ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/1/10

ခန့်စည်သူပွဲ အခြေအနေ (၁၊ ၁၀၊ ၂၀၁၀)

ရဲဘော်ကြီးများသို့-

Morely ရဲစခန်းကို မနက်ကိုးနာရီမှာရောက်ပါတယ်။ ရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက်ထွက်လာပြီး ဆန္ဒပြဖို့အတွက်ရေးထားတဲ့စာကို လက်ခံပါတယ်။ သူတို့ဘက်က ဆန္ဒပြဖို့ကိစ္စကို သဘောတူကြောင်းပြောပါတယ်။ Public Area မှာလုပ်ဖို့ တိုက်တွန်းပါတယ်။ Private Area မှာလုပ်ရင် အဖမ်းခံရနိုင်တယ်လို့ပြောပါတယ်။ ရဲတွေဘက်က လုံခြုံရေးယူပေးမယ်လို့ အကြောင်းပြန်တယ်။

ပြီးတော့ Morely Rrecreation Center ရဲ့ မန်နေဂျာနဲ့တွေ့ပြီးအကျိုးအကြောင်း ပြောပြသင့်တယ်လို့ ရဲက အကြံပေးတယ်။ ရဲစခန်းက အပြန်မှာ ကျနော်သွားတွေ့တယ်။ မန်နေဂျာကပြောတယ်..သဘောမတူဘူး။ သူ့စီးပွားရေးထိခိုက်မှာကို အကြောင်းပြုပြီးအကြောက်ကန်ငြင်းတယ်။ ကျနော်တို့ ဆန္ဒပြပွဲ လုပ်မဲ့နေရာကို မန်နေဂျာနဲ့အတူ ကျနော်လိုက်ပြတယ်။ ခန်းမအရှေ့ က မြတ်ခင်းမှာလုပ်ချင်တယ်။ ဒါဆိုရင် ခင်ဗျားရဲ့ ပိုင်နက်ကို မကျော်ဘူးပေါ့။ ဒါလည်းသဘောမတူ။ မတက်နိုင်ဘူး။ ရဲက ခွင့်ပြုချက်ရပြီဆိုတာ့ မန်နေဂျာကိုတော့ သနားတယ်။

ညနေပိုင်း ခန်းမမန်နေဂျာက ဖုန်းဆက်လာတယ်။ ကျနော်တို့အဖွဲ့ရယ်၊ မန်နေဂျာရယ်၊ ခန့်စည်သူပွဲစီစဉ်သူနဲ့စကားပြောချင်တယ်။ ညှိနှိုင်းချင်တယ်လို့ပြောတယ်။ အိုကေ..လက်ခံတယ်။ တနင်္ဂလာနေ့ ညနေ သုံးနာရီခွဲမှာ မန်နေဂျာရုံးခန်းမှာတွေ့မယ်။ ဆွေးနွေးမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့တော့မဖြစ်နိုင်ဘူး။ သူ့စီးပွားရေးထိခိုက်မှာကိုကြောက်လို့ အပေးအယူလုပ်ချင်တဲ့ပုံပဲ။ ဘာဘဲဖြစ်ဖြစ်သွားပြီး နားထောင်လိုက်မယ်။

ကိုရစ်ချက်၊ ကိုသီဟရွှေ၊ မွတ်စလင်ကုလားသူပုန်နဲ့ ကျနော်တို့သွားမယ်။ ဆန္ဒပြပွဲကိစ္စကို ဘယ်လိုနည်းနဲ့အပေးအယူလုပ်လုပ် သဘောတူမှာမဟုတ်ဘူး။ တခုတော့ရှိတယ်...ခန့်စည်သူ မလာတော့ဘူးဆိုရင် ရပ်မယ်။ အငြိမ့်ပွဲမှာ မှုးပြီးကွေးနေအောင်ကမယ်။ မကြိုက်ရင်အခုကတည်းပြောပါ။

ဆွေးနွေးပွဲပြီးရင် နောက်ဆုံးအခြေအနေကိုတင်ပြမယ်။ ဘာ့ကြောင့်အခုလို လူသိရှင်ကြားလုပ်လဲဆိုတော့....ခန့်စည်သူကို ဆန္ဒပြတာမဟုတ်တော့ဘူး။ ကျနော်တို့တိုက်ပွဲတခုကို တိုက်နေတယ်လို့ပဲမြင်တယ်။ ဒီတိုက်ပွဲကတော့ စစ်အာဏာရှင်တွေကို Perth မြေပေါ်ကနေတောင် တိုက်နေတယ်။

လေးစားစွာဖြင့်
ဘုန်းကျော်
၀၄၃၀၄၂၉၆၆၇

9/30/10

ခန့်စည်သူကို ဆန္ဒပြဖို့အတွက် ရဲ..ကိုအကြောင်းကြားပြီ

Date 30/09/2010

To: Morley Police Station

This is to notify the local police of our intention to protest at the Morley Recreation Centre on the 16th October, 2010.

This protest is in regard to the arrival in Australia of a Burmese actor with ties to the Burmese military regime. He has starred in many military propaganda movies that hide and deny the well documented oppression and brutality of the regime.

As Australian citizens and former refugees who have fled the oppression in Burma, we wish to exercise our democratic right (a right which is brutally suppressed in Burma) to peacefully protest - we are protesting the role this man has played in propagating mistruths about what is happening in Burma.

If you require any further information or documentation please contact me.

Yours respectfully,


Phone Kyaw

Mobile: 043042967
Email: wgdperth@gmail.com

မှတ်ချက်။ ။ ရေးသူ ကိုရစ်ချက်အားအထူးကျေးဇူးတင်ပါသည်။

9/28/10

လေးစားပါတယ်..ညီမငယ်



လေးစားပါတယ်..ညီမငယ်။ ထပ်ပြောမယ်..ဂုဏ်ယူပါတယ် ညီမငယ်။ ဒါမျိုးကို မြန်မာမိန်းခလေးတွေ အတုယူကြပါ။ စိတ်ဓာတ်၊ ခွန်အား၊ မာန်ပါပါ၊ ခံစားချက်အပြည့်နဲ့ ဒီလိုပြောတယ်။ အရမ်းကောင်းတယ်။ သဘောတူတယ်။ ဘာလဲကွ UN ။ Statement နဲ့ အလုပ်မဖြစ်ဘူး။ ဒါကို အတိုက်အခံအင်အားစုတွေလည်းသတိထားကြပါအုံး။ မြန်မာပြည်ကို အမေရိကန်တပ်ဝင်တိုက်စေချင်ပြီ။

9/27/10

မိုးသီးဇွန်ရဲ့ မေးခွန်းများ

နိုဝင်ဘာ ၇ -ရက်နေ့ မှာ တိုက်ပွဲစမယ်ရဲဘော်တို့ ...။

၁-လူထုကို ဘာကြောင့် ရွေးကောက်ပွဲကို ကန့် ကန်ဆန္ဒပြရတာလဲ ဆိုတာကို ဘယ်လိုပြောမလဲ?

၂-သင်တို့ ရဲ့ မိန့် ခွန်းတွေထဲမှာ ဘာတွေထည့်ပြောမလဲ?

၃-သူတို့ ပါဝင်လာအောင်သင်ဘာတွေပြင်ဆင်မလဲ?

၎-သူတို့ ပါဝင်လာရင် လူထုကို ဘာတာဝန်တွေပေးမလဲ?

၅-လူထုကို ဘယ်လိုကြွေးကြော်သံတွေချပေးမလဲ?

၆-အလံတွေကို ဘယ်သူလုပ်မလဲ?

၇-စပီကာကို ဘယ်သူတာဝန်ယူမလဲ?

၈- ပိုစတာတွေ၊ ဘန်ဒါတွေကိုဘယ်သူလုပ်လဲ ၊ ဘာတွေရေးမလဲ?

၉- အလုပ်သမားတွေကို ဘယ်သူသွားစည်းရုံးမလဲ?

၁၀- သံဃာတွေကိုဘယ်သူသွားလျောက်မလဲ?

၁၁- ချီတက်ပွဲဖြစ်လာရင် ဘယ်နစ်ယောက်တန်းချီတက်မလဲ?

၁၃- လမ်းဘေးက အားပေးနေတဲ့သူတွေကို အတူတူချီတက်လာအောင် ဘယ်သူက ခေါ်မလဲ?

၁၄- တိုက်ပေါ်ကနေကြည့်ပြီး အားပေးနေတဲ့သူတွေကိုပါလာအောင် ဘယ်သူက စည်းရုံးမလဲ?

၁၅- မြို့ သစ်တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်လာအောင်ဘယ်သူက စည်းရုံးမလဲ ၊ ဘယ်လိုစည်းရုံးမလဲ?

၁၆- ကြံဖွတ်နဲ့ စွမ်းအားရှင်တွေက နှောက်ယှက်လာရင် ဘယ်လို တုန့် ပြန်မလဲ၊( ပြန်ချမလား၊ သူတို့ ရိုက်တာခံမလား )?

၁၇- ရဲနဲ့  စစ်သားတွေက ပြစ်ခတ်ဖို့  လာရင် ချီတက်နေတာကိုရပ်ပြစ်မလား။ လူစုခွဲမလား။ ဆက်ပြီးအသေခံချီတက်မလား?

၁၈- ပြစ်ခတ်နိမ်နင်းလာရင် ကားလမ်းတွေကို ဘယ်သူပိတ်မလဲ?

၁၉- အစိုးရကားတွေကို ဘယ်သူက မီးရှို့ မလဲ?

၂၀ - ဆက်သွယ်ရေး၊ စနစ်တွေ ဘယ်လို ထူထောင်ထားမလဲ ( တယ်လီဖုန်း၊ စက်ဘီး၊ ကား၊ ဆက်သား၊ )?

၂၁- ရန်ကုန်က လှုပ်ရှားမှုကိုနယ်တွေသိအောင်ဘယ်လိုလုပ်မလဲ?

၂၂- နယ်တွေဖက်မှာ ပြန့် နှံသွားအောင် ဘယ်သူ တာဝန်ယူမလဲ?

၂၃- စက်ရုံတွေကို ဘယ်သူတွေက သိမ်းပိုက်ထားမလဲ?

၂၄- သပိတ်ကို ရေရည် ဆွဲနိင်အောင် ဘယ်လိုလုပ်မလဲ?

၂၅- လူထုအစိုးရကို ဘယ်လို ဖွဲ့ မလဲ?

၂၆- မီဒီယာတွေကို ဘယ်သူက တာဝန်ခံဖြေမှာလဲ ။ တတိုင်းပြည်လုံးကိုဘယ်ြလိုမက်ဆေ့ခ်ျပေးမှာလဲ?

၂၇- ကိုယ်ရပ်ကွက်အလိုက်ကျေးရွာအလိုက် အုပ်ချုပ်ရေးတွေ ကိုဘယ်လိုချမလဲ (လုံခြုံရေး၊ အပြန်အလှန်ကူညီရေး၊ လူထု စားဝတ်နေရးကျမာရေး )?

၂၈- ရံပုံငွေတွေကိုစနစ်တကျ ဘယ်လိုကောက်ခံမလဲ?

၂၉- သံရုံးတွေကို ဘယ်လို အသုံးချမလဲ?

၃၀- ကားလမ်း၊ရထားလမ်း၊ သင်္ဘေဆိပ်တွေကို ဘယ်လို ထိမ်းသိမ်းမလဲ ၊ဖြတ်တောက်မလဲ?

၃၁- သံရုံးတွေရဲ့ အကူညီကိုဘယ်လိုယူမလဲ?

၃၂- စစ်အစိုးရဒေါက်တိုင်တွေကို ဘယ်လိုဖြိုမလဲ၊ ဘယ်သူတွေဖြိုမလဲ ၊ ပြစ်မှတ်တွေကိုဘယ်လိုပြုစုထားမလဲ?

မှတ်ချက်။ ။ လိုအပ်တာတွေကိုဖြည့်စွတ်ပြီး ကိုမိုးသီးအီးမေး wefightwewin@gmail.com ကိုပို့ပေးကြပါ။ ကျနော်တို့တော်လှန်ရေးရဲ့ အောင်ပွဲကို လိုချင်သူများ မိမိနီးစပ်ရာ သူငယ်ချင်းမိတ်ဆွေများ၊ ညီအစ်အကိုမောင်နှများအား ယခုမေးခွန်းများအားပို့ပေးကြပါ။ အားလုံးအခုကတည်းက တိုက်ပွဲကိုစတင်အကောင်အထည်ဖော်လို့ရပါပြီ။ နိုဝင်ဘာလ-ရက်နေ့မှာ သမိုင်းမှာ မကြုံစဖူးတဲ့လူထုအုံကြွမှုဖြစ်လာရစေမယ်။

စစ်အာဏာရှင်တွေကို နိုဝင်ဘာ (ရ) ရက်နေ့မှာ မြန်မာ့မြေက အပြီးအပိုင်မောင်းထုတ်ပြစ်ကြပါစို့။

စစ်တပ်၊ ရဲ၊ စွမ်းအားရှင်စတဲ့ အာဏာရှင်လက်ကိုင်ဒုတ်တွေ လူထုတွေကို ပြန်လည်တိုက်ခိုက်လာနိုင်ပါတယ်။

တိုက်ခိုက်မယ်လို့လည်း ယုံကြည်တယ်။ ဒီတော့ လူတိုင်းမိမိအိမ်မှာရှိတဲ့ သေနတ်၊ တုတ်၊ ဓား၊ ဒူးလေး စတဲ့အရာတွေကို အသင့်ပြင်ထားကြပါ။ ဆန္ဒပြပွဲဖြစ်တာနဲ့တခါတည်းယူသွားပါ။

မျိုးချစ်စစ်သားများ၊ အမှန်တရားကို သိတဲ့စစ်တပ်၊ ရဲ ဘက်ကအရာရှိများ လူထုဘက်က ရပ်တည်ကာကွယ်ပေးကြပါ။ နိုဝင်ဘာ (၇) ရက်နေ့မှာ ပြည်သူနဲ့အာဏာရှင်တို့ အဆုံးသတ်တိုက်မဲ့ပွဲဖြစ်တယ်။ ဒီအချိန်မှာ လူတိုင်းလူတိုင်းခေါင်းဆောင်တွေပဲ။ ကိုယ့်အသက်ကို ကိုယ်ပဲကာကွယ်ပါ။ မိမိရန်သူကို ရရာလက်နက်နဲ့ခုခံတိုက်ပွဲဝင်ကြပါ။

9/26/10

ဒေါက်တာလွဏ်းဆွေ=အက်ဆစ်

အက်ဆစ်ဆိုတဲ့လူ အတွေးအမြင်ကို အရင်တုန်းကသဘောကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိအတိုက်အခံအင်အားစုတွေကို အားမလိုအားမရဖြစ်နေတာကိုထောက်ပြတဲ့အနေလို့ မြင်မိတယ်။ လှုပ်ရှားမှု ပြင်းထန်လာအောင် လှုံ့ ဆော်ပေးတယ်ထင်လို့ အားပေးမိတယ်။ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာဆိုတော့။ အက်ဆစ်ဆိုတဲ့ ဆောင်းပါကို ဘုန်းကျော်ဘလော့ဂ်မှာတင်ကြည့်ပါလား။ ဘယ်သူမှ ဂရုတစိုက်နဲ့ဝေဖန်လေကန်မှာမဟုတ်ဘူး။

NLD ကို အားမရဘူး။ ဒေါ်စုဦးဆောင်မှု မပြတ်သားဘူး။ ပြည်ပအတိုက်အခံဘာညာဖြစ်တယ်။ ပြောရင်တော မဆုံးတော့ပါဘူး။ ကျနော်လည်း ဝေဖန်ရေးဆရာတော့မဟုတ်ဘူး။ ပြည်တွင်းက ကလူဟာ ပြည်တွင်းအကြောင်းကိုသိနိုင်မယ်။ ပြည်ပက လူလည်းပြည်ပအတိုက်အခံကြောင်းကို သိမယ်။ ကိုယ့်အလုပ်နဲ့ကိုယ်ပဲ။ အက်ဆစ်ကလည်း အက်ဆစ်အကြောင်းပဲသိမယ်။

နောက်ဆုံးအနေနဲ့ အက်ဆစ်ကတော့ ဒေါက်တာလွဏ်းဆွေဖြစ်ပါတယ်။ သူ့ဘလော့ဂ်မှာ သူကြိုက်သလိုတွေး၊ ရေး၊ လုပ်တာကို ကျနော်က အားအားယားယားဒီလိုပြန်ရေးမိတော့ ကျနော့်အပြစ်ပဲဖြစ်တာပေါ့။ ဒါနောက်ဆုံးပါပဲ အက်ဆစ်ကို စကားယှဉ်ပြောရတာမောပါပြီ။ အက်ဆစ်က ရန်သူ့လူပဲဖြစ်ပါတော့တယ်။ ကိုယ့်အမြင်ကို နာမည်ဝှက်နဲ့ ရေးတာကြောက်စရာလားဗျာ။

ကျနော်တော့ နောက်တစ်ခါ အက်ဆစ်ဆိုတဲ့လူရေးတဲ့ဆောင်းပါကို အချိန်ကုန်ခံပြီး ဖတ်မည်မဟုတ်ကြောင်း။

9/25/10

စစ်အာဏာရှင်တွေရဲ့ နိဂုံး (နိုဝင်ဘာ-၇)

ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် ငါ့၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်...
ဒီပုံစံအတိုင်းသာဆိုရင်တော့ နောက်ထပ်နှစ်ပေါင်း ၁၀၀-တောင် ဗမာပြည်ငြိမ်းချမ်းရေးရနိုင်ပါ့လား။ ဘာဖြစ်လို့လဲ..မောင်ဘုန်း..။ ဒီလိုရှိတယ် ရဲဘော်။ အခုရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပဲနိုင်နိုင်၊ တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပဲ စားစား၊ ဦးသုဝေတို့ပဲ မြတ်မြတ် အပြောင်းအလဲကြီးတစုံတရာတော့မဖြစ်လာနိုင်လို့ပါ။

ဘာ့ကြောင့်မဖြစ်လာနိုင်လဲဆိုတော့ ဟိုလူမပါရ၊ ဒီလူမပါရဆိုတဲ့ ရွေးကောက်ပွဲကြီး။ ဆိုတော့ဗျာ..ဘယ်လိုလုပ်သွားပြီးလူစုံမလဲ။ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေက လူတွေမဟုတ်ဘူးလား။ ပြည်ပကမြန်မာတွေကကော လူတွေမဟုတ်ဘူးလား။ အားလုံးဟာ ဒီမြေဒီရေအပေါ်မှာအခြေခံပြီး ကြီးပျင်းလာတာမဟုတ်ဘူးလား။ ပြည်တွင်းက လက်တကမ်းစာပဲ လူဖြစ်တယ်ထင်လို့လား။

ပြီးတော့ ဘယ်လောက်လွတ်လပ်ခွင့်ရှိရှိစည်းရုံးလှုံ့ ဆော်နိုင်ခွင့်ရှိလို့လဲ။ ဟိုစကားလုံးမကြိုက်လို့ ဖြုတ်ရပြင်ရ၊ တောင်ပန်းစာရေးရ၊ ဘယ်လောက်ညစ်ပတ်လဲဆိုတာကိုကြည့်။ ဦးသုဝေခင်ဗျား အသက်ကြီးမှ ဟိုပြေးရဒီပြေးရ ဆပ်ပြာသည်လင်ပျောက်သလို ဖြစ်နေပြီ။ ဖတ်ဖတ်ကိုမောလို့။ လေးတော့လေးစားပါတယ်။ ဒီလိုမျိုးဇွဲရှိတာကို။

တိုင်းရင်းသားပါတီတွေဘက်ကိုကြည့်လိုက်အုံး။ အင်အားက ကြံ့ဖွတ်ကြီးနဲ့ယှဉ်ရင် စာကလေးနဲ့ လဒကြီးလိုပဲ။ ထင်ရှားနေလိုက်တာ ပြောစရာတောင်မလိုပါဘူး။

ဘာမှလုပ်မနေနဲ့ ရဲဘော်တို့ တစ်ယောက်မှ ရွေးကောက်ပွဲမ၀င်နဲ့တော့။ ဒါဆိုရှင်းပြီ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သေတမ်းစာ

၂၀၀၈-ခုနှစ်အခြေခံဥပဒေကို မဲပေးခွင့်ရှိသူအားလုံးရဲ့  ကိုးဆယ်ရာခိုင်နှုံးကျော်က တခဲနက်ထောက်ခံလို့ အတည်ပြုလိုက်ကြောင်း။ အမယ်..ဒီအချိန်မှာ နန္ဒာလှိုင်တောင် သူ့မင်္ဂလာကို ကြီးကြီးကျယ်ကျယ်မလုပ်ရဲဘူး။ လူတွေကို သနားလို့။ သိန်းသုံးရာတောင် မုန်းတိုင်းကြောင့်ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေကို ပေးခဲ့တယ်။ မုန်းတိုင်းကကျ၊ မီးကပျက်၊ လူတွေကသေ။ သေတာတောင် တစ်ယောက်နှစ်ယောက်မဟုတ်။ ဆွမ်းသွတ်ဖို့ ဘုန်းကြီးတောင်လောက်ဘူး။ အသုဘချစရာမြေနေရာမပြောနဲ့ လူတောင်ဘယ်နေရမှန်းမသိ။

ဒီလိုဒုက္ခတွေပင်လယ်လိုဝေနေတဲ့အချိန်မှာ လူထုကြီးက တခဲနက်အခြေခံဥပဒေကို ထောက်ခံအတည်ပြုခဲ့ပါတယ်လို့... ငါးမိနစ်တောင်မရှိတဲ့ ထုတ်ပြန်ကြေငြာချက်ကို မြန်မာ့အသံကနေ လွှင့်လိုက်တယ်။ ငါးမိနစ်စာလောက်နဲ့အတည်ဖြစ်သွားတာကို အားလုံးသိတယ်ဟုတ်။ အခြေခံဥပဒေထဲမှာ ဘာတွေရေးထားလဲဆိုတာကို ၁၂-သားခလေးတောင် အခုမေးရင် အခုအလွတ်ရတယ်။ ဒီလောက်ပြည်ပရေဒီယိုကနေလွှင့်နေတာ မသိစရာလား။ ဒါလား လူထုက ၉၀%ကျော် တခဲနက်ထောက်ခံခဲ့တဲ့ ၂၀၀၈-ခုနှစ် အခြေခံဥပဒေ။

ကျနော်နားလည်တာက တိုင်းပြည်ရဲ့ အခြေခံဥပဒေလို့မထင်ဘူး။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သူ့မိသားစုအတွက် နောက်ဆုံးရေးထားတဲ့ သေတမ်းစာလို့ပဲမြင်တယ်။ ရှင်းတယ်ဟုတ်။

ရွေးကောက်ပွဲအလွန်ကာလ-

ရွေးကောက်ပွဲ ၀င်ကြပြီ။ တစ်ပတ်တောင်မကြာဘူး.. ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား မဲပေးခွင့်နိုင်ခွင့်ရှိသူ ၉၀% ကျော်က တခဲနက်ထောက်ခံတဲ့အတွက်ကြောင့် အနိုင်ရရှိကြောင်း ရေဒီယိုကနေကြားရပါလိမ့်မယ်။ မြန်မာ့အသံ၊ မြ၀တီ နဲ့ MRTV4 လား 3 လားတော့မသိဘူး...သုံးမိနစ်ကြာ ကြေငြာချက်လိုမျိုး၊ အမိန့်စာလိုမျိုးကြားရပါလိမ့်မယ်။ ဒီအချိန်မှာ မုန်တိုင်းတော့မကျနိုင်ဘူး။ နအဖအဖွဲ့ဝင်တွေအကုန်လုံးကို နွေခေါင်ခေါင်မိုးကြိုးပဲ ပစ်လိုက်မယ့်။ ပွင့်လင်းရာသီဆိုတော့။

ကြံ့ဖွတ်နိုင်တယ်ပေါ့။ ပြီးတော့ အစိုးရသစ်လည်းဖွဲ့စရာ မလိုပါဘူးဗျာ။ ဘာဖြစ်လို့ဆိုတော့ ဒီလူတွေ၊ ဒီလူတွေပါပဲ။ သမ္မတကြီး ဦးသန်းရွှေ၊ ဒု-သမ္မတ ဦးမောင်အေး နဲ့ ၀န်ကြီးချုပ် သူရဦးရွှေမန်းတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအစိုးရကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့အညီ တိုင်းပြည်အား ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်မည်ဖြစ်ကြောင်း အရှက်မရှိ နားကို မုဒိမ်းကျင့်ပါအုံးမည်။ မယုံမရှိနဲ့။ အရှေ့ က ဖြစ်ရပ်တွေက အားယားယားဖြစ်တာမဟုတ်။ ဒါက ကျနော့်ရဲ့ အမြင်ဖြစ်တယ်။

နိုဝင်ဘာ (၇) ရက်နေ့မှာ စစ်အာဏာရှင်စနစ်ရဲ့  နိဂုံးဖြစ်ရမည်

တူမောင်ညိုက ဗိုလ်ခင်ညွှန့်ထောက်လှမ်းရေးအကြောင်းစာအုပ်ထွက်လာတော့ သူက သူ့အမြင်ကိုဒီလိုရေးခဲ့တယ်။ စာအုပ်နာမည်က ထေက်လှမ်းရေးနိဒါန်းဆိုလား ဘာလားမသိဘူး။ တူမောင်ညိုရေးတာက ထောက်လှမ်းရေး နိဒါန်းရှိရင် နိဂုံးရှိရမည်လို့ရေးခဲ့တယ်။

ကျနော်က တူမောင်ညိုနဲ့ဘာမှမတော်ဘူး။ သူနဲ့မျက်နှာချင်းတောင်မဆိုင်ချင်ဘူး။ ကျနော်လည်းအခုပြောမယ်။ န၀တ-နအဖ နိဒါန်းရှိရင် နိဂုံးရှိရမယ်။ နိုဝင်ဘာ-၇ ရက်နေ့ဆိုတာက လက်ကီးဆဲဗင်း။ စစ်အစိုးရအတွက် ကံဆိုးတဲ့နေ့ဖြစ်ပြီး ပြည်သူနဲ့တိုင်းပြည်အတွက် ကံကောင်းတဲ့နေ့ ဖြစ်ကိုဖြစ်ရမယ်။ ဒီအချိန်ကတော့ စစ်အာဏာရှင်တွေအတွက် နိဂုံးပဲ။

လူထုတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို နိုဝင်ဘာ (၇) ရက်နေ့နောက်ဆုံးထားပြီး နိဂုံးချုပ်ပြစ်ကြပါစို့...။

ငါ..တို့တော်လှန်ရေး မုချအောင်ရမည်။

စစ်အာဏာရှင်စနစ် မုချကျဆုံးဖြစ်ရမည်။

နေ့လည် ၁-နာရီ ၂၅ မိနစ်။

9/24/10

ဦးမြင့်သိန်းကိစ္စကို ဒီလိုတွေးမိလို့ပါ

ဦးမြင့်သိန်းနဲ့ကျနော် ရည်စားလုဖက်တွေမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရလည်း နာကျည်းစရာ၊ စိတ်ကောက်စရာမရှိပါ။ သူ့ရဲ့ လက်ရှိဘ၀ကို မနာလိုတာ၊ အားကျတာ ပြိုင်တာဆိုင်တာလုံးဝမရှိပါ။ ကျနော် ရန်သူ့လူလည်းမဟုတ်ပါဘူး။ ရင်းနှီးမှုလည်းမရှိပါ။

မဲ့ဆောက်က အလုပ်သမားလေး ကိုမြင့်သိန်းက မိန်းမတွေကို ငွေနဲ့မြူဆွယ်ပြီးလုပ်တာက သူ့ဝါသနာနဲ့သူမို့ ဘာမှမပြောချင်ပါဘူး။ အဓမ္မမုဒိမ်းကျင့်တာဆိုရင်တော့ သူ့မှာအပြစ်ရှိတာပေါ့။ အလုပ်သမားကိုမြင့်သိန်းက သာမန်အရပ်သားဖြစ်တဲ့အတွက် သူ့မှာ ထိန်းသိမ်းစောင့်ရှောက်စရာ ကျင့်ဝတ်ရှိစရာမလိုဘူးပေါ့။

မဲ့ဆောက်က တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြင့်သိန်း။ နိုင်ငံရေးသမားလည်းဖြစ်တယ်။ အထင်ကရ နိုင်ငံရေးအဖွဲ့အစည်းကြီးတွေကိုဦးဆောင်တဲ့လူ။ အလုပ်သမားကိုမြင့်သိန်းနဲ့ နိုင်ငံရေးသမားဦးမြင့်သိန်းတို့ ဘာတွေများကွာခြားမှုရှိပါသလဲ။

လွန်ခဲ့တဲ့နှစ်လလောက်က သြစတျေးလျနိုင်ငံက ဘဏာရေးဝန်ကြီးတစ်ယောက်ဟာ အစိုးရရဲ့  Credit Card ကိုအသုံးပြုပြီး သူ့စော်နဲ့ ခရီးထွက်တယ်။ သူ့စော်ကလည်း လွှတ်တော်အမတ်ပဲ။ အစိုးရငွေကို လွဲမှားစွာသုံးခဲ့မိတယ်။ ဒေါ်လာတစ်ထောင်လောက်ပါပဲ။ အများကြီးမဟုတ်ပါဘူး။ တစ်ရက်ပဲကြာတယ်။ ၀န်ကြီးပြုတ်သွားတယ်။ မျက်ရည်စက်လက်နဲ့သူမှားတာကို ပြည်သူရဲ့ ရှေ့ မှာတောင်းပန်ခဲ့တယ်။ ဒါက သြစတျေးလျနိုင်ငံက နိုင်ငံရေးသမားနဲ့ပြည်သူတို့ အပြန်အလှန် အမှီပြုနေထိုင်ပုံဖြစ်တယ်။

မဲ့ဆောက်က နိုင်ငံရေးခေါင်းဆောင် ဦးမြင့်သိန်းကိုလေ့လာကြည့်မယ်။ လူသားတစ်ယောက်အနေနဲ့ပဲအရင် တွေးကြည့်တယ်။ သူ့မှာငွေရှိလို့ ကောင်းမလေးတွေနဲ့သူအိပ်နိုင်မယ်။စားနိုင်မယ်။ ငွေမရှိရင် ဒါတွေကို သူလုပ်နိုင်မလား။ ဦးမြင့်သိန်းက စီးပွားရေးသမားတစ်ယောက်မဟုတ်တော့ ငွေတွေဘယ်ကရနိုင်မလဲ။ ထီပေါက်တာလား။ အမွေရတာလား။ မိန်းမကပို့ပေးတာလား။ နောက်မီးလင်နိုင်ဖို့ဆိုတဲ့ငွေဟာ ဘတ်ငွေတစ်ထောင်နဲ့တော့ မရနိုင်ဦး။ အခုကိစ္စက လေးယောက်လောက်ဖြစ်နေတာဆိုတော့။ ဒါက ငွေကိစ္စ။

ကောင်မလေးတွေကိုတွေးကြည့်တယ်။ သဘောတူကြည်ဖြူလို့ ကာယကံရှင်တွေက မတိုင်တာလား။ မုဒိမ်းမှု့ တော့မဖြစ်နိုင်။ ပတ်ဝန်းကျင်က ပြောတဲ့စကားဖြစ်နေတယ်။ သူတို့ကကော ဘာ့ကြောင့်ဒီလို အလုပ်ခံတာလဲ။ ငွေရလို့လား။ အလုပ်ပြုတ်မှာကြောက်လို့လား။ ဦးမြင့်သိန်းရုပ်ကအရမ်းချောလို့လား။ မဖြစ်နိုင်။ ဒါဆိုရင်ဘာ့ကြောင့်လဲ။

ကျင့်ဝတ်ပိုင်းကို ပြန်ကြည့်မယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်က အခုလိုလုပ်တာကို ပြည်သူကလက်ခံနိုင်လား။ လုပ်ဖော်ကိုင်ဘက်တွေကကော လက်ခံနိုင်လား။ တရားဥပဒေရှိလား။ အရေးယူအပြစ်ပေးနိုင်တဲ့ အခြေအနေကောရှိလား။
သြစတျေးလျနိုင်ငံရဲ့ အခြေအနေနဲ့ မဲ့ဆောက်အခြေအနေမတူလို့ဖြစ်မှာပဲလို့ကောက်ချချက်မိတယ်။

ဘုန်းကျော် မင်း..ဒီလိုမျိုးပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကုန မလုပ်သင့်ဘူးလို့ မိတ်ဆွေတွေကပြောတယ်။ ရန်သူကပိုပြီး အားရနိုင်တယ်လို့လည်း သတိပေးတယ်။ နောက်ဆုံး မင်းက တော်တော်မိုက်ရိုင်းတယ်လို့ပြောတယ်။ ကျနော်အမြင်ကတော့ဗျာ....ဦးမြင့်သိန်းက ဒီနေရာမှာအကြီးအကျယ်မှားတယ်လို့ယူဆတယ်။ အချက်အလက်နဲ့ ပြောတဲ့လူကပြောတယ်။ ပြောတာကလည်းအခိုင်အမာကိုပြောတယ်။ မဲ့ဆောက်ကလူတွေပိုသိပါတယ်။

ဒီလိုမှားနေတာကို မှန်ပါတယ်လို့ပြောလိုက်ရင် ဘာဖြစ်သွားမလဲ။ နောက်ထပ်ကောက်မလေးလေးယောက်လောက်ကို ဦးမြင့်သိန်းလုပ်ဖို့မြှောက်ပေးလိုက်သလိုမဖြစ်နိုင်ဘူးလား။ နိုင်ငံရေးသမားဆို။ တော်လှန်ရေးသမားဆို။ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးကို ကာကွယ်မြှင့်တင်သူဆို။ အမှန်တရားကို တိုက်နေတာမဟုတ်ဘူးလား။ ဒီလိုဖြစ်နေတာကို မှန်တယ်လို့ပြောနိုင်လား။ ကျနော်တော့မထင်။

ဒါ့ကြောင့် ဒီလိုနှာဘူး၊တနှာရှုး၊ အခွင့်ရေးသမားကြီးကို ဘာလို့ထောက်ခံပေးရမလဲ။ သူ့ဟာသူ နှစ်ပေါင်း ၂၀-မကလို့ ၁၀၀ ပဲ တော်လှန်ရေးလုပ်လုပ် ဂရုမစိုက်။ NCUB မကလို့ ဘုန်းကြီးအဖွဲ့ပဲဖြစ်ဖြစ် ဒီလိုစောက်ကျင့်ရှိတဲ့လူကို အားပေးရမလား။ ပါးစပ်ပိတ်နေရမလား။ မနေနိုင်။

အချုပ်ကတော့ တော်လှန်ရေးမှာ ဒီလိုလူတွေကို ခေါင်းဆောင်နေရာ၊ တာဝန်ရှိသူနေရာမှာ ထားတာအလကားပဲ။ လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က NLD-LA (တောင်ပိုင်း) စံခလပူရီရုံးမှာ ဦးမြင့်သိန်းပြောသွားတဲ့စကားရှိတယ်။ ကိုမင်းကို (အလင်းဝင်) နဲ့ စကားများတော့ ဦးမြင့်သိန်းကပြောတယ်။

"ခင်ဗျားမရှိလည်း တော်လှန်ရေးမှာဘာမှမဖြစ်ဘူး။ နောက်မှာလုပ်မဲ့လူတွေတပုံကြီးရှိတယ်" လို့ပြောဘူးတယ်။ နောက်နှစ်ပတ်ကြာတော့ ဦးမင်းကို အလင်းပြန်ဝင်သွားတယ်။ အခုတော့ သေပြီလားမသိဘူး။ အခုလည်း ဒီအတိုင်းပဲပြောချင်တယ်။

"ခင်ဗျားမရှိလည်း ကျုပ်တို့တော်လှန်ရေးဘာမှမဖြစ်ပါဘူး။ လုပ်မဲ့လူတွေတပုံကြီးရှိပါတယ်"

ည ၁၂ နာရီခွဲ

9/23/10

NCUB အတွင်းရေးမှုး-၂ ဦးမြင့်သိန်းအား ဖာခေါင်းကြီးဟု ဝေဖန်ခံရ

ဦးမြင့်သိန်းအားတွေ့ရစဉ်
မဲ့ဆောက်အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူများမှ ဦးမြင့်သိန်း (NCUB အတွင်းရေးမှုး-၂ )၏အကျင့်စာရိတ္တ နှင့်ပက်သက်၍ ဝေဖန်လျှက်ရှိကြောင်းသိရသည်။

ဦးမြင့်သိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲချုပ်လွတ်မြောက်နယ်မြေ(NLD-LA) မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ထို့အပြင်မြန်မာနိုင်ငံရှေ့ နေများကောင်စီ(BLC)၏ရှေ့ နေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၏ အတွင်းရေးမှုး (၂)နှင့် FTUB ဟုခေါ်သည့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွင် တာဝန်ယူလျှက်ရှိသည်။

အမည်မဖော်လိုတဲ့ BLC မှ မိန်းမငယ်တစ်ယောက်က ဦးမြင့်သိန်းနဲ့ပက်သက်ပြီး-

"ကျမကို သူ့ရုံးမှာ ဟိုနိုက်ဒီနိုက်လုပ်တယ်။ သူ့လက်က အတော့ကိုသရမ်းတယ်။ သားသမီးချင်းကိုယ်ချင်းမစာဘူး"

ယခုလို ပြောသွားသည့်မိန်းခလေးသည် ဒုက္ခသည်စခန်းတခုတွင် ခိုလှုံနေသည်။ ထို့အပြင် ယခုကိစ္စနှင့်ပက်သက်၍

"ဦးမြင့်သိန်းက ဖာခေါင်းကြီး။ ဖာခေါင်းထက်ဆိုးတယ်"


BLC မှ ၀န်ထမ်းများမှပြောသည်။

ဦးမြင့်သိန်း(အသက် ၅၅) သည် ဥပဒေအကျိုးဆောင်ရှေ့ နေတစ်ယောက်ဖြစ်သည်။ တရားဝင်မိန်းမနှင့် ခလေးနှစ်ယောက်ရှိသည်။ ပြည်ပအခြေစိုက်အတိုက်အခံအဖွဲ့အစည်းကြီး၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ဒီလို စိတ်ဓာတ်နှင့် လုပ်ရပ်ရှိသည့် ဦးမြင့်သိန်းအား မဲ့ဆောက်အခြေစိုက်နိုင်ငံရေးအဖွဲ့အစည်းများမှ တပ်ပေါင်းစုခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။

-----------------------------------------------------------------------

ပူးတွဲစာ-

ပြီးခဲ့တဲ့ နှစ်မှာ ဘီအယ်စီ ကလုပ်တဲ့ အကယ်ဒမီ သင်တန်းကျောင်းမှာ မြင့်သိန်းက သူ့ တူမ မိုးမိုးဆိုသူကို ကျောင်းအပ်တယ်။ တူမဆိုတာ အင်,တူမပေါ့။ ကောင်မလေးက ပထမ ကြည်နေချိန် အသံမထွက်ဘူး မြင့်သိန်းကအကယ်ဒမီ ကျောင်းသင်တန်းပြီးချိန် ၅-နာရီဝန်းကျင်သွားခေါ်ပြီး ကိုးနာရီ(ည) အရောက်ပြန်ပို့ တယ်။ ညားနေတာထက် ၀ါးနေတာပေါ့ဗျာ။

နောက် ကျတော့ ကောင်မလေးကရိုးတော့ ဖြူဖြူလှိုင် ဆိုတဲ့ အမျိုးသမီးလေး (အသက် ၂၀-ကျော်)
လေးကိုတူမဆိုပြီး ခေါ်လာပြန်ရော။ ကလေးမတွေ က ငယ်တော့ နှစ်ပင်လိမ်ဖို့ ခက်တယ်။ ခက်တော့ မိုးမိုးကို အကယ်ဒမီက ထုတ်ပြီးမြန်မာပြည်ပြန်ပို့ လိုက်တယ်။ ခု မိုးမိုးက ဗိုက်ပါသွားတယ် လို့ သတင်းထပ်ကြားတယ်။
မျက်မြင်တွေ က တအားပဲ။ ညဆို ကလေးမတွေ နဲ့ ပဲ စူပါမားကပ်တွေမှာတွေ့ တယ်။
ကလေးမဆိုတာ သူ့သမီးသာသာပေါ့။ သူ့မိန်းမရဲ့ တူမအရင်းတွေ တော့ရှိတယ် သူမထိရဲဘူး။

သူ က ခု NLD က အမျိုးသမီး အလုပ်လုပ်တဲ့ ဝေေ၀လှိုင် ကိုဈေးကခေါ်လာတယ် (ဝေေ၀လှိုင်ဆိုသူက ချဲနဲ့ ပြေးခဲ့တာ) ခေါ်လာပြီးသူက ၀ါးလိုက်တယ် ၃-လလောက်အားရတာနဲ့ ပြန်ခိုင်းလို့ မရတော့ သူ့ ကို ပါတီ (NLD-LA)ထဲ ဆွဲထည့်တယ်။ ဒီလို ကောင်မလေးတွေအဖွဲ့ အစည်းတွေမှာ အများကြီး။ ဦးမြင့်သိန်းမိန်းမက အော်စီမှာ သမီးလေးတစ်ယောက်နဲ့ ၊ သားက အမေရိကားမှာ။သူ့ သားသမီးရင်း ၂-ယောက်ပဲရှိတယ်။ သားကသူ့ အဖေကို လုံးဝမကြည်ဖြူဘူး။ အဖေ့စရိုက်ကိုရှက်လို့ ။

နောက်ပြီး ၀င်းဝင်းဆိုသူကို တူမအနေနဲ့ပဲ ခေါ်လာပြီး အဲလိုပဲ, အား, ရတော့ အမေရိကန်ကအသက်ကြီးကြီးတစ်ယောက် လက်ထဲထိုးအပ်လိုက်တယ်။ ၀င်းဝင်းက ဘီအယ်စီ မှာ သတင်းတာဝန်လုပ်နေတယ်။ အလုပ်သမားထဲ က စန္ဒာ ဆိုသူကိုလည်း အိပ် --စားလုပ်တယ်။

ဦးမြင့်သိန်းကိုသတ်ပစ်ရမှာဗျ။ ခွေးဗျ။
ဘိုကြည်မကောင်းသလို ဒီလူတွေက ပိုဆိုးတယ်။ တော်လှန်ရေးခုတုံးလုပ်ပြီး၊မြန်မာအမျိုးသမီးတွေကိုဖျက်နေတာဗျ။

ဦးမြင့်သိန်းကို သတ်ချင်သူများ
အမှန်တရားအတွက် တော်လှန်ရေးအင်အားစု

မှတ်ချက်။ ။ BLC မှ အတွင်းသိများကိုယ်စား ဘုန်းကျော်(လူ့ဘောင်ချစ်) ကိုယ်စားပြောပေးသည်။

တပ်မတော်သားများသို့...

ပြည်ပအတိုက်အခံတွေအားလုံးအနေနဲ့ တပ်မတော်သားတွေကို အားပေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်ဒီလို ပြောရလဲဆိုရင် ပြည်ပအတိုက်အခံတော်တော်များများဟာ ဘက်ပြောင်းလာတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေကို ကိုယ်ထိလက်ရောက် အားပေးအားမြှောက်လုပ်တာနည်းလို့ပဲ။ ဥပမာ- ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ တပ်မတော်သားတွေဟာ တတိယနိုင်ငံကိုထွက်လို့မရအောင်လိုဖြစ်နေတယ်။ သြစတျေးလျသံရုံးက စစ်သားဖြစ်တဲ့လူတွေဆိုရင် လက်မခံပါဘူး။ အလားတူအမေရိကန်သံရုံလည်း ဒီအတိုင်းပါပဲ။ ဘာ့ကြောင့် ဖြစ်လဲတော့ မသိဘူး။

ညတုန်းက ဗိုလ်ထက်မင်း(ဖိုးတရုတ်) စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်ကို တည်ထောင်သူနဲ့စကားပြောတယ်။ သူ့အပြောအရ ဗိုလ်မှုးအောင်လင်းထွတ်တောင် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်အပြည့်မရသေးပါဘူး။ စစ်သားဖြစ်လို့လားမသိဘူး။ ၈၈-တုန်းက ပြည်သူ့ဘက်ကိုပြောင်းလာတဲ့ ဗိုလ်ကြီးစိုင်းဝင်ကျော်ရှိပါတယ်။ အခု အမေရိကန်နိုင်ငံ အင်ဒီယားနားမှာ နေပါတယ်။ သူလည်း အတိုက်အခံအင်အားစုကို တော်တော်လေးနာကျည်းသွားတယ်လို့ကြားရပြန်တယ်။ လက်ရှိအခြေအနေမှာ ပြည်ပမှာနေတဲ့ တပ်မတော်သားအရာရှိ၊ အရာခံ အကြပ်တပ်သားတွေရဲ့ နိုင်ငံရေးလှုံ့ ဆော်မှုက အရမ်းအရေးကြီးနေတယ်။

အထဲက စစ်သားတွေကလည်း ပြည်ပက စစ်သားတွေရဲ့ နိုင်ငံရေးဦးဆောင်မှုကို တောင်းတတယ်။

ဒီလိုအရေးကြီးတဲ့အချိန်မှာ တခါမှ တပ်မတော်သားတွေရဲ့ လုပ်ရပ်ကို ကြိုဆိုဂုဏ်ပြုပါကြောင်း...အကူအညီပေးမယ်ဆိုတဲ့အကြောင်း အတိုက်အခံအင်အားစုက လက်တွေ့ကြကြမလုပ်သေးဘူး။ ကြားလည်းမကြားဘူး။ လက်ရှိရှိနေတဲ့လူတွေကို သံသယတွေစောင့်ကြည့်နေကြတယ် ထင်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ စစ်သားတွေကို ကိုယ့်ရဲ့ အင်အားစုတစ်ရပ်မဟုတ်ဘူးဆိုတာကိုပြတယ်။

ကျနော်တို့ သူပုန်တွေဘက်ကို ပြောင်းလာတဲ့ စစ်သားတွေရှိတယ်။ ရေတွက်လို့တောင်မရနိုင်ဘူး။ ဒီလူတွေဟာ လက်ရှိကာလတိုက်ပွဲမှာ အရေးကြီးတဲ့လူတွေလို့မြင်တယ်။ ပြည်တွင်းမှာရှိတဲ့ အပြောင်းအလဲကို လိုချင်တဲ့စစ်သားတွေ အများကြီးရှိတယ်။ အားလုံးသိတဲ့အတိုက်ပဲ...တပ်တွင်းပုန်ကန်မှုဖြစ်နေတာဆက်တိုက်ပဲ။ ဥပမာ တောင်ဥက္ကကလာကတပ်၊ ရခိုင်ဘက်ကတပ်ရင်း၊ ရဲမွန်ဘက်ကတပ်ရင်းတွေဟာ အပြောင်းအလဲလိုချင်လို့ တိုက်နေကြတဲ့တပ်ရင်းဖြစ်တယ်။ ဒါက ထမင်းငတ်လို့ထက် အခြားပုန်ကန်မှုရှိတယ်။ ဒီလူတွေက ကျနော်တို့အင်အားစုတွေပဲ။

တပ်မတော်သားများသို့...

ကျနော်တော့ ခင်ဗျားတို့နဲ့အတူရှိတယ်။ ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် အမှန်တရားဘက်က ဆက်ပြီးရပ်တည်ကြဖို့ တိုက်တွန်းပါတယ်။ ပြည်ပမှာရှိတဲ့ စစ်မှုထမ်းဟောင်းတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော့်လုပ်ချင်တဲ့အလုပ်ရှိပါတယ်။

အားလုံးစုပြီး Network တစ်ခုဖြစ်အောင်လုပ်ချင်တယ်။ စစ်မှုထမ်းဟောင်းအဖွဲ့လိုတော့ မသုံးချင်ဘူး။ ဥပမာ ဗိုလ်မှုးအောင်လင်းထွတ်တို့၊ ဗိုလ်ထက်မင်းတို့၊ ဗိုလ်မှုးစိုင်းသိန်းဝင်းတို့ ဦးဆောင်ပြီးစုစည်းစေချင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြေအောက်တော်လှန်ရေးကို တပ်ထဲမှာလုပ်ဖို့ပါ။ အခုလည်း ကိုယ်လုပ်နိုင်သလောက် လုပ်နေကြတယ်လို့မြင်ပါတယ်။ ရည်ရွယ်ချက်နောက်တခုက ထွက်လာတဲ့စစ်သားတွေ၊ တိုက်နေတဲ့စစ်သားတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအကူအညီပေးချင်ပါတယ်။ ဥပမာ တတိယနိုင်ငံကိုထွက်လို့မရသေးတဲ့ စစ်သားတွေကို ထွက်လို့ရအောင်ကူညီပေးတဲ့အနေထားဖြစ်ပါတယ်။ ပြည်ပရောက်မျိုးချစ်စစ်သားတွေအများကြီးရှိပါတယ်။ စုစည်းမှုမရှိတော့လို့ ဒီလိုပြောနေရခြင်းဖြစ်ပါတယ်။ ဒီအင်အားစုကို စုစည်းနိုင်မယ်ဆိုရင် တပ်မတစ်ခုတောင် ဖွဲ့လို့ရနိုင်ပါတယ်။ ကျနော်နဲ့ ဗိုလ်ထက်မင်းကတော့ အသင့်ရှိပါတယ်။ ကျန်တဲ့အရာရှိတွေကို ကျနော်ဆက်ပြီးဆက်သွယ်ပါ့မယ်။ ပြီးရင် အားလုံးကိုတင်ပြနိုင်အောင်၊ ချိတ်ဆက်နိုင်အောင် လုပ်ပေးပါ့မယ်။

အတိုက်အခံအင်အားစုများသို့...

ဖြစ်နိုင်ရင် ခင်ဗျားတို့ ကျနော်တို့ကို အားပေးပါ။ စတိတ်မုန့်ထုတ်ပြီးအားပေးလည်း ရပါတယ်။ ကိုယ်ထိလက်ရောက်အားပေးတယ်ဆိုရင် ပိုကောင်းပါတယ်။ စစ်သားတွေက ခင်ဗျားတို့အားပေးမှုကို အရမ်းလိုချင်ပါတယ်။

တချို့ အရာရှိတွေ တပ်ကထွက်ပြီး အတိုက်အခံနဲ့ပူးပေါင်းချင်တယ်။ သူတို့ကမေးတယ်။ ခင်ဗျားတို့နဲ့ ပူးပေါင်းရင် ကျနော့်ဘ၀အတွက် ဘာများအာမခံချက်လုပ်ပေးနိုင်မလဲလို့မေးတယ်။ ကျနော်ဘာမှ မပြောနိုင်ဘူး။ ထွက်မလာပါနဲ့လို့ပဲပြောနိုင်တယ်။ သူတို့တွေဟာ ကျနော်တို့ အတိုက်အခံအင်အားစုရဲ့ အားပေးမှု၊ စာနာနားလည်မှုကို အရမ်းတောင့်တတယ်။ ခင်ဗျားတို့ ၀ိုင်းပြီးအားပေးအားမြှောက်လုပ်သင့်တယ်။ ဒါ့ကြောင့် ဒီလိုစာကိုရေးပါတယ်။

အတိုက်အခံအင်အားစုအနေနဲ့ တပ်မတော်သားတွေ အာဏာရှင်ဘက်ကို ပြောင်းဝလှည့်ပါလို့သာပြောတယ်...ကျန်တာဘာမှအားမပေးဘူး။ အားပေးဖို့အတွက်လည်း မကျိုးစားဘူး။ တိုင်းပြည်ပြောင်းလဲဖို့အတွက် တပ်မတော်သားတွေဟာ အဓိကဖြစ်တယ်ဆိုတာ နားမလည်လို့လားမသိဘူး။ ကျနော် ဒီနေရာကနေ အတိုက်အခံအင်အားစုတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ၀ိုင်းပြီးအားပေးကြပါ။

9/22/10

လူက ငွေနောက်လိုက်ရင် လူမဟုတ်တော့ဘူး...။

ဆင်းရဲချမ်းသာ ကွာဟမှုလို့ နာမည်တပ်မယ်။ အထူးသဖြင့် မညီမျှမှုပေါ့။ ငွေကြောင့် ဒီလိုဖြစ်နေတာလို့မြင်တယ်။ ငွေဆိုတာ ဘာလဲ။ ကြားခံပစ္စည်းပါ။

နေရာတိုင်းမညီမျှမှု့ ရှိတယ်။ လောကကြီးမှာ မညီမျှတာတော့ရှိမှာပဲ။ ဥပမာ ငပျင်း နဲ့ အလုပ်လုပ်သူ။ ဘယ်လိုလုပ်သွားပြီး ညီမျှနိုင်မလဲ။ ငပျင်းက ဆင်းရဲမယ်။ အလုပ်လုပ်သူက စားနိုင်မယ်။ စီးပွားရေးလုပ်သူက ချမ်းသာမယ်။ ငွေရှိမယ်။ တခါတလေ မကိုက်ရင် ဆင်းရဲမယ်။ ဒါကို လူတိုင်းသဘောတူနိုင်တဲ့အချက်။

သို့သော်...မြန်မာပြည်က အခြေအနေက အဲလိုမဟုတ်ဘူး။ ဆင်းရဲချမ်းသာ ကွာဟာမှုက အတော်ကြီး ကြီးတယ်။ ဘယ်လိုကြီးလဲဆိုတော့ မတရားပဲနဲ့ ဆင်းရဲချမ်းသာကွာဟမှု ပြင်းထန်တယ်။ ဥပမာ စစ်ဗိုလ်ချုပ်တွေ ချမ်းသာတယ်။ သူတို့လစာနဲ့ ချမ်းသာတာလား။ မဟုတ်ဘူး။ ဆင်းရဲတဲ့လူကိုကြည့်အုံး။ ဥပမာ ထောက်ကြံ့မှာ ရှိတဲ့ ဒေ၀ူးစက်ရုံက အလုပ်သမားတစ်ယောက်က နေ့တိုင်း ဘဲဥကြော်နဲ့ ထမင်းစားပြီးအသက်ရှင်ရတယ်။

သြစတျေးလျနိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟမှုဆိုတာက ရိုးရိုးသားသားနဲ့ ပြင်းထန်တယ်။ စီးပွားရေသမားတွေငွေနဲ့ရင်းလို့ ငွေပြန်ရတယ်။ တရားဥပဒေ စိုးမိုးမှုလည်းရှိတော့ ငွေရှိတဲ့လူက ငွေမရှိတဲ့လို အနိုင်ကျင့်လိုမရဘူး။

ကျနော်တို့ တိုင်းပြည်ကတော့ အဲလိုမဟုတ်။ လူကို လူက အနိုင်ကျင့်တယ်။ ငွေမဲ့ကို ငွေရှိတဲ့လူက မတရားတာလုပ်တယ်။ မသိစိတ်ကကို လုပ်နေတာကို မြင်တယ်။ ဒါက ထုံးစံလိုဖြစ်နေတယ်။

ဒါက ဒီအခြေအနေက ဘာကိုပြလဲဆိုတော့ ကျွန်စနစ်ကို ပြန်သွားတဲ့တိုင်းပြည်လို့ပြတယ်။ ကျွန်တွေကလည်း သခင်တွေ ခိုင်းတဲ့အတိုင်း လုပ်တယ်။ မတရားတာ တရားတာ မစဉ်းစားဘူး။ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့လူစားတွေလို ဖြစ်နေတယ်။

ဆိုတော့ ကျုပ်တို့လူမျိုးဟာ ခေါင်းမရှိတဲ့လူမျိုးဖြစ်နေပြီ။ မလုပ်သင့်တာကို လုပ်နေကြပြီ။

လူတိုင်း ဇိမ်ခံချင်တယ်။ ချမ်းသာချင်တယ်။ ဇိမ်ခံတာ ချမ်းသာချင်တာကိုအပြစ်မပြောဘူး။ လူကိုလူလို သဘောမထားပဲ ဇိမ်ခံတာက အပြစ်ဖြစ်တယ်။ ဥပမာ ကျိုက်ထီးရိုးမှာ ဆင်းရဲသူတွေကို ချမ်းသာသူတွေ လူကိုမြင်းလို စီးတာမကောင်းဘူး။ ဒါက ဘာက ပြလဲဆိုတော့ လူကိုလူလို သဘောမထေားတဲ့ လူ့အဖွဲ့အစည်းလို့ပြတယ်။ ဒါ လုပ်စရာလား။

ငွေမရှိတဲ့လူကလည်း ခေါင်းမရှိဘူး။ အနိုင်ကျင့်ခံရတာကို အနိုင်ကျင့်ခံတယ်လို့မမြင်ဘူး။ ယဉ်ကျေးမှုလိုဖြစ်နေတယ်။

အလုပ်သမားတွေကို အလုပ်ရှင်က ခေါင်းပုံဖြတ်အမြတ်ထုတ်တာက နေရာတိုင်းမှာရှိတယ်။ အမြတ်လိုချင်လို့စီးပွားရေးလုပ်တယ်။ အလုပ်သမားက ငွေလိုချင်လို့ အလုပ်လုပ်တယ်။ ငွေလိုချင်တာက လူတိုင်းပဲ။ တခုတော့ရှိတယ်။ တရားတာ မတရားတာကို ခေါင်းထဲထည့်ရမယ်။ ငွေရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ စိတ်ရှိသူဟာ သွားပြီ။ လူနဲ့မတူတော့ဘူး တိရဆန်လိုပဲ။ ခေါင်းမရှိတော့ဘူး။ ငွေကို လူကလုပ်တယ်။ ငွေက လူကိုလုပ်တာမဟုတ်ဘူး။ ငွေဆိုတာ စက္ကူပဲဖြစ်တယ်။ တချို့ နိုင်ငံတွေမှာ Plastic နဲ့ လုပ်တယ်။ ငွေဆိုတာက ကြားခံပစ္စည်းပဲ။ လူ့ဘ၀မှာ လူဖြစ်တယ်ဆိုတဲ့ စကားလုံးကို သေချာစဉ်းစားကြပါအုံး။ ငွေရတိုင်းတော့ ဘာမဆို မလုပ်ကြပါနဲ့။

လူ့အဖွဲအစည်းမှာ မတရားတာတွေရှိမှာပဲ။ ဒါက ထုံးစံပဲ။ အဓိက အဲဒိ ထုံးစံဆိုတဲ့ စကားလုံးကို ဖျောက်ဖျက်ဖို့ပဲ။ ဥပမာ အလုပ်ရှင်က အလုပ်သမားကို ငွေပေးပြီးခိုင်းတယ်။ ငွေရတိုင်း သူ့ခိုင်းတာကို ဘာမဆိုလုပ်ရတယ်ဆိုတဲ့ အနေအထားတော့ပေါ့။

နောက်တခု ရှိသေးတယ်။ ခလေး ကိစ္စ။

မြန်မာလူမျိုးတွေ ခလေးကို ခိုင်းတယ်။ ခလေးစစ်သား ခလေးအလုပ်သမားရှိတယ်။ ကိုယ့်အတွက် ကိုယ်မယ်ဆိုရင် ခလေးလည်း ခလေးလိုမမြင်ဘူး။ ကိုယ့်ခလေးလို သဘောထားရင် နင့်နင့်နာနာခိုင်းမှာမဟုတ်ဘူး။ ဆိုတော့ တချို့ မြန်မာတွေဟာ ဘီလူးစိတ်ပေါက်နေလားမသိ။

အသက်ငယ်တဲ့ခလေးတွေအလုပ်လုပ်တယ်။ နိုင်ငံခြားမှာလည်း လုပ်တယ်။ ဒါက ပြသနာမရှိဘူး။ ရှိတာက ခလေးငယ်ငယ်တွေ မနိုင်ဝန်ထမ်းပြီး ခိုင်းတဲ့ပြသနာပဲ။ ဒီကိစ္စကို မြန်မာလူမျိုးတွေ အလုပ်ဆုံးပဲ။ အမြင်မတော်တဲ့လူကလည်း အမြင်မတော်တာတွေကိုလက်ခံတယ်။ ဒါက ထုံးစံလို့ပြောနိုင်တယ်။ ကိုယ့်သားသမီးကြတော့ ကောင်းကောင်းစား၊ ကောင်းကောင်းနေစေချင်တယ်။ သူများသားသမီးကြတော့ ဖြစ်ချင်တာဖြစ်ဆိုတဲ့စိတ်ရှိရင် လူမဟုတ်တော့ဘူး။ တိရဆန်ပဲလုပ်တော့။ တောထဲမှာ တစ်ကောင်တည်း ကြိုက်သလိုသာနေ။

မြန်မာလူမျိုးဆိုတာက နှုးညံ့တဲ့နှလုံးသားရှိတယ်။ စာနာတက်တယ်။

သို့သော် မတရားတာကို တရားတယ်ထင်တယ်ဆိုတဲ့ ထုံးစံကြီးက ခေါင်းထဲစွဲနေလို့ ဒီလိုခံနေရတယ်။ နောက်ဆုံးပြောချင်တာက လူကို လူလိုခံစားတက်တဲ့ နှလုံးသား၊ အမြင် ရှိကြပါလို့။ ငွေ,ဆိုတာက ကြားခံပစ္စည်းဖြစ်ပါတယ်။

ဓာတ်ပုံ သူဇာခင်(အင်္ဂလန်)

9/21/10

ခန့်စည်သူ ကြောက်နေပြီလား...

ရဲဘော်တို့...

ဒီနေ့ ခန့်စည်သူအကြောင်းကို တရားမ၀င်ကြားတယ်...။ Perth က ပွဲစီစဉ်သူကို ခန့်စည်သူက ဖုန်းဆက်ပြီးမေးလာတယ်။ သူလာရင် လုံခြုံမှု ရှိပါ့မလားလို့မေးတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး ကျနော်ခန့်စည်သူကို ဖုန်းဆက်ပြီး ကျနော့်ဘလော့ဂ်အတွက် အင်တာဗျူးလုပ်ချင်ပါတယ်။ သိတဲ့သူများဖြစ်နိုင်ရင် ဖုန်းနံပါတ်ပေးကြပါ။

ဘုန်းကျော်

မှတ်ချက်။ ။ ၈၈-တုန်းက ခန့်စည်သူသည် ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ ဂျပန်မှာ ၁၀-နှစ်လောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ဒါ့ကြောင့် ခန့်စည်သူသည် ဗမာပြည်နိုင်ငံရေးအခြေအနေ ကောင်းကောင်းသိနိုင်သည်။

ကဲ ရဲဘော်ဒို..သိတယ်ဟုတ်...ခန့်စည်သူ ဘာလဲဆိုတာကို...

သူ့အကြောင်းသိချင်ရင် ဒီမှာဖတ်...။
http://www.first-11.com/index.php?option=com_content&view=article&id=2569%3A2010-04-01-07-32-25&Itemid=133

9/20/10

ကဗျာရှုးစာရှုး တောင်ကြီးသားသို့....

ကဗျာရေးတာလည်း ၀ါသနာရှိပါတယ်။ ရှစ်တန်းနှစ်က ကဗျာတွေရေးဘူးတယ်။ ရေးပြီး အတန်းထဲကသူငယ်ချင်းတွေကို ပြ,တော့ သူတို့အားပေးတယ်။ ကျနော့်မှာ မွတ်စလင်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုရေးမိပါတယ်။

ကုလား

ကူးလာ ကူးလာ ကုလားတို့မှာ
အိန္ဒိယကလာ။

အသားတို့မှာ မဲတူးစွာ
သောက်မြင် ကတ်စရာ။

သို့ပါသော်လည်း လှနေဆဲ
ချစ်နေမှာပါပဲ။

သူ့ရဲ့ စိတ်ကောင်းလို့ ကျနော်ဒီလိုရေးပေးပါတယ်။ သူတို့အသားကမဲတော့ တချို့ က လှောင်တယ်။ ကျနော်က သူ့ကိုအားပေးတဲ့အနေနဲ့ ရေးပေးတော့ သူ..ပျော်သွားတယ်။ ပြီးတော့ နို့တခွက်တိုက်ပါတယ်။

တောထဲကို ရောက်တော့လည်း ရေးသေးတယ်။ မှတ်မိတဲ့ကဗျာလေးကို ပြောပြမယ်။

အချစ်ဆုံးသူကို သစ်တုံးပေါ်တင်လို့
-စ်ဆုံးအောင် ပြု,အုံးမှောင်တဲ့ ည..။

ခေါင်းစဉ်တော့ မရှိဘူး။ ရေးပြီး ကိုဂင်ကြီး (ကိုထွန်းထွန်း)ကိုပြတော့ သူက အသံသြသြကြီးနဲ့ ဒီလိုမှတ်ချက်ပေးတယ်။

"မင်းဟာကလည်းကွာ" တဲ့..။

ကျနော့် ကဗျာတွေ မကောင်းဘူးလား?

သမိုင်းကို မသိချင်ဘူး...

အာဏာရှင်စနစ်ကို တိုက်ဖို့အတွက် ကျနော်လုပ်နိုင်တဲ့အလုပ်ကို အခုတင်ပြမယ်။ ကျနော့်အမြင်..ကျနော့်သဘောထားကိုပြောမယ်။ ကျနော်က ဘာကောင်မှမဟုတ်ဘူး။ အသက် (၃၀) အရွယ်လူငယ်တစ်ယောက်ရဲ့ အမြင်ဖြစ်တယ်။ အခုလောလောဆယ် ကျနော်လုပ်နိုင်တာက စာရေးတဲ့ဟာပဲ။ ဒါကိုပဲလုပ်နိုင်တယ်။ လေကြီးလေကျယ်လည်းမပြောချင်ဘူး။

ရေးတဲ့အခါမှာနာမည်ဝှက်နဲ့ရေးတာကိုအမုန်းဆုံးပဲ

တက္ကသိုလ်တွေ ကိုးကားတဲ့အခါဆိုရင် အရင်ဆုံးကြည့်ရတာက ရက်စွဲ၊ ရေးသူ၊ ဂုဏ်သိက္ခာရှိမရှိ၊ နာမည်ကြီးမကြီးဒါတွေကိုလေ့လာရတယ်။ ဥပမာ ၀က်ဆိုက်တခုကို ဖတ်တယ်။ ဒီဝက်ဆိုက်က ဘယ်လောက်ယုံကြည်စရာကောင်းလဲဆိုတာကို လေ့လာရတယ်။ ဆက်သွယ်ရန်၊ နေရပ်၊ ဌာန တွေကိုကြည့်ပြီး သူ့အချက်အလက်က ဘယ်လောက်မှန်လဲမှားလဲဆိုတာကို ဆန်းစစ်ရတယ်။ အဓိက ဘယ်လောက် Crediblity ရှိလဲဆိုတာကို လေ့လာတာပဲ။

၈၈၈၈ အုပ်စုမေးမှာ လူတွေရေးကြတယ်။ နာမည်ဝှက်တွေနဲ့။ ဒီနေရာမှာမေးခွန်းရှိတယ်။ ရန်သူလား၊ မိတ်ဆွေလားဆိုတဲ့မေးခွန်း။ မိတ်ဆွေရင် နာမည်တပ်ရဲရမယ်။ ရန်သူဆိုရင် နာမည်ဝှက်ပါမယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လိပ်စာပါမယ်။ ကိုယ့်အမြင်ကိုကိုယ်တင်ပြတာက သူများမိန်းမကို မုဒိမ်းကျင့်တာမှမဟုတ်တာ။ ဘာလို့ဒီလောက်တောင်ကြောက်နေရတာလဲ။

အယူအဆ၊ အတွေးအမြင်၊ အတွေ့အကြုံကို သူများသိအောင် ချပြတာကို ဘာလို့ဒီလောက်တောင် ကြောက်ကြလဲမသိ။

တိုင်းပြည်အတွက်လုပ်တာပဲ

လက်ရှိ အုပ်ချုပ်နေတဲ့စစ်အစိုးရတိုက်နေတဲ့အချိန်မှာ ဘာလို့သမိုင်းတွေပြန်လှန်ကြတာလဲ။ ဟိုလူက ဘာဖြစ်တယ်..။ ဒီလူက ဘာဖြစ်တယ်ဆိုတဲ့ကိစ္စကို ပြောစရာ လိုကိုမလိုဘူး။ အဓိက ရန်သူကိုတိုက်နေတယ်။ ရန်သူကတော့ စစ်အဏာရှင်စနစ်ပဲ။ တိုက်ပွဲတခုမှာ ရန်သူကိုနိုင်အောင် နည်းလမ်းမျိုးစုံသုံးတယ်။ တိုက်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း၊ တွေသုံးကြတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ဟေ့ကောင်..ဘုန်းကျော် မင်းက..အရင်တုန်းက မင်းက သူများမယားကြာခိုထားလို့...မင်းနဲ့မတိုက်ချင်ဘူးဆိုရင်...ဘာဖြစ်သွားမလဲ...ရန်သူက နိုင်ပြီပေါ့။ ဒါ့ကြောင့် ကိုယ့်အချင်းအချင်းမှာ သမိုင်းတွေကို မလှန်နဲ့တော့။

အရင်တုန်းက ဦးအောင်ရွှေဘာဖြစ်တယ်။ ဦးအောင်ကြီးဘာဖြစ်တယ်။ ဦးခင်မောင်ဆွေဘာဖြစ်တယ်ဆိုတာကို နောက်လူငယ်တွေမသိချင်ဘူး။ သိရင် တအားရှုပ်တယ်။ အခုသိချင်တာက ရန်သူကိုတိုက်ဖို့အတွက် အားကြီးအောင် ဒိုက်ထိုးကြဖိုပဲလို့မြင်တယ်။ ဘာမှသွားပြီ ကိုမိုးသီးဘာဖြစ်တယ်၊ ကိုအောင်မိုးဇော်ဘာဖြစ်တယ်..သွားမပြောနဲ့ ဟိုက..တင်းပြီး ဒေါသထွက်ရင်ညီညွတ်မှုပြိုကွဲတယ်။

ညီညွတ်ရေးလည်း တည်ဆောက်စရာမလိုဘူး။ ကိုယ်အလုပ်ကို ကိုယ်လုပ်တယ်ဆိုရင် အလိုလိုညီညွတ်လာမှာပါ။ ဘာမှ သမိုင်းတွေ၊ အင်းစိန်တွေသွားမပြောနဲ့။ စိတ်လည်းမ၀င်စားဘူး။ သမိုင်းကိုသွားလေ၊ များလေ ဘယ်တော့မှ မင်္ဂလာဒုံဆိုတာ သိမှမဟုတ်ဘူး။ ဘာမှပြောမနေနဲ့တော့။

ဒါ့ကြောင့်..ဒီလိုပြောချင်တယ်။ ကိုယ့်အမြင်ကိုကိုယ်ရေးတာ ဘယ်သူကိုကြောက်နေရမှာလဲ။

နာမည်ဝှက်နဲ့ရေးတဲ့လူက ရန်သူပဲ။ ရှင်းတယ်ဟုတ်။

နာမည်ဝှက်ကိုမုန်းလို့ ညီညွတ်ချင်လို့ဒီလိုရေးတယ်။

ဘုန်းကျော်
ဖုန်း ၀၄၃၀၄၂၉၆၆၇
www.phonekyaw.blogspot.com

သြစတျေးလျနိုင်ငံရောက်ရွှေမြန်မာများအကြောင်း

ကျနော်နေတဲ့နေရာက Perth မြို့ ဆိုတော့ ကိုယ့်မြို့ အကြောင်းပဲရေးချင်ပါတယ်။ မြို့ လေးက ကမ်းခြေဘေးမှာတည်ထားတယ်။ ဘယ်နေရာကိုသွားသွား သဲသော်ပြင်ပေါ်မှာ လမ်းလျှောက်ရသလိုပဲ။ တခါမှ မြေကြီးမြေသားမတွေ့ဘူးသေးဘူး။ Perth မြို့ ဆိုတာက သြစတျေးလျနိုင်ငံတခုလုံးမှာ အဓိက သတ္တုတွင်းလုပ်ငန်းတွေရှိတဲ့နေရာ။ ၀င်ငွေကောင်းတယ်။ အလုပ်ပေါတယ်လို့ဆိုနိုင်တယ်။ အရှေ့ တောင်အာရှိနဲ့နီးတော့ လမ်းပမ်းဆက်သွယ်ရေးကောင်းတယ်။ မလေးရှားကိုသွားမလား၊ ဘန်ကောက်ကိုသွားမလား...ခရီးကနီးတော့ လေယျာဉ်ခဈေးမကြီးဘူး။

သဘာဝပတ်ဝန်းကျင်အနေအထား


အပင်တွေကို သတိထားမိတယ်။ Perth မြို့ မှာရှိတဲ့ အပင်တွေအားလုံးက ထူးခြားတယ်။ အရွက်လေးတွေက အကြီးဆုံးတစ်လက်မတောင်မပြည့်ဘူး။ နေရာတိုင်း ခြုံပုတ်တွေချည်းပဲ။ ရာသီဥတုကြောင့် ဒီလို ထူးခြားတဲ့လက္ခဏာ (Unique) ဖြစ်တယ်လို့စာအုပ်တွေထဲမှာဖတ်ရတယ်။ အကောင်တွေကလည်းထူးခြားတယ်။ ဥပမာ Kangaroo ကိုကြည့်။ သြစတျေးလျနိုင်ငံမှာပဲရှိတယ်။ နေရာတိုင်းမှာ မောင် မောင်မင်းကြီးသားတွေက ဘယ်သူ့ကိုမှ Kangaroo မထင်ဘူး။ လူလည်းမကြောက်။ သေမှာလည်းမကြောက်။ ကားမောင်းတဲ့အခါဆိုရင် အရမ်းသတိထားရတယ်။ ကားကိုဝင်တိုက်တယ်။ အများစုသေတဲ့နေရာကတော့ တော, ဘက်ကြတဲ့မြို့ တွေမှာပေါ့။

နွေရာသီဆိုရင်တအားပူတယ်။ ဆောင်းတွင်းဆိုရင်တအားအေးတယ်။ ရေတော့မခဲဘူး။ မိုးတွင်းဆိုတာကလည်း မိုးအရမ်းမရွာဘူး။ တခါတလေ မိုးသီးတွေအရမ်းကြွေတယ်။ ပြီးခဲ့နှစ်လလောက်က မိုးသီးကြွေလို့ ကား, အတော်များများပျက်စီးကုန်တယ်။ မိုးသီးတစ်လုံးက ဂေါက်သီးလောက်ရှိတော့ ကားတွေဆိုရင် ပိန်လိမ်ကုန်တယ်။ ရာသီဥတုဖောက်ပြန်တယ်လို့ပြောကြတာပဲ။ ဒါ့ကြောင့် မိုးခေါင်ရေရှားတဲ့အရပ်လို့ပြောနိုင်တယ်။ ဥပမာ အဆိုးဆုံးနေရာဖြစ်တဲ့ အနောက်တောင်ဘက် (South West Australia) မှာပိုပြီး ရာသီဥတုဖောက်ပြန်တယ်။ လွန်ခဲ့နှစ်ပေါင်း ၃၀-လောက်ကတည်းက မိုးရွာတာနည်းတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Elnino တို့ ဘာတို့ကြောင့်ပေါ့ဗျာ။ ဗမာလိုဆိုရင် အပူစီးကြောင်းရှိတဲ့အချိန်ပေါ့။

ဒါ့ကြောင့် Perth မှာ ရေအရမ်းရှာပါတယ်။ သောက်ရေသုံးရေက မြေအောက်ရေကို အဓိကထားရတယ်။ သူတို့ရေကလည်း မြန်မာပြည်ကရေလိုမဟုတ်။ စေးကပ်ကပ်နဲ့ သောက်လို့မကောင်းဘူး။ ရေချိုးရင် ဂျီးတွန်းဖို့မလွယ်ဘူး။ ဒါ့ကြောင့် သြစီမှာရှိတဲ့မြန်မာတွေအားလုံးနီးပါ ဂျေးများတယ်။

မြန်မာတွေရဲ့ ဘဝ


ဘယ်နေရာသွားသွား ကျုပ်တို့ရဲ့ လူမျိုးတွေကို တွေ့ရလိမ့်မယ်။ ကရင်တွေအများစုထင်တယ်။ ပြီးတော့ မြန်မာကပြားတွေ။ ချင်းတွေလည်းရှိတယ်။ ၉၀% ရာခိုင်နှုံးလောက်က ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတယ်။ မြန်မာတွေအားလုံးပေါင်းသုံးသောင်းနီးပါးလောက် ခန့်မှန်းခြေရှိမယ်ထင်တယ်။

မြန်မာတွေအများစုက စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြတယ်။ တချို့ မြန်မာတွေ ဆိုင်ဖွင့်တယ်။ တချို့ ကြတော့ အစိုးရ၀န်ထမ်း။ မနက်မိုးလင်း ၆-နာရီကနေ ညနေ-မိုးချုပ်တဲ့အထိ အလုပ်လုပ်ကြတယ်။ မြန်မာတိုင်းမှာ တိုက်တစ်လုံး၊ ကားတစ်စီးတော့ ကိုယ်ပိုင်ဝယ်နိုင်တယ်။ အကြွေးနဲ့ပေါ့။ အများစုက မိန်းမတစ်စီး၊ ယောက်ျားတစ်စီးရှိတယ်။ မရှိရင် ခလေးကျောင်းပို့တဲ့အခါ ဒုက္ခရောက်တယ်။ ယောက်ျားက အလုပ်သွားတဲ့အခါဆိုရင် ဈေးသွားဈေးဝယ် ကားမရှိရင် ဒုက္ခရောက်တယ်။ Bus ကား၊ ရထားက အားကိုးလို့မရ။ ဆိုတော့ မြန်မာတွေတိုင်းမှာ ကိုယ်ပိုင်ကားရှိတယ်။ တချို့ ဆိုရင် တစ်အိမ်မှာ လေးငါးစီးတောင်ရှိတယ်။ သားတစ်စီး၊ သမီးတစ်စီးပေါ့။

မြန်မာတွေရဲ့ အိမ်တိုင်းမှာ TV၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အင်တာနက်၊ ကွန်ပြူတာ၊ စတဲ့အရာတွေအကုန်လုံးရှိတယ်။ မြန်မာပြည်ကစကားနဲ့ပြောရရင် သူဌေးပေါ့။ ဌေးတယ်လို့လည်း မြန်မာတွေမခံစားရပါဘူး။ အဆင်တော့ပြေကြပါတယ်။

မြန်မာတွေအများစုက ခရာစ်ယာန်တွေများတယ်ထင်တယ်။ မြန်မာလူ့အဖွဲ့အစည်းက ပိုင်တဲ့ခရာစ်ယန်ဘုရားကျောင်းမရှိဘူး။ ဘုန်းကြီးကျောင်းကတော့သုံးကျောင်းရှိတယ်။ စုပေါင်းဝယ်စုပေါင်းလှူကြရင်း ၀ယ်နိုင်ပါတယ်။ လူနေအိမ်ကို ဘုန်းကြီးကျောင်းလုပ်ထားတာပါ။

စနေ၊ တနင်္ဂနွေဆိုရင် ကိုယ်တူရာစုပြီးသောက်ကြစားကြပွားကြ။ လူငယ်တွေကတော့ ဘောလုံးကန်၊ Night Club သွား၊ လူကြီးတွေကတော့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတက်။ မြန်မာတော်တော်များများကတော့ ကိုယ့်အိမ်မှာကိုယ့်မိသားစုနဲ့နေပြီး စားလိုက်အိပ်လိုက်လုပ်ကြတာများပါတယ်။

ပျော်စရာကောင်းတဲ့ဘ၀မဟုတ်ပါ


သြစတျေးလျကို မြန်တွေအထင်ကြီးလို့ လူနေမှုအဆင့်မြင့်လို့ လာကြတယ်လို့ယူဆပါတယ်။ လူနေမှု့ အဆင့်တော့မြင့်ပါတယ်။ ချမ်းသာတယ်လို့ပြောနိုင်ပါတယ်။ သို့သော် မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့မရှိတော့ လူတိုင်းမပျော်ကြဘူး။ မြန်မာပြည်က ငပိ မစားရတော့ တခုခုလိုနေသလို။ ကင်ပွန်းချဉ်ရွက်၊ ပဒက်စာမတွေ့တော့ ထမင်းဝိုင်းမှာ ဟင်းချိုမဲ့သလို ဖြစ်နေတာပေါ့။ ဟင်းချက်စရာတွေအကုန်လုံးနီးပါးက ရေခဲစိမ်တွေချည်းပဲ။ စိမ်ထားတာက ခဲ, တောင်နေတယ်။ ဘယ်နှစ်ခုနှစ်က ဟာတွေလဲမသိဘူး။ စားရသောက်ရတာပေါ့ပျက်ပျက်။ ဘယ်လိုမှ မခံစားတက်ဘူး။ မပျော်လည်းတော်ရာမှ နေရဆိုသလို နေကြရတာပေါ့ဗျာ။ မတက်နိုင်ဘူး။ Perth ရဲ့ ရာသီဥတုက မြန်မာပြည်လိုဆိုတော့ ကြိုက်တဲ့အပင်စိုက်,ပေါက်တယ်။ မြန်မာတွေအိမ်တိုင်းမှာ ချဉ်ပေါင်တော့ စိုက်ထားကြတယ်။ မစိုက်ရင် ဘယ်မှာဝယ်စားမလဲ။ တချို့ ကြတော့ စိုက်ပြီးရောင်းတယ်။ တပိုင်တနိုင်ပေါ့။

တစ်နှစ်တစ်ခါတော့ နိုင်ငံခြားထွက်ပြီး အပန်းဖြေကြပါတယ်။ ဥပမာ မြန်မာပြည်က သင်္ကြန်ကိုပြန်တယ်။ စင်္ကာပူ၊ မလေးရှား-ထိုင်းကိုအလည်သွားတယ်။ ဒါကိုတော့ မြန်မာတွေလုပ်နိုင်ပါတယ်။ ထူးခြားတာခုက မြန်မာတွေအားလုံး ကိုယ့်တိုင်းပြည်မှာနေချင်ကြတယ်။ သြစတျေးလျမှာနေတာကို ဂုဏ်မယူကြဘူး။ ချမ်းသာတယ်လို့လည်း ဖင်ခေါင်းမကျယ်ဘူး။ ဒါကိုတော့ချစ်စရာကောင်းတဲ့ ဓလေ့လို့ပြောရမလိုဖြစ်နေပြီ။

9/19/10

အာဏာရှင်လုပ်ချင်တဲ့ လူမျိုး...

ဘယ်သူမှ ငါ... ပိုလုပ်ရတယ်ဆိုတာမရှိပါ...

ကျနော်တွေးမိတာက ဒီလိုပါ။ ကျနော် သူပုန်လုပ်ချင်လို့ လူ့ဘောင်သစ်ကို ၀င်တယ်။ သူပုန်လုပ်တယ်။ သေနတ်ကိုင်တယ်။ စစ်တိုက်တယ်။ ဘာ့ကြောင့် သူပုန်လုပ်ရလဲဆိုတော့ စစ်တပ်ကိုတိုက်ချင်လို့။ ဘာ့ကြောင့်တိုက်ချင်လဲဆိုတော့ အရမ်းဗိုလ်ကျ၊ အနိုင်ကျင့်တာကို မခံနိုင်တော့လိုပဲ။ ဥပမာ..အဖေက စစ်သား..။ တပ်က ပေးတဲ့လစာက လကုန်တာနဲ့ကုန်ပြီ။ အရမ်းငတ်တယ်။ ဆင်းရဲတယ်။ ဒုက္ခရောက်ရတယ်။ အထက်လူကြီးတွေ၊ သားသမီးတွေကြတော့အလျှံအပယ် မျိုဆို့နေတာကိုကြည့်ပြီး မနာလိုဘူး။ ဗိုလ်ကြီး၊ ဗိုလ်မှုးသားသမီးတွေ အိမ်မှာ ကားနဲ့၊ ရွှေနဲ့နေနိုင်တယ်။ TV ရှိတယ်။ ရေခဲသေတ္တာရှိတယ်။ ကျနော်တို့အိမ်မှာတော့ ရေခဲသတ္တာမပြောနဲ့ ထင်းရှုးသသတ္တာတောင်မရှိဘူး။ ဒါကရဲဘော်တွေအများစုရဲ့ ဘ၀။ ရဲဘော်ချင်းတူတာတောင် ရိက္ခာကိုင်တဲ့လူ၊ သမဆိုင်က ဆရာကြီးတွေဆိုရင် ထောတယ်။ ဒီလိုဖြစ်နေတဲ့အခြေအနေကို ကျနော်လုံးဝမနာလိုဘူး။ မတရားဘူး။ ဒါကို မခံနိုင်လို့ တော်လှန်မယ်ဆိုပြီးသူပုန်လုပ်တယ်။ ရည်ရွယ်ချက်က အစိုးရတစ်ရပ်ပြောင်းအောင်တိုက်ချင်လို့ပဲ။ အဓိကတော့ မကောင်းတဲ့စောက်ကျင့်ကို ပြင်ချင်လို့ပဲ။

သူပုန်ထဲမှာလည်း တချို့ က လုံးဝမတရားဘူး

တပ်ထဲမှာ ပြောတဲ့စကားရှိတယ်။ ဆီကိုင်တဲ့လက်ဆီပေမှာပဲ...ဆိုတဲ့စကား။ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်ဆိုတဲ့စကားလည်းရှိသေးတယ်။ ဒီစကားတွေက သူပုန်ထဲမှာလည်းရှိတယ်။

သူပုန်လုပ်တော့ လူ့ဘောင်သစ်နဲ့ အခြားအဖွဲ့အစည်းတွေအကြောင်းသိတယ်။ သူတို့အထဲမှာလည်း အထက်ကပြောသလို ခေါင်းဆောင်တွေထောတယ်။ အားလုံးမဟုတ်ပါဘူး။ ဆီကိုင်တဲ့လူက ဆီပေပါတယ်။ ခေါင်းဆောင်သားသမီးနိုင်ငံခြားမှာကျောင်းတက်နိုင်တယ်။ ရဲဘော်တွေငတ်တယ်။ ပြတ်တယ်။ ဒါက ယေဘုယျအခြေအနေ။ အသေးစိတ်တော့ မပြောချင်ဘူး။ ခင်ဗျားတို့အားလုံးသိမှာပါ။ သူပုန်လုပ်ချင်တာက မတရားတာကို ပြန်ချချင်လို့ လုပ်တယ်။ သူပုန်ထဲမှာလည်း ဒီလိုတွေ့တော့ တရားတယ်လို့ပြောလို့ရလား။

ဘာလဲကွ သူပုန်....


တချို့ တွေတောခိုလာတယ်။ တော်လှန်ဖို့တဲ့။ သေနတ်ကိုင်စစ်တိုက်ရမှာတော့ အသေကြောက်။ ပင်ပန်းမှာ၊ ဆင်းရဲမှာဆိုတဲ့စကားလုံးကိုလည်းအသေလန့်...။ သူပုန်လုပ်ပါတယ်ဆိုမှ စစ်မတိုက်ရင် ဘယ်လိုလုပ်ပြီးသူပုန်ဖြစ်မလဲ။ တောထဲမှာနေမှ သူပုန်ဖြစ်မှာပေါ့။ မြို့ ပေါ်မှာ သူပုန်လုပ်တိုင်းတော့ လူတိုင်းကစားတက်ပါတယ်။ လူတိုင်းအေးအေးဆေးဆေး နေချင်တာပေါ့။ တချို့ ကပြောတယ်။ ငါက တော်လှန်ရေးသမား၊ သူပုန်တဲ့ တခါမှတောထဲမှာမနေဘူး။ နေဖို့လည်းမကျိုးစားဘူး။ စွန့်လွှတ်တယ်ဆိုတဲ့ စကားလုံးလည်း သိပုံမရဘူး။ အခုနောက်ပိုင်း မဲ့ဆောက်က သူပုန်ကိုကြည့်။ လက်တော့ကွန်ပြူတာနဲ့ ဟန်းဖုန်းနဲ့၊ အဆင့်တော်တော်မြင့်တယ်။ လစာလေးလည်းရသေးတယ်။ ဘယ်လောက်ကောင်းလိုက်လဲ။ ကျနော့်ကို လစာပေး၊ ကွန်ပြူတာပေး ကျနော်လည်းမဲ့ဆောက်ကိုပြန်လာပြီး သူပုန်လုပ်မယ်။ ဥပမာ AAPP လို မပင်ပန်းနဲ့ နေချင်တယ်။ ဘာလဲကွ တော်လှန်ရေး...။ Shit ! တော်လှန်ရေးနဲ့မတူဘူး...ဘာနဲ့တူသလဲဆိုတော့ စီပွားရေးလုပ်သလိုပဲ။

အစောကြီးကတည်းက မတော်လှန်နဲ့...

သူပုန်လုပ်တယ်။ တော်လှန်တယ်။ နိုင်ငံရေးလုပ်တယ်။ ဘုန်းကျော် မင်းတော်လှန်ရေးလုပ်မယ်ဆိုရင်၊ သူပုန်လုပ်မယ်ဆိုရင် မင်းကို ငါတစ်သိန်းပေးမယ်လို့ဘယ်သူမှမပြောဘူး။ ကားတစ်စီးပေးမယ်လို့လည်းမပြောဘူး။ အမေက အတင်းလုပ်ခိုင်းလို့၊ သူငယ်ချင်းက အတင်းတိုက်တွန်းလို့ဆိုပြီး သူပုန်လုပ်တဲ့လူ ဘယ်သူရှိလဲ။ အားလုံး ကိုယ့်စိတ်နဲ့ကိုယ်လုပ်ကြတာပဲ။ ဒါနဲ့ပက်သက်ပြီး ငါက ပိုမြင့်မြတ်တယ်ဆိုရင်တော့...လဲသာ သေလိုက်တော့..။

တချို့ လူတွေပြောတယ်။ နယ်စပ်ကိုပြန်လာခဲ့။ ပြန်လာလုပ်မှ တော်လှန်ရေးဖြစ်တယ်။ နိုင်ငံခြားမှာနေတာ တော်လှန်ရေးမဟုတ်ဘူးတဲ့။ ဆိုတော့ဗျာ..ကျနော့်ခလေးတွေ၊ မိသားစုတွေနဲ့ ဘယ်လိုလုပ်ပြီးပြန်လာမလဲ။ ပြန်လာရင် ထမင်းကျွေးမလား။ နေ့တိုင်းအရက်တိုက်မလား။ လစာပေးမလား။ ပင်စင်ပေးမလား။ မဲ့ဆောက်မှာနေပြီး ဟိုအစည်းအဝေးတက်ဒီအစည်းဝေးတက်၊ ဟိုအာဒီအာလုပ်တာ တော်လှန်ရေးလား။ အမေရိကန်၊ သြစီ မှာနေတဲ့တော်လှန်ရေးသမားတွေကတောင် မဲ့ဆောက်ထက်ပိုလုပ်နိုင်အုံးမယ်ထင်တယ်။ ဒါ့ကြောင့် US ကန်ပိန်းတို့ ၊ ဘာကန်ပိန်း၊ ညာကန်ပိန်းတို့ ပေါ်လာတာပေါ့။ ဖြစ်နိုင်ရင် ကျနော်လည်းအဲဒိအဖွဲ့တွေလို လစာလေးနဲ့တော်လှန်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ပြည်တွင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားပဲဖြစ်ဖြစ် အတိုက်အခံကော၊ ပြည်သူကော သူတို့တက်နိုင်တဲ့အလုပ်ကို တက်နိုင်သလောက်လုပ်ကြတယ်။ ကိုယ့်ဝါသနာနဲ့ကိုယ်ပဲ။

ကျနော်တို့ နိုင်ငံရေးသမားတွေပါတဲ့...

သြစတျေးလျနိုင်ငံမှာ ဒီမိုကရေစီရှိတယ်။ ကြိုက်သလို အော်ဆဲလို့ရတယ်။ မကြိုက်ရင် ၀န်ကြီးချုပ်ရှေ့ တည့်တည့်မှာ Fuck Off လို့တောင်ပြောလို့ရတယ်။ ၀န်ကြီးချုပ်က ဂရုမစိုက်။ စိတ်တော့ တိုမှာပေါ့ဗျာ။ မတက်နိုင်ဘူး။ မကြိုက်လို့ဆဲတာပဲ။ ဒါဆို ၀န်ကြီးချုပ်မလုပ်နဲ့ နိုင်ငံရေးသမားမလုပ်နဲ့။ ဘုန်းကြီးပဲလုပ်တော့။ ပါးစပ်နဲ့ဆဲတာက ကုန်ကျစရိတ်မရှိဘူး။ ဆေးရုံဆေးပေးခန်းကို မသွားရဘူး။ လက်နဲ့ဆဲရင်တော့ သိတဲ့အတိုင်း အနည်းဆုံး ရေခဲတော့ အုံရတယ်။ ဒါက မကောင်းဘူး။ နိုင်ငံရေးလုပ်တယ်၊ တော်လှန်ရေးလုပ်ချင်တဲ့လူတိုင်း အရေထူရတယ်။ ပြန်လည်တုံ့ ပြန်မှုပြုတက်ရမယ်။ ရိုးသားရတယ်။ လူကြီးမကလို့ လူငယ်ပဲဖြစ်ဖြစ်မကျေနပ်ရင် ရိုးရိုးသားသားဆဲတာ ဘာဖြစ်လဲ။ မကျေနပ်လို့ ဆဲ...ပါတယ်ဆိုနေမှ။ ထိုင်ရှစ်ခိုးနေရအုံးမှာလား။ ဘာဘဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပြော...ရိုးရိုးသားသားလုပ်တာ အကောင်းဆုံးပဲ။ ဒါမှ ပွင့်လင်းတဲ့ လူ့ဘောင်ဖြစ်မှာပေါ့။

ဘာမှ ကြွားစရာမလိုဘူး...

ကျနော်က အမြဲတမ်းနိုင်ငံရေးလုပ်ပါတယ်။ ကျမကတော့ ထောင်ထဲမှာ အနစ်နာခံ၊ စွန့်လွှတ်ခံပြီး ငပိထောင်းနဲ့မျိုရတယ်ပေါ့..။ ကျနော်ကတော့ တောထဲမှာ နှစ်ပေါင်းတစ်ထောင် သေနတ်ကိုင်ပြီး အိပ်ခဲ့တယ်ပေါ့။ ကိုယ်လမ်းကို ကိုယ်ကြိုက်လို့ ရွေးခဲ့တာကို ဘာမှသွားပြီး ကြွားစရာမလိုဘူး။ မလုပ်ချင်ရင် အစောကြီးကတည်းက မလုပ်နဲ့..။ အခုကြတော့ ကျနော်၊ ကျမတို့ ခင်ဗျားတို့ထက်ပိုပြီးလုပ်တယ်လို့ ကြွားလုံးထုတ်သလိုပဲ။ အာဏာရှင်ကို ဆန့်ကျင်တဲ့အခါမှာ ငါပိုလုပ်ရတယ်၊ ပိုပြီးအနစ်နာခံရတယ်၊ ဘယ်သူတော့ ပိုပြီးကောင်းတယ်ဆိုတဲ့ အယူအဆက ပဲ..မကျက်ဘူး။ မလုပ်ချင်ရင် အစောကြီးကတည်းက မလုပ်နဲ့။

မှန်တယ်ထင်ရင်...ပြောသာပြော...

မှန်တာကို မှားနေပါတယ်လို့ပြောရင် လူ့အဖွဲ့အစည်းဘာဖြစ်သွားမလဲ။ ပိုပြီးမှားသွာမှာပေါ့။ ဒါ့ကြောင့် ဗမာပြည်မှာ စစ်အာဏာရှင် ရှိနေတာပါ့။ အမှားတွေကိုထောက်ခံနေလို့ အနိုင်ကျင့်ခံနေရတယ်။

တပ်ထဲမှာနေတုန်းက ခွဲခြားဆက်ဆံခံရမှု၊ အနိုင်ကျင့်ခံရမှုတွေ ခံခဲ့ရတယ်။ ပြန်ပြောရင် ပါးရိုက်တယ်။ နဘန်ကျင်းတယ်။ ရာထူးတိုးမပေးဘူး။ သို့သော် တော်လှန်ရေးထဲမှာလည်းဒီလို မရှိဘူး ယူဆလို့ သူပုန်လုပ်တယ်။ ဒါပေမဲ့ တခါတလေ သူတို့လည်း အာဏာရှင်နဲ့ ဘာမှမကွာဘူး။

ဒီနေ့ဒီအချိန်မှာ အဲတာတွေကို မတွေ့ချင်တော့လို နအဖကို အားလုံးဆက်ပြီးတိုက်နေတယ်။ ကိုယ့်အချင်းချင်းလည်း တိုက်နေတယ်။ နိုင်ငံရေးနဲ့ပက်သက်လို့ကတော့ ရွေးကောက်ပွဲကိုဖျက်ဖို့လုပ်တယ်။ သန်းရွှေ နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံဖို့အားပေးတယ်။ အင်တာနက်မှာရေးတယ်။ အချင်းချင်းလည်းဆဲတယ်။ မတရားတာကို ဆက်ပြီးတရားတယ်လိုပြောရင်တော့ တစ်သက်လုံးကျွန်ပဲဖြစ်မှာပဲ။ အတိုက်အခံကော၊ နအဖကော နှစ်ဖက်စလုံးမှာ မတရားတာတွေတပုံကြီးရှိတယ်။ လူတွေဟာ ခေါင်းညိမ့်ခံရင် ရောက်တက်တယ်။ လူတိုင်းက သတ္တိရှိရှိပြောရဲဆိုရဲ တွေးရဲ လုပ်ရဲရင် နအဖတောင်ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သိတဲ့အတိုင်း ကြောက်တယ်။ ကျနော်တွေးမိတယ် ဒီလို..။ မြန်မာလူမျိုးတွေရဲ့ စောက်ကျင့်ကိုက အာဏာရှင်လုပ်တာ အရမ်းဝါသနာပါတယ်လို့...ဥပမာ ဘုန်းကြီးတွေလည်း အာဏာရှင်ပဲ။

ဘာပဲဖြစ်ဖြစ်....ငရဲကြီးရင်ကြီးပါစေ...ပြောသင့်တာကိုပြောတာ ကောင်းပါတယ်။ ငရဲကြီးတော့ ငရဲလေးကိုနိုင်တာပေါ့။

အာဏာရှင်စနစ် ဂျွန်းပြန်ပါစေ...

ရွေးကောက်ပွဲကို ဖျက်ပါဆိုလို့မေးရအုံးမယ်။ ရွေးကောက်ပွဲပျက်တော့ကော အာဏာရှင်စနစ်က ကျဆုံးပြီလား။ မဲမပေးတာလည်း အခွင့်အရေးလို့ပြောတာနဲ့ မဲမပေးတော့ဘူးထင်လို့လား။ ဆိုတော့ ကြံ့ဖွတ်လုံးဝနိုင်မှာပါ။ မပူနဲ့။ မတွေ့ချင်တဲ့အာဏာရှင်ကို ဆက်ပြီးတွေ့အုံးမှာပါ။

ဒီလိုစောက်ချိုးတွေမပြင်လို့ကတော့။

အချုပ်ကတော့ မှားနေတာကို မှန်တယ်လို့ ဘာအကြောင်းပြချက်နဲ့မှ မပြောမိစေနဲ့...။ မယုံရင်တခါလောက်စမ်းကြည့်ပါ။ အနည်းဆုံးကိုယ့်စိတ်ကိုယ်ကိုယ် ကျေနပ်တဲ့အရသာကို ခံစားရလိမ်မယ်။

စာပေဟောပြောပွဲ (မလေးရှား)

Type your summary here. Type the rest of your post here.

မလေးရှာနိုင်ငံ ကွာလာလမ်ပူမှ လမ်းသစ်ဂျာနယ် ထုတ်ဝေသူ ဦးကျော်ဝင်းအား အထူးကျေးဇူးတင်ကြောင် မှတ်တမ်းတင်အပ်ပါသည်။

9/17/10

ဆရာအောင်သင်း တောင်တွင်းကြီးပွဲ

ဟေ့...ကိုလူငယ်တို့..လူကြီးတို့ ဒီလင့်ကို နားထောင်ပြီး ခံစားကြည့်ကြ။ ဒီမိုးဝေယံ ကို အထူးကျေးဇူးတယ်။

http://www.demowaiyan.co.cc/2010/09/blog-post_4000.html#comment-form

9/16/10

အကိုကြီး မစ္စတာ ဂျိမ်းစ်ဘားခင်ဗျား-

အကိုကြီးဆိုလိုတာက ရွေးကောက်ပွဲကိစ္စပဲ ဦးစားပေးသင့်တယ်လို့ ထင်ပါတယ်။ အာရုံဦးပါလိုက်၊ ဦးမြင့်အေးကိစ္စလာလိုက်၊ ဟို Issue လာလိုက် ဒီ Issue လာလိုက် ဖြစ်ရင် အရေးကြီးတဲ့ Target ကို မရောက်နိုင်ဘဲ ဖြစ်လိမ်မယ်ဆိုတာကို သတိပေးတာလို့ မြင်မိပါတယ်။ ကောင်းပါတယ်။ အဓိက တိုက်ရမှာကို ဦးစားပေးပါလို့ ဆိုလိုတယ်လို့ နားလည်ပါတယ်။

ကျနော်အမြင်ကဗျာ-

အာရုံးဦးကိစ္စလုပ်ရတာ အများဆုံး တစ်ရက်ပေါ့။ တစ်နာရီဆန္ဒပြ။ ငါးနာရီလောက်စည်းရုံး။ ငါး မိနစ်လောက် အီးမေးပို့။ နာရီဝက်လောက် အင်တာနက်မှာရေး။ ဒါဆိုရင် အာရုံဦးကိစ္စပျက်ပါတယ်။ အကျိုးအမြတ်ကတော့ နောင်ဆိုရင် အနုပညာရှင်တွေအတော်ကြီး သတိထားပါလိုက်မယ်။ ပြည်သူကလည်း သူတို့ အခွေတွေဆိုရင် ၀ယ်ယူအားပေးတာလျော့သွားမယ်ထင်ပါတယ်။

ဦးမြင့်အေးကိစ္စကလည်း ဘာမှမဟုတ်။ လေပန်းရင်း ပြီးသွားမှာပါ။ ဒေါက်တာ လွဏ်းဆွေ၊ ကိုအောင်မိုးဝင်း၊ ကိုသန်းဝင်း နဲ့ ကိုမိုးသီးတို့ကစ္စကလည်း ဘာမှမဟုတ်။ လေပန်းစကားများပြီး ပြီးသွားမှာပါ။ ဖတ်တဲ့သူ ရေးတဲ့သူတွေကတော့ အပျင်းပြေလောက်ပဲ သဘောထားပါတယ်။ ခေါင်းထဲမထည့်ပါဘူး။ ကျနော်ဆိုရင် ဘီယာနဲ့အမြည်းလုပ်ပါတယ်။

NLD ကို စစ်အစိုးရ ဖျက်ပါတယ်ဆိုတဲ့ Issue ကလည်း ဘာမှမဟုတ်ပါ။ သုံးရက်တောင်မကြာပါဘူး...။ မောသွားရင် ရပ်သွားမှာပါ။ ဟိုးတုန်းကလည်း ဒီအတိုင်းပါပဲ..။ Issue တခုပေါ်လိုက်၊ ပွားလိုက်၊ မြည်းလိုက်...နောက်ဆုံးမောသွားရင် ရပ်သွားတာထုံးစံပါ။ အထူးအဆန်းတော့မဟုတ်ပါ။

အချုပ်ကတော့ဗျာ....ထောင်မဟုတ်ပါဘူး။ အင်တာနက်မှာ လေပန်းတာက ၀ါသနာ၊ အပျင်းပြေ၊ အမြည်းလုပ်ရုံလောက်ကို နိုင်ငံခြားကမြန်မာတွေအဓိကထားပါတယ်။ ပြည်တွင်းနဲ့ထိုင်းလည်း ဒီအတိုင်းပဲလို့ ယူဆပါတယ်။ လက်တွေ့ လူချင်းတွေ့ပြီး ချိန်းရိုက်တာမဟုတ်တော့ မနာကြပါဘူး။ ဆိုတော့ဗျာ...Issue ပေါ်လိုက် ပွားလိုက် သဘောပါ။ အချိန်းလည်းအများကြီးမကုန်ပါဘူး။

ရွေးကောက်ပွဲကိစ္စကို ပျက်အောင်ဖျက်ဖို့ဆိုတာက ကောင်းပါတယ်။ လူတိုင်းခေါင်းထဲမှာ အမြဲတမ်းရှိမယ်လို့ထင်ပါတယ်။ လုပ်လည်းလုပ်နေကြပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့ အထက်ကပြောသလို အာ တာလောက်ပဲရှိပါတယ်။ ဒါကိုတော့ လူတိုင်းလုပ်နိုင်ပါတယ်။ ရဲဘော်တိုင်းဦးတည်ချက်မပျောက်ကြဘူးလို့ထင်ပါတယ်။

ရွေးကောက်ပွဲထက်စာရင် စစ်အာဏာရှင်ပြုတ်ကျရေးက ပိုလို့အဓိကကြပါတယ်။

အပြင်ကအတိုက်အခံ လေဖမ်းဒန်းစီးတာကိုပဲလုပ်နိုင်ပါတယ်။ ထိုင်းအတိုက်အခံမကလို့၊ နိဗာန်ဘုံက အတိုက်အခံဖြစ်ဖြစ် အင်တာနက်က အာ, ဖုန်းနဲ့ပွားတာလောက်ပဲလုပ်နိုင်ပါတယ်။ စေတနာရှိတဲ့လူကို ငွေလေးနည်းနည်းပေးပေါ့။ ကျနော်အပါအ၀င်ပေါ့ဗျာ။

နောက်ဆုံးအနေနဲ့....ဦးတည်ချက် ရန်သူ မပျောက်ကြပါဘူး။ သိပါတယ်။ ရန်သူကိုတိုက်နေတဲ့အချိန်မှာ လက်နက်ငယ်၊ လက်နက်ကြီး၊ မိုင်း သုံးရသလိုပေါ့ဗျာ။ ရန်သူကို နိုင်ဖို့၊ သေဖို့အတွက် လက်နက်အမျိုးမျိုးသုံးရပါတယ်။ အာရုံဦးကိစ္စကတော့ လက်နက်ငယ်ပေါ့ဗျာ။ ဦးမြင့်အေးကိစ္စက ရှေ့ ထွက်မိုင်းပေါ့။ NLD ကိစ္စ လက်ပစ်ဗုံးပေါ့။

နောက်ဆုံးတော့ ရန်သူသေလားမသေလားတော့ မသိဘူး။ ဘဘဦးတင်ဦးတို့၊ ဘဘဦးဝင်းတင်တို့၊ ဒေါ်ဆောင်ဆန်းစုကြည်တို့ သေခါနီးပါပြီ။

ဘာပဲဖြစ်ဖြစ် အင်တာနက်မှာရေးတာက ၀ါသနာဖြစ်ပါတယ်။

ဒီလောက်ပါပဲ..

လေးစားခင်မင်ချစ်ခင် အပြစ်မမြင်လျှက်
မောင်ဘုန်း

မှက်ချက်။ ။ အိမ်စာလုပ်နေရင်း အပျင်းပြေရေးပါ၏။

ခန့်စည်သူတော့.... ထိ ဖို့များပြီ

ရဲဘော်တို့...

ခန့်စည်သူကို သြစီက ဗီဇာပိတ်ရေးအတွက် စာပို့ကြတာကို အထူးကျေးဇူးတင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက စာပြန်လာပါတယ်။ ၀န်ကြီးအပြောင်းအလဲဖြစ်လို့ ၀န်ကြီးအသစ်ဆီကို ဆက်လက်တင်ပြထားပါတယ်။ ဖတ်ကြည့်ကြပေါ့ဗျာ။ ခန့်စည်သူတော့ ထိပြီ။ မြန်မြန်ပီးအောင် များများထပ်ပို့ကြပါဗျို့ ....

လေးစားစွာဖြင့်
ဘုန်းကျော်

---------- Forwarded message ----------
From: Evans, Chris (Senator)
Date: Thu, Sep 16, 2010 at 1:46 PM
Subject: FW: Request Not to permit a visa for Khan Si Thu, a famous actor in Burma
To: wgdperth@gmail.com


Thank you for your email to Senator Chris Evans.



The Hon Chris Bowen MP is now the Minister for Immigration and Citizenship and your email has been forwarded to his office for a response as appropriate.



For your general enquiries regarding visa information, please telephone the Department of Immigration and Citizenship on 13 18 81.



Regards,



Office of Senator Chris Evans

Leader of the Government in the Senate

Minister for Tertiary Education, Skills, Jobs and Workplace Relations

သမိုင်းမှာ ဘယ်လိုတန်ဖိုးတွေနဲ့ ကျန်ရစ်ကြမလဲ

ဒေါက်တာလွဏ်းဆွေထံမှ ကူးသည်။ စာရေးသူ အက်ဆစ်ရဲ့ အတွေး ကို ထောက်ခံလို့ ဒီလို တင်တယ်။

အက်ဆစ်

စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးစီမံကိန်းကို တဆင့်ပြီးတဆင့် အ ကောင်အထည်ဖော်ရင်း သူ့အလုပ်ကိုသူလုပ်နေချိန်မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကြားမှာတော့ ကိုယ့် အတွက် အတိုင်းအတာတခုသာ ကျန်တော့တဲ့ အချိန်ကာလအတွင်း ပြင်ဆင်မှု၊ လက်ဦးမှုရယူမှု၊ လူထုကို ကူ ညီကယ်တင်နိုင်မှု ... စတဲ့အချက်တွေမှာ ယောင်ဝါးနေကြဆဲဖြစ်သလို စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်းတွေ နောက်လိုက်ရင်း “သူ့ကိုတွန်းရင်း ငါတက်” စနစ်နဲ့ ချီတက်နေကြတာကို တွေ့နေရဆဲပါ။

ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ အနှစ် (၂၀) အ တွင်း ဘာများလုပ်လေမလဲလို့ စောင့်နေကြသူတွေလည်း စိတ်မရှည်နိုင်ကြတော့ပါဘူး။ အားမလိုအားမရမှုနဲ့ ဝေဖန်ပြန်တော့လည်း အန်အယ်လ်ဒီကို မထိနဲ့၊ အန်အယ်လယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် အ မှန်တရားဖြစ်တယ်လို့ ယူဆနေသူတွေက ခပ်များများဖြစ်လေတော့ ဝေဖန်သူတွေ၊ အကြံပြုသူတွေကို စည်း ၀ိုင်းအပြင်ဘက်ရောက်အောင် တွန်းထုတ်ကြတာ မြန်မာရိုးရာဓလေ့ထုံးစံကြီးလို ဖြစ်လာပါတယ်။

အခုကော ဘာများတတ်နိုင်ပါသလဲ၊ အန်အယ်လ်ဒီကို ဖျက်သိမ်းလိုက်ပြီတဲ့။ ကော်မရှင်ကို တရားရုံးတိုင်လို့ရ တာလည်းမဟုတ်။ အာဏာရှင်ကို သူတော်စင်လို ၀တ်ဖြူစင်ကြယ်ဝတ်ပြီး ပုတီးပြ ပြောဆိုနေလို့ ရတာမှ မ ဟုတ်တာ။ အာဏာရှင်က သူ့အလုပ်ကိုသူ ဆက်တိုက်လုပ်တယ်။ ဥပဒေမဲ့ အာဏာသိမ်းထားတဲ့ စစ်အာဏာ ရှင်ကို လူကြီးလူကောင်းဆန်ဆန် ဥပဒေအကြောင်းတွေကို ပြောဆိုနေတာတွေက ခွေးကို ရေခဲမုန့်ကျွေးရင်း အချိန်ဖြုန်းသလိုပဲ ဖြစ်နေမှာပေါ့။ ဘာပဲကျွေးကျွေး စားကောင်းနေတာပဲ၊ နည်းနည်းလေး အေးတာကလွဲရင်။
“မေတ္တာရပ်ခံရုံ၊ စိတ်မကောင်းဖြစ်ရုံ၊ ကြေညာချက်ထုတ်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ အနိုင်ရတဲ့ ပါတီကြီးက ခေါင်းဆောင်အနေနဲ့ ရဲရဲတင်းတင်း အစိုးရဖွဲ့လိုက်ပါ။ ရဲရဲတင်းတင်း ဦးဆောင်လိုက်ပါ။ ခေါင်းဆောင်လို့ အမည်ခံထားရင် ခေါင်းဆောင်တွေ လုပ်သင့်တာကို လုပ်လိုက်ပါ။ အနှစ် (၂၀) ဆိုတဲ့ကာလရောက်တဲ့အထိ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ နောင်ဆိုရင် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် (၅၄) ဟာ နတ်ကွန်းလေးတခု ဖြစ်လာမှာဖြစ်ပြီး လူအများ အမွေးတိုင်ထွန်း ပူဇော်တဲ့ ကိုးကွယ်ရာ ရုပ်ထုတခုထားရာနေရာအဖြစ်ပဲ သမိုင်းမှာ ကျန်ရစ်ပါလိမ့်မယ်”

အဲဒီလို ဘာမှမမှုတဲ့ အသိဉာဏ်မဲ့သူတွေကို တရားရေအေး တိုက်ကျွေးနေတာက အနုနည်းနဲ့ တိုက်ပွဲဝင်နေ တာလို့ မဆိုနိုင်ပါဘူး။ ကမ္ဘာတ၀ှမ်းက အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်တယ်ဆိုသူတွေရဲ့ ရာဇ၀င်ကို ပြန် ကြည့်ပါ။ သူတိုအားလုံးက ပြည်သူအတွက် ကြေညာချက်တွေပဲ ထုတ်နေတာမဟုတ်ဘူး။ စဉ်းစားနေတယ်၊ တွေးခေါ်နေတယ်၊ နိုင်ငံရေးကစားကွက်တွေကို ကြည့်တယ်၊ လူထုကို ယုံကြည်တယ်၊ လူထုကို ရှေ့က ဦး ဆောင်တယ်။ ပန်းကုံးစွပ် လက်ခုပ်တီးတာကိုပဲ ကျေနပ်နေတာမဟုတ်ဘူး။ တိုက်ပွဲကို ဘယ်နေရာက စရမ လဲဆိုတာကိုပဲ စဉ်းစားကြတယ်။ တဘက်ရန်သူရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ်လေ့လာတယ်။ နိုင်ငံရေးပဲဖြစ် ဖြစ် စစ်ရေးပဲဖြစ်ဖြစ် မဟာဗျုဟာ နည်းဗျုဟာချတယ်၊ ကိုယ့်အင်အားကို အကွဲမခံဘူး၊ စုစည်းတယ်၊ စည်းရုံး တယ်၊ အခြေအနေပေးရင် ကိုယ့်ရည်မှန်းချက်ကို မရောက်ရောက်အောင် ချီတက်တယ်။ လူထုအတွက် အာ ဏာကို ရအောင်ယူပေးတယ်။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်ကြတယ်။

အခုတော့ မြန်မာအရေးလုပ်နေသူတွေ ကိုယ်ဘာတွေလုပ်နေသလဲ စဉ်းစားကြပါဦး။ ဘတ်ဂျက်တွေအတွက် လား။ တဦးကို တဦး၊ တဖွဲ့ကို တဖွဲ့ တိုက်ဖို့ ခိုက်ဖို့အတွက်လား။ ဘယ်အစ်ရှူးက တောင်းရမ်းစားသောက်လို့ ကောင်းလေမလဲ၊ သူများနဲ့မတူရအောင် ဘယ်ဂလိုဘယ်လ်ကမ်ပိန်း လုပ်ရလေမလဲ။ သူများနဲ့မတူအောင် ရာ သီစာ မဲပုံးတွေပဲ လုပ်ရလေမလား။ ‘နိုး’ ရင် ကောင်းမလား ‘ပေါင်း’ ရင်ကောင်းမလား။ အထဲပြန်ဝင်ပြီး စော စောစီးစီး အန်ဂျီအိုနေရာကို ၀င်လုပ်လေမလား။ ဒါက ပြည်ပကလူတွေ စဉ်းစားနေတဲ့ကိစ္စတွေ။ ပြည်တွင်းက တော့ အထူးသဖြင့် အန်အယ်လ်ဒီ။ လမ်းပြကြယ် ဦးအေးမြင့် ပြောပြချက်ကို အမှားလို့ ပြောလို့မရဘူး။ သူ လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ဝေဖန်ခွင့်ရှိတယ်။ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို နတ်ဘုရားလို တချိန်လုံး ကိုးကွယ်ပြီး မဝေဖန်ဘဲနေရတော့မလား။

သူတို့လုပ်နေတာအားလုံးက အမှန်တရားတွေလား၊ ပြည်သူတွေအတွက်လား။ အနှစ် (၂၀) သာ ကြာသွားခဲ့ ပြီး ဘာမှဖြစ်မလာခဲ့တာမှာ ကိုယ့်ဘက်က ဘယ်လိုတွေ အမှားမှားအယွင်းယွင်း ဦးဆောင်ခဲ့သလဲဆိုတာကို လည်း မှန်ထဲပြန်ကြည့်ဖို့ လိုမယ်ထင်တယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အ မျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ သူ ဘာမှမလုပ်ရင်တောင်မှ လူထုက ချစ်နေရတာ။ ဒါ ပေမယ့် သူလည်း မြန်မာပြည်အကြောင်း မသိလို့ဘဲ အာဏာရှင်တွေကို ငြိမ်းချမ်းရေးတရားဟောနေတာလား၊ သူတော်စင်ယောဂီလို လုပ်နေတာလားမသိ။ အခုထိတော့ သူလုပ်နေတာတွေက လူထုတွေအတွက် အကျိုး ဖြစ်ထွန်းမလာသေးတာတော့ သေချာတယ်။

လူထုက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတည်းက တာဝန်ကျေပြီးသွားပြီ။ လူထုက ဘာကိုထပ်ပြီး ထောက် ခံပေးရဦးမှာလဲ။ လူထုက လမ်းပေါ်မှာ သေခြင်းအမျိုးမျိုးနဲ့ သေပေးခဲ့ပြီ။ ဘုန်းကြီးတွေလည်း ဒီလိုပဲ သေခြင်း အမျိုးမျိုး၊ နှိပ်စက်ညှင်းပမ်းခြင်းအဖုံဖုံနဲ့ ပေးဆပ်ပေးခဲ့ရပြီ။ ကျောင်းသားတွေ မျိုးဆက်ပျက်မတတ် ပေးဆပ် ပေးခဲ့ရပြီ။ လူထုလည်း သဘာဝဘေးဒဏ်တွေရဲ့ ဖိစီးနှိပ်စက်မှု၊ အာဏာရှင်စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ထ မင်းငတ်ရုံမက ရေငတ်တဲ့ ဘ၀ကိုပါ ရောက်ခဲ့ပြီးပြီ။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် မသိရော့လေသလား။ နှိပ်စက်ညှင်းပန်းရေးယန္တရားတွေမှာ သေဆုံးရ၊ ဘ၀ပျက်ရ၊ စိတ်ပိုင်းရုပ်ပိုင်းဝေဒနာတွေ ခံစားနေရတဲ့ နိုင်ငံ ရေးလှုပ်ရှားတက်ကြွသူတွေနဲ့စာရင် အိမ်ထဲမှာ အေးအေးဆေးဆေးနေ၊ ရွေးကောက်ပွဲဥပဒေကို အေးအေး ဆေးဆေးဖတ်ပြီး သတင်းနားထောင်၊ အခြွေအရံတွေနဲ့ နေရတဲ့ဘ၀က အေးချမ်းလှပါတယ်။ တနေတော့ ဒီမို ကရေစီဆိုတာ ရပါလိမ့်မယ်လို့ပဲ တွေးတောနေလေသလား။

မနေ့တနေ့ကပဲ အန်အယ်လ်ဒီကို အားမလိုအားမရုဝေဖန်မိတဲ့ လူ့အခွင့်အရေး ရှေ့နေကြီးတယောက်ကို ကျီး အာသလို ၀ိုင်းအာနေကြတဲ့သူတွေကလည်း အများသားဆိုတော့ သံဝေဂရစရာ။ ပြောချင်တာက ဒေါ်အောင် ဆန်းစုကြည်ဟာ တိုင်းပြည်ကို စစ်အာဏာရှင်အောက်က လွတ်မြောက်စေလိုတဲ့ စေတနာမှန်လျှင် ပါတီကို လည်း ကျစ်လစ်အောင်လုပ်၊ တိကျတဲ့ ညွှန်ကြားချက်တွေကိုလည်း ထုတ်၊ လူထုတိုက်ပွဲတွေမှာ ပါနိုင်ဖို့လည်း တွန်းအားပေးသင့်ပါတယ်။ လူထုကို ဦးဆောင်ဖို့လည်းလိုတယ်။ ပြီးတော့ ကိုယ့်ပါတီဟာ အစိုးရဖွဲ့နိုင်လောက် အောင် လူထုထောက်ခံမှုရပြီးသားပါ။ ၁၉၉၀ ပြည့်နှစ်က ပြည်သူက ရွေးချယ်ပြီးသား ပါတီဆိုတာ ပါးစပ်နဲ့ အရ သာခံနေရုံနဲ့ မပြီးပါ။ အနှစ် (၂၀) ဆိုတာ နည်းတဲ့ကာလမဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာ အစိုးရ (၅) ဆက် လောက် အုပ်ချုပ်လို့ရနေတဲ့ကာလပါ။

အချိန်ကာလ ကြာလာတာနဲ့အမျှ လူထုတွေ ပိုနစ်နာလာတယ်၊ ဆင်းရဲမွန်းကျပ်လာတယ်၊ အာဏာရှင်တွေကို အချိန်ပေးသလို ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ညွှန်ကြားမယ်ဆိုရင် သေချင်သေပါစေ အစွမ်း ကုန် လုပ်ပစ်မယ်ဆိုတဲ့ ပါတီဝင်တွေရှိတာက ဒေါ်အောင်ဆန်းစုကြည်အတွက် စွမ်းအားတခုပါ။ ပြီးတော့ မတ ရားတာကို ခံနေရတဲ့ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘာတွေများ အားပေးစကား၊ ကတိစကား တွေ ပေးပြီးပြီိလဲ။ ပြီးတော့ ဘာတွေ ပြောတဲ့အတိုင်း လုပ်ပြပြီးပြီလဲဆိုတာလည်း မိမိကိုယ်ကိုယ် မညှာတမ်း ဆန်းစစ်စေချင်ပါတယ်။ ပြည်သူတွေ လမ်းပေါ်မထွက်ပါနဲ့၊ ပြည်သူတွေ သတ္တိရှိပါ၊ မဟုတ်တာကို မဟုတ်တာ ပြောပါ၊ မမှန်တာကို မမှန်ကြောင်း ထုတ်ဖော်ပါတဲ့။ ရွေးကောက်ပွဲကြီးကို သပိတ်မှောက်ပါ၊ ရွေးကောက်ပွဲကြီး ကို စောင့်ကြည့်ပါ။ မဲရုံတွေက သမာသမတ်မှုမရှိရင် တိုင်ကြားပါ။ ဘီဘီစီက ဘတ်ဂျက်နည်းတဲ့အတွက် စိတ် မကောင်းပါ။ ဘာတွေလဲ၊ ခေါင်းဆောင်တယောက်ရဲ့ ပြောစကားတွေက ဘာတွေလဲ ...။

လူထုကို ဘာလုပ်စေချင်တာလဲ၊ ဥပဒေမရှိတဲ့ တိုင်းပြည်မှာ ဘယ်သူ့ကို တိုင်ကြားလို့ရလို့လဲ။ သပိတ်မှောက် ပါဆိုရင် ဘယ်လိုသပိတ်မှောက်ပါတော့ဆိုတာကို ဆက်ညွှန်ကြားပါ။ တောင်စဉ်ရေမရ ဟိုတမျိုး ဒီတမျိုး ဘာ လို့များ ပြောနေရတာလဲ။ အကုန်လုံး လမ်းပေါ်ထွက်ပြီး မိမိဆန္ဒတွေကို ထုတ်ဖော်ကြပါတော့လို့ကော ဘာလို့ မပြောရဲတာလဲ။ နိုင်ငံတကာအနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကိုပဲ အသိအမှတ်ပြုပေးပါလို့ ဘာလို့မ တောင်းဆိုရတာလဲ။ ၉၀ ပြည့်နှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဖွဲ့လိုက်ပါလို့ ဘာလို့မညွှန် ကြားရဲတာလဲ။ စစ်အာဏာရှင်ရဲ့ အငြိုအငြင်မှန်သမျှ မခံချင်တာလား။ ဆုတွေ တဆုပြီးတဆု ယူပြီး ဘ၀ကို ခြံအမှတ် (၅၄) လေးမှာပဲ မြှပ်နှံသွားချင်တာပဲလား။ ကျမ လိမ်လိမ်မာမာလေး နေနေပါတယ်ဆိုတာ ပြချင်လို့ ကတော့ ခေါင်းဆောင်လုပ်လို့ ရမယ်မထင်ပါ။ ကျမ နိုင်ငံရေးလုံးဝမလုပ်တော့ပါဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်ပါ။ အန်အယ်လ်ဒီက လူလေးစားလောက်တဲ့ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့အနေနဲ့လည်း ဒေါ်အောင် ဆန်းစုကြည်ကို ထိုင်စောင့်နေပြီး လူမှုရေးပဲလုပ်တော့မယ်ဆိုတာမျိုး အခုမှ တကျော့ပြန် စည်းရုံးရေးဆင်း၊ အားပေးစကားပြော၊ ရေလိုက်ဝေဆိုတဲ့ အဆင့်တွေကို ကျော်လွှားသင့်ပါပြီ။

ရန်သူစစ်အာဏာရှင်ဟာ အနှစ် (၂၀) အတွင်းမှာ အင်အားကို တည်ဆောက်ခဲ့တယ်။ မတရားတဲ့ နည်းနဲ့ပဲ တည်ဆောက်ဆောက် တည်ဆောက်နိုင်ခဲ့တယ်ဆိုတာ လက်ခံရလိမ့်မယ်။ အန်အယ်လ်ဒီကတော့ အင်အား တွေကို တွန်းထုတ်ခဲ့တယ်၊ တက်ကြွသူမှန်သမျှ ထုတ်ပယ်တယ်။ အခုလည်း အောက်ခြေထုကြောင့် နိုင်ငံတ ကာရဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာ နေရာယူခွင့် အနည်းငယ်လေး ရနေသေးတာဆိုတာ သိသင့်တယ်။ တလျှောက် လုံးလုပ်လာတဲ့ စီအီးစီအခွင့်အရေးသမားကြီးများထက် အောက်ခြေထုက နိုင်ငံရေးအခြေခံအားကောင်းတယ်။ ဦးဝင်းတင်နဲ့ လက်ညိုးထောင်ခေါင်းညိတ်လုပ်နေရတဲ့ ရှေ့နေကြီးများအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ ကောင်းကောင်းဝေဖန်ပြောဆိုသင့်တယ်။ အောက်ခြေထုက ပါတီဝင်တွေကတော့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဖမ်းဆီးခံ၊ ထောင်ကျခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်ယုံကြည်နေဆဲပဲ။ ခေါင်းဆောင်တဦးဟာ ဘာကြောင့် လူထုတွေနဲ့ တိုက်ပွဲကြားမှာ မရှိရတာလဲ၊ စစ်အာဏာရှင်အမိန့်ကို နာခံနေ ရတာလဲ၊ လူထုတွေ ဘေးဒုက္ခတွေကြုံရလေတိုင်း ထပ်ထူခံစားရမယ်၊ တိုက်ပွဲဝင်ရမယ်။

မေတ္တာရပ်ခံရုံ၊ စိတ်မကောင်းဖြစ်ရုံ၊ ကြေညာချက်ထုတ်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ အနိုင် ရတဲ့ ပါတီကြီးက ခေါင်းဆောင်အနေနဲ့ ရဲရဲတင်းတင်း အစိုးရဖွဲ့လိုက်ပါ။ ရဲရဲတင်းတင်း ဦးဆောင်လိုက်ပါ။ ခေါင်း ဆောင်လို့ အမည်ခံထားရင် ခေါင်းဆောင်တွေ လုပ်သင့်တာကို လုပ်လိုက်ပါ။ အနှစ် (၂၀) ဆိုတဲ့ကာလရောက် တဲ့အထိ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ နောင်ဆိုရင် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် (၅၄) ဟာ နတ်ကွန်းလေးတခု ဖြစ်လာမှာဖြစ်ပြီး လူအများ အမွှေးတိုင်ထွန်းပူဇော်တဲ့ ကိုးကွယ်ရာ ရုပ်ထုတခုထားရာ နေရာအဖြစ်ပဲ သမိုင်းမှာ ကျန်ရစ်ပါလိမ့်မယ်။ ။

အက်ဆစ်

View My Stats