီး တော်လှန်နိုင်တဲ့တနေ့ အောင်ပွဲရတယ်။ ခင်ဗျားမယုံရင် ကျုးဘားသမ္မတ နဲ့ ချေ ကိုမေးကြည့်တော့။

ကျနော်ဒီလိုစာရေးတာတောင် ၁-နာရီကို ဒေါ်လာ ၃၀ တန်တယ်။ အခုရေးတာ တပြားမှမရဘူး။ စိတ်ရှိလို့ဒါတွေကိုလုပ်နေတာ။

ကိုထူးချစ်ပြောတဲ့ ကိုငြိမ်း...

ကိုထူးချစ် (GHRE) က ကိုငြိမ်းနဲ့ပက်သက်ပြီးပြောတယ်။ ကိုငြိမ်းက ငါတို့လို...ကျွတ်ကျွတ်အိတ်ဆွဲပြီး တောခိုတာမဟုတ်ဘူးကွ။ မင်း...အခုတော်လှန်ရေးမှာရှိနေတဲ့လူတွေကို မေးကြည့်။ ကိုငြိမ်းက ချီးပုံး(အတာချီကေ့စ်) နဲ့ ကြောင်လျှာသီးဆွဲပြီး တောခိုလာတာကွ။

4/29/10

သူချစ်သောကဗျာများ...

ကိုလွမ်းဏီက ရိုးမပေါ်မှာ အိပ်ပါစေ ဆိုတဲ့နာမည်နဲ့ကိုငြိမ်း နိုးခဲ့တယ်။

ကောဇာသက္ကရာဇ် ခွန်နှစ်ဆယ့်နှစ်
ခရစ်သက္ကရာဇ် နှစ်ထောင့်တဆယ်
ရိုးမဆွယ်မှာ နေကွယ်ခဲ့တဲ့ အချိန်လား။

လဇူလိုင်ကို
မင်း မပိုင်တော့ဘူးလို့ 
ငါ မပြောနိုင်ဘူး
မင်းက ရဲဝံ့သူကြီး တယောက်ပါ။



ငုယင်ဗန်ထရွိုင်း
သမိုင်းပုံရိပ်၊ အိပ်မက်ရှည်လျား
တံတားအောက်မှာ မင်းရပ်စောင့်တယ်။

ငှက်ဖျားအဆိပ်၊ ကြိတ်မှိတ်အာခံ
တိတ်ဆိတ်ညယံ၊ နွေမီးလျှံ၌
မောင်းပြန်တိုက်ချွတ်နေဆဲလား။

ဒေါင်းအိုးဝေ မီးကျည်
ရိုးမပေါ်က ကြယ်နီ
ဒီလှိုင်းတွေ မြင့်သစ်တဲ့ ရာသီ
ငါ့ဆီလာခဲ့အုန်းလေကွာ။

ကွမ်းတယာညက်၊ အရက်တလုံး
ပြည်ဖုံးကားချ၊ သေတမ်းကဗျာ
ဖွေရှာထုဆစ်နေစဉ်မှာ၊

သင့်ရဲဘော်တို့ ၊ ကဗျာအလံ
တဝက်ထူလွှင့်နေပြီကော။ ။

× × × × ×

(ရဲဘော်ရေးဖော် ငြိမ်းလူသို့  …)

မောင်လွမ်းဏီ
၂၉ - ၄- ၂၀၁၀


ကဗျာဆရာ ဆောင်းလူက အကွေ့နေ့ဆိုပြီး ကိုငြိမ်းကိုဂုဏ်ပြုပါတယ်။


ကဗျာဆရာရေ …
ဟော့ဒီ
လောကဓံ စာမျက်နှာထက်မှာ
နေ့မအား ညမအား
ရိုးမနဲ့ စီးချင်းထိုး
ကဗျာပန်းခင်းကို ပျိုးရင်းမှ …
မီးခိုးတလူလူ ရွက်တလူလူနဲ့ …
ပူပူလောင်လောင် နွေခေါင်ခေါင်မှာ
ဘာမပြော ညာမပြောနဲ့
ခင်ဗျားပြောတဲ့ အကွေ့နေ့နဲ့
လွှင့်ထွက်ခဲ့ပေါ့ …။

ဆောင်းလူ
(ဧပြီ ၂၉၊ ၂၀၁၀)

(ဧပြီလ ၂၉ ရက်၊ ၂၀၁၀ နေ့မှာ ဘဝတပါးသို့ ကူးပြောင်းသွားတဲ့
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) သို့ …)

ကိုငြိမ်းသို့....

29/12/08 ရက်နေ့မှာ ကိုငြိမ်းနဲ့ပက်သက်တာကိုရေးခဲ့ပါတယ်။ အခုဆိုရင် နှစ်နှစ်နီးပါးရှိခဲ့ပြီ။ ရေးပြီးခြောက်လလောက်ကြာတော့ ကိုငြိမ်းနဲ့ မဲ့ဆောက်မှာတွေ့တယ်။ မဲ့ဆောက်က ညဈေးမှာတွေ့တယ်။ သောက်ကြစားကြပွားကြ။ ဒီပွဲမှာ ကျော်စွာဝင်း(အမေရိက)၊ ထွန်းထွန်းဝင်း (ပီဒီအက်ဖ်)၊ ပီဒီအက်ဖ်က ရဲဘော်တစ်ယောက်
လည်းပါတယ်။ သောက်ရင်းနဲ့ကိုငြိမ်းက ကျနော့်ကိုမေးတယ်။ မင်းငါ့အကြောင်းအင်တာနက်မှာရေးထားတာ ရဲဘော်တစ်ယောက်ပြောလို့ငါဖတ်ရတယ်တဲ့။ မင်းဟာတွေကမှားနေတယ်ကွ...လို့ပြောတယ်။ ကျနော်လည်းသူများပြောပြလို့ရေးရတာပါလို့...ပြောဖြစ်တယ်။ ကိုငြိမ်းမသေခင်မှာ ကိုငြိမ်းသိအောင် ကိုငြိမ်းကိုချီးကျူးပေးတာပါလို့။ သေမှ ချီးကျူးရင်အလကားပဲဗျ..လို့ပြောမိတယ်။ အရက်ဝိုင်းပြီးတော့ ဟိုလည်ဒီလည်နဲ့ ည ၂-နာရီမှာ ကျနော့်ကိုလိုက်ပို့တယ်။ မင်းမှုးနေပြီတဲ့။ အရမ်းရစ်တယ်ဆိုပြီး ဆိုင်ကယ်နဲ့တည်းတဲ့တည်းခိုခန်းကိုလိုက်ပို့တယ်။

ကိုငြိမ်းကိုစတွေ့တုံးက နို့ဘိုးဒုက္ခသည်စခန်းမှာ ၉၉-ခုနှစ်က။ ပြီးတော့ တပ်မဟာ (၆) ကိုရှေ့ တန်းဆင်းတယ်။ သူက ဒု-စစ်ကြောင်းမှုးပါ။ စစ်ကြောင်းမှာပါတဲ့ရဲဘော်တွေအားလုံးရဲ့ ချစ်ခင်လေးစားမှုကိုခံရတဲ့သူပါ။ လက်ရေတပြင်တည်းစားတဲ့သူပါ။ သူ့မှာ ပိုင်ဆိုင်မှုဘာမှမရှိပါဘူး။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ သူများတွေတတိယနိုင်ငံသွားဖို့လည်း အစီအစဉ်မရှိပါဘူး။

စစ်သင်တန်းတက်တုံးကလည်း သူက သင်တန်းနည်းပြပါ။ သင်တန်းဆရာက သင်တန်းသားတွေကိုတောကြောင်လည်းပစ်ကြွေးပါတယ်။ ကာဘိုင်ပစ်တာအရမ်းလက်ဖြောင့်တယ်။ စစ်တိုက်လည်းတော်တယ်။ လူထုစည်းရုံးရေးကို အောက်ခြေအထိ ဆင်းပြီးလုပ်နိုင်တယ်။ ကဗျာရေး၊ စာရေး ရတယ်။ တော်တော်များများဘက်စုံတော်တဲ့လူတစ်ယောက်ပါ။ မကောင်းတာက အရက်အရမ်းသောက်တယ်။ မှုးရင်ချီးကျတယ်။ ပိုက်ဆံချေးပြီးပြန်မဆက်ဘူး။ အခုကျနော်ရေးတဲ့စာကို ကိုငြိမ်းတစ်ယောက်ဖတ်နိုင်ဦးမှာမဟုတ်ပါ။ ကျနော့်တာဝန်ကျေပါတယ်။ သူမသေခင်မှာ ကျနော်သူ့ကို ချီးကျူးကြောင်းရေးထားတဲ့စာကို သူဖတ်ခဲ့ရတယ်။ လူတွေကို မသေခင်ချီးကျူးအားပေးကြပါ။

အရက်ကြောင့်သေခဲ့လူတွေကိုကြည့်ပါ။ အားလုံး ၄၅ ပတ်ဝန်းကျင်မှာ သေကြတယ်။ နီးစပ်တဲ့သူတွေကိုကြည့်ပါ။

၁) ကိုတင်စိုးနောင်
၂) ကိုဂုရု
၃) ကိုနိုင်ထွန်း
၃) ကိုမြင့်ဇော်
၎) ကိုငြိမ်း
၅) ကို...
၆) ကို....

အားလုံးဟာ တိုက်ပွဲမှာ မသေခဲ့ရဘူး။ အရက်ကြောင့်ပဲသေခဲ့ရတယ်။ အခုလက်ရှိနယ်စပ်မှာကျန်ခဲ့တဲ့လူတွေ၊ ပြည်ပရောက်တွေအားလုံး ကျနော်အပါအ၀င် စောစောမသေသင့်ဘဲမသေကြပါနဲ့ဗျာ...။ ရင်နာလွန်းလို့ပါ။ ဒီစာရေးရင်းနဲ့ ကျနော်တော့ ကိုငြိမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ အသားကုန်သောက်ပြီ...။ http://yoma3.org/ ကိုငြိမ်းအကြောင်းသိချင်ရင် ဒီမှာနှိပ်ပါ။

29/12/08 မှာ ကိုငြိမ်းဖတ်ခဲ့တဲ့ကျနော့်စာ။

အဖေက သားကို တိုးတက်တက်စေချင်လို့ နိုင်ငံခြားကိုလွှတ်တယ်။ သားကတိုးတက်ချင်လို့ အတာချီကေ့စ် ဆွဲပြီး နိုင်ငံခြားကိုလာတယ်။ လာတဲ့နေရာက ထိုင်းမြန်မာနယ်စပ်တနေရာ။ တော်လှန်သော လူငယ်တွေဆုံစည်းပြီး ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်တဲ့နေရာ။ ခံစားခွင့်၊ ဘ၀အာမခံချက် စတဲ့ လူပြောများနေတဲ့ ယဉ်ကျေးမှု ကိုကျောခိုင်း၊ သူတကယ်ယုံကြည်တဲ့အမှန်တရားနောက်ကို လိုက်ခဲ့သူ။ အဖေက စစ်တပ်က ထိပ်ပိုင်း ခေါင်းဆောင်။ အဖေယုံကြည်တာကို လက်မခံ။ အမှန်တရားကို တူးဆွ ထူးလှတဲ့သူ့ဘ၀။


တခါတုန်းက ဘုရားသုံးဆူနားက လွတ်မြောက်နယ်မြေစခန်းတခုမှာ သူက သင်တန်းမှုး။ ညဘက် ရဲဘော်တွေ အိပ်မောကြ နေချိန် သူ မအိပ်။ ကာဘိုင်ကိုဆွဲပြီး မိုးလင်းချိန် ရဲဘော်တွေစားဖို့ တောကြောင်ပစ်ထွက်။ တောကြောင် ရပြီး သူ ကိုယ်တိုင်ကိုင်၊ သူကိုယ်တိုင်ချက်၊ သူကိုယ်တိုင် မင်းတစ်တုံးငါတစ်တုံး။ ငါလုပ်လို့ ငါပိုစားမယ် သူ့မှာမရှိ။ သူ့ရင်ထဲမှာ ရှိတာက အမှန်တရား၊ တရားမျှတမှု။ အခုလည်း အမှန်တရားကို ဆက်လက် ရှာဖွေနေဆဲ။


ကျနော်တော့ သူပြောသလို " ၀ီဝီမျည်တယ်...ဘာလဲ..အဲဒီကောင်နာမည်....မေ့နေလို့။ သူက Bite တယ်လေ..သြော်သိပြီ။ ....Mosquito"

Ko Nyein....I love you a lot!!!!!


Drinking too much kills a lot of youths in our movement. Please be careful.

4/28/10

အကြမ်းဖက်နည်းနဲ့အောင်ပွဲခံမယ်။

ပြည်တွင်းစစ်ဖြစ်မယ်ဆိုရင်လည်း မြန်မြန်ချကြဗျာ...စောင့်ရတာကြာတယ်။ စိတ်မရှည်တော့ဘူး။ မွန်၊ ကရင်၊ ရှမ်း၊ ၀၊ ကချင် တိုက်ကြတော့။ မြန်မြန်သေ မြန်မြန်နားအေးတယ်။ ဒါဆိုရင် ကျနော်တို့လည်းမြန်မြန်ပြန်လို့ရတယ်။ ဒီတစ်ခါတိုက်ရင် ရဲဘော်တွေအချင်းချင်းမသက်နဲ့ ထိပ်ပိုင်းကကောင်တွေကိုသာ စနှိတ်ပါနဲ့ချောင်းပစ်၊ ဗုံးခွဲကြ။

အခုပြည်တွင်းမှာ အဆက်မပြတ်ကွဲနေတဲ့ဗုံးတွေဟာ အရပ်သားတွေတိုက်ကတ်ထားတာမဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးတွေရဲ့ စီးပွားရေး၊ သူတို့အသိုင်းအ၀ိုင်းကို အဓိကပစ်မှတ်ထားတာဆိုတော့ ကောင်းတယ်။ များများသာခွဲကြဟေ့။ ထူး Company ကိုခွဲကြဗျို့ ..။ စစ်အစိုးရကို ဘာနဲ့တိုက်တိုက် တရားတယ်။ ဖြစ်နိုင်ရင်...သူတို့သားသမီးတွေကိုပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ကြ။ ဒီကောင်တွေပြည်သူတွေကို သတ်ထားတာ ရေတွက်လို့တောင်မရတော့ဘူး။

အကြမ်းဖက်နည်းနဲ့အောင်ပွဲခံမယ်။ မတရားဘူးလို့ပြောတဲ့ကောင်တွေ ပေါ်တင်ထွက်ခဲ့ကြကွာ...။

ပါလီမန်ထိုးပွဲ..

 ထိုင်ဝမ်ပါလီမန်မှာ ဒီလိုဆွဲရတယ်။
 ယူကရိန်းပါလီမန်မှာ ဒီလိုပစ်တယ်။
ယူကရိန်းပါလီမန်မှာ ဒီလိုအလဲထိုးတယ်။

မြန်မာပါလီမန်မှာကောဘာဖြစ်မလဲ???????

4/23/10

ယောက်ျားအဖြစ်မှ တရားဝင်စွန့်လွှတ်ပါကြောင်း....

ယနေ့ထုတ်ကြးမုံသတင်းမှာပါတဲကြော်ငြာလေး Add ရန်ရှိ

ဒီကြော်ငြာလေးကြည့်ပါ။ ယောက်ျားကရှာဖွေမကြွေးနိုင်၊ အမြဲတမ်းမှုးနေလို့၊ သူမကိုဟိုစွပ်စွဲဒီစွပ်စွဲလို့ဆိုပြီး ယောက်ျားအဖြစ်ကနေစွန့်လွှတ်တယ်ဆိုတဲ့အကြောင်းသတင်းစားထဲမှာထည့်တယ်။ ဥပမာ ဒီယောကျာ်းက ကောင်းကောင်းမွန်မွန်၊ မသောက်မစားပဲ သူဌေးဖြစ်အောင်ရှာဖွေကြွေးနိုင်တယ်ဆိုရင် သူမက အဲလိုသတင်းစာထဲမှာ...ငါ့ယောကျာ်းက၊ လူတော်၊ လူကောင်းကြီး ရာသက်ပန်ပေါင်းပါမယ်ဆိုတာကို ထည့်ပါ့မလား။ အဲလိုထည့်တာကိုကောတွေ့ဘူးလား။

လက်ထပ်ပြီးစီးကြောင်းကြော်ငြာကိုကြည့်ပါ။ ရာထူး၊ ဂုဏ်ထူးတွေ၊ တသီကြီး၊ ဘွဲ့ တွေအများကြီးနဲ့ကြွားဝါထားတယ်။ လမ်းဘေးမှာ ဆိုက်ကားနင်းတဲ့သူ၊ အရက်ပုန်းရောင်းတဲ့သူ၊ သူတောင်းစား စတဲ့ဘွဲ့ထူးဂုဏ်ထူးကြီးတွေရဲ့ မင်္ဂဆောင်ကြော်ငြာတွေ့ဘူးလား။ ဥပမာ မောင်လှ(လမ်းဘေးအရက်ရောင်း) နှင့် မဖြူဖြူ (အသုတ်စုံ) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ကြွရောက်ချီးမြှင့်ပါသော ဆယ်အိမ်ခေါင်း ဦးလှ၊ မင်္ဂလာလက်စွပ်ဆင်မြန်းပေးပါသော ဒု-တစ်ကြပ်ဦးမောင်(အငြိမ်းစား)နှင့် ဒေါ်စော (၀ါရင့်ပဲပြုတ်သည်) တို့အားကျေးဇူးအထူးတင်ရှိကြောင်း....ဒါမျိုးတွေ့ဘူးလား။ သတင်းစာထဲမှာပြောတာပါ။

ဆီဒိုးနားမှာမင်္ဂလာကြီးကြီးကျယ်ကျယ်ဆောင်ပြီး တနှစ်လောက်ကြာမှာ ကွဲသွားတဲ့ လင်မယား၊ ဘွဲတွေတသီကြီးနဲ့ ငွေကြေးချမ်းသာလို့ ရာသက်ပန်မပေါင်းလိုက်ရတဲ့လင်မယား၊ ပေါင်းရတဲ့လင်မယားလောကမှာအများကြီးပါ။ ဆီဒိုးနားမှမင်္ဂလာမဆောင်၊ သတင်းစာထဲမှာမထည့်တဲ့ ပဲပြုတ်သည်နဲ့ဆိုက်ကားသမား၊ ကူလီသမားနဲ့ပန်းရံသည်...သူတို့တစ်သက်လုံးအိုအောင်မင်းအောင်ပေါင်းကြတာကကော တွေ့ဘူးလား။ ကွဲတာကောတွေ့ဘူးလား။ ဒီဘ၀နှစ်ခုမှာ ဘာကအရေးအကြီးဆုံးလဲ။ အချစ်လား၊ ငွေလား၊ ဂုဏ်လား။ ဒီဘ၀နှစ်ခုမှာ ဘယ်အရာကပိုပြီး အိမ်ထောင်ရေးတည်မြဲအောင်လုပ်ပေးပါသလဲ။ ကျနော့်အမြင်ကတော့ စောက်ကြီးစောက်ကျယ်လုပ်ခဲ့တဲ့လူတွေပဲ ကွဲကြပြဲကြများပြီး၊ ပဲပြုတ်ကိုဆီစမ်းပြီး စားရတဲ့လင်မယားတွေက ပိုပြီးမြဲတယ်လို့ထင်တယ်ဗျာ။

ဒါကဘာကိုပြလဲဆိုတော့ မြန်မာတွေတလွဲဆံပင်ကောင်း ဂုဏ်ယူသင့်တာမယူ၊ တန်ဖိုးမထားသင့်တာကို တန်ဖိုးထား၊ စောက်တလွဲတွေဖြစ်နေတာကို ယနေ့ နအဖလက်အောက်မှာ မမြင်ချင်အဆုံး။ နောက်တခုရာထူးတွေပြိုင်ကြပြီး၊ အတွင်းစိတ်ဓာတ်ကို မပြိုင်၊ ညာဏ်ထိုင်းနေကြတဲ့ ဒီလောကမှာ တရားတယ်ဆိုတာ ဘုန်းကြီးခေါင်းက ..သန်းလိုပဲ....အရမ်းရှာရခက်တယ်။

နောက်တခုက ကြေးမုံ၊ မြန်မာ့အလင်းသတင်စာရဲ့ တန်ဖိုးကိုဘယ်လိုသတ်မှတ်ရမလဲဗျာ။ ရာထူးပြိုင်ဖို့လား၊ သန်းရွှေလဥသန်းရှာတာကိုရေးဖို့လား၊ ၀န်ကြီးတွေ အပြင်းပြေဟိုကြည့်ဒီကြည့်တာကိုရေးဖို့လား။ နောက်ဆုံးတော့ ယနေ့ကာလမြန်မာ့အလင်းသတင်စာ၊ ကြေးမုံသတင်းစာရဲ့ တန်ဖိုးက ငရုတ်သီးမှုန့်ထုတ်တဲ့စက္ကူဘ၀၊ အိမ်သာမှာ တစ်ရှုးမရှိလို့ ယာယီအသုံးပြုရတဲ့ပစ္စည်းအဖြစ် တဖြည်းဖြည်းကျရောက်ကုန်ပါလား။ ဒီသတင်းစာမှာပါတဲ့၊ လုပ်တဲ့၊ တာဝန်ယူတဲ့လူတွေရဲ့ အရည်အချင်းတော့ဘာမှမပြောပါရစေနဲ့တော့။ ဒီလူတွေကို အထက်ကကြောငြာရှင်အမျိုးသမီးလို သူ့ယောက်ျားကိုအသုံးမကျလို့ ယောက်ျားအဖြစ်မှ တရားဝင်စွန့်လွှတ်ကြောင်းသတင်းစာထဲမှာထည့်သင့်ပါသလား။

View My Stats